Thursday, May 12, 2011
(၁၀၁) တပ်ရင်းမှူးစောဖေါဒို၏ စကား
ပြောနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။
စကောကရင်ဘာသာနဲ့ သူ့ရဲ့ ရင်တွင်းစကားတွေကို နားထောင်ကြည့်ကြရအောင်။
အငြိမ်းစားယူခဲ့သည့် DKBA တပ်ဖွဲ့ဝင်ဟောင်းများအား အသက်အန္တရာယ် ခြိမ်းခြောက်ခံရ
စောသိန်းမြင့် (ကေအိုင်စီ)
နယ်ခြားစောင့်တပ် (BGF) မဖွဲ့စည်းခင် အသက်အရွယ်ကြောင့် အငြိမ်းစားယူခဲ့သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA တပ်ဖွဲ့ဝင်ဟောင်းများသည် ယခုအချိန်တွင် အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရကြောင်း လွတ် မြောက်နယ်မြေသို့ ယနေ့ ထွက်ပြေးရောက်ရှိလာသည့် DKBA တပ်မှူးဟောင်းတစ်ဦးက ပြောသည်။
ယခင် DKBA တပ်မဟာ(၉၉၉) လက်အောက်ခံ တပ်ရင်း(၃)မှ ဗိုလ်မှူးဟောင်း စောမုဆိုး (ခေါ်) ထာကလယ်က နယ်ခြားစောင့် တပ် ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်း သတ်မှတ်ထားသည့်အရွယ်ကျော်လွန်ကာ အနားယူခဲ့သည့် တပ်မှူးတပ်သားများနှင့် ကိုယ် လက်အင်္ဂါချို့တဲ့သူများမှာ လက်ရှိ BGF တပ်မှူးအချို့၏ မယုံသင်္ကာမှုဖြင့် စောင့်ကြည့်ခံရသည့်အပြင် အသက်အန္တရာယ်ကိုပါ ခြိမ်း ခြောက်သည်အထိ ကိုယ်တိုင် ကြုံတွေ့ခဲ့ရကြောင်း ကေအိုင်စီကို ယခုလို ပြောသည်။
၎င်းက “ကျနော်တို့တွေ အသက်ပြည့်လို့ အနားယူကြပေမယ့် သူတို့တွေ မယုံကြည်ကြဘူး။ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ထဲကို သွားမ လား။ KNU နဲ့ သွားပေါင်းမလားပေါ့။ အမြဲတမ်း စောင့်ကြည့်ခံရတယ်။ ဒါတောင်မကဘူး။ လူကိုယ်တိုင်လာပြီး ခင်ဗျားတို့ ကောင်း ကောင်းနေကြနော်။ ကောင်းကောင်းမနေရင် တွေ့ပြီးသာမှတ်ဆိုပြီး လာခြိမ်းခြောက်တယ်။ အခန့်မသင့်ရင် သတ်တဲ့အထိလုပ် ကြတော့ ကျနော်လည်း ဒီဘက်ကို ထွက်ပြေးလိုက်တယ်ပေါ့။”ဟု ပြောသည်။
အဆိုပါ ဗိုလ်မှူးဟောင်း ရည်ညွှန်းသည့် တပ်မှူးများမှာ ယခင် DKBA တပ်မဟာ(၉၉၉)အောက်မှ တပ်ရင်းမှူးအချို့ဖြစ်ပြီး ၎င်းနှင့် နီးစပ်ခဲ့သည့် လက်ရှိ နယ်ခြားစောင့်(၁၀၁၆) တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးမြတ်ခိုင်မှာလည်း သူ၏တပ်ဖွဲ့ဝင်များ ကေအဲန်ယူ (သို့မ ဟုတ်) ဗိုလ်မှူးချုပ်စောလားပွယ်၏တပ်ဖွဲ့ထံသို့ သွားရောက်ပူးပေါင်းခဲ့ပါက ထိုသူများ ပိုင်ဆိုင်ရာပစ္စည်းများကို သိမ်းဆည်းသည့် အပြင် ဦးစီးကွပ်ကဲသူကိုပါ သတ်ပစ်သည်ဟု စောမုဆိုးက ပြောသည်။
“ပြီးခဲ့တဲ့လတုန်းက မြတ်ခိုင်ရဲ့အဖွဲ့ တပ်ခွဲ(၃)က လူတွေ တပ်ခွဲတစ်ခွဲလုံးနီးပါး ကော်သူးလေဆီကို လက်နက်တွေနဲ့ သွားပူးပေါင်း တယ်။ ဒါနဲ့ ကိုယ့်လူကိုယ်မထိန်းရကောင်းလားဆိုပြီး တပ်ခွဲ(၃) တပ်ခွဲမှူးသိန်းရွှေကို သတ်ပစ်လိုက်တယ်။ ထွက်ပြေးသွားတဲ့သူ တွေနဲ့ နီးစပ်တဲ့သူတွေကိုလည်း လက်နက်သိမ်းပစ်လိုက်တယ်။”ဟု ပြောသည်။
အသက် ၅၃နှစ်ရှိ စောမုဆိုး (ခေါ်) ထာကလယ်သည် ယခင်က ဒီကေဘီအေ တပ်မဟာ ၉၉၉မှ တပ်ရင်း(၃)တွင် ဒုရင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး နယ်ခြားစောင့်တပ် မပြောင်းခင်ကတည်းက တာဝန်မှ အနားယူခဲ့သည့်နောက်ပိုင်း ၎င်းကိုယ်တိုင်လည်း ဗိုလ်မှူး မြတ်ခိုင်၏ ကြံစည်သတ်ဖြတ်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။
နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှု၊ ခက်ခဲကြပ်တည်းမှုကြောင့် ထွက်ပြေးရောက်ရှိလာသည့် ဒီကေဘီအေ တပ်မှူးတပ်သားများကို အမြဲကြိုဆိုကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း(၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောဖောဒိုက ထုတ်ဖော်ပြောဆိုသည်။
DKBA တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် သြဂုတ်လအတွင်း နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းသူများ၊ အနားယူသွားခဲ့ သည့် သက်ကြီးရွယ်အိုများနှင့် ကိုယ်လက်အင်္ဂါပျက်စီးသွားသူများ၊ နိုင်ငံရေးပါတီတွင်း ပါဝင်သွားသူများအပြင် စစ်တပ်ကို ပြန် လည်တိုက်ခိုက်နေသည့် ကလို့ထူးဘော အခြေစိုက် ဒီကေဘီအေတပ်ဖွဲ့ဟူ၍ ကွဲပြားသွားခဲ့သည်။
ကော့ကရိတ်တွင် တိုက်ပွဲထပ်ဖြစ်

မနက် ၈ နာရီခွဲ လောက်မှာ ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး ကျော်သက် ဦးစီးသည့် အဖွဲ့နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆ တပ်ရင်း ၁၈ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကလို့ထူး ဦးစီးသော ပူးပေါင်းတပ်ဖွဲ့တို့က ၀င်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကရင်ပူးပေါင်းအဖွဲ့မှ တပ်မှူးတဦးက ကော့ကရိတ်မြို့ရှိ ခြေလျင်တပ်ရင်း (ခလရ ၂၃၀) တပ်ရင်း ၉၇ အပါအ၀င် မြန်မာအစိုးရ တပ်စခန်းနှင့် လုံခြုံရေးဂိတ် ၈ ခုထက် မနည်းကို ယနေ့နံနက်က ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု အတည်ပြုပြောဆိုသည်။
ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိသည်ဟု သိရသော်လည်း ကရင် ပူးပေါင်းတပ်ဖွဲ့မှ ယင်းကိစ္စကို တရားဝင်ပြောကြားခြင်းမရှိပေ။
အဆိုပါ တိုက်ပွဲကြောင့် ကော့ကရိတ်မှ မြ၀တီသို့ ထွက်ခွာမည့် မော်တော်ယာဉ်တန်းများ နာရီအတော်ကြာ ရပ်နားခဲ့ရသည်ဟု ကုန်သည်များက ပြောသည်။
“ဒီနေ့က ယာဉ်တန်း အတက်ရက်။ ကျမတို့ ကားက ကော့ကရိတ်ကနေ မနက် ၆ နာရီ ဆိုရင် မြ၀တီကို တက်လို့ရပြီ။ ဒီနေ့မနက်မှာ ကော့ကရိတ်မြို့ ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ မနက် ၉ နာရီကျော်မှ ကားထွက်ရတယ်။ ကရင်သူပုန်တွေကလည်း ခဏခဏတော့ လာတိုက်နေတာပဲ။ ဒီနေ့အထိတော့ ဘာမှ ဟုတ်တိပတိမရှိသေးဘူး။ ကြားထဲမှာ လုပ်စားကိုင်စားရတဲ့ လူတွေပဲ ဒုက္ခ ရောက်တယ်” ဟု ကုန်သည် တဦးက ပြောသည်။
Wednesday, May 11, 2011
DKBA Saw LarPwe: Why am I fighting-vdo May 10, 2011
DKBA တပ်မဟာ (၅) တပ်မှူး ဗိုလ်မှူးချုပ်စောလားပွယ်က သူဘာကြောင့် စစ်အစိုးရနဲ့သဘောတူထားတဲ့ ငြိမ်းချမ်းရေးကို ဖျက်ပြီး လက်နက်ပြန်လည် စွဲကိုင်ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
မတရားမှုတွေကို ယောကျာင်္းတွေနဲ့ရည်တူ တွန်းလှန်ကြမည့် ကရင့်အမျိုးသမီးများ
နေရာမှာ အမျိုးသမီးရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှပါတယ်။
ဒီအမျိုးသမီးတွေရဲ့ စိတ်ဓါတ်နဲ့ အမျိုးသားအပေါ်ခံယူထားအစ္ဇျတ္တတွေကို တူးဖေါ်ကြည့်ကြရအောင်။
ငြိမ်းချမ်းရေး လမ်းကြောင်းကို ခင်ဗျားလည်း တွေးဖို့ကောင်းတယ်
မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁ ခုနှစ်
(စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒဂုန်တာရာခေါ် ဆရာကြီး ဦးဌေးမြိုင်သည် ၁၉၃၆ ခုနှစ် မေ ၈ ရက် ရန်ကုန်ဂျူဗလီဟောတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂညီလာခံကြီးကို ကျိုက်လတ်မြို့ သပိတ်မှောက်
ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။
၁၉၄ဝ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဝါဒဖြန့်ချိရေးမှူး၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၄၆ ဒီဇင်ဘာ တာရာမဂ္ဂဇင်း ထုတ်ဝေသူ၊ ၁၉၅ဝ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် စာပေလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ၁၉၅၁ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ယာယီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၅၃ တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး၊ ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ သဘာပတိအဖြစ် ရွေးချယ်ခံခဲ့ရသည်။
၉၂ နှစ်ပြည့်မွေးနေ့တွင် ငြိမ်းချမ်းရေး အယူအဆ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ခေတ် လူငယ်များအပေါ် အားကိုးမှု၊ သမ္မတ ဦးသိန်းစိန်အပေါ် အမြင်၊
ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား၊ ဖက်ဒရယ်ရေးရာ အမြင်၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ၊ စာပေဖြတ်သန်းမှု၊ စာပေစိစစ်ရေးစသည်များကို သိရှိနိုင်ရန် ဆရာကြီး ဒဂုန်တာရာကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားသည်။
ကိုယ်တိုင် စာပေဖြတ်သန်းမှုနဲ့ အခုခေတ် လူငယ်တွေ ဖြတ်သန်းနေတဲ့ စာပေဖြတ်သန်းမှု ယှဉ်ပြပေးပါလား။
“စာပေဖြတ်သန်းမှုက ၁၉၄၆ မှာ ကျနော်က တာရာမဂ္ဂဇင်းကို ထုတ်တာ၊ ကျနော် အဲဒီအချိန်တုန်းက စာပေသစ်လို့ ကြွေးကြော်လိုက်တယ်၊ အဲဒီခေတ်က ကျော်သွားပြီဗျ။ စာကို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ လွတ်လပ်ရေးက မရပြန်ဘူး။ ဒီမှာ ဘာမှ ရေးခွင့် မရှိဘူးဗျာ။ အခုက မလွတ်လပ်တော့ဘူးဗျ။ ကျနော်တို့ခေတ်က အကြောင်းကို ရေးလို့မရဘူး။ ရေးရင် ဟိုဖြတ်ဒီဖြတ် ဖြတ်တော့ ပုံက ပျက်သွားပြီ။ လူငယ်တွေက လုပ်ရမှာ၊ လူငယ်တွေကလည်း မလွတ်လပ်တော့ လုပ်လို့မရဘူး။ အဲဒီတော့ နိုင်ငံခြားထွက်တာပေါ့၊ အမှန်က ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ရမှာ ။ အခု မြန်မာပြည်သားတွေ သူများတွေခိုင်းတာ လုပ်နေရပြီ၊ စိတ်မကောင်းဘူးဗျ”
အခုခေတ်လူငယ် အများအပြားက မြန်မာ့သမိုင်းရဲ့ အဖြစ်မှန်တွေကို မသိကြဘူး။ အဲဒီတော့ ဒီလူငယ်တွေကို ဘာပြောချင်လဲ ဘဘ။
“သမိုင်းကို မသိဘူးဗျ။ တကယ်မသိတော့တာ။ ဟိုတနေ့ကဗျာ အတိုက်အခံ မီဒီယာတခုက အမျိုးသမီးတယောက်ဗျ အသံလွှင့်တာ နာမည်တော့ ကျနော် မပြောချင်တော့ပါဘူး၊ ကိုအောင်ဆန်းကို ကွန်မြူနစ်ပါတီဝင် မဟုတ်ဘူးလို့ ပြောလို့ပြော။ အဲဒါ သူ စာမဖတ်လို့ပေါ့ဗျ။ ကွန်မြူနစ်ပါတီကို စထောင်တဲ့ လူတွေထဲမှာ ကိုအောင်ဆန်းပါတယ်၊ အတွင်းရေးမှူးဗျ”
မြန်မာ့နိုင်ငံရေးမှာ အရေးပါခဲ့ကြသူတွေအကြောင်း ရေးထားတဲ့ ရုပ်ပုံလွှာ အထ္တုပ္ပတ္တိတွေ ရေးဖြစ်ပုံပြောပါအုံး။
“တာရာ ထုတ်မယ်ဆိုတော့ ကျနော်က အထ္ထုပ္ပတ္တိ ရေးတာကို ကျနော်က ဝါသနာပါတယ်၊ အတ္ထုပ္ပတ္တိ ရေးခြင်းဖြင့် မိမိ ကိုယ်ကိုလည်း ဆန်းစစ်ရာရောက်တယ်။ စာပေမှာလည်း စကားလုံးအသစ်ကို ရှာရတယ်။ စကားလုံးအသစ်၊ အတွေးအခေါ်အသစ်။ အဲဒီတော့ ပိုကောင်းတယ်။ အဲဒါတွေ ရေးမယ့်လူ မရှိတော့ ကျနော်က အောင်ဆန်း ရေးလိုက်ရတာ။ နောက်တော့မှ လူတွေ ကြိုက်ကြတယ် ထင်ပါတယ်။ အောင်ဆန်းပြီးတော့ ကိုဗဟိန်း၊ ကိုဗဟိန်းပြီးတော့ ကိုဗဆွေတို့ အဲဒီလို ရေးတာ”
ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေးထားတဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းမှာ ဗိုလ်ချုပ်ကို ဘာ့ကြောင့် အရိုင်းလို့ သုံးနှုန်းခဲ့တာလဲခင်ဗျ။
“ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ။ မဂ္ဂဇင်းက ထွက်ခါနီးနေပြီဗျာ။ ရုပ်ပုံလွှာဆိုတဲ့ နာမည်က ဆရာဇော်ဂျီ ပေးတာပါ၊ ဆရာသိန်းဟန်ပေးတာပါ”
ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေး တခုလောက် ပြောပြပေးပါ။
“သူကတော့ ကျနော့်ထက် ၄ နှစ်ပဲကြီးတယ်ဗျ၊ သူက တကယ်ရိုးသားတယ်ဗျ။ အာဏာ လုံးဝမမက်ဘူး။ အဲဒါတော့ ကျနော် ပြောနိုင်တယ် ။ ဒီလက်နက် အားကိုးတဲ့ စိတ်ကတော့ သူ ခပ်ငယ်ငယ်တုန်းကတော့ ရှိပုံရတယ်”
အခုခေတ် လူငယ်တွေ ရေးကြတဲ့ ရသစာပေပေါ်မှာကော ဘယ်လိုသုံးသပ်လဲခင်ဗျ။
“လူငယ်တွေ ရေးကြတယ်။ ဒါက ရေးပါစေ၊ ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ ကျနော်တို့အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်တို့ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးဘူးဗျ။ ခေတ်အကြောင်းကို ရေးရင် ခေတ်ပေါ်စာပေလို့ ခေါ်တယ်ဗျ။ ကျနော်တို့ သဘောတူလည်း အရေးမကြီးဘူး၊ မတူတာလည်း အရေးမကြီးဘူး။ ခေတ်အလိုက် ပြောင်းသွားမှာပဲ။ ခေတ်ကို ကျနော်တို့က မလုပ်နိုင်ဘူး။ ခေတ်ကသာ ကျနော်တို့ကို လုပ်နိုင်တယ်”
အခုခေတ် စာပေအရေးအသားတွေက ဘာတွေကို အလေးပေးတယ်လို့ ထင်မိလဲခင်ဗျ။
“ခေတ်ကတော့ သရုပ်ဖော်စာပေလို့ ကျနော်က ပြောချင်တယ်။ သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်း
မြောက်တယ်လို့ မထင်ဘူး။ ကဗျာလည်း ကျနော်က ကဗျာလို့ မယူဆဘူးဗျ။ စကားပြေကိုလည်း ကဗျာလို့ ပြောချင်ပြောတာ”
စာပေစိစစ်ရေးကို ဘယ်လိုသုံးသပ်မိလဲဗျ။
“သူတို့ကို မတတ်ဘူးလို့လည်း မပြောချင်ဘူးဗျာ။ မတတ်ဘူးလို့ ပြောရမှာလည်း အားနာတယ်။ သူတို့တွေကို ကိုယ့်လူတွေလို သဘောထားတယ်။ အဲဒါကြောင့် ကျနော် ရန်သူမရှိ၊ မိတ်ဆွေရှိလို့ ပြောတာ။ ဒါပေမဲ့ သူတို့က ကျနော့်ကို ရန်သူလို သဘောထားရင်တော့ မတတ်နိုင်ဘူးဗျာ”
ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကိုကော နည်းနည်း ပြောပြပါအုံး။
“လူကြီးဖြစ်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးကို ကြိုက်လာတယ်။ အစကတည်းကလည်း ငြိမ်းချမ်းရေး လုပ်တာပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့ တွဲလုပ်တာ။ အခုကျတော့ လူကလည်း သိပ်မရှိတော့ဘူး။ လုပ်မယ်လို့ ကြံကာရှိသေးတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ရမှဖြစ်မယ်။ ငြိမ်းချမ်းရေး မရရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး”
နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဲဒါကိုကော ဘာပြောချင်လဲခင်ဗျ။
“ခဏခဏ ကြားတယ်ဗျာ၊ စိတ်မကောင်းဘူး။ လူငယ်တွေကို တိုက်တွန်းချင်တာက ငြိမ်းချမ်းရေးအဖွဲ့တွေ နယ်တိုင်းရွာတိုင်းမှာ ဖွဲ့စေချင်တယ်။ အစိုးရပဲဖြစ်ဖြစ် ဘယ်သူလုပ်လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက မကောင်းကြဘူးဗျာ၊ စာလည်း မဖတ်ဘူး။ အဆင့်အတန်းကတော့ ချက်ချင်း မြင့်လာမှာ မဟုတ်ဘူး။ အဆင့်အတန်း မြင့်လာတဲ့အချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကြိုက်တဲ့သူ၊ ဖယ်ဒရယ် အုပ်ချုပ်ရေးကို ကြိုက်တဲ့သူတွေ ပေါ်စေချင်တယ်။ အဲဒီလူတွေက ခေါင်းဆောင်သွားမှာပဲ”
၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
“သူဟာ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမားဆိုတာ ဒါမျိုးမဟုတ်ဘူး။ သူက လက်နက်ကို အာဏာရတယ် ထင်နေပုံရတယ်။ ဖက်ဒရယ်ဆိုတဲ့ဟာကိုလည်း ကောင်းကောင်း နားလည်ပုံမရဘူး။ ကိုအောင်ဆန်းကတော့ ကောင်းကောင်း နားလည်တယ်။ သူက စာဖတ်ဝါသနာပါတယ်။ ဗိုလ်နေဝင်းက ဖတ်ပုံမရဘူးဗျ။ သူက အာဏာ ရအောင်တော့ လုပ်တတ်ဟန်တူတယ်။ အဲဒီတော့ သူက အာဏာရသွားတော့ ငြိမ်းချမ်းရေး ရအောင် မလုပ်တော့ဘဲနဲ့ စစ်နည်းနဲ့ပဲ သူက လုပ်တာလေ”
ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။
“ဒီမိုကရေစီနိုင်ငံပဲ ဖြစ်မယ်။ ဖက်ဒရယ်ဆိုတာလည်း လူမျိုးတမျိုးတမျိုးမှာ သူ့မှာကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ်။ သူလုပ်ချင်တာ လုပ်ခွင့်ရှိရမယ်”
တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေပေါ်မှာကော ဘယ်လို မြင်လဲဗျ။
“အဲဒါ အလကားပဲဗျ။ သူတို့ ထိန်းချုပ်မှုအောက်ကို ရောက်အောင် လုပ်တာ။ သူတို့က လက်နက်ကို ယုံကြည်ဟန် တူပါတယ်ဗျ။ လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်”
ရွေးကောက်ပွဲကနေ တက်လာတဲ့ အခု နိုင်ငံတော်သမ္မတ အပေါ်မှာကော။
“ကိုသိန်းစိန်ကို ကျနော် မသိဘူး၊ ကျနော်တို့ထက် အများကြီး ငယ်မှာပေါ့ဗျ။ အစိုးရက ဘာအစိုးရမှန်း မသိဘူးဗျ။ စစ်သမားတွေပဲ၊ အဲဒီလိုပဲ မြင်တယ်။ ဒါပေမဲ့ သိန်းစိန်က သိပ်ဆိုးပုံ မရဘူးထင်တယ်။ ဒါကတော့ စောင့်ကြည့်ရမှာ။ ပြောတဲ့အတိုင်း လုပ်ရင်တော့ ကောင်းတယ်။ နောက်လာတဲ့ လူတွေကို ငြိမ်းချမ်းရေးနည်းနဲ့သာ တိုင်းပြည်ကို ထူထောင်မယ်ဆိုရင် အစိုးရကောင်းပေါ့။ သူ့မိန့်ခွန်းထဲမှာ ပါသလို သန့်ရှင်းတဲ့အစိုးရ ဖြစ်မယ်ပေါ့။ မဟုတ်ရင်တော့ ဖြစ်မှာမဟုတ်ဘူး၊ ကြာမယ်ပေါ့ဗျာ”
ဦးသိန်းစိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ တကယ်စိတ်ဝင်စားတယ်လို့ ထင်လားခင်ဗျ။
“တခြားစစ်သမားတွေနဲ့ စာရင်တော့ စာဖတ်တယ်လို့ ကျနော်ကြားတယ်။ ဗိုလ်သိန်းစိန်ကတော့ တခြားစစ်သမားတွေနဲ့ စာရင်တော့ ဒီမိုကရေစီဘက်ကို ယိမ်းတဲ့လူတယောက်လို့ သတ်မှတ်တဲ့အတွက် သူ့ကိုတော့ အားကိုးစိတ်ရှိတယ်။ ပြောလို့သာ ပြောရတယ်။ သူက တကယ်ငြိမ်းချမ်းရေး လုပ်မလား မလုပ်လား ကျနော်မသိဘူး။ ပြောရဲရအောင်လည်း သူက လုပ်ပြတာတွေလည်း မရှိသေးဘူး၊ အဲဒါမျိုးလုပ်ပြတယ်ဆိုရင်တော့ ကျနော် အကြီးအကျယ် ထောက်ခံရမှာပဲ”
နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ပြောနေကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။
“အကျဉ်းသားတွေရှိတယ်ဗျာ၊ အများကြီးပဲ။ မင်းကိုနိုင်တို့ဘာတို့ ကောင်လေးတွေက ဘာမှအပြစ်မရှိဘဲနဲ့ အဖမ်းခံရတယ်။ တကယ်သာ လွတ်လွတ်လပ်လပ် ဥပဒေအတိုင်း လုပ်မယ်ဆိုရင် အဖမ်းခံစရာ အကြောင်းမရှိဘူး။ သူတို့က လွတ်လပ်ရေးအတွက် ဒီမိုကရေစီအရေးအတွက် လုပ်တာပဲ။ ဘာလို့အဖမ်းခံရမလဲ အဖမ်းခံရတော့လည်း နှစ်တွေက အများကြီး။ ပြောရင်း ပြောရင်းနဲ့ စိတ်က တော်တော်မကောင်းဘူး”
ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက လွတ်လပ်ရေးရအောင် လုပ်ပေးနိုင်ခဲ့တယ်။ သူ့သမီး လက်ထက်မှာကော ဘာများ မျှော်လင့်လို့ ရနိုင်မလဲခင်ဗျ။
“မလုပ်နိုင်တာ မဟုတ်ဘူး၊ လုပ်သင့်သလောက် သူလုပ်တယ်။ လုပ်ခွင့်ရှိသလောက် သူလုပ်တယ်။ ရတော့ ရမှာပဲဗျာ။ သူကလည်း ကြီးသွားပြီလေ၊ အခု ၆ဝ ကျော်။ သူလုပ်မှာပါ၊ ဒီကောင်မလေးကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီနည်းနဲ့ ထူထောင်မယ့် တိုင်းပြည်ကို သူလိုလားတယ်၊ လူကောင်းပါ။ လွတ်လပ်ရေးက ခင်ဗျားတို့အပါအဝင် ပြည်သူလူထုက ဆုံးဖြတ်ပါ။ တကယ့်လွတ်လပ်ရေး ရမှပဲ ငြိမ်းချမ်းရေး ရမယ်”
ဘဘ လိုချင်တဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုအခြေအနေမျိုးမှာ ရနိုင်မယ်လို့ မျှော်မှန်းလဲ။
“စောင့်ကြည့်ရမှာပဲဗျာ။ စောင့်ကြည့်ရမှာပဲလို့ ပြောရတာကလဲ ခင်ဗျားတို့ အားရချင်မှ အားရမယ်၊ ယုံချင်မှလည်း ယုံမယ်။ ခင်ဗျားကတော့ ကျနော့်စာတွေ ဖတ်ဖူးပုံရတယ်။ ပြောပုံကြည့်ရတာ ခင်ဗျားတို့လို စိတ်ဓာတ်ရှိတဲ့လူတွေ များရင် ငြိမ်းချမ်းရေး ရရမယ်။ နှေးတော့ နှေးမယ်”
မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် ဘာများ ပြောချင်ပါလဲခင်ဗျ။
‘‘ညီညွတ်ကြပါ၊ ညီညွတ်ကြရင် ငြိမ်းချမ်းရေး နီးစပ်မယ်။ အဲဒါပဲပြောချင်တယ်။ အဲဒါကိုတော့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ တန်းတူအခွင့်ရေးရရင် ညီညွတ်ရေးရမယ်။ ညီညွတ်ရေးဆိုတာ လည်ပင်းဖက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့ မလိုဘူး။ သီချင်း ပြိုင်တူဆိုဖို့လည်း မဟုတ်ဘူး။ အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ်’’
မြန်မာလူငယ်တွေကိုကော ဆုံးမစကား ဘာပြောချင်လဲခင်ဗျ။
“လူငယ်တွေကိုတော့ စာဖတ်ဖို့ ပြောချင်တယ်။ ကျနော်လည်း စာဖတ်တယ်။ လူငယ်တွေ စိတ်ဓာတ်ထဲမှာ ငြိမ်းချမ်းရေးစိတ်ဓာတ် ပြင်းထန်ရင် ငြိမ်းချမ်းရေး ရရမယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကိုတော့ ခင်ဗျားလည်း တွေးဖို့ကောင်းတယ်။ တွေးပါ၊ တွေးလို့ရသမျှ ခင်ဗျားလုပ်ရင်တော့ သူရဲကောင်းလို့ ယူဆမှာပဲ။ တခြားသူတွေလုပ်ရင် တခြားသူတွေ သူရဲကောင်းပေါ့ဗျာ”
မွေးနေ့ အမှတ်တရအဖြစ် ဘာများပြောချင်ပါလဲ။
“ဟိုတုန်းကတော့ အရေးတော်ပုံအောင်ပါစေ၊ အခုတော့ ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း
တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ”
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
မေလ ၁၀ ရက် အင်္ဂါနေ့ ညနေ ၅ နာရီက ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် အဆောက်အဦးထဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးနဲ့ ရန်ကုန်တိုင်း အခြေစိုက် ပြည်တွင်းဂျာနယ် သတင်းသမားတွေ ပထမဆုံး တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ သတင်းဂျာနယ် တော်တော်များများက သတင်းထောက်တွေ တက်ခဲ့ကြသလို ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံခြားရေးရာ အပြင် သိပ္ပံနဲ့ နည်းပညာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အားကစားဌာနဆိုပြီး နေရာ ၆ ခု ကိုင်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးဉာဏ်ထွန်းဦးနဲ့ ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ ၂ ဦးက အစိုးရသစ်အဖွဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။
လက်ရှိ ရန်ကုန်တိုင်း အတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့က ဘာတွေလုပ်မယ်၊ ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာ သူတို့ ရှင်းလင်းပြခဲ့ပေမဲ့ သူတို့ ရှင်းပြခဲ့တဲ့ အခြေအနေထဲမှာ လက်ရှိ သတင်းဂျာနယ်တွေမှာ ဖော်ပြနေတဲ့ အကြောင်းအရာတွေထက် သိပ်ထူးထူးခြားခြား မပါလာဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေ မပြောခဲ့သလို အချိန်သိပ်မရတဲ့အတွက် သတင်းသမားတွေဘက်ကလည်း မေးခွန်းများများ မမေးလိုက်ရဘူးလို့ ပြောကြပါတယ်။
ဒါပေမဲ့ အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေ တွေ့ဆုံပြီး အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ် ဆိုတာကို ၀န်ကြီးက ပြောသွားတယ်လို့ ဒီသတင်းစာ ရှင်းလင်းပွဲအကြောင်း သိထားတဲ့ သတင်းအယ်ဒီတာ တဦးက ပြောပါတယ်။
“နောက်ဆိုရင် သူတို့ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ခေါ်လုပ်မယ်လို့ ပြောတယ်။ အခုလက်ရှိကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးဌာန အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကတော့ ရေစီးရေလာ ကောင်းမွန်အောင် လုပ်မယ်၊ လမ်းပိတ်ဆို့မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုတွေကို သူတို့ ပြဿနာတွေ ရှင်းမယ်၊ နောက် ဆင်းရဲသားတွေအတွက် ကျူးကျော်အိမ်တွေ ဖျက်ပြီး တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးမယ်၊ အဲဒီစီမံကိန်းတွေတော့ ရှိတယ်လို့ ပြောတယ်။
“လာဘ်ပေးလာဘ်ယူကတော့ ရှိတာတော့ ရှိနေတာပေါ့၊ ဒါပေမဲ့ သူတို့ ပျောက်ပျက်အောင် လုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုးတော့ ပြောတယ်။ ဒါပေမဲ့ ဒီဟာက ချက်ချင်းတော့ မဖြစ်နိုင်ဘူး ဆိုပြီးတော့ ပြောသံကြားတယ်။ နောက် သတင်းထောက်တွေထဲကလည်း ထမေးတာ သူတို့ အချိန်အကန့်အသတ်နဲ့ပဲ မေးခွင့်ပြုတယ် ပြောတယ်။ ဘာမှ သိပ်ပြီး ဒီနေ့က ထူးထူးခြားခြား မေးခဲ့ သိခဲ့တာ အများကြီး မရှိဘူးလို့တော့ ပြေတာပဲ။”
ဒီကနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင်းက လုပ်ငန်းတွေကို သတင်းသမားတွေ ခေါ်ယူ အသိပေးတဲ့ အဆင့်လောက်ပဲ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ နောက်တပတ်တွေအတွင်း ဆက်လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲတွေမှာ ဘယ်လောက်ထိ မေးခွင့်ရမယ်၊ ဘယ်အတိုင်းအတာထိ ပြန်ရေးခွင့်ရမယ် ဆိုတာနဲ့အတူ စာပေစိစစ်ရေးက ဘယ်လိုခွင့်ပြုမလဲ ဆိုတဲ့ အပေါ်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
ပြည်တွင်း သတင်းအယ်ဒီတာ တဦးကတော့ အစိုးရအဖွဲ့က သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိပေးတဲ့ ပုံစံသာ ဖြစ်နိုင်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ မေးခွန်းနဲ့ သတင်းတွေကိုတော့ ကန့်သတ်ထားနိုင်တယ်လို့ သုံးသပ်ပါတယ်။
“သတင်းမီဒီယာတွေကို သူတို့ဘက်ကို ဒီဟာတွေ ဒီဟာတွေကို ဒီလိုဘောင်တွေထဲက ဒီလို ရေးလို့ရတယ်၊ ဒီလို ဒီလို ရေးကြပါဆိုတဲ့ သဘောမျိုး၊ Guide Line သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာကိုတော့ သူတို့က အထူး တားမြစ်ထားဦးမှာပါပဲ။ ပြီးတော့ တချို့သတင်းတွေကိုလည်း သူတို့ ရေးစေချင်တဲ့ ပုံသဏ္ဌာန်အတိုင်းပဲ ရေးမှ ခွင့်ပြုပါလိမ့်မယ်။ အခုခေါ်တွေ့တဲ့ ကိစ္စကိုသည်ပင်လျှင် သူတို့ရေးစေချင်တဲ့ ရှုထောင့်က ရေးမှ အဆင်ပြေမှာပါ။ နို့မို့ဆို အဆင်မပြေပါဘူး။”
ပြည်တွင်း သတင်းအယ်ဒီတာတဦး သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။
အခုလို တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သတင်းသမားတွေ အပတ်စဉ် တွေ့ဆုံပြီး သတင်းတွေ မေးမြန်းခွင့်ရမယ် ဆိုတဲ့အတွက် ၀န်ကြီးဌာနတွေမှာ သတင်းသွားယူရာမှာ ကြုံနေရတဲ့ အခက်အခဲတွေ လျော့ကျသွားနိုင်မှာ ဖြစ်ပေမဲ့ သူတို့ မေးမြန်းလို့ သိထားရတဲ့ အကြောင်းအရာတွေကို စာမျက်နှာတွေက ဖော်ပြခွင့် မပေးဘူး ဆိုရင်တော့ သူတို့ရဲ့ လုပ်အားတွေ အလဟဿ ဖြစ်မှာကိုလည်း သတင်းသမားတွေက စိုးရိမ်နေကြပါတယ်။
မွန်ပြည်နယ် မိုးသက်လေပြင်းကျ၊ ပျက်စီးမှုများ ဖြစ်
ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ဘီလူးကျွန်းဟု ထင်ရှားသည့် ချောင်းဆုံမှာ ပျက်စီးမှု များခဲ့သည်။
“လေရော မိုးရော တအားပြင်းတယ်။ အလယ်တန်းကျောင်း သွပ်အမိုးတွေလည်း လွင့်သွားတယ်။ အိမ်တွေလည်း သစ်ပင်ပိလို့ ပြိုသွားတာ ရှိတယ်” ဟု ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
ပင်လယ်ကမ်းစပ် ကျေးရွာအချို့တွင် ငါးဖမ်းလှေများလည်း ပျောက်ဆုံးနေသည်ဟု ချောင်းဆုံမြို့နယ် ကော့မုပွန် ရွာသူတဦးက ပြောသည်။ သို့သော် အရေအတွက် အတိအကျ မသိပေ။
“ကျမတို့ရွာက အဖေနဲ့သား ငါးဖမ်းထွက်သွားတာ ပျောက်သွားလို့ အခုထိ ပြန်ရှာမတွေ့သေးဘူး။ တခြား တံငါရွာတွေလည်း ပျောက်နေတာပဲ” ဟု သူက ဆိုသည်။
ချောင်းဆုံမြို့နယ် ကညော်ရွာနှင့် အခြားရွာများတွင်လည်း သစ်ပင်များ ပြိုလဲခြင်း၊ နေအိမ်များ ပျက်စီးခြင်းများ ရှိကြောင်း မုဒွန်းရွာသူတဦး အဆိုအရ သိရသည်။
မော်လမြိုင်မြို့တွင် လေပြင်းကြောင့် နေအိမ်အချို့ ပျက်စီးကာ၊ ဓာတ်တိုင်များနှင့် သစ်ပင်များ ပြိုလဲခဲ့သဖြင့် တနေကုန် မီးပျက်ခဲ့သည်ဟု မြိုင်သာယာရပ်ကွက်နေ အမျိုးသမီးတဦးက ပြောသည်။
မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် သစ်ပင်များ ပြိုလဲခဲ့သော်လည်း အဆောက်အအုံများ မပျက်စီးခဲ့ပေ။
ယခုရက်ပိုင်းအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်ပြည်နယ် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်များ၌ တခါတရံ မိုးသက်မုန်တိုင်း ကျရောက်ပြီး၊ ရေပြင်မြေပြင်လေ တနာရီလျှင် ၃၅ မိုင်မှ ၄ဝ မိုင်အထိ တိုက်ခတ်ကာ လှိုင်းကြီးနိုင်ကြောင်း ယခုတပတ် တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ဘင်လာဒင် ဇနီး ၃ ဦးကို အမေရိကန်က စစ်ဆေးမေးမြန်းခွင့် ရမည်
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 10 မေ 2011
အယ်လ်ခိုင်းဒါး (Al-Qaida) ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) အသေဖမ်းမိစဉ်မှာ အတူရှိနေခဲ့တဲ့ သူ့ဇနီး ၃ ယောက်ကို အမေရိကန်က စစ်ဆေးမေးမြန်းနိုင်ဖို့ ပါကစ္စတန်က မကြာမီ တွေ့ခွင့်ပေးတော့မယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
မေလ ၂ ရက်နေ့ အိုစမာ ဘင်လာဒင် အသေဖမ်းမိတဲ့ နေ့ကတည်းက ပါကစ္စတန် လုံခြုံရေး တပ်ဖွဲ့ကနေ အဲဒီ အမျိုးသမီး ၃ ယောက်ကို ထိန်းသိမ်းခဲ့တာပါ။ သူတို့နဲ့ တွေ့ဆုံ မေးမြန်းတာတွေနဲ့ အဘော့တာဘတ် (Abbottabad) နေအိမ်ကနေ သိမ်းလာခဲ့တဲ့ အထောက်အထားတွေကနေ အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့ရဲ့ အရေးပါတဲ့ အသေးစိတ် အချက်အလက်တွေကို သိရှိနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။
အိုစမာ ဘင်လာဒင်ရဲ့ ဇနီး ၃ ယောက်နဲ့ တွေ့ခွင့်ပေးရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ အိမ်ဖြူတော်ကရော ပါကစ္စတန် တာဝန်ရှိသူတွေကပါ လူသိရှင်ကြား မှတ်ချက်ပေးတာ မရှိပါဘူး။
ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့မှာရှိတဲ့ CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အကြီးအကဲရဲ့ နာမည်ကို ပါကစ္စတန် သတင်းမီဒီယာတွေက ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ CIA အနေနဲ့ သူတို့ရဲ့ တာဝန်ခံ အရာရှိကို ရာထူးနေရာ အပြောင်းအရွှေ့ လုပ်မှာ မဟုတ်ဘူးလို့ မနေ့က ပြောလိုက်ပါတယ်။
ပါကစ္စတန် သတင်းမီဒီယာတွေက ထုတ်ဖော်လိုက်တဲ့ နာမည် မှားနေကြောင်း၊ အိုစမာ ဘင်လာဒင်တယောက် ပါကစ္စတန်နိုင်ငံမှာ နှစ်တွေနဲ့ချီ ခိုအောင်းနေတာနဲ့ ပတ်သက်ပြီး ပါကစ္စတန် စစ်တပ်နဲ့ ထောက်လှမ်းရေးအပေါ် မေးခွန်းထုတ်ခံနေရတာကြောင့် ထောက်လှမ်းရေး သဘာဝအရ လျှို့ဝှက်ထားရမယ့် CIA အရာရှိ နာမည်ကို ဖော်ထုတ်ပြီး တုံ့ပြန်လိုက်ပုံ ရတယ်လို့ အမေရိကန် အရာရှိတွေက ပြောကြပါတကျားဖြူစီးပွားရေး မလေးရှားကုန် တင်သွင်း
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် ပါတီက ပါတီစီးပွားရေးအနေဖြင့် မလေးရှားနိုင်ငံမှ မှာယူထားသည့် ကုန်ပစ္စည်းစုံ ယခုလကုန်တွင် ရောက်မည်ဟု ပါတီ ဘဏ္ဍာရေးမှူး စောသန်းမြင့်က ပြောသည်။
ပါတီပိုင် ကုမ္ပဏီအမည်ပေါက် မှတ်ပုံတင်ရန် ပြင်ဆင်နေဆဲဖြစ်သော်လည်း မလေးရှားမှ ဓာတ်မြေသြဇာမျိုးစုံ၊ ဆိုင်ကယ်ကျွတ်နှင့် တာယာ၊ လူသုံးကုန်ဆပ်ပြာမျိုးစုံတို့ကို တင်သွင်းရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်ဟု သူကပြောသည်။
“ဒီ မေလကုန်လောက်မှာ ရောက်ဖို့ရှိတယ်။ ကုမ္ပဏီကိစ္စလည်း ဒီလကုန်လောက်ဆို အားလုံးပြီး လိမ့်မယ်လို့ ထင်တယ်။ ချိန်သားကိုက်ပေါ့လေ ကြိုလုပ်ထားတဲ့ သဘော” ဟု ဘဏ္ဍာရေးမှူး စောသန်းမြင့်က မဇ္ဈိမကိုပြောသည်။
ပါတီ ဗဟိုဦးဆောင်ကော်မတီဝင်တချို့နှင့် ပါတီပြင်ပ လုပ်ငန်းရှင်များပူးပေါင်းပါဝင်သည့် ဒါရိုက်တာ အဖွဲ့ဖြင့် ဦးဆောင်သွားမည့် ကုမ္ပဏီမှတ်ပုံတင်ခွင့်ရရေး အတွက် ယခုပတ်အတွင်း နေပြည်တော် သို့ တင်ပြမည်ဟု ဆိုသည်။
“ပထမတော့ ကျားဖြူ၊ နောက် ရွှေကျားဖြူ၊ ငွေကျားဖြူပေါ့။ အဓိက ရွေးချယ်ထားတဲ့ နာမည် ၃ ခု ကထပ်နေတယ်။ ခုတခါ မထပ်ဘူးဆိုမှ ကျနော်တို့က နာမည်တွေ ပြောလို့ရမှာလေ” ဟု သူက ပြောသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၄ အရ ပါတီရန်ပုံငွေအတွက် ပါတီပိုင် စီးပွားရေး လုပ်ငန်းများ ထူထောင်ခွင့်ရှိသည်။ ကျားဖြူပါတီက ပို့ကုန်လုပ်ငန်းများကိုလည်း လုပ်ကိုင်သွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။ တင်ပို့မည့် ထွက်ကုန်အမျိုးအစားများကိုမူ ဒါရိုက်တာအဖွဲ့နှင့် ပါတီဗဟိုအဖွဲ့ကသာဆုံးဖြတ်မည်ဟုဆိုသည်။
သို့သော်လည်း စိုက်ပျိုးရေး၊ ရွှေနှင့် သတ္တုတွင်း၊ သစ်လုပ်ငန်း စသည်ဖြင့် ကွဲပြားသည့် လုပ်ငန်းများကို မြို့နယ်အလိုက် စီမံကြမည်ဟု ယခင်နှစ် ဒီဇင်ဘာညီလာခံက ကိုယ်စားလှယ်တချို့က မဇ္ဈိမ ကို ပြောခဲ့သည်။
ကုမ္ပဏီမှတ်ပုံတင်ရပြီးနောက် အစပိုင်းတွင် ဒါရိုက်တာအဖွဲ့နှင့် စီအီးစီအဖွဲ့တို့၏ မတည်ငွေဖြင့် လုပ်ငန်းစတင် လည်ပတ်မည်ဖြစ်ပြီး ပထမအဆင့်အောင်မြင်မှသာ တစုကို တသောင်းနှုန်းရှိ အစုရေ စုစုပေါင်းတသန်းအထိ ထုတ်ရောင်းမည်ဟု သိရသည်။ ရှယ်ယာရှင်တဦးအများဆုံး ပိုင်ဆိုင်ခွင့်ကိုလည်း ကျပ်သိန်းတထောင် သတ်မှတ်ထားသည်။
တနှစ်တခါ အမြတ်မှ ၇၅ ရာခိုင်နှုန်းကို အစုရှင်များအား ခွဲပေးပြီး ကျန် ၂၅ ရာခိုင်နှုန်းကိုမူ ပါတီရန်ပုံငွေအဖြစ် သုံးမည်ဟုလည်း ဆုံးဖြတ်ထားကြသည်။
ကျားဖြူပါတီအပါအဝင် ပါတီ ၁၁ ခုဖြင့် စုဖွဲ့ထားသော ဒီမိုကရေစီမိတ်ဆွေပါတီများကလည်း ဥရောပသမဂ္ဂ EU အနေဖြင့် မြန်မာနိုင်ငံအပေါ် ရုပ်သိမ်းထားသည့် GSP ခေါ် ပို့ကုန်အခွန် လျှော့ပေးခွင့်ရသည့် ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်ပေးပါရန် မေတ္တာရပ်ခံထားသည်။
ကျားဖြူပါတီ၏ စီးပွားရေးလုပ်ငန်းများကို ကနေဒါနိုင်ငံတွင် နေထိုင်သူ ဦးကျော်မြင့်နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဆိုသော သတင်းများနှင့် ပတ်သက်၍မူ စောသန်းမြင့်က “ပါတီအနေနဲ့ မဟုတ်သေးဘူးခင်ဗျ။ သူက တရုတ်ပြည်ကနေ ကျနော်တို့ မိတ်ဆွေတွေကို ဆက်သွယ်လာတဲ့အခါမှာ ပါတီအနေနဲ့မဟုတ်ပဲ ဆွေးနွေးကြည့် လိုက်တယ်။ လုပ်ငန်းတခုလုပ်ဖို့ ခိုင်လုံတဲ့ အနေအထားမျိုး မရှိသေးဘူးခင်ဗျ။ လောလောဆယ် တော့ အဲဒီကိစ္စကို ရပ်နားထားတယ်” ဟု မဇ္ဈိမကို ပြောသည်။
SNDP ပါတီသည် ရှမ်းပြည်နယ်ကို အဓိကထား ရပ်တည်ထားသော်လည်း တနိုင်ငံလုံးတွင် ပါတီဝင် စုစုပေါင်း တသိန်းကျော်သွားပြီဟု သိရသည်။
ယာဉ်တိုက်မှုကို ဘမ်းပြ၍ လူငယ်နှစ်ဦးကို ရဲက အဆမတန် ငွေညှစ်
မေလ ၁၀ရက်။ စောခါးစူးညား (ကေအိုင်စီ)
မွန်ပြည်နယ်၊ သထုံမြို့တွင်းတနေရာ၌ လူငယ်ဆိုင်ကယ်နှစ်စီး အချင်းချင်းတိုက်မိသည့် ဖြစ်ရပ်တခု မေလ ၆ရက်နေ့က ဖြစ် ပွားခဲ့ရာတွင် ရဲများက အခွင့်ကောင်းယူ၍ ၎င်းလူငယ်နှစ်ဦးထံမှ ကျပ်ငွေ ၆သိန်း တောင်းခံခဲ့သည်။
ထိုနေ့က ၎င်းလူငယ်နှစ်ဦးမှာ ဆိုင်ကယ်ကို မီးမပြဘဲ စီးလာသဖြင့် နောက်ဘက်မှ အမျိုးသမီး နှစ်ဦး စီးလာသည့်ဆိုင်ကယ်က အရှိန်ဖြင့် ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ထိခိုက်မှုအတွက် ကျေနပ်မှုများ ရရှိရန် အဆိုပါလူငယ်များက နှစ်ဖက်ညှိ နှိုင်းမှုများ ပြုလုပ်ချိန်တွင် အခင်းဖြစ်ပွားရာ နေရာအနီးရှိ အမျိုးသားတဦး၏ ဖုန်းဆက်အကြောင်းကြားမှုကြောင့် ရဲများရောက်ရှိ လာပြီး ငွေညှစ်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း အတိုက်ခံရသည့် လူငယ်တစ်ဦးက ယခုလို ပြောသည်။
၎င်းလူငယ်တစ်ဦးက “ဆိုင်ကယ်မောင်းရင် အကွေ့မှာ မီးမပြမိတဲ့အတွက် ဆိုင်ကယ်တစီးက ကျနော့်ဆိုင်ကယ်ကို ၀င်တိုက် တယ်။ ကျနော့်ဘက်က အမှားလုပ်မိသလို ဖြစ်သွားတယ်။ နောက် ကျနော်တို့ အချင်းချင်း ညှိနှိုင်းပြီး ပျက်စီးသွားတဲ့ သူရဲ့ ဆိုင်ကယ်ပြင်ခနဲ့ ဒဏ်ရာရတဲ့ သူတို့ထဲက တယောက်ကို ဆေးဝါးခပေးဖို့ပြောတာ ပြေလည်မှု ရနေပြီ။ ဒါပေမဲ့ ရဲနှစ်ယောက်၊ သုံးယောက်ရောက်လာပြီး ငွေ ၆သိန်းပေးဖို့နဲ့ မပေးရင် ထောင်ထဲထည့်ဖို့ ခြိမ်းခြောက်ပြောတော့တာပဲ။”ဟု ကေအိုင်စီကို ပြော သည်။
အဆိုပါ လူငယ်နှစ်ဦးသည် ဆိုင်ကယ်မောင်းသူမှာ ဘယ်ဖက်ခြေထောက်နှင့် မျက်နှာတွင် ဒဏ်ရာရရှိခဲ့ပြီး အနောက်မှဝင် တိုက်မိသည့် ဆိုင်ကယ်မောင်းသူ အမျိုးသမီးမှာ နဖူးအနည်းငယ် ဖူးယောင်သွားခဲ့သည်။
ဆိုင်ကယ် Taxi မောင်းသူ လူငယ်တဦးက “ဒါ လုံးဝ မတရားဘူးဗျာ။ တကယ်ဆိုရင် ယာဉ်စည်းကမ်းဖောက်ဖျက်တာတို့၊ လိုင် စင်မဲ့ ဆိုင်ကယ်စီးတာတို့ဆိုရင် အများဆုံး ၅ထောင်ပဲ ပေးရမယ်။ ဒဏ်ငွေမပေးနိုင်ဘဲ တရားရုံးကို ရဲက တင်မယ်ဆိုရင်လည်း အများဆုံးထောင်ထဲမှာ တပတ်လောက်ပဲ နေရမယ်။ အခုက ၆သိန်းဆိုတော့ တခါမှ မကြားဖူးဘူး။ ဒီငွေတန်ဖိုးနဲ့ ရှာဖို့ဆိုတာ မ လွယ်ဘူး။ ကြားမိတော့ တော်တော်ရင်နာဖို့ ကောင်းတယ်။”ဟု ပြောသည်။
ရဲများက ဆိုင်ကယ်အတိုက်ခံရသည့် လူငယ်နှစ်ဦးကို သထုံမြို့ ရဲဌာနအချုပ်ခန်းထဲတွင် ခေတ္တထိန်းသိမ်းထားခဲ့ပြီး ၎င်းတို့ တောင်းခံသည့် ငွေပမာဏကို ပေးဆောင်အပြီး ထိုနေ့ညနေတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
သထုံမြို့တွင် မော်တော်ကား၊ ဆိုင်ကယ်အချင်းချင်းဖြစ်စေ၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ် ထိခိုက်မှုဖြစ်စေ မကြာခဏ ဖြစ်ပွား လေ့ရှိရာ မြို့တွင်း၌ တာဝန်ထမ်းဆောင်သည့် ရဲအချို့၏ ငွေညှစ်တောင်းခံမှုများကို အလားတူ မကြာခဏ ကြုံတွေ့ရသည်ဟု မြို့ခံများက ပြောသည်။
ကမ္ဘာ ရွာ လုပ် ရအောင် အင်တာနက် ရယ် ဖုန်းတွေရယ် သုံးပြီးတော့လေ
ရေးပြီးသား အကြောင်းအရာ တွေ ပြန် ပေါင်းရေးတာပါ။
စမတ် ဖုန်း အိုင်ဖုန်း သုံးသူတွေ ဆိုရင် Tango ကို သွင်းထားရင် ဘယ် နိုင်ငံကို မဆို အချင်းချင်း ဖရီးခေါ်လို့ ရပါတယ်။
အိုင်ဖုန်း အချင်းချင်း ဆိုရင် Viber ကို သုံးပြီး နိုင်ငံ ကျော် ဖုန်း အချင်းချင်း ဖရီးခေါ်လို့ ရပါတယ်။
အိုင်ပက်စ် ၂ နဲ့  ဟမ်းစ်ဖုန်း ကို Tango နဲ့  အပြန်အလှန်ခေါ်လို့ ရပါတယ် ။ အိုင်ပက်စ် ၂ မှာ အီးမေးလ် အကောင့်တစ်ခု အချိန်မရွှေးဖွင့်ပြီး သုံးလို့ ရပါတယ်။
ဂျပန်မှာ ဆို အေယူ ဖြစ်ဖြစ် ဒိုကိုမို ဖြစ်ဖြစ် ဆော့ဘဏ် ဖြစ်ဖြစ် ဘယ်ဟမ်းစ်ဖုန်းမဆို အချင်းချင်း Tango ထည့်ထားပြီးခေါ်လို့ ရပါတယ်။
အင်တာနက် ဖုန်းတွေတောင် သိပ်သုံးစရာ မလိုတော့ပါဘူး။
ဂျီတော့ ကို ဖုန်းနဲ့  အချိန်မရွေးပြောချင် ရင် Fring ကို ထည့်ထားရင် စကားပြောလို့ ရပါတယ်။
ဒါပေမဲ့  Fring ကအမြဲတမ်း အွန်ထားရတော့ ဖုန်းဘက်ထရီတော့ နည်းနည်းစားပါတယ်။
Tango သုံးသူတွေ Viber သုံးသူတွေ ကတော့ အွန်ထားစရာ မလိုပါဘူး။ရိုးရိုး ဖုန်းမြည်သလိုမြည်ပြီး သုံးလို့ ရပါတယ်။
Tuesday, May 10, 2011
ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ

KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။
ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ တွင်လည်း KNLA ဘက်မှ တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး မှာ ထိုင်း - မြန်မာနယ်စပ်တွင် ဆေးဝါးကုသမှု ခံယူလျှက် ရှိသည်ဟု သိရသည်။
မေ လဆန်းပိုင်းကစ၍ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသတွင် ရက်သတ္တ ၁ ပတ်ခန့် ကြာသည်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး တချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။
၎င်း တိုက်ပွဲကြောင့် ကျိုက်ဒုံဒေသခံ ရွာသား ၁၀၀၀ ကျော် ထိုင်းဘက်ခြမ်းရှိ အုန်းဖန်မြို့နယ် အတွင်း ထွက်ပြေး ရောက်ရှိလာခဲ့ပြီး တိုက်ပွဲများအပြီးတွင် ထိုင်းအာဏာပိုင်များက နေရပ်သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။
၁ဝ ရက်အတွင်း မုန်တိုင်းဖြစ်နိုင်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဘင်္ဂလားပင်လယ်အော်တွင် ၁ဝ ရက်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်သဖြင့်
မြန်မာ့တောင်ပိုင်း ကမ်းရိုးတန်းဒေသများ၌ အန္တရာယ်ရှိနိုင်ကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ကျော်က ပြောသည်။
“၁ဝ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်း တကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်
ရောက်နိုင်တယ်။ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ မုန်တိုင်းဖြစ်တယ်။ မုန်တိုင်းငယ်အဆင့်
ရောက်တယ်ဆိုလို့ရှိရင် အန္တရာယ်ရှိတာက ဒီမုန်တိုင်း ဦးတည်သွားမယ့် ကမ်းရိုးတန်းတွေကတော့ အန္တရာယ်ရှိတာပေါ့ဗျာ” ဟု ညွှန်ချုပ် ဦးချစ်ကျော်က မဇ္ဈိမကို ပြောဆိုသည်။
လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ရာမှ ဘင်္ဂလားပင်လယ်အော်တွင် ပိုမိုအားကောင်းသည့် မုန်တိုင်းငယ်အဆင့်
ရောက်ရှိနိုင်ကြောင်း တနင်္လာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်လည်း ဖော်ပြသည်။
ယခင် မိုးဇလညွှန်ချုပ် ဒေါက်တာထွန်းလွင်၏ မြန်မာနိုင်ငံ ရာသီဥတုစောင့်ကြည့်ရေးအဖွဲ့ MCCW ဝဘ်ဆိုဒ်တွင်လည်း ဘင်္ဂလားပင်လယ်အော်တွင် မေလ ၁ဝ ရက်မှ ၁၇ ရက်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်သည်ဟု ရေးသားထားသည်။
ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းမှာ မြန်မာနိုင်ငံအတွက် အန္တရာယ်ပေးနိုင်ခြေ နည်းပါးသော်လည်း မိုးကြိုကာလ ဖြစ်သဖြင့် သတိထားကြရန် လိုအပ်သည်ဟု ဆိုသည်။
မုန်တိုင်းမှာ မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဆိုပါက ၂-၃ ရက် ကြာမြင့်ဦးမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သတင်းစာများတွင် ဖော်ပြထားသည့် မုန်တိုင်းကာလ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာရန် လိုအပ်ကြောင်း မိုးဇလ ညွှန်ချုပ် ဦးချစ်ကျော်က ပြောသည်။
“ဒီအန္တရာယ်ရှိမယ့်ဟာက မုန်တိုင်းဖြစ်တဲ့ အချိန်ကျတော့မှသာ ဒီကောင်က ဘယ်ကိုရွေ့မယ်ဆိုတာ သိတာကိုး။ ဆိုတော့ ၂ ရက်၊ ၃ ရက်လောက်တော့ အချိန်ရတယ်လေ။ အဲဒီအချိန်မှာ ကျနော်တို့က အရင်ထုတ်တဲ့ အတိုင်းပေါ့။ ဘယ်မြို့ ဘယ်မြို့ကြားကို ဦးတည်ဖြတ်သန်းမယ်လို့ အဲဒီလို ပြောတဲ့အခါကျတော့ အဲဒီဒေသက လူတွေကတော့ ရှောင်တိမ်းရတာပေါ့ဗျာ။ ဖြစ်ရင်တော့ အရင် လုပ်ရိုးလုပ်စဉ်တွေအတိုင်း ကျနော်တို့ရဲ့ သတင်းစာတွေမှာ ရေးပြထားတဲ့ ဆောင်းပါးတွေအထဲအတိုင်း Action လုပ်ရမှာပေါ့” ဟု သူက ဆိုသည်။
ယခုရက်ပိုင်းအတွင်း မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်များ၌ တခါတရံ မိုးသက်မုန်တိုင်း ကျရောက်ပြီး တနာရီလျှင် ၃၅ မိုင်မှ ၄ဝ မိုင်အထိ ရှိနိုင်ကာ လှိုင်းကြီးနိုင်ကြောင်း မြန်မာ့အလင်းတွင် ပါရှိသည်။
မိခင်ဘာသာစာပေ သင်ကြားရေးစနစ် တိုင်းရင်းသားပါတီများ ပူးပေါင်း တောင်းဆိုမည်
Monday, May 9,
လွတ်လပ်သော မွန်သတင်း အေဂျင်စီ - ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာ အစိုးရ စာသင်ကျောင်းများ၌ မိခင်ဘာသာစာပေ ပညာသင်ကြားခွင့် ရရှိရန် အစိုးရသစ်ထံ တိုင်းရင်းသားပါတီများ ပူးပေါင်း တောင်းဆိုသွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ခေါင်းဆောင်က ပြောသည်။ဗမာစကားမတတ်သူနှင့် ဗမာစကားပြောဆိုတတ်သူ ကျောင်းသားလူငယ်များ ဗမာစာ သင်ကြားနေမှု အခြေအနေများကို လေ့လာသုံးသပ် ဆွေးနွေးပြီး အစိုးရသစ်ထံ တင်ပြသွားမည်ဟု သိရသည်။
“ပြီးခဲ့တဲ့ နေပြည်တော်က လွှတ်တော်အစည်းအဝေးမှာ ဒေါက်တာဗညားအောင်မိုး တကြိမ် တင်ပြခဲ့ပြီးပါပြီ၊ ဒါပေမဲ့ ဟိုက မေးလာတဲ့ အချက်အလက်တွေကို ပြန်ပြီး မတင်ပြနိုင်ခဲ့ဘူး၊ ဒီအခါမှာတော့ အချက်အလက်တွေ သေသေချာချာ စုဆောင်းပြီးမှ တင်ပြသွားမယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်း က ပြောသည်။
ဗမာစကား မတတ်သည့် တိုင်းရင်းသား လူငယ်များအား ဗမာစာကို ဇွတ်အတင်း သင်ကြားပေးပါက အခက်အခဲများစွာ ကြုံတွေ့ကြရသည့်အတွက် ကနဦး ကျောင်းနေစအရွယ်တွင် သက်ဆိုင်ရာ မိခင်တိုင်းရင်းသားစာပေကိုသာ သင်ကြားပေးစေသင့်ကြောင်း နိုင်ငွေသိန်းက ပြောသည်။
“ဗမာစကား မတတ်တဲ့ ကလေးကို ဗမာစာ သင်ကြားပေးနေတဲ့ လုပ်ရပ်ဟာ တိုင်းရင်းသားခလေးတွေကို တမင်သက်သက် ညှင်းဆဲရာ ရောက်တယ်။ ဒါဟာ လူအခွင့်အရေး ချိုးဖေါက်မှုတရပ် ဖြစ်တယ်” ဟု သူက ပြောသည်။
“ကျနော်တို့ ဒေသဘက်မှာ နည်းနည်းခံသာ သေးတယ်၊ ပညာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်စဉ် ကျနော်ရောက်ဖူးခဲ့တဲ့ ကချင်ပြည်နယ်က အချို့ဒေသမှာဆိုရင် ဗမာစကား မဆိုနဲ့ဦး၊ ဗမာလူမျိုးကိုတောင် မမြင်ဘူးကြဘူး၊ ဒီလိုဒေသတွေမှာ ဗမာစာကို ဇွတ်အတင်း သင်ကြားပေးနေရင် အားလုံး အဟောသိကံ ဖြစ်သွားမှာပေါ့” ဟု အငြိမ်းစား အထက်မြန်မာပြည် အခြေခံပညာရေးဌာန ညွှန်ကြားရေးမှူး နိုင်ငွေသိန်းက သူ၏ အတွေ့အကြုံကို ပြန်လည်ပြောပြသည်။
သက်ဆိုင်ရာ ပြည်နယ်ဒေသအလိုက် ပညာရေး အလုပ်ရုံ ဆွေးနွေးပွဲ Workshop များ ပြုလုပ်ပြီး တိုင်းရင်းသားပါတီအားလုံး စုပေါင်းကာ ရန်ကုန်မြို့၌ Workshop တဖန် ထပ်မံပြုလုပ်ပြီးမှသာ အစိုးရသစ်ထံ တင်ပြမည်ဟု သိရသည်။
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့် ယခုမေလ ၁၄ ရက်နောက်ပိုင်း၌ ပညာရေး အလုပ်ရုံ ဆွေးနွေးပွဲများကို သက်ဆိုင်ရာ မြို့နယ်အလိုက် စည်းရုံး ပြုလုပ်သွားရန် အစီအစဉ်များ ချမှတ်ထားပြီး နောက်ဆုံးတွင် ပါတီဗဟိုရုံး၌ အပြီးသတ် ဆွေးနွေးပွဲတခု ကျင်းပသွားမည်ဟု ပါတီခေါင်းဆောင်က ဆက်ပြောသည်။
ယခုမေလကုန်ပိုင်း၌ တိုင်းရင်းသားပါတီ ၅ ဖွဲ့က ပညာရေးဆိုင်ရာများနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင် ပြန်လည်ဆွေးနွေးကြမည်ဟု သိရသည်။
အဆိုပါတိုင်းရင်းသားပါတီများတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၊ ချင်းအမျိုးသားပါတီ (CNP) ၊ ရှမ်း ကျားဖြူပါတီ ခေါ် ရှမ်းအမျိုးသား ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ဖလုံစဝေါ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ကြသည်။
ဖဆပလ အစိုးရလက်ထက်တွင် သက်ဆိုင်ရာ တိုင်းရင်းသားများအတွက် ၄င်းတို့၏ စာပေများကို အစိုးရ မူလတန်းအဆင့်၌ အပိုဘာသာရပ်အဖြစ် သင်ကြားခွင့် ရှိခဲ့ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် သင်ကြားခွင့် ပိတ်ပင်ခဲ့သည်။
ထို့အပြင် မဆလ အစိုးရလက်ထက်၌ တိုင်းရင်းသားစာပေ ကျောင်းသုံးစာအုပ်များ ပြဌာန်းရိုက်နှိပ်ခဲ့သော်လည်း သက်ဆိုင်ရာ စာသင်ကျောင်းများ၌ တိုင်းရင်းသားစာပေ သင်ကြားခွင့်ကို အကောင်အထည် မဖေါ်နိုင်ခဲ့ပေ။
မြန်မာပြည်အပေါ် လွှမ်းမိုးလာနေသော တရုတ်ပြည် - အပိုင်း (၁)
၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီး တပ်မတော်မှ ပြန်လည် အာဏာသိမ်းချိန်ကစလို့ တရုတ်အစိုးရဟာ န၀တ-နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာခဲ့ပါတယ်။

ပြည်ပ သုတေသီတွေရဲ့ အဆိုအရ မြန်မာပြည်အပေါ် ထားရှိတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၇) ချက် ထားရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ -
၁။ တရုတ်ပြည် အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။
၂။ UWSA နဲ့ တရုတ်နယ်စပ် တိုင်းရင်းသား အပစ်ရပ်များ အပါအ၀င် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။
၃။ တရုတ်ပြည်ရဲ့ လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။
၎။ တရုတ် - မြန်မာအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စီးပွားရေး လုပ်ကိုင်သည့် တရုတ်လူမျိုးများ၏ လုံခြုံရေး။
၅။ အိန္ဒိယနိုင်ငံ အနေနဲ့ အင်အားကြီးပြီး ခေါင်းထောင်ထလာမှာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရေး။
၆။ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရေး။ (ယခုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်ကို သွားရောက်မယ်လို့ သတင်းထွက်နေပါတယ်။)
၇။ တရုတ်ပြည်ရဲ့ အနောက်ဘက် တံခါးဝတွင် အမေရိကန်နိုင်ငံရဲ့ ကိုလိုနီနယ်ချဲ့ လက်သစ် အင်ပါယာ မချဲ့ထွင်လာနိုင်ရေးအတွက် ကြားခံဇုန်အဖြစ် ထားရှိရေး။
တရုတ်ပြည်ရဲ့ မဟာဗျူဟာကတော့ ကိုယ်ကျိုးစီးပွားနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံကို ဆက်ဆံနေတယ်လို့ သုံးသပ်ရပါတယ်။
တရုတ်ပြည်ဟာ စီးပွားရေး တိုးတက်ဖွံ့ဖြိုး လာတဲ့အတွက်ကြောင့် လောင်စာ စွမ်းအင်တွေပိုပြီး လိုအပ်လာပါတယ်။ လောင်စာစွမ်းအင်ဟာ ပြည်ပက တင်သွင်းနေရတဲ့အပေါ်မှာ မှီခိုနေရမှုက ၂၀၂၀ ခုနှစ်မှာ ၆၀% ရှိလာမယ်လို့ ဆိုပါတယ်။ ဒီရေနံတင်သွင်းတာရဲ့ ၈၀% ဟာ မလက္ကာရေလက်ကြားက တဆင့် ဖြတ်နေရပါတယ်။
မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီး ထုတ်ယူနိုင်တဲ့ သဘာဝဓါတ်ငွေ့ ပမာဏဟာ ၂.၅၄ ထရီလီယံကုဗမီတာရှိရာမှာ တရုတ်ပြည်မှာရှိတဲ့ သဘာဝ ဓါတ်ငွေ့ပမာဏနဲ့ ညီမျှပါတယ်။ ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိနေပါတယ်။
အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းအချက်တွေက တရုတ်ပြည်ကို ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေ လုပ်ဆောင်လာစေဖို့ တွန်းအား ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့ပြင် စီးပွားရေး တိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ ကုန်ချောတစ်ပိုင်း ထုတ်ကုန်တွေ ထောက်ပံ့တဲ့ အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ ကုန်ကြမ်း ရေသောက်မြစ် ရရာဒေသ ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့် စရိတ်စကနည်းတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေး လုပ်ငန်းတွေအတွက် မုချ အကျိုးရှိစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချ ဖြစ်သွားစေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဗန်းမော် - ရန်ကုန် ဧရာဝတီမြစ်ကြောင်းနဲ့ ရန်ုကုန် သီလဝါဆိပ်ကမ်းကို ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုဖို့ စီစဉ်လာတာဟာလည်း မြန်မာ - တရုတ် ပူးပေါင်း ဆောင်ရွက်မှုများထဲက မဟာဗျူဟာကျတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
အပိုင်း ( ၂ ) ကို နောက်တစ်ပတ် တနင်္လလာ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်...
တီဘီဝေဒနာရှင်များကြားက တီးတိုးစကားများ
Written by စန္ဒီမေ (မဇ္ဈိမ) | ||
Monday, 09 May 2011 14:19 | ||
“တီဘီဆေးကတော့ အလကားပါလို့ပြောကြတယ်။ ဒါပေမဲ့ အဲဒီအလကားကို အလကားမရဘူး” မြန်မာနိုင်ငံတွင်တီဘီရောဂါကူးစက်ပျံ့ပွားမှုနှုန်းမှာ နှစ်စဉ်မြင့်တက်လျက်ရှိကာ တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ပိုမိုလုပ်ကိုင်လာရကြောင်းပြည်တွင်းသတင်း၊ ဂျာနယ်မီဒီယာများတွင်ရေးသားဖော်ပြထားကြသည်။ အဆိုပါတီဘီရောဂါဝေဒနာရှင်များအတွက် WHO (World Health Organization) မှ DOTS အမည်ရှိ တီဘီရောဂါ တိုက်ဖျက်ဆေးများ အခမဲ့ဖြန့်ဝေပေးလျက် ရှိသည်။ ထိုဆေးများကို ပြည့်သူ့ဆေးရုံနှင့် ဒေသန္တရကျန်းမာရေးဌာနများမှလွဲပြီး ပြင်ပတွင်ထားရှိရောင်းချခြင်း မပြုရဟု သက်ဆိုင်ရာတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ ထို့ပြင် တိဘီရောဂါ တိုက်ဖျက်ရေး စီမံချက်ကာလများတွင် ရုပ်မြင်သံကြားအစီစဉ်များမှ ယခုကဲ့သို့ပြောဆိုထုတ်လွှင့်လေ့ရှိသည်။ သို့သော် ယခုလက်ရှိ တီဘီဝေဒနာရှင်များနှင့်တွေ့ဆုံပြီး မေးမြန်းကြည့်သည့်အခါ အပြောနှင့်အဟော၊ လက်တွေ့နှင့် စာတွေ့ တလွဲဖြစ်နေသည်ကို တွေ့ရှိရသည်။
ပြောဆိုလာသော တီးတိုးစကားများကို တီဘီဝေဒနာရှင်အချို့၏ အုပ်ထိန်းသူများနှင့် အခုလိုမေးမြန်းပြောဆိုဖြစ်ခဲ့သည်။ မြောက်ဒဂုံက ဒေါ်စန်းမြင့် မေး။ ။ အဒေါ့်သမီး တီဘီရောဂါဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်လိုသိတာလဲ။ ဖြေ။ ။ရောဂါဖြစ်နေတာကတော့ (၃)လလောက်ရှိပြီ။ ဒါပေမဲ့ အခုမှပဲသိတော့တာ။ ပထမတော့ ရက်ရှည်ချောင်းဆိုးနေတာကြာနေတော့ ဆေးမြီးတိုနဲ့ကုတယ်။ ဆေးခန်းလည်းတစ်ခါ နှစ်ခါပြဖြစ်ပါတယ်။ ၁၅ဝဝ-၂ဝဝဝ သာကုန်သွားတယ်၊ ဆရာဝန်ကလဲဘာမှ မပြောဘူး။ဆေးတွေဘာတွေစစ်ဖို့ကလည်း ကိုယ့်မှာက ငွေ တသောင်းခွဲ နှစ်သောင်းမပြောနဲ့၊ တထောင် နှစ်ထောင်တောင်အပိုမရှိဘူး။ ဒီရောဂါဖြစ်နေတဲ့ သမီးတယောက်လုပ်စာနဲ့ စားနေရတာ။ သူလုပ်ရတဲ့အလုပ်ကလည်း ဘိလိယက်ခုံမှာ။ တရက်ပျက်လို့မရဘူး။ ဘာလို့လဲဆိုတော့ လစာကတလလုံးကိုမှ နှစ်သောင်းခွဲပဲရတာ။ ရက်တိုင်းဝင်ငွေရဖို့ကို အဲဒီက ကာစတမ်မာ ဆိုလားဘာလားတွေ ပေးတဲ့မုန့်ဖိုးကို ရအောင်ကြိုးစားရတယ်တဲ့ (သူ့သမီးပြောသောစကားကိုပြန်ပြောပြသည်) ဒါပေမဲ့ အခုတော့ သူရောဂါဒဏ်ကို မခံနိုင်တော့ဘူး။ ဒါကြောင့်မျက်စိမှိတ်ပြီး ဆေးစစ်လိုက်တဲ့အခါ တီဘီလို့ပေါ်တာပဲ။ မေး။ ။ဘယ်မှာစစ်ခဲ့တာလဲ။အခု တီဘီတိုက်ဖျက်ရေး အစီအစဉ်တွေရှိတယ်လို့ကြားတယ်။ အဲဒီအဖွဲ့တွေက အခမဲ့စစ်ပေးနေကြတယ်လို့ သတင်းတွေမှာပါတယ်။အဲဒီအစီအစဉ်တွေမှာ စစ်ခဲ့တာလား။ ဖြေ။ ။ဘာအစီအစဉ်တွေရှိမှန်းကြားတောင်မကြားမိပါဘူး။ တီဗီတွေဂျာနယ်တွေမှာတော့အခမဲ့စစ်လို့ရတယ် ဘာညာဆိုပြီးကြားနေပါတယ်။အခုဖြစ်တော့ အဲ့ဒိအဖွဲ့နဲ့ဘယ်လိုဆက်သွယ်ရမယ်၊ဘယ်မှာမှန်းတောင်မသိဘူး။ အထူးကုဆေးခန်းမှာပဲစစ်လိုက်ရတယ်။စစ်ရုံနဲ့ ၁၅,ဝဝဝ-၂ဝ,ဝဝဝ လောက်ကုန်သွားတယ်။ မေး။ ။ဒါဆို တီဘီဆေးကို ဘယ်လိုသောက်နေလဲ။ ဆေးကတော့အလကားရမှာပေါ့။ WHO က အဲဒီ DOTS ဆေးကို ဝေဒနာရှင်တွေကို အခမဲ့ပေးရမယ်လို့ ပြင်းပြင်းထန်ထန် ထုတ်ပြန်ထားတယ်။ပြီးတော့ ကျန်းမာရေးဌာနကလည်း ဒါကို အထူးအလေးထားဆောင်ရွက်နေတာလို့ပြောနေကြတယ်။(မေးခွန်းမဆုံးမီ သူကဖြတ်ပြောသည်) ဖြေ။ ။ တီဘီဆေးကတော့ အလကားပါလို့ပြောကြတယ်။ ဒါပေမဲ့ အဲဒီအလကားကို အလကားမရဘူး။ နဲနဲပါးပါးတော့လာဘ်ထိုးရတာပေါ့။ မေး။ ။ဘယ်လိုဖြစ်တာလဲပြောပြပါအုံး။ ဖြေ။ ။ဘယ်လိုဖြစ်တာလဲဆိုတော့ စစချင်းတီဘီမှန်းသိတော့ ဆရာဝန်(အပြင်ဆေးခန်းမှဆရာဝန်) က ဆေးကို ခြောက်လတိတိ တရက်မပျက်သောက်ရမယ်တဲ့။ နောက်ကျလို့မဖြစ်တော့ဘူး၊ အခုစသောက်တော့ဆိုတော့ အဲဒီအပြင်ကဝယ်သောက်ရတာ ဆေးတစ်လုံးကို ၇ဝဝ နဲ့ တရက်စာ (၃)လုံးကို ၂၁ဝဝ ပေးဝယ်ရတယ်။ အဲဒါမျိုး ၁ဝ ရက်လောက်ဖြစ်သွားတော့ ကျွန်မတို့ ဘယ်လိုမှမခံနိုင်တော့ဘူး။ အဲဒါနဲ့ အလကားရဖို့ နည်းလမ်းကို ရှာရတော့တာပဲ။ မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနကိုသွားပြီး မေးကြည့်တော့ အရင်ဆုံးမေးကြည့်ခအနေနဲ့ လက်ဖက်ရည်ဖိုး ၂ဝဝဝ ပေးလိုက်ရတယ်။ ပြီးတော့မှ အဲဒီဝန်ထမ်းက တီဘီဆေးအလကားရဖို့ ဘာတွေလုပ်ရမယ်ဆိုတာပြောတယ်။ တကယ်တော့ အဲဒါက မခက်ပါဘူး။ ဒေသန္တရက တာဝန်ရှိတဲ့ ဆရာဝန်တယောက်ကနေ တီဘီရောဂါရှိတာ မှန်ကန်ကြောင်း ထောက်ခံစာရေးပေးပြီး စာရင်းသွင်းလိုက်ရင်ရပြီ။ အဲဒီထောက်ခံစာရဖို့ စေတနာရှိသလောက်အလှူငွေဆိုပြီးထည့်ရသေးတယ်။ အဲ့ဒီအဆင့်ပြီးရင်တော့ တပတ်တခါ ဆေးအလကားထုတ်လို့ ရသွားပြီ (တနေ့စာ ၃ လုံး နဲ့ တပတ်စာဆိုတော့ ၂၁ လုံးရတာပေါ့)။ ဆေးကတော့ တပတ်စာအလကားပေးတာပါ။ ဒါပေမဲ့ တပတ်တခါကို ဘာကြေးမှန်းမသိထည့်ရတာ ၁၃ဝဝ နဲ့ ၁၅ဝဝကြားကုန်တယ်။ ဘာပဲဖြစ်ဖြစ် အပြင်မှာဝယ်ရင် တလုံး ၇ဝဝ နဲ့ အလုံး ၂ဝ ဆိုရင်ပဲ တပတ်ကို ၁၄,ဝဝဝ လောက်ကုန်မှာဆိုတော့ ကျွန်မလည်း ဘာမှ မပြောချင်တော့ပါဘူး။ မေး။ ။တီဘီရောဂါ တိုက်ဖျက်ရေး အစီအစဉ်တွေမှာပြောနေတာကတော့
ဖြေ။ ။ မဟုတ်ပါဘူး။ ဘာမှအလကားမရဘူး။ ကျွန်မတောင်တနေ့ ငှက်ပျောသီးနှစ်လုံးနှုန်းနဲ့ ၆ လ သမီးကိုကျွေးရမှာ မတတ်နိုင်လို့ ဆွေမျိုးတွေဆီ အလှူခံထွက်ရအုံးမှာ။ သာကေတက ဦးထွန်းမင်းလှိုင် မေး။ ။ဦးရဲ့သမီး တီဘီရောဂါဖြစ်တာကြာပြီလား။ ဖြေ။ ။သမီးလေးက လွန်ခဲ့တဲ့တနှစ်ကဖြစ်ခဲ့တာ။သူ ၁ဝ တန်းတက်နေတဲ့နှစ်ပေါ့။ မေး။ ။ဘယ်လိုကုသမှုခံယူခဲ့လဲ။ ဖြေ။ ။အထူးကုဆေးခန်းမှာပဲ ကုခဲ့တာ။သမီးချောင်းစဆိုးကထဲက ပြခဲ့တာလေ။အဲဒါ တီဘီမှန်းသိတော့ ဆရာဝန်က သူပဲဆက်ကုပေးခဲ့တယ်။ ဆေးလည်းသူပဲပေးတယ်။ ၆ လတိတိသူပဲတာဝန်ယူပေးတယ်။ ပြီးတော့ ကလေးက ၁ဝ တန်းဆိုတော့ ဆေးခွင့်တွေ ဘာတွေလည်း ရေးပေးတယ်။ အဲဒီအတွက်တော့ တသိန်းလောက်ကန်တော့ရတယ်။ မေး။ ။တီဘီရောဂါသည်တွေအတွက်ဆေးက ဆေးရုံတွေမှာပဲရတယ်လို့ပြောကြတယ်။ ပြီးတော့ ဝေဒနာဖြစ်သူတိုင်းကို အလကားပေးတာတဲ့။ အဲဒါအလကားမရဘူးလား။ ဖြေ။ ။ပေါက်ပေါက်ရှာရှာ၊မရပါဘူး။ ဆေးရုံမှာစာရင်းသွင်းပြီး အလကားသွားယူရင် ပိုက်ဆံသက်သာပေမယ့် စိတ်မသက်သာဘူး။ ပြီးတော့ လုံးဝအလကားပေးတာလည်းမဟုတ်ဘူး။ အဲဒီဝန်ထမ်းတွေက ဘာကြေးညာကြေး အလှူငွေဆိုပြီးပြောတောင်းတာ။ ဆေးသွားယူတဲ့ အပတ်တိုင်းကို လက်ဖက်ရည်ဖိုး ၁ဝဝဝ-၂ဝဝဝ လောက်တော့ပေးနေရတာပဲ။ ငွေမတတ်နိုင်တဲ့သူတွေကတော့ ဒီနည်းလမ်းကလွဲရင်ရွေးစရာ မရှိဘူးပေါ့ဗျာ။ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် တတ်နိုင်သေးတော့ စိတ်ဆင်းရဲမခံဘူး။ အခုလိုအပြင်မှာပဲ ၆ လစာ တခါထဲ ဆေးယူထားလိုက်တယ်။ သိန်းနဲ့ချီ ကုန်တာပေါ့ဗျာ။ ပိုက်ဆံရှိရင် အဲဒိ DOTS ဆေးက ကြိုက်တဲ့နေရာမှာ ဝယ်လို့ရတယ်။ တခါတလေ ဆေးရုံတွေမှာတောင်ဆေးပြတ်သွားတယ် လို့ကြားရသေးတယ်။အပြင်မှာတော့ တနေရာမရ တနေရာရနေတာပဲ။ မှတ်ချက်။ ။ တီဘီရောဂါဝေဒနာရှင်များအတွက် DOTS ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ညွှန်ကြားထားပြီးဖြစ်သည်။ ထို့ပြင် ကျန်းမာရေးဌာနကလည်း တရားဝင် ထုတ်ပြန်ထားပြီးဖြစ်သည်။ ဝေဒနာရှင်များအတွက် အာဟာရများ ထောက်ပံ့ပစ္စည်းများပါ ပေးလျက်ရှိကြောင်း တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်း ပါဝင်သူများက ပြည်တွင်းမီဒီယာများတွင် ဖွင့်ဟပြောကြားထားသည်။ နောက်ဆုံးတားမြစ်ချက်တခုမှာ ထို DOTS ဆေးအား အစိုးရ ဆေးရုံ ၊ ဆေးခန်းမှအပ ပြင်ပတွင် ထားရှိရောင်းချခြင်း မပြုရဟု ဆိုသည်။ |
အမျိုးအမည်မသိ ထူးဆန်းသောယာဉ်ပျံနှစ်စင်း ရွှေဘိုမြို့ပေါ် ပျံဝဲခဲ့
(The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်။ ပန်းကန်ပြားပျံလား၊ မြန်မာ့လေတပ်ရဲ့ မောင်းသူမဲ့ လေယာဉ်လား၊ ဘယ်က ထောက်လှမ်းရေး လေယာဉ်လဲ။ ဆက်သွယ်ရေးလိုင်းတွေက ဘာကြောင့် ပြတ်တောက်ရတာလဲ။ ဘင်လာဒင်အိမ်ကို ဝင်စီးဖို့ ပါကစ္စတန်နိုင်ငံထဲ ဝင်ရာမှာ ပါကစ္စတန် ရေဒါတွေ ဖမ်းမမိအောင်လုပ်ပြီး အမေရိကန်က ဝင်ရောက်ခဲ့တဲ့အကြောင်းတော့ ဟိုလေးတကြော် ဖြစ်နေတုန်းပါပဲ)
|
မလေးရှား NGO တို့၏ သတင်းစာရှင်းလင်းပွဲ
Monday, May 9, 2011
သတင်းတို
ကရင်လူမျိုးမှန်ရင် ကရင်သွေးရှိရမယ်
Sunday, May 8, 2011
နားထောင်ကြည့်ကြရအောင်။
ပင်လယ်ကမ်းခြေအနီးရှိ မင်ဘာများထံသို့ သွားရောက်ဆေးကုသခြင်း
ပြီးခဲ့သောအပတ်က Sungai Jalit တောင်ပေါ်ဒေသရှိ စိုက်ပျိုးရေးနေရာသို့ သွားရောက်ခဲ့ပြီးနောက်
Assumption Church မှ မစ္စတာဂျွန် ဦးစီးသောအဖွဲနှင့် MKO မှ မီဒီယာအဖွဲ့တို့ လိုက်ပါပြီး ယမန်
နေ့ ၀၅-၀၅-၂၀၁၁ နေ့တွင် ကွာလာလမ်ပူမြို့တော်၏ အနောက်မြက်ဘက် ၂၁၀ ကီလိုမီတာ ဝေး
သော ပင်လယ်ကမ်းခြေ Bagan Datoh ရှိ မင်ဘာများဆီ ဆေးကုသခြင်း၊ ဆန်၊ဆီ၊ စားစရာများနှင့် အ၀တ်အစားများကို သွားရောက်ပေးကမ်းခဲ့ပါသည်။
ထိုအရပ်ရှိ MKO မင်ဘာများသည် ငါးဖမ်းလုပ်ငန်း၊ ပုဇွန်ကန်၊ အုန်းခွံစက်ရုံများ၌ အများအားဖြင့်လုပ်
ကိုင်ကြပြီး ခေါင်သောအရပ်ဖြစ်သောကြောင့် ဆေးရုံဆေးခန်းနှင့် အလွန်ဝေးကွာပါသည်။အပြင်ထွက်
ရန်နှင့် MKO ရုံးသို့လာရောက်ရန် ခက်ခဲပြီး သူဋ္ဌေးတို့၏ ခြယ်လှယ်မှုအောက်မှာသာ လုပ်ကိုင်စား
သောက်နေကြရသည်။
တခြားဝေးလံသော နေရာများမှာလည်း အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ကရင်
အမျိုးသားများစွာရှိနေပြီး အလှည့်ကျ သွားရောက်ကူညီမည့် အစီအစဉ်လည်း MKO မှ ချမှတ်ထား
ပြီးဖြစ်သည်။
Monday, May 9, 2011
သက်ကြီးရွယ်အိုများကို တစ်နေရာတည်းစု တစ်ပတ်လျှင်တစ်ရက် စောင့်ရှောက်
Sunday, May 8, 2011

Sunday, 08 May 2011
လှိုင်သာယာမြို့နယ် အတွင်းရှိ သက်ကြီးရွယ်အိုများအား တစ်နေရာတည်း၌ စုစည်းပြီး တစ်ပတ်လျှင်တစ်ရက် စောင့်ရှောက်ပေးနေကြောင်း သိရှိရသည်။
Global Vision အဖွဲ့မှ အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေး စီမံချက် မြို့နယ် ဖြစ်သည့် လှိုင်သာယာမြို့နယ်ရှိ သက်ကြီးရွယ်အိုများကို အပတ်တိုင်း အင်္ဂါနေ့တွင် နံနက် ၉ နာရီ မှ ညနေ ၃ နာရီအထိ စောင့်ရှောက်ပေးနေကြောင်း သိရသည်။
ထိုသို့ စောင့်ရှောက်မှု ပေးရာတွင် သက်ကြီးရွယ်အို ဘိုးဘွားများအား စေတနာ့ဝန်ထမ်းများမှ အားကစားနည်းများ ကစားပေးခြင်း၊ ရုပ်ရှင်ပြသခြင်း၊ စာဖတ်ပေးခြင်း၊ သီးနားထောင်ခြင်း တို့ကို လုပ်ပေးပြီး နေ့လည်စာ ကျွေးမွေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကိုပါ ဆောင်ရွက်ပေးသည်ဟု သိရသည်။
''စလုပ်တုန်းကတော့ ယာယီ Day Care Center အဖြစ် ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ စလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ရွှေပြည်သာဘက်က သက်ကြီးရွယ်အိုတွေက တစ်နေရာတည်းမှာ စုဖို့ သိပ်မလွယ်ဘူး။ သက်ကြီးရွယ်အို တော်တော်များများက စားဝတ်နေရေးအတွက် သူတို့ ကိုယ်တိုင် လုပ်စားသောက်နေရတာကြောင့် ဖြစ်တယ်။ လှိုင်သာယာမှာ သက်ကြီးရွယ်အိုဦးရေ ၃၀ ကို စောင့်ရှောက်မယ်လို့ သတ်မှတ်ထားပေမယ့် အားလုံးမလာနိုင်ကြဘူး။ အခုတော့ အ ပတ်တိုင်း ပုံမှန် ၁၀ ဦးလောက် ရှိပါတယ်''ဟု Global Vision မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။ ယင်းအစီအစဉ်ကို သက်ကြီးရွယ်အိုများ နွေရာသီကာလ၌ အဆင်ပြေစေရန် လုပ်ခဲ့သော်လည်း နွေရာသီ ကုန်ဆုံးပါကလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
''အဖွားတို့ ဒီနေရာလေးကို လာရတာ စိတ်ချမ်းသာတယ်။ ဒီကိုလာတဲ့ အသက်တူ အရွယ်တူတွေ စုပြီး စကားတွေ ပြောကြတယ်။ ဘုရားအကြောင်း တရားအကြောင်းတွေ ပြောကြတယ်။ နေမကောင်းတဲ့ အပတ် ဆိုရင်တော့ မလာဖြစ်ဘူး။အပတ်တိုင်း လာဖြစ်အောင် ကြိုးစားပြီး လာပါတယ်''ဟု လှိုင်သာယာမြို့နယ်ရှိ အသက် ၇၅ နှစ် အရွယ်ရှိ အဘွား တစ်ဦးက ပြောပြသည်။
“Thank You” by Singapore Democrats
Thank you | ![]() | ![]() |
SUNDAY, 08 MAY 2011 |
Singapore Democrats![]() Many of you volunteered your time and energy to help in the campaign and we are grateful. We have made many new friends and we hope you will stay with us as we chart our way forward in search of eventual electoral success. It is for you that we continue to labour on in this undemocratic system with all the odds stacked against us. Once again, from all of us at the SDP: Thank you. |
အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာ အဆိုပြုချက် စင်ကာပူ ကန့်ကွက်
-05-07
၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စင်္ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
AFP
၂ဝ၁၁ ခုနှစ် မေလ ၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာစီယံ ထိပ်သီးညီလာခံ ဘေးပန်းဆွေးနွေးပွဲအဖြစ် အာစီယံခေါင်းဆောင်များနှင့် လူထု အခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးစဉ် တွေ့ရသည့် မြန်မာသမ္မတ ဦးသိန်းစိန်။ (Photo: AFP)
အာဆီယံညီလာခံနဲ့ နီးစပ်သူ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာကြီးရဲ့ အင်တာနက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါ။ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံမခံ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရဖို့ အလားအလာရှိတယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌနေရာ ပေးဖို့ အများသဘောတူညီချက် မရရှိခဲ့ရင် မူလ သတ်မှတ်ထားတဲ့အတိုင်း ၂ဝ၁၆ ခုနှစ်ကျမှသာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံဟာ ၂ဝဝ၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားကြောင့် အလှည့် ကျော်ခဲ့ပါတယ်။ အခု ၂ဝ၁၄ ခုနှစ်ဟာ လာအိုနိုင်ငံရဲ့ အလှည့်ဖြစ်ပေမယ့် လာအိုအစား မြန်မာက အလှည့် ဝင်ယူဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။
အာဆီယံဥက္ကဋ္ဌနေရာကို နှစ်စဉ် တနိုင်ငံချင်း အလှည့်ကျ တာဝန်ယူဖို့ သတ်မှတ်ထားချက်အရ ၂ဝ၁၂ အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယား၊ ၂ဝ၁၃ အတွက် ဘရူနိုင်း၊ ၂ဝ၁၄ လာအိုနဲ့ ၂ဝ၁၅ မှာ မလေးရှားနိုင်ငံတို့က တာဝန်ယူရမှာ ဖြစ်ပါတယ်။
ကရင်နီပြည်က စစ်မှုထမ်းကိစ္စ အတည်ပြုထားသည့် ဥပဒေအရဟုဆို
ကရင်နီပြည်ဖရူဆိုမြို့နယ်တွင် တစ်ရွာနှစ်ယောက် စစ်မှုထမ်းရန် အသက် ၁၈ အထက်လူငယ်များအား ကရင်နီတပ်မတော်မှ နာမည်စာရင်းကောက်ခံလျက်ရှိပြီး ထိုလုပ်ရပ်သည် အတည်ပြုထားသည့် ဥပဒေအရဖြစ်သည်ဟု ကရင်နီတပ်မတော်က ဆိုသည်။
“ဥပဒေမှာ ထုတ်ပြီးသားပဲ။ သူများ လက်တွေ့ မလုပ်ဘူး။ (၃) နှစ်တောင် စစ်မှုထမ်း လုပ်ရမယ်။ ထုတ်ထားပြီးသားပဲ။ ကွန်ဂရက်မှာ သူများအတည်ပြုထားပြီးတော့မှ အဲဒီမှာ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြန်ပြီးတော့မှ လေ့လာဖို့။ လက်တွေ့ အကောင်အထည် မဖော်သေးလို့။ ၄၊ ၅၊ ၆ နှစ်၊ နှစ် ၂၀ တောင် သူများ မလုပ်ဘူး” ဟု ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြက ပြောသည်။
အသက် ၁၈ နှစ်အထက်ရှိသူများ ကရင်နီတပ်မတော်ထဲသို့ စစ်မှု ၃ နှစ်သက်တမ်း ထမ်းဆောင်ရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ကေအဲန်ပီပီမှ အတည်ပြုထားသည့် ဥပဒေသည် နှစ်ပေါင်း ၂၀ ကျော်သွားခဲ့ပြီဖြစ်သော်လည်း လက်တွေ့အကောင်အထည်ဖေါ်ရာ၌ အတည်ပြုထားသည့် ဥပဒေထက် လျော့ပေါ့ပြီး လုပ်ဆောင်နေရသည်ဟု ဗိုလ်ချုပ်အောင်မြက ပြောသည်။
“အသက် (၁၈) နှစ် ဥပဒေမှာ အသက် (၁၈) နှစ်ဆိုရင် စစ်မှုထမ်း (၃) နှစ် လုပ်ရမယ်။ ဥပဒေမှာ ရှိတယ်။ ယောင်္ကျား မှန်သမျှ အသက် (၁၈) နှစ်။” ဆက်လက်ပြီးသူက “တစ်ရွာမှာ (၁၀) ယောက်လောက် စစ်မှုထားဖို့တော့ ကောင်းတာပေါ့။ ကိုယ့်တိုင်ပြည်အတွက်ပဲ ဗမာကို တိုက်တာပဲ။ တစ်ရွာ တစ်ယောက်ဆို နည်းသေးတယ်ပေါ့။ ကိုယ့်ရပ်ရွာ ကာကွယ်ဖို့ပဲ။ သူခိုးဒါးပြတွေ တအားပေါတယ်ကော။”
ယခုလက်ရှိ ကရင်နီတပ်မှ တစ်ရွာ နှစ်ယောက် ကရင်နီတပ်မတော်ထဲသို့ စစ်မှုထမ်းဆောင်ရန် မဲနှိုက်သည့်ပုံစံဖြင့် လုပ်ဆောင်လျက်ရှိနေပြီး ထိုလုပ်ရပ်သည် စစ်မှုထမ်းဆောင်ရန် ဆန္ဒမပါသည့်သူများ မဲပေါက်နိုင်သည့်အတွက် အတင်းအဓမ္မ စစ်ထဲမ၀င်မနေရဆိုသည့် ပုံစံမျိုးသက်ရောက်နေဟု ကြံ့ဖွံ့ပါတီက ဆိုသည်။
“လောလောဆယ် နာမည်စာရင်းပေးထားတဲ့ ညားရယ်၊ ဖဲဘူး၊ ဒေါလောခူမှ ပရေးရယ်၊ ဆော်ရယ်တို့ လာမခေါ်သွားဖို့ မေတ္တာရပ်ခံချင်တယ်။ စည်းရုံးရေးဆို စည်းရုံးရေးနဲ့တူရမယ်ပေါ့။ အခုဟာက ပြန်ထွက်လို့မရတော့ဘူးလို့ ခြိမ်းခြောက်တယ်။ မိဘတွေ ငိုကြတယ်။ ညီအစ်ကိုမောင်နှမတွေ ၀ိုင်းငိုကြတယ်ရွာမှာ” ဟု ကရင်နီပြည်မှ ကြံ့ဖွံ့ပါတီဝင်တစ်ဦးက ပြောသည်။
ကရင်နီတပ်မှ ဖရူဆိုမြို့နယ် လောခုခူ၊ ဒေါလောခူ၊ လောချာ၊ ကေးလျား၊ ထိးဘျားညေ၊ ခိုးသာမောနှင့် မာဖရိုရှေ့ကျေးရွာတို့တွင် မဲနိုက်ခြင်းပုံစံဖြင့် လုပ်ဆောင်လျက်ရှိသည်။

“ဘယ်သူမှ မ၀င်ချင်တော့ မဲနှိုက်ခိုင်းတယ်။ မဲပေါက်တဲ့လူ ၀င်ရမယ်။သူတို့စိတ်လုံးဝမကောင်းဘူး။ လောလောဆယ် ကေးလျားတစ်ရွာက ၁၀ ယောက်ဝင်ရမယ်။ လူဦးရေအရပေါ့။ မာဖရိုရှေ့က အနည်းဆုံးနှစ်ယောက် ဒေါလောခူက ၂ ယောက်မဲပေါက်တယ်။ ဒီအမိန့်ကို ပြန်ရုပ်သိမ်းပေးလို့မရဘူးလား၊ စည်းရုံး၊ ၀င်ချင်တဲ့သူဝင်ပေါ့၊ အတင်းအကြပ်တော့ မကောင်းပါဘူး။ ရှေ့တန်းမှာ တစ်မျိုးလုပ်တယ်ထင်တယ်။ ယခုက အတင်းအကြပ်ဖြစ်နေတယ်။ အတင်းအကြပ်မဟုတ်ဘူးဆိုတာ စာထွက်နိုင်ရင်ကောင်းတာပေါ့”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
ယခုလက်ရှိ ဖရူဆိုမြို့နယ်အတွင်းမှ မဲပေါက်သူများ၏ နာမည်စရင်းများရရှိထားပြီဖြစ်ပြီး စာရင်းပါသူများကို ယခုမေလ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ကရင်နီတပ်မတော်ထံသို့ ၀င်ရမည်ဟု သိရသည်။ ဒီးမော့ဆို၊ လွိုင်ကော်နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြန်မာအစိုးရတပ်မှလည်း အသက်ပြည့်သော လူငယ်များအား စစ်ထဲဝင်ရန် ပြီးခဲ့သည့် မတ်လ ၃၀ရက်နေ့ကစပြီး နာမည်စာရင်းများ လိုက်လံကောက်ယူနေကြောင်း ဒေသခံလူငယ်တို့၏ ပြောပြချက်အရ သိရသည်။
စစ်အစိုးရက ၂၀၁၀ ဒီဇင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြန်တမ်းစာ ပြင်ပသို့ မကြာသေးခင်က ပေါက်ကြားခဲ့သည်။
ကော့သောင်းတွင် အစိုးရ ရေတပ်က မွတ်စလင် (၃၀)ဦး ဖမ်းဆီးရမိ
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တွင် မွတ်ဆလင်လူမျိုး ၃၀ဦး စီးနင်းလိုက်ပါလာသော စက်လှေတစ်စင်းကို အစိုးရ စစ်ရေ ယာဉ်အမှတ်(၅၀၃)မှ ဗိုလ်ကြီးဝင်းသိန်းဇော် ဦးစီးသည့် ရေတပ်ဖွဲ့က မေလ (၂)ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။
အစိုးရ ရေတပ်အခြေစိုက်ရာ သံကျွန်းစခန်းနှင့် ၁၀ကီလိုမီတာ အကွာအဝေးတွင် အဆိုပါ မွတ်ဆလင်(၃၀)ဦးအား မသင်္ကာသ ဖြင့် ၀င်ရောက်စစ်ဆေးရာမှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် စစ်တွေမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ဖာ့တိုက်ဘက်သို့ တရား မ၀င် သွားရောက်မည့်သူများဖြစ်သောကြောင့် မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ယခု ပို့ဆောင်လိုက်ပြီဟု စစ်တပ်သတင်း ရပ်ကွက်က ဆိုသည်။
တနင်္သာရီတိုင်းရှိ စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ် စစ်တွေ-မော်လမြိုင်လမ်းကြောင်းကနေ လာတယ်။ ည ၂နာရီ အချိန်မှာ ဖမ်းဆီးရမိတာဖြစ်တယ်။ သူတို့တွေဟာ မြန်မာနိုင်ငံသားကဒ် ကိုင်ဆောင်ပေမယ့် ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ် မယ့် စာရွက်စာတမ်းမပါတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်။ အကုန်လုံးက အမျိုးသားချည်းပဲ။ အခု ကရခကို ပို့လိုက်ပြီ။” ဟု ပြောသည်။
ကော့သောင်းခရိုင်တွင် ယခင်ကလည်း ထိုင်းနိုင်ငံသို့ အလုပ်ထွက်လုပ်ရန်အတွက် တရားမ၀င်သည့် ရေကြောင်းခရီးဖြင့် လာ ခဲ့ကြသည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကို မကြာခဏ ခံရကာ ပြန်ပို့ခြင်းခံခဲ့ကြရ သည်ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောသည်။
“အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာများ
Sunday, May 8, 2011
နိုင်ငံခြားရေး ဝန်ကြီးသစ်

ဒါကတော့ ဦးသိန်းစိန် အစိုးရသစ်အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့ ဦးဝဏ္ဏမောင်လွင်ပါ။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ မေလ ၅ ရက်နေ့က ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ တွေ့ရတာပါ။ ဦးဝဏ္ဏမောင်လွင်ဟာ အရင် ဥရောပသမဂ္ဂဆိုင်ရာ သံအမတ်၊ ဗိုလ်မှူးကြီးဟောင်း တဦးဖြစ်ပါတယ်။ အတုအယောင် ရွေးကောက်ပွဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက် ထိမ်းသိမ်းထားမှုတွေ ရှိပေမယ့် ဦးသိန်းစိန်က မြန်မာနိုင်ငံဟာ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဌရာထူးယူဖို့ အသင့်ဖြစ်နေပါပြီဆိုပြီး ဦးဝဏ္ဏမောင်လွင်ကို အာဆီယံအတွင်းရေးမှူးဆီ စာပို့ခိုင်းပါတယ်။ (ဓာတ်ပုံ - Getty Images)

6 comments:
- Anonymous said...
-
အဖားကောင်းလို့ ၀န်ကြီးဖြစ်လာတဲ့ ဗိုလ်မှူးကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ကို သမတ ထိပ်ပြောင်သိန်းစိန်အတွက် အာဆီယံ ဥက္ကဌ ရာထူး ရဘို့ အခြားနိုင်ငံဝန်ကြီးတွေကို ဘယ်လို့ဖားအုံးမလဲ မသိဘူးနော်. အရမ်းအဖားတော်လို့ နိုင်ငံခြားရေးရာ ၀န်းကြီးဖြစ်လာတဲ့သူ အရည်အချင်းကတော Zero အဆင့်ရှိတဲ့သူ ဆိုပဲ
- May 8, 2011 3:38 PM
- mya said...
-
ဦးဝဏ္ဏမောင်လွင် ပုံ က ဖားပြုတ်ပုံ ပေါက်နေတာ ထူးခြားမူဘဲနော်။တိုင်းပြည်အတွက်ကတော့နာဘို့နဲ့ ပြည်သူ တွေကတော့ ဒုက့နဲ့ကြုံကြ၇အုန်းမဲ့ သဘောလေ။
- May 8, 2011 9:47 PM
- Anonymous said...
-
ဘယ်အဖွဲ့စည်းမှာမဆို အရည်ချင်းရှိလို့ ခေါင်းဆောင်လုပ်နေကြတဲ့သူတွေကြည့်ပါပဲ။လူဆိုးခေါင်းဆောင်တွေတောင်မှ အရည်ချင်းရှိလို့ ခေါင်းဆောင်ဖြစ်လာတာပဲ။ဘင်လာဒင် အရည်ချင်းမရှိပဲ အကြမ်းဖက်ခေါင်းဆောင်မဖြစ်နိုင်ဘူး။သေနတ်ပစ်တတ်တိုင်း ဗုံးခွဲတတ်တိုင်း အကြမ်းဖက်ခေါ်င်းဆောင်ဖြစ်မလာနိုင်ဘူး။ထိပ်ဆုံးကို ရောက်နေတဲ့သူတွေ အရည်ချင်းတစ်ခုခုတော့ ရှိကြတဲ့သူတွေကြည့်ပါပဲ။အဖားတော်လို့ ထိပ်ဆုံးရောက်ရင်တောင်မှ အရည်ချင်းမရှိရင် မတည်မြဲနိုင်ပါဘူး။ဘာမှမသိနားမလည်ပဲနဲ့တော့ ဘယ်သူမှ ခေါင်းဆောင်မတင်ဘူးဆိုတာတော့ အသေချာပါပဲ။
- May 8, 2011 10:06 PM
- Anonymous said...
-
အင်း၊ အခုခေတ်က အဲလို Zero အဆင့်ရှိသူတွေ ကြီးပွါးတဲ့ ခေတ် ဆိုတာ ခင်ဗျား မသိဘူးလားဗျာ့။ Zero အဆင့်ရှိသူတွေ အုပ်ချုပ်တဲ့ နိုင်ငံမှာ Zero အဆင့်ရှိသူတွေ ၀န်ကြီးဖြစ်တာ သဘာဝ ကျပါတယ်။ ဘာမှ မနာလိုစရာ မရှိကြပါနဲ့။
- May 8, 2011 11:28 PM
- Truth sayer... said...
-
မြန်မာနိုင်ငံကို ၂၀၁၄မှာ အာဆီယံဥက္ကဋ္ဌဖြစ်ရေး အာဆီယံ မူအားဖြင့် သဘောတူ
http://www.voanews.com/burmese/news/asean-meeting-burma-121437529.html
နောက်ဆုံးတော့လည်း တို့မြန်မာနိုင်ငံ အာဆီယံ အကြီးအကဲ နေရာရတော့မှာ သေချာသလောက်ပါပဲ။
သနားလိုက်တာ HRW တို့၊ AIPMC တို့ရေ။ ခင်ဗျားတို့ ဘယ်လောက် ကုန်းအော်ပြီး ကန့်ကွက်၊ ကန့်ကွက် နောက်ဆုံးတော့လည်း ပတ္တမြားမှန်တော့ နွံမနစ်ဘူးဆိုတဲ့ သာဓကပဲ။
အတိုက်အခံတို့ရေ ခင်ဗျားတို့စကားကို ဘယ်သူမှ အလေးအနက်မထားတော့ပါဘူးကွယ်။
၂၀၁၄ကျရင် အာဆီယံနဲ့ အလုပ်လုပ်ချင်တဲ့ အမေရိကန်နဲ့ ဥရောပခေါင်းဆောင်အားလုံး နေပြည်တော်ကို လာရပါတော့မယ်။ - May 8, 2011 11:34 PM
- aunghtut said...
-
မှန်ပါသည်။ ဂျနီဖာတွင် နေတုန်းကလည်း ယူအန်အစည်းအဝေး တွေတက်ပြီး ဗြောင်လိမ်ပေးရသူပါ
မြန်မာ အာဆီယံဥက္ကဋ္ဌ နေရာအတွက် အာဆီယံအဖွဲ့ သဘောထားကွဲ
၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲမှုတွေ ရှိတယ်လို့ သိရပါတယ်။
Photo: AFP
မြန်မာအစိုးရ သမ္မတ တဖြစ်လဲ၊ ယခင် စစ်အစိုးရ ဝန်ကြီးချုပ် ဦးသန်းစိန် (ဝဲ) နှင့် ဖိလိပိုင် သမ္မတ ဘင်နစ်နို အကွီနို (ယာ) တို့ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်း၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီအဆိုကို စင်္ကာပူနိုင်ငံ က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်လို့ အာဆီယံ ညီလာခံနဲ့ နီးစပ်သူ အရာရှိ တဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာ ဖိလစ်ပိုင်နိုင်ငံခြားရေး Albert Del Rosario က အာဆီယံ ထိပ်သီးအစည်းအဝေး ပထမနေ့ အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေးကိစ္စကို ဖိလစ်ပိုင်နိုင်ငံက ထောက်ခံထားကြောင်းနဲ့ မြန်မာ အာဆီယံဥက္ကဌဖြစ်ဖို့ သဘောတူညီချက်တခု ရထားပြီးဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဒီကနေ့ ထုတ်ဝေတဲ့ The Phillippines Star သတင်းစာမှာ ဖော်ပြထားပါတယ်။
ဖိလစ်ပိုင်က အခုလို ပြောကြားတာဟာ အာဆီယံ နိုင်ငံတွေအကြား မူအားဖြင့် သဘောတူညီချက် ရခဲ့တာကို ဆိုလိုတာ ဖြစ်နိုင်တယ်လို့ ဂျာကာတာမြို့မှာ ရောက်နေတဲ့ RFA ပြင်ပဆောင်းပါးရှင် သတင်းထောက် Larry Jagan က ပြောပါတယ်။
“ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ပြောတာကို ကျနော် နားလည်သလို ပြောရရင် မြန်မာနိုင်ငံကို ၂ဝ၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ နေရာပေးဖို့ မူအားဖြင့် သဘောတူထားတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် တရားဝင် မဆုံးဖြတ်ခင်မှာ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို လေ့လာရေးခရီး ထွက်ပြီး စစ်ဆေးပါဦးမယ်”
မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် လက်ခံ, မခံ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရဖို့ အလားအလာ ရှိတယ်လို့လည်း ဆိုပါတယ်။ တကယ်လို့ မြန်မာနိုင်ငံကို အလှည့်ကျဥက္ကဋ္ဌနေရာ ပေးဖို့ အများသဘောတူညီချက် မရရှိခဲ့ရင် မူလ သတ်မှတ်ထားတဲ့အတိုင်း ၂ဝ၁၆ ခုနှစ် ကျမှသာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရဖို့ ရှိတယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့ ဆွေးနွေးဖို့ အလားအလာ ရှိတယ်လို့ The Jakarta Post သတင်းစာမှာ ဖော်ပြထားပါတယ်။
@justicekokokyi ဗိုလ်ချစ်သူတို့ မင်းတို့လို မျိုးမစစ်ကောင်တွေ ရှိနေလို့ အစိုးရ တပ်တွေ လုပ်ချင်တိုင်း လုပ်လို့ ရနေတာကွ စစ်ကို မကြိုက်ပေမယ့် မင်းလို့ကောင်တွေ ပြောတာကိုတော့ ဘာလိုမှ လက်ခံစရာ အကြောင်းမရှိဘူး။ နအဖ စစ်တပ်ရဲ့ အနိုင်ကျင့် နှိုပ်စက်မှုတွေကို ခံခဲ့ရတဲ့အထဲမှာ မင်းအမျိုးတွေ မပါသေးလို့ မင်းတို့ခုလိုလေသံ ထွက်နေတာ။ ဒီမီက လောင်လာတာ ကြာပြီ။ ခုမှ ဗိုလ်နှုတ်ခမ်းမွေးက ထမွှေးတာမဟုတ်ဘူး။ အရင်ကတည်းကလောင်နေတာ ပိုတောင်ကြီးသေးတယ်ကွ မျိုးမစစ်ကောင်ရဲ့။
ကရင်ပြည်နယ်ကြီးက သူ့ပါသာ ငြိမ်းချမ်းနေတာပါ။ဘယ်စစ်တပ်ကမှလည်း အလကားနေ သေနတ်ပစ် တိုက်ပွဲဖြစ်နေတာမဟုတ်ဘူး။ဗိုလ်နုတ်ခမ်းမွှေးတို့ မီးစမွှေးနေလို့သာ အခုလို မတည်မငြိမ်ဖြစ်နေရတာ။ပြည်သူတွေ ကြားထဲက ဒုက္ခရောက်တယ်။အေးချမ်းတဲ့ကိုယ့်ဒေသလေးတွေဖြစ်ဖို့ ကိုယ့်ပြည်သူတွေအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ဖို့အတွက်ဆိုရင် ဗိုလ်နုတ်ခမ်းမွှေးတို့အနေနဲ့ ဆက်လက် ဆနိ့ကျင်တိုက်ခိုက်နေတာတွေကို ရပ်လိုက်ပါ။
ကိုယ်မွှေးလိုက်တဲ့မီးကြောင့် ကိုယ့်လူမျိုးတွေ တိုင်းတစ်ပါးမှာ ဒုက္ခရောက် ငတ်ပြတ်ဆင်းရဲ တောင်းစားနေရတဲ့ပြသနာတွေကို ဘယ်လိုမျိုးနဲ့ ဗိုလ်စောလားပွယ်ကြီးက ကူညီကာကွယ်ပေးနေသလဲ။