Friday, August 31, 2012

Black List တွေကို ပုံမှန်အားဖြင့် လျှို့ဝှက်ထားတတ်ကြပါတယ်။ အရာရာလျှို့ဝှက်ခဲ့တဲ့ မြန်မာပြည်မှာတော့

Black List တွေကို ပုံမှန်အားဖြင့် လျှို့ဝှက်ထားတတ်ကြပါတယ်။ အရာရာလျှို့ဝှက်ခဲ့တဲ့ မြန်မာပြည်မှာတော့ ဒီစာရင်းက ထိပ်တန်းလျှို့ဝှက်ချက်တခု ဖြစ်ခဲ့ပုံပါပဲ။ "အရပ်သား"အစိုးရ တက်လာပြီး တနှစ်ကျော်ကြာမှ ဒီစာရင်းကို တည်းဖြတ်ပြီး ဖယ်လိုက်တဲ့နာမည်တွေကို ထုတ်ပြန်လိုက်တာပါ။

နာမည်တွေကို ဘယ်ကာလတုန်းက ဘာကြောင့် ဒီစာရင်းထဲ ထည့်ရသလဲ ဆိုတာကိုတော့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ရေးမထားပါ။



စာရင်းထဲကနေ အထုတ်ခံရသူတွေထဲက ထင်ရှားသူတချို့



771 Vicky Bowman - British.
(ပန်းချီထိန်လင်းရဲ့ ဇနီး။ ဗြိတိသျှသံအမတ်ဟောင်း)


496 Maureen Aung Thwin - USA(Ex-Myanmar)
(ဒေါ်မိုရင်းအောင်သွင် - director of the Burma Project/Southeast Asia Initiative at the Open Society Foundations)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCF9bD6wKAsn91y-cZ6XtCh-HYTS7IAO80U4aHMIF6jBs2HnCavOlN7zyrmDKVkcuPIu5CRpMXNEpQqbM24HOfqPtvFOIa4cyus5J7kS3SahAYVyud33PTsbV9FEC77uM9dK200jYofYM/s400/0+npd5.jpg
69 Moe Thee Zon(a) Moe Thee (a) Myo - USA citizen (Ex-
(ဦးမိုးသီးဇွန်)
http://www.shanland.org/oldversion/Hso%20Khanfa.jpg
741 Tiger Yawnghwe - -
(စ၀်ဆေခန်ဖ၊ ၂၀၀၅ မှာ ကြေညာ ဖွဲ့စည်းတဲ့ Federal Shan Government အကြီးအကဲ)

136 Aung Bala - USA
(သတင်းစာဆရာ အောင်ဗလ ခေါ် ကြေးမုံဦးသောင်း၊ ၂၀၀၈ ခုနှစ် အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်)


141 Aye Kyaw, Dr - Myanmar
(သမိုင်းပါမောက္ခ ဒေါက်တာအေးကျော်၊ ယခုနှစ်ဆန်းပိုင်း အသက် ၇၇ နှစ်အရွယ်တွင် ကွယ်လွန်)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNPV-0gOE8QbUfC_U_f3cZkgvOITFNXNgpvFdPqRrwhdpP0SW_wyT-c4eifav1SO2AZdxI4jnwEcNVihMoN4B66lonc5g_vGL0PqN8ezOCkk29T66fLshVi8Td4AoNRtv_dZ6lA_EqxkIu/s220/salai.photo2008.JPG
636 Salai Tun Than - Myanmar:
(ပါမောက္ခဟောင်း ဒေါက်တာ ဆလိုင်းထွန်းသန်း)


53 Kyi May Kaung - Ex-Myanmar
(ဒေါ်ကြည်မေကောင်း)


497 Mawdsley, James Rupert Rsusell - British
856 Mr. James Rupert Russell Mawdsley 017977406 ။
950 Mr. James Rupert Russell Mawdsley PP.7400821372 PP.028097029 ။
(မြန်မာပြည်မှာ သုံးကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသူ ဗြိတိသျှလူမျိုး)

468 Lintner, Bertil - Sweden
1134 Mr. Bertil Lintner - နိုင်ငံခြားသတင်းထောက်
(စာနယ်ဇင်းဆရာ ဘာတေးလင့်တနာ)

185 Bo Bo Kyaw Nyein - USA
188 Bo Bo Kyaw Nyein - Ex-Myanmar
(ဦးဘိုဘိုကျော်ငြိမ်း)



2 Aris, Alexander - British
(ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကြီး)

3 Aris, Kim - British
(ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်)

Black List တွေကို ပုံမှန်အားဖြင့် လျှို့ဝှက်ထားတတ်ကြပါတယ်။ အရာရာလျှို့ဝှက်ခဲ့တဲ့ မြန်မာပြည်မှာတော့

Black List တွေကို ပုံမှန်အားဖြင့် လျှို့ဝှက်ထားတတ်ကြပါတယ်။ အရာရာလျှို့ဝှက်ခဲ့တဲ့ မြန်မာပြည်မှာတော့ ဒီစာရင်းက ထိပ်တန်းလျှို့ဝှက်ချက်တခု ဖြစ်ခဲ့ပုံပါပဲ။ "အရပ်သား"အစိုးရ တက်လာပြီး တနှစ်ကျော်ကြာမှ ဒီစာရင်းကို တည်းဖြတ်ပြီး ဖယ်လိုက်တဲ့နာမည်တွေကို ထုတ်ပြန်လိုက်တာပါ။

နာမည်တွေကို ဘယ်ကာလတုန်းက ဘာကြောင့် ဒီစာရင်းထဲ ထည့်ရသလဲ ဆိုတာကိုတော့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ရေးမထားပါ။



စာရင်းထဲကနေ အထုတ်ခံရသူတွေထဲက ထင်ရှားသူတချို့



771 Vicky Bowman - British.
(ပန်းချီထိန်လင်းရဲ့ ဇနီး။ ဗြိတိသျှသံအမတ်ဟောင်း)


496 Maureen Aung Thwin - USA(Ex-Myanmar)
(ဒေါ်မိုရင်းအောင်သွင် - director of the Burma Project/Southeast Asia Initiative at the Open Society Foundations)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCF9bD6wKAsn91y-cZ6XtCh-HYTS7IAO80U4aHMIF6jBs2HnCavOlN7zyrmDKVkcuPIu5CRpMXNEpQqbM24HOfqPtvFOIa4cyus5J7kS3SahAYVyud33PTsbV9FEC77uM9dK200jYofYM/s400/0+npd5.jpg
69 Moe Thee Zon(a) Moe Thee (a) Myo - USA citizen (Ex-
(ဦးမိုးသီးဇွန်)
http://www.shanland.org/oldversion/Hso%20Khanfa.jpg
741 Tiger Yawnghwe - -
(စ၀်ဆေခန်ဖ၊ ၂၀၀၅ မှာ ကြေညာ ဖွဲ့စည်းတဲ့ Federal Shan Government အကြီးအကဲ)

136 Aung Bala - USA
(သတင်းစာဆရာ အောင်ဗလ ခေါ် ကြေးမုံဦးသောင်း၊ ၂၀၀၈ ခုနှစ် အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်)


141 Aye Kyaw, Dr - Myanmar
(သမိုင်းပါမောက္ခ ဒေါက်တာအေးကျော်၊ ယခုနှစ်ဆန်းပိုင်း အသက် ၇၇ နှစ်အရွယ်တွင် ကွယ်လွန်)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNPV-0gOE8QbUfC_U_f3cZkgvOITFNXNgpvFdPqRrwhdpP0SW_wyT-c4eifav1SO2AZdxI4jnwEcNVihMoN4B66lonc5g_vGL0PqN8ezOCkk29T66fLshVi8Td4AoNRtv_dZ6lA_EqxkIu/s220/salai.photo2008.JPG
636 Salai Tun Than - Myanmar:
(ပါမောက္ခဟောင်း ဒေါက်တာ ဆလိုင်းထွန်းသန်း)


53 Kyi May Kaung - Ex-Myanmar
(ဒေါ်ကြည်မေကောင်း)


497 Mawdsley, James Rupert Rsusell - British
856 Mr. James Rupert Russell Mawdsley 017977406 ။
950 Mr. James Rupert Russell Mawdsley PP.7400821372 PP.028097029 ။
(မြန်မာပြည်မှာ သုံးကြိမ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရဖူးသူ ဗြိတိသျှလူမျိုး)

468 Lintner, Bertil - Sweden
1134 Mr. Bertil Lintner - နိုင်ငံခြားသတင်းထောက်
(စာနယ်ဇင်းဆရာ ဘာတေးလင့်တနာ)

185 Bo Bo Kyaw Nyein - USA
188 Bo Bo Kyaw Nyein - Ex-Myanmar
(ဦးဘိုဘိုကျော်ငြိမ်း)



2 Aris, Alexander - British
(ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားကြီး)

3 Aris, Kim - British
(ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်)

Names Blacklist Removed Burma_Myanmar .m4v


From Rayong to Dawei: lesson from Thai industry negative impact


Karen Grammar - ကရင် သဒ္ဒါစာအုပ်

Karen grammar _klo tha nu_

Black List မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်း

 နာမည်ပျက်စရင်းမှ ပယ်ဖျက်ပေး လိုက်တဲ့ မြန်မာနိုင်ငံသားများ စာရင်းမှာတော့ ပြည်ပရောက် NCGUB ညွန့် ပေါင်းအစိုးရ ဒေါက်တာစိန်ဝင်း အပါအ၀င်  ၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသားတချို့ ပါဝင်တာတွေ့ ရပါတယ်။  သမ္မတရုံးဝက်ဆိုဒ်မှာ ထုတ်ပြန်ထားတဲ့ Black List မှ ပယ်ဖျက်လိုက်သော မြန်မာနိုင်ငံသားများ စာရင်း မှာ နေရပ်လိပ်စာ၊ နာမည် နဲ့  အတူ ဖော်ပြထားတဲ့ လူပေါင်း(၉၃၅)ဦး ရဲ့ အမည်စာရင်းမှာအောက်ပါအတိုင်းဖြစ်သည်။
 Black List

Thursday, August 30, 2012

Bitter Wounds and Lost Dreams: Human Rights Under Assault in Karen State, Burma - Aug 2012

burma-karen-rpt-ltr-2012

ကရင်ပြည်နယ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ

အစိုးရက နိုင်ငံတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် လုပ်ဆောင်မည်ဟု ကတိပြုနေသော်လည်း ကရင် ပြည် နယ် အတွင်းရှိ မိသားစုများ၏ သုံးပုံ တပုံခန့်သည် လူ့အခွင့်အရေး ချိုးဖောက်မှု ခံနေရဆဲဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ထုတ်ဖော် ပြောကြား လိုက်သည်။

တိုက်ပွဲများကြောင့် အိုးအိမ်ပစ်ခွာ တိမ်းရှောင်ရသူတချို့ကို ကရင်ပြည်နယ်တနေရာတွင် ယမန်နှစ်က တွေ့ရစဉ်။ ပြည်တွင်း ၌ တိမ်းရှောင် နေသူများ ရှိသကဲ့သို့ နယ်စပ်ဒေသ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးရသူများလည်း အများအပြား ရှိနေသည် (ဓာတ်ပုံ – FBR)

အမေရိကန် အခြေစိုက် Physicians for Human Rights(PHR) အဖွဲ့က ယမန်နေ့က ထုတ်ပြန်သည့်“Bitter Wounds and Lost Dreams: Human Rights Under Assault in Karen State, Burma” အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားသည်။

ဦးကို မေးမြန်း၍ ဖော်ပြထားခြင်း ဖြစ်သည်။

ထို ၆၆၅ ဦးကို ကောက်ယူခဲ့သည့် စစ်တမ်းတွင် အဓမ္မလုပ်အားပေး ခိုင်းစေ ခံရခြင်း၊ ပေါ်တာ ထမ်းပေးရခြင်း၊ မြေမြှုပ်မိုင်းများ ရှင်း လင်းပေးရခြင်း စသည့် လူ့အခွင့်ရေးဆိုင်ရာ ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး စံချိန် စံညွှန်း သတ်မှတ်ထားသော မေးခွန်း ၉၃ ခုကို မေးမြန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း အစီရင်ခံစာ၌ အစိုးရ စစ်တပ်၏ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် ပတ်သက် သည့် စစ်တမ်း ကောက်ယူမှုများလည်း ပါဝင်သည်။

အထူးသဖြင့် အစိုးရ စစ်တပ် ထိန်းချုပ်သည့် ဒေသများအတွင်း လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုများသည် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များနှင့် အစိုးရစစ်တပ် အကြား အခြေအနေတင်းမာနေသော နေရာများထက် ၈ ဆ နီးပါး ပိုများကြောင်း အစီရင်ခံစာ က ဆိုသည်။

အစိုးရအနေဖြင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲ မှုများ လုပ်ပြနေသော်လည်း အစိုးရ စစ်တပ် ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများက ကရင်ပြည်သူများကို ခြောက်လှန့်နေကြောင်း လည်း အစီရင်ခံစာတွင် ပါရှိသည်။

နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေသော ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် အစိုးရ တို့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

လတ်တလောတွင် ကရင်ပြည်နယ် အနှံ့အပြားနှင့် နယ်စွန်နယ်ဖျားရှိ အစိုးရ စစ်အခြေစိုက် စခန်း ၂၀၀ ကျော်ရှိပြီး ခြေလျင်တပ်ရင်း ၃၈ ခုဖြင့် အခိုင်အမာ တပ်ချထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း အရပ်သား ပြည်သူများသည် စစ်တပ်က ၎င်းတို့အား အတင်းအကျပ် ရိက္ခာ ထောက်ပံ့ ခိုင်းခြင်း၊ လုပ်အားပေး ခိုင်းစေခြင်းနှင့် သွားလာရေးတို့ကို ကန့်သတ်ချုပ်ချယ်ခြင်း စသည်ဖြင့် အမျိုးမျိုး ခံစားနေရသည်”ဟုလည်း အစီရင်ခံစာက ဆိုသည်။

PHR က အစီရင်ခံစာနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ အသင်း(FCCT) တွင် ယမန် နေ့ က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း သတင်းစာ ရှင်းလင်းပွဲတွင် ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG)မှ Khu Khu Ju က ကရင် ဒေသခံများ ၏ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ပတ်သက်ပြီး တင်ပြခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။

အဓမ္မ လုပ်အားပေး ခိုင်းစေခံရခြင်း အပါအ၀င် အစိုးရ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် ပတ်သက်သည့် စီမံကိန်းများကြောင့် လူ့ အခွင့် အရေး ချိုးဖောက်ခံရမှုများလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

“အခုလက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်၊ ဆွေးနွေးနေတာက ရေရှည် ငြိမ်းချမ်းရေးကို အလွယ်တကူ ဖန်တီးပေးမှာ မဟုတ် ဘူး၊ ဒီငြိမ်းချမ်းရေးဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ တိုးတက်လာအောင် အာမခံချက်ပေးနိုင်မှာ မဟုတ်ဘူး၊ အဲဒါတွေကြောင့် အခြေခံ စည်းမျဉ်းစည်းကမ်းတွေကို ဖြေရှင်းဖို့ လိုအပ်ပါတယ်”ဟု Khu Khu Ju က ဆက်ပြောသည်။

PHR အစီရင်ခံစာ၌ တနင်္သာရီတိုင်း ထားဝယ် ရေနက် ဆိပ်ကမ်းနှင့် စီးပွားရေးဇုန် တ၀ိုက်တွင်လည်း ဒေသခံများကို လုပ်အားပေး ခိုင်းစေမှုများ၊ သွားလာရေး ကန့်သတ်မှု ပြုလုပ်ခြင်းများသည်လည်း တခြားသော လေ့လာဆန်းစစ်သည့် နေရာများထက် ၂ ဆမှ ၈ ဆ အထိ ပမာဏာ ပိုမိုမြင့်မားနေကြောင်း ပါရှိသည်။

ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO)အနေနှင့်လည်း လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ထက် ကျော်လွန်၍ ကရင်ပြည် နယ် ကျေးလက်ဒေသများ အပါအ၀င် တိုင်းရင်းသား လူနည်းစုများထံသို့ပါမကျန် ရောက်ရှိစေရန်နှင့် အဓမ္မလုပ်အားပေး ခိုင်းစေ ခံရသူများ အနေနှင့် အစီရင်ခံစာ တင်ပြနိုင်ရန် ဆောင်ရွက်သင့်ကြောင်း PHR က တိုက်တွန်းထားသည်။
http://burma.irrawaddy.org/archives/18874

From Map Ta Phut to Dawei, Aug 27, 2012 by Kwe Ka Lu


ကရင်လူမျိုးနှင့်ကရင့်တော်လှန်ရေး (မှတ်စုတို)

Karen Chronology _Karen_

ကျနော်တို့ နှင့်အတူ ရှင်သန်နေရမည့် စောဘဦးကြီး၏ အဖိုးတန်စကားများ

Ba Oo Gyi for press _Karen_

သမ္မတကြီး ဦးသိန်းစိန် မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ဝေဖန်သံများညံ

August 29, 2012

မောင်အေး

မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ရခိုင်ပဋိပက္ခတွင် အပြစ်ရှိ၍ ဖမ်းဆီး ထောင်ချခံရ ဘင်္ဂလီ မွတ်ဆလင် များကို သမ္မတ အာဏာကို အသုံးပြုပြီး တစ်ယောက်ပြီး တစ်ယောက် ပြန်လည် လွှတ်ပေး နေသော်လည်း ထောင်ချခံ ရခိုင် တိုင်းရင်းသားများကိုမူ တစ်ဦးတစ်ယောက်ကိုမှ ပြန်လည် လွှတ်မပေးသဖြင့် ယခုအခါ  သမ္မတကြီး ဦးသိန်းစိန်ကို မျက်နာကြီးရာ ဟင်းဖတ်ပါနေပြီ ဖြစ်ကြောင်း ပြည်သူများက ဝေဖန် ပြောဆိုလျှက် ရှိကြောင်း သတင်း ရရှိသည်။
မောင်တော ဆူပူ အကြမ်းဖက် ဖြစ်စဉ်တွင် အဓိက ကြိုးကိုင်ခဲ့သူများဟု တရားရုံးက ဆုံးဖြတ်ပြီး ထောင် (၂)  နှစ်မှ (၆) နှစ်ထိ ချမှတ်ခံခဲ့ရသူ မြန်မာ မွတ်ဆလင် အမျိုးသမီး တစ်ဦးနှင့် ဘင်္ဂလီ မွတ်ဆလင် ( ၂) ဦးအား  သမ္မတ အမိန့်ဖြင့် ယမန်နေ့ နံနက် ၁၁ နာရီက ဘူးသီးတောင်ထောင်ထဲမှ ပြန်လည် လွှတ်ပေး ခဲ့သည်။
သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများမှာ ထောင် (၆) နှစ် ချမှတ်ခံထားရသူ UNHCR ၀န်ထမ်း ဒေါ်ချိုလေးမာခါတုန်၊ ဘူးသီးတောင် မြို့မှ ထောင် ၃ နှစ်နှင့် ၂ နှစ်စီ ချမှတ်ခံထားရသူ ခင်မောင်ရွှေနှင့် မောင်ခင်ဇော်တို့ဖြစ်ကြသည်။

သူတို့အား ဇွန်လအတွင်းက မောင်တောမြို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုတွင် ပါဝင်ပတ် သက်သည်ဟုဆိုကာ ပုဒ်မ ၁၅၃-က၊ ၄၃၆၊ ၁၄၈၊ ၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ (၅) ည တို့ဖြင့် ဖမ်းဆီးခဲ့ပြီး သြဂုတ်စ်လ ၂၄  ရက်နေ့က  မောင်တောခရိုင် တရားရုံး တရားသူကြီး ဦးခင်ဇော်မှ ပုဒ်မ ၄၃၆ ၊ ပုဒ်မ (၁၀၉)၊ ၅၀၅ (ဂ) တို့ဖြင့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်။
ယခုကဲ့သို့ ရခိုင်အမျိုးသား အိမ်များကို မီးရှို့၊ လူသတ်မူများ ဖြစ်အောင် ဖန်တီး လုံဆော်သူများကို သမ္မတ ဦးသိန်းစိန်က  မွတ်ဆလင်နိုင်ငံများ၏ ဖိအားကို ကြောက်သဖြင့် တစ်ယောက် မကျန်အောင် ပြန်လည် လွှတ်ပေးနေခြင်းကြောင့်  မောင်တောမြို့တွင် မကျေနပ်မူများ တိုးပွားနေကာ ခံပြင်း ဒေါသထွက်နေသော ရခိုင်မိသားစု အများအပြားမှာ ယမန်နေ့က တစ်ညဉ့်လုံး မအိပ်ကြဘဲ အိမ်ရှေ့တွင် စုရုံးနေခဲ့ကြသည်ဟု သိရသည်။
ယမန်နေ့ညနေ (သြဂတ်စ်လ ၂၈ ) ရက်နေ့ညတွင် မောင်တောမြို့ရှိ ရခိုင်များမှာ ညမအိမ်ဘဲ မိမိ အိမ် ရှေ့တွင် စုရုံးနေကြကြောင်း မြို့ခံများကလည်း အတည်ပြု ပြောကြားသည်။
“ ကျမတို့က  တော်တော်ကိုဒေါသထွက်ပါတယ်။ အခု သမ္မတရဲ့ လုပ်ရပ်ကိုလည်း ကျမတို့ နားမလည်တော့ဘူး။ အခု လုပ်ရပ်ဟာ အစိုးရ ဆိုသူတွေဟာ ပြည်သူတွေရဲ့ လစာကို စားပြီး ဘင်္ဂလီတွေအပေါ်မှာ ကျွန်ခံနေတဲ့ သဘောသက် ရောက်နေတယ်။ ကျမတို့ ဒီလို လုပ်ရပ် အပေါ် သည်းမခံနိုင်တော့ဘူး” ဟု သမ္မတ လုပ်ရပ်အပေါ် အထူး ဒေါသထွက်နေသော မောင်တောမြို့မှ အမည်မဖေါ်လို  အစိုးရ၀န်ထမ်း အမျိုးသမီးတဦးက ပြောသည်။
ယခုကဲ့သို့ အစိုးရမှ လွတ်ပေးလိုက်သည့်အပေါ်  မောင်တောမြို့မှ တခြားအိမ်ရှင်မတဦးကလည်း နိရဉ္စရာသို့ ယခုလို့ပြောသည်။
“ဒီလိုဆိုတော့ ဦးသိန်းစိန်ကို ကျမတို့ပြန် မေးရမယ်။ သူပြောတဲ့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘာ ကို ပြောတာလည်းပေါ့။ တရား ဥပဒေ စိုးမိုးရေးဆိုတာ ကျမတို့ ရခိုင်တွေ အတွက် သက်သက် ပြောတာ လား။ အခုလို ရာဇ၀တ်မူ ကျူးလွန်တဲ့ သူတွေကို တစ်ယောက်ပြီး တစ်ယောက် လွှတ်နေတော့ အခု မောင်တောမှာ လူတွေ အရမ်း စိုးရိမ်မူတိုးလာနေကြပါပြီ။ ကျမကိုလည်း အိမ်ကလူတွေက ဒီမှာစိတ် မချ ရတဲ့အတွက် ကျမကို ရန်ကုန်ကို ပို့မယ်လို့ပြောတယ်။ ကျမ လုံးဝစိတ်မကောင်းဘူး။ မောင်တောက ကိုယ့်အိမ် မှာ လွတ်လွတ်လပ်လပ်နေချင်တယ်။ ရန်ကုန်မှာ သားသမီးတွေရှိပေမဲ့ ကိုယ့်အိမ်မှာဘဲ နေချင် တယ်။ မသွားချင်ဘူး” ဟု ဆိုသည်။
ယခုကဲ့သို့ဖမ်းဆီးထောင်ချပြီး အစိုးရမှပြန်လည် လွတ်ပေးနေသည့်အတွက် မောင်တောမြို့ရှိ ဒေသခံ ရခိုင်များအနေဖြင့် ဘ၀လုံခြုံမှုမရှိတော့ကြောင့် မောင်တောမြို့မှ ဆိုင်ပိုင်ရှင်တဦးက ပြောသည်။
“သောကြာနေ့ကမှ ထောင် ၆ နှစ်ချတယ်။ ၅ ရက်တောင်မကြာဘူး ပြန်လွတ်သွားတော့ မနက်ဖန် မောင်တောတမြို့လုံးမှာ “အိမ်ရောင်းမည်” လို့ကပ်မယ်။ ဒီက အိမ်တွေရောင်းပြီး ကျွန်တော်တို့ ရန် ကုန်ကို ပြောင်းဖို့ စီစဉ်နေကြတယ်။ ကျွန်တော်တို့ ဘ၀လုံခြုံမှုမရှိတဲ့အတွက် ကျွန်တော်တို့မွေးတဲ့ မြေကို ကျွန်တော်တို့ စွန့်ပြီး သွားရတော့မယ် ” ဟု မောင်တောမြို့ခံတဦးက ပြောသည်။
မောင်တောမြို့ အမှတ် ၄ ရပ်ကွက်မှ လူကြီးတဦးကလည်း ယခုကဲ့သို့ ဖြစ်လာမည်ဟု သူ့အနေနှင့် မျော်လင့် မထားကြောင်း ယခုကဲ့သို့ပြောသည်။
“ကျွန်တော်တို့ မနက် ၁၁ နာခန့်ကတည်းက ဒီသတင်းကိုကြားပါတယ်။ ဒါပေမဲ့ ထောင်ဒဏ်ချထား တဲ့ သူကို ဒီလို ချက်ချင်းကြီး လွတ်ပေးမယ်လို့ မထင်ထားဘူး။ သောကြာနေ့က အပြစ်ချတယ်။ ဒီ နေ့ပြန် လွတ်ပေး တယ်ဆိုတော့ ဒီလုပ်ရပ်က သိပ်ရက်စက်တယ်။ ဒီလုပ်ရပ်ကို တယောက်မှ မကြေ နပ်ဘူး။ ရခိုင်တွေ ဒီက ထွက်သွားအောင် အစိုးရကိုယ်တိုင်က လုပ်နေတာလားလို့ စဉ်းစားမိတယ်”  ဟု ဆိုသည်။
မနက်ဖန်တွင်လည်း တခြား INGO ၀န်ထမ်းတဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်ကို လွတ်ပေး မည်ဟု မောင်တောမြို့ တွင် သတင်းများထွက်ပေါ်နေသည်။
ရခိုင်တွင် ပေါ်ပေါက်ခဲ့သော ပဋိပက္ခကို နိုင်ငံခြား အန်ဂျီအိုများကို အကာအကွယ်ယူပြီး အဓိက ကြိုးကိုင် လုံ့ဆော် လူပ်ရှားခဲ့ကြသူများဟု ရခိုင်ပြည်သူများနှင့် ဒေသဆိုင်ရာ အစိုးရ အာဏာပိုင်များက ယုံကြည် ထားသူများကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ သူ၏ အမိန့်အာဏာဖြင့် ယခုအခါ အားလုံးကို ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သည်။
ရခိုင်တိုင်းရင်းသားများကိုမူ လက်နက်ကိုင် တပ်ဖွဲ့များက ဖိနှိပ် ညှဉ်းပမ်း ရက်စက်မူ၊ ရိုက်ပုတ် အနိုင်ကျင့်မူများ ပြုလုပ်နေသည့် အပြင် ဖမ်းဆီးခံရသူများကိုလည်း တစ်ယောက်မှ ပြန်မလွှတ်ဘဲ တစ်ယောက်ပြီး တစ်ယောက်  ထောင်ချနေပြီး  ယခုအခါ ထောင်ချခံရသူ အရေအတွက်မှာ (၆၃)ဦးထိ ရှိသွားပြီ ဖြစ်သဖြင့် သမ္မတ ဦးသိန်းစိန်၏ လုပ်ရပ် အပေါ် “ မျက်နာကြီးရာ ဟင်းဖတ်ပါသော လုပ်ရပ်″ အဖြစ် ပြည်သူများက  ပြောဆို ဝေဖန်နေကြကြောင်း သတင်းများ ရရှိပါသည်။

မြန်မာအစိုးရမှ တတိယအကြိမ်မြောက် အပစ်အခပ်ရပ်စဲရေးဆွေးနွေးပွဲ နေ့ ရက်ရွေ့ ဆိုင်းသည့်အပေါ် KNU ကရင်အမျိုးသားအစည်းအရုံးသဘောထားထုတ်ပြန်ချက်

KNU's Press Release on Gov's Postponement Burmese _2_

တောင်ကြီးမြို့ မှာ ၁၀ တန်းကျောင်းသားလေး အုပ်စုဖွဲ့ ရိုက်ခံရ၍ သေဆုံး...

Tuesday, August 28, 2012

သစ်ထူးလွင်

ရှမ်းပြည်နယ် တောင်ကြီးမြို့ ၂၂.၈.၂၀၁၂ ရက်နေ့ ည ၁ဝ နာရီခွဲ အချိန်တွင် စာကျက်ဝိုင်းမှ ပြန်လာသော အထက (၇) ကျောင်းသာ ခွန်အောင်ခမ်းဦး အသက်(၁၆) နှစ် နှင့် အောင်သိန်းဦး (၁၆) နှစ် ၁၀ တန်းကျောင်းသား တို့သည် စာကျက်ဝိုင်းမှ ဆိုင်ကယ်နှင် ပြန်လာစဉ် အုပ်စုဖွဲ့ ပြီး ဝိုင်းရိုက်ခံ ရကြောင်းသိရပါသည်။

ဝိုင်းရိုက်ခံရ ပြီးနောက် ည ၁၁ နာရီ အချိန်တွင် လှည့်ကင်းမှ တွေ့ရှိခဲ့ပြီး စပ်စံထွန်းဆေးရုံသို့ ပို့ ဆောင် ဆေးကုသခဲ့ပါသည်။

ထိုနောက် ၂၃.၈.၂၀၁၂ မနက် ၁၀ နာရီ အချိန်တွင် မန္တလေး ဆေးရုံကြီးသို့ ဆက်လက် ပို့ ဆောင် ဆေးကုသမှု ခံယူသော်လည်း သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၇ နာ၇ီ ၄၅ မိနစ် အချိန်တွင် ရိုက်နှက်ခံရမှု့ ဒဏ်ရာများ နှင့် သေဆုံးခဲ့ကြောင်း သိရပါသည်။

လတ်တလော အချိန်တွင် တရားခံပာု ယူဆရသော လူ(၃)ဦး အား ခေါ်ယူ စစ်ဆေးနေပြီး ပုဒ်မ ၁၈၇ မှ ပုဒ်မ ၃၀၂ ဖြင့် တောင်ကြီးမြို့  အမှတ် (၂) ရဲ စခန်းတွင် အမှု့ ဖွင့် အရေးယူ ထားကြောင်း သိရပါသည်။

ယခု သေဆုံးမှု့နှင့်ပက်သက်ပြီး အမည် အဖေါ်လိုသူ ဆရာမ တစ်ဦး ပြောကြားချက်အရ ယခုလို တောင်ကြီးမြို့ တွင် အုပ်စုလိုက်ဝိုင်းရိုက်မှု့များ ယခင်ကလည်း ခဏခဏ ဖြစ်ပွားလျှက် ရှိသည်ပာု သိရပါသည်။

သေဆုံးသူ မိသားစုဘက်မှ အမှု့  မှန်ပေါ်ပေါက်ရေး အတွက် မျှော်လင့်လျှက်ရှိပြီး နောက်နောင် ဒီလို အုပ်စုလိုက်ရိုက်နှက်မှု့ မဖြစ်ပေါ်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းဆောင် ရွက်သင့်ကြောင်း ကျောင်းသား မိဘတစ်ဦးမှ ပြောပြပါသည်။


ကရင့်ရိုးရာ ကဒတ်ဟင်းလျာ



အခုလို မိုးရာသီဝါခေါင်လမှာ ကရင်လူမျိုးတွေရဲ့ ထမင်းဝိုင်းမှာ  မြိန်ရည်ယှက်ရည် စားသုံးနေကြတဲ့ ဟင်းလျာတမျိုးကတော့ ကဒတ်ဟင်းလျာပဲ ဖြစ်ပါတယ်။

မလေးရှားမှာတော့ ဒီကဒတ်ဥတွေကို ရှာလို့မလွယ်တဲ့အတွက်ကြောင့် ကရင်ပြည်ကနေ လှမ်းမှာရပါတယ်။ ဒီမနက်မှာတော့ ကရင်ပြည်နယ်မှတဆင့် ဘန်ကောက်ကနေ ရောက်ရှိလာတဲ့
ကဒတ်ဥတွေကို MKO ရုံးမှာချက်ပြီး ၀ါခေါင်လထမင်းဝိုင်းကို ဖေါ်ဆောင်စားသုံးကြပါတယ်။



ကဒတ်ဟင်းကို အလွယ်တကူ ချက်ပြုတ်နိုင်ပါတယ်။
 ၁။ သင့်တော်သလောက်ရေကိုအိုးထဲထည့်ပြီး ငါးပိအနည်းငယ်ထည့်ကာ အရင်ကြိုရပါတယ်။
၂။ ဆူပွက်လာတဲ့အခါ စပါးလင်နှစ်ဥနဲ့ အသင့်ထောင်းထားတဲ့ ငြုတ်သီးစိမ်း၊ ကြက်သွန် နီ/ဖြူတွေကို
ထည့်ရပါတယ်။
၃။ ပြီးလျှင် လှီးထားပြီးသား ကဒတ်ဥကို ထည့်ပြီး အနည်းငယ်မွှေပေးရပါတယ်။
၎။ ငါးမိနစ်ခန့်ကြာပြီးသောအခါ ငါးစိမ်း(သို့) ပုဇွန်တမျိုးမျိုးကို ထည့်ပြီး ဟင်းခတ်အချိုမှုန့်နဲ့ ဆားကို
သင့်တော်သလောက်ထည့်နိုင်ပါတယ်။
၅။ ပြီးလျှင် ပင်စိမ်းရွက်နဲ့ အုပ်လိုက်ပါက ဟင်းကောင်းတအိုး ရနိုင်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဖမ်းဆီးထားတဲ့ မူးယစ်ရာဇာ နော်ခမ်းကို မြန်မာအစိုးရ သွားရောက်စစ်ဆေး(ရုပ်သံ)










ပြန်ကြား ရေး ၀န် ရာထူး မှ ဦးကျော်ဆန်း ဖယ်ရှားခံရ၊ မကြာခင် ဖျက်သိမ်းတော့မည့် သမ၀ါယမ ၀န်ကြီးဌာနသို့ တာဝန်လွှဲပေးခံရ



မြန်မာ အစိုးရ အဖွဲ့  အတွင်း မှာ ၀န်ကြီး ကိုး ဦး နဲ့  ဒုဝန်ကြီး တွေ ကို ပြောင်း လဲ တာဝန် ပေး
မှု တွေ ပြု လုပ် ကြောင်း  သမ္မတ ရုံး မှ ယနေ့  တရား ၀င်  ကြေငြာ မှု ပြု ခဲ့ သည်။
၂၀၀၂ ခုနှစ် စက်တင်ဘာ လ ၁၃  ရက် နေ့ တွင် စတင် ထမ်းဆောင်ခဲ့ သည့် ပြန်ကြား ရေး ၀န်
ကြီး တာဝန် ကို သြဂုတ် လ ၂ရ ရက် နေ့ တွင် မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၏ အမိန့် ဖြင့်
ရပ် နား ခံ ရ သည့် ဦး ကျော်ဆန်း မှာ သမ၀ါယမ ၀န်ကြီး နေရာ ကို ပြောင်း လဲ တာဝန် ထမ်း
ဆောင် ရမည် ဖြစ်သည်။

ဦးကျော်ဆန်း သည့် ပြန်ကြား ရေး ၀န်ကြီး ဌာန နှင့် ယဉ်ကျေးမှု ၀န် ကြီး ဌာ န နှစ် ခု ကို ပူး တွဲ
တာ ၀န် ထမ်းဆောင် ခဲ့ ရ ပြီး ယခု အခါ တွင် မကြာခင် ဖျက် သိမ်း တော့ မည့် သမ၀ါယမ ၀န်ကြီး
ဌာ န ၀န်ကြီး တာဝန် ကိုသာ ထမ်းဆောင် ရ တော့ မည် ဟု ဆိုသည်။

သမ္မတ ၏ ပြည်ထောင် စု အဆင့် ငြိမ်း ချမ်း ရေး ကိုယ် စားလှယ် တော် အဖြစ် တာဝန် ထမ်းဆောင်
နေ သည့် မီးရထား ၀န်ကြီး  ဦးအောင်မင်း မှာ သမ္မတ ရုံး ၀န်ကြီး များ အဖြစ် ပြောင်း လဲ တာဝန်
ထမ်းဆောင် ရမည် ဖြစ်သည်။

ယခင် အလုပ် သမား ၀န်ကြီး ဦးအောင်ကြည် သည် ပြန်ကြား ရေး ၀န်ကြီး နေရာ သို့  ပြောင်း လဲ တာ
ဝန် ထမ်း ဆောင် ရမည် ဖြစ် သည်။

ဦးအောင်ကြည် သည် ယခင် က ဒေါ်အောင်ဆန်းစုကြည် နှင့် အစိုးရ အဖွဲ့ ကြား ဉ် ဆက်ဆံ ရေး ၀န်ကြီး
အဖြစ် တာဝန် ထမ်းဆောင်ခဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ပူး တွဲ သတင်းစာ ရှင်းလင်း ပွဲများ
ပြု လုပ် ခဲ့ ဖူးသည်။

ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးကျော်ဆန်း တာဝန်စတင် ထမ်းဆောင် ရမည့် သမ၀ါယမ ၀န်ကြီး ဌာန
နှင့် ပတ် သက် ပြီး သန်လျှင် မြို့  ရှိ သမ၀ါယမ တက္ကသိုလ် မှ သင်ကြား ပြသသူ တစ်ဦး ထံ FNG မှာ
ဆက် သွယ် မေးမြန်းရာ ” ကျွန် တော် တို့  CO-OP တက္ကသိုလ် က ပညာရေး ၀န်ကြီးဌာန လက်အောက်
ရောက်မယ် ဗျာ .. သမ၀ါယမ ၀န်ကြီး ဌာန က တော့ မကြာ ခင် ဖျက် သိမ်း ပြီး ၀န်ထမ်း တွေ ကို တခြား
ဌာ တွေ ကို ခွဲ ပို့  မယ် လို့  ဒီလဆန်း ပိုင်း ကတည်း က ကြား တာ ပဲ ဟု FNG ကို ပြော သည်။

ယနေ့  နေ့  စွဲ ဖြင့် ထုတ် ပြန် သည့် သမ္မတ ၏ အစိုးရ အဖွဲ့  ၀င် ၀န်ကြီး ရာထူးများ ပြောင်း လဲ သည့် နေရာဉ် ဒု ၀န် ကြီး ၁၅ ဦး ကို လည်း အသစ် ခန့်  အပ် လိုက် သည် ပူး တွဲ ပါ ရှိသည်။

မြန်မာ နိုင်ငံ ၏ သတင်း နည်းပညာ လောက တွင် ရှေ့ ဆောင် ဦးရွက် ပြု ခဲ့ သူ တစ်ယောက် ဖြစ် ပြီး
ကွန်ပျူတာ နှင့် ဆောဖ်ဝဲ ရေး သွင်း မှု ကျွမ်းကျင် သူ မြောက် များ စွာ ကို မွေး ထုတ် ပေး ခဲ့ သည့်
KMD ကွန် ပျူတာ သင်တန်း ကျောင်း အား တည် ထောင်သူ ဦးသောင်းတင် သည် ဆက် သွယ်ရေး
နှင့် ကြေး နန်း ဒုတိယ ၀န် ကြီး ဖြစ်လာ ခဲ့ သည်။

ယခင် အလုပ် သမား ၀န်ကြီး ဦးအောင်ကြည် ပြန်ကြား ရေး ၀န်ကြီး ဖြစ်လာ သည် ကို သတင်း မီဒီ
ယာ နှင့် ဖျော် ဖြေရေး မီဒီယာ အသိုင်း အ၀ိုင်း က ကြို ဆို ကြ သည် ဟု သိရသည်။

ယနေ့  ပြု လုပ် သည့် ၀န် ကြီး များ ပြောင်း ရွှေ့ မှု့ ဉ် နောက် ကွယ် တွင် ယခင် မြန်မာ စစ် ခေါင်းဆောင်
ဟောင်း ဗိုလ်ချုပ်မှုးကြီး အငြိမ်းစား ဦးသန်း ရွှေ ရှိ မည် ဟု သတင်း သမား အချို့  က ယုံကြည် ကြ ပြီး
သမ္မတ ဦး သိန်းစိန် ၏ အစိုးရ သစ် လက် ထက် တွင် အရေး ပါ သည့် ပြောင်း လဲ မှု တစ် ရပ် ဖြစ်သည်။

လက်ရှိ ရာ ထူး မှ ဦးကျော်ဆန်း ဖယ်ရှား ခံ ရသည့် သတင်း သည် ၂၀၀၄ ခုနှစ် မြန်မာ အစိုးရ ၀န်ကြီး
ချုပ် ဟောင်း နှင့် စစ်ထောက် လှမ်း ရေး အကြီး အကဲ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ကို ရာထူး မှ ဖယ်ရှား ပြီး
နောက် ပြည် သူများ စိတ် ၀င် စား မှု အရှိ ဆုံး သတင်း ဟု FNG မှ သိရှိ ရသည်။

သေမင်းတမန် ရထားလမ်းအကြောင်း

ချွေးတပ်သားများ မှာ ပင်ပန်း ကြီးစွာ လုပ်ကိုင် ကြရသည်။
သေမင်းတမန် ရထားလမ်း
၁၉၄၂ ခုနှစ် နိုဝင်ဘာလ မှ စတင်၍ ဂျပန် တပ်မတော် က ဖောက်လုပ်ခဲ့သော ယိုးဒယား − မြန်မာ မီးရထားလမ်း ကြီးသည် လူသားများ စွာ အသက် စတေး ခဲ့ရသည့် အတွက် သေမင်းတမန် ရထား လမ်း အဖြစ် ထင်ရှားခဲ့သည်။ မီးရထားလမ်း ဖောက်လုပ်ရာတွင် မြန်မာ တိုင်းရင်းသား ၈၀ဝ၀ဝ ကျော်၊ မဟာမိတ် တပ်သား ၁၀ဝ၀ဝ ကျော် တို့ အသက် ဆုံးရှုံး ခဲ့ကြသည်။ ရထားလမ်း ဖောက်လုပ် ပြီးစီး သည့် အထိမ်းအမှတ်ပွဲကို ၂၅ အောက်တိုဘာ ၁၉၄၃ တွင် ကျင်းပခဲ့သည်။

သံဖြူဇရပ် မှ ဘန်ပေါင်သို့
သေမင်းတမန် ရထားလမ်း သည် မြန်မာပြည် ဘက်ခြမ်း တွင် သံဖြူဇရပ်မြို့မှ စတင်ခဲ့သည်။ ဘုရားသုံးဆူ တောင်ကြား ကိုဖြတ်လျက် ယိုးဒယားနိုင်ငံ ဘန်ပေါင်(Ban Pong) မြို့သို့ ဖောက်လုပ် ခဲ့သည်။ ဘန်ပေါင် ရှိ ဘန်ကောက် - စင်္ကာပူ မီးရထားလမ်း နှင့် ဆက်သွယ် ရန် ဖြစ်သည်။ မိုင် ၂၅၀ ကျော် ရှည်လျားပြီး လမ်းခုလပ် ကွေးမြစ်ပေါ် ၌ တံတား တစ်စင်း ကိုလည်း တည်ဆောက်ခဲ့သည်။ တံတား ဆောက်လုပ်ရာ တွင် မြန်မာ တိုင်းရင်းသားများ သာမက စစ်သုံ့ပန်း အဖြစ် ဖမ်းဆီးထားသော မဟာမိတ်တပ်သား အများအပြား လည်း ပါဝင်ခဲ့သည်။
တည်ဆောက်ရေး ပစ္စည်းများ
ဗြိတိသျှ တို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားသည့် ၁၉၄၀-၄၁ ခုနှစ်တွင် သံလမ်းမိုင် စုစုပေါင်း (၂၈၅၂) မိုင် ရှိသည့် အနက် ဂျပန် တို့က သံလမ်းမိုင် (၃၀ဝ) ခန့် ကို ဖြုတ်ယူ၍ မြန်မာ-ယိုးဒယား မီးရထားလမ်း ဖောက်လုပ်ရာတွင် အသုံးပြုခဲ့ပါသည်။ သံလမ်း မိုင် (၁၅၀)မိုင်ခန့် ကို ရန်ကုန် နှင့် တောင်ငူ အကြား ဒွေးလမ်း မှ လည်းကောင်း၊ ကျန်သံလမ်း (၁၅၀)မိုင်ခန့်ကို တံတားဦး -မြင်းခြံလမ်းပိုင်းနှင့် အခြားလမ်း ပိုင်းများမှ လည်းကောင်း ဖြုတ်ယူ အသုံးပြုခဲ့သည်။
ရည်ရွယ်ချက်များ
ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အတွက် အဓိက ရည်ရွယ်ချက်(၄)ရပ်ရှိပါသည်။ ယင်းတို့မှာလက်ရှိ တိုက်ခိုက်နေသော မဟာအာရှ စစ်ပွဲကြီး တွင် ဂျပန်    တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်းမီး ကျောက်များ ကို အမြန်ဆုံး သယ်ယူ ပို့ဆောင်နိုင်ရေး၊
မြန်မာ့ ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင် ရောင်းဝယ်နိုင်ရေး၊မြန်မာနိုင်ငံ နှင့်    အခြား  နိုင်ငံ များ လွယ်ကူစွာ မဟာမိတ် ချစ်ကြည်မှု ပြုလုပ်နိုင်ရေး၊စစ်ဒဏ်ကြောင့် မြန်မာလူမျိုးများ ဆင်းရဲ ကျပ်တည်းလျက် ရှိရာ မီးရထားလမ်း ဖောက် လုပ် ပြီးစီး ပါက မြန်မာပြည် ချမ်းသာ လာစေရေး တို့ ဖြစ်ကြသည်။
ယင်း ရည်ရွယ်ချက်များ အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် ဝန်ကြီးချုပ် ၏ အတွင်းဝန် ဦးဘစော ဥက္ကဋ္ဌ အဖြစ် ပါဝင်သော ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အ တွက် အလုပ်သမား စုဆောင်း စောင့်ရှောက်ရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
အလုပ်သမားစုဆောင်းရေး
ရထားလမ်း ဖောက်လုပ်ရေး အတွက် လိုအပ်သည့် အလုပ်သမားများ ကို ရထားလမ်း ဖောက်လုပ်ရေး အဖွဲ့က တိုက်ရိုက်ခေါ်ယူ ငှါးရမ်းခဲ့ ၏။ ရှေးဦးစွာ အနီးဝန်းကျင် ဒေသများ ၌ ရှာဖွေ စုဆောင်း ခဲ့သော် လည်း မလုံလောက်သဖြင့် ၁၉၄၂ ခု ဒီဇင်ဘာ လ လယ်ခန့် တွင် ယာယီ မြန်မာ အစိုးရ အုပ်ချုပ်ရေး ရုံးသို့ အကူအညီ တောင်းခံ ရတော့သည်။ သို့ဖြင့် မြန်မာအစိုးရ ပြန်ကြားရေး ဝန်ရုံး မှ ၁၈ ဒီဇင်ဘာ ၁၉၄၂ တွင် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရန် ချွေးနှင့် ရင်းရသည့် အလုပ်သမား တပ် ကြီးတည်ထောင် မည် ဖြစ်ကြောင်း
  ကြေညာခဲ့သည်။ ယင်း ကြေညာချက် တွင် အလုပ်သမား အင်အား ၂၀ဝ၀ဝ ခန့် လိုအပ်မည် ဖြစ်ကြောင်း၊ အလုပ်သမားများ ရရှိမည့် လစာ၊ နေအိမ်၊ ဆေးဝါး စသည့် အခွင့်အရေးများ ကို ဖော်ပြထားပြီး အလုပ်သမားတပ်သို့ ဝင်ရောက်ကြရန် နှိုးဆော် ထားပါသည်။
အခက်အခဲများ
အလုပ်သမား စုဆောင်းရာ ၌ တောင်ငူ၊ အင်းစိန်၊ ဟင်္သာတ၊ ပုသိမ်၊ ထားဝယ်၊ မြိတ်၊ မော်လမြိုင်၊ သထုံ၊ ပဲခူးနယ်များမှ စုဆောင်းခဲ့ကြရာ ၁၉၄၃ ခု ဖေဖော်ဝါရီလ အထိ ၁၃၉၅၀ ဦး သာ စုဆောင်းနိုင်ခဲ့ သည်။ သို့ဖြစ်၍ လျာထားချက်၏ တစ်ဝက်မျှ သာ ရရှိခဲ့ပါသည်။ စုဆောင်း ရရှိထားသူများ ထဲမှလမ်းခု   လပ် တွင် ထွက်ပြေး သွားကြသူများ မှာလည်း မနည်းလှပေ။ အလုပ်သမား ရရှိရန် ခက်ခဲသော် လည်း လမ်းဖောက်လုပ်ရေး ကိစ္စမှာ အချိန်မီ ဆောင်ရွက်ရမည့် လုပ်ငန်း ဖြစ်နေသည်။ သို့ဖြင့် အမှတ် ၁၅ ဂျပန်တပ်မတော်က နည်းလမ်း ရှာ ဖွေရတော့သည်။
လုပ်အားပေးအဖွဲ့ဖွဲ့စည်းရေး
ဂျပန် တပ်မတော် သည် ယခင် အလုပ်သမား စုဆောင်းရေး နည်းလမ်း ကို ဖျက်သိမ်းကာ ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက် လုပ်ရေး တပ်ဖွဲ့ဝင် များ၊ စစ်အုပ်ချုပ်ရေး ဦးစီးဌာန နှင့် အုပ်ချုပ်ရေးရုံး တို့ မှ သက်ဆိုင်ရာ အရာရှိများ ကို ဖိတ်ခေါ်ကာ ၁ မတ် ၁၉၄၃ တွင် လုပ်အားပေး အဖွဲ့ ဖွဲ့စည်းရေး ကို ဆွေးနွေ ခဲ့ကြသည်။ ထို့နောက် မတ်လ(၂)ရက်နေ့ တွင် ဂျပန် အမှတ် ၁၅ တပ်မတော် ၏တစ်ချက် လွှတ် အမိန့်ဖြင့် ယိုးဒယား မြန်မာ ဆက်သွယ်ရေး မီးရထားလမ်း ဖောက် လုပ်ရေး အတွက် လုပ်အား ပေး အဖွဲ့များ ဖွဲ့စည်းရေး နှင့် ပို့ဆောင်ရေး အစီအစဉ် ကို ချမှတ်လိုက်ပါသည်။
ချွေးတပ်
၉ မတ် ၁၉၄၃ တွင် ဂျပန် စစ်အုပ်ချုပ်ရေး ဌာန၏ သဘောတူညီချက် ဖြင့် ယိုးဒယား မြန်မာ မီးရထား လမ်း ဖောက်လုပ်ရေး အတွက် လိုအပ်မည့် မြန်မာ အလုပ်သမား ၃၀ဝ၀ဝကျော် ကို စတင် စုဆောင်း ပါသည်။ ဗမာ့ကာကွယ်ရေး တပ်မတော် သည် သွေးတပ်(Blood Army) ဖြစ်သဖြင့် မီးရထားလမ်း အလုပ်သမား တပ်ကြီးကို ချွေးတပ်(Sweat Army) ဟု ခေါ် ဆိုကြသည်။ နောက်ပိုင်း တွင် ဗမာ့ လက်ရုံး တပ်မတော် ဟု ပြောင်းလဲ ခေါ်ဆိုခဲ့၏။
နယ်မြေအလိုက်ချွေးတပ် အလုပ်သမားများ စုဆောင်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သော လမ်းပန်းဆက်သွယ်ရေး နှင့် ဆည်မြောင်းဌာန ဝန်ကြီး က ခရိုင် အသီးသီး မှ အရေးပိုင် (ခရိုင်ဝန်) များကို စုဆောင်းရေး အရာရှိ အဖြစ် ခန့်အပ်ပြီး နယ်ပိုင်၊ မြို့ပိုင်၊ သူကြီး တို့မှ တစ်ဆင့် စုဆောင်းခဲ့သည်။ တို့ဗမာ ဆင်းရဲသား အစည်းအရုံး ကိုလည်း ပူးပေါင်း ဆောင်ရွက် စေခဲ့သည်။လုပ်အားပေး အလုပ်သမား တစ်ဦးလျှင် ရှာ ဖွေ စုဆောင်းစရိတ် ၁၇ ကျပ်နှုန်းဖြင့် စရိတ် ကျပ် နှစ်သိန်း တစ်သောင်းကို စစ်အုပ်ချုပ်ရေး ဦးစီး ဌာန က ခရိုင်များ သို့ပေးခဲ့သည်။   ချွေးတပ် အလုပ်သမား တို့၏လစာငွေ ကိုမူ တစ်လ ၃၀ ကျပ် သတ်မှတ် ပါသည်။ သို့သော် လေကြောင်းဗုံး ဒဏ်ကြား မှ စုဆောင်း ရသဖြင့် ထင်သလောက် ခရီးမရောက်ခဲ့ပေ။
စုဆောင်းရရှိသူများ
အလုပ်သမား နည်းပါးမှုကြား မှ ကာလတို အတွင်း အလုပ်သမား ၃၂၂၀၄ ဦး စုဆောင်း ရရှိခဲ့ရာ ပထမသုတ် အဖြစ် စတင် ပို့လိုက်သည်။ သို့သော် ထွက်ပြေးသူများ ကြောင့် တစ်စတစ်စ လျော့ပါး လာခဲ့ရာ မေလ ၆ ရက်နေ့တွင် မြန်မာ အစိုးရ ဝန်ကြီးချုပ် က အမှတ် ၁၅ ဂျပန် တပ်မတော် စစ် အုပ်ချုပ်ရေး ဦးစီးဌာန နှင့် ညှိနှိုင်းကာ အလုပ်သမား ၂၁၀ဝ၀ ကျော် ထပ်မံခေါ်ယူရန် ပြင်ဆင်ရပြန် ပါသည်။ ပထမအကြိမ် စုဆောင်းစဉ် က ခရိုင် ကိုးခု သတ်မှတ် ရှာဖွေ စုဆောင်းခဲ့ရာ ဒုတိယအကြိမ် အတွက် ကျောက်ဆည်၊ မအူပင်၊ မင်းဘူး၊ ပခုက္ကူ၊ သရက် ငါးခရိုင် ကို ထပ်မံတိုးချဲ့ ရှာဖွေ စုဆောင်း ခဲ့သည်။ စုဆောင်းရေး အရာရှိ ဦးရေကိုလည်း ယခင်က အလုပ်သမား တစ်ထောင်အတွက် တစ်ဦး ကျထားရှိရာမှ ဒုတိယအကြိမ် စုဆောင်းစဉ် တစ်ရာလျှင် တစ်ဦးနှုန်း ပြောင်းလဲ ထားရှိခဲ့သည်။ သို့ဖြင့် ၁၇၆၁၅ ဦး ထပ်မံ စုဆောင်း နိုင်ခဲ့လေသည်။
တတိယ အကြိမ်
မိုးတွင်းကာလ မီးရထားလမ်း ဖောက်လုပ်ရာတွင် ငှက်ဖျားရောဂါ၊ ဝမ်းရောဂါ ဖြစ်ပွားမှုများကြောင့် တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့ လိုက်ဖြစ်စေ ထွက်ပြေးမှုများ ရှိနေရာ အမှတ် ၁၅ဂျပန်တပ်မတော် မှ တောင်း ဆို ၍ ၁၉၄၃ ခု ဇူလိုင်လ တွင် အလုပ်သမား ၂၀ဝ၀ဝ ထပ်မံ စုဆောင်း ပေး ရပြန် ပါသည်။ ဤတစ် ကြိမ်တွင် ရွှေဘို၊ ကသာ နှင့် မုံရွာ ခရိုင်များ ကို ဦးတည် စုဆောင်း၏။ တတိယ အကြိမ် စုဆောင်း ရာတွင် အလုပ် သမား အင်အား ၂၁၀၆၉ ဦး ထပ်မံ စုဆောင်း ရရှိခဲ့သည်။
ဟေးဟိုးတပ်
ဟေးဟိုးတပ် (Heiho) ခေါ် မျိုးချစ် တက်လူငယ်များ အဖွဲ့ ကို မြန်မာနိုင်ငံ ဂျပန်တပ်မတော် ဌာနချုပ် ၌ ဖွဲ့စည်း ထား ရှိပါသည်။ ၂၀ ဧပြီ ၁၉၄၃ တွင် ဟေးဟိုးတပ် သို့ မျိုးချစ်လူငယ်များ ဝင်ရောက်ကြရန် မြန်မာ့အလင်းသတင်းစာမှ ဖော်ပြခဲ့သည်။ ယင်းတပ်မှာ အရံတပ်ဖွဲ့ တစ်ခု ဖြစ်ပြီးချွေးတပ်သား အလုပ် သမား များ စုဆောင်းရာ ၌ အဓိက နေရာမှ ပါဝင်ခဲ့သည်။
မြန်မာတိုင်းရင်းသားများ နှင့် စစ်သုံ့ပန်း မဟာမိတ်တပ်သားများ ရထားလမ်း ဖောက်လုပ်နေစဉ်
စစ်သင်္ချိုင်း နှင့် ပြတိုက်
သံဖြူဇရပ်မြို့အနီးတွင် သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်း အထိမ်းအမှတ် အဖြစ် ပြ တိုက် နှင့် မဟာမိတ် စစ်သင်္ချိုင်းတို့ တည်ရှိပါသည်။ စစ်သင်္ချိုင်းမှာ ဒုတိယကမ္ဘာစစ် အတွင်းက ကျဆုံးခဲ့သည့်အင်္ဂလိပ်၊ ကနေဒါ၊သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ နယ်သာလန် စသည့် နိုင်ငံများ မှ စစ်သည် ၃၆၁၇ ဦးအတွက် အရိုးပြာများ ကို မြူပ်နှံထားခြင်းဖြစ် သည်။ ယင်း စစ်သင်္ချိုင်း ကို ၁၈ဒီဇင်ဘာ ၁၉၄၆ က ဗိုလ်ချုပ်အောင်ဆန်း နှင့် ဘုရင်ခံဆာဟူးဘတ်ရန့် တို့လာ ရောက် ဖွင့်လှစ် ပေးခဲ့သည်။
ဝတ္ထု ရုပ်ရှင်
စာရေးဆရာကြီး မောင်ထင် ၏ ငဘဝတ္ထုသည် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရေး အတွက် ချွေးတပ် နှင့် အတူပါ သွားသူ တောင်သူ လယ်သမား တစ်ဦး၏ ဘဝကို သရုပ်ဖော် ထား သော ဝတ္ထုဇာတ်လမ်း ဖြစ်ပါသည်။ ဤဇာတ်လမ်းကိုပင် တစ်ခေတ်တစ်ခါက ပြည်သူ့အသဲစွဲ မင်းသား ရွှေဘက ငဘ အဖြစ် သရုပ်ဆောင် ရိုက်ကူးခဲ့သည်။ နာမည်ကျော် A Bridge on the River Kwei ရုပ်ရှင် ဇာတ်ကား မှာ ဒုတိယ ကမ္ဘာစစ် အတွင်း သေမင်းတမန် မီးရထားလမ်း ရှိ ကွေးမြစ်တံတား  ပေါ် မှ ဇာတ်လမ်း တစ်ပုဒ်ကို အခြေခံ ရိုက်ကူး ထားခြင်း ဖြစ်သည်။
ကိုးကား
ဂျပန်စစ် အုပ်ချုပ်ရေးခေတ် မြန်မာနိုင်ငံ (မစ္စတာအိုးနိုတိုးရု)
ဂျပန်ခေတ်ရက်စွဲသမိုင်း (လက်နှိပ်စက်မူ)
ငွေသောင်ယံစက်စဲ၊ ကျိုက္ခမီ ရေလယ်ဘုရား၊ သေမင်းတမန်လမ်းမကြီးနှင့် သံဖြူဇရပ်(မောင်မိုးစည်)၊ ရနံ့သစ်မဂ္ဂဇင်း၊ အမှတ်(၇၈)
Weekly Eleven ပါ တင်နိုင်တိုး ၏ မြန်မာ့နိုင်ငံရေးသမိုင်းလေ့လာချက် ဂျပန်ခေတ် ယိုးဒယား မြန်မာ ဆက်သွယ်ရေးလမ်းကြောင်း (သို့မဟုတ်) သေမင်းတမန် မီးရထားလမ်း
ကိုလင်း(သလ္လာဝတီ)

Japan. Estimates monster quake cold kil 320000






TOKYO : Japan's government on Wednesday unveiled a worst-case disaster scenario that warned a monster earthquake in the Pacific Ocean could kill over 320,000 people, dwarfing last year's quake-tsunami disaster.

Tokyo's casualty toll estimate was based on a catastrophic scenario in which a powerful undersea quake of about 9.0 magnitude sparked a giant tsunami that swamps Japan's coastline south of Tokyo.

The Cabinet Office's hypothetical disaster would see the quake strike at night-time during the winter with strong winds helping unleash waves that reach 34-metre (110 feet), sweeping many victims away as they slept.

Many of the estimated 323,000 victims would be drowned by the tsunami, crushed under falling objects or in fires sparked by the disaster, it said.

On March 11 last year, a 9.0-magnitude quake struck seismically-active Japan in the early afternoon, triggering tsunami waves that reached 20 metres.

About 19,000 were killed or remain missing while the tsunami slammed into the Fukushima Daiichi nuclear plant, sending reactors into meltdown and sparking the worst atomic crisis in a generation.

"As long as we live in Japan, we cannot deny the possibility of a huge earthquake and tsunami," Masaharu Nakagawa, state minister for disaster management, told reporters on Wednesday.

The report was designed to paint a worst-case scenario and help officials boost their disaster preparedness.

An estimate in 2003 assumed casualties of about 25,000 people, but that scenario envisioned a less powerful 8.4-magnitude quake striking a smaller area.

The deadliest quake in Japanese history struck the central Kanto region in 1923, killing at least 100,000 people. 

Sunday, August 26, 2012

ရခိုင် အမျိုးသမီး ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ပြည်တော်ပြန်မည်


ဒေါ်စောမြရာဇာလင်းကို ၂၀၀၈ ခုနှစ်က ၄င်း၏ မိခင် ကွယ်လွန်စဉ်က တွေ့ရပုံ၊ ဓာတ်ပုံ- နေရဇ္ဇရာ သတင်းဌာန 

ရခိုင်အမျိုးသမီး ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ နှစ်ပေါင်း ၂၄ နှစ်ကြာ မြန်မာပြည်မြေနဲ့ ကင်းကွာနေခဲ့ရာက အခုတော့ မကြာခင်မှာ ပြန်တော်ပြန်တော့မယ်လို့ 
ဖလောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲ ရခိုင် အမျိုးသမီးများ အစည်းအရုံး ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ယနေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း ထုတ်ပြန်ချက် အပြည်အစုံကတော့....

ဆရာမစောမြရာဇာလင်း၏ ပြည်တော်သို့  ပထမ ခြေလှမ်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ခေါင်းဆောင် တစ်ဦးလည်းဖြစ် ရခိုင် အမျိုးသမီးများအစည်းအရုံး ဥက္ကဌ လည်းဖြစ်သူ ဆရာမစောမြရာဇာလင်းသည် ၁၉၈၈ ခုနှစ် မှ ယနေ့ထိ ၂၄ နှစ်တိတိ နိုင်ငံရပ်ခြား၌နေ ပြီး နောက် ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေးခေါ်ဆောင်မှု အစီအစဉ်ဖြင့် ဇာတိရပ်ထံပြန်မည်ဖြစ်ပါသည်။

ဆရာမသည် ၁၉၈၈ ခု မြန်မာ့ ဒီမိုကရေစီ အရေးအခင်းတွင် ရခိုင်ပြည်၌ခေါင်းဆောင်ခဲ့ပြီး ဘင်္ဂလား ဒေ့ခ်ျ နပ်စပ်၌ခိုလှုံခဲ့ပါသည်။

ဆရာမစောမြရာဇာလင်းနှင့်အဖွဲ့ကို ဗိုလ်မှူးကြီး ထိန်လင်း၊ ဗိုလ်မှူးကြီး အောင်နိုင်ဦးတို့၏ အစီအစဉ်ဖြင့် ကြိုမည်ဖြစ်ပါသည်။

သတင်းအပြည့်အစုံကို ဆရာမနှင့်ဆက်သွယ်ပါ

ဖုန်း ၀၀ ၈၈ ၁၈၃၀၈၇၉၄၇၃
ဖုန်း ၀၀ ၈၈ ၀၁၇၃၂၆၄၉၀၀၇

မနက်ဖန် အတွက် ဒီနေ့ ညနေ သတင်းယူပါ

လေးစားစွာဖြင့်

စောစန္ဒာဌေး၊ ခိုင်မင်းထက်ဝေ
အုပ်ချုပ်ရေးမှူး စောမြရာဇာလင်း( ကိုယ်ရေးအရာရှိ)
ဖလောင်းချိပ်ရုံး ဘင်္ဂလားဒေခ်ျ ဌာနခွဲ
ရခိုင် အမျိုးသမီးများ အစည်းအရုံး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ