Saturday, August 20, 2011

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးသိန်းစိန်နဲ့ ၁နာရီကျော်ကြာတွေ့ဆုံ

2011-08-19

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်က သမ္မတအိမ်တော် မှာ ဒီကနေ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

MRTV
၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော် သမ္မတ အိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် သတင်းကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့စဉ် မြင်ကွင်း ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ကစလို့ (၃) ရက်ကြာ ကျင်းပမယ့် မြန်မာနိုင်ငံ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတရဲ့ ဖိတ်ကြားချက်အရ နေပြည်တော်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးသိန်းစိန်နဲ့ တနာရီကြာလောက် တွေ့ဆုံခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ လိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က RFA ကို ပြောပါတယ်။
“သမ္မတ အိမ်တော်မှာ တွေ့ပါတယ်။ သမ္မတ နဲ့ အမနဲ့ ၄ နာရီကနေ ၅ နာရီအထိပေါ့။ နှစ်ယောက်ထဲ တွေ့တာပါ။ နောက်တော့ ကျနော်တို့ပါ ပါတယ်။ ၁၅ မီးနစ်လောက် အလ္လာပသလ္လာပ မိသားစုကိစ္စ ပြောကြ တာပါ။ အဲဒါပြီးတော့ ပြန်လာ ပါတယ်”
ဒီကနေ့ ကျင်းပတဲ့ စီးပွားရေး ဆိုင်ရာ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှု မရှိကြောင်း၊ မနက်ဖြန်မှာ ဆက်လက် ကျင်းပမယ့် ဒုတိယမြောက် နေ့ကို တက်ရောက်ဖွယ် ရှိကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောပါတယ်။
“ဒီနေ့တော့ နိုင်ငံရေး ပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ မတွေ့ သေးဘူး။ မနက်ဖြန် တက်မလား မသိဘူး။ ဒီမှာတော့ တိုင်းပြည်ရဲ့ မိုက်ခရို စီးပွားရေးနဲ့ ပတ်သက်တာကို ရှုထောင့် ပေါင်းစုံက တင်ပြကြတယ်။ လိုအပ်ချက်တွေ ဖော်ထုတ်မယ်။ အများကြီး အကျိုးရှိ မှာပါ။ အခြေအနေ မှန်တွေကို ပွင့်ပွင့် လင်းလင်း ပြောဆို ဆွေးနွေး နိုင်ကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ပြည်ပက ဆရာ ကျော်ရင်လှိုင်တို့ ဒေါက်တာ ဇော်ဦးတို့ တွေ့ပါတယ်”
သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အခုလို ပထမဆုံး အကြိမ် တွေ့ဆုံ နိုင်တာဟာ အပြန်အလှန် နားလည်မှု တိုးတက်ရေး အတွက် အထူး အရေးကြီး တာကြောင့် ကြိုဆိုကြောင်း အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။
“ဦးသိန်းစိန်နဲ့ တွေ့လိုက်ခြင်း အားဖြင့် ထူးခြားမှုတွေ ရှိတယ်လို့ ကျနော်တို့ ယူဆ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အဆင့်ဆင့် ဆက်လက် ပြီးတော့လည်း ဆောင်ရွက်စရာတွေ ရှိသေးတယ်။ အဲသလို ဆောင်ရွက်တဲ့ အခါမှာ အခု ဦးသိန်းစိန်နဲ့ တွေ့ဆုံခြင်းဟာ တဆင့် တိုးပြီးတော့ အရေးကြီးတဲ့ ကိစ္စများ ဖြစ်ထွန်းရေး အတွက်ကို ထိရောက်မှု မရှိသေးဘူး ဆိုရင်တောင်မှ နောင် ဆက်လက်ပြီး ဆွေးနွေးမယ့် ဆွေးနွေးပွဲတွေ အတွက် အများကြီး အကျိုးရှိ သွားမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို့တွေ့တာဟာ နှစ်ဦး နှစ်ဘက် နားလည်မှု တိုးတက် လာတယ်လို့ ယူဆလို့ ရပါတယ်။ ဒါဟာ အရေးကြီး ပါတယ်”
အန်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် ပြောသွားတာပါ။ နေပြည်တော်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးကို ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူ ထားကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေပြည်တော် ခရီးစဉ်မှာ လိုက်ပါ သွားခဲ့သူ ဦးခွန်သာမြင့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထား ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တွေ့ဆုံမှုနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
နေပြည်တော်မှာ (၃) ရက်ကြာကျင်းပနေတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ငြိမ်းချမ်းရေး ကမ်းလှမ်းချက် မြန်မာအစိုးရ ထုတ်ပြန်
ဗမာအစိုးရက စိတ်ရင်း စေတနာသာမှန်မယ်ဆိုရင် တိုင်းရင်းသားတွေကို တဖွဲ့ ချင်းစီ ခွဲပြီး ဆွေးနွေးဖို့  ကမ်းလှမ်းစရာ အကြောင်းမရှိပါ။ ပြီးတော့နိုင်ငံခြားမှာ ရောက်နေတဲ့လူတွေပြန်လာပါလို့  လေကြီးမိုးကြီးပြောမယ့်အစား လက်တွေ့ မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးသမားတွေ တိုင်းရင်းသားနိုင်ငံရေးသမားတွေ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးသမားတွေ ကို အရင်ဆုံးလွတ်ပေးသင့်ပါတယ်။ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အဓိက လိုလားချက်တွေက အခြေခံ တူညီပြီးသားဖြစ်ပါတယ်။ တဖွဲ့ ချင်းစီကမ်းလှမ်းလာတာဟာ တာက မူမမှန်တဲ့လဏ္ခာတွေဖြစ်ပါတယ်။ ဈေးသည် တစ်ဦးလိုပေါ့ကွာ ဟိုလူကို တမျိုးပြောရောင်းမယ် ဒီလူ့ ကိုတမျိုးပြောဝယ်မယ်။ အခြေနေကြည့်ပြီး အများကြားမှာ တစ်စုံ တစ်ဦးကို အလကားလက်ဆောင်ပစ္စည်းတစ်ခုထိုးပေးလိုက်မယ်စသဖြင့် သာမန်ဈေးသည်တစ်ဦးပုံစံနဲ့ တိုင်းပြည်ရဲ့ အင်မတန်မှ အရေးကြီးနေတဲ့ တိုင်းရင်းသားပြသနာကို လာပြီး အကွက်ဖေါ် ကစားနေဒါကိုက ဗမာအစိုးရသစ်က တချိန်က ဗမာအစိုးရဟောင်းတွေလို တိုင်းရင်းသားတွေအပေါ်မရိုးမသားပဲ အမြဲတမ်းသွေးခွဲထားဖို့ ကြိုးစားအားထုတ်မှုတစ်ခုလို့ ပဲမြင်တယ်ဗျ။ ဒီလိုကြိုးစားအားထုတ်လေလေ ခင်ဗျားတို့ ကို တိုင်းရင်းသားတွေက ယုံကြည့်ဖို့ ခဲလေလေပါပဲ။

ဘယ်ဗမာအစိုးရတက်တက် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု မရရှိနိုင်သ၍ ဒီတိုင်းပြည်ကြီးဘယ်တော့မှ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံဖြစ်လာနိုင်မှာမဟုတ်သလို ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံလို့ ခေါ်ထွင်၍ မရပါ။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ ဆုံးရှုံးမြဲ ဆုံးရှုံးနေအုံးမှာဖြစ်သည့်အတွက်ကြောင့်ဖြစ်ပါတယ်။

xxxxxxxxxxxxxxxxxxxxxxxxxx
By ဦးသားညွန့်ဦး

မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်လို့ မြန်မာအစိုးရက တရားဝင် ကမ်းလှမ်းတာကို မြန်မာအစိုးရပိုင် သတင်းတွေမှာ ဒီကနေ့ညပဲ ကြေညာသွားပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ တဖွဲ့ချင်း တွေ့မယ့်အစား တိုင်းရင်းသား ပြဿနာတွေကို အားလုံး စုစည်း ဖြေရှင်းပေးဖို့ လိုလားနေတာပါ။ ဒီအကြောင်း အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မတူကွဲပြားမှုတွေကို ဘေးဖယ်ပြီး အခြေခံ တူညီမှုတွေကို ရှာသွားမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ပြန်လည်သင့်မြတ်ရေး မိန့်ခွန်း ပြောဆိုပြီး တရက်မှာပဲ အခုလို အစိုးရ သတင်းဌာနတွေကနေ တိုင်းရင်းသား လက်နက်ကိုင်တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းချက် တရားဝင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ ပြည်ထောင်စုအစိုးရ အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်က လက်မှတ်ထိုးထားပါတယ်။

ငြိမ်းချမ်းရေး ရယူလိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ တဖွဲ့ချင်းအလိုက် ပထမဆုံးအဆင့် အနေနဲ့ ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ ကြေညာထားပါတယ်။ ဒီကတဆင့်မှ အစိုးရဘက်က ဆွေးနွေးမယ့် ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စတင် ဆောင်ရွက်မယ်ဆိုပြီး ထုတ်ပြန်ပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးအေးမောင်ကတော့ တိုင်းရင်းသားအရေးကို အဓိက ဆုံးဖြတ်နိုင်သူတွေ ပါဝင်ပြီး တပြည်လုံး အတိုင်းအတာဆောင်တဲ့ ဆွေးနွေးမှုမျိုးကနေ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်။

“ဒီဥစ္စာက သမ္မတကြီးရဲ့ မိန့်ခွန်းအပေါ်မှာ ထပ်ဆင့်ပြီး ညွှန်ကြားတယ်လို့ပဲ ထင်တယ်။ ကျနော်တို့ကတော့ နေရာဒေသ အကုန်လုံး ပါဝင်တဲ့၊ တိုင်းရင်းသားအားလုံး တပြေးညီ ဆွေးနွေးပွဲလေးတခု လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ တိုင်းရင်းသားဒေသ တခုချင်းကတော့ လိုလားမှု တူချင်မှ တူမယ်လေ။ ဒါပေမဲ့ ကျနော်ထင်တယ်၊ တိုင်းရင်းသား လက်နက်ကိုင် စတင် ပေါ်ပေါက်လာကတည်းက ဦးတည်ချက်များ တူကောင်း တူနိုင်ခဲ့မယ်။ အဲဒီတော့ ဒီပြဿနာကြီးကို ဖြေရှင်းဖို့အတွက်၊ ဒါ ကျနော့်အမြင် ပြောပြတာပါ၊ ဆုံးဖြတ်ချက် ပေးနိုင်တဲ့ ပုဂ္ဂိုလ်က ပါဝင်မှပဲ၊ သို့မဟုတ် ဆုံးဖြတ်ချက် ပေးနိုင်တဲ့ အဖွဲ့တခုက ဦးဆောင်နိုင်မှပဲ ဒီဥစ္စာက ရှေ့ကို တဆင့် လှမ်းနိုင်မယ် ထင်တယ်။

“အဲတော့ တိုင်းရင်းသား ဒေသတခု ကိစ္စကို ဆွေးနွေးတဲ့ အခါမှာ တိုင်းရင်းသား အကုန်လုံး ပါဝင်တဲ့ Mission လိုဟာမျိုးပေါ့၊ ဆိုလိုတာက ဥပမာ မွန်နဲ့ ပတ်သက်တဲ့ဟာကို ရှမ်းလည်းပါမယ်၊ ကရင်လည်းပါမယ်၊ ကချင်လည်းပါမယ်၊ တိုင်းရင်းသားတွေလည်း ကိုးစားနိုင်တဲ့ပုဂ္ဂိုလ် ပါမယ်၊ အဲဒါမျိုးတွေနဲ့ ဆွေးနွေးကြမယ်ဆိုရင် ဒါ တိုင်းရင်းသား တခုတည်း Issue မဟုတ်တော့ဘူးလေ၊ တိုင်းရင်းသား အကုန်လုံးနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရဲ့ ယူဆချက်လည်း ဖြစ်သွားမှာပေါ့။ ထဲထဲဝင်ဝင်လည်း ပိုရှိမယ်လို့ ထင်လို့ပါ။”

တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ တဖွဲ့ချင်း အစိုးရနဲ့ ဆွေးနွေးတာထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုဖွဲ့ထားတဲ့ မဟာမိတ်အဖွဲ့ကို ကိုယ်စားပြုပြီး ဗဟိုအစိုးရနဲ့ တိုက်ရိုက် ဆွေးနွေးလိုကြပါတယ်။ ဒါ့အပြင် တိုင်းရင်းသား ပြဿနာတွေကို ဖြေရှင်းတဲ့အခါ တနိုင်ငံလုံး ပြဿနာကိုပါ စုပြီး ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ အစိုးရအကြား သုံးပွင့်ဆိုင်သဘော ဆွေးနွေးလိုတယ်လို့ ပြောကြပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး ပြောခွင့်ရသူ ဗိုလ်မှူး စောလှငွေကတော့ ဆွေးနွေးပွဲအတွက် ကန့်သတ်မှုတွေ ရှိလာရင် လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ ဒီလိုမျိုး ဟိုအစိတ်အပိုင်း၊ ဒီအစိတ်အပိုင်း ခွဲပြီး ဆွေးနွေးတာမျိုး ဆိုရင်တော့ မလုပ်ပါဘူး။ ဥပမာအားဖြင့် ကျနော်တို့ဆိုရင် UNFC တွေ ဘာတွေ ကျနော်တို့ ထူထောင်ထားတဲ့အဖွဲ့ ရှိတယ်။ အဲဒါတွေ ကျနော်တို့ ဆွေးနွေးမယ်။ ဆွေးနွေးတဲ့အခါ ကျနော်တို့ ဗဟိုအစိုးရကိုပဲ တိုက်ရိုက် ဆွေးနွေးမယ်။

“ဆွေးနွေးတဲ့ နေရာမှာလည်း သူတို့ ပြောဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းကနေ စဉ်းစားပေးမယ် ဆိုတဲ့ဟာတွေ ကျနော်တို့ အဲဒါတွေ နားမလည်ပါဘူး။ ကျနော်တို့ကတော့ အဲဒါလည်း ကျနော်တို့ကို ဖြုတ်ထားတဲ့ဟာ ဖြစ်တယ်လို့ နားလည်ပြီး၊ ကျနော်တို့ အကျိုးစီးပွားနဲ့ မပတ်သက်ဘဲ၊ ကျနော်တို့ ဆန္ဒနဲ့ မပတ်သက်ဘဲ ဖြစ်လာတဲ့ ဖွဲ့စည်းပုံ ဖြစ်တဲ့အတွက်ကြောင့် အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အနေနဲ့ လက်ခံမှာ မဟုတ်ပါဘူး။”

KNU အပါအ၀င် မြန်မာတိုင်းရင်းသား လက်နက်ကိုင် အများစုဟာ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ဆိုတာကို ဖွဲ့ပြီး အဲဒီကောင်စီနဲ့ မြန်မာအစိုးရအကြား တိုက်ရိုက်ဆွေးနွေးပြီး ငြိမ်းချမ်းရေးစကား ပြောဆိုလိုတယ်ဆိုပြီး KIA ကလည်း ကမ်းလှမ်းထားတာပါ။ ဒီကောင်စီဟာ UWSA ၀ပြည် သွေးစည်းရေးကလွဲပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စုစည်းထားတာ ဖြစ်ပါတယ်။

မြန်မာအစိုးရ ကမ်းလှမ်းချက်မှာတော့ တဖွဲ့ချင်း အနေနဲ့ ဆိုင်ရာပြည်နယ် အစိုးရကို ဆက်သွယ်ပါလို့ ပြောထားတော့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ လိုလားချက်နဲ့တော့ အနည်းငယ် ကွာဟနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၆) ဦးကို လုပ်ကြံခဲ့သော အိန္ဒိယ စစ်စုံထောက်အား မေမြို့တွင် ခိုလုံခွင့်ပေးထား
၁၉၉၈ ခုနှစ်က ရခိုင်ပြည် တပ်မတော်မှ စစ်ဦးစီးချုပ် ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင် (၆) ဦးအား အကောက်ကြံ လုပ်ကြံသတ်ဖြတ်ရာတွင် အဓိကနေရာက ပါဝင်ခဲ့သော အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့မှ လူလိမ် လူကောက် ဗိုလ်မှူးကြီး ဟောင်း Grawel ကို မြန်မာ စစ်အစိုးရမှ မေမြို့တွင် သူ၏ မိသားစုနှင့် အတူ ခိုလုံခွင့် ပေးထားကြောင်း သတင်း ရရှိသည်။

ရခိုင်တပ်မတော်မှ ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင်များနှင့် အိန္ဒိယ စစ်အရာရှိများကို အိန္ဒိယ ရှေ့တန်း စစ်စခန်းတစ်ခုတွင် အတူ တွေ့ရစဉ် (ဓါတ်ပုံ- NUPA)

ထိုကဲ့သို့ အဆောင်အယောင်ဖြင့် နေထိုင်ခွင့် ပေးထားကြောင်းကို သရက်ထောင်တွင် အကျဉ်းကျ ခံနေရသော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း စန်းပွင့်က နီးစပ်ရာသို့ ထုတ်ဖေါ် ပြောဆိုကြောင်း သိရသည်။

ထောင်ထဲမှ ထွက်လာသော သတင်းများအရ အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့မှ ဗိုလ်မှူးဟောင်း လူလိမ် လူကောက် Grawel ကို ယခင် စစ်အစိုးရမှ စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အရေးများ ပေးပြီး မန္တလေးတိုင်း မေမြို့တွင် နေထိုင်ခွင့် ပြုထားခဲ့သည်ဟု ဗိုလ်မှူး စန်းပွင့်က ရခိုင် နိုင်ငံရေး အကျဉ်းသားများကို ထုတ်ဖေါ် ပြောဆိုသည်ဟု သိရသည်။

အိန္ဒိယ ထောက်လှမ်းရေးဟောင်း ကာနယ် Grawel အား ဗိုလ်ရာဇာ အပါအ၀င် ရခိုင်နှင့် ကရင် ခေါင်းဆောင် (၆) ဦးကို သတ်ဖြတ်နိုင်ခဲ့သည့် အပြင် ရခိုင် ရေတပ်မတော်ကို အကောက်ကြံ ချေမူးန်းနိုင်ခဲ့သည့် အပေါ် တန်ပြန် ကျေးဇူးဆပ်သည့် အနေဖြင့် မြန်မာ စစ်အစိုးရမှ မေမြို့တွင် အရက်ချက် စက်ရုံ တရုံနှင့် နို့စားနွား မွေးမြူရေး ခြံတစ်ခြံအား လက်ဆောင် ပေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အိန္ဒိယ ထောက်လှမ်းရေးဟောင်း Grawel သည် မေမြို့ မှ မည်သည့် နေရာ မည်သည့် ရပ်ကွက် တွင် နေထိုင်နေသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အစောပိုင်း သတင်းများအရ အိန္ဒိယ ထောက်လှမ်းရေးဟောင်း Grawel အား မြန်မာ အစိုးရမှ မန္တလေးတွင် နေထိုင်ခွင့် ပြုထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Grawel သည် ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင်ရေတပ်မတော်အား အန်ဒမန်ကျွန်းရှိ လန်းဖေါ့ကျွန်းတွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရန် စာချုပ် အလိမ်များဖြင့် လှည့်ဖျား ခေါ်ယူခဲ့ပြီး ကျွန်းပေါ် အရောက်တွင် ခေါင်းဆောင် (၆) ဦး လုပ်ကြံသတ်ဖြတ်ပစ်ခဲ့ပြီး ကျန်ရဲဘော် ၃၆ ဦးအား ဖမ်းဆီးကာ အိန္ဒိယ ထောင်ထဲသို့ ပို့ပစ်ခဲ့သည်။

သတ်ဖြတ်ခံရရာတွင် ပါဝင်ခဲ့သူ ဗိုလ်မှူး စောထွန်းနှင့် ဗိုလ်ရန်နိုင်မှာ ဗိုလ်ရာဇာနှင့် အတူ ထိုင်း-မြန်မာနယ်စပ်မှ လိုက်ပါလာသူများ မဟုတ်ဘဲ အိန္ဒိယ နိုင်ငံမြို့တော် နယူးဒေလီရှိ စစ်ဌာနချုပ်မှ တခြား အိန္ဒိယ ဗိုလ်ချုပ်များနှင့် အတူ စစ်လေယာဉ် တစီးဖြင့် ဗိုလ်ရာဇာနှင့် အဖွဲ့အား ကြိုဆိုရန် လိုက်ပါလာစဉ် လန်းဖေါ့ ကျွန်း အရောက်တွင် သတ်ဖြတ်ခံခဲ့ရသူများ ဖြစ်သည်။

အိန္ဒိယ ထောက်လှမ်းရေးဟောင်း ကာနယ် Grawel သည် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၆) ဦးအား လုပ်ကြံ သတ်ဖြတ်ပြီးနောက် စာရွက် စာတန်းများနှင့် ဓါတ်ပုံ အထောက်အထားများကို ဖျောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်ရှိခဲ့သော ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီမှ ရုံးတာဝန်ခံ ညီညီကျော် အားလည်း အပြတ်ရှင်းပစ်ခဲ့ဟု သိရသည်။

အန်ဒမန်ကျွန်းရှိ ပေါ့ဘလေးယား အကျဉ်းထောင်တွင် ခံဝန်ချက် ကတိဖြင့် ထောင်ကျနေသော ရဲဘော် ၃၆ ဦးထဲမှ ပင်လယ်ပြင်ကို ကျွမ်းကျင်သူ ရဲဘော် ရန်နိုင် (ချေ) နှင့် ကရင် ရဲဘော်တစ်ဦးတို့အားလည်း တိတ်တိတ်ကလေး ခေါ်ယူကာ အစ ဖျောက်ပစ်ခဲ့သည်ဟု လည်း သိရသည်။

ထိုကဲ့သို့ လူသတ်မူ တသီတတန်းကြီး ကျူးလွန်ထားသူ တဦးအား မြန်မာ အစိုးရမှ သူကောင်းပြု ခိုလုံခွင့် ပြုထားခြင်းမှာ Crimes against Humanity ကို မြန်မာ အစိုးရက ထောက်ခံရာ သဘော သက်ရောက်နေကြောင်း လူ့အခွင့်အရေး လူပ်ရှားသူများမှ ပြောသည်။
http://www.narinjara.com/detailsbur.asp?id=3407

Friday, August 19, 2011

စစ်အစိုးရ၏သဘောထားပျော့ပြောင်းမှု့ဆိုတာလား၊ဗမာစစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဆိုသည်မှာ

ကရင်အမျိုးသားများအားဗမာစစ်အစိုးရငြိမ်းချမ်းရေးပေးခဲ့သည်မှာနှစ်ပေါင်း ၆၁နှစ် ကျော်ခဲ့ပြီ၊
ငြိမ်းချမ်းရေးပေးသည်ဟုဆိုတာအလကား
ကရင်လူမျိုးများအမျိုးတုံးအောင်တဖြေးဖြေးရှင်းသည်၊။
မုသားစကားများနှင့်မိမိတမိသားစုကောင်းစားရေးအတွက်ရှေ့ရှု့နေသောကရင်အမျိုးသားများအား
အထူးသတိထားကြပါရန်

အာရှဝင်းလေကြောင်းလိုင်းနဲ့ ပျံလွှားငှက် သို့ မဟုတ် ကလေးဖမ်းဂိုဏ်း

အာရှဝင်းလေကြောင်းလိုင်းနဲ့ ပျံလွှားငှက် သို့ မဟုတ် ကလေးဖမ်းဂိုဏ်း
အာရှဝင်းလေကြောင်းလိုင်းရဲ့ လိုဂိုမှာ ဘာလို့ ပျံလွှားဌက် ဖြစ်နေရတာလဲ ဇာတ်လမ်းက ဒီလို...အဲဒီ ပျံလွှားဌက်ဟာ ဗိုလ်အောင်သောင်းမြေး ရှင်အေးမြအောင်ကို ရည်ညွန်းတာလို့ သိရပါတယ် ရှင်အေးမြအောင်ရဲ့ 
ဝိဥာဏ်ကို ထိန်းချုပ်နေသော ကျိုက်ထီးရိုး၇သေ့ က မန္တာန်မှုတ်လိုက်ပါက ရှင်အေးမြအောင်ရဲ့ ဝိဥာဏ်မှာ
ပျံလွှားဌက်အဖြစ်ပြောင်းလဲသွားပြီး မိုးရွာအောင် ကောင်းကင်မှာ ပြေးလွှားပေးရရှာပါတယ် အော် သနားစ၇ာလေး ကျွတ် ကျွတ် ကျွတ် မိုးရွာခါနီး ကောင်းကင်ကို မော့ကြည့်လိုက်ပါ ပျံလွှားဌက်တွေများစွာကို
တွေ့ ရမှာ ဖြစ်ပါတယ် အဲဒီ ပျံလွှားဌက်က စစချင်း တစ်ကောင်တည်း ရှိတာပါ ပျံလွှားဌက်များလာရခြင်းအကြောင်းကတော့ ကလေးဖမ်းဂိုဏ်းကြောင့်မို့ ပါ ရန်ကုန် မန္တလေးမြို့ ကြီးများတွင်နေထိုင်သော ကလေးသူငယ်ပိုင်ရှင်မိဘများအနေနဲ့ မိမိတို့ ရဲ့ ကလေးသူငယ်များကို
အထူးဂရုစိုက်ပေးကြပါ အထူးသဖြင့် မိန်းကလေးများကို ဂရုစိုက်ပေးပါ ကျိုက်ထီးရိုး၇သေ့နဲ့ ပညာဒီပဂိုဏ်းသားများဟာ ကလေးဖမ်းဂိုဏ်းဖွဲ့ ထားပါတယ် အဲဒီကလေးဖမ်းဂိုဏ်းဟာ
ကလေးများကို ဖမ်းပြီး ဆေးတိုက်ကျွေးပါတယ် ထိုအခါ ဆေးတိုက်ခံရသော ကလေးရဲ့ ဝိဥာဏ်ဟာ သူတို့ အထက်ဆရာကြီးများရဲ့ ညွှန်ကြားချက်အတိုင်းလိုက်လုပ်ရပါတော့တယ် တချို့ က ပျံလွှားငှက်များဖြစ်သွားပါတယ် တချို့ က လင်းနို့ ငှက်များ ဖြစ်သွားပါတယ် သူတို့ ဟာ ပျံလွှားဌက် ရှင်အေးမြအောင် ရဲ့ တပည့်တွေ အဖြစ် တာဝန်ယူလုပ်ကိုင်ပေးရပါတယ် ကျွန်ဖြစ်ေ၇းစီမံချက်ဖြစ်သဖြင့်
မိဘများကိုယ့်ကလေးကို ကိုယ် အထူးဂရုစိုက်ပေးကြပါခင်မျာ အဲဒီ ပျံလွှားငှက်များဟာ အဆိပ်မိုးများ ရွာသွန်းအောင် အဓိက လုပ်ဆောင်နေကြပါသဖြင့် မြန်မာပြည်သူပြည်သားများ အထူးဂရုစိုက်ပေးကြပါ
အဆိပ်နမူနာကို ရှင်သူငယ်တောင် ၀ါရိတ္တဘုန်းကြီး ပုသိမ်ကြီး ရေထွက်ကျေးရွာတွင် သွားရောက်လေ့လာနိုင်ပါတယ်ေ၇သန့် စက်အိုးထဲတွင် ထည့်ထားကြောင်း သိရပါတယ် အဆိုပါ ဘုန်းကြီးခင်မျာလဲ ကျိုက်ထီးရိုး၇သေ့ရဲ့ အခိုင်းခံဖြစ်နေပြီးမလုပ်ချင်ဘဲ စိတ်မပါလဲ လိုက်လုပ်ပေးနေရကြောင်း သိရပါတယ် ယက်ကန်းစင်တောင်ဂိုဏ်းသားများနဲ့ လဲ ပတ်သက်မှုများရှိနေပါတယ်

နောက်ဆုံးသတင်းစုစည်းမှု

Daily News on August 18- 2011
Must Declare Ceasefire in the Whole Country by Gen. Bee Htoo (KnNA)

ကရင်ဒေသထိုးစစ် ပိုများလာဖွယ်ရှိ

ကရင်ပြည်နယ်အတွင်း အစိုးရတပ်၏ စစ်ရေးလှုပ်ရှားမှု ပိုမို များပြားလာဖွယ်ရှိသဖြင့် ပြောက်ကျား စစ်ဆင်ရေး အတွက် ပြင်ဆင်ထားကြောင်း ကရင်လက်နက်ကိုင် အဖွဲ့များက ပြောသည်။

အစိုးရက အပစ်အခတ် ရပ်ရေး ထပ်မံ ညှိနှိုင်းဖွယ် မရှိကြောင်း ယူဆရသည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်မှုးကြီး စောကျော်သက်၏ တပ်ဖွဲ့ဝင် တဦးက ဧရာဝတီသို့ ပြောသည်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2j3jCE3uPPQqtwK6Lv-7_9tF7NJLe4KecHzE1AvD6QiAzSWJt_pg6yf_yghvpc_Y5N93dY6T1F1KBsnWz0b6KogVMbnoNdqkf9ixoFnhb4MKHShIWA3-l8prNrp6yf9SfUgiat4m31swU/s1600/Karen-villagers-from-Burm-001.jpg
)

“တပ်မ၂၂ က စစ်သားတွေကို ကျနော်တို့ ဒေသတွေမှာ ထပ်တိုး ချထားတယ်၊ လက်နက်ကြီးတွေလည်း ပါတယ်” ဟု သူက ပြောသည်။

တိုက်ပွဲငယ်များက ကော့ကရိတ်၊ လှိုင်းဘွဲ့မြို့နယ်များတွင် နေ့စဉ် ဖြစ်ပွားလျက်ရှိသည်ဟု DKBA
တပ်ဖွဲ့ဝင်များက ပြောသည်။

မကြာသေးမီက မြ၀တီ၊ ဘုရားသုံးဆူမြို့များအတွင်း ၀င်ရောက်တိုက်ခိုက်ဖူးသော DKBA က နောင်တွင်လည်း အလားတူ ပြုလုပ်ဦးမည်ဟု ဆိုသည်။

"လာမယ့်နွေရာသီမှာ ကော့ကရိတ်၊ မြ၀တီ၊ လှိုင်းဘွဲ့ စတဲ့ မြို့တွေမှာ မြို့တွင်းတိုက်ပွဲ စစ်ဆင်ရေးတွေ တိုးမြှင့်သွားဖို့ ရှိတယ်" ဟု DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က ဧရာဝတီကို ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

DKBA သည် ၁၉၉၅ တွင် ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်လာသည့် အဖွဲ့များအနက် အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည်။ DKBA တပ်တချို့သည် အစိုးရ၏စီစဉ်မှုဖြင့် မကြာသေးမီက နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းသွားသည်။

ကရင်ပြည်နယ်အတွင်း KNU နှင့် DKBA အဖွဲ့များ၊ အဖွဲ့ငယ်များ လှုပ်ရှားနေပြီး ၎င်းတို့ကို အစိုးရတပ်များက ချေမှုန်းလျက်ရှိသည်။ ထိုသို့ ချေမှုန်းရာတွင် ကရင်နယ်ခြားစောင့်တပ်ကို အသုံးပြုနေသည်။

ဤအတောအတွင်း KNU က ၎င်းတို့ ဆုံးရှုံးခဲ့ရသည့် မာနယ်ပလော ဌာနချုပ်အနီး တပ်ဖွဲ့များ စေလွှတ်ထားသည်ဟု ဆိုသည်။

“မာနယ်ပလောခွင်ကိုတော့ ပိုပြီးတော့ လှုပ်ရှားလာနိုင်တယ်၊ ဟိုတုန်းက တလက်မလောက် လှုပ်ရှားနိုင်ရင် အခုတော့ တလက်ဝါးလောက်တော့ လှုပ်ရှားလာနိုင်ပြီ” ဟု KNU တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက ဧရာဝတီသို့ ပြောကြားသည်။

တိုက်ပွဲများကြောင့် ဒေသခံတို့က တောတောင်များအတွင်း ပြေးလွှား ပုန်းအောင်နေရသည်။ ထိုင်းနိုင်ငံဘက်ခြမ်းဒုက္ခသည်စခန်းများသို့ သွားရောက်ခိုလှုံသူများလည်း ရှိသည်။

တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် ကရင်နီပြည်သူများကို KNPP တိုက်တွန်း

/ စောခါးစူး(ကေအိုင်စီ)

အမျိုးသားရေးအတွက် ရှေးရှု၍ တော်လှန်ရေးကို ကူညီပံ့ပိုးကြရန် ယနေ့ သြဂုတ်လ ၁၇ရက်နေ့၌ ကျရောက်သော ၆၃နှစ်မြောက် ကရင်နီပြည် တပ်မတော်နေ့တွင် ကရင်နီပြည်သူများအား ကရင်အမျိုးသား တိုးတက်ရေးပါတီ-KNPP က တိုက်တွန်ပြောကြားလိုက် သည်။

ထိုင်း-မြန်မာနယ်စပ် KNPP ထိန်းချုပ်နယ်မြေ လိုဘာခိုခရိုင်၊ မယ်စဲမြို့နယ်အတွင်းရှိ ကရင်နီတပ်မတော် မှတ်တိုင်တပ်စခန်း၌ ပြု လုပ်သည့် အခမ်းအနားတွင် KNPP က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

KNPP ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က “လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ပါဝင်တဲ့ ကျနော်တို့ ရဲဘော်ရဲဘက်တွေဟာ ပြည် သူကြားက မွေးဖွားလာတဲ့ သားသမီးတွေ ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း ကျနော်တို့နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြဖို့ အထူးပန်ကြားချင်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ကရင်နီလူထု၏ ပူးပေါင်းပံ့ပိုးမှုကို ရယူပြီး မြန်မာအစိုးရကို လက်နက်ကိုင်နည်းနှင့် နိုင်ငံရေးနည်း နှစ်မျိုးပေါင်းပြီး မြန်မာနိုင်ငံ ဖယ်ဒ ရယ်ပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း KNPP က ပြောသည်။

နိုင်ငံရေး ပဋိပက္ခ ရှိနေသည့်အတွက် ကရင်ပြည်တပ်မတော်သည် မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေရသော်လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမှသာ ငြိမ်းချမ်းရရှိနိုင်မည်ဟု ယုံကြည်ကြောင်း သူက ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU၏ ဒု-ဥက္ကဌ စောဒေးဗစ်သကဘောက “ကရင်နီအမျိုးသားအနေနဲ့ သူတို့(မြန်မာအစိုးရ)ကို တော်လှန်တိုက်ပွဲဝင်တဲ့အခါမှာ စွမ်းစွမ်းတမံ ပါဝင်တယ်။ KNU အနေနဲ့ KNPP နဲ့လက်တွဲပြီး တော်လှန်ရေး ဆုံးခန်းတိုင်အောင် ပူး ပေါင်းဆောင်ရွက်သွားမယ်။”ဟု ပြောသည်။

KNU နှင့် KNPP သည် ၁၉၄၈ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးသည့်နောက်ပိုင်း မြန်မာအစိုးရ အဆက်အဆက်ကို လက်တွဲ တော်လှန်ခဲ့သည့် မဟာမိတ်အဖွဲ့များ ဖြစ်သည်။

ဗြိတိသျှအစိုးရ မြန်မာနိုင်ငံမှ ထွက်ခွာပြီးနောက် ၁၉၄၈ခုနှစ်၊ သြဂုတ်လ ၉ရက်နေ့တွင် ကရင်နီပြည်အား မြန်မာအစိုးရက စတင် ၀င်ရောက် တိုက်ခိုက်ခဲ့သည်။ ထို့နောက် ကရင်နီခေါင်းဆောင်များက လူစုပြီး ပြန်လည်တိုက်ခိုက်ကာ သြဂုတ်လ ၁၇ရက်နေ့တွင် တပ်မတော်တစ်ရပ် အသွင်အဖြစ် စတင် ဖွဲ့စည်းခဲ့သည်။

ကရင်နီတပ်မတော် စတင်ဖွဲ့စည်းစဉ်က လွတ်လပ်သည့် ကရင်နီပြည်ထောင်စု တပ်မတော်အမည်ဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၇၄ခုနှစ်တွင် အမျိုးသား ကွန်ဂရက်တွင် ကရင်နီပြည်တပ်မတော်ဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွား

နန်းသူးလေ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော်(ကေအဲန်အဲယ်လ်အေ)တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်ဟု ကေအဲန်အယ်လ်အေ ဘက်ကပြောသည်။



သြဂုတ်လ ၁၄ရက်နေ့တွင် ဗိုလ်ကြီးစောသယူ့ထူး ဦးဆောင်သည့် KNLA တပ်မဟာ(၇) တပ်ရင်း(၂၁)က ကော့ကရိတ် အခြေစိုက် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၂)လက်အောက်ခံ ခလရ(၂၃၁)အား ခလဲ့ခိုကျေးရွာအနီးတွင် ချုံခိုတိုက် ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၁ဦးဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်မဟာ(၇) ရုံးထိုင်မှူးဗိုလ်မှူး စောအယ်စဲစဲက ကေ အိုင်စီကို ပြောသည်။

၎င်းက “မနေ့က ကျနော်တို့ ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ့ ဝင်တွေနဲ့ စစ်တပ်တို့ ခလဲ့ခို့ ရွာဘက်မှာ ပစ်ခတ်မှုဖြစ် ပွားပြီး ရန်သူ့ဘက်က ၁ဦးဒဏ်ရာ ရရှိသွားတယ်။ တိုက်ပွဲက သိပ်တော့မကြာလိုက်ဘူး၊ ခဏလေးနဲ့ ပြီးသွားတယ်”ဟု ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရစစ်တပ် ခမရ (၂၃၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် ၅၀ဦး နီးပါးရှိပြီး KNLA အခြေချသည့် နယ်မြေ အတွင်းသို့ ၀င်ရောက်ကျူးကျော်လာခဲ့သောကြောင့် ယခုလို ချုံခိုတိုင်ခိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူး စောအယ်စဲစဲက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ရက်နေ့တွင်လည်း ကေအဲန်အယ်လ်အေ (၂၁)တပ်ရင်းက စကခ(၁၂)လက်အောက်ခံ ခမရ ၅၄၈ တပ်ရင်းအား ၀ါးခို့လော်တယ်ကျေးရွာအနီးတွင် ချုံခိုက်တိုက်ခိုက်ခဲ့ရာ အစိုးရစစ်တပ်ဘက် ၃ဦးဒဏ်ရာရရှိခဲ့ပြီး သြဂုတ်လ ၁၁ရက်နေ့တွင်လည်း ကမားထာ့တွင် ကေအဲန်အယ်လ်အေ ၂၁တပ်ရင်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ခမရ ၃၃၉ တပ်ရင်းအကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်မှ ၂ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ကေ အဲန်အယ်လ်အေ တပ်မဟာ (၇)က ပြောသည်။

အဆိုပါ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ကေအဲန်အယ်လ်အေဘက်က ထိခိုက်ကျဆုံးမှု မရှိကြောင်းထုတ်ဖော်ပြော ကြားသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုချက်မရရှိပေ။
လှိုင်းဘွဲမြို့နယ်တွင် အစိုးရစစ်တပ်ဘက်မှ ရတခ လက်အောက်ခံတပ်ရင်းများဖြစ်ကြသည့် ခမရ ၃၁၀၊ ၃၃၈၊ ၃၃၉၊ ခ လရ ၂၈ တပ်ရင်းနှင့် စကခ (၁၂)လက်အောက်ခံ ခလရ ၂၃၁တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသလို ကေအဲန်ယူ (၇)တပ်မ ဟာ(၇) လက်အောက်ခံ ကေအဲန်အယ်လ်အေ ၂၁တပ်ရင်း လှုပ်ရှားလျှက်ရှိသည်။

ကြံ့ဖွံ့အစိုးရစစ်တပ် အရာရှိတဦး ကျဆုံးတဲ့ အဇင်းရွာ တိုက်ပွဲ

စကခ ၅ လက်အောက်ခံ ခမရ ၃၄၆ တပ်ရင်းနဲ့ DKBA တပ်ဖွဲ့တွေ ကျိုက်ဒုံမြို့နယ် အဇင်းရွာမှာ သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ၁နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ DKBA တပ်ဖွဲ့မှ ၉၀၂ တပ်ရင်း ဗိုလ်စောခိုင် ဦးဆောင်တိုက်ခိုက်ခံတာဖြစ်ပြီး၊ ကြံ့ဖွံ့အစိုးရတပ်မှ ၁ ယောက် ဒဏ်ရာရပြီး ၂ ယောက် သေဆုံးတယ်လို့ သိရတယ်။ သေဆုံးသူ ၂ ယောက်မှာ အရာရှိတဦးပါတယ်လို့ သိရတယ်။

မူးမဲ့မေါဝ်.(မုဆိုးမမေမေ)

ဒီသီချင်းလေးက အချိန်လွန်မှ ထွက်လာပေမဲ့ မေ့မရနိုင်တဲ့ အဖြစ်အပျက်တွေက
ပြည်သူတွေရဲ့ နှလုံးသားတစ်နေရာမှာ ကိန်းအောင်းနေဆဲပဲဆိုတာ မီးမောင်းထိုးပြ
လိုက်တာပဲဖြစ်ပါတယ်။


သမ္မတပြောသည့် ဌာနေပြန်ရေး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ မယုံကြည်

August 18, 2011,

ပြည်ပ ​ရောက် နိုင်ငံသား​တွေ ပြန်လာပြီး​ ဖွံ့ဖြိုးတိုး​တက်​ရေး​ လုပ်ငန်း​တွေမှာ ပါဝင်​ဆောင် ရွက်ကြဖို့ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က ဖိတ်​ခေါ်မှုဟာ တိုင်းပြည် ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန် ရှုတ်ချလိုက်ပါတယ်။

မနေ့က နေပြည်​တော်မှာ ပြုလုပ်တဲ့ စက်မှုလုပ်ငန်း​ ဖွံ့ဖြိုး​တိုး​တက်​ရေး​ ​ကော်မတီ ​တွေ့​ဆုံပွဲအတွင်း သမ္မတ မိန့်ခွန်း​မှာ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​တွေ ပြန်လာဖို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။

သမ္မတရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီကမ်းလှမ်းချက်ဟာ စစ်မှန်တဲ့ ကမ်းလှမ်းချက် မဟုတ်သလို နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမှ နိုင်ငံတခုလုံးရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောပါတယ်။

နော်စီဖိုးရာစိန်

“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြဿနာတွေ ပြေလည်မယ်။ ဒါပေမယ့် ဒီလိုပဲ ပြန်လာပြီးတော့ အာမခံချက် မရှိဘူးဆိုရင်၊ ဘာမှပြောင်းလဲမှု ရှိမှာမဟုတ်ဘူး။ တကယ်လို့ သူတို့က စေတနာမှန်မှန်နဲ့​ လုပ်မယ်ဆိုရင် တကယ်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြေလည်မယ်။”

မွန်ပြည်သစ်ပါတီရဲ့ အထွေအတွင်းရေးမှူးလည်းဖြစ် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူးလည်း​ ဖြစ်တဲ့ နိုင်ဟံသာက ဒီကမ်းလှမ်း ဖိတ်ခေါ်ချက်ဟာ တံခါးဝမှာ ဓားထမ်းပြီး ခေါ်သလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“အခု သမ္မတ ဦးသိန်းစိန် ပြောသွားတာက တဖက်ကလည်း အရေးယူချင်ရင် အရေးယူနိုင်လို့ ရအောင်လုပ်တဲ့ အနေအထားမျိုးလည်း ရှိတယ်။ ခွင့်လွှတ်နိုင်တဲ့ ဥပဒေဆိုတာ သူတို့လက်ထက်မှာ ကြိုက်သလိုဖန်တီးလို့ရတယ်။ အဲတော့ သဘောကတော့ တံခါးဝမှာ ဓားထမ်းပြီးတော့ လာပါလို့ ပြောထားတဲ့ပုံစံမျိုး။ ဦးလေးတို့အမြင်ကတော့ နိုင်ငံရေးပြဿနာ မပြတ်သေးဘဲ ကျန်တဲ့လုပ်ငန်းတွေ လုပ်လို့မရဘူး။ အမြင်မတူတဲ့ နိုင်ငံရေးပြဿနာကို တဖက်က ရှင်းစေချင်တယ်။ ပြောတဲ့ပုံဆိုရင် လာပါ၊ လက်နက်ချပါ၊ လက်နက်အပ်ပါ။ အဲဒီလိုပုံစံမျိုးဖြစ်နေတယ်။ လက်နက်ချတဲ့ပုံစံမျိုးက တော်လှန်ရေးသမားတွေ ဘယ်အဖွဲ့ကမှ လုပ်ချင်တာ မဟုတ်ဘူး။ ဒါကြောင့် ဦးလေးတို့ ဆိုချင်တာက အလုပ်ဖြစ်မယ့် ကိစ္စမျိုး မဟုတ်ဘူး။”

နိုင်ဟံသာ

အန်ကယ်တို့ အနေနဲ့ ဘယ်လိုမျိုး ဖြစ်စေချင်သလဲ။ တိုင်းရင်းသား​ လက်နက်ကိုင် အဖွဲ့တွေ​ အနေနဲ့။
“နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းစေချင်တယ်။ သိပ်မကြာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာအရ နိုင်ငံရေး​ ပြဿနာကို အခုလက်ရှိ​ ဖြစ်နေတဲ့ စစ်ရေးပြဿနာကို အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အဲဒါကို အပြည့်အ၀ ထောက်ခံတယ်။ အဲဒီလိုမျိုး ဖြေရှင်းချင်တယ်။ အဲဒီလိုမျိုး ရှင်းမှအပြေလည်ဆုံး ဖြစ်မယ်လို့ ပြောချင်တယ်။”

အစိုးရအနေနဲ့ ပြည်ပရောက်နေတဲ့ သာမန်ပြည်သူတွေ ပြန်လာစေချင်ရင် မြန်မာပြည်တွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အပြည့်အ၀ ဖွင့်ပေးရင် အားလုံးက ပြန်လာကြမှာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ရှမ်းပြည်တပ်မတော်ကလည်း သမ္မတရဲ့ ပြောဆိုကမ်းလှမ်းချက်ဟာ လက်နက်ချခိုင်းတဲ့ ကမ်းလှမ်းချက် ဖြစ်နေတယ်လို့လည်း ရှမ်းပြည်တပ်မတော် ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလော​၀်ဆိုင်က ပြောပါတယ်။


စိုင်း လောဝ်ဆိုင်

“ပြည်တော်ပြန်ဆိုတာတော့ အမျိုးမျိုး ရှိရမှာပေါ့။ ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး လုပ်နေတယ် ဆိုတာ မပြေလည်သေးတဲ့ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လက်နက် ကိုင်ဆောင်ပြီး တိုက်နေတာ။ အခု သမ္မတ ဦးသိန်းစိန်ကနေ ပြည်ပရောက် အဖွဲ့အစည်းများ၊ အတိုက်အခံအဖွဲ့ အစည်းများ၊ ပြည်တော် ပြန်ချင်ရင် ပြန်လို့ရပါတယ် ဆိုတာကတော့ ကျနော်ထင်တယ်။ လက်ရှိ အာဏာရတဲ့ အစိုးရကနေ ဒီဥပဒေ ဘောင် အတွင်းဝင်ခဲ့ပါ ဆိုရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖြစ်ပေါ်ရမယ်ဆိုရင်တော့ ကျနော်တို့ လက်နက် ချရုံပဲရှိတယ်။ နောက်ပြီးတော့ ထောင်ထဲဝင် သွားဖို့ပဲ ရှိတယ်။ အဲဒီလိုမျိုးလမ်းပဲ ရှိရမှာကို၊ အဲဒီဥပဒေ ဘောင်နဲ့အညီ ဆိုတဲ့ စကားလုံးကြီးကတော့ ကျနော်တို့ အတွက် မသင့်တော်သေးဘူး။ နှစ်ဖက်စလုံး တွေ့ဆုံ ဆွေးနွေးဖို့ အဲလိုမျိုး ဘောင် ခတ်လိုက်ခြင်း အားဖြင့် ဘယ်တော့မှ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်မလာဘူးလို့ ကျနော်ထင်ပါတယ်။”

Wednesday, 17 August 2011 Karen Language School In Sheffield-Summer 2011 (Video Part-1)

Karen Language School In Sheffield- Summer 2011 from Kpawhser on Vimeo.

Dassk Pegu Speech Video

စက်မှုဇုံ တွေ ကို စစ်ဆေးဖို့  လို နေပြီ )

ကိုမိုးသီးဇွန် ခင်ဗျား

သမတကြီးဦးသိန်းစိန်ကပြည်ပရောက်မြန်မာနိင်ငံသားတွေပြန်လာပါတိုင်းပြည်ကောင်းအောင်ဝိုင်းဝန်းလုပ်ဆောင်ကြပါဆိုတဲ့ဖိတ်ခေါ်ချက်က တကယ်မင်္ဂလာရှိတဲ့သတင်းပါဗျာ။
ဒါပေမဲ့အကိုရေ မဲဆောက်က အလုပ်သမားလေးတယောက်ပြောတယ်။ မြန်မာ ပြည်ကိုပြန်ရင် တယ်လီဖုန်း မကိုင်နိင်ဘူးတဲ့။ ဖေ့စ်ဘုတ်ကနေ ကျနော်သူငယ်ချင်း ကျောင်းဆရာမတဦးကလည်း နင်တို့ ပြန်လာရင် အင်တာနက် လိုင်းမကောင်းတော့နေတတ်မှမဟုတ်ဘူးတဲ့။ အကိုတို့  ပြန်မယ်ဆိုရင် စဉ်းစားဖို့ ပြောတာပါ။ ကျနော်က နိင်ငံရေးအကြောင်းသိပ်မသိပါဘူးအကိုရာ၊ အကိုစာတွေဖတ်ပြီး လေ့လာနေတုံးပါ။ အကိုရဲ့  ဆွေးနွေးချက်တွေကိုကအလွန်ဗဟုသုတရတယ်။ အကိုလို ပိုင်းခြားပြီးဆွေးနွေးနိင်တဲ့သူရှားပါတယ်။

ဒါပေမဲ့ကျနော် တတ်တဲ့အသိညဏ်ကျနော်လုပ်နေတဲ့လုပ်ငန်းပေါ်မူတည်ပြီးပြောရရင်တော့ဗျာ သူတို့ ကပြန်လာလုပ်လို့ ပြောရင်တော့အခြေအနေတွေက တော်တော့်ကိုဆိုးနေတယ်ဗျ။ သူတို့ တကယ်ပြုပြင်ပြောင်းလဲမှု တွေလုပ်နိင်မှရမယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့ အခုလုပ်နေတဲ့စက်မှုဇုံ အကြောင်းကိုအကို ကို ဆွေးနွေးလိုက်ပါတယ်။ အကိုဘလောက်မှာ ပါရင် အရေးယူဆောင်ရွက်လာတာကိုတွေ့ လို့ တင်ပြပေးလိုက်တာပါ။ လဘ်စားမှုတွေ ကို အရေးယူလာတဲ့ပိုင်း ဗိုလ်ချုပ်တင်အေးသားကိုအရေးယူလာတဲ့အပိုင်းတွေရှိပါတယ်။ ကောင်းပါတယ်။ အခုနိင်ငံတော်ကပြောတဲ့စက်မှုဇုံ ဆိုတာ တကယ် က အကြံအဖန်တွေလုပ်ထားကြတာဗျ။ သမတကြီးဦးသိန်းစိန်ကိုသိစေချင်တယ်ဗျာ။

( စက်မှုဇုံကား အခွန်ရှောင်ထား။ ဝေစားမျှစား ဖြစ်လေသတည်း



အခု အကြံအဖန် စက်မှုဇုံ သတင်း ကဒီလိုပါ။

၁၉၉၈ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ၁၉၉၀ခုနှစ်မှာ စက်မှုဇုံတွေကိုစစ်အစိုးရက ဖွင့်လှစ်ပေးလာပါတယ်။ ၂၀၀၃ မှစ၍ မြန်မာ့စက်မှုလုပ်ငန်းဖွင့်ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်းဖြစ်ကားများကို စတင်ထုတ်လုပ်ရန် ယခင်ဝန်ကြီးချုပ်ဟောင်းဗိုလ်ချုပ်ကြီး ခင်ညွန့်၏ ညွှန်ကြားချက်ဖြင့် စတင်လုပ်ဆောင်လာနိုင်ခဲ့သည်။ စက်မှုဇုံတွေကိုစတင်ခြင်းရည်ရွယ်ချက်များက ကောင်းပါတယ်။
၁။ ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်လာစေနိုင်တယ်
၂။ နိုင်ငံတော်ကအခွန် အတုတ်တွေရမယ်။အခွန်အတုတ်တွေနဲ့ ပြည်သူလူထုကျန်းမာရေး၊ပညာရေး နဲ့လမ်းပန်းဆက်သွယ်ရေးနဲ့တခြား
လိုအပ်ချက်တွေမှာတိုးမြှင့်သုံးစွဲနိုင်မယ်။
၃။ ပြည်သူတွေအလုပ်ရမယ်။
၎။ နည်းပညာတွေဖွင့်ဖြိုးတိုးတက်လာစေနိုင်မယ်။
ဒါတွေက စက်မှုဇုံတွေဖွင့်လှစ်ပေးခြင်းဖြင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေပါ။ သို့ပေမယ့် တကယ့်လက်တွေ့နှောင်းပိုင်းမှာတော့ စက်မှူဇုံလုပ်ငန်းတွေဟာဆန့်ကျင်ဖက်တွေဖြစ်နေပါတယ်။စက်မှုဇုံလုပ်ငန်းအစပိုင်းမှာတောင်ကြီးကအေးသာယာစက်မှုဇုံမှာ ဂျစ်ကား များကိုစတင်ထုတ်လုပ်ပြီး၊နောက်ပိုင်းတွင်ဂျစ်ကား၊Mitsubishi pajero စတာတွေကိုစတင် ထုတ်သယောင်ယောင်လုပ်လာနိုင်ခဲ့ပါတယ်။တကယ်တမ်းစက်မှုဇုံဆိုတဲ့လုပ်ငန်းစဉ်ကြီးရဲ့လုပ်ရပ်တွေရဲ့ရလဒ်တွေကတော့

၁။စက်မှုဇုံတွေကြောင့်ပြည်တွင်းစက်မှုလုပ်ငန်းကတိုးတက်လာခြင်းမရှိခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံခြားအထူးသဖြင့် ဂျပန်ကဝယ် ယူလာတဲ့ကားတွေကိုစက်မှုဇုံ မှထုတ်လုပ်သည်ဆိုတဲ့ စာတန်းတံဆိပ်ပြားကို ပြန်တပ်ပေးနေတဲ့လုပ်ငန်းမျှသာဖြစ်ပါတယ်။ မဆလ ခေတ်က ကပစတွင်ထုတ်လုပ်သည်ဆိုတဲ့ အဆင့်မျှသာဖြစ်ပါတယ်။

၂။စက်မှုဇုံကြောင့် နိုင်ငံတော်အခွန် အတုတ်ပိုရလာတာမဟုတ်ပဲအခွန်ရှောင်တဲ့နေရာတွေဖြစ်နေတယ်။ ဥပမာကားတစီးကို နိုင်ငံခြားက
တင်သွင်းချင်တယ်ဆိုရင်ကားတန်ဖိုးအလိုက်အနည်းဆုံးတစီးကိုအခွန်ငွေကျပ်သိန်း(၂ဝဝမှ၃ဝဝ)ပေးဆောင်ရပါတယ်။သို့ပေမယ့်နိုင်ငံခြားတင်သွင်းလာတဲ့ကားကိုစက်မှုဇုံကိုပို့ပြီးဘယ်စက်မှုဇုံကထုတ်လုပ်ပါတယ်ဆိုတဲ့တံဆိပ်လေးကပ်လိုက်တယ်ဆိုရင်တော့ကားတစီးကိုအများဆုံးကျပ်ငွေ(၃၀)သိန်းခန့်သာအခွန်ဆောင်ရပါတော့တယ်။ဒါကြောင့်စက်မှုဇုံဆိုတာနားလှည့်ပါးရိုက်လုပ်ကြတဲ့သဘောမျှသာဖြစ်ပါတယ်။ကိုယ်ကျိုးရှာစီးပွားရေးသမားများနှင့်ကိုယ့်အတွက်ကျန်ရင်ပြီးရောဆိုတဲ့အစိုးရ၏ဝန်ထမ်းအချို.ကောင်းစားဖို့အခွင့်လမ်း သက်သက်သာဖြစ်ပါတယ်။

၃။စက်မှုဇုံကြောင့်အလုပ်လက်မဲ့ ပြသနာတွေကိုလည်းမဖြေရှင်းပေးနိုင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စက်မှုဇုံမှာ ကားတွေကိုဒီဇိုင်းထုတ်တာ၊ပြင်ဆင်တာတွေမရှိခဲ့ပါဘူး။တကယ်လို့များနိုင်ငံခြားကကားအင်ဂျင်ကိုကိုယ့်နိုင်ငံကထုတ်ဘော်ဒီနဲ့ပြန်လုပ်ရင်တော့အလုပ်သမားတွေတော်တော်အလုပ်ရကြမှာဖြစ်သလိုနည်းပညာလည်းတိုးတက်လာနိုင်ပါတယ်။ဖိလစ်ပိုင်မှာဂျစ်ပနီဆိုတဲ့ကားကိုဖိလစ်ပင်းလူမျိုးတွေကထုတ်လုပ်လာနိုင်သလိုမျိုးပါဘဲ။ဥပမာဂျပန်ကားအင်ဂျင်တွေကိုပြည်တွင်းကကားဘော်ဒီပညာနဲ့သာပေါင်းစပ်နိုင်ခဲ့မယ်ဆိုရင် အဖိုးနည်းဝန်ပါလည်း ဖြစ၊် အလုပ်သမားပြဿနာလည်းတဖက်တလမ်းကနေဖြေရှင်း ပေးနိုင်လာလို့ဖြစ်ပါတယ်။တကယ်က စက်မှုဇုံဆိုတာပြည်တွင်းလိုအပ်ချက်တွေကိုတီထွင်ထုတ်လုပ်ပေးနိုင်တဲ့နေရာတွေဖြစ်သင့်ပါတယ်။နည်းပညာလိုအပ်ချက်တွေကို နိုင်ငံခြားကလဲရှာဖွေ ကိုယ့်ပြည်တွင်းမှာ လည်းတည်ဆောက်ယူဆိုရင် နည်းပညာတိုးတက်မှုကြီးဖြစ်လာနိုင်ပါတယ်။

၎။စစ်အစိုးရအောက်မှာ အကျင့်ပျက်လာတဲ့ အမြီးကျက်အမြီးစားဥပဒေကြောင့် တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ပျက်ဆီးယိုယွင်းမှုတွေ ဖြစ်လာတာပါ။ ဘယ်လောက်များယိုယွင်းသလဲဆိုရင် စက်မှုဇုံ အတွက်ဆိုပြီးတင်သွင်းလာတဲ့ကား ကွန်တိန်နာတွေထဲမှာ အချိုရည်ဘူး
လိုဈေးကွက်မှာမြတ်မဲ့ကုန်ပစ္စည်းတွေကိုပါ အကောက်ခွန်မဲ့တင်သွင်းနေကြခြင်းတွေဖြစ်နေပါတယ်။ စက်မှုဇုံကြောင့် နိုင်ငံတော်ရော ၊လူထုကိုပါ အကျိုးမရှိပါဘူး။သို.ပေမယ့်ဘယ်သူတွေကပက်ပက်စက်စက်အကျိုးဖြစ်ထွန်းနေကြသလဲဆိုရင်

၁။ အေးရှားမောင်စက်မှုဇုံ
၂။ရွှေကြာပန်းစက်မှုဇုံ
၃။နဒီစက်မှုဇုံ
၎။ဧရာဝတီစက်မှုဇုံ
၅။ကျော်ကြားစက်မှုဇုံ
၆။ဇာသပြင်စက်မှုဇုံ
၇။ရွှေညီကိုစက်မှုဇုံ
၈။ငွေကြာစင်စက်မှုဇုံ
၉။TT truck
၁၀။UDခင်မောင်ဝင်း
၁၁။အက်စ်သုံးလုံး
၁၂။ရာဇာမင်းစက်မှုဇုံ
အစရှိသောစက်မှုဇုံလုပ်ငန်းတွေဟာအစိုးရဝန်ထမ်းအချို့အချို့တွေနဲ.ပေါင်းပြီးအခွန်ကိုရှောင်တိမ်းနေကြတယ်လို့သိရပါတယ်။ ဒါကြောင့်လူတစုအတွက်သာအကျိုးအမြတ်ဖြစ်ထွန်းပြီးတိုင်းပြည်နဲ့ပြည်သူအတွက်အကျိုးဖြစ်ထွန်းခြင်းမရှိသေးတဲ့ဒီစက်မှုဇုံဆိုတဲ့ လုပ်ငန်းရဲ့ လုပ်ရပ်တွေကို သတိပြုမိ သူများ ပြန်လည်ဝေဖန်သုံးသပ်သင့်တယ် လို့ပြောချင်ပါတယ်။

မောင်စက်မှု

၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ထူးအိမ်သင်

ထူးအိမ်သင် - ဂျပ်ဆင်ထိပ်က လရိပ်ပြာ


A Lin Sai Yet Tha Chin - Htoo Eain Thin


Tu Nine Mat Ya Da Nar - Htoo Eain Thin



မြရဲ့လ

ဂျူး ရေးသားတဲ့ မြရဲ့လ ဝတ္ထုတို ထူးအိမ်သင် ရွတ်ဖတ်ထားခဲ့သည်။
Mya yaet La- Htoo Eain Thin by komyoedesign
သူ ” သူ့ကိုစတင် သိရှိခဲ့တာက ၁၉၈၆ ခုနှစ်လောက်က ဖြစ်သည်။ နာရီသံတွေ ဆူညံလွန်းနေ၊ ငိုချင်ပါတယ် အချစ်ဆုံးရယ်၊ ရီ(ရယ်) ပုလဲ ၊ ငိုရင်ရွဲ စတဲ့ ပြောင်မြောက် ထိမိတဲ့ စကားလုံးတွေ အဖွဲ့အနွဲ့တွေနဲ့ လူငယ်ေ





တွရဲ့ နှလုံးအိမ်ကို စေစားဖမ်းယူ ညို့ငင်နိုင်ခဲ့သူ။ ထူးအိမ်သင် ဆိုတဲ့ “ သူ ” ပါ။ အဲဒီနောက်မှာ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ သီချင်းခွေတွေနဲ့၊ သူရဲ့ ဂီတမှော်တွေနဲ့ ဖမ်းစားခဲ့ပြန်တယ်။


တလောကက မိတ်ဆွေ တယောက်ပြောပြတဲ့ ငှက်ကြီး ခြေရာတချို့ကို သိလိုက်ရတယ်။ ငှက်ကြီး ကနဦးခွေ ဖြစ်တဲ့ နာရီပေါ်က မျက်ရည်စများကို အသံသွင်းပြီး မာစတာရီးလ် အခွေအတွက် ပရိုဂျူဆာလိုက်ရှာချိန် ကုက္ကိုင်းရေကူးကန် လမ်းနားက အိမ်တအိမ်မှာ တရက် တေးရေးဆရာ ညီညီသွင် (ဝက်) တို့ အခု အယ်လ်ဆိုင်းဇီ အဖေ၊ အယ်လ်ခွန်းရီ မောင် တေးရေး လဇွန်ထွဲဝါ ( ကိုကြီး ) သူငယ်ချင်းတွေ ဆုံပြီးနားထောင်ကြတာ အဲဒီမှာတင် ရန်ကင်း ၁၂လုံးတန်းက ညီညီ့ သူငယ်ချင်း မောင်မောင်ကျော် ဆိုတဲ့ဘော်ဒါက အဲဒီခေတ်က ငွေ ၂သောင်းကျော်နဲ့ ဝယ်လိုက်တယ်လို့ ပြောတယ်၊ နောက် မောင်မောင်ကျော်က တခြားတယောက်ဆီ ရောင်းလိုက်ပြီ ထုတ်တော့ ဒီခွေပေါက်သွားတယ်လို့ ဆိုတယ်။ ဒီခွေဟာ လက်ဖက်ရည်ဆိုင်လေးတွေမှာ သူ့ သီချင်းတွေက ပျံ့လွင့်နေသလို၊ ခေတ်တခုရဲ့ လူတွေ ရင်ဘတ်ထဲကိုလည်း သူ့ သီချင်းသံတွေက မင်းမူ စိုးမိုးနေခဲ့ ပြန်တယ်လေ။ လူငယ် ဘာသာဘာဝ လမ်းဘေး အုတ်ခုံလေးတွေနဲ့ အဆောင်တွေရှေ့မှာလည်း သူ့ သီချင်းတွေက ပျံလွင့် နေခဲ့ပြန်တယ်။ ၁၉၈၈ လူထုအရေးတော်ပုံကြီး ဖြစ်ပြီးတဲ့နောက် အမှန်တရားနဲ့ လွတ်လပ်ခြင်းတွေကို ခုံမင်နှစ်သက်တဲ့ သူတစ်ယောက် တောထဲရောက်ခဲ့တယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ ဘဝတွေနဲ့ သူအံကြိတ်ပြီး နေခဲ့တယ်၊ ကဗျာတွေရေးခဲ့သလို၊ “အရေးကြီးပြီ” ဆိုတဲ့ တော်လှန်ရေး သီချင်းတွေလည်း စပ်ဆိုခဲ့ပြန်သေးတယ်၊ ဂီတကိုင်တဲ့ သူ့လက်က ပါးစပ်တီးလုံးတွေနဲ့ သီချင်းတွေစပ်ရင်း၊ မဟူရာညဉ့် နက်နက်တွေထဲ အမေကိုလွမ်းတဲ့ စိတ်တွေနဲ့ မျက်ရည်ကျခဲ့ဖူးတယ်။ မြို့ပေါ်ပြန်တက်တဲ့ ကျောင်းသားအုပ်စုတွေထဲ သူ အမေကိုလွမ်းတဲ့ စိတ်တစ်ခုထဲနဲ့ သူ့ဇာတိ မော်လမြိုင်က သူ့ အမေရဲ့ အိမ်အိုဟောင်းလေးဆီ ကျောပိုးအိတ် တစ်လုံးလွယ်လို့် သူပြန်သွားခဲ့တယ်။ သူ့ ရဲဘော်တွေအားလုံးက သူ့ကို ခွင့်လွတ်နားလည်မူ အပြည့်ပေးခဲ့ သလို သူကလည်း နောက်ဆုံး ထွက်သက်အချိန်ထိ ရဲဘော်တွေအပါ် သစ္စာရှိခဲ့တယ်။ လက်နက်အာဏာပြပြီး အနုပညာသမားတွေကို သူတို့ရဲ့ ဝါဖြန့်ချီရေး တွေအတွက် အသုံးချခဲ့ပေမယ့် ရှောင်ထွက်ခဲ့တယ်။ နောက်ပိုင်း သူ့အကြောင်းတွေ သိပ်မကြားရတော့ပေမယ့် မဂ္ဂဇင်း၊ ဂျာနယ်စာစောင်တွေမှာ တွေ့မြင်ခဲ့ရပြီး အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် ဆိုတဲ့ တေးစီးရီးတွေ ထုတ်တာနားထောင့်ခွင့် ရခဲ့တယ်။

ဘ၀ကို အနုပညာတစ်ခုတည်းနဲ့ ရိုးသားစွာ လျှောက်လှမ်းသွားခဲ့ သလို ၁၄-၈-၂၀၀၄ ခုနှစ်၊ သြဂတ်လ၊ ၁၄ ရက်မှာ သူချစ်တဲ့ မိသားစုလေးနဲ့ ချစ်တဲ့ ပရိတ်သတ်ကြီးကို ခွဲခွာသွားခဲ့တာ ဒီနေ့ဆို (၂၀၁၁ခုနှစ်၊ သြဂုတ်လ၊ ၁၄ရက်နေ့ဆိုရင် ၇ နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလေ။ သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားဟာ သူ့အတွက် မဟုတ်ခဲ့ဘူး ဒီကမ္ဘာမြေပေါ်က အားလုံးကို သူနှုတ်ဆက် ထွက်ခွာသွားခဲ့ပေမယ့် ကျန်ရစ်တဲ့ သူ့ ကဗျာတွေ၊ သူ့ သီချင်းတွေကို ချစ်တဲ့ သူ့ ပရိတ်သတ်တွေ အားလုံးက သူ့ ကိုချစ်တဲ့ သူငယ်ချင်းတွေ အားလုံးက ကျော်မြင့်လွင် (အမည်ရင်း) သျှပ်၊ ဘဲဥ၊ ငှက်ကြီး၊ ထူးအိမ်သင်ကို အချိန်ပြည့် သတိ၇နေသလို၊ သူဖန်တီးခဲ့တဲ့ ဂီတ နဲ့ ကဗျာတွေ သူ့ပုံရိပ်တွေ မြင်တိုင်း လွမ်းနေတုန်း၊ တမ်းတ သတိရနေတုန်းပါ။

ဒီနေ့ သူငယ်ချင်းတွေနဲ့ သူ့အတွက် သတိတရနဲ့ သူ့ ကဗျာတွေ ရွတ်ဆိုခဲ့ကြတယ်။ ကိုယ်ကလည်း အမေကို အရမ်းချစ်ခဲ့တဲ့ လူတစ်ယောက် အမေရဲ့ နောက်ဆုံး ထွက်သက်ငင် နေချိန်မှာ “ သား ” ကို တွေ့ချင်တယ်လို့ တဖွဖွပြောခဲ့ ပေမယ့် အမေကို မတွေ့နိုင်ခဲ့ဘူး၊ ဈာပန အခမ်းအနားလေးတောင် တက်ရောက်ခွင့်မရ ခဲ့တဲ့ ဘဝမို့ “ အမေ ” ဆိုတဲ့ ကဗျာလေးကို ရွေးပြီး ရွတ်ဆိုခဲ့တယ်။

… အမေ …
မိန်းမတကာ ထက်၌ ကျနော် လေးစားမြတ်နိုး မဆုံးသော
အနာဒိ အနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ …
အမေ …..
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ …
ကဗျာ …
ကဗျာ …
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါ .. အမေ
သားတော့ မီးလောင်နေပြီ။
သျှပ်မှူးကျော်
ငှက်” ကောင်းရာ သုဂတိလားပါစေ၊ အေးချမ်းတဲ့ ဘဝသစ်မှာ ချစ်တဲ့ အနုပညာတွေကို ဆက်လက် ဖန်တီးနိုင်ပါစေလို့ ။

ထုပတိ
တောင်းပန်ပါတယ်၊ ရွှေမော်ကွန်း အယ်ဒီတာ က ငှက်” အတွက် အမှတ်တရ ကို တောင်းထားတာ လွန်ခဲ့တဲ့ (၁၀) ရက်လောက်ကပါ။ စာရေးဖို့ အခြေအနေ မပေးတာကြောင့် လုံးဝ မရေးဖြစ်ခဲ့ဘဲ၊ သူငယ်ချင်းတွေက ငှက်” အတွက် လုပ်ဖြစ်တဲ့ ဒီနေ့ပွဲလေးကို တက်ရောက်ရင်း ဒီစာကို အားခြင်း ရေးပေးလိုက်ရတာမို့ အမှားပါခဲ့ရင် ခွင့်လွှတ် နားလည်ပေးပါလို့်။
ထုပတိ

Thursday, August 18, 2011

"ခီပတာ် ဃိ၃်လိာ်ကျိ" ‘Crossing Salween’ ဇာတ်ကား လော့စ်အင်ဂျလိစ်တွင် ပြမည်



ချင်းမိုင်(မဇ္ဈိမ) ။ ။ စစ်ပွဲများကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ကရင် မိန်းကလေးတဦး၏ဘဝကို အခြေခံကာ ရိုက်ကူးထားသော ကြာချိန် မိနစ် ၂ဝ ရှိသည့် ‘Crossing Salween’ ဗီဒီယိုကားကို လာမည့် သောကြာ၊ စနေနှင့် တနင်္ဂနွေ နေ့များတွင် အမေရိကန်နိုင်ငံ လော့စ်အင်ဂျလိစ်မြို့ Laemmle ပြဇာတ်ရုံတွင် ပြသမည်ဖြစ်သည်။

အိုင်းရစ်လူမျိုးထုတ်လုပ်သူ Gary Moore က စစ်ပြေးကရင်ဒုက္ခသည်များ၏ ဘဝနှင့် မြန်မာနိုင်ငံအတွင်းရှိယေဘုယျ လက်တွေ့ဘဝ များအား မီးမောင်းထိုးပြနိုင်လိမ့်မည်ဟု ဆိုသည်။

“ကျနော်တို့အနေနဲ့ ဒီ ဗီဒီယိုဇာတ်ကားဟာ အဲဒီ့ (မြန်မာနိုင်ငံ)က အခြေအနေတွေကို ကမ္ဘာက ပိုပြီး သတိမူလာမိစေဖို့ လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့
မျှော်လင့်ထားပါတယ်” ဟု မကြာသေးခင်က Moore
က မဇ္ဈိမသို့ ပြောဆိုခဲ့သည်။

ဗီဒီယိုထဲတွင် အသက် ၁၁နှစ် အရွယ်ရှိ Mai ဟု ခေါ်ကြသည့် ကရင်ဒုက္ခသည်မလေး Ronnachai Mai Whittio က ရုပ်ရှင်ထဲတွင် အဓိက သရုပ်ဆောင်ထားသည်။ ဒါရိုက်တာ Moore က ဇာတ်ဆောင် မိန်းကလေးငယ်သည် သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

၂ဝဝ၈ ခုနှစ်က ဟောလိဝုဒ် ရုပ်ရှင်လောကတွင် အောင်မြင် ခဲ့သည့် “Slumdog Millionaire” ဇာတ်ကားအား ရိုက်ကူးရာ၌ ဒါရိုက်တာက ဆင်းရဲသားရပ်ကွက်ရှိ ကလေးငယ်များမှ ပါရမီရှိသူကို ရှာဖွေရွေးချယ်ပြီး ရိုက်ကူးခဲ့ သကဲ့သို့ပင် Moore သည် အဓိက ဇာတ်ဆောင် နေရာမှ သရုပ်ဆောင်ရန် အတွက် လက်တွေ့ဘဝထဲမှ သူများအား သရုပ်ဆောင်စေပြီး Mai ကို
ရွေးချယ် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံမှ ဒုက္ခသည်များနှင့် ပတ်သတ်၍ ဓာတ်ပုံပြပွဲ ခင်းကျင်း ပြုလုပ်ရန် တိုက်တွန်းခဲ့ကြစဉ်တွင် ရုပ်ရှင် ရိုက်ကူးသူက ၁၉၄၉ ခုနှစ်က စတင်ခဲ့သော ကမ္ဘာ့အကြာမြင့်ဆုံး ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြသည့် ကရင်ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခအတွက် သူ့အနေနှင့် စိုးရိမ်ပူပန်ကြောင်းလည်း ပြောခဲ့သေးသည်။

သူသည် ထိုင်း-မြန်မာ နယ်စပ်သို့လည်း သွားရောက် လည်ပတ်ခဲ့ပြီး အိုင်ယာလန် နိုင်ငံသို့ ပြန်အရောက်တွင်
မြန်မာစစ်တပ်က ရွာကို မီးရှို့ပြီး ရွာသားများကို သတ်ဖြတ်ခဲ့မှုကြောင့် ထိုရွာမှ တောတွင်းသို့ ထွက်ပြေးခဲ့ရသည့် ကိုးနှစ်အရွယ်ရှိ ကရင် မိန်းကလေးငယ်ဖြစ်သည့် “Ko Reh” ၏ ဘဝဇာတ်ကြောင်းကို ထိုအမည်ဖြင့် ဝတ္ထုတို
ရေးခဲ့သေးသည်။

ကလေးငယ်သည် လျှို့ဝှက်ဆန်းကြယ်သည့် မုဆိုးတယောက်၏ အကူအညီဖြင့် ခက်ခဲကြမ်းတမ်းသော ခရီးကြမ်းကို ဖြတ်သန်းကာ ထိုင်းနိုင်ငံနယ်စပ် လုံခြုံဘေးကင်းရာသို့ ရောက်ရှိသွားခဲ့သည်။

လော့စ်အင်ဂျလိစ် သည် Crossing Salween ဇာတ်ကားအား ယခု လောလောဆယ်အထိ နောက်ဆုံး ပြသည်မည့်
နေရာဖြစ်သည်။ ထိုဇာတ်ကားနှင့် ပတ်သတ်၍ အိုင်းရစ်ရုပ်ရှင် ဘုတ်အဖွဲ့မှ အကူအညီပေးခဲ့ပြီး အမေရိကန် နိုင်ငံရှိ ဖို့ဝိန်းမြို့နှင့် ဂျာမနီနိုင်ငံ ဘာလင်၊ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့နှင့် ကော့ခ်မြို့၊ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ရုပ်ရှင်ပွဲတော်များတွင်း ပြသခဲ့ကာ ချီးကျူးဂုဏ်ပြုမှုများ ရရှိခဲ့သည်။

မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် အကြောင်းအရာ ရုပ်ရှင်ကားများသည် ဟောလိဝုဒ် ရုပ်ရှင်လောကနှင့် အလှမ်းဝေး သလို ရှိသော်လည်း “သံလွင်မြစ်ကို ဖြတ်သန်းခြင်း” Crossing Salween ကို ပြုလုပ်နေသူများက ယင်းတို့၏ ဗီဒီယို အတွက် ရင်းနှီးမြှုပ်နှံလိုသူများအား ရုပ်ရှင်ကားရှည် တကားအဖြစ် ရိုက်ကူးထုတ်လုပ်ရန် ငွေကြေးမတည်ပေးရေး ဆွဲဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြသည်။

Mooreနှင့် အဖွဲ့သည် အချိန်ပြည့် ရုပ်ရှင်ဇာတ်ကားရှည် အဖြစ် ထုတ်လုပ်ရန် အတွက် အမေရိကန်ဒေါ်လာ ၂.၁ သန်း အထောက်အပံ့ ရရှိရန် ရှာဖွေနေလျက် ရှိပြီး ရုပ်ရှင်ဇာတ်ကားတိုကို အခြား ရုပ်ရှင်ပွဲတော်များတွင် ဆက်လက်
ပြသရန် စီစဉ်ထားသည်။

ယခု နမူနာ ရုပ်ရှင်ဇာတ်ကားတိုနှင့် Moore ၏ ဒဗ္ဗလင် အခြေစိုက် ရုပ်ရှင် ကုမ္ပဏီ Red Rage မှ ချဲ့ထွင်ရိုက်ကူးရန်
မျှော်လင့်ထားသည့်အချိန်ပြည့် ဇာတ်ကားရှည်တွင် နိုင်ငံရေးကို အဓိက မထားဘဲ လူသားချင်းစာနာမှုကို အဓိက
နောက်ခံထားကာ ရိုက်ကူးမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များနှင့် အဲန်ဂျီအိုများ ပူးပေါင်း၍ ယနေ့ပြုလုပ်သည့် စစ်မက်ဖြစ်ပွားမှု ရှောင်ရှားသည့် လှုပ်ရှားမှု ဓာတ်ပုံ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအာဏာပိုင်များနှင့် အဲန်ဂျီအိုများ ပူးပေါင်း၍ ယနေ့ပြုလုပ်သည့် စစ်မက်ဖြစ်ပွားမှု ရှောင်ရှားသည့် လှုပ်ရှားမှု ဓာတ်ပုံများ

မြန်မာစစ်ခေါင်းဆောင်များနှင့် အရပ်ဝတ်အစိုးရအား အသိပေးခြင်း အီးမေးမှ လက်ခံရရှိတဲ့ ပေးစာတစ်စောင်ကို တင်ပေးလိုက်ပါတယ်။

letter_to_thawthikho

Talk of Peace Marks 61st Karen Martyrs’ Day


Karen fighters on parrade at Martyr's Day

Karen people gathered in the US, UK, Norway, Sweden, Asia, Canada and Ireland and in jungle bases back in their homeland on 12th August, to commemorate their 61st Martyr’s Day. Saw Ehna reports from Karen State.

In a jungle base in Southern Burma, 400 supporters from the Karen National Union’s Mergui-Tavoy District office commemorated the 61st Karen Martyrs’ Day with a military salute for their fallen leaders and comrades.

Saw Kwe Htoo Win, the KNU, Mergui-Tavoy District chairman addressed the people.

“We remember and honor our fallen president Saw Ba Oo Gyi, our leaders, our soldiers and our people who have sacrificed their lives for the Karen people. Their hope was that the Karen people would be freed from oppression, freed as a nation, and have the right to progress themselves like other nations. We who remain will fulfill our martyrs’ hopes.”

The KNU has been fighting against the Burmese military regime for 62 years, the world’s longest running civil war. The initial aim of the KNU was independence, but since 1976 it has called for a federal union.

Karen Martyrs’ Day marked the death of its first leader, Saw Ba Oo Gyi, who was killed by the Burma Army in 1950. Since its inception Martyrs Day has also remembered all the other Karen men and women who gave their lives for the Karen cause.

The KNU’s Saw Kwe Htoo Win said even though Karen people were tired of fighting for so many years it was important to keep striving.

“It has been a long time. It has been hard on our Karen people, our members, our leaders, we are tired, but we remain firm in our struggle. We are not giving up our hope.”

A recent development was a call from pro-democracy leader Aung San Suu Kyi to broker peace talks between Burma’s ethnic groups and the government.

The KNU, along with the other major ethic groups welcomed and supported Suu Kyi call for Burma’s newly elected President Thein Sein, and the leaders of the ethnic armed groups – Kachin Independence Organization, the New Mon State Party, the Shan State Army the KNU – to hold peace talks to end the conflict in Burma.
Saw Kwe Htoo Win said.

“I believe the KNU supporting Daw Aung San Suu Kyi’s call for peace talks is good, it is a pressing need. The 62 years of civil conflict proves Burma’s problems cannot be solved by armed conflict. The KNU’s position is to seek a political solution. We hope that the ruling government will accept her offer.”

Since November 2010 when Burma held its first national elections in 20-years, conflict between the major ethnic ceasefire groups and the Burma Army has broken out in Karen Shan and Kachin States.

The Karen struggle has been boosted by an alliance with the Democratic Karen Buddhist Army fighters, who until recently were closely aligned with the Burma Army. The DKBA split after the Burma Army attempted to disarm and dismantle ethnic ceasefire groups. The Burma Army’s intention was to reduce their size and reform the groups as a Border Guard Force and bring them under the strict control and command of the Burma Army.

Col. Saw Ler Pwe, who refused to accept the conditions set by the Border Guard Force, led the breakaway DKBA faction. He was later joined by 1,000 troops led by Major Saw Beeh and at the time of writing the Karen soldiers are fighting together against the Burma Army.

Saw Kwe Htoo Win says the KNU and its members need to analyses the current political situation in Burma, need to update their tactics and adapt political positions to meet the changes. He says it is not easy as the KNU has members with different points of view.

“It is a challenge for our organization, it’s a challenge for all Karen people, we have to keep analysing our organization, our people, our struggle and the world situation correctly. If we don’t it will be difficult to achieve our political objectives.”

Saw Kwe Htoo Win, is regarded by many Karen as a pragmatic and a reformist leader and he is the newly elected chairman of the Ethnic Nationalities Council (ENC).

“To the outside world, Burma may appeared to have undergone a political change, but inside there was there no change. We need to continue our struggle, we have to cooperate with other ethnic groups and organization inside and outside the country despite our different aims in order to achieve victory.”

Saw Kwe Htoo Win said it is important ethnic people worked together.
“We will struggle together. We have to respect and recognized our differences. We have to respect each other with dignity.”

Villagers face fighting, malaria, hunger and displacement


Villagers-flee-from-fighting

Recent fighting between a breakaway Border Guard Force faction and a group under the control of the Burma Army drove more than 130 villagers in Hlaingbwe Township region from their homes. The villagers are now seeking temporary safety along the Thai Burma border. The fighting in Hlaingbwe Township area is the latest in a series of clashes between the two groups.

The renegade BGF faction unhappy with demands and controls exerted on them by the Burma Army, reformed under their old flag – the Democratic Karen Buddhist Army. The BGF was introduced to unarm, reduce the number of soldiers in the armed ceasefire groups and to bring them under the direct control of the Burma Army has backfired with armed clashes in Kachin, Shan and Karen States.

Many of the armed ceasefire groups refuse to surrender their arms, local authority and give away their ethnic identities to the Burma Army.

The displaced villagers are now short of food and have little to survive on aside from some rice given by the DKBA. Saw Paukla, a DKBA medic told Karen News that people are depending on the village monastery for food.

“There has been no aid given to them. We can only give them two or three kilograms of rice. Some have to go to monastery for their meals.”

The villages affected by the fighting are Yaw Po, Ta Kwi Kla, Ka Ma Hta and P’newh Tha Kla.

Saw Paukla explained that due to inadequate shelter and the heavy monsoon rains, many villagers have no resistance to mosquitos and have caught malaria.

“Many people are suffering from malaria, not only those villagers who had to run from their homes, but also DKBA soldiers and other local villagers here. It is not the ordinary type, it is the severe type that many people have got and they need urgent treatment.”

Saw Paukla said villagers are now taking refuge in relatives’ or friends’ homes in Mae Tha Waw village on the Thai border.
Saw Nay Htoo, a program director with the Burma Medical Association, says medical supplies are needed for this population.

The recent fighting has also forced 14 village schools to close in villages of Meh Kwee Hta, Law Pu, Wei Pyah, Wah Ta Moo, Meh Hsay, Meh Law Hta, Htee La Nae, Yaw Po, Ta Kwi Kla, Thray Poe Kwi, Ka Ma Hta, Kwi Lay, P’nweh Tha Kla (Ywa Thit) and Hti Per.

Humanitarian groups working on the Thai Burma border are worried that if conflicts continue more villagers from Burma will have to cross into Thailand for their safety.

မြန်မာတပ်မတော်အတွင်း နောက်ဆုံးအခြေအနေများ

အောင်လင်းထွဋ်


မြန်မာ့တပ်မတော်တွင် ၂၀၁၁ ဇွန်လမှစ၍ ဒုတိယတန်း စစ်ဗိုလ်ချုပ်ကြီးများအတွင်း အာခံမှု၊ မကြေလည်မှုများ စတင်ပေါ်ပေါက်လျက်ရှိသည်။ ၂၀၀၇ စက်တင်ဘာလ သံဃာ့အရေး အခင်းမှစ၍ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း အေးချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းလိုသော သဘောထား ပျော့ပြောင်းသည့် စစ်ဗိုလ်ချုပ်များနှင့် ကြမ်းတမ်းစွာ အင်အားသုံး ဖြေရှင်းလိုသော သဘောထား တင်းမာသည့် စစ်ဗိုလ်ချုပ်များဟူ၍ အမြင်နှစ်မျိုးကွဲခဲ့သည်။



Aung Lin Htut-Pho
ဦးအောင်လင်းထွဋ် (ဓါတ်ပုံ - www.photayokeking.org)
၂၀၀၇ သံဃာအရေးအခင်း နောက်ပိုင်းတွင် စစ်တပ်အတွင်း တည်ငြိမ်မှုနှင့် အမိန့်နာခံမှု အားနည်းလာသည်ဟု ပြောရပေမည်။ အများအားဖြင့် အသက် ၅၀ ၀န်းကျင် ခေတ်အမြင် အတွေးအခေါ်ရှိသော စစ်ဗိုလ်ချုပ် အများစုသည် လက်ရှိအခြေအနေပေါ်တွင် အကြမ်းဖက်ဖြိုခွင်းမှု မပြုလုပ်လိုကြပါ။

လက်ရှိ ထိန်းသိမ်း စစ်ဆေးမေးမြန်းခံနေရသော ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်ဆင်ရေးအထူး အဖွဲ့မှူးများဖြစ်သည့် ယာယီ ဒု ဗိုလ်ချုပ်ကြီး တင်ငွေ၊ ယာယီ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ယာယီ ဒု ဗိုလ်ချုပ်ကြီး ကျော်ဖြိုး၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ယာယီ ဗိုလ်ချုပ် ထွန်းသန်း ၊ တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး ယာယီ ဗိုလ်ချုပ် သန်းထွန်းဦး တို့သည် လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ချွတ်ခြုံကျပြီး စစ်သည်များအပါဝင် တနိုင်ငံလုံး ဆင်းရဲနွမ်းပါးနေမှုကို ကောင်းစွာသဘောပေါက် နားလည်သည်။ ၎င်းတို့သည် ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းလိုသူများ ဖြစ်သည်။ ဆက်လက်၍လည်း နေပြည်တော်တွင် အမြင်ကွဲပြားသော စစ်ဗိုလ်ချုပ်များ အပါအ၀င် စစ်တပ်အရာရှိကြီးများကို ဆက်လက်ဖော်ထုတ် ထိမ်းသိမ်းဆဲ ဖြစ်သည်ဟု သိရသည်။

ပြဿနာ၏အစသည် နိုင်ငံတော်မူဝါဒအသစ်ဟု ပြောရမည့် ဆင်းရဲမွဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တပ်မတော် တပ်မှူးကြီးများ၏ ၂၀၁၁ ခုနှစ် မေ၊ ဇွန် ပုံမှန် လေးလပတ်အစည်းအဝေးတွင် ခေါင်းစဉ်တခုအနေဖြင့် ထည့်သွင်းဆွေးနွေးခဲ့ရာမှ စသည်ဟု ဆိုရပါမည်။ အဆိုပါအစည်းအဝေးမတိုင်မီ စစ်တပ်အတွင်းတွင် ၂၀၀၉ ခုနှစ်လောက်မှစ၍ ပြည်ပ VOA, BBC, RFA, DVB အသံလွှင့်ဌာနများ၏ စစ်တပ်အတွင်း စစ်သည်နှင့် မိသားစုများအား လှုံ့ဆော်ပေးနိုင်မှုများကြောင့် စစ်တပ်အတွင်းတွင် စားဝတ်နေရေးအတွက် မိသားစု စီးပွားရေး မပြေလည်မှုအပေါ် အခြေခံ၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုလက်အောက်ရှိ ရဲမွန်တပ်နယ်၊ အင်းတကော် တပ်နယ်၊ မှော်ဘီတပ်နယ်များရှိ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ ဆန္ဒဖော်ထုတ် ပုန်ကန်မှုများ ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အရေးဆိုမှုများကြောင့် စစ်တပ်အတွင်း ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများ အတော် တုန်လှုပ်ခဲ့ကြသည်။

အလားတူ တခြားစစ်တိုင်းများတွင်လည်း စစ်သည်တချို့ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများကြောင့် စစ်သည်များအား လစာငွေ ကျပ် ၂၀၀၀၀ နှင့် ရိက္ခာအစိုငွေများ ထပ်မံတိုးမြှင့်ပေးခဲ့ကြသည်။ သို့သော် ကုန်ဈေးနူန်း မြင့်တက်နေမှုကြောင့် စစ်သည်များ၏ မိသားစုစားဝတ်နေရေး အဆင်ပြေမှုမရှိခဲ့ပါ။ ထို့အပြင် ၂၀၁၀ ရွေးကောက်ပွဲနေ့မှစ၍ ငြိမ်းချမ်းရေးယူထားခဲ့သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ခွဲထွက်အဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ခဲ့ပြီး ရှမ်းပြည်တပ်မတော် (SSA) တပ်များ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့နှင့်ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာသည်။ တိုက်ပွဲများတွင် အစိုးရတပ်မှ စစ်သည် အကျအဆုံးများခဲ့မှုအပေါ် တပ်မှူးကြီးများနှင့် တပ်မှူးငယ်များအကြား သူကြောင့်ကိုယ့်ကြောင့်ဟူ၍ ပြစ်တင်ပြောဆို ဝေဖန်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဖြစ်ပွားသော တိုက်ပွဲကြီးငယ်များတွင် စစ်တပ်ဘက်မှသာ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိမှု များပြားသည့်အတွက် စစ်သည်များ စိတ်ဓာတ်ကျကာ တပ်မှထွက်ပြေးသူ ပြေး၊ ရန်သူထံ လက်နက်ချသူ ချ ပိုမိုဖြစ်လာခဲ့သည်။ KIA နှင့် တိုက်ခိုက်နေသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ (၃၇) ဆိုလျှင် စစ်သည်များ၏ တောင်းဆိုမှုကြောင့် စစ်ဆင်ရေးထွက်ရန်အမိန့်ကို တပ်ရင်းမှူး ကိုယ်တိုင် ငြင်းဆိုပြီး အရေးယူခံသည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု သိရသည်။

တပ်မတော်တပ်မှူးကြီးများ၏ ၂၀၁၁ ခုနှစ် မေ၊ ဇွန် ပုံမှန် လေးလပတ်အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က နိုင်ငံတော်မူဝါဒဖြစ်သော ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ တပ်မတော်အတွင်းရှိ စစ်သည်မိသားစုများ စားဝတ်နေရေး သက်သာချောင်ချိရေးလုပ်ငန်းများကို အပေါ်တပ်မှူးများအား တင်ပြခိုင်းသည်များရှိပါသည်။ ထို့အပြင် စစ်ပွဲများတွင် စစ်သည် အကျအဆုံးများမှု၊ စစ်ရေးစွမ်းရည် ကျနေမှု၊ ရှေ့တန်းစစ်မြေပြင်နှင့် မြို့ပေါ်တွင် ပြည်သူလူထုအပေါ် စည်းရုံးရေးစွမ်းရည် ကျဆင်းနေမှု၊ တပ်တွင်း စစ်ပြေးများမှု၊ အမှုအခင်းများပြားခြင်း၊ တပ်အတွင်းစည်းလုံး ညီညွတ်မှု အားနည်းပြီး အုပ်ချုပ်ရေးစွမ်းရည် ကျဆင်းလာမှုတို့အပေါ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်အောက်တပ်မှူးကြီးများအား ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းသည်ဟု သိရသည်။

အဆိုပါအစည်းအဝေးသို့ တက်ရောက်သော ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး တချို့နှင့် စစ်တိုင်းမှူး ဗိုလ်ချုပ်တချို့တို့က ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်အပေါ် အမှန်တကယ် အောက်ခြေစစ်သည်များအတွင်း ဖြစ်ပျက်နေသော စစ်သည်နှင့် မိသားစုများ၏ ကြုံတွေ့နေရသည့် ဒုက္ခခံစားနေရမှုများ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဆင့်အလွန် နိမ့်ကျနေမှုများ၊ စီးပွားရေး မပြေလည်မှုကြောင့် စစ်ပြေးများလာရခြင်းများကို တင်ပြခဲ့ကြသည်။
အစစအရာရာ ချွတ်ခြုံကျပြီး စိတ်ဓာတ်ပျက်ပြားနေခြင်းကြောင့် စစ်ပွဲများတွင် အဆုံးအရှုံးများလာရခြင်းတို့ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် လက်ရှိအစိုးရသစ်၏ ပြည်နယ်ဝန်ကြီးချုပ်များနှင့် စစ်တိုင်းဌာနချုပ်များ၏ လုပ်ပိုင်ခွင့်များနှင့် ပတ်သက်၍ မကြေလည်မှုများကို ထည့်သွင်းပြောဆိုကြရာမှ ကာကွယ်ရေးဦးစီးချုပ်နှင့် မပြေမလည်ဖြစ်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါအစည်းအဝေးတွင် ဝေဖန်ပြောဆိုဆွေးနွေးခဲ့သူများကို ကာကွယ်ရေးဦးစီးချုပ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တိုင်ကြားခဲ့သည်။ အဆိုပါ ဖြစ်စဉ်များနောက်ပိုင်းတွင် လက်ရှိ စစ်ခေါင်းဆောင်များအပေါ် အာခံသည်ဟု ယူဆသူများကို ထုံးစံအတိုင်း လာဘ်စားသည်ဟူသော ပုဒ်မဖြင့် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

အတည်ပြုဆဲသတင်းများအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်မှ တရားဝင် အနားယူသေးခြင်း မရှိသေးပါ။ လက်ရှိအဆင့် ဗိုလ်ချုပ်မှူးကြီး ရာထူးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးရန် အစီစဉ်မရှိသေးကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၄င်း၏ နေအိမ်ဝန်းအတွင်း ရုံးခန်းဖွင့်လှစ်ထားဆဲဖြစ်သည်။ စစ်ဘက်လက်ထောက် ဗိုလ်ချုပ် နေ၀င်း၊ အမျိုးသားထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ် စိုးရှိန်နှင့် ရုံးအဖွဲ့ ယခင်အတိုင်း ရှိနေပါသည်။ ပုံမှန် တနင်္လာမှ သောကြာနေ့ နံနက်တိုင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒု ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်းတို့သည် ပုံမှန် သတင်းပို့ လမ်းညွှန်ချက် ခံယူရဆဲဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ ဦးတင်အောင်မြင်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို သီးခြားခေါ်တွေ့လေ့ရှိပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ ဆင့်ခေါ်ပေးရသည်ဟု သိရပါသည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကြံ့ဖွံ့ပါတီမှ ဦးအောင်သောင်းတို့သည် ယခင်အတိုင်း ဒေါ်ကြိုင်ကြိုင် လမ်းကြောင်းမှတဆင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ၀င်ထွက်ခွင့်ရှိနေဆဲဟု ဆိုပါသည်။

အစိုးရသစ်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လမ်းညွှန်မှုအောက်တွင် အပြည့်အ၀ လိုက်နာဆောင်ရွက်နေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား လက်နက်ကိုင်အရေး အစရှိသည့် နိုင်ငံရေးလှုပ်ရှားမှုများအပေါ် အစိုးရသစ် တက်လာကာစတွင် တင်းတင်းမာမာ ပြသခဲ့သော်လည်း ယနေ့ ပျော့ပြောင်းသယောင် ပြသလာမှုများသည် စစ်တပ်အတွင်း အခြေခံစစ်သည်မှသည် စစ်ဗိုလ်ချုပ်အဆင့်များအထိ အမိန့်မနာခံမှု၊ ပုန်ကန်မှုများနှင့် တစိတ်တပိုင်း ဆက်စပ်နေသည်။

သမိုင်းကြောင်းအရ မြန်မာ့တပ်မတော်တွင် ဗိုလ်ချုပ်များ ဖြုတ်ထုတ်ခံခဲ့ရသော်လည်း ယနေ့အချိန်အခါကဲ့သို့ အခြေခံစစ်သည် အများစုပါဝင်ပြီး ဆန္ဒပြတောင်းဆိုမှု၊ အမိန့်မနာခံမှုများ မရှိခဲ့ပါ။ မြန်မာနိုင်ငံအနေဖြင့်လည်း အပြင်းထန်ဆုံး ပြည်တွင်းပြည်ပ ဖိအားနှင့် ရင်ဆိုင်နေရချိန်၊ အာရပ်ကမ္ဘာ၏ ပြောင်းလဲနေမှုများသည် မြန်မာ့နိုင်ငံရေးသို့ ရိုက်ခတ်နေပါသည်။

ထို့ကြောင့် မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား၊ စစ်တပ်နှင့် ပြည်သူလူထုအပေါ်တွင် နိုင်ငံရေးကစားနေမှုကို သတိကြီးစွာ စောင့်ကြည့်ပြီး ဒီမိုကရေစီ အင်အားစုများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံ၍ သတင်းအမှန်များပေးခြင်း၊ အားပေးထောက်ခံခြင်းဖြင့် ကူညီကြသင့်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း မဟာဗျူဟာ နည်းဗျူဟာများ ချမှတ်ပြီး ပြည်သူလူထုအား လမ်းညွှန်မှုများ ပီပီပြင်ပြင် ညွှန်ကြားပေးစေလိုပါသည်။

(ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။

ဦးသိန်းစိန်မိန့် ခွန်းအပေါ် ကိုမိုးသီးရဲ့ အမြင်များ

နေသစ်- ကိုမိုးသီးခင်ဗျား ဦးသိန်းစိန် အစိုးရက ၈၈ နောက်ပိုင်းတိုင်း ပြည်ကထွက်သွားသူတွေကို ပြန်လာကြပါ။တော်ရုံတန်ရုံအပြစ်ရှိသူတွေကိုခွင့်လွတ်တယ်လို့ ဆိုလာတာတွေရှိတယ်။ သူမိန့် ခွန်းကိုဘယ်လို့ မြင်ပါသလဲ။

မိုးသီး- ဦးသိန်းစိန်က ပြောတာကို ကျနော်တို့ သဘောထားမပြောခင်မှာသမိုင်းကြောင်းတချို့ ကို ပြန်ပြီး ဆွေးနွေးပေးခြင်တယ်။ ဒီလိုမျိုးကို ဗိုလ်ချုပ်စောမောင်လက်ထက်၊ ဗိုလ်ချုပ်ခင်ညွန့် တို့ လက်ထက်ကလည်းပြောခဲ့ကြတယ်။ ကျောင်းသားတွေပြန်လာပါ။ ကိုယ်မိဘအိမ်ကိုကိုယ်ပြန်လာသလိုသဘောထားပါ။ ဒီတချို့ ကျောင်းသားတွေဟာ ပြန်ကြတယ်။ နောက်တော့ ပြန်သွားတဲ့သူတွေဟာ သမိုင်းကွေးတာပေါ့ဗျာ။
၁၉၉၃ ခုနစ်လောက်မှာ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ပေါ့။ သူက ကျနော်တို့ ဖက်ကိုအသံပြစ်လိုက်တယ်။ တိုင်းရင်းသားတွေပြန်လာပါ။ နိင်ငံတော်နဲ့လက်တွဲပြီး ဒေသဖွင့်ဖြိုးရေး ပူးတွဲလုပ်ကြမယ်။ နိင်ငံရေးကိစ္စတွေကို နောက်တက်လာတဲ့အစိုးရနဲ့ ပြောပါ။ ကိုယ်နယ်မြေကိုယ်ထိမ်းထား၊ကိုယ်လက်နက်ကိုယ်ကိုင်ထား စသဖြင့်။ ဒီတုံးက ကျနော်က ဒီအေဘီမှာ အတွင်းရေးမှုးတယောက်ပါ။ မလုပ်ပါနဲ့ ။မဖြစ်နိင်သေးပါဘူး အစည်းဝေးမှာကန့် ကွက်တယ်။ ပြောမယ်ဆိုရင်လည်း တပ်ပေါင်းစုနဲ့ ပြောပါ။ တတိယနိင်ငံတခုခုမှာပြောပါ စသဖြင့် တွေ့ ဆုံဆွေးနွေးရေးမှုတွေက်ုချမှတ်ကြတယ်။ ကာတာဖေါင်ဒေးရှင်းကကြားဝင်ဆောင်ရွက်ပေးလာတယ်။
အရင်တုံးကမရဘူးသေးတဲ့အခွင့်အရေးတွေပဲဆိုပြီး သူတို့ ပါသွားကြတယ်။ ၂၀၁၁ မှာတော့ တော်တော်ပြန်လာကြတယ်။ အလုပ်မဖြစ်ဘူးပေါ့။ ကချင်ကဆိုရင် စစ်အစိုးရလက်အောက်မှာငြိမ်းချမ်းရေးမရနိင်တော့ဘူး ဖြစ်လာတယ်။
ဒီတော့ ပြန်ပြီး သတ္တုချကြည့်ရင်
၁- ဒေသဖွင့်ဖြိုးရေးလည်းဖြစ်မလာဘူး။ စစ်ပဲပြန်ဖြစ်တယ်။
၂- ဗိုလ်ချုပ်ကြီးစောမောင်အလုပ်ကြံခံရတယ်။ ဗိုလ်ချုပ်ခင်ညွန် အထိမ်းသိမ်းခံရတယ်။ ပြန်သွားတဲ့ကျောင်းသားတွေဘာဖြစ်လဲ။ တချို့ ပြန်ထွက်ပြေးလာကြတယ်။ အမြီးပြတ်ခံရတဲ့သူတွေ လို ဆက်ဆံခံရတယ်။
အခုတခါ က ဦးသိန်းစိန် က ၈၈ နောက်ပိုင်းပြည်ပနိင်ငံတွေကိုထွက်သွားတဲ့သူတွေပြန်လာကြ။ တိုင်းပြည်ဖွင့်ဖြိုးရေးကိုအစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ကြ။ တော်ရုံတန်ရုံအပြစ်တွေကိုခွင့်လွတ်တယ် လို့ ဆိုတယ်။

အခုကာလ က ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးသိန်းစိန်အစိုးရစကားပြောနေတဲ့ကာလ ဟုတ်။ ဒီ ကမ်းလှမ်းမှုကရုတ်တရက်ကြည့်ရင် ဟုတ်သလိုလိုပေါ့။ ဒါပေမဲ့ဒီကမ်းလှမ်းချက်က ဒေါ်စုကို မသိမသာနဲ့  အဆင့်နိမ့်ချမှု ( Down-Grade ) လိုက်တာ ကျနော်မြင်တယ်။ ဒေါ်စုနဲ့  စစ်အစိုးရစကားပြောနေတာကို နောက်ကစားသမား ( Player) တခုကိုထည့်လိုက်တဲ့သဘောဖြစ်ပါတယ်။ ဒီကမ်းလှမ်းချက်ကလည်း ဒေါ်စုနဲ့ သဘောတူညီထားတဲ့ ၄ ချက်ထက် ဈေးပိုပေးထားတာကိုတွေ့ ရပါတယ်။
ဒေါ်စုနဲ့ ရထားတဲ့သဘောတူညီချက်တွေကိုကြည့်ရင် နိင်ငံတော်နဲ့ ပူးပေါင်းလုပ်ရမယ်။ ဆူဆူပူပူမလုပ်ရဆိုတာမျိုးဖြစ်ပြီး ၈၈ နောက်ပိုင်းပြည်ပကိုထွက်သူတွေကြတော့ ပြန်လာကြ။ တော်ရုံတန်ရုံအပြစ် ( လူသတ်မှုတို့ ဘာတို့ ) ဆိုရင်ခွင့်လွတ်မယ်။ အဓိပါယ်က ကြိုတင်သတ်မှတ်ချက်တောင်မထားဘူး။ ဒါကြောင့် ကျနော်မြင်တာက ဒီကွာဟမှုကိုမြင်နေတယ်။
နောက်တချက်က စစ်အစိုးရရဲ့ လုပ်ဆောင်မှု အခြေ ( Resume ) ကိုကြည့်ရအောင်
၁- ၁၉၉၀ - ဒေါ်စု ကိုဖမ်းတဲ့အချိန် - မနပုလောကိုထိုးစစ်အလုံးအရင်းလုပ်တယ်။
၂- ၁၉၉၅ - မနပုလောကျသွားတဲ့အချိန် ( ကျနော်စိတ်ထင် ၁ လခန့် ) ဒေါ်စုကိုပထမဆုံးအကြိမ်ပြန်လွတ်တယ်။
၃- ၁၉၉၆-တိုင်းရင်းသားတွေနဲ့ စကားပြောတဲ့အချိန် သဘောတူညီမှုတွေရသွားတဲ့ ဒေါ်စုကိုပြန်ဖမ်းပြီးထည့်တယ်။
၎- ၂၀၀၄ ခုနစ် မင်းကိုနိင်တို့ ကိုလွတ် ဒေါ်စုကိုဖမ်း
၅- ၂၀၁၀- ခုနစ် မင်းကိုနိင်တို့ ကိုဖမ်း ပြီး နောက် ဒေါ်စုကိုပြန်လွတ်
၆- ၂၀၁၁- ဒေါ်စုကိုလွတ်ပြီးနောက် ကချင်၊ကရင်နဲ့ ရှမ်းကို စစ်ဆင်ရေးလုပ် ။
၇- ၂၀၁၁- ဒေါ်စုနဲ့ ပြော၊ မင်းကိုနိင်တို့ ကိုဖမ်း၊တိုင်းရင်းသားတွေကိုဖမ်း၊ ၈၈ ပြည်ပတွေကို ကမ်းလှမ်း။
စသဖြင့် ဦးအောင်ဇေယျ ရဲ့ မုဆိုးဘိုရွာ တည်ထောင်တုံးကစ က နည်းလမ်းဟောင်းကိုပဲထိထိရောက်ရောက်သုံးနေတာကိုတွေ့ နေရတုံးဖြစ်တယ်။ ဒါကြောင့် တဖက်ကို တိုက်နေချိန်မှာတဖက်ကိုငြိမ်းချမ်းရေးအလံထောင်ပြတာကို လူတွေသံသယရှိနေကြပါတယ်။ သံသယတွေကင်းအောင်လုပ်ပါလို့ တိုက်တွန်းခြင်တယ်။

နေသစ်- ဒီတော့ ဘယ်လို အခြေအနေမျိုးမှာ လူတွေကသံသယတွေကင်းနိင်မလဲ
မိုးသီး- မင်းကိုနိင်နဲ့  ၈၈ မျိုးဆက်တွေ နိင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးဖို့ လိုတယ်။ တိုင်းရင်းသားဒေသတွေကိုလုပ်နေတဲ့ ထိုးစစ်တွေကိုရပ်ဖို့ လိုတယ်။ ဒါကသဘောရိုးနဲ့ပြောတာပါ။ ကျနော်တို့ တိုင်းပြည်ဟာသိပ်ကိုဒုက္ခရောက်နေပြီ။ အားလုံးစုပေါင်းညီညွတ်မှုနဲ့ ပြန်လည်တည်ဆောက်ရေး တွေကိုလုပ်ဆောင်ဖို့ အချိန်ကြနေပြီ။ သဘောထားရိုးပါလို့ တိုက်တွန်းခြင်တယ်။ ဦးနုပြောတဲ့သပုန်းချေရေးမှုကို ဒီနေရာမှာ ကျနော်တို့ အလေးအနက်စဉ်းစားဖို့ လိုတယ်။
မင်းကိုနိင်နဲ့  ၈၈မျိုးဆက်တွေကိုအနည်းဆုံးတော့ရန်ကုန်ကို ပြန်ခေါ်ပါ။ တနေရာမှာဆုံတွေ့ ခွင့်ပြုပါ။ သူတို့ ဟာအစိုးရနဲ့ လက်တွဲပြီး တိုင်းပြည်တည်ဆောက်နိင်ဖို့  ဆန္ဒရှိသူတွေပါ။ သူတို့ ဟာ အကြောင်းမဲဆူပူမှုလုပ်မဲ့သူတွေမဟုတ်ပါဘူး။ ငြိမ်းချမ်းရေးသမားတွေပါ။
နေသစ်- ဦးသိန်းစိန်က ဒီလိုကြေညာမှုတွေလုပ်လာတာက ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တုံးကလိုပဲ
သူဟာ တကယ်ပြုပြင်ပြောင်းလဲလို တဲ့ဆန္ဒရောမရှိနိင်ဘူးလား။ ကျနော်တို့ လေ့လာရသလောက်ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တုံးကလဲ ဒီမိုကရေစီအင်အားစုတွေနဲ့  တွေ့ ဆုံဖို့ ကမ်းလှမ်းဖို့ ဆန္ဒတွေရှိခဲ့ပေမဲ့တပ်ထဲက အမာလိုင်းတွေကိုသူမကျော်နိင်ဘူးဖြစ်သွားတယ်လို့ လေ့လာမိတယ်။ ခင်ဗျားဘယ်လို့ သဘောထားသလဲ
အစိုးရထဲမှာ ကျနော်တို့ လေ့လာမိရသလောက် အုပ်စုနစ်ခုအားပြိုင်မှုတော့တော့ကိုကြီးနေပါတယ်။
ဦးသိန်းစိန်၊ ဦးရွေမန်း၊ ဦးအောင်မင်း ခေါင်းဆောင်တဲ့အုပ်စု၊ နောက်သူတို့ ဖက်ကို ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်က ကူးပြောင်းလာတယ်။ ပိုပြီးနီးစပ်လာတယ်လို့ သတင်းရပါတယ်။ လတ်တလောမှာ အစိုးရအဖွဲ့ အတွင်းသဘောထားကွဲလွဲမှုတွေ၊ပေါ်လစီပိုင်းဆိုင်ရာထိပ်တိုက်ရင်ဆိုင်မှုတွေရှိနေတယ်။
၁-ဧရာဝတီမြစ်ဆုံမှာဆည်တည်ဆောက်တဲ့ကိစ္စ၊ ဦးသိန်းစိန်က သဘောမတူခြင်ဘူး။ ဦးတင်အောင့်ဦး ဦးဆောင်တဲ့လေးဦးဂိုဏ်းကို စိတ်ကုန်နေတယ်။ စိတ်ပျက်နေတယ်။ ဦးတင်အောင်မြင့်ဦးမှာတာဝန်ရှိတယ်လို့ ယူဆတယ်။
၂- ဦးသိန်းစိန်က ဗဟိုဘဏ်ကို ဘဏ်ဌာရေ၀န်ကြီးဌာနအောက်ခွဲထုတ်ခြင်တယ်။ လွတ်လပ်တဲ့ အင်စတီကျူးရှင်းတခုလို ထားခြင်တယ်။ ဒါပေမဲ့ တင်အောင်မြင့်ဦးက လက်မခံခြင်ဘူး။
၃- သတင်းစာတွေမှာ ကျော်ဆန်းရေးတဲ့သတင်းစာဆောင်းပါးတွေကိုမကြိုက်ဘူး ။ အစိုးရအာဘော်တွေလိုထင်မှာစိုးတယ်။လူထုအညိုအညင်ခံနေရတာကိုစိတ်ပျက်နေတယ်။
၎- အစိုးရအတွင်း ဆုံးဖြတ်ချက်တွေကို ကာလုံကပြန်ပြင်နေတာတွေကို ဦးသိန်းစိန်ကသည်းမခံနိင်တော့ပဲ လေးဦးဂိုဏ်းကိုပိုဆန်ကျင်လာတော့ အောက်ခြေ၀န်ထမ်းတွေကပါအားတက်လာကြတယ်။ အစိုးရအဖွဲ အတွင်းဦးသိန်းစိန်ကိုပိုပြီါ်ဝိုင်းရံလာတယ်။
၅- ဦးသန်းရွှေရဲ့ အခန်းကဏ ဒါကကျနော်ယူဆချက်ပါ။ သူကသူမိသားစုလုံခြုံရေးကလွဲလို တိုင်းပြည်နေစဉ်ကိစ္စတွေကိုစိတ်မ၀င်စားတော့ဘူးလို့ ယူဆတယ်။ တင်အောင်မြင့်ဦးဂိုဏ်းကိုသိပ်ပြီး ကျောထောက်နောက်ခံမပြုတော့ဘူးလို့ ယူဆပါတယ်။
၆- ဒါကြောင့် ဒီ၃ ပတ်လောက်မှာ တင်အောင်မြင့်ဦးရဲ့  ၄ ဦးဂိုဏ်းက အားပျော့လာတာတွေ့ ရတယ်။

နေသစ်- ဒီတော့ ကျနော်တို့  ရဲ ဗျူဟာကဘာဖြစ်သင့်လဲ
မိုးသီး- ဦးသိန်းစိန် ကိုတကယ်ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ တိုက်တွန်းသင့်တယ်။ ဒေါ်စု၊မင်းကိုနိင်တို့ နဲ့ ယုံယုံကြည်ကြည်လက်တွဲလုပ်ဖို့ တိုက်တွန်းသင့်တယ်။ တယောက်ကိုဖမ်း၊တယောက်ကိုလွတ်၊ တဖွဲ့ ကိုတိုက်တဖွဲ့ ကိုငြိမ်းချမ်းရေးကမ်းလှမ်း ခွဲခြားဆက်ဆံတဲ့နည်း ( divide and rule)
တိုင်းရင်းသားတွေနဲ့ အပြစ်အခတ်ရပ်စဲရေးကိုတပြည်လုံးအတိုင်းအတာနဲ့ လုပ်ဖို့  တိုက်တွန်းသင့်တယ်။ သူဒါတွေလုပ်နိင်ရင်သူဟာ ဖိလစ်ပိုင်နိင်ငံက ဗိုလ်ခှုပ်ကြီး ရားမိုစ်လို ဖြစ်လာမယ်။
ဗိုလ်ချုပ်ခင်ညွန့် တုံးက ဒီလိုအခွင့်အရေးတကြိမ်ရခဲ့ပါတယ်။ ဒါပေမဲ့သူနဲ့သူအဖွဲ့ နိင်ငံရေးအကျဉ်းသားတွေကို ရက်ရက်စက်စက်လုပ်ခဲ့တယ်။ ကာကွယ်မပေးခဲ့ဘူး။ သူတို့ ရဲ့ အင်အားတခုလို့ မသတ်မှတ်ခဲ့ဘူး။ အချိန်ဆွဲလွန်းတယ်။ နောက်တခုက ကိုယ်ကျိုးတွေပါခဲ့တယ်။ ဒါကြောင့်သူပြုပြင်ပြောင်းလဲဖို့ ကြိုးစားပေမဲ့မအောင်မြင်ဘူး။အချိန်နှောင်းသွားတယ်။

ပြည်ပရောက်တွေ ပြန်လာခဲ့ကြ လို့ ဖိတ်ခေါ်တိုင်းလဲ မယုံကြဖို့ 



၈လေးလုံးအရေးတော်ပုံကြီးကိုစစ်တပ်က ဖြိုခွင်းတယ်။ ကျောင်းသား ၁သောင်းခွဲကျော်နယ်စပ်ဒေသတွေကို ထွက်ပြေးလာတယ်။ ထွက်ပြေးလာတဲ့သူတွေ က လက်နက်ရှာပြီး ပြန်တိုက်မယ်ဆိုတဲ့ကြီးမားတဲ့ ရည်ရွယ်ချက်တွေနဲ့ ပါ။ တောထဲရောက်တော့ အခြေနေက ပြည်တွင်းမှာလို မဟုတ်ဘူး။ စိန်ခေါ်မှုအသစ်တွေ ။ မမျော်လင့်ထားတာတွေ။ တချို့ စိတ်ဓါတ်ကျလာတယ်။ တချို့ အားမလျော့ဘူး။

ဒီအခြေအနေကို စစ်အစိုးရက အခွင့်ကောင်းယူတယ်။ ပြန်လာခဲ့ကြ။ ခွင့်လွတ်တယ်။ နိင်ငံရေးလုပ်ခြင်ရင်
ပြည်တွင်းမှာလုပ်လို့ ရတယ် ဆိုပြီး မိန့် ခွန်းတွေ သတင်းစာရှင်းလင်းပွဲတွေနဲ့ အဆက်မပြတ်
ဖိတ်ခေါ်ခဲ့ပါတယ်။ ပြည်တွင်းမှာ နိင်ငံရေးပါတီတွေ တည်ထောင်လှုပ်ရှားခွင့်ကိုလည်း ခုထက်ပေးထားပါတယ်။ ကျောင်းသားတွေကို ထိုင်းနိင်ငံ တပ်ခ် ခရိုင် စစ်တပ်လေဆိတ်ကနေ တပ်မတာ်
လေယျဉ်နဲ့ အခေါက်ခေါက်အခါခါ သယ်ပြီး ပြန်ပို့ ပါတယ်။ ပြန်တဲ့သူတွေတော်တော်ရှိတယ်။ တချို့ က အလံထောင်ပြီး ချီတက်ပြီးတော့တောင်ပြန်သွားလိုက်ကြသေးတာ။ ပုံမှာမြင်တဲ့အတိုင်းပေါ့။
ဒီအချိန်က ကျောင်းသားအများစုက နယ်စပ် ကရင် ၊ မွန် နဲ့ ကရင်နီစခန်းတွေမှာ ။ ကြိုဆိုရေးစခန်းတွေက
တပ်ခရိုင်နဲ့ ကန် ချနပူရီ မြို့ တွေမှာဖွင့်ထားတာ ၊ ပြန်ချင်တဲ့ကျောင်းသားတွေပြန်နိင်ဖို့ အတွက် ထိုင်းရဲတွေက ကူညီတယ်။ ကျောင်းသားတယောက်ကို ပြန်ပို့ ပေးတဲ့ ထိုင်းရဲကို စစ်အစိုးရကဘတ်ငွေ ၅ ထောင် ဆုပေးပါသေးတယ်။ ဘတ်ငွေ ၅ ထောင်ပေးမယ်ဆိုတာကိုလဲ တရားဝင်သတင်းစာတွေမှာကြေညာတာ။ ပြန်ချင်သူတွေ ၊ စိတ်မခိုင်သူတွေအတွက်ပျော်စရာကြီါ်ပေါ့
အကြောင်းပြချက်တွေကလဲရှိတယ်။

မာမီကိုလွမ်းပြီ၊ အမေ့ကိုသတိရတယ်။ ပြည်တွင်းမှာနိင်ငံရေးလုပ်လို့ ရပြီ။ ကရင်တွေဆိုးတယ်။ ကျောင်းသားတွေကွဲနေတယ်။ စသဖြင့်တွေပေါ့ဗျာ။ ကျနော်တို့ ဘာမှ မပြောပါဘူး။
ပြန်ချင်တဲ့သူတွေ ပြန်ပါစေ ပေါ့။ ပြန်လာတဲ့သူတွေကို အစိုးရရဲ သတင်းစာတွေ တီဗွီတွေမှာသူရဲကောင်းတွေလို ဖေါ်ပြကြတယ်။ ကျန် ခဲ့တဲ့ ကျနော်တို့ ကိုတော့ အစွန်းရောက်စစ်သွေးကြွ၊ ကရင့်နောက်လိုက်။