Saturday, January 12, 2013

တောင်ကလေးဆရာတော်၏ကရင်နှစ်သစ်ကူးသဝဏ္ဏလွှာ

sayadaw's">http://www.docstoc.com/docs/141446315/sayadaws-message-in-myanmar">sayadaw's message in myanmar

http://viewer.docstoc.com/"> name="FlashVars" value="doc_id=141446315&mem_id=13685555&showrelated=1&showotherdocs=1&doc_type=null&allowdownload=1" />http://viewer.docstoc.com/"/> name="allowScriptAccess" value="always" />
>

ပြည်သူ့ဘဏ္ဍာဖြင့် ၀ယ်ယူထားသော ဆေးရုံသုံးဆေးဝါး များ ဆေးရုံအုပ် ကိုယ်တိုင် လိမ်ထုတ်ပြီး ပြင်ပသို့ ရောင်းစားခဲ့သည့် အမှုမှန်ကို စာရင်းစစ်ချုပ် ဖေါ်ထုတ်နိုင်ခဲ့


ပြည်သူ့ဘဏ္ဍာဖြင့် ၀ယ်ယူထားသော ဆေးရုံသုံးဆေးဝါး များ ဆေးရုံအုပ် ကိုယ်တိုင် လိမ်ထုတ်ပြီး ပြင်ပသို့ ရောင်းစားခဲ့သည့် အမှုမှန်ကို စာရင်းစစ်ချုပ်ဖေါ်ထုတ်နိုင်ခဲ့
----------------------------------------------------------------------

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်မှ မန္တလေးမြို့ ဗဟိုဆေးသိုလှောင်ရေးဌာနအား ၂၀၁၀-၂၀၁၁ခုနှစ် ဘတ်ဂျက်ရ သုံးစာရင်းများအား စာရင်းစစ်အဖွဲ့မှ စစ်ဆေးစဉ် ဆေးများ လိမ်လည် ထုတ်ပြီး ကိုယ်ကျိုးသုံးနေမှုကို ဖေါ်ထုတ်သိရှိရပါသည်။

မန္တလေးမြို့၊ ဗဟိုဆေးသိုလှောင်ရေးဌာနမှ လက်ထောက် ညွှန်ကြားရေး မှုး ဒေါက်တာဒေါ်ခင်သန်းချိုမှ စစ်ကိုင်းပြည်သူ့ဆေးရုံ အတွက် ဟု ခေါင်းစဉ်တပ်လျှက် ခင်ပွန်းဖြစ်သူ စစ်ကိုင်းတိုင်းပြည်သူ့ဆေးရုံ အုပ် ဒေါက်တာ ဦးအောင်ကျော်မြင့်အား
EPHEDRINE 41Boxs ထုတ်ပေးခဲ့ပြီး ပြင်ပဆေးခန်း များနှင့် ဆေးဆိုင် များသို့ ရောင်းချခဲ့သည်ကို စစ်ရင်းစစ်အဖွဲ့မှ အမှုမှန်ဖေါ်ထုတ်နိုင် ခဲ့ကြောင်း သိရှိရပါသည်။

Credit (Myawady News)
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ စာရင်းစစ်ချုပ်မှ မန္တလေးမြို့ ဗဟိုဆေးသိုလှောင်ရေး ဌာနအား ၂၀၁၀-၂၀၁၁ခုနှစ် ဘတ်ဂျက်ရ သုံးစာရင်းများအား စာရင်းစစ်အဖွဲ့မှ စစ်ဆေးစဉ် ဆေးများ လိမ်လည် ထုတ်ပြီး ကိုယ်ကျိုး သုံးနေမှုကို ဖေါ်ထုတ် သိရှိရပါသည်။

မန္တလေးမြို့၊ ဗဟိုဆေးသိုလှောင်ရေး ဌာနမှ လက်ထောက် ညွှန်ကြားရေး မှုး ဒေါက်တာ ဒေါ်ခင်သန်းချိုမှ စစ်ကိုင်း ပြည်သူ့ဆေးရုံ အတွက် ဟု ခေါင်းစဉ် တပ်လျှက် ခင်ပွန်းဖြစ်သူ စစ်ကိုင်းတိုင်း ပြည်သူ့ဆေးရုံ အုပ် ဒေါက်တာ ဦးအောင်ကျော်မြင့်အား EPHEDRINE 41Boxs ထုတ်ပေးခဲ့ပြီး ပြင်ပဆေးခန်း များနှင့် ဆေးဆိုင် များသို့ ရောင်းချခဲ့သည်ကို စစ်ရင်းစစ်အဖွဲ့မှ အမှုမှန် ဖေါ်ထုတ်နိုင် ခဲ့ကြောင်း သိရှိရပါသည်။

Happy Karen New Year to u all





Friday, January 11, 2013

KNU tells Burma Army chief it wants a nationwide ceasefire

January 9 | Author: Nan Thoo Lei (KIC) | Posted in Articles | Tags: Ceasefire, KNU, Peacetalk

A Karen National Union delegations met with Vice-Senior General Min Aung Hlaing, the head of the Defense Ministry and the Tatmadaw (Burma Army), in the country’s capital, Naypyidaw, to talk about the need for nationwide ‘concrete ceasefire agreements’ between all ethnic armed groups and the government.

Padoh Mahn Mahn, joint secretary of the KNU and a member of its delegation to Naypyidaw spoke to Karen News.
“We discussed that both the government and the country’s ethnic groups need to put-in-place firm ceasefire agreements. The KNU specifically talked about the [ceasefire] code of conduct that we’ve drafted.”
Aside from the ceasefire, Padoh Mahn Mahn said that the KNU delegation discussed with General Min Aung Hlaing the current conflict in Kachin State and made it clear to army chief that the KNU will move to political dialogue only after the fighting in Kachin State stops.
Vice-Senior General Min Aung Hliang was reported in the Kachin media that he told the KNU delegation that he is trying to reach a ceasefire agreement with the Kachin Independent Army. General Min Aung Hliang was reported as saying that he is satisfied the government has achieved around 70% ceasefire agreements with ethnic armed groups and said that the Tatmadaw [Burma Army] wants peace.
The KNU’s Padoh Mahn Mahn said that it is critical that there is a nationwide ceasefire.
“The main responsibility to achieving a stop to all the fighting lies with the government. However, all our ethnic groups have to be united and cooperate with each other. As we can only move forward to political dialogue after a ceasefire, there’s need to achieve ceasefire agreements with all ethnic groups.”
Following the meeting between the KNU and President Thein Sein, the president office’s website stated that President Thein Sein “called for cooperation on common ground for granting equal constitutional rights to all national races despite political differences.” The official website noted that the discussion with the President included that it would go ahead with “peace talks, ceasefire, liaison offices and regional development tasks.”
The KNU delegation was led by General Mutu Say Poe, the KNU chairman, other members included its general secretary, Padoh Saw Kwe Htoo Win, joint secretary 2, Padoh Mahn Mahn, Padoh Mahn Nyein Maung , Padoh Roger Khin and Padoh Saw Hla Tun. President Thein Sein invited the KNU delegation to Naypyidaw on January 3, 2013.


စင်ကာပူမှာ ဒီလူလိမ် လင်မယားကို သတိထား...


by Kyaw Kyaw


သိန်းထွန်းဦး+စိုးသီတာမြင့်(အိမ်သူကြီး)BLK 824-#04-950,Sim Ave, S 400824.
(အလုပ်မရှိအကိုင်မရှိဘဲ အိမ်ခန်းဋ္ဌားစားပြီး စရံငွေတွေပြန်မပေးသော လူလိမ်လင်မယား)၊

အိမ်မှာနေတဲ့ လူတယောက်ချင်းဆီက {Deposite တလစာ ၄၀၀S$+ အိမ်လခ တလစာ ၄၀၀S$+ ချေးယူငွေ (စုစုပေါင်း ၁၀၀၀ S$ ကျော်)} ကို လူ ၁၃ ယောက်ဆီကနေ ယူသွားတာ ငွေစုစုပေါင်း ၁၅၀၀၀ S$ ကျော်တယ် တောင်းလို့ကို မရဘူး။ အကိုကြီးတယောက်ဆီကဆို ချေးထားတာ ၅၀၀၀ S$ တောင်ရှိတယ်။

BLK 824-#04-950,Sim Ave, S 400824 အိမ်မှာ ကျွန်တော်တို့နဲ့ လူလိမ် လင်မယား ယခု (၉.၁.၂၀၁၃)ထိ အတူတူရှိနေသေးပါတယ်၊ ဒါဗေမဲ့ မျက်နှာပြောင်တိုက်ပြီး ငွေတွေလုံးဝ ပြန်မပေးဘူး။
ကျွန်တော်တို့က သမာအာဇီဝရှာထားတဲ့ ပိုက်ဆံတွေကို ပြန်မပေးဘဲ လိမ်စားရက်သလား၊ မရှက်ဘူးလားမေးတော့.....လူလိမ်မက မရှက်ဘူးတဲ့၊ ငါတို့လုပ်ရဲတယ်တဲ့။
ကျွန်တော်တို့ ဒီလိုမျက်နှာပြောင်တိုက်ပြီးလိမ်ရဲတဲ့ လူလိမ်မျိုးကို တခါမှမတွေ့ဘူးပါဘူးဗျာ.......

အိမ်ပိုင်ရှင်(Owner)က အိမ်လခ ၂လခစာ မရလို့အိမ်ကိုသော့ခတ်တော့မှာ ဖြစ်ပါတယ်၊ PUB အကြွေး ၁၅၀၀S$ မပေးလို့ ယခု အိမ်မှာလည်း လျှပ်စစ်မီးဖြတ်ခံထားရတယ်၊
အိမ်ပြင်ပမှာရှိတဲ့တခြားသူတွေဆီက ချေးယူထားတဲ့အကြွေးက S$ ၁ သိန်းကျော်ရှိတယ်၊ သူတို့က အိမ်ထဲက သူတွေဆီမှ အချင်းချင်းမသိအောင် ယောင်္ကျားနဲ့ မိန်းမ တောင်းယူ လိမ်စားသွားတာ၊ အခုဖြစ်မှ အဖြစ်မှန်တွေကို အားလုံးသိကြရတာ။

ရဲခေါ်တော့လည်း {Deposite တလစာ ၄၀၀S$+ အိမ်လခ တလစာ ၄၀၀S$+ ချေးယူငွေ } ငွေတွေက လက်ခံ ရရှိပါတယ်ဆိုတဲ့ သူတို့လင်မယား လက်မှတ်မရှိလို့ ရဲအရေးမပိုင်ဘူးလို့ပြောပါတယ်။

စင်ကာပူမှာ ဘယ်အိမ်မှာမဆို နေချင်ရင် {Deposite တလစာ + အိမ်လခ တလစာ } ပေးရတာဘဲလေ.. ထုံးစံလိုဖြစ်နေတာ. ..ဒါပေမဲ့ ငွေလက်ခံရရှိကြောင်း ဘယ်အိမ်ကမှ လက်မှတ်ထိုးပေးတာမရှိဘူး၊ မလိုအပ်ဘူးလို့လည်းယူဆထားပါတယ်......ဒါကြောင့် ဒီလင်မယားက မြန်မာအချင်းချင်း ဇာတ်တူသားစားသွားတာ ကျွန်တော်တို့ရဲ့ ချွေးနဲစာလေးတွေကို လုပ်ရက်တယ်ဗျာ.....။
ပြိုပီးပြည့်စုံအောင်တင်ပေးပါမယ်...ယခုလောလောဆယ် နောက်လူတွေ မခံရအောင် အရင်တင်ထားတာပါ။

စုံစမ်းမေးမြန်းနိုင်အောင်....


(Deposite တလစာ + အိမ်လခ တလစာ+ချေးယူငွေ)ငွေများဆုံးရုံးခံရသော အိမ်မှာနေသူများ(ကျန်နံပါတ်တွေကို ဆက်တင်ပေးပါမယ်)
၉၇၈၉၅၃၆၉
၉၇၂၃၁၄၂၆
၈၄၈၈၂၁၆၅
၉၇၂၃၀၆၄၇
၈၁၉၆၄၈၅၈
၈၄၆၈၃၄၉၅
၈၁၆၈၈၇၉၇
၉၁၆၅၁၆၉၂
၈၅၇၁၄၇၅၆
၉၂၄၄၈၂၆၃
၉၀၂၃၂၅၃၂

သိန်းထွန်းဦး
မှတ်ပုံတင်....၁၂ / ဒဂုံမြောက် ၀၁၁၉၀၇
Poepoe Lay ......ရန်ကုန်က..သူတို့ မိဘတွေက..အကြွေးသွားတောင်းတော့ သူတို့ တွေသဘောမတူဘဲယူထားတာဆိုဘဲ.... ဒီပုံထဲက..မိဘတွေဆိုတာကလည်း..ဟန်ဆောင်မိဘတွေဘဲနေမှာ...



ဂျပန်နိုင်ငံတွင်ကျင်းပသောကရင်နှစ်သစ်ကူး

၂၇၅၂ -ခုနှစ် (၁၄) ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ဂျပန်နိုင်ငံ တိုကျို Toshimaku ,Seiko Sunshine Building B-1 တွင် ဂျပန်ရောက် ကရင်မိသားစုများမှ ဦးစီး၍ စည်ကားစွာ နေ့ လည် ၁း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ ကျင်းပခဲ့ကြသည့် သတင်းမှတ်တမ်းဓါတ်ပုံ
 


































Thursday, January 10, 2013

ဇန်နဝါရီလ ကေအိုင်စီ ရုပ်သံသတင်း


KNUနှင့် ကရင်လူမှုအဖွဲ့အစည်းတို့ရန်ကုန်တွင်တွေ့ဆုံ(ရုပ်သံ)

တကယ့်လက်တွေ့ မှာ နိုင်ငံတော်လှုံခြုံရေးကိုတိပါးအောင်လုပ်နေတာ ဗမာ့တပ်မတော်ကိုယ်နိုက်ပါပဲ တော်လှန်ရေးသမားတွေမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော သမိုင်းတလျှောက် ဗမာ့တပ်မတော်အကောင်အထည်ဖေါ်လုပ်ဆောင်နေတဲ့ မဟာဝါဒ အာဏာရှင်လုပ်ရပ်တွေကြောင့် တိုင်းရင်းသားတွေရဲ့မွေးရာပါအခွင့်အရေးတွေ ပျက်ဆီးဆုံးရှူံးခဲ့ရပြီး တိုင်းရင်းသားတွေကို ပြည်ထောင်စုစိတ်ဓါတ်ပျက်ပြားအောင် ပြည်ထောင်စုအတွင်း မနေချင်အောင် အခြေနေတွေကို ဖန်တီးတွန်းပို့ ပေးခဲ့တဲ့ တကယ့်တရားခံဟာ ဗမာ့တပ်မတော်ကိုယ်နှိုက်ပါပဲ။



Type the rest of your post here. 

ဖားပြုပ်စား၍ (၁)ဦးသေ၊ (၄)ဦးဆေးကုရ

၈-၁-၂၀၁၃ရက်နေ့ ၀၆၃၀ အချိန် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နှစ်ခြားကျေးရွာရှိ ဦးတောက်စိုးဦး၏ နေအိမ်အနီးရှိ ရေတွင်းပျက်အနီးတွင် မီးလှုံနေသည့် စောဖာလိရာ(၈)နှစ်ပါ ကလေးငယ်(၅)ဦးသည် ရေတွင်းပျက်အတွင်းမှ တွေ့ရှိရသည့် ဖားပြုပ်တစ်ကောင်အား ဖမ်းဆီးရိုက်နှက်၍ မီးဖုတ်စားသောက်ခဲ့သည်။


ထိုသို့စားသောက်သည့် ကလေးငယ်(၅)ဦးအနက် စောဖာလိရာမှာ အလွန်အကျွံစားသောက်ခဲ့ သဖြင့် ၀၈၃၀အချိန် နေအိမ်၌သေဆုံးသွားခဲ့ပြီး ကျန်(၄)ဦးမှာ ဘားအံဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း၊ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်မရှိကြောင်း ရဲဇာနည်သတင်းအရ သိရှိရသည်။


Wednesday, January 9, 2013

သမိုင်းဆိုတာ မမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း

TUESDAY, JANUARY 8, 2013


ဆောင်းပါး - ကညောကော်


ဒီ ဆောင်းပါး ကို ဒီနေ့ ဒီအချိန် ခါ ၂၁ ရာ စုမှာ ရေးသင့်မရေးသင့်နှင့် ချင့်ချိန်နေခဲ့သည်မှာ အခိုက်အတန့် လေးကြာခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် သည်ဆောင်းပါးကြောင့် တစ်ချို့ သောသူများက အမြင်ကျဉ်းသူ၊ လူမျိုးရေးမုန်းတီးမှုဖန်တီးသူ စသည်ခဲ့ သို့ သော ဝေဖန်တိုက်ခိုင်မှုနှင့် အထင်မြင်ခံခဲ့ရမှုများကို ရှောင်ကျင်လိုခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ သို့ သောလက်ရှိတစ်ဆင့်ခြင်းဖြစ်ပေါ်လာသော ဖြစ်စဉ်များသည်ကျနော့်အား ဒီဆောင်းပါစတစ်ပုဒ်ကိုရေးသားရန် တွန်းပို့ လာခဲ့ပါသည်။ သမိုင်းဆိုတာမမေ့အပ်ရာ (သို့ ) မမေ့ကောင်းသောဒဏ်ရာဟောင်း ဆိုရာဝယ်.... မိမိကို..စိတ်ကောကိုယ်ပါဒဏ်ရာရအောင်လုပ်ဆောင်ခဲ့သောသူကိုအဲဒီဒဏ်ရာဟောင်းကြီးကိုပြန်စမ်းရေနူးပြီး..တ မြေ့ မြေ့ နှင့် မကြေနပ်အညိုးအတေးထားကာ ကလဲ့စားခြေလို သောသဘောထား ထက်..မိမိ ၏ သမိုင်းနှင့် ဒဏ်ရာဟောင်း ဖြတ်သန်းသွားလာခဲ့မှုများအပေါ်တွင် အမြဲတမ်း ပြန်လည်စူးစမ်း.. လေ့ လာသုံးသပ် ကာ နောင်တစ်ခါဒီ လို သမိုင်းမျိုးနှင့် ဒဏ်ရာအသစ်တစ်ခုကိုထပ်ထပ်မံမရစေလိုသောကြောင့်ဖြစ်ပါသည်။

ကရင်လူမျိုးများသည် ဟိုးယခင် မဟာဗမာ လူမျိုးရေး ၀ါဒီ ဗမာမင်းများအဆက်ဆက်ကနေ ယခုအချိန်ထိ ထိုဗမာ လူမျိုးရေးဝါဒီများ၏ နည်းအမျိုးမျိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျခဲ့မှုများကို ခံခဲ့ ရ ခံနေရဆဲဖြစ်ပါသည်။ (မဟာဗမာလူမျိုးရေးဝါဒီဆိုရာဝယ်..ဗမာတစ်မျိုးသားလုံးကိုမဆိုလိုပါ။အချို့ အချို့ သောငါတို့ သာလူ၊ ငါတို့ သာမင်း၊ ငါတို့ သာသခင်၊ စသည်ကဲ့သို့ သော လူ့ အသိုင်းအ၀ိုင်းနှင့် ဘယ်သမာသမတ်ကျသည့် လူ့ အဖွဲ့ အစည်းမှလက်မခံနိုင်သည့် ၀ါဒီများကိုသက်ဝင်ယုံကြည် ခါးဝတ်ပုဆိုး သဖွယ်ကိုင်စွဲထားပြီး အခြားသောတစ်နိုင်ငံတည်းနေမည်သည့်တိုင်းရင်းသားကိုမှ လူမထင် အနိုင်ကျင့်ဗိုလ်ကျနေသော
သူများအချို့ ကိုသာဆိုလိုပါလိုပါသည်။ ထိုသူများနှင့် ထိုသို့ အတွေးအခေါ်ရှိနေသူများကို ယနေ့ အချိန်အခါထိ ရှိနေကြောင်း သိရသောအခါ ကျနော်သည်သည် ဆောင်းပါးကလေးကို ရေးဖြစ်လာခဲ့ ရပါသည်။

ထိုကဲ့သို့ သောမဟာ လူမျိုးရေးဝါဒီများ၏ ခေတ်အဆက်ဆက်အနိုင်ကျင့်မှူများကြောင့် ကရင်လူမျို့ များသည် အခွင့်အခါရလာသောအချိန်တစ်ခါ ဟုထင်မြင်ခဲ့သော ဗြိတိသျှစစ်တပ်များမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသောအချိန်တွင် မိမိတို့ ၏အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုအတွက် မဟာမိတ်တပ်အနေဖြင့် ဗြိတိသျှတို့ ဘက်မှ ဖက်ဆစ်၈ျပန်များကို တိုက်ခိုင်ရာတွင် ရွှံရွှံ ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သည်။ မြန်မာနိုင်ငံအတွင်းတွင်ဖက်ဆစ်ဂျပန်များကိုတိုက်ထုတ်သော ကရင်အမျိုးသားတို့ ၏ပါဝင်မှုမှာ ထိပ်ဆုံးမှဖြစ်ခဲ့ပါသည်။(သို့ သော် ထိုအကြောင်းအရာများကို မြန်မာနိုင်ငံအတွင်းတွင်ကြီးပြင်းခဲ့သော နောက်တတ်ကရင်လူငယ်များနှင့် အခြားသောတိုင်းရင်းသားလူငယ်ကျောင်းသားများ သမိုင်း ဘာသာရပ်တွင် ဗမာအစိုးရ၏သမိုင်းဝါးမျိုမှုများကြောင့်သင်ကြားခဲ့ရခြင်းမရှိ ခဲ့ပါ။

ဗမာများမှာ ဗြိတိသျှတို့ မြန်မာနိုင်ငံကိုဝင်ရောက် ပြီး အာဏာကြီးစိုးခဲ့ချိန်တွင် အင်္ဂလိပ်လက်အောက်တွင်အမှုထမ်းပြီးပူးတွဲ လုပ်ဆောင် ခဲ့သော်လည်း ဖက်ဆစ်ဂျပန် ၀င်လြာ့ပီး အာဏာကြီးစိုးကာ အင်္ဂလိပ် တို့  ထွက်ပြေးသောအချိန်ကာလတွင် ဂျပန်နှင့်တစ်ခါပေါင်းကာဂျပန်လူဖြစ်သွာ့းပြန်သည်။
သူ တို့ လုပ်သလိုဘက်မပြောင်းတတ်၊ တစ်စုတစ်ဖွဲ့တည်းအပေါ်တွင် သစ္စာရှိခဲ့သော ကရင်လူမျိုးများမှာ ဂျပန်ဘက်ပြောင်းသွားသောဗမာများ၏ အင်္ဂလိပ်သူလျှို ၊အင်္ဂလိပ်စစ်သား..စသည်ကဲ့သို့ သော ခြေထိုး မှုများကြောင့် ကရင်ပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရသည်။ တစ်ရွာလုံးကိုဖမ်းဆီးချူပ်နှောင် တစ်ရက်ကိုအယောက် ၅၀ ထုပ်ပြီးသတ်ဖြတ် မှုကဲ့သို့ သော ဧရာဝတီတိုင်းမှ (BIA)တပ်များ၏ သတ်ဖြတ်မှုလိုမျိုးတွင် လုံးဝလွန်လွန်းသောကြောင့်ဂျပန် ဗိုလ်မှူးကြီး မိုးကြိုး (ဆူဇကီး) ကတောင်ကြားဝင် တားဆီးခဲ့ရသောအဖြစ်များ၊ ကရင်ရွာတွေမီးရှို့  ..ဘုရားကျောင်းတက် ၀တ်ပြုနေသူများကို ဘုရားကျောင်းအားအပြင်မှသော့ခတ်က တစ်အုပ်လုံးမီးလောင်တိုင်သွင်းခဲ့သော အဖြစ်မျိုးမှာ လုံးဝမမေ့နိုင်မမေ့အပ်စရာတွေပါ။ သို့ သောကရင်တွေဟာ ဗြိတိသျှတွေ ကိုသစ္စာရှိစွာယု့ံ့ကြည်စွာဖြင့် ထိုအဖြစ်များကို ခါးစီးခံခဲ့ပါတယ်။

ဒီလိုနဲ့အင်္ဂလိပ်တွေမြန်မာနိုင်ငံအတွင်းကိုတစ်ကျော့ပြန်ဝင်လာပြီး ဂျပန်တွေကိုတိုင် ထုပ်ဘို့  စည်းရုံးပြန်တယ်။ကရင်တွေလည်းအနည်းငယ်တွန့် သွားခဲ့ပေမည့် အင်္ဂလိပ်ခေါင်းဆောင်တစ်ချို့ ရဲ့လွတ်လပ်ရေးရရင် ကရင်ပြည်ရရှိရေး ၊ကရင့်အခွင့်အရေးအတွက် လုပ်ပေးမည် ပြောပေးမည် ကရင်ပြည်ရရမည်ဆိုသော အာမခံချက်၊ ကတိပေးမှုများကြောင့် လွတ်လပ်စွာနှင့် ကိုယ်ရသင့်သောအခွင့် အရေး ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့်တိုင်းပြည်လွတ်လပ်ရေးဆိုသော တောင့်တသည့်စိတ်နှင့် ကရင်တွေဟာ အင်္ဂလိပ်နှင့်တစ်ဖန်ပေါင်းကာ ဖက်ဆစ်ဂျပန်တွေကို လုံးဝအပြီးအပိုင်တိုက်ထုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့နောက်ဆုံးလွတ်လပ်ရေးပေးသည့်အခါ.. ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့ဟာ အင်္ဂလိပ်နန်းရင်းဝင် မောင့်ဘက်တန် ကို ဘယ်လို နားကျအောင်စည်းရုံးခဲ့သည်မသိပါ.. ကရင်ခေါင်းဆောင်များက အင်္ဂလိပ်ခေါင်းဆောင်တစ်ချို့ ၏အပေးအယူ ကတိက၀တ်ပြုခဲ့သောစကားနှင့် မိမိရသင့်ရ ထိုက်သောအခွင့်အရေးကို သွားရောက်တောင်းဆိုခဲ့သော်လည်း ပြေလည်မှုမရှိခဲ့ပါ။ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့  ကိုသာအာဏာလွဲပေးခဲ့သည်။ အဲဒီဗိုလ်ချူပ်အောင်ဆန်းနှင့်(BIA) တပ်များအာဏာရလာပြီးတဲ့နောက်မှာ (BIA)ရဲ့ကရင့်အမျိုးသားတွေအပေါ် အနိုင်ကျင့် ဗိုလ်ကျသတ်ဖြတ်မှုတွေကို တစ်ခါးစီးခံ ခဲ့ရပြန်ပါတယ်။ ဒါကြောင့်ကရင်တွေဟာကိုယ့်တိုင်းပြည်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမှသာ လုံခြုံမှရှိမည်လို့ တစ်စိုက်မက်မက်ပို မို ယုံကြည်လာကြသည်။ ထိုနောက်ဗမာအစိုးရတွေဆီသွားက ကရင်ပြည်ကိုတောင်းဆိုပြန်ပါတယ်။ ဒါနဲ့ဗမာက မင်းတို့ တိုင်းပြည်တောင်းတာ မင်းတို့ လူထုအင်အားဘယ်လောက်ရှိလို့ လဲ... ပြပါ ဆိုတော့ ကရင်ပြည်သူမြို့ နေ တောသူတွေပါအကုန်လုံးငြိမ်းချမ်းစွာနှိင့်ကရင်ပြည်ရဖို အတွက် အိမ်တွေထဲကနေထွက်ပြီးအင်အားပြသခဲ့ပါတယ်။ အဲဒီမှာ
ဗမာတွေဟာကရင်အမျိုးသားတွေကိုစပြီးအကြမ်းဖက်ပါတော့တယ်။ မင်းတို့ ကရင်ပြည် လိုချင်ရင် တိုက်ယူ ဆိုပြီး စိမ်ခေါ်ခဲ့ပါတယ်။
ဘိုးဘွားတွေလက်ထက်ကတည်းကစစ်ကိုမလိုလား ငြိမ်းချမ်းစွာနေလိုခဲ့တဲ့ကရင်တွေဟာ အင်္ဂလိပ်ခေတ်မှာမိမိတို့ ရသင့်ရထိုက်တဲ့အခွင့်အရေးရဖို့ အတွက် မတတ်သာဘဲလက်နက်ကိုင်ပြီးဖက်ဆစ်ကိုတော်တိုက်ခိုက်ခဲ့ရပေမည့် အခုတစ်ခါတော့ မလွဲမသေ လက်နက်ကိုင်မှ ကိုယ့်အတွက်လုံခြုံပြီး ကိုယ်ရသင့်ရထိုက်တဲ့အခွင့်အရေးကိုရတော့မည်ဆိုသော အသိစိတ်ကြောင့် လွတ်လပ်ရေးရအပြီး အင်္ဂလိပ်တို့ အပြန် လက်နက်အပ်ခဲ့ပေမည့် .. ဗမာတွေကိုမယုံ ကရင်တွေအတွက်အရေးကြုံရင် ပြန်လည်ခုခံနိုင်ဖို့ အတွက် ဆိုပြီး အင်္ဂလိပ်စစ်ဗိုလ်တစ်ချို့ က ဖွက်ထားပေးခဲ့သော ဂူတွေထဲမှာဖုံတတ်နေသောသေနပ် တွေကို ပြန်လည်ကိုင်ဆောင်လာခဲ့ရပါသည်။

ဒါပေမည့် ဥကဠ ကြီးစောဘဦးကြီးဟာ ငြိမ်းချမ်းရေးသမားဖြစ်ပြီး စစ်ပွဲကိုမလို
လား ဘဲ ကရင်ပြည်ကိုငြိမ်းချမ်းစွာနှင့်ဘဲ ပြန်လည်ရယူနိုင်မည်၊ ပြန်လည်ရယူမည်ဟုယုံကြည် နေခဲ့ဆဲဖြစ်ပါသည်။ ဒါကြောင့်မအူပင် က အစိုးရဘဏ်ကို ကရင်တွေကစစ်ပွဲကာလမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာကို လည်းသူ ကရှုံ့ ချပြီး သူ့ ဘို့ ဘွားပိုင် လယ်ယာမြေတွေရောင်းချကာ အဲဒီဘဏ်ကငွေတွေကို ပြန်လည်ပေးဆပ်ခဲ့ပါတယ်။ ဥက္ကဌ ကြီး စောဘဦးကြီးဟာ နိုင်ငံသားအချင်းချင်းသတ်ဖြတ်မှုနှင့်စစ်ကို ဘယ်လောက်အထိမလိုလားခဲ့သလဲဆိုရင် မြန်မာတစ်နိုင်ငံလုံးကို ကရင်တွေက သိမ်းပိုက်ခဲ့ပြီး ၇ မိုင် လောက်အင်းစိန် ဧရိယာလေးသာကျန်တော့တာတောင် ဗမာအစိုးရက အပစ်အခတ်ရပ်စဲရေးအစည်းအဝေးခေါ်တာကို လိပ်ပြာသန့်သန့်နှင့် ဗမာတွေကိုသံသယကင်းစွာနှင့်သွားတွေ့ ခဲ့ပါတယ်။

ဒီနေရာမှာတစ်ခုပြောချင်တာက အပစ်အခတ်ရပ်စဲရေးဆိုတာ ရန်သူ ကကိုယ့်ကိုဝိုင်းထားပြီး အင်အားတစ်အားကြီးမားသောကြောင့် ကိုယ်ကအင်အားနည်းပြီး လုံးဝရန်သူ ကိုခုခံဖို့ မဖြစ်နိုင်တော့တဲ့အခြေအနေမှာမှ လုပ်ရတာမျိုးပါ။ဒါပေမည့်ဥက္ကဌ ကြီး ဟာ ကိုယ်က တစ်နိုင်ငံလုံးနီးပါးသိမ်းထားပြီးအင်အားသာနေခဲ့ပေမည့် ဗမာတွေရဲ့အပစ်ရပ်စဲရေး ဖိတ်ခေါ်ချက်ကိုလက်ခံခဲ့ပါတယ်။ သူ ကိုယ်တိုင်ကိုသွားခဲ့ပါတယ်။ဘာကြောင့်လည်း ငြိမ်းချမ်းရေးကိုချစ်မြတ်နိုးလို့ ပါ၊ ဗမာကိုယုံခဲ့မိလို့ ပါ၊ စစ်ကိုမလိုလားလို့ ပါ။
ဒါပေမည့် ဗမာတွေဟာဥက္ကဌကြီးနှင့် ငြိမ်းချမ်းရေးဆိုပြီးစကားပြောနေ ပေမည့် ဥက္ကဌကြီးကို ကာဗာယူ က တစ်ဘက်မှာတော့ စစ်အကူအညီတွေ လိုက်တောင်း လက်နက်အင်အားလူးအင်အားစု ဆောင်းပြီး ကရင်တွေကိုပြန်လည်တိုက်ခိုက်ဖို့  ကြံစည်နေခဲ့ပါတယ်။ ဒါတွေကိုကရင်တွေကမြင်ပေမည့် ကိုယ့်ခေါင်းဆောင်က သူတို့ ဆီရောက်နေတော့ဘာမှ လုပ်လို့ မရခဲ့ပါဘူး။

ဥက္ကဌကြီးဗမာတွေဆီကပြန်လာတော့ ဗမာတွေကကရင်တွေကိုပြန်လည်တိုက်ခိုက်ဖို့  အဆင်သင့်ဖြစ်နေခဲ့ပါပြီ။ မန်းဘဇန် ဟာ ဥက္ကဌကြီး လက်မှတ်ထို့း လာခဲ့သော အပစ်အခတ်ရပ်ဆဲရေးစာချုပ်ပ်ကို ကြည့်လိုက်တဲ့အခါမှာအပစ်ရပ်စဲရေးစာချုပ် ဆိုသောစာမှာ ဗမာတွေက လိမ်ကောက်ပြီး ရေးထားတဲ့ ကရင်တွေကလက်နက်ချရမည့်စာချုပ်ကြီးဖြစ်နေတာတွေ့ ရပါတယ်။ မန်းဘဇန်ဟာဥက္ကဌကြီးကိုရှင်းပြအပြီး ပြန်လည်သုံးသပ်ပြီးနောက် ဥက္ကဌကြီး က ဟာ ဟုတ်သားဘဲ ဒါပေမည့် ငါကလက်မှတ်ထိုးခဲ့ပြီဆိုတော့ ငါဖြတ်လို့ မရဘူး မင်းက (KNDO) ခေါင်းဆောင် အခုပြသာနာက ကေအန်ဒီအို နဲ့ ထိပ်တိုက်ဖြစ်နေတာဆိုတော့ မင်းဘဲသွားဖြတ်လိုက်ဆိုပြီး မန်းဘဇံ ကိုတာဝန် ပေးခဲ့ပါတယ်။ ဒါနဲ့မန်းဘဇံဟာ ဗမာတွေက မင်းတို့ ငါတို့ ဥက္ကဌကြီးကို လိမ်ညာပြီးလက်မှတ်ထို့ ခိုင်းတာငါတို့ လက်မခံဘူးဖြစ်တယ်ဆိုပြီးဖြတ်သိမ်းခဲ့ပါတယ်။

ဒါပေမည့်ဥက္ကဌကြီး သူတို့ ဆီမှာရှိတုံ့း ကာလ အင်အားစုထားပြင်ဆင်ထားလို့ အင်အားတောင့် ပြီးအဆင်သင့်ဖြစ်နေတဲ့ဗမာတွေဟာ ဗမာတွေကိုယုံပြီး ပေါ့ လျော့စွာနေခဲ့သော ကရင်တွေကို တစ်ဆင့်ပြီးတစ်ဆင့်တိုက်ထုတ်ခဲ့ပါတယ်။ အဲဒီမှာ ဗမာတွေဆီက တို့ ရသင့်တဲ့အခွင့်အရေးနှင့်တို့တိုင်းပြည်ကို ငြိမ်းချမ်းစွာ တောင်းယူလို့ ငြိမ်းချမ်းသည့်နည်းနှင့်ယူလို့ မရတော့ဘူးလို့သဘောပေါက် နားလည်သွားတဲ့ ဥက္ကဌ ကြီး စောဘဦးကြီးဟာ သူ့ ရဲ့စကားကြီးလေးချက်ကိုချထားပေး
ခဲ့ပါတယ်..

1.FOR US SURRENDER IS OUT OF THE QUESTION
2.WE SHALL RETAIN OUR ARMS
3.THE RECOGNITION OF THE KAREN STATE MUST BE COMPLETED
4.WE SHALL DECIDED OUR OWN POLITICAL DESTINY

ထို့ နောက် ဗမာတွေကိုပြန်လည်တိုက်ခိုက်ဘို့ အတွက်ပြင်ဆင်ရန် အထွက် ထိုကော့ကိုးမှာ ကရင် သစ္စာဖောက် တွေရဲ့အကူအညီနဲ့ ဗမာတွေဟာ ဥက္ကဌ ကြီး နှင့်အဖွဲ့ ကိုပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ဒဏ်ရာအပြင်းအထန်ရပြီးလမ်းမလျှောက်နိုင်တဲ့ဥက္ကဌကြီး ကိုဗမာတွေက ဖမ်းဆီးထုရိုက်ပြီး ဒရွတ်တိုက်လွဲခေါ်ခဲ့ပါတယ်။ ဥက္ကဌကြီးဟာရင်ပူပြီးရေဆာနေခဲ့ပေမဲ့ ဗမာပေးတဲ့ရေကို လုံးဝမသောက်ဘဲငြင်းဆန်ရင်းအသက်ထွက်ခဲ့ပါတယ်။ ထို့ နောက် သူတို့ ဟာဥက္ကဌကြီးကို မြို့ သယ်သွားပြီး ကော့ကရိတ်ဂါတ်အရှေ့ မှာထား ထားရာတွင် ဗမာတွေ က လာရောက်ကြည့် ရှု ကာ တံတွေးနှင့်ထွေး ခြေထောက်နှင့်ကန်ခဲ့ကြပါသည်။ ပြီးနောက် ဥက္ကဌကြီးရဲ့ အလောင်းကို ကျိုက်ခမီသို့ သယ်ဆောင်သွားပြီး မင်းတို့ လိုချင်တဲ့ ကရင်ပြည်မပြောနဲ့ မင်းကိုမြုပ်ဖို့ မြေတစ်ကွက်တောင်မပေးနိုင်ဘူးဆိုပြီး အလောင်းကို မြစ်ထဲပစ်ချခဲ့ပါတယ်။ ထိုစဉ်ကဥကဠကြီးရဲ့အလောင်းကိုဗမာ့ခေတ်သတင်းစာမှာ အကျယ်တစ်ဝင့်ဖော်ပြခဲ့ပါတယ်။

ဥက္ကဌကြီးဘဦးကြီးဆုံးသွားပြီး နောက်ပိုင်းမှာလည်း ကရင်ခေါင်းဆောင်တွေဟာ ဗမာအစိုးရအဆက်ဆက်နှက့် အပစ်အခတ်ရပ်စဲရေးနှင့်ြုငိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်သွားရောက်တွေ့ ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဗမာအစိုးရ အဆက်ဆက်က မရိုးးသားဘဲ အရင်လူတွေနည်းတူ ကရင်တွေကိုလိမ်လည်လှည့်စားခဲ့တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ ဒီ နေရာမှာစဉ်းစားစရာက အခုတစ်ကြိမ် ကေအန်ယူနှင့် ဗမာအစိုးရ ပြုလုပ်တဲ့ အပစ်ရပ်နှင့်ြုငိမ်းချမ်းရေးဟာတစ်ကယ်ဖြစ်မှာလား ဖြစ်ခဲ့ရင်တောင် တစ်ကယ်စစ်မှန်တဲု့ငြိမ်းချမ်းရေးလားဆိုတာပါ၊ ဗမာတွေကကရင်တွေအပေါ်တစ်ကယ် အရင်လို မလိမ်ညာဘဲ ကရင်တွေအပေါ့် မှာရိုးသားမှာလား၊ စစ်မှန်သော.အပစ်အခတ်ရပ်စဲရေးဆိုရာတွင်ပထမ တစ်ဘက်နှင့်တစ်ဘက်ယုံကြည်မှုတည်ဆောက်ရပါမည်။

ယုံကြည်မှု
တည်ဆောက်မှုတည်ဆောက်မှုဆိုရာတွင်လည်း ကရင်ဒေသထဲတွင်တပ်စွဲထားသော ဗမာအစိုးရ၏စစ်တပ်များကို ပြန်လည်နေရာချထားရေး( ရုပ်သိမ်းရေး) ကစရမှာဖြစ်ပါသည်။ သို့ မှမဟုတ် ပါးစပ်က အပစ်ရပ်ရေး..ငြိမ်းချမ်းရေးကို ပြောနေပေမည့် အစားအသောက်၊ စစ်လက်နက်ရိပ်ခါတွေ ကိုလိုတာထက်ပိုပို့ ၊ စခန်းတွေတိုးချဲ့ ၊ အခိုင်အမာတည်ဆောက် စစ်အတွက်အသုံးပြုမည့် လမ်းကြောင်းတွေကို ဆောက် ပြီး အဆင့်ကျော်ကာ စီးပွားရေးကုမ်ပဏီတွေ company၊ စစ်ထောက်လှန်းရေးတွေ ..လောင်းကစားတွေကို ကရင်ပြည်နယ်ထဲသယ်ဆောင်လာမည်ဆိုရင်တော့ လုံးဝယုံကြည်လို့ မရသော မရိုးသားသည့်အပြုအမူတွေပါ။
ဦးအောင်မင်း နှင့် ဦးသိန်းစိန် ကိုယ်တိုင်က သတင်းထောက်တွေကို တ့ရားဝင်ဖြေကြားခဲ့ပါတယ်။ ( တိုင်းရင်းသားတွေဟာ စားရမဲ့သောက်ရမဲ့ အလုပ်မရှိ အကိုက်မရှိလို့ လက်နက်ကိုင်တာပါတဲ့။ စက်ရုံတွေ company တွေဆောက်ပြီးအလုပ်ပေးလိုက်ရင် သူ့ အလို လိုလက်နက်စွန့် သွားမှာပါတဲ့၊ ကရင်က အင်အားအကြီးဆုံးဆိုတော့ ကရင်လက်နက်စွန့် ရင် ကျန်တဲ့အဖွဲ့တွေ အလို လို လက်နက်စွန့် သွားမှာပါတဲ့၊ လုံးဝ ကို စိတ်မကောင်းစရာကောင်းတဲ့ တရားဝင်ကြီး ပျော့ ပျာ့လေးနဲ့ အသည်းထဲထိဝင်အောင် စော်ကားလိုက်တာပါဘဲ။

ထားပါတော့လေ..ကျနော် ပြောချင်တာက သမိုင်းနှင့် ဒဏ်ရာဟောင်းကို လုံးဝမမေ့ပါနှင့် အရင်လိုသမိုင်းဆိုးတွေနှင့်ဒဏ်ရာအသစ်တစ်ခုဆက်ပြီးမရစေ
ချင်သော ဆန္ဒ ရယ်ပါ။ တစ်ကယ်ဖြစ်လာရင် အခက်အခဲ နှင့် ရင်ဆိုင်ပြီးဒုက်ခရောက်ရသူ နပန်းလုံးရသူဟာ မျိုးချစ်စိတ်ဓာတ်ရှိပြီး တစ်ကယ်တော်လှန်ရေးလုပ်တဲ့ရဲဘော်များနှင့် ကရင်ပြည်သူလူထုရယ်ပါ...

ကရင်တော်လှန်ရေးရဲဘော်များအားလုံးကိုလေးစားလျှက်

ကညောကော်
08/01/2013
xxxxxxxxxxxxx
အီးမေးမှလက်ခံရရှိသည့်မူရင်းအတိုင်းတင်ပေးလိုက်ပါသည်။

Tuesday, January 8, 2013

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီပြောကြားသောမိန့်ခွန်း

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီပြောကြားသောမိန့်ခွန်း


ရွှေကုက္ကိုက စောချစ်သူမွေးနေ့မှာ ကေအဲန်ယူဗိုလ်ချုပ်ဂျော်နီပြောကြားခဲ့တဲ့မိန့်ခွန်းပဲ ဖြစ်ပါတယ်။


Monday, January 7, 2013

KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် ကရင်သတင်းဌာန (ကေအိုင်စီ) တွေ့ဆုံမေးမြန်းချက်


SUNDAY, JANUARY 6, 2013
ကြို ဆို ရ မဲ့ K N U အ တွင်း ရေး မှုး အ သစ် ရဲ့ နိုင် ငံ ရေး အ ခြေ ပြ မေး မြန်း မှု ပါ။ အ ပြော နဲ့ လက် တွေ့ ညီ မ ညီ ကို စောင့် ကြည့် ရ ပါ လိမ့် မယ်။
KIC – ၁၅ကြိမ်မြောက် ကွန်ကရက်အပြီးနောက်ပိုင်း ကေအဲန်ယူရဲ့ ရပ်တည်ချက်နဲ့ ရှေ့ဆက် ဦးတည်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ် တွေကို ပြောပြပေးပါလား။
ပဒိုစောကွယ်ထူးဝင်း – စည်းလုံးညီညွတ်မှုဟာ ကျနော်တို့ ရှေ့ဆက်လုပ်ငန်းစဉ်အတွက် အရေးကြီးဆုံးဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေကိုလည်း လုပ်မယ်။ ဒါတွေဟာ မရှိမဖြစ် ရှိသင့်တဲ့အရာဖြစ်တယ်။ ဒါတွေအားလုံးဟာ ပြည်သူလူထုအတွက် အကျိုးသက်ရောက်မှု ရှိရမယ်လို့ ကျနော်တို့ ယုံကြည်ထားတယ်။ ရှေ့ဆက် အမျိုးသမီးပါဝင်မှုမှာလည်း ဦးဆောင်မှုကော၊ ပူးပေါင်း
ဆောင်ရွက်မှုပါ ကျနော်တို့ မြှင့်တင်ပေးဖို့ လိုတယ်။ ဒီအတိုင်းပဲ ကျနော်တို့ဟာ ကိုယ့်ပြည်သူလူထု အခွင့်အရေးအတွက် ဦးဆောင်သွားမယ့် အဖွဲ့အစည်း ဖြစ်တယ်။ ကျနော်တို့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်မှာဆိုရင် အခက်အခဲများစွာ ရင်ဆိုင်နေကြရတဲ့ မြန်မာနိုင်ငံအတွင်းမှာ ကရင်လူမျိုးတစ်ခုတည်းမဟုတ်ဘဲ အခြားတိုင်းရင်းသားတွေ၊ ဒီမိုကရေစီအဖွဲ့အစည်းတွေနဲ့လည်း ရှေ့ဆက် လက်တွဲပြီး အတူ လုပ်ဆောင်သွားကြရမှာ ဖြစ်တယ်။ နောက်တခုကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ရ မှာ ဖြစ်တယ်။ ဒီနိုင်ငံရေးပြဿနာများကို ဆွေးနွေးညှိနှိုင်းလို့မရသရွေ့ ကျနော်တို့ လက်နက်တွေကတော့ ကျနော်တို့လက်ထဲမှာ ပဲ ထားရှိရဦးမှာပါ။ နောက်တခုက လာမဲ့ ဗဟိုကော်မတီ အစည်းအဝေးမှာ ကျနော်တို့ လူ့အခွင့်အရေး ကော်မရှင် ဖွဲ့သွားဖို့ရှိ တယ်။ ဒါက ပြည်သူလူထု အခွင့်အရေးတွေ ကို ကာကွယ်နိုင်ဖို့အတွက်ပါပဲ။ ဘာဖြစ်လဲဆိုတော့ ပြည်သူလူထု အခွင့်အရေးတွေ ကို ထိခိုက်အောင်လုပ်တာ အစိုးရတစ်စုထဲ မဟုတ်ပါဘူး။ တခါတလေ ကိုယ့်အဖွဲ့အစည်းတွေမှာလည်း လုပ်တာ ရှိတယ်။ ဒီအ ခြေအနေတွေဟာ ကျနော်တို့ ဗဟိုကော်မတီအဖွဲ့ဝင်ကနေတဆင့် ကော်မရှင်ကို တင်ပြလာမှာ ဖြစ်ပါတယ်။
KIC – ရှေ့ဆက် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြန်တက်လာတဲ့ ကေအဲန်ယူခေါင်းဆောင်သစ်တွေ ဦးဆုံး အစီအစဉ် ဘယ်လိုရှိထားပါသလဲ။
ပဒိုစောကွယ်ထူးဝင်း – အခုလက်ရှိမှာက ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ သေသေချာချာ ဆွေးနွေးတာ ဘာမှမရှိသေးပါဘူး။ ဒီအပစ်ခတ်ရပ်စဲရေးတခုပဲ ရှိသေးတာ။ အဲဒါတောင် ထိထိရောက်ရောက် မဟုတ်သေးဘူး။ လိုက်နာရ မယ့် စည်းကမ်းသတ်မှတ်ချက်တွေပဲ အစိုးရက သဘောတူထားသေးတာ။ ဒါကို အခြေခံပြီး စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေးကို အသေအချာ တည်တံ့ခိုင်မြဲသွားအောင် လုပ်ဆောင်သွားရမှာပါ။ ကျနော်တို့သဘောထားက စစ်မှန်တဲ့အပစ်ခတ်ရပ်စဲရေး ခိုင်မြဲ အောင်လုပ်ပြီး ဆက်ပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကို လုပ်သွားမယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာ ကို ကျနော်တို့ ကရင် လူမျိုးပဲ မဟုတ်ဘူး၊ အခြားသောတိုင်းရင်းသားတွေလည်း ပါဝင် သွားရမှာဖြစ်တယ်။ ဒါ အစကနဦးကနေ သဘောထား ခံယူချက် ထားရှိထားတဲ့အတိုင်း ကျနော်တို့ရှေ့ဆက် သွားမှာဖြစ်တယ်။ တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်တဲ့ Road Map အဆင့် ၄ဆင့်က တော့ အခြေခံဖြစ်တာမို့ ချထားတဲ့ လမ်းစဉ်အဆင့်အတိုင်း သွားရမှာပဲ ၁။ အပစ်ခတ်ရပ်စဲရေး ၂။ခိုင်ခိုင်မာမာဖြစ်လာရေး ၃။နိုင်ငံရေးအရ တွေ့ ဆုံဆွေးနွေးရေး ဒီအဆင့်တွေအားလုံး အဆင်ပြေ ချောမွေ့သွားပြီးမှ နောက်ထပ် နိုင်ငံပြန် လည်ထူ ထောင်နိုင်မှာ ဖြစ်တယ်လို့ ကျနော်ယုံကြည်တယ်။
KIC – ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေးနဲ့ ပတ်သက်ပြီး ကေအဲန်ယူရဲ့ သဘောထားနဲ့ အစီအစဉ်တွေ ဘယ်လိုရှိထားပါ သလဲ။
ပဒိုစောကွယ်ထူးဝင်း – ဒါကတော့ နိုင်ငံတည်ငြိမ်မှုရှိမှ၊ စစ်မီးငြိမ်းမှသာ ဒါဟာ အဆင်ပြေမှာ။ ယခုလက်ရှိအရ ပြန်ကြည့်ရင် ကျနော်တို့ အပစ်ခတ်ရပ်စဲရေးက အသေအချာ မရှိသေးဘူး၊ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု မရှိသရွေ့ကတော့ တိုက် ပွဲတွေ ပြန်ဖြစ်နိုင်တယ်။ ဒါကြောင့် သူတို့တွေကို ပြန်လည်နေရာချထားဖို့ကတော့ နိုင်ငံတကာ စံချိန်စံညွန်းရှိထားတဲ့အတိုင်း ကျနော်တို့လုပ်ရမယ်။ ပြန်မယ့်လူကလည်း သူတို့ဆန္ဒအရ ဖြစ်ရမယ်။ ပြည်တွင်း လုံခြုံစိတ်ချရမှု မရှိသရွေ့ကတော့ ပြန်ပို့ဖို့ အစီ အစဉ်မရှိသေးဘူး။ ကျနော်တို့လည်း လက်ခံမှာမဟုတ်ဘူး။ ဒါက တကယ်ငြိမ်းချမ်းမှုရှိမှ၊ ဒုက္ခသည်တွေလည်း ဆန္ဒရှိမှ၊ နိုင်ငံ တည်ငြိမ်အေးချမ်းမှုရမှ သူတို့တွေကို ပြန်ပို့ရမှာဖြစ်တယ်။
KIC – ပြည်တွင်းပြည်ပမှာ ရောက်ရှိနေကြတဲ့ ကရင်အားလုံး စည်းစည်းလုံးလုံးပြန်နေနိုင်အောင် ဘယ်လိုလုပ်သွားဖို့ အစီအစဉ် ရှိပါသလဲ။
ပဒိုစောကွယ်ထူးဝင်း – ဒီမေးခွန်းက ကျနော်တို့အတွက် အရေးကြီးပါတယ်။ ဘာဖြစ်လဲဆိုတော့ ယခုဆို အခြေအနေ အကြောင်း ကြောင်းကြောင့် ကျနော်တို့လူမျိုးတွေဟာ နေရာတော်တော်များများ ရောက်ရှိနေထိုင်နေရတယ်။ သူတို့ ပတ်ဝန်းကျင် မတူကြ ဘူး။ အတွေးအမြင်လည်း ကွဲပြားကြတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်မှာပဲနေနေ ကျနော်ယုံကြည်တာကတော့ သူတို့မှာ ကရင်လူမျိုး ဆိုတဲ့စိတ် ရှိကြတာပဲ။ သူတို့ကို စည်းလုံးနိုင်ရေးအတွက် ငြိမ်းချမ်းမှုရမှ လုပ်လို့ရတာဖြစ်တယ်။ နောက် ကျနော်တို့ အားလုံး ကရင်လူမျိုးဆိုတဲ့အောက်မှာ ရည်မှန်းချက်ကို တစ်ဆင့်ပြီးတစ်ဆင့် သွားရဦးမှာ ဖြစ်တယ်။ ဒါတွေလည်း ပြည်တွင်းပြည်ပမှာ ရောက်ရှိနေထိုင်ကြတဲ့ ကရင်လူမျိုးအားလုံးလည်း အတူတကွ ပါဝင်လုပ်ဆောင်ရမှာ ဖြစ်တယ်။ ငြိမ်းချမ်းဖို့အတွက် စည်းလုံး ခြင်းဟာ အရေးကြီးတဲ့အချက်ပါပဲ။
KIC – ကရင်ဒေသတွေမှာ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေနဲ့ ပတ်သက်ပြီး လာပြီးချဉ်းကပ်ထားတာတွေ ရှိတော့ အနာဂတ်မှာ လုပ်ဆောင်သွားဖို့ ကေအဲန်ယူ ကွန်ဂရက်မှာ ဘယ်လိုပေါ်လစီမျိုး ချမှတ်ထားရှိပါသလဲ။
ပဒိုစောကွယ်ထူးဝင်း – ကျနော်တို့ လူနေမှုဘဝ အဆင့်မြင့်ဖို့ ကရင်တစ်မျိုးသားလုံး မျှော်လင့်ချက်ရှိကြတယ်။ နိုင်ငံတကာအ ဆင့်မှီအောင် လုပ်ရမှာဖြစ်တယ်။ ဒါပေမယ့်လို့ အခုကတော့ အပစ်ခတ်ရပ်စဲရေး ငြိမ်သက်မှုမရှိသေးဘူး။ ဖွံ့ဖြိုးတိုးတက်ရေးလုပ် ငန်းစဉ်နဲ့ပတ်သက်ပြီး ဘယ်လောက်ထိ ပြည်သူတွေအတွက် အကျိုးသက်ရောက်မှုရှိလဲ ၃။သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိသလား။ ပြည်သူတွေအတွက် နေရာဒေသ ထိခိုက်နိုင်သလားဆိုတာ ကျနော်တို့လေ့လာသွားရဦးမယ်။ တစ်ခါထဲ လုပ်မယ်ဆို တာ မဖြစ်နိုင်ဘူးလေ။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ကော်မတီတရပ် ဖွဲ့စည်းသွားဖို့ အစီအစဉ်ရှိတယ်။ ဒီကော်မတီရှိလာမှ စီးပွား ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်၊ အစီအစဉ်တွေ ချပြပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိတဲ့လုပ်ငန်းတွေ ကျနော်တို့ ကြိုးစား လုပ်ဆောင်ပေးဖို့ ရှိတယ်။ အဖွဲ့အစည်းတစ်ခုတည်းအတွက် မဟုတ်ဘူး။ အနာဂတ်မှာလည်း ပြည်သူတွေအတွက် အကျိုးရှိ အောင်၊ ရင်းနှီးမြှုပ်နှံသူအတွက်လည်း အကျိုးရှိအောင် လုပ်ဆောင်သွားဖို့ ရှိပါတယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက် ဖို့က တော့ အတွေ့အကြုံရှိတဲ့သူ၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေကို သီးသန့် ရွေးချယ်သွားမှာပါ။
KIC – ဒီအပစ်ခတ်ရပ်စဲရေးနောက်ပိုင်း ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားတာရှိတယ်လေ။ ဒီရုံးတွေရဲ့လုပ်ငန်းတာဝန်တွေက ဘာတွေပါလဲ။
ပဒိုစောကွယ်ထူးဝင်း – အပစ်အခတ်ရပ်စဲရေးကြောင့် ဒီဆက်သွယ်ရေးတွေ ဖွင့်ရတယ်။ ဒီရုံးတွေဟာ ကျနော်တို့အဖွဲ့အစည်းနဲ့ အစိုးရအကြား ဆက်သွယ်မှုလုပ်ဖို့ ဖြစ်တယ်။ ကျနော်တို့ ဒီလို နားလည်ထားသလို အစိုးရဘက်ကလည်း လက်ခံရမှာဖြစ်တယ်။ အခက်အခဲဖြစ်စေ၊ နားလည်လွဲမှုဖြစ်စေ နှစ်ဦးနှစ်ဘက်ကြား ရှိလာရင် ဆက်သွယ်မှုတွေလုပ်ပြီး အသိပေးရမှာဖြစ်တယ်။ နောက် ပြည်သူ လူထုရဲ့ ခံစားချက်တွေကို တင်ပြနိုင်ဖို့အတွက်နဲ့ ပြည်သူတွေရဲ့ ဖိနှိပ်ပြုကျင့်ခံရမှုဖြစ်စေ၊ ကျနော်တို့ အဖွဲ့ အစည်းလုပ် ငန်းနဲ့ ပတ်သက်ပြီး မပြေလည်မှုတွေရှိလာသည်ဖြစ်စေ၊ အစိုးရအဖွဲ့ဖြစ်စေ၊ စစ်တပ်ဖြစ်စေ ဆက်သွယ်နိုင်ဖို့အတွက် ဖြစ်တယ်။ ရှေ့ဆက်ပြီးတော့ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် ပြည်သူလူထုတွေအတွက် ဒီထက်မက လုပ်နိုင်တဲ့ အခြေအနေဖြစ်လာဖို့ကို ကျနော်တို့ သဘောထားရှိတယ်။
KIC – ကေအဲန်ယူ ရွေးကောက်ပွဲမှာ ခေါင်းဆောင်ဟောင်းတွေ ပြန်မပါလာတော့တဲ့အပေါ် ဝေဖန်မှုတွေ ရှိလာတာမို့ အဲဒီအပေါ် မှာ ဘယ်လိုပြောပြချင်ပါသလဲ။
ပဒိုစောကွယ်ထူးဝင်း – ဒီရွေးကောက်ပွဲမှာ ခေါင်းဆောင်ဟောင်းတွေ ဗဟိုကော်မတီမှာ မပါဝင်တာကတော့ ကျနော်တို့ရဲ့ မဲပေး တဲ့စနစ်က ဆုံးဖြတ်ပေးတာဖြစ်တယ်။ ကျနော်တို့ ဘယ်သူ့ကိုရွေးမလဲဆိုတာကို တိုင်ပင်ခွင့်ရှိပေမယ့် မဲပေးတော့ ကိုယ့်စိတ် ကြိုက်ကိုပဲ ပေးကြတာပါ။ တစ်ချို့ကတော့ ဒါဟာ သူ့အဖွဲ့ကိုယ့်အဖွဲ့၊ သူ့ဂိုဏ်းကိုယ့်ဂိုဏ်းတွေ ရှိနေကြတယ်လို့ မြင်နေကြ တယ်။ ဘယ်အဖွဲ့အစည်းမဆို အမြင်တမျိုးတည်းတော့ မရှိပါဘူး။ တချို့ကိစ္စတွေကိုတော့ ကျနော်တို့ လျှို့ဝှက်မဲပေးစနစ်နဲ့ လုပ် ရတာမို့ ဒါဟာလည်း ဒီမိုကရေစီနည်းကို ကျင့်သုံးတာပါပဲ။ နောက်တချက်ကတော့ ကျနော်တို့ စစ်ဦးစီးချုပ်ကို ရွေးချယ်တဲ့နေရာ မှာ ကျနော်တို့ တစ်ဦးနှစ်ဦးထဲက ရွေးချယ်တင်မြှောက်တာ မဟုတ်ပါဘူး။ တပ်မဟာမှူးတွေ အားလုံးက ၀ိုင်းဝန်းရွေးချယ်ကြတာ ဖြစ်ပါတယ်။ တချို့ခေါင်းဆောင်တွေဟာ အတွေ့အကြုံရှိတဲ့အပြင် လုပ်သက်ရင့်တဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ ဒုတိယအချက် အနေနဲ့ သူတို့တွေရဲ့ နိုင်ငံရေးခံယူချက်နဲ့ အရည်အချင်းပါ။ အဲဒီသုံးချက်အပေါ်မှာ ကျနော်တို့ တပ်မဟာ ၇နဲ့ တပ်မဟာ ၅က ခေါင်းဆောင်တွေကို ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။
KIC – ကေအဲန်ယူမှာ အရင်ရှိခဲ့တဲ့ အရံဗဟိုကော်မတီ ပြုတ်သွားပြီး ဗဟိုအမြဲတမ်း ကော်မတီတခုပဲ ရှိတော့တာနဲ့ Executive Committee-EC အဖွဲ့ဝင်တွေ ဌာနဆိုင်ရာကို မကိုင်တွယ်ဖြစ်တော့တာ ဘာကြောင့်လဲဆိုတာ နည်းနည်း ရှင်းပြပေးပါလား။
ပဒိုစောကွယ်ထူးဝင်း – အရံဗဟိုကော်မတီဆိုတာက ဖွဲ့ စည်းပုံကနေလာတာ မဟုတ်ပါဘူး။ အဲဒါက ဗဟိုကော်မတီအတွက် အရံလူငယ်တွေကို မြေတောင်မြှောက် လက်တွဲခေါ်ယူပြီး ဗဟိုကော်မတီအတွက် ပြင်ဆင်ထားတဲ့အနေနဲ့ အရံဗဟိုကော်မတီ တွေအဖြစ် ၁၉၈၂ခုနှစ်ကတည်းကစပြီး လုပ်လာခဲ့တာ ဖြစ်တယ်။ ဒါပေမဲ့လို့ အရံဗဟိုကော်မတီအဖွဲ့တွေက စနစ်တကျ မရှိခဲ့ ဘူး။ တချို့အရံကော်မတီတွေဟာ ဗဟိုကော်မတီထက် ပိုပြီး အလုပ်လုပ်နိုင်တာလည်း ရှိတယ်။ ဒါကြောင့် လူငယ်တွေ အနာ ဂတ် အုပ်ချုပ်ရေးမှာ ပါဝင်နိုင်အောင်၊ အလုပ်ပိုလုပ်နိုင်အောင်လို့ အထူးအစီအစဉ်အနေနဲ့ ဗဟိုကော်မတီအဖွဲ့ကို ၄၅ယောက်ထိ တိုးချဲ့လိုက်ပြီး အရံကော်မတီကို မထားတော့တာပါ။ ဒုတိယတချက်အနေနဲ့က ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ဆိုင်တဲ့ နိုင်ငံ ရေးကိစ္စတွေနဲ့ ဆက်စပ်တဲ့ အုပ်ချုပ်ရေးပိုင်းကိုသာ ကြီးငါးကြီးက အဓိကထား ဦးစီးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ကိစ္စရပ်များ အထူးသဖြင့် စီးပွားရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ တရားစီရင်ရေး ကိစ္စတွေကိုတော့ တခြားဗဟိုကော်မတီဝင်တွေ က လုပ်ဆောင်ပါလိမ့်မယ်။ ဒီလို တာဝန်ခွဲဝေတော့ လုပ်ငန်းမှာ ထိရောက်မှုပိုရှိမယ်လို့ ထင်ပါတယ်။
KIC – ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ် မဟာမိတ်အဖွဲ့အစည်းအနေနဲ့ ရှေ့ဆက် ဘယ်လို လုပ်ဆောင်သွားမလဲ။
ပဒိုစောကွယ်ထူးဝင်း – ဒါကြောင့်မို့ ကျနော်တို့  အတူတကွ လက်တွဲ လုပ်ဆောင်သွားရမှာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့ စစ်ရေး တစ်ခုတည်းမဟုတ်ပဲ နိုင်ငံရေးအရကော နည်းလမ်းပေါင်းစုံသုံးပြီးတော့ လုပ်ဆောင်သွားရမယ်။ အဖွဲ့ အစည်းပေါင်းစုံနဲ့ အတူတ ကွ လက်တွဲ ပူးပေါင်းလုပ်ဆောင်မှ ကျနော်တို့ ခွန်အားတွေ ရှိလာပြီး ကျနော်တို့ရဲ့ လိုလားချက်၊ တောင်းဆိုချက်တွေကို ကျယ်ကျယ်လောင်လောင် နဲ့ တောင်းဆိုနိုင်မယ်။ လိုလားချက်၊ ရည်မှန်းချက်တွေ ရအောင် လုပ်ဆောင် နိုင်မယ်။
KIC – ကေအဲန်ယူဟာ လာမဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိပါသလား။
ပဒိုစောကွယ်ထူးဝင်း – ကျနော်တို့ဟာ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်တယ်။ ကျနော်တို့ဟာ လက်နက်ကိုင်ဆောင် ထားတဲ့သူတွေ ဖြစ်တယ်။ အစိုးရက လုပ်မဲ့လမ်းစဉ်အတိုင်း သူတို့ ၂၀၁၅ အတွက် တစ်တိုင်းပြည်လုံး ရွေးကောက်ပွဲလုပ်မှာပဲ။ အခုပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကျနော်တို့တော့ လက်မခံဘူး။ ဒါက တိုင်းရင်းသားတွေအတွက် ဘဝအာမခံချက်မရှိဘူး။ ကျနော်တို့အတွက် မျော်လင့်ချက်မရှိဘူး။ ဒီမိုကရေစီ အာမခံချက် အခွင့်အလမ်း မရှိဘူး။ စစ်တပ်က စိုးမိုးနေဆဲဖြစ်တဲ့အတွက် ကျနော်တို့ လက်မခံဘူး။ ဒီဖွဲ့စည်းပုံကို မပြင်နိုင်ရင်တော့ ကျနော်တို့လူမျိုးအတွက် အာမခံချက် မရှိဘဲနဲ့ ပါတီမှတ်ပုံတင် (Register)လုပ်ပြီး ရွေးကောက်ပွဲကို ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး။

ဧည့်သည်အချင်းချင်း ဧည့်ဝတ်ပြုခြင်း


 ကျုပ်တို့နှစ်ယောက်ဟာ ခင်ဗျားတို့ထင်နေသလိုမဟုတ်ဘူးနော်

ဧည့်သည်အချင်းချင်း ဧည့်ဝတ်ပြုခြင်း 

By မင်းစိုးစံ
January 5, 2013
Saturday

ကျက်သရေ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံနိုင်ကြပါစေဗျာ။
January 4, 2013 ရက်စွဲအရ,ဆိုလျင်တော့ ၆၅ကြိမ် မြောက် ဗမာ့လွတ်လပ်ရေးနေ့ဟာ ဗမာတွေအတွက်
အင်မတန်ကြီးမြတ်တဲ့ နေ့ထူးနေ့မြတ် ထူးမြတ်တဲ့ ရက်တစ်ရက်ပေါ့ဗျာ။
ကျက်သရေ မင်္ဂလာရှိလိုက်လေခြင်း။ ဂုဏ်ယူစရာကောင်းလိုက်လေခြင်း။

လွတ်လပ်ရေးရ,ဘို့ ဗမာသခင်ကြီးတွေသာ ကြိုးစားခဲ့ကြ ဂျပန်ပြည်ကိုသွားပြီး စစ်ပညာသင်ခဲ့ကြလို့ သီ
ချင်းထဲမှာတောင်မှ ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဘို့ ဂျပန်ပြည်မှာကွယ် ဆိုတာက အထင်အ
ရှားရှိခဲ့တာလေ။

တိုင်းရင်းသားတွေထဲက ဂျပန်ပြည်ကို စစ်ပညာသင်တဲ့အထဲမှာ တစ်ယောက်မျှ ပါခဲ့ပုံမပေါက်ဘူး။
ဒါကြောင့်မို့လို့လည်း ဗမာပြည် (ဗမာနိုင်ငံ) မြန်မာပြည် (မြန်မာနိုင်ငံ) ဆိုတာ ဗမာတွေ အတွက်ဖြစ်ခဲ့ရတာ
နေမှာပေါ့လေ။

ဘာကြောင့်ပြောနိုင်သလဲဆိုတော့ တို့ဗမာသီချင်းရဲ့သီချင်းစာသားတွေကို တစ်လုံးချင်းအဓိပ္ပါယ်ဖွင့်ကြည့် လိုက်ရုံလေးနဲ့ အတော်ကိုခိုင်မာနေတာတွေ့ရပါတယ်။

၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ရက် ရွှေတိဂုံစေတီတော်ကြီးရဲ့ ရာဟုထောင့်မှာလုပ်ခဲ့ ကြတဲ့တို့ဗမာသီချင်းနဲ့ ပတ်သက်ပြီး 
တို့ဗမာသီချင်းသည် ထူးခြားပြောင်မြောက်သည့် သီချင်းဖြစ်သည်။ စကားလုံးရွေးချယ်မှု ပညာပါသည်။
စာသားအနေဖြင့် ဂုဏ်မြောက်သည်။ လေးနက်သည့် အဓိပ္ပါယ်ဆောင်သည်။
သမိုင်းနောက်ခံအကြောင်းအရာ ရှိသည်။ အားမာန်ပါသည်။ ခေတ်အမြင်ခေတ်အတွေး ပါသည်။
နိုင်ငံနှင့် လူမျိုးအတွက်ရေရည်မျှော် မှန်းချက်တွေထားသည်။ 

စည်းဝါးကာရံကောင်းသည် နှင့်အမျှ ဆိုရာတွင် အားမာန်ပြည့်စေသည်။နိုးကြားခြင်း၊တက်ကြွခြင်း၊ ပြင်းထန်
ခြင်း ၊ တစ်သွေးတည်း တစ်သားတည်း စိတ်ရှိုခြင်း ၊ ဇာတိမာန်သွေးတို့သည် ဟူးဟူးပြောင်ပြောင် တောက်
လောင်သည်နှင့် တူလာ၏။ မီးခဲပြာဖုံးစိတ်ဓါတ်များ နိုးကြားလာသည်။

ထို့ကြောင့် နယ်ချဲ့တို့ တုန်လှုပ်လာရ,သည်။ သီချင်းက,ပေးလိုက်သော မြန်မာ့သမိုင်း ၊ မြန်မာဇာတိ၊ မြန်မာ့
အစဉ်အလာ၊ မြန်မာ့စိတ်ဓါတ်၊ မြန်မာ့အားမာန်ကို သိရှိသွားကြသည်။အောင်မြင်သော ဇာတိမာန်တေး အ
ဖြစ် သမိုင်းတွင်ရစ်ပေသည်။ 
အဲလိုရေးထားတာဗျို့။

အဲဒါကို ပထမဆုံးအချိန်နည်းနည်းလေးပေးပြီး နားထောင်ကြည့်စေချင်ပါတယ်။
အနည်းဆုံး နှစ်ခေါက်လောက် ပြန်နားထောင်ကြည့်ဗျာ။ တဆင့်ပြီးတဆင့် ဖြည်းဖြည်းခြင်းသွားပါ။
မလောမိပါစေနဲ့။
တို့ဗမာ သီချင်း ထဲက ဓါတ်ပုံတွေအားလုံးကို ဒီနေရာက,နေ ယူထားတာပါ။
http://mmmilitary.blogspot.com/
ပထမဆုံး တို့ဗမာသီချင်းကို ကြည့်ရှုနားဆင်တော်မူကြည့်ကြပါစို့လား။


ဒုတိယအဆင့်မှာတော့ ဗမာ့အမျိုးသား ခေါင်းဆောင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့သေတမ်းစာကို
ဖတ်ရှုစေလိုပါတယ်။

တတိယအဆင့်နဲ့နောက်ဆုံးအဆင့်မှာတော့ ဧည့်သည်ဆိုတဲ့ ရုပ်သံလေးကို နောက်ဆုံးရှုစားသွားကြစေ
လိုပါတယ်ခင်ဗျား။


ဒီကနေ့ ဗမာပြည်အရေးအခင်းတွေထဲက, လက်ရှိဖြစ်ပျက်နေတာကို သုံးသပ်ကြည့်လိုက်ပါ။
တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့စစ်ပွဲတွေနဲ့ ဆက်စပ်ချိန်ထိုးကြည့်လိုက်ဗျာ။

အားလုံး နားထောင်ဖြစ် ဖတ်ဖြစ်သွားပြီဆိုလျင် ဘာလုပ်သင့်သလဲဆိုတာ ဆုံးဖြတ်ပေတော့။
နေရာလိုချင်တဲ့ ဆရာကြီးတွေ။ နာမည်ရ,ချင်နေတဲ့ ဆရာသမားတွေ။
ဖင်မနိုင်ပဲ ပဲကြီးဟင်း သောက်ချင်နေတဲ့ အကြီးအကဲတွေ။

ဗမာစစ်အစိုးရ,က တိုင်းရင်းသားတွေလိုချင်နေတာကို သိလျက်သားနဲ့ ဘာကြောင့်ဝေ့လည်ကြောင်ပတ်
လုပ်နေရသလဲဆိုတာကို သိသိကြီးနဲ့ လူကြီးလူကောင်းပီပီ မေးခွန်းထုတ်တဲ့ခေါင်းဆောင်အနေနဲ့လည်း
သဘောပေါက်သွားလိမ့်မယ်လို့ ထင်ပါတယ်။

ဗမာစစ်အစိုးရ,ဖိတ်တဲ့ညစာစားပွဲကို မတက်တဲ့ခေါင်းဆောင်တွေကိုတော့ ကျုပ် လေးစားခြင်းများစွာနဲ့ ဂုဏ်
ပြုတဲ့အနေနဲ့ အကြိမ်ပေါင်းထောင်သောင်းချီပြီး ဦးညွှတ်ကန်တော့လိုက်ပါတယ်။

ဒါပေမယ့်လို့ ဗမာစစ်အစိုးရ,ရဲ့ ရက်စက်ဆိုးသွမ်းယုတ်ညံ့တဲ့ စစ်ပွဲကို နိုင်ငံတကာလုံခြုံရေးကောင်စီကို အ
ကူအညီတောင်း ဘို့ဆိုတာက,တော့ နည်းနည်းဆန္ဒစောနေတယ်လို့ ထင်ပါတယ်။ ဆီးရီးယားမှာ အပြန်အ
လှန်ဖြစ်နေတဲ့စစ်ပွဲမှာ တိုင်းသူပြည်သားတွေ အမြောက်အများ သေကြေနေတာကိုတောင် အဲဒီလုံခြုံရေး
ကောင်စီ ဆိုတာကြီးက ဒီအတိုင်းလက်ပိုက်ကြည့်နေရ,တာကို ခေါင်းဆောင်ကြီးလဲသိပါတယ်။

ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်ချင်နေတဲ့ ကိုယ်တော်တွေလည်း ဟိုဘက်အိမ်ပြီးလျင် ငါတို့အိမ်ဘက်ရောက်
လာမယ့်ပြဿနာကို ဘယ်လိုရှင်းရ,မလဲဆိုတာ လုံလောက်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင်ပြင်ဆင်ပြီးသား
ဖြစ်နေလောက်ပြီလို့ ထင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Sunday, January 6, 2013

လွတ်တော်မှာ နိုင်ငံရေးဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်က ကေအင်ယူ ကို ပြောကြား


06 Jan 04:50 |

မြန်မာသမ္မတဦးသိန်းစိန်က ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ကို ဇန်နဝါရီလ ၅ ရက် မနေ့ညနေက တွေ့ဆုံခဲ့ရာမှာ ကာလရှည်ကြာပြီဖြစ်သည့် မိမိတို့ အချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေကို မိမိတို့ လက်ထက်မှာ အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အပစ်အခတ် ရပ်စဲရေးကနေ စတင်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်လုပ် ဆောင်ရန်အတွက် မိမိတို့(KNU)အဖွဲ့က ဆန္ဒရှိကြောင်း၊ နိုင်ငံတစ်ဝန်းမှာ အပစ်အခတ်ရပ်စဲမှုများ ရှိနေပြီဖြစ်ပေမယ့် ကချင်ပြည်နယ် ပဋိပက္ခကတော့ ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နေကြောင်း၊ ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့ ကူညီလိုကြောင်း ပြန်လည်ပြောကြားပါတယ်။

အဲဒီနောက် သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ မြန်မာ တပ်မတော်ကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရုံမှ အပ စတင် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ မိမိတို့ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ရာမှာ မတူကွဲပြားမှုများကို ဖယ်ရှားပြီး တူသည်များကို ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအဆင့် ဆွေးနွေးဖို့အတွက် တိုင်းရင်းသား ကိုယ်စားလှယ်အားလုံး ပါဝင်တဲ့ လွှတ်တော်ဟာ ဆွေးနွေးရန် အကောင်းဆုံး နေရာဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နေပြည်တော်က အဲဒီ တွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေကို တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဦးသိန်းစိန်နှင့်အတူ မြန်မာအစိုးရဖက်က ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဖက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး(၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြတဲ့ ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

ကရင်ပြည်နယ်မှာ အမှန်တကယ် ငြိမ်းချမ်းရေးရတော့မည်လား

သမ္မတ ဦးသိန်းစိန်ဟာ နေပြည်တော်မှာ ကရင်အမျိုးသား အစည်းအရုံး KNU ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်တွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ 

ကရင် ၀တ်စုံဝတ်ဆင်ထားတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ KNU ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်

ဒါဟာ KNU အဖွဲ့အတွင်း မကြာသေးမီကမှ အသစ်ရွေးချယ် တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်ပိုင်း အသစ်ရွေးချယ်မှုအပြီး ငြိမ်းချမ်းရေး ခရီး ဖြောင့်ဖြူးစေဖို့ ဦးသိန်းစိန်က နေပြည်တော်ကို ခေါ်ယူတွေ့ဆုံခဲ့ တာလည်းဖြစ်ပါတယ်။ 



တွေ့ဆုံမှုမှာတော့ KNU ခေါင်းဆောင်ကပေးတဲ့ နှစ်သစ်ကူးလက်ဆောင် ကရင်အမျိုးသားဝတ်စုံကို သမ္မတ ဦးသိန်းစိန်က လက်ခံ ၀တ်ဆင်ထားပြီး လာမယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေအတွက် ဆွေးနွေးကြသလို သယံဇာတ ကိစ္စလည်း ထည့်သွင်းဆွေးနွေးကြပါတယ်။ 


"သယံဇာတခွဲဝေမှုနှင့်ပတ်သက်၍ တိုင်းရင်းသားအကျိုးစီးပွားကို မထိခိုက်စေရန်၊ မိမိနိုင်ငံ၏ ဂုဏ် သိက္ခာ ကို မထိခိုက်စေရန်၊ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာကို မထိခိုက်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင်မထိ ခိုက်စေရန် သတိထားဆောင်ရွက်ရမည်ဖြစ် ပါကြောင်း" လို့ သမ္မတရုံး အင်တာနက်စာမျက်နှာမှာ လည်း ဖော်ပြထားပါတယ်။ 



ဒီအပြင် သမ္မတရုံးစာမျက်နှာမှာ "ယခုကဲ့သို့ တွေ့ဆုံမှုများကို အချိန်မရွေး အကြိမ်ပေါင်းများစွာ တွေ့ဆုံနိုင် မည် ဟု မျှော်လင့် ပါကြောင်း၊ တွေ့ခွင့်ရမည်ဟုလည်း မျှော်လင့် ဆုတောင်းပါကြောင်းဖြင့် ပြောကြား သည်"လို့လည်း ဖော်ပြထားပုံထောက်ရင် ငြိမ်းချမ်းရေးတွေ့ဆုံမှုဟာ အတော် အကြိမ်ရေ များများ လို အပ်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။ 

မြန်မာ့တပ်မတော်က အောက်ခြေ တပ်သားတွေနဲ့ အခြားအဆင့်ရှိကြတဲ့ တပ်မတော် မိသားစုဝင်တွေနဲ့ ကရင်ပြည်နယ်တွင်းက ဒေသခံတွေကတော့ ငြိမ်းချမ်းရေးကို အမှန်လိုလားကြမှာ သေချာပါတယ်။ ပြည် တွင်းစစ်ဒဏ်ကြောင့် မြန်မာနိုင်ငံသား တိုင်းရင်းသား ညီအကို မောင်နှမတွေရဲ့ အသက်တွေ၊ သွေး 
တွေ၊ ချွေးတွေ၊ ဘ၀တွေ ပေးဆပ်နေကြရရင်း ဒေသဖွံ့ဖြိုးမှုတွေလည်း နောက်ကျကျန်ရစ်နေတာ သက် ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေ အားလုံး သိနေကြမှာပါဘဲ။ 

သမ္မတ ဦးသိန်းစိန်နဲ့ KNU ခေါင်းဆောင်တွေ တွေ့ဆုံမှုအပြင် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ ဒီလို တပ်မတော်ဘက်က အကြီး ဆုံး တာဝန်ရှိသူနဲ့ပါတွေ့ဆုံမှု ဖြစ်လို့ ငြိမ်းချမ်းရေးအတွက် လမ်းစများ ပေါ်လာပြီလားလို့ မျှော်လင့်နိုင် တဲ့ မြင်ကွင်းဖြစ်ပါတယ်။ 

 မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်းနှင့် KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်များ၊ ဓာတ်ပုံ- မြ၀တီ 


အခုလို သမ္မတအပြင် စစ်ဘက် ခေါင်းဆောင်ပိုင်းတွေနဲ့ပါ KNU ခေါင်းဆောင်ပိုင်းတွေရဲ့ တွေ့ဆုံမှု  ငြိမ်း ချမ်းရေး ခြေလှမ်းတွေကိုလည်း သူတို့တွေက အမှန်တကယ် အောင်မြင်ပါစေကြောင်း ဆု တောင်းနေကြ မှာပါ။ 

မြန်မာနိုင်ငံသား အားလုံး နီးပါးဟာ နှစ်ပေါင်း ၆၀ လောက်ဖြစ်လာတဲ့ ပြည်တွင်းစစ်ရဲ့ ခါးသည်းမှုတွေကို အတိတ်မှာ ချန်ထားရစ်ခဲ့နေချင်ကြတာ သိသာပါတယ်။ ဒါကြောင့်ဘဲ ငြိမ်းချမ်းရေးအတွက် အိပ်မက်တွေ ကို အသက်သွင်းဖို့ ကြိုးစားရင်း ဒီလို သတင်းကောင်းတွေနဲ့ အသက်ဆက်လက်ရှင်သန်နေကြတာပါ။ 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ စီးပွားရေး လုပ်ငန်းတွေလို ပွဲစားတွေ၊ ရောင်းကုန်တွေ၊ ၀ယ်လိုအားတွေနဲ့ မသက်ဆိုင်ဘဲ တကယ့် ငြိမ်းချမ်းရေး စစ်စစ်တွေဟာ သက်ဆိုင်ရာ နိုင်ငံသားတို့ရဲ့ ဆန္ဒမှန်ကို နား လည် လေးစားတဲ့ ခေါင်းဆောင်တွေရဲ့ ရဲရင့်တဲ့ လုပ်ဆောင်မှုများသာ ဖြစ်ပါတယ်။ 

ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU ခေါင်းဆောင်များ လက်ခံတွေ့ဆုံ

6 Jan, 2013 1:50 PM



မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်မှာ KNU ဥက္ကဌသစ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံခဲ့ပါတယ်။  ယမန်နေ့က လည်း သမ္မတ ဦးသိန်းစိန်က KNU အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပါသေးတယ်။ 
 ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဓာတ်ပုံ- မြ၀တီ