Saturday, April 6, 2013

တိုင်းရင်းသား ခေါင်းဆောင်တွေ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေဟာ ဒီကနေ့ ညနေပိုင်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe အပါအ၀င် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းရဲ့ ဖိတ်ကြားချက်အရ ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အန်ဘန်လ ဦးဆောင်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် ၂၁ ဦးဟာ ဂျပန်နိုင်ငံကို မနေ့က ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေကြား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အဖွဲ့မှာပါတဲ့ ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF) အဖွဲ့က ကိုမိုင်ကျော်ဦးက ပြောပါတယ်။

သူတို့ကို ဖိတ်ကြားခဲ့တဲ့ ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းနေတဲ့အဖွဲ့ဖြစ်သလို တိုင်းရင်းသား နယ်မြေတွေရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာလည်း ကူညီနေတဲ့အဖွဲ့ဖြစ်ပါတယ်။

UNFC ခေါင်းဆောင်တွေရဲ့ ခရီးစဉ်ဟာ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေးအီဆာဆာကာဝါကို မြန်မာနိုင်ငံ တိုင်းရင်းသားရေးရာဆိုင်ရာ သံအမတ်ကြီး ခန့်အပ်လိုက်ပြီးနောက်ပိုင်း ဖိတ်ကြားတဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်အတွင်း UNFC ခေါင်းဆောင်တွေဟာ ဂျပန်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ အပါအ၀င် လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။

ခရီးစဉ်မှာပါသွားတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကို RFA ၀ိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

Friday, April 5, 2013

ကေအန်ယူ ဒု-ဥက္ကဋ္ဌ စီးနင်းလာသည့်ကား တိမ်းမှောက်


Published on April 5, 2013 by ဒီဗွီဘီ · No Comments
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန် စီးနင်းလာတဲ့ကား ဟာ ဒီနေ့ မွန်းလွဲ ၃ နာရီလောက်မှာ ထိုင်း-မြန်မာနယ်စပ် ထာ့ဆောင်ယန်းမြို့နယ် မယ်ရမတ်နဲ့ မယ်လ ဒုက္ခသည်စခန်းကြားမှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။

ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး ၂ ဖြစ်သူ နော်စီးယိုဖောက “မယ်လစခန်းနဲ့ မယ်ရမတ်ကြားမှာ တိမ်းမှောက်သွားတာ ဖြစ်တယ်။ ကားပေါ်မှာ ဒရိုင်ဘာ အပါအ၀င် ၆ ယောက်ပါတယ်။ ကားက ချောက်ထဲကျသွားတော့ ၆ ယောက်စလုံး ဒဏ်ရာရတယ်။ ၂ ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ ဆရာမ စီဖိုးရာ အခြေအနေကိုတော့ မသိသေးဘူး” လို့ ပြောပါတယ်။

ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ အဖွဲ့ဟာ ကရင်ပြည်နယ် ကေအန်ယူ တပ်မဟာ ၇ ထိန်းချုပ်နယ်မြေတနေရာမှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) နေ့ အခမ်းအနားကို တက်ရောက်ပြီး အပြန်မှာ အခုလို ကားတိမ်းမှောက်ခဲ့တာပါ။

ကေအန်ယူ ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်အပါအ၀င် ဒဏ်ရာရရှိသူတွေကို မဲဆောက်မြို့ ဆေးရုံကြီး ပို့ဆောင်ထားတယ်လို့ နော်စီးယိုဖောက ပြောပါတယ်။





KNU နှင့် သဘောတူ ထားခြင်းကို အစိုးရ မလိုက်နာ

03 April 2013

တနှစ်ကျော်ကြာ အပစ်အခတ် ရပ်စဲ ထားသော်လည်း သဘော တူညီချက်များ တိတိကျကျ အကောင်အထည် ဖေါ်မှု မရှိ သေးသည့် အတွက် အစိုးရနှင့် ထပ်မံ တွေ့ဆုံဖို့ လိုအပ် နေကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ပြောရေး ဆိုခွင့် ရှိသူ အထွေထွေ အတွင်းရေးမှူး စောကွယ်ထူးဝင်း က ဆိုပါသည်။
...
“ပြန်တွေ့ဖို့ လိုအပ်တယ်။ အပစ်အခတ် ရပ်စဲရေးလဲ လုပ်ထားပြီးတော့ သဘော တူညီချက်တွေ တိတိ ကျကျ ဘာမှလဲ အကောင် အထည် မဖော်နိုင် သေးဘူး။ အဲဒီတော့ ရေရှည် အတွက် မကောင်း ဘူးလေ။ ဒါကြောင့် ပြန်လည် ဆွေးနွေး နိုင်ဖို့ ဒီပြီး ခဲ့တဲ့ မတ်လ (၂၈) ရက်နေ့ ညနေ ပိုင်းမှာ ဦးအောင်မင်း တို့နဲ့ အလွတ်သဘော တွေ့ဖြစ် ခဲ့တယ်” ဟု ဆိုပါသည်။

ကရင် အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့ တို့၏ အလွတ် သဘော တွေ့ဆုံပွဲကို ကရင်ပြည်နယ် ဖားအံမြို့ပေါ်ရှိ ဇွဲကပင် ခန်းမ၌ ပြုလုပ် သွားကြောင်း ဆိုပါသည်။ ဤဆွေးနွေး မှုသည် မတ်လ ၂၈ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ နှစ်ရက်တာ ကျင်းပသော ပထမ အကြိမ်မြောက် ကရင်ရေးရာ အစည်း အဝေးပွဲသို့ တက်ရောက် လာသော ဦးအောင်မင်း တို့အဖွဲ့နှင့် တွေ့
ဆုံ ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

KNU သည် အပစ်အခတ် ရပ်စဲရေး သဘော တူပြီးနောက် KUN ဒေသတွင်း အခြေစိုက် ထားသည့် အစိုးရ တပ်ခန်း (၃၀၀) ခန့် အနက် တရာ ခန့်ကို ဆုတ်ခွာ ပေးရန် တောင်းဆို ထားခဲ့ သည်ဟု ဆိုပါသည်။ ဤတောင်းဆို မှုနှင့် ပါတ်သက်ပြီး၊ သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ် တို့ကိုလည်း တင်ပြ ထားပြီး ဖြစ်သော်လည်း ယနေ့ အထိ အကြောင်း ပြန်ကြားချက် မရခဲ့ သေးဟု သိရ ပါသည်။

“မင်းအောင်လှိုင်နဲ့ တွေ့တုန်း ကဆို အဲဒီ တောင်းဆို ချက်တွေကို တင်ပြတော့ သူက ဒါတွေ မလိုပါ ဘူးဗျာလို့ ပြန်ပြော ခဲ့တယ်လေ။ ကျနော်တို့ ကတော့ ညှပ်ပူး ညှပ်ပိတ်နဲ့ အပစ် အခတ် ရပ်စဲ ရေးကို လက်ခံ လိုက်ရတဲ့ သဘောကို ဖြစ်နေပြီ။ ဒီတော့ ဒီအတိုင်းဆို လိုချင်တဲ့ ငြိမ်းချမ်းရေး ရေရှည် သွားမဲ့ သဘော မဆောင် တော့ဘူးလို့ ထင်ပါတယ်” ဟု KNU တပ်မှူး တဦးက ဆိုပါသည်။

အစိုးရသည် KNU တုန့်ပြန်မှုကို ကြိုတင် ပြင်ထားပြီး ဖြစ်သည်ဟု ယူဆ နိုင်ပါသည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ လဆန်း ပိုင်းမှ စတင်ကာ KNU တပ်မဟာ (၂) နယ်မြေရှိ ကရင်ပြည်နယ် သံတောင်မြို့နယ် ဘောဂလိ ဒေသသို့ ရိက္ခာတင် ကား အစီး ၁၅၀ ဖြင့် အင်အား ဖြည့်ခဲ့သည်။

ထို့အတူ ၂၀၁၂ ခုနှစ် ဖေဖော် ဝါရီလ (၅) ရက်နေ့တွင် အစိုးရ တပ်မ ၆၆ မှ စစ်ကား အစီး၇၀ ဖြင့် တောင်ငူမြို့နယ် ဘောဂလိ ဒေသသို့ ရောက်ရှိ ခဲ့ပြီး ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် နောက်ထပ် စစ်ကား အစီး (၈၀) ထပ်မံ အင်အား ဖြည့်ခဲ့သည်။

“ဤနယ်မြေဟာ စစ်ဆင်ရေး နယ်မြေလို့ သူတို့ ပြောတယ် ဒါကြောင့် အရင်က အတိုင်းဘဲ ပေါ်တာတွေ ပေးရမယ် ဆိုပြီး ပြောပါတယ်” ဟု ဘောဂလိဒေသခံ တစ်ဦးက ဆိုခဲ့ ပါသည်။

ဤကဲ့သို့ အင်အား ရိက္ခာ လက်နက် ပစ္စည်းများ ပို့ဆောင် နေခဲ့ ရာ ၂၀၁၂ ခုနှစ် မတ်လ (၄) ရက်နေ့တွင် ကရင်ပြည်နယ် ဖာပွန် မြို့နယ် အတွင်းရှိ KNU တပ်မဟာ (၅) ထိန်းချုပ် နယ်မြေ အတွင်းသို့ တင်ပို့ ချိန်၌ ကျော်ဝင် လာသော အစိုးရ တပ်ဖွဲ့ကို KNU က တိုက်ခိုက် ခဲ့ပါသည်။

ဤတိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက် ၂၀၁၂ ခုနှစ် မတ်လ (၉) ရက်နေ့တွင် ၄င်း KNU တပ်ဖွဲ့ တို့ကို အစိုးရ တပ်ဖွဲ့က လာရောက် တိုက်ခိုက် ခဲ့ပါသည်။ ဤနည်းဖြင့် KNU နှင့် အစိုးရ အဖွဲ့တို့ ပြည်နယ် အဆင့် ပဏာမ အပစ်အခတ် ရပ်ဆိုင်းရေး သဘော တူညီမှု လက်မှတ် ထိုးပြီး နောက်ပိုင်း KNU တပ်မဟာ (၅) တွင် စုစုပေါင်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွား ခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဇန္နာဝါရီ လ ၁၂ ရက်နေ့တွင် KNU နှင့် အစိုးရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့တို့သည် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရအဖွဲ့၏ မူ (၅) ချက်ကို နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။ KNU ဘက်မှ တင်ပြထားသည့် အချက် (၁၁) ချက်ကို ပြည်ထောင်စု အဆင့် တွေ့ဆုံ ပွဲ၌ ဆက်လက် ဆွေးနွေး သွားကြရန် သဘောတူ ထားခဲ့သည်။

အစိုးရ အဖွဲ့၏ မူ (၅) ချက် အတွင်းမှာ တပ်နေရာ ချထားရေး အတွက် ပါရှိ ခဲ့ပြီး ၊ KNU ၏ အချက် (၁၁) ချက် အတွင်းမှာ တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲရေးကို အစိုးရ ဘက်က ထုတ်ပြန် ပေးရန်တို့ ပါရှိ ခဲ့သည်။

၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ပြည်ထောင်စု အဆင့်အဖြစ် ရန်ကုန် မြို့တွင် ထပ်မံ ဆွေးနွေးပြီး ဆုံးဖြတ်ချက် (၁၃) ချက် သဘော တူညီ ခဲ့ကြ ပါသည်။ ဤအချက် များထဲ၌ တပြည်လုံး အတိုင်းအတာ ဆောင်သည့် အပစ်အခတ် ရပ်စဲ ရေးကို အစိုးရ ဘက်က ကြေညာ ပေးရန်လည်း ပါရှိ ခဲ့ပါသည်။

ဤကဲ့သို့ သဘော တူထား ခဲ့သော်လည်း အစိုးရ ဘက်မှ လိုက်နာ ခဲ့ခြင်း မရှိ သောကြောင့် KNU မှ တောင်းဆို နေခြင်း ဖြစ်ပါသည်။ ဦးအောင်မင်းနှင့် နောက်ဆုံး တွေ့ဆုံ ခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လ (၂၈) ရက်နေ့ ဖားအံ မြို့ပေါ်ရှိ ဇွဲကပင် ခန်းမ တွေ့ဆုံ ပွဲတွင်လည်း KNU ၏ တောင်းဆိုချက်များ အဆုံးအဖြတ် မပေးနိုင် သေးကြောင်း ဦးအောင်မင်းက ဆိုခဲ့ ပါသည်။

ဤသို့ကြောင့် KNU သည် သဘောတူ ထားသည့်အတိုင်း အစိုးရ ဖက်မှ လိုက်နာခြင်း မရှိပါက ငြိမ်းချမ်းရေး အတွက် အလားအလာ မကောင်းဟု KNU က ပြောဆို နေခြင်း ဖြစ်ပါသည်။

KNU သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး အတွက် ၁၉၄၉ ခုနှစ်မှ စ၍ မြန်မာ အစိုးရ အဆက်ဆက်အား ဆန့်ကျင် တော်လှန် ခဲ့သော အဖွဲ့အစည်း ဖြစ်ပါသည်။

Thursday, April 4, 2013

ကရင့်ရေးရာ ညီလာခံ (ရုပ်သံ)



တိုင်းရင်းသား ခေါင်းဆောင်တွေ ဂျပန်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ

WEDNESDAY, APRIL 3, 2013
ဂျပန်နိုင်ငံကို ရောက်ရှိနေကြတဲ့ ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေဟာ ဒီကနေ့ ညနေပိုင်းက ဂျပန်ဝန်ကြီးချုပ် Shinzo Abe အပါအ၀င် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Fumio Kishida တို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းရဲ့ ဖိတ်ကြားချက်အရ ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အန်ဘန်လ ဦးဆောင်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင် ၂၁ ဦးဟာ ဂျပန်နိုင်ငံကို မနေ့က ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေကြား အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ် တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ အဖွဲ့မှာပါတဲ့ ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး (PSLF) အဖွဲ့က ကိုမိုင်ကျော်ဦးက ပြောပါတယ်။

သူတို့ကို ဖိတ်ကြားခဲ့တဲ့ ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြား ငြိမ်းချမ်းရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းနေတဲ့အဖွဲ့ဖြစ်သလို တိုင်းရင်းသား နယ်မြေတွေရဲ့ဖွံ့ဖြိုးရေး စီမံကိန်းတွေမှာလည်း ကူညီနေတဲ့အဖွဲ့ဖြစ်ပါတယ်။

UNFC ခေါင်းဆောင်တွေရဲ့ ခရီးစဉ်ဟာ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေးအီဆာဆာကာဝါကို မြန်မာနိုင်ငံ တိုင်းရင်းသားရေးရာဆိုင်ရာ သံအမတ်ကြီး ခန့်အပ်လိုက်ပြီးနောက်ပိုင်း ဖိတ်ကြားတဲ့ ပထမဆုံးခရီးစဉ် ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခရီးစဉ်အတွင်း UNFC ခေါင်းဆောင်တွေဟာ ဂျပန်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေ အပါအ၀င် လူမှုရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း သိရပါတယ်။


Tuesday, April 2, 2013

ဂျပန်နိုင်ငံသို့ တိုင်းရင်းသားခေါင်းဆောင် UNFC ကိုယ်စားလှယ်များအား ဂျပန်ရှိ တိုင်းရင်းသားများတို့မှ သွားရောက်ကြိုဆို



ညနေ ၈း၃၀ နာရီခန့် နောက်ဆုံးအသုတ်မှ ရောက်ရှိလာသော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ကိုယ်စားလှယ် ၁၈ ဦးအား ကြိုဆိုနေစဉ်။
ယနေ့ နံနက် ၁၁း၃၀ တွင် ပထမအသုတ် ရောက်ရှိလာသော UNFC အဖွဲ့ဝင်များဖြစ်သည့် KIO နှင့် KNPP ကိုယ်စားလှယ်တို့အား ကြိုဆိုခဲ့ပါသည်။
နေ့လည်ပိုင်းမှာ အိန္ဒိယ ဘက်ခြမ်းမှ ရောက်ရှိလာသော ALP နှင့် CNF ကိုယ်စားလှယ် တို့အား သွားရောက် ကြိုဆိုခဲ့ပါသည်။

No comments:


Monday, April 1, 2013

အစိုးရဝန်ထမ်းလစာနှက့်ပင်စင်လစာ
များတိုးမြင့်သတ်မှတ်

Myanmar Peace Center ငွေကြေး ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ။

ယခုတလော မီဒီယာသတင်းများတွင် Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။

ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။


MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။

ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။

ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး စာရင်းဇယား

ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။

NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။

အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။

NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။

ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။

ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။
ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ -

- MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေမြင့်မားနေခြင်း။

- MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။

- ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။

- MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။
ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။

ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။

မောင်နိုင်အောင် (အမိမြေ)။