Thursday, May 16, 2013

မောင်တောအခြေအနေ မေးမြန်းချက် (နေ့ခင်း ၂ နာရီ)


Published on May 16, 2013 by ​အေး​နိုင်   ·   No Comments

မဟာစင်ဆိုင်ကလုန်းမုန်တိုင်း ဟာ ခန့်မှန်းထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောမြို့ကို ၀င်ရောက်ရိုက်ခတ်ခြင်းမရှိသေးပေမယ့် တဖက်နိုင်ငံ ဘဂ်လားဒေ့ရှ်နိုင်ငံကို တိုက်ခတ်နေတယ်လို့ မောင်တောဒေသရောက် ဒီဗွီဘီသတင်းထောက် ကိုသီဟက ပြောပါတယ်။

မုန်တိုင်းအနေအထားဟာ မူလခန့်မှန်းထားတာထက် အားပျော့မယ့် အရိပ်အခြည်ကြောင့် မောင်တောဒေသခံတွေ စိတ်ပူပန်မှုလျော့ပါးနေတယ်လို့ သူက ပြောပါတယ်။

မြန်မာစံတော်ချိန်မွန်းလွဲ ၂ နာရီမှာ ကိုဖိုးသီဟနဲ့ မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

မဟာဆန် ဆိုင်ကလုန်း အနီရောင် အရေးပေါ်အဆင့်သို့ရောက်ရှိ


Photo - Google Image


ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာဆန်သည် အနီရောင်အရေး ပေါ်အဆင့်သို့ရောက်ရှိလာပြီး ရခိုင်ပြည်နယ် ၊ မောင်တောမြို့ကို နောက် ၁၈ နာရီ အတွင်းဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက မေလ ၁၅ ရက် ည ၇ နာရီက သတိပေးချက် ထုတ်   ပြန်လိုက်သည်။

အဆိုပါမုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနေပြီး နောက် ၁၈ နာရီအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် ရခိုင်ပြည်နယ် မောင်တောမြို့ကမ်းခြေကို ဖြတ်ကျော်ဝင်
ရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြ ထားသည်။

Image - mmweather


မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၇၀ အထိ တိုက်ခတ်နိုင်ပြီး မုန်တိုင်း
ကြောင့်မြင့်တက်လာသော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် ၈ ပေမှ ၁၀ ပေခန့် ၊ စစ်တွေခရိုင် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့်နှင့် ကျောက်ဖြူခရိုင်ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် အထိ
မြင့်တက်နိုင်ကြောင်း ည ၆ နာရီခွဲအချိန်တိုင်းထွာချက်အရထုတ်ပြန်ထားသည်။

လက်ရှိအနေအထားတွင် အဆိုပါ မုန်တိုင်းသည် မောင်တောမြို့၏အနောက်တောင်ဘက် မိုင် ၂၇၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၂၈၀ ခန့် ၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့် ၊ အိန္ဒိယနိုင်ငံ ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင် ၂၆၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဖေါ်ပြထားသည်။

ထို့အပြင် မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း
ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျ
ရေများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြုရှောင်ရှားသင့်ကြောင်းလည်း  သတိပေးထားသည်။

 အဆိုပါ မုန်တိုင်းကြောင့် ဖြစ်လာမည့်အန္တရာယ်များအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဒုတိယ သမ္မတ ဦး ဥာဏ်ထွန်းမှာ ရခိုင်ပြည်နယ် အမ်းမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒေါက်တာ ထွန်းလွင် ၏ မုန်တိုင်း ခန့် မှန်းချက် ၊ သတိပေး ချက် ၊ အကြံပြု ချက်

(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀

နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့ အနောက်တောင်ဖက် 443 NM 
(530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀ နာရီ အတွင်း)
အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့် ဆက်လက် ရွေ့လျှားနေ ခဲ့ပါတယ်။

(၃) မုန်တိုင်းဗဟိုအနီးလက်ရှိလေတိုက်နှုန်းမှာ 45 KNOTS(55 MPH) နှုန်း ရှိနေ ပါတယ်။

(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုဘဲ ဆက်လက်ရွေ့လျှားမယ်လို့ ခန့်မှန်းပါတယ်။

(၅) နောက်(၄၈)နာရီအကြာ (၁၇-၅-၂၀၁၃ နံနက် ၃း၃၀ နာရီ)တွင် မုန်တိုင်း၏ အရွယ်မှာ
အကျယ်(အချင်း)မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။

(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ မုန်တိုင်းဟာ
အားအကောင်းဆုံးဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်း
များအတွင် မျောပါရွေ့လျှားနေနိုင်ပါတယ်။

(၇) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ အများဆုံးလေ
တိုက်နှုန်း 65 KNOT 78 MPH) ခန့် နဲ့ လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ
တိုက်ခတ်နိုင်ပါတယ်။

(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)မှာ ကုန်းပေါ်တွင်
အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။

(၉) မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ပါတယ်။

(၁၀) မုန်တိုငးဟာ (၁၆-၅-၂၀၁၃)ရက် ညနေပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ
ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)

မှတ်ချက်။ မုန်တိုငးဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာရှိရာ ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့မြောက်ပိုင်း
ပင်လယ်ပြင်ထဲတိုးဝင်လာတဲ့အခါ ပိုမို ပူနွေးနေတဲ့ ရေပြင်ကြောင့် ပိုအားကောင်းလာနိုင်ပါတယ်။

မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ အကြံပြုချက်...
(၁၅-၅-၂၀၁၃)
နံနက် ၅း၄၅ နာရီအချိန်

လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုငနက်ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်တွေ၊ ကုန်သွယ်ကူးသန်းရေယာဉ်တွေဟာ လေပြင်း နဲ့ လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာမောင်းနှင် ကြဖို့လိုပါတယ်။ အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့ အလွန်အရေးကြီးပါတယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းလောက် ရှိတဲ့လေဟာ မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်သာတက်နိုင်ပါတယ်။ တကယ်လို့ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ဖြစ်လို့ လေတိုက်နှုန်းဟာ ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားတာနဲ့ မုန်တိုင်းဒီရေအမြင့်ဟ (၁၂)ပေလောက်ဖြစ်သွားပါ့်မယ်။ အလွန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့လိုပါတယ်။

နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆိုတာကိုလည်း ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။

“မုန်တိုင်းမလာမီပြင်ဆင်ထားရန်”

- မိမိနှင့် အနီးဆုံးတည်ရှိသော မုန်တိုင်းခိုအဆောက်အအုံကို ကြိုတင် သတ်မှတ်ထားရှိရန်နှင့် ထိုနေရာသို့ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံး
ရောက်ရှိနိုင်မည့် လမ်းကြောင်းကို ကြိုတင်ရှာဖွေထားရန်။

- အရေးကြီးပစ္စည်းများ ပါဝင်သည့် လက်စွဲအသုံးအဆောင် အရန်သင့် ကြိုတင်ပြင်ဆင်ထားရန်။

- မိမိအိမ်အား သေချာစွာစစ်ဆေး၍ ခိုင်ခန့်မှုမရှိသည်များကို ခိုင်ခံ့အောင် အားဖြည့်ပြုပြင်ထားရန်။

- အိမ်၊ ခြံဝင်းအတွင်း ကျိုးပဲ့နိုင်သည့် အကိုင်း၊ အခက်လက်များကို ကြိုတင် ခုတ်ထွင်ရှင်းလင်းထားရန်။

- အရေးပေါ်ဆက်သွယ်ရမည့် ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်အဖွဲ့၊ သတင်းအချက်အလက်များ ရရှိနိုင်မည့် အဖွဲ့များ၏ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ
တို့ကို အလွယ်တကူထားရှိရန်။

- အစာအခြောက်များ၊ အရေးပေါ်ဆေးဝါးများ၊ သင့်လျော်သည့် အကာ အကွယ်ပစ္စည်းများကို စုဆောင်းရန်။

မုန်တိုင်းတိုက်ခတ်လာသောအခါ
- လျှပ်စစ်မီးများ၊ ဓာတ်ငွေ့ပိုက်လိုင်းများအားလုံးကို ဆက်သွယ်မှုများ ဖြတ်တောက်ပစ်ရန်။

- မုန်တိုင်းခို အဆောက်အအုံများသို့ အမြန်ဆုံးပြောင်းရွှေ့ခိုလှုံရန်။

- လေတိုက်နှုန်း ၁၀၀ကျော်သောအားကောင်းသည့် မုန်တိုင်းများမှာ မုန်တိုင်းဒီရေတက်လေ့ရှိသဖြင့် ထိုမုန်တိုင်းမျိုးတိုက်ခတ်ပါက အိမ်အတွင်း ခိုလှုံခြင်းထက် ကုန်းမြင့်ရှိ ခိုင်ခံ့သော အဆောက်အအုံများသို့ ရွှေ့ပြောင်းရန်။

- ရေဒီယိုဖြင့် နောက်ဆုံးသတင်း ထုတ်ပြန်ချက်များကို အဆက်မပြတ် ဖမ်းယူနားထောင်ရန်။

- သက်ဆိုင်ရာမုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း ကြေညာချက် ထုတ်ပြန်သည်အထိ အန္တရာယ်ကင်းသည့်နေရာတွင် စောင့်ဆိုင်းရန်။

မုန်တိုင်းကျရောက်ပါက
- သက်ဆိုင်ရာမှ မုန်တိုင်းကင်းရှင်းပြီဖြစ်ကြောင်း မကြေမညာမချင်း အပြင် မထွက်ရန်။

- ဓာတ်ငွေ့များ ယိုစိမ့်မှုရှိ၊ မရှိစစ်ဆေးရန်၊ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုရန်။

- သက်ဆိုင်ရာမှ ကြေညာပေးမည့် သတင်းနှင့် အကြံပြုချက်များကို ဂရုစိုက်နားထောင်ရန်။

- မိမိအား ကယ်ဆယ်ဆောင်ရွက်ပေးဖို့လိုအပ်ပါက စောစီးစွာ ဆောင်ရွက်နိုင်ရန် မိမိအိမ်သို့ သက်ဆိုင်ရာမှ အကြံမပြုမချင်း ဆန္ဒစောပြီးမပြန်ရန်၊ ပြန်ပါကလည်း
သတ်မှတ်ထားသည့်လမ်းကြောင်းမှသာ ပြန်ရန်။

-ကုန်းလမ်း၊ ရေလမ်းခရီးသွားရပါက မြွေအန္တရာယ် အထူးသတိထားရန်။

- လမ်းဘေးတွင် ပြတ်ကျနေသော လျှပ်စစ်ကြိုးများကို မကိုင်မိ၊ မထိမိရန် သတိပြုပြီး နီးစပ်ရာ လျှပ်စစ်ရုံးသို့ အကြောင်းကြားရန်။

- မီးဘေးအန္တရာယ် သတိပြုရန်။

- ၀မ်းပျက်၊ ၀မ်းလျှောရောဂါ သတိပြုရန်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် ဒေါက်တာထွန်းလွင်၏ မုန်တိုင်းအကြောင်း သိကောင်းစရာမှ ကောက်နုတ်ချက်များ။



၂၀၁၃ မေလ ၁၅ ရက်နေ့  မုန်တိုင်း အခြေအနေ လုံးဝ နီးကပ်လာပြီး ဝင်ရောက်လာ


မေလ ၁၅ ရက်နေ့  ည ၂၀ နာရီ ၂၅ မိနစ် 

Wednesday, May 15, 2013

Tropical Cyclone Targets India, Bangladesh, Myanmar

By Eric Leister, Meteorologist
May 14, 2013; 9:08 AM
Play videoThis video has details on the typhoon's strength and timing of landfall.

Tropical Cyclone Mahasen (01B), which is now centered to the northeast of Sri Lanka, or several hundred miles south of Calcutta, India, will bring impacts to areas from eastern India to Bangladesh and Myanmar over the next few days.

On Monday and Tuesday, heavy rainfall associated with Mahasen fell across parts of Sri Lanka. Rainfall totaled 5.76 inches in Ratnapura and 4.45 inches in Kurunegala during this time. The Sri Lankan Disaster Management Centre reported that at least seven people have died due to flooding from the cyclone.

Multiple boats carrying more than 100 evacuees from Myanmar capsized on Monday after the lead boat crashed into rocks, according to the United Nations. More than 50 people aboard the boats are feared dead.

A satellite image from Tuesday shows clouds associated with Tropical Cyclone Mahasen to the north of Sri Lanka.

Mahasen is expected to take a northeastward track over the next few days. This track should bring the storm into an area of warm sea surface temperatures and lower wind shear allowing it to become better organized.

The METEO-7 satellite image from Tuesday, from the University of Wisconsin, shows the clouds associated with Mahasen near India and Sri Lanka

With this track, Tropical Cyclone Mahasen could bring life-threatening conditions to millions of people from northeastern India and into Bangladesh and even Myanmar.

The storm is expected to approach Bangladesh Wednesday night into Thursday morning. During that time. it is expected to reach a peak intensity of 75 mph (120 km/h). Mahasen may weaken somewhat prior to making landfall on Thursday afternoon, but the primary threat from the storm will be heavy rainfall throughout the region.

An additional concern is that parts of Bangladesh and northeast India have received over 12 inches of rain during the past two weeks, which is a normal total for the entire month of May. In particular, the coastal Bangladesh city of Chittagong, a city of 2.5 million people, received more than 15 inches of rain between May 3 and May 11. As a result, additional heavy rainfall from a tropical cyclone would likely produce widespread flooding of both coastal and inland areas and possible mudslides.

Farther west, rainfall amounts will be considerably lighter as compared to Bangladesh and coastal Myanmar. Calcutta (Kolkata), India, a city of more than 5 million people, will be very close to the western side of the storm system. At this point in time, it appears that they will have just a few showers and thunderstorms while the worst of the storm passes to their east. However, if the storm tracks a little farther west, there is the potential for a steadier and heavier period of rain on Thursday which could total a few inches.

Cyclones that have hit these areas in the past have been some of the most deadly across the globe. In 2008, Tropical Cyclone Nargis devastated parts of Myanmar with some estimates of more than 100,000 people killed by the storm. A tropical cyclone that hit Bangladesh in 1991 reportedly killed more than 100,000 people as well.

Even though this storm is not expected to be as powerful as either of these, it shows how much damage can be done by a tropical cyclone in this part of the world.

Meteorologists Rob Miller, Eric Wanenchak, Mark Paquette and Anthony Sagliani contributed to this story.


Monday, May 13, 2013

မုန်တိုင်းကို ရင်ဆိုင်ဖို့ ပြင်ထားပါတယ် – ဦးဝင်းမြိုင်


JTWC သတိပေးချက်ပါ မုန်တိုင်း လေပြင်းတိုက်ခတ်ခံရနိုင်ဖွယ် ရှိနေတဲ့ ဧရိယာများ

ဘင်္ဂလားပင်လယ်အော်ကနေ မြောက်ဘက်ကို ရှေးရှုလာတဲ့ မဟာစင် အမည်ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ လာမယ့်ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကို ၀င်ရောက် တိုက်ခိုက်နိုင်ဖွယ်ရှိတာကြောင့် ပြည်နယ်အတွင်းမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းမြိုင်ကို ကိုအေးနိုင်က နေ့ခင်း ၃ နာရီမှာ ဆက်သွယ်မေးမြန်းထားပါတယ်။

မုန်တိုင်းအကြိုကာလ ပြင်ဆင်မှုအခြေအနေ ပြောပြပေးပါ။

“ကျေးရွာကမ်းစပ်အတော်များများကို ကျနော်တို့ ကြေညာထားပြီးဖြစ်တယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း အကုန်လုံး သတင်းပို့ပြီး အသင့်ဖြစ်နေပါပြီ။”

ဖိဖိစီးစီး မုန်တိုင်းအန္တရာယ် သတိပေးချက်ထုတ်ထားတာက ဘယ်မြို့နယ်တွေလဲ။

“အဓိက စစ်တွေနဲ့ မောင်တောပါ။ ဘူးသီးတောင်ကတော့ နည်းနည်းအလှမ်းဝေးတယ်။ ကျန်တဲ့မြို့နယ်တွေမှာပါ သတိပေးချက် ထုတ်ထားပါတယ်။ ကျောက်ဖြူတို့၊ မြေပုံတို့၊ ပေါက်တောတို့။”

စားရေရိက္ခာပြင်ဆင်မှုအခြေအနေ ပြောပြပေးပါ။

“အဲဒါက အရင်ကတည်းက ရှိပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) တို့၊ ကြက်ခြေနီအဖွဲ့တွေက ကြိုတင်စုဆောင်းထးတာတွေ ရှိပါတယ်။ ခေါက်ဆွဲခြောက်တို့၊ ရေသန့်တို့ ကြိုတင်စုဆောင်းထားတာ ရှိပါတယ်။”

အကယ်လို့ မုန်တိုင်းဝင်လာမယ်ဆိုရင် ရေပါပါပြီး တချို့နေရာတွေမှာ ၁၀ ပေလောက် ရေတက်မယ်ဆိုတော့ အဲဒီလူတွေကို အမြင့်ပိုင်းတွေရောက်အောင် ဘယ်လို စီစဉ်ထားပါသလဲ။

“တချို့ရွာတွေမှာ နှစ်တိုင်း လေ့ကျင့်မှုတွေ လုပ်ထားတော့ သိပ်ပြီးတော့ အခက်အခဲ မရှိပါဘူး။ အခု စစ်တွေမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းကိုပဲ ရေနဲ့မလွတ်တဲ့ နေရာတွေကို လွတ်တဲ့နေရာတွေကို ပြောင်းရွှေ့ပေးပါတယ်။”

အခု အုပ်စု ၂ စုကြား အစ္စလာမ်ဘာသာဝင်တွေနဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေ ကယ်ဆယ်ရေးနေရာချထားတယ်လို့ သိရတယ်။ သူတို့ကိုရော ဘယ်လိုမျိုးနေရာစီစဉ်ထားလဲ။ ဘယ်နေရာတွေ ပို့ထားလဲ။

“မွတ်စလင်ဒုက္ခသည်တွေကိုတော့ စလုပ်ပေးကတည်းက ကားလမ်းဘေး လုပ်ပေးတာများတယ်။ အခုရွှေ့တာက ဒီပြင် မြို့နယ်တွေကနေ စစ်တွေမြို့နယ်ကို ပြောင်းလာတဲ့အဖွဲ့တွေအတွက် စီစဉ်ပေးတာပါ။”

ဦးဝင်းမြိုင်တို့စီစဉ်ထားပုံအတိုင်းဆိုရင် တကယ်လို့ မမျှော်လင့်ဘဲ မုန်တိုင်းက စစ်တွေဘက်ရိုက်ခတ်မယ်ဆိုရင် ဒီမှာရှိနေသူတွေရဲ့ အသက်အန္တရာယ် အတော်လေး လုံခြုံစိတ်ချရအောင် ပြင်ဆင်ထားပြီးပါပြီလား။

“အဲလောက်ဖြစ်အောင် အားလုံးက ကြိုးစားပြင်ဆင်နေပါတယ်။ ဒါပေမယ့် တခုရှိတာက မုန်တိုင်းကို ဒီဘက်ဝင်လာမယ်ဆိုရင်လည်း ဆောက်ထားတဲ့ အိမ်အခြေအနေပေါ်မူတည်ပြီး လုပ်ထားပါတယ်။ စဆောက်ကတည်းကလည်း ခိုင်ခံ့မှုရှိအောင် ဆောက်ထားပါတယ်။ ရေတက်နိုင်မယ့်နေရာတွေကိုလည်း ကုန်းမြင့်မှာရှိတဲ့စခန်းတွေကို အကုန်လုံး ရွှေ့ထားပြီးပါပြီ။”

အလွန်အမင်းမဟုတ်ဘဲ သာမန်ရေတက်တာဆိုရင် သိပ်စိုးရိမ်စရာမရှိဘူးဆိုတဲ့ သဘောပေါ့။ နောက် ကုန်ဈေးနှုန်းနဲ့ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ ပတ်သက်လို့ရော ရခိုင်ပြည်နယ်မှာ ဘယ်လိုရှိပါလဲ။

“ဟုတ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးက အခုထိတော့ မိုးသိပ်ရွာတာ၊ လေတိုက်တာမရှိတော့ ကားတွေကတော့ သွားလာတုန်းပါပဲ။”

ကမ္ဘာ့သတင်းတွေမှာဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ မောင်တောမှာဆိုရင်၊ စစ်တွေကတောင် နည်းနည်းလှမ်းသေးတယ်၊ ဆိုတော့ မောင်တောဘက်ပြင်ဆင်မှုအခြေအနေ နည်းနည်းပြောပြပေးပါ။

“မောင်တောဘက်ကို ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ကျနော်တို့ ပြောထားတာရှိတယ်။ အဲဘက်တွေက နှစ်တိုင်းကြုံနေတော့ ဘယ်လိုကာကွယ်ရမယ် ဘယ်လိုလုပ်ရမယ် ဆိုတာ သူတို့လည်းသိနေကြပါတယ်။”


Sunday, May 12, 2013

့ငြိမ်းချမ်းရေးရယူထာသည့် ကရင်လက်နက်ကိုင်များကို သောင်းကျန်းသူ ဟု မြ၀တီသတင်းက ခေါ်ဝေါ်သုံးစွဲဆဲ

ပီးခဲ့သောအချိန်ကဧရာဝတီသတင်းကသုံးခဲ့ဘူးသောအသုံးအနှုန်း



မနေ့က မြ၀တီသတင်းရဲ့ facebook စာမျက်နှာမှာ သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းဟောင်းကို နင်းမိ၍ ကော့ကရိတ်မြို့ အရှေ့ဘက် ၂ မိုင်ခန့် အကွာတွင် အရပ်သား တစ်ဦးသေဆုံးခေါင်းစီးနဲ့ သတင်းတပုဒ်တက်လာပါတယ်။

 မြ၀တီဆိုတာကလည်း သိကြတဲ့အတိုင်း ခေတ်အဆက်ဆက် စစ်ခွေးတွေကို ၀ါဒဖြန့်ချီရေးသားလာတာ 
ခု လက်ရှိအစိုးရအထိပါပဲ။

စံနစ်တွေဘယ်လိုပြောင်းပြောင်း ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လိုပဲလုပ်လုပ် သူတို့ဝါဒဖြန့်ချီတဲ့ အတွေးအခေါ်တွေက နည်းနည်းမှ ပြောင်းလဲမလာပါဘူး။ ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး အစိုးရနဲ့ငြိမ်းချမ်းရေးအသီးသီးယူထားပြီးကြတာကို တနိုင်ငံလုံးသိကြပါတယ်။ သောင်းကျန်းသူက ရှိတုန်းပဲလား။ 

ဒီအခေါ်အဝေါ်တွေက အမျိုးသားပြန်လည်စည်းလုံးညီညွတ်ဖို့ အဟန့်အတားဖြစ်နေတယ်ဆိုတာလည်း မြ၀တီက ခုထိမမှတ်သေးပါဘူး။ သတင်းက သတင်းနဲ့တူအောင်ရေးဖို့လိုသလို ဘယ်အဖွဲ့အစည်းထောင်ထားတဲ့ လက်ကျန်မိုင်းလဲဆိုတာ အတိအကျပြောဖို့လိုပါတယ်။ 


မသင့်မြတ်ခင်တုန်းက ဗမာစစ်တပ်လည်း ထောင်နေတာပဲ။ ဒီပုံစံ ဒီလေသံမျိုးနဲ့ သတင်းရေးနေရင် ဘယ်တိုင်းရင်းသားလူမျိုးစုက ဗမာ တွေကို အယုံအကြည် ရှိနိုင်မလဲ။ တခါတလေကိုယ်ရဲ့အာဘော် ကိုယ့်ရဲ့စကားဟာ ကိုယ့်ဇာတိကို ဖေါ်ပြနေတာပဲဆိုတာလည်း သတိထားသင့်ပါတယ်။

ခေတ်ပြောင်းစံနစ်ပြောင်းကာလမှာ အာဏာရှင်ဆန်တဲ့ အတွေးအခေါ်ဟောင်းတွေကို ဘေးဖယ်ပြီး အစိုးရမီဒီယာအနေနဲ့ စံပြပြူမူရမဲ့အစား ဒီလို လူမျိုးကြီးဝါဒဆန်တဲ့ အခေါ်အဝေါ်တွေ ရှောင်ရှားသင့်ပါပြီ။ နအဖနဲ့ ဆိုရှယ်လစ်ခေတ်က မအောင်မြင်ခဲ့တဲ့ ၀ါဒဖြန့်ချီမှုတွေနဲ့ နောင်တရသင့်ပါပြီ။ ရပ်တန့်က ရပ်သင့်ပါပြီ။

သူတို့လို လူပြိန်းတွေနားလည်အောင်ပြောရရင်…………..
တကယ်လို့ဗမာစစ်တပ်က ကျူးလွန်လို့ မွတ်စလင်တယောက်ဆုံးသွားတယ်ဆိုပါတော့။

ဒါကို သောင်းကျန်းသူလက်ချက်လို့ သတင်းမှာ ဖေါ်ပြမလား။ ဒါ သူတို့ရဲ့ နိုင်ငံရေးလှည့်ကွက်နဲ့ ရည်ရွယ်ချက်ရှိရှိ သတင်းတင်တယ်ဆိုတာလည်း သိပါတယ်။
ဒီကေဘီအေနဲ့ အဆင်မပြေကြတဲ့အချိန်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရန်တိုက် သွေးထိုး သွေးခွဲတာဖြစ်သလို ဗမာနဲ့ မွတ်စလင်ဖြစ်နေတဲ့ ပဋိပက္ခကို တိုင်းရင်းသားလက်နက်ကိုင်တဲ့အဖွဲ့ဆီ ထိုးသွင်းချင်တာလည်း ပါ ပါတယ်။

ဘယ်လိုပဲ လှုံဆော်ပါစေ။ ကရင်ပြည်နယ်က လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ရဲ့ ဘာသာရေး နှိပ်ကွပ်မှုထဲကို ၀င်ပါဖို့ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ တိုင်းရင်းသားတွေလည်း မြေမြုပ်မိုင်းကို မုန်းကြတယ်။ မွတ်စလင်တွေနင်းမိလည်း လူသားချင်းစာနာတယ်။ အရေးကြီးတာက မြန်မာပြည်ရေရှည် ငြိမ်းချမ်းရေးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာ အကောင်အထည်ဖေါ်ဖို့လိုတယ်။ လက်ခုပ်က တဘက်တည်းတီးလို့အသံမထွက်ဘူး. အစိုးရနဲ့စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ သတင်းမီဒီယာတွေလည်း အမြင်ကျယ်ဖို့လိုပါတယ်။

ဗမာစစ်တပ်က တိုင်းရင်းသားနယ်မြေတွေမှာ မုဒိမ်းကျင့်လူသတ်တာကို ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာတောင် တခါမှ မြ၀တီသတင်းမှာ မတွေ့ဘူး။ ၀ါဒဖြန့်တာကဖြန့်တာပေါ့ ။ တဘက်သတ်ဆန်ဆန် အစွန်းမရောက်ဖို့တော့လိုပါလိမ့်မယ်။

ကော့ကရိတ်မြို့နယ်က ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းဟောင်းရယ်လို့ မဖေါ်ပြပဲ သောင်းကျန်းသူများလို့ သုံးနှုန်းထားတာဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုလျစ်လျူရှုပြီး ဗိုလ်ချုပ်မူတူးစေးဖိုးဦးဆောင်တဲ့ KNU အပါအ၀င် ကရင်ပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို မထီမဲ့မြင် စော်ကားလိုက်တာပဲဖြစ်တယ်။

ကရင်ပြည်နယ် လက်နက်ကိုင်အဖွဲ့အသီးသီးက အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားပြီးတာကို သောင်းကျန်းသူများလို့ ခေါ်ဝေါ်သုံးစွဲပုံအရ ငြိမ်းချမ်းရေးလုပ်တာက အဖြစ်သဘောလောက်ပဲ ဆိုတာ ယူဆလို့ရနေပါပြီ။

ဒီကေဘီအေနဲ့ စစ်ရေးတင်းမာနေချိန်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ သွေးခွဲတယ်လို့ပဲ ကျွန်တော်တို့မှတ်ယူရပါလိမ့်မယ်။ ဆိုရှယ်လစ်၊ စစ်အုပ်ချုပ်တဲ့ကာလနဲ့ ခုချိန်အထိ ဒီလို ၀ါဒဖြန့်ခေါ်ဝေါ်သုံးစွဲနေတာကြောင့် လူမျိုးကြီးဝါဒဆိုတဲ့ စကားလုံးလည်း ပေါ်လာရတာဖြစ်တယ်။ 

ချိုးနှိမ်ခံရတဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို တင်ပြလာပြန်တော့လည်း လူမျိုးစွဲ ဘာသာစွဲ ဒေသစွဲ ဂိုဏ်းဂနစွဲတဲ့ အဆိုးမြင်သမားရယ်လို့ စွပ်စွဲခံရပြန်ရော။ ဒါ လူ့အခွင့်အရေးတွေကို နားလည်သဘောပေါက်မယ်ဆိုရင် ဘယ်သူလွန်သလဲ၊ ဘယ်သူမှားသလဲ၊ ဘယ်သူစဖေါက်သလဲဆိုတာ ခွဲခြားနိုင်မယ်ထင်ပါတယ်။

မုန်တိုင်း သတင်း (၁၁-၅-၂၀၁၃)ရက် ည(၈း၀၀)နာရီအချိန် ထုတ်ပြန်ချက်

01B13 ဟာ အမည်တပ် မုန်တိုင်း MAHASEN (Name origin: Sri Lanka) ဖြစ်လာခဲ့ပါပြီ။
(၁၁-၅-၂၀၁၃)ရက် ည(၈း၀၀)နာရီအချိန် ထုတ်ပြန်ချက်။

အာလုံး…အားလုံးဟာ အခုအချိန်အထိ ကြိုတင် မျှောင်လင့်ထား ခဲ့တဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ပါဘဲ။ 
 

(၁၁-၅-၂၀၁၃)ရက်နေ့ (၁၂ )နာရီခွဲ အချိန်တိုင်းတာချက်မှာ  

(၁) TC 01B ဟာ Mahasen လို့အမည် တပ်မုန်တိုင်းဖြစ်လာခဲ့ပါတယ်။ 
 


(၂) Mahasen ဟာ (၁၆-၅-၂၀၁၃) နေ့လည်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးက ဖြတ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။
 


(၃) မုန်တိုင်းရဲ့ အချင်းဝက်ဟာ မိုင်(၁၁၀-၁၃၀)ခန့်ရှိနေလို့ စစ်တကောင်းမြို့အနီးကဖြတ်ပေမယ့် မုန်တိုင်းရဲ့ အန္တရယ်များတဲ့ညာဖက်စက်ဝိုင်းခြမ်း (Dangerous Right Hand Semicircle) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို ဖြတ်ကျော်မှာမို့ မောင်တောမြို့ဟာ လေဒဏ်(တစ်နာရီ ၁၀၀ -၁၀၅ မိုင်နှုန်း)၊ ရေဒဏ် (မုန်တိုင်းဒီရေအမြင့် ၅-၇ ပေခန့်၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁၅ ပေခန့်) ကြုံတွေ့ရစေနိုင်ပါတယ်။
 

Sunday. Myanmar နိုင်ငံသို့မုန်တိုင်းဝင်နိုင်သောအခြေအနေဓါတ်ပုံများMyanmar

Myanmar High Temperatures - Sunday

High Temperatures Map
  • -30
  • -25
  • -20
  • -15
  • -10
  • -5
  • 0
  • 5
  • 10
  • 15
  • 20
  • 25
  • 30
  • 35°C

Myanmar Low Temperatures - Sunday

Low Temperatures
  • -30
  • -25
  • -20
  • -15
  • -10
  • -5
  • 0
  • 5
  • 10
  • 15
  • 20
  • 25
  • 30
  • 35°C

Myanmar Precipitation - Sunday

Precipitation
  • 0
  • <.25
  • .3
  • .6
  • 1.3
  • 2.5
  • 5.1
  • 10.2cm

Myanmar Winds - Sunday

Wind

မုန်တိုင်းသတိပေးချက်


ယနေ့ မြန်မာစံတော်ချိန်(၁၂း၃၀)နာရီ အချိန်တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမို အားကောင်းလာကာ ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN) အဖြစ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ(ကော့သောင်းမြို့)၏ အနောက်တောင်ဘက် မိုင်(၅၁၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မုန်တိုင်းဗဟိုချက် အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၅၀)မှမိုင်(၆၀)အထိရှိနိုင်ပါသည်။

မဟာစင်(MAHASEN)ဆိုင်ကလုန်မုန်တိုင်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်း လာနိုင်ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ရောက်ရှိ နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင် အထိတိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိအခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်းမေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့  ကွေ့လျက် မေလ(၁၆)ရက်နေ့ နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ဖြတ်ကျော်ဝင် ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ရှောင်ရှားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန

01B မှ MAHASEN လို့အမည်ပေးလိုက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ကိုရောက်

ဘင်္ဂလား ပင်လယ်အော် အရှေ့ တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် 01B သည် ပိုမိုအား ကောင်းလာပြီး ဆိုင်ကလုန်း မုန်တိုင်းအဆင့်သို့ ရောက်ရှိကာ အပြည်ပြည် ဆိုင်ရာအမည် MAHASEN ဟု အမည်ပေးလိုက်ပြီ။

ဆိုင်ကလုန်း မုန်တိုင်း MAHASEN သည် မြန်မာနိုင်ငံ ပုသိမ်မြို့၏ အနောက် တောင်ဘက် ၆၈၅ မိုင်ခန့်၊ ကျောက်ဖြူမြို့၏ တောင်-အနောက်တောင်ဘက် ၈၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားမြို့ တောင်ဘက် မိုင် ၉၈ဝ ခန့်သို့ ရောက်ရှိဗဟိုပြုနေပြီး လက်ရှိနေရာမှ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းထားပါသည်။

ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်မည်ဟု JTWC လမ်းကြောင်း ကြိုတင် ခန့်မှန်းချက်တွင် တွေ့ရပါသည်။

*ပုံတွင် - မေလ ၁၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီမတိုင်မီ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည့်လမ်းကြောင်းနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းမြောက်ပိုင်း ဒေသအချို့အား ပုံတွင် တွေ့မြင်နိုင်ပါသည်။