Friday, June 15, 2012

စွန့်သွားတော့ ရိုဟင်ဂျာ ( နားထောင်ကြည့်ကြပါ)



ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သတ်ပြီး ဇွန်လ (၁၄)ရက်နေ့ နောက်ဆုံးရ သတင်းများ

on Thursday, June 14, 2012


ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်ပြီး ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးရ သတင်းများကို စုစည်းဖော်ပြထားပါသည်။

ဇွန်လ ၁၄ ရက် နံနက် ၁၁း၀၀ နာရီ
"ဒီနေ့ မနက် ၈ နာရီက ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်ထားတဲ့ သင်္ဘောတစ်စီး စစ်တွေကနေ ဘူးသီတောင်မြို့ကို ထွက်ခွာသွားတယ်လို့ သိရတယ်။ အဲဒီပစ္စည်းတွေက ဘူးသီတောင်နဲ့ မောင်းတောမှာရှိတဲ့ အိုးမဲ့ အိမ်မဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ အတွက် ဖြစ်တယ်လို့ သိရတယ်။" ဟု စစ်တွေမြို့ရှိ Eleven Media Group သတင်းထောက်၏ သတင်းပေးပို့ချက်အရ သိရှိရသည်။
ဇွန်လ ၁၄ ရက် နံနက် ၁၀း၅၅ နာရီ
"ယခုလက်ရှိ စစ်တွေမှာ မီးလောင်သွားတဲ့ အိမ်ပေါင်း ၁၆၀၀ ခန့် ရှိပြီလို့ သိရတယ်။ မနေ့ညက စစ်တွေမြိုပေါ်မှာ မီးရှို့ဖို့ ကြိုးစားခဲ့တဲ့သူပေါင်း ၃၀ ခန့်ကို အစိုးရက ဖမ်းဆီးမေးမြန်း စစ်ဆေးနေတယ်။ အခုအချိန်မှာ ပေါက်တောမြို့၊ ငပြီကျွန်း၊ သရက်တောဘက်မှာ အိမ်ခြေ ၄၀၀ လောက်မှာရှိတဲ့ လူ ၃၀၀၀ ကျော်က စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ သိရတယ်"ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ဇွန်လ ၁၄ ရက် နံနက် ၉း၁၀ နာရီ
"ဒီနေ့ မနက် စစ်တွေမြို့ရဲ့ အခြေအနေကတော့ တည်ငြိမ်နေပါတယ်။ မိုးကလည်း သည်းသည်းထန်ထန် ဆက်ပြီးရွာနေပါတယ်။ မနေ့ ညဦးပိုင်းက ကျောင်းကြီးလမ်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်က ဘင်္ဂါလီတွေကို သဲကျောင်းနဲ့ ဘုမေဘက်ကိုသွားဖို့ အာဏာပိုင်တွေက စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျောင်းကြီးလမ်းရပ်ကွက် ဘင်္ဂါလီအုပ်စု တော်တော်များများက အာဏာပိုင်တွေ စီစဉ်ပေးတဲ့အတိုင်း ထွက်သွားကြပေမယ့် အောင်မင်္ဂလာမှာရှိနေတဲ့ ဘင်္ဂါလီ ၉၀ ရာခိုင်နှုန်းလောက်ကတော့ မသွားခဲ့ကြပါဘူးလို့ မျက်မြင်တွေ့ရှိရတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။





 ည ၉ နာရီ ၂၀ လောက်အချိန်မှာတော့ အောင်မင်္ဂလာမှာရှိနေတဲ့ ဘင်္ဂါလီတချို့ကတော့ အုပ်စုဖွဲ့ပြီး ကသဲရွာမှာရှိတဲ ရခိုင်အိမ်တွေကို လေးခွနဲ့ စပစ်ပါတယ်။ အဲဒီအခါမှာ ရခိုင်တိုင်းရင်းသာတွေကလည်း ပြန်ပစ်ပါတယ်။ စစ်တပ်ရောက်လာပြီး သေနတ်ပစ်ဖောက် သတိပေးခဲ့တဲ့အတွက် ဘင်္ဂါလီတွေ ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။"

"မနေ့က စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ (၆)ယောက် သေတယ်လို့ သိရပါတယ်။ ၃ ယောက်က မင်းဂံဘက်မှာ သေခဲ့တာပါ။ မနေ့မနက် အစောပိုင်းမှာဖြစ်ခဲ့တဲ့ ကသဲရွာ ရန်စမှုမှာ သေခဲ့တာလို့ သိရပါတယ်။ မင်းဂံဘက်မှာ သေခဲ့တဲ့ ၃ ယောက်မှာ ၂ ယောက်က ရခိုင်တိုင်းရင်းသား ဟန်ဆောင်ပြီး မြို့ပေါ်တတ်လာတဲ့သူတွေပါ။ ၁ ယောက်ဆီမှာ ကင်မရာ ၁ လုံးတွေ့ပြီး၊ နောက် ၁ ယောက်ဆီမှာ အသံဖမ်းစက်တွေ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ မီးရှို့ဖို့မြို့ပေါ်တက်လာတဲ့သူပ
ါ။ သူ့ရဲ့ခါးကြားမှာတော့ မီးမညှိရသေးတဲ့ မီးကွင်းတွေကို တွေ့ရပါတယ်။"

"မနေ့က ရသေ့တောင်ဘက်မှာတော့ ကုန်တန်းကျေးရွာမှာရှိတဲ့ အိမ်ခြေ ၁၀၀ လောက် မီးလောင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘင်္ဂါလီတစ်ဦးက သူ့အိမ်သူ မီးရှို့ရာက အခုလို မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ ရသေ့တောင် ဒေသခံတွေရဲ့ ပြောပြချက်အရ ရသေ့တောင်ဘက်ကို စစ်တွေဘက်က ပြေးလာတဲ့ ဘင်္ဂါလီ ၆၀၀ လောက် ရောက်လာတယ်လို့လည်း သိရပါတယ်။ မနေ့ည ၁၂ နာရီ အချိန်ကတော့ စစ်တွေ ကုန်တန်းရပ်ကွက် ဟိန္ဒူဘာသာဝင် ၄ ဦး၊ မရာမာကြီး ၁၄ ယောက်ကို ကား (၃)စီးနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲဝင်တွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်"ဟု Eleven Media Group သတင်းထောက်က ယနေ့(ဇွန်လ ၁၄ရက်)နံနက်ပိုင်းတွင် သတင်းပေးပို့ခဲ့ပါသည်

ဂျီနီဖါလေဆိပ်ရောက် ဒေါ်အောင်ဆန်းစုကြည်သတင်းရုပ်သံ

ဒေါ်အောင်ဆန်းစုကြည် ILO ကမ္ဘာ့အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ်တွင် မိန့်ခွန်းပြောကြား

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စုကျန်းမာရေးအနည်းငယ်ထိခိုက် မှု့ ရှိခဲ့

Thursday, June 14, 2012

သတင်းစာရှင်းလင်းပွဲမှာ ဒေါ်စုကျန်းမာရေးအနည်းငယ်ထိခိုက် မှု့ ရှိခဲ့... အခုပြန်လည်သက်သာသွားပြီဖြစ်သည့်အတွက် အနားယူလျှက်ရှိပါကြောင်း... ထပ်ဆင့်အသိပေးအပ်ပါသည်။



DVB News Mirror and Rhythm
အိပ်ရေးပျက် ပင်ပမ်းခေါင်းမူးလို့ ဒေါ်အောင်ဆန်းစုကြည်သတင်းစာ​ရှင်းလင်းပွဲ
ရပ်လိုက်ရပါတယ်...
"It's been a very exhausting journey, I have gotten completely unused to time change, having stayed in one place so long, I find the plane journey out to the West extremely exhausting and a little bit disorienting, because I couldn't adjust to the new time as quickly as I might have 24 years ago. It may of course have something to do with age, and maybe it has to do with lack of practice."

Thursday, June 14, 2012

ကချင်ဒေသက စစ်ပွဲများ တနှစ်မြောက် ရုပ်သံမှတ်တမ်း

အကြမ်းဖက်မက်မှုကြောင့် မီးလောင်ပြာကျသွားသည့် ရခိုင်ပြည်နယ် (ရုပ်သံ)

Statement on the current peace process and implementation of mega-development projects in Karen areas of Burma


Karen People’s Forum
Papun District, Karen Stat
June 11, 2012
Statement on the current peace process and implementation of mega-development projects in Karen areas of Burma
From June 5-7, 2012, over sixty people, including local democratically-elected development committee leaders, representing about 7,000 villagers from 23 villages in two townships, met at the Karen State-Thai border to discuss the current peace negotiation process between the Karen National Union (KNU) and the government.  The purpose of the forum, facilitated by Karen civil society, was to allow input by Karen farmers and other community-based groups into the current peace process and publicly share this with all relevant stakeholders.  These groups have been taking responsibility for local development work for the last fifteen years and therefore had strong concerns about the impact of the government’s current development policies in their areas. 
The villagers discussed the above subjects at the forum and came up with the following recommendations:
Current peace process
1)      The peace process must be genuine, transparent and sustainable.
2)      The government must withdraw all its troops based in villages and in areas where villagers carry out their livelihoods, so that villagers can have freedom to re-establish their livelihoods.
3)      Land mines in Karen State must be removed.
4)      All forms of forced labor and arbitrary taxation must be stopped. There must be constitutional guarantees that people can own their land and farm freely.
5)      Internally displaced persons must not be pressured to return to their homes while Burmese troops remain in their areas, and landmines have not been removed;
6)      Any plans for return and rehabilitation of internally displaced persons must be drawn up together with local Karen community-based organizations, and must guarantee the security of villagers; special provisions must be made for the protection and welfare of women and children.
Mega-development projects
1)      During the peace negotiation process, large-scale economic investment must be suspended
2)      Political negotiations between the Karen National Union (KNU) and the government must address the issue of local ownership of resources
3)      In order for mega-development projects to proceed, there must be legal safeguards and policies which guarantee the following:
·         The people must have full access to all relevant information and facts about planned projects.
·         Before projects start, there must be transparent, independent environmental and social impact assessments which include the impacts on women and children.
·         Local villagers must participate freely in decision-making around any development projects. These projects must not harm our culture and lands, and must ensure that our ancestral natural heritage is preserved.  
·         If the projects have any destructive impacts, the affected people must receive fair compensation according to agreed upon rates. There must also be complaint mechanisms for affected people.

Humanitarian aid
1)      Humanitarian funds and programs must support and build upon existing community development programs operated by villagers and community based organizations.
 Contacts:
Saw Htoo Klei
Phone: 0861912165
 

ဒေါ်အောင်ဆန်းစုကြည် ၁၈ ရက်ကြာ ဥရောပခရီးစဉ် စတင်

ရခိုင်ပြည် စစ်တွေမြို့မြင်ကွင်း(ရုပ်သံ)


 June 13, 2012
ဗျိုင်းဖြူရွာမှ ရခိုင်သားများအား ဘင်္ဂလီ ရိုဟင်ဂျာ ကုလားများ ရက်ရက်စက်စက် သတ်ဖြတ်လိုက်သည့် ပုံများ           

ရခိုင်ပြည်နယ်အခြေအနေ (၁၃ ရက် ဇွန်လ ၂၀၁၂ ခုနှစ်)


ယနေ့ (ဇွန်လ ၁၃) နံနက် ၄ နာရီခန့်အချိန်တွင် ကသဲရွာကို မီးရှို့ရန် ချဉ်းကပ်လာသော ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားများက ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ယနေ့ (ဇွန်လ ၁၃) နံနက်ပိုင်းတွင် စစ်တွေမြို့ကမ်းနားလမ်းရှိ မိဇံရပ်ကွက်အတွင်း မီးလောင်မှုအနည်းငယ် ဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုမှာ ၀ါယာရှော့ခ်ကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ယမန်နေ့က ဘင်္ဂါလီများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ အမျိုးသမီးများနှင့် ကလေးငယ်များ ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။သို့သော် ဘင်္ဂါလီအမျိုးသားများမှာမူ မူလက ၄င်းတို့နေထိုင်ရာ အရပ်၌ပင် ရှိနေဆဲဖြစ်ကြောင်း စစ်တွေဒေသခံများက ပြောပါသည်။

UN မှ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာနေပြီဟု သိရသည်။ လတ်တလော အချိန်၌ စစ်တွေမြို့တွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ဘင်္ဂါလီများ၏ မီးရှို့ထွက်ပြေးမှုများ လျော့နည်းသွားလိမ့်မည်ဟု ခန့်မှန်းကြောင်း စစ်တွေဒေသခံများက ပြောပါသည်။  

Eleven Media Group

ဓါးဒဏ်ရာဖြင့် လှဲနေသော ရခိုင်အမျိုးသားတဦး

ဓါတ်ဆီလောင်းပြီး မီးရှို့ရန်ဆိုင်းပြင်းနေသော ဘင်္ဂါလီလူအုပ်

၆ ကျပ်ကုန်ကျမည့် နိုင်ငံသားစီစစ်ရေး ကဒ်ပြားအား တစ်သောင်းထိပေးဆောင်နေရ



နိုင်ငံသားစီစစ်ရေးကဒ်ပြား(မှတ်ပုံတင်) ပြုလုပ်ရန် တရားဝင်ကုန်ကျစရိတ်ကို ၆ ကျပ် အဖြစ် လူဝင်မှုကြီးကြပ်ရေးဌာန လ၀ကမှ တရား ၀င် သတ်မှတ်ထားသော်လည်း ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် မြစ်ကြီးနားမြို့တို့တွင် ကျပ် တစ်သောင်း နှုန်းဖြင့် ပေးဆောင် နေရ ကြောင်း ဒေ သခံများပြောသည်။

နမ့်ခမ်းမြို့ရှိ ဒေသခံများ မှတ်ပုံတင်သွားလုပ်ရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးတွင် ပေးဆောင်ခဲ့ရခြင်းဖြစ်ကြောင်း နမ့်ခမ်း ဒေသခံ တစ် ဦး ပြောသည်။

“မှတ်ပုံတင် သွားရွေးတဲ့သူတွေကို တစ်ယောက် တစ်သောင်း စာအိတ်ထဲမှာထည့်ပေးပါ ဆိုပြီး တောင်း တယ်။ လူတိုင်းလည်း မှတ်ပုံတင် လို ချင်တော့ ပေးခဲ့ ရတာပေါ့။” ဟု ၄င်းကပြောသည်။

ထိုသို့တောင်းခံမှုကြောင့် ဒေသခံများ ပြန်လည်မေးမြန်းရာတွင် တာဝန်ရှိသူများက “ခရိုင်ကိုလည်း နည်းနည်းပါးပါးပေးရတယ်။” ဟု ပြန်ပြော ကြောင်း ဆက်ဆိုသည်။

အလားတူ ကချင်ပြည်နယ်မြစ်ကြီး နားမြို့တွင်လည်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးဌာနရုံး၏ ခြံစည်းရိုးရှေ့တွင် ဆိုင်းဘုတ်ကြီး ဖြင့် “အိမ် ထောင်စု၊ မှတ်ပုံတင်များကို အခမဲ့ အမြန်လုပ်ဆောင်ပေးမည်” ဟု စာရေးကပ်ထားသော်လည်း အမှန်တွင် ငွေကြေးအား ၄င်း တို့ တောင်း သည့်အတိုင်း အသီးသီးပေးဆောင်နေရခြင်းဖြစ်ကြောင်း မှတ်ပုံတင်ပြုလုပ်သူများက မကျေမနပ်ပြောဆိုလာသည်။

ပြီးခဲ့သည့် လတွင်း မှတ်ပုံတင်သွားလုပ်ခဲ့သော မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးမှလည်း သတ်မှတ်ထားသည့်အတိုင်းမဟုတ်ပဲ ပေးဆောင် ခဲ့ရသည်ကို ယခုလိုပြောပြခဲ့သည်။

“ပုံစံ(form) ယူတဲ့အခါတော့ ၅၀၀ ပေးရတယ်။ ပုံစံဟောင်းထုတ်ပေးတဲ့အခါမှာတော့ ၁၀၀၀ ပေးရတယ်။ မှတ်ပုံတင် သွားယူတော့ ၁၀၀၀၀ ပေးရတယ်။ သူတို့နဲ့ခင်ရင်တော့ ခင်သလိုထင်တယ်။ တစ်ချို့ကိုတော့ ကြည့်ပြီးပေး ထားလိုက်ပါပြောတယ်။ ကျမတို့ကိုတော့ ၁၀၀၀ ပေးပါ ပြောတယ်။ လူကြီးတွေကို ကန်တော့ရမယ် ပြောတာပဲ။ မှတ်ပုံတင်လည်း ၂ ပတ်ကျော်ကြာမှရတယ်” ဟု ပြောသည်။

မြန်မာအစိုးရသစ်ပြောင်းလဲအုပ်ချုပ်ချိန်မှစ၍ နိုင်ငံသားများ စိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ပြုလုပ်ရာတွင် ကုန်ကျစရိတ်အား ၆ ကျပ်သာ လဝကကို ပေးသွင်းရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ယခုလိုနေရာဒေသအလိုက် ဈေးနှုန်းမတူ ပေးဆောင် နေရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး အစီအစဉ်

ဒေါ်အောင်ဆန်းစုကြည်ဥရောပခရီးစဉ်စတင်


ဒီကနေ့ အစပြုမယ့် ခရီးစဉ်အတွင်း သွားရောက်မယ့် နိုင်ငံများ နဲ့  အချိန်စာရင်း

ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်

ဇွန် ၁၃ - ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံ တက်ရောက် မိန့်ခွန်းပြော
ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နှင့် တွေ့ဆုံဆွေးနွေး၊
ဆွစ်ဇာလန်ပါလီမန်သို့ သွားရောက်။

ဇွန် ၁၅ - နော်ဝေနိုင်ငံ အော်စလိုမြို့တော်


ဇွန် ၁၆ - အော်စလိုမြို့တော်ခန်းမ နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံရယူ၊
အော်စလိုဆိပ်ကမ်း ငြိမ်းချမ်းရေး စင်တာရောက် မြန်မာနိုင်ငံသားများ၊ တခြား ဧည့်သည်များနှင့် တွေ့ဆုံ
အော်စလိုမြို့တော်ခန်းမရှေ့ လူထု မိန့်ခွန်း

ဇွန် ၁၇ - နော်ဝေနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး
နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့ ရပ်ဖ်တို လူ့အခွင့်အရေးဆု လက်ခံရယူ

ဇွန် ၁၈ - အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် မြို့တော် ၊ Board Gais Energy ဇာတ်ရုံ ခန်းမကြီး
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ “ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်” ဆု လက်ခံရယူ
ကမ္ဘာကျော် U2 တေးဂီတအဖွဲ့နဲ့ အဆိုတော် Bono တို့ရဲ့ ဂုဏ်ပြုဂီတ ဖျော်ဖြေပွဲ တက်ရောက်
 
ဇွန် ၁၈ မှာပဲ -  ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်


ဇွန် ၁၉ - ဒေါ်အောင်ဆန်းစုကြည် မွေးနေ့


ဇွန် ၂၀ - Oxford တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရယူ


ဇွန် ၂၁ - ဗြိတိသျှ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြော


ဇွန် ၂၆ - ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်
ပြင်သစ်သမ္မတနှင့်တွေ့


ဇွန် ၃၀ - ရန်ကုန်ပြန်ရောက်
ဗြိတိန်၊ နော်ဝေ၊ ပြင်သစ်နိုင်ငံတွေရဲ့ ၀န်ကြီးချုပ်တွေ၊ သမ္မတတွေရဲ့ ဖိတ်ကြားချက်အရ ဒုတိယမြောက် ပြည်ပ ခရီးအဖြစ် ဥရောပကို ခရီးထွက်လာတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တန်းတူရည်တူ ဆွေးနွေးပြောဆိုဖို့ အဆင်သင့် ဖြစ်နေပြီလားဆိုတာကို ဘီဘီစီ သောတရှင်တွေ ပါဝင် ဆွေးနွေးထားကြ ပါတယ်။ နိုင်ငံတကာရေးရာ နဲ့ ပြည်တွင်း နိုင်ငံရေး ဆောင်းပါးတွေကို ခွဲခြမ်းစိတ်ဖြာ ရေးသားနေတဲ့ စာရေးဆရာ ဆရာကျော်ဝင်းက ပင်တိုင် ဆွေးနွေးသူ အဖြစ် ပါဝင် ဆွေးနွေးထား ပါတယ်။
 

Wednesday, June 13, 2012

မြန်မာတိုင်းရင်းသားများအရေး ဂျပန် ချစ်ကြည်ရေးသံတမန်ခန့်

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇွန်လ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၁ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသားများအရေး ကူညီဆောင်ရွက်ပေးရန်အတွက် ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Yohei Sasakawa အား ခန့်အပ် တာဝန်ပေး လိုက်ကြောင်း ဖောင်ဒေးရှင်းက ထုတ်ပြန်ကြေညာသည်။ အဆိုပါ ခန့်အပ်လွှာကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba က ဇွန်လ ၁၁ ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်လိုက်ခြင်း ဖြစ်သည်။ “တိုင်းရင်းသား လူနည်းစုတွေရဲ့ဘဝ တိုးတက်မြင့်မားလာအောင်နဲ့ အစိုးရနဲ့သူတို့အကြား အမှန်တကယ် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာစေဖို့အတွက် ၈ျပန်အစိုးရနဲ့ လက်တွဲပြီး ကျနော့်အနေနဲ့ ပုဂ္ဂလိကကဏ္ဍ အဆင့် ကနေ လုပ်ကိုင် ဆောင်ရွက်သွားလိုပါတယ်” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa က အခမ်းအနားတွင် ပြောကြားသွားသည်။ ၂ဝ၁၁ ခုနှစ် ဒီဇင်္ဘာလအတွင်း မြန်မာနိုင်ငံသို့ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ လာရောက်စဉ် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့က လူနည်းစု တိုင်းရင်းသားများကို ကူညီရန် တိုက်တွန်းခဲ့ဖူးသည်။ ဖောင်ဒေးရှင်းဥက္ကဋ္ဌ Sasakawa ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှလည်း မြန်မာနိုင်ငံ ကိုယ်ရေပြားရောဂါ တိုက်ဖျက်ရေး အတွက် ချစ်ကြည်ရေး သံတမန်အဖြစ် ၂ဝဝ၁ ခုနှစ်က ခန့်အပ်တာဝန်ပေးခဲ့ဖူးပြီး ၂ဝဝ၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း ကိုယ်ရေပြားရောဂါသည်များ၏ လူအခွင့်အရေးနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ ချစ်ကြည်ရေး သံတမန်အဖြစ် ခန့်အပ်ခံ ခဲ့ရဖူးသည်။ ယခု အစီအစဉ်တွင် တောင်ပေါ်စိုက်ပျိုးရေးတန်ဖိုး တိုးမြှင့်ရန် အတွက် ဆေးဖက်ဝင်အပင်များ၊ ကျောင်းဆောက်လုပ်ရေးများ၊ ဆေးသေတ္တာများ၊ စစ်ပွဲများကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားရသူများအတွက် ခြေတု လက်တုများ အပါအဝင် လူနည်းစုတိုင်းရင်းသားများဘဝ တိုးတက်ရေးအတွက် အစီအစဉ်များ ပါဝင်သည်ဟု ဆိုသည်။ “ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရေးဆိုတာဟာ ဒေသခံပြည်သူတွေရဲ့ သဲညှာကို အထိရောက်စေဆုံး ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂမ်းဘား က ပြောသည်။ “မြန်မာပြည် ဒီမိုကရေစီ တည်ဆောက်ရေး အောင်မြင်မှုမှာ တိုင်းရင်းသား လူနည်းစုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။ ကျနော့်အနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စိုက်ပျိုးရေးတွေမှာ အသားပေး ကူညီသွားမှာပါ” ဟု နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Sasakawa က ခန့်အပ်လွှာ လက်ခံပွဲ အခမ်းအနားတွင် ပြောကြားသွားသည်။
မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်သူလက်ကျန်၂ဦး Eleven Media Group  ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် အုပ်စု သပြေချောင်းကျေးရွာနေ မသီတာထွေးအား မုဒိန်းကျင့်၊ လုယက်၊ သတ်ဖြတ်ခံရမှုကို ကျောက်ဖြူမြို့ ခရိုင်တရားရုံးတွင် ၈-၆-၂၀၁၂ သောကြာနေ့က တရားစွဲချက်တင်ခဲ့သော အမှုကို ဇွန်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်က တရားလိုဘက်မှ သေဆုံးသူ မသီတာထွေး၏ အစ်ကို အပါအ၀င် အသိသက်သေ ၈ ဦး၏ ထွက်ဆိုချက်ကို စစ်ဆေးကာ ညနေ ၄ာရီခွဲခန့်တွင် ရပ်နားလိုက်ပြီး ကျန်ရှိနေသော အသိသက်သေများ၏ ထွက်ဆိုချက်များကို ၁၂ရက်နေ့ ရုံးချိန်းတွင် ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရှိပါသည်။

Tuesday, June 12, 2012

ရန်ကုန် ၊ မိတ္ထီလာ လေတပ် နှင့် စစ်တွေ ရေတပ် မောင်တော သို့  ထွက်ခွာ (LIVE)


type053h3-jiangwei-ii_02large
 
492
 
9
 
မဲပေးပါ

မောင်တော မြို့ နယ် တွင်း ရှိ လက်နက် ကိုင် အကြမ်းဖက် ဘင်္ဂလီ ရိုဟင်ဂျာများ အား ရှင်းလင်းရန်
အလို့ ငှာ မြန်မာ့ တပ်မတော် လေတပ် နှင့် စစ်တွေ ရှိ ရေတပ် များ မှ မောင်တော မြို့  သို့  စတင် ထွက်
ခွာ လျှက် ရှိ သည်။ ဘူးသီးတောင် ၊ ရသေ့တောင်  နှင့် စစ်တွေ အခြေစိုက် တပ် များ မှ ယနေ့ ည ၁၀
နာရီ တွင် မောင်တော မြို့  တွင်း သို့  ၀င်ရောက်လာရာ တစ်ဖက် နိုင်ငံ မှ AK – 47 , ပခုံးထမ်း လောင်
ချာ စသည့် လက်နက် များ တပ် ဆင် ထား သည့် အကြမ်းဖက် ရိုဟင်ဂျာများ နှင့် ထိတွေ့ မှု ဖြစ်ပွား
ပြီး နောက် ပိတ်မိနေသည့် ရွာများ မှ ဒေသခံ အချို့  ကယ် ထုတ် နိုင် ခဲ့ သည်။
ည ၁၁ နာရီ ကျော် အချိန် တွင် လက်နက် ကိုင် ဆောင် ထား သည့် ရိုဟင်ဂျာများ က ဝေသာလီ ကျေးရွာ
ကို မီးရှို့ ဖျက် ဆီး သွား ရာ နေ့ လည် ၂ နာရီ အချိန် မှ စပြီး မီးရှို့ ဖျက်ဆီး ခံရသည့် ရွာ များ အနက် ၁၆
ရွာ မြောက် ကျေးရွာ ဖြစ်နိုင် သည် ဟု စစ်တွေ မြို့  မှ အလွတ် သတင်း ထောက် တစ်ဦး ဖြစ်သူ ဦးအောင်
မော် က FNG သို့  ပြောသည်။
တစ်ဖက် နိုင်ငံ တွင် အခြေစိုက် သည့် ရိုဟင်ဂျာ လက်နက် ကိုင် များ မှာ ည ၈ နာရီ ကျော် အချိန် တွင် နယ်
စပ် ကို ဖြတ် ကျော် ပြီး ကြိမ်ချောင်း အပိုင် လောင်ဒုံ ရဲစခန်း ကို ပိတ် ဆို့ ထား ကာ ခရေ မြိုင် ၊ ရွှေရင် အေး
အစရှိသည့် ရွာများ ကိုလည်း မီး ရှို့ ဖျက် ဆီး ခဲ့ သည် ဟု သတင်း ရရှိသည်။
ရိုဟင်ဂျာ အကြမ်းဖက် သမား များ ၏ အကြမ်းဖက် မှု ကြောင့် ရွာများစွာ
ပျက် စီးသွား ပြီး အမျိုးသမီး နှင့် ကလေး ငယ်များ သေဆုံးသည် ဟု စစ်တွေ ဆေးရုံကြီးမှ ကျန်းမာရေး ၀န်
ထမ်း တစ်ဦး က ပြောသည်။
မောင်တောမြို့ပြင် ကားလမ်းတစ်နေရာ ကညင်တန်းတွင် ဘင်္ဂလီRSOပျောက်ကျားများနှင့် မြန်မာ့တပ်မတော်တို့
ထိပ်တိုက်တွေ့ဆုံလျက်ရှိပြီး လက်နက်ကိုင် RSO စစ်တကောင်းမှဘင်္ဂလီဦးရေတစ်ရာဝန်းကျင်ခန့်နှင့် ဒေသတွင်း
ဘင်္ဂလီများပါဝင်ကြောင်း သိရသည်။ မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် စစ်သွေးကြွများ အကျအဆုံး
များကြောင်း သိရှိရသည်။ ရေချမ်းပြင်မှ မြန်မာ့တပ်မတော်နေဗီဘုတ်နှစ်စီးထပ်မံလိုက်လာကြောင်း သိရှိရသည်။

KNU Statement regarding negotiation peace talk

KNU Statement regarding negotiation peace talk

Statement of KNU Central Committee Third Emergency Meeting June 8 - 2012

Statement of KNU Central Committee Third Emergency Meeting June 8 - 2012

မြန်မာနိုင်ငံသား တစ်ဦး ဘင်္ဂလာဒေခ်ျ့ ဆေးရုံ တစ်ခုတွင် ဒဏ်ရာဖြင့် ဖမ်းဆီးခံရ

ဒီသတင်းအရဆိုရင်တော့ မောင်းတောက မူစလင် ရှမ်းတရုတ်(မူစလင်ကုလားလို့ခေါ်ရင်မကြိုက်သောကြောင့်) တွေကို ဘင်္ဂလားဒေရှ် မှလည်း လက်မခံဘဲ ဖမ်းဆီးကြောင်း တွေ့နေရပါတယ်။
သေနတ်ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက် ကုသနေသော မြန်မာနိုင်ငံသား တစ်ဦးကို ဘင်္ဂလာရဲက လွန်ခဲ့သော စနေနေ့က ဖမ်းဆီးလိုက်သည်။

မြန်မာနိုင်ငံ အနီးတွင် တည်ရှိသော ကော့စ်ဘဇား (ဖလောင်းချိတ်) အစိုးရ ဆေးရုံတွင် တက်ရာက် ကုသနေစဉ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကော့စ်ဘဇား အွိုင်လိုင်း သတင်းပုဒ်တွင် ဓါတ်ပုံနှင့် တကွ ဖေါ်ပြသည်။

ဘင်္ဂလာရဲက သေနတ် ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက်ကုသနေသူ မစ္စတာ ဆော်လိမ် ဆိုသူအား သူ့၏ မိခင် ဖြစ်သူနှင့် အတူ ဖမ်းဆီးပြီး ရဲစခန်းသို့ ယူဆောင်သွားကာ ရဲစခန်းတွင် အမူဖွင့် တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။

၎င်းနောက်ပိုင်း မစ္စတာ ဆော်လိမ်အား လက်ထိပ်ခတ်ကာ အစောင့်အရှောက်များဖြင့် ဆေးရုံတွင် ပြန်လည် ဆေးကုသ ပေးနေသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ယမန်နေ့ တနင်္ဂနွေနေ့က မိခင် ဖြစ်သူအား ကော့စ်ဘဇား ခရိုင် တရားရုံးတွင် နိုင်ငံခြားသား အမူနှင့် ရဲက ရုံးတင် တရားစွဲခဲ့သည်ဟု သိရသည်။ မြန်မာ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် သောကြာနှင့် စနေ နေ့များမှာ အစိုးရ ရုံးပိတ်ရက်ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ရုံးဖွင့်ရက် ဖြစ်သည်။

မြန်မာ အစိုးရမှ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဆူပူမူများကို တဘက်နိုင်ငံမှ သေနတ်ကိုင် လူတချို့မှ ၀င်ရောက်ပြီး ကျူးလွန်ခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်ဟု အေအက်ဖ်ပီ သတင်း တပုဒ်တွင် ဖေါ်ပြထားသည်။

ထိုသို့ စွပ်စွဲခြင်းမှာ မဟုတ်မှန်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ (BGB) အကြီးအကဲ ဗိုလ်မှူးချုပ် အဏ္ဍ၀ါ ဟူစိန်က နိုင်ငံ၏ အကြီးဆုံး အင်္ဂလိပ် သတင်းစာ တစ်စောင် ဖြစ်သော The Daily Star ကို ပြောဆိုသည်။

ဘင်္ဂလာ အာဏာပိုင်များသည် မြန်မာတွင် ဖြစ်ပွားနေသော မတည်ငြိမ်မူများ ဘင်္ဂလာဒေခ်ျ့သို့ ကူးစက်လာမည်ကို စိုးရိမ်၍ နယ်စပ်ကို တင်းတင်းကျပ်ကျပ် ပိတ်ထားသည်။ ထိုသို့ တားမြစ်ထားသည့် အခြေအနေကြားထဲမှ မြန်မာ နိုင်ငံသား တစ်ဦး သေနတ် ဒဏ်ရာဖြင့် ကော့စ်ဘဇား ဆေးရုံသို့ ရောက်ရှိလာခြင်း အပေါ် လူအများက အမျိုးမျိုး ဝေဖန် ပြောဆိုနေကြသည်ဟု အွိုင်လိုင်း သတင်းက ဖေါ်ပြထားသည်။

အယ်လ်ကိုင်ဒါနှင့် ဆက်သွယ်သော ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး

ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားစေရန် လှုံ့ဆော်ဦးဆောင်ကြသူများတွင် ပါဝင်သည်ဟု ယူဆရသူ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာက ယနေ့တွင် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါက်တာထွန်းအောင်ကို မောင်တောမြို့နယ် သုံးမိုင်တွင် သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာမည့် Air Kanbawza လေယာဉ်၊ ထိုင်ခုံနံပါတ်-၆ တွင် လိုက်ပါစီးနင်းမည်ဟု လက်မှတ်ဝယ်ယူထားသော ၄င်း၏သမီးဖြစ်သူကိုမူ အယ်လ်ကိုင်ဒါနှင့်ဆက်သွယ်သော စာရွက်စာတမ်းများနှင့်အတူ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေ နောက်ဆုံးရရှိချက် ရုပ်သံမှတ်တမ်းအချို့


အယ်(လ)ကာယီးဒါး နှင့် အဆက်အသွယ် ရှိ ကုလ ၀န်ထမ်း ဒေါက်တာ ထွန်းအောင် ကို ဖမ်းဆီးရမိ

An elderly ethnic Rakhine woman carries a stick for protection during fighting between Buddhist Rakhine and Muslim Rohingya communities in Sittwe
ပုံမှာ ရိုဟင်ဂျာ ဘင်္ဂါလီ အကြမ်းဖက် သမား တို့  ကျုးကျော် မှု ကို ရရာ လက်နက် ကိုင် စွဲ
ပြီး ကာကွယ်နေ သည့် ရခိုင် အမျိုးသမီး ကြီး တစ်ဦး
အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ့  နှင့် အဆက်အသွယ် ရှိ သည့် ကုလ
သမဂ္ဂ ၀န်ထမ်း ဒေါက်တာ ထွန်းအောင် နှင့် သူ ၏ သမီး ဒေါ်မြနန္ဓာတို့  စစ်တွေ နှင့်
မောင် တော မြို့  များ တွင် အသီးသီး ဖမ်းဆီးရမိ ။
ဒေါက်တာ ထွန်းအောင်သည် မောင်တော မြို့  တွင် ရိုဟင်ဂျာများ အကြမ်း
ဖက်မှု စတင် နိုင်ရန် အတွက် သတင်း မှား များ ဖြန့် ချိ ပြီး စနစ် တကျ လှုံ့ 
ဆော် ခဲ့ သူ ဖြစ်သည်။ ဒေါက်တာ ထွန်းအောင်သည် တောင်ကုတ် မြို့  တွင်
မွတ်ဆလင် ၁၀ ဦး အသတ် ခံ ရမှု အတွက် ဆုတောင်း ပေးရန် အာဏာပိုင်များ
ထံ မှ ခွင့် ပြု ချက် ရရှိ ထား ပြီ ဖြစ်သည် ဟု ပြောဆိုကာ
ရိုဟင်ဂျာ လူငယ် များ ကို စည်းရုံး ပြီး နောက် သွေးထိုး မြှောက် ပင့် ခဲ့သည်။
ဒေါက်တာ ထွန်းအောင် သည် ဘင်္ဂလားဒေရှ် နိုင်ငံ ထဲ သို့ ပြေးဝင်ခိုလှုံရန် စီစဉ်
နေချိန် နှင့် ၎င်း ၏ သမီး သည် ရန်ကုန် မှ တစ်ဆင့် ပါကစ္စတန် သို့  အသီးသီး
ထွက် ပြေး ရန် စီစဉ် နေ ချိန် တွင် ဖမ်းဆီး ရမိ ခြင်းဖြစ်သည်။
အခြား သတင်း ရင်းမြစ် တစ်ခု တွင် ရန်ကုန် မြို့ ဉ် ပါ မငြိမ်မသက်မှု များ ဖြစ်ပေါ်
လာရန် ဒေါ်မြနန္ဓာ က ဆက်လက် ကြိုးပမ်း နေစဉ် အတွင်းဖမ်းဆီး ရမိ ခြင်း ဖြစ်
သည် ဟု သိရသည်။
ဒေါက်တာ ထွန်းအောင် ၏ သမီး ဒေါ် မြနန္ဒာ  ထံ တွင် အယ်(လ)ကာယီးဒါး အကြမ်း
ဖက် အဖွဲ့  နှင့် ဆက်သွယ်ထား သည့် မှတ် တမ်း များ နှင့် အိန္ဒယ ၊ ပါကစ္စတန် အခြေ
စိုက် လက်(ခ)ရှာကာ အီ တိုင်ဘာ အကြမ်းဖက် အဖွဲ့  နှင့် ဆက်သွယ် ထားသည့်
အထောက်အထား များ ကို တွေ့ ရှိ ရသည်။
ဒေါက်တာ ထွန်းအောင် RSO ခေါ် ရိုဟင်ဂျာ စစ်သွေး ကြွ များ ၏ လှို့ ဝှက် စခန်း ရှိ ရာ
ဘင်္ဂလာဒေရှ် နိုင်ငံ ကော့ဘဇား မြို့  တောင် ဘက် ရှိ ယူခိုင်း စစ်သွေးကြွ စခန်း သို့ 
ကြိမ်ဖန် များ စွာ သွား ရောက် ခဲ့ ဖူးသည်။
ဒေါက်တာ ထွန်းအောင် ၏ သမီး ဖြစ်သူ ဒေါ်မြနန္ဓာ မှာ မောင်တော မြို့ နယ် အခြေစိုက်
ကုလ သမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာ မင်းကြီး ရုံး မှ အကြီးတန်း အရာ ရှိ တစ်ဦး
ဖြစ်သည်။
စနေ နေ့ က စစ်တွေ မြို့  တွင် လည်း နိုင်ငံ တကာ အကူအညီပေး ရေး ၀န်ထမ်း တစ်
ဦး ၏ နေအိမ် မှ မောင်းပြန် သေနတ် နှစ်လက် အပါ အ၀င် ခဲယမ်းမီးကျောက် များ
ကို သိမ်းဆည်း ရမိခဲ့သည်။
ယနေ့ နံနက် အစော ပိုင်း က မောင်တော မြို့ တွင် ရိုဟင်ဂျာ အကြမ်းဖက်သမား နှစ်
ဦးထံမှ RPG ပခုံးထမ်း လောင်ချာ များ ကို သိမ်းဆည်း ရမိခဲ့သည်။
အယ်(လ) ကာယီးဒါး အကြမ်းဖက် အဖွဲ့  သည် နိုင်ငံ ကာ အကြမ်းဖက် ကွန်ယက် အဖွဲ့ 
အစည်း ဖြစ်ပြီး ၂၀0၁ ခုနှစ် စက်တင်ဘာ လ ၁၁ ရက်နေ့  က အမေရိကန် နိုင်ငံ နယူး
ယောက် မြို့  ရှိ ကမ္ဘာ့ ကုန်သွယ် ရေး မျှော်စင် အဆောက်အဦ နှစ်ခု ကို တိုက်ခိုက်ခဲ့
ရာ လူရာ ပေါင်းများ စွာသေဆုံး ခဲ့သည်။
အယ်(လ)ကာယီးဒါး အဖွဲ့  ခေါင်းဆောင် အိုစမာဘင်လာဒင် ကို အမေရိကန် အထူးတပ်
ဖွဲ့ များ က ယမန် နှစ် မေလက ၎င်း ပုန်းအောင် နေရာ ပါကစ္စတန် အဘော်ဒါဘတ် မြို့ 
တွင် ဖမ်းဆီး သတ်ဖြတ် နိုင်ခဲ့ ပြီး နောက် အယ်(လ)ကာယီးဒါး အဖွဲ့  လည်း အင်အား
ချည့် နဲ့  ခဲ့သည်။

လန်ဒန်ကြေငြာစာတမ်း

အားလုံးသောမြန်မာနိုင်ငံသားများသွေးစည်းကြဖို့အချိန်တန်ပြီ


                                                                                                         ၁-၆-၂၀၁၂ 
မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးများ၊ ပညာရှင်များ၊ ကျောင်းသားများ၊ အလုပ်သမားများ နှင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊လူမှုရေးအသင်းဖွဲ့များ၊ နိုင်ငံရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများပါဝင်သောအစုအဖွဲ့မှ  နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံတော်တွင်းမှီတင်း နေထိုင်လျှက်ရှိကြကုန် သော တိုင်းရင်း သားလူမျိုးများ၏ ပျံ့နှံ့နေထိုင်မှု၊ နယ်မြေပိုင်ဆိုင်မှု လွတ်လပ်စွာ မှီတင်းနေထိုင် မှုတို့အားကာကွယ် စောင့်ရှောက်ရန်အလို့ငှာ ပြည်ပမှ ၀င်ရောက် လာသော ဘင်္ဂါလီ (ရိုဟင်ဂျာအမည်ခံ) တို့နှင့်ပတ်သက်သော အောက်ဖေါ်ပြပါ ကြေငြာချက် ကိုထုတ်ပြန်သည်။


၁။ ဘင်္ဂါလီ(ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့သည် မြန်မာနိုင်ငံအ တွင်းမူလဘူတ ပြန့်နှံ့ နေထိုင်သော တိုင်းရင်း သားလူမျိုး တစ်မျိုး မဟုတ်ကြောင်းကြေငြာသည်။


၂။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးစုအဖြစ် အသိအ မှတ်ပြု သော၊ အမှတ်အသားပြုလက်ခံသော UNHCR အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် နိုင်ငံတကာ အစိုးရတို့အား ကျွန်ုပ်တို့၏ အမျိုး သားရေး ကိစ္စရပ်များ တွင် ၀င်ရောက်စွက်ဖက်မှုအဖြစ် သတ်မှတ်သည်။


၃။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့သည် မြန်မာနိုင်ငံ ၏ တိုင်းရင်း သားလူမျိုး တစ်မျိုးဖြစ် ကြောင်း ကြိုးပမ်းမှုအား ငွေကြေးထောက်ပံ့ခြင်း၊ လူမှုရေး အရထောက်ပံ့ခြင်း၊ မီဒီယာများဖြင့် ထောက်ခံရေးသားခြင်း၊ သံခင်းတမန်ခင်းအရ လက်ခံခြင်း သည် ကျွန်ုပ် တို့၏ အမျိုးသားရေး ကိစ္စရပ်များတွင် ၀င်ရောက် စွက်ဖက် မှုအဖြစ် သတ်မှတ်သည်။


၎။ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) လူမျိုးတို့ သုံးစွဲသော ဘာသာစကား နှင့် စာပေတို့သည် မြန်မာ နိုင်ငံ တိုင်းရင်းသား လူမျိုးစုများ၏ ဘာသာစကား နှင့် စာပေ မဟုတ်ကြောင်း ကြေငြာသည်။


၅။ မြန်မာပြည်တွင်း နှင့် နိုင်ငံတကာရှိမြန်မာ့အရေးဆောင်ရွက်သော အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုး သားကောင်စီ ( NATIONAL COUNCIL UNION OF BURMA) အပါအ၀င် ဒီမိုကရေစီအရေး နှင့် တိုင်း ရင်း သားလူမျိုး များ၏ အခွင့်အရေး များတောင်းဆို တိုက်ပွဲဝင်နေသော မြန်မာ တိုင်းရင်း သား တပ်ပေါင်းစုများ၊ တိုင်းရင်းသားပေါင်းစုံအဖွဲ့ အစည်း များတွင် ဘင်္ဂါလီ ( ရိုဟင်ဂျာအမည်ခံ) လူမျိုးများ အား အဖွဲ့ အစည်း တစ်ခုအဖြစ်သော်၎င်း၊ အဖွဲ့ဝင် အဖြစ်သော်၎င်း အသိအမှတ်ပြုလက်ခံဖွဲ့စည်းခြင်း မရှိ ကြောင်း သိစေ အပ်သည်။


၆။ ပညာရှင်ဟု အမည်ခံ၍ တင်ပြလာသူ နိုင်ငံခြားသား များ၏ စာတန်းများ သည် ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) တို့၏ ဖန်တီးထားသော ဖြစ်စဉ် အား စူးစမ်းလေ့လာမှု အဆင့်သာလျှင်ဖြစ်ပြီး။ အကယ်စင်စစ် ထိုပညာ ရှင်များသည် မြန်မာ ပြည် အကြောင်းကို သော်၎င်း မြန်မာပြည်၏ လူမျိုးများပြန်.နှံ့ နေထိုင်မှုကိုသော်၎င်း ရေရာစွာသိရှိသူ များမဟုတ်ကြောင်း ကြေငြာသည်။


၇။ ၁၈၂၄ ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို သိမ်းပိုက်ခဲ့သော အင်္ဂလိပ်လူမျိုးများသည် အိန္နိယမှ အလုပ်သမား များကို မြန်မာနိုင်ငံတွင်းသို့ ကိုယ်တိုင်သွင်းယူခဲ့၍ ၎င်း အိန္နိယ နှင့် ဘင်္ဂါလီလူမျိုးများသည် မြန်မာ တိုင်းရင်း သား များ မည်သို့မျှ မဟုတ်ခဲ့သည်ကို သမိုင်းစဉ်နှင့် ချီ၍ သေချာစွာသိရှိခဲ့သော်လည်း။ အင်္ဂလန် နိုင်ငံအပါအ၀င် ၎င်း အင်္ဂလိပ် မျိုးနွယ်စု နိုင်ငံများဖြစ်သည့် အမေရိကန်၊ သြစတြေးလျှ နှင့် ကနေဒါ နိုင်ငံများသည် ၎င်းတို့ မြန်မာနိုင်ငံတွင်းသို့ ခေါ်ယူလာ ခဲ့သော နိုင်ငံခြားသားများအား မြန်မာတို့၏ တိုင်းရင်း သားအဖြစ် ကျော ထောက် နောက်ခံပေး နေခြင်းအား ကန့်ကွက်ကြောင်း သိစေအပ်သည်။


၈။ လူကုန်ကူးသူများနှင့် ဒီမိုကရေစီနိုင်ငံကြီးများတွင် အခြေချနေထိုင်လိုသူများ ၏ ပုဂ္ဂိုလ်ရေး ရည်မှန်း ချက် များဖြင့် နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူ ဘင်္ဂါလီ (ရိုဟင်ဂျာ အမည်ခံ) များအား ဖေါ်ထုတ်တင်ပြသွားမည်။


၉။ ပိုမို၍ ကြီးမားကျယ်ပြန့်သော မြန်မာပြည်သူများ၏ သဘောထား ကိုဆက်လက်ကောက်ခံ၍ အပြည်ပြည် ဆိုင်ရာအသိုင်းအ၀ိုင်း သို့တင်ပြသွားမည်။

စစ်တွေမြို့ နောက်ဆုံးရသတင်းများ

Written by ရခိုင်သွီး    Monday, 11 June 2012 10:01   


181251 233121373473844 2030195574 n
imagesနေ့လည် ၁၂ နာရီသတင်း
စစ်တွေမြို့တစ်ဖက်ကမ်းရှိ ရခိုင်တိုင်းရင်းသားများနေထိုင်သော ဗျိုင်းဖြူရွာကို သံတော်လီရွာနှင့် တခြားဘင်္ဂလီမူဆလင်များက ပူပေါင်းပြီးတိုက်ခိုက်ရာ ဗျိုင်းဖြူရွာသား ၃ ဦးမှာ ဘင်္ဂလီမူဆလင် သေနတ်လက်ချက်ကြောင့် သေဆုံးသွားကြောင်း သိရှိရသည်။
သေဆုံးသွားသော ဗျိုင်းဖြူရွာသား ၃ ဦးကို ဘင်္ဂလီမူဆလင်များက ယူဆောင်သွားသောကြောင့် ရွာသားများမှာ အလောင်ကိုပြန်ရရေးအတွက် အခက်အခဲဖြစ်နေကြောင်းကိုလည်း ဒေသခံတစ်ဦးကပြောသည်။
“ အခုသေဆုံးသွားသော အလောင်း ၃ လောင်းကို ပြန်ရရန် အခက်အခဲဖြစ်နေပါတယ်။ အခင်းဖြစ်ချိန်မှာ လုံထိန်းများအင်းအားကလည်း မမျှတပါ။ အလောင်းများကိုပြန်ရအောင်နှင့် လက်ရှိဗျိုင်းဖြူရွားသားများကို ကာကွယ်ရန် လုံထိန်းများနောက်ထပ် အင်အားအရေးတကြီးလိုအပ်နေပါတယ်။ ” ဟု သိရသည်။
ညနေ ၃ နာရီခွဲသတင်း
ညနေသုံးနာခွဲခန့်အချိန်တွင် လက်နက်များပါသည်ဟု ယူဆရသော ဘင်္ဂလီမူဆလင်များ မောင်းနှင်လာတဲ့ ဘုတ်ကြီးတစ်စင်းသည် ကမ်းကပ်ရန်ကြိုးစားရာ စစ်တွေမြို့ ရှုခင်းသာလမ်း သုံးခွဆုံတွင် လုံခြုံရေးယူနေသော ရခိုင်တိုင်းရင်းသားများမှ ကမ်းမကပ်နိုင်ရန် လိုက်လံမောင်းထုတ်ရာ ၄င်းဘုတ်ကြီးသည် ပင်လယ်သို့ အလျှင်အမြန် မောင်းထွက်သွားကြောင်းကိုလည်း သိရှိရသည်။
ရခိုင်ပြည်နယ်ရဲ့ အဓိကမြို့တစ်မြို့ဖြစ်သော စစ်တွေမြို့သည် အခု ဘင်္ဂလီမူဆလင် အကြမ်းဖက်မှုကြောင့် မြို့တွင်းရှိ ရခိုင်တိုင်းရင်းသားများမှာ လုံခြုံမှုအလွန်နည်းသဖြင့် အသက်အန္တရာယ်များကိုပါ အလွန်စိုးရိမ်နေရကြောင်းကိုလည်း သိရှိရသည်။ မောင်တောပြဿနာများသည် စစ်တွေမြို့သာမက ရခိုင်တစ်ပြည်နယ်လုံးကိုပါ အန္တရာယ်ရှိလာနိုင်ဖွယ်ဖြစ်၍ သက်ဆိုင်ရာအာဏာပိုင်များနှင့် အကြီးအကဲများက အကြမ်းဖက် ဘင်္ဂလီမူဆလင်များကို ထိထိရောက်ရောက် လုပ်ဆောင်ပေးမည့် အချိန်ကျရောက်နေပြီဖြစ်ကြောင်းလည်း ဒုက္ခရောက်နေကြသော စစ်တွေမြို့ဒေသခံများက ပြောဆိုနေကြသည်။

Monday, June 11, 2012

သမ္မတဦးသိန်းစိန်မိန့်ခွန်း (၁၀-၀၆-၂၀၁၂ )





အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် KNU ပြန်လည်သုံးသပ်


ဇွန်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သော အရေးပေါ် အစည်းအဝေးတရပ်ကို ကရင်အမျိုးသား အစည်းအရုံး-KNU က ၎င်းတို့ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်အတွင်း တနေရာတွင် ဇွန်လ ၄ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အစည်းအဝေးတွင် KNU ဗဟိုကော်မတီ အဖွဲ့ဝင် (၃၃)ဦးနှင့် အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ် (၂)ဦး တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်တွင် အခြေခံသည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်လျက် လက်ရှိတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ခဲ့သည်ဟု KNU က ပြောသည်။

KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “အရင်(အစိုးရနဲ့ ဒုတိယအကြိမ်)က တပ်ကိစ္စ ဆွေးနွေးဖို့ ရှိပေ မယ့် အပေါ်ယံ ညှိနှိုင်းမှုတွေပဲ လုပ်ခဲ့ရတယ်။ အခု လာမယ့်ကာလမှာ စစ်တပ်တွေရဲ့ လိုက်နာရမယ့် နယ်မြေ သတ်မှတ်ရရေးအတွက် ဘယ်လိုလုပ်ကြမလဲ စတာတွေပေါ့။ နောက် အစိုးရဘက်က တပ်ပိုင်းဆိုင်ရာမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ပါဖို့ တောင်းဆိုရမှာပဲ။ ဒါပေမယ့် အစိုးရနဲ့ ထပ်တွေ့ဖို့က ဒီလထဲမှာတော့ မသေချာဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

အစိုးရနှင့် KNU အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီးနောက် KNU ထိန်းချုပ်နယ်မြေအတွင်း ထိပ်တိုက် တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း တောင်ငူခရိုင်၊ ဒူးပလာယာနှင့် ဖာပွန်ခရိုင်တို့တွင် နယ်စောင့် တပ်နေရာ အတွက်ဟူ၍ မြေသိမ်းမှုနှင့် ဒေသခံများအား ပေါ်တာဆွဲမှုများ ရှိသည်ဟု သူက ဆက်ပြောသည်။

တဆက်တည်း၌ပင် ထိုအစည်းအဝေးပြုလုပ်ပြီးနောက် KNU သည် ယမန်နေ့က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ချက်အရ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင် ရေးအတွက် အရေးကြီး သော လုပ်ငန်းများကို ဦးဆောင်မှုပေးနိုင်ရန် ၎င်းတို့၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီအဖြစ် ဗဟိုအလုပ် အမှုဆောင် ကော်မတီမှ ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ထို့အပြင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ဦးဆောင်မှုတို့အထောက်အကူပြုရန် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဖွဲ့ထားသည့် စစ်ရေးရာကော်မတီ (Military Affairs Committee) ၏ လုပ်ငန်းများလည်း KNU ဗဟိုစစ်ဦးစီး ဌာနချုပ်သို့ ပြန်လည်လွှဲပြောင်းလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးစောလှငွေက “ငြိမ်းချမ်းရေးတည်ဆောက်လုပ်ငန်းစဉ်မှာ အထောက်အကူပြုဖို့ စစ်ဦးစီးဌာနချုပ်မှာပါတဲ့ ပုဂ္ဂိုလ်တွေ ပထမမှာ ၇ဦးဖွဲ့တယ်။ နောက် ၁၃ ဦးနဲ့ ထပ်ဖွဲ့တယ်။ အဲလိုဖွဲ့လိုက်ပေမယ့် လူတွေဟာ စစ်ဦးစီးဌာန ချုပ်မှာလည်း တာဝန် ရှိတဲ့သူ ဖြစ်တော့ လုပ်ငန်းရဲ့ တာဝန်နဲ့ သဘောသဘာဝတွေမှာ ကွဲကွဲပြားပြား မလုပ်နိုင် ဘူး။ ဒါကြောင့် ဟိုးတုန်းက အတိုင်း ပြန်ထားလိုက်တဲ့သဘောပါ။”ဟု ဖြည့်စွက်ပြောဆိုသည်။

ယခုပြုလုပ်သည့် KNU ၏ အရေးပေါ်အစည်းအဝေးသည် တတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် လများအတွင်းမှာ လည်း မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခြင်း မပြုလုပ်မီ အလားတူ အစည်းအဝေးနှစ်ကြိမ် ပြုလုပ်ခဲ့ ပြီဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၂ရက်နေ့က KNU သည် မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် တွေ့ဆုံကာ ပဏာမ အပစ် ရပ်ရေး သဘောတူလက်မှတ်ထိုးပြီးနောက် ဧပြီလ ၆ရက်နေ့တွင် KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ဝင်တို့က ရန်ကုန်မြို့တွင် ပြည်ထောင်စုအဆင့် ဆွေးနွေးကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့် နှစ်ဖက် သဘောတူညီမှုများ ရရှိခဲ့ကြသည်။

May_2012 _Karen Newsletter_

May_2012 _Karen Newsletter_