Saturday, June 22, 2013

နတ်မောက်မြို့ နယ် ထုံးပေါက်ချိုင်းကျေးရွာ၌ အရပ်ရှစ်ပေလေးလက်မရှိ လူတစ်ဦးကို ထူးခြားအံ့ဘွယ်တွေ့ ရ

မကွေးတိုင်း ဒေသကြီး နတ်မောက်မြို့နယ်  ထုံးပေါက်ချိုင်း ကျေးရွာတွင် အရပ်အမြင့် ရှစ်ပေလေးလက်မရှိ လူငယ်တစ်ဦး ကို ထူးဆန်းစွာ တွေ့  မြင်ခဲ့ရသည်ဟု တဆင့် စကား တဆင့်ကြားမိရာမှ အဖြစ်အပျက် အကြောင်းစုံများအား အမှန်အတိုင်း တင်ပြ နိုင်ရေး အတွက် ကျောက်ခဲ လျိုမျှောင် သဲတောများကြားမှ ခက်ခဲပင်ပန်းစွာ သွားရောက်လေ့လာ မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။ 


ပူပြင်းလှသော နေအပူရှိန်ကိုပင် သတိမပြုနိုင်ကြပဲ နတ်မောက်မြို့  နှင့် ခရီးမိုင် ၁၅ မိုင်ခန့်  ဝေးကွာသော ထုံးပေါက်ချိုင်း ကျေးရွာသို့  အရောက်သွားကာ မေးမြန်း လေ့လာသိရှိရသမျှ တင်ပြနိုင်ရေး အပြေးအလွှားကြိုး စားခဲ့ရသည်။

အရပ်ရှစ်ပေလေးလက်မ မြင့်သောလူထူးကလေး ကိုဝင်းဇော်ဦးသည် ထုံးပေါက်ချိုင်းရွာ ဇာတိဖြစ်ပြီး အသက်(၃၆)နှစ်၊ အဘဦးအောင်လှ၊ အမိဒေါ်မောက်တင်တို့ ၏ သားကြီးဖြစ်သည်။ မွေးချင်းလေးယောက်ရှိသော်လည်း အခြားသူများမှာ ပုံမှန်အနေအထားသာဖြစ်ပြီး ကိုဝင်းဇော်ဦး တစ်ယောက်သာလျှင် ထူးခြားစွာထွားကြိုင်းနေခြင်း ဖြစ်ကြောင်းတွေ့ ရသည်။

  ''ကျွန်တော်က (၈၈)မှာလေးတန်းနဲ့ ကျောင်းထွက်ပြီး မိဘတွေက အဆင်မပြေတော့ ၁၅နှစ်သားအရွယ်မှာပဲ ရန်ကုန်ကို အလုပ်လုပ်ထွက်ခဲ့တယ်။ ရန်ကုန်ရောက်တော့ လသာမြို့ နယ်၂၄လမ်းမှာရှိတဲ့ ဒိန်ချဉ်ဆိုင်မှာ အလုပ်ဝင်လုပ်တယ်။ အဲဒီအချိန် အထိပုံမှန်ပဲ ရှိသေးတယ်။ ထူးခြားတာဆိုလို့  ကျွန်တော်က ဒိန်ချဉ်ကြိုက်တယ်၊ နွားနို့ အလွန်အကျွံသောက်တယ်။ ဒါလောက် တော့ရှိခဲ့တယ်။ အဲ ရန်ကုန်က အပြန်အသက်(၁၈)နှစ်လောက်မှာဖြစ်မယ်။ အဲဒီအချိန်ကစပြီးတော့ တစတစနဲ့ တနှစ်နဲ့တနှစ် ခန္ဓာကိုယ်ကကြီးလာတာ အခု(၃၆)နှစ်အထိပဲ''ဟု ကိုဝင်းဇော်ဦးကပြောသည်။

''အရင်နှစ်က နတ်မောက်က ကျောင်းဆရာကြီး တိုင်းထားတာ ရှစ်ပေတစ်လက်မပဲရှိတာ။ အခုတိုင်းတော့ ရှစ်ပေလေး လက်မ ဆိုတော့ နှစ်နှစ်အတွင်းမှာ သုံးလက်မလောက်ထပ်တိုးလာတာပဲ။ သူကရှက်တတ်တယ်။ အစားအသောက်ကလည်း ပုံမှန်သူလိုကိုယ်လိုပါပဲ။ ကွမ်းယာတော့ သူကကြိုက်တယ်။ အဝတ်အစားကျတော့လည်း ပုဆိုးက ကွင်းကျဉ်းနေ တိုနေပေ မယ့်သူက ဖြစ်သလိုဝတ်တယ်။ အင်္ကျီကိုတော့ အဝတ်စဝယ်ပြီး ဦးလေးဖြစ်သူက တိုင်းထွာပြီးချုပ်ပေးတယ်။ အမေအို အဖေအို တွေနဲ့ နေရတာဆိုတော့ သူ့နောင်ရေးတွေးကြည့်ရင်တော့ စိတ်မကောင်းဖြစ်မိတယ်''ဟုကျေးရွာအထောက်အကူပြု ကော်မတီဝင်တစ်ဦးကရှင်းပြသည်။

ကျန်းမာရေးနှင့် ပါတ်သက်၍ ဒေါက်တာဇော်လင်းအောင် မကွေးမှာရှိစဉ်က စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြောင်း၊ မျက် စေ့ မှုံမှာတော့ စိုးရိမ်ကြောင်း၊ ကျန်သည့်ရောဂါလက္ခဏာမတွေ့ ရကြောင်း ရှင်ပြခဲ့သည်ဟုဆိုသည်။

အခုအထိလည်းမျက်စေ့ မှုံ ခြင်းမရှိသေးကြောင်း၊ သိုသော်လည်း ဖိနပ်အခက်အခဲကြောင့် မစီးရတာများသည့်အတွက် ခြေထောက်တွေကကြာရှည် မထောက်နိုင်တော့သည့်အပြင် ကြီးထွားလာသည့်ခန္ဓာကိုယ်ကြီးကို သယ်၇သည့် ဒုက္ခကကြီးလာကြောင်း၊ ဘယ်ကိုမှလည်း မသွားချင်တော့ကြောင်း ကိုဝင်းဇော်ဦးက စိတ်လိုလက်ရရှင်းပြသည်။

ကိုဝင်းဇော်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်လှက''ရွာထဲဟိုဟိုဒီဒီသွားတိုင်းစိတ်မချဘူး။ မတော်တဆလဲမှာကြောက်လို့ ပါ။ သူ့ခန္ခာကိုယ်ကြီးနဲ့ လဲလိုက်ရင်မလွယ်ဘူးလေ။ နောင်ရေးကိုတွေးပြီးတော့လည်းစိတ်ထဲမှာမကောင်းဘူး။ အခုဆို ခါးကကုန်းလာတာကို သတိထားမိတယ်။ ခန္ဒာကိုယ်ကြီးက ပုံမှန်မဟုတ်တော့စိုးရိမ်မိတယ်။ အခုဆိုရင်ဘာအလုပ်မှလည်း မလုပ်နိုင်တော့ သူ့နောင်ရေး ရင်လေးတာပေါ့''ဟုပူပန်စွာပြောပြသည်။

ကိုဝင်းဇော်ဦးမှာ အိမ်အောက်သို့ ဝင်လျှင်လည်း ခေါင်းငုံ့ဝင်ရပြီး အရပ် ငါးပေရှစ်လက်မရှိ ကိုဝင်းဇော်ဦးနှင့် ညီအစ်ကိုတော်သူမှ ကိုဝင်းဇော်ဦး၏ အရပ်ကို တိုင်းရန်အတွက် ခုံပေါ်သို့ တက်မှမှီသည်ကို ကြည့်ကာ အခြားသူများ ဝိုင်းပြီးရယ်ကြတော့ ကိုဝင်းဇော်ဦး မှာရှက်သလိုလိုဟန်ပန်ကို အတိုင်းသားမြင်ခဲ့ရသည်။ လူမသိ သေးသောကိုဝင်းဇော်ဦးတယောက် အကယ်၍များ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုမှာဆိုလျှင်……---


Friday, June 21, 2013

စင်ကာပူ လေထုညစ်ညမ်းမှု အဆိုးဆုံး အခြေအနေရောက်

အင်ဒိုနီးရှားနိုင်ငံအတွင်းတောမီးလောင်ကျွမ်းမှုကနေ ဖြစ်ပေါ်လာတဲ့ မီးခိုး တိမ်တိုက်တွေဟာ အိမ်နီးချင်း စင်္ကာပူနိုင်ငံရဲ့ ကောင်းကင်မှာ မကြုံစဖူး အုံ့ဆိုင်းနေပါတယ်။ ဒီဖြစ်ရပ်ကြောင့် အိမ်နီးချင်း ၂ နိုင်ငံအကြား ဆက်ဆံရေး အပေါ် ခြိမ်းခြောက်မှုတွေ ဖြစ်နေပါတယ်။


မီးခိုးမြူမှုန်တွေကြောင့် လေထုညစ်ညမ်းမှု ပမာဏဟာ အဆိုးရွားဆုံး အနေအထားဖြစ်တဲ့ ၃၇၁ အမှတ်အထိ ရောက်ရှိ နေတဲ့အတွက် စင်္ကာပူ အာဏာပိုင်တွေက ပြည်သူတွေကို အဆောက်ဦတွေအတွင်းမှာသာ နေထိုင်ကြဖို့ ကြာသာပတေးနေ့မှာ နှိုးဆော်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ တောင်ယာလုပ်ကိုင်သူတွေက နွေရာသီကာလမှာ တရားမ၀င်တောမီးရှို့တာကနေ အခုလို မီးခိုးမြူမှုန်တွေ ထွက်ပေါ်နေ တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုသီတင်းပတ်အတွင်းမကြုံစဖူး ထူးထူးကဲကဲ များပြားလှတဲ့ မီးခိုးတိမ်တိုက်တွေကြောင့် အိမ်နီးချင်း ၂ နိုင်ငံအကြား သံတမန်ပိုင်းဆိုင်ရာ တင်းမာမှုတွေ ဖြစ်ပွားခဲ့ရပါတယ်။

ဒီပြသနာကို အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ စင်္ကာပူ သဘာဝ ပတ်ဝန်းကျင်ရေးရာဆိုင်ရာ ၀န်ကြီး ဗီဗီယမ် ဘားလတ် ကရစ်ရှ်နန် Vivian Balakrishnan က ကြာသာပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အခုတကြိမ်ကြုံတွေ့နေရတဲ့ မီးခိုးမြူမှုန်တွေဟာ အရင်ကထက် ပိုပြီး ဆိုးရွားနေကြောင်း သူကပြောပါတယ်။

အင်ဒိုနီးရှားကလည်း သူတို့နိုင်ငံက တောင်သူတွေကို ပညာပေးမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း တုန့်ပြန်ချေပပြောဆို ပါတယ်။ အစဉ်အလာအရ တောင်ယာစိုက်ပျိုးဖို့အတွက် မြေယာရှင်းလင်းတဲ့နေရာမှာ မီးရှို့ပြီး ရှင်းလင်းတဲ့ နည်းဟာ ကုန်ကျစားရိတ် သက်သာမှု အရှိဆုံးဖြစ်တာကြောင့် တောမီးရှို့နေကြတာလည်းဖြစ်ပါတယ်။

Thursday, June 20, 2013

KIO ခေါင်းဆောင်တွေကို ကချင်လူထုမှ သောင်းသောင်းဇြဇြ ကြိုဆို



9th. Karen National Unity. Seminar

unD'Duvkmw>Clw>zd;w>ul.vdmwX.yD.oud;A9A0Dw0D


အစိုးရတပ်မှ တောင်ငူ ဘက်တွင် ဗုံးကြဲလေ့ကျင့်နေ။

မန်မာအစိုးရတပ်မှ စစ်လေယာဉ်များသည် ပဲခူးတိုင်း တောင်ငူခရိုင်ရှိ ထန်းတပင် မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း စစ်ရေးအရ ဗုံးကြဲလေ့ကျင့်မှုများ ပြုလုပ်လျှက်ရှိကြောင်း ထိုဒေသမှ လာသည့် သတင်းများအရ သိရသည်။ “ဒီရက်ပိုင်းတွေ စစ်လေယာဉ်တွေ ဗုံးကြဲလေ့ကျင့်နေတယ်။ အခုက ကြုံကြိုက်ပြီး ခပ်လှမ်းလှမ်းကနေ ကြည့်တာကို။
ကျနော်က အဲဒီလေယာဉ်ပျံသန်းနေတာကိုလည်း တွေ့တယ်။ ဗုံးကြဲတာလည်း အသံကြားရတယ်။”ဟု ကေအဲန်ယူ တောင်ငူ ခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။
ယင်းသို့ ဗုံးကြဲလေ့ကျင့်နေသည့်နေရာမှာ ထန်းတပင်မြို့၏ အရှေ့ဘက် ၄မိုင်ခန့်အကွာတွင်ရှိပြီး ထိုအနီးတ၀ိုက်တွင် ကျွန်းကုန်း၊ ရွှေဈေး၊ ပဲပုပ်၊ ချောင်းဝ၊ ရေကျော်၊ ကရင်နီကုန်း စသည့်ကျေးရွာများ ရှိသည်။ ပြီးခဲ့သည့် မေလ ၂၀ရက်နေ့က အလားတူ စစ်လေယာဉ်များ လေ့ကျင့်ပျံသန်း ဗုံးကြဲမှုများ လုပ်ဆောင်ခဲ့သေးသည်ဟု သိရသည်။
ဒေသခံတစ်ဦးက “ရွာသားတွေက ဒီအချိန်မှာ လယ်ထဲဆင်း အလုပ်လုပ်နေရပြီဆိုတော့ ဗုံးကြဲသံကြားတော့ ကြောက်လန့်ကြ တာပေါ့။ ၂၀၁၂က အောက်တိုဘာ နိုဝင်ဘာလောက်မှာ လေ့ကျင့်ပြီး ကချင်ကို လေယာဉ်နဲ့ပစ်ထားတဲ့ အစဉ်အလာလေးကို တော့ သတိထားသင့်တယ်။”ဟု သုံးသပ်ပြောဆိုသည်။
လေ့ကျင့်လေယာဉ်မှာ ပုံမှန် ၂စီးဖြစ်ပြီး ၎င်းသည် တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်နိုင်သည်ဟု ခန့်မှန်းရကြောင်း တောင်ငူဒေသများက ပြောဆိုနေကြသည်။
ထိုဒေသတွင် နှစ်စဉ် တပ်မအပြောင်းအလဲ ပြုလုပ်လေ့ရှိရာ ယမန်နှစ်က တပ်မ(၆၆) လာရောက်အခြေစိုက်ပြီး လက်ရှိအချိန် တွင် စကခ(၉) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခမရ(၃၇၄) (၃၇၅) (၃၇၆) (၃၇၇) (၃၇၈) (၃၇၉) (၃၈၀) (၅၃၉) (၅၄၀) (၅၄၁)တို့ လှုပ်ရှားလျှက်ရှိကြောင်း သိရသည်။

Source - KIC

Tuesday, June 18, 2013

DKBA ၏ ကော်သူမွဲခီး (ဆုံဆည်းမြိုင်) ထုတ်ပြန်ကြေညာချက်


DKBA ၏ ကော်သူမွဲခီး (ဆုံဆည်းမြိုင်) ထုတ်ပြန်ကြေညာချက်
(ဓါတ်ပုံ - DKBA)


ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှ ကြီးမှူးသော ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲကြီးတွင် ဆုံးဖြတ်ချက် ၈ ချက်ဖြင့် အစည်းအဝေးကို ယနေ့နေ့ လည်ပိုင်းတွင် ကျင်းပ ပြီးစီးသွားခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးထွန်းထွန်းက ဆိုပါသည်။
“ အဖွဲ့အစည်းအရ ပြောရရင် အဖွဲ့အစည်းပေါင်း ၃၀ ထဲကကိုယ်စားလှယ်ပေါင်း ၈၄ ဦး တက်ရောက် ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေလည်း တက်ရောက် လိုပေမယ့် ဖိတ်ကြားမှုတွေ အားနည်း ခဲ့ပါတယ်။ တချို့ အဖွဲ့အစည်းတွေ ကြတော့ အရာရှိငယ်တွေဘဲ လွှတ်တယ်။ ဒါပေမဲ့ ချုပ်လိုက်ရင်တော့ ထင်တာထက်ကို ပိုမို ထိရောက်စေခဲ့ပါတယ်” ဟုဆိုပါ သည်။
အမြင်ဖလှယ်ပွဲမှ ဆုံးဖြတ်လိုက်သော ဆုံးဖြတ်ချက်များမှာ-

၁။ ၂၀၀၈ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ အရေး လူ့အခွင့်အရေး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ကိစ္စရပ်များကို မဖြေရှင်းနိုင် သည့်အတွက် ပြန်လည်ရေးဆွဲရန်၊

၂။ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရန်အတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် တမျိုးသားလုံးပါဝင်သော ညီလာခံကြီး တစ်ရပ် ခေါ်ယူရန်

၃။ မတရားသည့် ဥပဒေများကို ပယ်ဖျက်ရန်နှင့် ကန့်သတ် ချုပ်ချယ်မှု ကင်းသော နှောင်ကြိုးမဲ့သော အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံး ကြေညာပေးရန်။

၎။ အပစ်ခပ်ရပ်စဲရေး ကိစ္စရပ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ တပြည်လုံး အတိုင်းတာအထိ အမြန်ဆုံး အကောင်အထည်ဖေါ်ပေးရန်

၅။ အစိုးရ တပ်များ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲစဉ်ကာလက သဘောတူညီထားချက်များကို တိကျစွာ လိုက်နာရန်

၆။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရန်နှင့် ဒီမိုကရေစီရေးနှင့် အမျိုးသား တန်းတူရေး လှုပ်ရှားမှုများ ပေါ်ပေါက်လျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ဝိုင်းဝန်းထောက်ခံ အကူအညီပေးရန်

၇။ အလုပ်သမား လယ်သမားတို့၏ ဘဝအခက်အခဲများကို မှန်ကန်လျင်မြန်စွာ ဖြေရှင်းပေးရန်

၈။ တိုင်းရင်းသား တပ်ပေါင်းစုများနှင့် အဖွဲ့အစည်း အသီးသီးတို့ သဘော တူညီချက်များကို ကျွန်ုပ်တို့ အနေဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ပြီး၊ တူညီသော လုပ်ငန်းများကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားရန်

ဤ ကော်သူမွဲခီး (ဆုံဆည်းမြိုင်) ဆုံးဖြတ်ချက်များကိုနိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ငြိမ်းချမ်းရေး စင်တာ(MPC) နှင့် ကရင် ပြည်နယ် ၀န်ကြီးချုပ်ထံ တင်ပြပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ထားပါသည်။
နှီးနှောဖလှယ်ပွဲမှ ဆုံးဖြတ်ချက်များကို အကောင်အထည် ဖေါ်ရန် (၁၇) ဦး အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဤအလုပ်အဖွဲ့ ထဲမှ ဆက်သွယ်ရေး (Coordinator) (၅) ဦးဖြင့် ဖွဲ့စည်းထားပါသည်။ အကောင်အထည် ဖေါ်ရာတွင်လည်း လုပ်ငန်း (၄)မျိုး ခွဲခြားထားပါသည်။
(က) ပြန်ကြားရေးလုပ်ငန်း၊ (ခ) မဟာမိတ် ဆက်ဆံရေးလုပ်ငန်း၊ (ဂ) စည်းရုံးရေး လုပ်ငန်း၊ () ဘာရေးလုပ်ငန်း တို့ဖြစ်ပါသည်။ (Coordinator)(၅)ဦးမှာ  ဗိုလ်မှူးစန်းအောင်၊ ဗိုလ်မှူးတိုက်ဂါး၊ ဗိုလ်မှူး လုလော်၊ ရဲဘော်ထွန်း အောင်ကျော်နှင့် ရဲဘော်စိုင်းထွန်းအေး တို့ဖြစ်ပါသည်။
DKBA သည် လက်ရှိ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေနှင့်ပတ်သက်ပြီး တိုင်းရင်းသားများ ဖက်မှ ဟန်ချက် ညီညီဖြင့်မှန်ကန်ပြီး ခိုင်မာသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးနှင့် သောင်မတင်ရေမကျ ဖြစ်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စစ်မှန်သော ထာဝရ ငြိမ်းချမ်းရေးအဖြစ်၊အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရန် ဤအမြင်ဖလှယ်ပွဲကို စီစဉ်ရခြင်း ဖြစ်ပါကြောင်း ဆိုပါသည်။

Monday, June 17, 2013

KNU ကိုယ်စားလှယ်အဖွဲ့များ ငြိမ်းချမ်းရေး အကြိုဆွေးနွေးရေး သတင်း နှင့် DKBA မှ တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်း သတင်း


KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား ဇွန် ၁၅ရက် ဆွေးနွေးပွဲအပြီး MPC ၌ တွေ့ရစဉ်
(ဓာတ်ပုံ-ထက်ရှိုင်း)

KNU ကိုယ်စားလှယ်အဖွဲ့များ ငြိမ်းချမ်းရေး အကြိုဆွေးနွေးရေး သတင်း
 နှင့်

DKBA မှ တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်း သတင်း


Sunday, June 16, 2013

ငြိမ်းချမ်းရေး အကြိုဆွေးနွေး ရန် KNU ကိုယ်စားလှယ် အဖွဲ့များ ရန်ကုန်သို့ ထွက်ခွာ။


DSC074351
KNU ဥက္ကဌ စောမူတူးစေးဖိုး

ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ စောမှုးတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ပဒိုစောရောဂျာခင်တို့ ဦးဆောင် သောအဖွဲ့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အကြိုဆွေးနွေးရန် ရန်ကုန်သို့ ယနေ့ ထွက်ခွာသွားကြောင်း KNU က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်သည်။
KNU တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက ဇွန်လ ၁၅ရက်နေ့တွင် ဥက္ကဌ စောမှုတူးစေးဖိုး ဦးဆောင်သောအဖွဲ့သည် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းအဖွဲ့နှင့် သွားရောက်တွေ့ ဆုံမည်ဖြစ်သည်ဟု ကေအိုင်စီသို့ ပြောသည်။
“ဥက္ကဌကြီး ဦးဆောင်တဲ့အဖွဲ့က လက်ရှိ နိုင်ငံရေးပြဿနာတွေ၊ ရှေ့ဆက် လုပ်ဆောင်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်မှာ အစိုးရနဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ်”ဟု ပဒိုစောသောသီဘွဲက ပြောဆိုသည်။
KNU ဥက္ကဌ စောမှုတူးစေးဖိုး ဦးဆောင်သောအဖွဲ့တွင် ပဒိုစောရောဂျာခင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ၊ ဗိုလ်မှူးဒိကွယ် စသည်တို့ ပါဝင်ကြောင်း သိရသော်လည်း ၎င်းတို့သည် ၀န်ကြီးဦးအောင်မင်းအဖွဲ့နှင့် ရန်ကုန်မြို့ မည်သည့်နေရာ၌ တွေ့ဆုံမည် ကိုမူ KNU မှ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ယနေ့တွင်ပင် KNU ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပဒိုစောတာဒိုမူး ဦးဆောင်၍ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒို စောအောင်ဝင်းရွှေ၊ ပဒိုစောအယ်ကလူစေး၊ စောတာမှုလာနှင့် KNLA မှ ဗိုလ်မှူးတာမလာသောတို့ ပါဝင်သော အဖွဲ့ဝင် ၅ဦးပါအဖွဲ့ သည်လည်း ယနေ့ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည်။
ပဒိုစောတာဒိုမှုးဦးဆောင်သောအဖွဲ့သည် ဇွန်လ ၁၅ရက်နေ့၌ပင် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)မှ တာဝန်ရှိသူ များ၊ အသိပညာရှင် အတတ်ပညာရှင်များနှင့် တွေ့ဆုံပြီး နှစ်ဦးနှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ် (Code of Conduct)ကို ဆွေး နွေးသွားရန်ရှိသည်ဟု ယနေ့ထုတ်ပြန်သည့် KNU ၏ သတင်းကြေညာချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၁၀ရက်နေ့က KNU ဗဟိုကော်မတီ အစည်းအဝေးတရပ်ကို ကရင်ပြည်နယ် KNU တပ်မဟာ(၇) ထိန်းချုပ်နယ် မြေတွင် ၃ရက်ကြာ ပြုလုပ်ခဲ့ပြီးနောက် ယနေ့ခရီးစဉ်များကို စတင်ခဲ့ခြင်းဖြစ်သည်။


Source - KIC

ံဂျပန်ရောက်ကရင်အမျိုးသားများမိတ်ဆုံစားပွဲ၁၆-၆-၂၀၁၃