Wednesday, April 30, 2014

ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ် MR.ISHIBASHI MICHIHIROနှင့် ကရင်ပါတီ ၊ ကရင်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့်တွေ့ဆုံ


          ဂျပန်နိုင်ငံလွှတ်တော်ကိုယ်စားလှယ် MR.ISHIBASHI MICHIHIROနှင့်
ကရင်ပါတီ ၊ ကရင်လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များနှင့်တွေ့ဆုံ

ဂျပန်နိုင်ငံမှမြန်မာနိုင်ငံနှင့်ပတ်သက်ပြီး တိုင်းရင်းသားဒေသများသို့ ODA ပိုမိုပေးနိုင်ရန်နှင့်မြန်မာနိုင်ငံမှတိုင်းသားဒေသများငြိမ်းချမ်းရေးနှင့်ပတ်သက်
ပြီး MR.ISHIBASHI MICHIHIROသည် ၂၇-၄-၂၀၁၄တွင်ဂျပန်နိုင်ငံမှ
မြန်မာနိုင်ငံသို့ထွက်ခွါသွားပြီဖြစ်သည်၊၊
၂၈-၄-၂၀၁၄ နေ့တွင်ရန်ကုန်ရှိ၍ကရင်ပါတီကရင်အဖွဲ့အစည်းများနှင့်တွေ့ဆုံ
ပြီး
၃၀-၄-၂၀၁၄ နေ့တွင်ကရင်ပြည်နယ်ဖားအံမြို့တွင်ဆိုင်ရာကရင်
အမျိုးသားအစည်းအရုံးတာဝန်ရှိပုဂ္ဂိုလ်များ ၊ ရန်ကုန်တွင်မတွေ့နိုင်သောဒေသခံ
ကရင်လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီးအောက်ပါအကြောင်းအရာများနှင့်ပတ်
သက်ပြီးဆွေးနွေးမည်ဖြစ်သည်၊၊  MR.ISHIBASHI MICHIHIRO သည် RENGO ဟုခေါ်သောဂျပန်အလုပ်သမားသမဂ္ဂဆိုင်ရာလွှတ်တော်အမတ်ဖြစ်ပြီး
မြန်မာ့ဒီမိုကရေစီထောက်ပံ့ရေးဆိုင်ရာဂျပန်လွှတ်တော်များဖွဲ့စည်းထားသော
GIREN ၏အတွင်းရေးမှူးအဖွဲ့
ဝင်ဖြစ်သည်၊၊ GIREN၏ဥက္ကဌသည်
MR.NAKAGAWA   MASAHARU ဖြစ်သည်GIRENနှင့် RENGO သည်နှစ်ပေါင်းများစွာမြန်မာဒီမိုက
ရေစီအရေးကိုထောက်ပံ့ပေးခဲ့သောအလုပ်သမားသမဂ္ဂဖြစ်သည်၊၊
(၁) ကရင်ပြည်နယ်ဒေသတွင်းအခြေအနေလူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက်ပံ့ပိုး
ကူညီရန်
(၂) နိုင်ငံအမှန်တကယ်ပြောင်းလဲပြီးနောက်ပြည်တွင်းပြည်ပဒုက္ခသည်ပြန်လည်
နေရာချထားရေးနှင့်ပတ်သက်ပြီးကူညီလုပ်ဆောင်ရန်
(၃) ယခုလက်ရှိကရင်ပြည်နယ်မှအလုပ်သမားများအလုပ်ရှင်ပြဿနာများ ၊ ဂျပန်နိုင်ငံမှလုပ်ငန်းများနောင်တချိန်တိုးချဲ့လုပ်ဆောင်လာလျှင်၊ အလုပ်ရှင်
အလုပ်သမားများပြဿနာများကိုဘယ်လိုစနစ်ဖြင့်နှစ်ဖက်ချောမွေ့စွာလုပ်ဆောင်
နိုင်မည်နည်းစနစ် စသည်တို့ဆွေးနွေးရန်ဖြစ်သည်၊၊
ထို့အပြင် သီလဝါဇုံနှင့်ပတ်သက်သည့်ဒေသခံပြဿနာများ မြန်မာပြည်နေရာအနှံ့သို့
ကူညီထောက်ပံ့နေသည့်ဂျပန် NGOကြီးငယ်များ၏တာဝန်ယူလုပ်ဆောင်မှု့များ
ဆုတ်ယုတ်ခြင်းတိုးတက်ခြင်း အခြေအနေနှင့်ရှောင်တခင်စစ်ဆေးခြင်းများကို
လုပ်ဆောင်သွားမည်ဖြစ်သည်၊၊ 
MPC နှင့်အလုပ်သမားသမဂ္ဂအဖွဲ့၊ JICA နှင့်JAPAN PLATFORM တို့နှင့်လည်းတွေ့ဆုံဆွေးနွေးမည်ဖြစ်သည်၊၊



ကရင်အမျိုးသားအဖွဲ့ချုပ်(ဂျပန်)
KNL-JAPAN