Wednesday, September 1, 2010

ရဟတ်ယာဉ် တစ်စင်း မွေးနေ့ လက်ဆောင်ရသော် လည်း ဖိုးလပြည့် က အဖိုးဖြစ်သူ ၏ အာဏာကို ဆက်ခံ မည် မဟုတ် ဟု ဆို

/ 9/01/2010 05:03:00 PM / Comments: (0)
ရဟတ်ယာဉ်ပျက်ကျပြီး တမလွန်ကိုမြန်မြန်ရောက်ပါစေလို့ နွားလပြည့်မွေးနေ့ဆုမွန်ကောင်းကို ကညောဖိုးမှ ဆုတောင်းပေးလိုက်ပါတယ်..............

Freedom News Group မှ...

ဗိုလ်ချုပ်မှုးကြီး ဘ၀ ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုး ထုတ်သွားမည် မြန်မ
စစ်ခေါင်းဆောင်၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာလွှဲပေးရန်
အကြောင်းဖန်လာ ပါလာ ပါက လည်းသူ့ အနေ ဖြင့်လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း
ယခု သီတင်းပတ် အတွင်း က သူငယ်ချင်း ဖြစ်သူ များ အား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်း
အနား ကို မင်္ဂလာဒုံ လေယာဉ် ကွင်း တွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။
အသက် ၇၈ နှစ် အရွယ်ရှိ သူ ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ က အသက် ၂၀ အရွယ် အရွယ်မြေးအား အာ
ဏာလွှဲပေး နိုင်သည် ဟု သတင်းများ ထွက်ပေါ်နေချိန် တွင် ဖိုးလပြည့် က ထို ကဲ့ သို့ ငြင်းဆန်ခဲ့ ခြင်း
ဖြစ်သည်။




ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း လက်ရှိ စစ်တပ် ရာထူး နှင့် အဆင့်မှ နှုတ်ထွက် သွားပြီ ဟု သတင်း
ထွက်ပေါ်နေသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အသက် ၂၀ ပြည့်တွင် ယူရို ငွေ
တစ်သိန်း ခွဲ ကျော်ခန့် တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130
အမျိုး အစား ကိုလက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ရဟတ်ယာဉ် သစ်အား သူကိုယ်တိုင် သရုပ်ပြမောင်းနှင် ပြသသည့် ပွဲတွင် သူ့ အား ရဟတ်ယာဉ် မောင်း
လေ့ကျင့်ပေးသည့် လေတပ် လေသူရဲ နှစ်ဦး ပါရှိ ပြီး သူ ၏ သူငယ်ချင်း အချို့ ကို လည်း
အလှည့် ကျစီ နောက်ခုံ တွင် လိုက်ပါစီးနင်း စေသည် ဟု သိရသည်။

အသက် ၂၀ ကျော် အရွယ်ရှိ ဖိုးလပြည့် မှာ သူရထားသော အဖိုးဖြစ်သူ ၏ မွေးနေ့ လက်ဆောင်ဖြစ်
သည့် ရဟတ်ယာဉ် သစ် မိတ်ဆက်ပွဲ တွင် သူ့ အနေဖြင့် မော်တော်ကား မောင်းခြင်း၊မော်တော် ဘုတ်
မောင်းနှင် ခြင်း နှင့် ရဟတ်ယာဉ် မောင်းနှင်းခြင်းတို့ ကို သာစိတ်ဝင်စား ပြီး ရဟတ်ယာဉ် မောင်းနှင်မှု
စွမ်းရည်ပြ ပြိုင်ပွဲ များ ကို ၀င်ခြင် သည် ဟု သိရသည်။

ဖိုးလပြည့် သည် ရဟတ်ယာဉ် ကို အတော်အသင့် မောင်းနှင် တတ် နေပြီး ယခု မွေးနေ့ လက်ဆောက်ရသည့်
ရဟတ်ယာဉ်ဖြင့် စင်္ကာပူ အထိ မောင်းနှင် ခြင်သော် လည်း အဖိုးဖြစ်သူက ခွင့်မပြုဟု သိရသည်။
၎င်း သည် မော်တော်ကား မောင်းနှင်ခြင်းလောက် အာဏာကို မမက်မော ဟု လည်း ထိုနေ့ က
ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့်အတွက် ရဟတ်ယာဉ် မွေးနေ့ လက်ဆောင်ဝယ်ပေး
သော် လည်း ရန်ကုန်မြို့ နေ ပြည်သူ အများ စု မှ ဘတ်(စ)ကား တိုးစီးရဆဲ ဖြစ်သည်။

နအဖ၏ ရာဇသံကို ကရင်ငြိမ်းချမ်းရေးကောင်စီ ငြင်းဆန်

ရဲရင့် / ၀၁ စက်တင်ဘာ ၂၀၁၀


နအဖစစ်အစိုးရက ရက်သတ္တတပတ်အတွင်း နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ရာဇသံပေးသည်ကို ကရင်ငြိမ်းချမ်းရေး ကောင်စီအဖွဲ့က လက်မခံနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံသို့ အကြောင်းပြန်ကြားလိုက်သည်ဟု အဖွဲ့၏တပ်မှူးတဦးက ပြောသည်။

စောဌေးမောင် ဦးဆောင်သည့် ကေအန်ယူ-ကေအန်အယ်လ်အေ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို နယ်ခြားစောင့်တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ်ဖြစ်စေ (၇) ရက်အတွင်း အသွင်ပြောင်းရန် နအဖ နောက်ဆုံးသတ်မှတ်ရက်ကို လက်မခံနိုင်ကြောင်း အဖွဲ့၏ အရေးပေါ်အစည်းအဝေးတွင် အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်က ပြောကြားခဲ့ပြီးနောက် အကြောင်းပြန်ကြားချက်ကို ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ တပ်မှူးက ပြောကြားသည်။

၎င်းက “ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကော့ကရိတ်မှာရှိတဲ့ဌာနချုပ် ထော့ကိုကိုးမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးပေါ် အစည်းဝေးခေါ်တယ်။ အဖိုးဌေးမောင်က စည်းဝေးပွဲမှာ ငါတို့ပြန်လာတာ နယ်ခြားစောင့်တပ် လုပ်ဖို့၊ ပြည်သူ့စစ်လုပ်ဖို့ ပြန်လာတာမဟုတ်ဘူး၊ ပြန်လာတုန်းက ပြောတာတမျိုး၊ အခု ပြောတာကတမျိုး ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒီကိစ္စ နောက်တက်မယ့်အဖွဲ့နဲ့ပဲ စကားပြောမယ်။ ကျနော်တို့ကိုလည်း အားလုံး အရင်လိုပဲ နေကြပါလို့ ပြောတယ်” ဟု ဆိုသည်။

ယခင်လ (၂၄) ရက်တွင် ကရင်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌ စောဌေးမောင်ကို အရှေ့တောင်တိုင်းတိုင်းမှူးက တပ်အသွင်ပြောင်းရေးကိစ္စအတွက် မော်လမြိုင်သို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း စောဌေးမောင်က လက်မခံဘဲ ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွှတ်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့ကို တိုင်းမှူးက အသွင်ပြောင်းရန် (၇) ရက် အချိန်ပေးကြောင်း၊ သတ်မှတ်ရက်ကျော်လွန်ပါက တရားမ၀င် လက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်ကာ အရေးယူခြင်းခံရမည်ဟု ပြောကြားခဲ့ကြောင်း ငြိမ်းချမ်းရေးကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ဝင်တဦးက ပြောသည်။

နောက်ဆုံးရက်အဖြစ် နအဖဘက်မှ သတ်မှတ်ပေးထားသည့်ရက်မှာ ယနေ့ပြီးဆုံးသွားသော်လည်း နအဖဘက်မှ တစုံတရာ လာရောက်ဆွေးနွေးခြင်း၊ စစ်ရေးအရ အင်အားသုံးတိုက်ခိုက်ခြင်းတို့ မရှိသေးကြောင်း ကရင်ငြိမ်းချမ်းရေးကောင်စီ၏ တပ်မှူးက ပြောသည်။

၎င်းက “သူတို့ဘက်က စစ်ရေးအရ အင်အားသုံးလာရင်တော့ ကျနော်တို့ဘက်က ဘယ်လို တုံ့ပြန်ရမယ်ဆိုတာ အထက်အမိန့်အပေါ်မှာပဲ မူတည်တယ်” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အဖွဲ့ဥက္ကဋ္ဌ စောဌေးမောင်နှင့် အဆင့်မြင့်ခေါင်းဆောင် (၂) ဦးတို့အား ခေတ်ပြိုင်က ဖုန်းအဆက်အသွယ် လုပ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

နအဖက စစ်ရေးအရ အင်အားသုံး တိုက်ခိုက်လာပါက ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ကို မိမိတို့ နယ်မြေအတွင်း အခြေချခွင့်ပေးပြီး ပြန်လည်ဝင်ရောက်လာမည့် စစ်သည်များကိုလည်း လက်ခံကြိုဆိုသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ပြောသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီသည် ၂၀၀၇ ခု၊ ဖေဖော်ဝါရီ (၁၁) ရက်တွင် ကေအန်ယူမှခွဲထွက်၍ ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအမည်ဖြင့် နအဖနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်အင်အား (၅၀၀) ခန့်ရှိသည်ဟု သိရသည်။

၁၉၈၉ ခုနှစ်မှစ၍ နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ရှိပြီး အဆိုပါတပ်ဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် နအဖစစ်အစိုးရက ယမန်နှစ် ဧပြီလမှ စတင်ကာ ဖိအားပေးလျက်ရှိသည်။

Analyzing the constituencies formation for 2010 elections

Analyzing the constituencies formation for 2010 elections

Blogger Handbook Inside

Blogger Handbook Inside

Border Guard Force accepts children from DKBA-video

ဒုက္ခသည်များစွာ ထိုင်းသို့ထွက်ပြေးလာနိုင်ဟု ကရင်ကောင်စီသတိပေး

Bern Smith ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၁ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၃၃ မိနစ် .
မဲဆောက် (မဇ္ဈိမ) ။ ။ ရက်အနည်းငယ်အတွင်းတွင် မကြုံစဖူးများပြားလှသော ကရင်ဒုက္ခသည်များ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိခိုလှုံလာနိုင်သည်ဟု KNU/KNLA ငြိမ်းချမ်းရေးကောင်စီက သတိပေးလိုက်သည်။

ယခုအပတ်အတွင်း ကရင်ငြိမ်းချမ်းရေးကောင်စီမှ ထုတ်ပြန်ခဲ့သည့် နိုင်ငံတကာသို့ ပန်ကြားချက်ထဲတွင် ဒုက္ခသည် ၆,ဝဝဝ မှ ၁ဝ,ဝဝဝ ခန့်အထိ ဘေးကင်းရာသို့ ပြောင်းရွှေ့ခိုလှုံကြဖွယ်ရှိနေပြီး အကယ်၍ မြန်မာစစ်အစိုးရသည် ဒေါနတောင်တန်း အနောက်ဘက်ရှိ ငြိမ်းချမ်းရေးကောင်စီ၏မြို့ ထို့ကော်ကိုး ကိုပါ စစ်ဆင်ရှင်းလင်းရေး လုပ်လာခဲ့လျှင် ဒုက္ခသည်အရေအတွက်သည် တသိန်းခန့်အထိ ရှိသွားနိုင်သည်ဟု ဖော်ပြထားသည်။

ထိုင်းမြန်မာနယ်စပ်အနီး Tha Song Yang ခရိုင်ရှိ ယာယီဒုက္ခသည်စခန်းကို ယမန်နှစ်က တွေ့ရစဉ်။ ကရင်ဒုက္ခသည်များသည် ဤဒုက္ခသည်စခန်းတွင် စွတ်စိုထိုင်းမှိုင်း၍ ဆိုးဝါးသော ရာသီဥတုများကို ဖြတ်သန်းကာ လပေါင်းများစွာ နေထိုင်ခဲ့ရသည်။ ဓာတ်ပုံ မဇ္ဈိမ

KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ၂ဝဝ၆ ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသော အဖွဲ့အစည်းဖြစ်ပြီး မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုခဲ့သည်။ ထိုအချိန်မှ စ၍ KNU/KNLA ငြိမ်းချမ်းရေးကောင်စီသည် ဒေါနတောင်တန်း အနောက်ဘက် ထို့ကော်ကိုးရွာတွင် မြို့တခုကိုတည်ထောင်ခဲ့ပြီး အဖွဲ့၏ခေါင်းဆောင်များသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းကာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည်။

ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များသည် ယင်းတို့ ချမ်းသာကြွယ်ဝလာရေးအတွက် စစ်အစိုးရနှင့် ပူးပေါင်းခဲ့ကြခြင်းဖြစ်သည်ဟု အများကစွပ်စွဲကြသည်။ ယခုနှစ်တွင်မူ မြန်မာစစ်အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအား ယင်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေးကို ရာဇသံပေးလာခဲ့သည်။

ငြိမ်းချမ်းရေးကောင်စီသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ပြောင်းရေး ရာဇသံကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည့်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ကို တိုက်ခိုက်ရန် စေခိုင်းမှုအားလည်း ငြင်းဆန်ခဲ့ကြသည်။ ထို့ကြောင့် မကြာသေးခင်က မြန်မာစစ်အစိုးရသည် ငြိမ်းချမ်းရေးကောင်စီအား အမိန့်ကိုနာခံရန်နှင့် နာခံခြင်းမရှိပါက မတရားအသင်းအဖြစ် ကြေညာတော့မည် ဖြစ်ကြောင်း ရာဇသံပေးခဲ့သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်မှူးကြီး နာဒါးမြ

မြန်မာစစ်တပ်မှ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်သည် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ခေါင်းဆောင်များနှင့် မကြာသေးခင်က တွေ့ဆုံခဲ့ရာတွင် “ငါတို့ စစ်တပ်နဲ့ တနင်္ဂနွေနေ့ နောက်ဆုံးထားပြီး ပူးပေါင်းရင်ပူးပေါင်း၊ မပူးပေါင်းရင် ထို့ကော်ကိုးမြို့ပျက်စီးပြီး လူတွေအားလုံး အိုးမဲ့အိမ်မဲ့ ဖြစ်သွားမယ်” ဟု ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ စစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်းပြောင်းခဲ့လျှင် အမြော်အမြင်နည်းရာ ရောက်မည်ကို သိသဖြင့် ငြိမ်းချမ်းရေးကောင်စီခေါင်းဆောင်များသည် ရာဇသံကို ချက်ခြင်းပင် ငြင်းဆန်ခဲ့ကြပြီး ကာကွယ်ရေးအတွက် ပြင်ဆင်နေသည်ဟု ဆိုသည်။

ဗိုလ်မှူးကြီး နာဒါးမြ
ကရင်ငြိမ်းချမ်းရေးကောင်စီသည် ကောင်းစွာလက်နက်တပ်ဆင်ထားသော အဖွဲ့အစည်းဖြစ်သည်။ စာရေးသူသည် M-60 နှင့် M-16 အသစ်စက်စက်များကို ထရပ်ကားတစီးစာ တွေ့မြင်ခဲ့ရပြီး ငြိမ်းချမ်းရေးကောင်စီသည် ပေါက်ကွဲစေတတ်သော ခဲယမ်းမီးကျောက် ထောင်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသည်။

ငြိမ်းချမ်းရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူတဦးက “မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေးစာချုပ်ကို ချိုးဖောက်ပြီး စစ်ပွဲကိုစတင်လာခဲ့မယ်ဆိုရင် ကျနော်တို့ ကရင်တွေအနေနဲ့ တခြားရွေးစရာ နည်းလမ်းမရှိတော့ပါဘူး။ ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုသွားမှာပါ” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

“ဘာပဲဖြစ်ဖြစ် တချိန်က အန္တရာယ်ကင်းရှင်းပြီး လုံခြုံတဲ့ဒေသဖြစ်တဲ့ ထို့ကော်ကိုးဟာ လုံခြုံမှု မရှိတော့တဲ့ အတွက် ကလေးငယ်တွေအပါအဝင် မိသားစုတွေဟာ နယ်စပ်ကိုဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်ကြရပါတော့မယ်။ ဒါပေမယ့် ထိုင်းက လက်ခံမယ် လက်မခံဘူး ဆိုတာကတော့ မသေချာပါဘူး” ဟု သူက ဆက်လက်ပြောဆိုခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တပ်ဖွဲ့တခုက ယမန်နေ့ညက ကြေညာခဲ့ရာတွင် ကရင်ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ထိုင်းမြန်မာနယ်စပ်သို့ မောင်းထုတ်ခြင်းခံရလျှင် ယင်းတို့အနေဖြင့် ကာကွယ်ပေးသွားမည်ဟု ဆိုသည်။

ဗိုလ်ချုပ်မြ၏ အကြီးဆုံးသားဖြစ်သူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗိုလ်မှူးကြီး နာဒါးမြက “ကျနော်တို့ အားလုံးဟာ ကရင်တွေပါ။ ကရင်လူမျိုးတွေအနေနဲ့ တတ်နိုင်သမျှ ခုခံကြရမှာပါ” ဟုဆိုသည်။
သူက သူနှင့်သူ၏ တပ်ဖွဲ့သည် ကရင်ငြိမ်းချမ်းရေးကောင်စီအား မြန်မာစစ်အစိုးရမှ တိုက်ခိုက်လာခဲ့လျှင် ကရင်ငြိမ်းချမ်းရေး ကောင်စီဘက်မှ ကူညီသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ နာဒါးမြ အဓိကစိုးရိမ်ပူပန်နေသောအချက်မှာ အရပ်သားများ အရေးပင်ဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံသည် ထောင်နှင့်ချီသော ကရင် ဒုက္ခသည်များအား လက်ခံနိုင်ချေ သိပ်မရှိဟုလည်း ဆိုကြသည်။ မဲဆောက်နား တဝိုက်ရှိ Tha Son Yang၊ Phop Phra နှင့် Umphang ဒေသများ၌ အရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်နေကြသော်လည်း ထိုင်းနိုင်ငံသည် ခိုလှုံရန်ကြိုးစားလာသူများအတွက် စည်းကမ်းများ တင်းကျပ်ထားသည်ဟု ဆိုသည်။

နယ်စပ်ဖြတ်ကျော် ခိုလှုံလာသူများမှာ တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်ရမည့်အပြင် မည်သည့်ဘက်တွင်မှ ပါဝင်တိုက်ခိုက်ခဲ့ခြင်းမရှိမှသာ နေစရာနှင့် အစားအစာများ ရရှိပေလိမ့်မည်။ တဘက်ဘက်မှ ပါဝင်တိုက်ခိုက်သူများနှင့် ယင်းတို့၏ မိသားစုများကို ခိုလှုံခွင့်ပေးလိမ့်မည် မဟုတ်ချေ။

ကန်ချနဘူရီနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ဒေသများကို ထိန်းချုပ်တာဝန် ယူထားသည့် ထိုင်းတတိယတပ်မကမူ မြန်မာစစ်အစိုးရနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ၏ အငြင်းပွားမှုများသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသာ ဖြစ်သည်ဟူသည့်မူကို ဆက်လက်ကိုင်စွဲထားသည်။

ထိုင်းမြန်မာ နယ်စပ်ရှိ အန်ဂျီအိုများ အနေဖြင့် မြန်မာစစ်အစိုးရနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီအကြား တင်းမာမှု အခြေအနေ အရပ်ရပ်ကို စိုးရိမ်ပူပန် နေကြသော်လည်း လူပေါင်း တသိန်းခန့် အထိ ထွက်ပြေးခိုလှုံ လာလိမ့်မည် ဆိုသည်ကိုမူ သံသယ ရှိနေကြသည်။

ထို့ပြင် နိုင်ငံတကာမှ အလှူရှင်များသည် ကရင်ပြည်နယ်အတွင်း ဆယ်စုနှစ် ခြောက်ခုကျော်ခန့် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်သူများကို လှူဒါန်းနေရသည်မှာ လက်ပန်းကျလာပြီ ဖြစ်သဖြင့် အကူအညီများလည်း လျော့ကျနေသည်။ ထို့ကြောင့် ဒုက္ခသည်များအား အကူအညီပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် သောင်းနှင့်ချီသော ဒုက္ခသည်များ ရောက်ရှိလာမည်ကို စိုးရိမ်နေကြသည်။

သို့သော် မြန်မာစစ်တပ်အနေဖြင့် ထိုင်းနယ်စပ်ရှိ ထို့ကော်ကိုးမြို့အား စစ်ဆင်ရှင်းလင်းရေး ပြုလုပ်ခဲ့လျှင် ယမန်နှစ်က ကရင်ဒုက္ခသည်များ ထိုင်းနိုင်ငံဘက်ခြမ်း Tha Son Yang သို့ ထွက်ပြေးခိုလှုံခဲ့ကြသည့် အရေအတွက်ထက် မနှိုင်းယှဉ်သာအောင် များပြားပေလိမ့်မည်။ ယမန်နှစ် ဇွန်နှင့် ဇူလိုင်လများက မြန်မာစစ်တပ်နှင့် မဟာမိတ်ဖြစ်သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော်သည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ တပ်မဟာ ၇ အား ထိုးစစ်ဆင်ခဲ့ရာတွင် ဒုက္ခသည် ၆,၅ဝဝ ခန့် ထိုင်းနိုင်ငံဘက်ခြမ်း Tha Son Yang သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

ထိုကဲ့သို့ အစုလိုက်အပြုံလိုက် ခိုလှုံလာကြလျှင် ကပ်ဆိုက်သကဲ့သို့ အခက်အခဲများ ဖြစ်လာနိုင်ပြီး NGO အဖွဲ့အစည်းများ အနေဖြင့် ဒုက္ခသည်များအား အခြေခံလိုအပ်ချက်များဖြစ်သော နေရာထိုင်ခင်း၊ အစားအစာ၊ ဆေးဝါးများ ထောက်ပံ့ရန်နှင့် သန့်ရှင်းရေးစနစ်များ စီစဉ်ပေးရန် မနိုင်မနင်းဖြစ်လာနိုင်သည်။

31 August 2010 Yeyintnge's Diary

31 August 2010 Yeyintnge's Diary

Junta threat may spur refugee exodus, Karen council warns

September 1, 2010
tags: Human Rights, world focus on Burma, Junta, UN, Burma, Karen, Thailand, Myanmar, Genocide, KNU, KNLA, Exodusby peacerunning
.Mae Sot (Mizzima) – An exodus of refugees in numbers never before seen along the Thai-Burmese border could begin within days, the KNU/KNLA Peace Council has warned.
In a plea to the “international community”, the Peace Council this week said 6,000 to 10,000 people could initially be evacuated, but if the Burmese Army made a clean sweep of its capital, as many as 100,000 people could be affected.

The KNU/KNLA Peace Council signed an agreement with Burma’s ruling military junta, the State Peace and Development Council (SPDC), in 2006 when it broke away from the Karen National Union. Since then it has developed a capital on the western side of the Dawna mountain range at Htokawko village in Karen State and its leaders have entered into business arrangements with the Burmese Army.

Peace Council leaders have consistently been accused of switching sides merely to enrich themselves.

This year, the SPDC demanded ethnic groups transform themselves into its Border Guard Forces (BGF), taking orders directly from Burmese Army commanders.

The Peace Council has repeatedly refused to join the BGF as an armed wing of the Burmese Army and steadfastly refused to fight troops of the Karen National Liberation Army (KNLA). But now the SPDC has demanded the Peace Council begin obeying orders or be declared an “unlawful or illegal organisation”.



KNLA Colonel Nerdah Mya

Burma Army Lieutenant General Ye Myint recently met Peace Council leaders and delivered the ultimatum: “Join forces with us by Sunday or the population of Htokawko will be displaced and your capital destroyed.”

In a move that could be perceived as tactically unwise, Peace Council leaders said they dismissed the demand on the spot and began preparing to defend themselves.

The Peace Council is well armed – this correspondent has seen truckloads of brand new M-60s and M-16s and many thousands of rounds of ammunition in their possession.

A council spokesman said: “If the Burmese determine to breach and violate the peace agreement and initiate war, then the Karen will have no choice but to do everything in their power to defend [themselves].”

“However [if the] safe area [Htokawko] is no longer considered safe, the children and families may have to cross over the border into Thailand,” he said. “Acceptance by the Thais is not certain.”

Elements of the KNLA last night declared that they would flank KNU/KNLA Peace Council units if they were forced to evacuate to the Thai-Burmese border.

KNLA Colonel Nerdah Mya, eldest son of the late KNLA General Bo Mya, said: “We are all Karen and the people must be defended.”

He said his men would certainly help the Peace Council forces if they were attacked by the Burmese Army and found themselves in danger of being overwhelmed.

Nerdah’s primary concern was for the civilian population, he said.

By all accounts it is unlikely Thailand will accept thousands of Peace Council refugees pouring over the border. While contingency plans have been made for three sites around Mae Sot – at Tha Son Yang, Phop Phra and Umphang – there are strict conditions for people seeking refuge in Thailand.

Anyone who comes across the border must be directly fleeing fighting and no combatants of any side, or their families, will be given food or shelter.

The Thai Third Army, which controls an area from Kanchanaburi in the south to Mae Hong Son in the far north, maintains that the dispute between the SPDC and the Peace Council is an “internal affair”, one for the Burmese to sort out among themselves.
While NGO workers along the border are treating the situation developing between the Peace Council and the Burmese Army as a serious matter, they remain sceptical that 100,000 people might flee Burma.

Faced with reduced capacity because international donors are becoming fatigued from the effects of more than six decades of fighting in Karen State, the organisations providing for refugees are hoping they are not inundated with tens of thousands of new arrivals from Burma.

But, should the Burmese Army make a clean sweep from Htokawko to the Thai border, the number of people fleeing could well dwarf last year’s exodus to Tha Son Yang. Last year, during June and July, about 6,500 people ended up on the Thai side in Tha Son Yang district when the KNLA lost its Seventh Brigade region to the Burmese Army-aligned militia, the Democratic Karen Buddhist Army.

What followed was a disaster, as people clustered in small groups along the border and NGOs scrambled to sustain simple needs, such as sanitation, food and shelter.

KIO Demands Federal Union Before Surrendering Weapons

KIO Demands Federal Union Before Surrendering Weapons

Information 2 -KPP

Information 2 KPP

Tuesday, August 31, 2010

DSA အကွဲ အပြဲဖြစ် နိုင်

Latest ၂(က) ပထမ အသုတ် ပြုတ်/နား များ ထဲမှ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးသာအေး ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင် တို့ အား အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထားသည် ဟု သတင်းရရှိသည် (မြန်မာ စံတော် ချိန် ညနေ ၃ နာရီ) အတည်မပြု နိုင်သေး


၂(ခ) ပြုတ်/နား များ နှင့် ရွေးကောက် /ကျောခိုင်း (ဥပမာ – ဦးခင်မောင်ဆွေ) တို့ မှာ စတ္ထုထ အင်အားစု အဖြစ်ပေါ်လာ နိုင်ဖွယ်ရှိ


၁(က) ပိတ်ထား သော ၀ဘ်ဆိုက်( အင်တာနက် စာမျက်နှာ) များ အားလုံးနီးပါးပြန်ပွင့် နေ


၁ (ခ)ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင် အား ကာကွယ်ရေးဦးစီးချုပ် ရာထူး ပေးသောကြောင် ဗိုလ်ချုပ်ကြီး သိန်စိန် ၊ ဗိုလ်ချုပ် သာအေး အပါအ၀င် ပထမ အသုတ် ပြုတ်/နား များကမကျေနပ် (DSA အကွဲ အပြဲဖြစ် နိုင်)



စစ်ခေါင်းဆောင်များ အနားယူခြင်းအပေါ် ငပျင်းလေး (စောကို) ကျွန်တော့ အမြင်

မြန်မာနိုင်ငံက အာဏာရှင်ကြီး သန်းရွှေ အနားယူသွားဆိုတဲ့ အတင်း ဖတ်ရတော့ ဒီသတင်းဟုတ်ရဲ့လား မှန်ရဲ့လား လို့သံသယရှိမိတာပါ အခုတော့ မီဒီယာ အကုန်လိုဖော်ပြလာတော့ ဟုတ်မယ်လို့ထင်ပါတယ်။ အခုလို သန်းရွှေ၊ မောင်အေ၊ ရွှေမန်း ထွက်သွားတာကို လူတွေအများစုကတော့ အင်္ကျီချွတ်တာပါ ၊ ကြံ့ခိုင်ရေးမှာ နာယကလုပ်၊ ရွေးကောက်ပွဲ ဝင်ပြီး သမ္မတကြီး ပြန်လာလုပ်အုံးမှာလို့ ပြောသံတွေက များတယ်။

ကျွန်တော့်အမြင်ကတော့ သမ္မဝင်လုပ်မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ၂ဝဝ၈ နာဂစ် အခြေခံဥပေဒေ မှာ သမ္မတ ဆိုတဲ့ ရာထူးက သေဆိုသေ ရှင်ဆိုရှင်၊ ရှင်းရှင်းပြောရရင် စစ်တပ်က မကြိုက်ရင် ဖြုတ်ပစ်လို့ရတယ်။ အဲ့ဒီလို ရာထူးမျိုးကို သန်းရွှေ မက်မောစရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် သမ္မတ ပြန်လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်မြင်တယ်။ အာဏာရှင်တွေ ဆိုတာ ဘယ်သူ့ကိုမှမယုံဘူး ရွှေမျိုးတော်စပ်နေရင်တော့ တမျိုးပေါ့။ ဒါကြောင့် အခုတင်လိုက်တဲ့ မြင့်အောင် တို့အနောက်မှာ သန်းရွှေရဲ့ ချူပ်ကိုင်မှု့ လုံးဝရှိနေတယ်ဆိုတာကိုတော့ အားလုံးအကြွင်းမဲ့ ယုံကြည်ထားကြမှာပါ။ ဘယ်လို ချူပ်ကိုင်မလဲ သူ့မှာ ဘာရာထူးမှ မရှိတော့ဘူး ....

ကျွန်တော်နဲ့ ခင်တဲ့ အကိုတစ်ယောက်ကတော့ ကျွန်တော့်ကို ညီလေး သန်းရွှေမှာ ကိုယ်ပိုင် စစ်တပ်ရှိတယ် ဆိုတာကို မင်းထည့်စဉ်းစားရမယ် လို့ပြောပါတယ်။ အဲ့ဒီစစ်တပ်က သန်းရွှေ အမိန့်ကလွဲရင် ဘယ်ကောင်မှပြောမရဘူး။ အဲ့ဒီတပ်က စစ်သားတွေကလည်း ငယ်ငယ်ကတည်းက ပုံသွင်းခံထားရတာဖြစ်တယ်။ ဒီတပ်နဲ့ အခုရာထူးအပ်ခဲ့တဲ့မြင့်အောင်တို့ မိသားစုတွေကို ထိန်းချူပ်မှု့တွေ ရှိ နိုင်တယ်ဆိုတာလေး ကဖြစ်နိုင်သလိုရှိတယ်လို ကျွန်တော်မြင်တယ်။ နောက်တစ်ခုက အခုတက်လာတဲ့ကောင်တွေနဲ့ ထွက်သွားတဲ့ကောင်တွေက သားသမီးခြင်းပေးစားထားတာတွေ အမျိုးတော်စပ်တာတွေလဲရှိနိုင်တယ်လို့ ကျွန်ထင်တယ်။ ဒါကြောင့်လဲ့ သန်းရွှေတို့ ထွက်ရဲတာပေါ့။ အချူပ်အခြာ တည်တန့်ခိုင်မြဲရေး လို့ အော်နေတဲ့ အာဏာရူးတစ်သိုက် ငရဲမကြောင့်လို့ သံဃာတောင် ရိုက်သတ်ခဲ့တာ ဘယ်လွယ်လွယ်နဲ့ အာဏာအဆုံးခံပါမလဲဗျာ။ နောက်တစ်ခုကတော့ မစားရတဲ့ အမဲ သဲနဲ့ ပက်ဖို့ ဒါမှမဟုတ် အခုတင်လိုက်တဲ့ကောင်တွေကို ချကြွေးတာတွေ ရှိလာနိုင်တယ်။

ဗိုလ်ချုပ်မှူးကြီးအမိန့်နဲ့ ဆင်နွှဲခဲ့ကြရတဲ့ ၁၉၉၈ ခရစ္စတီးကျွန်းပေါ်က လူသတ်ပွဲ

By ရော်နီညိမ်း
တပ်မှူးတပ်သား ပြောစကား (၀၂၂)

မြန်မာနိုင်ငံထဲမှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့၊ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဘို့ဆိုတဲ့ ကိစ္စကို၊ အမေရိကန်အစိုးရကပါ ထောက်ခံဘို့ သမတအိုဘားမားက ဆုံးဖြတ်ခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ လူသူမသိအောင်ထိန်ဝှက်ထားတဲ့ ၁၉၉၈ ခုနှစ်က မြန်မာ စစ်တပ်က အပြစ်မဲ့သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့တဲ့ စစ်ရာဝတ်မှုကြီးတစ်ခုအကြောင်းကို ၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းက ထုတ်လွှင့်ခဲ့ပြီးပါပြီ။ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ ဒီအစီအစဉ်ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား”အပတ်စဉ်ကဏ္ဍမှာ ပြန်ပြီး ထုတ်လွှင့်ပေးလိုက်ပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ရလောက်အောင် အနည်းငယ်ပဲကျန်နေသေးတော့တဲ့ အာဏာရှင်နိုင်ငံတွေ ကြားထဲမှာ၊ မြန်မာနိုင်ငံ ထင်ထင်ရှားရှားပါဝင် ပေါ် လွင်နေတာဟာ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေရဲ့ ရက်စက်ကြမ်းကြုပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုပ်မှုတွေ ကျူးလွန်နေတဲ့ ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို မကြာသေးခင်ကပဲ ဗီအိုအေကို ထုတ်ဖေါ်ပြောကြားလာသူကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာသံရုံးမှာ သံမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ ဗိုလ်မှူးအောင်လင်းထွဋ်ပါ။ ဗိုလ်မှူးအောင်လင်းထွဋ်ဟာ မြန်မာ့တပ်မတော်ထောက်လှမ်းရေးမှာ တာဝန်ထမ်းဆောင်နေရကနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို အထူးတာဝန်နဲ့ ရောက် ရှိလာသူ ဖြစ်ပါတယ်။ သူဟာ ၂၀၀၅ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်တောင်းခံနေထိုင်ခဲ့ပါတယ်။ သတင်းဌာနတွေနဲ့ အရင်က ပြောဆိုဆက်သွယ်မှုတွေ မရှိခဲ့ပေမဲ့၊ နာဂစ်(စ်)ဆိုက်ကလုံးမုန်တိုင်းကြီး တိုက်ခတ်ခဲ့အပြီး အပြစ်မဲ့ပြည်သူတွေအပေါ် စာနာထောက်ထားမှုကင်းမဲ့လွန်းတဲ့ စစ်အာဏာရှင်တွေရဲ့အပြုအမူအပေါ် မခံမရပ်နိုင်အောင် ဖြစ်လာတာမို့၊ အခုလို ဆက်သွယ်ပြောဆို လာရခြင်းဖြစ်တယ်လို့ ဗိုလ်မှူးအောင်လင်းထွဋ်က ဆိုပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း မြန်မာ့ပင်လယ်ပြင်အတွင်းက ခရစ္စတီးကျွန်း (Cristie Island) (မြောက်လတ္တီ တွဒ် ၀၉ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၅၉မိနစ် {Geographical location 0937N 9759E}) လို့ခေါ်တဲ့ ကျွန်းငယ်လေးတစ်ခုပေါ်မှာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အမိန့်နဲ့ အပြစ်မဲ့ပြည်သူကျေးရွာသား (၅၉)ဦးနဲ့ ထိုင်းရေလုပ်သား (၂၂)ဦးကို မြန်မာစစ်တပ်က သတ်ဖြတ်ပစ်ခဲ့ရပုံအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ် က ပြောပြခဲ့ပါတယ်။



ဦးအောင်လင်းထွဋ်။ ။ 1998 တုန်းက မေလမှာ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ဇာဒက်ကြီးရေတပ်စခန်းမှာ ကျနော်တို့က အခြေချပါတယ်။ ရှေ့တန်းစစ်ဗျူဟာအနေနဲ့ကတော့ ခရစ္စတီးကျွန်းမှာ အခြေချပါတယ်။ ခရစ္စတီးကျွန်းဟာ ထိုင်းနဲ့မြန်မာရဲ့ရေပြင်ပိုင်နက်အစပ်နားမှာ ရှိပါတယ်။ ကျနော်တို့ဆိုတာက ဗိုလ်ချုပ်ကြီးကြည်မင်း(ယခု အငြိမ်းစားဒုဗိုလ်ချုပ်ကြီး)၊ နောက်ပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်ခဲ့တဲ့သူပါ။ အခုတော့ အငြိမ်းစားယူပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဒုဥက္ကဌလုပ်နေတဲ့ ဗိုလ်ချုပ်ကြီးကြည်မင်းပါ။ နောက်တယောက်က ဗိုလ်ချုပ်မြင့်ဆွေ(လေ) (ယခု အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကလည်း ကာကွယ်ရေးဦးစီးချုပ်(လေ) ဖြစ်ခဲ့ပြီးတော့မှ အခု retire (အငြိမ်းစား) သွားပါပြီ။ ဦးနေ၀င်းရဲ့မြေးတွေရဲ့ ဖြစ် စဉ်မှာ အဖြုတ်ခံရတဲ့ ပုဂ္ဂိုလ်ပါ။ နောက်တယောက်က ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း) (ယခု ဒုဗိုလ်ချုပ်ကြီး) ပါ။ သူကတော့ လက်ရှိ စစ်ရေးချုပ်ရာထူးကို ယူထားပါတယ်။

(မှတ်ချက်။ ။ ခရစ္စတီးကျွန်းလူသတ်ပွဲဖြစ်စဉ်တွင် ဤသုံးဦးလုံးမှာ ဗိုလ်မှူးချုပ်အဆင့်သာ ရှိကြပြီး၊ တပ်ထုံးစံအရ ဗိုလ်မှူးချုပ်ကို ဗိုလ်ချုပ်၊ ဒုဗိုလ်ချုပ်ကြီးကို ဗိုလ်ချုပ်ကြီး၊ ဒုဗိုလ်မှူးကြီးကို ဗိုလ်မှူးကြီးဟုပင် ခေါ်ကြပါသည်။)

သူတို့သုံးယောက်ကို ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်ရေးဆိုပြီး တော့၊ ကက(ကြည်း)(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်-ကြည်း)ရုံးကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖွဲ့စည်းပေးပြီး တော့မှ ဇာဒက်ကြီးရေတပ်စခန်းကို လွှတ်လိုက်ပါတယ်။ ဇာဒက်ကြီးရေတပ်စခန်းရဲ့စခန်းမှူးက ဒုတိယဗိုလ်မှူးကြီး မောင်မောင်သစ်။ ကော့သောင်းရဲ့အခြေချ စစ်ဗျူဟာမှူးက ဗိုလ်မှူး ကြီးဇော်မင်း(ယခု ၀န်ကြီးဦးဇော်မင်း)။ အခု အမှတ်(၁)လျှပ်စစ်ဝန်ကြီးတာဝန်ရော ကြံ့ခိုင်ဖွံ့ဖြိုးရေးရဲ့ တွဲဘက်အတွင်းရေးမှူးတာဝန်ရော ယူနေတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူက ဗျူဟာမှူး အနေနဲ့ ခရစ္စတီးကျွန်းမှာ တာဝန်ယူရပါတယ်။ သူ့လက်အောက်မှာ အဲဒီအချိန်မှာ တပ်ရင်းမှူးအဖြစ် ခမရ(၂၆၂) ကော့သောင်းတပ်က ဒုတိယဗိုလ်မှူးကြီးစိုးတင်။ ဒီပုဂ္ဂိုလ်က နောက် ပိုင်းမှာ အမှတ်(၁)စက်မှုဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးဖြစ်တယ်လို့ သိရပါတယ်။ နောက်တယောက်က ဘုတ်ပြင်းက တပ်ရင်းမှူးပါ။ ခမရ (၄၀၃) လား (၄၀၄)လား ကျနော် မသိတော့ ဘူး။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ။ ဒီပုဂ္ဂိုလ်တွေနဲ့ ပေါ့လေ၊ အဲ့ဒီမှာ ဗိုလ်မှူးကြီးဇော်မင်းဦးစီးတဲ့ ဗျူဟာကနေ ခရစ္စတီးကျွန်းကို တက်ပြီး နေရာယူလိုက်တဲ့အခါမှာ အဲဒီမှာ သစ်ခုတ်ဝါး ခုတ်နဲ့ အရပ်သူအရပ်သား(၅၉)ယောက်တိတိကို သူတို့ ဖမ်းလိုက်ပါတယ်။ အဲဒီအထဲမှာ သုံးနှစ်သမီးလေးတစ်ယောက် ပါတယ်။ မိန်းမတစ်ယောက်ဆိုလို့ရှိရင် သိပ်မကြာသေးဘူး၊ ကလေးငယ်ငယ်လေးကို မွေးခဲ့ပြီး နေနေခဲ့တာပေါ့လေ။ သူတို့ကတော့ သာမန် ဒီနယ်မြေဒီဒေသမှာ သစ်ခုတ်ဝါးခုတ်ပြီးတော့မှ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက်ကို ရှာဖွေ လုပ်ကိုင်စားသောက်နေတဲ့ အရပ်သူအရပ်သားတွေ ဖြစ်ပါတယ်။ အဒီအချိန်က တိုင်းမှူးက ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ထိုစဉ်က ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူး၊ ၂၀၀၁ တွင် ရဟတ်ယာဉ်ပျက်ကျစဉ် အတွင်းရေးမှူး -၂ ဒုဗိုလ်ချုပ်ကြီးတင်ဦးနှင့်အတူ ကွယ်လွန်သွားသူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး)။ သူက ပုဒ်မ(၁၄၄)ထုတ်ထားတယ်တဲ့။ ဒီကျွန်းတွေမှာ အရပ်သားတွေ မနေရဘူးဆိုတာကြောင့် ဖမ်းတယ်ဆိုပြီး ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ထင်တာက ဒီ(၅၉)ယောက်ကို ကော့သောင်းမြို့ကို ပြန်ပို့ပြီး အရေးယူချင်လည်း ယူ ပေါ့လေ။ လ၀ကဥပဒေနဲ့ အရေးယူချင်လည်း ယူပေါ့လေ၊ ဒီလိုပဲ လွှတ်လိုက်မယ်လို့ ကျနော်ထင်ခဲ့ပါတယ်။ ဖမ်းမိတာက ဧပြီလမှာလို့ ကျနော်ထင်တယ်။ မေလလောက် ရောက်တဲ့ အခါကျတော့၊ ညဘက်ကြီးမှာ ကောက်ခါငင်ခါ အမိန့်တစ်ခု ရောက်လာလို့ ကျနော်တို့ သိရပါတယ်။ အဲ့ဒီအချိန်တုန်းက စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)ဖြစ်တဲ့ ကက(ကြည်း)က ဗိုလ်ချုပ် မြင့်ဆွေ (ယခု ဒုဗိုလ်ချုပ်ကြီး၊ ကစထမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၅)က ဆက်သွယ်ရေးစက်ပေါ်တက်လာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းနဲ့ စကားပြောချင်တယ်လို့ ပြောပါတယ်။ အဲဒီလို ပြောကြပြီးတော့မှ ဗိုလ်ချုပ်ကြီးကြည်မင်း ပြန်လာတဲ့အခါကျတော့ ကျနော်တို့အပါအ၀င် အားလုံးကိုခေါ်ပြီးတော့ ဘာပြောလဲဆိုတော့ အခုဖမ်းထားတဲ့ (၅၉) ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ်ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ်ကြီးကြည်မင်းကို ဆက်သွယ်ရေးစက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။

ဦးသန်းလွင်ထွန်း။ ။ ဘာကြောင့်လဲ၊ အဲဒါ။

ဦးအောင်လင်းထွဋ်။ ။ ဘာကြောင့်လဲဆိုတာ ပြောရခက်ပါတယ်။ ဒီကလေးလေးတွေ မိန်းမတွေ ယောက်ျားတွေ ဘာမှ လက်နက်မကိုင်ထားတဲ့လူတွေကို သတ်ခိုင်းတာဟာ၊ ကျနော် တို့မှာ အရမ်းကို ခံစားရတယ်။ အမှန်အတိုင်းပြောရရင် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စပါ။ ကျနော်လဲ ဒါဟာ ကြုံလိုက်ရတဲ့ ကိုယ်တွေ့တစ်ခုဘဲ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ကျနော်တို့ အား လုံးကို စုလိုက်တယ်။ ကျနော်တို့ကတော့ staff အနေနဲ့ နားထောင်ရတာပေါ့။ ဗိုလ်ချုပ်ကြီးကြည်မင်း(ရေ)၊ ဗိုလ်ချုပ်မြင့်ဆွေ(လေ)၊ ဗိုလ်ချုပ်သူရမြင့်အောင်(ကြည်း)၊ ဗိုလ်မှူးကြီးမောင် မောင်သစ်(ရေ)၊ ဒါကတော့ လူကြီးပိုင်းတွေပေါ့လေ။ ဗိုလ်ချုပ်ကြီးကြည်မင်းက ဒီသတင်းကို ကျနော်တို့ကို ပြောလိုက်တဲ့အခါကျတော့၊ ဗိုလ်ချုပ်သူရမြင့်အောင် အခု စစ်ရေးချုပ်လုပ်နေ တဲ့လူက ဘာထပြောလဲဆိုတော့ “ဒါ အထက်အမိန့်ပဲ၊ အကုန်သတ်ပစ်ရမှာပေါ့” ဆိုပြီး တော့မှ သူက စပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေ(လေ)ကတော့ သူက ပုတီးသမား တရားသမား ဆိုတဲ့အခါကျတော့၊ ထိန်းထိန်းသိမ်းသိမ်းလုပ်ဘို့နဲ့ “အခြေအနေလေးတော့ ပြန်မေးကြည့်ပါဦး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်က ညကိုးနာရီခွဲပတ်ဝန်းကျင်လောက်ဖြစ်နေတော့ ဒါဟာ ဗိုလ်ချုပ်မှူးကြီးမောင်အေး အရက်သောက်ပြီး မူးတဲ့အချိန်၊ တော်ကြာ မူးမူးရူးရူးနဲ့ အမိန့်ဖြစ်နေဦးမယ်” ဆိုပြီးတော့မှ ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် (ဗိုလ်မှူးချုပ်သူရမြင့်အောင် နဲ့ ဗိုလ်မှူးချုပ်မြင့်ဆွေ-လေ) ပြောတဲ့အပေါ်မှာ အဓိကမူတည်ပြီးတော့မှ၊ ဗိုလ်ချုပ်ကြီးကြည်မင်းက ဆုံးဖြတ်ပါတယ်။ “ကောင်းပြီ ဒါဆို ဒို့တွေ နောက်နေ့မနက် စက်ပေါ်တက်ပြီးတော့မှ ကိုမြင့်ဆွေ (ရန်ကုန်စစ်ရုံးချုပ်မှ စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း) ဗိုလ်မှူးချုပ်မြင့်ဆွေ)ကို ဒို့ ထပ်မေးကြည့်မယ်၊ ဒီအမိန့်ကိုတော့ အောက်က ဗိုလ်မှူးကြီးဇော်မင်းတို့ကို ချမပေးနဲ့ဦး” ဆိုပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက ထိန်းထားလိုက်တာ ကျနော်တို့ သိရပါတယ်။ မနက် ကိုးနာရီပတ်ဝန်းကျင်လောက်၊ ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)ကို စက်ပေါ်တက်ပြီး ဗိုလ်ချုပ်ကြီးကြည်မင်းက မေးပြီး ပြန်လာတဲ့အခါကျတော့၊ ဘာပြောလဲဆိုတော့ “ဗိုလ်ချုပ်မြင့်ဆွေ(ကြည်း)က ပြောလိုက်တယ်၊ ဒါဟာ အဘအေး(ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး)အမိန့် မဟုတ်ဘူး၊ အဘကြီး(ဗိုလ် ချုပ်မှူးကြီးသန်းရွှေ)အမိန့်ဆိုပြီး ပြောတယ်” ဆိုပြီး ပြန်ပြီးတော့မှ ပြောပြပါတယ်။ အဘကြီး ဆိုတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဘကြီးလို့ ကျနော်တို့ ခေါ်ကြပါတယ်၊ စစ်တပ် မှာတော့။

ဦးသန်းလွင်ထွန်း။ ။ ဟုတ်ကဲ့၊ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူးပေါ့။

ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီအမိန့်ကို ပြန်ပြီးတော့ ပြင်လို့ မရခဲ့ဘူး။ မရခဲ့တဲ့အခါကျတော့၊ အဓိကက အဲ့ဒီနယ်မြေရဲ့ တာဝန်ခံက ဗိုလ်ချုပ်သူရမြင့်အောင်။ သူက စကခ(၁၃)(စကခ= စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဟု အမည်ပေးထားသော ခြေမြန်တပ်မများ) ရဲ့ တပ်မမှူးပါ။ ဗိုလ်မှူးကြီးဇော်မင်းက သူ့လက်အောက်ကမှ ဗျူဟာမှူးပါ။ ဆက်ပြီးတော့ ရှင်းရှင်း ပြောရရင် တော့၊ အမိန့်ပေးလိုက်တယ်။ အမိန့်ပေးတဲ့အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ပစ်သတ်ပြီးတော့မှ သောင်ပြင်မှာမြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။

ဦးသန်းလွင်ထွန်း။ ။ အဲဒီလိုအမိန့်ကို အကောင်အထည်ဖေါ်ခဲ့တာက၊ ဦးအောင်လင်းထွဋ် ပြောတဲ့အတိုင်းဆိုရင် ဗိုလ်မှူးကြီးဇော်မင်းဦးဆောင်တဲ့ဗျူဟာက လုပ်ခဲ့တာပေါ့။

ဦးအောင်လင်းထွဋ်။ ။ ဟုတ်ကဲ့ ခင်ဗျ။ ဗိုလ်မှူးကြီးဇော်မင်း (ယခုအမှတ်(၁)လျှပ်စစ်ဝန်ကြီဌာန ၀န်ကြီး နှင့် ပြည်ထောင်စုကြံခိုင်ဖွံ့ဖြိုးရေးပါတီ တွဲဘက်အတွင်းရေးမှူး) နဲ့ သူ့တပ်ရင်းမှူး နှစ်ယောက်ပေါ့လေ။ ဗိုလ်မှူးကြီးဇော်မင်းကလည်း တပ်ရင်းမှူးနှစ်ယောက်ကို ဆက်အမိန့်ပေးပြီးတော့မှ အကုန်လုံးကို လုပ်ပစ်လိုက်ကြတယ်လို့ သိရပါတယ်။ အဲ့ဒီ့ဓါတ်ပုံတွေ ရှိပါသေး တယ်။ ကျနော့်ရုံး(ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ထောက်လှမ်းရေးညွှန်ကြားရေးမှူး ရုံး)က ဗီရိုထဲမှာ ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီ့အချိန်မှာ ဗိုလ်မှူးကြီးဇော်မင်းတို့နဲ့အတူတူ ထောက်လှမ်းရေး(၁၉) တပ်မှူး၊ အခုတော့ ထောင်ထဲရောက်နေပါပြီ (၂၀၀၄တွင် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့်အတူ ဖြုတ်ထုတ်ရှင်းခံရသူများထဲမှ တစ်ဦး)၊ ဗိုလ်မှူးမြင့်ဦးဆိုတာ အတူတူ ရှိပါ တယ်။ သူက ခိုးပြီးတော့ ရိုက်ထားတဲ့ဓါတ်ပုံတွေကို ဒီစစ်ဆင်ရေး အပြန်မှာ ကျနော်တို့ကို ခိုးပြီးတော့ ပြန်ပေးလိုက်တဲ့အခါကျတော့၊ ကျနော်လည်း ရန်ကုန်ကို ပြန်ရောက်တဲ့အခါကျ တော့ ဗိုလ်မှူးချုပ်ကျော်သိမ်းနဲ့ ဗိုလ်မှူးကြီးစန်းပွင့် ကျနော့် G 1 (စစ်ဦးစီးမှူး ပထမတန်း) တို့ကို ပြပြီးတော့မှ ကျနော့်ဗီရိုထဲမှာ သိမ်းခဲ့တယ်။ အခုတော့ ရှိ မရှိတော့ ကျနော် မသိတော့ ဘူး။

ဦးသန်းလွင်ထွန်း။ ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ပိုင်း မြန်မာစစ်ခေါင်းဆောင်တွေကြားထဲမှာ တစုံတရာပြန် လည်ဆွေးနွေးတာတွေ၊ ဒီကိစ္စနဲ့ပတ်သက်လို့ အမှားအမှန် ကိစ္စတွေ ပြောခဲ့တာတွေများ ရှိလား ခင်ဗျ။



ဦးအောင်လင်းထွဋ်။ ။ ကိုသန်းလွင်ထွန်းရေ၊ ဒီဥစ္စာက အသေးလေး ဗျ။ ၁၉၉ရခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)တစ်ခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်” ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီအမိန့်ကို အကောင်အထည်ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ၃ ၏ ကစထမှူး အဖြစ်မှ၊ တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူးချခံရပြီး ကွယ် လွန်သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး(အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်)ဘ၀တုံးက ရွာသူရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ်ဆိုတာ၊ သူ အသိ ဆုံးပါ။

ဦးသန်းလွင်ထွန်း။ ။ “အစိပ်သားတောင် မချန်နဲ့”ဆိုတာ ဘာကို ပြောတာလဲ။

ဦးအောင်လင်းထွဋ်။ ။ “အစိပ်သားတောင် မချန်နဲ့”ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးသတ်ပစ်ဆိုပြီးတော့ တရားဝင်အမိန့် ပါ။ တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါ ဘူး။ ပြောလိုက် တဲ့စကားပါ။

ဦးသန်းလွင်ထွန်း။ ။ ဘယ်နယ်မြေထဲမှာလဲ ခင်ဗျ။

ဦးအောင်လင်းထွဋ်။ ။ အားလုံးဘဲ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ဖြစ်ရလဲ ဆိုတဲ့အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသားဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်းခြောက်ပြီး အတင်းအကြပ်ပြောင်းရွေှ့ပစ်ခြင်းကို မြန်မာ့တပ်မတော်တွင် “ရွာစုသည်”ဟု တရားဝင်ခေါ်ဝေါ် သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့အခါ ကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ဟာမျိုးနဲ့ လူတွေကို သတ်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ အများ ကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။

ဦးသန်းလွင်ထွန်း။ ။ ဦးအောင်လင်းထွဋ်အနေနဲ့ ကိုယ်တွေ့ကြုံခဲ့ရတာကတော့၊ ခု မြန်မာပြည်တောင်ပိုင်း ခရစ္စတီးကျွန်း (Cristie Island)မှာ အရပ်သူအရပ်သား (၅၉)ဦးကို သတ် ခဲ့တဲ့ ကိစ္စပေါ့။

ဦးအောင်လင်းထွဋ်။ ။ အဲ့ဒီ့တုန်းက (၅၉)ယောက်တင် မကဘူး ခင်ဗျ။ ဒီ (၅၉)ယောက်ကို ရှင်းပစ်ပြီးတဲ့နောက်ပိုင်း မှာ၊ တရက်နှစ်ရက်လောက် ထင်တယ်။ ရခိုင်ဘက်ကနေပြီးတော့ မှ ယိုးဒယားငါးဖမ်းစက်လှေပေါ့ လေ။ ယိုးဒယား ငါးဖမ်းစက်လှေဆိုတာကလည်း တရားဝင် ရခိုင်ပြည်နယ်မှာ မှတ်ပုံတင်ထားတဲ့ ငါးဖမ်းစက်လှေပါ။ အဲ့ဒီ့စက်လှေဟာ ငါးတွေကို ရနောင်းမြို့ကို ပို့ဘို့အလာမှာ၊ လမ်းကြောင်းက ဒီ ခရစ္စတီးကျွန်းနားကို ၀င်လာတဲ့အခါကျတော့၊ ရေတပ်က 305 လား 303 လား (တိုက်ရေယာဉ် နံပါတ်များ)တော့ မသိဘူး။ ကျနော် မှတ်မိတာကတော့ စစ်ရေယာဉ်မှူးက ဗိုလ်မှူးအောင်ကြီး။ သူက ဖမ်းလာပါလေရော။ ဖမ်းလာပြီး ဗိုလ်ချုပ်ကြီးကြည်မင်းကို သူတို့ သတင်းပို့လိုက်တဲ့အခါကျ တော့၊ ထုံးစံအတိုင်းပဲ ကက(ကြည်း)ကို ဆက်ပြီး သတင်းပို့ကြတယ်။ ဆက်ပို့တော့ ကက(ကြည်း)ကလည်း အရင်လိုပဲ “ရှင်း ပစ်လိုက်”ဆိုပြီး ရှင်းခိုင်းတယ်။ ရှင်းခိုင်းတော့ အားလုံးပေါင်း ဒီစက်လှေပေါ်မှာပါ တဲ့လူ (၂၂)ယောက်ကို၊ ရေတပ်က တာဝန်ယူပြီးတော့ အဲ့ဒီ့ ခရစ္စတီးကျွန်းပေါ်မှာပဲ သတ်ပစ်ပြီး မြှုပ်ပစ်ခဲ့ရတယ်။ အဲ့ဒီ့စက်လှေကြီးကိုတော့ ကျနော်တို့က မမြုပ်မချင်း ပင်လယ်ထဲမှာ မြုပ်အောင်ဆိုပြီးတော့မှ စက်လှေကို ကျနော်တို့က ဗိုက်ဖေါက်ပြီးမီးရှို့ပြီးတော့ မြှုပ်တဲ့ဥစ္စာ၊ ကျနော် ထင်တယ်၊ တစ်ပတ်လောက်ကြာမှ အဲ့ဒီ့စက်လှေကြီးဟာ ရေအောက်ထဲကို ရောက်သွား တယ် ထင်တယ်။ ဒါက ဆက်စပ်ပြီး ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။ အဲ့ဒီတော့ အားလုံး အဲ့ဒီ့အချိန်မှာ ကျနော်တွေ့ခဲ့တာက အရပ်သားတွေချည့်ဘဲ။ ဘာမှ လက်နက်ကိုင်တဲ့လူ တစ် ယောက်မှ မပါဘူး။

ဦးသန်းလွင်ထွန်း။ ။ အခု ဒုတိယပြောတဲ့အကြောင်းဆိုလိုှိ့ရင် ဒါက ယိုးဒယား ထိုင်းလူမျိုးတွေဆိုတော့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တစုံတရာ ပြဿနာတက် တာ မရှိနိုင်ခဲ့ဘူးလား။

ဦးအောင်လင်းထွဋ်။ ။ မရှိပါဘူး ခင်ဗျ။ မရှိဘူးဆိုတာက ဘယ်သူမှ မသိဘူး။ အဲ့ဒီရေပြင်မှာလည်း တရားဝင်အမိန့် ထုတ်ထားပါတယ်။ အရှင် မလိုချင်ဘူးလို့ ပြောထားတယ်။ ငါးခိုး ဖမ်းစက်လှေပဲဖြစ်ဖြစ်၊ အကုန်လုံးကိုသတ်ပစ်ပြီးတော့မှ စက်လှေပါ မြှုပ်ပစ်ရပါတယ်။ ပထမပိုင်းတုန်းကတော့၊ လူတွေပဲ စက်လှေကိုဖမ်းပြီး ပစ္စည်းတွေကို ယူတာရှိတယ်။ နောက်ပိုင်း မှာ လူရောပစ္စည်းရော အကုန်လုံး မြှုပ်ခိုင်းတဲ့ဥစ္စာတွေက ၁၉၉၆၊ ၁၉၉၇ လောက်က စပြီး နည်းနည်းလေး ပြင်းထန်လာတဲ့ သဘောရှိပါတယ်။

ဦးသန်းလွင်ထွန်း။ ။ အခုကြားခဲ့ရတာကတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်ပွဲတစ်ခုအကြောင်း ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို ဗိုလ်မှူးအောင်လင်းထွဋ်က ပြော ပြခဲ့တာပါ။ “အရိုးတွန်တယ်”ဆိုတဲ့ မြန်မာဆိုရိုးစကားတစ်ခုအရ ဆိုရင်တော့၊ ကျူးလွန်ခဲ့သမျှ ရာဇ၀တ်မှုမှန်သမျှဟာ ဒီအတိုင်း ပျောက်ပြယ်သွားလေ့တော့ မရှိပါဘူး။ တချိန်ချိန်မှာ အကြောင်းအမျိုးနဲ့ တစ်ခုခုနဲ့ ပြန်ပေါ်လာတတ်ပြီး၊ ကျူးလွန်သူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံရစမြဲဆိုတာကိုတော့၊ အခု ကမ္ဘာ့သတင်းတွေမှာ ကြားသိနေရတဲ့ အီရတ်နိုင်ငံက သမ္မတဟောင်း ဆဒမ်ဟူစိန်ကို ခုံရုံးတင်ပြီး ကြိုးပေးစီရင်ခဲ့မှု၊ ဒါ့အပြင် အီရတ်နိုင်ငံအတွင်း ကုန်သည်(၄၀)ကျော်ကို မတရားဖမ်းဆီးပြီး အမိန့်ပေးသတ်ဖြတ်ခဲ့မှုနဲ့ လောလောဆယ် တရားစွဲဆိုခံနေရတဲ့ ဒုတိယသမ္မတဟောင်း ထာရစ်အာဇစ်ရဲ့ ကိစ္စ၊ နောက်ပြီး The Hague မြို့ နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ တရားစွဲဆို အပြစ်ပေးခြင်းတွေခံနေရတဲ့ ဘော့စနီးယား ဆာ့ဗ် စစ်ခေါင်းဆောင်ဟောင်း တွေအကြောင်း၊ စတာတွေက သက်သေခံနေပါတယ် ခင်ဗျာ။ ကျနော် သန်းလွင်ထွန်းပါ။

(၂၀၀၈ မေလ(၂၅)ရက်နေ့က ဗီအိုအေမြန်မာပိုင်းရဲ့ မြန်မာ့ဒီမိုကရေစီရေးရာကဏ္ဍမှာ ဦးသန်းလွင်ထွန်း တင်ဆက်ခဲ့တဲ့ အစီအစဉ်ကို၊ ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” အပတ် စဉ်ကဏ္ဍမှာ ပြန်ပြီးထုတ်လွှင့်ပေးခဲ့တာပါ။)



အသံလွှင့်ခဲ့သော ဤအစီအစဉ်တွင်ပါဝင်နေသည့် စစ်အရာရှိများ၊ ဗိုလ်သင်တန်းဆင်းနှစ်များ နှင့်၊ ထိုစဉ်က အရာရှိအဆင့် နှင့် စစ်ရာထူးများ (စာပိုဒ်အစဉ်လိုက်)



၁။ ဗိုလ်မှူးအောင်လင်းထွဋ် (စစ်ဦးစီးမှူး-ဒုတိယတန်း၊ ကကလှမ်း) (DSA အပတ်စဉ်၂၀၊ ၁၉၇၉)

၂။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)(OTS အပတ်စဉ် ၉၊ ၁၉၅၃)

၃။ ဗိုလ်မှူးချုပ်ကြည်မင်း (စစ်ဦးစီး ဗိုလ်မှူးချုပ်-ရေ) (DSA အပတ်စဉ် ၆၊ ၁၉၆၄)

၎။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-လေ) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)

၅။ ဗိုလ်မှူးချုပ်သူရမြင့်အောင် (တပ်မမှူး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - ၁၃၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၁၈၊ ၁၉၇၆)

၆။ ဒုတိယဗိုလ်မှူးကြီးမောင်မောင်သစ် (စခန်းမှူး၊ အမှတ် ၁၉ ရေတပ်ရှေ့တပ်စခန်း၊ ဇာဒက်ကြီးကျွန်း)(DSA အပတ်စဉ် ၁၀၊ ၁၉၆၈)

၇။ ဗိုလ်မှူးကြီးဇော်မင်း (ကော့သောင်းအခြေချစစ်ဗျူဟာမှူး၊ ကမ်းရိုးတန်းစစ်ဌာနချုပ်) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)

၈။ ဒုတိယဗိုလ်မှူးကြီးစိုးတင် (ခမရ ၂၆၂ တပ်ရင်းမှူး၊ ကော့သောင်း) (OTS အပတ်စဉ် ၅၁၊ ၁၉၇၆)

၉။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ (ခမရ ၄၀၃ တပ်ရင်းမှူး၊ ဘုတ်ပြင်း) (DSA အပတ်စဉ် ၂၁၊ ၁၉၈၀)

၁၀။ ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင် (ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး) (DSA အပတ်စဉ် ၁၂၊ ၁၉၇၀)

၁၁။ ဗိုလ်မှူးချုပ်မြင့်ဆွေ (စစ်ဦးစီး ဗိုလ်မှူးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၅၊ ၁၉၇၃)

၁၂။ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး (ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ကာကွယ်ရေးဦးစီးချုပ်-ကြည်း) (DSA အပတ်စဉ် ၁၊ ၁၉၅၉)

၁၃။ ဗိုလ်မှူးမြင့်ဦး (အမှတ် ၁၉ ထောက်လှမ်းရေးတပ် - မြိတ်၊ တပ်မှူး) (OTS အပတ်စဉ် ၅၈၊ ၁၉၈၀)

၁၄။ ဗိုလ်မှူးချုပ်ကျော်သိမ်း (မူးယစ်ဆေးဝါးနှင့်တိုက်ပွဲထောက်လှမ်းရေးဌာနမှူး၊ စစ်မဟာဗျူဟာလေ့လာရေးဌာန) (DSA အပတ်စဉ် ၁၁၊ ၁၉၆၉)

၁၅။ ဒုတိယဗိုလ်မှူးကြီးစန်းပွင့် (စစ်ဦးစီးမှူး-ပထမတန်း၊ ကကလှမ်း) (အလုပ်သင်ဗိုလ်သင်တန်း အပတ်စဉ် ၁၊ ၁၉၇၃)

၁၆။ ဗိုလ်ချုပ်မောင်ဘို (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး) (OTS အပတ်စဉ် ၃၁၊ ၁၉၆၄)

၁၇။ ဗိုလ်မှူးအောင်ကြီး (ရေ) (စစ်ရေယာဉ်မှူး)

kklvol13no8

kklvol13no8
Promotion Report
Open Letter to Naing Aung and Moe Thee Zun

ကရင်ပါတီ ကြံ့ဖွံ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ သြဂုတ်လ ၃၀ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၆ မိနစ်

ရန်ကုန် (မဇ္ဈိမ)။ ။ ကရင်ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဟာမိတ်အသွင်ကို
ဆောင်ကြောင်း ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်က ပြောသည်။

”ပြည်ခိုင်ဖြိုးက စနစ်တကျဖွဲ့ထားတဲ့ ပါတီလေ။ သူတို့က အင်အားလည်း ကောင်းတယ်။ သူတို့
လုပ်မယ့် မူဝါဒတွေက ကျနော်တို့အတွက် လက်မခံနိုင်စရာ မရှိဘူး။ ဒါ့ကြောင့် ပြည်ခိုင်ဖြိုးဟာ
ကျနော်တို့အတွက် ပြိုင်ဘက်လည်း မဟုတ်ဘူး။ လက်တွဲဆောင်ရွက်စရာတွေရှိရင် လက်တွဲဆောင်
ရွက်ဖို့ အသင့်ရှိတယ်” ဟု ကရင်ပြည်သူ့ပါတီ Karen People’s Party မှ ဦးထွန်းအောင်
မြင့်က မဇ္ဈိမကို ပြောသည်။


ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အခြေပြု ကရင်ပါတီတွင် အငြိမ်းစား စစ်မှုထမ်းများနှင့် အငြိမ်းစား
အစိုးရဝန်ထမ်းဟောင်းများ အဓိက ပါဝင်ကာ ပါတီဝင် ၆ဝဝဝ နီးပါး ရှိနေပြီဟု ပါတီခေါင်း
ဆောင်များက ပြောသည်။

အတွင်းရေးမှူး စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား
ဗိုလ်မှူးကြီး)၊ ဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် (အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာ
စောဆိုင်မွန်သာတို့ကို ယင်းပါတီရုံးရှိရာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ရုံးတွင် တွေ့ရစဉ်။

သူတို့က နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု
ရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။

ရွေးကောက်ပွဲတွင် ပါတီအမတ်လောင်းများ အရွေးခံရလျှင် ကရင်ပြည်နယ်အတွင်းရှိ မငြိမ်သက်မှု
များကို နှိမ်နင်း ဆောင်ရွက်မည်ဟု ပါတီအတွင်းရေးမှူး စောစေးဝါးက ပြောသည်။

”ဒီမိုကရေစီဟာ ချက်ချင်းမရနိုင်ဘူး။ တပ်မတော်အနေနဲ့ အခုလို ရွေးကောက်ပွဲ ကျင်းပတာဟာ
စစ်တပ်ပုံစံ စနစ်တကျ ခွါစစ်ဆင်တာမျိုးလို့ ကျနော်မြင်တယ်။ ပြည်သူတွေအတွက် ကျနော်တို့အ
နေနဲ့ လူတန်းစားကွာဟမှု မရှိစေဖို့တော့ ဆောင်ရွက်သွားမယ်။ လူတန်းစားကွာဟမှု မရှိဘူးဆိုတဲ့
နေရာမှာ ပညာရေး၊ ကျန်းမာရေး စတဲ့ ကိစ္စတွေ ပါတယ်” ဟု သူက ပြောသည်။

ကရင်ပြည်သူ့ပါတီသည် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် ၄ဝ ကျော် တင်ခဲ့ကြောင်း
ပါတီဝင်တဦးက ပြောသည်။

ရန်ကုန်တွင် တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်မြင့်
(အငြိမ်းစား ဒုဗိုလ်မှူးကြီး)၊ တောင်ငူအမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူး
စောစေးဝါး (အငြိမ်းစား ဗိုလ်မှူး)၊ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်
ဒုဥက္ကဋ္ဌ (၂) စောအေးကို (အငြိမ်းစား ဗိုလ်မှူးကြီး)၊ ဒုဥက္ကဋ္ဌ (၁) ဒေါက်တာစောဆိုင်မွန်သာ
က ဧရာဝတီတိုင်း ကရင်ရေးရာလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးချယ်ခံမည်။

စစ်အစိုးရက ထူထောင်ခဲ့သော ကြံ့ဖွံ့ပါတီနှင့် ဖက်လဲတကင်း လုပ်လိုမှုအပေါ် ပါတီဝင်အချို့က
ကြိုက်နှစ်သက်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

အင်းလျားလမ်းမှလူသတ်တရားခံ

အင်းလျားလမ်းမှလူသတ်တရားခံ


၂၀၀၆ ခုနှစ်က တကမ္ဘာလုံး အံ့သြရလောက်အောင် ကြီးမား တဲ့ စိန်ဘယက်ကြီးကို
အခန့် သားဆွဲရင်း စင်္ကြ၀တေးမင်းမဟုတ်သော
ဘယ်ကမှန်းမကျိန်းသေသည့်အနောက်တိုင်း
ရင်းသားတယောက်၏ မျိုးစေ့ကို လွယ်ကာ
လူပုံအလည်၌ မျက်နှာထားတင်းတင်းဖြင့် နွားရွေးပွဲ ကို ဆင်နွှဲခဲ့သည့်
မိကြိုင် နှင့် ငသန်းရွှေတို့၏
ရှုမငြီးသော သမီးကညာ၏ မင်္ဂလာ ပွဲ မှ စတင်ကာ ကံခေသော သူကြွယ် မိသားစု ခမျာ
လုပ်ကြံခံလိုက်ရသည့်ဇာတ်လမ်းအား ပြည်ထဲရေး နှင့် တပ်မတော် အတွင်းပိုင်းမှ
ပေါက်ကြား ငြီးငြူ လာသော သတင်းစစ် သတင်းမှန်များအား အံ့ဖွယ်လိလိ
ယခုကဲ့သို့ ကြားသိရပါသည်။

ထိုကမ္ဘာကျော်ကြွားပွဲကြီးတွင် သတို့သမီးဖြစ်သူ စူပုတ်မ ၀တ်ဆင်ထားသော
ရတနာများသည်ကား လုပ်ကြံခံရသူ မိသားစု ထံမှ ငှားရမ်းကာ
ဝတ်ဆင်ထားသောရတနာများဖြစ်ကြသည်
ကို
မိကြိုင် ၊ ငသန်းရွှေ နှင့် သူတို့ အသိုင်းအ၀ိုင်းသာလျှင်သိမည်ဟု
အထင်ရှိနေသ်ာလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ၊ ရဲချုပ် ခင်ရီ
နှင့် တကွ တပ်မတော် အထက်ပိုင်းတခုလုံး
ကောင်းကောင်းသိရှိသည့်ကိစ္စဖြစ်သည်။ သို့သော် ယခု မြန်မာ့တပ်မတော်သည်
အခြောက်များဖြင့် ဖွဲ့စည်းထားသည်နှင့်အညီ ယူနီဖောင်းဝတ် ဗိုက်ရွှဲရွှဲ
အဆီပြန်ပြန် တယောက်ကို တယောက်
ကြိတ်ကြိုက် နေကြသည့် ဗိုလ်ချုပ်များ ၊ ဗိုလ်မှူးချုပ်များ ၊ ဗိုလ်မှူးကြီးများ

ဗိုလ်မှူးများ ၊ ဗိုလ်ကြီးများ စသော စသော အရာရှိများသည်
ရေငုံနှုတ်ပိတ်ခေါင်းငုံ့ကာ ကြီးစဉ်ငယ်လိုက် အချစ်တော်လျှော့မှာ
ကြောက်တော်မူသည့်အခြောက်တို့၏ ထုံးစံအတိုင်း မသိယောင်ဆောင်ကာ
ကွယ်ရာတွင်သာ အပါတ်စဉ်တူသူ အခြောက်ခြင်း တွတ်တီးတွတ်တာ အတင်းပြောကြ၏။

ဖြစ်ပုံမှာကား....

လုပ်ကြံသတ်ဖြတ်ခံရသည့်မိသားစုသည် ၄င်းတို့ မိသားစု ပိုင်သော
ဘိုးစဉ်ဘောင်ဆက်ရတနာကို ပြန်လည်ကာ မိကြိုင်ထံမှ ဖုန်းဆက်တောင်းခံရာ နေ
့ရွှေ့ ညရွှေ့ လုပ်နေသည့် ချစ်တီးမယား
အကျင့် ကျင့်ကြံသော မိကြိုင်က စိတ်ကွက်တော်မူခြင်းဖြစ်၏။

အမှန်မှာ မင်္ဂလာဆောင်ပြီးသည်မှာကြာယုံမက မိကြိုင် ငသန်းရွှေတို့၏
မြေးတော်လေး စွပ်ပရား သန်းရွှေ ပင် လူဖြစ်ကာ အူဝဲ ဆိုကတည်းက ပထွေး က ပွေ
့ချီခိုက် ပထွေးမျက်နှာ သေးဖြင့်ပန်းပြီးလောက်ပြီပင်ဖြစ်သည်။
သို့သော် စိန်ဘယက်များ လက်ဝတ်ရတနာများကို ကား မိကြိုင်တို့ကပြန်မပေး ။
ထိုကဲ့သို့ မြန်မာပြည်တွင်း ဆက်သွယ်ပြောဆိုသော တယ်လီဖုန်း လိုင်းတိုင်းမှ
အချီအချစကားများကို လက်ရှိထောက်လှမ်းရေးမှအမြဲ
ဖမ်းယူနားထောင် နေသည်ကို မေ့လျော့နေလို့တော့ဟုတ်ချင်မှဟုတ်မည်။
ထောက်လှမ်းရေး ကိုလဲ ဂရုစိုက်စရာသတ္တ၀ါတွေဟု ယူဆပုံမပေါ် ။

သို့နှင့်ပြသနာမှာတစတစကြီးမားလာကာ နောက်ဆုံးတွင် မိကြိုင်
စိတ်ကွက်တော်မူကာ ၀ လူမျိုးတစ်ယောက်နှင့် ယိုးဒယားလူမျိုးလေးယောက်ပါသော
ကြေးစားလူသတ်သမားအဖွဲ့ကိုငှားရမ်းကာလုပ်ကြံခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မိကြိုင် ၏ ဒေါသအိုးကို တုတ်နှင့်ထိုးသကဲ့သို့
ကိုယ့်ပစ္စည်းကိုယ်ပြန်တောင်းမိသော မိသားစုကို သတ်ရန် အတွက် ငသန်းရွှေ၏
သားကြီးက ငသန်းရွှေကိုင်ဆောင်သော ပစ္စတိုအပါအ၀င် သေနတ်အတိုများကို
ယူကာ လူသတ်သမားများ အား ငှားရမ်းခဲ့၏။ ထိုကိစ္စနှင့်ပတ်သက်၍
ရဲချုပ်ခင်ရီနှင့်တကွ ထို စူပုတ်မ၏ လင်ကောင်ဖော်ပွဲတွင်
ကျော်ဆန်းစကားပြောနေသည်ကို ကြည့်ပြီး တခြား ဗိုလ်ချုပ်တယောက်ကို
လက်တို့ကာ
"ဟော...ငဖား လေပေါ သချီးထူ ကျော်ဆန်း ပါးစပ်က မနားတန်း ဖြဲနေတာ
ကြည့်ပါဦးဗျာ" ဟု ပြောဖူးသော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို
့နှစ်ယောက်လုံး သိကာ ထိုအမှုကို ဆက်လက်ကိုင်တွယ်ရန်
လက်တွန့်နေကြ၏။ သို့သော် ထိုဖြစ်ရပ်ကို ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နှင့်
နိုင်ငံတကာ သံရုံးများသို့ တိုးတိုးတိတ်တိတ် သတင်းပေးပို့ခဲ့ကြကာ သူတို့
ပါဝင်ပတ်သက်မှုမရှိဟု လက်ဦးမှုရယူထားပေသည်။
ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ ၊ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ၊
ဗိုလ်ချုပ်ကြီး
ရွှေမန်းတို့ လည်း ထိုကိစ္စကို သိရှိကြသော်လည်း မိကြိုင် နှင့် ငသန်းရွှေ
တို့ လုပ်သည့်ကိစ္စဖြင့်သဖြင့် ထို ရဲစွမ်းသတ္တိနှင့် အလွန်တရာ ပြည့်စုံဟန်
ဟန်ရေးပြလေ့ရှိသော
ဗိုလ်ချုပ်များလည်း ထမိန်ဖြင့်အအုပ်ခံရမည်ကို ကြောက်ရွံ့လှသဖြင့်
နှာစေးနေကြပေသည်။

ရဲချုပ် ခင်ရီနှင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတို့ ကတော့
သတ္တိရှိ၍ ပေလော ပိုမိုအကြောက်လွန်၍ လောမသိ ထိုအမှုကို ဒုတိယဗိုလ်ချုပ်မှူးကြီး
မောင်အေးနှင့်တကွ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းသို့
အသိပေးလိုက်ပြီးဖြစ်ပေသည်။

စစ်ခွေးတွေကို တို့KNU ကဆုံးမလိုက်ပြန်ပြီး

BBC Burmese News

တပ်ရင်းမှူး(၈)ယောက်အဖမ်းခံရ

BBC Burmese

Sunday, August 29, 2010

BGF နယ်ခြားစောင့် တပ်သားများ ကေအဲန်ယူ တပ်မဟာ(၇)ထံသို့ လက်နက်ချ ၀င်ရောက်လာ

Sunday, August 29, 2010

၂၆၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် တာကိုတာဂေါ် အဖွဲ့ မှ တပ်ရင်းအမှတ်(၇၀၃) တပ်ခွဲ(၃)မှူး ကျော်လေး M 16 တလက် ကျည်ကပ် ၄ ချပ် ကျည်တောင့် ၂၁၁ တောင့်၊ ကာဘိုင်တလက် ကျည်ကပ် နှစ်ချပ် ကျည်တောင့် ၈၇ တောင့်၊ ၃၈ ဆုံလည်ကျည်တောင့် ၄၉ တောင့်၊ စကားပြောစက် တစ်လုံး နှင့်အတူ ကေအဲန်အယ်အေ တပ်မဟာ ၇ ထံသို့ လက်နက်ချ ၀င်ရောက်လာကြောင်းသတင်းရှိပါသည်။

သည့်ပြင် BGF နယ်ခြားစောင့်တပ်ဖြစ်သားများဖြစ်သော စောဖိုးလို(၄၂နှစ်)၊ ကျော်အဲဂေ (၂၃နှစ်)၊ စောလါးမူးသား (၃၄နှစ်) သုံးဦးသည် ကေအဲန်အယ်လ်အေ တပ်ရင်းအမှတ် (၁၀၁)ထံသို့  လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိပါသည်။

၂၇၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် ယခင် ဒီကေဘီအေ ၅၅၅ တပ်ရင်း(၁)၏ တပ်သားတစ်ဦးဖြစ်သူ စောဖိုးတရို AR 79 တလက်နှင့်အတူ AR ကျည်က တချပ် ကျည်တောင့် ၁၀၀၊ 79 ကျည်သီး ၁၇ လုံးဖြင့် ကေအဲန်ယူ တပ်မဟာ ၇ ထံသို့ လက်နက်ချဝင်ရောက်လာကြောင်း သတင်းရရှိပါသည်။







NDI BURMA'S 2010 ELECTORAL FRAMEWORK: FUNDAMENTALLY UNDEMOCRATIC

NDI BURMA'S 2010 ELECTORAL FRAMEWORK: FUNDAMENTALLY UNDEMOCRATIC

28 August 2010 Yeyintnge's Diary

28 August 2010 Yeyintnge's Diary

“BURMA-MYANMAR- Dossier of torture cases submitted to U.N. experts“

BURMA-MYANMAR- Dossier of torture cases submitted to U.N. experts“

Surrender order on KIO rejected by Kachins in 22 countries

August 28, 2010

.The Burmese military junta’s order to the Kachin Independence Organization’s (KIO) armed wing the Kachin Independence Army (KIA) to surrender weapons has been rejected out of hand by Kachins in 22 foreign countries.

The KIO is the second strongest ethnic armed group in the country

A statement in Kachin language released on August 27 rejected outright the regime’s order to disarm. The KIO was officially informed to surrender weapons on August 22 by the junta from September 1.

The statement was released even as the KIO kick started its fist Party Congress ever, in its Laiza capital on the China-Burma border, northern Burma yesterday. The congress will debate the shifts envisaged in Kachin politics in the current situation with general elections around the corner. And it will take a decision on its political stance soon, which in turn will be taken up with junta or the new government to come to power after the polls.

The statement suggested in no uncertain terms that the KIO and its armed wing the KIA should reject the weapons surrender order and strengthen the role of the leadership for the liberation of the Kachin people and its land.

Overseas Kachin will support the KIO/KIA totally and continuously for the liberation of Kachin people and their Kachinland, the statement said.

The statement was jointly released by Kachins around the globe in Malaysia, United States of America (USA), Canada, England, Singapore, Denmark, Japan, Norway, Australia, Holland, New Zealand, Germany, Israel, India, Hong Kong, China, Czech Republic, Switzerland, Thailand, Romania, Sweden and Philippines.

The KIO is the strongest ethnic armed group after United Wa State Army (UWSA). It is also the last remaining Kachin armed group, which rejected the junta-proposed Border Guard Force.

If the KIO Party Congress rejects the order to surrender weapons, a fresh civil war may be in the offing between the KIO and the Burmese Army before the slated November 7 elections or in the period after the elections, said local military analysts.

Yesterday, two senior Burmese military leaders— junta supremo Snr-Gen Than Shwe and Vice Snr-Gen Maung Aye reportedly stepped down from their military posts to prepare for the ensuing elections.

BGF လက်မခံပါက KPC ကို မတရားအသင်း ကြေညာမည်ဟု သတိပေးခံရ

by KIC
August 28, 2010
.သြဂုတ်လ ၂၇ရက်။ စောသိန်းမြင့်(ကေအိုင်စီ)


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာ အခြေစိုက် ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင် စီ (KPC)အဖွဲ့သည် တပတ်အတွင်း နယ်ခြားစောင့်တပ်အဖြစ် လက်မခံပါက မတရားအသင်းအဖြစ် ကြေညာမည်ဟု နအဖက သတိပေးလိုက်ကြောင်း KPC က ပြောသည်။

နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်(စရဖ) ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်သက်နိုင် ၀င်းနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကိုယ်စားလှယ်တချို့သည် သြဂုတ်လ ၂၄ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တိုင်းရုံးတွင် တွေ့ဆုံခဲ့ရာ၌ နအဖဘက်က ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း KPC မှ နိုင်ငံခြားရေးရာ တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက် တာစောတီမသေက ပြောသည်။

၎င်းက “ဒီလ ၂၄ရက်နေ့မှာ မော်လမြိုင်မှာတွေ့ဖို့ နအဖက အဖူး(ဗိုလ်ထင်မောင်)ကို ဆင့်ခေါ်တယ်။ ဒါပေမယ့် အဖူးမသွား ဘူး။ တပ်ရင်းမှူးတချို့ကိုပဲ လွှတ်လိုက်တယ်။ အဲဒီမှာ ရဲမြင့်နဲ့ သက်နိုင်ဝင်းက ပြောတယ်။ ခင်ဗျားတို့အဖြေပေးရမယ်။ ဒီအ တိုင်း ဆက်နေလို့မရတော့ဘူး။ တပတ် ဒါမှမဟုတ် (၁၀)ရက်အတွင်းမှာ လက်မခံလို့ရှိရင် ခင်ဗျားတို့အဖွဲ့ တရားမ၀င်တဲ့အဖွဲ့ ဖြစ်သွားပြီတဲ့။ နောက် ခင်ဗျားတို့နေရာကိုလည်း လာဝိုင်းမယ်လို့ ခြိမ်းခြောက်တယ်။”ဟု ပြောသည်။

ထိုအခြေအနေပေါ်တွင် ဗိုလ်ချုပ်ထင်မောင်၏ သဘောထားမှာ နအဖ စစ်အစိုးရ၏နယ်ခြားစောင့်ကို လုံးဝ လက်မခံကြောင်း နှင့် နအဖဘက်က စစ်ရေးအရ ဖိအားပေးလာမည်ဆိုပါက မိမိတို့အနေဖြင့်လည်း စစ်ရေးအရ ပြန်လည်ခုခံ တိုက်ခိုက်ရမည်ဖြစ် ကြောင်း ဗိုလ်မှူးချုပ် ဒေါက်တာစောတီမသေက ထပ်လောင်း ပြောဆိုသည်။

ဗိုလ်ချုပ်ထင်မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီသည် ယမန်နှစ် အောက်တိုဘာလ ၂၀ရက်နေ့က စစ်အစိုးရ၏ နယ် ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုကို ငြင်းဆန်ခဲ့သလို ဧပြီလ ၇ရက်နေ့က မော်လမြိုင်၊ တောင်ဝိုင်းရှိ အရှေ့တောင် တိုင်း စစ်ဌာချုပ်ရုံးတွင် အစည်းအဝေးခေါ်ကာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့ခြင်းကိုလည်း ထပ်မံ ငြင်းဆန်ခဲ့ သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်မှူးကြီးရဲမြင့်ထံ ပေးပို့သည့် ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ငြိမ်းချမ်းရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ လိုလားပြီး လက်နက်ကိုင်တိုက်ပွဲကို မဖန်တီးလိုတော့ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “နအဖက အပစ်ရပ်လုပ်ခိုင်းတာ လက်နက်ချခိုင်းတာပဲ။ BGF ဆိုတာ စစ် ရေးအရ တော်လှန်ရေးအဖွဲ့ကို ပြန်တိုက်ခိုင်းတာ။ ဒါ ငြိမ်းချမ်းရေးလမ်းစဉ် မဟုတ်။ လူထုက ငြိမ်းချမ်းရေးအစစ်ကို လိုလား တာ။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရေးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဗိုလ်ထင်မောင်တို့အဖွဲ့ အမြင် မှန်ရလာပြီ ယူဆရမှာပေါ့။”ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။

အလားတူ မွန်ပြည်သစ်ပါတီ (MSNP) သည်လည်း ပြီးခဲ့သည့် သြဂုတ်လ ၂၃ရက်နေ့က မော်လမြိုင်မြို့ တိုင်းရုံး၌ ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် သွားရောက်တွေ့ဆုံရာတွင် နယ်ခြားစောင့် (သို့မဟုတ်) ပြည်သူ့စစ်လုပ်ရန် လာမည့် စက်တင်ဘာလ ၁ရက် နေ့တွင် အဖြေမပေးပါက အပစ်အခတ် မရပ်စဲခင်ကာလ ၁၉၉၅ခုနှစ် အခြေအနေကို ပြန်ရောက်သွားနိုင်ကြောင်း တိုင်းမှူးက ဖိအားပေး ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က ကေအိုင်စီကို ပြောသည်။ ၁၉၈၉ခုနှစ်မှစ၍ နအဖ စစ်အစိုးရနှင့် ပစ်ခတ်ရပ်စဲထားသော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ရှိပြီး အပစ်ရပ်တပ်ဖွဲ့များ ကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ခုနှစ် ဧပြီလကတည်းက စတင် ဖိအားပေးခဲ့သည်။

ယခုအချိန်ထိ ကချင်ပြည် ဒီမိုကရေစီအသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ-၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ(၁)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)၊ ဟောင်သရောအထူးဒေသ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF)တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ကြပြီး ကျန်အဖွဲ့များက ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်သည်။

KPC သည် ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့ ကရင်အမျိုးသားနေ့တွင် ကေအဲန်ယူမှ ခွဲထွက်၍ ကေအဲန်ယူ-ကေအဲန် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအမည်ဖြင့် နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကရင်ပြည်နယ်မှ နောက်ဆုံး ကရင် အပစ်ရပ်အဖွဲ့တဖွဲ့ ဖြစ်သည်။

Central Papun District: Village-level decision making and strategic displacement

Central Papun District: Village-level decision making and strategic displacement