Thursday, August 25, 2011

အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း အင်အားပြင်း ငလျင် လှုပ်မှု ဖြစ်ပွါး

2011-08-24

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်မှာ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ပြင်းအား ငါး ဒသမ ကိုး ရစ်ချက်တာစကေး ရှိတဲ့ ငလျင် လှုပ်မှု တရပ် ဖြစ်ပွါးသွားခဲ့ပါတယ်။

RFA
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့တော်မှာ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ပြင်းအား ငါး ဒသမ ကိုး ရစ်ချက်တာစကေး ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ချိန်မှာ ရုံးအဆောက်အဦတွေပေါ်က ၀န်ထမ်းများကို လမ်းမပေါ်တွင် တွေ့ရပုံ။ ဓါတ်ပုံ - RFA
နှစ်ပေါင်းများစွာ အတွင်း ပထမဆုံးအကြိမ် ငလျင်လှုပ်တာ ဖြစ်ပြီး အသင့်အတန် ပြင်းထန်တဲ့အတွက် လူတွေ အတော်လေး ထိတ်လန့် တုန်လှုပ်ခဲ့ပါတယ်။
ငလျှင်လှုပ်ပြီးပြီးချင်း အာအက်ဖ်အေ အသံလွှင့်ဌာန နဲ့ သမတအိမ်တော် အပါအ၀င် ၀ါရှင်တန်မြို့ထဲရှိ အဆောက်အဦးတွေထဲ လူအားလုံးကို အပြင်ဘက် ချက်ချင်းထွက်ခွာဖို့ သက်ဆိုင်ရာက အသိပေး အကြောင်းကြားခဲ့ပါတယ်။
ငလျင်ဟာ ဗာဂျီးနီးယားပြည်နယ် အလယ်ပိုင်း Mineral မြို့လေးကို ဗဟိုပြုပြီး မြေအောက် လေးမိုင်အနက်ကနေ လှုပ်ခဲ့တာလို့ အမေရိကန် ပြည်ထောင်စု ငလျင်တာတိုင်းရေး ဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမြို့နဲ့ မိုင် ၂၀ အကွာမှာရှိနေတဲ့ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံကိုလည်း သက်ဆိုင်ရာက အရေးပေါ် ပိတ်ပစ်ခဲ့ပါတယ်။
ဝါရှင်တန် မြို့တော်မှာ ရှိတဲ့ ရေဂင် နိုင်ငံတကာ လေဆိပ်မှာလည်း လေယာဉ် ပျံသန်းမှုတွေကို ခေတ္တ ရပ်ဆိုင်းထားခဲ့ရ ပါတယ်။
ဗာဂျီးနီးယား ပြည်နယ်ကို ဗဟိုပြုပြီး လှုပ်သွားတဲ့ ငလျင်ဟာ ၀ါရှင်တန်ဒီစီ သာမက Philadelphia, New York နဲ့ အမေရိကန် သမ္မတ အပန်းဖြေ ရောက်ရှိနေတဲ့ Massachusetts ပြည်နယ်အထိလှုပ်ခဲ့တယ်လို့ သိရပါတယ်။
လွှတ်တော်တွင် ငြိမ်းချမ်းရေးကော်မတီ အပါအဝင် ကော်မတီများ ဖွဲ့စည်း
သြဂုတ်လ ၂၄ရက်။ (ကေအိုင်စီ)


သြဂုတ်လ ၂၂ရက်နေ့တွင် စတင် ကျင်းပခဲ့သည့် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ အပါအဝင် ကော်မတီများကို ဖွဲ့စည်းခဲ့သည်။

အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ အပါအဝင် ကော်မတီ (၈)ရပ်နှင့် ပြည်သူ့လွှတ် တော်တွင် ကော်မတီ ၁၈ရပ်ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီ၊ နိုင်ငံသားများ မူလ အခွင့်အရေးနှင့် ပြည်ပရောက် နိုင်ငံသားများဆိုင်ရာ ကော်မတီ၊ အမျိုးသားစီမံကိန်းနှင့် ငွေကြေးရေးဆိုင်ရာ ကော်မတီ၊ ပညာရေး ကျန်းမာ ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ ပြည်သူများ၏ တိုင်ကြားစာနှင့် အသနားခံလွှာ ကော်မတီ အပါအဝင် ကော်မတီ ၈ခု ဖွဲ့စည်းခဲ့သည်။

အမျိုးသားလွှတ်တော်တွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးစံထွန်းကို ဥက္ကဌအဖြစ် ရွေးချယ်ခဲ့ပြီး ပြည်သူ့လွှတ် တော်တွင် မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးသိန်းဇော်ကို ဥက္ကဌအဖြစ် ရွေးချယ်ထားကြောင်း မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြ ထားသည်။

သို့သော် သတင်းစာထဲတွင် ကော်မတီ ဥက္ကဌကိုသာ ဖော်ပြထားပြီး ကော်မတီ၏ ဖွဲ့စည်းပုံအသေးစိတ်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ရွေးချယ်ထားသည့် ကော်မတီဥက္ကဌများအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များ၊ ဝန်ကြီး ဟောင်းများ ပါဝင်နေသည့်အတွက် တချို့နိုင်ငံရေးပါတီများက တိုင်းရင်းသားပါတီမှ ကိုယ်စားလှယ်များလည်း ပါဝင်သင့် ကြောင်း ဝေဖန်နေသည်။

“ငြိမ်းချမ်းရေး ကော်မတီဆိုတော့ အဓိက ငြိမ်းချမ်းရေးကိစ္စ ဖြေရှင်းရမှာပေါ့။ ဒါမှ အကျိုးရှိမယ်လေ။ ဖွဲ့ပြီး ဘာမှ အကောင် အထည်မဖော်နိုင်ရင် အလကားပဲ။”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

ဥက္ကဌအဖြစ် ရွေးချယ်ခံထားရသည့် ဦးသိန်းဇော်သည် ဗိုလ်မှူးချုပ်ဟောင်းအဖြစ် ယခင် စစ်အစိုးရလက်ထက်က ဆက် သွယ်ရေးဝန်ကြီးဖြစ်ခဲ့ပြီး ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)မှ ရွေးကောက်တင် မြှောက်ခံရသူဖြစ်သလို ဦးစံထွန်းသည်လည်း ကြံ့ဖွံ့ပါတီမှ ရွေးကောက်တင်မြှောက်ခံရသူပင် ဖြစ်သည်။

အဆိုပါ ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် ၎င်းကိုယ်စားလှယ် ၃၈၉ ဦး၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နှင့် ကိုယ်စားလှယ် ၂၁၁ဦး တက်ရောက်ခဲ့ကြသည်။
ကျေးဇူးတင်ပါသည်.
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ်က ဧရာဝတီကို ယနေ့ ပြောသည်။


ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ရသည့် ဗိုလ်ချုပ်စောလားပွယ်နှင့် တပ်မှူးများ 
(ဓာတ်ပုံ - ဧရာဝတီ)
ကြာသပတေးနေ့က နေပြည်တော်မှ ကိုယ်စားလှယ် အဖွဲ့တခု ဘားအံမြို့ တောင်ကလေး ဆရာတော် ဦးပညာသာမိထံသို့ သွားရောက်ပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ပေးရန် ချည်းကပ်ခဲ့ကြောင်း၊ ဆရာတော်ကလည်း ကြားဝင် စေ့စပ်ပေးခဲ့ကြောင်း ဗိုလ်ချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေးက ရှင်းပြသည်။

"ဒီနည်းက အရင်က သူတို့လုပ်ခဲ့တဲ့ နည်းဟောင်းတွေပဲ။ သူတို့ သဘောထားမှန်မယ်ဆိုရင် တနိုင်ငံလုံး ငြိမ်းချမ်းရေး အစစ်အမှန်ကို သူတို့ လုပ်ရမှာဖြစ်တယ်။ ဒါကြောင့် (ဦး)သိန်းစိန် အဖွဲ့ရဲ့ ကမ်းလှမ်းမှုကို ကျနော်တို့ လုံးဝ ပယ်ချလိုက်တာဖြစ်တယ်" ဟု သူက ပြောသည်။


DKBA တပ်မဟာ ၅ က ယမန်နေ့က ကြေညာချက်ထုတ်ပြန်ရာတွင် ဦးသိန်းစိန်အစိုးရ တဖွဲ့တည်း သဘောနှင့် လုပ်ဆောင်ပါက  ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ကြောင်း ဖော်ပြထားပြီး အပစ်အခတ်ရပ်စဲရေးကို ကရင်ပြည်နယ်အတွက်သာမက တနိုင်ငံလုံး အတွက် တရားဝင် ကြေညာရန် တောင်းဆိုလိုက်သည်။

ထို့ပြင် တိုင်းရင်းသားဒေသတွင် တပ်စွဲထားသော စစ်တပ်များ ပြန်ရုတ်သိမ်းရန်၊ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးပြီး နိုင်ငံရေးတွင် ပါဝင်ခွင့်ပြုရန်၊ အစိုးရက NLD အပါအ၀င် နိုင်ငံရေးပါတီများနှင့်  ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေး ဆောင်ရွက်ရန် တို့ကိုလည်း တောင်းဆိုထားသည်။

DKBA သည် ၁၉၉၅ တွင် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။ DKBA တပ်တချို့သည် အစိုးရ၏စီစဉ်မှုဖြင့် မကြာသေးမီက နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းသွားသည်။

ဤအတောအတွင်း ကရင်နယ်ခြားစောင့်တပ်မှ တပ်မှူးကြီးများ နှင့် အစိုးရ စစ်တပ်အရာရှိများက DKBA တပ်ဖွဲ့ဝင်များကို သွေးခွဲ၊ စည်းရုံးနေသည်ဟု စောလားပွယ်က ဆိုသည်။

ယမန်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲကျင်းပနေစဉ် DKBA က မြ၀တီ၊ ဘုရားသုံးဆူ မြို့နယ်တို့ကို  ၀င်ရောက် တိုက်ခိုက်ခဲ့သည်။

ယခု DKBA နှင့် ညှိနှိုင်းရေးအတွက် အာဏာပိုင်တို့ ချည်းကပ်ခဲ့သည့် တောင်ကလေး ဆရာတော်သည် ကရင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည်။ ယခင်ကလည်း အာဏာပိုင်တို့က ကရင်ပြည်နယ်အတွင်း နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းမှုများအတွက် ဆရာတော်ကို ချည်းကပ်ခဲ့ကြသည်။

၂၀၁၀ ရွေးကောက်ပွဲ ကာလကလည်း  ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်တန်းခေါင်းဆောင်များဖြစ်သော ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း၊ သာသနာရေးဝန်ကြီး သူရ ဦးမြင့်မောင်တို့သည် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရရှိရေးအတွက် တောင်ကလေး ဆရာတော်ထံ ချည်းကပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေါ်စုနှင့် ဦးသိန်းစိန် တွေ့ဆုံမှု ရလဒ်ကောင်းထွက်ရန်နည်းဟု လက်နက်ကိုင်အဖွဲ့များပြော
သြဂုတ်လ ၂၂ရက်။ စောခါးစူး (ကေအိုင်စီ)

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့၏ ပထမဆုံး အကြိမ် တွေ့ဆုံမှုမှ ရလာဒ် ကောင်းထွက်ရန် နည်းသည်ဟု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ယနေ့ ပြောကြားလိုက်သည်။

သြဂုတ်လ ၁၉ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော်၌ သမ္မတ ဦးသိန်းစိန်နှင့်  ဒေါ်အောင် ဆန်းစုကြည်တွေ့ဆုံပွဲသည် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်း၏ ခြေလှမ်းအစဖြစ်သည်ဟု NLD ဘက်မှ ထုတ်ဖော်ခဲ့ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုသို့  ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အစိုးရက ဒေါ်စုကို စေတနာအမှန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံရေးအရ အဖြေရှာ ဖို့ တွေ့တယ် ဆိုတဲ့အပေါ် သံသယ အများကြီး ရှိတယ်။ ဟိုးအရင်ကလည်း တွေ့ဆုံခဲ့တာရှိတယ်။ တန်းတူညီတူ အနေအထားနဲ့ တွေ့ခဲ့တာ မဟုတ်ဘူး။”ဟု ကရင်နီအ မျိုးသားတိုးတက်ရေးပါတီ-KNPP ၏ အတွင်းရေးမှူးချုပ် ခူးဦးရယ်က ပြောသည်။

ဦးသိန်းစိန် အစိုးရအနေဖြင့် ဒေါ်စုနှင့် တွေ့ဆုံခြင်းသည် ၎င်းတို့အစိုးရအဖွဲ့နိုင်ငံရေးအကြပ်အတည်းမှ ထွက်ပေါက်ရရှိအောင် ပြုလုပ်ခြင်းသာဖြစ်သည်ဟု သူက ထောက်ပြသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တွဲဘက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “တွေ့ဆုံမှုရလဒ်ကို မထုတ်ပြန်ဘူး။ ဆိုလို့ရှိရင် ဘာမှ ခန့်မှန်းပြောလို့ မရပါဘူး။”ဟု သူက ကေအိုင်စီကို ပြောသည်။

ယခင် န၀တ၊ နအဖ စစ်အစိုးရလက်ထက်ကလည်း KNU သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုများ အကြိမ်ကြိမ် ရှိခဲ့သော်လည်း နိုင်ငံရေး တိုးတက်ပြောင်းလဲမှုများ မရှိကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း-(SSA-N) မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက တိုင်းရင်းသားဒေသများ တွင် လက်နက်ကိုင် တိုက်ပွဲများ ယခုအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့်အတွက် အစိုးရအနေဖြင့် ငြိမ်းချမ်းသည့်နည်းဖြင့် ဖြေရှင်းချင် သည့်သဘောမျိုး မတွေ့ရသေးကြောင်း ပြောသည်။

“ဒေါ်စုနဲ့ ဦးသိန်းစိန် ထပ်တွေ့ရင် နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ ကိစ္စ၊ အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း ချုပ်မထားဘဲနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေချင်တယ်။”ဟု ဗိုလ်မှူးစောလှငွေ က ပြောသည်။
သြဂုတ်လ ၁၇ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် စီးပွားရေး၊ လူမှုရေးအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် သမ္မတ ဦးသိန်းစိန်က ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်ရှိ အစိုးရကို ဆန့်ကျင်နေသည့် မည်သည့် လက်နက်ကိုင်အဖွဲ့မဆို ငြိမ်းချမ်းရေး ရယူလိုသည့် ဆန္ဒရှိပါက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေးနိုင်ကြောင်း ပြောသွားခဲ့သည်။

သို့သော် ပြည်ထောင်စု အစိုးရအဖွဲ့အနေဖြင့် ဒို့တာဝန်အရေး ၃ပါး အဓိကထားကာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင် ရွက်သွားမည်ဟု ပါရှိသည်။ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက် လုပ် ဆောင်သွား ရန်ရှိသော်လည်း နောက်တကြိမ် တွေ့ဆုံဆွေးနွေးမည့်ရက်ကိုမူ အစိုးရဘက်မှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပေ။

ကျန်းမာရေးအတွက် ဘတ်ဂျက်ငွေနည်း

တနိုင်ငံလုံးလိုအပ်ချက်ရဲ့ တဝက်တောင် ဘတ်ဂျက် မရဘူးလို့ ဝန်ကြီးက ပြောကြားခဲ့

ကျန်းမာရေး စောင့်ရှောက်ဖို့ လိုအပ်ချက် တွေကို အမျိုးသားလွှတ်တော် အစည်း အဝေးမှာ မေးခွန်းမေးတာ၊ အဆိုတင် တာတွေကို လုပ်ခဲ့ပေမယ့် ဘတ်ဂျက်ငွေ အရနည်းတဲ့ အတွက် လိုအပ်သလောက် မလုပ်ပေးနိုင်ဘူးလို့ ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ ပါတယ်။

ကျန်မာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်က ကျန်းမားရေးကဏ္ဍတွေမှာ တနိုင်ငံလုံးအတွက် ကျပ်ငွေ သန်း ၈၀၀၀ လောက် လိုအပ်နေ ပေမယ့်လို့ ကျပ် သန်း ၃၅၀၀ လောက်ပဲ ရတယ်လို့ ပြောကြားသွားခဲ့ကြောင်း အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ဘီဘီစီကို ရှင်းပြပါတယ်။

ဆေးရုံဆေးခန်းတွေမှာ ဆေးဝါးမပြည့်စုံတာတွေ ဖြစ်နေရတာ မှန်တယ်ဆိုတဲ့ အကြောင်း လည်း ဝန်ကြီးက ပြောသွားတယ်လို့ ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

အစိုးရ ကျန်းမာရေးဌာနတွေမှာ အများပြည်သူအတွက် ကျန်းမာရေး စောင့်ရှောင့်မှု အားနည်းတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်အမတ် ဦးယုတင် အင်္ဂါနေ့က မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခက်အခဲရှိတာကို ကျန်းမာရေးဝန်ကြီးက အရှိကို အရှိတိုင်း ပြောကြားခဲ့ပေမယ့် ဗုဒ္ဓဟူးနေ့ထုတ် သတင်းစာ မှာတော့ ဒီအကြောင်းတွေကို မဖေါ်ပြပါဘူး။

ဒုတိယကျန်မာရေးဝန်ကြီးဟောင်း ဒေါက်တာမြဦးကလည်း ကျန်မာရေးအတွက် ပိုမိုရင်းနှီး မြှုပ်နှံဖို့ လိုအပ်ကြောင်း အမျိုးသားလွှတ်တော်မှာ ဗုဒ္ဓဟူးနေ့ အဆိုတင်သွင်းတာကို လွှတ်တော်က လက်ခံတဲ့အတွက် ဆက်လက်ဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်နေတုန်းပဲ လို့ အမျိုးသားလွှတ်တော် အမတ်တွေက ပြောပါတယ်။

Monday, August 22, 2011

နပိုလီယံအောင်ဇော် သို့မဟုတ် ဆင်နားရွက်ကြားကမွှား

ဒီနေ့ခေတ် ဗမာတွေကြားမှာ ကိုယ်ကျင့်တရားနဲ့ ပတ်သက်တဲ့ ဝေါ ဟာရအတော်များများ တိမ်မြုပ်ပျောက်ကွယ်နေတာ ကို တွေ့ရတယ်။ အထူးသဖြင့် လူမျိုးခြားတွေ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကြားက ပြည် ပဗမာတွေကြားမှာ အဆိုးဆုံးပဲ။ “အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး၊ အရှက်နဲ့ လူလုပ်တာ” “ရှာပေါ်မြက်ပေါက်ပါစေ၊ မဟုတ်တာလုပ်ပြီး အသက်မမွှေး ဘူး” “ရွာလွန် ရွက်မတိုက်ကောင်းဘူး” “သူ့စိတ်နဲ့ ကိုယ့်ဘဝ သေတာက မြတ်လှတယ်” “သူ့မယား ကိုယ့်နှမ စိတ်ထား တတ်မှ လူပီသတယ်” “လူမိုက်တသောင်း ကဲ့ရဲ့ရှောင်း လူကောင်း တယောက် ချီးမွမ်းပျောက်၏” “လိပ်ပြာ (အရှက်) မရှိမှတော့ သေတာ က ပိုလှတယ်” စသည်ဖြင့် စကားလုံး တော်တော်များများ တိမ်မြုပ်နေ တယ်။ စာရိတ္တ ချွတ်ချုံကျနေ တဲ့ လူ့အဖွဲ့အစည်းရဲ့ ပြယုဂ်တခု ဖြစ် တယ်။ ဒီလို လူ့အဖွဲ့အစည်းကို ပြုပြင်မယ်ဆိုတဲ့ လူတွေကြားမှာ ဒီ ကိုယ်ကျင့်တရား ဆိုင်ရာ ဝေါဟာရတွေ၊ ဆိုရိုးစကားတွေ တိမ်မြုပ်နေ တာကတော့ ပိုပြီး စိုးရိမ်စရာ အန္တရာယ်ဖြစ်ပါတယ်။
မိတ်ဆွေတယောက် ပေးပို့လာတဲ့ ဧရာဝတီအွန်လိုင်း သတင်းအုပ်စုရဲ့ ရှစ်လေးလုံး အထိမ်းအမှတ် အယ်ဒီတာ့ အာဘော်ကို ဖတ်ကြည့် မိတော့မှ မကြားရတာ ကြားပြီဖြစ်တဲ့ “ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်” ဆိုတဲ့ စကားကို ပြန်အမှတ် ရမိတော့တယ်။ ဒီအာဘော်ကြောင့် လမ်းကြိတ်စက်နဲ့ အပ်ချည်လုံးအဆွေးကို တွဲရောင်းသလိုမျိုး ရောင်းမစွံတဲ့ ကုန် ဆွေးကုန်ပုပ်တွေကို ရှားပါးပစ္စည်းနဲ့ တွဲရောင်းတတ်တဲ့ မဆလခေတ်ရဲ့ အတုအယောင် သမဝါယမစနစ်ကိုလည်း သတိရမိတယ်။
ဧရာဝတီ အယ်ဒီတာကြီးရဲ့ အရှက်နတ္ထိ မျောက်ေ*ာက်စိ အယ်ဒီတာ့အာဘော်မှာ ရှစ်လေးလုံး မျှော်မှန်းချက်တွေ အ ရောင်မှိန်မသွားတာ ပြည်တွင်းက ဒေါ်စု၊ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင်တွေနဲ့ နယ်ခြားက ကာယကံရှင် ဧရာ ဝတီအပါအဝင် ထိုထိုဤဤသော ပုဂ္ဂိုလ်များရဲ့ ယုံကြည်ချက် စေတနာကြောင့်လို့ ဆိုတယ်။ နယ်ခြားက လုပ်စား ကုန် ဆွေးကုန်ပုပ်တွေကို ပြည်တွင်းက ရှားပါးပစ္စည်းတွေနဲ့ တွဲထုတ်တာပဲ။ ခက်ပါဘိတော့။ အမှောင်ကျက်စား သူခိုးများက နေ့ခင်းကြောင်တောင် လမ်းသလား ဟန်ရေးပြနေလိုက်ပုံများ။ အနူလက်နဲ့ ရွှေခွက်နှိုက်တယ်ဆိုတာ ဒါပဲ။
တောထဲတောင်ထဲမှာ ဆန်ပါလေကာ အသီးအရွက်ပြုတ်ကို ငါးပိခါးနဲ့ မျှောချပြီး အသက်ဆက် တိုက်ပွဲဝင်နေသူတွေ၊ မိစ္ဆာစစ်အုပ်စုရဲ့ ငရဲခန်းတွေမှာ တိုက်ပွဲဝင်နေသူတွေ၊ နိုင်ငံတကာက ကျွန်လိုလုပ်မှ ရလာတဲ့ ကိုယ့်ချွေးနှီးစာနဲ့ တိုက်ပွဲ ဆက်နေသူတွေကိုမှ အားမနာ အင်ဂျီအိုငွေနဲ့ သူဋ္ဌေးလိုလို ခွေးလိုလို တော်လှန်ရေး ဗြူရိုကရက်ဆိုးတွေက ပြောရက် လိုက်တာ။ သားသမီးမကောင်း မိဘခေါင်းဆိုသလို သူ့မိဘ ဆရာသမားတွေက ဟိရိသြတ္တပ္ပတရား ရှက်တတ်ကြောက် တတ်ဖို့ သွန်သင် ဆုံးမလိုက်ဟန် မတူဘူး။
အရေးတော်ပုံမှာ ပါခဲ့ကြတဲ့ ၈၈ အမျိုးဆက်တွေကို လေ့လာကြည့်ရင် အများစုက ဘဝပျက်သွားကြတဲ့ သူတွေချည်းပဲ။ လူတချို့သာလျှင် ပုံမှန်လူနေမှုဘဝကို ပြန်ပြီး ထူထောင်နိုင်ကြတယ်။ တချို့ တောထဲတောင်ထဲမှာ ဘဝဆုံးသွားကြ တယ်။ တချို့ အကျဉ်းထောင်တွေထဲမှာ အမှောင်ဘဝကို ဖြတ်သန်းနေရတယ်။ တတိယနိုင်ငံတွေမှာ အခြေချခွင့်ရတဲ့သူ အများစုကလည်း အသက်သုံးဆယ်ကျော် လေးဆယ်ကျခါမှ ဘဝကို ခက်ခက်ခဲခဲ ပြန်လည်တည်ဆောက်နေကြရတယ်။ အဲဒီထဲမှာ လက်တဆုပ်စာကတော့ အင်ဂျီအိုလိုလို သတင်းသမားလိုလို လူတတ်လိုလိုနဲ့ တည်ငြိမ်တဲ့ဘဝ ပြည့်စုံတဲ့ဘဝ ကို တည်ဆောက်နိုင်ကြတယ်။ ဒီလက်တဆုပ်စာ တော်လှန်ရေးရေပေါ်ဆီတွေဟာ  သူ့ဘဝ သူ့ဝင်ငွေကို အလေးပေး စဉ်းစားပြီး ကြားနေသလိုလို လုပ်လိုက်၊ နိုင်ငံရေး တော်လှန်ရေးသမားလိုလို လုပ်လိုက်နဲ့ ကျန်တဲ့ ရုန်းကန်နေရတဲ့ အ များစုကို တခါခါ ဆရာလုပ် စော်ကားတတ် သေးတယ်။
အာဘော်ထဲက ရည်ညွန်းတဲ့ ထိုထိုဤဤ ပုဂ္ဂိုလ်ကျော်ကြီးများ အကြောင်းကလည်း ပြောမဆုံးပေါင် တောသုံးတောင် များလှပါတယ်။ ရှည်မှာစိုးလို့ ဒီမှာမပြောတော့ပါဘူး။ အောက်ခြေဝန်ထမ်း သတင်းသမားတွေကိုတော့ အားနာပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်တဲ့ မသူတော် အောင်ဇော်ရဲ့ ဧရာဝတီအကြောင်းတော့ ပြောရဦးမယ်။ ကိုယ့်အနာဂါတ်ကို ပေါင်စား နေသူတွေအကြောင်း ပြောရတာက ပျင်းစရာတော့ ကောင်းလှတယ်။ ဒါပေမယ့် ကိုယ့်အနေအထားကိုယ် မသိတဲ့ ကပ် ပါးက အရှင်သခင်မစလို့ ရထားတဲ့ သတင်းမီဒီယာလက်နက်ကို အလွဲသုံးပြီး အဖြစ်မှန်တရားကို စော်ကားတာကို မခံ နိုင်လို့ ထုတ်ပြောရတာ ဖြစ်တယ်။
သိတဲ့အတိုင်း မှက်၊ မွှား၊ ခြင်၊ ယင်၊ ဂျပ်၊ သန်း၊ အလှေးစတဲ့ ပိုးကောင်တွေဟာ လူသူကျွဲနွားတွေရဲ့ ကိုယ်ခန္ဓာကို အိမ် လုပ်နေတဲ့ ကပ်ပါးကောင်တွေ ဖြစ်တယ်။ သူတို့မှီခိုရာ သတ္တဝါတွေရဲ့ အသွေးအသားကို အာဟာရပြု အသက်ရှင်ကြ တယ်။ ကပ်ပါးထူတဲ့ သတ္တဝါဆိုတာ ပိန်ခြုံးကျုံလှီ အစဉ်မမီ နလံမထူနိုင်ဘူး။ ပိုဆိုးလာရင် အနာရောဂါဖြစ်ပွားပြီး အ သက်တောင် ဆုံးရှုံးတတ်တယ်။
တခါတုံးက ဆင်ကြီးတစီး တံတားတစင်းပေါ်က ဖြတ်လျှောက်သွားတယ်။ ဆင်ကြီးရဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် တံ တားက မခံနိုင်ဘဲ လှုပ်ခါယမ်းသွားတယ်။ ဒီလိုနဲ့ တဖက်ကမ်းရောက်တော့ ဆင်ကြီးဟာ သေးကြောင် စူးရှတဲ့ အသံ လေး တသံ ကြားလိုက်တယ်။ အာရုံစိုက် နားထောင်ကြည့်လိုက်တော့မှ သူ့နားထဲက အသံဖြစ်နေတယ်။ သူ့နားထဲမှာ ခိုကပ်နေတဲ့ ကပ်ပါး မွှားတကောင်က “အဆွေဆင်ကြီး ခင်ဗျားနဲ့ ကျုပ် ဖြတ်သွားလိုက်တာ တံတားကြီးကို လှုပ်ခါ ယမ်း သွားတာပဲ” လို့ ပြောလိုက်တယ်။ ဒီတော့ ဆင်ကြီးက မင်းငါ့နားထဲမှာ ရှိနေတာ ငါသိတောင် မသိပါဘူးလို့ ပြန်ပြောလိုက် သတဲ့။
ဧရာဝတီအုပ်စုလို အရှင်မွေးနေ့ချင်းကြီး အင်ဂျီအိုတန်းခိုးနဲ့ တွင်ကျယ်နေတဲ့ သတင်းဌာနတွေ ကိုယ့်ငွေကိုယ်စိုက် လုပ် နေကြတဲ့ တကယ်လွတ်လပ်တဲ့ အွန်လိုင်းသတင်းအုပ်စုလေးတွေ ဘလော့ဂါလေးတွေလောက်တောင် လူထုအပေါ်မှာ၊ အရေးတော်ပုံအပေါ်မှာ မှန်မှန်ကန်ကန် သတင်းပေးခဲ့ကြရဲ့လား။ အလုပ်အကြွေး ပြုခဲ့ကြရဲ့လား။ ကိုယ့်ကိုယ်ကို ဆန်း စစ်ကြည့်ကြပါ။ အင်အယ်ဒီနဲ့ ပြည်တွင်းက ခေါင်းဆောင်တွေကို အတုအယောင်ရွေးကောက်ပွဲနဲ့ နိုင်ငံရေး ချောင်ပိတ် ဖမ်းဖို့ ရန်သူစစ်အုပ်စုက ကြိုးပမ်းခဲ့ချိန်က အနှီသော သတင်းဌာနကြီးတွေ ဘယ်လိုရပ်တည်ချက်နဲ့ ဘယ်လို သတင်းအ ချက်အလက်တွေကို ပေးခဲ့ကြသလဲ။ ငွေပေးတဲ့သူ သို့မဟုတ် လခပေးတဲ့ အလုပ်ရှင်အကြိုက် ရွေးကောက်ပွဲသည်သာ ပကတိအရှိတရား လုပ်နိုင်တာလုပ်မှ နိုင်ငံရေးဆိုတဲ့ ရွေးကောက်ပွဲ အလံရှူးအလုပ်တွေပဲ လုပ်ခဲ့ကြတာ မဟုတ်လား။ သိပ်မသေခြာရင် ကိုယ့်သတင်းဌာနတွေရဲ့ မှတ်တမ်းတွေမှာ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံတဲ့အသံနဲ့ ကန့်ကွက်တဲ့အသံ ဘယ်ဒင်းက ပိုများသလဲ နှိုင်းယှဉ် သတ္ထုချကြည့်ပါ။
နောက်ပြည်သူတွေ သိန်းချီသေကျေပျက်စီးပြီး သိန်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဘေးဒဏ်နဲ့ ပတ်သက်ရင် ပြည်ပသတင်းဌာနတွေအားလုံး တာဝန်ပျက်ကွက်ခဲ့တယ်။ စစ်မိစ္ဆာတွေက သတင်းမှန် မပေးတဲ့အပြင် တနာရီကိုမိုင် လေးငါးဆယ်ပဲ လေတိုက်မှာပါလို့ လိမ်ခဲ့တယ်။ ပြည်ပသတင်းဌာနတွေ ကတော့ ပြည်သူလူထုကို လုံလုံလောက် လောက် သတင်းမပေးခဲ့ကြဘူး။ အရေးပေါ် နှိုးဆော်သတိပေးခဲ့တာမျိုး မလုပ်ခဲ့ကြဘူး။ ဒီမုန်တိုင်းကြီး ဖြစ်နေတဲ့အ ကြောင်း မြစ်ဝကျွန်းပေါ်ဘက်ကို ဦးတည်နေတဲ့အကြောင်းကို အရှေ့တောင်အာရှနဲ့ အိန္ဒိယ မိုးလေဝသဌာနတွေက လေးဆယ့်ရှစ်နာရီထက်မနဲ ကြိုတင်ပြီး သတင်းပေးနေခဲ့တယ်။ ဒါကို လွတ်လပ်တယ်ဆိုတဲ့ ပြည်ပသတင်းဌာနတွေက ဘာကြောင့် ကြိုတင်သတင်းမပေးနိုင်ခဲ့တာလဲ။ အရာရာကို တီးမိခေါက်မိရှိရတဲ့ သတင်းသမား အယ်ဒီတာတွေလုပ်ပြီး ဒီမိုးလေဝသဌာနတွေရဲ့ သတိပေးချက်ကို ဘယ်လောက် အရေးပါ၊ ဘယ်လောက် အကျိုးသက်ရောက်မှု ရှိတယ်ဆို တာကိုတောင် မခန့်မှန်းတတ်ကြဘူးလား။ သတင်းဌာနနဲ့ သတင်းသမားဆိုတာ အမှိုက်ပုံက ခွေးချီးပုံလို များမှများ။ ဒီကြားကပဲ ပြည်သူလူထုခင်ဗျာ ဒီသဘာဝဘေးဆိုးကြီးကို ဘာအကာအကွယ်မှ မရှိဘဲ ရင်ဆိုင်လိုက်ကြရတယ်။
(အရှင်သခင်အကြိုက်) သတင်းတွေကို တင်ချင် တင်တယ်။ မတင်ချင် မတင်နဲ့ သတင်းသမားဆိုတာ ဘက်မလိုက်ရဘူး လေး ဘာလေးနဲ့ အသံကောင်းက ဟစ်လိုက်ကြပြန်သေးတယ်။ ဆန်းတော့ မဆန်းဘူး။ အဲဒီ့ သတင်းဌာန ဆိုတာကြီး တွေမှာ ကြီးစိုးနေသူ အများစုက လက်သင့်ရာ ကြုံသလို ဆွဲခန့်ထားတာကိုး။ အရည်အချင်းထက် လက်သင့်ရာ စား တော်ခေါ်တာဆိုတော့ ဘာသာစကား၊ စာပေနဲ့ နှီးနွယ်တဲ့ လုပ်ငန်းမှာ လုပ်နေသော်လည်း အများစုဟာ ဝါကျ ဝဂ်နင်း မနိုင်၊ ဂရု လဟုမကွဲ၊ ဃောသ အဃောသ မသိတဲ့လူတွေက အများကြီး။ အ ဂတိကို အဂဒိလို့ ဖတ်တဲ့သူကဖတ် ပဲစင်းငုံ နွယ်ပင်လေးလို့ ပြောတဲ့သူပြော တကယ်ကို နားကလောစရာပါ။ လူတကာသိတဲ့ ပဲစင်းငုံကို ပင်စောက်လား နွယ်ပင်လား မကွဲပေမယ့် ပူစရာမလိုဘူး။ အရှင်ရွေးကောက် မြှောက်စားတော့ ထိုပုဂ္ဂိုလ်ကြီးဟာ အခုတော့ ရေဒီယို သတင်းဌာနကြီး တခုရဲ့ ဌာနမှူး ဖြစ်နေတယ်။ ယုံချင်ယုံ မယုံချင်နေ။
မီဒီယာတွေအကြောင်း သိတာမြင်တာတွေ လျှောက်ပြောရရင် မဆုံးနိုင်သလို ရိုးသားကြိုးစား ကြိုးပမ်းနေကြတဲ့ အခြား သတင်းသမားတွေအတွက် စိတ်ပျက်အားလျှော့စရာဖြစ်ပြီး ဆန့်ကျင်ဘက် အကျိုးဆက်တွေ ဖြစ်ကုန်မှာမို့ ဒီလောက်နဲ့ပဲ တော်ပါပြီ။
တကယ်တော့ ဒီကပ်ပါး အင်ဂျီအိုလိုလို သတင်းဌာနတွေလိုလိုတွေဟာ လူထုအရေးတော်ပုံကြီးကြောင့် ပေါ်လာရတာ ဖြစ်တယ်။ သို့မဟုတ် အရေးတော်ပုံကြီးရဲ့ အခက်အလက်အနေနဲ့ ပါလာတာဖြစ်တယ်။ အရိုးကို အရွက်ဖုံးဆိုသလို ပြင် ပတော်လှန်ရေးမှာ အင်ဂျီအိုပယောဂကြောင့် အခက်အလက်တွေက ကြီးထွားသွားပြီး တော်လှန်ရေးပင်စည်ဟာ ဝန်ပိ ချိနဲ့သွားရတယ်။ အရေးတော်ပုံရဲ့ ပင်မနိုင်ငံရေး ပင်စည်သဖွယ် တော်လှန်ရေးအဖွဲ့အစည်းတွေ ကြုံလှီပြီး မလှုပ်နိုင်မ ရှားနိုင် ဖြစ်သွားခဲ့ရတယ်။ ကပ်ပါးထူတဲ့ သတ္တဝါလို ဖြစ်သွားရတာ ဖြစ်တယ်။ ဒီနေ့ ဗမာပြည် စစ်အာဏာရှင်စနစ် ချေမှုန်း ရေး လူထုအရေးတော်ပုံရဲ့တောင်းဆိုချက် သို့မဟုတ် အဓိကလိုအပ်ချက် ဖြစ်ပြီး လမ်းကြောင်းမှန်လည်းဖြစ်တဲ့ လက် နက်ကိုင်လမ်းစဉ်ရဲ့ပြယုဂ် အေဘီအက်ဒီအက်ရဲ့ အခန်းကဏ္ဍ မှေးမှိန်ကြုံလှီသွားတာဟာ ဒီအင်ဂျီအိုတွေနဲ့ သူတို့မွေး ကျွေးထားတဲ့ ကပ်ပါးတွေကြောင့်ပဲဖြစ်တယ်။
ကိုးဆယ့်ခြောက်နောက်ပိုင်း လူငယ်တွေ အထူးသဖြင့် အပြင်ထွက်လာတဲ့သူတွ အများစုဟာ တကယ့်အလုပ်တွေဖြစ်တဲ့ ပြည်တွင်း စည်းရုံးရေး၊ လူထုစည်းရုံးရေးတွေ လက်နက်ကိုင်လမ်းစဉ်တွေထက် ဆူလွယ်နပ်လွယ် နံမည်လည်းရတဲ့ သတင်းမီဒီယာတို့ တောင်မရောက် မြောက်မရောက် အင်ဂျီအိုလုပ်ငန်းတွေကို ပိုပြီး စိတ်ဝင်စားကြ စုံပြုံတိုးနေကြတယ်။ ဒီလို ကပ်ပါးတွေက သူတို့ကြောင့် ရှစ်လေးလုံး မျှော်မှန်းချက်တွေ ရှင်သန်နေရတယ်ဆိုတော့ ရယ်လိုက်ရတာ ဖတ်ဖတ် မော၊ ရင်ဘတ်နောက်က ကျောဆိုတာနဲ့တောင် မပြည့်စုံနိုင်သေးဘူး။ မပြုံးဘဲနဲ့ ဝါးလုံးကွဲ ရယ်ရမယ့် အဖြစ်ပဲ။ ကိုယ့် ကိုယ့်ကို မှန်ထဲမှာကြည့်ပြီး တနေ့တခါလောက် ပြောကြည့်ကြစမ်းပါ။
မှတ်ထား။ စွန့်လွှတ်စွန့်စားတဲ့ အညတြသူရဲကောင်းတွေ မရှိဘဲ တော်လှန်ရေးဆိုတာ မရှိဘူး။ ရှင်လည်း မရှင်သန်နိုင် ဘူး။ လူထုအရေးတော်ပုံ တရပ်မှာ ပုဂ္ဂိုလ်တဦးတယောက် လူသိထင်ရှား ကျော်ကြားတယ်ဆိုတာ အခြေအနေနဲ့ အခွင့် အခါ ကြုံကြိုက်မှုသာဖြစ်တယ်။ ဒီလိုကျော်ကြားတဲ့အတွက် သူဟာ တခြားအရေးတော်ပုံတပ်သားတွေထက် ခေါင်းတ လုံး ပိုမြင့်နေတယ်လို့ မှတ်လို့ မရဘူး။ ကျော်ကြားထင်ရှားရင်လည်း စွန့်လွှတ်စွန့်စားရဲပြီး ခိုင်မာတဲ့ ပိုင်းဖြတ်ချက်ရှိမှ အ များရဲ့ ယုံကြည်ကိုးစားမှုကို ခံရတယ်။ ခေါင်းဆောင်အဖြစ်မှာ တည်တံ့တယ်။ ပယောဂနည်းနဲ့ လုပ်ယူတဲ့ ကျော်ကြား မှုတို့၊ ခေါင်းဆောင်မှုတို့ဆိုတာ ရေရှည်မခံဘူး။ နိုင်ငံရေး လှိုင်းတချက် ပုတ်တာနဲ့ ခွေးကျဝက်ကျ ကျတတ်တယ်။ ဒီတော့ ရှစ်လေးလုံးအရေးတော်ပုံ မျှော်လင့်ချက်တွေ ဆက်လက်ရှင်နေတယ်ဆိုတာ တောတောင်တွေထဲ၊ အကျဉ်းထောင်ထွေ ထဲနဲ့ ပြည်တွင်းက ရန်သူ့ ဖိနှိပ်မှုအောက်က ထောင်သောင်းချီတဲ့ အညတြသူရဲကောင်းတွေကြောင့်ပဲ ဖြစ်တယ်။ ပြီးတော့ အာဏာရှင်စနစ်ကို ခါးသီးစက်ဆုပ်နေတဲ့ လူထုသဘောဆန္ဒအရလည်း ဖြစ်တယ်။
လူထုရဲ့ ဘဝဟာ ရှစ်ဆယ့်ရှစ်မတိုင်မီ ကာလထက် ပိုပြီးဆင်းရဲ့မှုတွေ၊ ပိုပြီးဆိုးရွာတဲ့ဖိနှိပ်မှုတွေတွေကို ခံစားနေရတယ်။ ဒီဖိနှိပ်မှုတွေကြောင့် လူထုဟာ စစ်အုပ်စုအပေါ် ပိုပြီး ခါးသီး နာကြည်းနေတယ်။ တော်လှန်ဆန္ဒ ပြင်းသထက် ပြင်းထန် လာနေတယ်။ ဒီအချက်ကြောင့် ရှစ်ဆယ့်ရှစ်ရဲ့ မျှော်လင့်ချက်တွေဟာ ရှင်သန်နိုးကြားနေတာ ဖြစ်တယ်။ ဒီအချက်ကို မသိဘဲ အယ်ဒီတာကြီးက ရှေ့မျိုးဆက် တော်လှန်ရေးသမားကြီးတွေကို စော်ကားလိုက်သေးတယ်။ ပါတီအကျိုး ပုဂ္ဂိုလ် အကျိုးကိုကြည့်လို့ မှုံဝါးသွားရသတဲ့။ ကိုယ်ကိုယ်တိုင်က အဝတ်တထည် ကိုယ်တခုနဲ့ အိမ်ကထွက်လာပြီး နယ်စပ် ရောက်မှ ဝင်ငွေမရှိဘဲ သိန်းသန်းချီ ချမ်းသာနေသူက အရှက်မရှိ စော်ကားလိုက်တာ ဖြစ်တယ်။
ကမ္ဘာ့နိုင်ငံရေးဟာ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ရှေ့ပိုင်းနဲ့ နောက်ပိုင်းကာလ အခြေအနေ အချိန်အခါနဲ့ နိုင်ငံရေးချိန်ခွင် လျှာတွေ မတူညီတော့ဘူး။ ဒီနေ့ အောင်ဇော်တို့လို တတ်ယောင်ကားတွေကို မွှေးကျွေးပွဲထုတ်ပေးနေတဲ့ အင်ဂျီအိုတွေနဲ့ သူတို့နောက်ကွယ်က အရိပ်ကစားသမားတွေ (Shadow Player) က တချိန်ကဆို ကွန်မြူနစ်ဝါဒပြန့်ပွားမှု ဟန့်တားရေး ဒိုမီနီသီဝရီအရ ဝဲစားကြီး ဗိုလ်နေဝင်းရဲ့ စစ်အာဏာရှင် အဆောက်အအုံ အခြေကျအောင် အားပေးထောက်ခံခဲ့တယ်။ ကွန်မြူနစ်တွေကို ရင်ဆိုင်ရာမှာ ပြင်သစ်တွေ ရှုံးသွားလို့ အမေရိကန်ကိုယ်တိုင် ဗီယက်နမ်မှာ စစ်တိုက်နေရတယ်။ ကွန် မြူနစ် မဟုတ်ပေမယ့် ဦးနုဟာ ကွန်မြူနစ်ကို တိုက်ရာမှာ ဗိုလ်နေဝင်းလောက် မစွမ်းဘူး၊ အားမကိုးလောက်ဘူးလို့ ယူ ဆခဲ့ကြတာ ဖြစ်တယ်။ ခေတ်အဆက်ဆက်က ဆန္ဒပြကျောင်းသား အလုပ်သမားတွေ၊ တောတွင်းက လူမျိုးစု လက်နက် ကိုင်နဲ့ ပြည်သူတွေကို သတ်ဖြတ်ချေမှုန်းရာမှာ စစ်အုပ်စု သုံးခဲ့တဲ့ အဓိကလက်နက် ဂျီသရီး ဂျီဖိုးတွေဆိုတဲ့ သေနတ် တွေနဲ့ စက်ရုံတွေကို ဘယ်သူတွေက ဗိုလ်နေဝင်းကို ထောက်ပံ့ခဲ့တာလဲ လေ့လာပါဦး။ ဒီအချက်တွေလောက်မှ မသိဘဲ အယ်ဒီတာလုပ် ရှေ့မျိုးဆက်တော်လှန်ရေးသမားတွေကို စော်ကား ကိုယ်ရည်သွေး ကောက်ချက်တွေချနဲ့ တကယ့်ကို အရူးချီးပန်း ဗရန်းဗတာ အယ်ဒီဗလချာပဲ။ ဒီလိုလူက လူထု အသိပညာပေးရေး လုပ်ငန်းတခုရဲ့ အကြီးအချုပ်ဖြစ်နေ တော့ ဗမာပြည် အနာဂါတ်ကတော့ ဘုရားသာတပေတော့လို့ ပြောရမယ်။
အောင်ဇော်တို့လို သူ့အာဘော်ပါ ပုဂ္ဂိုလ်များလို တောင်မရောက် မြောက်မရောက် အဖွဲ့ထောင်ပြီး အင်ဂျီအို အရှင်သခင် ရှာစားတဲ့ အလုပ်တွေကြောင့် တော်လှန်ရေးကြီး ရှိနေတာ မဟုတ်ဘူး။ တော်လှန်ရေးကြီး ရှိနေလို့ ဒီလို ရှာစားခွင့် ရနေ ကြတာဖြစ်တယ်။ တနည်းပြောရရင် တော်လှန်ရေးရဲ့ ဝန်ထုပ်ဝန်ပိုး ကပ်ပါးမျိုးတွေ ဖြစ်တယ်။ လေယာဉ်ပျံစီး၊ အစည်း အဝေးထိုင်၊ သခင်တွေ သွန်သင်ထားသလိုပြော၊ ကြေငြာချက်ထုတ်၊ လက်သင့်ရာ ကိုယ့်ဖောက်သယ်နဲ့ကိုယ် မေးမြန်း ဆွေးနွေး သတင်းလုပ်၊ ပြီးတော့ အိမ်ကြီးအိမ်ကောင်းမှာနေ ကားကောင်းကောင်းစီးပြီး ကြိုက်ရာ ယမကာနဲ့ မဒီကညာ လေးတွေကို မှီဝဲပြီး လုပ်ရတဲ့ တော်လှန်ရေးကတော့ ဆယ်ဘဝဆယ်ကမ္ဘာ လူတကာ လုပ်နိုင်ပါတယ်။
ဟိုတလောက အီးမေးလ်တွေမှာ တွေ့လိုက်ပါတယ်။ ဒိန်းမတ်သံရုံးက ဧရာဝတီဟာ သူတို့ပေးတဲ့ ငွေတွေကို မရိုးမသား မရှင်းမလင်းလုပ်တဲ့အတွက် ငွေဆက်မပေးတော့ဘူးလို့ စာပို့တယ်လို့ ဆိုတယ်။ ဧရာဝတီဟာ တနှစ်ကို ဒေါ်လာသန်းချီ ရနေတယ်ဆိုတာ ဒီတော့မှပဲ သိရတော့တယ်။ အစကတော့ ဒီလောက်ရနေတယ် ဆိုတာကို မယုံနိုင်ခဲ့ပါဘူး။ အထောက် အထားတွေနဲ့ အများတကာက အသေအချာပဲ ဆိုမှပဲ အောချပြီး လက်ခံလိုက်ရတယ်။
ဒီလောက် ငွေကြေးနဲ့ဆို တော်လှန်ရေးအဖွဲ့အစည်းတွေဟာ ဧရာဝတီထက် တိုင်းပြည်အတွက် ပိုလုပ်နိုင်မှာ အသေအချာ ပါပဲ။ ဒီပမာဏနဲ့ ကိုက်ညီအောင် ဧရာဝတီက ဘာတွေများ လုပ်ခဲ့သလဲ စဉ်းစားစရာပါ။ ပုံနှိပ်ထုတ်ဝေတဲ့ စာစောင်ကလဲ ရောင်းစားတာ ဖြစ်တယ်။ စောင်ရေ ထောင်ချီ ထုတ်တယ်လို့ စာအုပ်မှာ ရိုက်ထားပေမယ့် တကယ်ထုတ်တာက ရာဂ ဏန်းပဲလို့ ဆိုကြပြန်တယ်။ အဲဒီ့အထဲက ပြည်တွင်းကို စောင်ရေ ဘယ်လောက် ရောက်သလဲ။ ဆယ်ဂဏန်းလား။ မသေ ချာ။ အင်တာနက် အွန်လိုင်းဆိုတာကတော့ ပြည်တွင်းသုံး အရေအတွက်က ထောင်ဂဏန်း သောင်းဂဏန်းပဲရှိတယ်။ အဲဒီ့အထဲကမှ ဧရာဝတီကို ဝင်ကြည့်သူက ဘယ်လောက်ရှိသလဲ မသိရဘူး။ ဒီကြားကမှ သူတို့ကြောင့် ရှစ်လေးလုံးကြီး အရှိန်မသေဘူးလို့ ငါသာလျှင် နပိုလီယံဆိုပြီး လက်မထောင်လိုက်သေးတယ်။
လူအများသိတဲ့ အရူးပုံပြင်တခုရှိတယ်။ စိတ်ပညာသင် ကျောင်းသားတွေ စိတ္တဇဆေးရုံကို ကွင်းဆင်း လေ့လာကြသတဲ့။ လူတယောက်က ကျောင်းသားတွေကို လိုက်ရှင်းပြတယ်။ ဒီလူက ဆရာဝန်ရူး ရူးနေတာ၊ ဒီလူကတော့ သမတရူး ရူးနေတာ၊ ဒီလူကလည်း ဟစ်တလာရူး ရူးနေတာ စသည်ဖြင့် လိုက်ရှင်းပြပါတယ်။ နောက်ဆုံးကျမှ အဲဒီလူက ပြောသတဲ့ “ဘယ်သူတွေ ဘာပြောပြော ကျုပ်သာလျှင် နပိုလီယံအစစ်ဗျ” လို့ ဆိုသတဲ့။
အချုပ်ကတော့ ငါသာလျှင် နပိုလီယံအစစ်လို့ ဘယ်လိုပဲ လက်မထောင်ထောင် ကပ်ပါးဆိုတာကတော့ ကပ်ပါးပါပဲ။ သူများအသွေးအသားကို ဘယ်လိုပဲ စုပ်စားပေမယ့် အချိန်မစီးဘူး။ ဆင်ရဲ့ ဖင်ကြားမှာပဲ နေနေ၊ ပေါင်ကြားမှာပဲ နေနေ အကျိုးသွားမပါဘူး၊ ခရီးမရောက်ဘူး။ သူ့ကြောင့်တော့ တံတားကြီး လှုပ်ခါမသွားနိုင်ပါဘူး။ ဒီကြားကမှ ဆင်ကြီးနဲ့ ကျုပ်တို့ကြောင့် တံတားကြီးကို လှုပ်ခါသွားတာပဲ ဆိုတာကတော့ နားကြား  ပျင်းကပ်လှပါတယ်။ မဃဒေဝထဲက အတိုင်းပြောရရင်တော့ ….
မရာမတန်၊ သဒ္ဓါလွန်မြောက်၊
ကျွန်ကိုမြှောက်က၊ မျောက်ကိုချစ်ငြား၊
ချူဆွဲမှားသို့၊ နားမချမ်းသာ၊
ဖြစ်တတ်စွာ၏။
ရဲဘော်ကျော်သန်း
( kyaw_than2004@yahoo.com)
カレン伝統的な手首の結束セレモニーへの招待

カレンコミュニティ協会、英国では、カレンの伝統手首抱き合わせセレモニーにご招待したいと思います

2011年8月26日(金曜日)
10:30 - 午前13時00分

ヒルズボロトリニティメソジスト教会
ミドルウッドロード
シェフィールド
S6 7HE

伝統的なカレン餅米を加えた紅茶とコーヒーは、プログラムの後に提供されます。


:詳細については下記までお問い合わせください。

bwabwa.phan @ karennationalunion.netでナントBWA BWAファンティエット


カレンの手首結束式の簡単な歴史

カレンの手首結束セレモニーでは、カレンの人々の古代の伝統の一つです。 過去に我々の祖先は、高齢者は、表示とそれらが一つであることを覚えて手首に食品と抱き合わせのスレッドを共有し、家族の集まりのため年に一度、一緒に戻ってきて離れてまたは海外で、家族や親戚を求めた。 この伝統は、世代から世代へと私たちのカレン族の文化の一部になります。


今日、一年に一度、カレンの人々は、長老たちが手首に白い糸を結ぶ儀式のために集まって、皆の共有は、彼らの最愛の友人や家族に希望しています。 イベントには宗教的な意味を持ちません。


来ると私たちの重要なイベントで私たちと参加してください。 音楽エンターテイメントおよび多くを含む様々な公演があるでしょう。

ကရင်ပြည်နယ်က နယ်ခြားစောင့် နှစ်ပတ်လည်နေ့နဲ့ တိုက်ပွဲသံတွေ

ဒါတွေဘာကြောင့်ဖြစ်နေရလဲ ဒါတွေဖြစ်ရတဲ့ တရားခံကဘယ်သူလဲ 



ကရင်ပြည်နယ် မြဝတီမြို့ သင်္ကန်းညီနောင် အနီးမှာ  DKBA ၉၀၇ တပ်ရင်းက ဒုရင်းမှူး ကျော်ပရို့ ဦးစီးတဲ တပ်ဖွဲ့ဝင်တွေ ဟာ ကြံ့ဖွံ့အစိုးရ စစ်တပ် အရှေ့တောင်တိုင်း တိုင်းမှူးပါတဲ့ ကားတန်းကို သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ဆီကြို တိုက်ခိုက်ရာမှာ ကြံ့ဖွံ့အစိုးရတပ်ဘက်မှ ၃ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။

အလားတူပဲ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်စခန်းချထားတဲ့ ခင်နှင်းမူ စခန်းကို DKBA ဗိုလ်မှူးကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့ဝင် တွေဟာ ညနေ ၃ နာရီခန့်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခံပါရာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှာ ၂ ယောက် ဒဏ်ရရရှိ သွားတယ်လို့ သိရှိရပါတယ်။

 

သြဂုတ်လ ၂၀ ရက်နေ့က တိုက်ပွဲ အခြေအနေတွေကို DKBA ဗိုလ်မှူး ဆန်းအောင် ကို မေမြန်းစုံစမ်းကြည့်ရာ..

“ဟုတ်ကဲ့ အဲဒီနေ့က ဗိုလ်ချစ်သူ စခန်း ရွှေကုက္ကိုမှာ နယ်ခြားစောင့်ဖွဲ့စည်းတဲ နှစ်ပတ်လည်နေ့ရှိတယ်။ ဒီအခမ်းအနားကို အရှေ့တောင်တိုင်း တိုင်းမှူးတက်တယ်။ ကျနော်တို့ဘက်က တက်လာတဲ့ ကားတန်းကို စောင့်ပစ်ခဲ့တယ်။ ညနေပိုင်းမှာ လည်း ဗိုလ်မှူးကျော်သက် က ခင်နှင်းမူ စခန်းကို ဝင်တိုက်ခဲ့သေးတယ်။ ကျနော်တို့ အနေနဲ့ မြန်မာပြည်က စစ်အာဏာ ရှင် အုပ်စုကို ပြန်တိုက်ပွဲဝင်တဲ့ အချက်တွေထဲမှာ ဒီနယ်ခြားစောင့်လုပ်ခိုင်းတဲ့ဟာ အချက်တချက်အနေနဲ့ ပါတယ်။ ကျနော်တို့ကတော့ နယ်ခြားစောင့်တပ် လုပ်ခိုင်းတယ်ဆိုတာ ကျနော်တို့ တော်လှန်ရေးစိတ်ဓါတ်တွေ တော်လှန်ရေးတပ် တွေကို စစ်အုပ်စုက အပြီးတိုင် ချိုးနှိမ်လိုက်တာပဲလို့ မြင်တယ်။ ကျနော်တို့ တော်လှန်ရေးလုပ်တာ ကျနော်တို့ ကရင် ပြည်သူနဲ့ လူမျိုအားလုံး လွတ်မြောက်ရေး ဖြစ်တယ်။ အခု ကျနော်တို့ လူမျိုးတွေ ဘာတွေ တိုးတက်နေပြီလဲ ဘာမှ မဖြစ်သေးဘူး ဘာမှ တိုးတက်လာတာ မရှိသေးဘူး ဒါကြောင့် ကျနော်တို့ လူမျိုးအတွက် တိုက်နေတဲ့ ရပ်တည်နေတဲ့ တော်လှန်ရေးတပ်တွေဟာ ပြီးပျောက်သွားလို့ မရသေးဘူး။ ကျနော်ကတော့ ဒါလောက်ပဲ ပြောချင်တယ်” လို့ ပြောပြ သွားပါတယ်။

မနေ့ညက မြဝတီမြို့ ပတ်ဝန်ကျင်မှာ လက်နက်ကြီးပစ်သံ၊ ပေါက်ကွဲသံတွေ ကြိုကြား ကြိုကြား ကြားနေရပြီး မြို့ခံတွေ အနေနဲ့ အထူးစိုးရိမ်းနေကြတယ်။ သြဂုတ်လ ၂၁ နေ့မှာ ကျင်ပမယ်လို့ ကြားသိထားတဲ့ ဗိုလ်မုတ်သုန် စခန်းက နယ်ခြား စောင့်ဖွဲ့စည်းခြင်း နှစ်ပတ်လည်း အခမ်းအနားကို ထပ်မံတက်ရောက်ကြမယ့် ကြံ့ဖွံ့အစိုးရ စစ်တပ်အရာရှိတွေလည်း မြဝတီမြို့ထဲမှာ တည်းခိုနေကြတယ်လို့ သိရှိရပါတယ်။
မြ၀တီတံတား ပြန်ဖွင့်တော့မည်ဟု မြို့ခံများပြောဆို
Submitted by admin on Friday, 19 August 2011--
သြဂုတ်လ ၁၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တနှစ်ကျော်ကြာ ပိတ်ထားသည့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ပေါင်းကူးထားသော မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားမှာ မကြာမီ ရက်ပိုင်းအတွင်း ဖွင့်လှစ်နိုင်တော့မည်ဟု မြ၀တီမြို့ခံများက ပြောဆိုနေကြသည်။

မြို့ခံတဦးက “အာဏာပိုင်တွေ ပြောတာကတော့ ဒီရက်ပိုင်းတွေအတွင်းမှာ ဖွင့်မယ်။ အခု ဗမာဘက်ခြမ်းက တံတားကို သန့် ရှင်းရေးလုပ်ကြတယ်။ ထိုင်းဘက်က လုပ်တာ မတွေ့ရသေးဘူး။ တံတားထိပ်မှာ ရဲတွေစောင့်ကြည့်နေတယ်။”ဟု ပြောသည်။

အခြား မြ၀တီမြို့ခံတဦးကလည်း “ဟုတ်တယ်။ မြို့ခံတွေ ပြောကြတယ်။ ဘယ်အချိန်ဖွင့်မလဲတော့ မသိဘူး။ မနက်ဖြန် လူကြီး လာမယ်ဆိုတော့ တခါတည်း ဖွင့်မလားမသိဘူး။”ဟု ပြောသည်။ လူကြီးဆိုသည်မှာ အာဏာပိုင် အရာရှိများကို ဆိုလိုခြင်း ဖြစ် သည်။

ယခုလို တံတား ပြန်လည်ဖွင့်လှစ်မည့်ဆိုသည့်အတွက် မြ၀တီမြို့ရှိ လူတန်းစားအလွှာ အသီးသီးမှ ၀မ်းသာလျှက်ရှိကြောင်း မြ၀တီမြို့ရှိ ကုန်သည်တဦးက ပြောသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံ ပေါင်းကူးထားသည့် မဲဆောက်-မြ၀တီတံတားကို ထိုင်းဘက်ခြမ်းမှ သောင်းရင်းမြစ် ကမ်းထိန်းနံရံ တည် ဆောက်မှုကြောင့် အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် ၂၀၁၀ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် မြန်မာအာဏာပိုင်များက တစ်ဖက် သတ် ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

၎င်းတံတား မပိတ်ခင်က ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှုမှာ တလအတွင်း ထိုင်းမှ ကုန်ပစ္စည်းတင်သွင်းမှု ဘတ် သန်း ၃,၀၀၀ဖိုးအထိရှိပြီး ယမန်နှစ် ဇူလိုင်လက ကုန်သွယ်ရေးတံတား ပိတ်လိုက်သောကြောင့် ထိုင်းမှ မြန်မာပြည်သို့ ကုန် ပစ္စည်းတင်သွင်းမှု ဘတ်သန်း ၇၀၀ခန့်သာရှိတော့သည်ဟု ထိုင်းကုန်သည်ကြီးများအသင်း၏ မှတ်တမ်းများအရ သိရသည်။

သျှမ်းတိုက်ပွဲများ၌ မြန်မာစစ်တိုင်း ၃ တိုင်း ညီညွတ်မှုမရှိ၊ တပ်မှူးအချို့ စစ်ခုံရုံးတင်ခံရ

အော်... ဗမာစစ်သားတွေဘဝကလည်း သနားစရာ ပါလား ... ရှေ့တန်းမှာ သေရင်သေ မသေပြန်တော့လည်း ထောင်အချခံရတယ်။ ဗိုလ်ချူပ်တွေ အာဏာမြဲဖို့အတွက်တော့ ဆက်ပြီးတော့ ဝဋ်ခံ ကြအုံးပေါ့.....

သျှမ်းပြည်တပ်မတော်နှင့်ထိုးစစ်ဆင်နေသောကာလ အတွင်း မြန်မာစစ်တပ် အချင်းချင်းအကြား ပဋိပက္ခ ဖြစ် ပွါး ရာ စစ်ခုံရုံးသို့ပို့ဆောင်  ပြစ်ဒဏ်ချမှတ်ခံခဲ့ရ ကြောင်း (တိုးချဲ့) အရှေ့ အလယ် ပိုင်းတိုင်းစစ်ဌာန ချုပ်နှင့် နီးစပ် သည့် အသိုင်းအဝိုင်းက ပြောသည်။

“ ရပခ နဲ့ ရမခ တိုင်းအချင်းချင်းလဲ မတည့်ကြဘူး။ သူတို့ ၂ တိုင်းလဲ ဒီ အသစ်တိုးချဲ့တဲ့ ရလခ တိုင်းကိုအရေး မထားဘူး။ တိုင်းအသစ်ဆိုတော့လဲ အရာမဝင်သလို ဆက်ဆံနေတယ်လို့ ရလခ တိုင်းထဲက အဘတွေက ညည်းပြတယ်” ဟု ရလခ   တိုင်းနှင့် ဝင်ဆန့်သည့်အသိုင်းအဝိုင်းကပြောပါသည်။

ဂျူလိုင်လအတွင်း သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်သော တိုက်ပွဲများကိုအကြောင်းပြု၍ ခလရ ၂၂ တပ်ရင်းမှူး အား အမိန့်နာခံမှုမရှိဟုဆိုကာ တန့်ယန်း ဗျူဟာမှူးက အရေးယူသဖြင့် ၎င်းအားစစ်ခုံရုံးက ထောင်ဒဏ် နှစ် ၂၀ ကျော် ချလိုက်ကြောင်း  ရလခတိုင်းအသိုင်းအဝိုင်းကပြောသည်။


“ဂျူလိုင်လတုန်းက ဝမ့်ဟိုင်း လုံခြုံရေးတပ် လွယ်ကုန်လွယ်ကျိုင်း နမ့်ကိုင်ဖိတ်တိုက်ပွဲတွေ်မှာ ဒီခလရ ၂၂ ကို အပြင်ကနေ စစ်ကူတိုက်ပေးဖို့ တန့်ယန်းဗျူဟာမှူးက အမိန့်ပေးတာကို ခလရ ၂၂ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဇေယျအောင်က သူ့တပ် တာ့ ဖာဆောင်တိုက်ပွဲတုန်းက အသေအကျများလှပြီလို့အကြောင်းပြပြီးဝမ့်ဝပ်နား ကကောင်းလန်းရွာမှာဘဲအခြေ ချ နေခဲ့ တယ်။ ကူမတိုက်ဘူးပေါ့။ အဲဒါကို တန့်ယန်းဗျူဟာမှူးက သူ့အမိန့်မ နာခံရကောင်းလားဆိုပြီး ခလရ ၂၂ တပ်ရင်းမှူးကိုရုံး တင်စစ် ဆေးတယ်။ ဩဂတ်စ်လကစပြီး ဗိုလ်မှူးကြီး ဇေယျအောင်ကို စစ်ခုံရုံးက ထောင်ဒဏ် ၂၂  ချလိုက်တယ်ဆိုဘဲ” ဟု နီးစပ်သည့် ကုန်သည်တဦးကပြောပြသည်။

ဂျွန်လ ၂၁ နှင့် ၂၂ ရက်က ကျေးသီးမြို့နယ် ရှိ သျှမ်းပြည်တပ်မတော်၏( နမ့်ဟဲန်တံတား တာ့ဖာဆောင်တပ် စခန်းအား မြန်မာစစ်တပ် ၃-၄ ရင်းပူးပေါင်းတိုက်ခိုက်ရာမှ ဤအမှုစတင်ခဲ့ခြင်းဖြစ်ကြောင်း သျှမ်းပြည် တပ်မတော် ကင်းထောက် အရာရှိ တဦးက ပြော သည်။

အဆိုပါ တာ့ဖာဆောင်တပ်စခန်းအား (ရမခတိုင်းကွပ်ကဲမှုအောက် တပ်ရင်းများဖြစ်ကြသော) ခလရ ၂၂ က ဦးဆောင်၍ ခလရ ၆၇ နှင့် ၁၄၇ တို့  တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်ကလည်း စစ်ကူတိုက်ပေးမည့် (ရပခတိုင်း၏) ခလရ ၂၈၆ က အဆိုပါကောင်းလန်းရွာ၌ပင် စခန်းချ နေခဲ့သည်။ တာ့ဖာဆောင် တံတား အား ခလရ ၂၂ နှင့် ၆၇ တို့က ဓါတ်ဆီလောင်းမီး ရှို့ ဖျက်ဆီးပြီး နောက်ပိုင်း ခလရ ၂၈၆ ၏ လက်ချက်ဖြစ်ကြောင်းလွဲချလိုက်သော ကြောင့်  အဆိုပါ ခလရ ၂၈၆ ဒု တပ်ရင်း မှူး ဗိုလ်မှူးလှိုင်မင်းကတံတားဖျက်ဆီးသည်မှာ မိမိတို့တပ်မဟုတ် ကြောင်း၊ ခလရ ၂၂ နှင့် ၆၇ တို့၏ လက်ချက်ဖြစ်ကြောင်း စာဖြင့် ဒေသခံလူထုကို ဖြန့်ဝေ  ရှင်းပြခဲ့သေးကြောင်း၊ ထိုစဉ်မှစ၍ ၎င်းတို့ တပ်ရင်းအချင်းချင်းအတွင်း စတင်ကွဲပြဲလာ ခဲ့ခြင်းဖြစ်သည်ဟုလေ့လာသိရှိရကြောင်း အဆိုပါကင်းထောက်အရာရှိက ဆက်လက်ပြောပြသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖာဆောင်တပ်စခန်းမှာ သီပေါ-ကျေးသီး-မိုင်းရယ်အကြား ကျေးသီးမြို့ နယ် ဝမ့်ဝပ်ကျေးရွာအုပ်စုတွင်ဖြစ်သည်။
 
ထို့ပြင် ရပခတိုင်းလက်အောက်ခံ မိုင်းနောင်အခြေစိုက် စကခ ၂ (ယာယီ)မှူး ဒု ဗိုလ်မှူးကြီးဝင်းညွန့်၏မိုင်းနောင် မြို့ နယ်ခွဲ ဝမ့်ဇင်းတိုက်နယ်ရှိ နမ့်မောင်တံတားနှင့် ပန်ကွဲရွာအကြား  အခြေချ တပ်စခန်းများအား စစ်ဆေး ရေးခရီးစဉ်  သျှမ်းပြည် တပ်မတော်၏ ၂ ကြိမ်တိုင်တိုင် ချုံခိုတိုက်ခိုက်ခြင်း ခံရသောကြောင့် လမ်းလုံခြုံ ရေး တာဝန်ကျ ခမရ ၅၇၇ တပ်  တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး သိန်းဇော်မိုးအား ရလခတိုင်းသစ်မှ အရာရှိတပ်မှူးများ ခေါ်ယူစစ်ဆေးကာ ဂျူလိုင်လနှောင်းပိုင်းက စစ်ခုံရုံး တင်ခံခဲ့ရသည်ဟု  အဆိုပါ ရခလတိုင်းနှင့်နီးစပ်သည့် ပုဂ္ဂိုလ်က ဆက်ပြောပါသည်။

ဝမ့်ဟိုင်းအား သိမ်းပိုက်နိုင်ရေးအတွက် သျှမ်းပြည်ရှိ စစ်တိုင်း ၃ တိုင်းက ဂျွန်လက တာဝန်ခွဲဝေရာ ရမခတိုင်းက ကျေးသီးမိုင်းရှူးကားလမ်းမြောက်ဖက်ခြမ်းတွင်လည်းကောင်း၊  ရပခ တိုင်းက ကားလမ်းတောင်ဖက်ခြမ်းတွင် လည်ကောင်း၊ ရလခတိုင်း က မိုင်းရှူး မိုင်းအောတ် ဖက်တွင်လည်းကောင်း တာဝန်ယူလှုပ်ရှားတိုက်ခိုက်ကြရ သည်ဟု ရမခ တိုင်းနှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြဖူးသည်။ ထိုစဉ်ကတည်းက အဆိုပါစစ်တိုင်း ၃ တိုင်း  အတိုင် အဖေါက်မညီ၊ လက်တွဲပူး ပေါင်းမှုမရနိုင်သော ပြဿနာများရှိနေ ကြောင်း ၎င်းက ပြောပြသည်။

ဗန်းမော်ခရိုင်တိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦးကျ


သြဂုတ် ၁၈၊ ကြာသပတေးနေ့ မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဝါဝမ်ကွမ်ဘန် တွင်ဖြစ်သော မနက်တိုက်ပွဲတွင် အစိုးရစစ်သား ၇ ဦးကျပြီး KIA စစ်သားတဦး ဒဏ်ရာရရှိကြောင်း သိရသည်။


ကျဆုံးသွားသော မြန်မာစစ်သားများသည် ဗန်းမော် နယ်မြေခံတပ်ရင်း ခလရ (၄၇) မှဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သူများဆိုသည်။

ခြေထောက်ဒါဏ်ရာရရှိသော KIA တပ်ကြပ်မှာ ယခုချိန် KIA ထိန်းချုပ်ဒေသ မိုင်ဂျာယန်ဆေးရုံတွင် ရောက်ရှိနေပါသည်။

နှစ်ဖက်ကြား ၁ နာရီခန့်ဖြစ်ပွါးသော ယင်းတိုက်ပွဲတွင် အစိုးရစစ်တပ်မှ သေနတ် ၂ လက်ကို KIA သိမ်းဆီးရရှိသည်ဟု KIA အရာရှိများပြောသည်။

တိုက်ပွဲဖြစ်ရာဒေသ အင်မောက်မြို့နယ် ၀ါဝမ်ကွမ်ဘန်သည် KIA တပ်မဟာ ၃၊ တပ်ရင်း ၁၅ နယ်မြေ ဖြစ်သည်။

မြန်မာစစ်အစိုးရအဖွဲ့သစ်သည် သြဂုတ် ၁၂ ရက်က ၎င်း၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး KIO/KIA အား “သောင်းကျန်းသူ အကြမ်းဖက်သမားအဖြစ်” ရှုတ်ချခဲ့ပြီးနောက် ၆ ရက်မြောက်တွင် ယခုတိုက်ပွဲ ဖြစ်လာသည်။
အစိုးရတပ်မှ ကေအဲန်ယူထံ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်ခဲ့

သြဂုတ်လ ၂၀ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)


Photo-KIC (ကေအဲန်အယ်လ်အေ တပ်မဟာ-၇ တပ်ဖွဲ့ဝင်များ)
ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်းရှိ အစိုးရစစ်တပ် စကခ(၁၂) လက်အောက်ခံတပ်များက ကေအဲန်အယ်လ်အေ တပ် ရင်းတပ်ဖွဲ့များ ရှိနိုင်မည့်နေရာများသို့ မှန်းဆကာ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ ဘက်က ပြောသည်။

ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက “မနေ့က မွန်းလွဲပိုင်းလောက်မှာ ခလယ့်ဒေးမှာ စခန်းထိုင်နေ တဲ့ (၅၄၈)နဲ့ (၂၃၁) စစ်ကြောင်းတွေက ကျနော်တို့နေရာဘက်ကို ခန့်မှန်းပြီး လက်နက်ကြီးတွေနဲ့ လေးငါးခြောက်ချက်လောက် လှမ်းပြီးတော့ ပစ်ချတယ်။ ဒီလထဲမှာ အစိုးရတပ်က ကျနော်တို့ကို လာပစ်တာ ပြီးခဲ့တဲ့ရက်က တကြိမ်နဲ့ဆိုရင် နှစ်ကြိမ်ရှိပြီ။” ဟု အတည်ပြု ပြောဆိုသည်။

အဆိုပါတပ်များသည် သြဂုတ်လ ၁၆ရက်နေ့၊ မွန်းလွဲပိုင်းတွင် လှိုင်းဘွဲမြို့နယ်၊ မဲ့သဝေါဂွင်၌ MA, 97 လက်နက်ကြီးများဖြင့် ၁၀ချက်ခန့် ပစ်ခတ်ခဲ့သလို ညနေပိုင်းတွင် ခလယ့်ဒေးစခန်းမှနေ၍ ကေအဲန်အယ်လ်အေတပ်များထံသို့ လက်နက်ကြီး ၁၅လုံး ပစ်ခတ်ခဲ့သည်ဟုလည်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇)ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို ဖြည့်စွက်ပြောဆို လိုက်သည်။

“ဒီလ ၁၆ရက်နေ့က ခလယ့်ဒေးမှာရှိတဲ့ အစိုးရရဲ့ လှုပ်ရှားတပ်တွေက ညနေ ၅နာရီကျော်ကျော်ကနေ ည ၇နာရီအထိ လက် နက်ကြီးနဲ့ ၁၅ချက်လောက် ပစ်တယ်လို့ အဲဒီဂွင်ဘက်မှာ လှုပ်ရှားနေတဲ့ ကျနော်တို့ရဲဘော်တွေက ပြောတယ်။”ဟု ဗိုလ်မှူး စောအယ်ဆဲဆဲက ပြောသည်။

၎င်းတပ်ရင်းနှစ်ရင်းသည် ယခုလဆန်းပိုင်းကတည်းက ပိုင်ကျုံမြို့နယ်ရှိ ခလယ့်ဒေးနှင့် လှိုင်းဘွဲမြို့နယ်ရှိ မဲ့သဝေါဂွင်များသို့ ရောက်ရှိလာကာ စစ်ကြောင်းနှစ်ကြောင်းစီ ခွဲပြီး နယ်မြေရှင်းလင်းရေးကို စတင် လှုပ်ရှားလာခြင်း ဖြစ်သည်။

ခမရ(၅၄၈) စစ်ကြောင်း ၁နှင့် ခလရ(၂၃၁) စစ်ကြောင်း ၂တို့က ခလယ့်ဒေးဂွင်၌လည်းကောင်း၊ ခမရ(၅၄၈) စစ်ကြောင်း ၂နှင့် ခလရ (၂၃၁) စစ်ကြောင်း ၁တို့က မဲ့သဝေါဂွင်ရှိ မိအေးပူ၊ ဘောနော်လေးနေရာများ၌လည်းကောင်း နယ်မြေရှင်းလင်းရေး လုပ် ဆောင်လျှက်ရှိသည်။

၎င်းတပ်များသည် အင်အား ၂၀၀ကျော်ရှိပြီး ယခုနှစ် မေလမှစ၍ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေသို့ ရောက်ရှိလာခြင်းဖြစ် သည်။ သို့သော် ထိုဒေသရှိ နယ်မြေခံတပ်များမှာမူ အရှေ့တောင်တိုင်းစစ်ဌာနချုပ်-ရတခ လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၃၃၈)၊ (၃၃၉)၊ (၃၁)နှင့် ခလရ(၂၈)၊ (၉၇)တပ်ရင်းများဖြစ်သည်ဟုလည်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ မှတ် တမ်းများအရ သိရသည်။

ယင်းသို့ လာရောက်ပစ်ခတ်မှုကို ကေအဲန်အယ်လ်အေဘက်မှ ပြန်လည် ပစ်ခတ်ခြင်းမရှိဟုလည်း တပ်မဟာ(၇)မှူးက ယခုလို ဆက်ပြောသည်။ “ကျနော်တို့ဂွင်ထဲကို သူတို့(အစိုးရတပ်)က အဲလို လာပစ်ပေမဲ့ လက်နက်ကြီးကျတဲ့နေရာက ကျနော်တို့လူ တွေနဲ့ တခြားစီပဲလေ။ ဒီတော့ ကျနော်တို့က သူတို့ကို ပြန်ပစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။”ဟု ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။

ထို့အပြင် သြဂုတ်လ ၁၇ရက်နေ့က မြ၀တီမြို့နယ်၊ မဲ့ပလဲ့တံတားရှိ ဗိုလ်မှူးစောဒိဒိ ဦးစီးသော နယ်ခြားစောင့်တပ်(၁၀၁၇)မှ တပ်ဖွဲ့ဝင်နှစ်ဦးကို ကေအဲန်အယ်လ်အေ တပ်ရင်း(၁၀၁)မှ ဖမ်းဆီးမိပြီး ၎င်းတို့ထံမှ ကာဘိုင်သေနတ် ၂လက် သိမ်းဆည်းကာ လူကို ပြန်လည် လွှတ်ပေးခဲ့သည်ဟု သိရသည်။
လက်သီးဆုပ်နှင့် ကမ်းလင့်ကြိုဆို ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဒီမိုကရေစီ နိုင်ငံကြီးလို့ ပြောထားတော့ သမ္မတကြီးဟာ အစိုးရတရပ်ကို ဖွဲ့စည်းပြီးတာနဲ့ တိုင်းပြည်ကို ပထမဦးဆုံးသော  နှုတ်ခွန်းဆက်စကား ပြောကြားလာရပါတယ်။ အဲဒါက ဘာကိုပြပါသလဲ ဆိုတော့ ဗိုလ်သန်းရွှေ လုပ်ပေးတဲ့ အလိမ်အညာ ရွေးကောက်ပွဲဟာ ဘယ်လိုဘဲ ဒီမိုကရေစီ စံတွေနဲ့ သွေဖီနေသော်လည်း ဒီမိုကရေစီ လိုတော့လုပ်ပြရတာပါဘဲ။ ဗိုလ်သန်းရွှေ ၁၉-နှစ် အုပ်ချုပ်ခဲ့တယ်။ တခါမှ မိန့်ခွန်း မပြောခဲ့ဘူး။ မပြောတော့ သူ့စကားကို ချည်တုတ်ပြီး ပြန်လည်ဆန်းစစ်စရာ ဘာမှမရှိဘူး။  မိန့်ခွန်းပြောခဲ့ရင်တောင် ပြန်ဆန်းစစ်ခွင့် မရှိဘူးလေ။ အာဏာရှင်လို့ ပြတ်ပြတ်ပြောထားခဲ့ပြီဘဲ။
အဲဒီဗြောင်အာဏာရှင် စံနစ်ကနေ ဒီမိုကရေစီအမည်ခံ အာဏာရှင်ကို  ပြောင်းခဲ့တယ်။ ဒါကို လက်မခံနိုင်သူတွေက ရှိခဲ့တယ်။ လက်မခံနိုင်တာက သူ့တို့ အကြောင်းနဲ့ သူတို့ရှိခဲ့တယ်။ ဥပမာ ဒေါ်စုနဲ့ အဖွဲ့ချုပ်က နာဂစ်အခြေခံဥပဒေဟာ လူတဦးတယောက်ကို ရည်စူးရေးထားတယ်လို့ဆိုတယ်  ။ တဦးတယောက်ကို ရည်စူးကန့်သတ်ချက်တွေ ထည့်ထားတယ်ပေါ့။ မှန်ပါတယ်။ တိုင်းပြည်တခုရဲ့ အခြေခံဥပဒေဆိုတာ လူတဦးတယောက်ကို ထိခိုက်ပိတ်ဆို့လိုတဲ့ သဘောနဲ့ ရေးဆွဲထားတာ မလုပ်သင့်သောအရာပါ။ တကယ်တော့ လူတဦးတယောက်သာမဟုတ်ပါဘူး။ လူအများကြီးကို ပယ်ထုတ်ထားတဲ့ ဥပဒေကြီးပါ။




ဒေါ်စုတင်မဟုတ်ပါဘူး။ ပြည်ပထွက်သွားသူ အများစုကို ပယ်ထုတ်ထားတဲ့ ဥပဒေကြီးဖြစ်ပါတယ်။  အမတ်တယောက်ဟာ မြန်မာနိုင်ငံမှာ တဆက်ထည်း- ၁၀-နှစ်နေထိုင်သူဖြစ်ရမယ်။ ပြီးပြီ။ ဒီလိုလူတွေ အများစုကိုလည်း ပယ်ထားတယ်။ ပြီးနိုင်ငံတကာရောက် ပညာရှင်မြန်မာများကို တိုင်းပြည်တည်ထောင်ရေး အတွက်ပြန်လာဖို့ လက်ကမ်း ကြိုဆိုပါတယ်ဆိုတော့ ကမ်းတဲ့လက်က ဖြန့်ထားတဲ့လက်လား လက်သီးဆုပ်ဖြစ်နေလား စာဖတ်သူတွေသာ ဆုံးဖြတ်ကြည့်ပါ။ ပါးစပ်ပါတိုင်း ငါ့စကားနွားရ ပြောနေသလို ဖြစ်နေပါတယ်။
တိုင်းပြည်ကို အုပ်ချုပ်နေသူ အထူးသဖြင့် တိုင်းပြည်အရေးကို နှစ်အရှည် လမ်းပြထားတဲ့ တိုင်းပြည်ရဲ့ အခြေခံဥပဒေကို ရေးဆွဲသူတွေက ကိုယ်ပြောတာတွေ ကိုယ်ရေးဆွဲထားတာတွေနဲ့ ကိုယ်လုပ်ဆောင် နေတာတွေဟာ ဖီလာဆန့်ကျင်ဖြစ်နေပြီ ဆိုတာလောက်တော့ သတိကပ်သင့်ပါတယ်။
အခုလဲ ဗိုလ်ကျော်ဆန်းနဲ့ ဗိုလ်အောင်ကြည်တို့က ဒေါ်စုနဲ့ အဖွဲ့ချုပ်ကို သူတို့က လက်ကမ်းကြိုဆို နေပါတယ်။ ဥပဒေဘောင်ထဲပြန်ဝင်ပါ ပါတီကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ပါ ဖိတ်ကမ်းလာပါတယ်။ တကယ်တော့ ပြည်သူတွေကို (ငအ) တွေထင်နေတဲ့ ပြည်သူတွေအပေါ် အထင်သေး အမြင်သေးနေတဲ့ သူတို့ရဲ့ စိတ်ဓါတ်တွေကို ပြင်သင့်ပါပြီ။ ပြည်သူတွေက (မအ) ပါဘူး။ မသိတာမဟုတ်ဘူး။ သိတယ် ပြောဆိုခွင့် ပိတ်ထားတာခံရလို့။ နောက်ဆုံး ပြောဖို့နေနေသာသာ ပြောသူက ပြောတာကိုတောင် နားထောင်ခွင့် အပိတ်ခံထားရတာပါ။ ပြည်သူတွေ ပြန်မပြောရဲတာကို ငါတို့လိမ်တိုင်း ယုံမယ့်လူတွေလို့ အထင်အမြင်သေးနေတာ ကိုက တိုင်းသူပြည်သားတွေနဲ့ ဒီစစ်ဗိုလ်တွေ ဘယ်လောက် ကင်းကွာနေတယ်ဆိုတာ သူတို့ပြနေတာပါဘဲ။
အခုဒေါ်စုကို တွေ့ဆုံဆွေးနွေးတာ မလုပ်မှီ ရက်ပိုင်းတွေက ဒုသမ္မတ က အမေရိကန် ဆီးနိတ် အမတ် ဂျွန်မက်ကိန်းကို ဒေါ်စုဟာ သာမာန်ပြည်သူတယောက်ပေါ့။ သဘောကတော့ သူ့အကြောင်း အလေးတယူ လုပ်ပြောနေစရာမလိုဘူး။ တဲ့တဲ့ပြောရရင်တော့ အလေးထားစရာမလိုဘူး။ တခါ မကြာဘူး ပြည်ထဲရေးက နိုင်ငံရေးအလုပ်တွေ မလုပ်ရဘူး အမိန့်စာပို့ခဲ့တယ်။ တကယ်ကတော့ ရမလားစမ်းကြည့်တယ်။  ဟိုကလည်း လာခဲ့လေ ကြာသလားလို့ လုပ်ပြလိုက်တယ်။ တကယ်လို့သာ NLDဘက်က နဲနဲပြာတာ ပြလိုက်ရင် ဂုတ်ခွစီး နားရင်းတီးဖို့ ကြံကြည့်တာ။ တကယ်တော့ ဒီလူတွေဟာ မူမရှိဘူး။ လူကြည့်ပြီး မူကိုကစားနေတာ။

ဟောအခုကျတော့ ဆိုင်းမဆင့်ဘုံမဆင့် ဒေါ်စုကို နှစ်ကြိမ် ရက်အနည်းငယ် အတွင်းတွေ့တယ်။ အပြုသဘောဆောင်တယ် ထုတ်ပြန်တယ်။ ကျနော်ကတော့ သဘောမတူဘူး။ အပြုသဘောဆောင်ရင် နာဂစ်ဥပဒေကို အစကထဲက လက်မခံခဲ့တဲ့ ဒေါ်စုက အခုလက်ခံလိုက်တာလား။ အရင်ကတောင် လက်မခံခဲ့တာ အခု ဒေါ်စုက အဲဒီတဖက်သက် မတရားစီးပိုးထားတဲ့ နာဂစ်ဥပဒေကြီးကို အခုကျမှ လက်ခံပါတယ်ဆိုရင် ဒါပြည်သူလူထု ကိုသစ္စာဖေါက်ရာ ရောက်ပါမယ်။ နာဂစ်ဥပဒေကို ပြင်ဆင်ပေးတဲ့ အထိရော သူတို့ဘက်က လျှော့ပေးနိုင်လို့လား။
တခါ ဘာမဆိုင် ညာမဆိုင် ဒီပဲယင်းလူသတ် တရားခံ ကြံ့ဖွတ်အဖွဲ့ ဗိုလ်ဌေးဦးကလည်း ဒေါ်စုနဲ့ လက်တွဲပါမယ် လုပ်လာပါတယ်။ လက်တွဲချင်ရင် ဒီပဲယင်းလူသတ်တာ ကျနော်တို့ ကြံ့ဖွတ်မဟုတ်ပါဘူး ဆိုတာကို အရင်ထုတ်ပြန်ပေးရပါမယ်။ ဟုတ်ရင်လဲ ဟုတ်ပါတယ်။ ကျနော်တို့ လုပ်တာမှားပါတယ် ဆိုတာ အရင်ဝန်ချ တောင်းပန်ဖို့ တာဝန်ရှိနေပါတယ်။ ဘယ်ဗျာ ဘုန်းကြီးထိပ်ခေါက်ပြီး ကန်တော့ပါရဲ့တောင် မတောင်းပန်ဘဲ ဆွမ်းစားကြွပါဦး လုပ်နေတယ်။

ဒေါ်စုသာ ကြံ့ဖွတ်ရုံးကိုသွားခဲ့ရင် ဒါသူ့အတွက် သေဆုံးသွားခဲ့သူတွေ အသက်ပေး သွားခဲ့သူတွေကို သစ္စာဖေါက်လိုက်တာထက် စော်ကားလိုက်ရာ ရောက်သွားပါမယ်။ ကြံ့ဖွတ်က ဒေါ်စုနဲ့ ဆွေးနွေးချင်ရင် သူတို့လုပ်တာ မဟုတ်ပါဘူး ဆိုတာ အရင်ငြင်းချက်ထုတ်ပြန်ပါ။ ဟုတ်တယ်ဆိုရင်လဲ ဒေါ်စုနဲ့ သေဆုံးခဲ့သူတွေကို ၀န်ချတောင်းပန်ရမယ်။ သေဆုံးခဲ့သူတွေရဲ့ ရုပ်ကြွင်းတွေကို ကိုဘယ်လို လုပ်ခဲ့တယ်ဆိုတာ ၀န်ခံရမယ်။ အာဏာရှိတယ်ဆိုတိုင်း လူပါးဝပြချင်စိတ်တွေ သတိကပ်ပါ မောင်ဌေးဦး။

အခုလဲ ကျော်ဆန်းတို့ ဗိုလ်အောင်ကြည်တို့ရဲ့ ကမ်းလှမ်းမှုက လက်သီးကို ဆုပ်ထားပြီး ဂွတ်မောနင်းဆိုပြီး လက်ဆွဲနှုတ်ဆက်ရာ ရောက်နေပါတယ်။ အဖွဲ့ချုပ်ကို အပြုသဘောဆောင် ဖိတ်ခေါ်ပါတယ်ပြောသေးတယ် ဒေါ်စုနဲ့ လူအများစုကို နိုင်ငံအရေးအလုပ်မှာ မပါနိုင်အောင် ရေးထားတဲ့ စည်းဝိုင်းထဲဝင်ခဲ့ပါတဲ့။ အဖွဲ့ချုပ်ဝင်ခဲ့ပါ။ မင်းတို့ ခေါင်းဆောင်တော့ ဆောရီး။ ဖိတ်ခေါ်တော့ စကားပြောတော့ ဒေါ်စုနဲ့ ပြောတယ်။ ခင်ဗျားမပါနဲ့ ပြောလိုက်တဲ့ ယဉ်ကျေးမှု။ မျက်စေ့ထဲ မြင်ယောင်ကြည့်ကြပါ။ အဖွဲ့ချုပ်ကို သူတိုရဲ့ နိုင်ငံရေး ကစားကွင်းထဲဝင်ဖို့ တိုက်တွန်းတယ် ဆုံးဖြတ်ခိုင်းတယ်။ အဲဒီလိုတွန်းပေးမဲ့ လူကိုတော့ မပါရဆိုတော့။ အိမ်တအိမ်ကို ထမင်းစားဖိတ်တယ်။ ထားပါတော့ ကိုယ်နဲ့ စကားများထားတဲ့ မိသားစုတခုကို ဖိတ်တယ် ကြားတာဝန်ခံပေးရသူတော့ မစားရဘူးဆိုသလိုပေါ့။

အဲဒီလို တလွှဲတွေလုပ်နေတယ်။ ဒါကိုအပြုသဘော ဆောင်တယ်ပြောကြတာ နဲနဲ ဝေဖန်ကြပါဦး။ ကျနော်က ဒီထက်ကို ပိုတွေးလိုက်တယ်။ အပြုသဘောထက် ဒီတခါက အပြုတ်သဘော ကြံပြီလို့ဘဲ တွက်ထားပြီ။ လုပ်နေတာတွေက ရုပ်ပျက်ဆင်းပျက် အောင်ကြည်ကလည်း ပလူးပြ ကျော်ဆန်း ကလည်း မျက်ရည်ခံထိုးပြ ကြားထဲ ဒီပဲယင်းတရားခံ လက်သည် ကြံ့ဖွတ်ဗိုလ်ဌေးဦးကပါ ၀င်ပြဲပြနေတော့ တခုခုကြံစည်နေပြီဆိုတာ ကျနော် ကွက်ကျော်မြင်လိုက်ပြီ။ မဟုတ်မှလွှဲရော ဒီလူတွေ မကြာခင် ပါကစ္စတန်ဝန်ကြီးချုပ်-ဘနီဇီယာဘူတိုကို ရှင်းသလို အသေခံဗုံးခွဲသူနဲ့ ရှင်းပြစ်ဖို့  ကြံစည်နေပြီလို့။ ကျနော်တထစ်ချ တွက်ဆနေပြီ။ ပြီးမှ သူတို့နဲ့က ဒေါ်စုနဲ့ အဆင်ပြေနေတာ ကြားကတဖွဲ့ဖွဲ့က မနာလိုလို့ ၀င်လုပ်သွားတယ်။ တိုင်းပြည်တိုးတက်ရေးကို မလိုလားသူတွေ မရှုစိမ့်သူ တဖွဲ့ဖွဲ့က ၀င်လုပ်သွားတယ်ဆိုပြီးလုပ်မှာ။ လူ့ပလီတွေ။ ဒီလိုလုပ်ချင်လို့ ဒီယုံကို ဖမ်းချင်လို့ ဒီခြုံကိုထွင်နေတာ။ အာဆီယံ ဥက္ကဌ ကိစ္စလဲပါတယ် အဲဒီထက်ထက် ပိုတယ်လို့ဘဲ ကျနော်ထင်တယ်။
ဟာဗျာ ခင်ဗျားကလဲ မကောင်းဘဲမြင်နေတယ် ပြောချင်လား။ ဟုတ်ကဲ့ ပြောရင်လဲ ရတာဘဲ။ ကျနော်ကလည်း ကိုယ်သံသယရှိတာလေးတွေ မြင်ထားလို့ပေါ့။ သူတို့လျှို့ဝှက်ချက်တွေကို သိဖို့က လွယ်ကူတဲ့ကိစ္စမှ မဟုတ်တာ။ ဒါပေမဲ့ အခုသူတို့လုပ်နေတာက သူတို့ရဲ့ တကယ့်အစစ်အမှန် သဘောထားနဲ့ ရုပ်ပျက်ဆင်းပျက် ပြောင်းပြန်တွေလုပ်ပြနေတော့ ဥာဏ်ထုတ်သုံးကြည့်ပါ။ ဒါကဘာလဲ .. အခု ဒေါ်စု ပဲခူးခရီးစဉ်သူတို့ကို လုံခြုံရေးမတောင်းဘူး။ တောင်းရင်လဲ စိတ်အနှောက်အယှက်တွေ ပေးတယ်လေ။ အခုမတောင်းဘူး တခုခုဖြစ်ရင် သူတို့မှာတာဝန်မရှိဘူးဆိုတာကို ချပြထားပြီ။ ချပြထားပြီ သတိသာထားပေတော့။ နောက်ခရီးစဉ်လေးတွေ ပေးထွက်မယ်ပြီး ပိုင်ပြီဆိုရင် ကိုင်မယ်။
ကျနော်ပြော နေရတာက ဒီပဲယင်းလူသတ်တာဝန်ခံ သန်းဟန်က ရာထူးခုန်ပျံ ကျော်လွှားတက်တယ်။ အခုဗိုလ်ချုပ်ဖြစ်နေတယ်။ တပ်ချုပ်ကြီးဟောင်းနဲ့ အမြဲ ထိတွေ့နေတယ်။ သူဟာသူ ဘာရာထူးပြထားထား သူတို့မှာသီးခြား အထူးတာဝန်ရှိထားတယ်။ တပ်ချုပ်ကြီးမှာ နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးဆိုတဲ့ ဆိုင်းဘုတ်မပြထားတဲ့ တာဝန်ခံထားရတယ်။ ဒါကအထူးအဖွဲ့။ တပ်မတော်အရာရှိတွေ အတော်များများတောင် မသိကြဘူး။ အဲဒီအထူးအဖွဲ့တွေရဲ့ အသုံးစားရိတ်ကို ချမပြနိုင်လို့ ဗိုလ်ကျော်ဆန်းက တနေ့ကပြောတာပေါ့။ ဘဏ္ဍာရေးရှင်းတမ်းကို မပြနိုင်ဘူးဆိုတာလေ။ အဲဒီအထူးအဖွဲ့ကို ဘယ်သူစီမံနေတာလဲ။ သိအောင်လုပ်ကြပါ။ ဒီအဖွဲ့ကဘာတွေ အတွက် ထူထားရတာလဲ ဘာကြောင့် ဘဏ္ဍာငွေတွေ လိုသလောက်သုံးနေရတာလဲ။ ဘယ်သူတွေကို ဆော်ဖို့လဲ။ အလကား ထူထားတာမဟုတ်ဘူး။ ဒီအဖွဲ့လက်တံက ကမ္ဘာတခုလုံးထိ ဆန့်ထားတာ။ အဲဒါကြောင့်လဲ ဒေါ်လာတွေ မတရားသုံးစွဲနေတာ ။
ဒီအဖွဲ့ လိုဘဲ ပြည်ပအတိုက်အခံအဖွဲ့ထဲဘသူလျှိုမြုပ်နှံရေးဌာန ဆိုတာကလဲရှိသေးတယ်။ ပြည်ပအဖွဲ့ တွေထဲ မြုပ်ထားတဲ့သူတွေကို (သုံးလ) တကြိမ် ထောက်ပံ့ငွေတွေ ပို့ပေးနေရတဲ့ အဖွဲ့လဲရှိသေးတယ်။ ထားပါ ဇူလိုင်လဆန်းပိုင်းက တကြိမ်ပေးတယ်။ ဒါကျနော်ရထားတဲ့ သတင်း။ အခုကျနော်တို့ အတိုက်အခံအဖွဲ့တွေထဲက လူတွေ အဲဒီလို သုံးလတကြိမ် ဘဏ်ထဲ ငွေဝင်ဝင်လာသူရှိရင် အဲဒီသူဟာ န.အ.ဖ သူလျှိုဘဲ။ အခု ကျနော်တို့ ဘက်ရောက်လာတဲ့ ဗိုလ်မှုးအောင်လင်းထွဋ် ဆိုရင် အဲဒီသူလျှို ဘယ်သူတွေဆိုတာ သိနိုင်မယ်။ သူတို့တာဝန်ထဲမှာ အဓိကကတော့ ပြည်ပအတိုက်အခံတွေ အထဲ အချင်းချင်း စိတ်ဝမ်းကွဲရေး အချင်းချင်းပြန်တွယ်အောင် လုပ်နိုင်သူတွေဆိုရင် အထူး ထောက်ပံ့ပေးတယ်လေ။ အဲဒီတော့ ကျနော်တို့ မီဒီယာတွေအပေါ် အချင်းချင်းခွပ်အောင် လုပ်နေသူတွေဆိုရင် ဆုတော်ငွေပိုရလို့ ချနေကြတာလား။ စဉ်းစားဖို့ လိုနေပြီ ။
သူတို့စီမံချက်မှာ ဆန္ဒပြတာများများ လုပ်ဖို့က ပါထားတယ်။ အတိုက်အခံတွေက ဆန္ဒပြရုံလေးနဲ့ တာဝန်ကျေနေကြနေပြီး တခြားသူတို့ ကုလားထိုင်ကို လှုပ်စေမှာတွေ မစဉ်းစားမိအောင် စီမံချက်ထဲမှာပါတယ်။ ဗိုလ်ရွှေက ဆန္ဒပြတာနဲ့ အလုပ်ရှုပ်နေလေ ကြိုက်လေလေ။ ကျနော်တို့ အတိုက်အခံတွေကလည်း ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် ဒါဂုဏ်သိက္ခာကို ထိခိုက် မီဒီယာကိုဖြေရဆိုတော့ ဂရုစိုက်တယ်။ အလေးထားတော့ ဆန္ဒပြရတာ အကျိုးသက်ရောက်မှု ရှိတယ်လေ။ ဗိုလ်ရွှေလို ဂုဏ်သိက္ခာဆိုတာကို အလေးမထားသူကို ဆန္ဒပြနေတာက အချီးအနှီးဖြစ်နေတာပေါ့။
ဒါပါဘဲ။ ဗိုလ်ရွှေ ခြေလှမ်း ပြောင်းလိုက်တာကို လက်ခံရမှာပါ။ ကြိုဆိုရမှာပါ။ ဒါပေမဲ့ သတိလက်လွတ်ပြီး ကောင်းပေ့တော့ မလုပ်မိကြပါနဲ့။ သတိလေးတော့ ထားကြပါ။ ခံရပေါင်းများလှပြီ။ သန်းဟန် ကိုမေ့မထားကြပါနဲ့။
အားလုံးကိုလေးစားလျှက်
၁နှစ်မြောက် နယ်ခြားစောင့် တပ် နှစ်ပတ်လည် အခမ်း အနား ရွှေကုက္ကိုမြိုင်တွင် ကျင်းပ

(ဗိုလ်ချုပ်မောင်မောင်အုန်း)

ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၃)တပ်နယ်ရှိ အမှတ်(၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀)တပ်ရင်းများက ၁နှစ်မြောက် တပ်နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ယနေ့မနက်တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ကုက္ကိုမြိုင်ကျေးရွာ၌ ကျင်း ပပြုလုပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် ဗိုလ်မှူးချုပ်ခင်မောင်ဝင်း၊ BGF အကြံပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောချစ်သူ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော် မင်းနှင့် ပြည်နယ်ဝန်ကြီးအချို့ အပါအ၀င် ပရိဿတ် ၅ထောင်ခန့် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို မြန်မာစံတော်ချိန် နံနက် ၉နာရီတွင် ၎င်းနယ်ခြားစောင့်တပ်ရင်း ၄ရင်းမှ စစ်ရေးပြအစီအစဉ်ဖြင့် စတင်ဖွင့်လှစ် ခဲ့ပြီး ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင်မောင်အုန်းက အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မောင်မောင်အုန်းက “နယ်ခြားစောင့် ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက် နယ်မြေအ တွင်း တဖက်နိုင်ငံက တရားမ၀င် ကျူးကျော်မှုများ မရှိစေရန်၊ ကျူးကျော်တိုက်ခိုက်လာနိုင်သည့် ရန်သူများကို တန်ပြန်တိုက် ခိုက်နိုင်ရေး၊ အပြီးပိုင် ချေမှုန်းနိုင်ရေး ဆောင်ရွက်ရန်နဲ့ နယ်မြေစိုးမိုးရေး၊ လုံခြုံရေးတာဝန်များအား ထမ်းဆောင်နိုင်ဖို့ ဖြစ် တယ်။”ဟု မိန့်ခွန်းပြောဆိုခဲ့သည်။

ထို့အပြင် နယ်ခြားစောင့်တပ်နှင့် ဒီကေဘီအေ (တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်)သည် တသွေး တည်း တသားတည်းဖြစ်ကြောင်း၊ တပ်မတော်သားများ အားလုံး၏အသက်သည် နိုင်ငံတော်က ပိုင်ဆိုင်သောကြောင့် မိမိကျ ရောက်ရာ အရပ်ဒေသတွင် တသွေမတိမ်း တာဝန်ထမ်းဆောင်ကြရန် ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောသည်။

နယ်ခြားစောင့်တပ် အကြံပေးအဖွဲ့ဝင် ဗိုလ်မှူးကြီးစောချစ်သူက “ကျနော်တို့ ဒီကေဘီအေက နယ်ခြားစောင့် အသွင်ကူး ပြောင်းသွားတာ ပြည်သူတွေ ထောက်ခံမှုလျော့နည်းလာတာကို တွေ့ရပါတယ်။ ကျနော်တို့ မိဘ ပြည်သူတွေဟာ စစ်ကြောင့် ဆင်းဆင်းရဲရဲ ထွက်ပြေးတိမ်းရှောင်နေရတယ်။ သူတို့တွေဟာ စစ်ကို မလိုလားကြဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်။ ဒါ ကြောင့် နိုင်ငံတော်က ငြိမ်းချမ်းရေးလမ်းဖွင့်ပေးတဲ့အတွက် ကျနော်တို့ နယ်ခြားစောင့်တပ်ကို အသွင်ကူးပြောင်းတာဖြစ် တယ်။”ဟု အခမ်းအနားတွင် ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မောင်မောင်အုန်း အပါအ၀င် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ၀န်ကြီးအဖွဲ့ဝင်များနှင့် ဗိုလ်မှူးကြီးစောချစ်သူတို့က အခမ်းအနားသို့ တက်ရောက်လာကြသည့် မိဘပြည်သူများ၊ တပ်မိသားစုများ၊ ကျောင်းသူကျောင်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသလို တိုင်းရင်းသားပေါင်းစုံ စုပေါင်းသည့် ကပြဖျော်ဖြေမှုများ၊ နာမည်ကြီး ကရင်အဆိုတော်များ၏ တေးသီ ချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယခု ရွှေကုက္ကိုမြိုင်ကျေးရွာတွင် တပ်နှစ်ပတ်လည် ပြုလုပ်သည့် နယ်ခြားစောင့်တပ် (၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀) တပ်ရင်း များသည် ယခင် ဒီကေဘီအေ တပ်မဟာ(၉၉၉) လက်အောက်ရှိ တပ်ရင်းများဖြစ်ကြပြီး ယမန်နှစ်၊ သြဂုတ်လ ၂၀ရက်နေ့က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ အသွင်ကူးပြောင်းခဲ့သူများဖြစ်သည်။

အလားတူ မနက်ဖြန် သြဂုတ်လ ၂၁ရက်နေ့တွင် ဗိုလ်မှူးမုတ်သုန် ဦးစီးသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ၎င်းတို့၏ တပ် နှစ်ပတ်လည်နေ့ အခမ်းအနားကို မြ၀တီမြို့နယ်ရှိ မေတ္တာလင်းမြိုင်ရပ်ကွက်၌ ကျင်းပသွားမည်ဟုလည်း မြ၀တီမြို့ခံများက ပြောဆိုနေကြသည်။

ထို့အတွက် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြ၀တီမြို့တွင် ယနေ့ည တည်းခိုပြီး မနက်ဖြန်ကျင်းပမည့် မေတ္တာလင်းမြိုင်ရပ်ကွက်ရှိ နယ်ခြားစောင့်တပ် နှစ်ပတ်လည်အခမ်းအနားကို ဆက်လက်တက်ရောက်သွားမည်ဟု သိရသည်။

စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီများ တက်ရောက်


သြဂုတ်လ ၁၉ရက်။ (ကေအိုင်စီ

စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင် ရွေးကောက်ပွဲ ဝင် နိုင်ငံရေးပါတီများ ယနေ့ စတင် တွေ့ဆုံကြသည်။

သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် ထိုဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ (၃၇)ပါတီနှင့် အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တရားဝင် ဖိတ်ကြားထားခြင်း ဖြစ်သည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)တွင် ကျင်းပ သည့် စီးပွားရေးဆိုင်ရာ
အလုပ်ရုံဆွေး နွေးပွဲ သို့ နိုင်ငံရေးပါတီ တစ်ပါတီလျှင် ကိုယ်စားလှယ် ၃ဦးစီ တက်ရောက်ရန်
ဖိတ်ကြားခံထားရသ ဖြင့် ဖလုံ-စဝေါ်ပါတီမှ ပါတီ ခေါင်းဆောင် သုံးဦး တက်ရောက်ခဲ့ကြောင်း ဘားအံမြို့ရှိ ပါတီဝင်တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“ကျနော်တို့ပါတီကို ဖိတ်စာနဲ့ ဖိတ်ကြားထားပေမယ့် ဖိတ်စာမှာ စီးပွားရေးမြှင့်တင်မှုအတွက် ဆွေးနွေးကြမယ် ဆိုတဲ့အကြောင်း ပဲ ပါတယ်။ ကျနော်တို့ပါတီက ဒုဥက္ကဌ စောမြထူး၊ အထွေထွေ အတွင်းရေးမှူး စဘီကျင်ဦးနဲ့ အမျိုးသမီး ဥက္ကဌ နော်ယုဇန၀ါတို့ သုံးယောက် မနေ့ညနေက ဘားအံကနေ ထွက်တယ်လေ။”ဟု ဆိုသည်။

အလားတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီမှ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်စံတင်၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်ချမ်းမြင့်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ နိုင်အောင်နိုင်ဦး၊ မွန်ပြည်နယ် လူမှုရေးနှင့် ယဉ်ကျေးမှုဝန် ကြီး ဒေါက်တာမင်းနွယ်စိုးတို့ တက်ရောက်ကြောင်း သိရသည်။

သို့သော် သြဂုတ်လ ၁၉ရက်နေ့တွင် တက်ရောက်ရမည့် ဆွေးနွေးပွဲသို့ ထိုရက်မတိုင်ခင် နှစ်ရက်အလိုမှ ဖိတ်စာရသည့်အ တွက် နိုင်ငံရေးပါတီတချို့ ပြင်ဆင်မှုမရှိဘဲ ထိုဆွေးနွေးပွဲသို့ တက်ရောက်ရသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

“ဖိတ်စာရ နောက်ကျလို့ ဘာပြင်ဆင်မှုမှ မရှိဘူး။ ဘာဆွေးနွေးမယ်ဆိုတာလည်း မသိဘူး။ ဒါပေမယ့် ပါတီက ကြုံတွေ့နေရတဲ့ စီးပွားရေး အခြေအနေ အရင်က ရှိခဲ့တာ ခွင့်ရရင် ပြောမှာပေါ့။”ဟု နိုင်ငွေသိန်းက ပြောသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်သို့ သြဂုတ်လ ၁၇ရက်နေ့က ဖိတ်စာဖြင့် အဖိတ် ခံထားရသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ယင်းစီးပွားရေး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ (၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံ ရေးပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အခြား အစိုးရအဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်

စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီများ တက်ရောက်


သြဂုတ်လ ၁၉ရက်။ (ကေအိုင်စီ

စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင် ရွေးကောက်ပွဲ ဝင် နိုင်ငံရေးပါတီများ ယနေ့ စတင် တွေ့ဆုံကြသည်။

သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် ထိုဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ (၃၇)ပါတီနှင့် အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တရားဝင် ဖိတ်ကြားထားခြင်း ဖြစ်သည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)တွင် ကျင်းပ သည့် စီးပွားရေးဆိုင်ရာ
အလုပ်ရုံဆွေး နွေးပွဲ သို့ နိုင်ငံရေးပါတီ တစ်ပါတီလျှင် ကိုယ်စားလှယ် ၃ဦးစီ တက်ရောက်ရန်
ဖိတ်ကြားခံထားရသ ဖြင့် ဖလုံ-စဝေါ်ပါတီမှ ပါတီ ခေါင်းဆောင် သုံးဦး တက်ရောက်ခဲ့ကြောင်း ဘားအံမြို့ရှိ ပါတီဝင်တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“ကျနော်တို့ပါတီကို ဖိတ်စာနဲ့ ဖိတ်ကြားထားပေမယ့် ဖိတ်စာမှာ စီးပွားရေးမြှင့်တင်မှုအတွက် ဆွေးနွေးကြမယ် ဆိုတဲ့အကြောင်း ပဲ ပါတယ်။ ကျနော်တို့ပါတီက ဒုဥက္ကဌ စောမြထူး၊ အထွေထွေ အတွင်းရေးမှူး စဘီကျင်ဦးနဲ့ အမျိုးသမီး ဥက္ကဌ နော်ယုဇန၀ါတို့ သုံးယောက် မနေ့ညနေက ဘားအံကနေ ထွက်တယ်လေ။”ဟု ဆိုသည်။

အလားတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီမှ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်စံတင်၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်ချမ်းမြင့်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ နိုင်အောင်နိုင်ဦး၊ မွန်ပြည်နယ် လူမှုရေးနှင့် ယဉ်ကျေးမှုဝန် ကြီး ဒေါက်တာမင်းနွယ်စိုးတို့ တက်ရောက်ကြောင်း သိရသည်။

သို့သော် သြဂုတ်လ ၁၉ရက်နေ့တွင် တက်ရောက်ရမည့် ဆွေးနွေးပွဲသို့ ထိုရက်မတိုင်ခင် နှစ်ရက်အလိုမှ ဖိတ်စာရသည့်အ တွက် နိုင်ငံရေးပါတီတချို့ ပြင်ဆင်မှုမရှိဘဲ ထိုဆွေးနွေးပွဲသို့ တက်ရောက်ရသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

“ဖိတ်စာရ နောက်ကျလို့ ဘာပြင်ဆင်မှုမှ မရှိဘူး။ ဘာဆွေးနွေးမယ်ဆိုတာလည်း မသိဘူး။ ဒါပေမယ့် ပါတီက ကြုံတွေ့နေရတဲ့ စီးပွားရေး အခြေအနေ အရင်က ရှိခဲ့တာ ခွင့်ရရင် ပြောမှာပေါ့။”ဟု နိုင်ငွေသိန်းက ပြောသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်သို့ သြဂုတ်လ ၁၇ရက်နေ့က ဖိတ်စာဖြင့် အဖိတ် ခံထားရသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ယင်းစီးပွားရေး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ (၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံ ရေးပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အခြား အစိုးရအဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်

စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တိုင်းရင်းသားပါတီများ တက်ရောက်


သြဂုတ်လ ၁၉ရက်။ (ကေအိုင်စီ

စီးပွားရေးဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအဝင် ရွေးကောက်ပွဲ ဝင် နိုင်ငံရေးပါတီများ ယနေ့ စတင် တွေ့ဆုံကြသည်။

သမ္မတ ဦးသိန်းစိန် တက်ရောက်မည့် ထိုဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ (၃၇)ပါတီနှင့် အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ တရားဝင် ဖိတ်ကြားထားခြင်း ဖြစ်သည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (MICC)တွင် ကျင်းပ သည့် စီးပွားရေးဆိုင်ရာ
အလုပ်ရုံဆွေး နွေးပွဲ သို့ နိုင်ငံရေးပါတီ တစ်ပါတီလျှင် ကိုယ်စားလှယ် ၃ဦးစီ တက်ရောက်ရန်
ဖိတ်ကြားခံထားရသ ဖြင့် ဖလုံ-စဝေါ်ပါတီမှ ပါတီ ခေါင်းဆောင် သုံးဦး တက်ရောက်ခဲ့ကြောင်း ဘားအံမြို့ရှိ ပါတီဝင်တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။

“ကျနော်တို့ပါတီကို ဖိတ်စာနဲ့ ဖိတ်ကြားထားပေမယ့် ဖိတ်စာမှာ စီးပွားရေးမြှင့်တင်မှုအတွက် ဆွေးနွေးကြမယ် ဆိုတဲ့အကြောင်း ပဲ ပါတယ်။ ကျနော်တို့ပါတီက ဒုဥက္ကဌ စောမြထူး၊ အထွေထွေ အတွင်းရေးမှူး စဘီကျင်ဦးနဲ့ အမျိုးသမီး ဥက္ကဌ နော်ယုဇန၀ါတို့ သုံးယောက် မနေ့ညနေက ဘားအံကနေ ထွက်တယ်လေ။”ဟု ဆိုသည်။

အလားတူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီမှ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်စံတင်၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ နိုင်ချမ်းမြင့်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ နိုင်အောင်နိုင်ဦး၊ မွန်ပြည်နယ် လူမှုရေးနှင့် ယဉ်ကျေးမှုဝန် ကြီး ဒေါက်တာမင်းနွယ်စိုးတို့ တက်ရောက်ကြောင်း သိရသည်။

သို့သော် သြဂုတ်လ ၁၉ရက်နေ့တွင် တက်ရောက်ရမည့် ဆွေးနွေးပွဲသို့ ထိုရက်မတိုင်ခင် နှစ်ရက်အလိုမှ ဖိတ်စာရသည့်အ တွက် နိုင်ငံရေးပါတီတချို့ ပြင်ဆင်မှုမရှိဘဲ ထိုဆွေးနွေးပွဲသို့ တက်ရောက်ရသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

“ဖိတ်စာရ နောက်ကျလို့ ဘာပြင်ဆင်မှုမှ မရှိဘူး။ ဘာဆွေးနွေးမယ်ဆိုတာလည်း မသိဘူး။ ဒါပေမယ့် ပါတီက ကြုံတွေ့နေရတဲ့ စီးပွားရေး အခြေအနေ အရင်က ရှိခဲ့တာ ခွင့်ရရင် ပြောမှာပေါ့။”ဟု နိုင်ငွေသိန်းက ပြောသည်။
ထိုဆွေးနွေးပွဲသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်သို့ သြဂုတ်လ ၁၇ရက်နေ့က ဖိတ်စာဖြင့် အဖိတ် ခံထားရသည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ယင်းစီးပွားရေး အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ (၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံ ရေးပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ အပါအဝင် အခြား အစိုးရအဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်
"ခင်မင်သူ၏ အသက်မပြည့်သူ သမီးကို သွေးဆောင်ဖျားယောင်း ပြည့်တန်ဆာ လုပ်ခိုင်းသည့် ယုတ်မာပက်စက်သူ အမျိုးသမီးကို သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီး

ပြည်တွင်းသတင်နော်

မိခင်ဖြစ်သူ အလုပ်လုပ်ရာသို့ လိုက်ပါလာသော အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ခင်မင်ရင်းနှီးသူ အမျိုးသမီး တစ်ဦးမှ ခေါ်ဆောင်သွားပြီး ၄င်း၏ ခင်ပွန်းက သားမယားအဖြစ် ပြုကျင့်ခဲ့သလို အမျိုးသား ၃ ဦးနှင့် ထည့်ပေးလိုက်ပြီး ပြည့်တန်ဆာ လုပ်စေ၍ ပိုက်ဆံယူခဲ့သည့် မှုခင်းတစ်ခု လွန်ခဲ့သော ဇွန်လက ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ဖြစ်ပွားခဲ့ပြီး ကာယကံရှင် မိန်းကလေး၏ ဖွင့်ဟပြောဆိုမှုကြောင့် သြဂုတ်လဆန်းပိုင်း၌ ပေါ်ပေါက်ခဲ့ကြောင်း ကြားသိရသည်။

ဖြစ်ပွားပုံ အကျဉ်းမှာ ဒေါပုံမြို့နယ်နေ အမျိုးသမီးတစ်ဦးသည် ပန်းဘဲတန်းမြို့နယ်ရှိ နေအိမ်တစ်ခုသို့ လာရောက်၍ အ၀တ်လျော်နေသူ ဖြစ်ပြီး ထိုနေ့က သမီးဖြစ်သူကိုပါ ခေါ်ဆောင်လာခဲ့ကြောင်း၊ မိခင်ဖြစ်သူ အ၀တ်လျှော်နေသည့် အိမ်၏ အပြင်၌ သမီးဖြစ်သူ ရှိနေခဲ့ကြောင်း၊ ည ၉ နာရီခန့် အိမ်ပြန်ခါနီးမှ သမီးဖြစ်သူကို မတွေ့သဖြင့် စုံစမ်းကြည့်ရာ ၄င်းတို့နှင့် ရင်းနှီးသူ ဒလမြို့နယ်နေ ဒေါ်နှင်းဆီနှင့် အခြားသူ ၃ ဦးတို့မှ ခေါ်သွားကြောင်း သိရပြီး ပြန်လာခဲ့ကြောင်း၊ နောက်တစ်နေ့ မနက်၌ မိခင်ဖြစ်သူက ဒေါ်နှင်းဆီအိမ်သို့ သွားရောက် ခေါ်ဆောင်ခဲ့သော်လည်း မတွေ့ဘဲ ပြန်လာခဲ့ရကြောင်း၊ နောက်တစ်နေ့မနက်တွင်မှ သမီးဖြစ်သူကို လသာမြို့နယ် တရုတ်ဘုံကျောင်းရှေ့မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ပထမပတ်အတွင်းတွင် သမီးဖြစ်သူ ဓမ္မတာ မလာသဖြင့် မိခင်ဖြစ်သူမှ မေးမြန်းကြည့်ရာမှ ထိုနေ့က ဒေါ်နှင်းဆီက ခေါ်ဆောင်သွားပြီး ဒေါ်နှင်းဆီ၏ ခင်ပွန်း ဦးကြင်အေးမှ သူမအား သားမယားအဖြစ် ၃ ကြိမ်ဆက်ဆံခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ဒလမြို့နယ်၊ ကမာဆစ်ရပ်ကွက်ရှိ အမျိုးသမီးတစ်ဦး၏ အိမ်သို့ ပို့ပေးခဲ့ပြီး ညဖက်တွင် အဆိုပါ အမည်မသိ အမျိုးသမီးက ငွေကျပ် ၇၀၀၀ ကို ရယူကာ သူမကို အမျိုးသား ၃ ဦးနှင့် ထည့်ပေးလိုက်ကြောင်း၊ အဆိုပါ အမျိုးသား ၃ ဦးက လူပြတ်သော တစ်နေရာ၌ သူမကို သားမယားအဖြစ် ၀ိုင်းဝန်းပြုကျင့်ခဲ့ကြကြောင်း သမီးဖြစ်သူက ဖွင့်ပြောခဲ့သည်။

ထို့ကြောင့် မိခင်ဖြစ်သူမှ ဒလမြို့နယ် ရဲစခန်းသို့တိုင်ကြားခဲ့ရာ ဒလမြို့နယ် ရဲစခန်းမှ (ပ)၄၃၆/၁၁ ပုဒ်မ ၃၇၂/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ တရားခံများကို ဖမ်းဆီးရမိရေး ကြိုးစားနေကြောင်း သတင်းရရှိသည်။