Friday, April 22, 2011

Stricter enforcement of nuclear evacuation zone to begin


Tokyo (CNN) -- Japan will on Friday begin enforcing an evacuation order on a 20-kilometer zone around the Fukushima Daiichi nuclear power plant, a top government official said.

The restriction --in place since the early days of the nuclear disaster -- has often been ignored.

Many of the about 78,000 people who have homes in the evacuation zone have gone back in recent weeks to retrieve belongings, and check on farms and businesses.

No one will be allowed within 3 kilometers of the crippled nuclear facility and entry within 20 kilometers of the plant will be highly regulated, Chief Cabinet Secretary Yukio Edano told reporters Thursday.

People who temporarily return to their homes, businesses and farms must wear a protective suit and ride into the restricted zone on a designated bus.

The time limit for such visits will be two hours and everyone who enters will be required to go through a decontamination process.

The stricter enforcement within the zone is necessary "to guarantee the health and safety of the people," Edano said previously, noting that Tokyo will work with local officials in closing the zone.

Edano said the government plans to designate the area an "alert zone" under Japanese laws governing disaster response, a move he said would give authorities the power to crack down on people going into and out of the evacuated area.



Police are currently stationed at checkpoints leading into the area, but enforcement appears to vary from post to post or officer to officer.

A CNN crew entered the area for a short time Wednesday and encountered a young farmer whose family lives just inside the 20-km (12.5-mile) boundary. He said his father was considering returning home -- but as a young, unmarried man, he was considering quitting the farm his family has worked for three generations.

"I'm concerned about the impact on my health," said the farmer, who declined to be named. "I wish I could trust the government, but I can't."

"I'm concerned about the impact on my health," said the farmer, who declined to be named. "I wish I could trust the government, but I can't."

The disaster, now the worst nuclear accident since Chernobyl, occurred when the Fukushima Daiichi plant was struck by the March 11 tsunami that devastated northern Japan, knocking out its coolant systems and causing its three operating reactors to overheat.

The plant's operator, Tokyo Electric Power Co., said Thursday that a meltdown could be taking place at the troubled facility, but also acknowledged that there's no way to know for sure.

TEPCO told CNN that it cannot say that the nuclear fuel rods at the three reactors have never melted or that they are not melting right now, nor can the company say for certain that the rods have melted or are melting now.

The Japanese government says it has no detailed readings of radiation levels inside the 20-km zone. But journalists who have entered the areas have recorded radiation levels that typically range around a few thousandths of a millisieverts per hour. By comparison, a typical resident of an industrialized country receives about 3 millisieverts per year.

One reporter who came within 2 kilometers of the power plant in early April recorded a dose of about a tenth of a millisievert per hour -- high enough to increase the long-term risk of cancer with prolonged exposure, but a tiny fraction of the dose that would induce radiation sickness.

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ

သိမှတ်ဖွယ်ရာ ကရင်ယဉ်ကျေးမှုအဖြာဖြာ အပိုင်း ၁

အပိတ်လှောင်ခံ မြန်မာလုပ်သား ၃၉ ဦး ကယ်တင်နိုင်

အပိတ်လှောင်ခံ မြန်မာလုပ်သား ၃၉ ဦး ကယ်တင်နိုင်
Thursday, 21 April 2011 01:41


ဘန်ကောက် (မဇ္ဈိမ)။ ။ ဘန်ကောက်မြို့ ဒင်းဒန်းန်ဒေသ ရတ်ချဒါလမ်းမ ဆုဆဝါလမ်းသွယ်ရှိ အိမ်တွင်းစက်ချုပ်ရုံ ၄ ရုံရှိ ပိတ်လှောင် ခိုင်းစေခံရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၉ ဦးကို ထိုင်းရဲများက အင်္ဂါနေ့ နေ့လည်တွင် စက်ရုံများအတွင်း ဝင်ရောက် စီးနင်းကာ ကယ်တင်နိုင်ခဲ့သည်။

စက်ရုံပိုင်ရှင် အမျိုးသမီးမှာ မြန်မာပြည်ဖွား ဖိဆာဆိုသူဖြစ်ပြီး၊ အလုပ်သမားများကို ၅ ထပ်အဆောက်အအုံထဲ သော့ခတ်ထားသဖြင့် ထိုင်းရဲ ၄ဝ ကျော်နှင့် ကယ်ဆယ်ရေး အဖွဲ့ဝင်များက လှေကားထောင်၍ တံခါးများ ရိုက်ချိုး ဖျက်ဆီး၍ ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။ အောက်ဆုံး ၃ ထပ်ကို သော့ခတ် ပိတ်ဆို့ထားသဖြင့် ဝင်ရောက်ရန် မလွယ်ကူမှုကြောင့် ရဲများက စတုတ္ထထပ် ဝရန်တာမှတဆင့် အဆောက်အအုံအတွင်း ဝင်ရောက်ခဲ့ရသည်။

“အလုပ်သမားတွေက ငါတို့ ဒီမှာဒီမှာ ဆိုပြီး လက်ပြ၊ ရဲတွေက လှေကားထောင်ပြီး အပေါ်ကိုတက် အဲလို ကယ်ရတာ” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအသင်း BAT တာဝန်ခံ ဦးကျော်သောင်းက မဇ္ဈိမကို ပြောသည်။

အပိတ်လှောင်ခံများ၏ သတင်းပေးချက်အရ BAT က ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ထံ Anti Human Trafficking Division (AHTD) ထံ တိုင်ကြားရာမှတဆင့် ထိုင်းရဲများက ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

“မတ်လ ၂၈ ရက်နေ့က အလုပ်ရုံတခုက မသွယ်ဆိုတဲ့ အမျိုးသမီးတဦးက စပြီး ဖုန်းဆက်သွယ်လာပါတယ်။ အချက်အလက်တွေ ပေးတယ်။ ဧပြီလ ၄ ရက်နေ့မှာ ဖြိုးဝေဦးနဲ့ ညီညီလွင်ဆိုတဲ့ ၂ ယောက်က သူတို့က အပြင်ထွက်ခွင့်ရတဲ့ သူတွေဆိုတော့ ည ၉ နာရီလောက်မှာ အမှိုက်ပစ်မယ်ဆိုပြီး ထွက်ပြေးလာကြတယ်။ အဲဒါနဲ့ ၁၂ ရက်နေ့မှာ ဘာသာပြန် အပါအဝင် လူကုန်ကူးမှု တိုက်ဖျက်ရေးကို သွားပြီး အမှုဖွင့်ခဲ့တာပါ” ဟု သူက ဆိုသည်။

စက်ရုံများအတွင်း ထိုင်းရဲများ ဝင်ရောက်ရှင်းလင်းစဉ် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ဝ ဦးကို ကယ်တင်နိုင်ခဲ့ပြီး၊ သူတို့တွင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်အထောက်အထားများ မရှိသူများ ဖြစ်သည်။ ကယ်တင်ခံရသည့် မြန်မာလုပ်သား အများစုမှာ ရန်ကုန်၊ ပဲခူးနှင့် ရခိုင်ပြည်နယ်မှ အများစု ဖြစ်ကြသည်။



စက်ရုံပိုင်ရှင် ဖိဆာသည် အလုပ်သမားများကို ပိတ်လှောင်စေခိုင်းသဖြင့် ပြီးခဲ့သည့်နှစ် သြဂုတ်လထဲတွင်လည်း အလုပ်သမားများ ထွက်ပြေးခဲ့သည်များ ဖြစ်ပွားခဲ့သေးသည်။

အလုပ်သမားများမှာ မနက် ၈ နာရီမှစ၍ လုပ်ကိုင်ရပြီး တခါတရံ ည ၂ နာရီထိုးမှသာ အိပ်စက်ရကြောင်းနှင့် သူတို့ကို ပွဲစားခ ၁၄၅ဝဝ ဘတ်ဖြင့် အလုပ်ရှင်က လူကုန်ကူးသူများထံမှ ခေါ်ဆောင်ခဲ့ကာ အလုပ်ကို ပုတ်ဖြတ်ခိုင်းစေကြောင်း စက်ရုံထဲမှ ကယ်တင်ခံရသူ ကိုသိန်းနိုင်က မဇ္ဈိမကို ပြောသည်။ သူသည် ယခုအခါ ဘန်ကောက်ခရိုင်နှင့်ကပ်လျက် တည်ရှိသည့် ပထုံဌာနီခရိုင်ရှိ ယာယီထိန်းသိမ်းစောင့်ရှောက်ရေး စခန်းအတွင်း ရောက်ရှိနေပြီ ဖြစ်သည်။

အဆောင်ခ၊ မီးခ၊ ရေခနှင့် ရဲကြေးများအဖြစ် တလလျှင် ဘတ် ၁ဝဝဝ နှင့် တပတ်တခါ မှာယူသည့် ဟင်းဖိုးများ နုတ်ယူပြီး၊ ကျန်ရှိသော လုပ်အားခများကိုလည်း လမ်းစရိတ်အဖြစ် သိမ်းဆည်းကာ လမ်းစရိတ်ကျေ၍ အလုပ်ပြောင်းချင်၊ အလုပ်ထွက်ချင် သူများကို မဲဆောက်ပြန်ပို့မည်ဟု ခြိမ်းခြောက်လေ့ရှိသည်ဟု သူက ပြောသည်။

“ကျနော်တို့လာတာ ဘန်ကောက်မှာ အလုပ်ကောင်းတယ် တလ (ဘတ်) ၁ဝဝဝဝ ကျော် ရမယ်ဆိုလို့ ပွဲစားနဲ့ လာတာပါ။ ကားခက ၁၄၅ဝဝ ကျပါတယ်။ အဲဒါကို လုပ်ခထဲကနေ ဖြတ်မယ်ဆိုတဲ့ သဘောပါ” ဟု မဲဆောက်မှ ဘန်ကောက်သို့ ရောက်ရှိလာပုံကို ကိုသိန်းနိုင်က ပြောပြသည်။

အလုပ်ရှင်အမျိုးသမီးမှာမူ အာမခံဖြင့် ယာယီအမှုရင်ဆိုင်ခွင့် ရရှိပြီး၊ ခင်ပွန်းသည်မှာ ယခုအခါ AHTD စခန်းတွင် ချုပ်နှောင်ခံထားရသည်။

ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်သမား ထားရှိမှုအတွက် အလုပ်ရှင်အား ဒဏ်ငွေအဖြစ် ဘတ် တသောင်းမှ တသိန်းအထိ အလုပ်သမားတဦးအတွက် ပေးဆောင်ရမည်ဖြစ်ပြီး၊ လူကုန်ကူးမှု ပေါ်ပေါက်ပါက ထောင်ဒဏ် ၁ဝ နှစ်အထိ ချမှတ်ခံရနိုင်သည်။
“မနေ့က world vision တို့ Save the children တို့အဖွဲ့တွေ လာတော့၊ သူတို့ကို အင်တာဗျူးတော့ ငိုကြတယ်။ သူတို့က မပြန်ချင်ဘူး မြန်မာပြည်မှာက လုပ်ကိုင်စားသောက်စရာ ဘာမှမရှိဘူး၊ တချို့က အိမ်မီးလောင်သွားလို့၊ အိမ်ပြန်ဆောက်ချင်လို့၊ သားသမီးကို ကျောင်းထားချင်လို့၊ ညီညီမတွေ လုပ်ကျွေးချင်လို့တဲ့ အဲလို” ဟု ဦးကျော်သောင်းက ပြောဆိုသည်။


BAT သည် မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြင့် ၂ဝဝ၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ဘန်ကောက်၌ အခြေစိုက်ကာ မြန်မာ အလုပ်သမားများ အရေး ကူညီနေသော လူထုအခြေပြု အဖွဲ့တဖွဲ့ ဖြစ်သည်။

ဗမာ့အမျိုးသားခေါင်းဆောင်သခင်ကိုယ်မှိုင်း၏ သေတမ်းစာ ၊ မင်းတို့ကိုဘယ်တော့မှမပေးဘူး ဒါတို့ဗမာပြည်မင်းတို့ကိုဘယ်တော့မှမပေးဘူး ဒါတို့ဗမာပြည်

ဗမာ့အမျိုးသားခေါင်းဆောင်သခင်ကိုယ်မှိုင်း၏ သေတမ်းစာ ၊ မင်းတို့ကိုဘယ်တော့မှမပေးဘူး ဒါတို့ဗမာပြည်မင်းတို့ကိုဘယ်တော့မှမပေးဘူး ဒါတို့ဗမာပြည်



ABMA ဂျာနယ် အတွဲ( ၂ )၊အမှတ်( ၈ ) ABMA Journal Volume 2 No 8

ABMA Journal Volume 2 No 8

သျှမ်းရိုးရာရှင်ပြုပွဲထဲ မြန်မာစစ်တပ် လက်ကြီးပစ် ဘုန်းကြီးတစ်ပါးဒဏ်ရာပြင်းထန်ရ

မယ်လသွား တောလား (၁) (၂) (၃)




မြူတွေဆိုင်းနေတဲ့ နွေဦးနံနက်ခင်း ဝေလီဝေလင်းမှာ မြန်မာပြည်သား ဒုက္ခသည်တွေနေထိုင်တဲ့ ထိုင်း-မြန်မာနယ်စပ် မယ်လစခန်းကို ရောက်သွားခဲ့တယ်။ ဈေးနေ့နဲ့လည်း တိုက်ဆိုင်နေတော့ စခန်းတခုလုံးမှာရှိတဲ့ လူတွေအားလုံး ဈေးမှာ လာစုနေသလိုပဲ လူးလာတုံ့ခေါက်နဲ့ စည်ကားနေတာပေါ့။

ကျနော်တို့ စီးလာတဲ့ ကားလေး ဈေးရှေ့ စခန်းဂိတ်ပေါက်မှာ ရပ်လိုက်တယ် ဆိုရင်ပဲ တောင်ခိုးတွေ ဝေနေတဲ့ တောင်တန်းကြီး အောက်က ဈေးတန်းလေးကို ဘွားခနဲ မြင်လိုက်ရတယ်၊ မြင်ကွင်းတချို့ကြောင့် နံနက်စောစော စည်ကားတတ်တဲ့ မြန်မာပြည်က ဈေးလေးတွေကို သတိရမိတယ်၊၊ ရောင်းဖို့ မြေပြင်ပေါ်မှာ ခင်းထားတဲ့ ဗန်းတွေပေါ်က အရောင် သွေးစုံတဲ့ မေမြို့၊ ဂန္ဓမာ စတဲ့ ပန်းတွေကို မြင်လိုက် ရတော့ ကားပေါ်ကဆင်းပြီး အားပါးတရ ဓာတ်ပုံ တဖျပ်ဖျပ် ရိုက်လိုက်မိတယ်။

ဓာတ်ပုံရိုက်နေတုန်းမှာပဲ ဟေ့- ဟေ့ ဆိုတဲ့ အသံကြောင့် ဖျတ်ခနဲ ခေါင်းမော့ကြည့်လိုက်တော့ စခန်းလုံခြုံရေး တာဝန်ယူထားတဲ့ စစ်ဝတ်စုံနဲ့တယောက်က လက်ရပ် လှမ်းခေါ်နေပါပြီ၊ သူတို့စခန်းကုန်းပေါ်ကို တက်လာဖို့ ပြောလိုက်ချိန်မှာတော့ ဓာတ်ပုံရိုက်ခွင့် မရှိဘဲ ရိုက်မိတဲ့အတွက် ပြဿနာတက်ပြီဆိုတာ စိတ်ထဲမှာ သိလိုက်တယ်။
ဘယ်လိုဖြေရှင်းရမလဲ အပြေးအလွားစဉ်းစားရင်း အနားရောက်သွားတော့ စကားမတတ်တတတ်နဲ့ပဲ ရှင်းပြတဲ့အခါ စခန်းစောင့်က နောက်မရိုက်ဖို့ ပြောပြီး ပြန်လွှတ်လိုက်တယ်။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ အခွင့်အရေးတရပ်ကို ဘယ်လက် လွတ်ခံနိုင်ပါ့ မလဲ၊ နောက်တော့လည်း ဆက်ရိုက်တာပေါ့။

မြန်မာပြည်တနံတလျားက ဒုက္ခအမျိုးမျိုးကြောင့် လာရောက်နေထိုင်ကြရတဲ့ ဒုက္ခသည်တွေရဲ့ ပုံရိပ်တွေဟာ ဒုက္ခအပေါင်းကို မေ့ပြီး လတ်တလော ပျော်ရွင်စွာနဲ့ ဈေးတန်းလေးမှာ အော်ဟစ်ရောင်းဝယ်နေကြတယ်၊ ပန်းခပ်ပျားသဖွယ် လူးလာခေါက်တုံ သွားနေသူတွေထဲမှာ ထိုင်းပုံစံ ဘောင်းဘီအတိုအရှည်၊ တီရှပ်အင်္ကျီတွေနဲ့ ၀တ်စားဆင်ယင် ထားတဲ့ တိုင်းရင်းသူ လှပျိုဖြူတွေကို တွေ့ရသလို၊ ရိုးရာဝတ်စုံ ပုဆိုး၊ ထဘီနဲ့ ကရင်လူမျိုးတွေ၊ မလေးရှားပုဆိုး နဲ့ ပသီဦးထုပ်ကို ဆောင်းထားတဲ့ မွတ်စလင်တွေ တော်တော် များများလည်း တွေ့ရပါတယ်။

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို မြေပြင်မှာ အပုံလိုက်၊ အပုံလိုက်ချပြီး ကရင်စကား၊ မြန်မာစကားတွေနဲ့ ဖောက်သယ်ခေါ် အော်ဟစ်ရောင်းဝယ်နေကြတဲ့ ဈေးသည်တွေကို တွေ့ရသလို ဆိတ်၊ ၀က်၊ ကြက်၊ ငါး စတဲ့ ဟင်းစားတွေကိုလည်း ဈေးသက်သက်သာသာနဲ့ လတ်လတ် ဆတ်ဆတ် ၀ယ်ယူ စားသုံးနိုင်တာကို တွေ့ရပြန်တော့ မြို့ပြနဲ့ ကျေးလက် ကွာခြားမှုတခုကို သတိထားမိလိုက်တယ်။
မြန်မာပြည် အလွမ်းပြေ လက်ဖက်ရည်ဆိုင် ၀င်ထိုင်လိုက်ပြန်တော့ ချိုပေါ့ကျတခွက်ကို ၆ ဘတ်၊ ကော်ဖီတခွက်ကို ၇ ဘတ် တဲ့။ ဘာစားချင်သလဲ အီကြာကွေးလား၊ နံပြားလား၊ အုန်းသီးနိုင်းချင်းဖြူးထားတဲ့ ကောက်ညှင်းပေါင်း၊ ငချိတ်ပေါင်း စားချင်သလား၊ ရနိုင်သလို ထမင်းကြော်ပွဲကြီး တပွဲ ၁၀ ဘတ်၊ အမဲစွပ်ပြုတ် တပွဲ ၁၀ ဘတ် ဆိုတော့လည်း ထိုင်းနိုင်ငံ မြို့ကြီး ပြကြီးက ကော်ဖီတခွက် ဘတ် ၃၀၊ ၄၀ ကနေ ဘတ် ၇၀ အထိ ရှိတဲ့ ဈေးနှုန်းတွေနဲ့ ယှဉ်မလား၊ လက်ဖက်ရည်တခွက် ၄၀၀ ကျပ်ဆိုပြီး တရိပ်ရိပ်တက်နေတဲ့ မြန်မာပြည်က ကုန်ဈေးနှုန်းတွေထက် စာရင် အပုံကြီး ကွာခြားနေတာကိုလည်း တအံ့တသြ တွေ့ရပြန်တယ်။

ဆိုင်ထဲမှာလည်း လူအပြည့်၊ ဆိုင်ရှေ့မှာလည်း တီဗီ ၂ လုံးက ပြနေတဲ့ အမျိုးသမီး နပမ်းပွဲကို လူတွေက မတ်တပ်ရပ်ပြီး စိတ်ဝင်စားစွာနဲ့ ကြည့်နေကြသလို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ထုတ်လွှင့်နေတဲ့ လစ်ဗျားအရေးကို ကြည့်နေတဲ့သူတွေလည်း မနည်းဘူး။

ဒုက္ခသည်စခန်းလို့သာ ဆိုရပေမယ့် မယ်ဆောက်မြို့ကို သွားစရာ မလိုလောက်အောင် ဈေးဆိုင်ပေါင်း ၇၀၀ လောက် ရှိပြီး အ၀တ် အထည်၊ လျှပ်စစ်ပစ္စည်း လူသုံးကုန်ပစ္စည်းမျိုးစုံ၊ စိန်ကနေ စလောင်းဖုံး အထိ စခန်းထဲက မွတ်စလင် အများစုပိုင်တဲ့ ဆိုင်တွေမှာ ၀ယ်ယူနိုင်တာကိုလည်း မြင်ရပြန်တယ်။
အရင်က ဒီလိုမျိုး ရောင်းရေးဝယ်တာတွေကို ထိုင်းအာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းတော့ စခန်း၊ ရွာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီညွတ်အောင် ရောင်းချခွင့်ပေးခဲ့တယ်လို့ သိရတယ်။
တောင်ပေါ်လမ်းကျဉ်းလေးအတိုင်း ဦးဆောင်သူ စေရာနောက်ကို လိုက်ခဲ့ပြန်တော့ ဘွားကနဲ တွေ့လိုက်ရတာက သီရိစန္ဒာဆိုတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းလေးပါပဲ။ ကျောင်းသား ၄၀ ကျော်၊ ကိုရင် အပါး ၆၀ ကျော်နဲ့ သံဃာအပါး ၂၀ နီးပါး သီတင်း သုံးနေထိုင်ကြတယ်လို့ ဦးပဉ္ဇင်းတပါးက ရှင်းပြတယ်။

ဒါ့အပြင် လောကုတ္တရာ အတွက်သာမက လောကီပညာရေးပါ စိတ်အေးရအောင် ARTIC JAPAN ဆိုတဲ့ အဖွဲ့ အထောက်အပံ့နဲ့ မူလတန်းကနေ အထက်တန်းပညာအထိပါ သင်နိုင်တဲ့ ဘုန်းတော်ကြီးကျောင်း ပညာရေးကိုပါ တွဲဖက်ဖွင့်ထားတာကို တွေ့ရပါတယ်။

ဘုန်းတော်ကြီးကျောင်း ပရ၀ုဏ်မှာတော့ စာအုပ်ကလေးတွေ ကိုယ်စီကိုင်ပြီး ဆော့လိုက်၊ စာအံလိုက် လုပ်နေတဲ့ ကိုရင်လေးတွေကို မြင်တွေ့ရသလို၊ တချို့လည်း စက်ဘီးစီးလိုက် ဘောလုံးကန်လိုက်ပေါ့။ အဆိုတော် ၀ိုင်ဝိုင်းရဲ့ သီချင်းကို ဖွင့်ပြီး ငြိမ့်နေတဲ့ ကျောင်းသားလေးတချို့ကိုလည်း မြင်တွေ့ရပါတယ်။

ကျောင်းပေါ်မှာတော့ သီတင်းသီလ ဆောက်တည်တဲ့ လပြည့်လကွယ် ဥပုဒ်နေ့ ဖြစ်တာကြောင့် ဥပုသ်စောင့်ဖို့ အစောကြီး ရောက်နေတဲ့ အဖိုး ၂ ယောက် အဖွား ၁ ယောက်ကို ကျောင်းပေါ်မှာတွေ့ရ ပြန်တော့ စကားဝိုင်းလေး ဖွဲ့ဖြစ်ခဲ့တယ်။ အဖိုးအဖွား သုံးယောက်ထဲက အသက် ၈၃ နှစ်ရှိပြီဖြစ်တဲ့ အဘ ဦးကျော်ပစ်ကတော့ လှိုင်းဘွဲ့မြို့ မအဲကျေးရွာဇာတိတဲ့။ ပြည်တွင်းစစ်ကြောင့် သမီးသား၊ ဇနီးမယားပါ အကုန်ခေါ်ပြီး လွန်ခဲ့တဲ့ နှစ် အစိတ်ကျော်ကျော်လောက်ကတည်းက မွေးရပ်မြေကို စွန့်ခွာခဲ့ရသူပါ။


ကရင်ပြည်နယ် တပ်မဟာ ၇ နယ်မြေထဲက ကရင်အမျိုးသာ အစည်းအရုံး (KNU) စခန်းတွေ တခုပြီးတခုမှာ လှည့်လည် နေထိုင်ရင် နောက်ဆုံး KNU ဋ္ဌာနချုပ် မာနယ်ပလော အစိုးရတပ် လက်ထဲကျချိန်မှာတော့ သူလည်း နောက်ဆုံးစခန်း ဖြစ်တဲ့ မယ်လဒုက္ခသည် စခန်းကို ရောက်လာတာပါ။

ဘယ်လိုအကြောင်းတရားတွေကြောင့် မွေးရပ်ကိုခွာခဲ့ရသလဲလို့ စပ်စုကြည့်မိပြန်တော့ “ရွာမှာ KNU နဲ့အစိုးရတပ်တွေကလည်း တဂျိန်းဂျိန်းချ၊ အစိုးရတပ်ဝင် လာရင်လည်း ပြေးကြ၊ မပြေးရင် ပေါ်တာပါ၊ KNU ကလည်း စစ်တပ်နဲ့ မခြားဆိုတော့ ပြေးရတာပဲလို့ အဘိုး ဦးကျော်ပစ်က ဆိုတယ်။

မယ်လစခန်းမှာတော့ သက်တမ်းရင့် ဘိုးတော်ကြီး တဦးပေါ့။ ရွာမှာတုန်းက ကြံစိုက်ပြီး အသက်မွေးခဲ့ပေမယ့် အခုအခါ အသက် ၈၃ နှစ်ရှိပြီမို့ စခန်းက ဝေခြမ်းတဲ့ ရိက္ခာနဲ့ သားသမီးတွေရဲ့ လုပ်စာကိုပဲ ထိုင်စားတော့တယ်။ သူများတွေ တတိယနိုင်ငံကို အခြေချဖို့ ကြိုးစားနေချိန်မှာ အဖိုး ဦးကျော်ပစ်ကတော့ အမေရိကန်လည်း မသွားချင်ဘူး၊ မသွားရဲဘူး ကိုယ့်မြေ ကိုယ်ရေမှာပဲ ပြန်နေချင်တယ်ဆိုတဲ့ စကားကို ကရင်လေသံဝဲ၀ဲ၊ လေအေးအေးနဲ့ ပြုံးပြုံးကြီး ရှင်းပြနေလေရဲ့။


ဒါပေမယ့် “ဇာတိမြေကို ပြန်ဖို့ဆိုတာ စိတ်ကူးပဲရှိပါတယ်။ မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့တဲ့ လယ်ယာဥယျာဉ်ခြံမြေတွေကတော့ အခုဆို ဘယ်ဆီရောက်မှန်းမသိ အားလုံးနိဋ္ဌိတံသွားပြီ၊ ဒီတော့ စခန်းမှာပဲ ခေါင်းချရမယ့် သဘောပါဆိုပြီး ၀မ်းနည်းဖွယ်ရာ သံဝေဂသံ ပြည့်နေတဲ့ စကားတွေကိုလည်း ကြားရတယ်။

ပြောလက်စ စကားကို ဖြတ်ပြီး အဖိုးအဖွားတွေကို လက်ပြနှုတ်ဆက် ခရီးထွက်ခဲ့ပြန်တော့ လမ်းဘေးဈေးဆိုင်တနေရာမှာ ဆေး တံတိုကို မာန်ပါပါခဲပြီး ကရင်လွယ်အိတ် ဘေးတစောင်းလွယ်ထားတဲ့ ကြီးတော်တယောက်ကို တွေ့လိုက်မိတော့ ပါလာတဲ့ ကောက်ညင်းငချိတ်ပေါင်းနဲ့ ဖိတ်မန္တက ပြုရင်းနဲ့ မိတ်ဖွဲ့ဖြစ်တယ်။ ကောက်ညင်းပေါင်းကို ၀မ်းသာအားရ တပြုံးပြုံးစားနေတဲ့ ကြီးတော်ကို ဓာတ်ပုံ အရိုက်ခံဖို့ပြောတော့ ဂုဏ်ယူစွာနဲ့ပဲ ဆေးတံတိုကို ပြန်ခဲကာ ဓာတ်ပုံ အရိုက်ခံပြန်တယ်။

ဒီလိုနဲ့ တတောင်ဆင်း တတောင်တက်နဲ့ အင်ဖက်မိုး ထရံကာ အိမ်လေးတွေ အကြား ခရီးဆက်မိပြန်တော့ ထိုင်း၊ မြန်မာ ရုပ်ရှင်တွေ စတိတ်ရှိုး၊ သီချင်းခွေတွေကို အစီအရီခင်းထားတဲ့ အိမ်တလုံးရှေ့ ရောက်သွားတယ်။ ဦးဆောင်သူက ကရင်ဘာသာနဲ့ ပြောလိုက်တဲ့အသံကြောင့် အိမ်ထဲက ၀မ်းသာအားရ တုန့်ပြန်သံကို ကြားရတယ်။



အိမ်နံရံမှာ ကရင်တော်လှန်ရေး ခေါင်းဆောင် စောဘဦးကြီးတို့၊ ဖဒိုမန်းရှာတို့ ဓာတ်ပုံတွေကို အစီအရီ ချိတ်ဆွဲထားပြီး ကြမ်းခမ်းပေါ်မှာတော့ အသားညိုညို မေးရိုးကားကား ဖော်ရွေတဲ့ မျက်နှာနဲ့ လူတယောက် ထိုင်နေတာကို တွေ့ရတယ်။ မိတ်ဆက်စကားအရဆိုရင်တော့ မယ်လစခန်း အုပ်ချုပ်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌ ဆရာ ထွန်းထွန်း ဆိုတာ သိလိုက်ရတယ်။



ဖားအံဇာတိ အသက် ၄၀ ကျော်ခန့်ရှိတဲ့ ကိုထွန်းထွန်းဟာ လွန်ခဲ့တဲ့ ၂၃နှစ်၊ ၁၉၈၈ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ကျောင်းသားအရေး အခင်းမှာ ရန်ကုန် ဆေးတက္ကသိုလ် ( ၁) ဒုတိယနှစ် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့ပါတယ်၊ ၁၉၈၉ ခုနှစ်မှာတော့ တော်လှန်ရေး နယ်ပယ်ထဲကို ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ စခန်းမှာတော့ အတွင်းရေးမှူး၊ ဒု ဥက္ကဋ္ဌ ၊ ဥက္ကဋ္ဌ စတဲ့ တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သူပါ။

စခန်းမှာပဲ အိမ်ထောင်ကျပြီး အခုဆိုရင် သမီးကြီးတောင် ဆယ်တန်းအောင်ခဲ့ပါပြီ။ စခန်းအတွင်းက နိမ့်ကျနေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ ခံယူချက်ကြောင့် တတိယနိုင်ငံကို ထွက်ခွာဖို့ အစီအစဉ်မရှိပါဘူး၊ အခြေအနေပေးလို့ ဒုက္ခသည်တွေ အားလုံးပြန်ရမယ်ဆိုရင်တော့ မြန်မာပြည်ပဲ ပြန်ချင်တယ်လို့ ကိုထွန်းထွန်းက ပြောပါတယ်။



အိမ်ခြေ ၁ သောင်း ၂ ထောင်လောက်ရှိတဲ့ စခန်းမှာ လူဦးရေက ၄ သောင်း ၈ ထောင် ရှိပါတယ်။ နေထိုင်သူတွေကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ သကြား၊ မီးသွေး ပေးပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စပြီးတော့ လူတယောက်ကို တလ ဆန် ၁၅ ကီလိုပေးရာက ၁၃ ကီလိုခွဲ လျော့ချလိုက်ပြီး ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာလည်း ဖြတ်တောက်မှုတွေလုပ်လာတယ် နောင်နှစ်တွေမှာသာ ဆက်တိုက် လျှော့ချခဲ့ရင်တော့ ဒုက္ခသည်တွေရဲ့ ရပ်တည်ရေး မလွယ်တော့ဘူးလို့ ကိုထွန်းထွန်းက ဆိုပါတယ်။

ဒီလို စားနပ်ရိက္ခာ အကူအညီပေးနေတဲ့ အလှူရှင်နိုင်ငံတွေက ဖြတ်တောက်မှုတွေ လုပ်လာတဲ့ အချိန်မှာပဲ ထိုင်းအာဏာပိုင်တွေကလည်း အနုနည်းနဲ့ အိမ်ပြန်ဖို့ စည်းရုံးနေတယ်။ ဒါပေမယ့် အိမ်ပြန်ဖို့ဆိုတာက လက်နက်ကိုင် ပဋိပက္ခတွေ အားလုံးဖြေရှင်းပြီး လုံခြုံမှုလည်းရှိ ငြိမ်းချမ်းရေးလည်းရမှ ဖြစ်မှာပါလို့ သက်ပြင်းချရင်း ကိုထွန်းထွန်းက ဆိုပါတယ်။

တကယ်တော့ ဒုက္ခသည်ဆိုတဲ့ မြန်မာပြည်သားတွေဟာ ရောက်ရာအရပ်မှာပဲ သုဂတော ဆိုတဲ့ ဘုရားဟောကို ရှုပြီး လောကဓံကိုမေ့ကာ နေထိုင်ရတဲ့ စနစ်ရဲ့သားကောင် ရင်နာစရာ မြန်မာပြည်သားတွေပါ။

ဒီလို ဂျာအေး သူ့အမေရိုက်နေတဲ့ ဒုက္ခသည်တွေအကြောင်း စဉ်းစားရင်း စခန်းဥက္ကဋ္ဌ ကိုထွန်းထွန်းကို နှုတ်ဆက်ကာ စခန်းက ပြန်ခဲ့ပါတော့တယ်။

Thursday, April 21, 2011

သတိပေးချက်

April, 2011
ဒီပို့ စ်ကို မျှဝေတင်ပို့ သူ Co2zeиith အကြောင်းအရာ NOTICE

အမေရိကန်နိုင်ငံတွင် ဒုက္ခသည်အဖြစ် အခြေချနေထိုင်လျက်ရှိသော (နအဖအတွင်းလူ) ဟု ယူဆရသော
846 pierce butler rte apt # 1, St.paul, MN, 55104 နေ
အမည်-မောင်ထွေး
E Mail - mghtwe85@gmail.com
Ph - 6129786748
သည် Saint Paul, Minnesota တွင် တော်လှန်ရေး မိသားစုများ၏ သားသမီးများ ဇနီးမယားများကို ပြစ်မှတ်ထားပြီး
ကာမနွန်ထဲသို့ ဆွဲခေါ်နေပါသည်။ သို့ဖြစ်ပါ၍ ထိုကဲ့သို့သော အမျိုးယုတ်ကို ၀ိုင်းဝန်းဖယ်ရှားပေးပါရန် နောင်ထိုကဲ့သို့ မဖြစ်
စေရန် တားဆီးသင့်သည်ဟု ထင်မိသဖြင့် သတင်းပေးအပ်ပါသည်။

အမျိုးကောင်းသားသမီးများအား ထိန်းသိမ်းကြပါ။
စည်သူလေး






No fear of nuclear meltdown: Japan

No fear of nuclear meltdown: Japan (1:16)

Apr 19 - Japan says there is no fear of a nuclear meltdown at the Daiichi power plant. Marie-Claire Fennessy reports.

Storm chasers capture massive tornadoes

Storm chasers capture massive tornadoes (1:14)

Apr 20 - Storm chasers captured two tornadoes on tape as they touched down in the midwestern United States- continuing a recent onslaught of twisters that have killed dozens and destroyed swathes of land and property. Jon Decker reports

ဒုက္ခသည်လျှောက်သည့်ကိစ္စ ပြန်လည်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေနည်းသေးဟု KRC ဆို

ဒုက္ခသည်လျှောက်သည့်ကိစ္စ ပြန်လည်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေနည်းသေးဟု KRC ဆို
Submitted by Karen Information Center on Wednesday, 20 April 2011No Comment
ဧပြီလ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

မြန်မာဒုက္ခသည်အဖြစ် လျှောက်ထားသူများကို လက်ခံစဉ်းစားသည့် အစီအစဉ်ကို မကြာခင်ကာလတွင် ထိုင်းအစိုးရက ပြန် လည် စတင်တော့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိုကိစ္စမှာ လက်ရှိအချိန်တွင် ဖြစ်နိုင်ခြေနည်းပါးသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC) က ပြောဆိုသည်။

KRC ဥက္ကဌ စောရောဘတ်ထွေးက “UNHCRက လူတွေကို ထပ်ပြီးလက်ခံဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ လက်ခံရင်တောင် မှ အလွန်ဆုံး Pre(အကြို)အဆင့်လောက်ပဲ ရမယ်။ ထိုင်းအစိုးရ ခွင့်ပြုချက်မရဘဲ လုပ်လို့မရပါဘူး။ ကျနော်တို့ သိရသ လောက်ဆိုလို့ရှိရင် ထိုင်းအစိုးရက ဒုက္ခသည်တွေကို ထပ်ပြီးလက်ခံဖို့ဆိုတာ အစီအစဉ်မရှိပါဘူး။ လက်ရှိ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေကိုတောင်မှ ထောက်ပံ့မှုတွေ လျှော့ခိုင်းထားတယ်။”ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ကို ထိုင်းအစိုးရက အချိန်အတန်ကြာ ရပ် ဆိုင်းထားရာကနေ မကြာခင် ပြန်စတော့မည်ဟု ဘန်ကောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ ပြောရေးဆို ခွင့်ရှိသူ Kitty Mckinsey က ပြီးခဲ့သည့် တနင်္လာနေ့တွင် လွတ်လပ်သည့် အာရှအသံ (RFA)မြန်မာပိုင်းအစီအစဉ်ကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ထိုင်းအစိုးရ အနေဖြင့် မြန်မာဒုက္ခသည်များကို ဆက်ပြီးလက်ခံရန် အစီအစဉ်မရှိသော်လည်း ထိုင်းံနယ်စပ် ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အဖြစ် စာရင်းမ၀င်သေးသည့် မြန်မာနိုင်ငံသား အများအပြားရှိနေသောကြောင့် အရေအတွက် အတိအကျ သိရှိနိုင် ရန် Pre-Screening Registration Document အဆင့်ကို လုပ်ဆောင်ရန်သာ သဘောထားရှိသည်ဟု စောရောဘတ်ထွေးက ဆက်လက် ပြောဆိုသည်။

ထို့အပြင် ဒုက္ခသည်လျှောက်ထားသည့်ကိစ္စ နှစ်နှင့်ချီ၍ ကြန့်ကြာခဲ့ခြင်းမှာ UNHCR နှင့် မသက်ဆိုင်ဘဲ ထိုင်းအုပ်ချုပ်ရေးအဖွဲ့ များဘက်က လုပ်ငန်းများ ရပ်ဆိုင်းထားခြင်းဖြစ်သလို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို တတိယ နိုင်ငံသို့ အခြေချနေထိုင်ရန် ဆောင်ရွက်နေသည့် လုပ်ငန်းများသည်လည်း အရှိန်အဟုန်မပြတ်ရှိနေကြောင်း Kitty Mckinsey က RFA ကို ပြောသည်။


ထိုင်းနိုင်ငံတွင် ၂၀၀၀ခုနှစ်ခန့်မှစ၍ ဒုက္ခသည်အဖြစ် လျှောက်ထားသူများမှာ UNHCR ရုံးသို့ တိုက်ရိုက်မသွားရဘဲ နယ်စပ်ဒုက္ခ သည်စခန်းများတွင် ဖွင့်ထားသည့် Provincial admission board ခေါ် ခရိုင်အလိုက် ထိုင်းအုပ်ချုပ်ရေးအဖွဲ့များက ဒုက္ခသည် အဖြစ် အသိအမှတ်ပြုမပြုကိစ္စကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု Kitty McKinsey က ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုတွင် လက်ရှိုအချိန်၌ လူဦးရေ ၁၃၅,၇၁၁.၀၀ဦးရှိကြောင်း မတ်လထုတ် KRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Wednesday, April 20, 2011

VOA TV Magazine Program : April 3rd Week 2011

RFA TV Program : April 2nd Week 2011

Thailand:ICC-Report-by-UDD-_Final_engl

ICC-Report-by-UDD-_Final_

ကရင်လူမျိုးများမမေ့အပ်တဲ့နေ့ဆွဲများ

THE ROAD from Road of Resistance on Vimeo.

တပ်အင်အားဖြည့်ရန် BGF က တပ်သားသစ်ထပ်ကောက်ခံ

တပ်အင်အားဖြည့်ရန် BGF က တပ်သားသစ်ထပ်ကောက်ခံ

ဧပြီလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ်-BGF ၏ အကြံပေးပုဂ္ဂိုလ် စောချစ်သူက မြ၀တီမြို့နယ်အတွင်းရှိ ကျေးရွာများမှ တာ ၀န်ရှိသူများကို ဧပြီလ ၈ရက်နေ့က ရွှေကုက္ကိုရွာတွင် ခေါ်ယူကာ တပ်သားသစ် ၇၅ဦး တောင်းခံထားကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။

နယ်ခြားစောင့်တပ်သည် ၎င်းတို့၏ တပ်အင်အားဖြည့်ရန်အတွက် ယခုလို တပ်သားသစ် တောင်းခံခြင်းဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့တွင် ၎င်းတို့ထံ အရောက်ပို့ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ယင်းသို့ တပ်သားသစ် ကောက်ခံရာတွင် နဘူးမြို့နယ် မယ်ပလဲ့တိုဒေသအတွင်းရှိ ရွှေကုက္ကိုရွာမှ ၂၀ဦး၊ ထီးဝါ့ဘလောရွာ မှ ၁၂ဦး၊ ကယ်ဝေါ်ရွာမှ ၁၀ဦး၊ လို့ဘောရွာမှ ၇ဦး၊ ထီးချားရာရွာမှ ၅ဦး၊ ကျဝေါ်ခို့ရွာမှ ၄ဦး၊ သဲပုံရွာမှ ၄ဦး၊ ထီးဟိုထောရွာမှ ၃ဦး၊ သီ့ဝါးပူရွာမှ ၃ဦး၊ ဖားကျူရွာမှ ၃ဦး၊ သက္ကာရရွာမှ ၂ဦး၊ မဲပလဲ့ထာ့ရွာမှ ၁ဦးနှင့် တောအူရွာမှ ၁ဦးဖြစ်ကြောင်း ကရင်အ မျိုးသားအစည်းအရုံး(KNU)၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နဘူးမြို့နယ်မှာ KNU ၏ နယ်နိမိတ်သတ်မှတ်ချက်အရ ဖားအံခရိုင်တွင် တည်ရှိသော်လည်း မြန်မာအစိုးရ၏ သတ်မှတ် ချက်အရ မြ၀တီမြို့ နယ်နိမိတ်ဖြစ်သည်။

KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “BGF က တပ်သားသစ်ကို အဲလိုသတ်မှတ်ထားပြီး ခေါ်မရတဲ့သူတွေ ကို ဘတ်ငွေ တစ်သိန်းပေးရမယ်လို့ ကျနော်တို့ ကြားတယ်။ သူတို့တပ်ထဲမှာ ထွက်ပြေးတဲ့သူများလာတော့ တပ်သားသစ် တွေ ထပ်ကောက်ခံတာပေါ့။ မောင်ချစ်သူဟာ တပ်ကလူ မဟုတ်တော့ပေမဲ့ သူက အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့အခါကျတော့ သူ့ မှာ သြဇာအပြည့်ရှိသေးသလို တပ်အကြောင်းလည်း သိတဲ့အနေအထားပေါ်မှာ သူပဲ ဒီတပ်သားသစ်ကောက်တဲ့ကိစ္စကို ၀င်ကိုင်နေတာပဲ။”ဟု ပြောသည်။

ကေအဲန်ယူ ဖားအံခရိုင် တပ်မဟာ(၇)နယ်မြေတွင် ၂၀၁၁ခုနှစ်၊ ဧပြီလ ၆ရက်အထိ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၁ဦး ထွက် ပြေးရောက်ရှိလာခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ မှတ်တမ်းများအရ သိရသည်။

BGF တပ်သားသစ် ကောက်ခံသည့် ဒေသမှ ရွာသားတစ်ဦးက “တပ်ထဲဝင်ဖို့ သွားမယ့်သူလည်း မရှိတော့ဘူး။ ကရင်အ ချင်းချင်း တိုက်ရမှာဖြစ်တဲ့အတွက်လည်း ဘယ်သူမှမသွားချင်ကြဘူး။”ဟု ဆိုသည်။

ယင်းသို့ တပ်သားသစ်ကောက်ခံသည့် သတင်းထွက်ပေါ်နေသည်ကို မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာရှိ BGF တပ်မှူးတစ် ဦးထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ ထိုသတင်းမှာ မဟုတ်မှန်ကြောင်းနှင့် ၎င်းတို့အနေဖြင့် တပ်သားသစ် ကောက်ခံ ခြင်း အစီအစဉ် တစုံတရာ မရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

စောချစ်သူ ဦးဆောင်သည့် ယခင် ဒီကေဘီအေ တပ်မဟာ-၉၉၉ သည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ်၊ မေလကလည်း ဖားအံခရိုင် ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တပ်သားသစ်စုဆောင်းမှု တကြိမ် ပြုလုပ်ခဲ့သေးသည်

Tuesday, April 19, 2011

ဦးတည်ချက် (၁၂)ရပ်အနက် အချို့ကို ပြင်ဆင်


Tuesday, April 19, 2011
ဦးတည်ချက် (၁၂)ရပ်အနက် အချို့ကို ပြင်ဆင်


ဦးတည်ချက် (၁၂)ရပ်အနက် အချို့ကို ပြင်ဆင်

Tuesday, 19 April 2011

နိုင်ငံရေးဦးတည်ချက် (၄)ရပ်၊ စီးပွားရေးဦးတည်ချက် (၄)ရပ်နှင့် လူမှုရေးဦးတည်ချက် (၄)ရပ် စုစုပေါင်း (၁၂)ရပ်အနက် အချို့ကို ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ပြင်ဆင်လိုက်သည်ကို ဧပြီလ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

ပြင်ဆင်လိုက်သည့် ဦးတည်ချက်များမှာ နိုင်ငံရေးဦးတည်ချက်တွင် (၃)ရပ်၊ စီးပွားရေးဦးတည်ချက်တွင် (၁)ရပ်၊ လူမှုရေးဦးတည်ချက်တွင် (၁)ရပ်တို့ ဖြစ်ကြသည်။

ပြင်ဆင်လိုက်သည့် ဦးတည်ချက်များမှာ
'အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး' အစား
'အမျိုးသားစည်းလုံးညီညွတ်မှုခိုင်မာရေး'၊

'ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်ပေါ်လာရေး' အစား
'စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် တည်ဆောက်ရေး'၊

'ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် တစ်ရပ်တည်ဆောက်ရေး' အစား
'ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေး'၊

'စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး' အစား
'စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး'၊

'မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး' အစား
'စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး' တို့ ဖြစ်ကြသည်

လူသားစားမှုဖြင့် အရေးယူခံရသော ပါကစ္စတန် ညီနောင်

Monday, April 18, 2011
လူသားစားမှုဖြင့် အရေးယူခံရသော ပါကစ္စတန် ညီနောင်

လူသားစားသူ ညီအစ်ကိုနှစ်ယောက် အား စာဂိုဒါမြို့တွင် ရုံးသို့ထုတ်လာစဉ်

လူသားစားမှုဖြင့် အရေးယူခံရသော

ပါကစ္စတန် ညီနောင်

by ကောင်းသစ်ရည်
Sunday, 17 April 2011

ယခုရက်သတ္တပတ် အစောပိုင်းတွင် အာရစ်ဖ် အာလီ (Arif Ali) နှင့် ဖားမန်း အာလီ (Farman Ali) တို့ညီအစ်ကို နှစ်ဦးအား ရဲက ဖမ်းဆီးခေါ်ဆောင်သွားသည်။

ထိုသူတို့သည် သချိုင်းမှ ခိုးယူခဲ့သော အလောင်းမှ အသားများအား ချက်ပြုတ် နေစဉ် ရဲများ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုသူနှစ်ယောက်အား အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေဖြင့် တရားစွဲမည်ဟု ဒါရီယာခန်း ရဲတပ်ဖွဲ့ (Darya Khan) မှ ရဲအရာရှိ အာဗ္ဗဒူးရ် ရာမာန် (Inspector Abdur Rahman) ကပြောသည်။

ထိုညီအစ်ကိုနှစ်ဦးသည် ပါကစ္စတန်နိုင်ငံ ပန်ဂျာဘ် (Punjab) ပြည်နယ်နှင့် ကိုင်ဘာ ပတ်တွန်းဝှာ (Khyber Pakhtunkhwa) ပြည်နယ် တိုက်နယ်စပ်အနီးရှိ ဒါရီယာခန်း (Darya Khan) မြို့တွင် နေထိုင်သော အသေးစား လယ်ယာမြေပိုင်ဆိုင်သူများ (Small Scale Landowner) များဖြစ်သည်။

ထိုညီအစ်ကိုနှစ်ယောက် လူသားစားမှုပေါ်ပေါက်လာရခြင်းမှာ အသက် ၂၄ နှစ်အရွယ်ရှိ ကင်ဆာရောဂါဖြင့် သေဆုံးသွားသော အမျိုးသမီးတစ်ဦး၏ အလောင်းမြှုပ်နှံထားသော ဂူတွင် ခြေရာလက်ရာ ပျက်နေသည်အား မိသားစုများက သတိထားမိရာမှ စတင်ခဲ့သည်။ အလောင်းရှိမရှိ သေချာရန် ဂူအား ပြန်လည် တူးဖော်သောအခါ အလောင်းမရှိတော့သဖြင့် ရဲအား တိုင်ကြားခဲ့သည်။

ရဲများက ထိုသူများမည်သည့်အကြောင်းကြောင့် လူသားစားဖြစ်သွားရသည်အား ရှင်းလင်း စွာထုတ်ဖော်ပြောကြားခြင်း မရှိပါ။ ထိုသူနှစ်ယောက်သည် ကာယနှင့် ဥာဏ နှစ်ပိုင်းစလုံးတွင် သာမန်ဖြစ်ပုံပေါ်သော်လည်း သူတို့၏ အတူနေသော နှမတစ်ယောက်မှာ စိတ်မမှန်ပုံ ရသည်ဟု ပြောသည်။ မောင်နှမသုံးယောက်သည် အခြားလူများနှင့် မနီးသောအိမ်တွင်နေကြသည်။

ညီအစ်ကိုနှစ်ယောက်က လူသားမစားမီ ခွေးများအား ဖမ်းဆီးစားသောက်ခဲ့ကြောင်း ဝန်ခံသည်။
ပတ်ဝန်းကျင်ရှိ လူများသည် လူသားစားသည့်သတင်းကြောင့် တုန်လှုပ်သွားကြ ရသည်။
သူတို့လုံးဝ မထင်မှတ်သော ကိစ္စဖြစ်သည်ဟု ပြောကြသည်။

Jan-March KNU HRs Report

Jan-March KNU HRs Report

ဧပြီလ ၁၇ရက်နေ့ အတာသင်္ကြန် နှစ်ဆန်းတစ်ရက်နေ့တွင် အုန်းဖျန်ဒုက္ခသည်စခန်းမှ သင်္ကြန်အလှမယ်ရွေးပွဲနှင့် သက်ကြီးပူဇော်ပွဲ မှတ်တမ်းဓာတ်ပုံ







Monday, April 18, 2011

BP oil spill anniversary brings environmental warnings in Gulf of Mexico

Apr 18 - One year after one of the largest oil spill in history unfolded in the Gulf of Mexico, scientists are starting to see signs that the long term environmental impact may be a lot worse than previously thought. Ben Gruber reports.

Ex-regulators banned from TEPCO

Ex-regulators banned from TEPCO (2:16)

Apr 18 - Japanese officials from nuclear and energy regulatory agencies banned from joining TEPCO, to reduce potential for lax management in power industry. Arnold Gay reports.

Mg+Chit+Thu+Ask+Villagers+for+Recruitment+of+BGF

April 18, 2011
Mg+Chit+Thu+Ask+Villagers+for+Recruitment+of+BGF

April 01 ThanShwe Orders GHQ to Crush Demands at Hmawbi Based 91 Regiment

April 01 ThanShwe Orders GHQ to Crush Demands at Hmawbi Based 91 Regiment

15apr11 Tatmadaw April

15apr11 Tatmadaw April

Burma- Myanmar New Year Water Festival-Yangon City, Day 1- 2-VDO

2011 Myanmar New Year Water Festival Day 2 from Htoo Tay Zar on Vimeo.


2011 Myanmar New Year Water Festival Day 1 from Htoo Tay Zar on Vimeo.

LIVING IN HIDDING

LIVING IN HIDDING

ဗမာစစ်တပ်ရဲ့ ယုတ်မာပက်စက်မှုများကို အသေးစိတ် တင်ပြထားပါသည်။
အဟောငိးဖြစ်ပေမဲ့ အမြဲတမ်းသတိရနေအောင်လို့ မမေ့ရအောင် မကြာ မကြာ တင်ပြပေးသွားမှာပါ။ စစ်အစိုးရကတော့
ကျမတို့ရင်ထဲက ဘယ်တော့မှ ငြိမ်းသတ်လို့မရတော့တဲ့မီးတောက် မီးစတွေပဲ.

တိုကျိုတွင် ကျင်းပပြုလုပ်သော သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ





သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ မှ ညနေ ၁၆း၃၀ နာရီအထိ Okubo Chiiki Center တွင် Japan Association for Refugees နဲ့ AUN-Japan တို့မှ ပူးပေါင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။

(CNIC) Mr.Phillip White မှ ဓါတ်ရောင်ခြည်များ၏ ဆိုးကျိုးသက်ရောက်မှု ကို ရှင်းလင်းတင်ပြမှု
ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှာ ဖူကူရှီးမား နျူကလီယား ဓါတ်အားပေး စက်ရုံမှ မတော်တဆ ဖြစ်မှုနှင့် မလိုလားအပ်သော ဓါတ်ရောင်ခြည်များ၏ ဆိုးကျိုးသက်ရောက်မှု ခေါင်းစဉ်နှင့် ပတ်သက်ပြီးတော့ ဂျပန်နိုင်ငံ အခြေစိုက် NGO အဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံခြားသားများ၏ အနုမြူ ပြန်ကြားရေး စင်တာ Citizen's Nuclear Information Center(CNIC)ှ Mr.Phillip White မှ သင်တန်း ပို့ချသွားပါသည်။

(CNIC) အဖွဲ့သည် နျူကလီယားပညာရှင် ၃ ဦးတို့မှ လွန်ခဲ့သည့် ၃၅ နှစ်ခန့်က စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် အနျူမြူနဲ့ ပတ်သက်သော သတင်းများကို ပြည်သူလူထုအား အသိပေးသော NGO အဖွဲ့အစည်း တခုဖြစ်ပါသည်။ ရှင်းလင်းတင်ပြရာမှာ အနုမြူစွမ်းအင် သုံးစွဲမှုသည် လုံခြုံမှု မည်မျှရှိသည်ကို အာမခံစေကာမူ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း၊ နျူကလီယား၏ ဆိုးကျိုးများ လူသားများအပေါ် အန္တရာယ်ကျရောက်နိုင်သည့် အကြောင်းကိုပါ ယခုလက် ဂျပန်နိုင်ငံတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်နှင့်တကွ အကြယ်တ၀င့် ရှင်းလင်း ဟောပြောသွားပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌါန(MOFA) ရဲ့ International Nuclear Energy Cooperation Division မှ တာဝန်ရှိသူတစ်ဦးဖြစ်သော Mr.Takashi Hatori မှ နျူကလီယား မတော်တဆ ဖြစ်မှုနှင့် ပတ်သက်၍ ဂျပန်တွင် နေထိုင်ကြသည့် နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာ နိုင်ငံများမှ ဂျပန်နိုင်ငံရှိ နိုင်ငံခြား သံရုံးများအား ဖိတ်ခေါ်ပြီး သတင်းအချက်အလက်များကို ပုံမှန် ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်အစိုးရမှ အစားအသောက် ဘေးအန္တရာယ်ကင်းမှုနှင့် ကျမ္မာရေးအတွက် အနျူမြူ ဓါတ်ရောင်ခြည်၏ ပြန်ပွားမှုကို နေ့စဉ် ဒေသအနှံမှာ ၁ နာရီခြားတခါ တိုင်းထွာပြီး စောင့်ကြည့်နေကြောင်းကို ရှင်းလင်း ပြောကြား သွားပါသည်။
NHK TV သတင်းကို အရေးပေါ်အခြေအနေတွင် ထုတ်လွှင့်မှုကို အထူးဂရုစိုက် ကြည့်ရန်

(JAR) Eiji Otsuka မှ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့လာပါက
နောက်ဆုံး အစီအစဉ် အနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး တာဝန်ခံ Eiji Otsuka,(JAR)မှ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့လာပါက မည်သို့ ကြိုတင်ပြင်ဆင် ကာကွယ် ဆက်သွယ် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်များကို ပရိုဂျက်တာဖြင့် အကျယ်တ၀င့် ရှင်းလင်း တင်ပြသွားပြီး အကယ်၍ ဘေးအန္တရာယ် ကြုံတွေ့လာပါက မိသားစုများအတွင်း ဆက်သွယ် တွေ့ဆုံနိုင်ရန်အတွက် ဆုံရပ်ကို ကြိုတင် သတ်မှတ်ထားရန် လိုအပ်ကြောင်းကို ရှင်းလင်းပြောကြားသွားပါသည်။ ဟောပြောပွဲကို ညနေ ၄း၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

မကျေနပ် သည့် တပ်များ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကို ၀ိုင်းမည်

Sunday, April 17, 2011


ရန်ကုန် မြောက်ပိုင်းက တိုက်ကြီး၊ မှော်ဘီ ၊ ရဲမွန် နဲ့  အင်းတကော် က တပ် တွေ ဟာ ရန်ကုန်
တိုင်း စစ်ဌာနချုပ် ကို မကြာခင် ၀ိုင်းတော့ မယ်လို့  မှော်ဘီ လေတပ် စခန်း က အရာ ရှိ တစ်ဦး
က FNG ကို ပြောပါတယ်။

ဒီတပ်တွေ ဟာ သူတို့ ရဲ့  မကျေနပ် ချက် တွေ နဲ့  အခွင့် အရေး တစ်ချို့ ဆုံး ရှုံး တာတွေ နဲ့ ပတ်သက်
ပြီး အထက် ကို တင်ပြရာမှ ဘာမှ လုပ်ဆောင် ဖြေရှင်း ပေးမှု မရှိတာ ကြောင့် အခုလို လက်နက်
ကိုင် ဖြေရှင်းရတော့ မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး အသစ် ဖြစ် တဲ့ ဗိုလ်မှုးချုပ် ထွန်းသိန်း ရော ၊ ကာကွယ်ရေး
ဦးစီးချုပ် အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရောက် ပါ ဒီပြဿနာ တွေ ကို ကျွမ်းကျင် လိမ္မာ
စွာ ကိုင် တွယ် ဖြေရှင်း နိုင်မယ် မထင် ဘူးလို့  ရန်ကုန် မြို့ က အငြိမ်းစား တပ်မတော်အရာရှိ
ဟောင်း တစ်ဦးက FNG ကို ပြောပါတယ်။

ယမန်နေ့ က ပြန်လှန် ပစ်ခတ်မှု တွေ ကြောင့် အရာရှိ အဆင့် ရှိသူ တစ်ဦး ကျဆုံး ခဲ့ရတယ်
လို့  ဘီဘီစီ မြန်မာ ပိုင်း အသံလွှင့် အစီအစဉ် က ကြေငြာ သွား ခဲ့ပါတယ်။

ယခင် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ရန်ကုန် တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ က ဒီပြဿနာ ကို
ဝင်ရောက် ဖြေရှင်း ပေလို့ ပေမယ့် ၊ တိုင်းမှုး အသစ် ကတော့ အရပ်သား ဖြစ်သွား ပြီ ဖြစ်တဲ့
ဦးမြင့်ဆွေ ရဲ့ ကြားဝင်စေ့စပ် မှု ကို လက်မခံ ဘူးလို့ သိရပါတယ်။

နယ်ခြားစောင့်တပ်သားသစ်အတွက် မောင်ချစ်သူ ရွာသားများကို ခေါ်ယူတွေ့ ဆုံ

Saturday, April 16, 2011
နယ်ခြားစောင့်တပ်သားသစ်အတွက် မောင်ချစ်သူ ရွာသားများကို ခေါ်ယူတွေ့ ဆုံ



တချိန်က ဒီကေဘီအေ ယခု နယ်ခြားစောင့်ခွေး မောင်ချစ်သူ တစ်ဦး ရွာသားများကို အစည်းအဝေးခေါ်ယူပြီး နယ်ခြားစောင့်တပ်သားသစ်များရရန်အတွက် ရွာတွေကို ခွဲတမ်းချ တောင်းယူကြောင်း ကွယ်ကလူ သတင်းတွင်ဖေါ်ပြထားပါသည်။

လှိုင်းဘွဲနှင့်မြ၀တီ မြို့ နယ်ရှိ ရွာများ အား နယ်ခြားစောင့်တပ်လုပ်ရန်အတွက် လူ (၇၅) ဦးကို ယခုလ ၂၇ ရက်နေ့ တွင် ရွှေကက္ကိုလ်သို့  တပ်သားသစ်များကို အရောက်ပို့ ရမည်ဟု သတင်းတွင်ဖေါ်ပြထားပါသည်။

မူရင်းသတင်း
Mg Chit thu ask villagers for recruitment of BGF
Mg Chit thu ask villagers for recruitment of BGF

ကရင့်တော်လှန်ရေးနယ်မြေသို့ လာရောက်ပူးပေါင်းခဲ့သည့် ရဲဘော်သက်နိုင်ဝင်း (နအဖစစ်သား) နှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

Fruit of Education

Fruit of Education

ကျနော်တို့ ကရင်လူမျိုးများရဲ့ ကျေးရွာတွေကို ဗမာပြည်စစ်အစိုးရက မီးရှီူ့ ဖျက်ဆီးခဲ့ဒါ မှတ်တမ်းများအရ ၁၅ နှစ်အတွင်းမှာ ရွာပေါင်း ၁၆၀၀ ကျော်သွားပါပြီ။

ဒါပေမယ့် ကျနော်တို့ ကရင်အမျိုးသားတွေရဲ့ ကျေးရွာတွေမရှိတော့သည့်တိုင်အောင် သစ်ပင်ဝါးပင် အောက်မှာ ရှိဒါနဲ့  ကျောင်းတွေကို တည်ပြီး ပညာတွေကို သင်ယူဆည်းပူးနေဒါ IDP ဓါတ်ပုံမှတ်တမ်းတွေမှာ တွေ့ ကြရမှာပါ။ အခက်ခဲတွေကြားမှာ ပညာရေးကို မစွန့် လွတ်တဲ့ ကျနော်တို့ လူမျိုးတွေရဲ့ ယုံကြည်ချက် ခံယူချက်တွေ အဲဒီအချက်တွေက ကျနော်တို့ အမျိုးသားရဲ့ အပေါင်းလက္ခာတစ်ရပ်ပဲ ဆိုတာ ပြောချင်ပါတယ်။ ဒီအတွက် ကြိုးစားအားထုတ်အကောင်အထည်ဖေါ်နေတဲ့ KNU ပညာရေးဌာနဲ့ တာဝန်ရှိသူတွေ၊ ပူးပေါင်းပါဝင် ပေးဆပ်သူတွေ အာလုံးကို မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

ယခုတင်ဆက်တဲ့ ဗီဒီယိုဖိုင်လေးက ဗမာပြည်အစိုးရက ကရင် ရွာတွေမီးရှို့  ကျောင်းတွေ မီးရှို့ ဖျက်ဆီးပြီး အသက်ဘေးမှ လွတ်မြောက်အောင် ထွက်ပြေးကြရသူ လူငယ်တွေရဲ့ လွတ်မြောက်နယ်မြေမှ Junior College Graduation ပွဲလေးတစ်ခုပါ။ ဗီဒီယိုဖိုင်ပို့ ပေးလာတဲ့ Doo Plo Soe အား အထူးကျေးဇူးတင်ပါတယ်။

Junior College တွေမှ University of Karen “အမျိုးသားတက္ကသိုလ်” အဆင့် သို့ ရောက်အောင် ကြိုးစားအားထုတ်ကြပါစို့ …… နိုင်ငံတကာရောက် ကရင်အမျိုးသားများ နောင်လာနောက်သားများအတွက် ဒီအချက်ကို အလေးအနက် ထည့်တွက် ပြီး ရောက်ရာအရာမှာ ကြိုးစားအားထုတ် ပြင်ဆင် ထားကြပါလို့  တိုက်တွန်းလိုပါသည်။

ဗမာအစိုးရရဲ့  ဒုံးလက်နက်စက်ရုံ

By ဦးအောင်ခင် & မညိုညိုလွင်

မြောက်ကိုရီးယား အင်ဂျင်နီယာနဲ့ ဗမာစစ်မှုထမ်းတွေ ပူးပေါင်းပြီး မြေအောက်လက်နက်စက်ရုံ တည်ဆောက်နေကြောင်း ရန်ကုန် အမေရိကန်သံရုံးရဲ့  ၂၀၀၄ သြဂုတ်လ (၂၇) ရက်နေ့ လျှို့ ဝှက်ပေးစာကို လွန်ခဲ့တဲ့နှစ်က WikiLeaks မှာ ဖော်ပြခဲ့ပါတယ်။ ဒီကိစ္စကို မြန်မာ့ရေးရာသုတေသီ Bertil Lintner က ဆက်လက်စုံစမ်းတဲ့အခါမှာ မကွေးတိုင်း၊ မင်းလှမြို့ နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ - ကပစ (၂) နဲ့ ကပစ (၁၀) ဖြစ်နေတာ တွေ့ရကြောင်း မတ်လ (၂) ရက်နေ့ထုတ် Asia Times မှာ ရေးထားပါတယ်။ အမေရိကန် ကွန်ဂရက်လွှတ်တော်မှာလည်း ဒီကိစ္စကို စိုးရိမ်စရာအဖြစ် တင်ပြကြပါတယ်။

မင်းလှမြို့ နယ်၊ ကုန်းကြီးရွာအနီးက မြေဧက (၆၀၀) မှာ ကပစ (၁၀) ကို ၁၉၉၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာ မကြာခင်ကမှ ပြီးစီးသွားတဲ့အတွက် ဒုံးလက်နက်မျိုးစုံ ထုတ်လုပ်နေတယ်လို့ ဆိုကြပါတယ်။ ပထမပိုင်းမှာ တရုတ် နဲ့ ရုရှားတွေကို ကပစ (၁၀) မှာ တွေ့နိုင်ပေမယ့် အခုတော့ မြောက်ကိုရီးယားတွေပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။ မင်းလှမြို့ နယ် မလွန်ကျေးရွာအနီးက မြေဧက တသိန်းမှာတော့ ကပစ (၂) ကို တည်ဆောက်ထားပြီး မော်တာကျည်ဆံနဲ့ အမြောက်ကျည်ဆံ ထုတ်လုပ်နေတယ်လို့ ဖော်ပြပါတယ်။ စင်္ကာပူကလည်း သူ့လက်နက်ပစ္စည်းတွေကို ကပစ (၂) မှာ စမ်းသပ်ကြောင်း သိရပါတယ်။

ခေတ်မီလက်နက်ကိုင်တပ်မတော် တည်ဆောက်ရေးဟာ အစိုးရရဲ့  ကြွေးကြော်သံတခု ဖြစ်ပါတယ်။ သမ္မတသစ် ဦးသိန်းစိန်ကလည်း ကမ္ဘာ့အဆင်မီ တပ်မတော်ရှိဖို့ လိုအပ်ကြောင်း ပထမဦးဆုံး မိန့်ခွန်းမှာ ပြောသွားခဲ့ပါတယ်။ ခေတ်မီလက်နက်ဆိုတာ နောက်ဆုံးပေါ် လက်နက်ကြီးတွေကို ဆိုလိုတာဖြစ်ပါတယ်။ လိုချင်သလို ပစ်ခတ်လို့ရတဲ့ ဒုံးလက်နက်စနစ် မြန်မာပြည်မှာ ထုတ်လုပ်နိုင်ဖို့အတွက် အကူအညီပေးဖို့ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး တို့အဖွဲ့က၂၀၀၆ ဧပြီလ ရုရှားခရီးစဉ်မှာ တင်ပြခဲ့ပါတယ်။ ဒုံးလက်နက် ထုတ်လုပ်သုံးစွဲနိုင်တဲ့ အစိုးရတပ်ဟာ အမြဲတမ်းအပေါ်စီးရနေမယ်လို့ ယူဆထားပုံ ရပါတယ်။ ၂၀၀၇ ခုနှစ်ကစပြီး သင်တန်းသား တထောင်ကျော် နှစ်စဉ် ရုရှားကို စေလွှတ်နေကြောင်း သိရပါတယ်။

တပ်မတော်ဟာ နည်းပညာပိုင်ဆိုင်ရာမှာ ခေတ်နောက်ကျနေတာမို့ ရုရှားစစ်လက်နက် အတတ်ပညာကို ရယူနေကြောင်း ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့ ဘုရင့်နောင်ရိပ်သာမှာ ကျင်းပပြီး ပေါက်ကြားသွားခဲ့တဲ့ လျှို့ ဝှက်အစည်းအဝေး မှတ်တမ်းအရ သိရှိရပါတယ်။ အဲဒီ ရုရှား-မြန်မာ လျှို့ ဝှက်အစည်းအဝေးကို ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ ရုရှားဗိုလ်ချုပ်ကြီး စီမီနီခင် တို့က ဦးဆောင်ကြပါတယ်။ ဗမာစစ်တပ်ဟာ ရုရှား နဲ့ တရုတ် တို့ကို အဓိကအားကိုးနေတဲ့အတွက် ရုရှားနဲ့ တရုတ်မှာ သင်တန်းတက်နေတဲ့ စစ်မှုထမ်းဦးရေ များပြားလာပါတယ်။ ရုရှား၊ ယူကရိန်း၊ ဆာဘီးယား၊ အစ္စရေး နဲ့ အိန္ဒိယတို့ကလည်း ဗမာအစိုးရကို လက်နက်ပစ္စည်းရောင်းပေမယ့် တရုတ်က အများဆုံးဖြစ်ပါတယ်။ ဗမာအစိုးဝယ်ထားတဲ့ တရုတ်စစ်ပစ္စည်း တန်းဖိုးတွေဟာ အနည်းဆုံး ဒေါ်လာသန်းလေးထောင်လောက် ရှိနေပြီလို့ သိရပါတယ်။ ရုရှား နဲ့ တရုတ် စစ်ပစ္စည်းများကို ကိုင်တွယ်ရာမှာ ကျွမ်းကျင်ပြီး ဒေါ်လာငွေအစား ကောက်ပဲသီးနှံနဲ့ ဆန်ကို လက်ခံတဲ့အတွက် မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆောင်ရွက်နေတာလို့ ယူဆကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်ဦးစီးချုပ်ဖြစ်လာတဲ့ ၁၉၉၂ ခုနှစ်နောက်ပိုင်းကစပြီး ဒုံးလက်နက်အသုံးပြုရေး စီမံကိန်းကို စတင်အကောင်အထည် ဖော်ကြောင်းသိရပါတယ်။ ဒုံးလက်နက်မျိုးစုံ ထုတ်လုပ်ဖို့ ရည်ရွယ်ပါတယ်။ လိုအပ်တဲ့ပစ္စည်းနဲ့ အတတ်ပညာကို တရုတ်၊ ရုရှား နဲ့ ကိုရီးယား နှစ်နိုင်ငံက တင်သွင်းပါတယ်။ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ အရာရှိ (၁၆) ဦး ပါဝင်တဲ့ စစ်မစ်ရှင်း (military mission) အဖွဲ့ဟာ မြောက်ကိုရီးယားကို ၂၀၀၈ နိုဝင်ဘာလမှာ သွားရောက်လေ့လာခဲ့ပါတယ်။ ဥမင်လှိုဏ်ခေါင်းစနစ်နဲ့ igia ဒုံးကျည်၊ Scud ဒုံးကျည်တွေကို စိတ်ဝင်စားကြောင်း သိရပါတယ်။ ရန်သူကပစ်မှတ်အဖြစ် သတ်မှတ်နိုင်တဲ့ အရေးကြီးတဲ့ စစ်ဌာနအားလုံးကို ဥမင်လှိုဏ်ခေါင်းထဲထားနိုင်ဖို့အတွက် တဖြည်းဖြည်းတဆင့်ပြီးတဆင့် စီမံကိန်းချပြီး ဆောင်ရွက်ရမယ်လို့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းတို့အဖွဲ့က တင်ပြထားကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အမြဲတမ်း တိုးတက်ကြီးထွားနေတာ လက်နက်ခဲယမ်း ထုတ်လုပ်မှု ဖြစ်ပါတယ်။ လက်နက်ခဲယမ်းကို ကကထုတ် လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုညွှန်ကြားရေးမှူးရုံးက ချုပ်ကိုင်ထားပါတယ်။ ကကထုတ် လက်အောက်မှာ ကပစ ခေါ် ကာကွယ်ရေးပစ္စည်းစက်ရုံတွေရှိပြီး ပဲခူးတိုင်း၊ မကွေးတိုင်း နဲ့ ရန်ကုန်တိုင်းတို့မှာ တည်ဆောက်ထားပါတယ်။ အခုအချိန်အထိ ကပစ (၂၀) လောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

ဧရာဝတီမြစ်ရိုး အနောက်ဘက်က ပဲခူးတိုင်း၊ ပန်းတောင်မြို့ နယ် ဆင်တဲ့၊ ထုံးဘို၊ ညောင်ခြေထောက်စတဲ့နေရာတွေမှာ ကပစ တွေ တည်ဆောက်ထားပါတယ်။ နောက်ပိုင်းမှာ မကွေးတိုင်း အထက် မင်းလှ၊ ဆင်ပေါင်ဝဲ၊ အောင်လံ၊ သရက်၊ စေတုတ္တရာ နဲ့ တောင်တွင်းကြီးအထိ ကပစ တွေ တိုးချဲ့ ထားပါတယ်။ မြောက်ကိုရီးယား နဲ့ ပူးပေါင်းပြီး လက်နက်ထုတ်လုပ်မှု၊ တိုင်းရင်းသားများကို တိုက်ခိုက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ မူယစ်ဆေးဝါးထုတ်လုပ်မှုများကြောင့် မြန်မာ့အခန်းကဏ္ဍဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး Robert Willard က ကွန်ဂရက်လွှတ်တော် ကြားနာပွဲမှာ ဧပြီလ (၆) ရက်နေ့က ထွက်ဆိုပြီး ဒီကိစ္စကို အရေးယူဆောင်ရွက်ဖို့ ဆီနိတ်အမတ် Richard Lugar က ဧပြီလ (၈) ရက်နေ့က အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။

Tornadoes devastate southern U.S.

Apr 17 - Storms rip through the southern U.S., moving into North Carolina on Saturday as the death toll rises to at least 20. Lindsey Parietti reports.

Deadly tornadoes pound southern U.S.

(1:05)

Apr 17 - Three days of severe storms and tornadoes in the southern United States have killed at least 39 people. Jon Decker reports.

Sunday, April 17, 2011

Clinton pledges support in Japan visit

Clinton pledges support in Japan visit (1:40)

Apr 17 - Visiting Tokyo, Hillary Clinton urges Japan to remain active on the world stage as it recovers from the triple disaster. Michaela Cabrera reports.

Japan protests pressure government

Japan protests pressure government (1:56)

Apr 16 - Protesters in Tokyo, Japan call on the government to take responsibility for radiation leaks as engineers struggle to fix crippled nuclear reactors in the north. Lindsey Parietti reports.

Clinton pledges Japan support, TEPCO pledges shutdown





Chisa Fujioka and Matt Spetalnick

TOKYO | Sun Apr 17, 2011 8:23am EDT

TOKYO (Reuters) - Secretary of State Hillary Clinton urged Japan Sunday to remain active on the world stage and pledged support for Washington's key ally in East Asia as the operator of a stricken nuclear plant finally set out a timeline to shut it down.

Tokyo Electric Power Co. (TEPCO) said it hoped to achieve a cold shutdown of the plant that was crippled in the March 11 quake and tsunami -- effectively making the reactors safe and stable -- within six to nine months.

"Economically, diplomatically and in so many other ways, Japan is indispensable to global problem-solving," Clinton told a news conference after talks with Japanese Foreign Minister Takeaki Matsumoto. "And the U.S.-Japan alliance is as indispensable as ever to global security and progress."

Clinton also said Japan and the United States had agreed to create a "public-private partnership for reconstruction" under the guidance of Japan's government, and that U.S. firms and organizations would begin discussing how they can support Japan as it comes through the crisis.

Soon after she spoke, TEPCO gave a briefing outlining its plan to bring the plant to cold shutdown.

Even if the operator does manage to do that within six to nine months, Japan hinted Sunday that a full recovery was likely to take longer.

"The first juncture toward safety would be when the fuel rods are fully submerged in water and a cold shut down is achieved," said Banri Kaieda, Japan's economics minister.

"But true safety will not come until the fuel rods are removed from the reactors," Kaieda told a news conference on Sunday.

Kaieda also said he advised TEPCO not to dump contaminated water, no matter how low the radiation level, into the ocean in future.

The operator's decision earlier this month to pump water contaminated with low levels of radiation had raised the ire of Japan's neighbors China and South Korea.

Clinton arrived in Japan, which is still reeling from the triple disaster nearly five weeks later, on the final leg of a global trek that took her to Berlin for NATO talks on the Libya conflict and to Seoul to tackle the North Korean nuclear stand-off and boost trade talks with another key ally in Asia.

The still rising death toll from the quake and tsunami has topped 13,000. The natural disaster and the nuclear crisis that followed have seriously rattled the world's third-largest economy.

Damages from the quake and tsunami have been estimated at $300 billion, making it the world's costliest natural disaster.

Washington has deployed thousands of troops plus military aircraft and navy ships to help with relief work in the devastated northeastern part of the island nation.

Clinton, during her 5- hour stop, said there was no reason for Americans to stay away from Japan, other than the area around the nuclear plant