Friday, July 9, 2010

နယ်စပ်ဒေသကရင်ဒုက္ခသည်များကိုအာရှ၌ပထမဦးဆုံးအကြိမ်လက်ခံမည့် ဂျပန်နိုင်ငံ၏NAGANO-KENဟုခေါ်ဆိုသောNAGANO STATE MATSUMOTOမြို့တွင်အစည်းအဝေးပွဲတရပ်ကိုကျင်းပ

၂၀၁၀-၇-၄ နေ့တွင်နယ်စပ်ဒေသကရင်ဒုက္ခသည်များကိုအာရှ၌ပထမဦးဆုံးအကြိမ်လက်ခံမည့်
ဂျပန်နိုင်ငံ၏ NAGANO-KENဟုခေါ်ဆိုသော NAGANO STATE MATSUMOTO
မြို့တွင်အစည်းအဝေးပွဲတရပ်ကိုကျင်းပ


၂၀၁၀-၇-၄ နေ့တွင်နယ်စပ်ဒေသကရင်ဒုက္ခသည်များကိုအာရှ၌
ပထမဦးဆုံးအကြိမ်လက်ခံမည့်ဂျပန်နိုင်ငံ၏ NAGANO-KENဟုခေါ်ဆိုသော
NAGANO STATE MATSUMOTO မြို့တွင်အစည်းအဝေးပွဲတရပ်ကိုကျင်းပရာ
မြို့တော်ဝန်မှဖိတ်ကြားထားသောKAREN NATIONAL LEAGUE (JAPAN)
KNL_JAPAN၏တာဝန်ခံများဖြစ်သောနော်လှဥမ္မာဝင်း၊စောဘလှသိန်း၊နော်လေးဖောမင်း၊
နော်အယ်ရှီးထာသိန်းနှင့် စကောထက်မာနယ်တော၊မြို့တော်ဝန်၊ USA နိုင်ငံ
MARY LAND မှဒုက္ခ သည် ဆိုင်ရာညွှန်ကြားရေးမှူးရုံးမှ MR-FORD MARTINI
ဒုက္ခသည်စောင့်ရှောင့် ထောက်ပံရေးအဖွဲ့အစည်းများ၊ဒေသလူမှုဆိုင်
ရာအဖွဲ့အစည်းများ၊IOMနှင့် သတင်းသမားများစုစုပေါင်းလူဦးရေ (၁၀၀) ခန့်
တက်ရောက်ကြပြီး သိရှိလိုသောအချက်များကိုအပြန်အလှန်အမေးအဖြေများ
ပြုလုပ်ခဲ့ကြပါသည်။

NAGANO-KENမှ MATSUMOTOမြို့လေးသည် TOKYOမြို့မှကားဖြင့်
၎နာရီနှင့်ရောက်နိုင်သောမြို့လေးဖြစ်ပြီးလွန်ခဲ့သောနှစ်ပေါင်းတရာကျော်က
ခေါ်ခဲ့သောALPတောင်တန်းဒေသအဝန်းအဝိုင်းကြားထဲမြို့ဖြစ်သည်၊၊
ဥပမာအားဖြင့်မိုးပြဲဒယ်နှင့်တူနေပြီး။စိမ်းလန်းလှပသောတောတောင်များ၏
ကြားထဲတွင်တည်ရှိပြီး မြို့လယ်ခေါင်တွင်မြစ်တစင်းရဲတိုက်ကြီးနှင့်
VIEW POINTရှိပြီး ALP တေင်တန်းမှရေပူစမ်းများမှာထင်ပေါ်
ကျော်ကြားလှပြီးဆောင်းတွင်း ၌အမြဲတန်းလိုလိုဆီးနှင်းကျသောမြို့လေး
တမြို့ဖြစ်သည်၊၊အောက်ပါပုံများတွင် MATSUMOTO မြို့သို့ခေတ္တရောက်ရှိသည့်
ပုံမျာကိုတွေ့ရှိနိုင်မည်ဖြစ်ပြီးကရင်လူမျိုးတို့ရိုးရာကိုသိရှိနိုင်ရန်ထိုင်းနိုင်ငံချင်းမိုင်
မြို့မှကရင်အနုပညာရှင်အဆိုတော်ကရင်စောင်းဆရာကိုလည်ယခုလ ၃၁ ရက်နေ့
တွင်ကရင်များကိုယ်စားကြိုတင်မိတ်ဆက်ဖျော်ဖြေရန်ဖိတ်ခေါ်ထားကြောင်းသိရှိရပါသည်။။

မြို့တော်ဝန်မှစကားပြောစဉ်--------------------- စောဘလှသိန်းမှပြောကြားစဉ်






KAREN NATIONAL LEAGUE (JAPAN)

KAREN NATIONAL LEAGUE (JAPAN)အဖွဲ့သားများနှင့်အတူ

မျှော်စင်ကြီးပေါ်မှ



မြစ်တစင်းနှင့်ရဲတိုက်ကြီး

နယ်စပ်ဒေသကရင်ဒုက္ခသည်များကိုအာရှ၌ပထမဦးဆုံးအကြိမ်လက်ခံမည့်ဂျပန်နိုင်ငံ၌အမေရိကန်အတွေ့အကြုံနှင့်နိုင်းယဉ်ဆွေးနွေးပွဲတရပ်ကိုTOKYO AMERICANCENTERတွင်ကျင်း

နယ်စပ်ဒေသကရင်ဒုက္ခသည်များကိုအာရှ၌ပထမဦးဆုံးအကြိမ်လက်ခံမည့်ဂျပန်နိုင်ငံ၌အမေရိကန်အတွေ့အကြုံနှင့်နိုင်းယဉ်ဆွေးနွေး
ပွဲတရပ်ကိုTOKYO AMERICAN CENTER တွင်ကျင်းပ


နယ်စပ်ဒေသကရင်ဒုက္ခသည်များကိုအာရှ၌ပထမဦးဆုံးအကြိမ်လက်ခံမည့်ဂျပန်နိုင်ငံ၌အမေရိကန်အတွေ့
အကြုံနှင့်နိုင်းယဉ်ဆွေးနွေးပွဲတရပ်ကိုTOKYO AMERICAN CENTER တွင်၂-၇-၂၀၁၀နေ့တွင်
ကျင်းပခဲ့ရာဂျပန်အစိုးရအဖွဲ့အစည်းတာဝန်ခံများ၊ဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့များ၊
ခရိုင်မြို့တော်ဝန်တာဝန်ခံများ၊ဘာသာရေးအဖွဲ့အစည်းများ၊လူမှုအဖွဲ့အစည်းတာဝန်ခံများ၊
IOMအဖွဲ့အစည်း၊ကရင်၊ကချင်၊ရှမ်း၊အဖွဲ့အစည်းများမှလည်းပါဝင်တက်ရောက်
ဆွေးနွေးပြီးအောက်ပါအဖွဲ့အစည်း ( ၃၂ )ဖွဲ့မှတာဝန်ရှိသူများတက်ရောက်ခဲ့သည်၊၊




ယာယီနိုင်ငံကူးလက်မှတ်တု ကိုင်ဆောင်သူ မြန်မာ (၈) ဦး အဖမ်းခံရ

ရဲရင့် / ၀၈ ဇူလိုင် ၂၀၁၀


ထိုင်းရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ပေးထားသည့် ယာယီနိုင်ငံကူး လက်မှတ်များကို ဓာတ်ပုံအစားထိုးကာ ဘန်ကောက်သို့ ခိုးဝင်မည့် မြန်မာ (၈) ဦးအား ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး မဲဆောက်တရားရုံးတွင် တရားစွဲဆိုထားသည်။

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ အမျိုးသမီး (၅) ဦးနှင့် အခြားဒေသမှ အမျိုးသား (၃) ဦးတို့သည် တဦးလျှင် မြန်မာငွေ (၅) သိန်းခွဲနှုန်းဖြင့် မြ၀တီမှတဆင့် ဘန်ကောက်သို့အသွား မဲဆောက်အထွက် စစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့်ဇွန်လလယ်တွင် ဖမ်းဆီးခံရပြီး ထိုင်းရဲမှတရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဖမ်းခံရသူတဦး၏ အဒေါ်ဖြစ်သူက “ဒီလူတွေထဲမှာ ကျမအမျိုးတွေ (၅) ယောက်ပါတယ်၊ အားလုံးမိန်းကလေးတွေပဲ။ (၁၅) နှစ်အရွယ်က (၂) ယောက်ပါတယ်။ ကယ်ရီကို မြန်မာငွေ တယောက် (၅) သိန်းခွဲပေးရတယ်။ တရားဝင်လက်မှတ်နဲ့ သွားရမယ်ဆိုပြီး သွားတာ၊ အဖမ်းခံရမှ အခြားလူရဲ့လက်မှတ်ကို ဓာတ်ပုံပြောင်းပြီးကပ်ထားတာသိရတယ်။ အခုကယ်ရီလည်း ရှောင်နေတယ်၊ အဖမ်းခံရတဲ့လူတွေကတော့ မဲဆောက်ထောင်ကနေ ရမန်နဲ့ ဒီနေ့ရုံးထုတ်မယ်” ဟု ပြောသည်။

အဖမ်းခံရသူများကို လူကယ်ရီက ၎င်းတို့နေရပ်အထိ သွားရောက်ခေါ်ဆောင်ခြင်းဖြစ်ကာ ထိုမှတဆင့် မြ၀တီမြို့ကမ်းနားရှိ ဒီကေဘီအေအဖွဲ့ပိုင် အမှတ် (၁၂) လှေဆိပ်သို့ ခေါ်ဆောင်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယနေ့ရုံးချိန်းတွင် အဖမ်းခံရသူများ တရားရုံးသို့ရောက်ရှိလာသော်လည်း တရားရုံးမတက်ရဘဲ တရားရုံးက နောက်ထပ် ရမန်တကြိမ်ထပ်ယူကာ အမှုကိုပြန်လည်ချိန်းဆိုလိုက်သည်ဟု ၎င်းအမှုနှင့်ပတ်သက်၍ လိုက်လံကူညီပေးသူတဦးက ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မဲဆောက်မြို့အခြေစိုက် အလုပ်သမားဥပဒေဆွေးနွေးအကြံပြုဌာန (LLC) မှ ထိုင်းရှေ့နေတဦးက “ထိုင်းနိုင်ငံဥပဒေအရ စာရွက်စာတမ်းအတုပြုလုပ်မှုက သာမန်အားဖြင့် ထောင်ဒဏ် (၃) နှစ်ဖြစ်တယ်။ အပြစ်ရှိကြောင်း ရုံးတော်မှာဝန်ခံရင် ပြစ်ဒဏ်ရဲ့ထက်ဝက်ကိုပဲ ကျခံရမှာဖြစ်တယ်။ အဲဒါအပြင် တခါမှ ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့ဘူးဆိုရင် ရုံးတော်ရဲ့သက်ညှာခွင့်အရ (၇) လလောက်ပဲ ပြစ်ဒဏ်ကျခံရမှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုအမှုတွင် အဖမ်းခံထားရသူများအနက် အသက် (၁၅) နှစ်အရွယ် မိန်းကလေး (၂) ဦးမှာ ပြစ်ဒဏ်ကျခံဘွယ်ရှိမရှိကို ပြော၍မရကြောင်း တရားရုံး၏သက်ညှာမှုနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ပြောသည်။

မဲဆောက်ဈေးတွင် ငါးခြောက်ရောင်းသည့် မရီက “မနှစ်က ကျမ ဘန်ကောက်တက်တော့ ဘတ် (၁) သောင်း ပေးရတယ်။ ကယ်ရီက ကျမကို ထိုင်းမှတ်ပုံတင် ကပ်ခွာတခု ကိုင်ထားခိုင်းတယ်။ အဖမ်းခံရတော့ အချုပ်ထဲမှာ ကိုယ့်လိုပဲ ဘန်ကောက်သွားမယ့် လူတွေအပြည့်ပဲ၊ ဘာလက်မှတ်မှမရှိတဲ့လူကို တရက်ပဲထားပြီး နောက်နေ့ မြ၀တီဘက်ပြန်ပို့လိုက်တယ်။ လက်မှတ်အတုကိုင်တဲ့ ကျမကျတော့ မဲဆောက်ထောင်မှာ (၇) လခွဲနေရတယ်။ ငွေကုန်တာခြင်းတူတူ ဘာလက်မှတ်အတုမှ မကိုင်ဘဲ သွားကြဖို့ ပြောချင်တယ်” ဟု ဆိုသည်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) အဖွဲ့၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာတွေကို ပြောချင်တာက ကိုယ့်အတွက် အလောင်းအစားကြီးပြီး ငွေကုန်လူပန်း အဓိပ္ပာယ်မရှိတဲ့ အလုပ်တွေကို မလုပ်ကြဖို့၊ ဆင်ခြင်သတိထားကြဖို့ ပြောချင်တယ်။ ဘာလို့လည်းဆိုတော့ အခုဖြစ်တာက ငွေကုန်တဲ့အပြင် ထောင်ပါကျမယ့်ကိစ္စဖြစ်လို့ပဲ” ဟု ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများ ကိုင်ဆောင်ရန် ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်များကို အသုံးပြု၍ ဘန်ကောက်သို့ လူတင်ပို့မှု ဖမ်းဆီးရမိခြင်းမှာ ယခု ပထမဆုံးအကြိမ်ဖြစ်သည်ဟု မဲဆောက်ရဲစခန်းမှ အမှုစစ်ရဲအရာရှိတဦးက ပြောသည်။

အဖမ်းခံရသူများမှာ မသင်းပွင့်ခိုင် (၁၅) နှစ်၊ မအေးခိုင်ဦး (၁၅) နှစ်၊ မမြင့်မြင့်ဝင်း (၄၄) နှစ်၊ နော်ရှီးလာ (၄၂) နှစ်၊ မအေးမြထွေး (၁၉) နှစ်၊ မောင်ခိုင်ဝင်းအောင် (၂၅) နှစ်နှင့် အခြားအမျိုးသား (၂) ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ရမန်ဖြင့် မဲဆောက်ထောင်တွင် ချုပ်နှောင်ထားသည်။

Tuesday, July 6, 2010

(61)နှစ်မြောက် KNU သ၀ဏ်လွှာ

(61)နှစ်မြောက် KNU သ၀ဏ်လွှာ
KNLA (61)Day, Burmese

ဝယ်ဖိုး သူဒူးစိုး - ကိုကို ကွန်မန်ဒို

(၆၁)မြောက် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့ မှာ ကရင်အမျိုးသားများ အဖိနိုပ်ခံ ခေတ်သစ် ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေသော ကရင့်မျိုးချစ်ရဲဘော်များအားလုံးအတွက် ၀ယ်ဖိုး သူဒူးစိုး(ကိုကို ကွန်မန်ဒို) ဆိုတဲ့ တေးသီချင်းနဲ့ ဂုဏ်ပြုမှတ်တမ်းတင် သီချင်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါတယ်။

ရှေးတန်းစစ်မျက်နှာမှာ စစ်သွားတိုက်နေတဲ့ ကိုကို ကွန်မန်ဒို အပြန်ကို အနမ်းပန်းလေးတွေ ပေးဖို့  စောင့်မျှော်နေသော တစ်ယောက်သောသူ၏ ရင်ဖွင့် တေးသီချင်းလေးပါ။

KNU နဲ့ DKBA ငြိမ်းချမ်းရေး ဆွေးနွေး

လက်နက်ကိုင် ကရင်အဖွဲ့ ၂ ခုကြားမှာ အပစ်အခတ် ရပ်စဲကြဖို့အတွက် ဒီရက်ပိုင်းအတွင်းမှာပဲ နှစ်ဘက် အောက်ခြေတပ်တွေကြားမှာ ဆွေးနွေးမှုတွေ စတင်နေပါတယ်။ ဗဟိုရဲ့ ညွှန်ကြားချက်နဲ့ အောက်ခြေတပ်တွေ စတင်ဆွေးနွေးတာ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူနိုင်ခဲ့ရင် ကရင်အမျိုးသားတွေအတွက် အကျိုးများလာနိုင်တယ်လို့ သုံးသပ်သူတွေက ပြောနေကြပေမဲ့ လက်တွေ့မှာ သဘောတူညီမှု ရနိုင်ဖို့ ဘယ်လောက် ဖြစ်နိုင်ပါသလဲ။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

KNU ခေါ် ကရင်အမျိုးသား အစည်းအရုံးနဲ့ DKBA ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် အဖွဲ့တို့ဟာ ဇွန်လ နောက်ဆုံးပတ် ထိုင်းနယ်စပ် တနေရာမှာ အပစ်အခတ် ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ KNU ခေါင်းဆောင်တဦးက ပြောပါတယ်။ အဲဒီဆွေးနွေးမှုဟာဆိုရင် KNU ဗဟိုဌာနချုပ်ရဲ့ လမ်းညွှန်ချက်အရ အောက်ခြေတပ်များကနေ ဆွေးနွေးခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံးရဲ့ ဒု-ဥက္ကဋ္ဌဖြစ်သူ ပဒို ဒေးဗစ်သာကပေါက အခုလို အတည်ပြု ပြောပြခဲ့ပါတယ်။

“ဒါ အောက်ခြေအဆင့်ပဲ၊ လျှို့ဝှက်ပြီး လုပ်နေတယ်လို့ထင်တယ်။ ဗဟိုက လမ်းညွှန်ပေးထားတယ်လေ။ အဲဒါ အကျိုးရှိမယ်၊ တကယ်တမ်း တိုးတက်မှုရှိမယ်ဆိုမှ ဗဟိုက ဝင်ကိုင်ပါမယ်။ ကျနော်တို့ စောင့်ကြည့်ရမယ့် အခြေအနေမှာပဲ ရှိပါတယ်။”

အလားတူ DKBA အဖွဲ့က တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖြေကြားခြင်း မပြုခဲ့ပါဘူး။ KNU အဖွဲ့နဲ့ DKBA အဖွဲ့တို့ အနေနဲ့ အခုလို အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတာဟာ ကရင်တမျိုးသားလုံးအတွက် အကျိုးရှိနိုင်မယ်လို့ ကရင့်အရေး လှုပ်ရှားသူ ဆရာထူးဂလိက အခုလို ပြောပါတယ်။

“အပစ်အခတ် ရပ်စဲနိုင်မယ် ဆိုတော့ ကျနော့်အနေနဲ့ ဝမ်းသာစရာ တခုပဲပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြည်သူတွေအတွက် ပြေလည်မှု ရှိတာပေါ့ခင်ဗျာ။ ကျနော်တို့ ပိုပြီးတော့ အင်အားကြီးတာပေါ့၊ တော်လှန်ရေးအတွက်။ ကျနော့်ရဲ့ အမြင်ပေါ့လေ။”

၂ဝ၁ဝ နှစ်ဆန်းပိုင်းတုန်းကလည်း မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးဆောင်ပြီး KNU နဲ့ DKBA အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲကို အပြီးမသတ်နိုင်ခဲ့ဘူးလို့ KNU တပ်မဟာ ၆ ဒေသမှ စစ်ဘက်အရာရှိတဦးက ပြောပါတယ်။

DKBA တပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ် ဇန်နဝါရီလလောက်မှာ ဘာသာရေး ခွဲခြားမှုကို အကြောင်းပြပြီး KNU ကနေ ခွဲထွက်ခဲ့ပါတယ်။ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ KNU နဲ့ လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်လုံးမှာ ထိခိုက် ကျဆုံးတာတွေ များပြားခဲ့တယ်လို့လည်း KNU အရာရှိတဦးက ပြောပါတယ်။

အခုလို KNU နဲ့ DKBA တို့ အောက်ခြေအဆင့်ကနေပြီး တဖွဲ့နဲ့တဖွဲ့ နားလည်မှု ရှိလာတဲ့အပေါ်မှာ စစ်အစိုးရက ဘယ်လိုသဘောထားဦးမယ် ဆိုတာ မသိသေးဘူးလို့ အမည်မဖော်လိုသူ ကရင်အမျိုးသားအရေး လှုပ်ရှားသူတဦးက ဆိုပါတယ်။

အခုလို တဖွဲ့နဲ့တဖွဲ့ နားလည်မှု ရှိလာတာဟာ ကောင်းမွန်တဲ့ အသွင်လက္ခဏာ ဆောင်လာတယ်လို့ ဆိုပေမဲ့ စစ်အစိုးရကနေ ကြိုးကိုင်ထားတဲ့ DKBA က ထိပ်ပိုင်းခေါင်းဆောင်တွေ အနေနဲ့ စစ်အစိုးရရဲ့ ဆန္ဒတွေကို ငြင်းဆန် ပယ်ရှားဖို့တော့ အချိန်ယူရမှာဖြစ်ပြီး ညီညွတ်ရေး တည်ဆောက်နိုင်ဖို့ကတော့ မရေရာမှုတွေနဲ့ ပြည့်နေဆဲပဲလို့ ကရင်အမျိုးသားအရေး လှုပ်ရှားသူများက သုံးသပ်ထားပါတယ်။