Saturday, December 8, 2012

စစ်ပွဲတွေ ကင်းရာမြေ (နော်စီဖိုးရာစိန်)




နော်စီဖိုးရာစိန်
လက်ရှိ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ဖြစ်တဲ့ နော်စီဖိုးရာစိန်ရဲ့ အမျိုးသမီး အရေး လှုပ်ရှားဆောင်ရွက်နေစဉ်ကာလဖြစ်တဲ့ ၂၀၀၃ခုနှစ်က လောင်းရိပ်ကို ကျော်ဖြတ်ခြင်း အတွဲ၂တွင် ရေး သားဖော်ပြတဲ့ ဆောင်းပါးကို ပြန်လည်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

ကျမဟာ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းခဲ့တယ်။ အဲဒီတိုင်းပြည်ဟာ ကမ္ဘာပေါ်မှာ အရက်စက်ဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး အာဏာရှင်တွေ အုပ်စိုးထားတဲ့ တိုင်းပြည်တခုပါ။ ကျမက ကရင်လူမျိုး တယောက်ဖြစ်ပါတယ်။ ကရင်လူမျိုးတွေဟာ မြန်မာပြည်မှာ ဒုတိယလူဦးရေ အများဆုံး ဖြစ်ပြီး လူဦးရေအားဖြင့် ၈သန်းကနေ ၁၀သန်းအထိ ရှိပါတယ်။ တခြားမြန်မာပြည်က တိုင်းရင်းသား လူမျိုးစုတွေလိုပဲ ကရင်လူမျိုးတွေဟာ သူတို့ အခွင့်အရေး၊ လွတ်မြောက်ရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေးနဲ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၅၀ကျော်ကြာ တိုက်ပွဲ ၀င်နေခဲ့ကြပါတယ်။

ကရင်လူမျိုးတွေဟာ အများအားဖြင့် အရှေ့ဘက်နယ် စပ်ဒေသက တောင် တန်းတွေနဲ့ မြစ်ဝကျွန်းပေးအလယ်ပိုင်း ဒေသတွေမှာ နေထိုင်ကြပါတယ်။ ကျမတို့ လူမျိုးတွေဟာ ရိုးသားကြပြီး ခိုင်မြဲတဲ့ မိသားစုဘ၀တွေ ရှိကြသလို ရင်းနှီးဖော်ရွေမှုကို တန်ဖိုးထားပြီး ငြိမ်းချမ်းစွာ နေလိုတဲ ဆန္ဒ ရှိကြပါတယ်။ ဒါပေမယ့် ကျမတို့ဟာ စနစ်တကျ ဖိနှိပ်နေမှုတွေ၊ ညှင်းပန်းမှုတွေ၊ ခေါင်းပုံဖြစ်မှုတွေ၊ အဓမ္မနေရာပြောင်းရွေ့မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ခံစားနေကြရတာပါ။ ကျမတို့ ကရင်အမျိုးသားကျောင်းတွေ အသိမ်းခံရတယ်။ အတင်းအဓမ္မထိန်းချုပ်တာ၊ ဖျက်ဆီးပစ်တာ တွေခံရတယ်။ နောက် နိုင်ငံတော် မူဝါဒက “ဗမာကြီးစိုးရေးဝါဒ”ဖြစ်တာကြောင့် ကျမတို့ရဲ့ မိခင်ဘာသာကို ဗမာကျောင်းတွေမှာ သင်ကြားခွင့် မပေးပါဘူး။

ဗမာစစ်တပ်တွေက ကျမတို့ နယ်မြေတွေမှာ အခြေစိုက်ထားပြီး အတင်းအကျပ် လုပ်အားပေါ် ခေါ်တာ၊ အတင်းအဓမ္မ နေရာပြောင်းရွေ့ခိုင်းတာ၊ မုဒိမ်းပြုကျင့်တာ၊ နှီပ်စက်ညှင်းပန်းတာ၊ သတ်ဖြတ်ပစ်တာ၊ လုယက်ခိုးယူတာ၊ ကျမတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်တာ စတဲ့ နည်းတွေနဲ့ ကျမတို့ ပြည်သူတွေကို ထိန်းချုပ်ထားပါတယ်။ ကျမတို့ရဲ့ လယ်ယာတွေ၊ ကောက်ပဲ သီးနှံတွေ၊ စပါးကျီတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကြတယ်။ ကျမတို့ ရွာသူရွာသားတွေကို တမင် ရည်ရွယ်ချက် ရှိရှိနဲ့ ငတ်မွတ်ကုန်အောင် လုပ်ထားတယ်။ ရွာသားတွေဟာ အမြဲတမ်းလို ရိုက်နှက် ခံရတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ပေမယ့် ဘာမှ အရေးယူတာ မရှိဘူး။ အဓမ္မမုဒိမ်း ပြုကျင့်တာဟာ လူမျိုးစုတွေကို တန်ပြန် ချေမှုန်းရာမှာ ဗမာစစ်တပ်( နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီရဲ့ စစ်တပ်)က အရာရှိတွေ၊ အကြပ် တပ်သားတွေအတွက် ထင်ရှားတဲ့ စစ်လက်နက်တခုဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အမျိုးသမီးတွေဟာ စစ်ပွဲအတွင်းက ပစ်မှတ်တွေ ဖြစ်လာရတယ်။

ကျမတို့ ကရင်အမျိုးသမီးတွေဟာ လူ့အခွင့်အရေးတွေအားလုံး ဆုံးရှုံးနေရတယ်။ ဒီဆုံးရှုံးရတဲ့ အခွင့်အရေးတွေက ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောက်ရှာက်ခံ ပိုင်ခွင့်နဲ့ အစားအစာ ရရှိပိုင်ခွင့်အပြင် အသက်ရှင် ရပ်တည်ပိုင်ခွင့်တွေပါ ပါဝင်ပါတယ်။ ကျမတို့ ကလေးငယ်တွေဟာ ထိုးစစ်ဆင်တိုက် ခိုက်လာမှုတွေကြားမှာ မွေးဖွားရတယ်။ ငယ်ရွယ်တဲ့ ကလေးငယ်မှာတောင် လွတ်လွတ်လပ်လပ် ငိုကြွေးနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ငိုသံက သူတို့ မိသားစု ပုန်းနေရတဲ့ နေရာကို ထုတ်ဖော်လိုက်သလို ဖြစ်မှာ ကြောင့်ပါ။

ကျမဟာ ကျေးလက်ဒေသက စစ်ပွဲတွေ ဖြစ်တဲ့ နေရာမှာ ကြီးပြင်းခဲ့ရတယ်။ လုံခြုံစိတ်ချမှုကို ဘယ်အခါကမှ မခံစားခဲ့ရဖူးပါဘူး။ ဘ၀တလျောက်လုံး IDPလို့ ခေါ်တဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာဘ၀နဲ့ နေခဲ့ရတယ်။ အခု ဒုက္ခသည်စခန်းမှာ နေထိုင်နေရတာတောင် စိတ်ချလုံခြုံမှုဆိုတာကို မခံစားရဘူး။ ကျမတို့ မိသားစုဟာ တနေရာပြီး တနေရာ ပြောင်းရွေ့နေထိုင်ခဲ့ရတယ်။ တနေရာရာမှာ ၂နှစ်ထက်ပိုပြီး ကြာအောင် နေခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒီလို ပြောင်းရွေ့နေထိုင်လာရတာဟာ ၁၉၉၅ခု ဖေဖော်ဝါရီလမှာ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည် စခန်းကို ရောက်တဲ့ အထိပါပဲ။

ကျမအဖေက တော်လှန်ရေး လုပ်ငန်းတွေနဲ့ ခရီးသွားနေရချိန်မှာ ကလေး ၈ယောက်ရဲ့ အသက်ရှင် ရပ်တည်မှုကို အမေက တာဝန်ယူခဲ့ရတယ်။ အမေဟာ ခိုင်မာပြတ်သားတဲ့ အမျိုးသမီးကြီးပါ။ ကျမတို့ မကျန်းမာရင် သူသိထားတဲ့ တိုင်းရင်းဆေးဝါးတွေနဲ့ ကျမတို့ အသက်မသေရအောင် ကုသပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျမတို့မှာ ဆေးရုံ ဆေးခန်းတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ဆရာဝန် သူနာပြုတွေ မရှိဘူး။ ဒါ့အပြင် ဘာခေတ်မှီဆေးဝါးမှလည်း မရှိတာကြောင့်ပါ။ အမေဟာ ဒီလိုအကြားအမြင်များတဲ့အတွက် ကျမတို့ မောင်နှမတတွေ သိပ်ကံကောင်းခဲ့ပါတယ်။ တခြားကလေးငယ်တွေ သေဆုံးနေချိန်မှာ အမေဟာ သူ့ရဲ့တတ်ကျွမ်းမှုနဲ့ ကျမတို့ကို သေဘေးက ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

အမေက ဒီလို ရက်စက်မှုတွေ ထိတ်လန့် ကြောက်ရွံ့စရာ အခြေအနေတွေ ကြားမှာ ဘာကြောင့်အသက်ရှင်ဖို့ လိုသလဲဆိုတာကို အမြဲရှင်းပြတတ်တယ်။ နောက်”ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု”တွေရတဲ့ တနေ့ကို ရောက်ရလိမ့်မယ်။ အဲဒီအခါကျရင် ကျမတို့ တတွေဟာ ထာဝရအေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွင်ရွင် နေထိုင်နိုင်လိမ့်မယ်လို့ အမေက ပြောတယ်။ ကျမတို့ မောင်နှမတွေဟာ အမေပြောတာကို အလေးအနက် ယုံကြည်ကြတယ်။ ကျမတို့ တိုင်းပြည်မှာ “ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု”တွေ ရမယ့်နေ့ကို စောင့်စားနေခဲ့ကြတ်။ အခုချိန်ထိလည်း ဒီအရာတွေကို တမ်းတ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။

ကျမမွေးဖွားခဲ့တဲ့ နေရာဟာ စစ်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ နေရာပါ။ ခုချိန်ထိလည်း ထောင်နဲ့ ချီတဲ့ အမျိုးသမီးတွေဟာ နေ့စဉ်ဆင်းရဲဒုက္ခတွေ ခံစားနေရဆဲ ဖြစ်ပါတယ်။ ကျမဟာ ဒီစစ်ပွဲ ဖြစ်ရာ ဒေသမှာ အနှစ် ၂၀လောက် ကျောင်းဆရာမ လုပ်ခဲ့ပါတယ်။ ဆရာမတယောက်အနေနဲ့ ကြုံခဲ့ရတဲ့ အကြီးမားဆုံး အခက်အခဲတွေကတော့ ကျမရဲ့ ကျောင်းသူကျောင်းသားတွေကို ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုအကြောင်း ပြောရတာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေ အကြောင်းကို သိနေကြတာမို့ ဒီအကြောင်းအရာတွေဟာ သူတို့အတွက်ရော ကျမတို့အတွက်ပါ လက်တွေ့မကျဘူးဆိုတာ သိနေကြတယ်။ စာသင်နှစ်တနှစ်ရဲ့ နှစ်လည်ပိုင်းကို ရောက်လာရင် မြန်မာစစ်အစိုးရက ကျမတို့ဒေသကို ထိုးစစ်ဆင်ဖို့ တပ်ဖွဲ့တွေ စေလွတ်တတ်တာမို့ ကျမတို့ဟာ ကျောင်းတွေ ပိတ်ထားရပါတယ်။ ကျမရဲ့ ကျောင်းသားတွေဟာ ရွာတွေမှာရှိတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဖို့အတွက် ရှေ့တန်းစစ်မြေပြင်ကို သွားကြရတယ်။ ကျမရှေ့မှာ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေကိုသာ တွေ့မြင်နေရတာ မဟုတ်ပါဘူး။ ဆရာမတယောက်အနေနဲ့ ကျောင်းသားတွေ သေဆုံးခဲ့ရတာတွေကိုပါ ကြားသိနေရပါတယ်။

အဲဒီနှစ်တွေ အတွင်းမှာ ကျမဟာ စစ်ပွဲတွေ ကင်းရှင်းတဲ့ ဘ၀၊ စိတ်ချလုံခြုံမှုရှိတဲ့ ဘ၀ကို စိတ်ကူးမျှော်လင့်နေမိတယ်။ ဒီလို ဖြစ်လာရင် သိပ်ကို အေးချမ်းသာယာမယ်လို့ ကျမတွေးထင်မိတယ်။ ကျမဟာ နာကျင်ခံစားရတာတွေကို ရင်ထဲမှာ မြိုသိပ်ရင်း ရှေ့ဘာတွေ ထပ်ဘာဖြစ်လာမလဲဆိုတာအတွက်ပဲ ပြင်ဆင်ခဲ့ပါတယ်။ ကျမနဲ့ ကျမတို့ ပြည်သူတွေဟာ စစ်ပွဲတွေ မရှိတဲ့ ဘ၀၊ ငြိမ်းချမ်းပြီး လုံခြုံမှု ရှိတဲ့ ဘ၀တွေမှာ နေထိုင်ဖို့ဆိုတဲ့ ဆန္ဒဟာ ကျမရဲ့ အရိုးသားဆုံးနဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ ဒါပေမယ့် သွားရအုံးမယ့် ခရီးက အရှည်ကြီးဆိုတာ ကျမသိနေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ကျမတို့ အိမ်မက်တွေနဲ့ အလှမ်းဝေးနေဆဲပါ။

ငြိမ်းချမ်းရေး အပေါ် အမျိုးသမီးတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ဟာ စစ်ပွဲတွေ ပြီးဆုံးသွားတာ တခုတည်း မဟုတ်ပါဘူး။ ကျမတို့ လိုလားတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေးပါ။ ဒါက တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းရေးပါ။ ဒီငြိမ်းချမ်းရေးဟာ အကြမ်းဖက်မှုတွေအပြင် အိမ်တွင်း အကြမ်းဖက်မှုတွေပါ ကင်းရှင်းတဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ စစ်ပွဲတွေ ပြီးဆုံးသွားခဲ့ရင်လည်း အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိနေအုံးမယ်ဆိုရင် ဒီလိုငြိမ်းချမ်းမှုမျိုးကို ကျမတို့ အမျိုးသမီးတွေ အနေနဲ့ မပျော်ပိုက်နိုင်ပါဘူး။


ကျမကတော့ လက်ရှိ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ပိုမို တိုးမြင့်မလာပဲနဲ့တော့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကျမတို့ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို အပြည့်အ၀ ပေးဆပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပြည်တွင်း စစ်ဖြစ်နေတဲ့ နှစ်အရှည် အကြာကြီးအတွင်းမှာ ကျမတို့ အမျိုးသမီးအများအပြား ထိခိုက်ခဲ့ကြရနတယ်။ ဒုက္ခဖြစ်ခဲ့ကြရပါတယ်။ နောက် စစ်ဖြစ်ရတဲ့ အကြောင်းရင်းဟာ အမျိုးသမီးတွေကြောင့် မဟုတ်ပါဘူး။ ကျမတို့ အမျိုးသမီးတွေမှာ ငြိမ်းချမ်းရေးအတွက်၊ ငြိမ်းချမ်းရေး ရရှိဖို့အတွက် စီစဉ်ဆောင်ရွက်ရာမှာ အမျိုးသားတွေနဲ့အတူ အလုပ်လုပ်နိုင်တဲ့ အရည်အသွေးတွေ ရှိပါတယ်။

ကျမတယောက် အနေနဲ့ကတော့ ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးဟာ ခွင့်လွတ်ကျေးအေးမှုတွေနဲ့အတူ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။ နောက် ၁၉၈၄ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရခဲ့တဲ့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ စကားကို ကျမအနေနဲ့ အပြည့်အ၀ ထောက်ခံပါတယ်။ "ခွင့်လွတ်ကျေးအေးမှု မရှိရင် အနာဂတ်ဆိုတာ မရှိဘူး" ဆိုတာပါပဲ။ သြဇာအာဏာတွေ၊ ဂုဏ်မာနတွေ၊ အမုန်းတရားတွေဟာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ကမ္ဘာကြီးတခု ဒါမှမဟုတ် နိုင်ငံတနိုင်ငံကို မဖန်တီးနိုင်ပါဘူး။ ကျမတို့ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ညီအစ်ကိုတွေ အားလုံးနဲ့အတူ သွေးစည်းဖို့ လိုပါတယ်။ ကျမတို့ အမျိုးသမီးတွေ ကြိုးပမ်းနေတဲ့ ပူးပေါင်းလုပ်ဆောင်မှု၊ အမျိုးသား ပြန်လည် သွေးစည်းညီညွတ်မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေအတွက် ထောက်ခံအားပေးမှုတွေ လိုအပ်နေပါတယ်။

နော်စီဖိုးရာစိန်
ဇွန်လ ၁၁၊ ၂၀၀၃ခုနှစ်
လောင်းရိပ်ကို ကျော်ဖြတ်ခြင်း ၂ စာစောင်မှ
အဲခေါင်သောင့် at 12:05 AM


ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ သတိထားစားသုံးသင့်

ငါးပိရေကျိုတွင် ဓာတ်မြေသြဇာထည့်သွင်းထား၍ ပြည်သူများ
သတိထားစားသုံးသင့်ဟု စားသုံးသူကာကွယ်ရေးအသင်းပြော


ငါးပိရေကျိုတွင် ယူရီးယားဓာတ်မြေသြဇာ များထည့်သွင်း၍
... ပြုလုပ်လာသောကြောင့် စားသုံးသူပြည်သူများ သေချာလေ့လာပြီး
မှသာ ၀ယ်ယူစားသုံးသင့်ကြောင်း မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး
အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာလ ၃၀ ရက်နေ့တွင်
တောင်သူကြီးများဂျာနယ်ကို ပြောကြားသည်။

“ကျွန်တော်တို့ စားသုံးသူကာကွယ် ရေးအသင်းကို လွန်ခဲ့တဲ့တစ်လလောက်
တုန်းက မအူပင်မြို့နယ်ကနေ ဆက်သွယ်လာပါတယ်။ ငါးပိထုတ်လုပ်မှု အများဆုံးကလည်း ဧရာဝတီတိုင်းဘက် ဖြစ်တယ်။သူတို့တွေဘက်မှာက ငါးပိရည်ကျိုလုပ်တဲ့အခါမှာ ငါးရဲ့အရိုးတွေ မြန်မြန်နူးအောင်ဆိုပြီးတော့ ယူရီးယားဓာတ်မြေသြဇာကို အသုံးပြုပြီး လုပ်လာကြတယ်။ ပုံမှန်ဆို
ရင် ငါးပိပြုလုပ်ပြီး နှစ်လလောက် နှပ်ထားရမှာ။ ဒီတော့ ငွေပေါ်ကလည်းကြာ
တယ်။ ဒါကိုလုပ်ငန်းရှင်တွေက ငွေမြန်မြန်ပေါ်ချင်တော့ ယူရီးယားမြေသြဇာကိုသုံးပြီးငါးပိကိုနှပ်တော့ သုံးရက်ကနေ ခုနစ်ရက်
လောက်ပဲကြာတယ်။ အရိုးတွေ အကုန် လုံးနူးကုန်တယ်။ ဒီတော့ ဈေးကွက်ကို တင်ပြီး ရောင်းချလို့ရပြီလေ။ ပြုလုပ်တဲ့
အဆင့်တွေကိုကျော်ပြီး မြန်မြန်ငွေပေါ်ချင်တော့ စားသုံးတဲ့
ပြည်သူတွေမှာလည်း ကျန်းမာရေးရှုထောင့်ကကြည့်ရင် ရောဂါပိုင်းတွေက ပိုဖြစ်လာတာပေါ့”ဟု ၎င်းကပြောသည်။

ယူရီးယား ဓာတ်မြေသြဇာ ပါဝင် သောငါးပိရည်ကျိုကို စားသုံးခြင်းဖြင့် အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်း ကင်ဆာတို့ကို
ဖြစ်ပေါ်စေနိုင်ကြောင်း ဦးဗအုပ်ခိုင်က ပြောသည်။

“ငါးပိရည်ကျိုစားသုံးတဲ့ ပြည်သူတွေကလည်း ကိုယ်က ၀ယ်ယူသုံးစွဲတော့မယ်ဆိုရင် ဈေးနှုန်းပိုင်းကို မကြည့်ပါနဲ့။ ဈေး
ပေါတယ်ဆိုရင် ရောဂါပိုဖြစ်နိုင်တယ်။ငါးပိရည်ကျိုမှာ ဓာတ်မြေသြဇာ ပါမပါ ဆိုတာကလည်း ခန့်မှန်းဖို့ခက်တယ်။ သိပ်ထားတဲ့ ငါးပိနဲ့လည်း ပုံစံခြင်းကလည်း တူတူပဲ။ ဒါပေမယ့် ယူရီးယားပါဝင်တယ်ဆိုရင် အညိုရောင်ဘက်ကို ပိုသန်းတယ်။ဈေးကလည်း ပေါတယ်ဆိုတော့ စားသုံးသူ
တွေအနေနဲ့ သတိထားဖို့လိုတယ်။ အခုချိန်မှာက ပြည်ပ၀င်တာမပြောနဲ့ ကိုယ့်ပြည်တွင်းက ထုတ်လုပ်နေတာတောင် မသမာတဲ့ နည်းလမ်းတွေက
ပါလာပြီ။ အန္တရာယ်တွေလည်း အများကြီးရှိလာနိုင်တယ်။ စားသုံးသူ
တွေအနေနဲ့ စားသောက်ကုန်တွေအပေါ်မှာ သတိထားဖို့ ရှောင်ကြဉ်ဖို့ လိုအပ်လာပြီ” ဟု ၎င်းကဆိုသည်။

သို့သော် စားသုံးသူကာကွယ်ရေး အသင်းသည် ဈေးကွက်အတွင်းရှိ ငါးပိရည်
ကျိုများကို လတ်တလောတွင် ဓာတ်ခွဲခန်းပို့ဆောင်စစ်ဆေးမည့် အစီအစဉ်မရှိသေးသော်လည်း ဒီဇင်ဘာလပိုင်းလောက်တွင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့်ပူးပေါင်း၍
ဈေးများအတွင်း စစ်ဆေးပညာပေးခြင်းများ လုပ်ဆောင်သွား
မည်ဟု ဦးဗအုပ်ခိုင်က ပြောသည်။

စားသုံးသူကာကွယ်ရေးအသင်းတွင် ဓာတုဗေဒပညာရှင်များ၊ ရှေ့နေများ၊ အနုပညာရှင်များ၊ စာရေးဆရာများလည်း ပါဝင်ပြီး မကြာသေးမီက
ဈေးကွက်အတွင်းမှအချဉ်ရည်များကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်
စစ်ဆေးခဲ့သည်။

- လက်ပံတောင်းကိစ္စ တရုတ်သံအမတ် ရှင်းလင်း click

Friday, December 7, 2012

ဂျပန်ကလေးငယ်များရဲ့ တီးဝိုင်း (မိုက်တယ်)


ဂျပန်နိုင်ငံမှာရှိတဲ့ ကလေးငယ်တွေရဲ့ Ryunosuke Band လို့အမည်ရတဲ့ တီးဝိုင်း က ကိုးရီးယားနိုင်ငံမှာ ဖျော်ဖြေပွဲ သွားလုပ်ခဲ့တာပါ။ သူတို့တွေရဲ့ နာမည်နဲ့ အသက်ကတော့...
・山岸竜之介 Ryunosuke Yamagishi (age 9) ဂစ်တာ နဲ့ ပင်တိုင်အဆိုတော်
・田中廉 Ren Tanaka (age 9) ဒရမ်
・堀敬人 Keito Hori (age 12) ဘေ့စ်

ချစ်စရာကလေးတွေရဲ့ တင်ဆက်မှုလေးကို အားပေးလိုက်ကြပါဦးနော် :)


တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေ
“တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့စကားက ရေရှည်မြန်မာပြည်ကို တရုတ်ကျွန်ဇာတ်သွင်းဖို့ လမ်းခင်းနေတာလို့ ယူဆရတဲ့ စကားပဲ”

Thursday, December 6, 2012

အမေရိကန်ရောက် ကရင်မိသားစု အချို့မှ KNU ခေါင်းဆောင် ၉ဦးကို ဂုဏ်ပြု

ဒီဇင်ဘာလ ၄ရက်၊ ၂၀၁၂ခုနှစ် (ကေအိုင်စီ)

 အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသည့် ကရင်အမျိုး သား အစည်းအရုံး (KNU) ရဲဘော်ဟောင်း မိသားစု အချို့က လက်ရှိ တော်လှန်ရေးတွင် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်သည့် ခေါင်းဆောင်ကြီး ၉ဦး ကို ဂုဏ်ပြုသော အခမ်းအနားတခု နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည်တွင် လက်ရှိ KNU ကွန်ကရက် ခမ်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။ 


 ထိုဂုဏ်ပြုပွဲကို အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် နော်ဂျူးရီမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး လှူဒါန်းပစ္စည်းများ ပေးအပ်ခဲ့သည်။ 

 နော်ဂျူးရီက “အသက်တွေ ကြီးပြင်းလာတဲ့ ကျမတို့ တော်လှန်ရေး ခေါင်းဆောင်တွေကို ဂုဏ်ပြုပေးဖို့ အမေရိကန်ရောက် KNU ရဲဘော်ဟောင်းတွေက တောင်းဆိုလာတဲ့အပေါ် ကျမအနေနဲ့ အားတက် သရော ဖြည့်စွမ်း လုပ်ဆောင်ပေးရတာ ဖြစ်တယ်”ဟု နော်ဂျူးရီက ပြောသည်။ 

ထိုသို့ ဂုဏ်ပြုခံရသည့် ခေါင်းဆောင်များမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော၊ ပဒိုစောဒေးဗစ်သာကပေါ်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်ချုပ် ဖလယ့်ခို၊ ပဒိုပဒိုမန်း၊ ဗိုလ်မှူးချုပ်ကျော်လင်း၊ ပဒိုစောသမိန်ထွန်း၊ ဗိုလ်မှူး မန်းသာစိန်နှင့် ဗိုလ်မှူးချုပ် ဆာမိစေးဖိုး တို့ဖြစ်သည်။

Tuesday, December 4, 2012

ဆီးရီးယားကို သမ္မတ အိုဘားမား သတိပေး


4 Dec, 2012 2:30 PM

အမေရိကန် သမ္မတ အိုဘားမားက ဆီးရီးယား သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်ကို သူပုန်တွေနဲ့ ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေ အတွင်းမှာ ဓာတု လက်နက်တွေ သုံးစွဲမယ့် ကိစ္စမျိုးကို လုံးဝ လက်ခံမှာ မဟုတ်ဘူးလို့ သတိပေး ပြောကြား လိုက်ပါတယ်။

မစ္စတာ အိုဘားမားက ပြောကြားရာမှာ အာဆတ်ဒ်နဲ့ သူ့လက်အောက်က လူတွေကို တကမ္ဘာလုံးက စောင့်ကြည့် နေကြတဲ့ အကြောင်းနဲ့ ဆီးရီးယား အနေနဲ့ ကိုယ့် ပြည်သူ လူထု အပေါ်မှာ ဒီလို ဓာတု လက်နက် တွေကို သုံးစွဲ တိုက်ခိုက်မယ် ဆိုရင် အဲဒီ မှားယွင်းတဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ကို ခံရမယ့် အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး မစ္စတာ အိုဘားမားက ဒီကိစ္စတွေကို ကျူးလွန်သူ တွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

ဆီးရီးယားမှာ ဓာတုလက်နက် တွေရဲ့ အစိတ်အပိုင်း တွေကို နေရာ ပြောင်းရွေ့နေတဲ့ အထောက်အထား တွေကို တွေ့ရှိ ထားတယ်လို့ အမေရိကန် အရာရှိ တွေက ပြောပါတယ်။

အစောပိုင်းကတော့ ဆီးရီးယား က အဲဒီလို သူ့ပြည်သူ လူထု အပေါ်မှာ ဓာတု လက်နက် သုံးပြီး တိုက်ခိုက်တာမျိုးတွေ လုပ်မှာ မဟုတ်တဲ့ အကြောင်းကို ငြင်းဆို ထားပါတယ်။

ဘီဘီစီ(မြန်မာပိုင်း)

ဆီးရီးယားကို သတိပေးလိုက်တဲ့ သမ္မတ အိုဘားမား

Monday, December 3, 2012

ရဲများ၏ရိုင်ပြစွာဆက်ဆံမှူ့

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ လက်ပံတောင်းဒေသ မှတ်တမ်းဗီဒီယိုများ

(၁) ခရိုင်ရဲမှူး ဒု-ရဲမှူးကြီး တင်ထွန်းက အခုလို လေပြေလေးနဲ့ ဖြေရှင်းရှာပါတယ်။ သူ့အနောက်မှာတော့ အံတွေကြိတ်နေတဲ့ ရဲအရာရှိတွေက သေနတ်တပြင်ပြင်၊ ဒေါသမျက်လုံးတွေနဲ့ ကျနော့်ကို ကြည့်လို့ပေါ့။ သူတို့ တနေ့တော့ သူတို့ဘ၀ကို မြင်လာမှာပါ။ မင်းခစား ဆိုတာ ကမ်းနားက ဘ၀ ဆိုတာ သူတို့ မသိရှာသေးဘူးကိုး။

(၂) အငိုမျက်ရည်တွေ သနားပါ။ ထိခိုက်သူတွေကို ငဲ့ညှာ၊ ညီညွတ်ကြပါ။ လက်ပံတောင်းတောင်ဒေသက ကျေးရွာသားတို့ဘ၀ တစွန်းတစ (ရုပ်သံ) click
(၃) လက်ပံတောင်းတောင် ပတ်ဝန်းကျင်က ကျေးရွာသူ ရွာသားတို့ဘ၀ကို စာနာစွာနဲ့ ကိုယ်ချင်းစာစိတ်လေးတွေ မွေးကြည့်ကြပါစို့ (ရုပ်သံ) click
(၄) ရဲတပ်ဖွဲ့မှ အစတုံး ဖျောက်ဖျက် ရှင်းလင်း ဖယ်ရှားပြီးဖြစ်သော သပိတ်စခန်းကို ကျနော်တို့အဖွဲ့က အကြွင်းအကျန်လေးများကြားမှ သက်သေအဖြစ် ရသလောက် အခုလို လိုက်ရှာခဲ့ပါတယ်။ တာဝန်ရှိသူတော့ မဟုတ်ပါဘူး။ တာဝန်သိသူတွေအနေနဲ့ပါ။ ဒီချုပ်ပါတီက ကျနော့်ကို ဘာတာဝန်မှ ပေးမထားပါဘူး။ လုံခြုံရေးအမြင်နဲ့ ကျနော် လုပ်သင့်တာကို သွားလုပ်ပေးတာပဲ ဖြစ်ပါတယ်။ (ရုပ်သံ) click

မြန်မာနိုင်ငံမှစစ်အစိုးရသည် ဒီလက်နက်မျိုးသုံးသည်မှာယခုမှမဟုတ်အပြစ်မရှိ ကရင်အမျိုးသားလူမျိုးအပေါ်ပိုမိုရက်စွာသုံးသည်

မန္တလေးဆေးရုံကြီးရောက် သံဃာတော်များနှင့် အင်တာဗျူး (ရုပ်သံ) 

ရဲကပြောခင်ဗျားတို့ချစ်တဲ့ဒေါ်စုကဖမ်းခိုင်းတဲ့ပုံစံ

ရဟန်း သံဃာတော်တွေကို မီးလောင်တိုက်ထဲသွင်းခဲ့တဲ့ ရဲတွေကို ပြည်သူတွေ မကျေနပ်သေးပါဘူး။(ရုပ်သံ)

Sunday, December 2, 2012

လက်ပံတောင်းအရေး ဆန္ဒထုတ်ဖော်နေသည့် ကိုမိုးဃ်သွေးနဲ့ ကိုအောင်စိုး တို့ကို ရွှေဂုံတိုင် ဗံဒါပင်မှတ်တိုင်တွင် လုံခြုံရေးများ ရုပ်ပျက်ဆင်းပျက် ၀င်ရောက် ဖမ်းဆီး ခေါ်ဆောင် (ရုပ်သံ)


မြန်မာ့အလင်းသတင်းစာ မှားယွင်းဖေါ်ပြ




ယနေ့ မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၇) ပါ .... ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် (ဗိုလ်ချုပ်) သာအေးတို့ တွေ့ဆုံခဲ့သည်ဆိုသည်မှာ မှန်ကန်ခြင်း မရှိပါ ။

အစိုးရသတင်းစာများ အနေဖြင့် Source များကို မှန်မှန်ကန်ကန် စစ်ဆေးရန် လိုအပ်ပါသည်။ မှားယွင်းသွားပါကလည်း အမှားပြင်ဆင်ချက်ကို သိသိချင်း ပြန်လည်ပြင်ဆင်ပေးသင့်ပါသည်

သတင်းအမှန်မှာ .... ဒေါ်အောင်ဆန်းစုကြည်မှ ဦးသာအေးနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း

 ဆက်သွယ်တောင်းဆိုခဲ့သော်လည်း ဦးသာအေး ဘက်မှ ဒေါ်အောင်ဆန်းစုကြည်အား
 တွေ့ဆုံခြင်း မပြုပဲ  နေပြည်တော်မှ ဆင့်ခေါ်သည်ဟု ဆိုကာ လစ်ပြေးသွားခြင်း ဖြစ်ပါသည်။

ဦးသာအေး ၊ ဦးအောင်သောင်း နှင့် xxxx တို့မှာ အမာဂိုဏ်းဝင်များဟု လူသိများပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏ NLD ပါတီဝင်များကို လုံးဝ မျက်နှာချင်းပင် မဆိုင်လိုဟုလည်း သိရပါသည်။

ဦးသိန်းစိန်တို့ ဦးအောင်မင်းတို့ ဘယ်ပြေးမလဲ


01/12/2012

 လက်ပံတန်းတောင် ကြေးနီးမိုင်း ရပ်တန့် ရေး သပိတ် ဖြိုခွဲ မှု တွင် အဓိက တာဝန် ရှိသည့် သမ္မတ ဦးသိန်းစိန် နှင့် နိုင်ငံ ၏ ဂုဏ်သိက္ခာ ကို ကျ ဆင်း စေခဲ့ သည့် ၀န်ကြီး ဦးအောင်မင်း နှုတ် ထွက်ပေး ပါရန် နာရီ အနည်း ငယ် အတွင်း စတင် တော့ မည့် သံဃာတော် များ နှင့် ပြည်သူ များ ၏ သပိတ် က တောင်း ဆို တော့ မည် ဟု FNG မှ သိရသည်။

နပန်း ဗုံး ဖြင့် ပစ်ပေါက် ပြီး သပိတ် စခန်း ကို ဖြို ခွဲ ခဲ့ သည့် နေရာ များ တွင်ရံဖန် ရံ ခါ နေ အပူ ရှိ ပြင်းလျှင် အလို လို မီးထလောင် နေသည် ဟု ၀က်မှေးကျေး ရွာ သား များ က FNG ကို ပြောသည်။

Just a week after U.S. President Obama visits Myanmar, regime use napalm bomb as Crackdown protestors

စစ်မြေပြင် တွင် ပင် အသားစီး ရနေ ချိန် ဉ် အသုံး မပြု ရ ဟု ဂျနီဗာ ကွန်ဗင်ရှင်း က တားမြစ်ထားသည့် သည့် မီးလောင်းဗုံး ဒဏ်ရာ ကြောင့် မျက်နှာ တစ်ခု လုံး စုတ် ပြတ် သွား သည့် သံဃာတော် တစ် ပါး

ပုံ တွင် မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)နှင့်မြင်တွေရစဉ်။သတင်းဓာတ်ပုံ- သလ္လာဝတီတိုင်မ်း ThanLarWaddy Times

မီးလောင်များ ဗုံးဖြင့် ဖြိုခွဲ မှု ကြောင့် ဒဏ်ရာ ရရှိခဲ့ သည့် မန္တလေး မှ ကြွ ချီ လာ သည့် သံဃာ တော် တစ်ဦး 

မီးလောင် ဗုံးများ ဖြင့် အဆက် မပြတ် ပြစ် ခတ် မှု ကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ သည့် သံဃာ တော် များ ၊ သံဃာတော် အပါး ၃၀ ကျော် ဒဏ်ရာ ရရှိ ပြီး အချို့  မှာ အရေး ပြား တစ်ခု လုံး ပြတ် ထွက်
သွား ခြင်း စသည့် ဆိုး ရွား သည့် ဒဏ်ရာ များ ရရှိခဲ့ သည်။ Photo Credit : ThanLarWaddy Times


အကောင်အထည်ဖော်နေဆဲစီမံကိန်းများကိုတစ်ဖက်သတ်ဖျက်သိမ်းပါက
နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို

အခုလက်ပံ တောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရ မယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့လိုတယ်။ ကမ္ဘာ့အလယ်မှာတင့်တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊



ဒီနိုင်ငံနဲ့ အလုပ်လုပ်လို့ မရဘူး၊ ဒီနိုင်ငံနဲ့ အလုပ်လုပ်ရင် အချိန်မရွေး ပျက်နိုင်တယ်လို့ တွေးသွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင်တော့ဘူး” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။
သမ္မတ ဦးသိန်းစိန် ၏ အမိန့် ပေး ချက် အရ လက်ပံတောင်းတောင်ကြေးနီမိုင်း တွင် သပိတ်စခန်းဖွင့် ဆန္ဒပြနေသူများ အနေဖြင့် ယနေ့  နိုဝင်ဘာ ၂၇ ရ က် နေ့  ည ၁၂ နာရီအချိန်နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်ကြေညာ ကြောင်း မြန်မာ့ ရုပ်မြင် သံကြား
မှာ ကြေငြာ သွား သည်။
ကာတွန်း အော်ပီကျယ် ပြည်သူ့  ခောတ် ဂျာနယ် မှ

တရုတ် ကျေးဇူး ကြောင့် လူနေ မှု အဆင့် အတန်း မြင့် စွာ နေ ထိုင်ရသည့် မြန်မာ ပြည်သူ ပြည်သား များ 
ဦးပိုင် ဆို တာ လက် ရှိ ဥပဒေ အရ ကို တရားမ၀င်ဘူး ၊ စစ်တပ် က ဘာမှ တစ် စင် ထောင် ပြီး စီးပွား ရေး လုပ်စရာ မလိုဘူး ၊ အစိုးရ ဘတ်ဂျက် ကနေ ပဲ သုံး ရ မှာ ၊ စစ်တပ် က ကိုယ့်ခြေကိုယ့် လက် လုပ် နေ သမျှ ကာလ ပတ် လုံး ဦးပိုင် ဆိုတာ ရှိ နေသမျှ ကာလ ပတ် လုံးဘယ် အချိန် မဆို နောက် ပြန်
လှည့် သွား နိုင် တယ်။ 
ကာကွယ်ရေး ၀န်ကြီး ဝေလွင် က လည်း စစ်တပ် ၏ စီးပွားရေး လုပ်ငန်း ဘက် မှ ကာကွယ် ပြော ၊ ရထား ၀န်ကြီး အောင် မင်း ကလည်း တရုတ် ကျေးဇူး ရှိကြောင်း ပြော ပြီး ပြည်သူများ ဘက် မှ ရပ် တည် ပေးသူ မရှိ သောကြောင့် ရဲတပ် ဖွဲ့  များ အနေဖြင့် မတရား ပြုမူ ခြင်း မလုပ်ကြ ပါရန် ရှိ ခိုးဦး ချတောင်းပန် လျှောက် ထား နေသည့် သပိတ် စခန်း မှ ဦးဆောင် သံဃာတော် တစ် ပါး ကို တွေ့ ရစဉ် ။
ဒီတစ်ပတ် ပြောစကား

မြစ်ဆုံ စီမံကိန်း ရပ် လိုက် တော့ တရုတ် အစိုး ရ က တော် တော် စိတ် ဆိုးနေတယ် လေ။ တရုတ် ကျေးဇူး တွေ ရှိ တာ ပေါ့ ၊ တရုတ် ကို ကျေးဇူး ဆပ်ဖို့  ပဲ စဉ်းစားသင့် တယ်။ တရုတ် ကို စိတ် ဆိုး အောင် မလုပ် သင့် ဘူး ။ ကျေးဇူး ရှင် ကို ပြစ်မှား တယ့် အခါ မှာ အပယ်ငရဲ မှာ နှစ် ထောင် ချီ နေရ

တယ်။ 

ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း
ဒီတပတ်တော့ ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။
 




  




(၁၅)ကြိမ်မြောက် KNU ကရင်အမျိုးသားအစည်းအရုံး ကွန်ကရက်အမှတ်တရ

(၁၅)ကြိမ်မြောက် KNU ကရင်အမျိုးသားအစည်းအရုံး ကွန်ကရက်အမှတ်တရ

အဆိုတော်လေးဖြူရဲ့ စာမျက်နှာ ၁၅ - ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ၁၅ ကြိမ်မြောက်ကွန်ကရက်




Type the rest of your post here.