Saturday, June 19, 2010

လူ့အခွင့်အရေးချိုးဖေါက်မှုသတင်းနှင့်တိုက်ပွဲသတင်း

18 Jun 2010 06:37 AM PDT
တပ်မဟာ(၂) တောင်ငူခရိုင်။

ထန်းတပင်မြို့နယ်၊ ပြင်စလို ရှိ နအဖတပ် စကခ(၇) သည်၂၉.၅.၂၀၁၀နေ့တွင် ပြင်စလိုရွာအား အရှည်၁၂ပေရှိ ဝါးအချောင်း၁၀၀ကို အတင်းအဓမ္မခုတ်ပြီးပို့ဆောင်ခိုင်း၊ ဒါ့အပြင် ထိုရွာမှ ရွာသား များကိုသူတို့၏စခန်းသို့ညတိုင်း တညလျှင်၂ဦးစီလာရောက်အိပ်ခိုင်း။ မအားမလပ်သဖြင့်လာ ရောက်မအိပ်နိုင်သော ရွာသား များဖြစ်တဲ့ စောကလဲ ကို၆ချက် စောမော်လယ်ထူးကို၎ချက် ရိုက် နှက်ရာ ၂ဦးစလုံးခေါင်းကွဲခဲ့။

တပ်မဟာ(၃) ညောင်လေးပင်ခရိုင်။
၂၉.၅.၂၀၁၀နေ့တွင်နအဖတပ်ခမရ(၃၅၀)၏အရပ်သားများကိုပစ်ခတ်မှုကြောင့် အရပ်သား၁ဦး ခြေထောက်ကျိုး။

တပ်မဟာ(၅) ဖာပွန်ခရိုင်။
၂၉.၅.၂၀၁၀နေ့တွင် ပလီလေခိုမှာDKBA၏မိုင်းကို မယ်မှဲအုပ်စုခလယ်ဆီရွာသား စောဖားခွယ်၏ ကျွဲတကောင်တက်နင်းမိ။ ၃၁.၅.၂၀၁၀နေ့တွင်လည်း စောဖားခွယ်၏ကျွဲ နောက်၁ကောင် DKBA ၏မိုင်းကိုလယ်ခေါ်ထိမှာ ထပ်တက်နင်းမိ။ ခမရ(၄၃၄)ဗိုလ်စောထီးသည် မယ်ကလောအုပ်စုမှရွာ သားများကိုဝါးအချောင်း၁၀၀နှင့် ထီးဘယ်ခါထာရွာသားများကို ဝါး၁၀၀ချောင်း အတင်းအကြပ် ခုတ်ခိုင်းပြီး ဝေဖို့ရွာသို့ပို့ဆောင်ခိုင်း။

တပ်မဟာ(၇) ဖားအံ့ခရိုင်။
ထီးပယ်အရပ်မှာ အခြေချတဲ့ DKBA999 မှမောင်လာဝါးသည် ၃၁.၅.၂၀၁၀နေ့ နံနက်၇နာရီအချိန် လောက်တွင် တော်ပလေးဒဲရွာသို့၈၁မမ လက်နက်ကြီး ၄ချက်ပစ်ခဲ့၊ ထို့အပြင်၁၁း၂၀နာရီအချိန် တွင် ၈၁မမ လက်နက်ကြီး၂ချက် လာချုဘောလူသို့ထပ်ပစ်ခဲ့သေးသည်။ ဒါတင်မကသေးပါ DKBA999 မှမောင်လာဝါးသည် ကလော်လူရွာမှ အိမ်၅လုံး သေလာဘောလူရွာမှအိမ်၎လုံး၊ ကျူခီး ရွာမှအိမ်၎လုံးတို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။

တပ်မဟာ(၁) သထုံခရိုင်။
၃.၆.၂၀၁၀နေ့တွင်အမှတ်(၄)စစ်ဆင်ရေးကွပ်ကဲမှူးအောင်ကျော်ငြိမ်းသည်ဝါပါရွာတွင်စစ်စခန်း ဆောက်ဖို့အတွက်သစ်၊ဝါး၊အင်ဖက်များကိုတောင်းယူပြီး တန်ဘိုးကျသလောက်ပေးမည်ဟုပြော၊ ပနွယ်ကလားရွာအား လုံးပတ်၃ထွာ အရှည်၁၀တောင်ရှိ သစ်လုံး၅၀၊ လုံးပတ်၃ထွာ အရှည်၈ တောင်ရှိ ဝါးရိုင်း၁၀၀ချောင်းတို့ကိုမှာယူခဲ့ပြီး ၁၀.၆.၂၀၁၀နေ့တွင်ခမရ(၄)စခန်းသို့အရောက်ပို့ ခိုင်း။
၈.၆.၂၀၁၀နေ့တွင် DKBA ၉၉၉တပ်ရင်း၂ တပ်ခွဲ၂မှ မိုးကြိုး (ခ)အတရိ၂၆နှစ်သည်မိခင်KNU ထံသို့ပြန်လည်ခိုလှုံလာပြီးAR၁လက်၊ ကျည်ကပ်၂ကပ်၊ ကျည်ဆံ၂၄တောင့်ပါယူဆောင်ခဲ့၊
ထို့အပြင်မိုးကြိုးနှင့်အတူ အထမ်းသမားဘဝမှDKBAထဲသို့အတင်းအကြပ်စစ်သားအဖြစ်သွတ် သွင်းခံရတဲ့ သန်းနိုင် (၅၅နှစ်) လည်းပါခဲ့သေးသည်။
၁၄.၆.၂၀၁၀နေ့တွင်DKBAတပ်ရင်း၃၃၃မှ ဘိုသာကျော်၏ အတင်းအဓမ္မတပ်ထဲဝင်ခိုင်းပြီးစစ်သား လုပ်ခိုင်းသော ပလိုသဲရွာသား စောမီးထယ်သည် စစ်မတိုက်လိုသဖြင့် ၁၆.၆.၂၀၁၀နေ့တွင် KNU သို့ရောက်ရှိလာခဲ့သည်။

ကရင်ကိုချစ်တယ်ဆိုတာ





ကရင်ကိုချစ်တယ်ဆိုတာ
လယ်ဘာ ကယ်ခို ကရင်ဖြူ
ပိုး စကော ပရက် ပကူ
ယင်းတလဲ ဘွဲကရင်
ယင်းဘော် ကရင်နက်
အစရှိတဲ့ မျိုးနွယ်စုဝင်
အားလုံးချစ်ပါမှ
ကရင်ကိုချစ်တယ်လို့ဆိုနိုင်မယ်

ကရင်ကိုချစ်တယ်ဆိုတာ
ခရစ်ယာန် ဗုဒ္ဒ လဲကယ်
တာါဘခုန်း မလာကူ
အစရှိတဲ့ကရင်တွေ ကိုးကွယ်တဲ့ဘာသာ
အလုံးစုံကိုချစ်ပါမှ
ကရင်ကိုချစ်တယ်လို့ဆိုနိုင်မယ်


က၇င်ကိုချစ်တယ်ဆိုတာ
မျိုးနွယ်စုလေးတစုနဲ့
ဘာသာခြားလေးတစ်ခုကို
မင်းချစ်ယုံနဲ့
ကရင်ကိုချစ်တယ်လို့မဆိုနိုင်
မင်းကိုအစွန်းရောက်ကရင်လို့ခေါ်မယ်...။

အမုန်း ပင်လယ်ပျော်


ချစ်သောသံလွင် ဘလော့မှ ကူးယူသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ဘာကြောင့်လိုအပ်သလဲ(အပိုင်းနှစ်)

အနှစ်သာရရှိတဲ့ အခန်းဆက် ဆောင်းပါးကောင်းတစ်ပုဒ်ပါ။
မဟာဗမာဝါဒ မဟာဗမာဝါဒီ ဆိုတဲ့ စကားလုံးအသုံးအနှူန်းတွေကို သုံးတိုင်း စီဘောမှာ ပွစိပွစိ ၀င်ရောက်ရေးသားသွားတဲ့ ညီကို ဗမာအမျိုးသားများအတွက် ဒီဆောင်းပါးလေးကို ဖတ်စေချင်ပါတယ်။

ရွှေဟင်္သာ

၂။ ။သီးခြားစီရပ်တည်နေထိုင်နိုင်တဲ့အခြေအနေ

လူမျိုးစုကြီး(၈)မျိုးထဲမှာ ဗမာကလွဲရင် ကျန်တဲ့လူမျိုးတွေဟာ နိုင်ငံတော်ရဲ့နယ်စပ်မျဉ်းတစ်လျှောက်မှာ သူ့နေရာနဲ့သူ စီတန်းပြီးရှိနေကြတယ်။ သူတို့မှာသီးခြားဘာသာစကား၊ စာပေ၊ယဉ်ကျေးမှုတွေရှိနေကြတယ်။
လက်ရှိမိမိတို့ရဲ့ အခြေပြုတဲ့ဒေသတွေမှာ နှစ်ပေါင်းရာထောင်ချီပြီး အခြေချနေထိုင်လာခဲ့ကြတယ်။ ၄င်းတို့မှာ လူဦးရေအရလည်း တော်တော်များများနဲ့ စုစုစည်းစည်းရှိနေကြတယ်။ ဒေသတွင်းစီးပွားရေးအခြေခံနဲ့ ရပ်တည်နိုင် တဲ့အနေအထားရှိတယ်။ မိမိတို့အမျိုးသားကံကြမ္မာကိုဖန်တီးခွင့်ရဖို့ ပြင်းထန်တဲ့ဆန္ဒနဲ့ နှစ်ပေါင်းများစွာ ရုန်းကန် လှုပ်ရှားခဲ့ကြတယ်။ ဒါတွေဟာ အမျိုးသားအလိုက်သီးခြားရပ်တည်နေထိုင်နိုင်တဲ့ အခြေခံလက္ခဏာတွေဖြစ်တယ်။ ဒီလောက်ထင်ထင်ရှားရှားခိုင်ခိုင်မာမာရှိနေတာကို မျက်ကွယ်ပြုပြီး နည်းပေါင်းစုံနဲ့ဖိနှိပ်ကာ ဗမာဖြစ်သွားအောင် ဝါးမျိုဖျောက်ဖျက်တာကို လူမျိုးစုများလက်သင့်ခံကြမှာဟုတ်ဘူး။

၃။ ။တန်းတူညီမျှရေးမှစုစည်းညီညွတ်မှုရှိစေရန်

လူသားတွေဟာသဘာဝအရ စုစည်းညီညွတ်မှုကိုလိုလားကြတယ်။ စုစည်းညီညွတ်မှလည်း အင်အားရှိ မယ်။ အင်အားရှိမှလည်း သဘာဝအန္တရယ် ပြင်ပကရန်ပြုလာတဲ့အန္တရာယ်ကို ကာကွယ်ခုခံနိုင်မှာဖြစ်တယ်။ စုစည်း ညီညွတ်မှုရှိမှလည်း အေးချမ်းပြီးတိုးတက်တဲ့ဘဝကိုရရှိနိုင်မှာဖြစ်တယ်။ ဒါကြောင့် စုစည်းညီညွတ်မှုကို လူတိုင်း လိုလားတာဖြစ်တယ်။ ဒီစုစည်းညီညွတ်မှုကိုတည်ဆောက်နိုင်ဖို့အတွက် အခြေခံလိုအပ်ချက်ကတော့ တန်းတူညီ မျှမှုရှိရေးဖြစ်တယ်။ မရှိအတူ၊ရှိအတူ အေးအတူပူအမျှ အခွင့်အရေးနဲ့ အခွင့်အာဏာတွေညီမျှဖို့လိုတယ်။ လူတစ်ဦးချင်းအရရော လူတစ်စုချင်း၊ လူတစ်မျိုးချင်း၊ တစ်ဘာသာချင်းကအစ အခွင့်အရေးညီမျှဖို့လိုတယ်။ သမိုင်း မှာ လူမျိုး၊ ကိုကွယ်ရာဘာသာ၊ အသားရောင်ဇာတ်နိမ့်၊ ဇာတ်မြင့်အပေါ် အခြေခံပြီး အခွင့်အရေးနဲ့ အခွင့်အာဏာတွေ ခွဲခြားခဲ့ခြင်းရှိလို့ စစ်ပွဲတွေ၊ လူသတ်ပွဲတွေဖြစ်ခဲ့ကြတာများပြီး။ ဒါတွေကိုသင်ခန်းစာယူပြီး ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဖြစ်အောင် တည်ဆောက်နေတဲ့ကာလမှာ မိမိလူမျိုးအတွက် အခွင့်အရေးအာဏာပိုယူ ထားတာဟာ မှားယွင်းတဲ့သဘောထား မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်။ မိမိပုဂ္ဂိုလ်အကျိုး၊ အုပ်စုအကျိုး၊လူမျိုးအကျိုး၊ ဘာသာအကျိုးကိုသာ ဦးစားပေးတတ်တဲ့လူတွေဟာ လူအများကို စုစည်းလို့မရနိုင်ပါ။

၁၉၄၇ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးစုအချို့ကို အခွင့်အရေးဘာမျှမပေး၊ လူမျိုးစု အချို့ကို ပြည်နယ်တွေပေးထားပေမယ့် ဗမာတွေလွှမ်းမိုးတဲ့ပြည်မအောက်မှာထားရှိခဲ့တာကြောင့် အာဏာနဲ့ အခွင့် အရေး တန်းတူညီမျှစေရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုကို ဖွဲ့စည်းဖို့တောင်းဆိုလှုပ်ရှားခဲ့တာဖြစ်တယ်။ ဒီလိုတောင်းဆိုတာကို ခွဲထွက်ရေးလို့တံဆိပ်ကပ်ပြီး စစ်တပ်ကအာဏာသိမ်းခဲ့တယ်။ ပြီးတော့ တစ်ပါတီ အာဏာရှင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။ စစ်တပ်ကိုပိုမိုတိုးချဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။ တိုင်းရင်းသားပြည်နယ်တွေရဲ့အခွင့်အာဏာတွေကို ထပ်မံပြီးလျှော့ချကာ ကွပ်ကဲရေး အဖွဲ့မှာ စစ်ဗိုလ်တွေကိုထည့်သွင်းချုပ်ကိုင်စေခဲ့တယ်။ ဒီလိုလုပ်တော့ ပြည်တွင်းစစ်မီးဟာချုပ်ငြိမ်းမသွားဘဲ ပိုမိုကြီး ထွားကျယ်ပြန့်လာခဲ့တယ်။ တိုင်းရင်းသားလူမျိုးစုံတို့က လက်နက်ကိုင်တော်လှန်လာကြတယ်။ အာဏာသိမ်း စစ်အစိုးရကလည်း စစ်ဆင်ရေးမှာ ပိုမိုထိရောက်အောင်မြင်စေဖို့ သူပုန်တွေကို အထောက်အကူဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့လူထုကို ဖမ်းဆီးသတ်ဖြတ်မောင်းထုတ် မုဒိမ်းကျင့်တာတွေများလာတယ်။ တစ်ဖက်မှာ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေဖို့ လူထုကိုလိုက်လံဖမ်းဆီးပြီး အထမ်းသမားအဖြစ်၊ ဗုံးရှင်းကိရိယာအဖြစ် အသုံးပြုခဲ့ကြ တယ်။

အဲဒီအချိန်ကစပြီး လူ့အခွင့်အရေးချိုးဖောက် မှုတွေဟာ နေရာဒေသအနှံ့အပြားမှာဖြစ်ပေါ်လာတော့တယ်။ ပြည်သူတွေဟာစစ်အုပ်ချုပ်ရေးရဲ့ ခါးသီးတဲ့အရသာကိုစတင်ခံစားနားလည်လာကြတယ်။ စစ်တပ်ဟာလူထုပိုင် ပစ္စည်းတွေကို ပြည်သူပိုင်လို့ကြွေးကြော်ပြီးသိမ်းယူခဲ့တယ်။ နိုင်ငံတော်ရဲ့ဘဏ္ဍာငွေတွေကိုလည်း စစ်ရေးမှာပိုပြီး သုံးစွဲလာခဲ့တယ်။ ဒီလိုနဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏတွေဟာနိမ့်ကျလာပြီး နောက်ဆုံးတော့ လူစဉ်မမီတဲ့ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဆင့်ကိုရောက်ခဲ့ရတယ်။ ဒီအကျိုးဆက်တွေကြောင့် ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ သံဃာတော်တွေမခံမရပ်နိုင်ဖြစ်ကြပြီး အုံကြွပေါက်ကွဲမှုတွေ ဖြစ်လာခဲ့ရတယ်။ အခုတော့ ဗမာအမျိုသားပြည်သူတွေ လွတ်လပ်ရေးရခဲ့တယ်ဆိုပေမယ့် လွတ်လပ်ရေးရဲ့အရသာကိုမခံစားကြရဘူး။ တိုင်းရင်း သားလူမျိုးစုတွေလိုပဲ ကျေးကျွန်တွေဖြစ်နေရပြီး။ တကယ်တော့ ဗမာလူထုတွေရဲ့နစ်နာဆုံးရှုံးမှုတွေဟာ စစ်ဖြစ်နေ တဲ့နယ်စပ်နဲ့ တောနယ်ဒေသက တိုင်းရင်းသားပြည်သူတွေရဲ့ဘဝထက် အများကြီးသာပါသေးတယ်။ တိုင်းရင်းသား ဒေသကပြည်သူတွေဟာ သူများနိုင်ငံကိုမှီခိုနေရတဲ့ စစ်ပြေးဒုက္ခသည်ဘဝ၊ တောတောင်တွေကြားမှာ ပြေးလွှား ပုန်းအောင်းနေရတဲ့ (IDP) ဒုက္ခသည်ဘဝကို သိန်းပေါင်းများစွာ ရောက်ရှိနေကြရတယ်။

ဒီလိုဘဝဆိုးတွေက အမြန်လွှတ်မြောက်ပြီး အေးအေးချမ်းချမ်း စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ် နေထိုင်နိုင်ဖို့လိုပါလိမ့်မယ်။ ရှေ့ဆောင်သူတွေအနေနဲ့ တိုင်းရင်းသားတွေရဲ့မျိုးချစ်စိတ်ဓါတ်ကို သိသာဖို့လိုပါတယ်။
နိုင်ငံခြားကအထောက်အပံ့တွေမရပေမယ့်လည်း အနှစ်(၆ဝ)တိုင်တိုင်လက်နက်ကိုင်ပြီး တော်လှန် ရပ်တည်နေနိုင် တာဟာသက်သေပါပဲ။ ဗမာမျိုးချစ်တွေအနေနဲ့ အင်္ဂလိပ်၊ ဂျပန်တွေရဲ့ကျွန်ဘဝကိုရောက်ခဲ့ရစဉ်က ခံစားခဲ့ရ နာကျည်းခဲ့ရတာမျိုးလိုပဲ ဒီနေ့တိုင်းရင်းသားတွေဘက်ကနာကျည်းနေရပါတယ်။ အာဏာရယူသူတွေဟာ ဗမာ စကား၊ ဗမာစာပေ၊ ဗမာယဉ်ကျေးမှုတွေကိုချည်း အစွမ်းကုန်မြင့်တင်ပေးနေပြီး ကျန်တိုင်းရင်း သားတွေကိုတော့ အသိအမှတ်ပြုခြင်း၊ နေရာပေးခြင်း၊လွတ်လပ်ခွင့်ပေးခြင်းတွေမရှိခဲ့ဘူး။ ဒါတွေဟာ လူမျိုးရေးအရ ဝါးမျိုနေတာ ဖြစ်တယ်။ ပြည်တွင်းစစ်ရပ်စဲပြီး အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ချင်ရင် ဒီလုပ်ရပ်တွေကိုပြုပြင် ပေးဖို့ ဗမာတွေရဲ့တာဝန်သာဖြစ်တယ်။ ပြုပြင်ပေးနိုင်မှလွတ်လပ်ရေးရဲ့အရသာကို ဗမာလူမျိုးပြည်သူအများစုက ခံစားခွင့်ရှိနိုင်ပါလိမ့်မယ်။

ဒီနေ့ဗမာလူမျိုးပြည်သူတွေ အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရသလို တိုင်းရင်းသား လူမျိုးပေါင်းစုံတွေကလည်း အညီအမျှခံစားနေရတယ်။ ဒါတွေအပြင် တိုင်းရင်းသားတွေဟာ လူမျိုးရေးအရ ဝါးမျိုမြို အခြေပြုနယ်မြေထဲက နည်းပေါင်းစုံနဲ့မောင်းထုတ်ခံနေရမှုတွေရှိနေတယ်။ ဒီအခြေအနေဆိုးတွေကို ပြောင်းလဲ ပြုပြင်ဖို့ ဒီမိုကရေစီအခွင့်အရေးတစ်ခုတည်းနဲ့မလုံလောက်ဘူး။ တိုင်းရင်းသားတွေရဲ့လွတ်လပ်ခွင့်နဲ့ တန်းတူခွင့် တွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ဆွစ်ဇာလန်နိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေကိုလေ့လာကြည့်ပါ။ နိုင်ငံငယ်၊ လူဦးရေ နည်းနည်းလေးနဲ့ သူတို့နိုင်ငံထဲမှာစကား၊စာပေ(၄)မျိုးကို ရုံးသုံးဘာသာအဖြစ် အသိအမှတ်ပြုပြဌာန်းထားတယ်။ ဒါကြောင့်သူတို့မှာ လူမျိုးရေးအရပြသနာမရှိဘူး။ ညီညွတ်တယ်၊ အေးချမ်းတယ်၊ တိုးတက်တယ်။

ဒီနေ့ကျွန်တော်တို့နိုင်ငံမှာ ရင်ဆိုင်နေရတဲ့အခြေအနေဆိုးတွေက အမြန်လွတ်မြောက်ပြီးငြိမ်းချမ်း သာယာ တိုးတက်တဲ့ နိုင်ငံတော်သစ်ကိုတည်ဆောက်ဖို့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ ပူးတွဲ ပေါင်းစည်းကြဖို့လိုနေပါတယ်။ ဒီလိုပူးတွဲပေါင်းစည်းကြရာမှာ ခိုင်မြဲတဲ့စုစည်းညီညွတ်မှု တစ်ရပ်ဖြစ်လာ နိုင်ဖို့အတွက် တစ်ချိန်ကဗိုလ်ချုပ်အောင်ဆန်းလို ရိုးသားဖြောင့်မတ်ပြီးပွင့်လင်းတဲ့ ဒီမိုကရေစီ ခေါင်းဆောင်တွေ လိုအပ်နေပါတယ်။ တကယ်တော့ ဒီမိုကရေစီအခွင့်အရေးကို တိုင်းရင်းသားတွေဘက်က ဗမာတွေနဲ့ထပ်တူ လိုလားနေတာပါ။

ဒါပေမယ့်ဒီမိုကရေစီတစ်ခုတည်းနဲ့ပဲရပ်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ကျော ခိုင်းနေမယ်ဆိုရင် တိုင်းရင်းသားတွေအတွက် ကျွန်ဘဝမှာဆက်ပြီး နစ်မွန်းနေရမှာမို့ ဒီမိုကရေစီအင်အားစုတွေနဲ့ အပြည့်အဝလက်တွဲချင်မှာမဟုတ်ဘူး။ ဒီတော့ပူးတွဲပေါင်းစည်းရေးဟာ ခိုင်မာအားကောင်းနိုင်မှာမဟုတ်ဘူး။ ဒီလို သာဖြစ်နေရင် တိုင်းပြည်ကရင်ဆိုင်နေရတဲ့ ဆင်းရဲကြပ်တည်းမှုအနေအထားဟာ ဆက်ပြီးကြာရှည်နေပါလိမ့် မယ်။

ဒါကြောင့်ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့လိုပါတယ်။ ဒီလိုရယူနိုင်ဖို့ ဒီမိုကရေ စီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစုတို့ပူးတွဲပေါင်းစည်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး လမ်းစဉ်ကိုချမှတ်ဖို့ လိုအပ်နေပါကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ပါတယ်။

တပ်မဟာ(၆)ဒေသဘက်တွင်တိုက်ပွဲထပ်မံဖြစ်ပွါး

ကိုသိုက် ၊ ကောင်းဝါ ။ ဇွန် ၁၆၊၂၀၁၀။



တပ်မဟာ ၆ ပြောက်ကျားရဲဘော်တဦးပုံ။ ဓါတ်ပုံ-ဗိုလ်ထောင်းထော့ဆို (ရင်း-၁၆)

ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းရွာနှင့် ခုန်းခမ်းရွာအကြား ဇွန်လ(၁၄)နံက်(၉)နာရီအခိျန်တွင် မိခင် တပ်ရင်းကိုပြန်မည့် ခမရ(၂၈၄)တပ်ရင်းနှင့်တပ်မဟာ(၆)ဒေသ ကေအာန်ယူတပ်ရင်း(၁၆)တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပါသည်။ အဆိုပါခြုံခိုတိုက်ပွဲကြောင့် ခမရ(၂၈၄)ဘက်မှ (၃)ယောက်ထိ ခိုက်ဒါဏ်ရာ ရခဲ့သည်ဟု ဒေသ ခံ ရွာသားများမှပြောပါသည်။

ဇွန်လ(၁ဝ)ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့မရောက်ခင် ဇီးနှစ်ပင်ရွာနှင့် ရဲတံခွန်ရွာကြား၌ ခမရ(၄ဝ၁) တပ်ရင်းနှင့် (၄ဝ၉)တပ်ဖွဲ့ စစ်ယာဉ်တန်းများကို ကေအာန်ယူတပ်ရင်း(၁၆)မှ ခြုံခိုတိုက်ခိုက်ခဲ့သေးသည်။ ကေအာန်ယူဘက်မှထောင်ထားသော အဲဗါးမိုင်း(ခေါ်) ရှေ့ထွက်မိုင်းဒါဏ်ကြောင့် စစ်အစိုးရတပ်ဖွဲ့မှ ထိခိုက်မှု များပြားခဲ့သည်ဟုဒေသခံရွာသားတစ်ဦးက အခုလိုပြောပါသည်။


“ဗျူဟာက(၁၃)ယောက်ကျဆုံးသွားတယ်။ တော်တော်များများဒဏ်ရာရတယ်။ ကေအာန်ယူဘက် ကတော့ အဲဗါးမိုင်းဆွဲတဲ့အခါကျတော့ သူတို့မှာတော့ ထိခိုက်မှုမရှိဘူးပေါ့။ ရွာသားတွေလည်း ထိခိုက်မှု မရှိပါဘူး၊ ရွာနဲ့မနီးတဲ့နေရာဖြစ်တဲ့အတွက် ရွာသားတွေအပေါ် ရိုက်တာတို့ ဖမ်းတာတို့မရှိဘူး။”

ဇွန်လဆန်းမှစ၍ ကေအာန်ယူနှင့်စစ်အစိုးရတို့အကြား တိုက်ပွဲဖြစ်ပွါးမှု များပြားလာသည့်အပေါ် ကေအာန်ယူတပ်မဟာ(၆)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးစောထဲနေ မှ ယခုလိုပြောပါသည်။

“အခုတလော(၆)လပိုင်းအတွင်းထဲမှာတော့ တိုက်ပွဲတော့တော်တော်လေးဖြစ်လာပြီး။ ဘာဖြစ်လဲဆို တော့ နအဖကပိုပြီးလှုပ်ရှားလာတဲ့အပေါ်မှာ ကျွန်တော်တို့တပ်ကလဲ ကိုယ့်ကိုယ်ကို ပြန်လည်ပြီးတော့ ကာကွယ်တဲ့အနေနဲ့ ကိုယ်နယ်မြေကိုကိုယ်ပြန်ထိမ်းတဲ့အနေနဲ့ ဒါတိုက်ပွဲဖြစ်တာဖြစ်တယ်။ တခြားသောဒေသ မှာလဲထိုနည်းတူပေါ့။ ဥပမာ မွန်ပြည်သစ်ပါတီနယ်မြေထဲမှာရော ကချင်တို့နယ်မြေထဲမှာရော ရှမ်းနယ်မြေထဲမှာ ရော ပိုပြီးတော့ဝင်ရောက်လှုပ်ရှားမယ်ဆိုလို့ရှိရင်တော့ ဒါ တိုက်ပွဲဖြစ်မှာတော့သေချာတယ်။”

ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးသည် နှစ်ပေါင်း(၆ဝ)ကျော် စစ်အစိုးရကိုဆန့်ကျင်တိုက်ပွဲ ဝင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ယခုအချိန်အထိ အပစ်အခတ်ရပ်စဲရေးပြုလုပ်ခြင်း မရှိသေးသည့် ကရင်အမျိုးသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပါသည်။

Thursday, June 17, 2010

ကရင်အမျိုးသား အာဇာနည်နေ့ ဖိတ်ကြားလွာ (Omaha, Nebraska/ USA)

KNMD 2010 Poster
KNMD 2010 Poster

ကရင်အမျိုးသားများ၊

နအဖ တပ် ကို KNU ခြုံခိုတိုက်၊ ၁၂ ဦး ကျဆုံး ၂၂ ဦး ဒဏ်ရာရ

နအဖ တပ် ကို KNU ခြုံခိုတိုက်၊ ၁၂ ဦး ကျဆုံး ၂၂ ဦး ဒဏ်ရာရ

/ 6/12/2010 09:57:00 PM /
ဧရာဝတီ မှ...............

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်း နအဖ စစ်တပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ ဝင်များ မကြာသေးခင်က တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် နအဖ စစ်သား စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် သံဖြူရပ်မြို့ နယ်အတွင်း၌ နအဖ စစ်တပ် ယဉ်တန်းတခုကို ဇွန်လ ၁၀ ရက်နေ့ က KNU တပ်ဖွဲ့ ဝင်များက ခြုံခို တိုက်ခိုက်လိုက် သောကြောင့် နအဖ တပ်ဖွဲ့ ဝင် ၁၁ ဦးသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိကြောင်း KNU ပြောသည်။

“နအဖတပ် ခမရ ၄၀၁ နဲ့ ခမရ ၄၀၉ က စစ်ကြောင်းနှစ်ခုက ဗျူဟာမှူး အပြောင်းအရွှေ့ မှာ လမ်းလုံခြုံရေးလာယူတာကို ကျနော် တို့ဘက်က အမြင့်ကနေ လက်ပစ်ဗုံးနဲ့ ခြုံခိုတိုက်ခိုက်လိုက်တာဖြစ်တယ်၊ စစ်ကားတစီးပေါ်ကို တည့်တည့်မတ်မတ် ကျသွားလို့ စစ်သား ၁၁ ယောက်သေပြီး ၂၀ ဒဏ်ရာရသွားတယ်လို့ သတင်းရတယ်”ဟု KNU/KNLA တပ်မဟာ (၆)မှ ပြောခွင့်ရပုဂ္ဂိုလ် ဖဒိုစောထဲနေက ဧရာဝတီသို့ ပြောပြသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ်ရှိ ဂျပန်တောင် စခန်းရှေ့ သို့ ရောက်ရှိလာသော အဆိုပါ ယဉ်တန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း ၁၆ က တပ်စုမှူး ဖိုးထွန်းနှင့် တပ်သားတယောက်က လက်ပစ်ဗုံး၊ M-79 လက်နက်များဖြင့် တောင်ပေါ်မှနေ၍ ပစ်ချလိုက်သောကြောင့် ယဉ်တန်းကိုထိကာ ယဉ်ပေါ်တွင်ပါလာသော စစ်လက်နက်များ ထပ်မံပေါက်ကွဲသဖြင့် ယခုကဲ့သို့ အကျအဆုံးများသွားခြင်းဖြစ်သည်ဟု ဖဒိုစောထဲနေက ထပ်ဆင့်ပြောသည်။

ဒဏ်ရာရရှိသူများကို သံဖြူဇရပ်မြို့ နယ် ပြည်သူ့ ဆေးရုံနှင့် ခလရ (၆၂) တပ်ရင်းဆေးရုံတွင် ကုသလျက်ရှိသည်ဟု စစ်တပ် အသိုင်းဝိုင်းမှ သတင်းများအရသိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ ဆေးရုံတွင် နောက်ထပ် စစ်သားသုံးဦး ထပ်မံသေဆုံးသွားသည်ဟုလည်း ကြားသိရသည်။

နအဖက မေလ ၁၇ ရက်နေ့ တွင် KNU ကို တိုက်ခိုက်ရန်အတွက် စီစဉ်နေသောကြောင့် နအဖစစ်ကြောင်းကို ဦးကျိုးသွားစေရန် ကြိုတင် ခြုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု ဖဒိုစောထဲနေက ဆိုသည်။

အလားတူ ဇွန်လ ၁၀ ရက်နေ့ကပင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသ မြိုင်သာယာရွာအနီးတွင် ရှေ့ တန်းပြန် နအဖ စစ်တပ် ခမရ ၂၈၄ တပ်ရင်း စစ်ကြောင်းကို KNLA တပ်ရင်း ၁၆ မှ ခွဲ ၂ တပ်စုမှူး နားပိုးဦးစီးသော တပ်စုမှ ရှေ့ ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ သောကြောင့် နအဖ စစ်သား တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

ထို့ကြောင့် ဇွန်လ ၁၀ ရက်နေ့ က KNLA မှ ခြုံခိုတိုက်ခိုက်မှုကြောင့် နအဖ စစ်သား စုစုပေါင်း ၁၂ ဦး ကျဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း တပ်မဟာ(၆)မှ သတင်းပေးချက်အရ သိရှိရသည်။

ယမန်နေ့ ညဦးပိုင်းကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် တောင်ဘက် ၃ မိုင်အကွာရှိ ရွာသစ်ကုန်းရွာအနီးတွင် KNU တပ်ဖွဲ့ ဝင်များနှင့် နအဖ စစ်တပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးကြောင်း ကရင် စစ်ရေးသတင်းရပ်ကွက်များက ပြောသည်။

ထို့အတူ ဇွန်လ ၁၀ရက်နေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ကနဲလေးရွာနှင့် မော်ဖို့ ကလို့ ကျေးရွာ ကြားတွင် နအဖ စစ်တပ်က ရိက္ခာ၊ ကျည်ဆန်နှင့် လက်နက်များ သယ်ဆောင်ခိုင်းထားသော ပေါ်တာတန်းတခုကို KNU တပ်က စီးနင်းသိမ်းပိုက် နိုင်ခဲ့သည်ဟု သိရသည်။

“နအဖ တပ်တွေက စစ်ဆင်ရေးအတွက် အသုံးပြုလာတဲ့ ပေါ်တာတန်းခုကို ကျနော်တို့ ဝင်စီးလိုက်လို့ သိမ်းဆည်းရမိတာတွေ ကတော့ စကားပြောစက် ၃ ခု၊ ကျည်ဆန် ၃ သေတ္တာ၊ စစ်ယူနီဖောင်း ၃၅စုံ၊ ဆန် ၂နှစ်အိပ်နဲ့ ငါးခြောက်၂အိပ်ဖြစ်ပါတယ်”ဟု တပ်မဟာ (၆)နယ်မြေ အထူးတပ်ရင်း ၂၀၂ မှ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။

သွားရောက် သိမ်းဆည်းသူများမှာ တပ်ခွဲ (၂)မှ တပ်ခွဲမှူး ဗိုလ်ခူဝါး၏ တပ်ဖွဲ့ ဝင်များဖြစ်သည်ဟု ၎င်းက ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော် စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင် နေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး ယခု အချိန်အထိ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခြင်း မရှိသေးပေ။

12. Juni 2010 — Battle of KNLA & SPDC

နအဖစစ်တပ်က ဒီကေဘီအေ တပ်ဖွဲ့ဝင်များအား အပျော့ဆွဲ စည်းရုံးနေ

တစ်ခါအလိမ်ခံရတာ မပြောသာပေမဲ့ နှစ်ခါအလိမ်ခံရရင်တော့ ကိုယ်ညံ့တယ်ဆိုတာ ပိုနားလည်ရမယ်။
ဗမာတွေ ရေခပ်ရင် အနည်တောင်မထဘူးတဲ့။ ကရင်တွေ "မအ"ကြနဲ့လို့ အတန်တန်မှာလိုက်ပါရစေ။

ဇွန်လ ၁၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ဓါတ်ပုံ-ကေအိုင်စီ
နယ်ခြားစောင့်တပ် ဂယက်ကြောင့် ဒီကေဘီအေ တပ်ဖွဲ့ဝင်များအတွင်း သဘောထား
ကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သဖြင့် ယခုရက်ပိုင်းအ တွင်း နအဖ စစ်တပ်က ဒီကေဘီအေ
တပ်ဖွဲ့ကို မူလအတိုင်း ပြန်ထားမည်ဟု စည်းရုံးပြောဆိုနေကြောင်း ဒီကေဘီအေ အသိုင်း
အ၀ိုင်း က ပြောသည်။

ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတစ်ဦးက “နအဖက နယ်ခြားစောင့်တပ်ကိစ္စကို
ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့က ကေအဲန်ယူနဲ့
သေချာပေါက်ပြန်ပေါင်းမယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။ ဒါကြောင့် အခု နအဖက
ကျနော် တို့တပ်ဖွဲ့တွေကို အမျိုးမျိုး ပြန်စည်းရုံးနေတယ်။ နောက်ပြီးတော့ ဒီကေဘီအေ
တပ်ဖွဲ့တွေကို အရင်အတိုင်းပဲ ပြန်ထားမယ်လို့ ပြော တယ်။ ဒါတွေဟာ နိုင်ငံရေး လှည့်
ကွက်တခုပဲဆိုတာ ကျနော်တို့လည်း သဘောပေါက်ပါတယ်”ဟု ပြောသည်။



ဓါတ်ပုံ-ကေအိုင်စီ


စစ်အစိုးရက ဒီကေဘီအေနှင့် အခြားအပစ်ရပ် တိုင်းရင်းသားတပ်ဖွဲ့များကို ပြီးခဲ့သည့်
ဧပြီလ ၂၈ရက်နေ့က နယ်ခြားစောင့်တပ်အသွင် ကူးပြောင်းရန် နောက်ဆုံးရက်အဖြစ်
သတ်မှတ်ခဲ့အချိန်တွင် ဗိုလ်မှူးကြီးစောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့်
ဒီကေဘီအေ တပ်မဟာ(၅)က လက်မခံသည့်အပြင် ၎င်း၏ တပ်အင်အားများကို ပြန်
လည်စုစည်းခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးစောလားပွယ်ကို တွေ့ဆုံဆွေးနွေးရန် နအဖဘက်က
အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သော်လည်း မရ ခဲ့သည့်အပေါ် နအဖက ယခုလို ပြုလုပ်ရခြင်း
ဖြစ်သည်ဟု အမည်မဖော်လိုသူ ၎င်းဒီကေဘီအေတပ်မှူးက ပြောသည်။

“နအဖက အစည်းအဝေးပြုလုပ်ဖို့ ဆင့်ခေါ်တိုင်း နှုတ်ခမ်းမွှေးက မသွားဘူး။ သူ့အောက်က
လူတွေကိုပဲ လွှတ်ခဲ့တယ်။ ဒီလိုနည်းနဲ့ဆို ရေရှည်ဆက်ဆံရေးမှာ တဖြည်းဖြည်းနဲ့ အလှမ်း
ဝေးသွားနိုင်တယ်ဆိုတာကို နအဖက သိတော့ အခု ပြန်လည်စည်းရုံးတဲ့ နည်းပရိ ယာယ်
တွေ သုံးလာတာဖြစ်တယ်။ ဗိုလ်နှုတ်ခမ်းမွှေးကလည်း သူတင်းရင် ကိုယ်တင်းတယ်။ သူပျော့ရင်
ကိုယ်ပျော့တယ်ဆိုတဲ့ လူစား မျိုး ဖြစ်တယ်”ဟု သူက ထပ်လောင်းပြောဆိုသည်။


ဓါတ်ပုံ-ကေအိုင်စီ


အလားတူ ဘုရားသုံးဆူ အခြေစိုက်သည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်(ရတခ) လက်
အောက်ခံ ခလရ(၃၂) တပ်ရင်းမှူး ဒုဗိုလ်မှူး ကြီးအောင်ဝင်းလှိုင်ကလည်း ဘုရားသုံးဆူမြို့
ရှိ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို စည်းရုံးမှုများ လုပ်ဆောင်နေသည် ဟု
သိရသည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “တပ်ရင်းမှူးက ဒီမှာရှိတဲ့ ငြိမ်းအဖွဲ့ခေါင်းဆောင်တွေကို တပတ်
တခါ၊ နှစ်ပတ်တခါ ခေါ်တွေ့တယ်။ တို့တ တွေဟာ အတူတူပဲဆိုတော့ ဂေါ့ဖ်အတူသွားကစား
မယ် စသဖြင့် စည်းရုံးတာပေါ့။ နယ်ခြားစောင့်တပ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လုံးဝ မပြောတော့
ဘူး”ဟု ဆိုသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် စစ်အစိုးရ စစ်ကွပ်ကဲရေးဌာနချုပ်
(စကခ-၈)မှ ဗိုလ်မှူးချုပ်သန်းစိုးက ဒီကေဘီ အေ တပ်မဟာ(၅)တပ်မဟာမှူး ဗိုလ်မှူးကြီး
စောလားပွယ်ကို လာမည့် သြဂုတ်လ ၁၀ရက်နေ့ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်ဖွဲ့
ရန် ပြီးခဲ့သည့်အပတ် စနေနေ့က သတိပေးလိုက်သည်ဟု နယ်စပ်သတင်းရပ်ကွက်များက
ပြောသည်။

ထိုကဲ့သို့ သတင်းများထွက်ပေါ်လာသည့် တချိန်တည်းမှာပင် နအဖက ကေအဲန်ယူတပ်မဟာ
(၆)နယ်မြေအတွင်း၌ ၎င်းတို့တပ်ရင်းနှင့် ကေအဲန်ယူတို့အကြား ဆက်တိုက်ဆိုသလို တိုက်ပွဲ
များ ဖြစ်ပွားလျှက်ရှိရာ နအဖဘက်က ထိခိုက်ကျဆုံးမှု အများအပြားနှင့် ရင်ဆိုင်နေ ရသည်။

ထို့ကြောင့် စကခ(၈)မှူး ဗိုလ်မှူးချုပ်သန်းစိုးက ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအား
စစ်ဆင်ရေးဆောင်ရွက်ရာတွင် ပေါ့ဆမှုမရှိစေ ရန် လိုအပ်သည့် စစ်ကူအတွက် နောက်ထပ်
တပ်ရင်း(၂)ရင်းဖြင့် ကူညီသွားရန် ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရ သိရ
သည်။

ဒီကေဘီအေ တပ်မဟာ (၅)အသိုင်းအ၀ိုင်း၏အဆိုအရ နအဖစစ်အစိုးရက ကေအဲန်ယူ
တပ်မဟာ(၆)ကို ဦးစွာရှင်းလင်းပြီး ၎င်းတို့တပ် အင်အား လျော့နည်းလာသည့်အချိန်ကျမှ
ဒီကေဘီအေကို နယ်ခြားစောင့်ဖွဲ့ရေး တဖန်ပြန်လည် ဖိအားပေးလာနိုင်သည်ဟု သုံးသပ်
ပြောဆိုနေကြသည်။

သို့သော် ကေအဲန်ယူ တပ်မဟာ(၆)မှ အရာရှိတစ်ဦးဖြစ်သူ ဗိုလ်ကြီးစောထဲနေက “နအဖ
ထိုးစစ်ဆင်မယ့် အစီအစဉ်ကို ကျနော်တို့ သတင်းရရှိပါတယ်။ ဒီကေဘီအေ ထိန်းချုပ်ရာ
နယ်မြေအနီးအနားတ၀ိုက်မှာပဲ ရှင်းလို့ရမယ်။ တကယ့် ကေအဲန်ယူ ထိန်းချုပ်ထားတဲ့ အချက်
အချာကျတဲ့ နေရာတွေကိုတော့ လုံးဝရှင်းလို့ရမှာ မဟုတ်ဘူး”ဟု ပြောသည်။

ဒီကေဘီအေတပ်ဖွဲ့၌ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောကျော်သန်း အပါအ၀င် တပ်မဟာ(၉၉၉)မှ
ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူနှင့် အ ပေါင်းပါအချို့သာ နယ်ခြားစောင့်တပ်ကို လက်ခံကြ
ပြီး မြိုင်ကြီးငူဆရာတော် ဦးသုဇန အပါအ၀င် ဗိုလ်မှူးချုပ်စောလားပွယ်၊ ဗိုလ်မှူး ကြီးစော
မုတ်သုန်အဖွဲ့နှင့် ဒီကေဘီအေ အရာရှိအချို့က လက်မခံကြကြောင်း ၎င်းတို့နှင့် နီးစပ်သည့်
အသိုင်းအ၀ိုင်းက ဆိုသည်။

နအဖ ဗိုလ်ချုပ်ရဲမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သက်နိုင်ဝင်း၊
ဒုတိုင်းမှူး ဒုဗိုလ်မှူးကြီးဇော်မင်းတို့က ဒီကေ ဘီအေအဖွဲ့ကို ကရင်ပြည်နယ်အတွင်း နယ်
ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ၂၀၀၉ခုနှစ်ဆန်းပိုင်းမှစ၍ ကမ်းလှမ်းမှု၊ ဆွေးနွေးမှု၊
ဖိအားပေးမှုများ အလှည့်ကျ လုပ်ဆောင်လာခဲ့သည်မှာ အကြိမ် ၂၀နီးပါးရှိခဲ့ပြီဟု ဒီကေဘီ
အေ အသိုင်းအ၀ိုင်းက ပြောသည်။

ယင်းသို့ ဖိအားပေးသည့် အချိန်အတောအတွင်း အချို့ဒီကေဘီအေတပ်များသည် ၎င်းတို့နှင့်
နီးစပ်သည့် ကျေးလက်တောရွာများမှ အ ရွယ်မရောက်သေးသည့် ယောက်ျားလေးများနှင့်
အိမ်ထောင်သည်ရွာသားအချို့ကို စစ်သားအဖြစ် စုဆောင်း၍လည်းကောင်း၊ ပေါ်တာ အဖြစ်
ခေါ်ယူ၍လည်းကောင်း လုပ်ဆောင်ခဲ့သည်။

ဒီကေဘီအေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)မှ
ခွဲထွက်ကာ နအဖနှင့် အပစ်ရပ်ခဲ့သည့် အင် အားအတောင့်တင်းဆုံး ကရင်လက်နက်ကိုင်
အဖွဲ့တဖွဲ့ဖြစ်ပြီး နာယကဆရာတော် ဦးသုဇန ဦးစီး၍ လက်ရှိအချိန်တွင် ခန့်မှန်းခြေ အင်
အား ၅,၀၀၀ခန့် ရှိသည်။

KIC May 2010

KIC May 2010

„Htee Moo Brig6 Batt.201-Note to Karen around the world June 2010 «

„Htee Moo Brig6 Batt.201-Note to Karen around the world June 2010 «