Saturday, July 23, 2011

Karen Humanrights Group:Dooplaya Interview: U Sa—, July 2011 engl

Karen Humanrights Group:Dooplaya Interview: U Sa---, July 2011 engl

Pathways to Primary Industry Flier Semester 2 2011.2pdf

Pathways to Primary Industry Flier Semester 2 2011.2pdf

စောမောသိုက ကေအိုင်စီသို့ ပြောကြားချက်

ရွာသား ၂ဦးကို အစိုးရစစ်တပ်မှ ဖမ်းဆီးသတ်ဖြတ်ခဲ့

ဇူလိုင်လ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံတောင်မြို့ အရှေ့ဘက် ၄မိုင်ကွာတွင် လှုပ်ရှားနေသော အစိုးရစစ်တပ် စကခ(၉) လက်အောက်ခံ ခမရ (၃၇၄)တပ်ရင်းသည် ဒေသခံ ရွာသား ၂ဦးကို ယခုလ ၁၃ရက်နေ့က ဖမ်းဆီးကာ သတ်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။

စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၉)လက်အောက်ခံ ဗိုလ်ကြီးစိုးစံမိုး ဦးစီးသည့် ခမရ(၃၇၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်တချို့သည် မဲ့သင်္ခါလေးရွာသား စောအယ်ထူး ၄၈နှစ်နှင့် စောကလယ်ဖေါ ၃၃နှစ်တို့အား ပေါ်တာအထမ်းသမားများအဖြစ် ရွာထဲမှ ဖမ်းဆီး ပြီးနောက် သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောဆိုသည်။


“ဒီလ ၁၃ရက်နေ့ပေါ့နော်။ ခမရ(၃၇၄)တပ်ရင်းက မဲ့သင်္ခါလေးရွာသား စောအယ်ထူးနဲ့ စောကလယ်ဖောကို အထမ်းသမားအ ဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မဲ့သင်္ခါကြီးရွာကိုရောက်တော့ အဲဒီရွာသားနှစ်ယောက်ကို သတ်ပစ်လိုက်တယ်။ ဘာကြောင့် သတ်ပစ်တာလဲတော့ ဘယ်သူမှ မသိကြဘူး။”ဟု ၎င်းဒေသခံက ပြောသည်။


သံတောင်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်များမှာ ယခင်နှစ်များကလည်း ဒေသခံ ရွာသားများအား အကြောင်းမဲ့ ပစ်သတ်မှုမျိုး အလားတူ ရှိခဲ့သော်လည်း ယခုနှစ်၊ ဇူလိုင်လအတွင်း ပထမဦးဆုံး ဖြစ်ပွားခြင်းဖြစ်သည်။

Taifreedom news Bulletin July vol11-shan July 23, 2011

Taifreedom news Bulletin July vol11-shan

Thai Labour and Human Rights Groups Protest Private Insurance Scheme for Migrant Work Accident

Thai Labour and Human Rights Groups Protest Private Insurance Scheme for Migrant Work Accident

Withdrawal letter National United Party Of Arakan

Withdrawal letter National United Party Of Arakan

MAH - Will Continue Attacks on Ethnics-ThanShwe Remind MAH on MyintSoe and to Arrest MyintSoe Troops

MAH - Will Continue Attacks on Ethnics-ThanShwe Remind MAH on MyintSoe and to Arrest MyintSoe Troops

Save Mong Kok From Coal- Eng

Save Mong Kok From Coal- Eng

ဗိုလ်မှူးစန်းအောင်နှင့် ဆက်သွယ်မေးမြန်းခြင်း

ကိုးဒီသွေး၊ ၂၂-၀၇-၂၀၁၁

၂၀၁၀၊ နိုဝင်ဘာလ(၇)ရက်၊ ရွေးကောက်ပွဲနေ့မှာ မြို့ပြတိုက်ပွဲ စတင်ဆင်နွှဲခဲ့တဲ့ ဗိုလ်မှူးချုပ်
စောလားပွယ်သတင်းကို မကြားရတာအတော်ကြာပြီဆိုပြီး ကရင်အမျိုးသား တော်တော်များများ
က မေးနေကြတဲ့အကြောင်း၊ လက်ရှိကရင်ပြည်နယ်နဲ့ပတ်သက်တဲ့ စစ်ရေးလှုပ်ရှားမှုအကြောင်း
တွေကို ဒီကေဘီအေ ဗိုလ်မှူးစန်းအောင်နဲ့ ဆက်သွယ်မေးမြန်းထားတာကို တင်ဆက်လိုက်ရပါ
တယ်။

မေး- ငြိမ်းချမ်းရေးရယူတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေထဲမှာ ဗိုလ်မှူးစန်းအောင်တို့က မြ၀တီကို
သိမ်းပိုက်တဲ့ မြို့ပြတိုက်ပွဲကို စတင်ဆင်နွှဲပြီးတော့ အစိုးရကို ပထမဦးဆုံးပြန်လည်တော်လှန်တဲ့
ကရင့်လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ပြည်သူတွေက အသိအမှတ်ပြုထားတာ ဖြစ်တယ်။ အခု
SSA, KIA တို့မှာတိုက်ပွဲတွေ အကြီးအကျယ်ဖြစ်နေတဲ့အချိန်မှာ ဗိုလ်မှူးတို့ဘက်မှာနည်းနည်းလေး
ငြိမ်ကျသွားတယ်လို့ ပြောလို့ရမလား။ ဆိုလိုတာက ဗိုလ်မှူးတို့ တိုက်ခိုက်ရေးပိုင်းဆိုင်ရာ နည်းဗျူ
ဟာက ဘယ်လိုအစီအစဉ် ရှိသလဲပေါ့နော်။

ဗိုလ်မှူးစန်းအောင်- ကျွန်တော်တို့ ကရင်ပြည်နယ်ထဲမှာလည်း အဆက်မပြတ် တိုက်ပွဲတွေ ဖြစ်နေပါ
တယ်။ ကျွန်တော်တို့ ဒီ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မုဒုံ လိုနယ်တွေကျတော့ မီဒီယာတွေနဲ့ အ
ဆက်အသွယ်မရဘူး၊ကျွန်တော်တို့ဖုန်းလိုင်း မရှိဘူးနော်။ဒီလွန်ခဲ့တဲ့ (၁)ရက်(၂)ရက်မှာရော၊ (၄)ရက်
(၅) ရက်မှာရော ထီ့ဖေါဖိုး၊ ၀ါ့မင်ထာ့မှာဆိုရင် နေ့တိုင်းလိုလို တိုက်ပွဲတွေဖြစ်နေတယ်၊ လက်ရှိ ကျွန်
တော်တို့နဲ့ ပစ်ခတ်မှုဖြစ်ပြီး ဒဏ်ရာရနေကြတဲ့ ရန်သူတွေဆိုရင် ဆေးရုံကိုတောင် မပို့နိုင်သေးဘူး
လမ်းကြောင်းပေါ်မှာပဲ ရှိနေသေးတယ်..နော်၊ သတင်းပေးတဲ့အဖွဲ့က အခု ပုခက်ထဲမှာ (၅)ယောက်
ထမ်းလာတာတွေ့တယ်၊ ကျွန်တော်တို့က စစ်ရေးအရဆိုရင် ရပ်ဆိုင်းထားတာ မရှိဘူး။ ကျွန်တော်
တို့က ရန်သူကို တိုက်ခိုက်နည်းအမျိုးမျိုးနဲ့ ပုံဖေါ်နေပါတယ်၊ တခါတလေ မီဒီယာနဲ့ အဆက်အသွယ်
တိုက်ရိုက်မပြောနိုင်တာပဲရှိတယ်။ မနေ့တုန်းကဆိုရင် မြ၀တီ ကျောက်မိုင်းဘက်မှာ ရန်သူတွေဟာ
ကျွန်တော်တို့ နယ်မြေကို ရှင်းဖို့ရှိတယ်ဆိုပေမဲ့ တက်လည်းမတက်လာဘူး၊ ကျွန်တော်တို့လူတွေက
အသင့်စောင့်နေတာ၊ ပြီးတော့ ရန်သူတွေက ကျွန်တော်တို့ လှုပ်ရှားမှုအသံကိုကြားတာနဲ့ လက်နက်
ကြီးနဲ့ရော လက်နက်ငယ်တွေနဲ့ပါ လှမ်းပစ်တယ်၊ သူတို့က တိုက်ပွဲဖြစ်တယ်ဆိုပြီး အထက်ကို
တင်ပြရတယ်လေ။ ဆိုလိုချင်တာက သူတို့က အထက်က ညွန်ကြားချက်အရ ရောက်အောင်မရှင်းပဲနဲ့
တနေရာကနေ ပစ်ခတ်သံတွေပေးပြီး တိုက်ကွက်ပြတာပေါ့နော်၊ ကျွန်တော်တို့ဘက်ကလည်း သူတို့
တက်လာတာရောက်မယ်ဆိုရင် ပြန်လည်ချေမှုန်းတိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားတယ်။ တခုရှိတာက
ဒီလိုပွင့်လင်းရာသီမှာ ချောင်းမြောင်းတွေဖြတ်ပြီး ကျွန်တော်တို့ အဆက်မပြတ် တိုက်ကွက်ဖေါ်ဖို့ သွားရလာရတာအခက်အခဲတော့ ရှိတာပေါ့နော်။

မေး- အခုပေါ့နော်၊ ဒီကေဘီအေနဲ့ BGF တို့တိုက်နေကြပြီလို့ ကြားသိရပါတယ်၊ ကိုယ့်ကရင်အချင်း
ချင်း တိုက်နေကြတယ်ဆိုတော့ ကရင်လူထုတွေ မလိုလားသလို ဗိုလ်မှူးတို့အနေနဲ့လည်း လိုလားမှာ
မဟုတ်ဘူး၊ အဲဒီတော့ တို့ကရင်လူမျိုးရဲ့ အနာဂတ်ကို ဗိုလ်မှူးအနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။

ဗိုလ်မှူးစန်းအောင်- ဒီကိစ္စကတော့ မီဒီယာတစ်ခုမှာ ဖေါ်ပြထားတယ်လို့ ကြားသိရပေမဲ့ တရားဝင်
ဆက်သွယ်အကြောင်းကြားလာတာတော့ မရှိသေးဘူး။ လက်ရှိ BGF ဖါ့နွီးကတပ်ဖွဲ့က ကျွန်တော်တို့
နဲ့ပူးပေါင်းလာတဲ့ ဗိုလ်ဘိတပ်ဖွဲ့ကို တိုက်တယ်ဆိုတဲ့ ကျွန်တော်တို့ အချင်းချင်း ကြေးနန်းတွေနဲ့
တရားဝင် ဆက်သွယ်လာတာမျိုးတော့ မရှိသေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူမဆို၊ ဘယ်လူမျိုး
မဆို ကိုယ့်အချင်းချင်း သွေးထွက်သံယို ဖြစ်တာ စိတ်မကောင်းစရာပါ၊ ကိုယ့်ပြည်တွင်းထဲမှာ စစ်ဖြစ်ရ
တာလည်း စိတ်မကောင်းစရာပဲ၊ ကျွန်တော်တို့လည်း စစ်နဲ့ပတ်သက်ပြီးတော့ ၀နေပြီ၊ အီကုန်ပြီ၊ ဒီစစ်
ကြီးကို မဖြစ်မနေ တိုက်နေရတာ၊ မတိုက်ဘူးဆိုရင် ကျွန်တော်တို့လူမျိုးတွေဟာ စစ်ကျေးကျွန်ဘ၀နဲ့
ဆက်ပြီး ဖိနှိပ်ခံနေရမယ်၊ဒီလို စစ်ကျေးကျွန်ဘ၀ကနေ ရုန်းထွက်နိုင်ဖို့အတွက် စစ်တွေပြန်တိုက်နေရ
တာ၊ နော်....။

မေး- ဗိုလ်မှူးချုပ်စေားလားပွယ်ကို တော်တော်များများက မေးနေကြတယ်၊သူ့ကျန်းမာရေးအခြေအနေ
ကောင်းပါရဲ့လား၊ သတင်းမကြားရတာကြာပြီ စသဖြင့်ပေါ့လေ၊ အဲဒါကြောင့် ဗိုလ်မှူးမြင်သလို လက်ရှိ
ဗိုလ်မှူးချုပ်စောလားပွယ်အခြေအနေကို အားလုံးသိအောင် နည်းနည်းလောက်ပြောပြပေးပါလား။

ဗိုလ်မှူးစန်းအောင်- ကျွန်တော်တို့ ဗိုလ်မှူးချုပ်စောလားပွယ်က တပ်မဟာ(၆)နယ်မြေမှာ မာနယ်စိုးစစ်
ဆင်ရေးအမည်နဲ့ အဲဒီစစ်ဒေသကို သွားရောက်လှုပ်ရှားတဲ့အတွက်ကြောင့် ဖုန်းဆက်သွယ်ရေး ဧရိယာ
အပြင်ဘက်ကို ရောက်နေတာပါ။ လက်ရှိ KNLA ၊ တပ်မဟာ(၆) ဗိုလ်မှူးဂျိုး၊ ဗိုလ်တင်လှိုင်၊ ဗိုလ်မှူး
မိုစေး၊ အောက်ခြေမှာရှိတဲ့ ဗိုလ်မှူးအသီးသီးနဲ့ စုစည်းပြီးတော့ မာနယ်စိုးစစ်ဆင်ရေးကို အစလုပ်နေတဲ့
အတွက်ကြောင့် ဖုန်းဧရိယာ အပြင်ဘက်ကို ရောက်နေတဲ့အတွက် အဆက်အသွယ်မရကြတာပါနော်။
သူ့ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ။ သူ့တပ်ကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ရှေ့တန်းတနေရာက
နေ အမြဲတမ်း ညွန်ကြားလျှက် ရှိနေတယ်နော်၊ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာနဲ့ အမျိုးသား
ရေးအတွက်ရော၊ ဖိနှိပ်ခံ ပြည်သူတွေအတွက်ပါ စိတ်ရောကိုယ်ပါ အမြဲတမ်း တက်တက်ကြွကြွ ရှိနေ
တယ် နော်...။

မေး- နောက်ဆုံးအနေနဲ့ပေါ့လေ၊ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ကရင်လူမျိုးတွေကို စကားလက်ဆောင်
ပါးခဲ့ပါဦး။

ဗိုလ်မှူးစန်းအောင်- နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ကရင်လူငယ်တွေနဲ့တကွ ကျွန်တော်တို့တော်လှန်
ရေးအင်အားစုတွေအားလုံးပေါ့လေ၊ ဒီအချိန်ဒီအခါမှာ ကျွန်တော်တို့တော်လှန်ရေးစစ်သည်တွေ တိုက်
နိုင်စွမ်းရှိဖို့အတွက် တစ်ထောင့်တစ်နေရာကနေ ၀ိုင်းဝန်းပံ့ပိုးကူညီအားပေးဖို့ လိုအပ်တယ်လို့ အသိ
ပေးချင်ပါတယ်။

We Hope the Last Kachin Alive Continues to be Kachin

Friday, July 22, 2011

အဓိပါယ်ရှိတဲ့ အင်းတာဗျူး အမေးအဖြေလေးတစ်ခုပါ။

"ကချင် ပြည်နယ်မြို့ တော် မြစ်ကြီးနားမြို့  ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ကို နင်းဂေါကရှိုင်ဝါး လို့ ကချင်ဘာသာလို ခေါ်တာ ကြာခဲ့လှပြီပေါ့။ တာပေမယ့် ဗမာအစိုးရက တံတားထိုးပြီးလိုက်တဲ့အချိန်မှာ ဗလမင်းထင် တံတားဆိုပြီး ဗမာသူရဲကောင်းတစ်ဦး၏ အမည်နာမဖြစ် တံတားနာမည်ကို ပေးတာ ကျနော်တို့ ကချင်လူမျိုးတွေအတွက် ဘာမှ အဓိပါယ်မရှိဘူးဗျ"

The Rev. Pungga Ja Li is a local Kachin historian and the author of several books on Kachin customs and culture. He is now living in Laiza, a town in Kachin State near the Chinese border that is under the control of the Kachin Independence Army (KIA), which is currently engaged in renewed fighting with Burmese government troops in the north of Burma. In this interview, conducted by The Irrawaddy reporter Ba Kaung in Laiza in early July, Pungga Ja Li reflects on the Kachin leaders’ decision to join with the Burmese majority a year before Burma gained its independence from British rule in 1948, and shares his views on the current armed clashes and the future of the Kachin people.


Kachin historian Pungga Ja Li (The Irrawaddy)

Question: How do you view the renewed conflict in Kachin State?

Answer: Apparently, this is a cloudy period for all of us. But this is good in a sense that many Kachins now remember God. Many, including the KIO leaders, are now saying prayers, and we are becoming more united within us. We are now praying for God's support, but he sometimes can be cruel for the sake of our maturity.

Q: Here in Laiza, there is talk that the Kachin made a mistake in joining with the Burmese majority when their leaders signed the Panglong Agreement. What is your opinion on this?

A: Many Kachin leaders in those days disagreed with Panglong, except Sama Duwa Sinwa Nawng and Zauring. The Kachin leaders wanted to stay under British rule for five more years and only afterward wanted to establish the Kachin State as an independent state. But since his own grandfather was killed by the British soldiers, Sama Duwa did not want to deal with the British any longer—he even slapped the ground and said that if he made a mistake, he would get struck by lightning from the heavens. That's how he won the trust of fellow Kachin leaders and signed the Panglong Agreement. Otherwise, we would have been on our own all along and would never have had anything to do with the Burmese. We have lived under our rule—the rule of Duwas. But even if we made a mistake, the Panglong Agreement itself is a good treaty, I think, with all the guarantees for us though they never materialized into realities.

Q: Do Kachins feel betrayed by Aung San, who organized the Panglong Conference? What is your personal view of his daughter, Aung San Suu Kyi?

A: I don't know what Aung San would have treated us to if he had lived. But he came to us for Burma's independence and years ago his daughter came to us again for Burma's democracy. I think Suu Kyi is a good leader, but when it comes to our affairs, she would only walk away with another Noble Prize but would never be able to come to our help.

Q: Do you regret the KIA's ceasefire with the government in 1994, given that it has not produced any political results for the Kachin.

A: In 1994, we hoped to hold discussions with the government officials for a political solution. But as you know, those discussions were more about chatting over drinks and meals—those discussions were never meaningful enough. On the other hand, the Kachins forgot to prepare the military side. Many forgot gun-shooting lessons. Only now, they are all alert again. They did not really know their enemy well.


Q: Do you think the KIA should sign another ceasefire agreement with the government at this point? What about calls for independence?

Meaningful discussions must come with the ceasefire, which will result in self-autonomy which has long been our demand. There are some talks about this call for independence within the leadership of the KIO. We have long wanted to walk towards that direction. Even if all of us are killed by the government army in consequence of that, we'd hope that the last Kachin who remains alive continues to be a Kachin, not a Burmese. But one thing that restrains us from moving in this direction is that our elders decided to stay with the Burmese—this agreement we should not break, I think.
Q: How strong is anti-Burmese sentiment among the Kachin people?

A: When we refer to the Burmese, by that we mean a group of leaders, not the Burmese population. But in terms of culture, we have been slowly engulfed by the Burmese ways. Culturally, we have been forced to become bankrupt under the Burmese rule. We are now left with the Burmese culture only. Our culture has been lost over time.

When you become bankrupt, you start borrowing the culture of others, which is Burmese in this case. Burmese culture is good for the Burmese of course. If I were Burmese, I might like such an idea that the minority groups in Burma are forced to assimilate with the Burmese majority and get rid of their identities. But the problem is we are not Burmese, and the majority don't seem to understand that our culture has its own values. For example, the crossing over the Irrawaddy River in Kachin State's capital of Myitkyina has long been called as Ninggawn Hkrai Wa among us, but when a bridge was built by the Burmese government, it was named Bala Min Htin, the name of a Burmese hero, which does not make sense to our Kachins.

Q: Didn't you face the same sort of cultural imposition under the British rule?


A: Of course, we have become Christians when coming into contact with Western missionary groups. But our previous faith in animism has many things in common with Christianity. Only after we have lived under the Burmese rule, our own style of ruling with Duwas has disappeared and then we lost our state.

But the disappearance of Duwas must also be blamed on our own Kachin leaders as well. Those leaders, as you see, also run away at the sound of gunfire. There were many Duwas up until 1961, when the KIA is founded. It was wrong that those Duwas did not become part of the KIA leadership. We are now left with culture only, which means everything to us. Culture represents our identity as a people and it is our religion too. We are trying to promote our own culture.

Q: What is the future of the Kachin people as a whole?

A: Before we can successfully resist the rule of the government, we have to fight with layers of its proxies. For example, some proxies will be Rawang, Lashi, etc., which are the smaller ethnics in our Kachin State too. Whether we like it or not, we will be forced to fight with those proxies. Until we have fought them off, we will not be able to hit the target. But one sure thing is we should no longer take the injustices lying down and we should stand up for our rights.


Q: There is talk that the KIA will be able fight a successful guerrilla war with the government troops should any political talks fail to take place. How do you think this would play out?

A: Yes, it is true. When the Burmese government troops came in, they needed trucks and porters who would carry the weapons in the jungle. But for us, we don't need them. We only need to provide a packet meal and a lighter to our soldiers, who would then be ready to fight with the government soldiers. In terms of weaponry, we are quite inferior. But we only regret that we have not taken good strongholds like those of the UWSA (United Wa State Army, the largest ethnic armed group in the east of Burma). There are very good places to build such strongholds in our Kachin State, which we have not prepared for war due to our ignorance.
http://www.irrawaddy.org/article.php?art_id=21742&page=2

တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်များ

အမျိုးသားနေ့ ဆိုသည်မှာ ကိုယ့်လူမျိုးရဲ့ အမျိုးသား လက္ခဏာ မပပျောက်ရလေအောင် ထိန်းသိမ်းခြင်း သို့မဟုတ် ကိုယ့်ကြမ္မာ့ကိုယ် ကိုယ်ကိုယ်တိုင် ဖန်တီးခွင့်ရှိကြောင်း၊ ဖန်တီးနိုင်ကြောင်း သက်သေထူခြင်းပင်ဖြစ်သည်။ လူမျိုးစု ပေါင်းစုံဖြင့်ုဖွဲ့ တည်ထောင် ထားသော မြန်မာနိုင်ငံတွင် ဗမာမဟာ လူမျိုးကြီး ၀ါဒီများ၏ အုပ်ချုပ်မှူကြောင့် လူနည်းစု တောင်ပေါ်တိုင်းရင်းသားလူမျိုးစုများသည် မိမိတို့၏ အမျိုးသားနေ့၊ စာပေ၊ ယဉ်ကျေးမှူ အစရှိသဖြင့် အပေါ် စီမံခွင့် မရရှိခဲ့ကြပေ။

မြန်မာနိုင်ငံရှိ ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးစုများသည် ခေတ်အ ဆက်ဆက် သီးခြားစီဖြင့် နေထိုင်ရပ်တည်လာခဲ့ကြသည့် လူမျိုးစုများပင်ဖြစ်သည်။ ၄င်းတို့တွင် ခိုင်မာသော အမျိုးသား သွင်ပြင်လက္ခဏာ၊ အင်္ဂါရပ်များ ရှိကြသည်။

သို့သော် ဖော်ပြပါ တိုင်းရင်းသားလူမျိုးစုများသည် စစ်အာဏာရှင် အဆက်ဆက်၏ တိုင်းရင်းသားအားလုံးဗမာဖြစ်ရေး ဟူ သော လူမျိုး ၀ါးမျိုရေးဝါဒကြောင့် ၄င်းတို့၏ အမျိုးသားနေ့ထူးနေ့မြတ်များကို ပြည်နယ်နေ့အဖြစ် အနှစ်သာ ရကင်း မဲ့ စွာ ကျင်းပနေကြသည်။ မိမိတို့စာပေသင်ကြားခွင့်ကိုပင် ပိတ်ပင်ခံနေကြရသည်။

ဗမာ မဟာ လူကြီးဝါဒီများသည် တိုင်းရင်းသားအားလုံးဗမာဖြစ်ရေးဝါဒကို စွဲကိုင်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ အမျိုး သားရပ်တည်မှူ သက်သေဖြစ်သော နေ့ထူးနေ့မြတ်များကို ကျင်းပခွင့်ပိတ်ပင်နေစေကာမူ ကမ္ဘာအနှံ့ ရောက်ရှိ နေကြ ကုန်သော တိုင်းရင်းသားလူမျိုးများသည် အမျိုးသားရေးလက္ခဏာ ဆက်လက်ရှင်သန်ရပ်တည်ရေးအတွက် မိမိတို့ ၏ အမျိုးသားနေ့နေ့ထူးနေ့မြတ်များကို ကျင်းပနေ ကြသည် ချည်းသာဖြစ်သည်။

ကချင်ပြည်နယ်နေ့ ၁၀ ဇန္န၀ါရီလ
ကချင်ပြည်နယ် အသိအမှတ်ပြုသည့် ၁၉၄၈ ခုနှစ် ဇန္န၀ါရီလ ၁၀ ရက်နေ့ကို အစွဲပြုသည်။ နှစ်စဉ် ဇန္န၀ါရီ ၁၀ ရက် ကျ ရောက်တိုင်း ကချင်တိုင်းရင်းသားလူမျိုးများသည် ကချင်မနောပွဲအဖြစ်ကျင်းပကြသည်။

ကယား (ကရင်နီ) အမျိုးသားနေ့ ၂၁ ဇွန်
မြန်မာ ဘုရင် မင်းတုန်းမင်း၏ ကိုယ်စားလှယ် ကင်းဝန်မင်းကြီး နှင့် ဗြိတိသျှ အစိုးရ ကိုယ် စားလှယ် ဒေါက်ကလပ် တို့က ကရင်နီလူမျိုးများသည် လူမျိုးအင်္ဂါရပ်နှင့် ပြည့်စုံသည့် သီးခြား လူမျိုးတမျိုးအဖြစ် အသိအမှတ်ပြုကြောင်း လက် မှတ်ရေး ထိုးခဲ့သည် ၁၈၇၅ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကို အစွဲပြုသည်။ ကရင်နီလူမျိုးများသည် မြန်မာလူမျိုးများက သော်လည်း ကောင်း၊ ဗြိတိသျှ လူမျိုးများ က သော်လည်းကောင်း ၊ မည်သည့် တိုင်းတပါး လူမျိုးခြားများ၏ လက်အောက် သို့ မကျ ရောက်ခဲ့ဘူးပေ။

ကရင်အမျိုးသားနေ့ ၁၁ ဖေဖေါ်ဝါရီ
၁၉၄၈ ဇန္န၀ါရီလ (၄) ရက်နေ့နောက်ပိုင်း ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် ကရင်ပြည်သူ လေးသောင်းက မြန်မာအစိုးရ ထံတွင် ကရင်ပြည် ငြိမ်းချမ်းရေး၊ တန်းတူရေးအတွက် ဆန္ဒပြခဲ့နေ့ကို အစွဲပြုသည်။ ကရင် ပြက္ခဒိန် နှစ်တွက်ချက်မှုအရ ကရင်နှစ်သစ်ကူးနေ့ အဖြစ် ကျင်းပသည်။

ချင်းအမျိုးသားနေ့ ၂၀ ဖေဖေါ်ဝါရီ
ချင်းလူမျိုးများကျင့်သုံးခဲ့သည့် မြေရှင် ပဒေသရာဇ် အုပ်ချုပ်ရေးစနစ်အစား လူထု ကိုယ်စားလှယ်များ အုပ်ချုပ်သည့် ဒီမိုကရေစီစနစ် ကျင့်သုံးရန် ချင်းပြည်သူလူထု ၄ ထောင်ကျော် တက်ရောက်သည့် ဖလမ်းမြို့ လူထု ညီလာခံကြီးက တခဲ နက် ဆုံးဖြတ်သည့် ၁၉၄၈ ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ကို အစွဲပြုသည်။ ထို့အတူ ချင်းပြည်နယ် နှင့် နယ်မြေချင်း တဆက်တစပ်တည်းရှိသော အန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် နေထိုင်သည့် မီဇိုလူမျိုးများ၏ ဖခင်ကြီး Laldenga ကလည်း ဖေဖေါ်ဝါရီ ၂၀ ကို ရွေးချယ်ပြီး အိန္ဒိယ အစိုးရ နှင့် ငြိမ်းချမ်းရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါ နေ့ရက်ကို မီဇိုရမ်ပြည်နယ်နေ့ အဖြစ်လည်း သတ်မှတ်ခဲ့ကြသည်။

ဗမာအမျိုးသားနေ့ ၁၀ အောက်တိုဘာ
ဗမာပြည်တက္ကသိုလ်ကျောင်းသားများက ၁၉၂၀ ခုနှစ် တက္ကသိုလ် အက်ဥပဒေကို ဆန့်ကျင်ဆန္ဒပြသည့် ဗမာပြက္ခဒိန် တန် ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်နေ့( အောက်တိုဘာ ၁၀) ကို အစွဲပြု သည်။ တနိုင်ငံလုံး တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်သည်။

မွန်အမျိုးသားနေ့ ၀၁ ဖေဖေါ်ဝါရီလ
မွန်မင်းသား Samala နှင့် Wiamala တို့က အေဒီ ၅၂၈ ခုနှစ်တွင် မွန်နိုင်ငံတော် တည်ထောင်သည့် မွန်ပြက္ခဒိန် အရ 1st waning day of Lunar Month February ကို အစွဲပြုသည်။

ရခိုင်အမျိုးသားနေ့ ၃၁ ဒီဇင်ဘာလ
ရခိုင်လူမျိုးများသည် မြန်မာ ဘုရင်က ရခိုင်အချုပ်အချာအာဏာကို လုယူသည့် သို့မဟုတ် ရခိုင်လူမျိုးများက ၄င်းတို့ရဲ့ အချုပ်အချာအာဏာ ဆုံးရှူံးသည့် ဒီဇင်ဘာ ၃၁ ရက်နေ့ကို အဓိပါယ်ရှိစွာ ကျင်းပလေ့ ရှိကြသည်။ အဆိုပါ နေ့ရက်သည် ရခိုင် အမျိုးသားနေ့ဟုလည်း မဆိုသာပါ။

ရှမ်းအမျိုးသားနေ့ ၀၇ ဖေဖေါ်ဝါရီ
ရှမ်းစော်ဘွား၊ ရှမ်းပြည်သူလူထု ကိုယ်စားပြု နိုင်ငံရေးခေါင်းဆောင်များက ဗြိတိသျှ လက် အောက်မှ တညီတညွတ် တည်းလွတ်လပ်ရေးရယူရန် သဘောတူညီမှုရယူသည့် ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ (၇) ရက်နေ့ကို အစွဲပြုသည်။ တဆက် တည်း ရှမ်းအမျိုးသားသီချင်း၊ ရှမ်းအမျိုးသားအလံ နှင့် ရှမ်းကောင်စီကိုလည်း ၁၅ ဖေဖေါ်ဝါရီတွင် ဖွဲ့စည်းတည်ထောင် ခဲ့ကြသည်။

စစ်အာဏာရှင်အနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အမျိုး၊ ဘာသာ၊ သာသနာကို မည်သို့ပင် ၀ါးမျိုးဖို့ ကြိုးစား နေပ လေ့စေ ကမ္ဘာတွင် ကချင်၊ ကယား( ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးများ ရှိနေသရွေ့ ၄င်းတို့၏ အမျိုးသား ရှင်သန်ရပ်တည်မှူ၊ အမျိုးသား ဂုဏ်အင်လက္ခဏာများသည် ဆက်လက်ရှင်သန်နေဦးမည်သာ…

မြန်မာဘက်ပို့မည့် လက်နက်များ မဲဆောက်တွင်မိ

ဧရာဝတီ Friday, 22 July 2011 15:34 မြန်မာပြည်ဘက်သို့ သွားရောက်ပို့ဆောင်မည့် လက်နက်များကို ထိုင်းရဲများက ယမန်နေ့ ညနေပိုင်းတွင် မဲဆောက်မြို့၌ ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးရမိသည့် လက်နက်များမှာ M 16 အမျိုးအစား သေနတ်တလက်၊ မောင်းပြန် ရိုင်ဖယ် ၅ လက်နှင့် ကျည်ဆန်များ၊ ဆက်စပ်ပစ္စည်းများဖြစ်ကြောင်း သိရသည်။

Arms_News
ယင်း လက်နက်များကို ဖိဆန်နုလွတ်ခရိုင်မှတဆင့် ထိုင်းနိုင်ငံသား နိုင်နလုလုံး ဘူဆလာခန်က သယ်ယူလာစဉ် မဲဆောက်အနီးရှိ ဟွေ့ယာအု စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်သည်။

ဘူဆလာခန်က “ဒီပစ္စည်းတွေက မဲဆောက်-မြ၀တီနယ်စပ်က လူတွေဆီ သွားပို့ပေးဖို့ အခကြေးငွေ ဘတ် ၂ ထောင်နဲ့ ဒီပစ္စည်းတွေကို သယ်လာတာပါ” ဟု ထိုင်းရဲထံတွင် ထွက်ဆိုခဲ့သည်။

သတင်းထောက်များ၏ အသေးစိပ် မေးမြန်ချက်များကိုမူ ဘူဆလာခန်က ဖြေကြားရန် ငြင်းဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်များနှင့် ပတ်သက်၍ အမှုကွင်းဆက်များ အသေးစိပ်ရရှိရန် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားရမည်ဟု မဲဆောက်ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံ က ဒေသခံသတင်းထောက်များကို ပြောသည်။

၎င်းက “ဒီလက်နက်တွေက မြန်မာဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဆီ သွားပို့ကြတာများတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး ဆက်လက်ဖော်ထုတ် စစ်ဆေးသွားမှာဖြစ်တယ်။ အခုဖမ်းမိတဲ့ လက်နက်တွေက ထိုင်းစစ်တပ်နဲ့ တခြားလက်နက်ကိုင် တပ်ဖွဲ့တွေက ပျောက်ဆုံးသွားတဲ့ လက်နက်တွေ ဟုတ်မဟုတ်လည်း စစ်ဆေးသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် မြ၀တီအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတဦးက “မြ၀တီနယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ရှိတယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းတွေကို ဟိုဘက်ကမ်း (ထိုင်း) ကပဲ ၀ယ်ရတယ်။ ကျနော်တို့အဖွဲ့လည်း ဒီလိုပါပဲ။ အခုလို အဖမ်းခံရတဲ့ ပြဿနာအများစုက သူတို့အချင်းချင်း ပြန်ပြီး အတို့အထောင်လုပ်လို့ ဖြစ်တာများတယ်” ဟု ဆိုသည်။

မြန်မာဘက်သို့ လက်နက်ပွဲစားများ လာရောက်ပို့ဆောင်သည့် လက်နက်ခဲယမ်းများမှာ အသုံးပြုပြီးသား တပတ်ရစ်များ ဖြစ်သော်လည်း လိုအပ်ချက်အရ တန်ဖိုးငွေ အဆမတန်ပေး၍ ၀ယ်ယူ အသုံးပြုနေရသည်ဟုလည်း ၎င်းက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ပွဲစားတဦးက “မြ၀တီအပါအ၀င် မြန်မာနယ်စပ်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခွဲတွေကများတော့ ၀ယ်အားနဲ့ ရောင်းအားမှာ ၀ယ်အားက များတယ်” ဟု ပြောသည်။

M 16 သေနတ် တပတ်ရစ်၊ အရည်အသွေး ၅၀ ရာခိုင်နှုန်းကောင်းသေးလျှင် တလက် ထိုင်းဘတ် ၂ သောင်းကျော် (ကျပ် ၅ သိန်းကျော်)၊ ယင်းကျည်ဆန် တတောင့်လျှင် ၁၃ ဘတ် (၃၃၀ ကျပ်ခန့်)၊ AK 47 သေနတ် အရည်အသွေး ၅၀ ရာခိုင်နှုန်း ကောင်းသေးလျှင်လည်း ဘတ် ၂ သောင်းကျော်နှင့် ယင်းကျည်ဆန် တတောင့်လျှင် ၁၅ ဘတ် (၃၈၀ ကျပ်ခန့်)၊ M 79 ကျည်မှာ တလုံးကို ဘတ် ၁ ထောင်ကျော် (ကျပ် ၂ သောင်းခွဲကျော်) ဈေးပေါက်ကြောင်း အဆိုပါ လက်နက်ပွဲစားက ရှင်းပြသည်။

၎င်းက ဆက်လက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ လက်နက်ရောင်းဝယ်ဖောက်ကားသည့် ဈေးကွက်သည် သာမန်လူများ လုပ်ကိုင်၍ရသည့် လုပ်ငန်းမဟုတ်ကြောင်းလည်း ပြောကြားသည်။

အကျယ်ချုပ်ကျ ဦးခင်ညွန့်၏ နောက်ဆုံးအခြေအနေ

ဆိုင်းငံ့ ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ကျနေသော စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း၊ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က စားဝတ်နေရေး အခက်အခဲကြောင့် ဇနီးနှင့် သမီးအား စီးပွားလုပ်ကိုင်နိုင်ရေး လွတ်လပ်စွာ သွားလာခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

khinnyuantနိုင်ငံတော် အကြီးအကဲများအနေဖြင့် ၎င်းအား တချိန်က လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက် တယောက်အနေဖြင့် သဘောထားကာ လက်ရှိစားဝတ်နေရေး အခက်အခဲကို စဉ်းစားပေးစေလိုကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ဦးခင်ညွန့်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

အသက် ၇၀ နှစ်ရှိပြီဖြစ်သော ဦးခင်ညွန့်သည် မိသားစု စားဝတ်နေရေးနှင့် မြေးများ၏ ပညာသင်စရိတ်အတွက် သစ်ခွပန်း တနိုင်တပိုင်စိုက်ပျိုးကာ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့သွင်းပြီး ဖြေရှင်းနေရကြောင်း၊ ထို့ကြောင့် ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ နှင့် သမီးဖြစ်သူ မသင်းမြတ်မြတ်ဝင်းတို့အား လွတ်လပ်စွာ စီးပွားရှာခွင့်ပြုရန် မေတ္တာရပ်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ဦးခင်ညွန့်က မိမိမှာ ကျန်းမာရေးလည်း ချို့ယွင်းနေပြီး ဘာသာရေးလုပ်ရင်းနှင့် ဘ၀နေ၀င်ချိန်ကို ဖြတ်ကျော်နေရကြောင်း၊ ဇနီးဖြစ်သူမှာလည်း ကျောက်တန်းမြို့တွင် နေထိုင်သည့် ၎င်း၏ အသက် ၉၅ နှစ်အရွယ် မိခင်ကြီးကို ပြုစုစောင့်ရှောက်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

သားနှစ်ဦးဖြစ်သည့် ဒု ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ဒေါက်တာ ရဲနိုင်ဝင်းနှင့် သားမက်ဖြစ်သူ ဦးတင်ထွဋ်တို့မှာလည်း ယခုအချိန်အထိ ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီး ၎င်းတို့ သုံးဦးအတွက်ပါ သက်ညှာစွာ စဉ်းစားပေးရန်လည်း တင်ပြထားသည်။

ဦးခင်ညွန့် မိသားစု၏ လက်ရှိ ကျန်းမာရေး၊ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ယောက်ဖတော်စပ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါက်တာ သန်းငြိမ်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် နိုင်ငံရေးနယ်ပယ်တွင် ရောက်ရှိနေသည့်အတွက် မသိရှိကြောင်း၊ သို့သော် နှမဖြစ်သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေမှာ သစ်ခွပန်းစိုက်ပျိုးရာတွင် ၀ါသနာပါကြောင်း ပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ အတွင်းကလည်း ဦးခင်ညွန့်နှင့်ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းတခု ထွက်ပေါ်လာရာ ထိုမှတ်တမ်းထဲ၌ ရဲချုပ်ဟောင်း ဦးခင်ရီက တခြားတနေရာသို့ ပြောင်းရွေ့ရန် ညအချိန်တွင် လာရောက်ခေါ်ခြင်းဖြစ်ပြီး၊ ဦးခင်ညွန့်က ပထမပိုင်းတွင် စိတ်ဆိုးဒေါသထွက်နေသည့် ပုံသဏ္ဍန်ရှိသော်လည်း နောက်ပိုင်းတွင် စိတ်ကိုလျှော့ကာ စကားလက်ခံပြောဆိုနေသည်ကိုလည်း မြင်တွေ့ရသည်။

ထိုဗီဒီယို မှတ်တမ်းတွင် ဦးခင်ညွန့်က စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်မရှိသဖြင့် ၀င်ငွေမရှိကြောင်း၊ မြေးများမှာ ကျောင်းနေရန်ပင် အခက်အခဲရှိကြောင်း၊ ပိုက်ဆံမရှိသဖြင့် အိမ်၏ ဧည်ခန်းမီး ပျက်နေသည်ကိုပင် မပြင်နိုင်သေးကြောင်း ပြောဆိုသည်ကိုလည်း တွေ့ရသည်။

ဦးခင်ညွန့်ကို ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။

မကြာသေးမီကလည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ ထောင်ကျနေသည့် ထောက်လှမ်းရေး အဖွဲ့ဝင် အရာရှိကြီးတချို့ ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မင်္ဂလာမြန်မာ NGO အဖွဲ့မှ ဒေါက်တာ ဖုန်းဝင်းက ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ အကြား ကြီးမားသော ပြဿနာ မရှိနိုင်ကြောင်း၊ ထောက်လှမ်းရေး အဖွဲ့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းမှာလည်း တချို့သော စစ်တပ်ခေါင်းဆောင်များနှင့် ထောက်လှမ်းရေး အရာရှိများအကြား ဖြစ်ပွားခဲ့သည့် ပြဿနာသာဖြစ်၍ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်မှာ မကြာခင် ပြန်လည်လွတ်မြောက်လာနိုင်ကြောင်း ပြောသည်။

နေပြည်တော် သတင်းရပ်ကွက်၏ အဆိုအရလည်း ဦးခင်ညွန့်နှင့် မိသားစုကို မကြာမီ လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

ဦးသိန်းစိန် အစိုးရ မတက်မီ မတ်လအတွင်းက ဦးခင်ညွန့်အား လွှတ်ပေးရန် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက အကြံပြုဆွေးနွေးခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပယ်ချခဲ့သည်ဟု သိရသည်။

တိုင်းရင်းသားဒေသ လူ့အခွင့်အရေးချိုးဖောက်မှုများ ဥရောပစိတ်မ၀င်စား

ဇူလိုင်လ ၂၀ရက်။ စောခါးစူးညား (ကေအိုင်စီ)
Photo-KIC (Burma Campaign UK မှ နမ့်ဇိုယာဖန်း)
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ဖြစ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအ ကြား စိတ်ဝင်စားမှု နည်းပါးသည့်အတွက် စိတ်ပျက်မိကြောင်း ဥရောပတိုက်တွင် မြန်မာ့အရေး လှုပ်ရှားနေသည့် ဗြိတိန်အခြေ စိုက် Burma Campaign-UK အဖွဲ့က ပြောကြားလိုက်သည်။


အဆိုပါအဖွဲ့၏ လှုံ့ဆော်ရေးမှူး နမ့်ဇိုယာဖန်းက “တိုင်းရင်းသားဒေသမှာ အစိုးရတပ်က ထိုးစစ်ဆင်တဲ့အခါ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာတောင်မှ အီးယူနိုင်ငံအများဟာ စိတ်ဝင်စားမှု နည်းတာကိုကြည့်ရင် ရင်လေး စရာပဲ။ သူတို့က အရှေ့အလယ်ပိုင်းဒေသရဲ့ နိုင်ငံရေးအခင်းအကျင်းကိုပဲ ပိုအာရုံစိုက်ကြတယ်။”ဟု ကေအိုင်စီကို ပြောသည်။

တိုင်းရင်းသားဒေသများအတွင်း မြန်မာအစိုးရတပ်များ၏ ထိုးစစ်ဆင်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စများကို တင်ပြရန် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အချို့နှင့် ပူးပေါင်း၍ ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ သတင်း စာရှင်းလင်းပွဲ ကျင်းပစဉ် ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲကို ဗြိတိန်အခြေစိုက် Burma Campaign-UK, FIDH International Federation for Human Right နှင့် ITUC International Trade Union Confederation စသည့်အဖွဲ့တို့က ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး ကချင်၊ ကယား၊ ကရင် နှင့် သျှမ်းပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အီးယူ ဥရောသမဂ္ဂနိုင်ငံများ ပိုမို အာရုံ စိုက်လာရန် ရည်ရွယ်သည်ဟု သိရသည်။
ယခုလ ၅ရက်နေ့၌ သျှမ်းပြည်နယ် ကျေးသီးမြို့နယ်အတွင်း မြန်မာအစိုးရတပ် ခလရ(၅၁၃)၏ အမျိုးသမီး ၄ဦးကို မုဒိမ်းကျင့်ခဲ့ သည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရပ်ကို အဓိကထား၍ အခြားသော ချိုးဖောက်မှုများကိုပါ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည် ဟု နမ့်ဇိုယာဖန်းက ဆိုသည်။
အစိုးရတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေး ကိုယ်စားလှယ်တောမတ်စ် အိုဟေးကင်တားနား အဆိုပြုထားသည့် လူ့အခွင့်အရေးစုံစမ်း စစ်ဆေးရေးကော်မရှင် (COI) တရပ်ဖွဲ့စည်းရေးကိစ္စကို ဥရောပ ၁၆နိုင်ငံက ထောက်ခံထားသော်လည်း ကျန်နိုင်ငံများပါ ထောက်ခံမှု ရရှိအောင်နှင့် (COI) ဖွဲ့စည်းနိုင်ရန် နည်းမျိုးစုံဖြင့် စည်းရုံးမှုများ လုပ်ဆောင်သွားမည်ဟု သူမက ဖြည့်စွက်ပြောဆိုသည်။

မစ္စတာကင်တားနား၏ (COI) ဖွဲ့စည်းရေးအဆိုပြုချက်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံကြောင်း ယခုနှစ် ပြီးခဲ့သည့်လက ပြောဆိုခဲ့သည်။

ဥရောပသမဂ္ဂ၏ ထောက်ခံမှုဖြင့် လာမည့် ဒီဇင်ဘာလကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေး ရေး ကော်မရှင် ဖွဲ့စည်းရေး တင်သွင်းနိုင်ရန် ဥရောပနိုင်ငံရှိသက်ဆိုင်ရာ ခေါင်းဆောင် နိုင်ငံရေးသမားများနှင့် ပြည်သူများ အား တွေ့ဆုံဆွေးနွေးခြင်း၊ စည်းရုံးရေးဆင်းခြင်း၊ စာရေးသားဖြန့်ဝေခြင်းနှင့် မီဒီယာများတွင် ပြောဆိုခြင်း စသည့် လှုပ်ရှားမှု များဖြင့် တစ်စုံတရာ အကျိုးသက်ရောက်မှု ရှိလာနိုင်မည်ဟု မျှော်လင့်ကြောင်း နမ့်ဇိုယာဖန်းက ဆိုသည်။

မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့များ ပူးပေါင်း၍ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြု လုပ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နိုင်ငံတကာ သတင်းမီဒီယာ အပါအ၀င် လူ(၂၀)ကျော် တက်ရောက်ခဲ့သည်ဟု သိရ သည်။

ကမ္ဘာ့ဈေးအတိုင်း မြန်မာ့ရွှေ တက်ခွင့်မပြု



နယူးဒေလီ (မဇ္ဈိမ) ။ ။ ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်သော်လည်း ၎င်းဈေးကွက်အလိုက် ပေါက်ဈေးဖွင့်
ရောင်းဝယ်သည့် မြန်မာ့ရွှေဈေးမှာ အစိုးရ အမိန့်ကြောင့် လိုက်တက် မရကြောင်း ရန်ကုန် ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ပြောသည်။

ဇူလိုင်လဆန်းတွင် ကမ္ဘာ့ရွှေဈေး တအောင်စ (၁ ဒဿမ ၇၆ ကျပ်သား) လျှင် ဒေါ်လာ ၁၄၈ဝ သာရှိခဲ့ကာ၊ ၁၉ ရက်နေ့တွင် ၁၆ဝ၂ ဒေါ်လာသို့ စံချိန်တင် မြင့်တက်သွားခဲ့ရာ ၎င်းဈေးနောက်လိုက်ကာ ရွှေဈေးမကစားရန် တားမြစ်ထားခြင်း ဖြစ်သည်။

အခေါက်ရွှေ တကျပ်သား ကျပ် ၆၆၂၅ဝဝ ပေါက်ဈေးမှာ
gold1
အစိုးရအမိန့်ကြောင့် မြန်မာ့ရွှေဈေးသည် စံချိန်တင်
မြင့်တက်နေသည့် ကမ္ဘာ့ရွှေဈေးအတိုင်း လိုက်တက်
မရကြောင်း ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ပြော
ကမ္ဘာ့ရွှေပေါက်ဈေးထက် ကျပ်တသောင်းခန့် နိမ့်ကျ
နေကာ၊ ဈေးလိုက်တက်ခွင့်သာ ရှိပါက ၆ သိန်း ၈ သောင်း ခန့်အထိ ရှိနိုင်ကြောင်း ရန်ကုန် ရွှေရောင်းဝယ်ရေး အသိုင်းအဝိုင်းက ခန့်မှန်းသည်။ ရွှေဈေးမတက်သော်
လည်း အရောင်းအဝယ်မဖြစ်ဟု ဆိုသည်။

“ခါတိုင်းက ကမ္ဘာ့ဈေး တက်ရင် လိုက်တက်ကြတယ်။ ဒီတခါတော့ တက်လို့မရဘူး၊ ဈေးထိန်းဖို့ လေပတ်ကား
လည်း ပိတ်ထားတယ်။ မြန်မာငွေဈေးမာတော့ အဝယ်
လည်း မလိုက်ဘူး” ဟု ပန်းပဲတန်းမြို့နယ် ရွှေဘုံသာလမ်း
ရှိ ရွှေဆိုင်ပိုင်ရှင် တဦးက မဇ္ဈိမကို ပြောသည်။

ရွှေအရောင်းအဝယ် ဈေးကွက် လေပတ်ကား မပြုလုပ်ရန်နှင့် ဈေးမကစားရန် ရန်ကုန်တိုင်း
ရွှေလုပ်ငန်းရှင်များ အသင်းသို့ သက်ဆိုင်ရာက သတိပေးပြောကြားခဲ့ကြောင်း အသင်းအတွင်းရေးမှူး ဦးဝင်းမြင့်၏
ပြောဆိုချက်ကို ကိုးကားကာ ဇူလိုင် ၂၁ ရက်ထုတ် 7day News ဂျာနယ်က ဖော်ပြခဲ့သည်။ အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမက ၎င်းအသင်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

လေပတ်ကားဆိုသည်မှာ နေ့စဉ် ကမ္ဘာ့ရွှေဈေး အတက်အကျ အပေါ် မူတည်၍ ကြိုတင်ခန့်မှန်းချက်ဖြင့် ဈေး သတ်မှတ်ပြီး နှုတ်ဖြင့် ကြိုရောင်းကြိုဝယ် ပြုလုပ်ကာ အရှုံးအမြတ် ကစားသည့် အကြီးစား ရွှေရောင်းဝယ်မှု တခုဖြစ်သည်။

moneymmkyat
ဒေါ်လာလဲနှုန်း ကျဆင်းနေခြင်းကလည်း မြန်မာ့
ရွှေဈေး မတက်နိုင်သည့် အကြောင်းရင်း တရပ်
ဖြစ်ကြောင်းနှင့် ပြည်တွင်းရွှေ ဈေးနိမ့်နေသဖြင့် နယ်စပ်မှ တဆင့် အိမ်နီးချင်း နိုင်ငံများသို့ ထုတ်
ရောင်းနိုင် ကြောင်းအမည်မဖော်လိုသူ
ရွှေလုပ်ငန် ရှင် အသင်းဝင် တဦးက သုံးသပ် (ဓါတ်ပုံ မဇ္ဈိမ)
‘‘ကမ္ဘာ့ပေါက်ဈေးကို ကြည့်လိုက်တယ်ဗျာ။ ဥပမာ - ၆ သိန်း ပေါက်တယ်ဆိုပါတော့ တက်မယ့် အခြေအနေ
မြင်ထားရင် ၆ သိန်း ၁ သောင်းနဲ့ တပိဿာ ကြိုဝယ် လိုက်တယ်။ လေနဲ့ ဝယ်ထားတာပေါ့။ ညနေ ၅ နာရီဆိုရင်
ဈေးပိတ်ပြီ။ အဲဒီမှာ ၆ သိန်း ၃ သောင်း ဖြစ်သွားခဲ့ရင် မနက်ကျရင် အဲဒီနှုန်းနဲ့ ငွေချေ ပစ္စည်းအပ်တာပေါ့။
နေ့ချင်း ရှင်းပေးရတယ်။ မပေးနိုင်လို့ ထွက်ပြေးကြလို့
ပြဿနာ တွေလည်း ဖြစ်ကြတာပဲ’’ ဟု ရွှေဆိုင်ပိုင်ရှင်က ရှင်းပြသည်။

အပြန်အလှန် ယုံကြည်ရသည့် ရွှေလုပ်ငန်းရှင်များ သာမက စီးပွားရေး လုပ်ငန်းရှင်များလည်း လေပတ်ကား
ရောင်းဝယ်ကြသည်ဟု ဆိုသည်။

ကမ္ဘာ့ဈေးကွက်နှင့် အတူ ထိုကဲ့သို့ ဈေးကစားကာ
ပြည်တွင်းရွှေဈေး အတက်အကျ မဖြစ်စေရန် တားမြစ်ခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူ
ရွှေလုပ်ငန်းရှင်အသင်းဝင် တဦးကလည်း ပြောသည်။

“လေပတ်ကား မပိတ်ရင် ဈေးဘယ်ငြိမ်မလဲ။ ကမ္ဘာ့ပေါက်ဈေး တက်နိုင်ရင် သူတို့က ဈေးကို ကြိုပြီး တင်ထား လိုက်တယ်။ အဲဒီအခါ ကျနော်တို့ အရောင်းအဝယ်မှာလည်း ပေါက်ဈေးက တက်သွားတယ်။ သူတို့က ပိဿာနဲ့ချီပြီး ကစားကြတာဆိုတော့ မနက်ပိုင်း ပစ္စည်းချေတဲ့ အချိန်ဆို အရောင်းအဝယ်လည်း ဖြစ်ကြတယ်” ဟု သူက ဆိုသည်။

သူက ဆက်ပြီး “ ဈေးတက်တာက လေပတ်ကားတခုတည်းကြောင့် မဟုတ်ပါဘူး၊ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေး အတက်အကျနဲ့လည်း ဆိုင်တယ်။ ကမ္ဘာ့ဈေးက ဆက်တက်နေရင် မတက်ဘို့ တားလို့မဖြစ်ဘူး၊ မတက်ရင် နယ်စပ်ကနေ ထုတ်ရောင်းကြမှာပေါ့" ဟု ပြောသည်။

ကမ္ဘာ့ရွှေဈေးကို ဒေါ်လာလဲနှုန်းဖြင့် တွက်ချက်ကာ နေ့စဉ် ဈေးသတ်မှတ်ရောင်းဝယ်ခြင်းလည်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးမှာ သောကြာနေ့တွင် ၁၅၈၈ ဒေါ်လာ ပေါက်ဈေး ရှိနေသည်။ အခေါက်ရွှေ ပေါက်ဈေးမှာမူ တကျပ်သားလျှင် ၆၆၄၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး၊ ၁၅ ပဲရည်မှာ ၆၆၃ဝဝဝ ဝန်းကျင် ရှိသည်။

အမေရိကန် တဒေါ်လာလဲနှုန်း ကျပ် ၈ဝဝ အောက် ကျဆင်းနေခြင်းကလည်း မြန်မာ့ရွှေဈေး မတက်နိုင်သည့်
နောက်ထပ် အကြောင်းရင်းတရပ်ဖြစ်ကြောင်းနှင့် ပြည်တွင်းရွှေဈေး နိမ့်နေသဖြင့် နယ်စပ်မှတဆင့် အိမ်နီးချင်း
နိုင်ငံများသို့ ထုတ်ရောင်းနိုင်ကြောင်း သူက သုံးသပ်သည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ အထွက်များသည်ဟု ဆိုသည်။

ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ သောကြာနေ့တွင် တဒေါ်လာလျှင် ၇၈၅ ကျပ် ဈေးပေါက်နေသည်။

သေဒဏ်ချမှတ်ခံထား​သည့် က​လေး​စစ်သား​ကို ပြန်လွှတ်ရန် ​တောင်း​ဆို

မြန်မာနိုင်ငံ၏ဥပဒေစည်အစိုးရ၏လက်တွင်းသာရှိသည်

July 22, 2011

တပ်မ ​တော်အရာရှိတဦး​ကို ပစ်သတ်ခဲ့​တဲ့​အတွက် က​လေး​မြို့​ အကျဉ်း​ထောင်မှာ ​သေဒဏ်ကျခံ​နေရတဲ့​ က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ​သေဒဏ်ပြစ်ဒဏ်မှတဆင့်​ ကလေး​ဥပ​ဒေပုဒ်မ ၄၆ အရ ပြစ်ဒဏ် ​လျှော့​ပေါ့​ပေး​ဖို့​ မိသား​စုဝင်​တွေက ​တောင်း​ဆိုလိုက်ပါတယ်။

မောင်ဖြိုး​ စည်သူဟာ အသက် ၁၄ နှစ်အရွယ်မှာ စစ်တပ်ထဲကို အဓမ္မ စု​ဆောင်း​ခံရပြီး​နောက် စစ်ကိုင်း​တိုင်း​ဒေသကြီး​ အရာ​တော်မြို့​နယ်မှာရှိတဲ့​ အမှတ် ၁၀ တပ်မ​တော်​လေ့​ကျင့်​ရေး​ကျောင်း​မှာ အ​ခြေခံစစ်သင်တန်း​ တက်​ရောက်ခဲ့​ပြီး​တဲ့​နောက်မှာ ချင်း​ပြည်နယ်အတွင်း​ စစ်ဆင်​ရေး​မှာ မိမိအထက်အရာရှိကို ပစ်ခဲ့​တဲ့​အတွက် က​လေး​မြို့​မှာရှိတဲ့​ အမှတ် ၉၄၃ ​ထောက်ပံ့​ရေး​တပ် စစ်တရား​ရုံး​က​နေ ​သေဒဏ်ချမှတ်ခဲ့​တာလို့​ မိခင်ဖြစ်သူ ​ဒေါ်သန်း​သန်း​ရီက ​ပြောပြပါတယ်။

မောင်ဖြိုး​စည်သူ ​သေဒဏ်ချမှတ်ခံခဲ့​ရတဲ့​ အချိန်တုန်း​က အသက် ၁၅ နှစ်ပဲရှိ​သေး​ပါတယ်။

ဒါ​ကြောင့်​ ၁၉၉၃ က​လေး​ သူငယ်ဥပ​ဒေပုဒ်မ ၄၆ အရ ​သေဒဏ် (သို့​မဟုတ်) တသက်တကျွန်း​ချမှတ်နိုင်တဲ့​ ပြစ်မှုကို ကျူး​လွန်ရင်​တောင်မှ အများ​ဆုံး​ ​ထောင်ဒဏ် ၇ နှစ်အထိပဲ ချမှတ်နိုင်တယ်လို့​ ပါရှိတဲ့​အတွက် က​လေး​စစ်သား​ ​မောင်ဖြိုး​စည်သူကို ပြစ်ဒဏ်​လျော့​ပေါ့​ပေး​ဖို့​ မိခင်ဖြစ်သူက ​ပြောပါတယ်။

“ကျမတို့​ မှာလည်း​ က​လေး​အ​ဖေကလည်း​ ကျန်း​မာ​ရေး​က မ​ကောင်း​၊​ ကျမကလည်း​ ကျန်း​မာ​ရေး​က ချို့​တဲ့​နေ​တော့​ ဒီသား​လေး​ကို အသက် ၁၆ နှစ် မပြည့်​သေး​တုန်း​က သူတို့​အ​နေနဲ့​ က​လေး​သူငယ် ​စောင့်​ရှောက်​ရေး​က ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေနဲ့​ ကျမတို့​ကို ညှိနှိုင်း​ပေး​ပါလို့​ ကျမက အနူး​အညွတ် ​တောင်ပန်ချင်ပါတယ်ရှင့်​။ နိုင်ငံ​တော် သမ္မတကြီး​ကိုလည်း​ ကျမ ဦး​ညွှတ်ပြီး​တော့​ ​တောင်း​ပန်ပါရ​စေဆိုပြီး​တော့​၊​ ကျမသား​လေး​ကို ကျမတို့​ ရင်ခွင်ထဲကို ပြန်ပြီး​တော့​ ပြန်​ရောက်​စေချင်တဲ့​ ဆန္ဒနဲ့​ ကျမ ​တောင်း​ပန်ပါတယ်ရှင်။”

မောင်ဖြိုး​ စည်သူဟာ က​လေး​အကျဉ်း​ထောင်မှာ ၇ နှစ်​ကျော် အကျဉ်း​ကျခံ​နေရတဲ့​အတွက် ကျန်း​မာ​ရေး​ ဆိုး​ရွား​စွာခံစား​နေရတယ်လို့​လည်း​ ​မောင်ဖြိုး​စည်သူနဲ့​ အကျဉ်း​ထောင်ထဲမှာ အတူ​နေခဲ့​ဖူး​တဲ့​ အကျဉ်း​သား​ဟောင်း​တဦး​က ​ပြောပါတယ်။

“သူ့​မှာ မိဘ​တွေကလည်း​ ဆင်း​ရဲတယ်၊​ ​ထောင်ဝင်စာလည်း​ မလာနိုင်ဘူး​။ ​ထောင်က​ပေး​တဲ့​ ရိက္ခာ​လေး​နဲ့​ပဲ ဖြစ်သလို စား​နေရတဲ့​အခါကျ​တော့​ ကျန်း​မာ​ရေး​လည်း​ ချို့​တဲ့​လာတယ်။ မျက်လုံး​မှာလည်း​ပဲ အတွင်း​တိမ်ဖြစ်​နေ​တော့​ မျက်လုံး​လည်း​ ​ကောင်း​ကောင်း​ မမြင်​တော့​ဘူး​။ ဒါ​ပေမယ့်​ သူ့​ကို ​သေဒဏ်ချထား​တယ် ဆိုပြီး​တော့​ ပြင်ပကိုလည်း​ ထုတ်ပြီး​ မျက်စိ ခွဲစိတ်ကု​ပေး​မှုလည်း​ မရှိဘူး​။”

အသက်မပြည့်​ သေး​ဘဲ စစ်တပ်ထဲကို အတင်း​အဓမ္မ အသွင်း​ခံလိုက်ပြီး​ အသက် ၁၅ နှစ်မှာ ​သေဒဏ်ချခံထား​ရတဲ့​ ​မောင်ဖြိုး​စည်သူဟာ တရား​ဥပ​ဒေအရ နစ်နာမှုရှိ​နေတဲ့​အတွက် အမြန်ပြန်လွှတ်သင့်​တယ်လို့​ အဆိုပါ အကျဉ်း​သား​ဟောင်း​က အခုလို ​ပြောပါတယ်။

“က​လေး​သူငယ် ဥပ​ဒေပုဒ်မ ၄၆ အရဆိုရင် ​ထောင်က ၇ နှစ်ပဲ ချရမယ်။ အဲဒီ​တော့​ ၇ နှစ်ချရမယ့်​ဟာကို ​သေဒဏ်ချထား​တယ်။ အဲဒီ​တော့​ ​သေဒဏ်ကို မဖျက်တဲ့​အတွက် ၇ နှစ်က မ​ရောက်ဘူး​။ မ​ရောက်ပဲနဲ့​ အခု​တော့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ အမိန့်​ထွက်လိုက်တဲ့​အခါကျ​တော့​ သူက အနှစ် ၂၀ ကို ​ပြောင်း​သွား​တယ်။ အမှန်မှာက ၇ နှစ်ကို ​ပြောင်း​ပြီး​တော့​ လွှတ်ရမယ့်​အစား​ မလွှတ်ဘဲနဲ့​ ​နောက်ထပ် ၁၃ နှစ်ပိုချလိုက်သလို ဖြစ်သွား​တယ်။ အ​တော်​လေး​ကို တရား​ဥပ​ဒေအရ နစ်နာမှု ရှိတယ်ဗျ။ အခု ပြည်သူ​တွေ အစိုး​ရပါလို့​ အမည်ခံထား​တဲ့​ နိုင်ငံ​တော် သမ္မတကြီး​ ဦး​သိန်း​စိန်အ​နေနဲ့​ ဒါကို ထိထိမိမိ ကာကွယ်ပြီး​တော့​ က​လေး​ကို ပြန်လွှတ်​ပေး​သင့်​တယ်။”

မန္တ​လေး​ မူး​ယစ်ရဲအုပ်က ​ငွေ​ပေး​ပြီး​ လူသတ်ခိုင်း

Published on July 22, 2011

မန္တ ​လေး​မြို့​၊​ ၈၈ လမ်း​၊​ ၂၃ လမ်း​နဲ့​ ၂၄ လမ်း​ကြား​၊​ သီရိမာလာ ရပ်ကွက်ရုံး​ရှေ့​မှာ ဇူလိုင် ၁၉ ရက်​နေ့​ ည ၆ နာရီခွဲ​လောက်က အမျိုး​သမီး​တဦး​ကို အမျိုး​သား​တဦး​က ဓား​နဲ့​ထိုး​သတ်ခဲ့​ပါတယ်။

အမျိုး​သမီး​ ရဲ့​အော်သံ​ကြောင့်​ ရပ်ကွက်က ဝိုင်း​ဝန်း​ဖမ်း​မ်း​မိခဲ့​ပြီး​ အဲ့​ဒီလူရဲ့​ ထွက်ဆိုချက်အရ မန္တ​လေး​မြို့​ ​မြောက်ပိုင်း​ခရိုင် မူး​ယစ်အထူး​ရဲတပ်ဖွဲ့​က ရဲအုပ်သန်း​စိုး​က ​ငွေဆယ်သိန်း​ပေး​ သတ်ခိုင်း​တာ ဖြစ်​ကြောင်း​ ​ဖြောင့်​ချက်​ပေး​တယ်လို့​ မျက်မြင်တဦး​က ​ပြောပြပါတယ်။

အသတ်ခံရတဲ့​ အမျိုး​သမီး​ဟာ ရဲအုပ်သန်း​စိုး​ရဲ့​ မယား​ပြိုင်ဖြစ်ပြီး​ မန္တ​လေး​မှာ ကွာရှင်း​စရိတ် လာ​တောင်း​တုန်း​ အခုလိုအသတ်ခံရတာ ဖြစ်​ကြောင်း​ မျက်မြင်က ​ပြောပါတယ်။

“သူ့​က​လေး​ နဲ့​ အဲဒီ​ကောင်မ​လေး​ကို ပိုက်ဆံမ​ထောက်လို့​ အဲဒီ​ကောင်မ​လေး​က ဗန်း​မော်က​နေ မန္တ​လေး​ကို လာပြီး​ အဲဒီ မူး​ယစ်အရာရှိ စိုး​သန်း​ဆီမှာ ပိုက်ဆံ​တောင်း​တဲ့​အခါမှာ စိုး​သန်း​က မ​ပေး​ဘဲနဲ့​ ​ကျောက်သပိတ်ဘက်က လူသတ်သမား​ကို ငှား​ပြီး​ သတ်လိုက်တယ်။ အဲဒီ ​ကောင်မ​လေး​လည်း​ ဓား​နဲ့​ ထိုး​သတ်တာ ​သေသွား​တယ်။ ထိုး​သတ်လိုက်တဲ့​ တရား​ခံကို မိပြီး​ စစ်လိုက်​တော့​ မန္တ​လေး​ ​မြောက်ပိုင်း​ခရိုင် အထူး​မူး​ယစ် ရဲအုပ် စိုး​သန်း​က ၁၀ သိန်း​ပေး​ပြီး​ သတ်ခိုင်း​တယ်လို့​ အစစ်ခံတယ်။ တရား​သူကြီး​တွေ ဘာ​တွေနဲ့​ ​ဖြောင့်​ချက် ယူတဲ့​အခါမှာ အဲဒီအတိုင်း​ ​ပြောတဲ့​အတွက် အမှတ် ၅ ရဲစခန်း​မှာ အဲဒီ စိုး​သန်း​ကို ဖမ်း​ထား​တယ်။”

ဒီကိစ္စနဲ့​ ပတ်သက်ပြီး​ တာဝန်ရှိသူ အမှတ် ၅ ရဲစခန်း​ကို ဆက်သွယ်​မေး​ကြည့်​တော့​ တာဝန်မှူး​က စစ်​ဆေး​ဖော်ထုတ်ဆဲဖြစ်တာကိုသာ ​ဖြေဆိုပြီး​ အ​သေး​စိတ်မ​ဖြေပါဘူး​။

“ကျ​နော်တို့​က အခုက ဘာမှန်း​မသိ​သေး​ဘူး​။ စစ်​ဆေး​တုန်း​ပဲ ရှိ​သေး​တဲ့​ အတွက် ကျ​နော်တို့​က အတည်ပြုလို့​ မရ​သေး​ဘူး​ခင်ဗျ။”

သူ့​ကို ဘာနဲ့​ဖမ်း​ထား​တယ် ဆိုတာ​ရော ​ပြောလို့​ မရဘူး​လား​ ဆရာ။

“အဲဒါ​တော့​ တိုင်း​ကိုလှမ်း​ပြောလိုက်​နော် တိုင်း​လှမ်း​မေး​လိုက်။”

ရဲနဲ့​ နီး​စပ်သူ​တွေအဆိုအရ အသတ်ခံရသူအမျိုး​သမီး​ဟာ အရင်က ရဲ​မေတဦး​ ဖြစ်ပြီး​ ရဲအုပ်သန်း​စိုး​နဲ့​ ကိုယ်ဝန်ရှိတာ​ကြောင့်​ ရဲတပ်ဖွဲ့​က ထုတ်ပယ်ခံထား​ရတာလို့​လည်း​ ​ပြောပါတယ်။

ရဲအုပ်သန်း​ စိုး​ဟာ ဘား​အံ မူး​ယစ်တပ်ဖွဲ့​က​နေ မန္တ​လေး​မှာ တာဝန်ကျတာ သုံး​နှစ်​လောက်ရှိပြီဖြစ်ပြီး​ ဒီအမျိုး​သမီး​နဲ့​ မန္တ​လေး​မှာပဲ ​တွေ့​ခဲ့​ကြတာလို့​ ဆိုပါတယ်။

ကွာ​ရှင်း​ စရိတ်အဖြစ် အမျိုး​သမီး​က သိန်း​၂၀၀ ​တောင်း​ပြီး​ ရဲအုပ်သန်း​စိုး​က သိန်း​ ၅၀ ​ပေး​ဖို့​ ညှိရာမှာ အဆင်မ​ပြေဖြစ်လို့​ အခုလို လူငှား​သတ်ခိုင်း​လိုက်တာလို့​လည်း​ ဆိုပါတယ်။

ဒီအချက်အလက်​တွေကို အတည်ပြုနိုင်ဖို့​ မန္တ​လေး​တိုင်း​ ရဲတပ်ဖွဲ့​ကို ဆက်သွယ်​မေး​မြန်း​ဖို့​ ကြိုး​စား​ပေမယ့်​ မရပါဘူး​။

Man kills at least 91 in Norway shooting, bombingနော်ဝေ အကြမ်းဖက်၊ အစုလိုက်အပြုံလိုက် သတ်မှု

Saturday, July 23, 2011




July 23, 2011
အော်စလိုမှာ ဗုံးကွဲပြီးနောက်
July 23, 2011
သောကြာနေ့ကတော့ နော်ဝေရဲ့ အိပ်မက်ဆိုး မက်တဲ့ နေ့ပါပဲ။ မြို့တော် အော်စလိုမှာ ပြင်းထန်တဲ့ ဗုံးကွဲပြီး တဆက်တည်း ကျွန်းတခုမှာ လူ ၈၄ ယောက်လောက် သေဆုံးတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်သွားလို့ပါပဲ။

နော်ဝေနိုင်ငံက Utoya ကျွန်းမှာ လူငယ်စခန်းတခုအတွင်း သေနတ်နဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၈၀ လောက်သေဆုံးပါတယ်။ နော်ဝေရဲ့မြို့တော် အော်စလိုမှာ ဗုံးကွဲပြီး မကြာခင်မှာ အဲဒီလို ပစ်ခတ်မှု ဖြစ်တာပါ။ သေနတ် ပစ်မှုရော ဗုံးကွဲမှုနဲ့ပါဆို လောလောဆယ် သိရသလောက် ၉၁ ယောက် သေပါတယ်။

ဒီအကြမ်းဖက်မှုတွေက ဘယ်သူ့လက်ချက်ဆိုတာ နော်ဝေရဲတပ်ဖွဲ့က သေချာ မပြောသေးပေမယ့် နော်ဝေနိုင်ငံသား တယောက်ကိုတော့ ဖမ်းထားပြီလို့ ဆိုပါတယ်။

တရားရေးဝန်ကြီး Knut Storberget က “ကျနော်တို့ တယောက်ကို ဖမ်းထားပါပြီ။ ဖြစ်ပျက်သွားတာတွေနဲ့ ပတ်သက်ပြီး ဆက်စပ်မှုနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ သူကိုတော့ နော်ဝေသားအဖြစ် သိထားပါတယ်။ သိသမျှ ဒီလောက်ပါပဲ။ သူ့အကြောင်း အသေးစိပ်ပြောဖို့က ကျနော့်တာဝန် မဟုတ်ပါဘူး” လို့ ပြောပါတယ်။

နော်ဝေက TV2 က အဲဒီလူဟာ Anders Behring Breivik ဖြစ်ပြီး “နော်ဝေအရှေ့ပိုင်းက လက်ယာ အစွန်းရောက် အုပ်စုအဖွဲ့ဝင်” ဖြစ်တယ်လို့ ထုတ်လွှင့်သွားပါတယ်။
ဖမ်းဆီးထားတဲ့ သံသယရှိသူ နော်ဝေနိုင်ငံသား

အော်စလိုမြို့က ဝန်ကြီးချုပ်ရုံး ဗုံးကွဲပြီး နာရီပိုင်းအကြာမှာ လေဘာပါတီက ဖွင့်ထားတဲ့ နွေရာသီ လူငယ်စခန်းမှာ ပစ်ခတ်မှု ဖြစ်ပွားတာ ဖြစ်ပါတယ်။ အဲဒီစခန်းမှာ လူ ၅၀၀ လောက်ရှိနေပြီး အများစုက ဆယ်ကျော်သက်တွေပါ။

အယ်လ်ဂျာဇီးယား သတင်းအရ ပစ်ခတ်တဲ့လူဟာ ရဲအရာရှိဝတ်စုံကို ဝတ်ဆင်လာပြီး သူက စခန်း လုံခြုံရေးအတွက် လာတယ်လို့ ပြောကြောင်း ဒေသခံရဲတဦးကို ကိုးကား ဖော်ပြပါတယ်။ ဖောက်ခွဲရေး ပစ္စည်းတွေလည်း ကျွန်းပေါ်မှာ တွေ့ရတယ်လို့ ဆိုပါတယ်။



ဒဏ်ရာရသူတွေကို ခေါ်ယူဖို့ လူနာတင် လေယာဉ် လေးစင်း၊ လူနာတင်ကား အစီး ၂၀ လောက် သွားရောက်ရပါတယ်။ လူတချို့က ရေထဲကို ခုန်ချပြီး ရေကူးပြေးတာကြောင့် ရေထဲမှာ လိုက်ဆယ်ရပါတယ်။
နော်ဝေ ဝန်ကြီးချုပ် Stolenberg ကတော့ အော်စလို ဗုံးကွဲမှုမှာ ဒဏ်ရာ တစုံတရာ ရခြင်း မရှိကြောင်းနဲ့ နောက်တရက်မှာ Utoya ကျွန်းကို သွားရောက်လည်ပတ်ဖို့ အစီအစဉ် ဆွဲထားပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က အော်စလိုမှာ ရုံးစိုက်တာပါ။ DVB က ဂျာနယ်လစ် ကိုသန်းဝင်းထွဋ်ကတော့ သူ့ရဲ့ဖေ့စ်ဘုတ်မှာ ဗုံးပေါက်ကွဲတဲ့ အစိုးရရုံးဟာ DVB ရုံးကနေ ၂ မိနစ် ၃ မိနစ်လောက် လမ်းလျှောက်သွားရင် ရောက်တဲ့နေရာဖြစ်ကြောင်း၊ ဆူညံသံတွေကြားရပြီး တံခါးတွေ၊ မှန်တွေ ၃ စက္ကန့် ၄ စက္ကန့်လောက် လှုပ်ခါသွားကြောင်းနဲ့ DVB အဖွဲ့သားများ ဘေးကင်းစွာရှိကြောင်း ရေးထားပါတယ်။

နော်ဝေဟာ ချမ်းသာတဲ့ ဥရောပနိုင်ငံဖြစ်ပြီး အကြမ်းဖက်မှု မရှိတဲ့နိုင်ငံလို့ အများက သိထားကြပါတယ်။ အခု အကြမ်းဖက်မှုကြောင့် လူတွေ အတော် တုန်လှုပ်သွားကြပါတယ်။ အမေရိကန် သမ္မတ အိုဘားမား သူတို့လည်း အသေးစိတ် မသိသေးကြောင်းနဲ့ သေကြေ ဒဏ်ရာရသူ နော်ဝေ နိုင်ငံသားအတွက် စိတ်မကောင်း ပါကြောင်း ပြောသွားတာ ရုပ်သံမှာ မြင်လိုက်ရပါတယ်။






နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ မနေ့မွန်း​လွဲ​ပိုင်း​က ဗုံးခွဲတိုက်ခိုက်မှုနဲ့ သေနတ်နဲ့​ ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ သေဆုံးသူ အနည်းဆုံး ၈၀ ကျော်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယူတိုယာကျွန်း (ဓာတ်ပုံ_ အေအက်ဖ်ပီ)

မ​နေ့​က​ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီလောက်မှာ အော်စလိုမြို့လယ်က ၀န်ကြီးချုပ်ရုံး၊ ၀န်ကြီးချုပ်ရဲ့ပါတီရုံးနဲ့ အစိုးရအဆောက်အဦတွေ ရှိရာ​ အနီးမှာ ဗုံးပေါက်ကွဲရာမှာ လူ ၇ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။

ဒီဗုံးပေါက်ကွဲမှုကြောင့် ၀န်ကြီးချုပ်ရုံး အပါအ၀င် အဆောက်အဦတွေ ပျက်စီးသွားပြီး လမ်းမပေါ်မှာ အပျက်အစီး အပိုင်းအစတွေနဲ့ ပြည့်သွားပါတယ်။

နော်ဝေမြို့ပြင်ပိုင်းက ယူတိုယာကျွန်းမှာ နွေရာသီစခန်းချနေတဲ့ ကျောင်းသားတွေကို နော်ဝေလူမျိုး တဦးက ရဲအယောင်ဆောင်ပြီးတော့လည်း သေနတ်နဲ့ ပစ်ခတ်လို့ အနည်းဆုံး ၈၀ သေဆုံးသွားပါတယ်။ ဒီပစ်ခတ်မှုကျူးလွန်သူ အသက် ၃၂ နှစ်အရွယ် နော်ဝေလူမျိုးဟာ လက်ယာအစွန်းရောက် ၀ါဒီတွေနဲ့ ဆက်နွှယ်နေပြီး သူ့နာမည်နဲ့ မှတ်ပုံတင်ထားတဲ့ သေနတ် ၂ လက် ပိုင်ဆိုင်ထား တယ်လို့ နော်ဝေရုပ်မြင်သံကြားဌာန TV2 က ကြေညာသွားပါတယ်။ အဲဒီနွေရာသီစခန်းက လူ ၅၆၀ ကို ၀န်ကြီးချုပ် ယန်း စတော်တင်ဂတ်က စနေနေ့မှာ တွေ့ဆုံစကားပြောဖို့ စီစဉ် ထားခဲ့တာပါ။

နော်ေ၀၀န်ကြီးချုပ်ကတော့ “ကျနော်တို့ကို တိုက်ခိုက်သူတွေကို ပြောချင်တဲ့ နော်ဝေအားလုံးရဲ့ သတင်းစကားကတော့ ကျနော်တို့ရဲ့ ဒီမိုကရေစီစနစ်နဲ့ အကောင်းဆုံးစံနမူနာကို ခင်ဗျားတို့ မဖျက်ဆီးနိုင်ဘူးဆိုတာပါပဲ”လို့ မီဒီယာတွေကို ပြောကြားပါတယ်။

ဒီအကြမ်းဖက်တိုက်ခိုက်မှုကို အမေရိကန်၊ ဥရောပသမဂ္ဂ၊ ကုလသမဂ္ဂနဲ့ နေတိုး အဖွဲ့တို့က ရှုတ်ချလိုက်ကြပါ တယ်။

ဒီတိုက်ခိုက်မှု နှစ်ခုဟာ ဆက်စပ်နေတယ်လို့ ရဲမင်းကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ အစ္စလမ်အစွန်းရောက်တွေဟာ နော်ဝေနိုင်ငံ အတွက် အကြီးမားဆုံး အန္တရာယ်အဖြစ် ခြိမ်းခြောက်နေတယ်လို့ နော်ဝေထောက်လှမ်းရေး ဌာန (PST) က သတိပေးပြောကြားခဲ့ဖူးပါတယ်။

နော်ဝေနိုင်ငံဟာ အကြမ်းဖက်သမားတွေကို တိုက်ခိုက်နေတဲ့ အာဖဂန်နစ္စတန်ကို တပ်သား ၅၀၀ စေလွှတ်ထားပြီး အခုလို တိုင်းပြည်တွင်း အကြမ်းဖက်တိုက်ခိုက်ခံရတာက တော့ ပထမဆုံး​ ဖြစ်ပါတယ်။

အခု အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ အော်စလိုမြို့ဟာ နိုင်ငံတကာငြိမ်းချမ်းရေး သင်္ကေတဖြစ်ပြီး နိုဘယ်ငြိမ်းချမ်းရေးဆုချီးမြှင့်တဲ့ ဌာန အခြေစိုက်တဲ့မြို့လည်း ဖြစ်ပါတယ်။



The morning after a bombing and shooting spree left 91 dead in Norway, the country's Prime Minister - Jen Stoltenberg - says police were still seeking a motive for the rampage. (SOUNDBITE) (English) NORWEGIAN PRIME MINISTER, JENS STOLTENBERG, SAYING: "I think it's too early to comment on the motives and what's the reason behind the attacks, both in Oslo and at the Labour youth camp at Utoeya. It is very important for us to be very clear when it comes to the responsibility of the government, and the police who has just started the investigation. One man is arrested and I think we will wait until we have seen more results of the investigations before we want to comment of the motives." That man is a 32 year old who police say has links to right-wing extremists. They believe he detonated a bomb in downtown Oslo that killed seven, before travelling to a youth camp outside the city, where he shot and killed at least 84. While Norwary is not known as a haven for extremists, Stoltenberg says he has grappled with right wing groups. (SOUNDBITE) (English) NORWEGIAN PRIME MINISTER, JENS STOLTENBERG, SAYING: "Compared to other countries I would not say we have a big problem with right wing extremists in Norway, but we have some some groups, we have followed them before." The attacks were Europe's deadliest since 2004, when almost 200 were killed in a Madrid train bombing. Andrew Raven, Reuters

မီး​လောင်​သေဆုံး​သည့်​ အဖွား​အိုကိစ္စ မ​ဖြေရှင်း​ပေး​သည့်​အတွက် ရွာသား​များ​ မ​ကျေနပ်

Published on July 22, 2011

စစ်ကိုင်း ​တိုင်း​ဒေသကြီး​ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့​နယ်ထဲက သီလုံး​စံပြ​ကျေး​ရွာမှာ အသက် ၈၃ နှစ်အရွယ်အဖွား​အို ​ဒေါ်သိန်း​ရီဟာ ဒီလဆန်း​ (၃) ရက်​နေ့​က အိမ်မှာ မီး​လောင်ဒဏ်ရာနဲ့​ ​သေဆုံး​ခဲ့​ပါတယ်။

ဒီ​သေဆုံး​ မှုဟာ အဖွား​ရဲ့​မြေး​က ဓာတ်ဆီ​လောင်း​မီး​ရှို့​တာလို့​ ရွာသား​တွေက ယူဆပြီး​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​နဲ့​ ရဲကအ​ရေး​မယူတဲ့​အ​ပေါ် မ​ကျေမနပ် ဖြစ်​နေကြပါတယ်။

ဒီလ ၃ ရက်​နေ့​ ည ခုနှစ်နာရီခန့်​ မီး​လောင်မှုကို ​ဘေး​အိမ်​တွေက သိလို့​ ငြိမ်း​သတ်နိုင်​ပေမယ့်​ နာရီပိုင်း​လောက်အကြာမှာ မီး​လောင်ဒဏ်ရာ​တွေရတဲ့​ အဖွား​ဟာ ​နောက်​နေ့​ မနက် ၂ နာရီ​လောက်မှာ ကွယ်လွန်ခဲ့​ပါတယ်။

သူ့​မြေး​ ကိုလှိုင်ဝင်း​က သူ့​ကို​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ချ မီး​ရှို့​လိုက်တာလို့​ အဖွား​က မ​သေခင်မှာ ရွာသား​တွေကို ​ပြောခဲ့​သလို ကိုလှိုင်ဝင်း​ကို ရဲကဖမ်း​သွား​ပြီဆိုမှ အသက်ထွက်သွား​တယ်လို့​ ရွာခံ အမျိုး​သမီး​တဦး​က ​ပြောပါတယ်။

အ​လောင်း​ကို ၁၁ နာရီ​လောက်မှာ သင်္ဂြီုဟ်ပြီး​မှ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​က ဒီအဖွား​ဟာ အနာကြီး​ရောဂါရှိလို့​ ဓာတ်ဆီနဲ့​အရက်ပျံ​ရောပြီး​ လိမ်း​ရာက ​ဆေး​လိပ်ဖွာလိုက်လို့​ မီး​ကူး​စက်​လောင်သွား​တာလို့​ ​ဖြေဆိုပြီး​တဲ့​နောက် ကိုလှိုင်ဝင်း​ ပြန်လွတ်လာပါတယ်လို့​ ဆိုပါတယ်။

ရွာသူအမျိုး​ သမီး​တဦး​က “အဖွား​ကြီး​ကို ဓာတ်ဆီနဲ့​ ​ခေါင်း​က​နေ ​လောင်း​ချပြီး​တော့​ ​အောက်က​နေ ဂတ်စ်မီး​ချစ်နဲ့​ တင်ရှို့​လိုက်တာ​ပေါ့​။ အဲဒီလို တင်ရှို့​တော့​ အဖွား​ကြီး​က ​လောင်သွား​တာ။ တိုင်မှာ တိုင်မှာနဲ့​ ဆိုပြီး​တော့​ ​ဘေး​ကလူ​တွေ ဝိုင်း​ငြှိမ်း​ကြတာ​ပေါ့​ဗျာ။ ​စောင်နဲ့​ ​ရေစွတ် အုပ်လိုက်​တော့​မှ ငြိမ်း​သွား​တာ။ ဝိုင်း​ပြီး​ လုပ်ရာကိုင်ရာက​နေပြီး​တော့​ အဖွား​ကြီး​က မနက် ၂ နာရီထိုး​လောက် ​ရောက်​တော့​ လှိုင်ဝင်း​ကို ဖမ်း​သွား​ပြီဆိုမှ အဖွား​ကြီး​က အသက်ထွက်သွား​တာ သူက။ အဲဒီကျမှ လူ​တွေက အ​လောင်း​ကို တခါတည်း​ ပြင်ဆင်ပြီး​တော့​ သူတို့​ ​နေ့​ ၁၁ နာရီ ထိုး​လောက်ကို မီး​သင်္ဂြီုဟ်လိုက်တယ်။ ဘယ်ရဲမှလည်း​ လာမကြည့်​ရဘူး​” လို့​ ​ပြောပါတယ်။

ဆေး​လိမ်း​တဲ့ ​ ဓာတ်ဆီဟာ ဒီ​လောက်မီး​လောင်စရာ အ​ကြောင်း​မရှိဘူး​လို့​ ရွာသား​တွေက အခိုင်အမာ တွက်ချက်​နေကြပြီး​ အဖွား​ကို ​ခေါင်း​က​နေ ဓာတ်ဆီ​လောင်း​ပြီး​မီး​ရှို့​ခဲ့​တာလို့​ ဆိုပါတယ်။

ဒါ့​အပြင် ဒီမီး​လောင်မှုကို ရဲက လာ​ရောက်မစစ်​ဆေး​တဲ့​အ​ပေါ် ရွာသား​တွေက အပြစ်ဖို့​ ​နေကြပါတယ်။

မီး​ငြိမ်း​ သတ်တဲ့​ ​ဒေသခံ​တွေက ကိုလှိုင်ဝင်း​ရဲ့​ အရင်က အဖွား​အိုကို မီး​ရှို့​မယ်လို့​ ​ပြောဆိုကြိမ်း​မောင်​ပြောဆိုမှု​တွေနဲ့​ တကယ်ဖြစ်ပွား​ခဲ့​တဲ့​ ဖြစ်ရပ်ကို ​ထောက်ပြပြီး​ ဒီဖြစ်ရပ်ဟာ လူ​သေမှု၊​ လူသတ်မှု​တွေနဲ့​ ကိုလှိုင်ဝင်း​ကို စွဲဆိုစစ်​ဆေး​အ​ရေး​ယူ​စေချင်ကြပါတယ်။

Wednesday, July 20, 2011

MKO ဖိတ်ကြားလွှာနှင့် ကရင်ရိုးရာ ချည်ဖြူထုံးဖွဲ့မင်္ဂလာအကြောင်း

Tuesday, July 19, 2011


ကရင်လူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းသော ရိုးရာဓလေ့အနက် ချည်ဖြူဖွဲ့မင်္ဂလာ ပြုခြင်းသည် တစ်ရပ်အပါအ၀င်ဖြစ်သည်။

ကရင်လူမျိုးတို့သည် တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာတွင် ရေကြည်ရာမြက်နုရာ အရပ်ဒေသ
သို့ ရှာဖွေရာ၌ အစဦးတွင် တစ်အုပ်စုတည်း ဆင်းသက်လာသူတို့က နောင်အခါတွင် အုပ်စုများ ခွဲထွက်ကြလေသည်။

ထိုသို့ အုပ်စုများခွဲထွက်ရာတွင် နောင်အခါ ပြန်လည်တွေ့ဆုံသည့်အခါ သော်လည်ကောင်း၊ တစ်အုပ် စုနှင့်တစ်အုပ်စု ဆုံတွေ့ကြ၍လည်ကောင်း အချင်းချင်း သိရှိမှတ်သားနိုင်ရန် လက်တွင် ချည်ဖြူများဖြင့် အမှတ်အသား ချည်နှောင်ထားကြသည်။ ထိုသို့ လက်တွင် ချည်ဖြူဖြင့် အမှတ်အသား ချည်နှောင်ထား
ရာမှ မျက်မှောက်တွင် လက်ချည်မင်္ဂလာပြုခြင်း တည်ရှိလာခဲ့ကြသည်ဟုအဆိုရှိကြသည်။

ကရင်လူမျိုးများသည် ရေကြည်ရာ၊ မျက်နုရာ မြန်မာပြည်သို့  ဆင်းသက်ထွက်ခွာ လာကြသည့်အခါ အုပ်စုခွဲ၍ မောဝ်-ထါ် (အမိဘက်)၊ ဖါ-ထါ် (အဖဘက်)အုပ်စုနှစ်စု ဖြစ်ပေါ်ခဲ့ကြသည်။ ထို့ သို့  အုပ်စု
မကွဲ မှီကတည်းက ကရင်အမျိုးသားတို့ သည် တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန်နှင့် အချင်းချင်း
အသိအမှတ်ပြု စောင့်ရှောက်နိုင်ရေးကို ရည်ရွယ်ပြီး (၁) ဖူ့ထိုဝ်မဲပါ၊ (၂) ဖူ့က်ုဆင့်မဲပါ၊ (၃) ဖူ့ဒ္ဂေတ်၊
(၄) ဖူ့ကျာပံင်၊ (၅) ဖူ့လျေင်.ဃှယ့်၊ (၆) ဖူ့မါန်ထ၀့်၊ (၇) ဖူ့ဖါ့သိင်း၊ (၈) ဖူ့တ်ုကုံ့၊ (၉) ဖူ့ဖႜးသူရေင့် စသည့် ကိုးယောက်သောခေါင်းဆောင်များက မိမိတို့ ၏ လက်ကောက်ဝတ်အသီးသီးတွင် အမှတ်အသားဖြင့် ချည်ဖွဲ့နှောင်ပေးခဲ့ကြသည်။

ရှေးအခါက ကရင်လူမျိုးတို့သည် တောင်ယာနှင့်လယ်ယာကို အဓိကထား၍ အသက်မွေးဝမ်းကျောင်း
ပြုကြသည်။ မိုးဦးကျ၍ တောင်ယာနှင့်လယ်လုပ်ငန်းကို သူသူငါငါ လုံးပမ်းးနေချိန်တွင် တစ်ဦးနှင့်တစ်
ဦး အိမ်ထောင်စုတစ်ခုနှင့်တစ်ခု တစ်ရွာနှင့်တစ်ရွာ တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ချေ။ လယ်များကို ထွန်ယက်ပြီး စိုက်ပျိုးပြီးသည့် ၀ါခေါင်လတွင် ခေတ္တ အားလပ်ကြ၍ အချင်းချင်း တွေ့ဆုံနိုင်ကြရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့်ပင် စုပေါင်းမင်္ဂလာလက်ချည်ခြင်းကို ၀ါခေါင်လတွင်
ရွေးချယ်၍ ခင်းကျင်းကြလေသည်။ ၀ါခေါင်လ လက်ချည်ခြင်းကို ရှေးကရင် လူကြီးများက ကြီးမား
သော ရည်ရွယ်ချက်များ ထားရှိပေသည်။


ဝါခေါင်လရောက်လျှင် ကွဲကွာနေသော ဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုများပြန်လည်စု
စည်းရေး၊ အချင်းချင်း ချစ်ကြည်သွေးစည်းမှု ခိုင်မြဲရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကား ပြုနိုင်ရေးကို အဓိကရည်ရွယ်၍ စုပေါင်းလက်ချည်မင်္ဂလာပြုကြလေသည်။

ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း၊ စုပေါင်း၍ လုပ်ကိုင်ခြင်းစားသောက်နှင့် ကြုံတွေ့ရသော
ဘေးအန္တရာယ်ကို စုပေါင်း၍ တွန်းလှန်ကာကွယ် လေ့ရှိသလို ၀ါခေါင်လရောက်လျှင် ကရင်လူမျိုး အိမ်ထောင်စုတိုင်း ၀တ္တရားမပျက်လက်ချည်ကြသည်။ ၀ါခေါင်လတွင် တစ်ရွာလုံး၊ တစ်နယ်လုံးစု
ပါင်း၍ လက်ချည်းခြင်းဖြစ်ရာ ၀ါခေါင်လလက်ချည်ခြင်းဟူ၍ ခေါ်ဝေါ်သမုတ်ကြသည်။

ဝါဆိုလလွန်၍ ၀ါခေါင်လရောက်လာလျှင် စားသုံးရန်ရိက္ခာများ လျော့နည်းလာ၏။ အိမ်ထောင်စု
အလိုက်၊ ရွာအလိုက် တောင်ယာလယ်ခင်းမှ သီးနှံများမပေါ်မီအထိ ရိက္ခာများမပြတ်စေရန် လိုအပ် လာသည်။

ထိုသို့ ရိက္ခာများချွေတာ စားသောက်ရေးကို လူကြီးများကသတိပေးကြသည်။ ထိုအတူ ၀ါခေါင်လ
သည်မိုးသည်းထန်စွာရွာသွန်း၍အအေးဓါတ်လည်းလွန်ကဲနေသည်။ ချောင်းရေ၊ မြစ်ရေများလျှံ၍
ရေကြီးတတ်သည်။ ထိုအခါ ရောဂါများထူပြော၍ မမာမကျန်းဖြစ်လာတတ်ပေသည်။

အချို့က ၀ါခေါင်လသည် အေးသောရာသီဖြစ်၍ ပတ်ဝန်းကျင်တွင်အေးပြီး အတွင်းဝမ်းမီးတောက်၍ စားသမျှအဟာရကြေလွယ်ပြီး ခံတွင်းမြိန်စားသောက်ကောင်းခြင်းကို ဘီလူး သဘက်များ၊ မကောင်း ဆိုးဝါးများ ၀င်စားသည်ဟု ထင်ရလောက်အောင် အစားအစာကုန်ခြင်းကို "လာဖူ့၊ လာဏား" မကောင်း ဆိုးဝါးလဟူ၍ မှတ်ယူကြသည်။



ကရင်ရိုးရာ လက်ချည်ခြင်းကို အရှေ့ပိုးကရင်အခေါ်အားဖြင့် "ခိုင်စူး" ဟူ၍ခေါ်ကြသည်။ "ခိုင်" မှာ မင်္ဂလာပြုသောချည် ဖွဲ့နှောင်ခြင်းဖြစ်ပြီး "စူး" မှာလက်ကိုခေါ်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာချည်ဖြူဖြင့် လက်ကိုရစ်ပတ်ချည်နှောင်ပြီး မင်္ဂလာပြုခြင်းဖြစ်သည်။ မင်္ဂလာပြုခြင်းအဖြစ် လက်ချည်ခြင်းရှိသလို ရိုးရာကုထုံးများအဖြစ် လက်ချည်ခြင်းလည်းရှိသည်။

ယခုအခါ ရိုးရာကုထုံးအဖြစ်လက်ချည်ခြင်းသည် တဖြည်းဖြည်း တိမ်ကောမှေးမှိန်လာလျက်ရှိသည်။ ကရင်ရိုးရာလက်ချည်ခြင်းသည် ယေဘုယျအားဖြင့် သုံးမျိုးသုံးစားရှိသည်။ ထိုသုံးမျိုးသုံးစားသည် အခြေအနေ အချိန်အခါကိုလိုက်၍ ပြုလုပ်လေ့ရှိသည်။ ယင်းတို့မှာ...(၁) လိပ်ပြာခေါ်လက်ချည်ခြင်း (လာဟှာခါင်စူး)၊ ထိမ်းမြားမင်္ဂလာ လက်ချည်ခြင်း (အှ်ဃှုက်တာင်ဃှေဝ် ဆ်ုခါင်စူး)၊ (၃) ၀ါခေါင်လ လက်ချည်ခြင်း (လာခုဂ်ခါင်စူး) ဟူ၍ဖြစ်သည်။

လက်ချည်ခြင်းပြုရာတွင် ဒေသကိုလိုက်၍သော်လည်ကောင်း၊ ပတ်ဝန်းကျင်ထိတွေ့မူအရ နွယ်စပ် လာ၍သော်လည်ကောင်း၊ လုပ်နည်းလုပ်ဟန်များ၊ အယူအဆများ အနည်းအကျဉ်း ကွဲလွဲနေ တတ် သည်ရှိသော်လည်း လက်ချည်ခြင်းရည်ရွယ်ချက်မှာ အတူတူပင်ဖြစ်သည်။ အနှစ်သာရအားဖြင့် တူညီလျက်ရှိသည်။

ချည်ဖြူဖွဲ့မင်္ဂလာ အဆောင်အယောင်ပစ္စည်းမှာ (၉) မျိုးရှိ၍ ၄င်းတို့၏ အဓိပ္ပါယ်မှာ-
(၁) ဆန်ကော၊ (၂) ယောက်မ၊ (၃) ချည်ဖြူ၊ (၄) ကြံ၊ (၅) ငှက်ပျောသီး၊ (၆) ထမင်းဆုပ်၊ (၇) ကောက် ညှင်းထုပ်ဖင်ချွန်၊(၈)နတ်ပန်းညို(ဖ၀့်ဝီ)၊(၉)ရေစသည်တို့ဖြစ်ပါသည်။



(၁)ဆန်ကော
ဆန်ကောသည် ၀ါးနှင့်ယက်လုပ်ထားခြင်းဖြစ်သည်။ ရှေးအခါက ကရင်လူမျိုးတို့သည် အိုးအိမ်ကို ၀ါးဖြင့် ဆောက်လုပ်ကြသည်။ အိမ်သုံးပစ္စည်းကို သဘာ၀၀ါးပင်နှင့်ယက်လုပ်၍ အသုံးပြုကြသည်။ ထို့ကြောင့် ယက်လုပ်ခြင်း လက်မူအတတ်ပညာကို လက်ဆင့်ကမ်းပြီး ထိန်းသိမ်းရမည်ဟူ၍ဖြစ်သည်။

(၂)ယောက်မ
အချို့သော လူငယ်လူရွယ်တို့သည် စိတ်မြန်၊ လက်မြန်ရှိကြပြီး ဓါး၊ လှံစသည်တို့ကိုထုတ်ပြီး တစ်ယောက်နှင့်တစ်ယောက် စိတ်လွဲမှားမူမျိုးမရှိရအောင် အေးချမ်းစွာ ညှိနှိုင်းတိုင်ပင်ပြီး ပြော
ဆိုရ မည်ကို ယောက်မနှင့်ခေါက်၍ နှိုင်းပြထားခြင်းဖြစ်သည်။ ယောက်မသည် ပူလောင်ခြင်းကို ဒဏ်ကိုခံရည်ရှိရာ ထမင်းဟင်းလျာများချက်ရာတွင် လိုသလိုမွှေပြီး အသုံးပြုခြင်းဖြစ်သည်။

(၃)ချည်ဖြူ
ဝါဂွမ်းစေ့ကို တစ်လုံးချင်းစုစည်းပြီး မြဲသောလက်ဖြင့် ဂွမ်းကိုကျစ်ပြီး လူမျိုးအားလုံးသည်လည်း ချည်ဖြူ
ကဲ့သို့ ကျစ်လျစ်ခိုင်မြဲရမည်ဟူ၍ဖြစ်သည်။ အဖြူသည် စင်ကြယ်သန့် ရှင်းသည့် သရုပ်ကို ဆောင်သည်။ သားသမီးမြေးမြစ်များ၏ ကံကြမ္မာဆိုးများ ကျရောက်ခြင်းများ ဖြစ်ရှိလျှင်ကာကွယ် ပြေပျောက်စေရန် အတွက်ဖြစ်သည်။

(၄) ကြံ
ကြံသည် ထူးခြားသည့်ဝိသေသ ရှိပါသည်။ ကြံအား အပွင့်အသီးမှ စိုက်ပျိုးမျိုးပွားရခြင်း မဟုတ်ဘဲ၊ ၎င်း၏ပင်စည်မှ အမြစ်တွယ်အပင်ပေါက်ပွားများ လာခြင်းဖြစ်သည်။ ကြံပင်အား အရင်းမှ ခုတ်ထစ် ပိုင်းဖြတ် သော်လည်း ကျန်ရစ်သည့် အပင်ငုတ်မှ အပင်သစ်ဖြစ်ကာ ကြီးထားပွားများ လာနိုင်ပါသည်။

အဆစ်တိုင်းအဆစ်တိုင်းတွင် အမြစ်ပေါက် စိုက်ပျိုး ကြီးထွားရှင်သန်လာနိုင်ပါသည်။ အခြားသောဝိသေသတစ်ခုမှာလည်း ရာသီဥတုဒဏ်ကို ကြံကြံခံ နိုင်ပြီး နွေ၊မိုး၊ဆောင်း ရာသီစုံ၌ပင် ၎င်းပင်ကိုယ်အရည်အသွေးဖြစ်သော အချိုဓါတ်အရသာမပျက်ဆီးနိုင်ချေ။ အစဉ်ချိုမြိန်သည့်အရသာ ကို ပေးနိုင်စွမ်းသည်သာ ဖြစ်သည်။

(၅)ငှက်ပျောသီး
ငှက်ပျောသီး၏ ဖြစ်စဉ်ကဲ့သို့  နေထိုင်အားထုတ်ရန် ရည်ရွယ်ပါသည်။ ငှက်ပျောတစ်ပင်ဖြစ်စဉ်ကို
ဆန်းစစ် ပါက ပင်စည်အား ထိုးဖေါက်၍ပင်စည်ထိပ်ဖျားမှ ငှက်ပျောဖူး ကျသည်။ ၎င်းအဖူးမှ အဖီး လိုက်ပြူထွက်သည်၊ တစ်ဖီး ခြင်းညီညာစွာ ထွက်ပေါ်ပြီး အဖီးနှင့် အသီးများသည် စည်းကမ်း ကျန
စွာဖြင့် စီတန်းကြီးရင့်လာကြသည်။ ငှက်ပျောတစ်ခိုင်လုံးအားလည်း အစွယ်တစ်ချောင်းတည်းမှ ဖျာ
ဆင်းပြီး အစွယ်အနေနှင့်လည်း ပင်စည်ကို မှီတွယ်ထားသည်။ ငှက် ပျောတစ်ပင်သည် တစ်ကြိမ်သာ သီးသည်။ ဂုဏ်သတ္တိ အားဖြင့်လည်းကောင်း၊ အရင်အထိ ခုတ်ပိုင်းဖျက်ဆီးသော်လည်း အချိန်တန်
လျှင် အပင်ငယ်များ ထိုးထွင်း ပေါ်ပေါက်လာသည်။ ဆိုလိုသည်မှာ ငှက်ပျောသီး၏ ထူးခြားသည့်
ဂုဏ် ပုဒ်ကဲ့သို့  စုစည်းညီညာပြီး သစ္စာခိုင်မြဲ သော၊ စည်းကမ်းသေသပ်သော၊ သားသမီး မြေးမြစ် များဖြစ်စေရန်ရည်ရွယ်ခြင်းဖြစ်သည်။

(၆)ထမင်းဆုပ်
ထမင်းဆုပ်ကဲ့သို့  ပေါင်းစည်းညီညွတ်ကြရန်ဖြစ်သည်၊ ထမင်းသည် နဂိုမှုလအတိုင်း ထားရှိခြင်းထက် ကျစ်ကျစ်လှစ်လှစ်ဆုပ်၍ တဆုပ်ခြင်းထားခြင်းက လွယ်လင့်တကူ ပျက်ဆီးခြင်း၊ ပုတ်သိုးခြင်း၊ မဖြစ် ပေါ်နိုင်ချေ။ မပုတ်မသိုး မပျက်စီးရန်အတွက် ထမင်းဆုပ်ကဲ့သို့ ကျစ်လစ်စုစည်းပါရန် ရည်ရွယ်ဖေါ်ပြခြင်းဖြစ်ပါသည်။

(၇)ကောက်ညှင်းထုပ်ဖင်ချွန်
ကောက်ညှင်းသည် အလွန်တရာမှ စေးကပ်သည့် စားဖွယ်ရာ တစ်ခုဖြစ်သည်။ ဖင်ချွန်ထုပ် စည်းထား
သဖြင့် လွန်စွာမှပင် ကျစ်လစ်စေးကပ်စုစည်းနေပြီး ပြုပြင်ထားသည်မှာလည်း သာမန်မဟုတ်ဘဲ အချွန် အထက်အဖြစ် ဖန်တီးထားသည့် ရည်ရွယ်ချက်မှာ ကောက်ညှင်းဖင်ချွန်ကဲ့သို့  ကျစ်လစ် စုစည်း ၍ ထက်မြက်ထူးချွန်သူများ ဖြစ်ရှိအောင် ကျင့်ကြံအားထုတ်ရန်ကို ဆိုလိုပါသည်။

(၈)နတ်ပန်းညို(ဖ၀့်ဝီ)
နတ်ပန်းညိုပန်းအမျိုးအနွယ်သည် အခြားအခြားသော ပန်းမျိုးနွယ်ကဲ့သို့  မဟုတ်ချေ။ ပန်း၏သဘာဝ
အရ ပန်းများသည် ရေလောင်းပေးနိုင်ပါက အပင်ရှင်သန်ဖူးပွင့်သော်လည်း အချိန်အခါတန်ပါက အပွင့်ကြွေနွမ်း ခြောက်ရ သည်သာ ဖြစ်သည်။ နတ်ပန်းညိုမှာမှု အမြစ်တွယ်ရာတွင် အပင်ပေါက်၍
ရုံဖွဲ့ မျိုးဆက်ပျံ့ ပွားနိုင်ပြီး အတောသတ်မှု မရှိချေ။

ရေလောင်းပေးနိုင်သရွေ့  နွေ၊ မိုး၊ ဆောင်း ရာသီးပြည့် ရှင်သန်ကြီးထွားမှုရှိသည်။ အထူးသဖြင့် နတ်ပန်းညိုပန်း(ဖ၀့်ဝီ๏)ကဲ့သို့ပင် ကရင်လူမျိုးများသည် မိမိရောက်ရှိသည့် နေရာဒေသတွင် အတည် တကျ နေထိုင်စားသောက်ကြရင်း မိမိအမျိုးသားယဉ် ကျေးမှုများနှင့် ရိုးရာဓလေ့များကို မြှင့်တင် ထိန်း သိမ်းပေးနိုင်ပြီး မျိုးဆက်သစ်များအား မွေးထုတ် ပေးနိုင်ရန်အတွက်ရည်ရွယ်ခြင်းဖြစ်ပါသည်။

(၉)ရေ
ရေကြည်အေးကဲ့သို့  သားသမီးမြေးမြစ်များ အေးမြကြည်လင်ပါစေဟူသော ယုံကြည်ချက်ဖြစ်သည်။
ရေ၏ စွမ်းပကားသည် ကြီးမားလှပြီး သက်ရှိ သတ္တ၀ါအပေါင်းမှ မှီခိုအားထားနေရ သည့်အရာဖြစ် သည်။ ဟောင်း နွမ်းညစ်ပေနေသည့်စိတ်ဓါတ်များကို ရေကြည်အေးနှင့် ဆေးကြောသန့် စင်ပြီး ဆက်လက်၍ ရေကြည်အား သောက်သုံး ခြင်းဖြင့် ကုန်ခန်းနေသည့် အားအင်များ ပြန်လည် ပြည့်ဝစေခြင်းဖြစ်သည်။

လက်ချည်ရာတွင် ဆန်ကောတစ်ခုခုပေါ်တွင် ယောက်မ၊ ထမင်းခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်ဖင်ချွန် ခုနှစ်ထုပ်၊ ငှက်ပျောသီးမည့်ခုနှစ်လုံး၊ ကြံခုနှစ်စိပ်၊ နတ်ပန်းညို(ဖ၀့်ဝီ) ခုနှစ်ခက်နှင့် ရေကြည်အေး တစ်ခွက်ကို ချထားလေသည်။ ထိုအရာဝတ္ထုပစ္စည်းများပေါ်တွင် အရှည်တစ်တောင်ကျော်ခန့် ချည်ဖြူ များကိုဖြတ်ပြီး ဖြန့်စီထားလေသည်။

လက်ချည်ခံမည့်လူသည် လက်နှစ်ဖက်လက်ဝါးကို ဖြန့်ပြီးဆန့်ထားရသည်။ လက်ဝါးပေါ်တွင် ထမင်း တစ်ဆုပ်၊ ကောက်ညှင်းတစ်ထုပ်၊ ငှက်ပျောသီးတစ်လုံး၊ ကြံတစ်စိပ်နှင့် နတ်ပန်းညိုသုံးခက်ကို ကိုင်ထား ရသည်။

လက်ချည်ပေးကြမည့် ပုဂ္ဂိုလ်များသည် လက်ချည်ခံသူ၏လက်ကို ညင်သာစွာကိုင်ယူပြီး ချည်ဖြူတစ်ပင်
ကို အလယ်တည့်တည့်တွင် ရေအနည်းငယ်ဆွတ်လိုက်သည်။ ထို့နောက်တွင် မကောင်းသောအရာများ ကျသွားစေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် သုံးခါသပ်ချပေးလိုက်သည်။ ထိုသို့ ပြုပြီးနောက်တွင် ချည်ဖြူဖြင့်လက်ကိုဦးစွာ ညာလက်တွင်ရစ်ပတ်ပြီး အောက်ပါအတိုင်း ဆုတောင်းပေးကြသည်။


ပလူး- "လိပ်ပြာကလေး ပြန်ခဲ့ ပြန်ခဲ့။ မိဘ ညီအစ်ကို မောင်နှမများနှင့် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ရန်
ပြန်ခဲ့။ မနေအပ်သောအရပ်၊ မသွားမလာသင့်သောအရပ်။ သုသာန်တစပြင်နှင့် မကောင်းဆိုးဝါးတို့ ကျက်စားရာနေရာများမှရှောင်ထွက်၍။ မကောင်းသောမိစ္ဆာ၊ မိန်းမပျက်၊ မိန်းမယုတ်တို့၏ ဖျားယောင်း
သော စကားကို မယုံကြည်ပါနှင့်။ မိဘနှစ်ပါး၊ အဘိုးအဘွားတို့ကို အလုပ်အကျွေးပြုရန် အဘိုး၏ ဖား
စည်ကို တီး၊ အဘွား၏ပလိုင်းကိုလွယ်ရန် ပြန်ခဲ့။ အိမ်ကြီးပေါ်မှာ စံစားနေခြင်းဖြင့် ကျောက်သား
အလား မာကျောခြင်း၊ မြှားကဲ့သို့လျှင်မြန်ခြင်း၊ ကျောက်သားကိုချေ သံကိုခွေနိုင်သည့် ခွန်အားတို့ဖြင့် ကျန်းမာစေပြီး၊။ သားသမီးတကျိတ်၊ မြေးတစ်ရာနှင့် မိဘဆွေမျိုးဘက်မှ ညီအစ်ကိုသားချင်းများ တစုတဝေးနေထိုင်၍ ပြန်ခဲ့ပါ။ ပလူး ပြန်လာ ပြန်လာ ပြန်ခဲ့ပါ" ဟူ၍ဆုတောင်းကြသည်။

လက်ချည်ဆုတောင်းခြင်းကို ပြုပြီးသည်နှင့် ချည်ဖြူကိုသပ်ချည်လိုက်ပြီး အစနှစ်ဖက်ကို ဆွဲဖြတ် ယူလိုက်သည်။ ထိုချည်ဖြူစများနှင့်အတူ ထမင်း၊ ကောက်ညှင်းတို့ကို အနည်းငယ်ဖဲ့ယူပြီး ပန်းတစ်
ခက်နှင့် လက်ချည်ခံသူ၏ ငယ်ထိပ်တွင်တင်ပေးလိုက်သည်။ ပြီးနောက်တွင် "ဤချည်ဖြူကဲ့သို့ ဆံပင်များဖြူဘိအလား အသက်ရှည်စေသား" ဟူ၍ နောက်ဆုံး ဆုတောင်းပေးလေသည်။

(ဆုတောင်းပေးရာတွင် တတ်မြောက်သူတို့က တတ်မြောက်သည့် အလျောက် ဆိုကြသည်။
အချို့ကလည်း လိုရင်းကိုသာ တိုတိုတုတ်တုတ်နှင့် ဆုတောင်းပေးကြသည်)

ထိုအခါ လက်ချည်ခံရသူသည် မိမိခေါင်းပေါ်တွင် လက်ချည်သူ၏ ဆုတောင်းစကားကို ဦးထိပ်ပန် သည့်သဘောဖြင့် ထိုအတိုင်းထားလေသည်။ ယင်းနောက်တွင် လက်ဝါးနှင့်ခံယူပြီး ဆန်ကောပေါ် တွင် ပြန်ချထားလိုက်သည်။

လက်ချည်ပေးခြင်း တစ်ဦးပြီးတစ်ဦး ချည်ပေးပြီးနောက်တွင် လက်ချည်ပွဲအတွက် စီမံပြုလုပ်ထား
သော လက်ချည်မင်္ဂလာ ကောက်ညှင်းထုပ်ကို တပျော်တပါး စားသောက်ပြီး ၀ါခေါင်လက်ချည်ပွဲ ပြီးမြောက်သွားလေသည်။ မျက်မှောက်ခေတ်တွင် ၀ါခေါင်လ ပြည့်နေ့ကြရောက်တိုင်း ပိုးကရင်လူ
ငယ်များ စုစည်းဦးဆောင်၍ စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာပြုပွဲကို အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့
ရှိပြီး ရိုးရာဓလေ့ကောင်းတစ်ရပ်ကို အမြတ်တနိုး ထိန်းသိမ်း ဖော်ထုတ်မြှင့်တင်လျက် ရှိနေပေသည်။

KNU Stops Tavoy Road Construction

July 19, 2011

A giant construction project managed by an Italian-Thai company has run into a number of major stumbling blocks in Karen State. Villagers say they have not been compensated for the loss of their land and the Karen National Union has stopped it building a highway to Thailand.

The Italian-Thai Development Company has begun negotiations with the Karen National Union to try to restart work on the Kanchanaburi-Tavoy Highway project after Karen soldiers stopped its construction in early July.

Work was stopped east of Tavoy, between Myitta village to Klo Hta village, by the Karen National Liberation Army.

The KNU confirmed that they had met with representatives of the Italian-Thai company on July 16 but said it is too early to disclose details of the talks.

A KNLA battalion 10-commander, who spoke to Karen News on condition of anonymity, said the construction of the highway was stopped after villagers who are adversely affected by the construction complained. The commander also said the KNLA position is to assess mega-development projects that will have impact heavily on civilian populations and the environment.

The Kachanaburi-Tavoy highway is part of the mega Tavoy (Dawei) Development Project that is estimated to be worth more than US$60 billion that was awarded by the Burmese military government to the Italian-Thai Company. The project includes a deep-sea port, a giant industrial zone, roads, railways, transmission lines and oil and gas pipelines.

The huge project has attracted both critics and supporters. Some business groups claim it could invigorate Burma’s economy and revolutionize regional trade, while international humanitarian groups say Burma’s human rights record means more forced labor, forced relocation and abuses against villagers.

The KNU, general secretary, Naw Zipporah Sein told Karen News.

“The KNU’s position on foreign development projects in Karen state is to assess the impact the development will have on civilians’ livelihood, their indigenous way of life, the environment and our security. Now there is no peace in Burma, the government refuses to hold political dialogue – it makes it difficult to carry out mega development projects.”

Naw Zipporah Sein explained that Burma’s civilian government is just a proxy for the military.

“The new Burma military government uses development as a weapon to destroy and wipe out the resistance groups and to persuade ethnic groups to forget about their struggle.”

Naw Zipporah Sein said she would not disclose the KNU’s current position on the Tavoy Development Project to the media.

The first stage of the 160-kilometer road linking the Tavoy deep-sea port to Phu Na Ron village in the Thai province of Kanchanaburi is nearly completed and the company plans to now start laying the concrete surface.

Most of the160km road passes through 21 Karen villages. A section of the road passes through eight Karen villages abandoned in 1997 after Burma Army attacked them. The villagers are now refugees in Tham Hin camp in Thailand.

Karen villagers claim the Burma government has sold their lands to companies with links to senior military officers.

The Italian-Thai Company has admitted to Thai media that the local people will be moved to make way for the project.

On June 8, the president of the Italian-Thai Development Company, Premchai Kanasuta, told reporters in Bangkok that, “There is a population of only a little more than 10,000 people that have to be relocated.”

An officer of the Italian-Thai Development Company based in Tavoy informed Karen News that the first batch of villages that will be relocated to make way for the construction are Nga Pi Teh, The Byay Mu Du, Htait Gyi, Le Shawn, Pra Det and Nyaw Bin Hseit will affect more than 2,000 households.

A Na Bu Le villager told Karen News that the company had already collected data of the villagers and households that will be evicted so compensation could be paid. Villagers say they have not received any compensation, but have been told they will be relocated.

In April around 50 people from 13 villages in the Ka Moe Thway area met with Italian-Thai Company representatives and demanded compensation. The company agreed to pay, but villagers say there has not been any action taken.

The Tavoy, Italian-Thai Company officer who asked for his name to be withheld told Karen News that the people will have to move to a designated location and each household could get up to a 60×80 square feet block of land for housing.