Saturday, December 25, 2010

ဒီကနေ့ ဖလူးဒေသက တိုက်ပွဲ ၇ နာရီခန့် အချိန်ကြာခဲ့

dkbaမြ၀တီမြို့တောင်ဘက် ဖလူးဒေသမှာ ဒီကနေ့မနက်စောစောက နအဖ တပ်ရင်းသုံးရင်း နေရာယူထားတဲ့ နေရာတွေကို ဒီကေဘီ အေ တပ်ဖွဲ့ဘက်မှ တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ အပြင်း အထန်ဖြစ်ပွားခဲ့ပါတယ်။
ဒီမနက်တိုက်ပွဲဟာ ဖလူးလေးဒေသမှာ ဖြစ်ပွားနေခဲ့တာဖြစ် တယ်။ တိုက်ပွဲစဖြစ်တာ ၆ နာရီလောက်က စလိုက်တာ နေ့ခင်း ၁ နာရီခန့်လောက်အထိ ကြာခဲ့ပြီး။ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ အချိန်တော်တော်ကြာ ဖြစ်ခဲ့ ပါတယ်။

ဒီကနေ့ ဖလူးလေးနေရာမှာဖြစ်သွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူး ဘောဗျူဟာမှ တာဝန်ရှိသူ ဗိုလ်မှူးတဦး ပြောပြတာက …
“ဒီနေ့တိုက်ပွဲက ၇ နာရီလောက်ကြာသွားတယ် နအဖ ဘက်က ခလရ ၂၃၀၊ ခမရ ၅၄၇၊ ၃၅၆ အဲဒီတပ်တွေပါတယ်။ နအဖ စစ်တပ်ဘက်က ၆ ယောက်ကျဆုံးပြီး ၁၁ ဒါဏ်ရာရ တယ်လို့ သိရတယ်။ မင်းလက်ပံရွာက ပစ်ခတ်နေတဲ့ကြားထဲ ပဲလာသိမ်းတဲ့ ရွားသားတ ဦးလည်း ဒါဏ်ရာရသွားတယ်။”
တိုက်ပွဲဖြစ်ပွားခဲ့တာကြောင်း အနီးအနားရွားတွေဖြစ်တဲ့ ဖလူးကြီး ဖလူးလေးနဲ့ မင်းလက် ပံ စတဲ့ ရွားတွေက ရွာသားတွေ အထူးစိုးရိမ်နေကြပြီး ဘေးလွတ်ရာနေရာတွေကို ရှောင် ပြေးပုန်းအောင်းဖို့ အသင့်အနေအထားနဲ့ ရှိနေကြပါတယ်။

ဂျပန်နိုင်ငံတိုကျိုမြို့တွင် ၁၂ကြိမ်မြောက်ကရင်နှစ်သစ်ကူးပွဲတော်

ဒီကေဘီအေ ကလို့ထူးဘော ဗျူဟာမှူး ဗိုလ်မှူးကြီး စောကျော်သက် အင်တာဗျူး(ရုပ်သံ)

ယနေ့ သတင်း (၂၅ ရက် ဒီဇင်ဘာလ ၂၀၁၀)

Saturday, December 25, 2010

ဆုံဆည်းရာ၊ ၂၅ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၉ နာရီ ၅၀ မိနစ်) ဖလူးဒေသမှာ ရက်အနည်းငယ်ကြာ တိတ်ဆိတ်နေတဲ့ တိုက်ပွဲတွေ ယမန်နေ့က ပြန်လည် ဖြစ်ပွားနေပါတယ်။ နအဖ ဘက်က ထိုးစစ်အင်အားတိုးမြင့်လိုက်တဲ့အတွက် တိုက်ပွဲတွေ ရေရှည်ကြာဖို့ရှိတယ်လို့ ဒေသခံတဦးမှပြောဆိုပါတယ်။

နံနက် (၉ နာရီ ၃၀ မိနစ်) နအဖ စစ်တပ်က အင်အား ပြင်းထန်တဲ့ ထိုးစစ်ကြီးတခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ဘက်က ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်မယ်ဆိုရင် ဒုက္ခသည်တွေကို ကူညီဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

နံနက် (၉ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း နအဖ စစ်တပ်တွေက ဒီကေဘီအေ ခွဲထွက် အဖွဲ့တွေအနေနဲ့ နီးစပ်ရာ နယ်ခြားစောင့်တပ်တွေဆီကို ပြန်သွားကြဖို့ ရွာတွေမှာ စာလိုက်ကပ်တယ်လို့သိရပါတယ်။ ၂၇ ရက်နေ့ နောက်ဆုံးသွားရမှာဖြစ်ပြီး ၂၇ ရက်ကျော်လွန်ပါက နအဖ စစ်တပ်မှ သူပုန်အဖြစ် သတ်မှတ်မယ်လို့ ကြေငြာထားပါတယ်။

Silent Night, Holy Night

Wednesday, December 22, 2010

(၁၄)ကြိမ်မြောက်ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက်အပြီး တတိယအကြိမ်မြောက်ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးထုတ်ပြန်ကြေညာချက်


14_congress_3rd_CSC_meeting_statement_Burmese_Lan -

ယနေ့ သတင်း (၂၁ ရက် ဒီဇင်ဘာလ ၂၀၁၀)

December 21, 2010

ဆုံဆည်းရာ၊ ၂၁ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၁၂ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ရှိ ကနဲလေးနဲ့ ဝေါလေဒေသကြားရှိ ဖောမုဘောထာ့ မှာ ယမန်နေ့(တနင်္လာနေ့)က တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ နအဖ ရိက္ခာတင်ဆောင်လာတဲ့ ကားနဲ့ ဒီကေဘီအေ စစ်တပ်တွေ ထိပ်တိုက် ရင်ဆိုင်တိုးမိပြီး တိုက်ပွဲဖြစ်ပွားတာ ဖြစ်ပါတယ်။ ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ တလကျော်ဖြစ်ခဲ့သည် တိုက်ပွဲတွေမှာ အပြင်းထန်ဆုံးဖြစ်ပြီး နအဖ စစ်တပ်ဘက်မှ ၈ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နံနက် (၁၂ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ ဝေါ်လေဒေသ၊ ဖောမုဘောထာ့နေရာ၌ ယမန်နေ့နံနက် ၁၀နာရီအချိန်တွင် နအဖ စစ်ကွပ်ကဲ ရေးဌာနချုပ်-စကခ(၈) လက်အောက်ခံ ခမရ(၄၀၉)တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တို့ကြား မိနစ် ၂၀ခန့် ချုံခိုတိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်ကျဆုံးမှုရှိသည်ကြောင်း သိရှိရသည်။

ဝေါ်လေဒေသ ဖလူးကျေးရွာတွင် နအဖစစ်တပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၄၅၇) တပ်ရင်းနှင့် ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်တို့ကြား ယမန်နေ့က ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖဘက်မှ ၇ဦး ပွဲချင်းပြီး သေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီကေဘီအေဘက်က ၁ဦးသေဆုံးပြီး တပ်မှူးတဦး အပါအ၀င် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒီကေဘီအေဘက်က အတည်ပြု ပြောကြားသည်။ (ကိုးကား - ကေအိုင်စီ)

နံနက် (၁၂ နာရီ) ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ မာနယ်ပလောဒေသဘက်တွင်လည်း ဒီဇင်ဘာလ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တွင် နအဖနှင့် ကေအဲန် အယ်လ်အေ တပ်ရင်း(၂၀၂)တပ်ဖွဲ့ဝင်တို့ကြား နှစ်ရက်ဆက်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ နအဖဘက်က ထိခိုက်မှုရှိသည်ဟု ခန့်မှန်းရသော်လည်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှုမရှိဟု ကေအဲန်ယူ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုး မင်းသူက ပြောသည်။

“ဒီနေ့ ၁၂နာရီအချိန်မှာ ကျနော်တို့ရဲ့ KNLA (၂၀၂)တပ်ရင်းနဲ့ ဗဟိုတပ်ဖွဲ့တို့ပေါင်းထားတဲ့အဖွဲ့က နအဖ ခလရ(၁၀၆)တပ်ဖွဲ့ နဲ့ ကဆောဝါးလေးမှာ ၅မိနစ်လောက် ပစ်ခတ်မှုဖြစ်တယ်။ မနေ့မနက် ၆နာရီအချိန်မှာလည်း ကဆောဝါးလေးမှာပဲ ခမရ(၃၃၈) နဲ့ ကျနော်တို့ KNLA (၂၀၂)တပ်ဖွဲ့နဲ့ ၁၀မိနစ်ကျော် ရင်ဆိုင်ခဲ့တယ်။ အဲဒီနေ့ ညနေ ၅နာရီဝန်းကျင်လောက်မှာလည်း မိုးပျံတံ တားမှာ ကျနော်တို့တပ်ရင်း(၂၀၂)တပ်ဖွဲ့နဲ့ နအဖ ခမရ(၃၄၃)တို့ ၁၅မိနစ် ရင်ဆိုင်ခဲ့တယ်။”ဟု ၎င်းက ပြောသည်။ (ကိုးကား - ကေအိုင်စီ

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား

Tuesday, December 21, 2010

အမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာ နိုင်ငံ သို့ တိတ်တဆိတ် ၀င်ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်း နာကျင်စေမှု များ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီလိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲကဖော်ပြထားသည်။ ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အနေဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေးလုပ်တာ ငါလုပ်တာ မဟုတ်ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက်တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။

ပြည်ပ ရောက်အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာနိုင်ငံပြန်လျှင်သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင်များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို့ အတွက်အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသားရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။
Posted by မြန်မာ ၀ီကီလိခ် at 2:52 PM
http://www.myanmarwikileaks.org/2010/12/blog-post_9550.html#more


ဗိုလ်ချုပ်မှုးကြီး နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ် က ဖုန်းရွှေ နည်းဖြင့် စီရင်ပေးခဲ့
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ ကြပ်ပြေးနေပြည်တော် မှ နေအိမ်သစ် အတွက် စာရေးဆရာ ဟိန်းလတ်က ဖုန်းရွှေ နည်း လမ်း ဖြင့် စီရင် ပေးခဲ့သည် ဟု မြန်မာ ၀ီကီလိခ် မှ ယနေ့ လက်ခံရရှိထားသော အီးမေးခြောက် ခု အနက် တစ်ခု တွင် ဖော်ပြထား သည်။


အင်္ဂလိပ် နှစ် သစ်ကူးနေ့ ညတိုင်း နိုင်ငံခြားသံတမန် များ ကို ပါ ဗေဒင် ဟောကြားပေးလေ့ရှိ သည်။ စာရေးဆရာ ဟိန်းလတ် သည် ၂၀၀၅ ခုနှစ် နိုဝင်ဘာ လ အတွင်းနေပြည်တော် ရှိ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အိမ်သစ် အတွက် ဖုန်းရွှေ နည်းပညာ ဖြင့် စီရင် ပေးခဲ့ သည် ဟု ဖော်ပြထားသည်။ စာရေးဆရာ ဟိန်းလတ် သည် ဗိုလ်ချုပ်ကြီးသူရရွှေ မန်း အတွင်းရေး မှုး၃ဟောင်း ဗိုလ်ချုပ် ၀င်းမြင့် ၊ သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ် သာအေး ၊ ရန်ကုန်မြို့ တော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်းနှင့် မန္တလေးမြို့တော်ဝန် ဗိုလ်မှုး ချုပ် ဖုန်းဇော်ဟန်၊ ပြန်ကြားရေး ၀န်ကြီး ၊ ရန်ကုန် တိုင်းမှုးအဆက်ဆက် တို့ ၏ နေအိမ် များကိုဖုန်းရွှေ နည်းပညာဖြင့် စီရင် ပေးခြင်း၊ စစ်ဗိုလ်ချုပ်များ ၏ ကတော် များ အား အဆောင် လက်ဖွဲ့ ယတြာ များ စီရင် ပေးခြင်း၊ ဗေဒင် ဟောကြားပေးခြင်း များ ပြုလုပ် ပေး သည် ဟု ဖော်ပြထားသည်။
Posted by မြန်မာ ၀ီကီလိခ် at 2:32 PM
Posted in myanmar news by ရဲရင့်(ကနေဒါ)

20 Dec 2010 ဒိုင်ယာရီ

20 Dec 2010 Yeyintnge's Diary

ဒေါက်တာစင်သီယာမောင်နှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

မန်းရောဘတ်ဇန်၏နှစ်သစ်ကူး သဝဏ်လွှာ

Rbazan

သမိုင်း စာမျက်နှာသစ် ဖွင့်ချိန်တန်ပြီ

အဲခေါင်သောင့် (ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၁၀)



နအဖစစ်အစိုးရဟာ ၎င်းတို့ စိတ်ကြိုက်အစိုးရတခု ပေါ်ထွက်လာဖို့အတွက် အတုအယောင် ရွေးကောက်ပွဲကြီးကို အတိုက်အခံ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာတွေ ဝေဖန်နေတဲ့ကြားထဲ နိုဝင်ဘာလ ၇ရက်နေ့ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးပြဿနာ တိုင်းရင်းသားအရေး ပြဿနာတွေကို ပြေလည်အောင် မဖြေရှင်း နိုင်ဘဲနဲ့ ရွေးကောက်ပွဲကြီး ဇွတ်အတင်း ကျင်းပလိုက်တာဟာ ပြဿနာကို ပိုပြီး ကြီးထွားလာအောင်နဲ့ ပြည်တွင်းစစ်မီး နောက် ထပ်တဖန် ပိုကြီးထွားလာအောင် တွန်းပို့မယ့် သွေးမြေကျမယ့် ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ နိုဝင်ဘာလ ၇ရက်နေ့မှာပဲ နအဖကို အာခံတဲ့ တိုက်ပွဲကြီးတွေ မြ၀တီ၊ ဘုရားသုံးဆူ စတဲ့ မြို့တွင်းတွေအထိပင် ဖြစ်ပေါ်လာခဲ့ရတယ် မဟုတ်ပါလား။



ဗိုလ်မှူးချုပ်စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ဦးဆောင်တဲ့ ဒီကေဘီအေရဲ့ မြို့တွင်းကနေတဆင့် စတင်လာခဲ့တဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားတပ်တွေနဲ့ နယ်မြေတွေကို မလိမ့်တပတ်နဲ့ မောင်ပိုင်စီးမယ့် နအဖရဲ့ နယ်ခြားစောင့်အသွင် ပြောင်းဖို့ ဖိအားပေးနေတာတွေ၊ တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲကြီး ကျင်းပနေတာတွေနဲ့ အပစ်ရပ်ထားတဲ့ ၁၅နှစ်အတွင်း ဖြစ်တည်လာတဲ့ မကျေနပ်ချက်တွေကနေ စုပြုံအံထွက်ကျလာတဲ့ လွတ်မြောက်မှုတိုက်ပွဲတွေပဲ ဖြစ်ပါတယ်။


မြ၀တီမြို့နဲ့ ဘုရားသုံးဆူမြို့မှာ စတင်လာခဲ့တဲ့ ဒီကေဘီအေနဲ့ နအဖစစ်တပ်တို့ရဲ့ တိုက်ပွဲတွေဟာ ကြာအင်းဆိပ်ကြီး ကော့ကရိတ်စတဲ့ ကရင်ဒေသ တော်တော်များများမှာ ဂယက်ရိုက်ခတ်သွားပြီး တနေ့ထက်တနေ့ အရှိန်ပြင်းစွာ ဖြစ်ပွားလာခဲ့ တာ ယခုချိန်ထိပဲ ဖြစ်ပါတယ်။ အနှစ် ၂၀ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲနေ့မှာပင် နအဖစစ်တပ်ကို ပြည်သူတွေဘက်ကနေ ရပ်တည်ပြီး ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ပွဲဝင်ခဲ့သူ ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ ဒီကေဘီအေအဖွဲ့ကို အဖိ နှိပ်ခံပြည်သူများ၊ အတိုက်အခံ အင်အားစုများနဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများမှ လှိုက်လှဲစွာ ကြိုဆို ထောက်ခံခဲ့ ကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။


ဒီတိုက်ပွဲတွေကြောင့် ရွေးကောက်ပွဲကြီး ဗန်းပြကျင်းပပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီတရပ် ဖော်ဆောင်နေပါ ကြောင်း ကမ္ဘာကြီးကို လိမ်ညာဖို့ ကြံစည်နေတဲ့ နအဖစစ် ခေါင်းဆောင်တွေရဲ့ အကြံအစည်ကို ဖွင့်ချလိုက်သလို ဖြစ်သွားစေ ပြီး စစ်ခေါင်းဆောင်တွေကို အရှိုက်ထိသွားစေတဲ့ ထိုးနှက်ချက်တွေလို့လည်း ဆိုလို့ရနိုင်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ မှာပင် ယခုလို မြို့တွင်း လက်နက်ကိုင်တိုက်ပွဲမျိုး ဖြစ်လာခဲ့မယ်ဆိုတာ နအဖတွေ တွေးထင်ထားခဲ့မိပုံ မရပါဘူး။


ဒါကြောင့်လည်း အရူးချီးပန်းဖြစ်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ အခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာပြီး ကေအဲန်ယူ က တိုက်ခိုက်နေတာဖြစ်ကြောင်း ၎င်းတို့မီဒီယာကနေတဆင့် ထုတ်ဖော်ရေးသား ဖော်ပြလာကာ ၎င်းတို့နဲ့ အပစ်ရပ်လက်နက် ကိုင်တွေအကြား ပဋိပက္ခမရှိကြောင်း ဖုံးကွယ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ တဖက်မှလည်း ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့ကို အမြစ်ပြတ် ချေမှုန်းပြီး နယ်မြေပြန်လည် ထိန်းချုပ်သွားနိုင်ဖို့ အင်အား အလုံးအရင်းနဲ့ ထုတ်သုံးလာခဲ့တာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါ တယ်။ ဒါပေမယ့် နအဖအတွက် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။


နယ်မြေကျွမ်းကျင်မှုနဲ့ စိတ်ဓါတ်ရေးရာအရ အပေါ်စီးကနေ ရှိနေတဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေက တိုက်စွမ်းရည်နဲ့ စိတ်ဓါတ်ရေးရာ ဘာမှမရှိတော့တဲ့ နအဖစစ်သားတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပြီး အတုံးအရုံးနဲ့ ကျဆုံး ဒဏ်ရာတွေ ရနေတာကို နေ့စဉ်တိုက်ပွဲသတင်း ကြည့်ခြင်းအားဖြင့် ခန့်မှန်းသိရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နအဖ ခေါင်း ဆောင်တွေနဲ့ ရှေ့တန်းတပ်မှူးတွေဟာ ရှုံးမဲ မဲလာပြီး ၀ါးလုံးရှည်ကြီးနဲ့ ရမ်းဖို့ ကြိုးစားလာတာကို တွေ့ရပါတယ်။ ဒါကလည်း ခေတ်အဆက်ဆက် ဖဆပလ၊ မဆလ၊ န၀တ၊ နအဖစတဲ့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးနေတဲ့ စစ်တပ်တွေရဲ့ လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်နေခဲ့ပါတယ်။


နအဖတပ်ဖွဲ့ဝင်တိုင်းလိုလို ကြွက်မနိုင် ကျီမီးရှို့တတ်တာကြောင့် ၎င်းတို့ရဲ့ စစ်သင်တန်း ပို့ချချက်တွေမှာ သင်ရိုးညွှန်း တန်းတခုအနေနဲ့ ပို့ချနေသလားလို့ပင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။ ပထမဆုံး ၀ါးလုံးရှည်နဲ့ ရမ်းသွားတာကတော့ ဒီကေဘီအေနဲ့ နအဖတိုက်ပွဲ ပြင်းထန်ရာ ဒေသတခုဖြစ်တဲ့ ဝေါလေမှာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ နအဖစစ်တပ်နဲ့ ဘာပြဿ နာမှမရှိတဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ဗိုလ်ချုပ်ထင်မောင်ဦးဆောင်တဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ဂိတ်တခုကို သွားရောက်ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပစ်ခတ်မှုတွေကြောင့် ငြိမ်းအဖွဲ့ဝင်တဦး ပွဲချင်းပြီး ကျဆုံးသွားတဲ့အပြင် နောက်တပ်ဖွဲ့ဝင် ၆ဦးကိုလည်း ဖမ်းဆီးကာ ပြောင်းဖူးခင်းတနေရာတွင် ရက်ရက်စက်စက် ကြိုးတုတ်ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ် ပါတယ်။


ဒီဖြစ်စဉ်ကို လေ့လာကြည့်ရင် မှားပြီး ပစ်ခတ်မိတဲ့အရာတခု မဟုတ်သလို ရှေ့တန်းတပ်တွေရဲ့ လက်လွတ်စပယ် လုပ်သွားတဲ့ ဖြစ်ရပ်တခုလည်း မဟုတ်ဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် နအဖစစ်တပ်ဟာ ၎င်းကို အာခံနေသူ ဒါမှမဟုတ် နယ်ခြားစောင့်တပ် အသွင်ပြောင်းမှု လက်မခံ သူတွေကို တချိန်မဟုတ်တချိန်မှာ နှိမ်နှင်းသွားမယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းလို့ရပါတယ်။ ဘာဖြစ်လဲဆိုတော့ ဗိုလ်ချုပ်ထိန် မောင်က နယ်ခြားစောင့်တပ် အသွင်ပြောင်းမယ့် ကိစ္စကို ခါးခါးသီးသီးနဲ့ ငြင်းဆန်ခဲ့တယ် မဟုတ်ပါလား။


တဖက်ပြန်ကြည့်ရင်လည်း လက်နက်ကိုင်ဆောင်ထားတဲ့ ကရင်အဖွဲ့အစည်းတိုင်းလိုလိုကို သံသယစိတ်တွေထားပြီး တနေ့မဟုတ် တနေ့ ပြန်တိုက်ရမယ်လို့ တထစ်ချ ယုံကြည်မှုတွေ ရှိနေတာကြောင့် လက်ဦးမှုယူလိုက်တယ်လို့လည်း ယူဆလို့ ရနိုင်ပါတယ်။ ဒါကြောင့်လည်း ဒီကရင်တွေဟာ အတူတူပဲ အားလုံးရှင်း(သတ်ပစ်)လိုက်လို့ ဗိုလ်ချုပ်ထင်မောင်အဖွဲ့ကို သွားပစ် တဲ့အချိန်က နအဖတပ်မှူးတဦး ပြောသွားခဲ့တာက သက်သေပြနေပါတယ်။ တကယ်တော့ နအဖ စစ်ခေါင်းဆောင်တွေဟာ မြန်မာပြည်တွင်းမှာ ၎င်းရဲ့တပ်မတော်တခုကလွဲပြီး ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုမှ ရပ်တည်ခွင့် အသက်ရှူခွင့်ပေး ချင်နေတာ မဟုတ်ပါဘူး။


မတတ်သာလို့သာ ခဏတဖြုပ်လေး ထိန်းထားနိုင်ဖို့ ချော့မော့ကာ လက်နက်ကိုင်ဆောင်ခွင့် ပေးထားရသော်လည်း အခွင့်အခါသင့်ရင် သင့်သလို အပြီးအပြတ် ဖြုတ်သိမ်းသွားမယ်ဆိုတာ ယုံမှားသံသယရှိစရာပင် မလိုပါဘူး။ ဒီအချိန်မှာ နအဖရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းသွားခဲ့တဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့နဲ့ အခြား ကရင်ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ ဟာလည်း ကိုယ့်အခြေအနေ ကိုယ်ပြန်ဆန်းစစ်ဖို့ လိုပါပြီး။ ကိုယ်ပိုင်အဖွဲ့နဲ့ ရပ်တည်ခဲ့ရာကနေ ၎င်းတို့တပ်ဖွဲ့အောက်ကို လုံး လုံး သွပ်သွင်းလိုက်ပြီးမှ အခြေအနေတခုပေါ်မှာသာ လက်နက်ကိုင်ဆောင်ခွင့်လေး ပေးထားတာကို ကိုယ့်ကိုယ်ကို ဟုတ်နေ လောက်ပြီလို့ မထင်ထားကြပါနဲ့အုံး။


လက်နက်ကိုင်ဆောင်ခွင့်လေး ပေးထားတာဟာ တကယ်တော့ ချက်ချင်းကြီး ဖြုတ်သိမ်းမရနိုင်သေးလို့ ကြိုးရှည်ရှည် နဲ့ လှမ်းထားပြီးတော့ တနေ့တချိန်မှာ အခွင့်သင့်သလို ဖြုတ်သိမ်းသွားဖို့အတွက်ပါ။ တဖက်မှာလည်း ငါးကြင်းဆီနဲ့ ငါးကြင်း ပြန်ကြော်လို့ ရလိုရငြား ခါးပိုက်ဆောင် မွေးထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လက်နက်ကိုင် ကရင်တပ်ဖွဲ့ဝင်တွေအား လုံး အရေးကြီးရင် သွေးနီးရပါတော့မယ်။ လတ်တလော နအဖကို ပြန်လည်တိုက်ပွဲဝင်နေတဲ့ ဗိုလ်နှုတ်ခမ်းမွှေးကို ၀န်းရံသွားဖို့ နဲ့ ကရင်တမျိုးသားလုံး လွတ်မြောက်ရေးကို ဖော်ဆောင်နေတဲ့ ကေအဲန်ယူအဖွဲ့ကိုလည်း ၀န်းရံသွားဖို့သာ ရှိပါတယ်။


သမိုင်းရဲ့ တောင်းဆိုချက်အရ လုပ်ဆောင်ရတော့မယ့် အချိန်ကောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် နအဖရဲ့ အခိုင်းစေခံ ကရင်လက် နက်ကိုင်အချို့အနေနဲ့ ကိုယ့်အမျိုးသားအချင်းချင်း သေနတ်ပြောင်းဝ ပြန်ချိန်ထိုးတာတွေကို ပြန်လည်ရုပ်သိမ်းပြီး အလွန်ယုတ် မာ ကောက်ကျစ်လှတဲ့ နအဖစစ်ခေါင်းဆောင်တွေရဲ့ ခေါင်းတည့်တည့်ကို ပြန်ချိန်ထိုးဖို့ ၀န်မလေးသင့်တော့ပါဘူး။


နောက်ဆုံးအနေနဲ့ ကရင်ထုတရပ်လုံး အလိုလားဆုံးနဲ့ အမြင်ချင်ဆုံးသော စည်းလုံးညီညွတ်စွာ အတူတကွ ဥမကွဲ သိုက်မပျက် ပူးပေါင်းဆောင်ရွက်မှုတွေကို အမြန်ဆုံး ဖော်ဆောင်ပြီး သမိုင်းစာမျက်နှာသစ်တရပ်ဖွင့်ဖို့ အချိန်တန်ပါပြီး။ မိမိတို့ အချင်းချင်း အနှစ်သာရ ပြည့်ဝတဲ့ စည်းလုံးညီညွှတ်မှုကို ပြန်လည် တည်ဆောက်ပြီး တဖက်မှာလည်း အခြားဘ၀တူ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအဖွဲ့များ၊ ဒီမိုကရေစီအင်အားစုများနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်ဖြင့် မဝေးသော လက်တကမ်းမှာပဲ ကမ္ဘာသူ ကမ္ဘာသားတရပ်လုံး လိုလားတောင့်တ မြင်ချင်လွန်းလှတဲ့ နအဖ စစ်အာဏာရှင်စနစ် ဆိုးကြီး ပြိုကွဲပျက်စီးသွားမှုကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မန်းရောဘတ်ဘဇံ (ခ) ဖူးကီးဒိုမှ ကရင်အမျိုးသားများထံသို့

User Rating: / 0
PoorBest
Written by ဖူးကီးဒို
Tuesday, 21 December 2010 05:23


KNU Calls on Burma Army to Withdraw

User Rating: / 0
PoorBest
Written by Irrawaddy
Tuesday, 21 December 2010 01:15
စစ်ခွေးတွေ ငါတို့ ထိန်းချူပ်မှု့နယ်မြေမှာလာပြီး အကြမ်းဖက်မှု့တွေပြုလုပ်နေတာ နောက်ဆုတ်ပေးတော့လို့ တောင်းဆိုလိုက်ပြီ။ မင်းတို့ ထိုးစစ်ကြောင့် အေးချမ်းတဲ့ ပြည်သူတွေ သူများနိုင်ငံထဲ ဝင်ပြေးရတယ်။ မဆုတ်ပေးရင်း ဘာဖြစ်မလဲသိတယ်နော် စစ်ခွေးသတ်လို့ ဗိုလ်ရှုပ်တွေ ရင်မခုန်ဘူး ဆိုတာ သိပြီးသား။ ဖင်တှုန်အောင် ပိုက်လိုင်းတွေးခွဲပစ်မှာ။

The vice chairman of the Karen National Union (KNU), David Takapaw, has called on the Burmese army to withdraw its forces from KNU-controlled areas and to halt the fighting that has prompted hundreds of Karen refugees to flee to Thailand in recent weeks.

Speaking to The Irrawaddy on Wednesday, David Takapaw said, “The regime troops should pull back to Kawkareik and Myawaddy townships and stay away from rebel-held areas in order to stop this bloodshed.”

The KNU is one of the oldest surviving rebel groups in Southeast Asia, and has been fighting the Burmese government for autonomy since 1948.



“We will not stop fighting if they insist on trying to deploy in our area,” he added.

The most recent hostilities broke out on Friday evening when Brigade 5, a renegade faction of the Democratic Karen Buddhist Army (DKBA) led by Lt-Col Kyaw Thet, ambushed government troops on a supply route to Waw Lay, which is the site of the former Brigade 5 headquarters that was captured by Burmese government forces on Nov. 10.

The Burmese government troops have since been forced to retreat to Phaluu village in Kawkareik Township, and sources say they are unable to complete a move to Waw Lay.

The retreating government troops are reported to be short of supplies and food rations after a series of attacks by Brigade 5 and a unit from the Karen National Liberation Army (KNLA), which is the military arm of the KNU.

Phaluu is about one hour's march from Waw Lay, and is located some 40 km south of the Mae Sot-Myawaddy border crossing on the Thai-Burmese border.

With regard to the joint attack on government troops in Phaluu, David Takapaw said, “The KNLA did not join forces with Brigade 5 to launch this assault. They took up different positions, but coordinated the ambush with them.”

One officer from the Burmese army was reportedly killed in the four days of fighting in and around Phaluu. Karen military sources were, however, unable to estimate other casualties.

A unit of Burmese soldiers from the Light Infantry Battalion No 230 reportedly opened fire on another Karen cease-fire group, the KNU/ KNLA Peace Council, which is also based in Phaluu, and which, like DKBA Brigade 5, has rejected the Burmese military government's proposal of incorporating their units into border guard forces (BGFs) under Burmese army command.

The skirmish with the KNU/ KNLA Peace Council was the first time the group has been attacked since it signed a government cease-fire agreement in 2007. One of its soldiers was killed and six were taken prisoner, according to Saw Timothy, a spokesperson for the group.

“The Burmese army told our commanders last week that they had no problem with us,” he said. “Then, they suddenly attacked our troops when their backs were turned.”

Karen sources said that hostilities resumed in Phaluu sporadically on Tuesday and Wednesday between government forces and coordinated units of the DKBA Brigade 5 and the KNLA.

About 50 villagers crossed into Thailand on Wednesday reporting that they had fled the fighting, said Blooming Night Zan, the joint secretary 1 of the Karen Women's Organization (KWO), which is working with the refugees.

More than 800 Karen refugees have taken shelter at a Buddhist temple and Thai school in Pop Phra-District in Thailand's Tak Province in the past week.

“I think the regime should sit down with the armed ethnic groups and discuss ways to stop this civil war,” said Blooming Night Zan. “Otherwise, the refugees' suffering will go on and on.”

Sources at the border said the refugees want to go back to their villages as soon as possible as it is currently harvest time and they are worried they will lose their rice harvest.

Adding to their fears, news has come through that Burmese troops are recruiting villagers in the area to work as porters and in other forms of forced labor, Blooming Night Zan said.

The recent flurry of more than 20,000 villagers to Thailand is the highest influx of refugees at the Thai-Burmese border in 21 years, according to refugee agencies. Hostilities broke out the day after Burma's Nov. 7 general election when Col Saw Lah Pwe's Brigade 5 attacked Burmese army posts in Myawaddy and Three Pagodas Pass townships.

A combined total of about 500 government troops from Military Operations Command 8, Infantry Battalion 97 and Light Infantry Battalions 404, 230 and 409 are currently deployed in the Myawaddy area.

More than 1,000 Burmese army troops from seven battalions under the Southeast Military Regional Command based in Moulmein in Mon State and the Military Operations Command in Tavoy are currently deployed in the KNLA's Brigade 6 area, near Three Pagodas Pass.

Tuesday, December 21, 2010

အာရှတွင်ပထမဦးဆုံးဂျပန်နိုင်ငံမှ လက်ခံသောကရင်ဒုက္ခသည်များအားကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးမှလာရောက်တွေ့ဆုံ

အာရှတွင်ပထမဦးဆုံးဂျပန်နိုင်ငံမှ လက်ခံသောကရင်ဒုက္ခသည်များအား ၊ ကုလသမဂ္ဂ ဒုက္ခသည်
များဆိုင်ရာမဟာမင်းကြီး မှတိုကျိုမြို့ရှင်းဂျူးကုကူးမြို့နယ်တွင်နေထိုင်သောကရင်ဒုက္ခများအား
18-11-010နေ့တွင်လာရောက်တွေ့ဆုံသည်၊၊
်ရှင်ဂျူးကုမြို့တော်ဝန်ရုံးတွင်တွေ့ဆုံကြရာဂျပန်ပြည်မှတာဝန်ရှိသူများဖြစ်သောနိုင်ငံခြားရေးဝန်ကြီးဌာန
မှလက်ထောက်ညွှန်ကြားရေးမှူးMR.OBA,UNHCRမဂျပနှ်ဌာနေကိုယ်စားလှယ်MR.JOHANCELL,
MR.MIYAZAWA,MR.DANIEL,ရှင်ဂျူးကု မြို့တော်ဝန်၊ဂျပန်ရောက်ဒုက္ခသည်များကိုစောင့်ရှောက်ရေးအဖွဲ့
Refugee. Assistance. Head Quarter မှတာဝန်ရှိသူများ၊ KNL-Japan မှစောဘလှသိန်းနှင့်နော်လးဖေါမင်းနှင့်
သတင်းသမားများတက်ရောက်ကြသည်။ ထို့ နောက်Press conferenceတွင်ကုလသမဂ္ဂဒုက္ခသည်များ
ဆိုင်ရာမဟာမင်းကြီးMR.GUTTERES ကဂျပန်ငံတွင် ၃ နှစ်အတွင်း ကရင်ဒုက္ခသည်အယောက် ၉၀ ခေါ်ယူမည့်
အစီအစဉ်မှပထမဆုံးအကြိမ်၌ ၂၇ ယောက်ရောက်လာပြီးဖြစ်သော်လည်းရှေ့လျှောက်ပိုမိုခေါ်ယူရန်ဂျပန် အစိုးရအားတိုက်တွန်းလိုက်ပါသည်၊၊ယင်းတိုက်တွန်းချက်ကိုလည်းဂျပန်MAINICH NEWSPAPER မှဖေါ်ပြထားပါသည်၊၊