Friday, April 20, 2012

အမှတ်တရဓါတ်ပုံများ

RFA Karen Language Program, April 3rd week, 2012

US Sanction Burma-OFAC License 17.April 2012

US Sanction  Burma-OFAC License 17.April 2012

Burma-Myanmar-Situation Report Sanctions EU Ashton.mp4

မြန်မာအစိုးရတပ်နှင့် ကေအဲန်ယူ ပူးပေါင်းငွေတောင်းခံဟုဒေသခံပြော

ငယ်ငယ်က မေမေပြောတဲ့စကားသွားအမှတ်ရတယ်။ အဲဒါက "မင်းသူခိုးနဲ့ ပေါင်းရင် မင်းလည်းသူခိုးကျင့် သူခိုးကြံ့တွေ တတ်လာမယ်" ဆိုဒါ။ တပ်မဟာ(၄)မှ လူကြီးမင်းများနှင့်ရဲဘော်တို့ ခင်ဗျား.. ဒီတခါတော့ ဗမာစစ်တပ်ကို မဆဲတော့ဘူး.. ကိုယ့်ဒူးကို ကိုကိုယ်တိုင် ပေါက်ဆိန်နဲ့ ပြန်ပေါက်ခွဲဖို့ ပြင်နေပြီဆိုဒါ.....

xxxxxxxxx
ဧပြီလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုအတွင်း လှုပ်ရှားနေသည့် မြန်မာစစ်တပ်နှင့် ကေအဲန်ယူ တပ်မဟာ(၄) အောက်ခြေ တပ်ဖွဲ့ဝင်တို့ ပူးပေါင်းကာ ဧပြီလ၁ရက်နေ့မှစ၍ ငွေကြေးများ နေ့စဉ် ကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။

မြန်မာအစိုးရတပ် ရှေ့တန်း စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ်(၈) လက်အောက်ခံ နည်းဗျူဟာ(၁)မှူး ဗိုလ်မှူးကြီးကြည်စိုး ဦးဆောင်သည့် ခမရ(၄၁၀)သည် ထိုဒေသရှိ ၀ါးတောရွာတွင် စစ်တပ်ဂိတ်ဖွင့်ကာ သွားလာနေသူများကို မေးမြန်းစစ်ဆေးခြင်းအပြင် တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၂၀၀နှုန်းဖြင့် ကောက်ခံပြီး ရရှိသည့်ငွေများကို ကေအဲန်ယူတပ်ဖွဲ့ထံ မျှဝေပေးနေကြောင်း ဒေသတွင်း သွားလာနေသည့် ကုန် သည်တစ်ဦးက ပြောသည်။

သူက “၀ါးတောရွာဂိတ်ကို ဖြတ်သွားတဲ့လူတွေ ဂိတ်ကြေး ပေးရတယ်။ အဲလို တောင်းတဲ့အခါကျတော့ သွားလာတဲ့သူတွေက အခက်အခဲ ရှိပေမယ့် မသွားလာလည်း မရတဲ့အခါကျတော့ သွားရတာပဲ။ ကောက်လို့ရတဲ့ငွေကို ကေအဲန်ယူကို မျှဝေပေးတယ်လို့ သိရတယ်။ ဘယ် လောက်လဲတော့ မသိဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါဂိတ်ကို တစ်ရက်လျှင် ဖြတ်သန်းသွားလာသူ ဒေသခံ အပါအ၀င် ခရီးသည် ၁၀၀ ၀န်းကျင်ရှိသလို ဆင်ဖြူတိုင်ကျေးရွာအုပ်စုတွင် ကေအဲန်ယူ လက်အောက်ခံ ဗိုလ်မောင်ကြည် ဦးဆောင်သည့် အင်အား ၂၀ခန့်ရှိ တပ်ဖွဲ့တစ်ဖွဲ့ လှုပ်ရှားလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် အဆိုပါအစိုးရတပ်များသည် နယ်မြေခံ ကေအဲန်ယူအဖွဲ့နှင့် ပူးပေါင်းကာ သစ်တောထွက်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ ခိုးထုတ် ရောင်းချနေပြီး ထိုသို့လုပ်ဆောင်မှုကို ကေအဲန်ယူအထက်ပိုင်းသို့ တင်ပြခြင်းမရှိကြောင်း ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းဝါးတောရွာဂိတ် ငွေကြေးကောက်ခံမှုနှင့် ပတ်သက်၍ ကေအဲန်ယူ၊ ဘိတ်-ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအား ကေအိုင်စီ က ယနေ့ မေးမြန်းရာ တစုံတရာ မကြားသိရသေးကြောင်း တုန့်ပြန်ပြောဆိုခဲ့သည်။

ဝါးတောရွာသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ဆာယို့မြို့နယ် ဘောတီကျေးရွာနှင့် ၂မိုင်ကျော် ကွာဝေးပြီး အမိုရွာနှင့် ဆင်ဖြူတိုင်ရွာအ ကြားတွင် တည်ရှိသည်။ ဆင်ဖြူတိုင်ကျေးနယ်အုပ်စုရှိ ဒေသခံများသည် အများအားဖြင့် တောင်ယာ၊ လယ်ယာနှင့် သစ်လုပ်ငန်းများကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျှက်ရှိသည်။

မြန်မာအစိုးရနှင့် ကေအဲန်ယူတို့ အပစ်ခတ်ရပ်စဲရေး သဘောတူမှု ရရှိပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်း အစိုးရတပ်နှင့် ကေအဲန်ယူ အောက်ခြေတပ်တို့ လူထုထံ ငွေကြေးကောက်ခံခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

Friday, April 20, 2012 မြန်မာ့အရေး စိတ်ဝင်စားသူများ ဖတ်ရှုကြည့်သင့်သည့် ဖေ့စ်ဘွတ်ခ်ဆောင်းပါးများ (ဖေ့စ်ဘွတ်ခ်တွင် ဖတ်ရှုရသည့် မူရင်းအတိုင်း PDF ဖိုင် ပြုလုပ်၍ တင်ဆက်ပေးခြင်းဖြစ်ပါသည်။) Articles From Swe Swe Kyi's Facebook

Articles From Swe Swe Kyi's Facebook

မအေးယုအောင် ဆက်လက် ထိန်းသိမ်းခံထားရ

မီးပူနှင့် အကပ်ခံရသည့် မအေးယုအောင် (ဓာတ်ပုံ - Facebook)
April 19, 2012
ပဲခူးမြို့တွင် ဒုတိယမြို့နယ် တရားသူကြီး၏ ဇနီးက မီးပူဖြင့် လက်ရောက် ကျူးလွန်ခြင်း ခံခဲ့ရသော အိမ်ဖော် မအေးယုအောင်ကို အိမ်ရှင်များက အလိုမတူဘဲ ထိန်းသိမ်းထားခြင်း ခံနေရကြောင်း မိခင်ဖြစ်သူက စွပ်စွဲ ပြောဆိုလိုက်သည်။
ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက်ရှိ တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်က ၎င်းတို့ထံတွင် အိမ်ဖော် အဖြစ် လုပ်ကိုင်နေသော မအေးယုအောင်အား မီးပူဖြင့် အရေပြားများ စုတ်ပြဲသည်အထိ  ကျူးလွန်ခဲ့သည့် သတင်းပျံ့နှံ့ခဲ့ပြီး ပြန်လည်ခေါ်ယူရန်ကြိုးစားသော်လည်း အိမ်ရှင်များက အတင်းအကျပ် ထိန်းသိမ်း ထားကြောင်း မိခင်ဖြစ်သူ ဒေါ်ကြူကြူ က ပြောပြသည်။

“သူတို့က ခုချိန်ပြန်လွှတ်လိုက်လို့ စစ်ဆေးမှုတွေ ပေါ်ထွက်လာရင် သူတို့ ဒုက္ခရောက်မှာ ကြောက်လို့ သမီးကို ပြန်မလွှတ်တာ။ ကျမ သမီးကို သွားတွေ့တုန်းကလည်း ဒေါ်ဖြူဝင်းသက်က ကျမကိုပါ တရားစွဲမယ်လို့ ခြိမ်းခြောက်တယ်။ သူတို့က ဒဏ်ရာတွေ ပျောက် ကင်းသွားမှ ပြန်ပို့ပေးမယ်လို့ပြောတယ်”ဟု ဒေါ်ကြူကြူ က ဧရာဝတီသို့ ပြောသည်။
ယခုအခါ သမီးဖြစ်သူ မအေးယုအောင်မှာ ဦးအောင်ဖုန်းဝင်း၊ ဒေါ်ဖြူဝင်းသက် တို့နှင့်အတူ ပဲခူးမြို့တွင်ရှိနေပြီး မိခင်ဒေါ်ကြူကြူ နှင့် လည်း ဆက်သွယ်ခွင့် မပေးကြောင်း၊ မအေးယုအောင် မှာ မီးပူဖြင့် ကပ်ခံထားသော လည်ပင်း၊ ရင်ဘတ်၊ လက်မောင်းနှင့် ဝမ်းဗိုက် တို့တွင် ဒဏ်ရာများ အပြင်းထန်
ခံစားနေရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယင်းအမှုကို ကွင်းဆင်း စစ်ဆေးခဲ့သော ပဲခူးတိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အထူး အဖွဲ့ ရဲ အရာရှိများ ပြောဆိုချက်အရ မတ်လ ၂၅ ရက်နေ့က ဒေါ်ဖြူဝင်းသက်မှ မအေးယုအောင်အား မီးပူဖြင့် ကပ်ခဲ့ကြောင်း သိရသည်။ အလားတူ မအေးယုအောင် ကလည်း ပဲခူးမြို့ လူမှုကူညီရေးအသင်းက ရိုက်ကူးထားသော ရုပ်သံ ဗီဒီယို မှတ်တမ်းတွင် မီးပူဖြင့် အကပ်ခံရကြောင်း ပြောဆိုထားသည်။
သမီးဖြစ်သူ သတင်းအား ကြားသိရပြီး၂ ပတ်ကျော်အကြာတွင် ဦးအောင်ဖုန်းဝင်းထံ ဆက်သွယ် စုံစမ်းမှုများပြုလုပ်ရာ၊ ဦးအောင်ဖုန်း ဝင်း က ရန်ကုန်မြို့တနေရာသို့ ခေါ်ဆောင်၍ တွေ့ဆုံခဲ့ပြီး အလှူငွေဟုဆိုကာ ကျပ် ၃ သိန်း ပေးကြောင်း၊ မိမိ အနေဖြင့် စာမတတ် ၍ ဦးအောင်ဖုန်းဝင်း လက်မှတ် ထိုးခိုင်းသော စာရွက်ပေါ်တွင် လက်ဗွေ နှိပ်ပေးခဲ့ကြောင်း ဒေါ်ကြူကြူ က ဆက်ပြောသည်။

ယခုအခါတွင် သမီးဖြစ်သူ မအေးယုအောင်နှင့် ဆက်သွယ်လို၍ ဖုန်းဖြင့်ဆက်သွယ်ရာတွင်လည်း အိမ်ရှင်များက ဖုန်းပိတ်သဖြင့် ဆက်သွယ်၍ မရသကဲ့သို့ မူရင်းနေထိုင်သည့် နေအိမ်မှ ရွှေ့ပြောင်းသွားသဖြင့် အဆက်သွယ် ပြတ်တောက်နေကာ သမီးဖြစ်သူ အတွက် စိုးရိမ်နေရသည်ဟု ဒေါ်ကြူကြူက ဆိုသည်။

မအေးယုအောင်မှာ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်နှင့် ဘုရားဖူးခရီး ထွက်နေကြောင်း၊ ၎င်းတို့မှာ ပဲခူးမြို့ပေါ်တွင်သာ နေထိုင်ကြောင်း၊ ဖြစ်စဉ်ကိစ္စများနှင့် ပတ်သက်၍ အသေးစိပ်မရှင်းလိုကြောင်း တရားသူကြီး ဦးအောင်ဖုန်းဝင်း က ဧရာဝတီသို့ ပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့လည်း အာဏာပိုင်တွေနဲ့ ဆက်သွယ်လုပ်ဆောင် ထားပြီး သားပါ။ သူ့ကိုပေးတဲ့ ငွေကလည်း သက်သက်လှူတာပါ။ နစ်နာကြေး ပေးတာမဟုတ်ပါဘူး”ဟု ဦးအောင်ဖုန်းဝင်း က ပြောသည်။

ယင်းအမှုအား လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသက်ဆွေ ကမူ မအေးယုအောင် မတရား နှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး မိခင် ဒေါ်ကြူကြူ က ပဲခူးမြို့ပေါ်ရှိ လမ်းပြကြယ်အဖွဲ့နှင့် တွေ့ဆုံကာ တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေကြောင်း ပြော သည်။ အမှုလိုက်ရန်အတွက်လည်း ရှေ့နေများက သက်သေ အထောက်ထားများ စုဆောင်းလျက် ရှိကြောင်း ခိုင်လုံသည့် အထောက်ထားများ ရရှိထားကြောင်း ပြောဆိုသည်။

“အထောက်အထား တွေက ဒီနေ့မှထပ်ရတယ်။ ကာယကံရှင် ကောင်မလေး(မအေးယုအောင်) ဒါမှမဟုတ် သူ့အမေ(ဒေါ်ကြူကြူ) သဘောတူညီမှုကိုစောင့်ပြီးတာနဲ့ တရားစွဲဖို့ လုပ်ရမှာပါ။ ဒဏ်ရာကတော့ ဖြစ်ဖြစ်ခြင်းသိတာဆိုတော့ ငြင်းပယ်လို့မရပါဘူး။ ပတ် ဝန်းကျင်သက်သေတွေလည်း ရှိထားတယ်”ဟု ဦးသက်ဆွေ က ဆိုသည်။

ယခုအမှုတွဲတွင် ဒေါ်ဖြူဝင်းသက်၏ ခင်ပွန်းဖြစ်သူ တရားသူကြီး ဦးအောင်ဖုန်းဝင်းကို အမှုဖျောက်ဖျက်ရန်ကြိုးစားမှုဖြင့် တရားစွဲဆိုသွားရန်ရှိသကဲ့သို့ အခင်းဖြစ်ပွားရာ နယ်မြေခံ အမှတ် (၃) စခန်းမှူး ဦးသိန်းဦးကိုလည်း အမှုထိန်ချန်မှုတို့ဖြင့် တရားစွဲရန်ပြင် ဆင်နေခြင်းဖြစ်ကြောင်း လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးအေးမြင့် က ပြောသည်။

“ဦးအောင်ဖုန်းဝင်းက အမှုကို ငွေပေးပြီး ဖျောက်ဖျက်ဖို့ကြိုးစားတယ်။ ဒဏ်ရာတွေကို ဆေးစစ်မှာစိုးလို့။ ကလေးကို မိဘထံပြန် ထည့် မပေးဘူး။ စခန်းမှူးက ဒီအမှုနဲ့ပတ်သက်ပြီး သူ့ဆီမှာ ကောင်မလေးက သွားတိုင်တာ အိမ်ရှင် ဦးအောင်ဖုန်းဝင်းကို ခေါ်ပြီး ပြန် ထည့်ပေးလိုက်တယ်။ ဒါကြောင့် သူ့တို့ကိုပါ တရားစွဲဖို့ ပြင်တာ”ဟု ဦးအေးမြင့် က ပြောသည်။

မအေးယုအောင် ဖြစ်စဉ်နှင့် ပတ်သက်၍ နယ်မြေခံအမှတ် (၃) ရဲစခန်းသို့ ယနေ့အထိ တိုင်ကြားလာမှုမရှိကြောင်း၊ ကွင်းဆင်း စုံစမ်းရာတွင်လည်း အိမ်ရှင်က မီးပူဖြင့် ကပ်ခြင်းမဟုတ်ဘဲ ကာယကံရှင်ကိုယ်တိုင် မီးပူဖြင့် ထိမိခြင်းသာဖြစ်သည်ဟု စစ်ချက်များ ရရှိထားကြောင်း စခန်းမှူး ဦးသိန်းဦး က ဧရာဝတီသို့ပြောသည်။

ဒေါ်ကြူကြူအနေဖြင့် စာမဖတ်တတ်ဘဲ ဦးအောင်ဖုန်းဝင်း ပေးသော စာရွက်ပေါ်တွင် လက်ဗွေနှိပ်ခဲ့မှုသည် အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ကြေအေးကြောင်း ဖြစ်ခဲ့ပါက တရားစွဲဆိုရာတွင် အခက်ကြုံနိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသက်ဆွေ က ပြော သည်။

မအေးယုအောင် မီးပူဖြင့်အကပ်ခံရမှုနှင့် ပတ်သက်သည့် သတင်းများ ပျံ့နှံ့လာပြီးနောက် တပတ်အကြာတွင် နေပြည်တော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ် (နရခ) က စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့သဖြင့် ပဲခူးတိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး အဖွဲ့ က ကွင်းဆင်း စုံစမ်းခဲ့ကြောင်း တာဝန်ခံ ဒု ရဲမှူး ဦးရဲဝင်းအောင် က ဧရာဝတီသို့ ပြောဆိုခဲ့သော်လည်း ယနေ့ဆက်သွယ်မေးမြန်းရာတွင် ထိုအမှုနှင့် ပတ်သက်၍ ၎င်းတို့ဌာနနှင့် မသက်ဆိုင်ကြောင်း တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

မြန်မာ့အကြွေးများ ဂျပန် လျှော်ပေးတော့မည်

ဧပြီလ ၁၉ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၅၃ မိနစ် 
 
မြန်မာအစိုးရက တင်ရှိနေသော ကြွေးမြီ ယန်း သန်းထောင်ပေါင်း ၃ဝဝ (ဒေါ်လာ သန်းပေါင်း ၃.၇ ထောင်)အား ဂျပန်အစိုးရက လျှော်ပစ်ရန် ရှိကြောင်း ဂျပန် Asahi Shimbun သတင်းစာကြီးက ရေးသား ထားသည်။

တရားဝင် သဘောတူညီချက်ကိုမူ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ စနေနေ့တွင် တိုကျိုမြို့၌ တွေ့ဆုံ၍ ဆုံးဖြတ်မည်ဖြစ်ကာ ‘အပြည့်အဝ’ အကူအညီများလည်း ပြန်လည် ပေးအပ်တော့မည်ဟု ဂျပန် အရာရှိများအား ကိုးကား၍ ရေးသားထားသည်။

၂၅ နှစ်ကြာ ရပ်ဆိုင်း ထားသည့် အကူအညီများကို မြန်မာအစိုးရ၏ ဒီမိုကရေစီအရေး ကြိုးပမ်း လုပ်ဆောင်မှုများအရ ဂျပန်အစိုးရက ဤကဲ့သို့ ပြန်လည် စတင်ခြင်းဖြစ်သည်ဟုဆိုသည်။

၂ဝ၁၁ နိုဝင်္ဘာလာအတွင်း ဂျပန်အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်စဉ် ကတည်းက ဖွံ့ဖြိုးရေး အကူအညီများနှင့် ပတ်သက်၍ မြန်မာ အရာရှိများနှင့် ဆွေးနွေးမှုများ စတင်ခဲ့ကြောင်း ဂျပန်ဝန်ကြီးများအဖွဲ့ အတွင်းဝန်ချုပ် Osamu Fujimura က ပြောသည်။

ပထမ အဆင့်အနေနှင့် ယန်းသန်းပေါင်း ၁၂၇.၄ ထောင်အား လျှော်ပစ်ရန် ရှိပြီး ၎င်းမှာ ၂ဝဝ၂ ခုနှစ် ကတည်းက သဘော တူညီခဲ့သော်လည်း စစ်အစိုးရနှင့် အပြီးသတ်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။

ထို့နောက် အတိုးငွေနှင့် ဆပ်ရန် နောက်ကျ၍ ဆောင်ရမည့် ဒဏ်ငွေ ယန်းသန်း ၁၇၆.၁ ထောင်အား လျှော်ပစ်နိုင်ရန် အတွက် နောက်ထပ် တနှစ်အတွင်း မြန်မာပြည် ဒီမိုကရေစီ တိုးတက်မှုအပေါ် အခြေခံ သုံးသပ်ပြီးမှ လျှော်ပစ်မည် ဖြစ်သည်။

အမှန်စင်စစ် မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံအပေါ် ကြွေးမြီအဖြစ် ယန်း သန်းထောင်ပေါင်း ၅ဝဝ ခန့် တင်ရှိထားပြီးဖြစ်၍ ကျန်ငွေ ယန်းသန်းပေါင်း ၁၉၈.၉ ထောင်အား ပြန်ဆပ်နိုင်ရန်အတွက် ဂျပန်ဘဏ္ဍာရေးဌာနများမှ နောက်ထပ်ချေးငွေ သစ်များ ရယူရဦးမည် ဖြစ်သည်။ ဂျပန်အစိုးရ အနေဖြင့်လည်း ထိုပမာဏခန့် ထပ်မံ ချေးပေးရန်ရှိကာ ထိုချေးငွေသစ် ပြန်ဆပ်ရက်ကိုလည်း တိုးချဲ့ သတ်မှန်ပေးရန် ရှိသည်။

တင်ရှိ အကြွေးများအားလုံး ကြေလည်ရေးနှစ် နောက်ထပ် အကူအညီသစ်များ စတင်ရေးအတွက် ဦးသိန်းစိန်၏ ငါးရက်ကြာ ခရီးစဉ်အတွင်း ဆွေးနွေးကြမည် ဖြစ်သည်။

၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်းက ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်စဉ် ဒီမိုကရေစီအရေး ဦးတည်သည့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုတိုးတက်ပြုလုပ်ရန် မြန်မာအစိုးရအား တိုက်တွန်းတောင်းဆိုခဲ့သည်။

ဂျပန် နိုင်ငံရေးခြားရေး ဝန်ကြီး ခိုအိချီးရိုး ဂင်းဘား Koichiro Gemba မြန်မာနိုင်ငံသို့လာရောက်စဉ် ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာ ၂၆ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်အကူအညီများနှင့် ပတ်သက်၍ “ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးတွေ အားလုံးကြားမှာ သွေးစည်းညီညွတ်မှုရှိဖို့အတွက်ကို လူသားမှုဆိုင်ရာ၊ ဖွံ့ဖြိုးရေး ဆိုင်ရာ အကူအညီတွေပေးတဲ့အခါမှာ တိုင်းရင်းသား ဒေသတွေမှာလည်း တန်းတူရည်တူ ပေးဖို့ လိုတယ်ဆိုတာ လည်း ကျမရှင်းပြခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဂျပန်အစိုးရ အနေဖြင့် ဖွံ့ဖြိုးရေး အကူအညီများ ပြန်လည်ပေးရေး ဆုံးဖြတ်ရန်အတွက် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား တရားမျှတမှု ရှိ/မရှိ အနီးကပ် စောင့်ကြည့်နေမည်ဟု အတွင်းဝန်ချုပ် Osamu Fujimura က ဖေဖေါ်ဝါရီလအတွင်း ပြောဆိုခဲ့ဖူးသည်။

" ညီမလေး ဈေးကောင်းရပါစေ "

Sorry ပဲ ညီမလေး ...
ကိုယ် ဘာမှမတတ်နိုင်ဘူး။
မင်းအမေ နေမကောင်းတာ
မင်းမောင်လေး ညီမလေးတွေ ကျောင်းစားရိတ်လိုနေတာ
မင်းကိုယ်တိုင်အတွက် ရောင်းပန်းလှဖို့ ၊ ဈေးကွက်ဝင်ဖို့
ပါတိတ် ၊ သရီးစတက် ၊ မီနီစကပ် ၊ နှုတ်ခမ်းနီ ပါးနီ ၊ အော်ဒီကလုံး
ကိုယ်မတတ်နိုင်ဘူးကွဲ့

မင်းတို့က မပဋာဆိုရင် ကိုယ်လည်းပဲ မောင်ဒါသပါကွယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ ဘုရားပေး လယ်တပွဲ
နှမ်းပဲစိုက်စိုက် ၊ ဘူးပဲပျိုးပျိုး
နွေစပါး ၊ မိုးစပါးနဲ့ သီးထပ်သီးညှပ်
မပြတ်တမ်းစိုက်လည်း
ကိုယ့်မှာ ဓာတ်မြေသြဇာဖိုးမရှိ
ဟိုကောင်တွေဆီမှာတော့ အာသာငမ်းငမ်း
အကြည့်တွေ ရှိချင်ရှိလိမ့်မယ်
ဒါကိုတော့ မင်းလည်းသိတယ် ၊ ကိုယ်လည်းအသိပဲ။
Sorry ပဲ ညီမလေးရေ ...
မင်းဟာ နှုတ်မစောင့်သော လိပ်မလေး ဆိုပါတော့
ယုတ်မာရိုင်းစိုင်းတဲ့ နွားကျောင်းသားတချို့
မင်းအတွက် မီးဖိုနေကြပြီ
အားပျော့ပျော့ မင်းလက်ကလေးတွေ
နွမ်းဖတ်ဖျော့တော့ မင်းနှုတ်ခမ်းလေးတွေ
ချွေးစီးကြောင်းလေးနဲ့ အနားသတ်ထားရှာတဲ့
မင်းရဲ့ ပါးကွက်ပါးလေး
အဲဒါလေးကလည်း သစ္စာတစ်ပါးပဲပေါ့
မင်းလိုအပ်နေတဲ့ ထမင်းတစ်နပ်အတွက်
မဲမှောင်နေတဲ့ မင်းရဲ့ မနက်ဖြန်လေးတွေကို
ဈေးကွက်တင်ချေဦး ညီမလေး။
မင်းအပြုံးလေးတွေကို သူတို့မှတ်တမ်းတင်လိမ့်မယ်
တစ်ခဏတာအတွက် အသပြာရှိပေမယ့်
အရှက်သိက္ခာ တစ်ရွေးသားမျှမရှိရှာတဲ့ လူ့ငနွားတွေ
ရေနစ်နေတဲ့ ကောက်ရိုးလေး မင်းကို
နိုကီရာ ၊ ဆိုနီအဲရစ်ဆင် ၊ ပင်နာဆိုးနစ်တို့နဲ့
ဝါးကူထိုးလိမ့်မယ် စိတ်ချ။
ဒီကောင်တွေမှာ ဘုရားရှိချင်ရှိမယ်
တရားတော့ ရှိမှာမဟုတ်ဖူး ၊
ဒီကောင်တွေမှာ ကားရှိရင်ရှိမယ်
မေတ္တာထားဖို့ တွေးခေါ်တတ်မယ်မထင်ဖူး ၊
ဒီကောင်တွေဟာ နွားတွေ။
ဟုတ်တယ် နွားတွေကွဲ့
မင်းသိချင်မှ သိမယ်။
ဟိုစာမျက်နှာမှာ၊ ဒီစာမျက်နှာမှာ
(ဟေ့ ... ဟေး.... ဟောဒီမှာ မြန်မာဟေ့ ...)
အဲဒီလို မစားရ ဝခမန်း ကြွေးကြော်
လျှပ်ပေါ်လော်လီခဲ့တဲ့ သူတို့စာရိတ္ထတွေကို ထုတ်ကြွားကြတယ်။
Sorry ပဲ ညီမလေး ...
ကိုယ်လည်း ရင်နာရပါတယ်
မင်းတို့ဘဝလေးတွေအတွက်ရော
သူများဆီမှာ ကျွန်ခံ
ကိုယ့်အိမ်တောင် ကိုယ်မပြန်နိုင်သေးတဲ့ ကိုယ့်ဘဝအတွက်ရောပေါ့။
အရင်အချိန်တွေတုန်းက ကိုယ်တို့ပြောခဲ့တယ် (တစ်ဖက်နိုင်ငံတွေကိုပေါ့)
( ... ) နိုင်ငံ ဆိုပြီးတော့လေ ...။
ခုများ ကြည့်စမ်း ... မင်းတို့လေးတွေလေ ...
မဲဆောက်မှာ ၊ မယ်ဆိုင်မှာ ၊ ဘီကေကေမှာ ၊ ကြယ်ဂေါင်ရွှေလီမှာ
သတင်းတွေမှာ ဖတ်ရ၊ သတင်းတွေမှာ ကြားရတော့
အပိုမပြောဘူး ညီမလေးတို့
ကိုယ် မျက်ရည်ဝဲတယ်။
ကိုယ့်ပြည်ကိုယ့်ရွာက ကိုကိုတွေကတောင်
မင်းတို့ကို ဘိုင်စကုပ်ထဲ ထည့်သေးတာပဲ ...
အင်း ... ... ...
ဖဦးထုပ်တွေ ၊ နငယ်တွေ ၊ ဘကုန်းတွေ
ကိုယ့်ကို ဝိုင်းပြောကြ
အချင်းချင်း လက်တို့ကြ
ဟေ့ ... အဲဒါ ဘီရုမာ ဟေ့ ...။ ဘီရုမာ ချယ်နယ်ဟေ့ ...။
တောက်! ဘယ်လောက် အသည်းနာဖို့ကောင်းလဲ
မိုးကျရွှေကိုယ် ၊ တိုလီမိုလီ ၊ အချစ်ဇာတ်လမ်း ၊ ပေါသွပ် ၊
ဒီကောင်တွေကို ဘယ်သူတွေက လင်ခ့်ပေးလိုက်တာလဲ
မင်းတို့အထင်ကြီးတဲ့ ရွှေကိုကိုတွေပေါ့။
(ဟေ့ ... ဘီရုမာ ဘယ်ဈေးလဲ) အဲဒီလိုများ အမေးခံရရင်လေ
အသားတဆတ်ဆတ်တုန် ဒေါသပုန်ထရတယ်
လူသတ်ချင်လာတယ်။
မင်း အထင်ကြီးတဲ့ ကိုကိုတွေလည်း
ဗမာကားဟေ့ ... ဆိုတာနဲ့
လျှာတစ်သပ်သပ် ၊ ပါးစပ်တစ်ပြင်ပြင်
သွားရည် ငေါက်တောက်ကျ
ဘာကိုမှ မလုပ်ချင် မကိုင်ချင်
ဖန်သားပြင်ရှေ့ အခန့်သားထိုင်
ဇာတိပုညဂုဏ်မာနဟေ့ ... ဆိုပြီး
ဝံသာနုရက္ခိတတရား လက်ကိုင်ထားချင်ကြတယ်။
မင်းတို့လေးတွေကို
နှုတ်ခမ်းတစ်လန် ပန်းတစ်လန် လက်ညှိုးငေါက်ငေါက်ထိုး
အပြစ်ပြောတဲ့ မောင်မောင်တွေ
သူတို့ကရော ဘယ်လောက်များ သန့်စင်ကြလို့တုန်း
ဟေ့ ဒီမှာ ... ကိုယ်ပြောမယ် ညီမလေး
ဈေးကွက်ဝယ်လိုအားကြောင့် ရောင်းကုန်ဆိုတာ ရှိနေတာ
သူတို့တွေ တောင်းဆိုနေတာ
သူတို့တွေ လောကအလှကို ဖျက်ဆီးနေတာ
မင်းတစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး
မင်းကို အင်တာနက်ပေါ်ပို့လိမ့်မယ်
သူတို့မို့ အရှက်မရှိ (ဘယ်ရှိပါ့မလဲ)
သူတို့မျက်နှာလေးများကျတော့ ပေါ်မှာကြောက်တတ်လိုက်တာ
ဟိုတယ်တွေမှာ ကလပ်တွေမှာ နောက်ဆုံး ဖိုရမ်စာမျက်နှာတွေပေါ်မှာ
ခပ်ကြွားကြွား ပြောကြလိမ့်မယ်။
Sorry ပဲ ညီမလေးရေ ...
မင်းရဲ့ လက်ကလေးတွေကို ပုခက်မလွှဲခင်
မာဆတ်က ကိုယ်ရွှေကိုယ်မျိုးတွေကို ပျော်တော်ဆက်ချေဦး
သတိတော့ထားကွဲ့
ဒီခေတ်က နည်းပညာခေတ်ကြီး
ကင်မရာတွေ အနီးအဝေး
ဈေးကြီးပေး ဝယ်ကိုင်လို့ရပြီ။
Sorry ပဲ ညီမလေးရေ ...
ရွှေအိုရောင်ညနေခင်းတွေမှာ မင်းဘဝကို ရောင်းဈေးတင်ပေါ့
မင်းကြောက်တဲ့ မနက်ဖြန်အတွက်
ဟိုတယ်တစ်ခုခုမှာ ကျွဲရိုင်းအချိုရည်
တစ်ခါသုံးဆပ်ပြာ ၊ ငွေခြည်ရောင် ရေခဲသေတ္တာ
ညလယ်စာ မှာစားရင်း ဖြတ်ကျော်ဦးပေါ့။
အထည်ချုပ်တွေ ပိတ်တာ ...
ကုန်ဈေးနှုန်းကြီးတာ ...
ငွေနှစ်သောင်းအတွက် တိုက်ပွဲဝင်တာ ...
အရပ်ထဲမယ် ကိုယ်လေး ခေါင်းလေးတောင် လွတ်လွတ်ကျွတ်ကျွတ် မလှုပ်ဝံ့တာ ...
အားလုံးဟာ စက်ဝိုင်းတခုပါပဲကွယ်
မင်းအပြစ်တွေချည်းပဲ မဟုတ်ပါဘူး ညီမလေးရယ်။
မင်းတို့လည်း မင်းတို့ နိုင်တဲ့ဝန် ထမ်းနေရတာ
အချိန်တန်ရင်တော့ သိုးမည်းအုပ်ကြီးထဲက ပြန်ထွက်ခဲ့ပါ ညီမလေးတို့ရယ်။
မင်းတို့ ကိုယ်စီ ဒုလ္လဘတစ်ခုစီရှိတယ်
မင်းတို့ဟာ ငှက်ကလေးတွေပေမယ့် မင်းတို့မှာ ဝမ်းရေးရှိတယ်
မင်းတို့မှာ အနာဂတ်ကိုယ်စီရှိတယ်
မင်းတို့မှာ ဘဝသစ်တွေ ရှိနေမယ်
နောက်ပြီးတော့ မင်းတို့ဟာ ...
မင်းတို့ဟာ မြန်မာမလေးတွေဖြစ်တယ်။
Sorry ပါ ညီမလေးရယ် ...
ကိုယ်ဘာမှ မတတ်နိုင်ဘူး
မင်းတို့ခရီးမှာ ထီးမိုးမပေးနိုင်ဘူး
လှော်တက်တစ်ချောင်းနဲ့ ဝင်မကူပေးနိုင်ဘူး
ကိုယ်တတ်နိုင်တာ တခုပဲ
တခုထဲပါပဲ ညီမလေးတို့ရယ် ...။
မင်းတို့လေးတွေ မော်တော်ကားလေးပေါ်ပါသွားတဲ့အခိုက်
ကိုယ့်မျက်နှာ မင်းတို့မမြင်အောင် ငုံ့
ကိုယ့်နှုတ်ခမ်းကို နာနာဖိကိုက်
ဘယ်သူမှ မကြားအောင် ဆုတောင်းပေးခဲ့ဖူးပါတယ်။
Sorry ပါ ညီမလေးတို့ရေ ...

By မားဆိုး "http://www.facebook.com/profile.php?id=100000146656174"

" မြန်မာလူမျိုးမှန်လျှင် မြန်မာအမျိုးသမီးများကို တန်ဖိုးထားကြပါ။ မြန်မာအမျိုးသမီများသည်လည်း မိမိတန်ဖိုးကို ထိန်းသိမ်းကြပါ။ "

Thursday, April 19, 2012

နော်ဝေနိုင်ငံရောက် စစ်ကျောင်းတက်နေသည့် ကရင်လူငယ်တဦးရင်ဖွင့်သံ

 နော်ဝေ ခေတ္တရောက်နေတဲ့ ဗိုလ်မှူးထူးထူးလေး နှင့် စောဆါလား


ကျွန်နော်နာမည် စောဆါလါးလို့ခေါ်ပါတယ်. ကျွန်တော့် ညီလေးနှင့်အတူ နော်ဝေးကို ငယ်ငယ်လေးကတည်းက နော်ဝေးနိုင်ငံသား မိသားစု တစုရဲ့ ပြုစုပျိုးထောင်ပေးမှူကြောင့် ကြီးပြင်းလာခဲ့ပါတယ်. ယခု ကျွန်တော်အသက် ၂၄ နှစ် ပြီးတော့ နော်ဝေးနိုင်ငံသား ခံယူလိုက်ပါပြီ. ကျွန်တော့်မွေးမိခင်ဟာ ငယ်ငယ်လေးထဲက ဆုံးသွားပါပြီး. အဖေက ယခုထိသူက တပ်မဟာ ၄ ထဲမှာတာဝန်ထမ်းဆောင် တဲ့ရဲဘော်တစ်ဦးပေါ့ဗျာ. ယခု စစ်ကျောင်းတက်နေပါတယ်. တကယ်လို့ အခွင့်အရေး ပေးလာမယ်ဆိုရင် ကျွန်တော် တပ်အရာရှိ ဖြစ်တဲ့အထိ ဆက်တက်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။

 KNU နှင့် ဗမာ အစိုးရ ငြိမ်းချမ်းရေး နှင့်ပတ်သက်ပြီး သဘောတူတယ် တိုက်တွန်းပါတယ်.. ဒါပေမဲ့ ဒီနိုင်ငံရေး ပြသာနာဟာ အများနှင့်ဆိုင်တဲ့ ပြသာနာမို့ KNU အ၇မ်းသတိထားဖို့လိုပါတယ်။ တို့အမိ KNU နိုင်ငံရေး တရားခံ မဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။

 တိုင်းပြည်ငြိမ်းချမ်းရင် အဖေနှင့်မွေးရပ်ဇာတိကို ပြန်တွေ့ချင်တယ် ပြန်နေလည်ချင်သေးတယ်.

အဝေးရောက်က၇င်လူငယ်နှင့်ညီမငယ်တွေကို ကျွန်တော်တိုက်တွန်းချင်ပါတယ်. ဘယ်နေရာပဲရောက်ရောက် ကိုယ့်ဘ၀ကိုယ်ပြန်မမေ့ကြဖို့အလွန်အရေးကြီးပါတယ်. ကျွန်နော်တို့ဟာ ကရင်လူမျိုးဆိုကိုလဲ သတိရကြဖို့လိုပါတယ်. ငါဟာကရင်လူမျိုးပါလို့ မရှက်မကြောက် မတ်မတ်မားမား အကောင်းဆုံးအသက်ရှင်ကြဖို့လိုပါတယ်.. ကိုယ့်လူမျိုးဂုဏ်ကိုဖော်ထုတ်ကြဖို့ ငါတို့ကရင်လူငယ်တိုင်းမှာတာဝန်ရှိတယ် ပြီးတော့ ရသမျှအခွင့်အရေးကို ယူတတ်ဖို့လိုပါတယ်. ပညာကို ကြိုးကြိုးစား သင်ယူကြပါလို့ တိုက်တွန်းချင်ပါတယ်.. ကျွန်တော့်ဘာပဲလုပ်လုပ် ကျွန်တော့်ရဲ့ မွေးစား မိဘက ဘ၀ကို မမေ့ဖို့ အမြဲတမ်းသွန်သင်ခဲ့ပါတယ်.. တကယ်လို့ ကျွန်တော် ရည်ရွယ်ချက်ပြည့်လာတဲ့တနေ့ကျရင် ကျွန်တော့လူမျိုးကို ပြန်ပြီး ကူညီချင်ပါသေးတယ်..

ကေအဲန်ယူမှ ဗိုလ်မှူးထူးထူးလေး နှင့် မြန်မာအစိုးရ ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေရောက်

ဧပြိလ ၁၅ ရက် က ကေအဲန်ယူမှ ဗိုလ်မှူး ထူးထူးလေး နော်ဝေးနိုင်ငံသို့ ရောက်ရှိသွားကြောင်းသတင်းရရှိပါသည်။ အပစ်ခတ်ရပ်ဆဲရေး မှတဆင့် ထာဝရ ငြိမ်းချမ်းရေးအဆင့်ထိ ရောက်အောင် သင်တန်းတခု တက်ဖို့နော်ဝေးအစိုးရ၏ ဖိတ်ခေါ်ချက်အရသွားရောက်ခြင်းဖြစ်ပြီး ဗမာအစိုးရဖက်မှ ရထားဝန်ကြီး ဦးအောင်မင်း က ၄င်းသင်တန်းတက်မည့်သူများအထဲ ပါဝင်ကြောင်း သတင်းရရှိပါသည်။ ဗိုလ်မှူးထူးထူးလေး သင်တန်းမတက်ခင် နော်ဝေးမှာရှိတဲ့ကရင်လူထုကို ခေါ်တွေ့ပြီးတော့ သူတို့ သွားမဲ့လမ်းစဉ်ကို ကရင်လူထုအား ရှင်းပြကြောင်း သတင်းရရှိပါသည်။ 

သတင်း + ဓါတ်ပုံ = Overran

ဒုက္ခသည်များအား ဒုတိယအကြိမ် လူထုရှင်းလင်းပွဲ ကေအဲန်ယူ ပြုလုပ်ပြီးစီး

ဧပြီ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
Photo-KIC

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူသည် တနိုင်ငံလုံး အပစ်ရပ်ရေးအပါအ၀င် ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာအစိုး ရနှင့် ဒုတိယအကြိမ် သွားရောက် တွေ့ဆုံခဲ့ပြီးနောက် ဧပြီ ၁၆ရက်နေ့က လူထုရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။


လူထုရှင်းလင်းပွဲကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ တပ်မဟာ(၇)နေရာတွင် ကျင်းပခဲ့ပြီး မြန်မာအစိုးရ နှင့် သွားရောက်တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် ကေအဲန်ယူ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ် ၆ဦးက တက်ရောက်လာသည့် မြန် မာပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်ရှိ လူထု ၃၀၀ကျော်ကို ရှင်းလင်းပြောကြားခဲ့သည်။

အစိုးရနှင့် တွေ့ဆုံမှုတွင် ဦးဆောင်ခဲ့သူ ကေအဲန်ယူ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် အပါအ၀င် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပဒိုစောအားတိုး၊ ပဒိုစောသောသီဘွဲ၊ နော်ဘလူးမင်းနိုက်ဇံနှင့် ပဒိုစောလှထွန်းတို့က လူထုအား ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
Photo-KIC
နော်စီဖိုးရာစိန်က “ဒီတစ်ခါ အစိုးရနဲ့ သွားတွေ့တာက အပစ်ခတ်ရပ်စဲရေးကိစ္စကို တိကျသေချာအောင် သွားဆွေးနွေးတာဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ အရင်တခါသွားတာက အပစ်ခတ်ရပ်စဲကိစ္စက ပဏာမ အဆင့်ပဲ သဘောတူခဲ့တာလေ။”ဟု ရှင်းပြခဲ့သည်။

သို့သော် အပစ်ခတ်ရပ်စဲရေးကိစ္စသည် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုးရုံမျှဖြင့် မပြီးသေးဘဲ လက်တွေ့ဆောင်ရွက်သွားရန်အတွက် မြန်မာအစိုးရနှင့် တဆင့်ပြီးတဆင့် ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုသည်။

တက်ရောက်လာသည့် လူထုများက ကေအဲန်ယူအနေဖြင့် မြန်မာအစိုးရနှင့် တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုးထား သော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲဆက်ဖြစ်နေသည်ကို ကြည့်ပါက ဆက်လက်တွေ့ဆုံ ဆွေးနွေးမည့် အကြောင်းအရာများကို သတိကြီးထားရန် လိုကြောင်း ထောက်ပြပြောဆိုခဲ့ကြသည်။

ငြိမ်းချမ်းရေးခရီးစဉ်တွင် ကိုယ်စားလှယ်အဖြစ် လိုက်ပါသွားခဲ့သူ နော်ဘလူးမင်းနိုက်ဇံက “ကချင်ဒေသဘက်မှာ တိုက်ပွဲဆက်ဖြစ်နေတာ ကိုကြည့်ရင် စိုးရိမ်စရာပဲ။ ဒါက မဖြစ်သင့်ဘူး။ ဒီကိစ္စကိုလည်း ကျမတို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု ပြန်လည်ဖြေဆိုသည်။

ဧပြီလ ၆ရက်နေ့က နော်စီဖိုးရာစိန်ဦးဆောင်သည့် ကေအဲန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ ၁၄ဦးနှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်ဘက်မှ ရထားပိုးဆောင်ရေးဝန်ကြီး ဦးဆောင်သည့် ပြည်ထောင်စုဝန်ကြီး ၇ဦး အပါအ၀င် ကိုယ်စား လှယ် ၁၉ဦးတို့က ရန်ကုန်မြို့တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သဘောတူညီမှုများ ရရှိခဲ့ကြ သည်။

ထို့အပြင် ကေအဲန်ယူ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၇ရက်နေ့ နေပြည်တော်တွင် မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နှင့်လည်းကောင်း၊ ရန်ကုန်၌ နိုင်ငံရေးပါတီ ၂၄ခုအပြင် ဧပြီလ ၈ရက်နေ့၌ ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံခဲ့ကြသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က ကေအဲန်ယူသည် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် တွေ့ဆုံကာ ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူလက်မှတ်ထိုးပြီးနောက် ဇန်န၀ါရီ ၁၆ရက်နေ့၌ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တနေရာတွင် ပထမဆုံးအ ကြိမ် လူထုရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ကရင်ပြည် ငြိမ်းချမ်းရေးစကားဝိုင်း နောက်ကွယ်

ဧပြီလ ၆ ရက်နေ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ မြန်မာအစိုးရ ဒုတိယအကြိမ်မြောက် ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ပထမအဆင့်ကိုဘယ်လိုအကောင်အထည်ဖော်မယ် ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်သဘောတူညီချက် တခုကို လက်မှတ်ရေးထိုးခဲ့ပါပြီ။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့တွင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KNU ကိုယ်စားလှယ်များ တွေ့ဆုံစဉ် (ဓာတ်ပုံ - Reuters)


နှစ်ဖက် ကိုယ်စားလှယ်များ အားလုံး အပြုံးကိုယ်စီနဲ့၊ ဆွေးနွေးပွဲအပေါ်မှာလည်း အပြုသဘော အမြင်ကိုယ်စီနဲ့ တွေ့ခဲ့ကြရတယ်။ ဧပြီလ ၇ ရက်နေ့မှာ KNU အထွေထွေ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ လက်ခံတွေ့တုန်းက သမ္မတ ဦးသိန်းစိန်က KNU အပေါ်ထားတဲ့သဘောထား ပြောင်းလဲသွားပြီဆိုတာ ထုတ်ပြောခဲ့ပါတယ်။ ဒီလိုသာဆို အမည်ခံအရပ်သားအစိုးရကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ဟောင်းတွေအကြား အပြောင်းအလဲကို လိုလားတဲ့စိတ် ရုတ်ချည်း ပေါ်လာတဲ့ပုံပါပဲ။ ငြိမ်းချမ်းရေး ရတော့မယ်၊ မြန်မာနိုင်ငံသားတွေအတွက် အချိန်ကောင်းတခု စောင့်နေပြီ စသဖြင့် လူတိုင်း ရင်ထဲ ရှိလို့လာပြီပေါ့။

ဒါပေမယ့် လက်ရှိဖြစ်စဉ်မှာ အဓိကပါဝင်နေသူတွေကို အနီးကပ်ကြည့်မယ်ဆိုရင်တော့ တမျိုးကွဲပြားသွားပြန်ပါတယ်။

ပထမဦးဆုံးအချက်အဖြစ် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်း အပြင် အစိုးရ ကို်ယ် စားလှယ်အဖွဲ့ထဲမှာ စွမ်းအင်ဝန်ကြီး၊ စက်မှုဝန်ကြီးအပြင် လျှပ်စစ်ဝန်ကြီးတို့ ပါဝင်တာကို တွေ့ရပါတယ်။ ဒီအချက်ကို ကြည့်တာနဲ့ အစိုးရဟာ ထာဝရငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းစဉ်တခု ရရှိရေးထက် ရေ ကာ တာ တွေ၊ ရေနက်ဆိပ်ကမ်း ပရောဂျက်တွေအပေါ် ပိုစိတ်ဝင်စားတယ်လို့ ကရင်ပြည်သူတွေ ထင်စရာဖြစ်လာပါတယ်။ စိုးရိမ်ချက်က ကရင်ပြည်နယ်အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အောက်မှာ ကရင့်လက်နက်ကိုင်လှုပ်ရှားမှုကို ပိုင်ပိုင်နိုင်နိုင် ထိန်း ချုပ်ထားပြီး အစိုးရက အကြီးစားဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အဟန့်အတားမရှိ လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ရသွားမှာပဲ ဖြစ်ပါတယ်။

ဒုတိယအချက်က အစိုးရနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေ၊ ပညာရှင်တွေ ဦးဆောင်ထားတဲ့ Egress လို့ ခေါ်တဲ့ ပြည်တွင်း NGO တခုကို တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်မှာ လုပ်ငန်းခွဲဝေပေးတဲ့ အစိုးရရဲ့ မဟာဗျူဟာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ တရားဝင် မှတ်ပုံတင်ထားပြီး အခြေခိုင်နေပြီဖြစ်တဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်း Egress ရဲ့ ရည်မှန်းချက် တခု ဟာ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့လို့ ဆိုပါတယ်။ အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံးအကြား ယာယီ ကြားဝင် စေ့ စပ်သူအဖြစ် လုပ် ဆောင်ရင်း အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်မှာ လ အတန်ကြာ ပါလာနေခဲ့ပါတယ်။ Egress ရဲ့ အထင်ကရ ပုဂ္ဂိုလ်တချို့ဟာ ဦးအောင်မင်း KNU နဲ့ လာတွေ့တဲ့အခါတိုင်း ပုံမှန် ပါလာပါတယ်။ ဒီလူတွေဟာ ကြားဝင်ဖြန်ဖြေသူတွေလား ဒါမှမဟုတ် စေ့စပ်ဆွေးနွေးသူတွေလား။

သူတို့ရဲ့လုပ်ပိုင်ခွင့်ဟာ ရှင်းရှင်းလင်းလင်း (၀ါ) တရားဝင် ရှင်းလင်းထားခြင်း မရှိပေမယ့် KNU နဲ့ တွေ့ဆုံဆွေးနွေးရေးပွဲတွေမှာ သူတို့တွေ ပါဝင်နေခြင်း၊ ၀င်ရောက်ပြောဆိုခြင်းကိုတော့ ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။ ဒါကြောင့် နေပြည်တော်က အပစ် အခတ် ရပ်စဲရေးကို ရုတ်တရက်ကြီး ထလိုချင်တဲ့ နောက်ကွယ်မှာ စီးပွားရေးအကြောင်းရင်းခံတွေ ရှိနေရမယ်ဆိုတဲ့ အမြင်တခု မြန်မာနိုင်ငံတွင်းနှင့် ပြည်ပရောက် ကရင်လူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေပါတယ်။

တတိယအနေနဲ့ အစိုးရဟာ အပစ်ရပ်လုပ်ငန်းစဉ်အတွက် ပြင်ပစီးပွားရေးအသိုင်းအ၀န်းဆီက အကူအညီ ရယူမှု၊ အတိအကျပြော ရမယ်ဆိုရင် KNU ထိန်းချုပ်ဒေသအတွင်း ဒေါ်လာ ဘီလီယံ ချီတဲ့ ဖွံ့ဖြိုးရေးစီမံချက်တွေမှာ ရင်းနှီးမြုပ်နှံလိုတဲ့ ဒေသခံစီးပွားရေး သမားတွေရဲ့ ပါဝင်လာမှုကလည်း အရေးကြီးပါတယ်။

ထားဝယ်မင်းသမီး ကုမ္ပဏီရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးငွေစိုးရဲ့ အနေအထားကို ထောက်ပြရမှာပါပဲ။ ထားဝယ်မင်းသမီး ကုမ္ပဏီဟာ ထိုင်းနိုင်ငံက ငွေကြေးအကူအညီပေးတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ အမြောက်အမြား ရင်းနှီးမြုပ်နှံထားတဲ့အပြင် KNU နဲ့ ၀န်ကြီး ဦးအောင်မင်း ဆက်သွယ်တဲ့အခါမှာလည်း ဦးအောင်မင်းအတွက် သတင်းအချက်အလက်ပေးရာ လမ်းကြောင်း တခုအဖြစ် ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။

အကျိုးအမြတ်တွေ အရယူဖို့ စောင့်ဆိုင်းနေတဲ့ စစ်အစိုးရနဲ့ နီးစပ်သူ စီးပွားရေးသမားတွေရဲ့ ကန်လန့်ကာနောက်ကွယ်က ပါဝင်မှုတွေကြောင့် KNU ကိုယ်စားလှယ်များအကြား တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး စိတ်ကသိကအောင့် အများကြီး ဖြစ်ခဲ့ ရပါတယ်။

ဘယ်လိုပဲဆိုဆို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က လက်မှတ်ရေးထိုးပြီးသွားပြီ။ သဘောတူညီချက်ပါ ၁၁ ချက်အနက် ၆ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်မယ်လို့ နှစ်ဖက်စလုံးက ကတိက၀တ်ပြုပြီးသွားပြီ။ အဲဒီအထဲမှာ တတိုင်းပြည်လုံး အပစ် အခတ်ရပ်စဲဖို့၊ အရပ်သားပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်တာ မလုပ်ရန် အာမခံဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စောင့်ကြည့် လေ့ လာရေး တည်ထောင်ဖို့တွေ ပါပါတယ်။

သို့သော် အသစ်ကျပ်ချွတ် အပစ်အခတ်ရပ်စဲရေးရဲ့ နုနယ်မှု၊ နောက်ကြောင်းပြန်နိုင်မှုတွေကိုတော့ လျစ်လျူရှုမရပါ။ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) နဲ့ အစိုးရရဲ့လက်မှတ်ရေးထိုး အပစ်ရပ်သဘောတူညီချက်ဟာ ၁၄ နှစ်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇွန်လမှာ ပျက် ပျယ်သွားခဲ့တဲ့အချက်က ကျနော်တို့အတွက် သတိထားစရာ အချက်တချက်ပါ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အဓိက အချက်ဟာ နိုင်ငံရေးအရ အဖြေတခု ရယူနိုင်ခြင်း ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကတိ က၀တ်တွေပေးတာနဲ့တော့ မလုံလောက်ပါဘူး။ အကြိတ်အနယ်ဆွေးနွေးရမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ မစရသေးပါဘူး။

နှစ်ဖက်စလုံးမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ အခြေခံကွဲလွဲချက်တွေ ရှိနေပါသေးတယ်။ KNU ရဲ့ မြန်မာနိုင်ငံ အတွင်း ပဋိပက္ခဖြေရှင်းရေး အမျိုးသားရေး ရည်မှန်းချက်မှာ အပစ်အခတ်ရပ်စဲရေး၊ ထိန်းချုပ် ဒေသအတွင်းမှ အစိုးရတပ်များ ပြန် လည် ရုပ်သိမ်းရေးတို့ ပါပါတယ်။ တွေ့ဆုံဆွေးနွေးရေးဟာ လွှတ်တော် ပြင်ပမှာ ဖြစ်ဖို့ နဲ့ ကရင်ပြည်နယ်အတွင်း သဘာဝ ပတ် ၀န်းကျင်ကို မထိခိုက်စေတဲ့ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်မှုတို့ကိုလည်း အခြေခံပါတယ်။ အစိုးရဘက်ကို ကြည့်မယ်ဆိုရင်တော့ သူ့ ကိုယ်ပိုင် လမ်းပြမြေပုံကိုပဲ တွန်းတွန်းတိုက်တိုက်လုပ်နေပြီး အရင်အပစ်ရပ်၊ ပြီးရင် နိုင်ငံရေးအရ ဖြေရှင်းမှုမပါတဲ့ ပြည်နယ်ဖွံ့ဖြိုးရေး လုပ်၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကတဆင့် နိုင်ငံရေးလုပ်ငန်းစဉ်ထဲ ပါဝင် စတဲ့လုပ်ငန်းစဉ်တွေ ပါတဲ့ မူကို ဆက်ကိုင်ထားပါတယ်။ ဒါကြောင့် နောက်တဆင့် စေ့စပ်ဆွေးနွေးရေး ခရီးဟာ ကြမ်းတမ်းမယ် ဆိုတာကို မျှော်လင့်ထားနိုင်ပါတယ်။

လက်ရှိ နုနယ်သေးတဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်ကနေ ကရင်နဲ့ မြန်မာနိုင်ငံသားတွေ အတွက် ထာဝရ ငြိမ်းချမ်းရေးကို အရယူမယ်ဆိုရင် သမ္မတ ဦးသိန်းစိန်နဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး သမားတွေအနေနဲ့ Egress ရဲ့ ကြားဝင် ညှိနှိုင်းရေး အခန်းကဏ္ဍကို သမာသမတ်ကျကျ ဘက်လိုက်မှု ကင်းကင်းနဲ့ ရှိအောင် လုပ်ဖို့ လိုအပ်ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဝင်ပါနေတဲ့ စီးပွားရေး သမားတွေရဲ့ အကျိုးစီးပွားမျှော်ကိုးမှုကိုပါ နည်းသည် ထက်နည်းအောင် လုပ်သင့်ပါတယ်။ ဒီလိုမလုပ်နိုင်ဘူးဆိုရင်တော့ လက်ရှိငြိမ်း ချမ်းရေး လုပ်ငန်းစဉ်ဟာ လမ်းကြောင်းပြောင်း သွားနိုင်တဲ့အပြင် ထာဝရတည်တံ့စေမယ့် သာယာဝပြောမှု ရနိုင်စေရေးအတွက်ပါ အဓိက အနှောင့် အယှက်တခု ဖြစ်သွားစေနိုင်ပါတယ်။ ထာဝရငြိမ်းချမ်းရေး မရှိဘူးဆိုရင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကလည်း ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပဲ ဖြစ်ပါတယ်။

စောကပိသည် လက်ရှိအချိန်တွင် ဘိတ်ကာဖီး၊ ကာလီဖိုးနီးယား ပြည်နယ် တက္ကသိုလ်တွင် တက္ကသိုလ်စီမံခန့်ခွဲရေး တာဝန်ဖြစ် သော ကျောင်းသား လက်ခံခြင်းနှင့် မှတ်တမ်းပြုစုခြင်း ဒါရိုက်တာအဖြစ် အလုပ်လုပ်ကိုင်နေပါသည်။ စာရေးသူ၏ The Economic Forces at Work Behind the Karen Ceasefire ကို သင့်လျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။

နော်ဝေနိုင်ငံရောက် ဦးအောင်မင်း


DVB TV News
နော်ဝေနိုင်ငံ အော်စလိုမြို့ရောက် မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ရထားဝန်ကြီး ဦးအောင်မင်း - နော်ဝေနိုင်ငံခြားရေးဝန်ကြီးတို့ ကို ဒီဗွီဘီ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်..

DVB TV News
အမေရိကန်က မြန်မာအပေါ် အရေး ယူမူ့ တွေ ကို စတင်လျော့ပေးတဲ့ အနေနဲ့ အစိုး ရမဟုတ် တဲ့ အဖွဲ့ အစည်းတွေ ရဲ့ စီမံကိန်းတွေတွက် ငွေကြေးဆိုင်ရာလွဲပြောင်းခွင့် ကို အမေရိကန် ဘဏ္ဍရေး ၀န်ကြီးဌာနက ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

DVB TV (18-4-2012)

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာအစိုးရကိုယ်စားလှယ်တွေနဲ့ အစိုးရမဟုတ်တဲ့ NGO ကိုယ်စားလှယ်အဖွဲ့တချို့ကို RFA တွေ့ဆုံမေးမြန်း (ရုပ်သံ)


Thursday, April 19, 2012

 

ဈေးလာဝယ်တဲ့ လူငယ်တစ်ယောက်ကို ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်မှုတစ်ခု

Published on 18 Apr 2012 by BurmaVJMedia

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းပေါ်မှာ ရှိတဲ့ အိမ်ရှင်မနဲ့ NEW STYLE ကုန်စုံဆိုင်က ဆိုင်ရှင်နှင့်အလုပ်သမားတွေက အရက်မူးပြီး ဈေးလာဝယ်တဲ့ လူငယ်တစ်ယောက်ကို ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်မှုတစ်ခု ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့ ညနေ ၆း၃၀ အချိန်လောက်က ဖြစ်ပွားခဲ့ပါတယ်။အခင်းဖြစ်ပွားနေချိန်မှာ ရပ်ကွက်နေပြည်သူတွေက တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ မြို့နယ်ရဲစခန်းကို တိုင်ကြားခဲ့ပေမဲ့ ရဲတွေက အချိန်မီ ရောက်မလာတဲ့အတွက် တရားခံတွေ ထွက်ပြေးမသွားဖို့ အဲ့ဒီ ဆိုင် နှစ်ဆိုင်ကို ပြည်သူတွေက ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့ကြပါတယ်။ အဲ့ဒီနေ့ည ၈ နာရီခွဲခန့်မှာတော့ မင်္ဂလာတောင်ညွန့် ရဲစခန်းက ထိုးကြိတ်ရိုက်နှက်ခဲ့ကြတဲ့သူတွေကို ဖမ်းဆီးသွားခဲ့ပေမဲ့ အခုအချိန်အထိ ဘယ်လို ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူထားသလဲ ဆိုတာကိုတော့ ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ ကော့မှူးမြို့နယ် ပြည်သူလူထု ကိုသွားရောက် ဖျော်ဖြေ..အမေစုလည်းအားပေး

Photo - BVJ&Thantharwin











The Voice Weekly
မိခင် ဒေါ်ခင်ကြည်ကို ဂုဏ်ပြုသော အားဖြင့် တည်ထောင်ခဲ့သည့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း၏ ပထမဆုံး အလှူအဖြစ် ကော့မှုးမြို့နယ်ရှိ ကျေးရွာသုံးရွာအတွက် စုစုပေါင်း ငွေကျပ် သိန်း သုံးရာကို ဒေါ်အောင်ဆန်းစုကြည်က မဲဖောက်လှူဒါန်းခဲ့သည်။

ကော့မှုးမြို့အနီးရှိ လယ်ကွင်းပြင်တွင် ယင်းလှူဒါန်းပွဲနှင့် မြန်မာနှစ်ဆန် တစ်ရက်နေ့ ပျော်ပွဲရွင်ပွဲကို ကျင်းပခဲ့ပြီး နိုင်ငံကျော် တေးသံရှင်များ၊ သရုပ်ဆောင်များ ပါဝင်ဖျော်ဖြေခဲ့သည်။

ယင်းအလှူအဖြစ် ပထမဆုရရှိသော ကျေးရွာကို ငွေကျပ် ၁၇၅ သိန်း၊ ဒုတိယဆုကို ငွေကျပ် ၇၅ သိန်းနှင့် တတိယ ဆုကို ငွေကျပ် သိန်း ၅၀ အသီးသီးချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဦးအောင်ဘုန်းဝင်းအိမ်ကမီးပူမှာအတောင်ပံပါ။ ။

မြန်မာနိုင်ငံမှာရှိသောသူများသည်ငွေရှိပါကတရားသူကြီးကိုပင်ခိုင်းစေနိုင် 

တယောက်မကောင်းပါကတရားသူကြီးများဘဝက xxxxxxxxxxxxxxx

မအေးယုအောင်၏မိခင်ဖြစ်သူကိုဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းကလိမ်လည်ပြီးလက်မှတ်ထိုးခိုင်း

Ko Shin (facebook)
8 hours ago
အမည် = မအေးယုအောင်
မွေးသက္ကရာဇ်= ၂၊ ၆၊ ၁၉၉၆ ဖွားချိန် ၂၀း၃၀နာရီ
အဖအမည် = ဦးအောင်မျိုး(ခ) ဦးမျိုးဝင်း ဆေးတပ်သား ကိုယ်ပိုင်အမှတ် တ-၈၅၅၉၈၅
မှော်ဘီဆေးတပ်ရင်း၊ ရန်ကုန်တိုင်းဒေသကြီး
အမိအမည် = ဒေါ်ကြူကြူ သိမ်တန်းရပ်ကွက်၊ အပိုင်း(၂) ကျောက်ကြီးမြို့၊ ပဲခူးတိုင်းဒေသကြီး

facebook မှတဆင့် အင်တာနက် သတင်းမိဒီယာ ၀ဒ်ဆိုဒ်များတွင် ၀ိုင်းဝန်းကူညီတင်ပြပေးကြသော သူ
သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေများ၏ ကျေးဇူးကြောင့် ပဲခူးမြို့ တွင် တရားသူကြီးဦးအောင်ဘုန်းဝင်း၏ ဇနီးဖြစ်သူ ဒေါ်ဖြူဝင်းသက်မှမီးပူနှင့်ကပ်ခဲ့ရသော အသက်(၁၅)နှစ်အရွယ် အိမ်ဖော်မလေး မအေးယုအောင်၏ မိခင်ဖြစ်သူ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့  မှဒေါ်ကြူကြူ ကြားသိရပါသဖြင့် (၄၊ ၅၊ ၂၀၁၂)ရက်နေ့တွင် ဒုတိယမြို့နယ်တရားသူကြီး ဦးအောင်ဘုန်းဝင်းရှိရာ ပဲခူးမြို့နယ်တရားရုံးသို့သွားရောက်စုံစမ်းခဲ့ပါသည်။
တရားသူကြီးဦးအောင်ဘုန်းဝင်းကို ၄င်း၏ ရုံးခန်းတွင်မတွေ့ရှိရပဲ စာရေးမတစ်ဦးကိုသာ တွေ့ရှိရပါတယ်၊
ထိုနောက် တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ တရားရုံးဘေးနားတွင် ကားဖြင့်လာစောင့်နေပြီး မအေးယုအောင်၏ မိခင်ဖြစ်သူဒေါ်
ကြူကြူအား ပဲခူးမြို့ ရွှေမော်တော် ဘုရားအနီးဝန်းကျင်တွင်(၁၀)ပတ်ကျော် ကားဖြင့်ပတ်၍ အိမ်အမှတ်(42 B)၊ (၅)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးသို့ ခေါ်ဆောင်သွားကြောင်းတရားကြီးဦးအောင်ဘုန်းဝင်းနှင့် ကောင်မလေး၏မိခင်ဖြစ်သူ ဒေါ်ကြူကြူတို့ ၀န်ခံသဘောတူညီချက်မှတ်တမ်း လက်မှတ်ထိုးစာရွက်တွင်တွေ့ရှိရပါသည်။
ဒေါ်ကြူကြူမှာ အနီးပတ်ဝန်းကျင်တွင် အ၀တ်လျှော်စားရပြီး စာမတတ်သူတစ်ဦးဖြစ်သည်ကို တရားသူကြီး
ဦးအောင်ဖုန်းဝင်းမှ အခွင့်ကောင်းယူပြီး (၆၊ ၄၊ ၂၀၁၂)ရက်နေ့တွင် ငွေ(၃၀၀၀၀၀)သိန်းကျပ်အား လှူဒါန်းသည်ဟု လိမ်လည်ပြီးဝန်ခံသဘောတူညီချက်မှတ်တမ်းမှာလက်ဗွေနှိပ့် လက်မှတ်ကို ပန်းချီဆွဲသလို ရေးဆွဲခိုင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။ စာရွက်ပေါ်ပါ အချက်အလက်များအား ဖတ်ပြခြင်းမရှိပါ၊
“ သမီးဖြစ်သူ မအေးယုအောင်နှင့် ပေးတွေ့ရန် တောင်းဆိုသော်လည်း ဦးအောင်ဘုန်းဝင်းမှ ပေးမတွေ့သေးကြောင်းပြောဆိုသဖြင့် ဥပဒေအရပဲပြောတော့မယ်ဆိုမှ သမီးဖြစ်သူနှင့် တစ်နာရီခန့်သာမလွတ်မလပ်တွေ့ခွင့်ရခဲ့ပါတယ်၊ သမီးဖြစ်သူမအေးယုအောင်အားလကုန်မှ ပြန်ပို့ပေးမည်ဟုသာပြောဆိုနေသဖြင့် ကျောက်ကြီးမြို့ ကို ပြန်လာရပါတယ်၊ကျောက်ကြီးရောက်မှ လက်မှတ်ထိုးခိုင်းတဲ့ စာမိတ္တူကို ပတ်ဝန်းကျင်မှ အသိမိတ်ဆွေများအားဖက်ခိုင်းရာမှ တရားသူကြီး ဦးအောင်ဘုန်းဝင်းမှ ကျမကိုလိမ်ညာပြီးလက်မှတ်ထိုးခိုင်းကြောင်းသိရှိခဲ့ရပါတယ်၊ ကျမလို မိခင်တစ်ယောက်အနေနှင့် သူတို့မိသားစု ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကြားမှာ အရမ်းကြောက်နေရတာ ကျမ သမီးလေးမှာ ကျမထက်အဆပေါင်းများစွာ ကြောက်လန့်တုန်လှုပ်နေမယ်ဆိုတာ မိခင်တစ်ယောက်
အနေနဲ့သိနေတယ်၊ ကျမ သမီးလေးကို သူတို့လာပြန်မပို့ဘူးဆိုလျှင်တော့ ဥပဒေအရပဲရင်ဆိုင်တော့မယ်၊ တရားစွဲဖို့လည်း စိတ်ဆန္ဒရှိပါတယ်၊အင်တာနက်က ကူညီပေးတဲ့ သူတွေကိုလည်းကျေးဇူးအရမ်းတင်ပါတယ်၊ ကျမသမီးလေးရဲ့အသက်ကလည်း အင်တာနက်ကလူတွေပေးတဲ့အသက်ပဲရှိပါတော့တယ်လို့ ” မိခင်ဖြစ်သူ ဒေါ်ကြူကြူမှပြောဆိုခဲ့ပါတယ်။

မှတ်ချက်။ ။ လက်မှတ်ထိုး စာရွက်မိတ္တူကို တင်ပြပေးလိုက်ပါသည်။




မီးပူတိုက်ရင်းမတော်တဆဖြစ်မှုတွေကလက်ကိုပဲထိတတ်ကြတာပါ။မတော်ပြုတ်ကျလို့ခြေထောက်ထိတယ်ဆိုလည်းတော်ပါသေးတယ်။လည်ပင်းတက်ပြီးမတော်တဆဖြစ်၇တယ်ဆိုတော့ဦးအောင်ဘုန်းဝင်းအိမ်ကမီးပူမှာအတောင်ပံပါနေလို့ လား။ ။

နတ်သံကွင်းက လာတဲ့စာ

သို့
လေးစားရပါသော လူကြီးမင်းများခင်ဗျာ။
ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာမှ ရွာသား တစ်ဦးပါ။

ကျွန်တော်တို့ကျေးရွာမှာ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့၊ ရဲတပ်ဖွဲ့ဝင်တွေ၊ လူမိုက်တွေ ပူးပေါင်းပြီး လူတစ်ယောက်ကို အသေ လိုက်သတ် နေတဲ့အကြောင်း ပြောပြချင်လို့ပါခင်ဗျာ။

ဖြစ်စဉ်ကိုမ တင်ပြခင် ဇာတ်ရည် လည်အောင် အရင် ရှင်းပြပါမယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူး အမည်က ဦးမြမောင်ပါ။ ဖုန်းနံပတ်က ၀၉၆၃၁၀၃၉၃ ပါ။

သူက ကားလုပ်ငန်း အကြီးအကျယ် လုပ်ပါတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါ။ တရားမ၀င်တာရော တရားဝင် တာပါ အကုန် လုပ်ပါတယ်။ ငွေရှိပြီး လူရည် လည်တော့ အာဏာပိုင်တွေကို သာမက လူမိုက်အ များအပြားလည်းေ မွးထားပါတယ်။



ကျွန်တော်တို့ရွာမှာဘဲ သူတို့အိမ်မှာ အလုပ် လုပ်ဖူးသူ ကိုဟန်ကျော်ဆိုတဲ့ လူတစ်ယောက်ဟာ ရိုးသား ကြိုးစားပြီး လူချစ်လူခင် ပေါပါတယ်။ သူက အခုဆိုရင် ကားမောင်းသမား ဘ၀ကနေ ကားပိုင်ဝယ် စီးနေပါပြီ။ ကိုယ်ပိုင်ကား လုပ်ငန်းကို လုပ်ကိုင် လာတော့ လုပ်ငန်းကလည်း တူပြန် ဆိုတော့ စီးပွားပြိုင်ဖက် သဖွယ် ဖြစ်လာပါတယ်။

ဒါနဲ့ကြည့်မရတာနဲ့ အသေသတ်ဖို့ ကြံစည် ပါတော့တယ်။ ပထမနေ့ ၁၄-၄-၂၀၁၂ ရက်နေ့ မှာ အုပ်ချုပ်ရေးမှူးရဲ့ညီ ကိုအောင်ကြိုင် ဆိုသူက ကိုဟန်ကျော်ကို စိန်စ ခေါ်ပါတယ်။ အိမ်မှာ ကျွန်က ထမင်းဝတော့ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့။ ပြသနာတော်တော် ရှာပါတယ်။

ကျွန်တော်တို့လဲ အုပ်ချုပ်ရေးမှူးကိုမကျော်လွန်နိုင်တာနဲ့ ကြားသာနေတယ် ဘာမှမကူညီနိုင်ပါဘူး။ ညနေပိုင်းမှာ ကိုဟန်ကျော်က အဲဒီ၇ွာကနေတစ်ဖက်ကမ်းကို အိမ်ပြောင်းဖို့ကြိုးစားပါတယ်။ ကားနဲ့ပစ္စည်းတွေ တင်တာပေါ့။

အဲဒီအချိန်မှာ ကိုအောင်ကြိုင်နဲ့ လူမိုက်အ ပေါင်းအပါများအပြင် နတ်သံကွင်းရွာ ရဲစခန်းမှ ရဲ ၂ ယောက်လဲ လာတား ပါတယ်။ အာဏာပိုင်ရဲတွေ ပါလာတာနဲ့မပြောင်း ဖြစ်လိုက်ပါဘူး။ ၁၅-၄-၂၀၁၂ ရက်နေ့ ည ၇နာရီခွဲ လောက်မှာ ကိုဟန်ကျော်အိမ်ကို ကိုအောင်ကြိုင်ရဲ့လူ ၅၀ လောက်ဝိုင်းပြီး ခဲတွေနဲ့ပေါက် စိန်ခေါ်ပြီး အိမ်ထဲ အတင်းဝင် ပိုင်နက် ကျူးကျော် ရိုက်နှက် ပါတော့တယ်။

တစ်ရွာလုံး ရုန်းရင်းဆန်ခတ် ပါဘဲ။ ဘေးပတ်ဝန်းကျင် အိမ်တွေက ခုခံကြ ကူညီကြနဲ့ ကိုဟန်ကျော် နှစ်အိမ်ကျော်လောက်မှာ ရှိတဲ့ အိမ်တစ်အိမ်ကို ထွက်ပြေး ပုန်းအောင်း နေရပါတယ်။

တစ်ရွာလုံးလူ လူမိုက်တွေက လူတစ်ယောက်ကို အတင်း ရှာဖွေပြီး သတ်ဖြတ်ဖို့ကြိုးစား နေချိန်မှာ ၇ဲ တပ်ဖွဲ့ဝင်တွေက အဲဒီရှေ့က လက်ဘက်ရည်ဆိုင်မှာ ၇ှိနေပြီး သူတို့နဲ့ ဘာမှ မဆိုင်သလိုေ နနေကြပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို ဥပဒေက မကာကွယ်ဘဲ အာဏာပိုင် တွေကိုသာ ကာကွယ် နေသလားဗျာ။

ဖြစ်စဉ်ဖြစ်နေတော့ ကိုဟန်ကျော်ရဲ့အမျိုးသမီးက ရဲစခန်းကို ပြေးတိုင်တော့လည်း အုပ်ချုပ်ရေးမှူး တစ်ယောက်လုံး ရှိသေးကြောင်းနဲ့ သူ့ကိုကျော်လို မကောင်းကြောင်း ပြောပြီးပြန်လွှတ် လိုက်ပါတယ်။

ဘယ်လိုများ ညဆက် အိပ်ရပါမလဲဗျာ၊ သူက ကိုယ်တွေ့ပြေးရလွှားရ အိမ်တစ်အိမ်လုံး မှန်ကအစ ရစရာ မရှိအောင် ကွဲပြဲကုန်တာ ဆိုတော့ ကြောက်တာပေါ့ဗျာ။ ကျွန်တော်တို့ထဲက တာဝန်သိပြည်သူ တစ်ဦးကလည်း ပဲခူးတိုင်း ဒေသကြီးဝန်ကြီးဆီ ဖုန်းဆက်တော့ ၀န်ကြီးကလည်း ၁၆-၄-၂၀၁၂ ရက်နေ့မှာ စုံစမ်းဖို့ ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်လိုက်ပါတယ်။

ဒါလည်းဘဲ ကျောက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးနဲ့ပူးပေါင်းပြီး ဦးမြမောင်နဲ့ ကိုအောင်ကြိုင်က အမျိုး အချင်းချင်းရန်ဖြစ်တာသာဖြစ်ကြောင်း ပြောပြီးပြန်လွှတ်ခဲ့ပါတယ်။ ကျွန်တော်တို့ရွာသားတွေ မလုံခြုံတော့ပါဘူးဗျာ။

အဲဒီအုပ်ချုပ်ရေးမှူးနဲ့ အမျိုးတွေ၊ တပည့်တွေကို ကြောက်ရတော့ မှန်တာကလည်း အမှားဖြစ်ပြီး ကျန်ရစ်ပါတယ်။

အဲဒီနေ့ကမြင်ကွင်းကို ပြချင်ပါတယ်။ တစ်ရွာလုံး အုတ်အော်သောင်းနင်းပါဘဲ။ လူတစ်ယောက်ကို လူ ၅၀ လောက် ၀ိုင်းရှာ လိုက်သတ်နေလိုက်တာ ဆူညံ ပွက်နေတာဘဲ။

ဘေးအိမ်တွေမှာ မှန်ကွဲတဲ့အိမ်ကကွဲ ၊ ၀င်ကူရင်း နှုတ်ခမ်းကွဲသူကကွဲနဲ့ ကျွန်တော်တို့ကို ကူညီကြပါဦးဗျာ။ ကိုဟန်ကျော် ခမျာမနေနိုင်တော့တာနဲ့ ၁၆-၄-၂၀၁၂ ရက်နေ့မှာ ကားပေါ်ရှိ သမျှပစ္စည်းနိုင်သလောက် တင်ပြီး မိန်းမ၊ကလေးခေါ်ကာ ညမှောင်ချိန် ၉နာရီခွဲ လောက်ခွေးပြေးဝက်ပြေး ပြေးရတော့တာပါဘဲ။

သူ ဘယ်ဆက်နေရဲတော့မလဲ။ ဘယ်နေ့ လာသတ်မလဲ။ ဘယ်နေရာ လာသတ်မလဲမှ မသိတာကို။ ကျွန်တော်တို့အရမ်းသနားတယ်ဗျာ။ ကိုယ်ရွာသားဖက်ကလည်း မခံချင်ဘူး။ ဒါနဲ့ကိုယ်တတ်နိုင်တာနဲ့ လာပြီး ကူညီပေးတာပါ။ ဒီသတင်းကိုချက်ချင်းလေးလွှင့်ပေးပါဗျာ။ ခင်ဗျားတို့ကယ်မှ ရမှာပါ။ သြဇာရှိလို့ အားကိုးပါတယ်။

ဒီသတင်းကအဖြစ်အပျက်အမှန်တွေပါဗျာ။ ပေးစာတစ်စောင် ဆိုတာထက် သတင်းတစ်ခုပေးပို့ခြင်းသာဖြစ်ပါတယ်။ ကူညီပါအုံးဗျာ။ ဖြစ်စဉ်ကို စုံစမ်းဖို့ဖုန်းတွေပေးပါမယ်။

ကျောက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး- ၀၅၄၄၉၀၀၂ နတ်သံကွင်းအိတ်ချိန်း ၀၅၄၅၅၄၄၈ တို့ကို ဆက်ပြီး သတင်းယူနိုင်ပါတယ်။ ကျောက်ကြီးမြို့နယ်မှူးပြောမှာကတော့ ကျွန်တော်ကြိုပြောလိုက်ပါမယ် အမျိုး အချင်းချင်းတွေဖြစ်တာပါလို့ ပြောမှာသေချာပါတယ်။

ဥပဒေပမှာ အဲဒီလောက်ဖြစ်နေတာ ရဲတွေ ထိုင်ကြည့်နေကြတယ်။ အုပ်ချုပ်ရေးမှူး ရက်စက်လွန်း ပါတယ်ဗျာ။

ရိုက်နေရင်းကြားတာ တစ်ခုရှိသေးတယ် ကိုအောင်ကြှိုင်က ငါ လူသတ်လာတာ ၇ ယောက်ရှိပြီတဲ့ ကြောက်စရာဘဲဗျာ။ ဟုတ်လည်း ဟုတ်တယ် လူတစ်ယောက်ကို ကားနဲ့တိုက်သတ်တာ အချုပ်ထဲ ၂ ရက်ပဲဝင်ပြီး ပြီးသွားတယ်ဗျာ။

ကျွန်တော်တို့ရဲ့ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်ကြီးနဲ့ သမ္မတကြီးကို ဆက်ပြီးတင်ပြပေစေလိုပါတယ်ဗျာ။

ကံမ ဖျက်စီးမူ နောက်ဆက်တွဲ သတင်း (ဗလီနှင့် အစ္စလာမ် ဘာသာဝင်များ၏ အိမ်ဖျက်စီးမှုတွင် ကြံဖွတ် အမတ်ပါဝင် ပါတ်သက်)

ဟာဂျီမ ဒေါ်ဝါ၀ါ ပိုင်တဲ့ နန္ဒာမြတ်နိုး(၁)စက်လှေကို တနင်္ဂနွေနေ့ညတွင်ထပ်မံ ဖျက်ဆီးခဲ့သည်။ (ပုံပါ)
ဟာဂျီမဒေါ်ဝါ၀ါအိမ်ကို ဖျက်ဆီး ခံရသဖြင့် ကံမမြို့နယ် ရဲစခန်းသို့ ဟာဂျီမ ဒေါ်ဝါ၀ါ၏မောင် ဦးဌေးလွင်က သွားရောက် တိုင်ကြားခဲ့ရာ ကံမ ရဲစခန်းမှူးက အမှုဖွင့်ပေးရန် ငြင်းဆိုခဲ့သည်။ ကျွန်တော့် အဆင့်က အသေး အဖွဲအဆင့်ပဲ ရှိတယ်၊ ဒီကိစ္စက Heavy ဖြစ်တယ်။ ကျွန်တော် လုပ်မပေးနိုင်ဘူး၊ တိုင်းက လုပ်မှရမယ်။ ဒီကိစ္စက အဆင့်ဆင့် တင်ပြပြီး အထက်က ခွင့်ပြုမှ လုပ်လို့ရမှာ၊ (၇) အိမ်ပျက်စီးတာမှာ ခင်ဗျားအိမ် တစ်အိမ် တည်းကပဲ ဘာဖြစ်လို့ လာပြီး အမှုဖွင့်တာလဲဟု ကံမမြို့ ရဲစခန်းမှူးက ပြန်ပြောကြောင်း ကိုယ်တိုင်အမှု ဖွင့်ရန် သွားရောက်ခဲ့သူ ဦးဌေးလွင်က myanmarmuslim.net သို့ ပြောကြားခဲ့သည်။
ယခုအထက်ပါဖြစ်ရပ်သည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အမတ် ဦးဝင်းနိုင် ၏ လှုံ့ဆော် ကြိုးပမ်းမှု ဖြစ်သည်ဟု ဟာဂျီမ ဒေါ်ဝါ၀ါ က myanmarmuslim.netသို့ ပြောကြားသည်။ကျွန်မတို့ အမျိုးတွေ အိမ်အားလုံ အဖျက်ခံရတယ်၊ တစ်ယောက်ပဲ အဖျက်မခံရဘူး၊ အဲဒါက ကျွန်မဦးလေး ဦးမောင်ကိုအိမ်၊ သူက ဦးဝင်းနိုင်ရဲ့ အဒေါ်၊ ဒေါ်အမလေးနှင့် အိမ်ထောင်ကျတာ ဒါကြောင့်မို့လို့ အဖျက်မခံရတာု ဟာဂျီမ ဒေါ်ဝါ၀ါ က ပြောကြားသည်။

ပြည်ပရောက် မြန်မာများ နေရာ ပြန်ချထားရေး ကွင်းဆင်းလေ့လာ


၁၈ ဧပြီ ၂၀၁၂
အကြောင်းမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် နေရာ ချထားရေးနဲ့ဖွံ့ဖြိုးရေး လုပ်ငန်းအတွက် မြ၀တီမြို့နယ် တာဝန်ရှိသူတွေဟာ ကွင်းဆင်း လေ့လာမှုတွေ ဒီနေ့မနက်က ပြုလုပ် နေတယ်လို့ သိရပါတယ်။

မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်နဲ့ အစိုးရဌာနပေါင်း ၁၄ ခုက တာဝန်ရှိသူတွေဟာ မြ၀တီမြို့နယ် အတွင်းမှာရှိတဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (ကေကေအို)ရဲ့ ထိန်းချုပ် ဒေသဖြစ်တဲ့ ဝေါ်လေနဲ့ ချူးကလိ ဒေသဘက်မှာ ကွင်းဆင်း လေ့လာတာ ဖြစ်ပါတယ်။

ကရင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ တာဝန်ပေးချက်အရ ခုလို ကွင်းဆင်း လေ့တာတာဖြစ်ပြီး ဒီမနက်ပိုင်းမှာ ကေကေအို အခြေစိုက် ဆုံစည်းမြိုင်မှာ သွားရောက်ပြီး ကေကေအို တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။ မြ၀တီခရိုင် တာဝန်ရှိသူတွေ လာရောက် တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ကေကေအို အတွင်းရေးမှူး စောဂုဏ်အောင်က အခုလို ရှင်းပြပါတယ်။

“သူတို့ပြောတာက ထိုင်းနိုင်ငံမှာ ရှိနေတဲ့ ဒုက္ခသည်စခန်းက လူတွေကို ပြန်ပြီးတော့ လက်ခံဖို့အတွက်ဆိုတဲ့ အစီအစဉ်နဲ့ လာတာ ဖြစ်ပါတယ်။ အဲဒါကို သူတို့က ဝေါလေနဲ့ ချူးကလိဘက်မှာ ပြန်ပြီး နေရာ ချထား ပေးပေမယ့်ဟာကို ကျနော်တို့ဆီလာပြီး ဘယ်နေရာ ချထားပေးရင် အဆင်ပြေမလဲ ဆိုတာကို ဆွေးနွေးတာပေါ့။ ကျနော်တို့ကတော့ ဒီဥစ္စာက ကျနော်တို့ လုပ်ပိုင်ခွင်ထဲမှာ မရှိဘူးဆိုတဲ့ အကြောင်းနဲ့ ကေအန်ယူတို့၊ ကေအာရ်စီတို့၊ ဒုက္ခသည်တွေကို ထောက်ပံ့ပေးနေတဲ့ အန်ဂျီအို အဖွဲ့အစည်းတွေရယ်၊ ထိုင်းအာဏာပိုင်တွေ၊ ယူအန်အိပ်ခ်ျစီအာက အရာရှိတွေ အစရှိသူတွေ အားလုံးနဲ့ မြန်မာ အစိုးရတို့ ဆွေးနွေးပြီးမှ ဒါက လုပ်လို့ရမယ့် ကိစ္စ ဖြစ်တယ်။ အဓိကတော့ ဒုက္ခသည်တွေက သူတို့ကိုယ်တိုင် လိုလိုလားလားနဲ့ စိတ်အပူအပင်ကင်းစွာ ပြန်နိုင်ဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ ကျနော်တို့က ရှင်းပြလိုက်ပါတယ်။”


တွေ့ဆုံ ဆွေးနွေးအပြီး ညနေပိုင်းမှာတော့ ဦးမြင့်တင်နဲ့ အဖွဲ့ဟာ ဝေါ်လေကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ညအိပ်ပြီး မနက်ဖြန်မှာ ချူကလိဘက်ဆက်ပြီး ဖွံ့ဖြိုးရေးနဲ့ ပြန်လည် နေရာချထားရေးအတွက် သွားရောက်မှာ ဖြစ်တယ်လို့ စောဂုဏ်အောင်က ပြောပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ ဘယ်အဖွဲ့အစည်းကမှ တိုက်တွန်းတာ မရှိသလို ပြန်ဖို့လည်း အစီအစဉ် မရှိတဲ့အကြောင်း၊ မြန်မာနိုင်ငံအတွင်း စစ်မှန်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ရှိရင်တော့ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အနေအထားရှိတယ်လို့ မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ စောထွန်းထွန်းက ပြောပါတယ်။

“နယ်စပ်ဒေသမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ တစုံတရာထိ ငြိမ်းချမ်းမှုတွေ ရယူနိုင်မယ်ဆိုရင်တော့ ပြန်ဖို့ အနေအထားတော့ ရှိတာပေါ့။ ဒါပေမယ့် ဒုက္ခသည် ပြန်ဖို့ စတင် ဆွေးနွေးနိုင်မယ့် အခြေအနေတွေ၊ နေရပ်ကို ပြန်ပို့နိုင်ဖို့ အစီအစဉ်တွေ ဆွဲနိုင်ဖို့ အခြေအနေကတော့ မြန်မာနိုင်ငံမှာ တကယ့် စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိနိုင်မယ့် အချိန်၊ ရရှိနိုင်မယ့် လမ်းစတွေ မြင်လာမယ်။ လှုပ်ရှား ဆောင်ရွက်မှုတွေ ရှိလာမယ့် အချိန်လောက်မှပဲ ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေ စတင် လုပ်ဆောင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုင်း-မြန်မာ နယ်စပ်နေ ဒုက္ခသည်တွေကို ပူးပေါင်းကူညီပေးနေတဲ့ (တီဘီဘီစီ)အဖွဲ့ရဲ့ စာရင်းအရ ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁သိန်းခွဲခန့် ရှိတယ်လို့ ဖော်ပြ ထားပါတယ်။

အစိုးရထံ လက်နက်ချသွားသူများမှာ ပြည်သူ့စစ်များဟု KIA ပြော

kio
နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် “ကေအိုင်အေ တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်” ပါရှိသည့် သတင်းကိုတွေ့ရစဉ် (ဓါတ်ပုံ ကြေးမုံသတင်းစာ)

ချင်းမိုင်(မဇ္စျိမ) ။       ။ မြန်မာအစိုးရထံသို့ လက်နက်ဖြင့် ဝင်ရောက်သွားသူများမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ အရပ်သား ပြည်သူ့စစ် အဖွဲ့ဝင်များဖြစ်ကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ဗုဒ္ဓဟူးနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ပါရှိသည့် “ကေအိုင်အေ တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်” ဟူသည့်သတင်းအား KIA မှ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျနော်တို့ အမြဲတမ်းစစ်သားတွေ မဟုတ်ပါဘူး။ ကျေးရွာအုပ်ချုပ်ရေးနဲ့ တိုက်နယ် အုပ်ချုပ်ရေးဌာနမှာ ဖွဲ့စည်းထားတဲ့
ပြည်သူ့စစ် အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူတို့ အဖွဲ့ အချင်းချင်း၊ သူတို့ခေါင်းဆောင်နဲ့ သင်္ကြန်ကာလအတွင်းမှာ ခွင့်တောင်းတာကို ခွင့်မရလို့ စကားများကြပြီးတော့ အဲဒီနီးစပ်တဲ့စခန်းကို လက်နက်နဲ့ ဝင်သွားတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က မဇ္စျိမကို ပြောသည်။

ကြေးမုံသတင်းစာတွင် ဧပြီလ ၁၆ ရက်နေ့က KIA တပ်မဟာ ၅ မှ တပ်ကြပ်အဆင့်ရှိ ကျော်ဆန်း ဦးဆောင်သော တပ်သား ၃၅ ဦးက လက်နက်မျိုးစုံ ၂၃ လက်နှင့်အတူ မြစ်ကြီးနားမြို့နယ် တာလောကြီးစခန်းသို့လည်းကောင်း၊ ဧပြီလ ၁၇ ရက်နေ့တွင် မြစ်ကြီးနားတပ်စခန်းသို့ ကေအိုင်အေ တပ်ဖွဲ့ဝင်နှစ်ဦးနှင့် တာလောကြီး တပ်စခန်းသို့
ကေအိုင်အေ တပ်ဖွဲ့ဝင် ငါးဦးကလည်းကောင်း လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ် ဝင်ရောက်လာခဲ့ကြောင်း ဖော်ပြ ထားသည်။

“သင်္ကြန်မှာ အထက်ကို ခွင့်တောင်းတဲ့ကိစ္စကို သင်္ကြန်ဆိုပေမယ့် လုံခြုံရေးအရ အခက်အခဲ ရှိတယ်ဆိုပြီးတော့ စကားများကြတယ်။ စကားများတာက တပ်ဖွဲ့မှူးနဲ့ ဖြစ်တယ်လို့ပြောတယ်။ စကားများပြီး အဲဒီအဖွဲ့က နီးစပ်ရာစခန်းကို ဝင်သွားတာပါ။ ကျနော်တို့ အဲဒီတပ်ဖွဲ့မှူးကို ရှာနေတာ သူကလည်း သူ့တပ်တွေ အဲဒီလို ဖြစ်တော့ စိုးရိမ်ပြီးတော့
ရှောင်နေတာနဲ့ ကျနော်တို့ ရှာလို့ မရသေးဘူး”ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က ဆက်ပြောသည်။

KIO တွင် မြို့နယ်အဆင့် လက်အောက် ကျေးရွာအလိုက် ပြည်သူ့စစ်အင်အား ၄ သောင်းနီးပါး ဖွဲ့စည်းထားရှိသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

ယခုကဲ့သို့ ပြည်သူ့စစ်တပ်ဖွဲ့များ အစိုးရတပ်များသို့ ဝင်ရောက်သွားခြင်းမှာ ပြည်သူ့စစ်ခေါင်းဆောင်ပိုင်း အုပ်ချုပ်မှု အားနည်းနေခြင်းကြောင့် ဖြစ်ပြီး အဆိုပါ ပြဿနာအား သက်ဆိုင်ရာတပ်ဖွဲ့များ စုံစမ်းရန် တာဝန်ပေးထားပြီး
ဖြစ်ကြောင်း သိရသည်။

KIA တပ်မဟာ ၂၊ ၃၊ ၄၊ ၅ နယ်မြေများတွင် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်ဟု KIA က ဆိုသည်။ အစိုးရဘက်မှ KIA တပ်မဟာ ၂ နယ်မြေအတွင်း ပြီးခဲ့သည့် သင်္ကြန်ရက်များအတွင်း စစ်ကိုင်းတိုင်း အခြေစိုက် နမခ မှ အနည်းဆုံး တပ်ရင်း ၃ ရင်းခန့်က ချင်းတွင်းမြစ်မှ ဝင်ရောက်လာနေသည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောသည်။

“တိုက်ပွဲက အရင်လောက် မဖြစ်ဘူး။ ဒါပေမယ့် တပ်လှုပ်ရှားမှုတွေ များလာပြီးတော့ အခုက စစ်ကိုင်းတိုင်း နမခ တပ်တွေက ကျနော်တို့တပ်မဟာ ၂ ဂွင်ထဲကို ဝင်လာတာ ရှိတယ်။ ချင်းတွင်းမြစ် အထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်း
ဒေသ၊ ခန္တီးအထက် တနိုင်းမြို့ရဲ့ အောက်ဘက်မှာ ဗျူဟာအလိုက် ဝင်လာတာပါ။ ချင်းတွင်းမြစ်ကြောင်းကနေ ကားနဲ့ရော စစ်လှေတွေနဲ့ ဝင်လာတယ်”ဟု သူက ပြောသည်။

မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှု ပုံစံမဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေးကိုသာ ဖော်ဆောင်ရန် အတွက် ဖိအားပေးခြင်း ဖြစ်သည်ဟု KIO က ယူဆနေသည်။ ယနေ့ထိ အစိုရး၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ဘက်မှ ထပ်မံ ဆွေးနွေးရန် အကြောင်းကြားလာခြင်း မရှိသေးကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့ထုတ် ကြေးမုံသတင်းစာတွင်မူ ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေးအဖွဲ့နှင့် ကေအိုင်အို/
ကေအိုင်အေတို့အကြား ၂ဝ၁၁ ခုနှစ် ဇွန်လမှ သြဂုတ်လအတွင်း သုံးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကေအိုင်အို/ကေအိုင်အေတို့အကြား ကေအိုင်အို/ကေအိုင်အေဘက်မှ တောင်းဆို သည့်အတိုင်း ရွှေလီမြို့တွင် သုံးကြိမ်တိုင်တိုင် တွေ့ဆုံ၍ ထာဝရငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်း
ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

သို့သော် ထာဝရငြိမ်းချမ်းရေး အလှမ်းကွာဝေးနေရသည်မှာ “တဖက်သတ် သဘောထားအမြင် တင်းမာကြသည့်
ကေအိုင်အို/ကေအိုင်အေ ခေါင်းဆောင်ပိုင်းအချို့ကြောင့်” ဟု ကြေးမုံသတင်းစာတွင် ရေးသားဖော်ပြထားသည်။

KIA (၄၂)ဦး လက်နက်ချ


ဒီကနေ့ သတင်းစာထဲမှာ KIA တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက်ချတဲ့ သတင်း တွေ့ရပါတယ်။ မြစ်ကြီးနား ဒေသမှာပါ တဲ့။
အစိုးရနဲ့ KIA တို့ ဆွေးနွေးပွဲ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ထာဝရ ငြိမ်းချမ်းရေး မရသေးတာဟာ KIA ခေါင်းဆောင်ပိုင်း တချို့ သဘောထား တင်းမာ နေတာကြောင့်ဖြစ်တယ် လို့ ရေးထားပါတယ်။

နိုင်ငံတော် သမတကြီး ဦးသိန်းစိန်ရဲ့ ထိုးစစ်မဆင်ဖို့ ညွှန်ကြားချက် အကြောင်းတော့ သတင်းရှည်ကြီးထဲမှာ မတွေ့ရပါ။ အရေးမပါလို့ ထည့်မရေးတာ ဖြစ်ပါလိမ့်မယ်း)


တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်သော KIA အဖွဲ့ လက်နက်ချ


ကချင် လွတ်မြောက်ရေး တပ်မတော် (KIO) တပ်မဟာ (၅) လက်အောက်ခံမှ တပ်ကြပ် ကျော်ဆန်း ခေါင်းဆောင်သော တပ် ဖွဲ့ဝင် ၃၅ ယောက်သည် မြစ်ကြီးနား မြို့နယ် တာလောကြီး နယ်မြေရှိ တပ်မတော် စခန်းသို့ ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် လက်နက်ချ ခဲ့သည်ဟု (FNG) သတင်းအရ သိရှိ ရပါသည်။ 

အလားတူ ယမန်နေ့ ဧပြီလ (၁၇) ရက်နေ့တွင်လည်း KIAတပ်ဖွဲ့ဝင် (၂) ဦးသည် မြစ်ကြီးနားမြို့ တပ်စခန်းသို့ လည်းကောင်း၊ ည နေပိုင်းတွင် တပ်ဖွဲ့ဝင် (၅) ဦးသည် တာလောကြီး တပ်စခန်းသို့ လည်းကောင်း ထပ်မံ ၀င်ရောက် လာခဲ့ပြီး စုစုပေါင်း တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက် ချခဲ့ကြကြောင်း သတင်းက ဆိုပါသည်။

K_017ရှေ့တန်း စခန်းတနေရာ (ဓါတ်ပုံ KIA)
မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ ကချင်အရာရှိ ၊စစ်သည် ၃ဦး အား အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ စတင်ဖြစ်ပေါ်လာသည့် KIA နှင့် မြန်မာ စစ်တပ်ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် တ ဖြည်းဖြည်းအ ရှိန်မြင့် လာခဲ့ကြပါသည်။
တိုက်ပွဲများကြောင့် အပြစ်မဲ့တဲ့ပြည်သူများ၊  ဒုက္ခသည်များ ဖြစ်ခဲ့ကြသည်ဟု KIO ဖက်က ပြောဆိုခဲ့သလို မြန်မာစစ်တပ်မှ အရာရှိ တစ်ဦးကလည်း ဒုက္ခသည်များသည် KIO မိသားစုဝင်များ သာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
 K_047KIA ၏မြေပုံ စစ်ဆင်ရေး သင်တန်းပြကွက် တခု (ဓါတ်ပုံ - KIA)
ယခုဖြစ်ပွားနေသော တိုက်ပွဲတွင် မြန်မာ စစ်တပ်၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားနေသလို KIA၏ ခံစစ်အားကောင်းမှု ကြောင့်လည်းကောင်း၊ နယ်မြေ စိုးမိုးရေး ကျွမ်းကျင်မှုတွေကြောင့် လည်းကောင်း နှစ်ဖက်စလုံး ထိခိုက်မှု များပြား သည်ဟု ဆို ပါသည်။
အစိုးရနှင့် KIO တို့သည်၊ အပစ်အခတ် ရပ်စဲရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါသည်။ တိုက်ပွဲများသည်၊ နိုင်ငံရေးပြသနာ ၏နောက်ဆက်တွဲဖြစ်သည်၊ နိုင်ငံရေး အရ ဆွေးနွေးမှု ပြေလည်ပါက အပစ်အခတ် ရပ်စဲရေးသည်လည်း ရပ်တန့်မည်ဟု KIO ဖက်မှ ရပ်တည်သလို၊ အပစ်ရပ်ပြီးမှ နိုင်ငံရေးအရ ဆက်ဆွေးနွေးလို့ ရမည်ဟု အစိုးရ ဖက်က သဘောထား ခဲ့သည့်အတွက် အခုချိန်ထိ မပြေလည်ခြင်း ဖြစ်ပေသည်။

ကချင် နိုင်ငံရေးရပိုင်ခွင့်အတွက် KBC အသင်းတော်များ ၂၄-နာရီ ဆုတောင်း

By KNG

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အသင်းတော်ဝင်များက “ကချင်ပြည်နယ်ကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိရေးအတွက်” ၂၄-နာရီ အစာရှောင်ဆုဆောင်းပွဲ ပြုလုပ်ခဲ့သည်။

ဆုတောင်းခြင်းအစီစဉ်ကို ဧပြီ ၁၆ တနင်္လာနေ့ နံနက် ၆ နာရီမှ ယနေ့ အင်္ဂါနေ့ နံနက် ၆ နာရီထိ ပြုလုပ်ခဲ့သည်။

အစာရှောင်ဆုတောင်းချက်တွင် “နိုင်ငံရေးအခွင့်အရေးနှင့် ကချင်ပြည်သူများ လုံးဝလွတ်လပ်ရေးရရှိရန်” အဓိက ဆုတောင်းခဲ့ကြသည်ဟု ပါဝင်ဆုတောင်းသူများပြောသည်။

KBC ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရုံး၊ မြစ်ကြီးနားမြို့။

ယခင်က ဆုတောင်းခြင်းတွင် “ကချင်ပြည်နယ်နှင့် မြန်မာပြည်တခုလုံး ငြိမ်းချမ်းရေးအတွက် ဆုတောင်းရန်” KBC အသင်းတော်များ ပြုလုပ်ခဲ့သော်လည်း ယခုအခါ “ကချင်ပြည်တွင် ထာဝရဘုရားသခင်ပေးသော လုံးဝကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိရေးကို” ပြီးခဲ့သည့်နှစ်မှ ပြောင်းလဲဆုတောင်းလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတ၀န်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အောက် အသင်းတော်ဇုံနယ် ၁၅ နှင့် ၎င်းအောက် အသင်းတော်ပေါင်း ၃၀၀ ကျော်ရှိသည်ဟု မြစ်ကြီးနား KBC ရုံးချုပ်က ဆိုသည်။

တနိုင်ငံလုံးအတိုင်းအတာဖြင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ဝင် လေးသိန်း ကျော်ရှိသည်ဟု KBC ကဆိုသည်

ကရင်ငြိမ်းချမ်းရေးဆွေးနွေးမှုနဲ့ နော်မေဦးရဲ့အခန်းကဏ္ဍ

ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဒုတိယခရီးစဉ်အဖြစ်နဲ့ မကြာသေးခင်တုန်းက မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ အဲ့ဒီလို လာရောက်ရာမှာ KNU ကိုယ်စားလှယ်အဖွဲ့မှာ ပြောခွင့်ရအမျိုးသမီးအဖြစ်နဲ့ ပါလာတဲ့ နော်မေဦးရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ဒေါ်လှလှသန်း က နော်မေဦး ကို မေးမြန်းပြီးတော့ ဒီသီတင်းပတ်မှာ တင်ဆက်ထားပါတယ်။

Wednesday, April 18, 2012

ကေအဲန်ယူနှင့်မြန်မာ အစိုးရ တနင်္သာရီတိုင်းဆွေးနွေးပွဲ (ရုပ်သံ)

NLDပါတီဝင်ဟောင်း ဒေါ်အုန်းလှ။

မြစ်ဆုံရေကာတာထဲ ခရစ်ယာန် လက်ဝါးကပ်တိုင် ဆုတောင်းခြင်းကို ရဲများ မေးမြန်း

Monday, 16 April 2012


ပြည်နယ် ဧရာဝတီ မြစ်ဆုံရေကာတာ ဧရိယာထဲ ကချင်နှစ်ခြင်းခရစ်ယာန် လက်ဝါးကပ်တိုင်တောင်တွင် အထူး ဆုတောင်း အစီအစဉ် ပြုလုပ်ခြင်းကြောင့် မြစ်ဆုံ တန်ဖရဲကျေးရွာမှ သင်းအုပ်ဆရာ Rev. ဘရန်နူးအား ရဲများ မေးမြန်းရန် ဧပြီ ၁၆၊ ယနေ့ဆင့်ခေါ်လိုက်ကြောင်း ရွာသားများပြောသည်။

ရေကာတာ စီမံကိန်းအထဲမှ ရွာသားများကို ပြန်လည်နေရာချပေးသည့် အစိုးရ အောင်မြင်သာ စံပြကျေးရွာမှ ပြည်သူ့ရဲများက ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ သို့သော် သင်းအုပ်ဆရာဘရန်နူးမှာ မသွားပဲနေသည် ဟု အသင်းတော်က ဆိုသည်။

ဆုတောင်းပွဲကို ဧပြီ ၁၅ ရက် တနင်္ဂနွေနေ့ Easter Sunday ၀တ်ပြုကိုးကွယ်ခြင်းနှင့်အတူ ပူးတွဲ၍ လက်ဝါးကပ်တိုင် စိုက်ထူထားသောနေရာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Kachin Baptist Convention)မှ အသင်းတော် ဆရာများနှင့် တန်ဖရဲရွာသားများ ၅၀ ကျော် တက်ရောက်ခဲ့သည်။

လက်ဝါးကပ်တိုင်ကို မလိခ-အင်မိုင်ခ (မလိခ-မေခ)မြစ်နှစ်ခု ဆုံဆည်းရာ မြစ်ဆုံအနီး အရှေ့ဘက်တောင်ထိပ်တွင် မြစ်ဆုံရွာ တန်ဖရဲမှ နှစ်ခြင်းနှင့် ရိုမန်ကတ်သလစ် အသင်းတော်တို့မှ လက်ဝါးကပ်တိုင်ကြီး နှစ်ခုအား နေရာတခုစီတွင် သီးခြား စိုက်ထူထားခြင်းဖြစ်သည်။

prayer-service-myitsone-dam
ဧပြီ ၁၅၊ ၂၀၁၂ ရက်က Easter Sunday ၀တ်ပြုဆုတောင်းခြင်း အစီအစဉ်အား မြစ်ဆုံရေကာစီမံကိန်း ဧရိယာရှိ ကချင်နှစ်ခြင်းခရစ်ယာန် လက်ဝါးကပ်တိုင် တောင်တွင် ပြုလုပ်ခဲ့သည်။
tanghpre-village-postertanghpre-rc-churchtanghpre-bridge
၎င်းလက်ဝါးကပ်တိုင်များကို ပြောင်းရွှေ့ပေးရန် မြစ်ဆုံရေကာတာစီမံကိန်း တာဝန်ယူတည်ဆောက်နေသည့် မြန်မာပြည်မှ အေးရှားဝေါလ်ကုမ္ပဏီနှင့် တရုတ်အစိုးရပိုင် စီပီအိုင် (China Power Investment Corporation, CPI) တို့က အသင်းတော် နှစ်ပါးမှ ခေါင်းဆောင်များအား ၂၀၁၁ ယမန်နှစ်မှ ဖိအားပေးနေခြင်းဖြစ်သည်။

သို့သော် အသင်းတော်များမှ ပြောင်းရွှေ့ပေးခြင်းမရှိပဲ ၄င်းလက်ဝါးကပ်တိုင်ကို ကြွေပြားဖြင့်ပြန်လည် ပြုပြင်မွန်းမံပြီး ဆုတောင်းရာတွင် “လက်ဝါးကပ်တိုင်နှင့် ဧရာဝတီ မြစ်ဆုံ ထာဝရတည်မြဲပါစေ” ဟူသော ရည်ရွယ်ချက်ဖြင့် ဆုတောင်းခြင်းဖြစ်သည် ဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ စားဂျီးကပြောသည်။

ထို့အတူ CPI ကုမ္ပဏီမှ ယခုသင်္ကြန်ပွဲပြီးလျင် တန်ဖရဲ ဒေသခံများနှင့် အစည်းအဝေးပြန်လည်ကျင်းပရန် အစီအစဉ်ရှိသည်ဟုလည်း သိရသည်။

ယင်းအစည်းအဝေးတွင် မြစ်ဆုံရေကာတာသည် ဒေသခံပြည်သူများအတွက် အကျိုးအများကြီးရှိကြောင်း အကောင်းဘက်က ရှင်းလင်းပြောကြားရန်ဖြစ်ပြီး ဆုံးရှုံးသွားသည့် အိမ်ခြံမြေများအတွက်လည်း ထပ်ပိုး ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပြောထားသည်ဟု စားဂျီးကပြောသည်။

သင်္ကြန်အပြီးနောက်ပိုင်းမှ တန်ဖရဲရွာတွင် ဒေသခံများ “လုံးဝ မရှိရ” ဟု အစိုးရ ရွှေ့ပြောင်း အောင်မြင်သာရွာ အုပ်ချုပ်ရေးရုံးမှ သတိပေးထားသည်ဟု ရွာသားများဆိုသည်။

ဧပြီ ၁၄ ရက် စနေနေ့တွင်လည်း နောက်ထပ် မြန်မာအစိုးရစစ်သား ၁၀၀ ကျော် စစ်ကား (၄) စီးဖြင့် တန်ဖရဲရွာသို့ ရောက်ရှိလာသည်ဟု ရွာသားများဆိုသည်။

တန်ဖရဲရွာသည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းပေါ်တည်ရှိပြီး စစ်သားများက ရွာထဲဖြတ်သွားသည့် ကုန်တင်ကားများမှ အဓမ္မငွေကြေးကောက်ခံနေရာ ပြီးခဲ့သည့်အပတ်မှ ပိုမိုခြိမ်းခြောက် ကောက်ခံလာကြောင်းသိရသည်။

THE LADY ရုပ်ရှင် အစအဆုံး -မြန်မာစာတမ်းထိုး(ရုပ်/သံ)

ဒီရုပ်ရှင်ကားကို အထပ်ထပ်ပိတ်ဆို့ ထားသည့်ကြားမှ အခုလို ကြည့်ခွင့် ရသည့် အတွက် မိတ်ဆွေများအားလုံးကြည့်ရူ့ နိုင်ရန် လင့်ကို ထပ်ဆင့် ဖြန့်ဝေပေးလိုက်ပါသည်။

သည်အမျိုးသမီး(မြန်မာစာတမ်းထိုး)

 

သြစတြေးလျအစိုးရ AusAID ပညာတော်သင်ဆု

Written by မြတ်ပန်းရှင်

အခြေခံပညာရေး၊ အစားအစာဖူလုံရေး၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုနှင့် မိခင်နှင့် ကလေးကျန်းမာရေးပညာ ဘာသာရပ်များအတွက် ရိုးရိုးဘွဲ၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများကို မြန်မာကျောင်းသားများအတွက် ချီးမြှင့်ရန် စီစဉ်ထားရှိကြောင်း သတင်းရရှိပါသည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးရန် အထူးလိုအပ်နေသည့် မြန်မာနိုင်ငံအတွက် ဦးစားပေး အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

မြန်မာပြည်တွင်းမှ ကျောင်းသား ၃၀ ဦး သြစတြေးလျတွင် ပညာတော်သင်ဆုဖြင့် ကျောင်းတက်ခွင့် ရရှိနိုင်မည်။

လျှောက်လွှာများကို ဧပြီလ ၃၀ ရက်နေ့ ၂၀၁၂ နောက်ဆုံးထားပြီး လျှောက်ထားရမည်။

အွန်လိုင်းလျှောက်လွှာများကို http://oasis.ausaid.gov.au တွင် တင်သွင်းနိုင်ပါသည်။

သြစတြေးလျသံရုံး။ ရန်ကုန်မြို့တွင်လည်း ၃၀ ရက် ဧပြီလ ၂၀၁၂ နေ့နောက်ဆုံးထားပြီး လျှောက်လွာတင်နိုင်ပါသည်။ ၂၀၁၃ တွင် ကျောင်းစတင် တက်ရောက်ရမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက -

Further Information

Further information about the Australian Agency for International Development (AusAID) and the various Australian tertiary institutions and courses can be found at:

http://www.ausaid.gov.au/scholar/studyin.cfm

More general information about the Australia Awards, studying in Australia and AusAID can be found at

www.australiaawards.gov.au

http://studyinaustralia.gov.au/

www.ausaid.gov.au

Contact Details

Ms Thin Pyie Oo (Linda) Scholarships Coordinator AusAID
Australian Embassy
88 Strand Road Yangon, Myanmar
Phone: +95 (0) 1 251810 ext 212
Fax: +95 (0) 1 246159

Email: scholarships.rangoon@dfat.gov.au
Web: www.ausaid.gov.au

မောက္ခပညာတော်သင်ဆုသတင်း
http://www.maukkha.org/index.php/news-menu/myanmar-educational-news-maukkha/2032-ausaid-scholarships-myanmar

ရထားဝန်ကြီး ဦးအောင်မင်း နော်ဝေးနိုင်ငံကို ရောက်ရှိ

2012-04-16

သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်းဟာ နော်ဝေးနိုင်ငံ အော်စလိုမြို့ကို မနေ့က ရောက်ရှိလာပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ မြန်မာအစိုးရကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နော်ဝေးအစိုးရကို ရှင်းလင်းပြောဆိုဖို့ ဖြစ်တယ်လို့ နော်ဝေး နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။

ဒါ့အပြင် နော်ဝေးနိုင်ငံဘက်က မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းလိုက်တာရဲ့ အကျိုးသက်ရောက်မှု တစ်ရပ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အလားတူ ကေအင်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဗိုလ်မှူးတူးတူးလေးလည်း ညှိနှိုင်းဆွေးနွေးရေးသင်တန်း တက်ရောက်ဖို့ နော်ဝေးနိုင်ငံကို ရောက်ရှိနေပါတယ်။ ယော်ဗစ်မြို့က နော်ဝေး-မြန်မာ မိတ်ဆွေများအသင်းနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်မှူးတူးတူးလေးက အခုလို ၀န်ကြီး ဦးအောင်မင်း ရောက်ရှိနေချိန်အတွင်း နော်ဝေးရောက် မြန်မာတိုင်းရင်းသားများ အနေနဲ့ မြန်မာအစိုးရကို ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စအတွက် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ တိုက်တွန်းသင့်ကြောင်း ပြောဆိုခဲ့တယ်လို့ အသင်းဝင် ဦးဇော်ဝင်းက ပြောပါတယ်။

နော်ဝေး အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေမှာ ပါဝင်ကူညီလိုတဲ့ ဆန္ဒရှိကြောင်း နော်ဝေး နိုင်ငံခြားရေး ၀န်ကြီးဌာနကလည်း ပြောဆိုပါတယ်။

မြန်မာအစိုးရအပေါ် ဗီဇာ ပိတ်ပင်ထားတာနဲ့ ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားတာတွေကို ရုပ်သိမ်းကြောင်း နော်ဝေးအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်ရောင်းချရေးနဲ့ ကျောက်မျက်၊ သတ္ထု၊ သစ် စတဲ့ ကုန်သွယ်မှု ကဏ္ဍကိုတော့ နော်ဝေးနိုင်ငံက ဆက်လက် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂ အီးယူဟာ လာမယ့်ဧပြီလ (၂၃) ရက်နေ့မှာ မြန်မာ့အရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်။

Refugees hope for ceasefire in Myanmar by reuters


Refugees hope for ceasefire in Myanmar 投稿者 reuters

စစ်မြေပြင်အတွင်း ကရင့်ပညာရေးဌာန လှုပ်ရှားမှု ပုံရိပ်များ

ကရင့်တော်လှန်ရေးနယ်မြေအတွင်း ကျောင်းပေါင်း ၉၇၉ ကျောင်းရှိကြောင်း ယခုဗီဒီယိုမှတ်တမ်းလေးမှ သိရှိရပါသည်။ ကလေးသူငယ်များ လူညွန့် မတုံးစေရန်အလို့ ဌာ တောတွင်းမှာ ပေးဆပ်နေတဲ့ မျိုးချစ် ဆရာ၊ ဆရာမများအားလုံး နှင့် ကရင့်ပညာရေးဌာနမှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါကြောင်းနှင့် အစဉ်လေးစားလျက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။