Friday, May 4, 2012

UNFC တိုင်းရင်းသား ခေါင်းဆောင် ဒုဥက္ကဋ္ဌ ဒေဗစ်သာကဘော နှင့် ဂျပန်နိုင်ငံရောက် ကရင်မိသားစု နှီးနှော မိတ်ဆုံစားပွဲ


ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ပါမောက္ခချူပ် ဦးညီညီစံအာဏာနှင့် လုပ်ပိုင်ခွင့်များကိုအလွဲသုံးစား ပြုလုပ်နေ

ကိုရဲရင့်ငယ် (ကနေဒါ)  ခင်ဗျား Assembly Hall of CICS ( Upper Myanmar ) ဒီသတင်းကတော့ အနှိပ်စက်ခံ ၀န်ထမ်းများသာမက မှီခိုမိသားစု၊ နှင့်အတူဆက်နွယ်တဲ့ လူအားလုံးပညာသားပါပါနှိပ်စက်ခံနေရတဲ့ ဖြစ်ရပ်များကိုတိုင်ကြားပေးပို့တာဖြစ်ပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချူပ် ဦးညီညီစံသည် အာဏာ နှင့် လုပ်ပိုင်ခွင့်များကိုအလွဲသုံးစား ပြုလုပ်နေခြင်း၊ ကျွန်တော်တို့ ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရှိဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) မှ ဝန်ထမ်းများ၊မှီခိုမိသားစုများ နှင့် ပတ်ဝန်းကျင်ရှိရွာသူ/သားများမှာအောက်ပါ အခက်အခဲများတွေ့လျှက် ဒုက္ခရောက်နေရပါသည်။ ဤအခက်အခဲများမှာအောက်ပါအတိုင်းအဆင့်ဆင့် ဖြစ်ပေါ်နေလျှက်ရှိပါသည်။ တိုင်စာမူရင်းမှာ (ပူးတွဲဖိုင်အားဖွင့်ကြည့်ရန်) “မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ဇီးပင်ကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချူပ် ဦးညီညီစံအားပြောင်းရွှေ့ပေးပါရန် နှင့်ထိရောက်စွာအရေးယူပေးပါရန်”၇.၁၂.၂၀၁၁ နေ့ ရက်စွဲဖြင့် ဥက္ကဋ္ဌ (ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး၊ နေပြည်တော်)သို့တိုင်ကြားထားပြီးမိတ္တူ ကိုအောက်ပါရုံးများသို့ အသီးသီးပို့ထားပါသည်။ -နိုင်ငံတော် သမ္မတရုံး၊ နေပြည်တော် -နိုင်ငံတော် ဒုတိယသမ္မတရုံး၊ နေပြည်တော် -ပြည်ထဲရေး ၀န်ကြီး၊ ပြည်ထဲရေးရုံး၊နေပြည်တော် -ပြည်ထောင်စုတရားသူကြီးချုပ်၊တရားသူကြီးချုပ်ရုံး၊ နေပြည်တော် -ပြည်ထောင်စုရှေ့နေချုပ် ၊ ရှေ့နေချုပ်ရုံး၊ နေပြည်တော် -မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ မန္တလေးမြို့ -စစ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် -စစ်ဗျူဟာမှူး၊ အလယ်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် -တပ်နယ်မှူး၊ ပြင်ဦးလွင်မြို့ -ကျောင်းအုပ်ကြီး၊ ရဲဗဟိုလေ့ကျင့်ရေးကျောင်း -ကျောင်းအုပ်ကြီး၊ ဗဟိုမီးသတ်သင်တန်းကျောင်း ထိုတိုင်ကြားချက်ကို ၁၆.၁.၂၀၁၂ နေ့တွင် ဒုဝန်ကြီး နှင့် အဖွဲ့လာရောက် စစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် တိုင်စာပါဌာနမှ သက်ဆိုင်ရာလူကြီးများကိုခေါ်၍ တိုင်စာပါ အချက်အလက်များမှာမဟုတ်ကြောင်းလက်မှတ်ထိုးခိုင်းခဲ့ပါသည်။ ဒုဝန်ကြီးဦးဝင်းမြင့်(စာရေးဆရာ-လှိုင်သင်း)ကလည်း ပြင်ဦးလွင် စစ်အင်ဂျီနီယာတက္ကသိုလ်(D.S.T.A)တွင် ယခုပါချုပ်နှင့် အတူတာဝန်ထမ်းဘူးသောဆရာရင်းတပည့်ရင်းဝန်ကြီးဦးကျော်သူမှာလည်းယခုပါချုပ်နှင့် ဆရာရင်းတပည့်ရင်း ဖြစ်နေပါသဖြင့် မည့်သည့် အရေးယူမှုမှ ထိထိရောက်ရောက် မပြုလုပ်ခဲ့ပါ။ ၎င်းအပြင် ဒုဝန်ကြီး နှင့် အဖွဲ့ကတိုင်စာဆိုလျှင် By Name နာမည်နှင့်တိုင် By Name နာမည်မပါလျှင် ပစ်စာဖြစ်သည့်အတွက်ကြောင့် အမှိုက်ပုံးထဲပစ်မှာဘဲဟုလူမိုက်အားပေးပြောသွားပါသည်။ ထိုနောက်ပိုင်း၌ ယခုပါချုပ် ဦးညီညီစံသည် ပိုမိုမိုက်ရိုင်းလာကာသတ္တိရှိရင် By Name နာမည်နှင့်တိုင် မတိုင်ရဲရင် ဘာမျှမလုပ်နဲ့ ဒီကျောင်းမှာငါအကြီးဆုံးငါလုပ်တာကိုလက်ခံငါပြောတာကိုနားထောင် ရမည်ဟုပြောပါသည်။ By Name နာမည်နှင့်တိုင်လျှင်လည်းငါဟာဝန်ကြီးဦးကျော်သူရဲ့တပည့်ရင်း ဒါ့ကြောင့် တိုင်တဲ့ကောင် ပြုတ်မှာဘဲဟုပြောဆိုနေပါသည်။ ကျွန်တော်တို့ ဝန်ထမ်းများမှာBy Name နာမည်နှင့်တိုင်လျှင်လည်းကျောက်နံရံခေါင်းနှင့် ဆောင့်ရသလို ဖြစ်နေ၍ မတိုင်ရဲပါ။ ထိုသည်ကိုအခွင့်ကောင်းယူလျှက်ဆက်လက်၍လုပ်ပိုင်ခွင့်နှင့်အာဏာကိုအလွဲသုံးစားပြုသောကြောင့် အောက်ပါအတိုင်းထပ်မံရမ်းကားမှု ဆိုးကျိုးများဆက်တိုက် ဖြစ်ပေါ်နေပါသည်။ က။     ကျောင်းမိန့် တစ်စုံတစ်ရာမထုတ်ဘဲ (အမိန့် တစ်ခုခုထုတ်ပါကကျောင်းဆီးတံဆိပ် ရိုက်ကာအမိန့်စာထုတ်ပေးရပါသည်) ကျောင်းဝန်းထဲဆိုင်ကယ်စီးလျှင် ဦးထုပ်ပါရမည် (တည်ဆဲဥပဒေကိုအခွင့်ကောင်းယူလျှက်)မပါသောသူကိုတွေ့လျှင် ရဲများကိုဖမ်းခိုင်းလျှက် တစ်ဦးလျှင် (၁၅၀၀)ကျပ် နှစ်ဦးဆိုလျှင် (၃၀၀၀)ဒဏ်ရိုက်ပါသည်။ ယာဉ်ထိမ်းရဲများတောင် ဖမ်း၍ ဒဏ်ငွေမဆောင်ခိုင်းပါ။ ဘောက်ချာလက်မှတ် ဖြတ်ပြီးတရားရုံးသွားခိုင်းပါသည်။ ပါချုပ်ဦးညီညီစံမှာဤကျောင်းတွင် ငါအကြီးဆုံးငါလုပ်ချင်တာလုပ်မည်ဟုပြောဆိုလျှက် တရားစီရင်ပိုင်ခွင့်မရှိပါဘဲဒဏ်ငွေဆောင်ခိုင်းနေပါသည် ၎င်းဒဏ်ငွေများလည်းဘယ်ရောက်သည်မသိပါ။ ရဲအုပ်ဝင်းဇော်မိုးဦးစီးသောကျောင်းမှရဲများ(ဗ.ဝ.တပေါက်ရဲများ) နှင့် ဌာနမှူး(စီမံ) ဦးအောင်လင်း၊ဌာနကြီးမှူး(စီမံ) ဦးတင်ရွှေ တို့ကလည်းဥပဒေနားမလည်ဘဲဦးထုပ်မပါသောဆိုင်ကယ်သမားတွေ့က ဓါးမြတွေ့သည့်အတိုင်းဆိုင်ကယ်များနှင့် ဝိုင်းလိုက်ကြကာအတင်းအဓမ္မ ဒဏ်ငွေဆောင်ခိုင်းနေပါသည်။ဆိုးရွားသောအချို့ရဲများမှာ (မိမိတို့မမြင်လိုက်၍လွတ်သွားသော)ဒဏ်မဆောင်ရသေးသူများကိုအိမ်တိုင် ယာရောက် နံနက်စောစောမကျန် အကြွေးတောင်းသလိုလိုက်တောင်းနေပါသည်။ ခ။      ဝန်ထမ်းလိုင်းနှင့် ရုံးမှာအတော်ဝေးပါသည် ဖယ်ရီကားရှိသော်လည်းမမှီ၍၎င်း အခြားကိစ္စ ရှိ၍၎င်း သွားစရာရှိလျှင် ဆိုင်ကယ်ကြုံအားကိုးရပါသည် ဝန်ထမ်းများမှာလည်းလူတိုင်းဆိုင်ကယ်မစီးနိုင်ကြပါ ယခုအခါ ဦးထုပ်မပါလျှင် ဖမ်းသဖြင့် မည်သူမှ အကြုံမတင်တော့ပါ အခက်အခဲအတော်တွေ့ရပါသည်။ ဂ။      သုံးယောက်စီးလျှင်လည်းဖမ်း၍ဒဏ်ရိုက်ရာနေမကောင်းသောသူများကိုဆိုင်ကယ်ဖြင့် ပို့လျှင် မောင်းသူတစ်ယောက်၊လူနာ(ထိုလူနာမထိုင်နိုင်လျှင်) နောက်မှတစ်ယောက် စီး၍ဆေးခန်းသွားရာတွင် အခက်အခဲအတော်တွေ့ရပါသည်။အောက်ခြေဝန်ထမ်းများဖြစ်၍လည်းကားမငှါးနိုင်ကြပါ။ ဃ။     အနီးအနားမှ ဧည့်တွေ့လာလျှင်လည်းဦးထုပ်မပါလျှင် ဝင်ခွင့်မပြုပါ။ သင်တန်းလာတက်ရသောဝန်ထမ်းများမှာခရီးဝေးလျှင် ဧည့်တွေ့မလာနိုင်ပါ။ အနီးဝန်းကျင်မှ အသိများကိုခိုင်းရပါသည် အနီးဝန်းကျင်ရွာသားအများစုမှာဦးထုပ်မဆောင်းကြပါ။ ခရီးဝေးမှ လာသူလည်းဦးထုပ်မပါလျှင် မဝင်ရပါ။အဝင်ဂိတ်များတွင် “ဦးထုပ်မဆောင်းလျှင် မဝင်ရ”ဟုသတိပေးဆိုင်းဘုတ် ရေးသင့်ပါသည် သို့သော် လုံးဝ(လုံးဝ) မည်သည့်ဂိတ်တွင်မှ မရေးပါ။ င။      ယခုပါချုပ်ဦးညီညီစံလက်ထက်တွင် ဂိတ်ဝမှဖြတ်လျှင် ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင် မှတ်ပုံတင်များကိုတောင်းနေပါသည်။လိုင်စင်ပေးရသည်မှာကိစ္စမရှိပါ။သို့သော် ပြန်တောင်းသောအခါတွင် မုန့်ဖိုးမပေးပါက ပြန်မပေးချင်ပါ။မိမိတို့မှာလည်းလိုင်စင်မရမှာစိုး၍ မုန့်ဖိုးပေးခဲ့ရပါသည်။ တိုင်ပြန်ကလည်းမသိချင်ယောင်ဆောင်နေပါသည် ယခုဆိုလျှင် ဗ.ဝ.တဂိတ်တွင်မက ၂၄မိုင်ဂိတ်(လုံခြုံရေးအတွက် ရဲများအစောင့်မချဘဲဝန်ထမ်းများကိုအစောင့်ချထားသည်)တွင်ပါ စကားပြောစက်ကိုင်ပြီးဗိုလ်လေးဟုရဲဟန်ဆောင်ကာဝန်ထမ်းမောင်နှဲကြီး(ပါချုပ်အိမ် ကားမောင်းသူ)ဦးစီးလျှက် တပ်ရဲမောင်ရဲဝင်းအပါအဝင် ဝန်ထမ်းနှင့်ရဲပေါင်း(၂၀)ခန့် (ညအခါ ပို၍လူများသည်)လားရှိုး၊မူဆယ်မှ ဆင်းလာသောဆိုင်ကယ်ကယ်ရီများကိုငွေတောင်းနေပါသည်။ မပေးသောဆိုင်ကယ်များကိုအောင်ဖက်(၂၁)မိုင် အထက်ဖက် (၆)ထပ်ကွေ့ကျော်ထိလေးငါးစီးဝိုင်းလိုက်ကာ ခြိမ်းခြောက်ငွေတောင်းနေပါသည်။ တိုင်ပြန်သော်လည်းပါချုပ်တပည့်ရင်းမောင်နှဲကြီး ဖြစ်နေသဖြင့် ပါချုပ်အပါအဝင် မည်သူမှ အရေးမယူပါ။ မှတ်ပုံတင်မှာလည်းအတော်အတန် ခရီးတိုဟိုနားဒီနာသွားလျှင် မည်သူမှမယူခဲ့ကြပါ။ (ပျောက်သွားပါက ပြန်လုပ်ရန် မလွယ်ကြောင်းလူတိုင်းသိပါသည်။)အခက်အခဲအတော်တွေ့နေရပါသည်။ယခင်ကကား၊ဆိုင်ကယ် နံပါတ် နှင့် လူနာမည်မေးကာမှတ်ပြီးလျှင် ဝင်သောဂိတ်မှ ပြန်ထွက်ရန်  မှာလျှက်လွှတ်လိုက်သည်မှာအတော်အဆင်ပြေပါသည်။ စ။      ဧည့်တွေ့လာသောဆိုင်ကယ်များကားများတွင် ခွပ်ဒေါင်းစတစ်ကာ (လိုဂိုသေးသေးလေး)ကပ်ထားပါကဝင်ခွင့်လုံးဝမပေးပါ ပါမောက္ခချုပ် ဦးညီညီစံမှ အမိန့်ပေးထားသည်ဟုပြောပါသည်။ ဤသည်မှာတရားဝင်မှတ်ပုံတင်ထားသောပါတီကိုလက်မခံရာရောက်သဖြင့် တည်ဆဲဥပဒေကို ကျူးလွန်နေပါသည်။ ဆ။     ဝန်ထမ်းလိုင်းခန်းများ၌ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံလုံးဝမချိတ်ရဟုပြောဆိုပြီးလိုက်လံဖြုတ်သိမ်းခိုင်းနေပါသည်။ ဇ။      မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ဇီးပင်ကြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ပါမောက္ခချူပ် ဦးညီညီစံသည် လက်ချာလာပို့ချသောလူကြီးများအား ကြို-ပို့ရန် ပေးထားသော PARJERO မော်တော်ယာဉ်၂-စီးကို သူကိုယ်တိုင်-၁စီး(အိမ်တွင်လည်းရုံးတက်ရန်နှင့် အိမ်သုံးရန်-၂စီးရှိပြီး)၊ ဇနီးမိန်းမက-၁စီး၊ အသီးသီးယူသုံးထားပါသည်။ သမီးဖြစ်သူဘုရားဖူးလည်ပတ်ရန်အတွက် ကျောင်းပိုင်မော်တော်ယာဉ်-၄စီးကို ဆီအပြည့်ဖြည့်ကာစားသောက်စရိက်ရောသုံးစရိက်ပါ ပေးရသည့်အပြင် ကားဆရာ(ဒရိုင်ဘာ)ကိုလည်းအစေခံ(ကျွန်)လိုလူရှေ့သူရှေ့မရှောင် မိုက်ရိုင်းစွာပြောဆိုဆက်ဆံခိုင်းစေနေပါသည်။ ဈ။      ဟိုးယခင် ဗဟိုဝန်ထမ်းတက္ကသိုလ် ဒုချုပ် နှင့် ဌာနကြီးမှူးများသုံးရန်အတွက် ကျောင်း(ဗ.ဝ.တ)မှကျောင်းပိုင်အဖြစ်ပေးထားသော Hand Phoneများကို ဇနီးမိန်းမက-၁လုံး၊ ဆေးကျောင်းတက်နေသော သမီးအကြီးက-၁လုံး၊ စစ်ကိုင်းတိုင်း၊ရွာသစ်ကြီးတွင် ဆယ်တန်းတက်နေသော သမီးအငယ်က-၁လုံး ကိုယ်ကျိုးအတွက် သုံးစွဲနေကာရာထူးလက်ကိုင်ရှိသောလူကြီးများ(ဒုချုပ်၊ဌာနကြီးမှူး--စသည့်သူများ)မှာသုံးစွဲခွင့် မရကြပါ။ စသည်တို့ဆက်လက်လုပ်ကိုင်နေပါသဖြင့် ဝန်ထမ်းနှင့် မှီခိုမိသားစုများပါမကသင်တန်းသူ/သားများကိုလာရောက်တွေ့ဆုံရသောဧည့်တွေ့များ၊ကားသမားများ၊ ဆိုင်ကယ် သမားများပါ အခက်တွေ့နေရပါသည်။ ကိုရဲရင့်ငယ် (ကနေဒါ)   မှတဆင့် သမ္မတကြီးနှင့် အခြားသူများပါသိအောင် ရင်ဖွင့်တင်ပြပါသည်။ ပညာသားပါပါနှိပ်စက်ခံနေရသူများ။ အများအတွက် တိုင်ကြားပေးရန်ပေါ်ပေါက်လာတိုင်းပေးပို့ပေးမှာဖြစ်ပါတယ်။ Media ရဲ့ မှတ်ကျောက်တင် အကျိုးပြု ဖြစ်ထွန်းအောင်မြင်မှုကိုလည်း ပြန်လည် သတင်းပို့ပေးမှာ ဖြစ်ပါသောကြောင့် အားလုံး ၀မ်းမြောက်ဂုဏ်ယူ နိုင်ကြပါစေ ခင်ဗျား။ ခင်မင် ယုံကြည်စွာဖြင့် ချမ်းသာ၊ကိုယ်စိတ် မြဲပါစေ၊ စိန်စိန်မိုး (အများအတွက် သတင်းလောကဖြင့် ကူညီသူ)


download file here











အဘရဲ့အရူးကွက်

ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံ

The Voice Weekly
ဓါတ်ပုံ - အောင်စိုး

KNU and Burmese Government Peace Talk, part 6

DKBA Leader to Surrender or Die: Thai Deputy PM

အခြေအနေက ရှင်းလေ ရှုပ်လေ ဖြစ်နေပြီ။ ရေရှည်ကို တွေးပြီး ပြသနာများကို ငြင်သာစွာ ရင်ဆိုင်ဖြေရှင်းပါ။ ၀ုန်းဒိုင်းကြဲပြီးထပ်လုပ်ရင် အကုန်လုံးမှားကုန်မယ်... GOD Army ရဲ့ နောက်ဆုံးရက်များကိုကြည့်ပြီး သင်္ခန်းစာယူပါ။ ထိုင်းမြေထဲဝင်ရောက်ပြီး စွက်ဖက်ရင် GOD Army အဖွဲ့ လို ဇတ်သိမ်းသွားမည်။ ကံကြမ္မာဆိုတာ တစ်ခါတစ်လေ အမှန်တရားဘက် မရပ်တည်ဘူးဆို တာ GOD Army ဖြစ်စဉ်က သက်သေပြခဲ့ပြီးဖြစ်သည်။

နောက်ဆုံးတိုက်တွန်းချင်တာက မိခင်ကေအဲန်ယူ အစည်းအရုံးကို အမြန်ဆုံးချည်းကပ်ပြီး အကြံအဥာဏ်တောင်းပါလို့  ပြောချင်တယ်။ မိခင်ကေအဲန်ယူဟာ သမိုင်းကြောင်းအရ အစဉ်အလာကောင်းရှိတယ်။ တာတွေကို ထိုင်းကအသိအမှတ်ပြုတယ်။ တချိန်က ဗိုလ်လင်းထိန် မဲဆောက်မြို့ ကို တက်သိမ်းတော့ပြသနာတွေ အကြီးအကျယ်ကြီးထွားခဲ့တယ်။ အဲဒီအချိန်တုန်းက ဗိုလ်ချူပ်မြခေါင်းဆောင်ပြီး ကေအဲန်ယူက နောက်နောင်ဆို ဒီလိုအဖြစ်မျိုး မဖြစ်စေရပါဘူး ဆိုပြီး တာဝန်ယူကတိပေးပြီးတဲ့အချိန်မှ စပြီး ယနေ့ အထိ ကေအဲန်ယူတပ်များနှင့်ထိုင်း ဘာမှ ပြသနာမဖြစ်ရုံမက သူတို့ နိုင်ငံရဲ့လှုံခြုံရေးကို တဖက်တလမ်း အကာအကွယ်ပေးပြီးသားဖြစ်လို့  ထိုင်းတွေဟာ ဗိုလ်ချူပ်မြကို အရမ်းလေးစားသလို ကေအဲန်ယူကို ထိုင်းအစိုးရက အသိအမှတ်ပြုခဲ့ပါသည်။

မောင်ချစ်သူတို့ လို နယ်ခြားစောင့်တပ်အဖြစ်လက်မခံတာ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မြ၀တီကို တက်သိမ်းတာ၊ ဗမာအစိုးရ ကမ္ဘာ့အလယ်မှာ အရှက်ကွဲတာတွေကိုက ဗမာအစိုးရအလိုချင်ဆုံးက ဒီကေဘီအေ ဗိုလ်မှူးချူပ်စောလားဘွယ်ပဲ။ အခုချိန်ကျမှ ထိုင်းအစိုးရက ၀ရမ်းထုတ်တာဟာ ဒီဇတ်ညွန်းရေးဆွဲသူဘယ်သူလည်းဆိုတာ ရှင်းရှင်းလေးပါ။


Saw Lah Pwe told a press conference of Burmese and Thai journalists that he was not involved in the drugs trade. (Photo: Irrawaddy)

Thai Deputy Prime Minister Chalerm Yubamrung claimed on Wednesday to have strong evidence linking Saw Lah Pwe to the drugs trade and told the DKBA faction leader to “surrender or be killed.”

Saw Lah Pwe, the commander of Democratic Karen Buddhist Army (DKBA) Brigade 5, has denied being involved in narcotics trafficking after he was named in the top five of a list of Thailand’s most wanted suspected criminals.

Saw Lah Pwe, otherwise known as Na Kham Mwe, held a press conference at his base in Myawaddy District on May 1 where he denounced Chalerm’s accusations as “groundless.” Chalerm later told reporters in Bangkok that “Saw Lah Pwe should voluntarily come to be arrested in Thailand as soon as possible or otherwise he will be killed in his own area [of Burma].”

Chalerm listed Saw Lah Pwe as one of the most notorious drug lords in Southeast Asia on April 20 and placed a one million baht (US $32,000) bounty on his head. The total reward for the capture of the entire 25-strong list is worth 12 million baht ($388,000) and is offered by Thailand’s Office of the Narcotics Control Board.

Nine years ago, a haul of drugs was seized in Tak Province, western Thailand, just across the border from DKBA-controlled Myawaddy. At that time there were reliable reports that these drugs belonged to Saw Lah Pwe, claims Chalerm.

Tension between the Saw Lah Pwe-led DKBA faction and the Thai authorities have risen as the rebel group shut border trade routes at several places under its control around Kawkareik Township, in Burma’s southern Karen State, to the Umpiem and Pop Phra districts of Thailand.

Thai goods mainly cross the frontier through gates run by DKBA troops before being transported to different part of Burma.

The Thai authorities have also deployed more troops on the border near Waw Lay, a stronghold base of the DKBA, for security reasons. Rebel forces led by Saw Lah Pwe remain on alert after he said that rising tensions may lead to border instability.

Saw Lah Pwe told The Irrawaddy that he wanted to seek justice through legal means because the drug allegations by Chalerm damaged his image. He said that he would even go to an international tribunal if found guilty, and that the Thai deputy prime minister must accept responsibility for his defamatory accusations if he is deemed innocent.

He explained that he invited Charlem to visit his bases to launch an investigation on April 30, a day before he held a press conference which was attended by several Thai journalists. He also claimed that the Thai authorities tried to block reports being published about the event.

Saw Bu Klu, an aide to Saw Lah Pwe, said that the allegations by the Thai authorities seriously damaged the image of the DKBA.

Htee Moo, a respected Karen cultural leader, told The Irrawaddy that there were reports that some lower rank DKBA officials and soldiers have been involved in drug smuggling through the Thai-Burmese border in the past, but not under the leadership of Saw Lah Pwe.

“Saw Lah Pwe is a straight-forward man,” said Htee Moo. “Now he has openly gone on record and denied his involvement in drug trafficking. So I do not think he was involved in the drug trade.”

Saw Lah Pwe is one of three Burmese nationals on Thailand’s list of its 25 most wanted drug traffickers.

In November 2010, Saw Lah Pwe confronted Burmese government troops in Myawaddy as he disagreed with converting into a pro-regime border guard force. However, he reached a ceasefire agreement with Naypyidaw in November 2011. He has an estimated 1,500 fighters under his control.

RFA TV May 2, 2012 အစီအစဉ်

စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် တပ်မတော်ကဏ္ဍ အရေးပါကြောင်း KNU ပြော

မြန်မာအစိုးရ လုပ်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တပ်မတော်၏ အခန်းကဏ္ဍ အရေးပါကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆို လိုက်သည်။
“အစိုးရရဲ့ လုပ်ဆောင်ချက်ပေါ့လေ။ မြန်မာပြည်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင် အထည် ဖော်မယ်ဆိုရင် တပ်မတော်ရဲ့ အခန်းကဏ္ဍက အများကြီး အရေးပါတယ်။ တပ်မတော်က ဒီငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေမှာ မားမားမတ်မတ် ရပ်တည်ပြီး တော့ ပါလာမှပဲ ကျမတို့ လုပ်ငန်းတွေက အနှစ်သာရ ရှိမယ်ဆိုတာကို ကျမတို့ အမြဲတန်း ပြောတယ်။” ဟု အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက ပြောသည်။
KNU နှင့် အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပါအ၀င် ရှေ့ဆက် လုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ FCCT နိုင်ငံခြား သတင်းထောက်များ အသင်း၌ ယနေ့ည (၈) နာရီတွင် ပြုလုပ်ရန် ရှိပြီး ယင်းဆွေးနွေးပွဲ မတိုင်မီ ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့သစ်အား ဧပြီလ (၃၀) ရက်နေ့က ဖွဲ့စည်းလိုက်သည့်အပေါ် ကောင်းသည့် ခြေလှမ်း တရပ်အဖြစ် ကြိုဆိုလိုက်ပြီး လုပ်ငန်း အောင်မြင်စေရန် နှစ်ဖက် ဆွေးနွေးချက်များက အဓိကဖြစ်သည် ဟုလည်းဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ရန် KNU အပါအ၀င် အခြား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များက အစိုးရထံ တောင်းဆိုထားပြီး လက်ရှိ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းသင့်သည်ဟုလည်း နော်မေဦးက ပြောသည်။
“ကျမတို့ အားလုံး နားလည်ထား တာက မြန်မာပြည်မှာ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်မယ်ဆိုရင် မြန်မာပြည် ဘယ်ဒေသမှာမှ စစ်ဖြစ်နေလို့ မရဘူး။ နည်းနည်းပဲ ဖြစ်ဖြစ်၊ သေးသေးပဲ ဖြစ်ဖြစ်၊ ကြီးကြီးပဲ ဖြစ်ဖြစ် မြန်မာပြည်ရဲ့ တစိတ် တဒေသမှာ စစ်ဖြစ်နေတယ်ဆိုရင် မြန်မာပြည်မှာ စစ်ဖြစ်တာပဲ။ ကျမတို့ အဲလိုပဲ ယူဆတယ်။”


ထို့အပြင် KNU အနေဖြင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရုံနှင့် ငြိမ်းချမ်းရေး ရပြီဟု မယူဆနိုင် သေးသလို ကျန်ရှိနေသည့် လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အစိုးရနှင့် ထပ်မံ ဆွေးနွေးသွားမည်ဟုလည်း ဆိုသည်။ သို့သော် ဆွေးနွေးမည့် နေ့ရက် မသတ်မှတ်ရ သေးကြောင်း ၎င်းက ဆက်ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး KNU သည် မြန်မာအစိုးရအား နှစ်ပေါင်း (၆၀) ကျော် လက်နက်ကိုင် တိုက်ပွဲ ၀င်ခဲ့ရာမှ ယခုနှစ် ဇနန္န၀ါရီလက ပထမဆုံးအကြိမ်အဖြစ် ပဏာမအဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
ထို့အပြင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အဖွဲ့နှင့် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးရေးကို ဧပြီလ (၆) ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်တွင် ပြုလုပ်ခဲ့ပြီး အဓိက ပြည်သူလူထုနှင့် သက်ဆိုင်သည့် အချက်(၆) ချက်အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ထုတ်ပေး


 အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့် ကဒ်ပြား
Source Photo from http://www.google.com/images
ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ထုတ်ပေး
March 03 2012 Thursday

 By U Aung Kyaw Oo
BBC Burmese Service

လွန်ခဲ့တဲ့နှစ်ပေါင်း(၃၀)သုံးဆယ်လောက်က ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ ထိုင်းနွယ်ဖွါး မြန်မာနိုင်
iငံသား ကရင်လူမျိုးတွေနဲ့အခြားလူမျိုးတွေကိုလူသားချင်း စာနာတဲ့အနေနဲ့ နိုင်ငံသားကဒ်အမေရိကန်ဂရင်း ကဒ်လိုမျိုး အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားတွေထုတ်ပေးဘို့ ထိုင်းအထက်လွှတ်တော်နဲ့ထိုင်းရှေ့နေများကောင်စီ တို့က မဲဆောက်ကိုလာပြီး လိုအပ်ချက်တွေကို ဆောင်ရွက်ပေးပါတယ်။

အပြည့်အစုံကို ဘီဘီစီ သတင်းထောက် ဦးအောင်ကျော်ဦက သတင်းပေးပို့ထားပါတယ်။ ထိုင်းအစိုးရက အခုထိုင်းနိုင်ငံသားပြုခွင့်ပေးမယ့်သူတွေဟာ ၁၉၈၀ခုနှစ်ဝန်းကျင်လောက်တုန်းက စစ်ပွဲ ကြောင့် ထိုင်းဘက်ကိုထွက်ပြေးတိမ်းရှောင်လာတဲ့ ထိုင်းအနွယ်ဘွားမြန်မာနိုင်ငံသားတွေဖြစ်ပါတယ်၊

အလား တူ အဲဒီစစ်ပွဲကြောင့်ပြေးလာတဲ့ ကရင်လူမျိုးနဲ့အခြားလူမျိုးတွေကိုတော့ အမေရိကန်ဂရင်းကဒ်လိုမျိုး
 US Green card အမြဲ တမ်းနေထိုင်ခွင့်ကဒ်ပြားတွေကို ထုတ်ပေးမှာပါ။ ထိုင်းနိုင်ငံမှာမွေးဖွါးတဲ့ သူတို့ရဲ့သား
သမီးတွေကိုတော့ ထိုင်းနိုင်ငံသားကဒ်ပြားထုတ်ပေးမှာဖြစ်ပါတယ်၊ ဒီလိုနိုင် ငံမဲ့ဖြစ်နေတဲ့လူတွေကို ထိုင်းဝန်
ကြီးချုပ်ဟောင်း ထပ်ဆင်အစိုးရလက်ထက်တုန်းကတကြိမ် ထိုင်းနိုင်ငံသားပြု ခွင့်ပေးခဲ့ပြီးတော့ မဲဆောက်နဲ့ မယ့်ရာမမြို့တွေမှာကျန်နေတဲ့ လူ၂၅၅၀ကို အခုအစိုးရလက်ထက်မှာပြန်ပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

လက်ရှိအစိုးရက ဆောင်ရွက်ပေးနေတာတွေကို ထိုင်းအထက်လွှတ်တော်ဥပဒေကိုအသုံးပြုပြီး ပြဿနာများ ကိုလေ့လာအဖြေရှာရေးနဲ့ နိုင်ငံမဲ့ပြဿနာဖြေရှင်းရေးဥက္ကဌ နိုင်စဖွတ်လျက်ပထုန် ပြောတာက ပြည်ထဲရေး
ဝန်ကြီးဟာ အခု ၅၃၅ယောက်ကိုနိုင်ငံသားပြုခွင့်အတွက် လက်မှတ်ထိုးပေးလိုက်ပြီး တနိုင်ငံလုံးအတိုင်းအတာ
နဲ့ ၈၀၀၀နဲ့ ၉၀၀၀ကြားမှာ ကျန်နေသေးတယ် အဲဒီလူတွေအတွက်လိုလည်း ၀န်ကြီးကအမြန်ဆုံးလက်မှတ်ထိုး
ပေးမယ် လို့ပြောပါတယ်။

ဒါပေမယ့် ကျန်နေတဲ့သူတွေအထဲမှာ တချို့ရဲ့စာရွက်စာတမ်းတွေ မပြည့်စုံတာတွေလွဲမှားနေတာတွေ ကို အောက်ခြေကနေ အမြန်ဆုံးပြင်ပြီးတော့ အထက်ကိုတင်ပေးဘို့ကိုလည်း အခုဒီကနေဆောင်ရွက်
ပေးနေတယ် လို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ အမေရိကန်ဂရင်းကဒ်လိုမျိုး အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြားကိုင်ဆောင်တဲ့သူတွေဟာ ရွေးကောက်
ပွဲမှာ မဲပေးခွင့်မရှိသလို အရွေးကောက်ခံခွင့်လည်း မရှိပါဘူး၊ ပြီးတော့မြေနဲ့ အိမ်တွေကို ၀ယ်ယူခွင့် မရှိပေမယ့် ဆိုင်ကယ်နဲ့ ကားတွေကိုတော့ဝယ်ယူခွင့်ရှိပါတယ်၊ အခမဲ့ဆေးကုသခွင့်အပါအ၀င် တခြားထိုင်းနိုင်ငံသားတွေ
လို ထိုင်းတနိုင်ငံလုံးကို လွတ်လပ်စွာ သွားလာ ရောင်းဝယ် ဖေါက်ကားနိုင်ကါတယ်။

Travel card လိုခရီးသွားလက်မှတ်နဲ့လည်း နိုင်ငံခြားတိုင်းပြည်တွေကို သွားလို့ရပါတယ်၊ ဒီလိုနိုင်ငံသားပြုမှုနဲ့ အမြဲတမ်းနေ ထိုင်ခွင့်ရဘို့က လွန်ခံတဲ့အနှစ်၃၀ လောက်တုန်းက စစ်ပွဲကြောင့် ထိုင်းဘက်ကိုတိမ်းရှောင်လာ တုန်းက ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနကနေ မြို့ထဲမှာနေထိုင်လုပ်ကိုင်စားသောက်ဘို့အတွက် ထုတ်ပေးထား
တဲ့ ယာရီနေထိုင်ခွင့်ကဒ်ပြားရှိရမှာဖြစ်ပါတယ်ခင်ဗျား။

Thursday, May 3, 2012

ထိုင်းဘုရင် လေတပ် လေယာဉ် ဒက္ကားလေဆိပ်တွင် လမ်းချော်၊ အရာရှိ ၃ ဦးဒဏ်ရာရ



ထိုင်းဘုရင် လေတပ်မှ လေယာဉ်တစ်စီး ယမန်နေ့က ဒက္ကားလေဆိပ်သို့ အဆင်းတွင် လမ်းချော်သွားသဖြင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသူများထဲမှ အရာရှိ (၃) ဦး ဒဏ်ရာ ရရှိသွားခဲ့သည်။ 

 ထိုင်း စစ်ဘက်ဆိုင်ရာ အရာရှိ ၈ ဦးနှင့် လေယာဉ်အမှူးထမ်း ၇ ဦးကို တင်ဆောင်လာသော ထိုင်းလေတပ် လေယာဉ်သည် ယမန်နေ့ နံနက် ၈နာရီ မိနစ် ၅၀ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံမြို့တော် ဒက္ကားရှိ Shahjalal နိုင်ငံတကာ လေဆိပ်သို့ အဆင်း၌ လမ်းချော်သွားခဲ့ခြင်း ဖြစ်သည်။

လေဆိပ်တာဝန်ရှိသူများက “ လေယာဉ်သည် လေယာဉ် ပြေးလမ်းမှ ကိုက် ၃၅၀ ထိ လမ်းလျော် ရောက်ရှိသွားပြီး လေယျာဉ်ကွင်း ၀င်းထရံနှင့် တိုက်မိကာ ရပ်တန့်သွားခဲ့သည်” ဟု ဆိုသည်။

လေယာဉ်ပေါ်တွင် ပါလာာသူ စစ်အရာရှိများမှာ လေယာဉ်ပေါ်မှ ထွက်ပြေး လွှတ်မြောက်ခဲ့ပြီး ထိုအထဲမှ အရာရှိ (၃) ဦးမှာ ဒဏ်ရာ ရရှိသွားခဲ့သည်။

မည်သည့်အတွက်ကြောင့် လမ်းချော်သွားရသည်ကို အသေးစိတ် သတင်း မထုတ်ပြန်သေးကြောင်း သိရသည်။ လမ်းလျော်သွားသဖြင့် လေယာဉ်၏ တောင်ပံများမှာ ကျိုးကျ ပျက်စီးသွားပြီး ထိုင်ခုံများမှာလည်း လွှင့်ထွက်သွားကာ လေယာဉ်မှူး ထိုင်သော နေရာများလည်း ပွင့်ထွက်သွားသည်ဟု မျက်မြင်များက ပြောသည်။

ထိုင်းလေတပ် အရာရှိများသည် ဘင်္ဂလာဒေခ်ျ့ နှစ်ငံနှင့် ပူးပေါင်း ဆောင်ရွက်နေသော စစ်ရေး ကိစ္စများ အတွက် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ထိုင်းစစ်အရာရှိများသည် ယနေ့တွင် အိန္ဒိယ နိုင်ငံသို့ ဆက်လက် ထွက်ခွာသွားဖြစ်ကြောင်း သတင်းများက ဖေါ်ပြသည်။

အမုန်းရဲ့မြစ်ဖျား

အခန်း (၁)

“ဗမာတွေကိုမုန်းတယ်၊ ကျွန်တော်ဗမာစစ်သားတွေအားလုံးကိုသတ်ချင်တယ်”

အသက် ၁၄ နှစ်အရွယ်လူငယ်လေးတယောက် နာနာကျည်းကျည်း ပြောလိုက်တဲ့စကားမို့ ရုတ်တရက်အံ့အားသင့်မှင်သက်မိသွားပါတယ်။  လူတဦး၊ မိသားစုတခု၊ လူမျိုးတမျိုးကိုမုန်းတီးခြင်းသည် မလိုလားအပ်ရာ၊ ၀မ်းနည်းဖွယ်ရာဖြစ်ပါသည်။ တကယ်တော့အမုန်းဟူသည် အမုန်းခံရသူနှင့် မုန်းသူနှစ်ဦးနှစ်ဖက်လုံးအတွက် ပူလောင်ဆုံးရှုံးမှုမှတပါး ဘာကိုမှမပေးနိုင်ပါ။

ငယ်ရွယ်နုနယ်သော ဤကလေးငယ်၏ရင်ထဲတွင် အမုန်းတရားများ အဘယ်ကြောင့် ဤမျှတောက်လောင်နေသနည်း။ နာကျည်းမှု၊ ၀မ်းနည်းကြေကွဲမှုတို့ရောယှက်နေသော သူ့မျက်ဝန်းမှ စီးကျလာသောမျက်ရည်မြစ် ကိုဆန်၍ သူ့ဘ၀၊ သူ့အတိတ်ဆ်ီသွားမိလေတော့ အမုန်းတရားတို့မြစ်ဖျားခံရာ သူ့ငယ်ဘ၀ကား မယုံနိုင်အောင် နာကျင်ကြေကွဲဖွယ်အတိ ရှိနေတော့သည်။


အခန်း (၂)

၁၉၉၀ ပြည့်လွန်နှစ်၊ တနင်္သာရီတိုင်း၊

ရှားဖောင်အသက် ရ နှစ်၊ ၈ နှစ် အရွယ်ခန့်ကဖြစ်သည်။ ဖေဖေရယ်၊ မေမေရယ်၊ ရှားဖောင်ရယ် (၃)ယောက် အဲသည်နေ့ကယာခင်းသိမ်းပြီး အိမ်ပြန်လာတဲ့ညနေခင်းလေးတခုမှာပါ။ ရွှေဝါရောင် ညနေခင်းအောက်မှာ တနင်္သာရီတောင်တန်းကြီးကလှချင်တိုင်းလှနေတယ်။ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းမာလ်တွေနဲ့အတူ ဟိုမှာသည်ဘက် ကိုင်းကူးပျံသန်းနေကြတဲ့ ကျေးငှက်ကလေးတတွေ၊ တခါတခါ လူသွားလမ်းကို ဖြတ်ပြေးသွားတဲ့ တောကောင်ငယ်လေးများ၊ ရှဥ့်ကလေးများကချစ်စရာတောအလှကို မွမ်းမံချယ်သနေသလိုပါဘဲ။

ရှားဖောင်အရွယ် ခြေလှမ်းခပ်ငယ်ငယ်မို့ ဖေဖေ မေမေတို့နောက်အပြေးကလေးလိုက်နေရတယ်။ တခါတလေ ရှေ့ကပြေးလိုက်၊ တခါတလေနောက်ကျန်လိုက်နဲ့ အိမ်အပြန်ခရီးက ပျော်ရွှင်ဖွယ်မိသားစုညနေခင်းလေးပါ။ ဖေဖေနဲ့မေမေက စကားစမြည်ပြောရင်း ရှားဖောင်လေးကို စောင့်ခေါ်ရင်း လမ်းကွေ့တနေရာအရောက် ဘွားကနဲတွေ့လိုက်ရတဲ့ ဗမာစစ်သားတွေကြောင့်ခြေလှမ်းများတုန့်ကနဲရပ်သွားကြတယ်။ ဘယ်လိုမှရှောင်ပုန်း၍ မရတော့။ စိတ်ထဲမှာတော့တထင့်ထင့်။


အခန်း (၃)

အဲဒီညနေခင်းတုံးကဖြစ်ခဲ့တာတွေမှတ်မိသလောက်ပြန်ပြောပြပါလား ရှားဖောင်။

စစ်သားတွေက ကျွန်တော်တို့ကို သေနတ်နဲ့ချိန်ထားတယ်။
မေမေက ကျွန်တော့ကိုဖက်ထားတယ်။

စစ်သားတွေဖေဖေကိုဘာမေးလဲမသိဘူး။ ကျွန်တော်မှဗမာလိုနားမလည်တာ။ ဖေဖေ့ကိုကြိုးချည်လိုက်တော့ ကျွန်တော်အရမ်းကြောက်သွားတယ်။ ကျွန်တော့ကိုကိုင်ထားတဲ့မေမေလက်တွေလည်း တုန်နေတယ်။

ဖေဖေ့ကိုသူတို့ ရိုက်တယ်၊ လက်သီးနဲ့ထိုးတယ်။ ဖေဖေလဲကျတော့ ခြေထောက်နဲ့ထပ်ကန်ကြတယ်။ ဖေဖေမျက်နှာမှာသွေးတွေအများကြီးကျလာတယ်။

မေမေကငိုပြီးသွားတောင်းပန်တော့ စစ်သားတယောက်က တအားကြီးပါးရိုက်ထည့်လိုက်တာ မေမေလဲကျသွားတယ်။ ကျွန်တော်ကြောက်တယ်၊ မေမေကို ကြည့် ပြီးငိုတယ်။ အမေ့အနားသွားတော့မေမေက ကျွန်တော့်ကိုဖက်ထားပြီးငိုတယ်။

သူတို့ပြောတာကိုကျွန်တော်ဘာမှနားမလည်ဘူး၊ ဖေဖေကိုသေနတ်ဒင်နဲ့ထုလိုက်တော့ ဖေဖေလဲကျသွားတယ်။ ဖေဖေကို ပြန်ထခိုင်းပြီး စစ်သားတယောက်က ဓားနဲ့ထိုးလိုက်တယ်။ ဖေဖေအော်ပြီးဒူးထောက်ကျသွားတယ်။ သွေးတွေလည်းအများကြီးထွက်လာတယ်။

ကျွန်တော်ငိုနေသေးလား မမှတ်မိတော့ဘူး၊ ကျွန်တော်ဖေဖေ့ ကိုတအားသနားတာဘဲသိတယ်။ ဖေဖေအရမ်းနာနေတယ်။ ဖေဖေကျွန်တော်တို့ကိုလှမ်းကြည့်တယ်။ စစ်သားတယောက်ကသူ့မျက်လုံးကိုဓားနဲ့ထိုးတော့ အဖေတအားအော်တယ်။ သွေးတွေလဲအများကြီးဘဲကျလာတယ်။

ဖေဖေမြေကြီးပေါ်လဲကျသွား ပြီးလှုပ်နေတယ်၊ နောက်တော့စစ်သားကသူ့ကိုသေနတ်နဲ့ပစ်လိုက်တယ်။


အခန်း(၄)

ရှားဖောင်ရဲ့အသံကနာနာကျည်းကျည်း နှင့်ဆို့နင့်ကြေကွဲနေသည်။ နာကျင်ကြေကွဲနေသော သူ့မျက်လုံးကို ကျွန်တော်ရင်ဆိုင်ကြည့်နိုင်စွမ်းမရှိပါ။ ကျွန်တော့ရင်ထဲဘောင်ဘင်ခတ်နေတဲ့အတွေးတွေနဲ့အတူ မေးခွန်းပေါင်းများစွာ ကိုမေးမိတယ်။

သိတတ်စ၊ လူမမယ်ကလေးငယ်တဦးရှေ့တွင် ဖခင်အားရက်စက်ရုတ်မာစွာသတ်ဖြတ်သွားသော ဤစစ်သားများမှာလူစိတ်မှရှိပါရဲ့လား။

ဇနီးသည်တဦး ရှေ့တွင် အပြစ်မဲ့လင်သားအား လူမဆန်ရက်စက်စွာသတ်ဖြတ်သွားတဲ့ ဗမာ့တပ်မတော်သားများရဲ့ လူမျိုးရေးမုန်းတီးမှုနှင့် ရည်ရွယ်ချက်ကဘာတွေလဲ။

တောတောင်နေတိုင်းရင်းသားတို့၏ ဘ၀အသက်တချောင်းသည် သွေးဆာနေသော ဗမာ့တပ်မတော်သားများအတွက် လူသားတဦးအဖြစ်အသိအမှတ်ပြုရန်မရှိပြီလော။

ဤအဖြစ်သည် စစ်သားတဦး၊ စစ်သားတဖွဲ့ရဲ့ လုပ်ရပ်သာဖြစ်ပြီး ဗမာ့တပ်မတော်ကို ကိုယ်စားမပြုပါဟု ဆိုလျှင် တိုင်းရင်းသားနယ်မြေများစွာတွင် ယခုကဲ့သို့သောဖြစ်ရပ်များ အဘယ်ကြောင့်ထပ်ခါတလဲလဲ ယခုတိုင်အောင် ဖြစ်နေရပါသနည်း။


အခန်း (၅)

တောတောင်နေတိုင်းရင်သားများစွာတို့ဗမာကို ကြောက်ကြပါသည်၊ မုန်းကြပါသည်။

သူတို့သိသော ဗမာဆိုသည်မှာ သူတို့အရပ်ကိုရောက်လာပြီး သူတို့ကိုညှင်းဆဲသတ်ဖြတ်သော၊ သူတို့ဘ၀၊ သူတို့ဇနီးမယားနှင့်သမီးပျိုများကို ဖျက်ဆီးလေသော၊ မုဒိန်းကျင့်သော၊ သူတို့ ကျေးရွာ ဆန်စပါး တောင်ယာသီးနှံများကို ဖျက်ဆီးမီးရှို့သော ဗမာ့တပ်မတော်သား ခေါ် ဗမာစစ်သားများသာဖြစ်ပါသည်။

အမုန်းမီးသည် မလိုလားအပ်ရာဖြစ်ပါသည်။ အမုန်းဟူသည် အမုန်းခံရသူနှင့် မုန်းသူနှစ်ဦးနှစ်ဖက်လုံးအတွက် ပူလောင်ဆုံးရှုံးမှုမှတပါး ဘာကိုမှမပေးနိုင်ပါ။ သို့သော် မိမိ၏အရပ်ဒေသ၊ မိမိ၏အသိုက်အမြုံကို ကျူးကျော်ဖျက်ဆီးလာသူ၊ မိမိ၏သားမယား၊ လင်သားညီအကိုအား အကြောင်းမဲ့ ကျုးကျော်သတ်ဖြတ်လာသူအား မည်သို့သဘောထားသင့်ပါသနည်း။

ဗမာ့တပ်မတော်၏ တိုင်းရင်းသားများအပေါ် လူမဆန်သော ရက်စက်ယုတ်မာမှုများသည် ဗမာလူမျိုးကိုကိုယ်စားမပြုကြောင်း ယုံကြည်အောင်သက်သေပြရန်မှာတော့ စေတနာစိတ်ရင်းမှန်သော ဗမာလူမျိုးများ၏ အမျိုးသားရေးတာဝန်တရပ်ဖြစ်ချေတော့မည်။

ရဲရဲတွေး

ကရင်လူငယ်လေးတဦး၏ ဘ၀အဖြစ်မှန်ကို အခြေပြုရေးသားပါသည်။


Meeting with UNFC Leaders and democracy activists in Japan

UNFC PRESS CONFERENCE 2012 Part 1 .UNFC PRESS CONFERENCE 2012 Part 2


Tuesday, May 1, 2012

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး အဓိကပြဿနာ (၅) ရပ်


(ယခုဖော်ပြမည့် စာစုမှာ ကမ္ဘာ့ဘဏ်မှာ အာရှဒေသဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ စီးပွားရေး ပညာရှင် Vikram Nehru ၏ မြန်မာ့စီးပွားရေးပြုပြင်ရေးမှာ ရှောင်ရန် ဆောင်ရန် အကြံပြုထားချက်များဖြစ်ပါသည်)
မြန်မာပြည်မှာ အောင်မြင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ၊ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တောင်ပြိုကမ်းပြိုအနိုင်ရသွားတဲ့ အကြောင်းတွေက လွန်ခဲ့တဲ့ နှစ်ပတ်က နိုင်ငံတကာသတင်းတွေမှာ ထိုက်ထိုက်တန်တန်ပဲ နေရာယူထားခဲ့ပါတယ်၊ ဘယ်လောက်အထိလဲဆိုရင် မြန်မာ့စီးပွားရေးလောကမှာ တိုးတက်ဖြစ်ထွန်းမှု အသစ်တွေကိုတောင် အဲဒီသတင်းတွေက ဖုံးလွှမ်းသွားခဲ့ပါတယ်၊
တကယ်တော့ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကိစ္စကလည်း ရွေးကောက်ပွဲလိုပဲ အရေးကြီးတဲ့ ကိစ္စရပ်ပါပဲ။ မြန်မာပြည်မှာ ရွေးကောက်ပွဲ ရလဒ်တွေ မကြေညာခင် တရက်မှာပဲ အစိုးရက အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ (၈၁၈) ကျပ်နှုန်းနဲ့ ငွေလဲနှုန်းစနစ်သစ်ကို ကြေညာခဲ့ပါတယ်၊ အရင်က တရားဝင် ပေါက်ဈေးက တဒေါ်လာကို ၈ ကျက်ခွဲပဲ သတ်မှတ်ထား ခဲ့တာပါ။
အခုလောလောဆယ် စိန်ခေါ်နေတဲ့
ကိစ္စကတော့ တိုင်းပြည်ရဲ့ မက်ခရို စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုကို မထိခိုက်စေဘဲ ပြုပြင်ပြောင်းလဲရေး အရှိန်နဲ့ ဆက်သွားနေဖို့ကိစ္စပါပဲ။
ငွေလဲနှုန်းစနစ်သစ်ရဲ့ သဘောသဘာဝကတော့ ငွေလဲနှုန်းကို အကန့်အသတ်ဘောင် တခုထဲမှာ ထိန်းထားနိုင်ဖို့ ဗဟိုဘဏ်က ကြားဝင်ထိန်းကြောင်းပေးမယ့် “ပဲ့ကိုင်ရင်း မျှော” တနည်းအားဖြင့် “managed float” စနစ်ဖြစ်ပါတယ်။
မြန်မာပြည်မှာ “ပဲ့ကိုင်ရင်းမျှော” ဆိုတဲ့စနစ် အခြေခိုင်ဖို့ ဆိုရင် ဗဟိုဘဏ်ဟာ လွတ်လပ်နေဖို့ လိုအပ်ပါတယ်၊ ဒါမှပဲ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်ဟာ စီးပွားရေးမှာ မဖောက်ပြန်တဲ့ လက္ခဏာတရပ်အဖြစ် ကပ်ပါလာနိုင်မှာပါ။ အမှန်တကယ် ငွေလဲနှုန်းကိုလည်း စိုက်ပျိုးရေးနဲ့ ထုတ်လုပ်မှု ကဏ္ဍတွေကို အားပေးတဲ့ နှုန်းမျိုး ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။
ငွေလဲနှုန်း ပြုပြင်လိုက်တာဟာ အများက မျှော်လင့်ထားသလို နောက်ထပ် စီးပွားရေးတစုံလုံးကို ပြုပြင်ပြောင်းလဲရာမှာ ပထမဆုံး ပစ်ဖောက်လိုက်တဲ့ အမြောက်သံ ဖြစ်ပါတယ်။ ဒီကနေ ရေရှည် တည်တံ့ပြီး အများစုက ခံစားရတဲ့ ဖွံ့ဖြိုးတိုးတက်လာရေးကို အားပေးဖို့နဲ့ အင်စတီကျူးတွေကို တည်ဆောက်သွားဖို့လည်း ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်တဲ့ နေရာမှာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ ဖွံ့ဖြိုးရေးအစီအစဉ်တို့က အစိုးရကို အကူအညီတွေ ပေးနေပါတယ်။ ဒီလိုပဲ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန်၊ နော်ဝေ၊ စတဲ့ နိုင်ငံတွေဆီက အကူအညီအပြင်၊ တခြား ပြင်ပကနေ အကြံဥာဏ်တွေ ပေးနေတာမျိုးလည်း ရှိပါတယ်။
ဒီနေရာမှာ မြန်မာအစိုးရဘက်က မစို့မပို့လောက်ပဲ လုပ်သွားမလား ဆိုတာမျိုးကို မပူမိပါဘူး။ အစိုးရကို အလွန်အကျွံ တွန်းလုပ်ခိုင်းတာမျိုး ဖြစ်လာမှာကိုသာ စိုးရိမ်းတာပါ။ အစိုးရက မလွှဲမရှောင်သာလွန်းတဲ့ အခြေအနေမှာ သိပ်ကို လုပ်ပြချင်နေတာမျိုး၊ ဒီလိုလုပ်ပြမှပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခပ်မြန်မြန် ရုပ်သိမ်းသွားမယ်၊ ဒါမှမဟုတ် အကြွေးဟောင်းတွေ မြန်မြန်လျှော်ပေးမယ်လို့ ထင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အပြောင်းအလဲတွေကို အလျင်စလို တွန်းလုပ်ရင်၊ အပြောင်းအလဲကို ဆန့်ကျင်သူတွေက မတည်ငြိမ်မှုတွေကို ဖန်တီးလာရင်၊ နာရီတွေ နောက်ပြန်လည် သွားပြီး ဆိုးရွားလှတဲ့ နေ့ဟောင်းများဆီကို တကျော့ပြန်ရောက် သွားတတ်ပါတယ်။
ငွေလဲစနစ်မှာ တရားဝင်နှုန်းနဲ့ ဈေးကွက်ပေါက်ဈေးတို့ကို ညှိလိုက်တာ အခြေခံ ကျတဲ့ အပြောင်းအလဲပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာ လူများစုကြီးက လူမွဲတွေ ဖြစ်နေတာက တကြောင်း၊ လူမှုဖူလုံရေး ကွန်ယက်တွေ နတ္ထိဖြစ်နေသေးတဲ့ အခြေအနေမျိုးမှာ နောက်ထပ် မူဝါဒ အပြောင်းအလဲတွေနောက်က ဖြစ်ပေါ်လာနိုင်တဲ့ ရုတ်ချည်းအပြောင်းအလဲတွေ (ရှော့ခ်) ကို ပြည်သူတွေ ခံနိုင်ဖို့ မလွယ်ပါဘူး။
ဒါကြောင့် အချိန်တိုအတွင်း ၀င်ငွေလည်းရ၊ ဆင်းရဲမှုလည်း လျှော့ချနိုင်မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို နောက်ဆက်တွဲအဖြစ် မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ ဒါမှပဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် လူတွေ အဆင်ပြေလာပါလားဆိုတဲ့ အသိကို တိုးပွားစေပြီး၊ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ အတွက်လည်း ထောက်ခံမှုတွေရ လာမှာဖြစ်ပါတယ်။
အစိုးရအနေနဲ့ မလွှဲမရှောင်သာ အကန့်အသတ်တွေ နည်းနိုင်သမျှ နည်းမယ့် ပြုပြင်ပြောင်းလဲမှုတွေကို အာရုံစိုက်သင့်ပါတယ်။ ဒီနေရာမှာ မလွှဲမရှောင်သာ အကန့်အသတ် ၃ မျိုး ရှိနေပါတယ်။ အခြေခံ အဆောက်အအုံတွေ မပြည့်စုံတာကြောင့် ထုတ်လုပ်မှုစရိတ်တွေ မြင့်တက် သွားနိုင်ပါတယ်။ တခြားနိုင်ငံနဲ့ ယှဉ်ပြိုင်တဲ့ အခါမှာ တပမ်းသာတဲ့ အခြေအနေမျိုးကနေ တပမ်းရှုံးရတဲ့ ဘ၀မျိုး (ဥပမာ ဆန်စပါးထုတ်လုပ်မှုမှာ ကြုံရသလိုမျိုး) ဖြစ်သွားတတ်ပါတယ်။
နောက် အကန့်အသတ်က လိုင်စင်တွေ အလွန်အကျွံချပေးတာမျိုးနဲ့ အထိန်းချုပ်လွန် တာတွေကြောင့် ပုဂ္ဂလိက ကဏ္ဍတွေ ပွဲဦးထွက်မှာ မရူနိုင် မကယ်နိုင်ဖြစ်နိုင်သလို၊ အဂတိလိုက်စားမှုတွေကို အားပေးအားမြှောက် ဖြစ်သွားစေနိုင်ပါတယ်။
သွင်းကုန်အခွန်တင်းကျပ်တာနဲ့ ကုန်သွယ်မှုမှာ အကန့်အသတ်နဲ့ စည်းကမ်းတွေ များလွန်းတာကြောင့်လည်း ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ကုန်သွယ်တဲ့နေရာမှာ အဟန့် အတားတွေ ဖြစ်သွားတတ်ပါတယ်။
အခုဆိုခဲ့တဲ့ အကန့်အသတ်တွေဟာ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲရာမှာ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စသုံးရပ်ဖြစ်ပါတယ်။ ဒီအပြင် စီးပွားရေး ဖွံ့ဖြိုးမှု ရေရှည်တည်တံ့ဖို့နဲ့ အများစုက ရရှိခံစားနိုင်ဖို့ ဆိုရင် နောက်ထပ် လုပ်ဆောင်စရာ ကိစ္စနှစ်ရပ် ကျန်နေပါသေးတယ်။

ဦးစားပေးကိစ္စ (၅) ရပ်
နံပါတ်တစ် ဦးစားပေးကိစ္စက တိုင်းပြည်မှာ အရေးကြီးတဲ့ ရည်မှန်းချက် နှစ်ရပ်ကို ဆောင်ရွက်နိုင်ဖို့ ဘဏ္ဍာရေးအရ ပူပင်ကြောင်ကြကင်းတဲ့ အစိုးရမျိုးဖြစ်ဖို့ပါ၊ ဗဟိုအစိုးရဟာ ဒေသအစိုးရတွေကို ငွေကြေး ထောက်ပံ့နိုင်မယ်၊ စစ်တပ် အဖွဲ့အစည်းတွေကို အဆင်ပြေပြေ၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထောက်ပံ့နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုထောက်ပံ့နိုင်မှပဲ ဒီအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ပြည်သူ့ ဘဏ္ဍာငွေတွေကို ပရမ်းပတာ၊ အထိန်းအကွပ်မဲ့ ရယူဖို့ ကြိုးပမ်းနေတာကို ထိန်းသိမ်းနိုင်ပါ လိမ့်မယ်။
အစိုးရဘက်ဂျက်က ဖူလုံတယ်ဆိုရင် ဖရိုဖရဲနဲ့ အခြေခံ အဆောက်အအုံပိုင်းအတွက်လည်း အရင်းအမြစ်တွေ အားဖြည့်ပေးနိုင်ပါလိမ့်မယ်။ အထူးသဖြင့် ဆိပ်ကမ်းတွေ၊ ကျေးလက်ဒေသက လမ်းပမ်းဆက်သွယ်ရေးကို အဆင်ပြေပြေလုပ်နိုင်မှ ဓာတ်ငွေ့မဟုတ်တဲ့ ထုတ်လုပ်မှုကဏ္ဍတွေ (ဆန်စပါး၊ ပဲမျိုးစုံ၊ လုပ်သားအင်အားသုံး ထုတ်လုပ်မှု ကဏ္ဍတွေ) နဲ့ နိုင်ငံခြားပို့ကုန်တွေအတွက် ပံ့ပိုးပေးရာ ရောက်လိမ့်မယ်။
ကံကောင်းတာက ဓာတ်ငွေ့တင်ပို့မှု တိုးလာတဲ့ အချိန်မှာပဲ ဈေးကွက်အခြေခံ ငွေလဲနှုန်းစနစ်ကို ပြောင်းလဲလိုက်တာကြောင့် ဓာတ်ငွေ့က ရတဲ့ငွေတွေကို မောင်ပိုင်စီးထားတဲ့ အစိုးရပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်းက အသားတင်ဝင်ငွေတွေ သိသိသာသာတိုးတက်လာလိမ့်မယ်၊ အရေးကြီးတာက အဲ့သလို ဓာတ်ငွေ့က ရတဲ့ငွေကို အစိုးရဘက်ဂျက်ကို လွှဲပေးပြီး လူမှုရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကိစ္စတွေမှာ (အထူးသဖြင့် တိုင်းရင်းသား ဒေသတွေအတွက်) အသုံးချဖို့ လိုပါတယ်၊
ဒုတိယ အရေးကြီးတာက အစိုးရ၊ စစ်တပ်အသိုင်းအ၀ိုင်းနဲ့ ကင်းတဲ့ ပုဂလိက စီးပွားရေး စွန့်ဦးတီထွင်သူတွေကို လုပ်ကိုင်ခွင့် နေရာပေးဖို့ လိုပါတယ်။ ဘဏ်တွေကိုယ်တိုင်ကလည်း ဒီလို လုပ်ငန်းတွေကို ငွေချေးနိုင်လောက်တဲ့ လွတ်လပ်မှုတွေ ရှိလာဖို့ လိုပါတယ် (အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက်ပါ)။
မြန်မာပြည်ဟာ စီးပွားရေးလုပ်ငန်းတခု စတင်လုပ်ကိုင်နိုင်ဖို့ ကမ္ဘာပေါ်မှာ အကုန်အကျအများဆုံး နိုင်ငံတနိုင်ငံဖြစ်နေပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ တရားဝင် ဥပဒေတွေကလည်း လုံးဝမရှိသေးတာ၊ သို့မဟုတ်လည်း ရှိရက်နဲ့ မလိုက်နာ ကြတာမျိုး ဖြစ်နေပါတယ်။
လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင်လည်း ပုံမကျပမ်းမကျနဲ့ မှန်းရခက်တဲ့ အခြေမျိုး ဆိုက်နေ ပါတယ်။ ဥပမာအနေနဲ့ လယ်သမားတွေက ကိုယ်စိုက်ချင်တဲ့ သီးနှံကို ရွေးချယ်ခွင့်မရှိတာမျိုး၊ ဆန်းစပါးထုတ်လုပ်မှုမှာ အကန့်အသတ် ဖြစ်နေတာမျိုးတွေပါ။
ဒါတွေကို ပြောင်းလဲလိုက်ဖို့ လိုနေပါပြီ၊ ရင်းနှီးမြှုပ်မှုနဲ့ ထုတ်လုပ်မှုကဏ္ဍမှာ တိုးလာတာနဲ့အတူ လူတွေလည်း ချမ်းသာလာဖို့ ဆိုရင် ပုဂလိက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို လေးစားဖို့၊ အကာအကွယ်ပေးမှ ဖြစ်နိုင်မယ်ဆိုတာကို အစိုးရကိုယ်တိုင်က အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့ သင့်တော်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် လုပ်ဆောင်သင့်ပါတယ်။ ဥပမာအနေနဲ့ အတည်မပြုနိုင်သေးတဲ့ မြေယာပိုင်ဆိုင်ခွင့် ဥပဒေသစ်လို ကိစ္စမျိုးတွေပါ။
တတိယ အရေးကြီးတာက အစိုးရအနေနဲ့ သွင်းကုန်၊ ထုတ်ကုန်အပေါ်မှာ အမျိုးမျိုးအထွေထွေ စည်းကမ်းတင်းကျပ် ထားတာတွေကို ဖျက်သိမ်းပစ်ပြီး၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အားပေးဖို့ လိုပါတယ်။ ဒီလို လွှတ်ပေးလိုက်မှသာ စီးပွားရေးလုပ်ဆောင်ချက်တွေ လည်မြိုညှစ်ခံထားရတဲ့ ဘ၀က လွတ်မြောက်သွားပါလိမ့်မယ်။ ရေနံနဲ့ ဓာတ်ငွေ့မဟုတ်တဲ့ တခြား ထုတ်လုပ်မှုတွေ အရှိန်ရလာပါလိမ့်မယ်။
ငွေလဲလှယ်ရေးစနစ်သစ်ပေါ်လစီ၊ လောက်လောက်လားလား နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ၊ သက်တောင့်သက်သာ နိုင်ငံခြား အရံငွေ (သွင်းကုန်တန်ဖိုးရဲ့ ၉ လစာ ပမာဏ) တွေ ရှိလာမယ်ဆိုရင် အစိုးရအနေနဲ့ ငွေကြေးတန်ဖိုး အကျပ်အတည်းတွေ့မှာကို စိုးရိမ် ကြောင့်ကြကင်းကင်းနဲ့ ကုန်သွယ်ရေး တံခါးတွေ ကျယ်ကျယ်ဖွင့်လာနိုင်ပါလိမ့်မယ်။
စတုတ္ထ ဦးစားပေးကိစ္စကတော့ မြန်မာ့သံယံဇာတ၊ အထူးသဖြင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကျွန်းသစ်၊ ကျောက်မျက်ထုတ်လုပ်မှုကဏ္ဍတွေမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ပါ၊ တချိန်တည်းမှာ မက်ခရို စီးပွားရေးအပေါ် အန္တရာယ်ကျရောက်စေတဲ့ အဖြစ်မျိုး၊ ဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေး ပြသနာတွေကို ထိခိုက်စေတာမျိုး မဖြစ် ဖို့လိုအပ်တယ်။
သဘာဝ သံယံဇာတတွေကို အကိုင်တွယ်မတတ်ရင် ကျိန်းစာတခုဖြစ်သွားတတ်ပါတယ်။ နည်းလမ်း လမ်းမှန်နဲ့ စီမံနိုင်ရင်တော့ ဆုလာဘ်တပါးဆိုတာကတော့ သေချာပါတယ်။ Hartwick’s rule ဆိုတဲ့ အယူအဆကတော့ ကုန်ခမ်းသွားနိုင်တဲ့ သဘာဝအရင်းအမြစ်တွေကို ငှားရမ်းသုံးစွဲ (ထုတ်ယူသုံးစွဲ) မယ်ဆိုရင် နောင်တချိန်မှာ ပြန်လည်ထုတ်ယူနိုင်စွမ်းရှိတဲ့ ကဏ္ဍတွေမှာ ပြည်လည် ရင်းနှီးမြှုပ်နှံထားသင့်တယ်လို့ ဆိုပါတယ်၊ မြန်မာပြည်အနေနဲ့ ဒီဥပဒေသကို သေသေချာချာ လိုက်နာဖို့ လိုအပ်ပါတယ်။
ဒီအချက်ဟာ မြန်မာပြည်လိုမျိုး သဘာဝသံယံဇာတတွေ အမြောက်အမြားကို တိုင်းရင်းသား ဒေသတွေမှာ တွေ့ရှိနေတဲ့ နိုင်ငံ၊ တိုင်းရင်းသားတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးဖို့ ဗဟိုအစိုးရဆီကနေ ဆယ်စုနှစ်တွေချီပြီး တောင်းဆိုနေတဲ့ နိုင်ငံမျိုးအတွက် ပိုလို့တောင် အရေးကြီးပါတယ်။
လုံလောက်တဲ့ အစီအမံတွေ အကာအကွယ်တွေ မရှိဘူးဆိုရင် တိုင်းရင်းသားတွေရဲ့အမြင်မှာ သူတို့ ဒေသက သဘာဝ သံယံဇာတတွေဟာ ဒေသရေရှည် ဖွံ့ဖြိုးရေးအတွက် မဖြစ်စလောက်လေးနဲ့ အလျင်အမြန် ပြောင်တလင်းခါကုန်ပါလားလို့ မြင်လာနိုင်ပါတယ်။
ဒီလိုမဖြစ်ဖို့ နည်းလမ်းကတော့ သဘာဝသံယံဇာတွေဆီကနေ ရတဲ့ ငွေတွေကို အပြစ်ပြောစရာမရှိတဲ့ စီမံအုပ်ချုပ်မှု၊ ရှင်းလင်းတဲ့ စည်းကမ်းတွေနဲ့ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတော် ရန်ပုံငွေတရပ် ထူထောင်ထား ရှိဖို့ပါပဲ။ အဲဒီ ရန်ပုံငွေက ရေရှည်အမြတ်အစွန်းတွေကို တိုင်းရင်းသား ဒေသတွေ အပါအ၀င် ပြည်သူလူထုအတွက် ရေရှည်ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။
ဒီကိစ္စဟာ မြန်မာပြည်အတွက် အခုနေအခါမျိုးမှာ ဘယ်လိုမှ မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်၊ ဒါပေမယ့် ဒီလိုရည်မှန်းချက်ဆီကို ဦးတည်လုပ်ဆောင်ချက်မျိုးကတော့ ချက်ချင်းလက်ငင်းပဲ စတင်ထားဖို့ လိုအပ်ပါတယ်၊
ပဉ္စမနဲ့ နောက်ဆုံးအချက်ကတော့ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာဘဏ်တို့ကို ပေးစရာရှိတဲ့ ကြွေးဟောင်းတွေကို လျှော်ပစ်နိုင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ပါပဲ။ ဒါမှသာ မြန်မာပြည်အနေနဲ့ ဒီလို ငွေကြေး အဖွဲ့အစည်းတွေဆီကနေ လက်လွှတ်ထားရတဲ့ အရင်းအမြစ်တွေကို ပြန်ရလာ နိုင်ပါတယ်၊ (ဘဏ်နှစ်ဘဏ်စလုံးက ကြွေးဟောင်းပြန်မဆပ်ဘဲ ကြွေးသစ် ချပေးတဲ့ အစဉ်အလာမရှိပါဘူး)။
မြန်မာပြည်က နိုင်ငံခြား ကြွေးမြီက အမေရိကန်ဒေါ်လာ ၅ဒသမ၅ ဘီလီယံ ရှိပါတယ်၊ ဒီထဲမှာ နိုင်ငံချင်းအလိုက်ဆိုရင် ဂျပန်ဆီက အကြွေးက (၄ ဘီလီယံ) နဲ့ အများဆုံးဖြစ်နေပါတယ်။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက ဆိုရင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာဘဏ်တို့ကို ပေးရမယ့် အကြွေးက အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိပါတယ်၊ အစိုးရအနေနဲ့ ဒီအကြွေးတွေကို ပြန်မဆပ်နိုင်ဘူး ဆိုတာကတော့ ရှင်းပါတယ်။ (တိုင်းပြည်ရဲ့ နိုင်ငံခြားအရံငွေက ၆ ဘီလီယံပဲ ရှိပါတယ်)
ဒါကြောင့် အလှူရှင် တနိုင်ငံချင်းအလိုက် အကြွေးကိစ္စကို ရှင်းပေးချင်တဲ့ စိတ်စေတနာပေါ်လာအောင် နှစ်ကိုယ်ကြားစည်းရုံးဖို့ပဲရှိ ပါတယ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ သံဓိဌာန်
ဦးစားပေးကိစ္စ ငါးရပ်ဆိုပြီး အကျဉ်းချုပ်ခဲ့ပေမယ့် လက်တွေ့ ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုတွေက ခြောက်ခြားစရာအတိနဲ့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အပြောင်းအလဲတွေကို မဖြစ်မနေ လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ရှိရင် အရှိန်အဟုန် ရလာပါလိ့မ်မယ်။ ဖြစ်ပေါ် တိုးတက်မှုတွေ အပေါ်မှာ အစိုးရကိုယ်တိုင်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျွဲမြီးမတိုသင့်ပါဘူး။ အပြောင်းအလဲတွေဟာ ဖြည်းဖြည်း မှန်မှန်၊ နှိုင်းနှိုင်းချိန်ချိန်၊ တိုင်းပြည်ရဲ့ လုပ်နိုင်ကိုင်စွမ်းနဲ့ သင့်တင်လျှောက်ပတ်တာမျိုးပဲ ဖြစ်ဖို့ လိုပါတယ်၊
အစိုးရနဲ့ အတူတူလုပ်ကိုင်နေတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း စိတ်တွေကို ဆွဲဆန့်ထားဖို့ လိုပါတယ်၊ အကြံဥာဏ်တွေ၊ အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးရင် အတူတူတွဲလုပ်သွားဖို့ လိုပါတယ်၊ ဒီနေရာမှာ တိုင်းပြည်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်တာမျိုးလည်းမဟုတ်၊ ပတ်ချာလည်ကနေ ၀ိုင်းကြီးပတ်ပတ်လုပ်နေတာမျိုး မဖြစ်ဖို့ လိုပါတယ်၊ တချိန်တည်းမှာ သူတို့ကို မနိုင်ဝန်ထမ်းခိုင်းတာမျိုးလည်း မဖြစ်ဖို့ လိုပါတယ်၊
အဆင်မပြေမှုတွေ မလွဲမရှောင်သာ တွေ့လာတဲ့အခါမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အချိန်ယူဖြေရှင်းတာမျိုးပဲ ဖြစ်သင့်ပါတယ်၊ မြန်မာပြည်ရဲ့ မဟာဗျူဟာ ကျတဲ့ တည်နေရာမျိုး၊ သဘာဝသံယံဇာတတွေ ကြွယ်ဝပုံမျိုးဟာ တခြား နိုင်ငံအနည်းငယ်လောက်မှာပဲ ရှိနိုင်တဲ့ အားသာချက်တွေပါ။
ဒီလို ထူးခြားတဲ့ ရှိနေပြီးသား အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချမယ်ဆိုရင် ရေရှည် တည်တံ့ပြီး၊ အားလုံး ခံစားစံစားနိုင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှု ရေခံမြေခံတွေကို တည်ဆောက်နိုင်မယ်ဆိုတာကတော့ အသေအချာပါပဲ

လယ်/ဆည် ဝန်ကြီးကသားသမီးတွေကိုတောင်းပန်

ဟုတ်တာမှန်တာပြောရင်ကြိုဆိုတာကမြန်မာထောင်နော်

The Voice Weekly
လယ်/ဆည် ဝန်ကြီး လွှတ်တော် အမတ်များကို တောင်းပန်
နေပြည်တော်၊ ဧပြီ ၃၀
HotNews ဂျာနယ်သို့ပြောကြားခဲ့သော စကားရပ်များနှင့် ပတ်သတ်၍ ခွင့်လွှတ်ပေးရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်က ယနေ့ နေ့လည် လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် အမတ်ရှေ့ ၌ တောင်းပန်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
HotNews ဂျာနယ်သည် ၎င်းနှင့်တွေ့ဆုံ မေးမြန်းချိန်က သားသမီးသဖွယ်၊ မိသားစု သဖွယ် ပြောကြားခဲ့သည့် ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
လွှတ်တော် အခွင့်ရေးပူးပေါင်း ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရှေ့ တွင် ယင်းအင်တာဗျူးအသံဖိုင်နှင့် တကွ ပြောကြားခဲ့သည့် စကားရပ်များအား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီးကြောင်း ၎င်းက လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Eleven Media Group
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်
များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။

ဦးမြင့်လှိုင်သည် မတ်လ ၂၃ ရက်နေ့ထုတ် Hot News Journal အင်တာဗျူးတွင် “လွှတ်တော်ကိုယ်စားလှယ် ဆိုပြီး ရောက်လာတဲ့လူက စာမှမတတ် ၁၀တန်းမှမအောင်ဘဲ လွှတ်တော်ထဲ လာထိုင်တော့ သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူများခလုတ်နှိပ်ဆိုနှိပ်တယ်။ သူမှဘာမှမသိတာ။ ဘာတွေ ပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။ ရမ်းလုပ်နေရတာ”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်

2012-04-29

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြန်လည်ဖွဲ့စည်းရာမှာ အကြီးတန်းတပ်မတော် အရာရှိကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်နယ် ၀န်ကြီးချုပ်တွေ ပါဝင်ကြမှာဖြစ်ပြီး ဒု သမ္မတ တစ်ဦးက ဦးဆောင်မှာဖြစ်ကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဆောင်ရွက်မှုတွေနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နေစဉ်။ (Photo courtesy of a citizen journalist)

ကချင်ပြည်နယ်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (၆) ကြိမ်တိုင်ခဲ့ပေမဲ့ မအောင်မြင်တာကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့ သမ္မတ ဦးသိန်းစိန်က အမိန့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တစ်ဖွဲ့မှာ ပါဝင်တဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းကလည်း အဖွဲ့နှစ်ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်အောင် ပြင်ဆင်ဖွဲ့စည်းဖို့ စီစဉ်နေကြောင်း မနေ့မနက်က သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

အသေးစိတ် ထုတ်ဖော်မပြောဆိုခဲ့ပေမဲ့ ဒီပြောဆိုချက်ဟာ ပြည်ထောင်စု တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီ UNFC ရဲ့တောင်းဆိုချက်အရ စီစဉ်တာ ဖြစ်နိုင်တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး ကချင်ပြည်နယ်မှာ KIO နဲ့ အစိုးတပ်တွေကြား ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူ (၅) သောင်းကျော် အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။

ပြည်တွင်း တည်ငြိမ်ရေးနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ထာဝရငြိမ်းချမ်းရေး ရရှိအောင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့လိုကြောင်း အနောက်နိုင်ငံတွေကလည်း မြန်မာအစိုးရကို တိုက်တွန်းနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြည်သူများ၏ ဆန္ဒနှင့် တိုင်းရင်းသား မဟာမိတ်ပါတီများ၏ မေတ္တာရပ်ခံချက်အား အလေးထားသောအားဖြင့် ကျမ်းကျိန်လွှာကို ပြင်ဆင်ပေးခြင်း မရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အဖြစ် မေ၂ ရက်နေ့တွင် ကျမ်းကျိန်သွားမည်ဖြစ်ကြောင်း ယနေ့ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ NLD ရုံးချုပ်၌ ယနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ



(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့် နန့်စီးအောင် ဘူတာအကြား မိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့်ရထားတွဲ (၁၂)ပါဝင်ရာ၊ (၈)တွဲ လမ်းချော်ခဲ့ပါသည်။ အထက်တန်း အိပ်ခန်းတွဲ(၁) ၁၂၆၆၉ နှင့် တွဲ (၇)၁၂၆၅၄BREZ 10919 စားသောက်တွဲတိမ်းမှောက်ခဲ့ပါ သည်။

အိပ်စင် တွဲ(၁) D ခန်းတွင် လိုက်ပါလာသောမျိုးမင်းထိုက် (၂၈)နှစ် ညာဘက်ခြေထောက် ကျိုးသွားပြီး၊ အိပ်စင်တွဲ(၁) B ခန်းတွင် လိုက်ပါလာသောရှင်စန္ဒောဘာသ ခြေမျက်စိ ဒဏ်ရာရရှိခဲ့ပါသည်။ ရထားသံလမ်း ကွန်ကရစ်တုံး(၉၅)တုံး ပျက်စီးပြီးတံတား အမှတ်(၅၃၄)ပျက်စီးခဲ့ကြောင်း ရထားထိန်း ဦးစစ်လှိုင် မှပြောကြား ခဲ့ပြီး မီးရထားဌာနမှတာဝန်ရှိသူများ မှ နံနက် (၈)နာရီအချိန်မှ စပြီး ရထားလမ်းက
ို ပြန်လည်ပြုပြင်နေ ကြောင်း သိရှိရပါသည်။


သတင်းရင်းမြစ် - Katha town Facebook မှကူးယူခဲ့ပါသည်။ှ


Monday, April 30, 2012

ကမ္ဘာ မှတ်တမ်းဝင် ဂျပန်၏ ပင်လယ်ရေအောက် တူးဖော်မှု ၇၇၄၀ မီတာ(၂၅၄၀၀ ပေ)

TOKYO (AP) - A Japanese deep-sea drilling probe has set a new world record for depth, reaching 7,740 meters (25,400 feet) below the sea surface, the research institute that launched it says. The Chikyu, operated by the Japan Agency for Marine-Earth Science and Technology, was digging the seabed off Japan's northern coast to take fault samples and study last year's devastating earthquake and tsunami. The agency said Friday that the probe's drilling pipe hit the fault zone at 6,883.5 meters (22,600 feet) undersea before reaching the target of 7,740 meters Wednesday. That's nearly 8 kilometers (5 miles) deep. Maritime organizations say the U.S. vessel Glomar Challenger set the previous record of 7,049.5 meters (23,130 feet) below sea surface in the Mariana Trench in 1978.

RFA TV April 27, 2012 ပြည်တွင်း ကရင်အမျိုးသမီးအဖွဲ့ မှနော်စူဇဲနာလှလှစိုး၏ လုပ်ဆောင်မှုများပါဝင်သည်။

ငတက်ပြားကြီး သစ္စာဖေါက် ပဒိုအောင်ဆန်း


ရေးပြီးမတင်ဖြစ်ခဲ့သောစာစုများ(၁)
ငတက်ပြားကြီး သစ္စာဖေါက် ပဒိုအောင်ဆန်း

ဒေါနသစ္စာ
15မတ်၊ 2012.


ရေးချင်တာတော့ကြာပါပြီး..ဒါပေမဲ့ ကိုယ်ကလည်းမအားလိုက် ...အဲ ...  အားတဲ့အချိန်မှာ ကွန်ပျူတာကပျက်လိုက်နဲ့  မရေးဖြစ်တာပါ။ အခုတော့အချိန်လည်း နည်းနည်းရ ကွန်ပျူတာလည်း ပြန်ကောင်းလာပြီမို့ နည်းနည်းလေး ဖွလိုက်ရမှလို့ စိတ်ကူးပြီး အခုလိုမျိုး ကောက်ရေးလိုက်တာပါ။ မအောင့်နိုင်လို့  ရေးလိုက်ရတော့ စိတ်နည်းနည်းသက်သာရာ ရသွားတယ်လို့ ဘဲ ကိုယ့်ကိုယ်ကို မှတ်ယူပါတယ်။
 ပို့ စ်ခေါင်းစဉ်ကတော့ ကရင်ငတက်ပြား။ ကိုယ့်ပေါင်ကိုယ်လှန်ပြီးထောင်းတာမဟုတ် လက်မ မကောင်းရင်လက်မဖြတ် လက်ညိုးမကောင်းရင်လက်ညိုးဖြတ်ဘဲ။ ဒီလိုပါ...ပြီးခဲ့တဲ့ဇန်န
ဝါရီလက ကရင့်အမျိုးသားအစည်းအရုံးကြီး နဲ့ သိန်းစိန်ကြံ့ ဖွတ် အစိုးရရဲ့ ငြိမ်းကိုယ်စားလှယ်တို့  ငြိမ်းချမ်းရေး ပဏာမလက်မှတ်ရေးထိုးလိုက်တာကို ပြည်တွင်းပြည်ပ ကရင်ပြည်သူ၊ ကရင်အဖွဲ့ အစည်းတွေကြား ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ ဒီပဏာမငြိမ်းချမ်းရေးလက်မှတ်ရေးထိုးတဲ့ကိစ္စနဲ့ ပါတ်သက်ပြီး အချို့ တွေက အပြုသဘောနဲ့ ဆောင်တဲ့ ဝေဖန်အကြံပေးမှုတွေရှိခဲ့သလို အဆိုးမြင်နဲ့  ဝေဖန်ကဲ့ရဲ့ တဲ့သူတွေလည်း များစွာကြားနေရပါတယ်။ 

လူသားတွေဖြစ်ကြတဲ့အတွက် ဝေဖန်၊ကဲ့ရဲ့ ၊ ရှုတ်ချတာဟာ မွေးရာပါအခွင့်အရေးလို့ နားလည်လိုက် တယ်။ဒီလိုမျိုး အသံဗလံနဲ့ ဆူညံတဲ့အချိန်မှာ အူကြောင်ကြောင်နဲ့  ကျက်သရေတုံးတဲ့ အသံတခုကြားနေရလို့  ခုလိုမျိုး အုတ်ခဲနဲ့ ကိုင်ပေါက်တဲ့ အခြေအနေရောက်သွားတာပါ။
...............................................
ကရင့်တော်လှန်ရေးလောကမှာ သူခိုးငတက်ပြားတွေအများကြီးရှိခဲ့တယ်။ တချို့ ကခိုးပြီး နိုင်ငံခြားကိုထွက်သွားကြတယ်။တချို့ ကခိုးပြီးရလာတဲ့ ဆည်းစိမ်နဲ့ အပြင်မှာထွက်ပြီး ကိုယ့်ဘာသာကိုယ် စီးပွါးရေးဆက်လုပ်နေကြတယ်။ အခုပြောမဲ့ကရင်ငတက်ပြားကတော့ သူခိုးတကါ့သူခိုးထဲမှာ အကြီးဆုံးသူခိုး၊ အဖေါက်ပြန်ဆုံးသူခိုးလို့ ပြောရမယ်။တော်လှန်ရေး ဘဏ္ဍာငွေကိုလည်း ဘတ်ငွေသန်းပေါင်းထောင်နဲ့ ချီပြီးခိုးသွားသလို ၊ အမျိုးသားသစ္စာဖေါက်ပြီး ရန်သူပေးတဲ့အခွင့်အရေးတွေကိုလည်း အငမ်းမရ အမိအရ ယူပြန်ပါတယ်။
 ကရင်ငတက်ပြားက ဖါပွန်ခရိုင်၊ ကမမောင်းဇာတိ။ တော်လှန်ရေးထဲဝင်ရောက်လာတာက ၁၉၆၈ ခုနှစ်ဝန်းကျင်လောက်ကပါ။ တော်လှန်ရေးဝင်ခါစကနေ အမျိုးသားသစ္စာဖေါက်ပြီး ရန်သူနဲ့ ပြန်ပေါင်းသွားတဲ့အထိ နှစ်ပေါင်းများစွာ တော်လှန်ရေးလုပ်ခဲ့တယ်။ဒါပေမဲ့ တိုက်ပွဲတခါမှ မတိုက်ခဲ့ဖူးဘူး။ တော်လှန်ရေးထဲ မရောက်ခင်တုန်းကတော့ တရားဟောဆရာဘ၀အနေနဲ့  ကျင်လည်ခဲ့တယ်။ ဒါနဲ့ တော်လှန်ရေးထဲရောက်တော့ တရားဟောဆရာတယောက်အနေနဲ့  လူရိုသေရှင်ရိုသေပေါ့....အဲဒါက ကရင်ငတက်ပြားအတွက် မဟာအခွင့်အရေးဘဲ။ 
တရားဟောဆရာတယောက်အနေနဲ့ အပြောအဆိုတွေလည်းပြေပြစ်တာမို့  ကေအင်န်ယူဥက္ကဌ ဗိုလ်ချုပ်မြရဲ့  အရေးပေးခြင်းခံရတဲ့သူတဦးဖြစ်လာပါတယ်။ ကရင့်တော်လှန်ရေး နေလိုလလို ထွန်းတောက်တဲ့အချိန်ကါလက ကေအင်ယူဥက္ကဌ သြဇာတိကမ ကြီးမားတဲ့အချိန်၊ ဥက္ကဌကြီးဗိုလ်ချုပ်မြအနားမှာ ၀င်ရောက်ခစားတဲ့ ​ပုဏ္ဏားဖြူ၊ ​ပုဏ္ဏားနီ၊ ​ပုဏ္ဏားညိုတွေများစွာထဲမှာ ကရင်ငတက်ပြားလည်း တဦးအပါအ၀င်ဖြစ်ပါတယ်။
ငတက်ပြားဟာ တော်လှန်ရေးလုပ်ဖို့  ရောက်လာတာဖြစ်ပေမဲ့ ပုတ်သင်ညိုတကောင်တောင် မပစ်ခဲ့ဘူးပါ။ ရောက်ရောက်ချင်း ပဒိုဆိုတဲ့သင်္ကေတကို ကိုယ့်နာမည်အရှေ့ မှာတပ်ပြီး သစ်တောစာရေးဝင်လုပ်ပါတယ်။ လေးငါးနှစ်လောက်အကြာမှာ သစ်တောဝန်ကြီးသေဆုံးသွားတဲ့
အတွက် ဗိုလ်ချုပ်မြနဲ့ အပေးအယူတဲ့.ပြီး အဖားတော်တဲ့ ငတက်ပြားဟာ သစ်တော့ဝန်ကြီးရာထူးကို ထိုက်တန်စွာနဲ့ လက်ခံရရှိသွားပါတယ်။ အဲဒီမှာဘဲ သစ်တောဝန်ကြီးအသစ်စက်စက် ငတက်ပြားဟာ နေ့ ချင်း ညချင်းဆိုသလို ချမ်းသာလာတော့တာပါဘဲ။ ဗိုလ်ချုပ်မြကလဲ သူ့ ကိုယုံကြည်ပြီး ရှိသမျှဘဏ္ဍာတွေ သူဆီမှာဘဲ အပ်နှံပါတယ်။

 ပြီးတော့ သစ်တောဝန်ကြီးဆိုတဲ့ ရာထူးကို ပိုင်ပိုင်နိုင်နိုင်အသုံးချတော့တာပါဘဲ...အဲဒီခေတ်တုန်းက တော်လှန်ရေးနယ်မြေမှာ အဖိုးတန်သစ်တောတွေ ဧကပေါင်းမရေတွက်နိုင်အောင်ပါ။ 

အဲဒါကို ငတက်ပြားက စိတ်ကြိုက်ခုတ်လှဲပြီး ရောင်းချတော့တယ်။တဖက်မှာလဲ အခွန်ဂိတ်တွေမှာ ရတဲ့ငွေတွေလဲ တနေတနေ့ ငွေစက္ကူထည့်ထားတဲ့ ဂုံနီအိတ်တွေ ဆယ်ဘီးကားနဲ့ တိုက်ပြီး သယ်ယူရတဲ့အထိ ငတက်ပြားက လာဘ်ရွှင်တယ်။
ငတက်ပြားမှာ ပိုက်ဆံတွေကို ဘယ်လိုဘဲမတရား ကိုယ်ကျိုးအတွက် သုံးစွဲနေပါစေ ဘယ်သူမှမပြောရဲကြပါ။ ဗိုလ်ချုပ်မြကို အပိုင်ကိုင်ထားပြီး ဗိုလ်ချုပ်မြရဲ့ လူယုံတော်တယောက်မို့  ဘယ်သူမှလည်း ၀င်မပါတ်သက်ရဲပါ။ ငတက်ပြားဟာ ဗိုလ်ချုပ်မြရဲ့ အထာကို နပ်တဲ့သူတယောက်ပါ။ 

ရသမျှငွေတွေကို လောကဆည်းဇိမ်တွေဖြစ်တဲ့ အဆင့်မြင့်ကားတွေဝယ်၊ အိမ်ဆိုရင်လည်း ထိုင်းနိုင်ငံအနှံ့ မှာ ၀ယ်ထားတယ်။ ဘဏ်တွေမှာလဲ ထိုင်းဘတ်ငွေ သန်းထောင်ပေါင်းများစွာအပ်နှံ
ထားပါတယ်။ တော်လှန်ရေးသမားလို့ ဆိုပေမဲ့ တိုက်ပွဲတွေကို ဆင်နွှဲဘူးတာမဟုတ်ဘဲ အချိန်တန်ရင် အဆင်သင့်ထုပ်ထားပြီးသား ဂိတ်အခွန်ငွေအိတ်တွေ၊ သစ်ရောင်းလို့ ရတဲ့ငွေအိတ်တွေ ဗိုလ်ချုပ်မြ အပ်တဲ့ငွေအိတ်တွေကို ထိန်းသိမ်း၊ ဘဏ်မှာသွားအပ်နှံ၊ ပြီးတော့ နိုင်ငံခြားတွေမှာ ခရီးထွက်၊ အပန်းဖြေခရီးသွား၊ မိမိဝယ်ထားတဲ့ အိမ်တွေမြောက်များစွာဆီကို အလှည့်ကျ သွားပြီးတော့အနားယူ...ဒီလိုဘဲအချိန်ကုန်လွန်စေခဲ့တယ်....
ဒီလိုနဲ့ ငတက်ပြားကြီးဟာ လပေါင်း၊နှစ်ပေါင်းများစွာ စားတာဝါးတာများလာတော့ ပုတ်ပွလာပါတယ်။ ပုတ်စော်နံ့ ကို ဗိုလ်ချုပ်မြနားမှာရောက်တော့ ဗိုလ်ချုပ်မြက ငတက်ပြားကို လူခေါ်တွေ့ ဖို့ လုပ်လာပါတယ်။ အဲဒီအချိန်တုန်းက  ကေအင်န်ယူရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်
တာဝန်ကို ငတက်ပြားက ဗိုလ်ချုပ်မြရဲ့ တာဝန်ပေးခြင်းကိုခံခဲ့ရပါတယ်။ 

ဒီတော့ ငတက်ပြားက ရန်သူနဲ့ လည်း ဆက်ဆံနေတဲ့အနေအထားမှာ ရှိနေပါတယ်။ ဗိုလ်ချုပ်မြက သူ့ ကိုခေါ်တွေ့ တော့ ငတက်ပြားခ ခေသူမှမဟုတ်တာ။ ဗိုလ်ချုပ်မြနဲ့ အနီးကပ်နေတဲ့သူ ​ပုဏ္ဏားဖြူ၊ ​ပုဏ္ဏားညိုတွေရဲ့  ကုန်းချောမှုကြောင့် မတရားအသတ်ခံရတဲ့သူတွေများစွာရှိတယ်ဆိုတာ ငတက်ပြားက မျက်ဝါးထင်ထင်မြင်ခဲ့ဘူးတယ်လေ။ ဒီတော့ ငတက်ပြားက ဗိုလ်ချုပ်မြကို ဘယ်လာတွေ့ မလဲ...လူညံ့မှမဟုတ်တာ...သူ့ ရဲ့ အခြေအနေမကောင်းမှန်း သူသိနေတော့ ငတက်ပြားဟာ နကိုက ရန်သူနဲ့ အဆက်အသွယ်ရှိလေတော့ ဗိုလ်ချုပ်မြရဲ့ ဘဏ္ဍာငွေရော ၊ မိမိခိုးယူစုဆောင်းထားတဲ့ငွေတွေရော ငွေထုပ်ကြီးကို ပိုက်ပြီး ရန်သူရဲ့ နောက်ကို လိုက်သွားပါတော့တယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်မြလည်း စိတ်အရမ်းထိခိုက်မိပြီး..
.ကေအင်န်ယူအဖွဲ့ အစည်းကလည်း ဘဏ္ဍာရေးအခက်အခဲ အကြီးအကျယ်ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။
    အဲဒါကတော့ ကရင်ငတက်ပြားတယောက်ရဲ့ ကရင့်တော်လှန်ရေးအပေါ် ဂြိုလ်မွှေသွားတဲ့ အစိတ်အပိုင်းတချို့ ဘဲဖြစ်ပါတယ်။  
ထားပါတော့...အဲဒါက တပိုင်းပေါ့..ရန်သူနဲ့ ပြန်ပေါင်းပြီး ဘာတွေဆက်လုပ်သလဲ...ထုံးစံ
အတိုင်းပေါ့...သစ္စာဖေါက်တဲ့သူဟာ ဖေါက်မြဲ ပြန်ဖေါက်ပါဘဲ။ရန်သူ့ ဆီမှာ စီးပွါးရေးလုပ်ကွက်တွေ များစွာ ရရှိခဲ့ပါတယ်။ ငတက်ပြား ဓါတ်ဆီဆိုင်၊ ငတက်ပြား မော်တော်ယာဉ်အပါအ၀င်ပေါ့...အခုဆိုရင် ရန်ကုန်မြို့ တွေမှာ ငတက်ပြား ကုပ္ပဏီတွေ မြောက်မြားစွာ ရှိပြီး သူ့ ရဲ့ သားသမီးတွေ၊ သမက်တွေ ချွေးမတွေက ဦးစီးဦးဆောင်လုပ်နေပါတယ်။
ခိုးဝှက်တဲ့အကြောင်း..ဆက်ရေးနေရင်လဲ အကုသိုလ်ဘဲများတယ်...ပြီးတော့ တော်လှန်ရေးမှာ အခြား ငတက်ပြားအလတ်စား၊ အသေးစားတွေရဲ့ အကြောင်းတွေ ထပ်ရေးမိမှာစိုးလို့ ...ဒီလောက်ဘဲ..
.သူခိုးအကြောင်းတွေကို...
အဓိကဆက်ပြောချင်တာက..ငတက်ပြားကြီးရဲ့ ထုတ်ပြန်ကြေငြာချက်နဲ့ ပါတ်သက်တာပါ။ 

သူ့ ရဲ့ အခုထုတ်ပြန်ကြေငြာချက်ဟာ ပထမဆုံးအစောင်မဟုတ်သလို...နောက်ဆုံးအစောင်လို့ လည်း ဆိုလို့ မရသေးဘူး။ ယခင့်ယခင်ကလည်း မိခင်ကေအင်န်ယူကို ဝေဖန်ပုတ်ခတ်တဲ့စာတွေ၊ 
 ကြေငြာချက်တွေ ထုတ်ခဲ့ဘူးတယ်။ အခုလည်း ဗမာစစ်အာဏာရှင်တွေရဲ့ အလိုကျ ထုတ်တယ်။ နောင်လည်း ထုတ်အုံးမှာဘဲ။
ထုတ်ပြန်ကြေငြာချက်စာရဲ့ ခေါင်းစည်းစာတမ်းကလည်း တလွှဲတချော်၊လက်ထဲမှာ လက်နက်မရှိတော့ဘဲနဲ့  ဌာနေပြည်သူ့ စစ်တဲ့...ဖေါ်ပြတဲ့အမြင်တွေကလည်း တလွှဲတချော်...အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ မူ(၄)ချက် ပြန်လည်ဖေါ်ပြတာလည်း တလွှဲတချော်.....ထုတ်ပြန်ကြေငြာချက်တစောင်လုံးကို ပြန်ချုပ်ကြည့်လိုက်တော့...အူကြောင်ကြောင် အတွေးအခေါ်တွေနဲ့ ဘဲ...ရေးသွားတယ်။ 

ဘ၀ရဲ့ နောက်ဆုံးနေ၀င်ချိန်ရောက်ခါနီးကျမှ မိုက်တွင်းနက်ပြီးနက်ပြန်ပါလားလို့  ငတက်ပြားရဲ့ အကြောင်းကို တွေပြီး သံဝေဂရမိတယ်။။။
ဘုရားသခင်က မြေကြီးမှုန့် တွေနဲ့ ဖန်ဆင်းခဲ့တဲ့ ငတက်ပြားရဲ့  လူသားဘ၀အစမှာ ဘုရားသခင်ရဲ့ အမှုတော်ကိုထမ်းဆောင်တဲ့ ဖခမည်းတော်ချစ်ခဲ့ရတဲ့ သားတော်ကောင်းတယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဆည်းစိမ်လောဘရမ္မက်တွေ၊ အာဏာတွေယစ်မူးလာတဲ့တနေ့ မှာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို မသိတော့သလို မိမိရဲ့ လူမျိုးတွေကိုပါ သစ္စာဖေါက်သွားခဲ့တယ်။ ဒီ့အတွက် ဘုရားသခင်က ခွင့်လွှတ်နိုင်မှာမဟုတ်ဘဲ ဘုရားသခင်ရဲ့ အပြစ်ပေးခြင်းကို မလွှဲဧကန်ခံရမှာသေချာတယ်။ 

အမျိုးသားသစ္စာဖေါက်တဦးအနေနဲ့ ငတက်ပြားကြီးအပါအ၀င် သူ့ ရဲ့ သားစဉ်မြေးဆက်တွေ  ကြိမ်ဆိုခြင်းကိုခံရပြီး ကြိမ်စာသင့်မှာသေချာတယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်းမေ့၊ ကရင်လူမျိုးတွေရဲ့ ကျေးဇူးတရားကိုလည်း မေ့နေတဲ့ ယခင်ကတရားဟောဆရာ ၊ယခုသူခိုး ငတက်ပြားကြီးပဒိုအောင်ဆန်းတယောက် သူ့ ရဲ့ ဘ၀နောက်ဆုံးနေ့ ရက်တွေကို သူရာပုလင်းတွေနဲ့ နေ့ စဉ်အဖ်ါပြုပြီး ဘုရားသခင်ရဲ့  ပြစ်ဒဏ်ပေးမယ့် နေ့ ကို စောင့်ဆိုင်းနေလေလျှက်...

Klohtoobaw statement on Drug from Thai launch_25-4-2012_

Klohtoobaw statement on Drug from Thai launch_25-4-2012_

Sunday, April 29, 2012

မယ်လစခန်း မီးလောင်မှုသတင်း

မယ်လစခန်းတွင် ဧပြီလ ၂၈ရက် နေ့လည် ၁၂နာရီခွဲ၌ မီးလောင်ခဲ့ရာ ကော်သူးလေ ကရင်နှစ်ခြင်း ခရစ်ယာန် ကျမ်းစာသင်ကောလိပ်ကျောင်းဝင်းတခုလုံး လောင်ကျွမ်းသွားခဲ့သည်။





မယ်လစခန်း မီးလောင်မှုဓါတ်ပုံသတင်း

မယ်လစခန်းတွင် ဧပြီလ ၂၈ရက် နေ့လည် ၁၂နာရီခွဲ၌ မီးလောင်ခဲ့ရာ ကော်သူးလေ ကရင်နှစ်ခြင်း ခရစ်ယာန် ကျမ်းစာသင်ကောလိပ်ကျောင်းဝင်းတခုလုံး လောင်ကျွမ်းသွားခဲ့သည်။

EU praises Myanmar's democractic shift

April 28 - The European Union's foreign affairs chief, Catherine Ashton, meets with Myanmar opposition leader Ann San Suu Kyi as the bloc lifts sanctions on the Southeast Asian state. Andrew Raven reports.

ခေါင်းဆောင်ကောင်းတို့ရဲ့နေထိုင်ဆောင်ရွက် ချက်တွေဟာ အမှုမဲ့အမှတ်မဲ့မဟုတ်ဘူး။ ပေါ့ပျက်ပျက်မဟုတ်ဘူး။ အပေါ်ယံကြောမ ဟုတ်ဘူး။ နေချင်သလိုနေ။ ပြောချင်သလိုပြော။ လုပ်ချင် သလိုလုပ်တဲ့လူတွေဟာဘယ်တော့မျှခေါင်းဆောင် ကောင်းဖြစ်မလာနိုင်ဘူး။

မဲဆောက်မြို့လယ် လူသတ်မှု သတင်းစာရှင်းလင်းပွဲ

ဓာတ်ပုံ+သတင်း - ဧရာဝတီ
မနေ့တုန်းက ရတနာကုန်သည် စောစံငြိမ်း ဆိုသူ မဲဆောက်မြို့လယ်ခေါင်က နေအိမ်မှာ သတ်ဖြတ်ခံရပြီး၊ ဒီအမှု ကျူးလွန်သူတွေကို ဖမ်းမိထားတယ်လို့ မဲဆောက်မြို့ ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

မဲဆောက်ရဲက ဒီနေ့မှာဘဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြစ်မှုကျူးလွန်သူ ၂ ဦး ဆိုသူကိုလည်း ပြသခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူ လို့ ရဲက စွပ်စွဲထားသူတွေကတော့ ကွယ်လွန်သူရဲ့ ဇနီးသည် နန်းနုဒီး၊ မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားအောက်က ရေလယ်ကျွန်းမှာ ကျက်စားတဲ့ အသက် ၂၀ အရွယ် မောင်အောင်ကိုဦး ဆိုသူတို့ ဖြစ်ပါတယ်။

သူတို့ကို အပြီးသတ် စစ်ဆေးမှုတွေပြုလုပ်ပြီးရင် တရားစွဲသွားမှာဖြစ်တယ်လို့ မဲဆောက်မြို့နယ်ရဲမှူးကြီး ရဲဗိုလ်မှူး အေကလပ် အင်ထလစစ်က ဆိုပါတယ်။လူသတ်မှုမှာ ပါဝင်တာ သူတို့ ၂ ဦးတည်း မဟုတ်ပါဘူး တဲ့။

ရဲစခန်းမှာ အောင်ကိုဦး ပြောသွားတာကတော့ ”မဲဆောက်က လူတဦးကို သတ်ပေးဘို့ မြန်မာဘုန်းကြီးတပါးက လာငှားလို့ သွားတာ ဖြစ်တယ်” လို့ ဆိုပါတယ်။

အမှုမှာပါရှိတဲ့ မြန်မာဘုန်းတော်ကြီး ဆိုသူကို မဲဆောက်ရဲက "သဲလွန်စရရှိထားပြီ" လို့ ဆိုပါတယ်။

မောင်အောင်ကိုဦး ဘယ်လို ဖမ်းမိတာလဲ?

"သတ်ပြီးတာနဲ့ အိမ်ရှင် မိန်းမက ကျနော့ကို တိုက်အပေါ်ထပ်မှာဘဲ ပုန်းနေခိုင်းတယ်" လို့ သူက ဆိုပါတယ်။

အဲဒီ အိမ်ပေါ်မှာဘဲ ပုန်းနေရာကနေ မွန်းလွဲပိုင်းမှာ ထိုင်းရဲက ဖမ်းမိခဲ့တာပါ တဲ့။

နန်းနုဒီးကတော့ ဘာဖြောင့်ချက်မှမပေးသေး ဘူးလို့ ရဲက ဆိုပါတယ်။

ဒီအမှု ရက်ပိုင်းအတွင်းမှာ အားလုံး ပြီးစီးသွားမှာဖြစ်တယ်လို့ မဲဆောက်ရဲက ဆိုပေမဲ့ သတင်းထောက်တွေရဲ့ အသေးစိတ်မေးမြန်းချက်တွေကိုတော့ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

အသက် ၅၀ အရွယ် သေဆုံးသူ စောစံငြိမ်းဟာ သမီးပျိုသားပျို ၃ ဦးရှိပြီး မဲဆောက်ဈေးမှာ ကုန်ပစ္စည်းမျိုးစုံ ဆိုင်ကြီး ဖွင့်ထားပါတယ်။

သေဆုံးသူရဲ့ ဆွေမျိုးသားချင်းတဦးက သူတို့ လင်မယားကြားမှာ အငယ်အနှောင်း ထားတဲ့ကိစ္စနဲ့ မကြာခဏ ပြဿနာတွေဖြစ်လေ့ရှိတယ် တဲ့။ ဒါပေမဲ့ ပြဿနာရဲ့အရင်းခံကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြပါဘူး။

မဲဆောက်မြို့လယ်က "ကျောင်းကြီး" ဘုန်းတော်ကြီးကျောင်းမှာထားတဲ့ ကိုစံငြိမ်းရဲ့ ရုပ်ကလာပ်ကိုတော့ ဒီလ ၃၀ ရက်နေ့မှာ မြေချမှာ ဖြစ်ပါတယ်။