Wednesday, February 11, 2009

(၆၁)ကြိမ်မြောက်ကရင်အမျိုးသားနေ့ ကိုဂျပန်နိုင်ငံတွင်ကျင်းပ

၁၁-၂-၂၀၀၉တွင်ကျရောက်သော (၆၁)ကြိမ်မြောက်ကရင်အမျိုးသားနေ့ ကိုဂျပန်နိုင်ငံOchanomizu Christian Canter 8F တွင် KNL(Japan)အဖွဲ့ မှကြီးမှူး ၍ ၇-၂-၂၀၀၉ နေ့ တွင်ကျင်းပပြီးOKO-Japan,KNU-Japanနှင့်Karen Human Rights Commttee-Japan တို့ မှပူးပေါင်းပါဝင်ကြသည်၊၊အခမ်းအနားမှူးအဖြစ်
နော်သိန်းသိန်းမှဆောင်ရွက်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။အခမ်းအနား၌အလံတော်ကိုစောဝင်းသိန်းနှင့်
နော်လှဥမ္မာဝင်းတို့ မှ အလံတိုင်တွင်ချီပြီး အလံတော်ကိုအပေါ်သို့ မြင့်တင်စဉ် ကရင်အမျိုးသားသီးချင်းကို ကရင်မောင်နှမများက ဦးဆောင်ကာဧည့် ပရိတ်သတ်များနှင့်အတူသီဆိုကြသည်။အမျိုးသားသီချင်းသီဆိုပြီးချိန်
တွင် KNL (Japan) မှအထွေထွေအတွင်းရေးမှူးစောအင်ဒရူးမျိုးအောင်မှ ကရင်အမျိုးသားအလံတော်ဦးဆောင်
အလေးပြုခဲ့၍ အဖွင့်အမှာစကားကို ၂၀၀၉ခုနှစ် KNL( Japan ) ဥက္ကဌစောဘလှသိန်းပြောကြားပြီး ၊ KNL(Japan) မှဖိတ်ကြားမှု့ ဖြင့်ရောက်ရှိလာသောကိုရီးယားနိုင်ငံမှရောက်ရှိလာသောကရင်စာရေးဆရာ၊ကရင်
အဆိုတော်စကဲနက်(ခ)တာရာမင်းခိုက်(ခ) Y မြစ်ချိုမှ ကရင်စာပေ၊ကရင်စကားမကွယ်ပျောက်စေရန်၊ကရင်
စာစကားများပိုမိုတိုးတက်အောင်လေ့လာရန်လိုကြောင်းအမှာစကားပြောကြားခဲ့ပါသည်၊၊ကရင်လူမျိုးများ
ဆင်းသက်လာပုံအကြောင်းကိုစောလင်းစိန် OKO-Japan မှပြောကြား၍ကရင်အမျိုးသားနေ့ ပေါ်ပေါ်က်လာ
ပုံကိုစောဆဲနေဘလု KNL( Japan ) မှပြောကြားခဲ့ပြီး KNL( Japan) အထွေထွေအတွင်းရေးမှူးမှကျေးဇူးတင်
စကားပြောကြားပြီးစောဟယာအကာဘေလေးမှKNL( Japan ) ကြော်ငြာစရာများကိုကြော်ငြာ၍ပထမပိုင်းအစီ
အစဉ်ကိုခေတ္တရပ်နားစဉ်အကျွေးအမွေးဖြင့်ဧည့်ခံသည်။
ဒုတိယပိုင်းအစီအစဉ်တွင် KNL( Japan ) ဥက္ကဌအဖွဲ့ မှနယ်စပ်ဒေသတို့ တာဝန်အသီးသီးဖြင့် ၂၀၀၈ ခုနှစ်သွား
ရောက်ခဲ့ပုံပြသ၍ရှားပါးသောကရင်သမိုင်းဝင်ဓါတ်ပုံများအကြောင်းကိုနော်ပေါလင်း KNL( japan ) မှရှင်းပြ၍
နအဖ ကရင်လူမျိုးအချင်းချင်းသက်လျှိုဖြိုကွင်းသွေးခွဲပုံအချိုကိုသက်သေအထောက်အထားနှင့်တကွ KNL (Japan ) ဥက္ကဌ စောဘလှသိန်းမှရှင်းလင်းပြသ၍ဒုတိယကမ္ဘာစစ်မှသမိုင်းမှကရင်မျိုးဆက်သစ်များသမိုင်းသိ
ရန်ပြသ၍အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်၊၊စကားပြန်အနေဖြင့်ဆရာဦးရွှေဘမှကူညီဆောင်ရွက်ပေး၍ KIS
ကိုယဉ်တွဲပြခဲ့သည်၊၊တက်ရောက်သူစုစုပေါင်း(၁၀၀)ကျော်တက်ရောက်ခဲ့သည်၊၊