Thursday, November 7, 2013

တပ်မဟာ(၆)နယ်မြေထဲ ဗမာစစ်တပ်ကား(၅)စီး ခုလေးတင်ရောက်ရှိလာတဲ့ အထူးသတင်း

ဒီကနေ့ညနေ ၅-၁၁-၂၁၃၊ (၆)နာရီအချိန်မှာ ဗမာစစ်သားအပြည့်တင်ဆောင်လာတဲ့ ကား(၅)စီးက ကော့ကရိတ်မြို့ရဲ့တောင်ဘက် တမိုင်ကုန်းကျေးရွာမှာရောက်ရှိနေတယ်လို့ သိရပါတယ်။

သေချာသောသတင်းပေးပို့ချက်အရ အဲဒီရွာမှာပဲ ညအိပ်စခန်းချမှာဖြစ်ပြီး ဘယ်ကို ဆက်ပြီးတက်လာမယ်ဆိုတာ ဆက်လက်တင်ပြပေးဦးမှာ ဖြစ်ပါတယ်။

အနီးအနားရွာက လူကြီးတွေနဲ့ လူငယ်တွေကို တရိတခေါင်းရွာမှာ ကထိန်ပွဲကျင်းပဖို့   kNU မှ ချိန်းဆိုထားတဲ့ အစည်းအဝေးကိုလည်း ဖျက်လိုက်ပြီဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်နေတဲ့ကာလမှာ ဘာကြောင့်အင်အားသုံးပြီးချီတက်လာတယ်ဆိုတာ ရွာသားတွေ နားမလည်နိုင်ပဲ ကြောက်ရွံ့နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးကာလမှာ ဗမာစစ်တပ်မှ အလုံးအရင်းနဲ့ KNU ထိန်းချုပ်ရာနယ်မြေထဲ  ရောက်ရှိလာတယ်ဆိုတာ မမှန်ကန်ကြောင်း မန်းငြိမ်းမောင်မှ မီဒီယာကိုပြောကြားလာခဲ့မယ်ဆိုရင် ကရင်အမျိုးသားများ မယုံကြည်ကြဖို့ ကြိုတင်အသိပေးချင်ပါတယ်။