Friday, April 30, 2010

ခွေးအိပ်တောင် (ထွီဖါးဝီးကျိုး) (သို့မဟုတ်) ပွိုင့် - ၄ဝ၄၄ တိုက်ပွဲ - အပိုင်း (၃)

ဆောင်းပါးရှင် - မန်းရောဘတ် ဘဇန်

စစ်တောင်ပံ နှစ်ခုဖြစ်သော (နော်တ) နှင့် (မယ်ပ) တို့၌ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း အသီးသီးတို့ နေရာယူထားကြပြီး ဖြစ်သည်။ မိမိတို့စစ်ကြောင်းလည်း အစီအစဉ်အတိုင်း စစ်ကြောင်းကြီး ချီတက်ပါပြီ။ ဒီဇယ်စက်လှေကြီး (၄) စီးနှင့် စစ်သည်၊ ဝန်ထမ်းများ၊ ရိက္ခာ၊ အရံကျည်များကို တင်ဆောင်လျှက် ချီတက်သွားကြပြီး မြစ်ဆုံကို ကျော်လာစဉ် သံလွင်မြစ်အတိုင်း စုန်ဆင်းလာရာ (မယ်လဲ့ထာ) (ကေး) အရောက် ရန်သူမှ (၁၂ဝ) မမ စိန်ပြောင်းကြီးနဲ့ (ရ၅) မမ နောက်ပွင့် လက်နက်ကြီး တို့ဖြင့် ဆီးကြိုနှုတ်ဆက်ကာ လှမ်းပစ် ပါတော့သည်။

စက်လှေများ ကမ်းကပ်ကြပြီး (မယ်လဲ့ထာ) တောင်ကြောပေါ်သို့ တက်ရောက်ပြီး နေရာချရသည်။ ကျောင်းသားတပ်မတော် တပ်ရင်းမှူး ကိုတင်စိုးအား “ဟိုတောင်ကြောမှာ ပွိုင့် (၂၅ဝဝ) ရှိတယ်၊ အဲဒီကနေ တို့ကို (ရ၅) မမ နောက်ပွင့်ရိုင်ဖယ်နဲ့ လှမ်း ပစ်နိုင်တယ်၊ ရဲဘော်တွေ ဒီည ပစ်ကျင်းတွေ အပြီး တူးကြရမယ်။ နောက် အလင်းရောင်ပေါ်ရင် (Overhead) အတွက် သစ်လုံးတွေဖြတ်၊ ခေါင်ကတုတ်လုပ်ကြ” ဟု ညွန်ကြားပြီး မိမိစစ်ကြောင်းရုံး ထားရန် နေရာကို ရှာသည်။ သံလွင်မြစ်ဇောင်း၊ လုံခြုံသည့်နေရာ၌ ဝန်ထမ်း များကို နေရာချရသည်။

စစ်သည်၊ ဝန်ထမ်း (၅ဝဝ) နီးပါးအတွက် ထမင်းချက်ရန် နေရာချပြီး တပ်ခွဲအားလုံးမှ ထမင်းလာယူရန် စီစဉ်သည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်မဟာ (၂)၊ အထူးပြောက်ကျားတပ်ဖွဲ့၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ပေါင်းစု တပ်ခွဲများသည် တပ်ရင်း (၂ဝ) စစ်ကြောင်းနှင့် လက်ချင်းချိတ်ရန် လူခွဲလိုက်သည်။ ကျောင်းသားတပ်မတော် တပ်ခွဲအား မိမိနားတွင် တပ်ချထားလိုက်သည်။ (ထွီဖါးဝီးကျိုး) (ခွေးအိပ်တောင်) (ပွိုင့်-၄ဝ၄၄) စစ်ဒေသကြီး တစ်ခုလုံးသည် ရန်သူ့ကျူးကျော် ရန်စမှုကို ခုခံကာကွယ်ရန် စစ်ကြောင်းများ အသီးသီး နေရာယူပြီးကြပါပြီ။

(ဗဟိုကွန်မန်ဒို) တပ်ရင်း တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဘောကျော်ဟဲ၊ (ယခုတပ်မဟာ (၅) တပ်မဟာမှူး၊ ဗိုလ်မှူးချုပ်) ကျောင်းသား တပ်မတော်တပ်ရင်း (၂ဝရ)၊ (၂ဝဂ)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၁) (၂) (၃) (၆) (ရ) မှ တပ်ခွဲများ၊ စစ်ကြောင်းများ၊ ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော်မှ တပ်ဖွဲ့များ၊ ဒီမိုကရေစီ အင်အားစုများ၏ အရံတပ်ဖွဲ့များဖြင့် လိုအပ်သော နေရာများ၌ တပ်နေရာ အသင့် နေရာယူထားကြပြီး ဖြစ်ပါသည်။

ရန်သူချီတက်လာရာ လမ်းကြောင်းတလျှောက်တွင် ဒေသခံ ပြောက်ကျားတပ်ဖွဲ့များမှ အစီအစဉ်အတိုင်း လှုပ်ရှားနေကြသဖြင့် ရန်သူသည် ရည်မှန်းချက် မရောက်မှီ အကျအဆုံး များနှင့် ရင်ဆိုင် တွေ့ကြုံနေရပါပြီ။ တပ်ဖွဲ့အားလုံးလည်း မိမိရှေ့ မျက်နှာမူရာဘက် ပစ်ပိုင်နယ်များ သတ်မှတ်ခြင်း၊ မိုင်းထောင်ခြင်း၊ ဆက်သွယ်ရေးမြောင်း၊ ပစ်ကျင်းတူးခြင်း၊ ခေါင်ကတုတ်ဆောက်ခြင်းများ ပြုလုပ်နေကြပါပြီ။ မိမိတို့ အနေနှင့် ပြင်ဆင်ချိန်များစွာ ရနေပါသည်။

မိမိ၏ ဒုတိယစစ်ကြောင်းမှူးသည် ရဲဘော်များနှင့် ဟန်ချက်ညီ လုပ်စရာ ကိုင်စရာများကို လုပ်ကိုင်နေပါသည်။ မိုင်းထောင်ခြင်း၊ ပစ်ကျင်း၊ ဆက်သွယ်ရေးမြောင်းတူးခြင်း၊ ဝါးခုတ် ခြံစည်းရိုးကာခြင်းများ ပြုလုပ်နေသည်။ မိမိတို့ စစ်ကြောင်းရုံး အဖွဲ့ဝင်များလည်း မိမိတို့၏ လုံခြုံမှုအတွက် လုပ်ကိုင်နေကြပါသည်။ မိမိနေရာအား ကျောက်တုံးကြီး နောက်ဖက်တွင် အရံကျည်၊ မိုင်းဗုံး၊ ရှေ့ထွက်မိုင်း ထားရန်နှင့် မိမိနေရန် တူးထားပြီး ဖြစ်သည်။

ထို့နောက်တွင် “ရန်သူ ခမရ (၁ဝ) စစ်ကြောင်း မိမိတို့ရှေ့ကို လာနေကြောင်း၊ နောက်နာရီ အနည်းငယ်အတွင်း အလုပ်အကိုင် ဖြစ်နိုင်ကြောင်း” ကြားဖြတ်တာဝန်ခံမှ လာရောက် သတင်းပေးသည်။ မိမိမှ မိမိ၏ ဒုတိယစစ်ကြောင်းမှူးအား -

“ကီးဒိုမှ တီးမသေ၊ အသံကောင်းလား”

“အသံ - ၅”

“မင်းတို့ရှေ့ မကြာခင် ရထားမာလာ ဦးစီး မ - ၁ဝ ဝင်တိုးဖို့ရှိ၊ ရထားလား”

အားလုံးအသင့်ဘဲ၊ လက်ယားနေတာကြာပြီ၊ ဒီကောင်တွေ ကျနော်တို့ သူတို့အသက်ကို မယူခင် ခြေထောက်တစ်ဖက်စီဘဲ အရင်ယူဖို့ သစ္စာရှိ မိုင်းစစ်သည်တွေကို တာဝန် ပေးထားတယ်”

“ကောင်းပြီ အကောင်းဆုံးလုပ်”

ဟု ညွန်ကြားပြီး (Sony) ကြားဖြတ်စက်ဖွင့်ကာ နားထောင်နေသည်။ မကြာမှီ သစ္စာရှိ မိုင်းစစ်သည်တစ်ယောက် အလုပ် လုပ်ပါပြီ၊ “ဝုန်း” နှင့် တဆက်ထဲ လက်နက်ငယ်သံများပါ ဆူညံစွာ ထွက်ပေါ်လာတော့သည်။ မိမိရဲဘော်များ ပွဲဦးထွက် ရန်သူနှင့်စတင်၍ ထိတွေ့မှုဖြစ်ပါသည်။ လက်နက်ကြီးများပါ လုပ်ကိုင်လာသည်။ ရှေ့တန်း မိမိရဲဘော်များထံပါ မက မိမိရှိနေရာ တောင်ကြောပေါ်သို့ပင် ကျလာပါပြီ။ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်ကြပြီး ရန်သူပြန်ဆုတ်သွားသည်။

“တီးမသေ ဘာထူးလဲ”

“မိမိ အထိအခိုက်မရှိ၊ ကျောပိုးအိတ် (၁ဝ) လုံး၊ စစ်ချပ်ဝတ်တန်ဆာ (၁ဝ) စုံ ရရှိ၊ ကရင်အခေါ် “သေကု” (စကားဝှက်) လက်နက် တစ်လက်မှ မရ”

“စောင့်နေ၊ လာပေးဦးမယ်”

မကြာပါ။ သေနတ်သံများ ဆူညံစွာ ပေါ်ထွက်လာပြန်သည်။ ဘက်နှစ်ဘက်၏ ပစ်ခတ်သံများဖြင့် တလောကလုံးကို အရုပ်ဆိုး အကျည်းတန် သွားစေပါတော့သည်။

“ခွေးမသားတွေ၊ မအေလိုးတွေ၊ ဗုံးတွေဘဲ နင်းထောင်ထားတယ်”

ရန်သူ့ဆဲသံများ။ မိမိဒုတိယစစ်ကြောင်းမှူးမှ -

“မိတ်ဆွေ၊ တို့က ဘာသာတရားကို ကိုင်းရှိုင်းတယ်၊ လေးစားတယ်၊ ဗုဒ္ဓတရားတော်မှာ (ပါဏာတိပါတကံဆောင်၊ သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကျဉ်” ဖို့ သွန်သင်ထားသလို ခရစ်ယာန်ဘာသာကလဲ “ Thou shall not kill ” လို့ သွန်သင်ထားတယ်။ မင်းတို့ကို မသတ်ဘူး၊ လူသားချင်း မေတ္တာစိတ်နဲ့ ခြေတဖက်ဘဲ ယူတယ်ဟေ့” ဟု လှမ်းပြောလိုက်ရာ သေနတ်သံများ ဆူညံသွားပြန်သည်။ ရန်သူကို မဆဲရန် မိမိစစ်ကြောင်းတွင် ညွှန်ကြားချက် ထုတ်ထားပါသည်။

မှတ်ချက်။

မိမိစစ်ကြောင်းရှိ စက်အများစု အမည်ကို သမ္မာကျမ်းစာရှိ တမန်တော်များ၏ အမည်ကို မှည့်ခေါ်ထားပါသည်။ မိမိစက်အမည် (ကီးဒို)၊ ဗိုလ်မှူးထီးမူး စက်အမည် (တီးမသေ)၊ မိမိသား ဗိုလ်ချာတိတ် စက်အမည် (လုကာ)၊ ဗိုလ်ဥာဏ်ထွန်း စက်အမ (မိုရှေး)၊ ဗိုလ်တိုးတိုး စက်အမည် (တီးတူ)၊ ဗိုလ်တင်စိုး စက်အမည် (မသဲ) စသည်တို့ ဖြစ်ကြသည်။


စည်းလုံးခြင်းရဲ့ အင်အား မှကူးယူတင်ပြသည်

Video from Burma: SHOOT ON SIGHT

Video from Burma: SHOOT ON SIGHT

Hurt(Dictator's Cut)

ကဗျာဆရာကြီးဦးတင်မိုးက ဘိုကလေးတွင် ကရင်လူမျိုးများကို မျိုးဖြုတ်သတ်ဖြတ်မှုအကြောင်းဖွင့်ဆိုချက် ဗွီဒီယို

ဗိုလ်မှူးချစ်သူမင်းမေ့သွါးပြီးလားအပြစ်မဲ့ကရင်ပြည်တွေကိုသတ်တာ
မင်းမသိသေးဘူးထင်ဘာတယ်
ဘာလို့လည်းဆိုတော့မင်းကပထွေးခိုင်းတာလပ်နေတာကိုး
ကျွေးတာစားလေ

Statement of National Democratic Front (NDF) Central Presidium Meeting

Statement of National Democratic Front (NDF) Central Presidium Meeting

ကရင်ကုန်ကူး မျက်လုံးပြူး

ကရင်ကုန်ကူး မျက်လုံးပြူး
(မင်းစိုးစံ)

Photo by http;//thawthikho.blogspot.com သူကိုသူအဟုတ်ကြီးမှတ်နေတယ်ကရင်အမျိုးသားတွေ

ရဲ့သွေးဖေါက်စားနေသူများ


ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း၃၀ကျော်ကျော်လောက်တုန်းက ကျုပ်တို့ကရင့်တော်လှန်ရေးအတွက် ဝင်ငွေအ ကောင်းဆုံးဖြစ်စေခဲ့တဲ့ ထိုင်းကနေ ဗမာပြည်ထဲကို လူသုံးကုန်ပစ္စည်းမျိုးစုံသွင်းတော့ အကောက်အခွန် ဌာနအကြောင်း နည်းနည်းပြောပြချင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီကနေမြစ်ဖျားခံမှ အခု ခေါင်းစဉ်နဲ့အဆင်ပြေနိုင်မယ်ထင်လို့ပါ။

အဲဒီအချိန်တုန်းက ပွဲစားတွေက တရုတ် ကုလားနဲ့ ထိုင်းတွေကြီးစိုးတဲ့အချိန်ပေါ့၊ အဲဒီမှာ ကရင်တွေက ပွဲကြိုတွေ၊ ပွဲကြိုဆိုတာက ပစ္စည်းဝယ်ဘို့ရောက်လာတဲ့ ကုန်သည်တွေကို စခန်းရဲ့ဂိတ်နားမှာစောင့်ရင်း တရုတ်တွေ ကုလားတွေဆီကို ခေါ်သွားပေးတာ။
ပစ္စည်းဝယ်တဲ့ လူနဲ့တရုတ်တွေဈေးစကားပြောနေချိန်မှာ ပွဲကြိုတွေက အထမ်းသမားတွေကို စားရေး သောက်ရေး အတွက်လိုအပ်တာတွေစီစဉ်ပေးတာတို့ ဧည့်စာရင်းတိုင်တာတို့ အကောက်ခွန်ရုံးကိုသွား ပြီး အခွန်ဆောင်တာတို့ လုပ်ပေးရတယ် အဝယ်သမားတွေပြန်ရင် ဂိတ်အထိလိုက်ပို့ပေးတာတို့ စတာ တွေ လုပ်ပေးကြရတာပေါ့။

အထမ်းသမားဆိုတာက ပစ္စည်းတွေကို နယ်စပ်ကနေ ဗမာပြည်အတွင်းပိုင်းအထိ သယ်ပိုးပေးကြတဲ့သူ တွေဖြစ်ပါတယ်။

အဲဒီလိုနဲ့ကြာလာတော့ ပွဲကြိုလုပ်နေတဲ့ ကရင်တွေက တရုတ်ပွဲစားတွေ ကုလားပွဲစားတွေ လုပ်ပုံကိုင်ပုံ ကိုတဖြည်းဖြည်းနားလည်လာတော့ ပွဲစားအလုပ်လုပ်ကြသလို စောစောတုန်းက အထမ်းသမားအဖြစ် ပစ္စည်းထမ်းပိုးနေတဲ့ သူတွေထဲကလည်းပိုက်ဆံချေးပြီးအရောင်းအဝယ်လုပ်ကြတာဆိုတော့ ကရင်ပွဲ စားဆိုတဲ့ လူတန်းစားတရပ်က အဲဒီမှာပေါ်လာတာပေါ့ဗျာ။

ဒါပေမယ့် တရုတ်တွေကုလားတွေထားပေးတဲ့ဈေးမျိုး ကရင်ပွဲစားတွေက ထားမပေးနိုင်တဲ့အခါကျ တော့ ဝယ်လက်တွေက တရုတ်နဲ့ ကုလားပွဲစားဆီ ပြန်ရောက်ကုန်ပြန်တယ်။

ဘာကြောင့်လည်းဆိုတာကို ကရင်ပွဲစားတွေက စဉ်းစားတာပေါ့၊ မဲဆောက်က ဆိုင်တွေမှာလည်း ဈေး ကအတူတူ သယ်ယူပို့ဆောင်ခ,ကလည်းအတူတူ အကောက်အခွန်တွေကလည်း အတူတူ အားလုံးအ တူတူဖြစ်နေပါလျှက်က တရုတ်ကုလားပွဲစားတွေက ဘာကြောင့်ဈေးပိုလျှော့နိုင်ရသလဲဆိုတာ မစဉ်း စားတတ်အောင်ဖြစ်နေတော့တာပေါ့။

တနေ့တော့ ကရင်ကုန်သည်(အဝယ်သမား)က တရုတ်ကုလားပွဲစားတွေလုပ်တဲ့ ပုံစံကို ကရင်ပွဲစားတ ယောက်ကို ဖေါက်သည်ချလိုက်တော့ အဲဒီမှာတင် မင်းတို့အဲဒီလိုမမှန်မကန်လုပ်တာကို သွားတိုင်မယ် ဆိုပြီးလုပ်တော့ ကရင်ကုန်သည်(အဝယ်သမား)ခမျာ အားလုံးကို အမှန်အကန်အခွန်ဆောင်လိုက်ရတဲ့ အတွက် အရှုံးပေါ်သွားပါတော့တယ်။
တရုတ်ပွဲစား ကုလားပွဲစားတွေပြောလိုက်တာကတော့ မင်းတို့ကရင်တွေ တုံးကိုတုံးပါတယ် တဲ့။
နယ်မြေကလည်း ကရင်နယ်မြေ အကောက်အခွန်ဌာနမှာလည်းကရင်၊ စစ်ဆေးရေးဂိတ်မှာလည်း က ရင်၊ အဝယ်သမားတွေကလည်း ကရင်၊ ကရင်ပွဲစားရှိနေပါလျှက် ဘာကြောင့်ကရင် အဝယ်သမားတွေ ကရင်ပွဲစားဆီမှာ မဝယ်တာလဲ? ကရင်ပွဲစားတွေက တရုတ်ပွဲစား ကုလားပွဲစားကို မယှဉ်နိုင်တဲ့အဓိက တရားခံဟာ ဘယ်သူလို့ထင်ပါသလဲ?
မစားဘူးတာတွေမဝတ်ဘူးတာတွေဝတ်ရတော့မိမိလူမျိုးကိုရောင်းစားနေသူများ

Photo by http;//thawthikho.blogspot.com
အခုလည်း ကျုပ်တို့ ကရင့်အမျိုးသားဒေါက်တာဆိုင်မွန်သာနဲ့အဖွဲ့ ရွေးကောက်ပွဲဝင်ဘို့ ပြင်ဆင်နေပါပြီ ကရင်လူထုက သူ့ကိုထောက်ခံမဲပေးမယ်လို့ထင်ပါသလား? ကရင်လူထုကထည့်တဲ့မဲတွေ သူ့မဲပုံးထဲ ရောက်နိုင်ပါ့မလား? ရောက်တယ်ထားဦးတော့ အမတ်တနေရာစာတောင် ရနိုင်ပါ့မလား? အဲဒီရတဲ့အ မတ်နေရာကနေ ကရင်လူထုအကျိုးအတွက် ဘာတွေလုပ်ပေးနိုင်မှာတဲ့တုန်း? ကရင်ပြည်သူလူထုအ ကျိုးအတွက် ဘယ်လောက်ပြောရေးဆိုပိုင်ခွင့် ရ,နိုင်မှာတဲ့တုန်း? Photo by www.irrawaddy.org
သူ့အနေနဲ့က ပါတီများအနေဖြင့် ပါတီရံပုံငွေများရှာဖွေပိုင်ခွင့်ရှိသည်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကြောင့် ပါတီဖွဲ့ပြီးရွေးကောက်ပွဲဝင်တာဆိုရင် ဘောင်းဘီချွတ်လိုက်တဲ့ ဦးသိန်းစိန်တို့ကို ယှဉ်ဘို့ဖြစ်နိုင် ခြေ ရှိပါ့မလားဆိုတာ။

သြော်…………… ကရင်ကုန်ကူး မျက်လုံးပြူးနေပါပကောဗျာတို့။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Thursday, April 29, 2010

ကြက်ပွဲ

Tuesday, April 27, 2010



အဘိုးထိန်မောင်ခင်ဗျား မြင်တဲ့အတိုင်းပါပဲ ကျုပ်တို့တတွေဘဝကတော့ တနေ့ကျရင် အဲဒီခြင်းကြားကြီး တွေထဲက ကြက်တွေလိုဖြစ်ကုန်မှာ စိုးရိမ်တယ်ဗျာ သိလား?


တပ်မဟာ(၇) တပ်မဟာမှူးထိန်မောင်၏ မိန့်ခွန်းကောက်နှုတ်ချက်


တော်လှန်တဲ့ KNLA ရဲဘော်များနဲ့ မဟာမိတ်တပ်မတော်သားအားလုံးဟာ တပ်ပေါင်းစုနဲ့အောင် ပွဲခံမယ် ဆိုတာကို အတွေးအခေါ်အရ ရှင်းနေရမယ်။ဒို့ဟာ ရန်သူကို နိုင်ငံရေး၊စစ်ရေးထိုးစစ်တွေနဲ့ လက်တွေ့စစ်ဆင်တဲ့အခါ အားသာချက်တွေအများကြီးနဲ့ အားနည်းချက်တချို့တွေ့လာရလိမ့်မယ်။
ကြုံတွေ့လာမယ့်အားနည်းချက်တချို့ကို တဆင့်ပြီးတဆင့် မှန်မှန်ကန်ကန်ဖြေရှင်းသွားကြရလိမ့်မယ်။
ဒီလိုဖြေရှင်းသွားနိုင်ရင် အောင်မြင်မှုပိုရပြီး တိုးတက်မှုတွေကြီးကြီးမားမားဖြစ်လာလိမ့်မယ်။
ဒါကြောင့် ရဲဘော်တို့အားလုံးဟာ နိုင်ငံရေး၊ စစ်ရေး၊ စည်းလုံးရေး၊ အုပ်ချုပ်ရေးတွေကို နားလည်တတ်
ကျွမ်းထားကြရမယ်။

ဒီစာစုတွေက အဘိုးဗမာတောထဲမသွားခင် ပြောသွားခဲ့တဲ့စကားလေ၊ အဲဒါ အဲဒီစာစောင်တခုထဲမှာပဲ ဒေါနအောင်ပွဲစာစောင်ရဲ့ အယ်ဒီတာကတိုက်တိုက်ဆိုင်ဆိုင် ကဗျာဆရာတင်မိုးရဲ့ ကဗျာကို ဖေါ်ပြထားတယ်အဘိုး။

သမိုင်းမှာ မင်း တရားခံဖြစ်မယ်
(တင်မိုး)

မင်း မမှန်ရင်၊
မင်း တရားခံဖြစ်မယ်
ငါ မမှန်ရင်၊
ငါ တရားခံဖြစ်မယ်
တရားဆိုတာ၊
ညှာလည်းမညှာ၊
ညာလည်းမညာ
သာစေ၊ နာစေ လည်းမရှိ
ပကတိ၊ သူ့သဘောသူဆောင်ခြင်းပါပဲ၊

ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ၊
နောက်နေ့ မင်းရဲ့အတ္ထုပ္ပတ်
ဒီနေ့ မင်းရဲ့လုပ်ရပ်ဟာ၊
နောက်နေ့ မင်းရဲ့အနာဂါတ်
မပါတ်သက်ချင်လို့ မရ၊
မဆက်စပ်ချင်လို့ မရ
မင်းဘ၀ကို၊ မင်းသာပြဌာန်းတယ်။

မင်းဘာလဲ၊
မင်းဘယ်သူလဲ၊
မင်းဟာမင်းပဲ။
(တင်မိုး)

၁၉၉၈ ခုနှစ် မေလထုတ် ဒေါနအောင်ပွဲစာစောင် အတွဲ(၁) အမှတ်(၁) မှ တိုက်ရိုက်ကူးယူဖေါ်ပြသည်။



ဗိုလ်မှူးကြီးစောချစ်သူခင်ဗျား အကယ်ရွေ့ DKBA အချင်းချင်း အောက်ကဖေါ်ပြထားတဲ့အခြေအနေလိုမျိုးဖြစ်လာခဲ့ရင် ခင်ဗျားဆောက်ထားတဲ့အိမ်ကြီး ဘာဖြစ်သွားမယ်လို့ ခင်ဗျားထင်ပါသလဲ? ကရင်လူမျိုးတွေအတွက် ခင်ဗျားတာဝန်ကျေပြီလို့ ယူဆထားတယ်ဆိုပါတော့ တကယ်ဆိုရင် ခင်ဗျား မလေးရှားသွားပြီးအလုပ်လုပ်သင့်တာပေါ့ အခုတော့ဗျာ အမျိုးသားရေးကို ခုတုံးလုပ်ပြီး အိမ်ကြီးကြီးဆောက်လိုက်တာ ခင်ဗျားသတ္တိက အိမ်ဖေါ်မလေးတယောက်ရဲ့ အဆင့်လောက်တောင်မရှိတော့ပါလားဗျာ။




တနေ့ကျရင် ကရင်အဖွဲ့အစည်းတွေမှန်သမျှ (ဘယ်လိုအဖွဲ့အစည်းမျိုးမဆို)တဖွဲ့နဲ့တဖွဲ့ ကြက်ပွဲလိုမဖြစ်ကြပဲ နားလည်မှုတွေပေးကြပြီးယုံကြည်မှုတွေတည်ဆောက်ရင်း တယောက်နဲ့တယောက် မာန်မာနနဲ့ အာဃာတ တရားတွေကင်းစင်စွာ နွေးနွေးထွေးထွေး ဖေးမ,ကူညီသွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။


မင်းစိုးစံ
အဝးရောက် ကရင်ဒုက္ခသည်တဦး

ပြည်တွင်းက သူတွေကို သတိပေး ပေးကြပါ

Written by demowaiyen
Wednesday, 28 April 2010 16:55


အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။

ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့ လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားသွားပါတယ်။

ပြည်တွင်းက ညီအကို မောင်နှမများ အားဆက်လက် ဖြန့်ဝေပေးကြပါရန်....

ကရင်ငြိမ်းချမ်းရေးကောင်စီ စခန်းအနီး နအဖတပ်များ စစ်ရေးပြ

ရဲရင့်/ ၂၈ ဧပြီ ၂ဝ၁ဝ


နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်မခံသည့် ကေအန်ယူ-ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ အခြေစိုက်ရာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုးရွာရှိ ဌာနချုပ်ကို နအဖတပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် ၀င်ရောက်ချေမှုန်းရန် စစ်ရေးပြမှုများ လုပ်ဆောင်နေသဖြင့် တပ်ဖွဲ့ဝင်များ စခန်းမှ စတင်ဆုတ်ခွာနေသည်ဟု တပ်မှူးတဦးက ပြောသည်။

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖ၏ နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ယနေ့တွင် နအဖတပ်များက ယခုကဲ့သို့ စစ်ရေးပြခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ အဆိုပါတပ်မှူးက ပြောသည်။

အဖွဲ့၏ဥက္ကဋ္ဌ စောဌေးမောင်အပါအ၀င် တပ်ဖွဲ့ဝင်အများစုမှာ ယမန်နေ့မှ စတင်ကာ ၎င်းတို့၏ ယခင်တပ်စခန်းဟောင်းရှိရာ ထိုင်းနယ်စပ်သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု သိရသည်။

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က နယ်ခြားစောင့်တပ် အသွင်ပြောင်းမည့်ကိစ္စကို လက်မခံနိုင်ကြောင်း ယခုလ (၂၂) ရက်တွင် နအဖ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ စာပေးပို့ခဲ့သည်။

အဆိုပါစာထဲတွင် အသွင်ပြောင်းမည့်ကိစ္စ လက်မခံနိုင်သည့် အကြောင်းများကို အသေးစိတ်ရေးသားထားပြီး ကရင်အမျိုးသားထုအတွင်း စစ်မှန်သည့်ငြိမ်းချမ်းရေး တည်ဆောက်၍မရဘဲ အချင်းချင်းတိုက်ခိုက် သတ်ဖြတ်နေမှုများသည် နအဖစစ်အုပ်စု၏ သပ်လျှိုဖြိုခွဲမှုများကြောင့်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် နယ်ခြားစောင့်တပ်ဖြစ်စေ၊ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဖြစ်စေ၊ မည်သည့်အသွင်ပြောင်းလဲမှုကိုမှ လက်ခံမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

နအဖဘက်မှမူ သတ်မှတ်ရက်အတွင်း အသွင်ပြောင်းရမည်ဖြစ်ပြီး လက်နက်များကို အပ်နှံရမည်ဖြစ်ကြောင်း၊ အမိန့်မလိုက်နာသည့် အဖွဲ့များသည် မတရားအသင်းအဖြစ် သတ်မှတ်ခံရမည်ဖြစ်ကြောင်း၊ ကျေနပ်မှုမရှိပါက ယခင်လာ လမ်းအတိုင်း ပြန်သွားနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်ဟု သိရသည်။

နအဖဘက်မှ ဒေသတွင်း တပ်အင်အားများ ပိုမိုတိုးမြှင့်ကာ တပ်လှန့်ထားသဖြင့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် အချိန်မရွေး တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ကေအန်အယ်လ်အေမှ တပ်မှူးတဦးက ပြောသည်။

မြ၀တီမြို့ခံတဦးက “ဒီနေ့ မြ၀တီမှာ အောက်ကစစ်တပ်တွေ တက်လာတာ အတော်များတယ်။ မြ၀တီ ခလရ (၂၇၅) နားက အမြောက်တပ်မှာလည်း (၁၂၀) အမြောက်နဲ့ အခြားလက်နက်ကြီးတွေ ဆင်ထားတယ်။ အမြောက်တပ်ကလူတွေ ပြောတာကတော့ တပ်လှန့်ထားတယ်တဲ့” ဟု ပြောသည်။

ဒီကေဘီအေမှ တပ်မှူးတဦးက “ဒီကေဘီအေဗဟိုက နယ်ခြားစောင့်တပ်လုပ်ဖို့ သဘောတူလိုက်ပေမယ့် တပ်မဟာ (၅) က ဗိုလ်လားပွယ်တို့ရဲ့ တပ်ရင်း (၉၀၆) နဲ့ (၉၀၇) ဆိုရင် လုံးဝလက်မခံဘူး။ ဒီကေဘီအေ (၅၅၅) တပ်မဟာကလည်း သူတို့ လုံးဝ လက်မခံဘူးလို့ ပြောတယ်။ ဒီတပ်တွေရှိတဲ့ နေရာတွေမှာ အခြေအနေက မကောင်းတော့ဘူး။ မြ၀တီမြို့ရဲ့ တောင်ဘက် မိုင် (၂၀) လောက်မှာရှိတဲ့ တပ်မဟာ (၅) အနားမှာ မြန်မာစစ်တပ်တွေချထားပြီး ဒီကေဘီအေကော သူတို့ကော တောင်ကုန်းတွေမှာ လက်နက်ကြီးတွေ ဆင်ထားကြပြီ။ ကြည့်ရတာ မကြာခင်မှာ သေနတ်ပေါက်ဖို့ရှိတယ်” ဟု ပြောသည်။

အဆိုပါဒေသအတွင်း စစ်ရေးတင်းမာမှုများကြောင့် ထိုင်းဘက်သို့ ရွာသားအချို့ ယနေ့စတင် တိမ်းရှောင်လျက်ရှိပြီး ထိုင်းဘက်ခြမ်း နယ်စပ်မျဉ်းတလျှောက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသည်။

Earthrights International:Press Release Burma Revenue Transparency

Earthrights International:Press Release Burma Revenue Transparency
27-April-2010 by ABMA

KCA UK STATEMENT REGARDING SPDC BLOG

KCA UK STATEMENT REGARDING SPDC BLOG

Wednesday, April 28, 2010

Free Burma Rangers __ Reports_ Burma Army Kills Father, Wounds Daughter

Free Burma Rangers __ Reports_ Burma Army Kills Father, Wounds Daughter

Than-Shwe-Unmasking-Burma€™s-Tyrant

Than-Shwe-Unmasking-Burma€™s-Tyrant

Letter to Lt Gen Ye Myit (2)(3)Fin

Letter to Lt Gen Ye Myit (2)(3)Fin

မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တုံ့ပြန်ချက် (အပိုင်း၁)

Tuesday, April 27, 2010
မန်ဇူး(ဘာသာပြန်သည်)
Tuesday, April 27, 2010

KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီ ဌာနချုပ်
ထော့ကော်ကိုး၊ ကရင်ပြည်နယ်

ဗိုလ်မှူးချုပ် ရဲမြင့်
စစ်ထောက်လှမ်းရေးချုပ်
နေပြည်တော်

မြန်မာစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တုံ့ပြန်ချက်

ဧပြီလ ၇ ရက် မွန်းလွဲပိုင်း ၁၂ နာရီ မော်လမြိုင်မြို့မှာ KNU/ KNLA ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တချို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့သည့် အစီရင်ခံစာ တင်ပြချက်တွေအရ မြန်မာစစ်အစိုးရ အဖွဲ့တွင်းသို့ဝင်ရောက်ရန် ဖိအားပေး တောင်းဆိုသည့် အဆိုပြုချက်ကို လက်ခံရရှိ ခဲ့သည်။ နယ်ခြားစောင့်တပ်အဖြစ်သို့ ပြောင်းလဲရန် နောက်ဆုံးအကြိမ် ဖိအားပေးတောင်းဆိုခဲ့ပြီး ယခုတဖန် အမည်သစ် ပြောင်းလဲ ခေါ်ဆိုထားသည့် Burma Army Militia Group လက်အောက်သို့ ဝင်ရောက်ရန် ထပ်မံဖိအားပေး တောင်းဆိုလာပြန်တယ်။ ရိုးရှင်းဆုံး ပြောဆိုချင်တာက မည်သို့သော အမည်နာမတွေ ခေါ်ဝေါ်ပြောင်းလဲ သတ်မှတ်ပါစေ၊ ကျနော်တို့အနေနဲ့ သဘောတူလက်ခံခြင်း သို့ တည်းမဟုတ် ကရင်လူမျိုးတွေရဲ့ ငြိမ်းချမ်း၊လုံခြုံရေးကို အနှောက်အယှက်ဖြစ်စေနိုင်သည့် မည်သို့သော စစ်အုပ်စု၏ လုပ်ဆောင်ချက် များကို တုံ့ပြန်သွားမှာဖြစ်သည်။ ဒီ့ထက်မက ပြောရရင် မြန်မာစစ်အစိုးရပိုင် ရုပ်သံလွှင့်အစီအစဉ်နှင့် အလုံးစုံသော ဂျာနယ်အသီး သီးမှာ ဖော်ပြပါရှိချက်တွေအရ မူဝါဒပိုင်းဆိုင်ရာနှင့် ဝါဒဖြန့်ချိမှုတွေနဲ့ ဆီလျော်ကိုက်ညီခြင်း မရှိဘူး။

တိုင်းပြည်တွင်း တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရန်၊
တည်ငြိမ်အေးချမ်းမှုမှသည် ဒီမိုကရက်တိုက်ဇေးရှင်း ဖြစ်စဉ်သို့ အောင်မြင်စွာ အရောက်လှမ်းရန်၊

အဆိုပြုတင်သွင်းချက်နဲ့ မူဝါဒပိုင်းဆိုင်ရာ တလွဲဆိုသလိုဖြစ်နေတယ်။ အစောပိုင်းနှစ်ကာလတွင်း နယ်စားစောင့်တပ်အဖြစ် ကမ်းလှမ်း ခဲ့ပြီး ခလောက်ဆန် မွှေနှောက်ခဲ့သည့်အတွက် ထွက်ပေါ်လာသည့် ပြဿနာရပ်ပေါင်းစုံတို့ရဲ့ နောက်ဆက်တွဲကြောင့် ယနေ့ကာလ ကျနော်တို့ နယ်မြေအတွင်းမှာရှိတဲ့ အပြစ်မဲ့ ကရင်လူမျိုးတွေခုထိတိုင် ဆိုးရွားမှုတွေကြုံတွေ့နေရတုန်းပဲ။ နယ်ခြားစောင့်တပ် အဆိုပြု ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့ တချို့သော လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ တပ်သားသစ် စုဆောင်းဖို့ရာအတွက် ကျေးရွာတ ရွာမှာ ယောက်ျား ၅ ဦးမှ ၁ဝ ဦးအထိ စုဆောင်းရှာဖွေပေးကြရတယ်။ စစ်သားအဖြစ်သို့သွတ်သွင်းခြင်းကို ရှောင်ဖယ်လိုသည့် မိသား စုဝင်တွေဟာ ဒဏ်ကြေးအဖြစ် မြန်မာငွေ ၁ဝ သိန်းပေးဆောင်ရမှာဖြစ်တယ်။ ရှိသမျှ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေကို ရောင်းချပေးလိုက် ရသည့်အတွက် မိသားစုဝင် အများစုဟာ ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်စွမ်း မရှိကြတော့ဘူး။ မိသားစုဝင် တစုမှာ ဆိတ်တကောင်သာ ပိုင်ဆိုင်ကြခြင်း၊ တချို့သော မိသားစုဝင်တွေဟာ စပါးကျီ သို့တည်းမဟုတ် ကျွဲ၊ နွား တိရစ္ဆာန် အစရှိသည့် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို အတင်းအကျပ် ရောင်းချဖို့ရာအတွက် ဖိအားပေးတောင်းဆိုလာသည့်အတွက် နယ်ခြားစောင့် အမည်မသွင်တော့ဘူးလို့ ဆိုရတော့မှာ ပဲ။

မြန်မာစစ်အစိုးရ နယ်ခြားစောင့်တပ်ဆိုတဲ့ စီမံကိန်းကြောင့် ကျေးလက်ဒေသနေထိုင်သူအများစုကြား စိုးရိမ်ကြောင့်ကြခြင်း၊ ဆင်းရဲ နွမ်းပါးခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်း၊ နာကျင် ဝမ်းနည်းရခြင်း အစရှိသည်တို့အပြင် လူထုရဲ့တည်ငြိမ်အေးချမ်းသည့် ဘဝတွေကိုပါ နှောက် ယှက်ဖျက်ဆီးပစ်သလိုဖြစ်နေသည့်အတွက် ပြဿနာရပ်ပေါင်းစုံကို ဖန်တီးတည်ဆောက်ယူသလိုကို ဖြစ်နေတော့တယ်။ နေ့စဉ် ထုတ် လွှင့်ပြသသည့် ရုပ်သံလွှင့် အစီအစဉ်နဲ့ အစိုးရပိုင် သတင်းစာတွေထဲပါ မူဝါဒပိုင်းဆိုင်ရာ ထုတ်နှုတ်ဖော်ပြချက်တွေအရ တိုင်းပြည် တွင်းရှေ့ဆက်သွားမည့် လမ်းစဉ်တွေကို ခွင့်ပြုထားသယောင် လုပ်ဆောင်ထားတယ်။

ရှေ့ဆက်ဆွေးနွေးတိုင်ပင်ခြင်း မပြုလုပ်ခင် အခြေခံကျလှတဲ့ အောက်ဖော်ပြပါ မေးခွန်းသုံးရပ် အဖြေကိုသိချင်တယ်။

၁။ ကရင်ပြည်နယ်အတွင်းရှိ ထောင်ပေါင်းများစွာသော ကျေးလက်ဒေသတွေမှ ဗိုလ်မှူးချုပ် ရဲမြင့်နှင့် အပေါင်းအပါစစ်အုပ်စုတွေ စု ဆောင်းသိမ်းယူထားသည့် ငွေကြေးတွေ ဘယ်မှာလဲ။














၂။ သတင်းမီဒီယာတွေမှာ ဖော်ပြပါရှိထားသည့် မူဝါဒပိုင်းဆိုင်ရာနဲ့ စစ်အုပ်စု အစီအမံတွေကြား ကွဲလွဲခြားနားချက်တွေကို ဘယ်ပုံ နည်းလမ်းနဲ့ ရှင်းချက်ထုတ်မှာလဲ။
၃။ ၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ပါ အနာဂတ် ကရင်ပြည်နယ်တွင်းရှိ ကရင်လူမျိုး တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်အစိုးရမှ ကူညီထောက်ပံ့မှုပေးမည်ဆိုသည့် ကတိကဝတ်ကို ဘယ်ပုံနည်းလမ်းနဲ့ ဖြည့်စွမ်းပေးမှာ လဲ။

မြန်မာ စစ်အစိုးရ နယ်ခြားစောင့်တပ် စီမံဆောင်ရွက်ချက် နောက်ဆက်တွဲ အကျိုးရလဒ်ကြောင့် ထွက်ပေါ်လာသည့် အထက်ဖော်ပြပါ ပြဿနာရပ်ပေါင်းစုံတွေ ကြုံတွေခံစားခဲ့ရသည့် ကရင်ကျေးလက်ဒေသနေ ကရင်လူမျိုး အများစု ကျနော့်ထံသို့ ရောက်ရှိလာကြပြီး စုံ စမ်းမေးမြန်း အကူအညီတောင်းဆိုလာကြတယ်။ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီတာဝန်ယူဆောင်ရွက်ရမည့် ကိစ္စဖြစ်သည့်အ တွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အထူးသဖြင့် လက်နက်ကိုင် မဟာမိတ်အဖွဲ့ဖြစ်သော သင်တို့အနေဖြင့် ခြိမ်းခြောက်ခြင်း မပြုလုပ် ရန် (သို့) ကျေးလက်ဒေသနေ လူထု ဒုက္ခမရောက်စေရန် ကြားဝင်ပြောဆိုရခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးလမ်းကြောင်းကို အနှောက်အ ယှက်ဖြစ်စေသည့် လုပ်ရပ်ကြောင့် ကျေးလက်ဒေသတွင်း နေထိုင်သူ အများအပြား ထိုင်းနိုင်ငံတွင်းသို့ ဒုက္ခသည်အဖြစ် ဝင်ရောက်ခို လှုံခဲ့ကြသည့်အတွက် ဒီပြဿနာရပ်ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားခဲ့ခြင်းဟာ ကောင်းမွန်သည့် လုပ်ရပ်လို့ ခံယူရပ်ခံထားတယ်။ ယနေ့ မျက်မှောက်ကာလတွင်း စစ်အစိုးရအနေဖြင့် များပြားလှတဲ့ အစီအမံတွေ မလိုအပ်သေးဘူးလို့ဆိုရမှာပဲ။ တိုင်းပြည်တွင်း တကယ် လက်ရှိ လိုအပ်နေတာက တည်ငြိမ်အေးချမ်းစွာနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားနိုင်ရေးပဲဖြစ်တယ်။ ကောင်းမွန်စွာ အကြံပြုပြောဆိုရသော် ရွေးကောက်ပွဲကို မရွေးချယ်သင့်ဘူး။ လူထုတွေအတွက်လူထုကသာ ရွေးကောက်တင်မြှောက် ရမှာဖြစ်တယ်။ ရွေးကောက်ပွဲ ဖော်ဆောင်ကျင်းပဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ပြည်နယ်တွေအတွင်း များမြောင်လှတဲ့ ပြဿနာရပ်တွေအ ပြင် စည်းလုံးညီညွတ်မှု ပြိုကွဲခြင်းနှင့် နေရာအနှံ့ စိမ့်ဝင်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ တိုင်းပြည်တွင်း ဖြစ်ပေါ်လာနိုင်သည့်အတွက် ကြောင့် ပြိုလဲပျက်စီးသွားမှာကို အလွန်တရာမှကို စိုးရိမ်ပူပန်မိပါတယ်။ တိုင်းရင်းသား လူမျိုးစုအားလုံး စစ်အစိုးရ ခေါင်းဆောင်မှုအ ပေါ် သက်ဝင်ယုံကြည်ခြင်း အလျဉ်းမရှိခဲ့ကြပါဘူး။ ဗမာပြည် နေရာအနှံ့အတွင်း ကိုယ်စားပြုမယ့် အစိုးရ ကိုယ်စားလှယ်တွေ စစ်အစိုး ရ အနေဖြင့် ရွေးချယ်ခဲ့ပြီးပြီလို့ နားလည်ထားသော်ငြား အတိုက်အခံအင်အားစု ပါတီတွေကို ခွဲခြားခြင်းမရှိပဲ လွတ်လပ်စွာ ရွေး ကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှသာ ပြည်သူလူထုအနေနဲ့ ရွေးချယ်ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ ၂ဝဝ၇ ခုနှစ် ဧပြီလ ၇ ရက် နေ့ PC ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ဖော်ပြခဲ့သည့် အကြောင်းချင်းရာ ၅ ချက်မှာ …

၁။ လက်နက်ကိုင် အဖွဲ့အစည်းတရပ်အနေဖြင့် မြန်မာ စစ်တပ်ထိန်းချုပ် ကွပ်ကဲမှုအောက်သို့ ကျရောက်ခြင်းအပေါ် ၂ဝ၁ဝ ခုနှစ် ဧပြီ လ ၂၂ ရက် နောက်ဆုံးထား၍ အကြောင်းပြန်ကြားရန်၊ အငြင်းသဘောဆောင်သည့် တုံ့ပြန်ချက်ဆိုလျှင် တရားမဝင် အဖွဲ့အစည်း အ ဖြစ် ခြိမ်းခြောက်ခြင်းခံရမည်။
၂။ စစ်အင်အားတိုးချဲ့ခြင်း မပြုလုပ်ရ။
၃။ အခြားသော တိုင်းရင်းသား အင်အားစုတွေနဲ့ အဆက်အသွယ်ပြုလုပ်ခြင်း တားမြစ်ပိတ်ပင်ထားသည်။
၎။ KNU နှင့်တွေ့ဆုံခြင်း မပြုရ။
၅။ ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး မထူထောင်ရ (သို့) ယုံကြည်လက်ခံခြင်းမပြုလုပ်ရ။

သင်တို့ရဲ့တောင်းဆိုချက်တွေကို တချက်ခြင်း အချက်ကျကျ ရှင်းလင်းစွာ ဖြေရှင်းလိုသည်။

၁။ မြန်မာ စစ်တပ် ထိန်းချုပ်ကွပ်ကဲမှုအောက်သို့ ကျရောက်သွားသော လက်နက်ကိုင် အဖွဲ့အစည်းတရပ်

ပြည်သူ့စစ်သို့ အသွင်မပြောင်းသလို (သို့) လက်နက်ကိုင် အဖွဲ့အစည်းတရပ် အသွင်ဖြင့် အကြမ်းဖက် လုပ်ဆောင်ခြင်း၊ ဆူပူအုံကြွ ခြင်း၊ လုံခြုံမှုမရှိခြင်း (သို့) ခြိမ်းခြောက်ခြင်း (သို့) စစ်အင်အားကို အလွဲသုံးစားပြုလုပ်၍ ငွေကြေးပိုင်းဆိုင်ရာ အကျင့်ပျက်လာဘ်စား ခြင်း၊ မင်းဆိုးမင်းညစ်တို့ကြောင့် တိုင်းပြည်ချွတ်ခြုံကျစေမည့် မည်သည့် နိုင်ငံရေးပါဝါကိုမျှ ထောက်ခံခြင်း အလျှင်းမရှိကြောင်း KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ကြေငြာချက်ထုတ်ပြန်သည်။ စစ်အစိုးရ ထုတ်လွှင့်သည့် နိုင်ငံပိုင် သတင်းမီဒီယာတွေပါ မူဝါဒပိုင်းဆိုင် ရာနှင့် ဝါဒဖြန့်ချိမှုတွေမှာ ဖော်ပြပါရှိထားသည့် တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ ကရင် ပြည်နယ်တွင်း လွတ်လပ်ပြီး သာယာဝပြောရေး အစရှိသည်တို့ကို KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ထောက်ခံအတည်ပြုပါသည်။ ကရင်ပြည်နယ်တွင်းရှိ လူထု ငြိမ်းချမ်းစွာ တည်ရှိရေး (သို့) တိုင်းပြည်ငြိမ်းချမ်း တည်ငြိမ်ရေးကို ခြိမ်းခြောက်သည့် လုပ်ဆောင်ချက်မျိုး မည်သည့်အခါမှ ပြုလုပ်မည် မဟုတ်ကြောင်း ရိုးရှင်းစွာတင်ပြလိုခြင်းဖြစ်သည်။ ကရင်ပြည်နယ်အတွင်းရှိ အပြစ်မဲ့ ကရင်လူထု လူ့အဖွဲ့ အစည်းတွေ ထိခိုက်နာကျင်မည့် ခြိမ်းခြောက် လုပ်ဆောင်မှုမျိုး (သို့) လူထု အသက်အိုးအိမ် စည်းစိမ်ကို ဥပဒေဘောင်အတွင်းမှကာ ကွယ်လုံခြုံမှုပေးမည်ဆိုသည်ကို အမြဲတမ်းဆိုသလို KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် ငြိမ်းချမ်းရေးတပ်တွေ အစဉ်အမြဲဆိုသလို တာဝန်ယူလုပ်ဆောင်မှာဖြစ်တယ်။ မည်သို့သော ထိခိုက်နာကျင်စေမည့် အလွဲသုံးစား လုပ်ဆောင်ချက် (သို့) ဥပဒေဘောင်ပြင်ပ (သို့) နှောက်ယှက်ဖျက်ဆီးမည့် မည်သို့သော လုပ်ဆောင်ချက် (သို့) ကရင်ပြည်နယ်အတွင်းရှိ လူထုပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာကို လုယူ ခြင်း၊ ကရင်ပြည်နယ်အတွင်းရှိ သဘာဝ သံယံဇာတ ရင်းမြစ်တွေသည် ကရင်လူထုအတွက်သာလျှင် ဦးစားပေးလုပ်ဆောင်ရမည်ဖြစ် သည့် အတွက် ကာကွယ်စောင့်ရှောက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ကျွန်ုပ်တို့ ကရင်လူမျိုး အကျိုး စီးပွားသာလျှင် ဖြစ်သည်။ ကရင်နဲ့ဗမာတို့ရဲ့ နှစ်ခြောက်ဆယ်ကြာ ပဋိပက္ခအဆုံးသတ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ကြောင်းနဲ့ နောက် ထပ်နှစ် ၁ဝဝ ခန့် အငြင်းပွား ပဋိပက္ခဖြစ်ခြင်းမျိုး ထပ်မံမကြုံတွေ့ချင်တော့သည့် အကြောင်းရင်းက ကျွန်ုပ်တို့ လူထုကိုသာ ထိခိုက် ခြင်းမဟုတ်ပဲ တတိုင်းပြည်လုံးသို့ လာရောက်ဆက်နွယ် ပတ်သက်သည့်အတွက်ကြောင့်သာလျှင် ဖြစ်တယ်။ တိုင်းပြည်ငြိမ်းချမ်းရေး အတွက် သဟဇာတဖြစ်စေမယ့် လမ်းကြောင်းကိုရွေးချယ်ခြင်းသည်သာ ကျွန်ုပ်တို့ရဲ့လိုလားချက် ပန်းတိုင်ဖြစ်တယ်။ တိုင်းပြည်မူဝါဒ ဆိုင်ရာ ဆုံးဖြတ်ချက် အစီအမံတွေကို အတင်းအကျပ် ပုံဖော်ဖန်တီး တည်ဆောက်မယူပါနဲ့။

၂။ စစ်အင်အား တိုးချဲ့ခြင်းမပြုရ။

KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီအနေဖြင့် အစိုးရ စစ်တပ်နှင့် ယှဉ်ပြိုင်၍ အင်အားတိုးချဲ့တည်ဆောက်ယူခြင်းမျိုး လုပ်ဆောင်ခဲ့ ခြင်း အလျဉ်းမရှိခဲ့သလို အဲဒီလို မူဝါဒမျိုး ပုံဖော်တည်ဆောက်ခဲ့ခြင်းမရှိပါဘူး။ နှစ်ဦးနှစ်ဖက် လက်ခံထားခဲ့သည့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောတူညီချက် တစိတ်တဒေသကို ထုတ်နှုတ်ဖော်ပြရသော် နှစ်ဦးနှစ်ဖက်စလုံး စစ်ရေးလှုပ်ရှားမှု တိုးချဲ့လုပ်ဆောင်ခြင်း မပြုလုပ် ရလို့ဆိုထားသော်ငြား ငြိမ်းချမ်းရေးရပြီး သုံးနှစ်အတွင်း ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရှေ့ရှုသည့် လုပ်ဆောင်ချက် များတွင် စစ်တပ်အနေဖြင့် ငွေကြေးကို ခွဲတမ်းချသုံးစွဲခွင့်ပြုထားခဲ့ပေမယ့်လို့ ကရင်လူထုအတွက် လက်တွေ့အကောင်အထည်ဖော်ပြ စရာ အကျိုးဖြစ်ထွန်းမှုဆိုလို့ မရှိခဲ့ပေမယ့် ချွင်းချက်လုပ်ဆောင်ချက်တွေဖြစ်တဲ့ အိုးအိမ်တည်ဆောက်ရေှးနှင့် လမ်းတံတား ဖောက် လုပ်ရေး လုပ်ငန်းတွေတော့ရှိပါတယ်။ ဒီကြိုးပမ်းအားထုတ် လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြု တန်ဖိုးထားတယ်ဆိုပေမယ့်လို့ ခြိမ်းခြောက်ခံဘဝနဲ့ ဆင်းရဲတွင်းထဲက သန်းပေါင်းများစွာသော လူထုတွေအတွက် ဒါဟာ ကောင်းမွန်သည့် ရည်မှန်းချက် ပန်းတိုင်မ ဟုတ်နိုင်ဘူး။ စစ်ရေးအမြင်သဘောထားဆိုင်ရာ အယူအဆတွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ယူနိုင်မယ်ဆိုတဲ့ မဟာမိတ် လက် နက်ကိုင် အင်အားစုတွေနဲ့ စစ်အစိုးရတို့ကြောင့် ကရင်လူမျိုးတွေကြား ပဋိပက္ခတွေ ဖန်တီးတည်ဆောက်ယူမှုကြောင့် အစောပိုင်းနှစ် ကာလတွေအတွင်း ကရင်လူမျိုးအချင်းချင်းကြား သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာရတော့တာပေါ့။ ဒါတင်မကသေးဘဲ စစ်အစိုးရ နောက် လိုက် လက်နက်ကိုင် အဖွဲ့အစည်းတွေကို အထူးအခွင့်အရေးတွေပေးပြီး စစ်အစိုးရကိုယ်တိုင် သစ်ရောင်းဝယ်ရေးလုပ်ငန်းအတွက် သစ်တောတွေ ပြုန်းတီးဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးရောင်းဝယ်ခြင်းနှင့် နေ့စဉ်ဆိုသလို ထောင်ပေါင်းများစွာသော လူ တွေကို လူးလားခေါက်ပြန် တဦးကျလျင် ဘတ်ငွေ ၁၅ဝဝ ဖြင့် လူကုန်ကူးသန်းရောင်းဝယ်ခြင်းနှင့် ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းဝန်းကျင် အ နီးတဝိုက်နိုင်ငံတွေမှာ အလုပ်အကိုင် ရှာဖွေပေးရေးအတွက် တဦးကျလျင် ဘတ်ငွေ ၅ဝဝဝဝ တောင်းခံရယူခြင်းတွေ လုပ်ကိုင်ပြုမူ ဆောင်ရွက်လျက်ရှိသည်။ နယ်မြေအတွင်းမှာရှိတဲ့ စစ်ဖက်ဆိုင်ရာ အရာရှိတွေနဲ့ ထိုင်း-ဗမာ နယ်စပ်တလျှောက်မှာရှိတဲ့ တချို့သော ထိုင်း မာဖီးယားဂိုဏ်းသားတွေဆီသို့ ဒီများပြားလှသည့် ငွေကြေးအမြောက်အများ စီးဆင်းဖြတ်သန်းသွားပြီး ကြားခံအဖြစ် အသုံးချခံ ရတာကတော့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပဲဖြစ်တယ်။ စစ်အစိုးရအမိန့်အာဏာ တည်တံ့အောင် အားပေးအားမြှောက်ပြုနေ တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နယ်စပ်မျဉ်းတလျှောက်မှာရှိတဲ့ သဘာဝ သံယံဇာတရင်းမြစ်ဆိုတဲ့ အခွင့်အလမ်းတွေပေးခြင်း၊ ကရင်ပြည်နယ်တွင်းရှိ နေထိုင်သူ ကရင်၊ ဗမာ၊ အိန္ဒိယ၊ တရုတ်နဲ့ လူမျိုးအသီးသီးကို နည်းမျိုးစုံ ခြိမ်းခြောက်မှုတွေသုံးပြီး ညှင်းပန်းနှိပ် စက်ခြင်းတို့ကြောင့် ကျယ်ပြန့်လာကြီးထွားလာတဲ့ အကျင့်ပျက်ခြစားမှု အစရှိသည့် ခက်ခဲလှသော ဘက်ပေါင်းစုံ အထွေထွေ အကျပ် အတည်းကြီးနဲ့ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ကြရတော့တာပဲ။

လုံခြုံမှုကင်းမဲ့စွာ ခြိမ်းခြောက်ခြင်းကို ကြုံတွေ့ခံစားနေရတဲ့ လူထုကြား ပုံဖော်ချမှတ်ပေးတဲ့ နယ်ခြားစောင့်တပ်နဲ့ အခြားသော များပြား လှတဲ့ စစ်ဖက်ဆိုင်ရာ စီမံကိန်းချလုပ်ဆောင်ချက်တွေအရ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ ငြိမ်းချမ်းရေးတပ်တွေကို ကာကွယ်နိုင် စွမ်းရှိသော်ငြား လုပ်ဆောင်ချက်တွေကတော့ စိတ်ပျက်ဖွယ်ရာ အပြည့်လို့ဆိုရမှာပဲ။ ငြိမ်းချမ်းရေးတပ်တွေအနေနဲ့ လူထု လုံခြုံရေးနဲ့ နယ်မြေတွင်း တည်ငြိမ်ရေးကို အကောင်းဘက်က လုပ်ဆောင်နိုင်ခဲ့ပေမယ့်လို့ အခြားတဖက်ကကြည့်ရင်တော့ ကရင်လူမျိုး တဦးချင်း စီနဲ့ ဗမာပြည်သား တချို့အတွက်တော့ ဝရုန်းသုန်းကား နိုင်လှတယ်လို့ဆိုရလိမ့်မယ်။

စစ်အစိုးရ စီမံကိန်းချ လုပ်ဆောင်ချက်တွေအပေါ် သဘောထားကိုက်ညီခြင်း မရှိသည့်အတွက်ကြောင့် ဝင်ငွေနဲ့ ဆက်ဆံရေးထူထောင် မည့် လုပ်ဆောင်ချက်မှန်သမျှကို စစ်အစိုးရနဲ့ အပေါင်းအပါ ဒေသဆိုင်ရာ အာဏာပိုင်တွေ နည်းလမ်းအသွယ်သွယ်ဖြင့် ဖိအားပေး တားမြစ်ပိတ်ပင်ထားကြတယ်။ စစ်အစိုးရ စီမံလုပ်ဆောင်ချက်တွေအပေါ် သဘောတူညီထားသူတွေကို အထူးအခွင့်အရေး အနေဖြင့် သဘာဝ သံယံဇာတရင်းမြစ်တွေပေးခြင်း အကျိုးဆက်အနေဖြင့် ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေ စစ်အင်အား ခိုင်မာကြီးထွားလာပြီး ကရင်ပြည်နယ်အတွင်းရှိ နေထိုင်သူ တိုင်းသူပြည်သားအပေါင်းဟာ လူ့အခွင့်အရေးဆိုင်ရာ အလွဲသုံးစား ချိုးဖောက် ခြိမ်းခြောက်ခံရ ခြင်းဟာ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ ရလဒ်ဆိုးကျိုးတွေဖြစ်ပြီး ဒီရလဒ်ဆိုးတွေကို ကျနော်တို့လည်း အထိုက်အ လျောက်ဆိုသလို ကြုံတွေ့ခဲ့ကြသည့်အတွက် ယနေ့မျက်မှောက်ကာလ ကျနော်တို့ရဲ့ ဦးတည်ရည်မှန်းချက်က ကုန်ကူးသန်းရောင်း ဝယ်ရေးဆိုင်ရာ အောင်မြင်ဖြစ်ထွန်းခြင်း၊ စိုက်ပျိုးရေး ဆည်မြောင်း ရေသွယ်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရင်းမြစ်ဖြစ်သည့် သစ်ပင်ပန်း မန်တွေကို ကာကွယ်စောင့်ရှောက်ခြင်းတို့အပြင် ဆန်ရေစပါး ပေါကြွယ်ဖူလုံရေးနှင့် အဓိကပင်မအဖြစ် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီအဖွဲ့အစည်းကိုယ်တိုင် ပြည့်ကြွယ်လုံပြီး ကျနော်တို့ နယ်မြေဒေသအတွင်း လူထုအပေါ် သြဇာသက်ရောက် လွှမ်းမိုး နိုင်ရေးတို့ ဖြစ်တယ်။

၃။ မည်သည့် တိုင်းရင်းသား လူမျိုးစုတွေနှင့်မှ ဆက်ဆံခြင်း သို့ မဟာမိတ်ဖွဲ့ခြင်း မပြုလုပ်ရ

စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်းခြင်း မပြုလုပ်မီကာလတည်းက ဗမာလူမျိုးတွေအပါအဝင် တိုင်းရင်းသား လူမျိုးစုပေါင်းစုံတို့နှင့် ဆက်ဆံ ရေးတည်ဆောက်ထားသည့်အတွက်ကြောင့် ဖြတ်တောက်ပစ်ဖို့ရာ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိဘူး။ နိုင်ငံတနိုင်ငံအတွင်း အတူတကွ မှီ တင်း နေထိုင်ကြသည့်အတွက် ညီအစ်ကို မောင်နှမသဖွယ် သွေးစည်းညီညွတ်နေပြီဖြစ်တယ်။ အကိုင်းအခက်အလက်ခက်ဖြာရာ မတူ ကွဲပြားကြသော်လည်း ပင်မတခုတည်းဖြစ်သည့်အတွက် သွေးစည်းညီညွတ်ပြီး ကွဲလွဲမှုမရှိပဲ အများသဘောညီ ဘုံရည်မှန်းချက်ကို ဖော်ဆောင်နိုင်မှသာ အနာဂတ်မှာ အားလုံးအတွက် အကျိုးဖြစ်ထွန်းအောင်မြင်မှာဖြစ်တယ်။ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့စနစ် အမွေဆိုး ဖြစ်တဲ့ သွေးခွဲအုပ်ချုပ်ရေး မူဝါဒတွေနဲ့ တိုင်းရင်းသား ညီရင်းမောင်နှမတွေကြား သွေးခွဲဖို့ရာ ကြံစည်လုပ်ဆောင်ချက်တွေကို ကာ ကွယ်ဖို့ရာ အခွင့်အရေး ကျနော်တို့အားလုံးမှာရှိတယ်။ မောက်မာဝင့်ကြွား ထည်ဝါခြင်းမရှိပဲ ဗမာပြည်တွင်းရှိ တိုင်းရင်းသား လူမျိုးစု အားလုံးကို ညီရင်းမောင်နှမသဖွယ် ဆက်ဆံပြီး တန်းတူညီမျှစွာ အခွင့်အရေးပေးမယ်ဆိုရင် ကြောက်ရွံ့ထိပ်လန့်နေစရာ အကြောင်း ဘာမှမရှိဘူး။ အမျိုးသား သွေးစည်းညီညွတ်ရေးလမ်းကြောင်းကို သွေဖယ်စေသည့် အတွေးအခေါ် အယူအဆရှိသူတွေကလွဲလို့ မည် သူ တဦးတယောက်ကိုမှ ရန်သူအဖြစ် သတ်မှတ်သဘောထားခြင်း မရှိခဲ့ပါဘူး။ လူမျိုးစုအားလုံး စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် သက် ဆိုင်ရာနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး လိုလားကြသူတွေပါပဲ။ အငြင်းပွားဖွယ်ရာ ပဋိပက္ခတွေ လိုလားနှစ်သက်ခြင်း အလျဉ်းမရှိကြဘူး။ ပြု မူဆက်ဆံ သဘောထားချက်အပေါ်မှာသာ ပြန်လည်တုံ့ပြန်ကြခြင်းဖြစ်တယ်။ ကျနော်တို့ ယနေ့ကြုံတွေ့နေရသလောက်တော့ တိုင်း ရင်းသား လူမျိုးစုတွေရဲ့ နယ်မြေဒေသတွင်းရှိ သဘာဝ သံယံဇာတ ရင်းမြစ်တွေဟာ အကျင့်ပျက်ခြစားသည့် အာဏာပိုင်တွေနဲ့ သူတို့ ရဲ့ အပေါင်းအပါ စီးပွားရေးသမားတစုရဲ့ လက်ဝယ်ကျရောက်သွားသည့်အတွက် တိုင်းရင်းသား လူမျိုးစုတွေရဲ့အကျိုးစီးပွားဆိုလို့ ဘာ တခုမျှမရှိတော့သလောက်ပါပဲ။ တိုင်းရင်းသား မျိုးနွယ်စုတွေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုတာကလည်း ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကို လိုလားသည့် တိုင်းရင်းသား ခေါင်းဆောင်တွေလက်ဝယ်အတွင်း ရှိနေတာမဟုတ်ပဲ အိမ်နီးချင်းနိုင်ငံရပ်ခြား ကုမဏီတွေ လက်ထဲ သို့ ရောင်းထုတ်ထားခြင်းဖြစ်တယ်။ ဒီကြုံတွေ့နေရသည့် ပြဿနာရပ်အလုံးစုံကို ကြုံတွေ့ခံစားနေရတဲ့ ကျနော်တို့အနေနဲ့ စစ်အစိုးရ စီမံကိန်းတွေကို ရှေ့ဆက်ဘယ်လို ယုံကြည်လေးစားရမှာလဲ။ ကျနော်တို့ အပါအဝင် တိုင်းရင်းသား လူမျိုးစုအားလုံးက ငြိမ်းချမ်းစွာနဲ့ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းခြင်းကိုပဲ လိုလားနှစ်ခြိုက်ကြတယ်။ စစ်အစိုးရအနေနဲ့ အတင်းအကျပ် ဖိအားပေးပြီး စီမံကိန်းတွေကို အ ကောင်အထည်ဖော်နေရတာလဲ။ ဒီမိုကရေစီ ကူးပြောင်းရေးဖြစ်စဉ်အတွက် နှောင့်နှေးကြန့်ကြာစေမည့် စီမံကိန်းတွေမှ သွေဖယ်ရှောင် ရှားသင့်နေပြီ။ ဗမာပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေးပါတီအားလုံး ဒီရွေးကောက်ပွဲမှာ အစိုးရကိုယ်စားလှယ်တွေနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ဖို့ရာ ခွင့်ပြုမှသာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ယုံကြည်လေးစားမှုကိုရရှိပြီး ဒီမိုကရေစီစနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်မှာ ဖြစ်တယ်။ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ပဋိပက္ခပြဿနာရပ်တွေကြား ဗမာပြည် လုံထွေးပြီး နစ်နာဆုံးရှုံးမှုရှိတာ နှစ်ရှည်လများကြာမြင့်လှ ပြီ။ ကျနော်တို့ မြင်တွေ့လိုတဲ့လာမည့် အနာဂတ်မှာ နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းသာသုခနဲ့ ပြီးပြည့်စုံ လုံခြုံတာကိုပဲ မြင်တွေ့ချင် ကြတာပါ။

၎။ KNU နဲ့ တွေ့ဆုံခြင်းမပြုရ

ကရင်လူမျိုးမဟုတ်သည့် သူတချို့ကနော်တို့ထံ ရောက်လာပြီး ကိုယ့်တိုင်းရင်းသား ကရင်လူမျိုးတွေနဲ့ မတွေ့ဆုံဖြစ်ဖို့ပြောတာ အ တော့်ကို အံ့အားသင့်ဖွယ်ရာပဲ။ တွေ့ဆုံဖို့ရာ ရွေးချယ်ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဒီ့နောက်ဆက်တွဲကနေ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာမှာဖြစ်တယ်။ ကရင်တိုင်းရင်းသား လူမျိုးတွေဖြစ်တဲ့ ကျနော်တို့ဟာ တအူတုံဆင်းမောင်နှမရင်းချာတွေပါ။ KNU ထီးရိပ် အောက်မှာရှိတဲ့ ကရင်တိုင်းရင်းသားတွေရဲ့ အဓိကဦးစားပေးအရာက သွေးစည်းညီညွတ်ရေးဖြစ်တယ်။ ကျနော်တို့ကြားမှာရှိတဲ့ သွေး စည်းညီညွတ်မှုအဟုန်နဲ့အတူ တတိုင်းပြည်လုံး သွေးစည်းညီညွတ်မှုကို လိုလားနှစ်ခြိုက်တယ်။ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှာ ရန်သူဆိုတာ မရှိပါဘူး။ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကိုပဲ လိုလားနှစ်ခြိုက်ပါတယ်။ အတိတ်ကာလတုန်းက သင့်အကြံပြုချက် အ တိုင်း ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းဖော်ဆောင်နိုင်မယ် မှတ်ထင်ခဲ့လို့ သမက်ဖြစ်သူအပါအဝင်၊ ကရင်တပ်မှူး အများစုနဲ့ အပြစ်မဲ့ပြည် သူလူထုရဲ့အသက်တွေ ဆုံးရှုံးစတေးခဲ့ကြရတယ်။ စိုးရွံ့ထိပ်လန့်ဖွယ်ရာ မှားယွင်းသည့် လွဲချော်မှုတွေကြောင့် အချင်းချင်း သတ်ဖြတ် ခဲ့ကြတယ်။ သင့် အကြံပေးလုပ်ဆောင်ချက်တွေကြောင့် ကရင်လူမျိုးအချင်းချင်းကြား ပိုမိုပဋိပက္ခတွေ ကြီးထွားလာခဲ့ကြရတယ်။ သင့် အမိန့်အာဏာနောက်ပါးလိုက်ရင်း ဆုံးရှုံးခဲ့ရတဲ့ ကရင်လူမျိုး အရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာ ကျနော်တို့ကိုယ်တိုင်လည်း မ သိဘူး။ သမိုင်းကြောင်းအရကို ကိုလိုနီအုပ်စိုးစဉ်ကာလတည်းကနေ ယနေ့ထိတိုင် ကရင်လူမျိုးတွေဟာ စစ်ရေး (သို့) နိုင်ငံရေးရာကိစ္စ တွေမှာ အလွဲသုံးစား အသုံးချခြင်းကို ခံခဲ့ကြရတယ်။ ကျနော်တို့ ကရင်လူမျိုးတွေကြား သွေးစည်းညီညွတ်မှုကို ပျက်ပြားစေမည့် ပဋိ ပက္ခတွေ ဖန်တီးဖြစ်ပေါ်လာစေမည့်တခြားသော အတွေးအခေါ်အယူအဆတွေနောက်မလိုက်ဖို့ရာ များပြားလှတဲ့ သမိုင်းကြောင်း ဆိုင် ရာ လေ့လာသင်ကြားမှုတွေခံခဲ့ကြရတယ်။ ဒီအကြောင်းရင်းချက်တွေကြောင့် အဓိကမဏ္ဍိုင်ဖြစ်တဲ့ သွေးစည်းညီညွတ်ရေးကို ဦးစား ပေးဆောင်ရွက်မှသာ ကျနော်တို့ ကရင်လူမျိုးတွေအတွက် ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာမှာဖြစ်တယ်။


မန်ဇူး(ဘာသာပြန်သည်)

Monday, April 26, 2010

တော်တော်လူသားမဆန်တဲ့ နအဖ ဗမာ့စစ်ခွေးတွေ

တောင်ငူခရိုင် ထန်းတပင်မြို့ နယ် ဗမာ့စစ်တပ် စကခ(၅) လက်အောက်ခံ ခလရ (၄၂၇) ကျော်အေးဦးစီးသော တပ်ဖွဲ့ များသည် စီခဲဒါးရွာသို့ ဝင်လာပြီး ရွာသားများကို အပြင်ခေါ်ထုတ်ပါသည်။ စောတာဒိုဝါး (၅၉-နှစ်)သည် အိမ်ရှေ့ သို့ ထွက်ရပ်နေသောအချိန်တွင် ဗမာစစ်တပ်မှ ဘာမှစစ်ဆေးမေးများခြင်းမရှိပဲ အကြောင်းမဲ့ပစ်သတ်လိုက်သည်။ တဖန် ဗမာစစ်တပ်မှ စောတာဒိုဝါး၏ ဘယ်ဖက် လက်ကိုဖြတ်ပစ်ပြီး ညာဖက်ခြေတောက်ကို သံကြိုးဖြင့်ထုတ်ထားပါသည်။ သူ၏ သမီးဖြစ်သူ နော်စူဇက်နာ(၂၇-နှစ်)သည်လည်း အခင်းဖြစ်ပွားချိန်တွင် အပစ်ခံရပြီး ညာဖက်ခြမ်းပေါင်တွင် ကျည်ထိမှန်ပါသည်။

ကရင်အမျိုးသားအပေါင်းခင်ဗျား...ကျနော်တို့ ကရင်အမျိုးသားများအပေါ် နအဖ ဗမာ့စစ်ခွေးတို့  ၏ရက်စက်ယုတ်မာ မှုများသည် နေ့ စဉ်နှင့် အမျှ ဖြစ်ပါသည်။ မဟာဗမာ နအဖ စစ်အာဏာရှင်တွေဟာ ကျနော်တို့ လူမျိုးကို နည်းမျိုးစုံနဲ့ သုတ်သင်ရှင်းလင်းနေတယ်ဆိုဒါ ဒီသတင်း ဒီဓါတ်ပုံတွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါသည်။

ဒီဓါတ်ပုံသတင်းတွေအားလုံး ဖတ်ပြီးရင် သိမ်းထားကြပါ။ နောင်လာနောက်သား ကရင်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးပါ။ တစ်နေ့ အရိုးတွေ ပြန်တွန်စေရမည်။


FBR REPORT: Burma Army Kills Father, Wounds Daughter
Karen State, Burma
24 April, 2010
________________________________________

Warning: Graphic Images Below
Story Update:
On March 21, 2010, Saw Ta Doh Wah, 59, was shot dead by Burma Army soldiers, while his daughter, Su San Na, 27, was wounded. According to FBR teams on the ground in this area, the Burma Army troops entered the village of See Keh Der and called the villagers to come out of their houses. Saw Ta Doh Wah stepped out from his house and was shot immediately, without any questions asked. The soldiers then cut off his left hand and tied a chain around his right leg. His daughter was hit in the right leg in this same shooting and is currently receiving treatment in the brigade hospital. See Keh Der village is in Tantabin Township in Toungoo District of northern Karen State. The Burma Army soldiers were from Light Infantry Battalion 427, under MOC 5, commanded by Kyaw Aye.



Su San Na, 27, shot by the Burma Army


Ta Doh Wah, 59, shot and killed by the Burma Army outside his house


Chain put around Ta Doh Wah's leg


Thank you and God bless you,

a Free Burma Ranger
The Free Burma Ranger’s (FBR) mission is to provide hope, help and love to internally displaced people inside Burma, regardless of ethnicity or religion. Using a network of indigenous field teams, FBR reports on human rights abuses, casualties and the humanitarian needs of people who are under the oppression of the Burma Army. FBR provides medical, spiritual and educational resources for IDP communities as they struggle to survive Burmese military attacks.

For more information, please visit www.freeburmarangers.org

ငြိမ်း/ကောင်စီ ဗိုလ်ချူပ် စောထိန်မောင်မှ နအဖ ဗိုလ်ချူပ်ရဲမြင့်ကို သွန်သင်ဆုံးမနေ

စာဖတ်ပုရိတ်သတ်များခင်ဗျား….

နအဖ စစ်ထောက်လှမ်းရေးချူပ် ဗိုလ်ချူပ်ရဲမြင့်ထံသို့ လိပ်မူပြီး KNU/KNLA ငြိမ်း/ကောင်စီ မှ ဗိုလ်ချူပ်စောထိန်မောင် ပေးပို့ သောစာ မိတ္တူကို အများပြည်သူ သိရှိစေရန်တင်ပြပေးလိုက်ပါသည်။ အဆိုပါ ဗိုလ်ချူပ်ရဲမြင့် ထံသို့ ပေးပို့ သောစာသည် ယခုလ ဧပြီ ၂၂ ရက်နေ့ တွင် BGF နယ်ခြားစောင့်တပ်ကိစ္စနှင့် စပ်လျဉ်း၍ နောက်ဆုံးနေ့ အဖြစ်သတ်မှတ်ထားသော နအဖ စစ်အစိုးရ၏ ရာဇာသံပေးမှုကို တုံပြန်လိုက်သော ပြတ်သားသည့် ပေးစာတစ်စောင်ဖြစ်ပါသည်။

KNU တပ်မဟာ(၇)မှူးဟောင်းတစ်ဦးဖြစ်သော ဗိုလ်ချူပ်စောထိန်မောင် သည် ယခုအချိန်တွင် နအဖ ဗမာစစ်အစိုးရ၏ လည့်ဖျားမှုများကို တဖြည်းဖြည်းသဘောပေါက်လာပုံရနေပါသည်။ ဗိုလ်ချူပ်ရဲမြင့်ကို လည်း ကတိမတည်သူ လူလိမ်အဖြစ် မေးခွန်းများ ထုတ်ထားပါသည်။
စာပါအကြောင်းအရာများတွင် စိတ်ဝင်စားစရာ အလွန်ကောင်းပါသဖြင့် ဖတ်ဖြစ်အောင်ဖတ်ကြပါ။ ဗိုလ်ချူပ် ရဲမြင့်ထံသို့ ပေးစာကို ပေးပို့ လာသော အမည်မဖေါ်လိုသူ မိတ်ဆွေအား အထူးကျေးဇူးတင်ပါကြောင်း၊ ကျနော်တို့  သောသီခိုအဖွဲ့ သားများမှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဗိုလ်ချုပ်ထိန်မောင်ကို နအဖ ဗိုလ်ရဲမြင့်မှ ဖိအားပေးသည့် ဗီဒီယိုမှတ်တမ်း

နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် KNU/KNLAငြိမ်းကောင်စီခေါင်းဆောင် ဗိုလ်ချုပ်ထိန်မောင်ကို နအဖစစ်ဘက်ရေးရာလှုံခြုံရေးအရာရှိချုပ် ဗိုလ်ရဲမြင့်မှ အစည်းအဝေးခေါ်ကာ လွန်ခဲ့သည့် ၂၀၀၉ခုနှစ်ကတည်းက ယခုလို ဖိအားပေးခဲ့ပါသည်။

Sunday, April 25, 2010

ယတောဦး ဖေါလူးလူ

အဝေးရောက် တောင်ငူသား (သို့ မဟုတ်) တောင်ငူရှိ ချစ်သူသက်ထား အိမ်လွမ်းသူများအတွက် အမှတ်တရ တေးသီချင်လေးတပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ နားဆင်လိုက်ပါအုံး….

တေးရေး - စောရိုးလဲ
တေးဆို - စောမားလ်ဘလက်စ် + စောဘရိတ်ကီ


ကရင်ဒုက္ခသည်များအားခေါ်ယူပြီး ၆ လကြာဂျပန်စာသင်ကြားပေးမည့်အစီစဉ်တွင်အခက်အခဲမရှိစေရန်အတွက်K N L-JAPAN မှဂျပန်ဆရာမများအားကရင်စာသင်ကြားပေးခြင်း

၂၀၁၀ခုနှစ်အာရှတွင်ပထမဦးဆုံးနယ်စပ်မှကရင်ဒုက္ခသည်များခေါ်ယူမည့်
ဂျပန်နိုင်ငံသည်၎င်းတို့ခေါ်ယူမည့်ပထမဦးဆုံးဒုက္ခသည်များ
အား PILOT CASE ဟုခေါ်သည်၊၊တနှစ်ကိုအယောက် ၃၀ နှုန်းနှင့်
ု၃နှစ်ဆက်တိုက်ခေါ်ယူမည့်ဖြစ်သည့်ဂျပန်နိုင်ငံမှ
ကရင်ဒုက္ခသည်များအားခေါ်ယူပြီး ၆ လကြာဂျပန်စာသင်ကြားပေးမည့်အစီစဉ်တွင်အခက်အခဲမရှိစေရန်အတွက်စာသင်ကြားပေး
မည့်ဂျပန်ဆရာ၊ဆရာမများအား KAREN NATIONAL LEAGUE (JAPAN)၊
( K N L-JAPAN ) ၊ကရင်အမျိုးသားအဖွဲ့ချုပ်-ဂျပန်မှ ၂၄-၄-၂၀၁၀ နေ့မှစ၍
ကရင်စာပေများသင်ကြားပေးလျှက်ရှိသည်၊၊
ယခုပုံမှာK N L-JAPAN ၏ဒုဥက္ကဌဖြစ်သူစောဘလှသိန်း၏ဇနီး ဖြစ်သူနော်လေးဖေါမင်းမှ
စာသင်ကြားပေးနေပုံဖြစ်ပြီးယင်းဆရာမများသည် ၂၀၁၀ခုနှစ် ၇ လပိုင်းမှ
စ၍၂၀၁၀ခုနှစ် ၉ လပိုင်း အထိမယ်လကရင်ဒုက္ခသည်စခန်းများတွင်
ဂျပန်သို့လာမည့်ကရင်ဒုက္ခသည်များအားအနီးကပ်
သင်တန်းပို့ချပေးမည်ဖြစ်သည်၊၊
၂၀၁၀ခုနှစ်တွင်စတင်ခေါ်ယူမည့်ကရင်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များသည်
ဂျပန်နိုင်ငံတွင်စတင်အခြေချနေထိုင်ရန်အတွက်
၂၀၁၀ခုနှစ်အောက်တိုဘာတွင်စတင်ရောက်ရှိမည်ဖြစ်သည်၊၊











သတင်းပေးပို့သူ
စောခင်မောင်အေး