Saturday, April 30, 2011

Royal newlyweds leave palace in style

နိုင်ငံတကာရောက် ကရင်အဖွဲ့အစည်းများနှင့် မျိုးချစ်ကရင်များ၏ ပူးတွဲထုတ်ပြန်ကြေညာချက်

International Karen Community joint statement-

Mae Sot Police to Raid Burmese Opposition?

Mae Sot Police to Raid Burmese Opposition?
April 28, 2011


MAE SOT — Thai police is likely to begin raiding buildings and apartments in the border town of Mae Sot that Burmese opposition groups rent for offices and residences, according to sources close to Burmese police.

The plan was agreed in a meeting on Wednesday in Myawaddy—the Burmese town across the border from Mae Sot—attended by Thai police from Mae Sot and Burmese police from Myawaddy.

“Burmese and Thai police held a special meeting yesterday. The Burmese police asked the Thai police to take action regarding anti-human trafficking, anti-drug trafficking, border affairs and Burmese dissidents in Mae Sot,” said a government servant close to the Myawaddy police.

“The Burmese police gave detailed information, addresses and photos of offices and houses which have been rented by Burmese dissidents,” he added.

Burmese police accused the Mae Sot-based Burmese dissidents of conducting terror-style attacks such as armed attacks and bomb blasts in Myawaddy, the source said. Therefore they asked the Thai police to take immediate action against Burmese dissidents.

Based on the bilateral agreement in the meeting yesterday, some observers in Mae Sot said that the Burmese and Thai police will likely soon speed up criminal cases on the Thai-Burmese border.

Bilateral anti-human trafficking measures and criminal cases on the border were also discussed during the meeting, which Tak Province’s Pol Maj-Gen Chamlong Nomsian attended. Thai immigration officials and border committee members also attended the meeting, said border sources.

In the past, Thai police have occasionally launched raids and cracked down on Burmese dissidents.

In October 2009, Thai security forces raided the homes of 10 leaders of the Karen National Union (KNU) in Mae Sot. Also, in February 2010, Thai police in Mae Sot raided the office of Karen journalists, the Karen Information Center and the home of David Takapaw, the vice chairman of the KNU.

View on 2010 Government by 11 Activist Groups Coalition Inside Burma- Eng/Bur

View on 2010 Government by 11 Activist Groups Coalition Inside Burma- Eng
View on 2010 Government by 11 Activist Groups Coalition Inside Burma-bur

Friday, April 29, 2011

Royal wedding highlights






နေ့ စဉ်သတင်း 28 April 2011

Daily_News_onApril_28-_2011

အိုင်ပက်စ် ၂

အိုင်ပက်စ် ၂ ဂျပန် မှာ မနေ့ က ၂၈.၄ .၂၀၁၁ မှာ စရောင်းပါတယ် အဖြူရောင်ပါ ရပါတယ် ဒီနေ့ သောကြာနေ့ တော့ စင်ကာပူ တောင်ကိုရီးယား အိန္ဒိယ တူရကီ ဟောင်ကောင် ဖိလစ်ပိုင် အစ္စရေး မလေးရှား မကာအို နောက် နိုင်ငံတစ်ချို့ မှာ ရပါမယ်။

ဂျပန်မှာတော့ ဒီနေ့  ထပ်သွားဝယ် လို့  မရတော့ပါဘူး

အစောပိုင်း ဘယ်နေ့ လာနိုး နဲ့  စောင့်နေတာ ဆိုနီက S1 နှင့် S2 ထွက် လာမယ် ဆိုတာနဲ့  အိုင်ပက်စ် ၂ စောထွက် လာတော့တာပါပဲ ဂျပန် မှာ ၂၆ .၃ .၂၀၁၁ ထွက်မှာ ပြောထားတာ

အိုင်ဖုန်း ၄ အဖြူရောင်ပါ အိုင်ပက်စ် ၂ နဲ့ အတူ ထပ်ထွက်လာပါတယ်။

မြန်မာလို ရိုက်ရတာ အဆင်ပြေပါတယ်။

မြန်မာစာ ဖတ်ရင် အိုင်ပက်စ် က အိုင်မြန်မာ မှာ တချို့ ဖတ်မရသလို ဖြစ်တတ်ပါတယ်
အဲလိုဖြစ်ရင် ဂူဂယ်စ် ကနေ တစ်ဆင့်ဝင်သွားရင် အကုန် ဖတ်လို့ ရပါတယ်။

အိမ်ပြောင်း အပြင်သွားများသူတွေ အတွက် အင်တာနက် စရိတ် အသက်သာ ဆုံးပါ။
အိုင်ဖုန်း ထက် ယန်း ၁၀၀၀ ကျော် လောက်ကိုသက်သာတာပါ။

တစ်ခုရှိ တာ ဖလက်စ်ပလေယာ တွေဆို ကြည့်မရတာပါ။

တယ်လီဗေးရှင်း နဲ့ တွဲ ကြည့်ဖို့ ဆို အိပ်စ်ဒီအမ်အိုင် ဆက်တဲ့ကြိုး ထပ်ဝယ်ရပါတယ်။

စာဖတ်လို့ တော်တော် အဆင်ပြေပါတယ်။

မြန်မာ ရုပ်ရှင်တွေ ကြည့်ဖို့ ဆို ဆာဖာရီကနေ fmv.mx လို့ ရိုက်ထည့်ပြီး ကြည့်လို့ ရပါတယ်။

အိုင်ဖုန်း ကို face time ခေါ်ချင်ရင် +၈၁ ...........လို့  ခေါ်ရင် ရပါတယ်။

အိုင်ဖုန်း ကနေခေါ်ချင် ရင် ဝိုင်ဖိုင် လိုပါတယ်။ အက်စ်ပယ် အိုင်ဒီ အီးမေးစ် ကို ခေါ်တာနဲ့ ရပါတယ်။

ပရိုဂျက်တာနဲ့ ပါ တွဲ ရတာ အဆင်ပြေပါတယ်။

စကိုင်းပီ ။ အက်စ်ရင်း ။ တို့ နဲ့ ဆို ဖုန်းပြောသလို ပြောလို့ ရပါတယ်။

နိုင်ငံတကာ ဖုန်းကို ပြောချင်ရင် ပိုက်ဆံသွင်းပြီး ဆက်ရင် အဆင်ပြေပါတယ်။

နော်ဘူဘော

ဧပြီလ နောက်ဆုံးပတ် ရုပ်သံသတင်း


Thursday, April 28, 2011

ကရင်အမျိုးသားတိုင်းနားထောင်ရန်

Burma:Fake Federal Union and Undemocratic Parliament, How Government Proceeds for Civil War

April 27, 2011


April 27th, 2011

After 6 decades of struggle for ethnic minority rights or establishment of Federal Union of Burma, various ethnic minorities from the entire frontiers areas have been crushed by the troops of Burmese Army.

In order to satisfy the demands by the ethnic minorities, the former regime, State Peace and Development Council (SPDC), drew a militarized constitution with some articles faking as Federal Union of Burma. But it is not based on the equality among all the ethnic groups in the country including Burman.

In Constitution, the country administration was divided to 14 regions under 7 Divisions and 7 Ethnic States. All Divisions have the majority Burman people and 7 ethnic States are belonged to Kachin, Chin, Shan, Arakanese, Karenni (Kayah), Mon and Karen. This is inequality for the ethnic minorities because they have demanded racial equality, and Burman people must have one State, whether it is larger than other ethnic State.

However, the regime has pretended giving more authorities to ethnic State, by creating up Division/ State Parliament and their governments. If we looked from outside, it is like a federal union and the States have full administrative, legislative and juridical powers in their parliaments. This is just cosmetic and the State powers are absolutely controlled by central government. The ethnic State government has no power but to take all administrative powers from the central government.

Similarly, the Union Parliament, which includes House of Representatives and Senates (Upper House), have the majority winner of the election, the Union Solidarity and Development Party (USDP), it does not allow any growth of opposition parties. The oppositions (pro-democracy party like National Democratic Force – NDF and ethnic political parties) belong less than 15% of the entire seats in the parliaments and their voices are always limited.

All ruling in central and Division/State level governments are formed with USDP leaders and in some ethnic States, they also invited some representatives from other parties to be in the government ministerial positions and silenced down the voices. By this way, the governments in both central and local level prevent the criticism or opinions put by opposition parties and ethnic minority people.

Since the constitution and the current USDP have not granted equal rights to ethnic people, and do not have plan to initiate ‘peace talks’ toward various ethnic armed groups, the civil war in Burma will continue. The ethnic armed groups will hold up their arms in their respective areas and challenged the powers of USDP government and its armed force ‘Burmese Army’. Since USDP government was born from Burmese Army, the ruling government will support the army under a slogan of equipping the Burmese Army, as modern army. As a result, an unwanted civil war in Burma will be prolonged.

Wednesday, April 27, 2011

မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလာ

မဟာလူမျိုးကြီးဝါဒ၏ မဟာအောင်ပွဲလား

ဒီဆောင်းပါးကို Arakan Review သတင်းစာမျက်နှာမှ ပြန်လည်းကူးယူဖေါ်ပြပါသည်။
xxxxxxxxxxxxxxxxx

ခိုင်လင်း (မေဃ၀တီ)

(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံကို မောင်းနှင်မယ့် အစိုးရသစ်ကတော့ အာဏာကို လွှဲပြောင်းယူလိုက်ပြီ။ ဒီဖွဲ့စည်းပုံဟာ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင် စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူပြီး စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ငြင်းဆန် ထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ (၁၉၄၈) ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့ မြန်မာနိုင်ငံကို ခေတ်သစ်မြန်မာ နိုင်ငံအဖြစ် သုံးချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီ မတိုင်ခင်က မွန်၊ ရခိုင်၊ မြန်မာ (ဗမာ) စတဲ့ အမျိုးသားတွေရဲ့ သီးခြားနိုင်ငံအဖြစ် နေထိုင်ခဲ့ခြင်းတွေနဲ့ ကွဲပြားချင်လို့ ဖြစ်တယ်။ ဆိုတော့ ခေတ်သစ်မြန်မာနိုင်ငံမှာ တည်ရှိခဲ့တဲ့ ပေါ်ပေါက်ခဲ့ဖူးတဲ့ (၁၉၄၇)၊ (၁၉၇၄)၊ (၂၀၀၈) နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ ရခိုင်၊ မွန်၊ ရှမ်း၊ ကရင်၊ ကချင်စတဲ့ အမျိုးသား တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို လိမ္မာပါးနပ်စွာနဲ့ ရိုက်ချိုးခဲ့သလို တဖက်မှာလည်း မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံခဲ့တယ်။

(၁၉၇၄) ဖွဲ့စည်းပုံရော၊ (၂၀၀၈) ဖွဲ့စည်းပုံပါ တပါတီအာဏာရှင်စနစ်ကို အခြေခံထားတယ် ဆိုတာထက် မဟာလူမျိုးကြီးဝါဒ ကြီးစိုးရေးကို အခြေခံထားတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ တချို့က အဲဒီဖွဲ့စည်းပုံဟာ စစ်အာဏာရှင်စနစ် တည်တံ့ရေး၊ စစ်တပ်လွှမ်းမိုးရေး၊ လူတချို့ ကောင်းစားရေး စသည် အားဖြင့် သုံးနှုန်း ပြောဆိုခြင်းဟာ မှန်သင့်သလောက် မှန်ပါတယ်။ တကယ့် အနစ်သာရက မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးသာ ဖြစ်တယ်။ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေက တပ်မတော်ကို အသုံးချခြင်းသာ ဖြစ်တယ်ဆိုတာကို ကွဲပြားစွာ မြင်ဖို့လိုတယ်။ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေဟာ တပ်မတော်ထဲမှာ ရှိသလို အတိုက်အခံတွေ ထဲမှာလည်း ရှိကြတယ် ။ ထို့အတူ ပညာရှင်တွေ၊ စာနယ်ဇင်းသမားတွေ၊ သာမန်လူထုတွေထဲမှာလည်း ရှိကြတယ်။ ရှမ်း ၊ ရခိုင် ၊ မွန် ၊ ကရင် ၊ မြန်မာ (ဗမာ) အမျိုးသားတွေ အားလုံးဟာ နိုင်ငံရေးအရ တန်းတူတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားတဲ့ ယုံကြည်ထားတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေ ရှိသလို လက်မခံတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေလည်း ရှိတယ်ဆိုတာ (၁၉၄၈) လွတ်လပ်ရေးရသည်မှ ယနေ့ကာလအထိ နိုင်ငံရေး အခင်းအကျင်းတွေက သက်သေပြနေတယ်။ ဒါကြောင့် တပ်မတော် လွှမ်းမိုးရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖုံးလွှမ်းထားတဲ့ အင်မတန်နက်ရှိုင်းတဲ့ မြန်မာ (ဗမာ) အမျိုးသားရေးဝါဒ (မဟာလူမျိုးကြီးဝါဒ) လွှမ်းမိုးရေးအယူအဆကို အကောင်အထည် ဖော်နေခြင်းဖြစ်တယ် ဆိုတာကို ပြောလိုတယ်။

ဆိုတော့ မဟာလူမျိုးကြီးဝါဒဆိုတဲ့ဝေါဟာရကို သုံးစွဲခြင်းဟာ မြန်မာ (ဗမာ) အမျိုးသားတွေကို မုန်းတီးလို့ မဟုတ်ဘူးဆိုတာ နားလည်စေ ချင်တယ်။ ထို့အတူ တပ်မတော်ကို မုန်းတီးလို့ မဟုတ်ဘူးဆိုတာကိုလည်း ကွဲပြားစွာ သိဖို့လို ပါတယ်။ ဒီလို ကွဲကွဲပြားပြားသိမှ စစ်မှန်တဲ့ ပြည်ထောင်စုကို တည်ဆောက်တဲ့နေရာမှာ ရှိနေတဲ့ အဖုအထစ်တွေကို ကျော်လွှားနိုင်မှာ ဖြစ်တယ်။ မြန်မာ (ဗမာ) အမျိုးသား အပါအ၀င် အခြားသော မွန်၊ ကရင်၊ ရှမ်း၊ ရခိုင် စတဲ့ အမျိုးသားတွေ အားလုံးဟာ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို ပြောဆို တိုက်ပွဲဝင်ခြင်းဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်တယ်လို့  ၀ါဒဖြန့် နေသူတွေ ယုံကြည်နေသူတွေဟာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ယုံကြည်သူတွေ ဖြစ်တယ်ဆိုတာ ရဲရဲကြီး ပြောရဲတယ်။ တနည်းအားဖြင့် ပြောရရင် ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ ရှိနေတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေရဲ့ ပန်းတိုင်ဟာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးပဲ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြခဲ့တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးထက် မဟာလူမျိုး ကြီးဝါဒ လွှမ်းမိုးရေးဝါဒ အမြစ်ပြတ်ရေးက ပိုလို့ အရေးကြီးပါတယ်။

ဒီလို ဘာကြောင့် ပြောရသလဲဆိုတော့ (၁၉၄၇) ခု ပင်လုံညီလာခံရဲ့ သဘောတူညီမှုတွေကို ခေတ်သစ် မြန်မာနိုင်ငံမှာ ပေါ်ပေါက်ဖူးတဲ့ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းက ငြင်းပယ်ထားလို့ ဖြစ်တယ်။ ပင်လုံ ညီလာခံရဲ့ သဘောတူညီချက်တွေဟာ သီးခြားတည်ရှိခဲ့တဲ့ သမိုင်း ဖြစ်စဉ်တွေ အရ ပေါ်ပေါက်လာသလို အနာဂတ်ရဲ့ ခေတ်တိုင်း ခေတ်တိုင်းမှာလည်း သီးခြား တည်ရှိခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ချန်လှပ်ထားလို့ မရဘူး။ အနာဂတ် နိုင်ငံတော်ဟာ ငြိမ်းချမ်း တည်ငြိမ်စွာနဲ့ ဖွံ့ဖြိုး စေချင်တယ်ဆိုရင် မြန်မာ (ဗမာ) အပါအ၀င် တိုင်းရင်းသား ပေါင်းစုံဟာ နိုင်ငံရေးအရ တန်းတူဖို့လိုသလို ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ပြည်နယ်တွေနဲ့ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်တယ်။ ဒီလိုတည် ဆောက်ဖို့ ဘာကြောင့် လိုအပ်သလဲဆိုတော့ (၁၉၄၈) လွတ်လပ်ရေး မတိုင်ခင်က သီးခြားဖြစ်တည်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကြောင့် ဖြစ်တယ်ဆိုတာကို မျိုးဆက်သစ်တွေကို ချပြရသလို ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကိုလည်း ချပြရတယ်။ ဒီနေရာမှာ အလျဉ်းသင့် ပြောချင်တာ တခုရှိတယ်။ ကျနော့် ဆောင်းပါးတွေမှာ အနာဂတ်အကြောင်းတွေ ပြောရင်း အတိတ်က အခြေအနေတွေကို ချပြတော့ အဖွဲ့အစည်းတခုက ခေါင်းဆောင်ဟောင်းက သူ့ဆောင်းပါးမှာ ယဉ်ကျေးမှု ရှေးကျခြင်း ဘာညာတွေ ပြောနေခြင်းဟာ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးမှာ အရေးမပါကြောင်း တုန့်ပြန်ပြီး ရေးတာ ဖတ်လိုက်ရပါတယ်။ ကျနော့်နာမည်ကို ဖော်ပြခြင်းမရှိပေမယ့် ကျနော့် ဆောင်းပါးကို တုန့်ပြန်တယ်ဆိုတာ ကျနော် သဘောပေါက်တယ်။ ဆိုတော့ အထက်က ကျနော်ပြောသလိုပဲ ထုံပေပေ နေနိုင်လွန်းတဲ့ မျိုးဆက်အိုကြီးတွေကို ချပြရသလို မသိသေးတဲ့ မျိုးဆက်သစ်တွေကိုလည်း ချပြရတယ်။ တဖက်မှာလည်း အတိုက်အခံလို့ ပြောပေမယ့် တိုင်းရင်းသားပေါင်းစုံ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိတဲ့ ပြည်နယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ပုံစံမျိုးကို မလိုလားတဲ့ လူတွေ ရှိတယ်ဆိုတာ ကျနော် ပြောဖူးတယ်။ အဲဒီလို လူတွေကိုလည်း နားလည် အောင်ပြောရပြန်တယ် ။

မြန်မာ (ဗမာ) အမျိုးသားတွေထဲမှာ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိသူတွေနဲ့ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ် ထားတဲ့သူတွေ ဆိုပြီး ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးအရ တန်းတူရေး၊ မြန်မာ (ဗမာ) အမျိုးသားတွေဟာလည်း ပြည်နယ်တခု ဖွဲ့စည်းရေး၊ အဲဒီပြည်နယ်တွေနဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး၊ တနည်း အားဖြင့် ပင်လုံမူတွေကို အခြေခံရေး စသည်ဖြင့် ပြောကြ ဆိုကြ တိုက်ပွဲဝင်ကြရင် ဒါတွေဟာ ဗမာ မုန်းတီးရေးကို ရှေ့ရှုတယ်။ ဗမာမုန်းတီးရေးကို လှုံ့ ဆော်တယ်။ ဗမာမုန်းတီးရေးဝါဒီတွေ ဖြစ်တယ်လို့  အမြဲ အပြောခံရတယ်။ အမှန်က မဟုတ်ဘူး။ အဲဒီလို မြင်တဲ့လူတွေ ကိုယ်၌က ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်ပြီး မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လိုလားတဲ့သူတွေ ဖြစ်တယ်ဆိုတာ နားလည်ဖို့ လိုတယ်။ တဖက်မှာလည်း မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို လုံးဝလက်မခံဘဲ နိုင်ငံရေးအရ တန်းတူပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ပေါင်းစု ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို လက်ခံထားတဲ့ မြန်မာ (ဗမာ) အမျိုးသားတွေကလည်း ရှိပြန်တယ်။ ဒါကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အာဏာရရှိရေး သက်သက် မဟုတ်ဘဲ မတူညီတဲ့ အမျိုးသားတွေ ပေါင်းစည်းရေး၊ ညီညွတ်ရေးနဲ့ နိုင်ငံရေးအရ တန်းတူတဲ့ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို တစိုက်မတ်မတ် လုပ်လာခဲ့ခြင်း၊ လုပ်နေခြင်းဟာ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို နားလည်လို့ ဖြစ်တယ်။ သမိုင်းအစဉ်အလာ တန်ဖိုးတွေကို လက်ခံနိုင်မှ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် သင့်တယ်၊ တည်ဆောက် ရမယ်လို့ မြင်မယ်၊ ယုံကြည်ကြမယ်။

(၂၀၀၈) ဖွဲ့စည်းပုံဟာ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကချင် စတဲ့ အမျိုးသားတွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ချိုးနှိမ်ထားတာ ဖြစ်တယ်။ ထို့အတူ နိုင်ငံရေးအရ တန်းတူမှုကင်းမဲ့ပြီး မြန်မာ (ဗမာ) အမျိုးသားဝါဒ လွှမ်းမိုးရေး (သို့မဟုတ်) မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ရေးဆွဲထားတာ ဖြစ်တယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည် ဖြစ်စေရေး၊ ဒီဖွဲ့စည်းပုံ အတိုင်း တက်လာတဲ့ အစိုးရက တိုင်းပြည်ကို အုပ်ချုပ်ရေး စတဲ့ လုပ်ဆောင်ချက်တွေ အဆင်ပြေ ချောမွေ့ဖို့အတွက် စစ်တပ်ကို အသုံးချရခြင်း ဖြစ်တယ်။ ဒီလို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့တာက ဘယ်သူတွေလည်း ဆိုတော့ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို လက်ကိုင်ထားတဲ့ မြန်မာ (ဗမာ) တွေဖြစ်တယ်။ ဆိုတော့ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ အမျိုးသားတွေဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီတွေ ဖြစ်တယ် လို့ပြောကြ ဆိုကြခြင်းဟာ ဘယ်အချက် အလက်တွေအပေါ်မှာ အခြေခံပြီး ခေါ်သလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ အငြင်းပွားစရာတွေ၊ မသေချာမှုတွေနဲ့ အလှမ်းဝေးနေမယ် ထင်တယ်။ အဲဒီအမျိုးသားတွေဟာ နိုင်ငံရေးအရ တန်းတူရေး ရှိပြီး ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းကြခြင်း၊ တိုက်ပွဲဝင်နေကြခြင်းဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ မဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ စစ်စစ်ဟာ ဘယ်သူတွေလည်း ဆိုတော့ မြန်မာနိုင်ငံမှာ မြန်မာ (ဗမာ) လူမျိုးကြီး ၀ါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေသာ ဖြစ်တယ်။ ဒီနိုင်ငံမှာ မြန်မာ (ဗမာ) တွေသာ လွှမ်းမိုးရမယ်ဆိုတဲ့ အခြေခံပေါ်မှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီ အဖြစ် ညွန်းဆို ချက်တွေဟာ ပြောင်းလဲသွားရခြင်း ဖြစ်တယ်။

ယနေ့ မြန်မာနိုင်ငံမှာ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သုံးခု ရှိခဲ့ဖူးတယ်။ အဲဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းဟာ မဟာ လူမျိုးကြီးဝါဒ လွှမ်းမိုးရေးကိုသာ ရှေ့ ရှုရေးဆွဲထားတာ ဖြစ်တယ်။ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်စတဲ့ အမျိုးသားတွေရဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆိတ်သုဉ်းခဲ့မှု အပေါ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ထပ်တူ ပြည်တွင်းစစ်ကို မွေးဖွားခဲ့တယ်။ ဒီပြည်တွင်းစစ်ကို အလွန် ကျဉ်းမြောင်းတဲ့ မြန်မာ (ဗမာ) အမျိုးသားရေးဝါဒီတွေက မျိုးဆက် အဆက်ဆက် ကိုလိုနီဆိုးမွေလို့ ကမ္ပည်း ထိုးခဲ့ကြတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိတ်သုဉ်းမှု အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ တော်လှန် စစ်ပွဲတွေကို ချိုးနှိမ် လိုက်တာဖြစ်တယ်။ ဆိုတော့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆ ရှိသူတွေက (၁၉၈၈) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆိုကြပါတယ်။ ကရင်၊ ကချင်၊ ရှမ်း၊ ရခိုင်၊ မွန်စတဲ့ အမျိုးသားတွေ ကတော့ (၁၉၄၈) ကို အခြေခံပြီး သုံးသပ်ကြ၊ ပြောဆို ကြပါတယ်။ ဒီနိုင်ငံရဲ့ နိုင်ငံနောက်ခံ၊ နိုင်ငံရေး အခင်းအကျင်းတွေ အရ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး အယူအဆရှိတဲ့ မြန်မာ (ဗမာ) တွေမှ အပ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို ငြင်းပယ်ထားတဲ့ မြန်မာ (ဗမာ)၊ မွန်၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စတဲ့ အမျိုးသားတွေ အတွက်ကတော့ တော်လှန်ရေးဟာ မပြီးဆုံး သေးပါဘူး။ စစ်တပ် လွှမ်းမိုးရေးကို အရေခြုံထားတဲ့ မဟာဗမာ လွှမ်းမိုးရေးအယူအဆဟာ နက်ရှိုင်းစွာ တည်ရှိနေတယ် ဆိုတာ သဲကွဲစွာ မြင်ဖို့ လိုမယ် ထင်ပါတယ်။

မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးကို အခြေခံ ရေးဆွဲထားတဲ့ မွန်၊ ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ ချင်း စတဲ့ အမျိုးသားတွေရဲ့ နိုင်ငံရေးအရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် မရှိတဲ့ (၂၀၀၈) ဖွဲ့စည်းပုံအရ အုပ်ချုပ်တော့မယ့် အစိုးရသစ်လည်း ပေါ်ထွက်လာပြီ ဆိုတော့ ဒီအောင်ပွဲဟာ တတိယအောင်ပွဲ (သို့မဟုတ်) မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေး၏ မဟာအောင်ပွဲလားဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အဲဒီအမေးရဲ့ အဖြေဟာ အချိန်ကာလတခုကို ဖြတ်သန်း ပြီးတဲ့အခါ အဖြေဟာ ထင်ထင်ရှားရှားကြီး ပေါ်ထွက်လာမှာပါ။ ပြီးတော့ မွန်၊ ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ ရခိုင်၊ ရှမ်း၊ စတဲ့ အမျိုးသားတွေနဲ့ မဟာလူမျိုးကြီးဝါဒ လွှမ်းမိုးရေးအယူအဆကို ငြင်းပယ်ထားတဲ့ မြန်မာ (ဗမာ) တွေကတော့ ဆက်လက် တိုက်ပွဲဝင်လျက် ရှိနေ ကြမှာပါ။ ။

ခိုင်လင်း (မေဃ၀တီ)
ကွာလာလမ်ပူ
(၄ ၊ ၄ ၊ ၂၀၁၁)

အဇင်း ရဲစခန်းကို ဒီကေဘီအေ ၀င်ရောက်တိုက်ခိုက်

အဇင်း ရဲစခန်းကို ဒီကေဘီအေ ၀င်ရောက်တိုက်ခိုက်


ဆုံဆည်းရာ၊ ဧပြီလ ၂၅ ရက် ၂၀၁၁

နအဖ တပ်များနဲ့ ဒီကေဘီအေ ကလိုထူးဘောဗျူဟာ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် တပ်များ ကရင်ပြန်နယ်နဲ့ မွန်ပြည်နယ် တို့တွင် တိုက်ပွဲတွေ အရှိန်အဟုန်မြင့် ဆက်လက်ဖြစ်ပွားနေပါတယ်။

မွန်ပြည်နယ်၊ ကြာအင်းဆိတ်ကြီးမြို့နယ် အဇင်း ရဲစခန်းကို ဒီအေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် ကလိုထူးဘောဗျူဟာ တပ်များနဲ့ ကေအန်အယ်အေ ပူးပေါင်းတပ်ဖွဲ့ဝင်များ ယနေ့ နေ့လယ်ပိုင်း ၂ နာရီခန့်က ၀င်ရောက်တိုက်ခဲ့ပါတယ်။ အဇင်းရွာ အခြေစိုက် ခလရ ၃၇၁ တပ်ရင်း အခြေစိုက်စခန်းမှ နအဖ တပ်များနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နအဖ တပ်ဘက်မှ ထိုက်ခိုက်ဒဏ်ရာရသူများကို သယ်ဆောင်ရန်အတွက် ပေါ်တာအထမ်းသမားများကို လိုက်လံခေါ်ဆောင်နေကြောင်း ရွာတဦးက ပြောဆိုပါတယ်။

ယမန်နေ့ တနင်္ဂနွေနေ့ကလည်း ကျိုက်ဒုံမြို့နယ်နှင့် မိနာအကျေးရွာအကြားတွင် စကခ ၅ လက်အောက်ခံ နည်းဗျူဟာ ၁ ခမရ ၅၄၃ တပ်ရင် အင်အား ၆၀ ကျော်ရှိသည့် နအဖ တပ်များနဲ့ ဒီအေဘီအေ ဗိုလ်ချုပ်စောလားဘွယ် ဦးဆောင်သည့် ကလိုထူးဘောဗျူဟာ တပ်ရင်း ၉ဝ၈၊ ၉ဝ၂ နှင့် ၉ဝ၁ တို့ မနက် ၆ နာရီမှ ညနေ ၆ နာအရီအထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ထိုတိုက်ပွဲတွင် နအဖ ဘက်မှ ၁၉ ဦး သေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာရကြောင်း သိရပါတယ်။

ဧပြီလ ၂၂ ရက်နေ့က ညနေ ၃ နာရီတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့အတွင်း အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နယ်ခြားစောင့်တပ်ရင်း (၁၀၁၂)မှ ဗိုလ်ကြီးစောဖားမီး ဦးဆောင်တဲ့အဖွဲ့က ယမန်နေ့ ၂၄ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၅)၊ အေအန်အယ်အေ တပ်ရင်း (၁၀၂)မှ ဗိုလ်စတီးအဖွဲ့နှင့် သွားရောက် ပူးပေါင်းကြောင်း သိရှိရပါတယ်။

မြန်မာဒုက္ခသည် ပြန်ပို့ရေး အချိန်မတန်သေး

မြန်မာဒုက္ခသည် ပြန်ပို့ရေး အချိန်မတန်သေး

By ဦးသားညွန့်ဦး တနင်္လာ, 25 ဧပြီ 2011
မစ္စတာ အဲရစ် ရွှာ့ဇ်။
ဓာတ်ပုံ state.gov

မစ္စတာ အဲရစ် ရွှာ့ဇ်။


ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရမယ့်အချိန် မရောက်သေးဘူးလို့ အမေရိကန်ပြည်ထောင်စုက ယူဆထားတဲ့အတွက် ဒီဒုက္ခသည်တွေကို အကူအညီပေးရေး ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ ဒီဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေး အခြေအနေ အချိန်အခါ လိုအပ်ချက်တွေကိုလည်း သူက ထောက်ပြပါတယ်။ အပြည့်အစုံကို တွေ့ဆုံ မေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာပဲ အခုအချိန်ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရမယ့်အချိန် မတိုင်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ရွှေ့ပြောင်းနေထိုင်သူများနဲ့ ဒုက္ခသည်များဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး အဲရစ် ရွှာ့ဇ် (Eric Schwartz) က ဗွီအိုအေနဲ့ သီးခြား တွေ့ဆုံမေးမြန်းစဉ်မှာ ပြောသွားတာပါ။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်ဆိုပြီး တလောကပဲ ထိုင်း အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲက ပြောသွားတာမို့ အခြေအနေက ဒုက္ခသည်တွေအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ညှိနှိုင်းတိုင်ပင်မှုတွေ လုပ်နေတယ်လို့ မစ္စတာ အဲရစ် ရွှာ့ဇ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“မြန်မာဒုက္ခသည်တွေကို မြန်မာပြည်ကို ပြန်ပို့ရမယ့် အချိန်ကာလ မရောက်သေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့လည်း ထိုင်းအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင် နှစ်ရပ်စလုံးကလည်း မြန်မာပြည်မှာ အခု ပြောင်းလဲပါတယ်ဆိုတဲ့ အခြေအနေကနေ ဒီထက် ထင်ရှားသိသာတဲ့ ပြောင်းလဲမှုမျိုးတွေ မဖြစ်မချင်းတော့ ဒီလူတွေကို အတင်းအကျပ် ပြန်ပို့တာမျိုး မလုပ်သင့်ဘူးဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။ ဒါကြောင့် မြန်မာဒုက္ခသည်တွေ ကိစ္စအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအစိုးရ အပါအ၀င် အခြားအစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲ ရလဒ်နဲ့အညီ မြန်မာအစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် အိမ်နီးချင်းနိုင်ငံတွေ အကြားမှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲဘက်ကို တာစူနေပြီ၊ အချို့ကလည်း အပြောင်းအလဲ စတင်နေပြီလို့ မြင်ကြပါတယ်။ ဒါကြောင့်လည်း အခုလို ဒုက္ခသည်တွေ ပြန်ပို့ရေး ထိုင်းဘက်က စဉ်းစားလာတာလို့ ယူဆရပါတယ်။ မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ အပြောင်းအလဲ ဆိုတာကို ရွေးကောက်ပွဲကို ကြည့်ပြီး သတ်မှတ်လို့ မရဘူးလို့ ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဖြစ်လာတာတွေကြောင့် မြန်မာနိုင်ငံထဲမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ရှိတယ်လို့ မပြောနိုင်ပါဘူး။ ပြောင်းလဲတယ် ဆိုတာအတွက် သိသာထင်ရှားတဲ့ အထောက်အထား၊ အချက်အလက်တွေ အခြေအနေတွေ ရှိဖို့လိုပါတယ်။

“မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့အမြင် သဘောထားတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုနိုင်ခွင့် ရှိပြီလား၊ လွတ်လွတ်လပ်လပ် စုဝေးခွင့် ရှိရဲ့လား၊ သူတို့ရဲ့အမြင် အယူအဆတွေကို အာဏာပိုင်တွေသိအောင် ပြောနိုင်ဆိုနိုင်ရဲ့လား၊ ကြောက်ရွံ့မှုကင်းတဲ့ အခြေအနေအောက်မှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့် ရှိရဲ့လား၊ ရွေးကောက်ပွဲလုပ်လုပ် မလုပ်လုပ် မဆိုင်ပါဘူး။ အခု ပြန်သွားမယ်ဆိုတဲ့ ဒုက္ခသည်တွေဟာ သူတို့နိုင်ငံမှာ ဒီလို အခွင့်အရေးတွေနဲ့ နေထိုင်ခွင့် ရပါ့မလားဆိုတာ မေးခွန်းရှိပါတယ်။”

ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာပဲ ထောင်နဲ့ချီတဲ့ ထိုင်း၊ မြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေဟာ တတိယနိုင်ငံတွေကို ပြောင်းရွှေ့ အခြေချခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့လည်း အခုနောက်ပိုင်းမှာတော့ ထိုင်းအာဏာပိုင်တွေဘက်က တင်းကျပ်မှု အချို့ကြောင့် ဒီလို ပြောင်းရွှေ့ အခြေချနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်က နောက်ပိုင်းရောက်တဲ့ ဒုက္ခသည် အများစုကို နိုင်ငံရေး ဒုက္ခသည်အဖြစ် သတ်မှတ်ဖို့ ငြင်းဆန်နေပါတယ်။ ဒါကြောင့်လည်း ဒုက္ခသည် အများစုဟာ နယ်စပ်က စခန်းတွေမှာပဲ ချို့ချို့တဲ့တဲ့ နေနေကြရပါတယ်။

မစ္စတာ အဲရစ် ရွှာ့ဇ်ကတော့ ဒုက္ခသည်တွေ တတိယနိုင်ငံ ပြောင်းရွှေ့ရေးထက် မြန်မာနိုင်ငံမှာ အပြောင်းအလဲ တကယ်ဖြစ်ပြီး ဒုက္ခသည်တွေ နေရပ်ကို လုံလုံခြုံခြုံ ပြန်နိုင်ဖို့က တကယ့်အဖြေမှန် ဖြစ်တယ်လို့ ပြောပါတယ်။

“ဒုက္ခသည် အများစုအတွက် တတိယနိုင်ငံတွေကို အခြေချ ပြောင်းရွှေ့ နေထိုင်ခွင့် ရဖို့ဆိုတာ ဒုက္ခသည် ပြဿနာ ဖြေရှင်းရေးအတွက် အဖြေမဟုတ်ပါဘူး။ မဖြစ်မနေ လိုအပ်ချက်ရှိတဲ့ လူအချို့အတွက်တော့ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာမှာပဲဖြစ်ဖြစ်၊ မြန်မာကိစ္စပဲဖြစ်ဖြစ် ဒုက္ခသည်တွေ တတိယနိုင်ငံကို အခြေချ ပြောင်းရွှေ့ဖို့ဆိုတာ ဒါ အဖြေမဟုတ်ပါဘူး။ ဒီဒုက္ခသည်တွေ အနေနဲ့ သူတို့နေရပ်ကို ဘေးကင်းလုံခြုံစွာ ပြန်နေရေး အခြေအနေ အချိန်အခါ ဖြစ်လာဖို့ ကိစ္စက အဓိကပါ။”

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာဒုက္ခသည်တွေ အနေနဲ့ ထိုင်းမှာ ယာယီခိုလှုံနေတုန်း နေထိုင် စားသောက်ရေး ကိစ္စအ၀၀ အဆင်ပြေစေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ထိုင်းအစိုးရနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒီအတွက် အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒေါ်လာသန်းနဲ့ချီ သုံးစွဲသွားဖို့ ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေကို လက်ခံခေါ်ယူတဲ့ အထဲမှာ အမေရိကန်နိုင်ငံက ဒုက္ခသည် အရေအတွက် အများဆုံး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မြန်မာဒုက္ခသည်တွေကို ဒုက္ခသည်အဆင့် သတ်မှတ်ရေး ကိစ္စမှာ ကုလသမဂ္ဂက ခွင့်ပြုတာ မဟုတ်တော့ဘဲ၊ ကုလသမဂ္ဂကို ခွင့်မပေးတော့ဘဲ ထိုင်းအာဏာပိုင်တွေက တာဝန်ယူလာခဲ့တဲ့နောက် ဒုက္ခသည်တွေ တတိယနိုင်ငံ အခြေချ နေထိုင်ဖို့ အခွင့်အလမ်းတွေ နည်းသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံ အနေနဲ့ကလည်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ အခွင့်အရေး စာချုပ်ကို လက်မှတ်ထိုးတဲ့နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း နားလည်မှု သဘောနဲ့ ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတွေရဲ့ အကူအညီကိုယူပြီး ဒီဒုက္ခသည်တွေကို လက်ခံထားတာပါ။ တလောကပဲ ထိုင်းမှာရှိတဲ့ အမေရိကန် သံအမတ်ကြီး မစ္စ ခရစ္စတီး ကန်နီ (Kristie Kenney) ကလည်း မြန်မာဒုက္ခသည် စခန်းတွေအထိ သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်တွေအတွက် အကူအညီ အထောက်အပံ့တွေ ဆက်ပေးသွားမယ်လို့ ကတိပြုခဲ့ပါတ

Three Reportedly Killed in Internal BGF Clash

Three Reportedly Killed in Internal BGF Clash
April 26, 2011

Armed fighting broke out for reasons unknown between Karen soldiers from Border Guard Force (BGF) unit 1012 and another unidentified BGF unit at their headquarters in southern Karen State on Friday.

Three soldiers were reportedly killed in the clash, according to Karen sources close to the BGF, while an ammunition store and a military barracks were burned down. Ten rifles were sequestered from the ammunition store by unit 1012 during the clash, said Brig-Gen Johnny, the commander of Karen National Liberation Army (KNLA) Brigade 7.

The clash happened at Myaing Gyi Ngu, which is the former headquarters of the Democratic Karen Buddhist Army (DKBA), a Karen rebel group which has mostly allied itself with the Burmese army despite much opposition to the alliance among its rank and file.

But despite widespread reports that many former DKBA soldiers were unhappy to serve under the control of Burmese army officers, Friday’s incident marks the first reported bloodshed.

Col Paw Doh, of the main ethnic Karen armed group, the Karen National Union (KNU), told The Irrawaddyon Monday: “The fighting broke out on April 22 at about 3 pm. As far as we know, the fighting was initiated by Pa Mee. The soldiers burned down one ammunition store and one army barracks.”

Pa Mee is a commanding officer in BGF 1012 who was a former member of DKBA Battalion 555.

Another DKBA source close to BGF 1012 confirmed to The Irrawaddy that Pa Mee led his men in an attack against another BGF unit.

BGF unit 1012 is formed by formers members of DKBA Battalion 555 who were transferred last year into the Burmese government-controlled BGF.

Meanwhile, sources from Brigade 7 of the KNLA, the military wing of the KNU, reported that 12 Karen soldiers from BGF unit 1016 deserted the BGF and defected to KNLA Brigade 7 on April 21.

The defecting members of the BGF had been based in Myawaddy, and reportedly brought with them four M-16 rifles, six AK-47s, two carbine rifles and one M-79.

According to the KNLA Brigade 7 report, no less than 67 soldiers from BGF units 1015, 1016 and 1019 defected to the KNLA between January and April, most saying they were unwilling to serve under Burmese army command.

On Saturday, DKBA Brigade 5 attacked Burmese Light Infantry Battalion (LIB) 212 in Ka Ma Kaung in Papun District of northern Karen State, where they burned down a paddy store and an ammunition store, according to Karen media reports.

Led by Brig-Gen Saw Lah Pwe, Brigade 5 is the largest faction of the DKBA to totally reject the BGF plan. In November, a serious clash broke out in Myawaddy between Brigade 5 and Burmese government troops, forcing 20,000 refugees to take temporary shelter in Thailand.

Armed clashes have continued to date between DKBA Brigade 5 and government troops in the southern Karen State area.

Karen Groups Join Forces on the Frontline

Karen Groups Join Forces on the Frontline
April 26, 2011

Soon after attacking an unidentified Border Guard Force (BGF) unit at their headquarters last Friday, some 28 members of BGF Unit 1012 made contact with Brigade 5 of the Karen National Liberation Army (KNLA) in Papun, northern Karen State, according to Karen military sources.

Led by their commanding officer, Pa Mee, BGF Unit 1012 clashed with the other BGF unit at Myaing Gyi Ngu in southern Karen State, in fighting that reportedly claimed three lives. The breakaway BGF unit also burned down one military barracks and an ammunition store, sources said.

“The same day they launched the attack, they crossed the western Salween River and entered territory controlled by KNLA Brigade 5,” said Brig-Gen Johnny, the commander of KNLA Brigade 7. “They brought only about 30 small rifles, after burning any heavy weapons they couldn’t carry with them.”

The breakaway unit of the Burmese military-led BGF is now meeting with KNLA Brigade 5 leaders and “have joined hands with the KNU,” said Johnny, referring to the Karen National Union, the political wing of the KNLA. “They will return to us soon,” he added.

Meanwhile, a unit of Democratic Karen Buddhist Army (DKBA) Brigade 5, led by Brig-Gen Saw Lah Pwe, also launched a major attack against Burmese government troops from Light Infantry Battalion (LIB) 543 in Kyeikdon Township on Sunday, said Karen sources close to the DKBA.

The battle lasted 12 hours and resulted in the death of around 19 Burmese soldiers and injuries to another 17, said the sources.

The assault followed an attack on Saturday by another unit of DKBA Brigade 5 that targeted LIB 212 in Ka Ma Kaung in Papun District. No casualties were reported, but the Burmese army unit’s food and ammunition stores were destroyed.

Karen observers said that fighting in towns has been increasing since DKBA Brigade 5, which refused to join the BGF last year along with the rest of the DKBA, announced that it would focus its military strategy on targeted urban areas. They also said that the KNLA, DKBA Brigade 5 and some Karen BGF soldiers have been cooperating on the frontline.

“We are in good contact with each other. We exchange information and work with understanding,” said a major from KNLA Brigade 5. Many BGF members are unhappy serving in the BGF and want to join forces with the KNU, he added.

According to a KNLA Brigade 7 report, at least 67 soldiers from BGF units 1015, 1016 and 1019 defected to the KNLA between January and April, most saying they were unwilling to serve under Burmese army command.

DKBA Brigade 5 is now backed by the KNLA as it continues to launch urban attacks against government troops.

Brig-Gen Johnny said he expected more BGF soldiers to return to the KNLA as a result of internal conflicts in the BGF.

“We will be united when the important time comes,” said Johnny.

He said that it is time for the new Burmese government to sit down with the ethnic armed groups and engage in serious talks aimed at ending decades of conflict. Armed conflict is not the answer, he said, adding that it was up to the government to take the initiative to end the bloodshed.

“The government has to realize that they can’t defeat us easily. Our resistance has continued for six decades, and they haven’t been able to defeat us yet,” said Johnny.

Tuesday, April 26, 2011

Burmese TV Magazine April Final Week

Taliban prisoners escape Afghan jail

Taliban prisoners escape Afghan jail (1:16)

Apr 25 - Officials say almost 500 prisoners, including Taliban commanders, escaped a Kandahar prison through a tunnel. Jessica Gray reports.

ဆရာအောင်သင်းတို့ စင်္ကာပူတွင် စာပေဟောပြော

ဆရာအောင်သင်းတို့ စင်္ကာပူတွင် စာပေဟောပြော
ကိုပေါက် | တနင်္လာနေ့၊ ဧပြီလ ၂၅ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၃၂ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ စာပေလူကြမ်းမင်းသားအဖြစ် လူသိများသည့် စာရေးဆရာ ဦးအောင်သင်းနှင့် စာရေးဆရာ ၃ ဦး၏ စာပေဟောပြောပွဲတရပ်ကို စင်္ကာပူရောက် မြန်မာနိုင်ငံသားများက တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ကြသည်။

အမျိုးသားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် နေ့လည် တနာရီခွဲမှ ည ၈ နာရီကျော်ထိ ကြာမြင့်ခဲ့ကာ၊ စာရေးဆရာ အောင်သင်း၊ ချစ်ဦးညို၊ ကျော်ဝင်းနှင့် ဦးဖုန်း(ဓာတု) တို့က ပရိသတ် ၁၇ဝဝ ကျော်ကို ဟောပြောခဲ့ခြင်း ဖြစ်သည်။

“၃ ထပ်ရှိပါတယ်။ အရင်က သမ္မတ ရုပ်ရှင်ရုံလိုပါပဲ။



စင်္ကာပူ စာပေဟောပြောပွဲ
အကုန်ပြည့်သွားပါတယ်။ ဆရာဦးအောင်သင်းက နာရီဝက် ကျော်ကျော်လေးပဲ ပြောပါတယ်။ ကျန်တဲ့ဆရာတွေကတော့ ပျမ်းမျှ မိနစ် ၉ဝ စီလောက် ပြောတာပါ။ ရေးသူဖတ်သူ ဆွေးနွေးပွဲအစီအစဉ်ကို အချိန်အကန့်အသတ်ကြောင့် မလုပ်နိုင်ခဲ့ပါဘူး။ ဆရာတွေကို မေးချင်တဲ့မေးခွန်းတွေကို စာရွက်နဲ့ ရေးမေးခိုင်းထားပါတယ်။ ဆရာတွေ ပြန်လည်ဖြေကြားမှာတွေကိုတော့ ကျနော်တို့ သဇင်မဂ္ဂဇင်းမှာ ဖော်ပြပေးဖို့ ကြေညာထားပါတယ်” ဟု ပွဲစီစဉ်သူ တဦးဖြစ်သူ စင်္ကာပူထုတ် သဇင်မဂ္ဂဇင်းမှ ဦးကောင်းမြတ်နွယ်က ပြောသည်။

ဟောပြောပွဲတွင် ဆရာအောင်သင်းက ‘ကိုယ့်မြေ ကိုယ့်ရေ’ ၊ ဆရာချစ်ဦးညိုက ‘ကျနော် ခံစားမိသလို ပြောဆိုပါမည်’၊ ဦးဖုန်း (ဓာတု)က ‘အိမ်’ ဟူသောခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြသည်။

ပြည်ပရောက်လူငယ်များကို “လူကသာ ပြည်ပရောက်နေတာဗျ။ စိတ်က ပြင်တွင်းရောက်နေတာပဲ၊ သူသူကိုယ်ကိုယ်။ ကိုယ့်မြေ ကိုယ့်ရေ မလွမ်းတဲ့သူ ရှိမလား။ ငယ်ငယ်တုန်းက ကုက္ကိုပင်ကြီးကအစ ပြန်လွမ်းတာပေါ့ဗျာ။ ပြည်တွင်းက လူတွေကို ဗဟုသုတကြွယ်အောင် သတင်းကအစ ဖြန့်ပေးပါလို့ ပြောချင်တယ်။ ကိုယ့်မြေ ကိုယ့်ရေကို ချစ်ပါ။ အဲလိုပဲ ကိုယ်ရောက်နေတဲ့ နေရာမှာလည်း ဧည့်သည်လို သဘောမထားဘဲ ချစ်ပါလို့ ပြောချင်ပါတယ်” ဟု ၈၄ နှစ်အရွယ် ဆရာအောင်သင်းက မှာကြားသည်။ ပရိသတ် ၉ဝ ရာခိုင်နှုန်းခန့်မှာ လူငယ်များဖြစ်ပြီး စိတ်အားထက်သန်ကြသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။

“ကျနော်မျှော်လင့်ထားတာထက် တုံ့ပြန်မှု ပိုကောင်းပါတယ်။ လူငယ်ပရိသတ်ပေါ့။ သိပ်တက်ကြွတယ်။ ရန်ကုန်နဲ့ ဗမာပြည်တွင်းက ပရိသတ်ထက် တက်ကြွတယ်။ ဘာကြောင့်လဲဆိုတော့ ကြုံတောင့်ကြုံခဲ ဖြစ်နေတာကိုး။ ကျနော်ကလည်း အသက်ကြီးပြီဆိုတော့ ကန်တော့ခံရုံ အဓိက ဖိတ်တာပါ” ဟု သူက ပြောဆိုသည်။

ဟောပြောပွဲကို ၆ လခန့် ကြိုတင်စီစဉ်ခဲ့ပြီး စင်္ကာပူ ရွေးကောက်ပွဲ နီးနေသဖြင့် ကန့်သတ်တင်းကျပ်မှုများ ရှိနေကာ၊ စင်္ကာပူ သက်ဆိုင်ရာ ရဲဌာနသို့ ဟောပြောမည့် အကြောင်းအရာများ ကြိုတင်ပေးပို့ခဲ့ကြရသည်။

“ရဲခွင့်ပြုချက် တင်တဲ့အခါ ဟောပြောမယ့် စကားတွေကို စာကြမ်းမဟုတ်ဘဲနဲ့ အပြည့်ရေးတင်ခိုင်းတာ။ ၂ နာရီစာလောက် ဟောမယ့်ဟာကို အပြည့်ရေးမတင်နိုင်တော့ စာကြမ်းပဲ ရေးတင်လိုက်ပါတယ်။ တကယ်တော့ ကျနော်တို့ကလည်း ဆရာတွေ ဘာပြောမယ်ဆိုတာ မသိဘူးလေ။ ဖြစ်နိုင်တာကိုပဲ လျှောက်လွှာစာရွက် ၂ မျက်နှာစီလောက် ရေးတင်လိုက်ပါတယ်။ တလလောက်ကြာမှ ခွင့်ပြုမိန့် ကျလာတာပါ” ဟု ဦးကောင်းမြတ်နွယ်က ပြောသည်။

စာရေးဆရာကျော်ဝင်း ဟောပြောမည့် နိုင်ငံရေးခေါင်းစဉ်အစား အခြားခေါင်းစဉ်သို့ ပြောင်းလဲတင်ပြခဲ့ရသေးသည်။

“တကယ်တမ်း ကျနော်တို့တောင်းဆိုချင်တာကတော့ Myanmar’s Political History and Outlook လား မသိဘူး။ အဲဒီအကြောင်းကို ကျနော်တို့က ကြိုက်တာ။ ရဲအရာရှိကိုယ်တိုင်က ခေါ်တွေ့ပြီးတော့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေးတွေကို လုံးဝမဟောဖို့ ကျနော့်ကို လက်မှတ်ထိုးခိုင်းပါတယ်။ တကယ်လို့ နိုင်ငံရေးတို့ဘာတို့ တင်ရင် မကျမှာစိုးလို့ ကမ္ဘာပြားပြီပဲ တင်လိုက်ရတာပါ” ဟု ဦးကောင်းမြတ်နွယ်က ပြောသည်။

မြန်မာပြည်တွင်း စာပေဟောပြောပွဲများမှာပင် ဤမျှ တင်းကျပ်မှု မရှိကြောင်း ဆရာဦးအောင်သင်းကလည်း ပြောဆိုသည်။

“ဗမာပြည်မှာတော့ ဟောပြောမယ့်အကြောင်းအရာ ကြိုတင်တင်ပြရတယ်ဆိုတာတော့ မရှိပါဘူး။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုတော့ အသိပေးရပါတယ်။ ဘာတွေပြောမယ်ဆိုတာတော့ အသိပေးရတာမျိုးတွေ မရှိပါဘူး။ ခေါင်းစဉ်တို့ဘာတို့တော့ တခါတလေ တောင်းတတ်တယ်။ တချို့ ကြောက်တတ်တဲ့ ဥက္ကဋ္ဌတို့ဘာတို့ဆိုရင် သိပ်ခွင့်မပြုဘူးပေါ့ဗျာ။ အခုချိန်မှာတော့ အဆင်ပြေပါတယ်” ဟု သူက ဆိုသည်။

ဆရာအောင်သင်း၏ ပထမဆုံးအကြိမ် ပြည်ပစာပေဟောပြောပွဲ ခရီးစဉ်ဖြစ်ပြီး ယခင်နှစ်များက ဖိတ်ကြားခဲ့သော်လည်း နိုင်ငံကူးလက်မှတ် မရသဖြင့် ယခုနှစ်မှ လာရောက်နိုင်ခြင်း ဖြစ်သည်။

ဝင်ကြေးအဖြစ် ပရိသတ် တဦးလျှင် ၁၅ ဒေါ်လာ ပေးရပြီး ဆိုင်အချို့က ၎င်းတို့ပစ္စည်းဝယ်ယူလျှင် လက်မှတ်ကို လျှော့ဈေးဖြင့် ရောင်းချသည်များလည်းရှိကာ၊ ဟောပြောပွဲတွင် ပရိတ်သတ်ကို ကြက်သားဒံပေါက်ဖြင့် ဧည့်ခံခဲ့သည်။

“ဗမာတွေကိုလည်း ဒီလို ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ အဆင့်အမြင့်ဆုံး ဟောပြောပွဲကြီးဖြစ်အောင်၊ ပရိသတ်လည်း မပျင်းမရိနဲ့ သုတ/ရသ ပြည့်စုံအောင် ရွေးစီစဉ်ထားတော့ တကယ်ကို အောင်မြင်တဲ့ ပွဲကြီးဖြစ်ခဲ့ပါတယ်။ ပွဲက တော်တော်လေးကို ဆူပြီးတော့ လှသွားပါတယ်” ဟု ဦးကောင်းမြတ်နွယ်က ပြောသည်။

စင်္ကာပူနိုင်ငံရောက် မြန်မာများအနေဖြင့် စာပေဟောပြောပွဲများ ကျင်းပလာခဲ့ကြသည်မှာ ၃ နှစ်ဆက်တိုက် ရှိခဲ့ပြီဖြစ်သည်။

၂ဝဝ၉ ဒီဇင်္ဘာတွင် ချစ်ဦးညို၊ နေဝင်းမြင့်၊ ဂျူးတို့ လာရောက်ခဲ့ကြပြီး၊ ၂ဝ၁ဝ စက်တင်္ဘာတွင် လယ်တွင်းသားစောချစ်၊ အော်ပီကျယ်၊ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ လာရောက်ဟောသွားခဲ့သည်။

လာမည့် နှစ်များတွင်ပါ စာပေဟောပြောပွဲ ပြုလုပ်သွားရန် စာရေးဆရာများနှင့် တိုင်ပင်ထားကြောင်း သိရသည်။

အာဖဂန် ထောင်ဖောက်မှုအတွင်း အကျဉ်းသား ၄၀၀ ကျော် ထွက်ပြေး

By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 25 ဧပြီ 2011

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာ (Kandahar) မြို့မှာ အကျဉ်းထောင်တခုရဲ့ အောက်ကနေ တွင်းတူးပြီး တာလီဘန် သောင်းကျန်းသူ အများအပြားပါတဲ့ အကျဉ်းသား ၄၀၀ လောက် ထွက်ပြေး လွတ်မြောက်သွားတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ အင်မတန် ဆိုးဝါးတဲ့ လုံခြုံရေး ပျက်ကွက်မှု ဖြစ်တယ်လို့ အာဖဂန်နစ္စတန် အစိုးရက ပြောပါတယ်။

ဆာပိုဆာ (Sarposa) အကျဉ်းထောင်ရဲ့ အောက်အထိ ပေါက်အောင် တူးထားတဲ့ လိုဏ်ခေါင်းထဲကနေ အကျဉ်းသား ၄၇၅ ယောက် ထွက်ပြေးသွားတယ်လို့ အကျဉ်းဦးစီး တာဝန်ရှိသူ ဂူလမ် ဒက်စ်တာဂီယာ မေယာ (Ghulam Dastagir Mayar) က ပြောပါတယ်။

တာလီဘန် အများစု ပါဝင်တဲ့ လွတ်သွားသူ အရေအတွက်ဟာ အကျဉ်းထောင်ရဲ့ ၃ ပုံ ၁ ပုံလောက် ရှိပါတယ်။ ပေ ၁,၀၀၀ ကျော်ရှည်တဲ့ လိုဏ်ခေါင်းကို လွန်ခဲ့တဲ့ ၅ လလောက်ကြာအောင် ဖောက်လုပ်ခဲ့တာလို့ တာလီဘန်တို့က ပြောပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ လိုဏ်ခေါင်းဟာ ထောင်မကြီးကို ပေါက်သွားပြီး နာရီနဲ့ချီ ထောင်သားတွေ လိုဏ်ခေါင်းထဲကနေ ထွက်ပြေးခဲ့ကြတာကို ထောင်စောင့်တွေ မသိလိုက်ကြပါဘူး။ လွတ်သွားသူတွေထဲမှာ တာလီဘန်တပ်မှူး ၁၀၀ ပါဝင်တယ်လို့ တာလီဘန်တွေက ပြောပါတယ်။

ထောင်ဖောက်မှုဟာ အင်မတန်ဆိုးတဲ့ လုံခြုံရေး ပေါ့လျော့မှုဖြစ်ပြီး စုံစမ်းစစ်ဆေးနေပြီလို့ သမ္မတ ပြောခွင့်ရသူ ၀ါဟိဒ် အိုမာ (Waheed Omar) က ပြောပါတယ်။

ထောင်ဖောက်ပြေးသွားသူတွေကို လိုက်လံရှာဖွေရေး လုပ်နေပြီး ၁၃ ယောက်ကို ပြန်ဖမ်းမိတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း အဲဒီ အကျဉ်းထောင်မှာပဲ သောင်းကျန်းသူတွေက ထောင်အပေါက်ဝတွေကို ဗုံးခွဲဖျက်ဆီးခဲ့တာမှာ တာလီဘန် တိုက်ခိုက်ရေးသမားတွေ အပါအဝင် အကျဉ်းသား ၉၀၀ လောက် လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ထောင်ရဲ့ လုံခြုံရေးကို သက်ဆိုင်ရာက တိုးမြှင့်ထားတဲ့ကြားက အခုတခါ ထပ်ပြီး ထောင်ဖောက်ခံရတာ ဖြစ်ပါတယ်။






Burmese Migrants Face Double Discrimination

Monday, April 25, 2011

်ပထမ သုံးလပတ် အတွင်းဖြစ်ပွားသော KNLA နှင့် SPDC တို့ ၏ တိုက်ပွဲစာရင်းချူပ် အစီရင်ခံစာ

Saturday, April 23, 2011
ပထမ သုံးလပတ် အတွင်းဖြစ်ပွားသော KNLA နှင့် SPDC တို့ ၏ တိုက်ပွဲစာရင်းချူပ် အစီရင်ခံစာ

KNLA မှထုတ်ပြန်သောအစီရင်ခံစာအရ ဇန်န၀ါရီလ ၁ရက် မှမတ်လ ၃၁ ရက် နေ့ အထိ ကေအဲန်ယူထိမ်းချူပ်နယ်မြေ တပ်မဟာ(၁)မှ (၇)အထိ တိုက်ပွဲပေါင်း ၅၂၆ ကြိမ်ဖြစ်ပွားခဲ့သည်။

- နအဖ စစ်တပ်မ သေဆုံးမှု ၄၁၆ ဦး
- ထိခိုက်ဒဏ်ရာရမှု ၆၆၁ ဦး
- KNLA ထံသို့ လက်နက်ချ အညံ့ခံသူ ၁၀ဦး ဖြစ်ပြီး
KNLA ဖက်မှ ၃ ဦးကျဆုံး ၃ ဦးဒဏ်ရာ ရရှိကြောင်းဖေါ်ပြထားပါသည်။

သေဆုံးမှုအချိုး - KNLA : SPDC , 1 : 138
ထိခိုက်ဒဏ်ရာရမှုအချိုး - KNLA : SPDC, 1 : 220

- နအဖ တပ်ထံမှ KNLA သိမ်းဆည်းရမိသော လက်နက်များမှာ - MA11 တစ်လက်၊ MA12 တစ်လက်၊ MA 1 (၉)လက်၊ MA 3 နှစ်လက်၊ MA 4 တစ်လက်၊ K 3 လေးလက်၊ ၆၀မမ တစ်လက်၊ Rifle grenade တစ်လက်၊ Revolver တစ်လက်၊ စကားပြောစက် ၈ လုံး၊ လက်ပစ်ပုံး တစ်လုံး၊ M 16 တစ်လက်၊ AK လေးလက်၊ AR တစ်လက်၊ Brand တစ်လက်၊ ကာဘိုင် တစ်လက်၊ မြေမြုပ်မိုင်း တစ်လုံး၊ ကျည်ကပ်အမျိုးမျိုး ၆၉ ကပ်၊ ကျည်အမျိုးမျိုး ၄၁၃၈ တောင့်
- KNLA မှ Revolver တစ်လက်ဆုံးရှူံးသည်။

အစီရင်ခံစာအရ တိုက်ပွဲ အများဆုံးဖြစ်ပွားသော ဒေသများမှာ တပ်မဟာ(၂) တောင်ငူခရိုင်နှင့် တပ်မဟာ(၅) ဖာပွန်ခရိုင်တို့ ဖြစ်သည်။

ဇန်န၀ါရီလ ၁ ရက်မှ မတ်လ ၃၁ရက် နေ့ အထိ KNLA နှင့် BGF တို့ ၏ တိုက်ပွဲစာရင်းချူပ်
ကေအဲန်ယူ ထိမ်းချူပ်နယ်မြေ တပ်မဟာ (၅) (၆) (၇) တွင် တိုက်ပွဲပေါင်း ၂၁ ကြိမ်ဖြစ်ပွားခဲ့သည်။
- BGF မှထိခိုက်သေးဆုံးမှု - ၁၅ ဦး
- ဒဏ်ရာရသူ - ၄၆ ဦး
- KNLA ထံသို့ လက်နက်ချ ၆၈ ဦး
- ဖမ်းဆီးခံရသူ ၁၂ ဦး
- KNLA သိမ်းဆည်းရရှိသောလက်နက်များမှာ ကာဘိုင် ၈ လက်၊ ပစ္စတို ၈ လက်၊ AR ၂၂ လက်၊ အေကေ မောင်းပြန် ၂၆ လက်၊ စကားပြောစက် ၁၂ လုံး၊ M16 တစ်လက်၊ ပွိုင့် 22 တစ်လက်၊ Brand တစ်လက်၊ G 3 တစ်လက်၊ RPG 7 တစ်လက်၊ 2A Mortor တစ်လက်၊ MA1 တစ်လက်၊ Rifle grenade တစ်လက်၊ G 2 တစ်လက်၊ M 79 (၁၀)လက်၊ ကျည်ကပ် အမျိုးမျိုး ၂၉၇ ကပ်၊ ကျည်ထောင့်အမျိုးမျိုး ၃၁၅၁ တောင့်

မူရင်းအစီရင်ခံစာကြည့်ရန်

_First_Quarter_Battle_news__2011_
_First_Quarter_Battle_news__2011_

Sunday, April 24, 2011

တိုက်ပွဲနှင့်လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း - 6 to 19 April 2011

Battle and Human Right abuse Situation Report - 6 to 19 April 2011

(၅) နှစ်သမီးအသတ်ခံရမှု အာဏာပိုင်များ အရေးမယူသည့်အတွက် ဒေသခံများမကျေနပ်

(၅) နှစ်သမီးအသတ်ခံရမှု အာဏာပိုင်များ အရေးမယူသည့်အတွက် ဒေသခံများမကျေနပ်

http://www.yoma3.org

ငါးနှစ်အရွယ်ကလေး အသတ်ခံရမှုကို သက်ဆိုင်ရာ ရဲစခန်းက တစုံတရာ အရေးယူခြင်းမရှိသည့်အတွက် မိသားစုဝင်များနှင့် ဒေသခံများက မကျေမနပ်ဖြစ်နေကြသည်။

ပြီးခဲ့သည့်လ ၂၀ ရက်နေ့ည ၇ နာရီခန့်တွင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ထနီကျေးရွာတွင် မိဘများနှင့်အတူ ငါးကန်သွားတူးနေစဉ် အသတ်ခံလိုက်ရသည့် မခင်စံပါယ်၏အမှုအား မိဘများက လေးအိမ်စု ရဲစခန်းသို့ သွားရောက်အမှုဖွင့်ခဲ့သော်လည်း အရေးယူခြင်းမရှိကြောင်း မိသားစုဝင်တဦးက ပြောသည်။

“ကလေးက ည ၇ နာရီလောက်မှာ ပျောက်သွားတယ်၊ ပြန်တွေ့တော့ ၁၀ နာရီလောက်မှာ ပြန်တွေ့တဲ့အချိန်မှာ နားကွင်းပြန်မပါတော့ဘူး၊ သွားအကြောင်းကြားတဲ့သူက ရဲကို မခေါ်လာဘဲ ရယကတွေကို ခေါ်လာတယ်၊ သူတို့က ကာယကံရှင်တွေကို နားလည်မှုနဲ့လုပ်ပြီးအလောင်းကို ကန်ပိုင်ရှင်ဦးမင်းသူနဲ့ ရယကက မြုပ်ပစ်လိုက်တယ်၊ သုံးလပိုင်း ၂၁ ရက်နေ့ လေးအိမ်စု ရဲစခန်း စခန်းမှူးဦးကျော်ဦးဆီမှာ အမှုဖွင့်ထားတယ်” ဟု ပြောသည်။

မခင်စံပါယ် အလောင်းကို ၂၁ ရက်နေ့တွင် မြေမြုပ်လိုက်ပြီး ၂၆ ရက်နေ့တွင် ရဲအာဏာပိုင်များက ပြန်လည်တူးဖော်စစ်ဆေးသော်လည်း ယနေ့အထိ တစုံတရာ ဆေးစစ်ချက်အဖြေမသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

“အလောင်းဖော်ပြီးလုပ်တာ တလကျော်ပြီ ဘာမှ စစ်ဆေးချက်မရသေးဘူး၊ ရဲစစ်ချက် ဆေးစာလည်း မရသေးဘူး၊ ရဲမှုခင်းဆိုင်ရာ ဆောင်ရွက်မှု လုံးဝမရှိတော့ မိသားစုဝင်တွေရော ဒေသခံတွေရော မကျေနပ်ဖြစ်နေကြတာ” ဟု ပြောသည်။

သေဆုံးသူ မခင်စံပါမယ်မှာ ထနီးကျေးရွာအုပ်စု၊ ဂဠုန်(၁) ကျေးရွာမှ အဖ ဦးစိန်ထွန်းနှင့် အမိ ဒေါ်ခင်ဌေးတို့၏ သမီးဖြစ်ပြီး မိဘများမှာ ကျဘန်းလုပ်စားသူများ ဖြစ်သည်။

ဧပြီလ တတိယပတ် ရုပ်သံသတင်း

ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုးပေးနေရ

ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုးပေးနေရ

Submitted by Karen Information Center on Friday, 22 April 2011




ဧပြီလ ၂၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ၀ါ့မူ့ကျေးရွာအုပ်စုမှ ကျောင်းဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများသည် စာမေးပွဲဖြေပြီးချိန်မှစ၍ ယခုအချိန်ထိ ထိုဒေသတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ်များ၏ ရိက္ခာများ ကို ထမ်းပိုးပေးနေရသည်ဟု ဒေသခံကျောင်းဆရာများက ပြောသည်။

ဝါ့မူ့ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ် တပ်မ(၁၁)လက်အောက်ခံ ခလရ(၉၆)တပ်ရင်းသည် ၀ါ့မူ့၊ မယ်တိုး ထာ၊ ကေကော်နှင့် မယ်ဝေစခန်းများတွင် အခြေချသည့် ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ဆန်ရိက္ခာများ ထမ်းပိုးပေးရန် ပြီးခဲ့ သည့် ဖေဖော်ဝါရီလကုန် စာမေးပွဲဖြေဆိုပြီးချိန်မှ ယနေ့အချိန်ထိ ယင်းသို့ ခေါ်ယူခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ၀ါ့မူ့ကျေးရွာအုပ်စု မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

၎င်းကျောင်းဆရာက “ရိက္ခာထမ်းပို့ခိုင်းတာက စာမေးပွဲဖြေတဲ့အချိန်ကတည်းကပါ။ စာမေးပွဲအချိန်ဆိုတော့ ဘယ်သူမှ မသွား ကြသေးဘူး။ စာမေးပွဲပြီးမှ ဆရာဆရာမ၊ ကျောင်းသူကျောင်းသားတွေအကုန် စုပေါင်းပြီးတော့ သွားထမ်းပို့ပေးကြတယ်။ နေ့ တိုင်း မခိုင်းပေမယ့် တရက်ခြားနှစ်ရက်ခြားတခါ အခုထက်ထိ သွားနေရတုန်းပဲ။”ဟု ပြောသည်။

ယင်းသို့ တပ်ရိက္ခာအတွက် သွားထမ်းပိုးပေးရာတွင် တနေကုန်သွားလာရသည့်အပြင် လမ်းခရီး၌ စစ်တပ်မှ ထမင်းမကျွေးသ ဖြင့် မိမိတို့၏နေအိမ်မှ ထမင်းထုတ်များ သယ်ဆောင်သွားရသည်ဟု အဆိုပါကျောင်းဆရာက ပြောသည်။

ထို့အပြင် ရိက္ခာထမ်းပိုးရသည့် ၁၃နှစ်နှင့် ၁၄နှစ်အရွယ် ကျောင်းသူကျောင်းသားများမှာ သွားလာရင်း လမ်းခုလတ်တွင် ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ) တပ်ဖွဲ့ဝင်များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် စိုးရိမ်စိတ်ဖြင့် လိုက်ပါနေရသည်ဟု သိရသည်။

ကျောင်းဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ ယခုလို နွေကျောင်းပိတ်ရက်တွင် စစ်တပ်ရိက္ခာ ထမ်းပိုးပေးရခြင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန်ရာရောက်ကြောင်း နယ်စပ်ဒေသရှိ ကရင်ကျောင်းဆရာများသမဂ္ဂ(KTWG)မှ ဆရာ စောအဲဒိုဝါးက ပြောသည်။

၎င်းက “ပေါ်တာခေါ်တာတို့၊ ဆန်ထမ်းခိုင်းတာတို့ လုပ်ဆောင်တဲ့နေရာမှာ ကလေးတွေပါ ပါဝင်တာကိုကြည့်ရင် လူ့အခွင့်အ ရေးချိုးဖောက်မှုတရပ်ပဲ။ ဒါဟာ တနည်းတဖုံနဲ့ ကလေးတွေရဲ့ ကြီးပြင်းလာမှု၊ ဦးနှောက်ဖွံ့ဖြိုးလာမှုကို တကယ်ပဲ အနှောက်အ ယှက်ဖြစ်စေတယ်။ ဒီတော့ ကျနော်တို့ ကရင်ကျောင်းဆရာများသမဂ္ဂအနေနဲ့ လုံးဝ ဆန့်ကျင်တယ်။”ဟု ပြောသည်။

ကျောင်းသူကျောင်းသားနှင့် ဆရာဆရာမဦးရေ ၇၀၀ကျော်ရှိ ဒွယ်လိုးမြို့နယ်၊ ၀ါ့မူ့ကျေးရွာအုပ်စုရှိ အထက်တန်းကျောင်းများ မှာ အစိုးရကျောင်းများဖြစ်သော်လည်း မူလတန်းကျောင်းအများစုကမူ ကိုယ်ထူကိုယ်ထကျောင်းများ ဖြစ်ကြသည်။

ဒုအရာခံဗိုလ် ပါဝင်သည့် နယ်ခြားစောင့် ၁၂ဦး ကေအဲန်ယူထံ ထွက်ပြေးလာ

ဒုအရာခံဗိုလ် ပါဝင်သည့် နယ်ခြားစောင့် ၁၂ဦး ကေအဲန်ယူထံ ထွက်ပြေးလာ

Friday, 22 April 2011



ဧပြီလ ၂၂ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီမြို့ နယ်စပ်ဒေသရှိ နယ်ခြားစောင့်တပ်(၁၀၁၆)မှ တပ်ဖွဲ့ဝင် ၁၂ဦးသည် လက်နက်ကိုယ်စီဖြင့် ကရင်အ မျိုးသားအစည်းအရုံး တပ်မဟာ(၇)ထံသို့ ယမန်နေ့က ထွက်ပြေးလွတ်မြောက်လာခဲ့သည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ်စော ဂျော်နီက ပြောသည်။

၎င်းက “နယ်ခြားစောင့် ၁၂ယောက် ကျနော်တို့ တပ်မဟာ(၇)ကို မနေ့က ညနေ ၄နာရီလောက်မှာ ထွက်ပြေးလာတယ်။ အဲဒီ အထဲမှာ ဒုအရာခံဗိုလ် တစ်ယောက်ပါတယ်။ သူတို့နဲ့အတူ မော်တာတစ်လက် အပါအ၀င် လက်နက် ၁၃လက် ပါလာတယ်။” ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များထဲတွင် ဒုအရာခံဗိုလ် ၁ဦးနှင့် တပ်ကြပ် ၁ဦး ပါဝင်ပြီး ၎င်းတို့ယူဆောင်လာသည့် လက် နက်ခဲယမ်းများမှာ M-16 ၄လက်၊ AK-47 ၆လက်၊ ကျည်ဆံ ၆၈၃တောင့်၊ ကာဘိုင် ၂လက်၊ M-79 ၁လက်နှင့် ၎င်းကျည် ၁၇ လုံးတို့ဖြစ်သည်ဟု သိရသည်။

ယင်းသို့ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များထဲတွင် အသက် ၁၅နှစ်နှင့် ၁၆နှစ်အရွယ် ကလေးစစ်သားနှစ်ဦး ပါဝင် ပြီး ၎င်းတို့မှာ နယ်စပ်ရှိ ကလို့ယော်ထာ့နေရာတွင် တာဝန်ကျသည့် ဗိုလ်မှူးမြတ်ခိုင် ဦးစီးသော နယ်ခြားစောင့်တပ်(၁၀၁၆) တပ်ရင်းမှဖြစ်ကြောင်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ယခုလို ပြောသည်။

“အခု ပြန်ရောက်လာတဲ့ နယ်ခြားစောင့်အဖွဲ့ဝင်တွေက (၁၀၁၆)တပ်ရင်းကလူတွေချည်းပါပဲ။ ၅ယောက်၊ ၆ယောက်လောက်က တော့ ကျနော်တို့နဲ့အတူ တိုက်ပွဲဆက်ဝင်မယ်လို့ ပြောတယ်။ အသက်မပြည့်တဲ့ ကလေးနှစ်ယောက်က စစ်သားဆက်လုပ်ချင် ပေမဲ့ ကျနော်တို့ လက်မခံသေးဘူး။”ဟု ပြောဆိုသည်။

ယခု ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလမှ မတ်လအထိ ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေသို့ နယ်ခြားစောင့်တပ်(၁၀၁၅)၊ (၁၀၁၆)နှင့် (၁၀၁၉)တပ်ရင်းများမှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၇ဦးရှိပြီး ဧပြီလထဲ၌ အယောက် ၂၀နီးပါး ထွက်ပြေး ရောက်ရှိလာသည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှတ်တမ်းများအရ သိရသည်။

နအဖအရာရှိ(၁၇)ဦး ပိတ်မိနေပြီး(၈)ဦးအရေးပေါ်ကုသမှု လုပ်ဆောင်ရသော ဥမင်လှိုဏ်ခေါင်း မြေပြိုမှု

Friday, April 22, 2011နအဖအရာရှိ(၁၇)ဦး ပိတ်မိနေပြီး(၈)ဦးအရေးပေါ်ကုသမှု လုပ်ဆောင်ရသော ဥမင်လှိုဏ်ခေါင်း မြေပြိုမှု
နအဖစစ်အစိုးရ၏ နျူးကလီးယားတည်ဆောက်မှုစီမံကန်းသည် ဘယ်အခြေအနေထိ ရောက်ရှိနေမှန်း
အတိအကျမသိရှိရသော်လည်း လျှို့ဝှက်ပေါက်ကြားလာသော သတင်းများအရ ယမန်နေ့ ၂၁-၄-၂၀၁၁၊
နေ့လည်(၂)နာရီခွဲအချိန်တွင် နျူးကလီးယားပြုလုပ်ပြင်ဆင်ထားသည့် မြေအောက်လှိုဏ်ခေါင်းမှာ
မြေပြိုကျမှုဖြစ်ပွားခဲ့ပါသည်။


၎င်းဥမင်လှိုဏ်ခေါင်း မြေပြိုမှုကြောင့် (၈)ဦးဒဏ်ရာရရှိခဲ့ပြီး နအဖအရာရှိ(၁၇)ဦးမှာ လှိုင်ခေါင်းထဲတွင်
ပိတ်မိနေပြီး ဒဏ်ရာရသူ(၈)ဦး အရေးပေါ်ကုသမှုပြုလုပ်နေရကြောင်း သတင်းရရှိပါသည်။


လက်ရှိပိတ်မိနေသော အရာရှိ(၁၇)ဦးကို ဆက်သွယ်၍မရဖြစ်နေပြီး ၄င်းတို့အခြေအနေကို
မသိရှိရသေးသောကြောင့် အရေးပေါ်ကယ်ဆယ်မှုများ ပြုလုပ်နေကြောင်းလည်း သိရပါသည်။


နေပြည်တော်အစိုးရက လက်ရှိပိတ်မိနေသော (၁၇)ယောက်ကို အမြန်ဆုံးကယ်တင်ရန် ညွန်ကြား
ထားပြီး အပြင်ကို မပေါက်ကြားနိုင်အောင် လုပ်ဆောင်ဖို့လည်း ညွန်ကြားထားကြောင်း သိရပါသည်။


နျူးကလီးယားနှင့် တာဝေးပစ်ဒုံးကျဉ်တည်ဆောက်မည့် လုပ်ငန်းဆိုင်ရာအတွင်း ယခုလိုဖြစ်ပွား
ခဲ့ရသောအခြေအနေနှင့်စပ်လျဉ်း၍ သေချာစီစဉ်လုပ်ဆောင်နိုင်ရန်၊ ဒီကိစ္စနှင့်ပတ်သက်၍
နိုင်ငံတကာအထိ ပေါက်ကြားမှုမရှိစေရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်
အမြန်ဆုံး လုပ်ဆောင်နိုင်ရန် ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုယ်တိုင်က တာဝန်ယူ ကိုင်တွယ်
သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။