Friday, November 1, 2013

အောက်တိုဘာလ ၃၁ ရက်နေ့  လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေရဲ့ ဒုတိယနေ့ ဆွေးနွေးပွဲ




တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတရပ်ကို KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ဌာနချုပ် လိုင်ဇာမြို့မှာ ဒီကနေ့ စတင်ကျင်းပနေ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတရပ်ကို KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ဌာနချုပ် လိုင်ဇာမြို့မှာ ဒီကနေ့ စတင်ကျင်းပနေ ပါတယ်။



ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ ဆုံပွဲ - မြ၀တီမြို့ (ရုပ်သံ)

အပစ်ရပ် ဘုံသဘောတူချက်မရသဖြင့် ဆက်ဆွေးနွေး

Published on October 31, 2013 by ဒီဗွီဘီ   ·   No Comments

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် ဒီ ညနေပိုင်းမှာ ရရှိမယ်လို့ ပြောဆိုထားပေမယ့် ဆုံးဖြတ်ချက် မကျသေးဘူး ဖြစ်နေပါတယ်။

ဘုံသဘောထားရပ်တည်ချက်ရရေး ဆက်လက်အကောင်အထည်ဖော်ဖို့အတွက် ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်း ဦးဆောင်ပြီး အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေပါဝင်တဲ့ ကော်မတီတရပ်ကို ညီလာခံကနေ တာဝန်ပေးအပ်ခဲ့တယ်လို့ လိုင်ဇာမှာ သတင်းရယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က ကိုင်စွဲထားတဲ့မူ၊ အစိုးရဘက်က ပေးပို့လာတဲ့ အပစ်အခတ်ရပ်စဲရေးမူအပါအ၀င် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ မူသုံးချက်နဲ့ ပတ်သက်ပြီး ညီလာခံမှာ အကျေအလည် ညှိနှိုင်းဆွေးနွေးခဲ့ပေမယ့် ဆုံးဖြတ်ချက် မချနိုင်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တတိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်ရရှိရေးအတွက် ဒီညီလာခံကို နောက်တရက်ထပ်တိုးပြီး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ညီလာခံကို တရုတ်-မြန်မာနယ်စပ် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့က ပဒန်ခန်းမမှာ အောက်တိုဘာ ၃၀ ရက်နေ့ကနေ ၃၁  ရက်နေ့ထိ ကျင်းပနေတာ ဖြစ်ပြီး အခု ၁ ရက်ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

Sunday, October 27, 2013

ဦးသန်းရွှေdemocracy နိုင် ငံ ဖြစ်သွား မှာ စိုး ရိ မ် နေ


ဦးသိန်းစိန် နှင့် ကာချုပ်မင်အောင်လှိုင်တို့အား ဦးသန်းရွှေ မှ ဆူပူကြိမ်းမောင်းခဲ့

 
Hawdeka Khalaylay

လက်ပံတောင်းတောင် ဝမ်ပေါင် ဦးပိုင် ကြေးနီစီမံကိန်း အပေါ် မပြတ်မသား ကိုင်တွယ်နေမှုအတွက် ဦးသိန်းစိန် နှင့် ကာချုပ်မင်အောင်လှိုင်တို့အား ဦးသန်းရွှေ မှ ဆူပူကြိမ်းမောင်းခဲ့

သီတင်းကျွတ်ကာလ မှာ ဦးသန်းရွှေက နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နှစ်ယောက်တည်းကို သီးခြားခေါ်ယူတွေ့ဆုံခဲ့ပါသည် ၊

အဆိုပါတွေ့ဆုံမှုတွင် ဦးသန်းရွှေက ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့ နှစ်ဦးစလုံးကို ဟန်ချက်ညီညီပူပေါင်းဆောင်ရွက်မှု မရှိခြင်းအတွက် ပြစ်တင်ဆူပူကြိမ်းမောင်း ပြောဆိုခဲ့ကြောင်း သတင်းရရှိပါသည် ၊

လက်ပံတောင်းတောင် ဝမ်ပေါင် ဦးပိုင် ကြေးနီစံမံကိန်း အပေါ် ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့၏ အပြတ်မသား ကိုင်တွယ်နေမှု နှင့် ပူပေါင်းဆောင်ရွက်မှု အားနည်းခြင်းတို့ကို ထောက်ပြဝေဖန်ကာ ဆူပူကြိမ်းမောင်းခဲ့ခြင်းဖြစ်သည်ဟု သိရပါသည် ၊

လက်ရဲဇက်ရဲ့ မလုပ်ရဲရင် ဒီလိုနိုင်ငံမျိုးမှာ ကြာရှည် ခေါင်းဆောင်လုပ်လို့မရဘူး ဟု ဦသန်းရွှေမှ ပြောဆိုခဲ့သည်ဟု အသံများလည်း ထွက်ပေါ်နေကြောင်း သတင်းရရှိပါသည် ၊

နောက်ဆက်တွဲ ရရှိသော သတင်းများအရ ဦးသိန်းစိန်နှင့် ကာချုပ်မင်းအောင်လှိုင်တို့မှာ ရှေ့မတိုးသာ နောက်မဆုတ်သာ အနေအထားများနှင့် ကြုံနေရပြီး စိတ်ဓါတ်ကျနေသည့် ပုံစံများဖြစ်နေကြောင်းနှင့် ဦးသိန်းစိန်မှ ဒီပုံစံအတိုင်းဆိုလျှင် ၂၀၁၄ နှစ်စတွင်

ကျန်းမာရေးကို အကြောင်းပြ၍ ရာထူးမှ အနားယူဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေပါသည် ၊