Saturday, March 5, 2011

တတိယနိုင်ငံအဖြစ်ဂျပန်နိုင်ငံတိုကျိုတွင်ရောက်ရှိလာသော နယ်စပ်မှကရင်များလူမျိုးပထမဦးဆုံးအ ကြိမ်အပြေးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်

ဂျပန်သို့ရောက်ရှိလာသည့်နယ်စပ်မှကရင်လူမျိုးများတိုကျိုခရိုင်ရှင်ဂျူးကုမြို့နယ်တွင်KARENနှင့်MAELA
အသင်းအဖွဲ့ ၂ ဖွဲ့ခွဲ၍လက်ဆင့်ကမ်းပြေးပွဲတွင်ဝင်ရောက်ယှဉ်ခြင်းအစီအစဉ်ကို
YOUTUBE(http://www.youtube.com/watch?v=a4lhcyyjDJM&feature=youtube_gdata_player
http://www.youtube.com/watch?v=a4lhcyyjDJM&feature=youtube_gdata_player
http://www.youtube.com/watch?v=D7xryjofTZc)
မှ ဂျပန်စံတော်ချိန်နံနက် ၉း၃၀တွင် KAREN NATIONAL LEAGUE (JAPAN) မှတိုက်ရိုတ်ပေးပို့ထုတ်လွှင့်သွားမည်ဖြစ်သည်၊၊

ထုတ်လွှင့်တာဝန်ခံ စောကျော်ထင်ထူး ( KAREN NATIONAL LEAGUE (JAPAN) )
ထုတ်လွှင့်တာဝန်ခံ စောကစ်စင်ဂျာ ( KAREN NATIONAL LEAGUE (JAPAN) )
တတိယနိုင်ငံအဖြစ်ဂျပန်နိုင်ငံတိုကျိုတွင်ရောက်ရှိလာသော နယ်စပ်မှကရင်များလူမျိုးပထမဦးဆုံးအ ကြိမ်အပြေးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်

Maung Maung and-FTUB-english

Maung Maung -and-FTUB-english

Friday, March 4, 2011

နအဖတပ်မှ သံတောင်ကြီးမြို့နယ်ရှိ ရွာသားတဦးကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့

မတ်လ ၃ရက်။ (ကေအိုင်စီ)
ပဲခူးတိုင်း အရှေ့ခြမ်းရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် အခြေချလှုပ်ရှားလျှက်ရှိသည့် နအဖ စစ်တပ်မှ ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဒေသခံရွာသားတဦးကို အကြောင်းမဲ့ သတ်ပစ်ခဲ့ကြောင်း ထိုဒေသမှလာ သည့်အရ သိရသည်။


ပြီးခဲသည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့က သံတောင်မြို့နယ်တွင် အခြေချလှုပ်ရှားနေသည့် နအဖ စကခ (၇) လက်အောက်ခံ ခြေမြန်တပ်ရင်း- ခမရ (၄၂၆)မှ သဘါဖဲ့ရွာသားတစ်ဦးဖြစ်သူ စောမောင်ရွဲ (၄၈)နှစ်ကို ၄င်းတို့ တပ်စခန်း တည်ရှိရာ သံတောင်ကြီးမြို့(ဘုရင့်နောင်တပ်မြို့)တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်သည် ဟု ဒေသခံတဦးက ကေအိုင်စီကို ယနေ့တွင် ပြောဆိုသည်

သူက “ဒီဒေသမှာ လှုပ်ရှားတဲ့ နအဖတပ်တွေက ရွာသားတွေကို မထင်ရင် မထင်သလို ဖမ်းဆီးလိုက်၊ သတ် လိုက်တာပဲ။ ဘာကြောင်းအရာမှ မရှိဘူး။ ရွာသားတွေရဲ ပိုက်ဆံတွေကိုလည်းယူတယ်။ အကုန်ပြောရရင်တော့ ဓါးပြလည်းတိုက်တယ်။ လူလည်းသတ်တယ်ဗျာ။ အရင်ကလည်း အဲလိုမျိုး လုပ်တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။
သဘါဖဲ့ကျေးရွာသည် သံတောင်ကြီးမြို့ (ဘုရင့်နောင်တပ်မြို့)၏ အရှေ့ဘက်တွင် တည်ရှိပြီး အကွာအဝေးအားဖြင့် ခြေလျှင်နဲ့ သွားလာလျှင် ၂နာရီကျော်သာ လျှောက်ရသည်ဟု သိရသည်။
လွန်ခဲ့သည့် ၂၀၁၀ခုနှစ်မှစ၍ ယခု ၂၀၁၁ခုနှစ်၊ မတ်လ ၃ရက်နေ့အထိ ကရင်ပြည်သူလူထုများ နေထိုင်သည့် သံတောင်၊ ထန်းတပင်မြို့နယ်နှင့် တောင်ငူဒေသများတွင် လှုပ်ရှားနေသည့် နအဖစစ်တပ်၏ ပစ်သတ်ခြင်း၊ သတ်ဖြတ်ခြင်းကြောင့် ဒေသခံရွာသား ၆ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တောင်ငူခရိုင်၏ မှတ်တမ်းအရသိရသည်။


အဆိုပါဒေသများတွင် နအဖ စစ်ကွပ်ကဲရေးဌာနချုပ် – စကခ (၇)နှင့် (၉) လက်အောက်ခံတပ်ရင်းများအပြင် အခြားတိုင်းတပ်ရင်းများလည်း လှုပ်ရှားလျှက်ရှိပြီး လက်ရှိအချိန်တွင် ၄င်းတို့ တပ်စခန်းများသို့ ရိက္ခာများ ပို့ဆောင်နေဆဲဖြစ်ပြီး ထို့ရိက္ခာများသွယ်ရန်အတွက် ဒေသခံရွာသူရွာသားများကို နေ့စဉ်လိုလို ခေါ်ယူခိုင်းစေသည့် အပြင် စစ်ကြောင်းများ သွားရာလမ်းများတွင်လည်း မိုင်းရှင်းလင်းရန်အတွက် ရွာသူရွာသားများကို ခေါ်ယူအသုံးပြု လျှက်ရှိကြောင်း တောင်ငူဒေသံများ၏ ပြောပြချက်အရ သိရသည်။

တိုက်ပွဲနှင့် လူ့ အခွင့်အရေး ချို့ ဖေါက်မှုသတင်း 2.03.2011

ကရင်ပြည်နယ် သံတောင်မြို့ နယ် ခယ်ဒဲကားရွာ အခြေစိုက် လှုပ်ရှားနေသော ခမရ (၄၂၆) ဒုရင်မှူးမှ သဘားဖယ်ရွာသား စောမော်ယွယ်(၄၈ နှစ်)အား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး သံတောင်မြို့ အခြေစိုက် ဘုရင့်နောင်တပ်မြို့ သို့ အရောက်တွင် ၂၆၊ ၂၊ ၂၀၁၁ ရက်နေ့ တွင် သတ်ပစ်လိုက်ကြောင်း သတင်းရရှိပါသည်။

2.03.2011

Tham Hin new refugee restriction-video:Thai Army stop giving food

Thursday, March 3, 2011

Reference: သတင်း ရင်ဆိုင်တိုက်ပွဲနှင့်လူမဆန်မှုသတင်း

1.3.2011

Italian Thai company road construction in Burma (မြိတ်၊ထားဝယ်ဒေသ)

နအဖ စစ်တပ်မှ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တိုက်ပွဲသတင်းများ

ကေအန်ယူ တပ်မဟာ(၂) နယ်မြေ

ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နံက် (၁၀)နာရီအချိန်တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)သည်
ကော်သေးဒဲရွာ၏ ကားလမ်းမပေါ်ကို သွားရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် ရန်သူဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုကို မသိရသေးပါ။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိချေ။


ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ထန်းတပင်မြို့နယ်၊ (ကလောမီးဒဲ) စခန်းအခြေစိုက် ရန်သူ ခလရ(၁၀၂)မှ တပ်ရင်းမှူး မြင့်သန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရွာသား(၁၀) ယောက်ကို အတင်းအဓမ္မ ချောဆွဲပြီး ကလောမီးဒဲစခန်းမှ ကွယ်ဒေးစခန်းအထိ လမ်းတလျှောက် မိုင်းရှင်းခိုင်းခဲ့သည်။


ကေအန်ယူ တပ်မဟာ (၄) နယ်မြေ
ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ်၊ မွန်းလွဲပိုင်း (၃)နာရီခန့် အချိန်တွင် KNU ပြောက်ကျား(၂) အဖွဲ့က ရန်သူ နအဖ တပ်ဖွဲ့နှင့် ယိုပယောတာ့ရွယ် ဒေသမှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူဘက်မှ (၁)ဦး ဒဏ်ရာ ရရှိခဲ့သည်။


အလားတူ ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၊ နံနက် ၁၀ နာရီအချိန်တွင် KNU က ရန်သူ ခလရ (၅၅၈)ကို ထီးဟေထ နေရာတွင် (၁၀)မိနစ်ကြာ သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ရန်သူ နအဖ ဘက်မှ (၂)ယောက်သေပြီး (၃)ယောက် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါသည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါသည်။

ကေအန်ယူ တပ်မဟာ(၅) နယ်မြေ
ဖေဖော်ဝါရီလ ၂၄ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူ၏ တပ်မ (၁၀)လက်အောက်ခံတပ်များက နော်ပလားခို ဒေသမှာသွားရောက်စခန်းချရာတွင် တစ်ချို့တပ်ရင်းသည် သေးဒေရွာတွင် ခရီးတစ်ထောက်နားပြီး ညအချိန်တွင် တယ်ဘိုးဂွင်မှာရှိသော စော်ကဲ့ဒဲ၊ လယ်ကလားပယ်ဟို၊ ထီးမူးထ၊ ဟော့လယ်ထ၊ ပလာ လော့တယ်၊ တယ်နဲ၊ ထီးမီးတော် ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသူ ရွာသားများ ကြောက်လန့်ကာ အသက်အန္တရာယ်အတွက် ညအချိန်မှာပင် တောထဲသို့ ထွက်ပြေး တိမ်းရှောင်ကြရပါသည်။ ရွာသူ ရွာသားများသည် ဘာတစ်ခုမှ ယူဆောင်ရန် အချိန်မရလိုက်သဖြင့် တောထဲတွင် ကလေးသူငယ်များ ဒုက္ခအတိ ရောက်ခဲ့ရကြောင်းလည်း သိရပါသည်။

နောက်တစ်နေ့ဖြစ်သော ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်၊ နံနက် ၇ နာရီခန့်အချိန်တွင် ရန်သူ နအဖ တပ်များသည် ရွာထဲသို့ ၀င်ရောက်ပြီး အိမ်မွေးတိရိစ္ဆာန် ကြက်၊ ၀က်၊ ဘဲနှင့် ရှိသမျှကို ယူဆောင် စားသောက်ကြပြီး ရွာထဲရှိ စပါး ကျီများနှင့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ရန်သူ နအဖ တပ်များသည် ထိုရွာများတွင် ခုချိန်ထိ စခန်းချ ထားကြောင်းလည်း သိရပါသည်။

ထိုနေ့မှာပင် ၁၂ နာရီ ၁၂ မိနစ်အချိန်တွင် KNU တပ်ရင်း (၁၀၂)၊ တပ်ခွဲ(၃)တပ်ဖွဲ့နှင့် ရန်သူ နအဖ တပ်ဖွဲ့တို့သည် လေးဖိုးထရွာ၏ အနောက်ဘက်ခြမ်းရှိ ချောင်းကလေး ကမ်းစပ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ ရန်သူဘက်မှ (၁)ယောက်သေပြီး (၁)ယောက် ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး ထိုနေ့မှာပင် KNU မှ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၅)အဖွဲ့နှင့် ၀င်းမောင်း ရွာမှ ကာကွယ်ရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီး သရက်ပင်ဆိပ်နှင့် သရက်ပင်ဂွကြားရှိ မီးလေးချောင်းကမ်းနားတွင် ရန်သူနအဖတပ်ဖွဲ့ကို ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ (၁)ယောက်သေ၊ (၂)ယောက်ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ KNU တပ်ရင်း(၁၀၂)၊ တပ်ခွဲ (၁)မှ တပ်ဖွဲ့ဝင်များသည် မလေးချောင့်ရွာ၏ ကားလမ်းမပေါ်တွင် ရန်သူ နအဖ တပ်ကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့ရာတွင် ရန်သူဘက်မှ ထိခိုက်သေဆုံးမှုကို မသိရှိရသေးပါ။ ၄င်းတိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားရာတွင် KNUဘက်မှ ထိခိုက်သေကြေမှု မရှိကြောင်းလည်း သိရပါသည်။

ဖေဖော်ဝါရီလ ၁၈ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ နအဖ တပ်မ (၁၁)အဖွဲ့နှင့် BGF တပ်ရင်း(၁၀၁၄)တို့ ပူးပေါင်းပြီး စခန်းအမိုး မိုးရန်အတွက် ဒေးမူရွာမှ အင်ဖက် အပြစ်(၄၀၀၀၀)၊ ကွီးနက်ရွာမှ အင်ဖက် အပြစ် (၄၀၀၀၀)၊ ထီးဂေးလိုရွာမှ (၄၀၀၀၀)၊ မယ်ညောရွာမှ ဖက် အပြစ်(၄၀၀၀၀)နှင့် လေးဖိုးဟောရွာမှ ဖက်အပြစ်(၂၀၀၀၀) တို့ကို အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း သတင်းရရှိပါသည်။ ထို့ပြင် မယ်မွဲကျေးရွာမှ ၀ါးပိုးအလုံး(၃၅၀)၊ ညတေလိုရွာမှ ငွေ (၄၆၀၀၀၀)ကျပ်နှင့် ၀ါးခလုကို့ရွာမှ (၂၆၀၀၀၀)ကျပ်ကို တောင်းခံခဲ့သည်။

နအဖ တပ်မ(၁၁) နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်၊ မဲပါရွာအနီး တ၀ိုက်တွင် မိုင်းများစွာ ထောင်ထားသောကြောင့် ရွာသူရွာသားများသည် တခြားဒေသများသို့ မသွားရောက်နိုင်ကြပဲ မိသားစု (၁၄)စုနှင့် ရွာသူ/သားပေါင်း (၈၄)ယောက်က ပိတ်မိနေကြောင်း သတင်းရရှိပါသည်။

ကေအန်ယူ တပ်မဟာ(၇) နယ်မြေ
ဖေဖော်ဝါရီလ ၂၃ ရက် ၂၀၁၁ ခုနှစ် နေ့တွင် ရန်သူနအဖ ခလရ(၆၂)တပ်ဖွဲနှင့် KNU မှ ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာကလိုးနီတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖမှ (၃)ယောက်သေပြီး (၂)ယောက် ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၁ ခုနှစ်တွင်မူ နအဖ မှ ခလရ(၆၂)အဖွဲ့နှင့် KNU ပြောက်ကျားတပ်ဖွဲ့တို့ ကလို့ရွာ တရောတွင် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ နအဖ ဘက်မှ (၁)ယောက် ကျဆုံးသွားပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ်တွင် ရန်သူ၏ ထို ခလရ (၆၂)အဖွဲ့နှင့် KNU တပ်ဖွဲ့ဝင်တို့ တိုက်ပွဲ ဖြစ်ပွားပြန်ရာ နအဖ မှ (၂)ယောက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

Dawei Special Economic Zone Law

the Dawei Special Economic Zone Law

Wednesday, March 2, 2011

KAREN NATIONAL LEAGUE (JAPAN) မှတာဝန်ခံစောဘလှသိန်းမိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းကြေကွဲခြင်း


ဦးစောရဲလို(ခ)စကောထေဘော၏သ္မီးအကြီးဆုံး၊ ကရင်အမျိုးသားများအတွက်တိုက်ပွဲဝင်နေရင်းကျဆုံးသွားပြီး၊ကရင်သမိုင်းတွင်ကရင်အာဇာနည်တဦးအဖြစ်
အသိအမှတ်ပြုခြင်းခံရသော စကောမောလေး(ခ)စောမောင်မောင်သန်း၏အမ ၊ သားသ္မီး ၄ ယောက်၏မိခင် ၊
စောဘလှသိန်းအပါအဝင်မြေး ရ ယောက်၏အဖွား ၊ မြစ် ၅ ယောက်၏အဖွားကြီးဖြစ်သူ
( Daw Liberty Thein (ခ) နော်တင်တင်ညွှန့်အသက် (၉၅) နှစ်)သည်အမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်တွင်၁၇-၂-၂၀၁၁(ကြာသပတေး )နေ့တွင်ခရစ်တော်၌အိပ်ပျော်၍ဘုန်းတော်ဝင်စားသွားပြီဖြစ်ကြောင်းသိရသည့်အတွက် ကျန်ရစ်သော
မိသားစုနှင့်အတူKAREN NATIONAL LEAGUE (JAPAN) အဖွဲ့သူအဖွဲ့သားများမှလည်းဝမ်းနည်းကြေကွဲမိပါသည်၊၊

a blind mans letter 0001

တိုက်ပွဲ နှင့် လူ့ အခွင့်ရေး ချိုးဖေါက်မှုသတင်း

March 1, 2011
တိုက်ပွဲ နှင့် လူ့ အခွင့်ရေး ချိုးဖေါက်မှုသတင်း

NEW REPORT BNI:HobSons Choice -Burmas 2010 Election


March 1, 2011

“The book is extremely readable,” says Khuensai Jaiyen, Editor of the Shan Herald Agency for News (SHAN), a member organization of BNI. “Half of it is just lists and references, so the reader need spend only a few hours to go through it. It should be a must for nosy people like me who are too lazy to read.”

HobSons Choice -Burmas 2010 Election-,BNI

ဒီကေဘီအေ ဗိုလ်မှူးချုပ် စောလားဘွယ်ရဲ့ လတ်တလော နိုင်ငံရေးအမြင် သဘောထားများ



နယ်ခြားစောင့်တပ်အပေါ် ဗိုလ်မှူးချုပ်စောလားဘွယ် သဘောထား

အမှန်တကယ်တော့ DKBA နဲ့ BGF က အတူတူဘဲ၊ သဘောတား တခုထဲဘဲ။ ဒီ နအဖ ရဲ့ သွေးခွဲတဲ့ မက်လုံးနဲ့ တဖက်က မိသားစု အခက်အခဲ၊ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဖြစ်ရတာ။ BGF ဖြစ်သွားတဲ့ ကျနော်တို့ ရဲဘော်တွေ အပေါ်မှာ ကျနော်နားလည်တယ်။ ကျနော့် ရဲဘော်ရဲဘက်တွေလိုဘဲ သဘောထားပါတယ်။ အခြေအနေ တခုကြောင့်သာ သူတို့လုပ်ရတာ ဖြစ်ပါတယ်။ တချိန်မှာ ကျနော်တို့အားလုံး ပြန်လည် ပေါင်းစည်နိုင်ကြမှာပါ။

BGF လုပ်လိုက်ရင် ဘာဖြစ်မလဲ၊

ကျနော်တို့ တိုင်းရင်းသားတွေက နအဖ လုပ်ခိုင်းတဲ့ BGF လုပ်လိုက်ရင် ကျနော်တို့ရဲ့ တိုင်းရင်းသား လက်ခဏာတွေ ပျောက်ကုန်မယ်။ ကရင်ဆိုရင် ကရင့်အမျိုးသား လက္ခဏာ ပျောက်သွားမယ်။ ဥက္ကဌ ကြီးစောဘဦးကြီးမူ (၄) ချက်လည်း ပျောက်သွားမယ်။ အဲဒီလိုဘဲ မွန်၊ ကချင်၊ ရှမ်း သူတို့ လုပ်ရင် သူတို့ရဲ့ အမျိုးသားရေး လက္ခဏာ ပျောက်သွားမယ်။

နအဖ တပ်မှူးတပ်သားများအပေါ် သဘောထား

ဒီ နအဖ တပ်မှူး တပ်သားတွေအပေါ်မှာလည်း ကျနော်နားလည်တယ်။ မေတ္တာ ထားတယ်။ ကျနော့်ညီအကို မောင်နှမသားချင်းတွေလို သဘောထားတယ်။ အထက်က သူတို့ ခေါင်းဆောင်တွေခိုင်းလို့ လုပ်ရတာဆိုတာ ကျနော်သိတယ်။ ကျနော်တို့ မတိုက်ချင်ဘူး။ ကျနော်တို့ကို လာတိုက်လို့ ကျနော်တို့ ခုခံကာကွယ်နေရတာပါ။

နယ်စပ်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ

ကျနော်တို့ နယ်စပ်တလျှောက်မှာရှိတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စည်းလုံး ညီညွတ်ရမယ်။ တဖွဲ့ကိုထိရင် ကျန်တဲ့အဖွဲ့တွေက ဒါ ငါနဲ့မဆိုင်ဘူး၊ ငါ့ကို လာတိုက်တာ မဟုတ်ဘူး၊ အဲ့ဒီလို နေလို့ မရဘူး။ တဖွဲ့ကိုထိတာနဲ့ ကျန်တဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကလည်း စစ်ရေးအရရော၊ နိုင်ငံရေးအရပါ ဝိုင်းတိုက်ရမယ်။ ဒါမှ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီရမယ်။ ဥပမာပြောရရင် ကျွဲတကောင်ကို တယောက်ထဲ သယ်လို့ မရဘူး။ တပိုင်းစီ ခုတ်ထစ်ပြီး ဝိုင်းသယ်မှရမယ်။ အဲ့ဒီလိုဘဲ ဒီမိုကရေစီကို ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲ၊ ကျနော်တို့ တိုင်းရင်းသားတဖွဲ့ထဲ လုပ်လို့မရဘူး။ တိုင်းရင်းသားတွေအားလုံး ညီညီညွတ်ညွတ်နဲ့ စုပေါင်းပြီး ဝိုင်းလုပ်ကြမှရမှာပါ။

အင်းစိန်ဗုံး ၈ ဦး ဒဏ်ရာရ

27 February 2011


မဇ္ဈိမသတင်းဌာန

ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ ညတွင် ဖြစ်ပွားခဲ့ရာ ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။

ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျ အိမ်ယာဝင်းရှိ ကွမ်းယာဆိုင်တဆိုင်ရှေ့တွင် ည ၇ နာရီကျော်၌ ပေါက်ကွဲခြင်းဖြစ်ပြီး၊ ဒဏ်ရာရသူများတွင် ၃ နှစ်အရွယ် မငြိမ်းငြိမ်းထွန်းနှင့် ၁၃ နှစ်အရွယ် မောင်ဇော်မင်းထိုက် ပါဝင်သည်။


ကျန်ဒဏ်ရာရသူများမှာ ကိုဇော်မင်းထွန်း၊ မကေသီမျိုးကျော်၊ မဝင်းပပကျော်၊ မောင်တင့်လွင်ဦး၊ မောင်ထွန်းထွန်း၊ မသင်းသင်းတို့ဖြစ်ပြီး အင်းစိန်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။

ဗုံးသယ်ဆောင်လာသူဟု ရဲက စွပ်စွဲထားသူမှာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မင်းထွန်းဖြစ်ပြီး ကွမ်းယာဝယ်နေစဉ် ပေါက်ကွဲခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသော ဗုံးတလုံးကိုလည်း ထပ်မံ တွေ့ရှိရကြောင်း ရဲက ပြောသည်



Tuesday, March 1, 2011

ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)မှ ဦးဆောင်ပြီး ဥရောပ၊အာရှနှင့် အမေရိကတိုက်တို့မှနိုင်ငံပေါင်း၁၆ နိုင်ငံရှိကရင်လူမှုအဖွဲ့အစည်း ၃၁ ခု ပူးပေါင်းတောင်းဆို

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းမှ ကရင်ပြည်နယ်အတွင်း စစ်အစိုးရ၏ထိုးစစ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်စဲရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ပေးရန် ကရင်လူထု ၈၄,ဝဝဝ ဦးက လက်မှတ်ရေးထိုး ပြီးအောက်ပါအဖွဲ့အစည်း ၃၁ ဖွဲ့များမှလည်းတောင်းဆိုလိုက်သည်၊၊

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ဦးဆောင်ပြီး ဥရောပ၊ အာရှနှင့် အမေရိကတိုက်တို့မှ နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ ကရင်လူမှုအဖွဲ့အစည်း ၃၁ ခု ပူးပေါင်းဆောင်ရွက်ထားသည့် တောင်းဆိုမှုကို မစ္စတာဘန်ကီမွန်းနှင့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွမ်း၊ သြစတြေးလျဝန်ကြီးချုပ် မစ္စဂျူလီယာ ဂေးလဒ်တို့ အပါအဝင် နိုင်ငံ ၈ နိုင်ငံမှ ခေါင်းဆောင်များထံ ယနေ့ ပေးပို့မည်ဟု ကေအန်ယူက ထုတ်ပြန်သည်။


KNU Letter to Ban Ki-moom in Karen Language

KNU letter to Ban Ki-moon 28th February 2011 with signiture
KNU Letter to Ban Ki-moom in Burmese Language
84,000 Karen Civilians Call on Ban Ki-moon to Help Stop Attacks in Burma in Karen Launguage
Karen Organisations' endorsement letter to Ban Ki-moon + UKC (2)

Monday, February 28, 2011

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို

သဲသဲ | စနေနေ့၊ ဖေဖေါ်ဝါရီလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၆ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“စစ်တပ်က လူထုတွေကိုသုံးပြီး အမျိုးမျိုး အနိုင်ကျင့်တယ်။ ဒါကိုဆက်လုပ်မယ်ဆိုရင် တိုင်းရင်းသားတွေက ဒီ့ထက် ပိုပြီး ခံစားနေရမှာ။ အဲဒါကြောင့် နိုင်ငံတကာက နအဖကို အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့၊ ဖိအားပေးဖို့ ကျမတို့က တောင်းဆိုတာ” ဟု KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

သုံးပွင့်ဆိုင်ဆွေးနွေးရေးအတွက် KNU နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဆင့်သင့်ရှိနေကြောင်း ကြေညာချက်က ဆိုသည်။ ထို့ပြင် KNU ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးနေကြောင်း စစ်အစိုးရအာဘော် သတင်းစာများတွင် ဖော်ပြလေ့ရှိပြီး၊ ၎င်းဖော်ပြချက်မှာ အခြေအမြစ် မရှိသည့် စွပ်စွဲချက်များဟုလည်း ကြေညာချက်ထဲတွင် ငြင်းဆိုထားသည်။

စစ်အစိုးတပ်များကသာ အရပ်သားများကို လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း၊ ရှေ့တန်းစစ်ဆင်ရေးများတွင် ဒေသခံပြည်သူများကို ရိက္ခာသယ်ရန် ပေါ်တာဆွဲခြင်းများကို ပြုလုပ်လျက်ရှိသည်ဟု နော်စီဖိုးရာစိန်က မဇ္ဈိမကို ပြောသည်။

နအဖ တပ်များကသာ အရပ်သားများကို ပစ်ခတ်မှုကိုခွင့်ပြုထားပြီး စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်းများ ရှိကြောင်းနှင့် KNU အနေဖြင့် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာလျှင် တိုင်းရင်းသား လက်နက်ကိုင်များပူးပေါင်းကာ ပြန်လည်ကာကွယ်သွားမည်ဟု ဆိုသည်။

KNU သည် နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆိုခဲ့ပြီိး ထိုင်း-မြန်မာနယ်စပ်တွင် ခြေကုပ်ယူလှုပ်ရှားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ပြည်သူများကို ငဲ့ကွက်ခြင်းမရှိသည့် စစ်အစိုးရ၏ သဘောထားတင်းမာမှုကြောင့်သာ တွေ့ဆုံဆွေးနွေးရေးမှာ ခက်ခဲနေဆဲဖြစ်သည်ဟု တရုတ်အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“လူ့အခွင့်အရေး တစက်မှ နားမလည်တဲ့၊ လူမျိုးရေးစိတ်နဲ့ ဖြေရှင်းနေတဲ့ စစ်တပ်နဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ နိုင်ငံတကာ ဖိအားမပါဘဲ မရနိုင်ဘူး။ ပြည်တွင်းစစ်အကြောင်းပြပြီး စစ်တပ်ကြီးကြီး ထောင်ထားမယ်၊ စစ်တပ်ကြီးကြီးနဲ့ တိုင်းပြည်ကို လုပ်ချင်သလို လုပ်မယ်။ ဒါ့ကြောင့် သူတို့က ပြည်တွင်းစစ်ကို မရပ်စဲချင်ဘူး။ သူတို့သဘောနဲ့ သူတို့တော့ စားပွဲဝိုင်းကို လာမှာမဟုတ်ဘူး” ဟု မဇ္ဈိမကို သုံးသပ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အတိုက်အခံပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရကို ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ တောင်းဆိုနေကြသော်လည်း ယနေ့အထိ အကောင်အထည်ဖော်ခြင်း မရှိပေ။

နှစ်ပေါင်း ၂၀ ကျော်အပြီး ထွက်ပေါ်လာသည့် လွှတ်တော်က တင်မြှောက်သည့် သမ္မတထွက်ပေါ်လာချိန်ကလည်း ကုလအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် ယခုလ ၄ ရက်နေ့တွင် စစ်အစိုးရကို ထပ်မံတောင်းဆိုခဲ့သေးသည်။

စစ်အစိုးရက ပြီးခဲ့သည့်နှစ် မေလမှစ၍ ငြိမ်းချမ်းရေးယူထားသည့် အပစ်ရပ်အဖွဲ့များကို စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန်အတွက် ဖိအားပေးခဲ့သည့်နောက်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား သဘောထားတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

“၀”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA၊ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA-S၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရေစီ မဟမိတ်အဖွဲ့ NDAA တို့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်ထားကြသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်အစိုးရတပ်များနှင့် ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တွေ့ဆုံဆွေးနွေးရေးအတွက် တဖက်တွင် တောင်းဆိုနေသော်လည်း စစ်အစိုးရက စစ်ရေးဖြင့် ဖိအားပေးလာပါက ကာကွယ်ရန်အတွက် တိုင်းရင်းသားအဖွဲ့ ၁၂ ဖွဲ့ ပါဝင်သည့် “ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ” (United Nationalities Federal Council-Union of Burma) ကို ယခုလ ၁၇ ရက်နေ့တွင် ဖွဲ့စည်းခဲ့သေးသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းသည့် အဆိုပါကောင်စီတွင် အပစ်မရပ်နှင့် အပစ်ရပ် အဖွဲ့များသာမက ပြည်ပအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်းအချို့လည်း ပါရှိသည်။

ရာမာ karen song

„Karen Human Rights Group | KHRG Photo Gallery 2010-B “

„Karen Human Rights Group | KHRG Photo Gallery 2010-B "