Friday, January 20, 2012

အီးမေး ပေးစာတစ်စောင် အီးမေးမှ တဆင့် တီးဖားသူးရေးသားပေးပို့ လာတဲ့စာကို မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်။

from_tee_pa_thoo

အမည်မသိ လူတစုက ခေါ်ဆောင်မှုကြောင့် နတ်ထိပ်ရွာသူကြီးနှင့် ရွာသားနှစ်ဦး ပျောက်ဆုံးနေ


ဇန်န၀ါရီ ၁၈ရက်၊ ၂၀၁၂။ စောခါးစူးညား၊ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ဘားအံမြို့နယ် နတ်ထိပ်(လာ့ထနာ့)ကျေးရွာရှိ ရွာသူကြီးနှင့် ရွာသားနှစ်ဦးကို အမည်မသိ လူတစ်စုမှ ယခုလ ၁၆ရက်နေ့က ၎င်း၏နေအိမ်မှ ခေါ်ဆောင်သွားပြီးနောက် ယနေ့အထိ ပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။

ထိုနေ့ မွန်းလွဲ ၁နာရီအချိန်တွင် နတ်ထိပ်ရွာသူကြီးဖြစ်သူ အသက် ၄၅နှစ်အရွယ် စောအေးပေါ် အပါအ၀င် အသက် ၅၀နှစ်အရွယ် စောကော်ဖိုင့်နှင့် အသက် ၂၈နှစ်အရွယ် စောကျော်အဲချန်တို့ကို ပြောက်ကျားဝတ်စုံဝတ်ထားသည့် လူတစ်စုက ကားလေးစီးဖြင့် နေအိမ်အထိ လာရောက်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။


သူက “သူကြီးနဲ့ ရွာသားနှစ်ယောက်ကို လာခေါ်တဲ့သူတွေက ပြောက်ကျားဝတ်စုံနဲ့ပဲ။ ဒါပေမယ့် ၀တ်စုံမှာ တံဆိပ်မပါတော့ ဘယ် အဖွဲ့ကလည်း မသိဘူး။ ကား ၄စီးနဲ့လာတာ။”ဟု ကရင်သတင်းဌာနသို့ ပြောသည်။

ခေါ်ဆောင်သွားခံရသူထဲမှ ရွာသူကြီးသည် နတ်ထိပ်ကျေးရွာတွင် မတရား ရောင်းစားခံခဲ့ရသည့် မြေလွတ်မြေရိုင်း ဧက ၃,၀၀၀ ကျော်ကို ရွာသားများ ပြန်လည်ရရှိအောင် နေပြည်တော်သို့ တိုင်ကြားစာများ ပို့ခဲ့ရာတွင် ကြိုးပမ်းပေးခဲ့သူဖြစ်သည်။ ယင်းကိစ္စကို နေပြည်တော်မှ အာဏာပိုင်များ၏ ၀င်ရောက်ဖြေရှင်းမှုကြောင့် မြေဧက ၂၃၇ဧကကို ယမန်နှစ် သြဂုတ်လက ရွာသားများ ပြန်လည် ရရှိခဲ့သည်။

ရွာသားများ၏ ဘိုးဘွားပိုင်ဖြစ်သော ထိုမြေလွတ်မြေရိုင်းများသည် နတ်ထိပ်ကျေးရွာ၏ အရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတွင် ရှိပြီး ၂၀၀၇ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ (ယခင်)ဒီကေဘီအေမှ ဗိုလ်ကြာဝင်းနှင့် အစိုးရအာဏာပိုင်အချို့ ပူးပေါင်း၍ မြေကွက်ချကာ ရောင်းချမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ရွာသူကြီးနှင့် ရွာသားနှစ်ဦးကို လာရောက်ခေါ်ဆောင်သွားသူများမှာ ထိုဒေသရှိ ဒီကေဘီအေ အသွင်ပြောင်း နယ်ခြား စောင့်တပ်များ ဖြစ်နိုင်ကြောင်းနှင့် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သည့် မြေလွတ်မြေရိုင်းကိစ္စနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း နတ်ထိပ်ရွာခံ များက ခန့်မှန်း ပြောဆိုနေကြသည်။

လက်ရှိအချိန်တွင် ပျောက်ဆုံးနေသူများအတွက် သက်ဆိုင်ရာ မိသားစုဆွေမျိုးများနှင့် နတ်ထိပ်ရွာသူရွာသားများမှာ စိုးရိမ်ပူပန် လျှက်ရှိပြီး ရွာသားအချို့မှာ ယမန်နေ့က ဘားအံမြို့နယ်ရုံးသို့ သွားရောက်တိုင်ကြားထားခဲ့သည်။

ထို့အပြင် ကော့ကရိတ်မြို့နယ် ကျိုက်ပေါင်ကျေးနယ်ရှိ နယ်ခြားစောင့်တပ်စခန်းသို့ သွားရောက်တိုင်ကြားခဲ့ကြသော်လည်း တုံ့ပြန် မှု တစုံတရာ မရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ကော့ကရိတ်မြို့နယ် ဂျိုင်းမြစ်အရှေ့ဖက်ရှိ ကျိုက်ပေါင်ကျေး နယ်၊ ဒေါ်လမ်းကျေးရွာ ကုလားကုန်းတွင် နယ်ခြားစောင့်တပ် (၁၀၁၆) တပ်စခန်းတစ်ခု ရှိသည်။

ဗိုလ်ချုပ်ကြီးရဲ့ သမိုင်းဝင် မျက်ရည်





လွန်ခဲ့တဲ့ နှစ်အနည်းငယ်ခန့်က ကရင်အာဇာနည်နေ့ အခမ်းအနားမှာ ကျဆုံးခဲ့လေပြီးသော ကရင့်တော်လှန်ရေး သမားတွေကို လွမ်းဆွတ်သတိတရဖြစ်ပြီး မထိမ်းနိုင်တော့ပဲ မျက်ရည်စက်များဟာ ဗိုလ်ချုပ်ကြီးတယောက်ရဲ့ ပါးပြင်ပေါ်မှာ စီးကျလာခဲ့ရပါတယ်။ အဆိုပါ ဗိုလ်ချုပ်ကြီးဆိုသူဟာ လက်ရှိ ကရင့်တော်လှန်ရေးကို ဦးစီးနေတဲ့ ကေအဲန်ယူရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ကေအဲန်အယ်လ်အေရဲ့ စစ်ဦးစီးချုပ်ဖြစ်ပြီး မြန်မာအစိုးရနဲ့ ကေအဲန်ယူတို့ ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးရာမှာ ဦးစီးလိုက်ပါသွားတဲ့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးပဲ ဖြစ်ပါတယ်။ အမျိုးသား တန်းတူ အခွင့်အရေး ရရှိဖို့ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ ကရင်တော်လှန်ရေး ခရီးကြမ်းတလျှောက်မှာ အသက်သွေးချွေး၊ မျက်ရည်တွေအများအပြားကို ရင်းနှီးခဲ့ရပြီး ပန်းတိုင် မရောက်ရှိမချင်းလည်း ဆက်လက်ရင်းနှီး ရအုံးမှာသာ ဖြစ်ပါတယ်။ ယနေ့ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးခဲ့သူ ဗိုလ်ချုပ်ကြီးအနေဖြင့် ကရင့်တော်လှန်ရေးအတွင်း ပေးဆပ်သွားခဲ့သူတွေကို ယခုချိန်ထိ မေ့ပျောက်သွားမယ်လို့ မထင်ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်ကြီးအနေနဲ့ ကရင့်တော်လှန်ရေးးအတွက် အဆုံးအဖြတ်ပေးမယ့် ယနေ့ အရေးကြီးတဲ့ အချိန်အခါမှာ အကောင်းဆုံးသော ဆုံးဖြတ်မှုတွေ၊ အကြံပေးမှုတွေနဲ့အတူ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကို ဆက်လက်ချီတက် သွားမယ်ဆိုတာ ကရင်လူထုတရပ်လုံးက မျှော်လင့်နေလျှက် ရှိပါတယ်။ ဒါ့အပြင် ခေတ်အဆက်ဆက် မြန်မာခေါင်းဆောင်တွေရဲ့  လိမ်ညာလှည့်ဖြားမှုတွေကို ကျော်လွားနိုင်ပြီး ဘေးမသီရန်မခတ်ပဲ ချောချောမွေ့မွေ့နဲ့ လျှောက်လှမ်းနိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါရစေ။

FBR REPORT: Ceasefire Talks and Ongoing Conflict Update from the Field Karen State, Burma 16 January, 2012

FBR REPORT-16-01-2012

Peace hopes real, but Karen remain wary

Peace_hopes_real__but_Karen_Remain_Wary

ဗိုလ်ချုပ်ကြီးခင်ညွန့်သို့ အိတ်ဖွင့်ပေးစာ ၁။

  ဘိုကြည်

       ဗိုလ်ချုပ်ကြီးခင်ညွန့် ခင်ဗျား
        ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တိုင်းပြည်မှာ တာဝန်အရှိဆုံးလူတွေထဲက တစ်ယောက်အဖြစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းယူပြီးသည့်အချိန်ကစပြီး ၂၀၀၄ ခုနှစ်အထိ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ အဖြစ်ရော၊ အတွင်းရေးမှူး (၁) အနေနဲ့ရော ၀န်ကြီးချုပ်အဖြစ်နဲ့ပါ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲလိုတာဝန်ထမ်းဆောင်နေတဲ့ ကာလတွေက မှားယွင်းခဲ့တာတွေ ဒုနဲ့ဒေးရှိခဲ့ပါတယ်။ အဲဒီထဲက ကျနော်အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူတွေကို သတင်းအမှား အမြောက်အမြားကို အခြေခံပြီး မတရားသဖြင့် နှိပ်စက်ညှဉ်းပန်းခြင်းနဲ့ မျှတသောတရားစီရင်ခြင်းမရှိဘဲ ထောင်သွင်း အကျဉ်းချထားတာကလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။
           အဲဒီလို မတရားသဖြင့် အနှိပ်စက်ခံ၊ အကျဉ်းချခံရလို့ ဘ၀ပျက်သွားတဲ့ မိသားစုတွေသာမက အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ဆက်ရှိနေသူတွေလည်းအများကြီး ရှိနေပါတယ်။ ဒီအထဲက ကိုသန်းဇော် (ခ) သန့်ဇော် တစ်ယောက်က နမူနာပါ။ သူ့လိုမျိုး ဖြစ်ရပ်တွေ အများကြီးရှိပါသေးတယ်။ ဒီ့အတွက် ဗိုလ်ချုပ်ကြီး ခင်ညွန့်အနေနဲ့ မှားယွင်းခဲ့ကြောင်း ၀န်ခံဖို့နဲ့ ကိုသန့်ဇော် လွတ်မြောက်ဖို့ ၀ိုင်းဝန်းကြိုးပမ်းပေးဖို့ လိုအပ်ပါတယ်။
           ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတ ဦးသိန်းစိန်မှာလည်း တာဝန်ရှိပါတယ်။ ၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့အဖွဲ့က မှားယွင်းပြီး ဖမ်းခဲ့တဲ့သူတွေကို ပြန်လွှတ်ပေးပါတယ် ဆိုပြီး လွှတ်ပေးခဲ့တုန်းကလည်း ကိုသန့်ဇော် မပါဝင်ခဲ့ပါဘူး။ အဲဒီတုန်းက ပြန်လွတ်လာတဲ့သူတွေကို ဘယ်တာဝန်ရှိသူတွေကမှ တောင်းပန်မှုမျိုး မလုပ်ခဲ့သလို ပြန်လွှတ်ပေးလိုက်တဲ့ အတွက် ကျေးဇူးတင်ရမလိုတောင် ပြောခဲ့တာတွေ ရှိပါတယ်။ ပြန်လွတ်လာသူတွေဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဒုက္ခတွေ ဝေခဲ့တယ်။ ဘယ်တာဝန်ရှိသူကမှ လျော်ကြေးပေးတာမျိုး၊ ပြန်လည်ကုစားပေးခဲ့တာမျိုး မရှိခဲ့ဘူး။  ဒါဟာ မှားယွင်းကြောင်းသိတယ်ဆိုရင် အစိုးရတရပ်အနေနဲ့ လူသိရှင်ကြား တောင်းပန်ရမှာပါ။ နောက်ဆက်တွဲအနေနဲ့ ထိုက်သင့်တဲ့ လျော်ကြေးတွေ၊ ပြန်လည်ကုစားမှုတွေ ပေးရမှာပါ။ ဒါ နိုင်ငံတကာအစိုးရများရဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။
မှားခဲ့တာကို ‘မှားပါတယ်’ လို့ ၀န်ခံပြောဆိုခြင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အကောင်းဆုံးဆေးတစ်ခွက်ပါ။ ဒါမှ မဟုတ်ရင် အမျိုးသားရင်ကြားစေ့ရေးရေးအတွက် အကောင်အထည် ဖော်နေပါတယ်ဆိုတာကို ပြည်သူတွေ ယုံကြည်ဖို့ အင်မတန် ခက်ပါလိမ့်မယ်။
         ကိုသန့်ဇော်ရဲ့ ဖြစ်စဉ်ဟာ အစိုးရရဲ့ တာဝန်ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြနေတဲ့ ၀မ်းနည်းဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ မှား ယွင်းစွာ ဖမ်းဆီးခဲ့ကြောင်း ပေါ်လွင်နေတာတောင်မှ မတောင်းပန်တဲ့အပြင် အခုချိန်အထိ ဖမ်းဆီးချုပ်နှောင်ထားတာဟာ အလွန်ရှက်စရာကောင်းတဲ့ အပြုအမူဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်ပါတယ်။
          နှိပ်စက်ညှဉ်းပန်းခြင်း မပြုရလို့ ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေတွေက ပြဋ္ဌာန်းထားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဦးသိန်းစိန်တို့ နှိပ်စက်ခြင်းတွေ ကျူးလွန်ခဲ့သူတွေအပေါ် အရေးယူတာမျိုး မလုပ်ဘဲ ကာကွယ်ပေးထားခြင်းဟာ နိုင်ငံတော်က နှိပ်စက်ညှဉ်းပန်းခြင်းကို မူဝါဒ ချမှတ်ပြီး ကျူးလွန်နေသလိုဖြစ်နေပါတယ်။ ဒီအတွက် တာဝန်ရှိပါတယ်။

          အခု ကိုသန့်ဇော်ကိုယ်တိုင် ရေးခဲ့တဲ့ သူ့အမှုအကြောင်းကို ဖတ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးတို့ ဘယ်လောက်ရက်စက်ခဲ့တယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။

ကျွန်ုပ်၏ ဖြစ်စဉ်အကျဉ်း
နေ့စွဲ။     ။ ၃၁၊ ၇၊ ၉၅

KIC - December 2011 - Final

KIC - December 2011 - Final

Wednesday, January 18, 2012

တဆင့်ချင်း တဆင့်ချင်း နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးပြောဆိုသွားမယ်

Interview_with_Pado_Saw_David_Taw__KNU__by_DVB

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ရှင်းလင်းပွဲပြုလုပ်

 ဇန်န၀ါရီလ ၁၇ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)

 မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့်ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်တွင်းငြိမ်းချမ်းရေး ကိုယ် စားလှယ်အဖွဲ့သည် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို ဗဟိုကော်မတီဝင်များထံသို့ ယမန်နေ့က တင်ပြရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။


KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ခရီးစဉ်တစ်လျှောက်လုံးနဲ့ပတ်သက်ပြီး EC ကို ပြန်လည် တင်ပြတယ်။ နောက်ပြီး ဆက်လက် ဆွေးနွေးရေးအတွက် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကိစ္စကိုလည်း ပြန်လည်ချပြရှင်းလင်းမှုတွေ လုပ်တာပါ။”ဟု ပြောသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ပါဝင်သည့် ၁၉ဦးအဖွဲ့သည် ဇန်န ၀ါရီလ ၁၁ရက်နေ့က စတင်ခဲ့သည့် ၅ရက်ကြာ ခရီးစဉ်တွင် ရထားဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်ဦးဇော်မင်း၊ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှ နယ်စပ်လုံခြုံရေးဝန်ကြီးများအပြင် ဒုသမ္မတ စိုင်းမောက်ခမ်းနှင့်လည်း တွေ့ဆုံခဲ့ ပြီး ဇန်န၀ါရီလ ၁၅ရက်နေ့ညနေတွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

အစိုးရနှင့် သွားရောက်တွေ့ဆုံမှုတွင် ဆွေးနွေးရန်အဆင့်သာ ခွင့်ပြုထားပြီး လက်မှတ်ရေးထိုးရန် မပါဝင်သောကြောင့် မကြာမီ ပြုလုပ်မည့် အမြဲတမ်းကော်မတီ အစည်းအဝေးတွင် KNU ဗဟိုကော်မတီအတွင်း ဆွေးနွေးသွားမည်ဟု နော်စီဖိုးရာစိန်က ဆက်ပြောသည်။

ယခုလ ၁၂ရက်နေ့က KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် အစိုးရ၏ မီးရထားဝန်ကြီး ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှုတွင် အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံ လုံး သွားလာရန်နှင့် ကျန်အဆင့်များကို ဆက်လက်ဆွေးနွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သဘောတူညီခဲ့ကြသည်။

အဆိုပါ သဘောတူညီချက်အရ အသေးစိတ် အချက်အလက်များကို ၄၅ရက်အတောအတွင်း ဆက်လက် ဆွေးနွေးရန်ရှိပြီး လာမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ထိုကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟုလည်း KNU က ပြောသည်။

အစိုးရနှင့် KNU အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုအပေါ် မဟာမိတ်နှင့် အခြားတိုင်းရင်းသား အဖွဲ့အစည်းများမှ ဝေဖန်မှု များ မရှိသော်လည်း ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းတချို့က ထောက်ပြဝေဖန်မှုများ ပြုလုပ်လာခဲ့ကြသည်။

မြန်မာအစိုးရ အဆက်ဆက်ကို ၁၉၄၉ခုနှစ်မှစ၍ ခုခံတော်လှန်ခဲ့သည့် KNU သည် မြန်မာအစိုးရနှင့် တရားဝင် ၆ကြိမ် တွေ့ဆုံ ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သော်လည်း ထိုကိစ္စအပေါ် ကရင်လူထု အတွင်း ဝေဖန်မှုများ အမျိုးမျိုး ထွက်ပေါ်လျှက်ရှိသည်။

Interview P'doh Kwe Htoo Win

*ကမ္ဘာ့အသေးဆုံးမိခင် ကိုယ်ဝန်ထပ်ရှိ**


အသက်အန္တရယ်ရှိတယ် လို့ အားလုံးက သတိပေးထားတဲ့ကြားကနေ ကမ္ဘာ့အသေးငယ်ဆုံး မိခင်ဖြစ်သူဟာ နောက်ထပ်ကလေးတစ်ယောက် ကို ထပ်ပြီးမွေးဖွားအုံးမှာဖြစ်ပါတယ်။ အရပ် ၂ ပေနှင့် ၄ လက္မသာရှိတဲ့ Stacey Herald ဟာ ဆရာဝန်တွေက ကိုယ်ဝန်ဆောင်ခြင်းဟာ သူမရဲ့ အသက်ကို
သေစေနိုင်တယ်လို့ ပြောထားတဲ့ ကြားတဲ့က သူမဟာ ဆရာဝန်တွေ စကားကို နားမထောင်ဘဲ ရဲ့ရင်စွာနဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ သူမရဲ့ အရိုးတွေဟာကျွတ်ဆတ်ပြီး သာမန်လူများရဲ့ အဆုတ် ကဲ့သို့ မဟုတ်
သည့်အတွက်ကြောင့် သူမဟာ ထိုကဲ့သို့ကြီးထွားမှု့မရှိဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။
သူမဟာ လက်တွန်းဘီးတပ်ခုံ (wheelchair) ကို အသုံးပြုပြီး သူမခင်ပွန်း Will ကတော့ အရပ် ၅ ပေနဲ့ ၉ လက္မရှိပါတယ်။

အခုတော့သူတို့ဇနီးမောင်နှံဟာ နောက်ထပ် လေးပါတ်အကြာမှာမီးဖွားဖို့အတွက် စောင့်ဆိုင်းနေကြပါတယ်။
သူမဟာ ကိုယ်ဝန်ရှိလာကတည်းက ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ သက်တောင်သက်သာ မှရှိလွန်းသဖြင့် ရက်သတ္တပါတ် အတော် ကြာကြာ အိပ်ယာထဲမှာဘဲ နေခဲ့ရပါတယ်။ အဲ့ဒီတော့ သူ့ယောက်ျားဘဲ အိမ်မှု့ကိစ္စတွေကို လုပ်ရပါတယ်။ သူတို့ဇနီးမောင်နှံကတော့ အားလုံးက အတန်တန် အသက်အန္တရာယ်
ရှိတယ်လို့ပြောဆိုမှု့တွေကို ဂရုမစိုက်ဘဲ ဘုရားရှိခိုး ဆုတောင်း ခြင်းဖြင့်သာနောက်ထပ်ကလေးတွေ 
လိုချင်သေးပါတယ်လို့ဆိုပါတယ်။ သူတို့နှစ်ယောက်ဟာ ၂ဝဝဝ ခုနှစ်က စူပါမာ့ကက် တစ်ခုမှာ အလုပ်လုပ် နေကြစဉ်မှာ တွေ့ခဲ့ကြပြီး ၂ဝဝ၄ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကလည်း ဆရာဝန်ဟာ ကလေးမယူဖို့အတွက်တားမြစ်ခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့ သေးငယ်တဲ့ဝမ်းဗိုက်မှာ
ကိုယ်ဝန်လွယ်ရင်ဗိုက်ထဲမှာကလေးရဲ့ ကြီးထွားလာမှုကြောင့် အခြား ကလီစာ တွေကို ထိခိုက်ပြီး အသက်ရှုရပ်သေနိုင်လို့ဘဲဖြစ်ပါတယ်။  

သူမက ဆရာတွေဟာ ကျွန်မကို ကလေးမရနိုင်ဘူးလို့ပြောတာ ကျွန်မအရမ်းကြေကွဲရပါတယ်။ ကျွန်မဘယ်လိုမှ ပြီးပြည်စုံတဲ့ မိသားစုဘဝကို မရနိုင်တော့ဘူး ဆိုလို့ အရမ်းခံစားရပါတယ်။
နောက်ထပ်ရှစ်လအကြာမှာတော့ ထိုဇနီးမောင်နှံဟာ ဆရာဝန်ထံသို့သွားပြီး သားသမီးများနဲ့ ပြီးပြည့်စုံတဲ့ အိမ်ထောင် တခုဖြစ်ဖို့အတွက် ဆရာဝန်ထံသွားပြီး တောင်းပန် နည်းလမ်းတောင်းခဲ့ပါတယ်။ Herald က ဖြစ်ချင်တာဖြစ်ဆိုပြီး ကျွန်မ ကလေးယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ အားလုံးကတော့ ကျွန်မသေမှာဘဲလို့
ပြောကြတယ်။ 
နောက်ဆုံး ရက်သတ္တပါတ် ၂၈ ပါတ် အကြာ ၂ဝဝ၆ ခုနှစ်အတွင်းမှာတော့ နှစ်ပေါင်နဲ့ တစ်အောင်စ ရှိတဲ့ သမီးလေး Kateri ကိုမွေးဖွားနိုင်ခဲ့ပါတယ်။ နောက်ထပ် တစ်နှစ်အကြာမှာလဲကိုယ်ဝန်ထပ်ရှိလာပြီး ၄ပေါင်နဲ့ ၇ အောင်စရှိတဲ့ သမီးလေး Makaya ကိုမွေးဖွားနိုင်ခဲ့ပါတယ်။ ဒါတွေအားလုံးကို ဆုတောင်း ခြင်းတစ်မျိုးထဲနဲ့
ဖြတ်ကျော်ခဲ့တာဖြစ်တယ်လို့ Herald ကဆိုပါတယ်။ သူမရဲ့သမီးနှစ်ယောက်အလုံးဟာ သူမထက်ပိုပြီး
မြင့်နေပြီဖြစ်ပါတယ်။ သူမကတော့ ပထမဆုံး သားလေးကို မွေးဖွားနိုင်ဖို့ အတွက် ကိုယ်ဝန်ဆောင်တာ ရက်သတ္တတပါတ် ၃ဝ ရှိပါပြီ။

Karen People View on KNU and Burmese government Peace Talk

KNU Sign Initial Ceases-Fire agreement with Burmese Government

မြန်မာသတင်းတွင်ကြေငြာMyanmar signs cease-fire preliminary agreement with KNU, 12 Jan 2012

ပဒိုမန်း​ငြိမ်း​မောင် မကြာမီ ပြန်လွတ်မည်

http://kyokorea.blogspot.com/
အင်း ​စိန်​ထောင်တွင်း​ အကျဉ်း​ကျ​နေတဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ (​ကေအန်ယူ) ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ပဒိုမန်း​ငြိမ်း​မောင် တပတ်အတွင်း​ လွတ်လာနိုင်တယ်လို့​ ဇန်နဝါရီ ၁၂ ရက်​နေ့​က အစိုး​ရနဲ့​ သွား​ရောက်​ဆွေး​နွေး​ခဲ့​တဲ့​ ကရင်အမျိုး​သား​အစည်း​အရုံး​ ငြိမ်း​ချမ်း​ရေး​ကော်မတီက ​ပြောပါတယ်။

ကေအန်ယူ ငြိမ်း​ချမ်း​ရေး​ကော်မတီ ကိုယ်စား​လှယ်အဖွဲ့​မှာ ပါဝင်တဲ့​ ပဒို​ဒေး​ဗစ်​ထောက “သူတို့​ ပဒိုမန်း​ငြိမ်း​မောင်ကိုလည်း​ ကျ​နော်တို့​နဲ့​ တခါတည်း​ ​ပေး​လိုက်ဖို့​ပါပဲ။ ဒါ​ပေမယ့်​ ဖြစ်ပုံက အချိန်က နည်း​နည်း​ကပ်ပြီး​တော့​ ရုံး​လုပ်ငန်း​တွေနဲ့​ စာရွက်စာတမ်း​ကိစ္စ​တွေ ရှိတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​အ​နေနဲ့​ တပါတည်း​ ​ခေါ်​ဆောင်လာနိုင်ခဲ့​ခြင်း​ မရှိပါဘူး​။ သူတို့​ အဲဒီစာရွက်စာတမ်း​ ကိစ္စ​တွေ ပြီး​ရင် ကျ​နော်တို့​ကို အ​ကြောင်း​ကြား​ပြီး​တော့​ သူတို့​ ပို့​ပေး​ပါလိမ့်​မယ်။ ကျ​နော်ထင်တယ်၊​ ဒီတပတ်အတွင်း​မှာ ဖြစ်နိုင်ပါတယ်။”

ပဒိုမန်း ​ငြိမ်း​မောင်ဟာ ပြီး​ခဲ့​တဲ့​နှစ် ဇူလိုင်လကုန်ပိုင်း​က ထိုင်း​နိုင်ငံက​နေ တရုတ်နိုင်ငံကို သွား​ရောက်စဉ် ​ပျောက်ဆုံး​ခဲ့​ပြီး​ မြန်မာနိုင်ငံကို ပြန်လည်ပို့​ဆောင်ခံခဲ့​ရကာ လဝကအမှုနဲ့​ ​ထောင်ဒဏ် ၆ လချခဲ့​ပါတယ်။ ​နောက်ပိုင်း​ ပုဒ်မ (၁၇/၁) မတရား​အသင်း​ အက်ဥပ​ဒေအပါအဝင် အခြား​စွဲချက်​တွေနဲ့​ တရား​စွဲဆိုခံခဲ့​ရပြီး​ အင်း​စိန်​ထောင်မှာ အကျဉ်း​ချခံ​နေရတာဖြစ်ပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်အမှုကို လိုက်​ပေး​ဖို့​ ပြီး​ခဲ့​တဲ့​အပတ်က ​ရှေ့​နေပါဝါရရှိခဲ့​ကြောင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥ​ပေ​ဒေပြုအဖွဲ့​က ​ရှေ့​နေဦး​အောင်သိန်း​က ​ပြောပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ ​ကေအန်ယူ အမြဲတမ်း​ဗဟို​ကော်မတီဝင်ဖြစ်သလို ညီညွတ်​သောတိုင်း​ရင်း​သား​ လူမျိုး​များ​ဖက်ဒရယ်​ကောင်စီရဲ့​ အမှု​ဆောင်နဲ့​ အမျိုး​သား​ဒီမိုက​ရေစီတပ်​ပေါင်း​စု တွဲဖက်အတွင်း​ရေး​မှူး​လည်း​ ဖြစ်ပါတယ်။

ပဒိုမန်း​ငြိမ်း​မောင်ဟာ မဆလ​ခေတ် ၁၉၆၉ ခုနှစ်မှာ နိုင်ငံ​ရေး​လှုပ်ရှား​မှု​ကြောင့်​ တသက်တကျွန်း​ ​ထောင်ဒဏ်ချမှတ်ခံရပြီး​ ကိုကိုး​ကျွန်း​မှာ အကျဉ်း​ကျဖူး​ပါတယ်။

အကျဉ်း​ ကျ ​ဖော်နှစ်ဦး​နဲ့​အတူ ​လှေနဲ့​ ပင်လယ်ဖြတ်ပြီး​ ကိုကိုး​ကျွန်း​နဲ့​ မိုင် ၂၅၀ အကွာ မွန်ပြည်နယ် ကမ်း​ခြေကို လွတ်​မြောက်သွား​ပါတယ်။ ဒါ​ပေမယ့်​ အစိုး​ရစစ်တပ်က ဖမ်း​ဆီး​လို့​ အင်း​စိန်​ထောင်မှာ ၃ နှစ် အကျဉ်း​ကျ တိုက်ပိတ်ခံခဲ့​ရပြီး​ ၁၉၇၃ ခုနှစ်မှာ လွတ်​မြောက်ခဲ့​ပါတယ်။

ပြီး​ ခဲ့​တဲ့​ စ​နေ​နေ့​ကပြုလုပ်ခဲ့​တဲ့​ ပြည်ထဲ​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကြီး​ ကိုကိုရဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ မန်း​ငြိမ်း​မောင်ကို တရား​ ဥပ​ဒေအတိုင်း​ ​ဆောင်ရွက်​နေတယ်လို့​ ​ပြောခဲ့​ပါ​သေး​တယ်။

ကိုယ်ဝန်ဆောင်ကျောင်း ဆရာမကို မြန်မာတပ်မှ ပစ်သတ်

16 Jan 2012
KNG
ying-wang-hpakant
မြန်မာစစ်တပ် ခလရ ၅၈ မှ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ ကချင်ကျောင်းဆရာမှ Mangshang Ying Wang အား ဖားကန့်လမ်း ကားမိုင်းတွင် မြေမြှပ် သဂြိုလ်နေပုံ။
ကချင်ပြည်နယ်အနောက်ဘက် ဖားကန့်မြို့နယ်တွင် ကိုယ်ဝန်နှင့်ကျောင်းဆရာမတဦးသည် မြန်မာအစိုးရစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် ကားမိုင်ဆေးရုံတွင် သေဆုံးသွားကြောင်း ဒေသခံများပြောသည်။
ကိုယ်ဝန်ရှိသူ အသက်၂၂ အရွယ်ခန့်ဆရာမ မန်ရှန် ယိန်းဝမ် (Mangshang Ying Wang)နှင့် ယောက်မဖြစ်သူ ဂေါ့လူ ဆိုင်းခေါန် (Gawlu Seng Hkawn) တို့သည် ဖားကန့်လမ်းပိုင်း နမ်ယာ (Nam Ya) နှင့် ကပ်မှော် (Kapmaw) ကြား ဇန်နဝါရီ ၁၁ ရက်နံနက် ၉ နာရီတွင် မြန်မာအစိုးရစစ်ကြောင်းတခု နှင့် ဆုံတွေ့စဉ် ထိုစစ်ကြောင်းမှ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာ ရရှိသွားသည်။

ထိုနေ့ ညနေ ၄ နာရီတွင်လည်ပင်းအရင်းတွင် ရရှိသောဒဏ်ရာကြောင့် ကိုယ်ဝန် ၄ လနှင့် ဆရာမ ယိန်းဝမ် သေဆုံးသွားသည်။

ယောက်မဖြစ်သူမှာ လည်းပင်းနှင့် ပခုံးစပ်တွင် သေနတ်ဒဏ်ရာတခု အပြင်ဘယ်ဘက်ပေါင်နောက်ဘက်ပိုင်း တွင် သေနတ်ဒဏ်ရာတခု သာရရှိပြီး အသက်ဘေးမှလွတ်မြောက်ခဲ့သည်ဟုသိရသည်။

ying-wang
မြန်မာစစ်သားများ၏ ပစ်ခတ်မှုကြောင့် လည်ပင်းအရင်းတွင်ရရှိတဲ့ ဒဏ်ရာဖြင့် ကားမိုင်းဆေးရုံတွင် သေဆုံးခဲ့တဲ့ ဆရာမယိန်းဝမ်။
၎င်းတို့သည် ကားမိုင်းမြို့နယ်ခွဲ ကပ်မှော်ဇုံနယ် ဆိုင်းဖရာ (Seng Hpra mare) ကျေးရွာမှဖြစ်ကာ ဆရာမမှာ ထိုကပ်မှော်ဇုံနယ်ရှိ ခွမ်စိုင်ဇွမ် (Hkumtsai Zup mare) ကျေးရွာမှ ကျောင်းဆရာမတာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ပစ်ခတ်သွားကြသည့် မြန်မာအစိုးရတပ်မှာ ဗိုလ်မှူး ရဲမင်းသွေး၊ ဗိုလ်မှူး ကိုကိုလတ်၊ ဗိုလ်ကြီး ထွန်းနိုင်တို့ ဦးစီးသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)အောက် ဝိုင်းမော်နယ်မြေခံ ခလရ အမှတ်(၅၈) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။

Tuesday, January 17, 2012

ကရင်ပြည်နယ်တွင် မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ရှိ

ကရင်ပြည်နယ်တွင် မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ရှိ


အမေရိကန်ဂြိုလ်တု Landsat 7 ၏ အကူအညီဖြင့် မြန်မာပြည်၏ အကြီးဆုံးရွှေကြောကြီးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာ့ဘူမိဗေဒပညာရှင်တစ်ဦးဖြစ်သူ အငြိမ်းစားပါမောက္ခ ဦးစိုးသိန်းက ယမာန်နေ့ စနေနေ့တွင် ပြောကြားခဲ့ပါသည်။ တွေ့ရှိသည့်နေရာသည်၊ မြန်မာပြည်အရှေ့ပိုင်း ကရင်ပြည်နယ်၊ ဖါပွန်၊ လှိုင်းဘွဲနှင့် ဖါးအံမြို့နယ် အနောက်ဖက် နေရာ တ၀ိုက်တွင် တည်ရှိကြောင်း သိရပါသည်။

အရင်က အသေအချာမသိရသေးသော်လည်း အခုမှတိကျသည့် နေရာကိုရှာ ဖွေတွေရှိ့ပြီးဖြစ်ကြောင်း ဦးစိုးသိန်းကဆိုပါသည်။ တန်ချိန် ထောင်ပေါင်းစွာ ရှိပြီး ၊နှစ်ပေါင်းများစွာ ထုတ်ယူနိုင်ောကာင်း လည်းဆိုပါသည်။ သတ္ထုတွင်းဌါနအဆိုအရ မြန်မာပြည်တွင် လက်ရှိရွှေတွင်းပေါင်း ၂၂ ခုရှိကြောင်း သိရပါသည်။

ကရင်ပြည်နယ်တွင် မြန်မာ့အကြီးဆုံး ရွှေကြောတွေ့ရှိ


အမေရိကန်နိုင်ငံ နာဆာမှ လွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုဟ်တုဖြင့် မင်းတုန်းမင်းလက်ထက်က တူးဖော်ခဲ့ကြသည့် မြန်မာ့အကြီးဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသတ၀ိုက်တွင် တွေ့ရှိကြောင်း သိရသည်။
အဆိုပါ ရွှေကြောသည် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိမည်ဖြစ်ပြီး နှစ်နှစ်ရာကျော်ထိ ကုန်ဆုံးနိုင်ခြင်းမရှိဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစားပါမောက္ခ ဦးစိုးသိန်းက ပြောသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။
၎င်းရွှေကြောမှာ နေရာကြီးမားလွန်းသဖြင့် နေရာခြောက်ခု ခွဲပြီး Landast7  ကောင်းကင်ဂြိုဟ်တုဖြင့် ရိုက်ယူရကာ ကရင်ပြည်နယ် မဲဝိုင်ဒေသမှ ရွှေကြောသည် ရွှေကျင်၊ ကျောက်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကို ဖြတ်သွားပြီး ပင်လယ်ထဲတင် မြုပ်နေကာ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများအထိပင် ရောက်ရှိသည်ဟု ဆိုသည်။ ဟုတ်မဟုတ်တော့ နာဆာအဖွဲ့နှင့်် ပါမောက္ခ ဦးစိုးသိန်း တို့ကို ဆက်သွယ်မေးမြန်း ကြည့်ကြဖို့ လိုမည်။
ဦးစိုးသိန်းက "ဒီမဲဝိုင်၊ ရွှေကျင်၊ ကျောက်ကြီး ရွှေကြောကို သုတေသနပြုနေတာ အတော်ကြာပါပြီ၊ လိုအပ်တဲ့အချက်အလက်တွေနဲ့ နေရာဒေသအနေအထား၊ ရွှေထွက်ရှိမှု အခြေအနေတွေကတော့ ဒီ ၂၀၁၁ ခုနှစ်ကျမှ အတည်ပြု ပြောတာပါ" ဟု ရန်ကုန်တိုင်းမ်ဂျာနယ်ကို ပြောခဲ့သည်။ လက်ရှိ အဆိုပါ ရွှေကြောနေရာကို ပြည်တွင်း ကုမ္ပဏီဆယ်ခုက လုပ်ကိုင်ခွင့်ရရှိပြီး မျှောရွှေကို အဓိက လုပ်ကိုင်နေကြသည်။
ယခု ကြံခိုင်ဖွံ့ဖြိုးရေးအစိုးရနှင့် ကေအန်ယူအဖွဲ့တို့ ငြိမ်းချမ်းရေး တိုးတက်ဖြစ်ထွန်းမှုများ ရှိနေချိန်မှာ၊ ကရင်ပြည်နယ်တွင် ရွှေကြောကြီး တွေ့ရှိသည်ဟုသော နာဆာအဖွဲ့၏ အထူးသတင်းသည် နှစ်ဖက်စလုံးကို ရွှေလောဘတက်စေပြီး၊ ငြိမ်းချမ်းရေးအတွက် အကဲဆတ်မှုများ ရှိနိုင်ကြောင်း ထင်ကြေးပေး ပြောဆိုမှုများလည်း ရှိနေသည်။

မြန်မာ့အကြီးမားဆုံး ရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသတ၀ိုက်တွင် တွေ့ရှိမှုပြ မြေပုံ

ပြည်တွင်းကရင်လူထုမှ KNU ကို ပန်ကြားခြင်း

မွေးရပ်ဌာနေကော်သူးလေ ဘလော့မှပြန်လည် ကူးယူဖေါ်ပြသည်။ http://www.sawkyawkhwi.com/2012/01/knu_16.html

၁၂၊ ၁၊ ၂၀၁၂ရက် (ကြာသပတေးနေ့) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၇) ဇွဲကပင်ဟိုတယ် ခမ်းမ၌

(က) အစိုးရဘက်မှ ထားရှိသော ငြိမ်းချမ်းရေးမူ ၄-ချက်နှင့်
(ခ) ကေအဲန်ယူဘက်မှ ထားရှိသော တောင်းဆိုချက်မူ ၁၁-နှင့်ပါတ်သက်ပြီး

တစ်ကမ္ဘာလုံးရှိ ကရင်အမျိုးသားများ ငြိမ်းချမ်းရေး ကြိုဆိုကြပါသော်လည်း ထာဝရ စစ်မှန်သော ငြိမ်းချမ်းရေး မရနိုင်ကြောင်း သုံးသပ်ပါသည်။

သုံးသပ်ချက်-
၁။ ကေအဲန်ယူ၏ တောင်းဆိုချက် ၁၁-ချက်သည် ကရင်တစ်မျိုးသားလုံး၏ အခွင့်အရေး အပြည့်အ၀ မပါရှိခြင်း
၂။ ကရင်လူထုအတွက် အာမခံသော ငြိမ်းချမ်းရေးမဟုတ်ခြင်း
၃။ ငြိမ်းချမ်းရေးပွဲစားများကြောင့် ကေအဲန်ယူများ အစိတ်စိတ် အပိုင်းပိုင်း ကွဲပြားလာနိုင်ခြင်း စသည်တို့ကို ရှုမြင်တွေ့ရှိရပါသည်။

* သတိပြုစေ *
ထိုသို့ အလျင်အမြန် ဆောင်ရွက်လုပ်ကိုင်သောကိစ္စကြောင့် ကရင်တစ်မျိုးသားလုံး (၆၃)နှစ်အတွင်း ခုခံအားထုတ်ခဲ့သော တော်လှန်ရေးအတွက် အထူးအခွင့်အရေး ဆုံးရှုံးသွားပြီးဖြစ်ကြောင်း ကေအဲန်ယူသို့ ပန်ကြားသိစေအပ်ပါသည်။

(ပြည်တွင်းကရင်လူထုများ)

KNU နယ်မြေအတွင်း အစိုးရစစ်တပ် ရိက္ခာပို့

ရန်သူက တမိနစ်အခွင့်အရေးရတာနဲ့  ချက်ချင်းအသုံးချတယ်... တကယ်ဆိုရင် အစိုးရစစ်တပ်တွေ ရိက္ခာကို ခုလိုတလဟော ပို့ စရာအကြောင်းမရှိပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ရင် တနှစ်စာအတွက်စစ်တိုက်ဖို့ သူတို့ ကပြင်ဆင်ထားပြီးသား... KNU ရှေးတန်းရဲဘော်များ နအဖ ရိက္ခာပို့ မှုကို ဟန့် တန့် ဖို့ လိုအပ်ပါသည်။ သတ်မှတ်ထားသည့် အရေအတွက်နှင့် တစ်လ တစ်ခါပို့ သည့် စနစ်ဖြစ်သာ ခွင့်ပြုသင့်ပါသည်။ ဒီထဲပိုလုပ်ဆောင်ပါက ပစ်သင့်ရင် ပစ်ရပါမည်။
xxxxxxxxxxxxxx

ဇန်န၀ါရီလ ၁၆ရက်။ ၂၀၁၂ခုနှစ်။ စောသိန်းမြင့်(ကေအိုင်စီ)

နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကာလတွင် အစိုးရစစ်တပ်ဘက်မှ ကရင်အမျိုးသားအစည်း အ ရုံး-KNU နယ်မြေအတွင်းရှိ တပ်စခန်းများသို့ ရိက္ခာပစ္စည်းပို့ဆောင်မှုများ လုပ်ဆောင်နေသည်ဟု KNUက ပြော သည်။

KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝေါ်လေ၊ ကျိုက်ဒုံ၊ အဇင်း၊ ပိုင်ခလန်စ သည့်ဒေသဘက်တွင် အစိုးရစစ်တပ် တပ်မ(၂၂)မှ တစ်နှစ်စာအတွက် ရိက္ခာကို ယခင်လမှစ၍ ယခု အ ချိန်ထိ ကားအစီးပေါင်း ၄၀၀စီး ပို့ဆောင်ထားပြီဖြစ်သည်ဟု KNUတပ်မဟာ(၆)မှ တာဝန်ရှိသူ ဗိုလ်ကြီး ထဲနေက ပြောသည်။

၎င်းက“ ကြာအင်းဆိပ်ကြီးကနေ ကျိုက်ဒုံ၊ ကျိုက်ဒုံကနေ အဇင်း၊ အဇင်းက ထီးထာ့ဘောင်၊ ပိုင်ခလန်အ ထိ ပို့တယ်။ ဝေါလေခီး၊ စုကလိအပါအ၀င်ပေါ့။ မနေ့က တရက်တည်းဆိုရင် ကားအစီး ၇၀၊ ဒီဇင်ဘာလ ကနေ အခုချိန်ထိ ဆိုရင် ရိက္ခာကားအစီးပေါင်း ၄၀၀ရှိပြီ”ဟု ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBAနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲမှုအပြီးတွင် DKBA လှုပ်ရှုားနယ်မြေများ ဖြစ်သည့် ဝေါ်လေ၊ စုကလိဘက်တွင် အစိုးရ စစ်တပ်မှ စစ်ရိက္ခာ ပစ္စည်း ပို့ဆောင်မှုများပို၍ လုပ်ဆောင်လာကြောင်း ဗိုလ်ကြီးထဲနေက ပြောသည်။

သို့သော် ဘုရားသုံးဆူနှင့် အနန်းကွင်းဒေသဘက်တွင်လည်း ရိက္ခာပစ္စည်းပို့ဆောင်ရန်အတွက် အစိုးရစစ် တပ်ဘက်မှ KNUတပ်မဟာ (၆)၏ ဗျူဟာမှူး ဗိုလ်မှူးကြီးဂျိုးစွာအား ပြီးခဲ့သည့်ရက်ပိုင်းက လူလွှတ်ခွင့် တောင်းခဲ့ရာတွင် စောသေးကြောင်း ဗိုလ်မှူးကြီးဂျိုးစွာက အကြောင်းပြန်ခဲ့သည်။

အစိုးရစစ်တပ်များ ယခုလို ရိက္ခာပို့ဆောင်ရာတွင် ယခင်လ အပစ်အခတ်မရပ်စဲသေးသည့်အချိန်က KNU တပ်ဖွဲ့၏ ၀င်ရောက်ပစ်ခတ်နှောက်ယှက်မှုများရှိခဲ့သော်လည်း ယခုလ ၁၂ရက်နေ့က KNUနှင့် အစိုးရတို့ အပစ်အခတ်ရပ်စဲပြီးနောက် ထိုကဲ့သို့ မပြုလုပ်တော့ကြောင်း KNUက ပြောသည်။

ယခုလ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ပြည် ထောင်စုအစိုးရအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်တို့ ဘားအံမြို့၌ တွေ့ဆုံရာတွင် အ ပစ်အခတ်ရပ်စဲရန်၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အ ဆင့်များကို ဆက်လက် ဆွေးနွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သဘောတူညီ ချက်စာချုပ် ချုပ်ဆိုခဲ့သည်။

ထို့နောက် ထိုပဏာမသဘောတူညီချက်နှင့် စပ်လျဉ်း၍ အစိုးရ ကာကွယ်ရေး ဦးစီးချုပ်ရုံး -ကကကြည်း မှ ကရင်ပြည်နယ်ရှိ ၎င်းတို့တပ်များအား သတ်မှတ်နယ်မြေအတွင်း စစ်ရေးလှုပ်ရှားခြင်း၊ လူများကို ပေါ် တာဆွဲခြင်း မပြုလုပ်ရန်နှင့် တစ်ဘက်နှင့်တစ်ဘက် ဆွေးနွေးပွဲပျက်ပြားစေမည့် အပြုအမူများ လုံးဝ မ လုပ်ကြရန် သက်ဆိုင်ရာ ကြည်းတပ်များအား ညွှန်ကြားထားသလို KNUဘက်ကလည်း ၎င်းနည်းတူ ညွှန် ကြားထားသည်ဟု စစ်ဘက်ဆိုင်ရာ သတင်းအရ သိရသည်။

အလားတူ KNU နယ်မြေများဖြစ်ကြသည့် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဖာပွန်ခရိုင်၊ သထုံခရိုင် ဘက်တွင်လည်း ယခင်လမှစ၍ ယခုအချိန်ထိ အစိုးရစစ်တပ်မှ ရိက္ခာပစ္စည်းပို့ဆောင်မှုများ လုပ်ဆောင် နေကြောင်း သက်ဆိုင်ရာ KNU အရာရှိများက ပြောသည်။

မြန်မာအစိုးရနှင့် KNUတို့ အပစ်အခတ်ရပ်စဲနေချိန်တွင် အစိုးရစစ်တပ်ဘက်မှ ရိက္ခာပို့ဆောင်မှုများ အ ဆက်မပြတ်လုပ် ဆောင်မှုအပေါ် မြန်မာအစိုးရနှင့် KNU အပစ်အခတ်ရပ်စဲရေးကိစ္စတွင် သံသယရှိသည် ဟု KNU အောက်ခြေတပ်မှူးများက သုံးသပ်သည်။

ခရီးစဉ်ကို ကျေနပ်အားရမှုရှိဟု KNU ငြိမ်းချမ်းရေးအဖွဲ့ပြော

ဇန်န၀ါရီ ၁၆ရက်။ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


မြန်မာအစိုးရနှင့် ပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးရေးခရီးစဉ်ကို အားရကျေနပ်မှုရှိကြောင်း ပြောကြားလိုက်သည်။

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၁ရက်နေ့က စတင်၍ ၅ရက်ကြာ ခရီးစဉ်အပြီး ယမန်နေ့ ညနေက ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်ရောက်ရှိခဲ့ချိန်တွင် ခရီးစဉ်လိုက်ပါသွားသူ KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့(၁၉)ဦးထဲမှ ပြောခွင့်ရသူ ပဒိုစောဒေးဗစ်ထောက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက “အစိုးရဘက်က အဓိက ပစ်ခတ်ရပ်စဲရေးလုပ်ချင်တယ်။ အဲဒါက သူတို့ရဲ့ တင်ပြချက်ပဲ။ ကျနော်တို့ဘက်ကလည်း အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်ဖို့အတွက် အချက်(၁၁)ချက်ကို တင်ပြတယ်။ ဒါကို မူအားဖြင့် သူတို့ လက်ခံတယ်။ အဲဒါအပြင် နောက်ထပ်လိုအပ်ရင် ထပ်ဖြည့်နိုင်ဖို့ အခန်းတခန်းကိုလည်း ထပ်ထည့်ပေးထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု ၀န်ကြီးအဖွဲ့များအပြင် KNU ၏ ဆက်စပ်နယ်မြေများဖြစ်သည့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်မှ တပ်ဘက်၊ အုပ်ချုပ်ရေးဘက် ခေါင်းဆောင်များ၏ ရှေ့မှောက်တွင် ဆွေးနွေးခွင့်ရသည့်အပေါ် နှစ်ဘက်သဘောတူညီမှုများကို လည်း သိရှိခွင့်ရသည်ဟု သူက ဆက်ပြောသည်။

ခရီးစဉ်အတွင်း နေပြည်တော်တွင် ဒု-ဥက္ကဌ စိုင်းမောက်ခမ်းတွေ့ဆုံခဲ့ကာ မော်လမြိုင်မြို့၌ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်အား သဘောတူညီမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့ကြောင်း နှင့် ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဉာဏ်ဝင်းကို တွေ့ဆုံပြီး KNU ၏ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်းလည်း KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဆိုသည်။

ထို့အပြင် မြန်မာအစိုးရက ဖားအံမြို့တွင် ၎င်းတို့နှင့် လက်မှတ်ရေးထိုးပြီး ၂နာရီကျော်အကြာ၌ အစိုးရဘက်မှ အကျဉ်းသား ၆၅၁ဦး လွှတ်ရန် ထုတ်ပြန်ခဲ့ခြင်းအပါအ၀င် ၎င်းတို့အဖွဲ့နေပြည်တော် အရောက်တွင် အပစ်ရပ်ရန် အတွက် KNU နယ်မြေအတွင်းရှိ မြန်မာစစ်တပ်များကို သမ္မတ ဦးသိန်းစိန်မှ ညွှန်ကြားသည့် စာထုတ်ပြန် ခဲ့မှုများအပေါ်လည်း ကျေနပ်အားရကြောင်း KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ပြောသည်။

ယခုလ ၁၂ရက်က ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး ဦးဆောင်သည့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်အဖွဲ့ဝင် ၁၉ဦးနှင့် မီးရထားဝန်ကြီး ဦးဆောင်သည့် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့က ဘားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ တွေ့ဆုံဆွေးနွေးကာ အပစ်အခတ် ရပ်စဲရန်၊ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာရန်နှင့် ကျန်အဆင့် များကို ဆက်လက် ဆွေးနွေးသွားရန် စသည့်အချက်များဖြင့် ပြည်နယ်အဆင့် ပဏာမ သဘောတူညီချက်စာချုပ် ချုပ်ဆိုခဲ့ကြသည်။

“အစိုးရနဲ့ ကျနော်တို့ ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်အရ အသေးစိတ်အချက်အလက်တွေကို ဆက်ဆွေးနွေးဖို့ ၄၅ ရက်သတ်မှတ်ဖို့ သဘောတူညီတယ်။ ဒါ အကြာဆုံးပဲ။ အဆင်ပြင်ရင် ဒီထက်လည်း စောနိုင်တယ်။”ဟု ပဒိုဒေးဗစ်ထောက ပြောသည်။

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရန် ၁၉၄၉ခုနှစ်မှစ၍ မြန်မာအစိုးရ အဆက်ဆက်ကို နိုင်ငံရေးအရ တော်လှန်ခဲ့သည့် KNU သည် လက်ရှိအချိန်ထိ မြန်မာအစိုးရနှင့် တရားဝင် ၆ကြိမ် တွေ့ဆုံပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ရရှိလာခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှတ်ပုံတင်ရန်နှင့် စီးပွားလုပ်ရန်မဟုတ်

ဇန်န၀ါရီ ၁၅ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)


လက်ရှိမြန်မာအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြားဆွေးနွေးညှိနှိုင်းနေကြသည့်ငြိမ်းချမ်းရေး ဆိုင်ရာလုပ်ငန်း စဉ်များသည်နိုင်ငံသားမှတ်ပုံတင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်ရရှိရန်အတွက် မဟုတ်ဟုတိုင်းရင်းသား ခေါင်းဆောင်များကပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်တွင် ကြာသာပတေးနေ့က မြန်မာအစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ်လက်မှတ်ရေးထိုးပွဲအပြီးတွင် မြန်မာအစိုးရ၀န်ကြီး ဦးအောင်မင်းက ပြည်တွင်းသတင်းဌာနများကို ပြောကြားခဲ့သည့် တွေ့ဆုံမေးမြန်းခန်းနှင့် ပတ်သက်၍ တိုင်းရင်းသားအဖွဲ့များက တုံ့ပြန်ပြောဆိုကြခြင်းဖြစ်သည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေ တနိုင်ငံလုံးကို လက်နက်မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုတယ်။ မှတ်ပုံတင် မရှိရင် မှတ်ပုံတင်လုပ်ပေးလိုက်အုံးမယ်။ မှတ်ပုံတင်ရှိသွားရင် နိုင်ငံသားဖြစ်သွားပြီး နိုင်ငံသားအခွင့်အရေး အားလုံးရမယ်။ အခု သူတို့လက်ထဲမှာ မှတ်ပုံတင်လည်း မရှိဘူး။ တောထဲမှာ တောက်လျှောက်နေခဲ့ကြတာ မှတ်ပုံတင်ရှိရင် စီးပွားရေးလုပ်လို့ ရမယ်။ နိုင်ငံရေး ပါတီထောင်ပြီး ရွှေးကောက်ပွဲဝင်လို့ရမယ်။ ဒါ ကျနော်တို့လိုချင်တဲ့ လမ်းကြောင်းပဲ။”ဟု ၎င်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုလ ၂၀ရက်နေ့တွင် မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးရန်ရှိ သည့် မွန်ပြည်သစ်ပါတီအဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းသည် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရန်နှင့် နိုင်ငံရေးပါတီ ထူထောင်ရန်မဟုတ်ဟု ပြောသည်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “လက်မှတ်ထိုးပြီးတဲ့အဖွဲ့တွေ တနိုင်ငံလုံးကို လက်နက်မပါဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုတယ်။ မှတ်ပုံတင် မရှိရင် မှတ်ပုံတင်လုပ်ပေးလိုက်အုံးမယ်။ မှတ်ပုံတင်ရှိသွားရင် နိုင်ငံသားဖြစ်သွားပြီး နိုင်ငံသားအခွင့်အရေး အားလုံးရမယ်။ အခု သူတို့လက်ထဲမှာ မှတ်ပုံတင်လည်း မရှိဘူး။ တောထဲမှာ တောက်လျှောက်နေခဲ့ကြတာ မှတ်ပုံတင်ရှိရင် စီးပွားရေးလုပ်လို့ ရမယ်။ နိုင်ငံရေး ပါတီထောင်ပြီး ရွှေးကောက်ပွဲဝင်လို့ရမယ်။ ဒါ ကျနော်တို့လိုချင်တဲ့ လမ်းကြောင်းပဲ။”ဟု ၎င်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခုလ ၂၀ရက်နေ့တွင် မြန်မာအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးရန်ရှိ သည့် မွန်ပြည်သစ်ပါတီအဖွဲ့က အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခြင်းသည် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရန်နှင့် နိုင်ငံရေးပါတီ ထူထောင်ရန်မဟုတ်ဟု ပြောသည်။

နေပြည်တော်အတွင်းရေး -15 Jan 2012

2012_January_15_MAH_instruct_mlitary_activities_in_Kachin_-_to_bluff_the_Chinese_on_the_gas_pipline_and_the_jade_stone_area_a

Monday, January 16, 2012

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရတို့အကြား အပစ်ရပ်စဲရေး ပဏမ သဘောတူညီချက်ကို လက်မှတ်ရေးထိုး (ရုပ်သံ)

ရထားဝန်ကြီး ဦးအောင်မင်း ပြောသွားတယ် "လက်နက်တသက်လုံးကိုင်တဲ့သူကို မကိုင်နဲ့ လို့ ပြောရင် မတရားဘူး.. သူတို့ လက်နက်မကိုင်ချင်တဲ့ စိတ်ပေါက်အောင် ဘာလုပ်ပေးရမလည်း ဆိုရင် ချမ်းသာရင် ဘယ်သူ့ မကိုင်တော့ဘူး.. သူတို့ နယ်မြေဒေသကြီး ဖွံ့ ဖြိုးတိုးတက်လာရင် ဘယ်သူ့ မှကိုင်မှာ မဟုတ်ဘူး.. အဲတာကို လုပ်ပေးလိုက်ရင် သူ့ ဟာသူ အော်တိုမက်တစ်ကလီ လက်နက်က သူ့ ဟာနဲ့ သူ သူ့ သဘောနဲ့ သူ စွတ်လွတ်သွားမယ်"..ကရင်လူမျိုးများအား ပထမဦးစွာစကားဖြင့်စော်ကားခြင်း ၊ ရထားဝန်ကြီး ဦးအောင်မင်း
ကသူကိုယ်ကို  အဆင့်အတန်းကိုဖေါ်ပြီးမြန်မာပြည်သူများအပေါ်ကခေါင်းပုံဖြတ်သားနေတာကျေနပ်နေသူ
ဖြစ်တာကိုဝန်ခံခြင်းဖြစ်သည်၊
ရထားဝန်ကြီး ဦးအောင်မင်း ပြောသွားတယ် "လက်နက်တသက်လုံးကိုင်တဲ့သူကို မကိုင်နဲ့ လို့ ပြောရင် မတရားဘူး.. သူတို့ လက်နက်မကိုင်ချင်တဲ့ စိတ်ပေါက်အောင် ဘာလုပ်ပေးရမလည်း ဆိုရင် ချမ်းသာရင် ဘယ်သူ့ မကိုင်တော့ဘူး.. သူတို့ နယ်မြေဒေသကြီး ဖွံ့ ဖြိုးတိုးတက်လာရင် ဘယ်သူ့ မှကိုင်မှာ မဟုတ်ဘူး.. အဲတာကို လုပ်ပေးလိုက်ရင် သူ့ ဟာသူ အော်တိုမက်တစ်ကလီ လက်နက်က သူ့ ဟာနဲ့ သူ သူ့ သဘောနဲ့ သူ စွတ်လွတ်သွားမယ်"..

ချမ်းသာသွားရင် ကရင်တွေ သေနတ်မကိုင်တော့ဘူးလို့ ဆိုပါတယ်.. လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ ကရင်တွေကို စော်ကားသလိုတောင်ပြောရမလိုဖြစ်နေတယ်။ ကရင်တွေက ချမ်းသာချင်လို့ တော်လှန်ရေးထဲဝင်တာ မဟုတ်ဘူး....ကိုယ်ပိုင်ပြဌန်းခွင့်ရဖို့ အတွက်တိုက်ပွဲဝင်တာပါ။ အဲတာကိုက ဗမာအစိုးရက ကရင်လူမျိုးများအပေါ်မြင်တဲ့ ဒသန က အတော်ကို မှားနေတယ် လွဲနေပါတယ်။ ဒီအတိုင်းဆိုရင် မလွယ်ဘူးလို့ ပဲ သတိပေးလိုတယ်....

ကရင့်တော်လှန်ရေးရဲဘော်တွေမှာ မိဘချမ်းသာတဲ့အသိုင်းအ၀န်းတွေ အများကြီးရှိသလို ပညာတတ်တွေလည်း အများကြီးရှိပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေမှာ အလကားသွားနေလို့ ရတာတောင်မှ မသွားကြပဲ တော်လှန်ရေးကို လုပ်နေကြတာပါ။
ကရင့်လက်နက်ဟာ ကရင့်လက်ထဲမှာပဲ ကမ္ဘာတည်သ၍ ရှိနေမှာပါ။ တခုပဲ စဉ်းစားဖို့ က နိုင်ငံတော်အစိုးရက ကရင့်လက်နက်ကိုင်တပ်ကို ပြည်ထောင်စု တပ်မတော်ထဲမှာ ဘယ်လိုဘယ်ပုံနဲ့ ချိတ်ဆက်တွဲထားနိုင်မလည်းဆိုတဲ့ ပြသနာကို ဖြေရှင်းနိုင်ကြရင် ပွဲပြီးသလောက် ရှိသွားပါမည်။
ဒီလူတွေကို စီးပွားရေးအခွင့်အလားပေးလို့ သူဌေးဖြစ်သွားရင် သေနတ်မကိုင်တော့ဘူးဆိုပြီး DKBA မောင်ချစ်သူ တို့ ကို လုပ်သလို လုပ်လို့ ရမယ် အထင်နဲ့  ကေအဲန်ယူကို ချည်းကပ်ရင်တော့ သိပ်မှားသွားမယ် လို့ ပဲပြောချင်ပါတယ်။

KNU အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာကပေါ်ရဲ့ သုံးသပ်ချက်

Sunday, January 15, 2012

ပြည်သူတွေ အကျိုးရှိမယ့်အရာကို လုပ်ဆောင်မယ် (ဒေးဗစ်ထော)

Published on January 10, 2012 by
လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကရင်ပြည်နယ် ဘားအံမြို့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးမှာ​ ဖြစ်ပါတယ်။
ဒေးဗစ်ထော
မနက်ဖြန် ဇန်န၀ါရီ ၁၁​ ရက်နေ့မှာပဲ ကရင်အမျိုးသားအစည်းအရုံး​ ​ငြိမ်းချမ်းရေးကောင်စီအဖွဲ့နဲ့​ အတူ တပ်မဟာခရိုင်က ကိုယ်စားလှယ်ပေါင်း ၁၉ ဦး ဘားအံမြို့ကို ထွက်ခွာသွားဖို့​ ရှိပါတယ်။
ကရင် ​အမျိုးသားအစည်းအရုံး​ အနေနဲ့ အစိုးရကိုယ်စားလှယ်တွေနဲ့​​ ​တွေ့တဲ့အခါ ဘာတွေ ဆွေးနွေးမလဲ၊ ဘာကြောင့် ကော်မတီဝင် အပါအ၀င် ခရိုင်တပ်မဟာ ကိုယ်စားလှယ်တွေပါ​ သွားရောက် ဆွေးနွေးလဲဆိုတာနဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ​ သွားရောက်​ဆွေးနွေးမယ့်​ ​ကေအန်ယူငြိမ်းချမ်းရေး​ ​ကော်မတီ​ အတွင်းရေးမှူး ပဒိုစောဒေးဗစ်ထောကို ဆက်သွယ်​ မေးမြန်းထားပါတယ်။
မနေ့တုန်းက အန်ကယ်တို့ အစည်းအဝေး လုပ်ပြီးတော့ သွားမယ့်အဖွဲ့တွေကို ရွေးလိုက်ပြီဆိုတော့ ဘယ်သူတွေကို ရွေးလိုက်တာလဲ။ ဘယ်နှယောက် သွားမှာလဲ ဆိုတာကို ပြောပြပေးပါလား။
“အဖွဲ့ခေါင်းဆောင်ကတော့ ကျနော်တို့ရဲ့ စစ်ဦးစီးချုပ် စောမူတူးစေးဖိုး ဖြစ်ပါတယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ကျနော်ကတော့ အတွင်းရေးမှူးတယောက်အပြင် ဒု-အဖွဲ့ခေါင်းဆောင်လို့ ပြောလည်းရပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဖွဲ့ဝင်ဖြစ်တဲ့ စောရောဂျာခင် ပါတယ်။ ပဒိုစောအားတိုး ပါတယ်။ နောက် ပဒိုစောအောင်မောင်​အေး ပါတယ်။ ၇ ယောက်ရှိတဲ့အထဲမှာ ၅ ယောက်ပါတယ်။ ခရိုင်ဥက္ကဋ္ဌအနေနဲ့ မြိတ် ထားဝယ်က ဆိုရင် ပဒိုစောကွယ်တူးဝင်း၊ ညောင်လေးပင်ခရိုင်ကဆို ပဒိုစောလေးလော်​ဆော​၊ တောင်ငူခရိုင်ကဆိုရင် ပဒိုစောအယ်ဝါး၊ ဒူးပလားယား ခရိုင်အုပ်စုက ပဒိုစောရွှေမောင်း၊ နောက် တပ်မဟာ ၇ က တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ တပ်မဟာ ၁ ရဲ့ ရုံးထိုင်မှူးကတော့ ဗိုလ်မှူးစောအိသာ၊ နောက် တပ်မဟာ ၆ ရဲ့ ရုံးထိုင်မှူးကတော့ ဗိုလ်မှူးစောရှီးရှို၊ ဗိုလ်မှူးဂျော်နီကို ကူဖို့အတွက်က ဗိုလ်ကြီးဆတ်​ဆေး​​၊​ နောက် ဗဟိုကော်မတီဝင်ဖြစ်တဲ့ ပဒိုသော​သီဘွဲ၊ ပဒိုစောလှထွန်း၊ စောတာမူလာ၊ စောအောင်ဝင်းရွှေ၊ ဆေးမှူးအနေနဲ့ ဆရာဂျီးဂျီ၊ နောက်ဆုံး ၁၉ ယောက်ကတော့ ဗိုလ်ကြီးဆာဆေး ဖြစ်ပါတယ်။”
အန်ကယ်တို့ ဘယ်နေ့စသွားမှာလဲ။
“ကျနော်တို့ ၁၂ ရက်နေ့ တွေ့မှာဖြစ်တဲ့အတွက် ၁၁ ရက်နေ့မှာ သွားပါမယ်။”
အသွားအလာ ကိစ္စက ဘယ်လိုပုံစံနဲ့ သွားကြမှာလဲရှင်။
“အသွားအလာကိစ္စမှာ ကျနော်တို့ ဒီဘက်ကနေပြီးတော့ ထိုင်းအာဏာပိုင်တွေက ကျနော်တို့ကို မြ၀တီဘက်ကမ်းအထိ ရောက်အောင် ပို့ပေးမယ်။ မြ၀တီဘက်ကနေ ဟိုဘက်ကို ၀န်ကြီးဦးအောင်မင်းနဲ့ တခြားသော ခေါင်းဆောင်တွေက စီစဉ်မှုအရ ကျနော်တို့ ခရီးစဉ်ကို စတင်မှာ ဖြစ်ပါတယ်။”
အန်ကယ်တို့အနေနဲ့ ကေအန်ယူ ငြိမ်းချမ်းရေးကော်မတီက တာဝန်ရှိသူတွေရယ်၊ နောက်တပ်မဟာက တာဝန်ရှိသူတွေရယ်၊ ခရိုင်ကတာဝန်ရှိသူတွေရယ်၊ ပါဝင်ပြီးတော့ ခေါ်သွားရခြင်းက၊ အဓိက ဘာအကြောင်းတွေ ဆွေးနွေးမှာလဲ။ နောက် ဘယ်လိုမျိုး မျှော်လင့်ထားလဲဆိုတာ အန်ကယ်ပြောပြပေးပါရှင့်။
“ကျနော်တို့ လူစုံတက်စုံနဲ့ သွားရတဲ့အကြောင်းကတော့ တချို့ နယ်မြေကိစ္စတွေက ကာယကံရှင်တွေက ပါဝင်ပြီးတော့ ဆွေးနွေးမှပဲ ရှင်းရှင်းလင်းလင်းနဲ့ သိကြမယ့် အနေအထား ရှိပါတယ်။ ကျနော်တို့ နယ်မြေ အားလုံးကို ကျနော်တို့အနေနဲ့က အသေးစိတ် မသိနိုင်တော့ နယ်မြေခံတွေပါတော့ ဆွေးနွေးပွဲမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေက ပိုပြီးတော့ နားလည် သဘောပေါက်လိမ့်မယ်ဆိုတဲ့ အချက်ရယ်၊ နောက်တချက်က ကျနော်တို့ဘာတွေ ဆွေးနွေးတယ်ဆိုတာ နယ်မြေခံတွေက ပါဝင်ခြင်းအားဖြင့် သူတို့နယ်မြေအတွင်းမှာ ရှိနေတဲ့ တပ်ရင်းတို့၊ မြို့နယ်နဲ့ လူထုတွေကို ပြန်လည် ရှင်းပြတဲ့အခါ လွယ်ကူတယ်။ ကျနော်တို့ ဗဟိုကချည်းပဲဆိုရင် သွားလိုက်ရှင်းဖို့က တော်တော်အချိန်ယူရမယ်။ သူတို့ပါလာတော့ သူတို့နယ်မြေကို ပြန်ရှင်းပြတာ လွယ်သွားတာပေါ့။”
၂၀၀၄ တုန်းက သွားတဲ့ဆွေးနွေးပွဲနဲ့ အခုသွားမယ့်ဆွေးနွေးပွဲမှာ အခုတခေါက်က ပိုပြီးတော့ လူစုံတက်စုံရှိတယ်။ ဒီလို အစိုးရနဲ့ဆွေးနွေးပြီးတဲ့အခါ တခါတည်း အပစ်အခတ်ရပ်စဲဖို့ကို လက်မှတ်ရေးထိုးခဲ့မှာလား။ ဘယ်လိုမျိုး စီစဉ်ထားလဲရှင့်။
“ကျနော်တို့ကတော့ ဒီဆွေးနွေးပွဲမှာ တဖက်ရဲ့ တင်ပြချက်အရဆိုရင် အပစ်အခတ်ရပ်စဲရေး၊ နောက်ပြီးတော့ အုပ်ချုပ်ရေးပိုင်းမှာဆိုရင် တယောက်နဲ့ တယောက် အကြောင်းကြားရေး ဆိုတဲ့ကိစ္စ၊ နောက် နိုင်ငံရေးကိစ္စကို ဆွေးနွေးဖို့ ရက်သတ်မှတ်ဖို့ရယ်ဆိုတဲ့ အချက်လေးချက်ကို အဆိုပြုထားတာ ရှိတယ်။ အဒီအပေါ်မှာ အခြေခံပြီးမှ ကျနော်တို့ ကေအန်ယူဘက်ကတော့ အပစ်အခတ် ရပ်စဲရေးကို လုပ်တဲ့အပိုင်းမှာ လိုအပ်တဲ့ အချက်လေးတွေကို တင်ပြဖို့ စီစဉ်ထားတာ ရှိပါတယ်။ အဲဒီဟာကတော့ အဓိက လူထုကိစ္စပါပဲ။ လူထုဆိုတာက ကျနော်တို့ ဒီပြည်သူလူထုတွေက အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်လို့ သူတို့အတွက် ဘယ်လောက် အကျိုးရှိတယ်။ ဘယ်လောက် သူတို့အတွက် ကာကွယ်တယ် ဆိုတဲ့ဟာကို ရှိမှသာလျှင် သူတို့ကလည်း အပစ်အခတ် ရပ်စဲရေးပေါ်မှ ယုံကြည်စိတ်ချမယ်၊ နောက်ပြီးတော့ ပါဝင်ပြီးတော့ ကူညီမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဘာပဲဖြစ်ဖြစ် လူထုကတော့ သူတို့အတွက် အကျိုးစီးပွား မရှိတဲ့ အပစ်အခတ် ရပ်စဲရေးကို ထောက်ခံမှာ မဟုတ်ဘူး။ အဲဒါတော့ သေချာတယ်။”
ကေအန်ယူ အနေနဲ့ကလည်း ငြိမ်းချမ်းရေးစပြီးတော့ ဆွေးနွေးပြီးကတည်းက အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမယ်ဆိုပြီး နောက်ပိုင်းမှာ လူထုရဲ့ သဘောထားကို လိုက်လံ ကောက်ယူတာမျိုးတွေ ရှိတယ်လေ။ အများအားဖြင့် လာတဲ့ သဘောထားတွေက ဘယ်လိုမျိုးရှိလဲရှင့်။
“လူထုသဘောထားတွေကို ကြည့်မယ်ဆိုရင် လူထုတွေက ငြိမ်းချမ်းရေးကို အင်မတန်မှ လိုလားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးမရှိဘဲနဲ့ စစ်မက်ပဲ ဖြစ်ပွားနေရင် ဘာပဲပြောပြော သူတို့ရဲ့ ဘ၀လုံခြုံရေးပဲဖြစ်ဖြစ်၊ ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ ပြန်လည် ထူထောင်ရေးပဲဖြစ်ဖြစ်၊ ဘယ်လိုမှ မလုပ်နိုင်တာကို တွေ့ရှိရတော့ တနေ့တခြား ကျနော်တို့လူထုတွေက ဆင်းရဲတဲ့ဘ၀တွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် သူတို့တွေအနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားပါတယ်။ တချို့အကြံပေးချက်တွေကတော့ တခါမှ အပစ်အခတ် ရပ်စဲရေးမလုပ်ခဲ့တဲ့ ကေအန်ယူကို သတိပေးတာတွေ စိုးရိမ်မှုရှိတာတွေတော့ ရှိပါတယ်။ ကျနော်တို့လည်း သူတို့ရဲ့ အကြံပြုချက်တွေကို အရေးတယူ သဘောထားပြီးတော့ သူတို့ အကြံပေးချက် အတိုင်းပဲ ကျနော်တို့ လုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာမှာ ရောက်နေတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာ ရှိနေတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ ဒီပဋိပက္ခဖြစ်တဲ့ နယ်မြေမှာရှိတဲ့ ကရင်အမျိုးသားတွေပဲဖြစ်ဖြစ်၊ သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျနော်တို့ အလေးထားပါတယ်။ သူတို့ရဲ့ကိစ္စက ကျနော်တို့ရဲ့ ကိစ္စပါပဲ။ ကျနော်တို့ အဖွဲ့အစည်းက ပြည်သူလူထုအတွက် ရပ်တည်တဲ့အဖွဲ့အစည်း ဖြစ်တဲ့ အတွက်ကြောင့်၊ ပြည်သူလူထု အကျိုးမရှိတဲ့ အလုပ်ကိုတော့ ကျနော်တို့ မလုပ်ပါဘူး။ ကျနော်တို့အနေနဲ့ ပြည်သူတွေ အကျိုးရှိမယ့်ဟာကိုပဲ ရည်ရွယ်ပြီး လုပ်ဆောင်သွားမယ် ဆိုတာကို သတင်းစကား​ ပါးချင်ပါတယ်။”

ကေအဲန်ယူအဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ

ဇန်န၀ါရီ ၁၄ရက်၊ ၂၀၁၂။ မြန်မာစံတော်ချိန် ည ၁၀နာရီ (ကေအိုင်စီ)

မြန်မာအစိုးရ ဒုသမ္မတ စိုင်းမောက်ခမ်းနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ည မြန်မာစံတော်ချိန် ၉နာရီခန့်တွင် နေပြည်တော်မှ ပြန်လည် ထွက်ခွာလာပြီးဖြစ်သည်။

အဆိုပါအဖွဲ့သည် ရထားဖြင့် ကရင်ပြည်နယ်၊ ဘားအံမြို့တော်ဘက်သို့ ပြန်လည် ထွက်ခွာလာခြင်းဖြစ်ပြီး
လက်ရှိ သတင်းတင်ချိန်တွင် ခရီးလမ်း၌သာ ရှိနေသေးကြောင်း ကေအိုင်စီက ဆက်သွယ်သိရှိရသည်။

Breaking Virus Alert !! (သတိ...သတိ...သတိ)


ဂျီတော့မှာ ဗိုင်းရပ်တစ်မျိုး ယခု ရက်ပိုင်း ကြောက်မက်ဖွယ်ပျံ့နှံ့လို့ေ
နပါ တယ် ။ ဗိုင်းရပ်ရဲ့စာသားကတော့ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုပြီးဖြစ်ပါတယ် ။ သတိလက် လွတ် နှိပ်လိုက် ရင်တော့ ကိုယ့် စက်ထဲကို ဖိုင်တစ်ခု install လုပ်ဖို့ပြောပါတယ် ။ ကိုယ်က yes ကိုနှိပ်မိရင်တော့ အဲဒီစက်ကို လည်းကူးစက်သွားပြီး အဲဒီအကောင့်ကိုပါ ဗိုင်းရပ်ကူးသွားပါပြီ ။

ဗိုင်းရပ်က ဘာတွေလုပ်သလဲ ?

ဘာတွေလုပ်သလဲဆိုတော့ ကိုယ်မပြောပဲနဲ့ ကိုယ့် Contact ထဲက သူငယ်ချင်းတွေဆီကို အထက်ပါ OMG is this your picture? http://j.mp/x69ySs?d=a9a3a3 ဆိုတဲ့လင့်ကို ဆက်လက်ဖြန့်ပါတယ် ။ ပိုဆိုးတာက အရင်ဗိုင်းရပ်တွေနဲ့မတူတဲ့အချက်ကတော့ ဒီဗိုင်းရပ်က အဲဒီအကောင့်နဲ့လုပ်ထားတဲ့ အဲဒီအချိန်ဖေ့ ဘုတ်ဖွင့်ထား တဲ့ လူတွေသူငယ်ချင်းတွေဆီပါ အကုန်လုံး Chat message သို့မဟုတ် Message အဖြစ်လိုက်ပို့တာပါပဲ ။ သူငယ်ချင်းတို့ဆီ ရောက်လာခဲ့ရင်လည်း မဖွင့်ကြည့်ကြပါနဲ့ ။ မနှိပ်ကြပါနဲ့ ။ အခြားသူတွေကိုလည်း ဆက်လက်ဖြန့်ဝေပေးကြပါ ။ အကယ်၍ နှိပ်မိတယ်ဆိုရင်တော့စက်ကို restart အမြန်ချပြီး Activated Antivirus တစ်ခုခုနဲ့ အစအဆုံး Full scan ပြန်ဆွဲပေးဖို့လိုပါလိမ့်မယ် ။

မှတ်ထားရမှာက သူငယ်ချင်းက ကိုယ့်ကို မက်ဆေ့ပို့တာမဟုတ်ပါဘူး ဗိုင်းရပ်သာဖြစ်ပါတယ် ။ မနှိပ်မိ ဖို့ နှိပ်မိခဲ့ရင်လည်း ဗိုင်းရပ်ကို အမြန်စစ်ပြီး သတ်ဖို့လိုပါတယ် ။

ကျနော့်ဆီလည်း အစ်မ နတ်သမီးဆီက အဲဒီမက်ဆေ့ဝင်လာလို့ မေးကြည့်တော့ သူပို့တာမဟုတ် မှန်းသိရပါတယ် ဗိုင်းရပ်က အလိုအလျောက်ပို့နေခြင်းဖြစ်ပါတယ် ။ ဒါကြောင့် အစ်မ နတ်သမီး (white angel ) အကောင့်မှာရှိသမျှလူတွေကို ဒီလင့်လေး တွေပေးပါလိမ့်မယ်ဖေ့ဘုတ်မှာရော မနှိပ်ကြပါနဲ့ ဗိုင်းရပ်ဖြစ်ပါတယ် သူ့စက်ထဲ ဗိုင်းရပ်ဝင်သွားလို့ဖြစ်ပါတယ် တခြားသူတွေ မကူးကြစေဖို့ မျှဝေပေးကြပါခင်ဗျာ ။

လွတ်ငြိမ်းချမ်းသာခွင့် မှာတောင် ဗမာတစ်ကျပ် ကရင်တစ်ကျပ် မဟုတ်ပါ

Friday, January 13, 2012

မန်းငြိမ်းမောင်ကို ဘာကြောင့်မလွှတ်သေးတာလဲ စကော်ပီယံ ဂိုဏ်းက တစ်သက်တစ်ကျွန်း

ကျသူတွေကိုတောင် ပြန်လွှတ်ပြီး၊ နှစ်ပေါင်း ငါးဆယ်မက မတရား ထောင်ဒါဏ်

အပေးခံရသူတွေ ပြန်လွှတ်ပေးလိုက်ပြီ။ မန်းငြိမ်းမောင်ကို မလွှတ်သေးတာ

အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးမှာ ဗမာအစိုးရဖက်က မရိုးသားဘူးဆိုတာ ထင်ရှားနေပါတယ်။

ယခုလုပ်နေတာ ငြိမ်းချမ်းရေးဟာ မန်းငြိမ်းမောင် နဲ့ အပေးအယူလုပ်တဲ့ပွဲလို့ ဗမာ အစိုးရဖက်က

ခံယူထားပုံရတယ်။ နိုင်ငံရေး အကျဉ်းသားခြင်းတူသော်လည်း ဗမာ လူမျိုး နိုင်ငံရေးအကျဉ်းသားနဲ့

တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားတောင် အခွင့်အရေးခြင်းမတူဘူး၊ ဗမာတစ်ကျပ်

ကရင်တစ်ကျပ် မဟုတ်ဘူးဆိုတာ မန်းငြိမ်းမောင်ကို ပြန်မလွှတ်ပေးခြင်းက

သက်သေပြလိုက်တာဘဲဖြစ်တယ်။

အပစ်ခတ်ရပ်စဲသည့်နေ့တွင် KNU နှင့် မြန်မာအစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွား

ဒါပဲ....စည်းမရှိတဲ့ စစ်ခွေးတွေကို ခုတ်သတ်တာတောင်နဲသေးတယ်.....တခါတည်းချက်စားပစ်လိုက်ရမှာ....။ငြိမ်းချမ်းရေးလို့ တချိန်လုံး ဟောင်နေပြီးတော့ ကိုယ့်လူတွေကို မထိန်းထားနိုင်တဲ့ ဒီသိန်းစိန် အစိုးရကို ယုံကြည်အောင်ဘာနဲ့ တိုင်းတာရမှာလဲဗျို့.....။

စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရတို့ ဘားအံမြို့၌ ပဏာမ လက်မှတ်ထိုးသည့်နေ့တွင် ဖာပွန်မြို့နယ်၊ ၀ါ့သိုးခို့ကျေးရွာတွင် လှုပ်ရှားနေသည့် မြန်မာစိုးရတပ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ကို စတင် ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွား ကာ နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဒေသခံတဦးက “ငြိမ်းချမ်းရေးစကားပြောတဲ့နေ့ဆိုတော့ ကရင်စစ်သား(KNLA)ဘက်က သွားလာတာ ဘာမှမဖြစ်ဘူးဆိုပြီး ၀ါ့သိုးခို့ရွာဘက်မှာသွားတော့ မြန်မာစစ်သားက ပစ်လိုက်တာ ကရင်စစ်သားတယောက် သေတယ်။ ကရင်စစ်တပ်ဘက်က လည်း မကျေနပ်လို့ ပစ်ထဲ့၊ မြန်မာစစ်တပ်ကို လမ်းတနေရာမှာ ပြန်စောင့်ပြီး အဲဒီစစ်တပ် ဗိုလ်တယောက်ကို ဓါးနဲ့ ခုတ်သတ် လိုက်တယ်။”ဟု ရှင်းပြသည်။

မြန်မာအစိုးရတပ်နှင့် KNLA များ အပြန်အလှန် ပစ်ခတ်နေချိန်တွင် ၀ါ့သိုးခို့ရွာမှ အမျိုးသမီးတဦးနှင့် မိန်းကလေးငယ်တဦးမှာ သေနတ်ထိမှန် သေဆုံးကြောင်း ၀ါ့သိုးခို့မှ လာသည့်သတင်းများအရ သိရသည်။

ထိုသတင်းနှင့် ပတ်သက်၍ ကေအဲန်ယူ ဖာပွန်ခရိုင်နှင့် တပ်မဟာ(၅)သို့ ကေအိုင်စီမှ ဆက်သွယ်သော်လည်း တိကျမှန်ကန် သည့် အချက်အလက်များကို မကြားသိရသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့သဖြင့် အသေးစိတ်ဖြစ်စဉ်ကို ဆက်လက် စုံစမ်း နေဆဲဖြစ်သည်။

ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား


KNU ထိန်းချုပ်ရာ နယ်မြေတစ်နေရာ
ကရင်ပြည်နယ်၊ ဇွဲကပင်အနောက်ဘက်ခြမ်းရှိ ထောင်ဝိကျေးရွာ ဇွဲကပင်ဟိုတယ်တွင် KNU ငြိမ်းချမ်းရေး   အဖွဲ့နှင့် မြန်မာအာဏာပိုင်တို့ ငြိမ်းချမ်းရေးပဏာမအဆင့် လက်မှတ်ရေးထိုးသည့်နေ့မှာပင် KNU ထိန်း ချုပ်ရာ တပ်မဟာ(၅)၊ဖါပွန်ခရိုင်၊၀ါးသို့ခိုးကျေးရွာတွင် နှစ်ဖက်ထိခိုက်မှုရှိသော တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

၎င်းတိုက်ပွဲသည် မြန်မာစစ်တပ်ဘက်မှ စည်းကမ်းချိုးဖေါက်ပြီးစတင်ပစ်ခတ်မှုကြောင့် KNLAဘက်မှ တစ်ဦး သေဆုံးခဲ့ရပြီး မြန်မာစစ်တပ်ဘက်မှလည်း ဗိုလ်အဆင့်ရှိသူတစ်ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ပွဲ ဖြစ်နေချိန်အတွင်း ၀ါ့သိုးခို့ရွာမှ အမျိုးသမီးတဦးနှင့် မိန်းကလေးငယ် တဦးမှာ သေနတ် ထိမှန် သေ ဆုံး ကြောင်း၎င်းဒေသရှိ    ဒေသခံတစ်ဦး၏ အဆိုအရ သိရှိရသည်။

အလားတူပင်  ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေ ယိန်းဖန်ခက်(Ying Hpan hkyet) မဒါဘွမ် (Mada Bum) နှင့် ဂေါ့ငူဘွမ် ( Gawk Ngu Bum)တို့ တွင် ကေအိုင်အေ တပ်ရင်း(၁) တပ်ရင်း(၁၆)တပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် တပ်မ(၈၈) ၊ စခက အမှတ်(၂၁)ပူးပေါင်းတပ်ဖွဲ့ တို့  ဇန်န၀ါရီ(၁၃)ရက် မနက် (၈း၀၀)နာရီမှ (၁၁)နာရီ အချိန်ခန့် အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

အလားတူ ဇန်န၀ါရီ(၁၃) မနက်(၈း၀၀)နာရီ အချိန်ခန့်  မြစ်ကြီးနား -ဗန်းမော် ကားလမ်းပိုင်းရှိ ဂျာပူကျေးရွာ နှင့် မဒီးယန်ကျေုးရွာ အကြား ကေအိုင်အေ ပူးပေါင်းတပ်ဖွဲ့ ဝင်များ နှင့် မြန်မာအစိုးရတပ် ခမရ(၃၉၀)တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြေင်းသိရသည်။

ကေအိုင်အေ တပ်မဟာ(၂)နယ်မြေ မါကော့ပ်ဇွပ်(Makawk Zup) ဒေသ တွင် ကေအိုင်အေ တပ်ရင်း(၁၁)တပ်ဖွဲ့ ဝင်များနှင့် မြန်မာအစိုးရတပ် ခမရ(၃၈၂)(၃၈၅)တပ်ဖွဲ့ တို့  ဇန်န၀ါရီ(၁၃)ရက် ညနေ(၄း၀၀)နာရီ မှ (၅း၃၀)နာရီခန့် ထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုအား ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

ကရင်အမျိုးသားများသတိမမေ့ကြပါနှင့်


ဒီဘိုးတော်ရဲ့ မျက်လုံး ကစားပုံ...ပြောပုံဆိုပုံတွေ ကအင်မတန်ကြောက်ဖို့ကောင်းတာကို သတိထားမိကြရဲ့လား...
တခုတော့သိအောင်ပြောလိုက်မယ်....တို့ကရင် တွေကတော့ ဘယ်တော့မှခင်ဗျားတို့ရဲ့ လုပ်ရပ်ကိုမေ့မှာမဟုတ်ဘူးဆိုတာကို သိထားပါ။

ဦးခင်ညွန့်ကိုသေသေချာချာကြည့်ဖြစ်အောင်ကြည့်.... / 1/13/2012 10:18:00 PM / Comments: (0) ဒီဘိုးတော်ရဲ့ မျက်လုံး ကစားပုံ...ပြောပုံဆိုပုံတွေ ကအင်မတန်ကြောက်ဖို့ကောင်းတာကို သတိထားမိကြရဲ့လား... ခုတော့ဘုရားတရားပဲလုပ်တော့တယ်တဲ့....ဒါမှမလုပ်လည်း အကျယ်ချုပ်နဲ့ ဂေါက်တောင်ဂေါက်သွားမယ်.... တခုတော့သိအောင်ပြောလိုက်မယ်....တို့ကရင် တွေကတော့ ဘယ်တော့မှခင်ဗျားတို့ရဲ့ လုပ်ရပ်ကိုမေ့မှာမဟုတ်ဘူးဆိုတာကို သိထားပါ။