Saturday, January 26, 2013

ကရင်ပြည်နယ်က (DKBA)ကို ခလေး ဆိုပြီး နို့ လာတိုက်ပေးသွားတဲ့ ဦးအောင်မင်းရဲ့ ပြောဆိုချက်လေးက ဒီရုပ်သံရဲ့နောက်ဆုံးအပိုင်းလေးမှာပါ။ ကြည့်လိုက်ကြပါအုံး။

RFA Burmese TV January 25, 2013

ကရင်ပြည်နယ်က (DKBA)ကို ခလေး ဆိုပြီး နို့ လာတိုက်ပေးသွားတဲ့ ဦးအောင်မင်းရဲ့ ပြောဆိုချက်လေးက ဒီရုပ်သံရဲ့နောက်ဆုံးအပိုင်းလေးမှာပါ။ ကြည့်လိုက်ကြပါအုံး။



Type the rest of your post here.

MKO ရုံးထဲ ၀င်ခိုးတဲ့သူခိုး



MKO ရုံးမှာ ပိုက်ဆံအိတ်၊ လပ်ပ်တော့၊ ဖုန်း စတဲ့ ပစ္စည်းများ မကြာမကြာ ပျောက်တတ်ပါတယ်။
cctv ကင်မရာ တပ်ထားပေမဲ့ မဖမ်းထားတော့ သူခိုးကို မမိခဲ့ပါဘူး။ အခုတော့ သတိထားရတော့မှာ
ဖြစ်တဲ့အတွက် နှစ်သစ်ကူးရက်ကစပြီး စဖမ်းခဲ့တာ သူခိုးက ဘယ်သူဘယ်ဝါဆိုတာ သိသွားပါပြီ။

ဒီသူခိုးက ဒီနိုင်ငံသားတရုတ်လူမျိုးဖြစ်ပြီး MKO ရုံးအနီးတ၀ိုက်ကို အခြေအနေ၊ အရိပ်အကဲ လေ့လာဖို့ ဆိုင်ကယ်နဲ့ လိုက်ပတ်တတ်ပါတယ်။
Snooker ထိုးတဲ့ရုံတွေမှာလည်း ထိုင်နေတတ်တယ်လို့ သိရပါတယ်။

MKO ရုံးကို ညအချိန်သော့ခတ်ထားပေမဲ့ မနက်အစောကြီးထွက်သွားသူတွေရှိရင် ဖွင့်ပေးရပါတယ်။
ဖွင့်ပေးတဲ့သူတွေကလည်း မိုးလင်းပြီဆိုပြီးတော့ ပြန်မပိတ်တော့ပါဘူး။

ဒါကို ဒီသူခိုးက အခွင့်ကောင်းယူပြီး ၁၄-၀၁-၂၀၁၃ ရက်နေ့၊ မနက် ၆း၁၂ မိနစ်အချိန်မှာ လူအလစ်ကို
ကြည့်ပြီး ၀င်လာပါတော့တယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေက အိပ်နေဆဲပဲဖြစ်ပါတယ်။

ဒီသူခိုးက ပထမထပ်က ပိတ်ထားတဲ့သော့ကို ဟိုကိုင်ဒီကိုင် လုပ်ပြီး ဒုတိယထပ်ကို ၀င်မွှေပါသေးတယ်။
ပြီးမှ တတိယထပ် ကျောင်းသားဆောင်ကို ၀င်ပြီး ဖုန်းဝင်ခိုးခဲ့တာ ဖြစ်ပါတယ်။

ဒီထဲမှာတော့ ၄ထပ်နဲ့ ၅ထပ်ကို တက်လာတာ မတွေ့ရပါဘူး။
ဒီသူခိုးကို မကြာခင် ရဲလက်ထဲ အပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဖမ်းထားတဲ့ ဖိုင်ကို ကြည့်ရှုနိုင်ပါတယ်။


သံတောင် အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုး ကွယ်လွန်

ရန်ကုန်၊ ဇန်နဝါရီ ၂၅

သံတောင်အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့ နာယက ဗိုလ်မှူးကြီး စောဖယ်ရီမိုး သည် နေပြည်တော် ဆေးရုံ ၌ ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၇နာရီ မိနစ် ၄၀ တွင် ကွယ်လွန်သွားကြောင်း အဆိုပါ အဖွဲ့ ၏ စာပေ နှင့် ယဉ်ကျေးမှု ကော်မတီ ဝင် ဗိုလ်မှူးကြီး စောကေထူး က The Voice Weekl သို့ ပြောကြားသည်။

ဗိုလ်မှူးကြီးစောဖယ်ရီမိုး၏ ရုပ်ကလပ် ကို ညတွင်းချင်း သံတောင် အထူးဒေသငြိမ်းချမ်းရေး အဖွဲ့ ရုံးစိုက်ရာ သံတောင်မြို့ သို့ သယ်ဆောင်သွားကြောင်း ၎င်း က ထပ်မံ ပြောကြားသည်။

အဆိုပါ သံတောင် အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့၏ နယက ဦးစောဖယ်ရီမိုး အပါအဝင် ခေါင်းဆောင်အချို့သည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက် ၁ နာရီခန့် က ဆလွန်းကားဖြင့် ရန်ကုန်-မန္တလေးလမ်းဟောင်း အတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် မင်းကြီးညို ရပ်ကွက်ရှိ ရတီ လက်ဖက်ရည်ဆိုင်ရှေ့ အရောက်တွင် ရပ်ထားသည့် ဆယ်နှစ်ဘီးကား အပြာရောင်ကို နောက် က ဝင်တိုက်မိခဲ့ရာ ယင်း ယာဉ်တိုက်မှုကြောင့် ဗိုလ်မှူးကြီး စောဖယ်ရီမိုး ၊ ဗိုလ်မှူး စောဝေလေ၊ ဗိုလ်ကြီး စောဝင်းအောင်၊ ဒေါ်သန်းနုတို့ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ခြင်းကြောင့် တောင်ငူမြို့ပြည်သူဆေးရုံ ကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် နေပြည်တော် ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင် ကုသခဲ့ရကြောင်း ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့သူ တစ်ဦးဖြစ်သူ ဦးခင်မောင်သန်းက ပြော ကြားသည်။

Tuesday, January 22, 2013

ရန်ကုန်မြို့နှင့် မိုင် ၅၀ နီးပါးကွာဝေးသော တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်


Monday, 21 January 2013 16:56

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့နှင့် မိုင် ၅၀ နီးပါး ကွာဝေးသော တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅ အဆင့်၊ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
ဇန်န၀ါရီလ ၂၀ ရက်၊ နံနက် ၆ နာရီ၊ ၂၆ မိနစ်၊ ၄၀ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၅) မိုင်ခန့် ကွာဝေးသော တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရှိရသည်။
"တိုက်ကြီးမှာ အခုလှုပ်သွားတဲ့ ၃ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်က တိုက်ကြီးပြတ်ရွေ့မှာ လှုပ်သွားတာပါ။ ပဲခူးရိုးမ အနောက်ခြမ်း ပြတ်ရွေ့လို့လည်း ခေါ်တယ်။ တိုက်ကြီးနားမှာ အခုလို အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅၊ ၄ လောက်ရှိတဲ့ ငလျင်တွေက မကြာခဏဆိုသလို လှုပ်တတ်ပါတယ်။ အဲဒီမှာလှုပ်ရင် တခါတလေ ရန်ကုန်ကတောင် ငလျင်လှုပ်သလို ခံစားရတယ်။ အခုငလျင်လှုပ်သွားတဲ့နေရာက လယ်ကွင်းတွေများတော့ မြေပြင်အက်တာတွေတော့ ဖြစ်နိုင်ပါတယ်" ဟုလည်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလလယ်ရှိ အချိန်ထိ မြန်မာနိုင်ငံ ပြည်တွင်း၌ ငလျင်လှုပ်ခတ်မှု (၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ ဇန်န၀ါရီလ ၉ ရက်နေ့က ထမံသီမြို့၏ အနောက်ဘက် ၁၉ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၉ အဆင့်ရှိငလျင်မှာ အင်အားအပြင်းဆုံးဖြစ်ကြောင်းလည်း သိရှိရသည်။

ဇန်န၀ါရီ ၁ရက်မှ ၂၀ရက်နေ့အထိငလျင်လှုပ်ခတ်မှုများ
ရက်စွဲ အင်အား(ရစ်ခ်ျတာစကေး) နေရာ
၂.၁.၂၀၁၃ ၃ မြန်မာနိုင်ငံပြည်တွင်း
၉.၁.၂၀၁၃ ၅ ဒသမ ၉ ထမံသီမြို့ အနောက်ဘက် ၁၉ မိုင် အကွာ
၁၁.၁.၂၀၁၃ ၄ ဒသမ ၈ ကိုကိုးကျွန်းအနောက်တောင်ဘက် ၈၈ မိုင် အကွာ
၁၅.၁.၂၀၁၃ ၄ ဒသမ ၅ မော်လိုက်မြို့ အရှေ့ဘက် ၂၅ မိုင်ခန့် အကွာ
၂၀.၁.၂၀၁၃ ၃ ဒသမ ၅ တိုက်ကြီးမြို့ အရှေ့တောင်ဘက် သုံးမိုင်ခန့် အကွာ