Sunday, February 15, 2015

ပဒိုမန်းရှာလားဖန်း

.         ပဒိုမန်းရှာလားဖန်း
         -----------------

-ပဒိုမန်းရှာလားဖန်းအား ၁၉၄၃ ခုနှစ်၊ ဇူ
လိုင် လ ၅ ရက်နေ့တွင် ဧရာဝတီတိုင်း ၊
ပန်းတ နော်မြို့နယ်၊ တောကျောင်းကျေး
ရွာနေ မန်းဘ သော်နှင့် ဂါ့နမ့်တင် တို့မှ
မွေးဖွာခဲ့သည်။ မွေချင်း ၃ ယောက်အ
နက်ဒုတိယ မြောက်ဖြစ်သည်။ အမည်
ရင်းမှာ စတင်ရွှေဖြစ်ပြီးတော်လှန်ရေးအ
မည်မှာမန်းရှာလားဖန်းဖြစ်သည်။

-၁၉၅၉-၆၀ ခုနှစ်ကပန်းတ နော်မြို့နယ်
ယင်းတိုက်ကုန်းအလယ်တန်းကျောင်း
တွင် မူလတန်း၊ အလယ်တန်းပညာသင်
ယူခဲ့ပြီး ပန်းတ နော်အထက်တန်း
ကျောင်းတွင် အထက်တန်းအောင်မြင်
ခဲ့သည်။ ၁၉၆၂ တွင် ရန်ကုန်တက္ကသိုလ်
၌ပညာသင်ကြားရင်း 7th July အ ရေး
အခင်းတွင် ပါဝင် ခဲ့သည်။ ၁၉၆၆ တွင်
သမိုင်းဘွဲ့ရရှိခဲ့သည်။

-၁၉၆၃ မှစ၍ KNU နှင့်ဆက်သွယ်ပြီး
၁၉၆၆ အထိ KNU - UG တာဝန်များ
ဆောင် ရွက်ခဲ့သည်။

-၁၉၆၇ တွင် ပဲခူးရိုးမ တော်လှန်ရေး
နယ်မြေသို့ရောက် ရှိပြီး KNU တာဝန်
ထမ်းဆောင် သည်။

-KNU တပ်မဟာ ၃ နယ်မြေ၊ ညောင်
လေးပင် ခရိုင် တွဲဖက်အတွင်းရေးမှုး
အဖြစ် ၁၉၇၅ မှ ၁၉၈၄အထိဆောင်
ရွက်ခဲ့သည်။

-၁၉၆၇ တွင် KNU တော်လှန်ရေးရဲ မေ
နန့်ကျင်ရွှေနှင့် လက်ထပ်ခဲ့သည်။ စော
စေးစေး၊ နန့်ဘွားဘွားဖန်း၊ နန့်ဇိုယာဖန်း
စလုံ့ဖန်း သားသမီး ၄ ဦးထွန်းကားခဲ့
သည်။

-၁၉၈၄ တွင် အမျိုးသားဒီမိုက ရေစီတပ်
ပေါင်းစု NDF ဗဟိုသဘာပတိအဖွဲ့ဝင် ၊
မြောက်ပိုင်းစည်းရုံးရေးခရီးစဉ်တွင် 
KNPP, KNU, ALP, PPLO, PSLP, KIO,
SSPP အဖွဲ့များမှတိုင်းရင်းသားခေါင်း
ဆောင် များနှင့်အတူစစ်ရေးဒုတိယ
ခေါင်းဆောင် အဖြစ်ပါဝင် ခဲ့သည်။

-၁၉၈၄ KNU ဗဟိုကော်မတီဝင်ဖြစ်ပြီး
နောက် ဗိုလ်ချုပ်ကြီးစောဘိုမြ၏ PSO
အဖြစ်တာဝန်ယူခဲ့သည်။

-၈၈ အ ရေးတော်ပုံမှတော်လှန်ရေးနယ်
မြေ ရောက်ကျောင်းသားများကိုစုစည်း
ပေးခဲ့သည်။

-၁၉၈၉ တွင် မြန်မာပြည်ဒီမိုကရက်တစ်
မဟာမတ်အဖွဲ့ချုပ် DAB ဗဟိုအလုပ်အ
မှုဆောင် ကော်မတီဝင် အဖြစ်ဆောင်
ရွက်ခဲ့သည်။

-၁၉၉၂တွင် ပြည်ထောင် စုအမျိုးသား
ကောင် စီ NCUB တွင် တွဲဖက်အ ထွေ
ထွေအတွင်းရေးမှုး ၃ အဖြစ် ကျဆုံးချိန်
အထိဆောင် ရွက်ခဲ့သည်။

-၁၉၉၅ -၁၁ကြိမ်မြောက် KNU Congr-
ess တွင် တွဲဖက်အ ထွေထွေအတွင်း
ရေးမှုး ၂ ဖြစ်လာခဲ့သည်။

-နဝတ နှင့်တွေ့ဆုံဆွေးနွေးရာတွင် မော်
လမြိုင်ဆွေးနွေးပွဲတွင် အဖွဲ့ခေါင်းဆောင်
တတိယ နှင့် စတုတ္ထဆွေးနွေးပွဲတွင် ဒုအဖွဲ့ခေါင်း အဖြစ်ပါဝင် ခဲ့သည်။

-၂၀၀၀ ပြည့်နှစ် 12nd Congress တွင်
KNU အ ထွေထွေအတွင်းရေးမှုး၊ ၂၀၀၄
13rd Congress တွင် KNU အ ထွေထွေ
အတွင်းရေးမှုးချုပ် အဖြစ်ရွေးချယ်ခံရ
သည်။

-၂၀၀၈ ခုနှစ် ဖေဖဝါရီလ ၁၄ ရက်နေ့၊
ည နေ ၄ နာရီ ၄၆ မိနစ်တွင် ကျဆုံး
ခဲ့သည်။