Thursday, March 1, 2012

YOKOHAMA လူစည်ကားသောကမ်းခြေတွင် UNHCR , REFUGEE INTERNATIONAL JAPAN - RIJ. တို့နှင့်KNL- JAPANအဖွဲ့သားများပူးပေါင်း၍ IDP ကိုဂျပန်ပြည်သူများပိုမိုသိရှိလာအောင်ကရင်အက၊သီးချင်း ၊ဓါတ်ပုံများဖြင့်ကျင်းပ

YOKOHAMA မြို့တော်အကုအညီဖြင့် နေ့က ဂျပန်နိုင်ငံမှအလှဆုးံမြို့တမြို့အဖြစ်ပါဝင်သော YOKOHAMA လူစည်ကားသောကမ်းခြေတွင် UNHCR , REFUGEE INTERNATIONAL JAPAN - RIJ. တို့နှင့်KNL- JAPANအဖွဲ့သားများပူးပေါင်း၍ IDP ကိုဂျပန်ပြည်သူများပိုမိုသိရှိလာအောင်ကရင်အက၊သီးချင်း ၊ဓါတ်ပုံများဖြင့်ကျင်းပခဲ့ပါသည်။
ထိုပွဲသို့ဂျပန်သို့တတိယနိုင်ငံဒုက္ခသည်အခြေချရေးအစီအစဉ်နှင့်ခေါ်ယူသော
ပထမအသုတ်မှကရင်ဒုက္ခသည်တချို့လည်းပါဝင်ခဲ့ပါသည်။
 KNL and RIJ at Yokohama
 Journey to Hope 1
 Journey to Hope 2

သင်ကြောင့်မဟုတ်ပါစေနဲ့

Furniture Stores were Destroyed by Fire in Sankhlaburi

တိုင်းရင်းသားချင်းဖဲ့ထုတ်စည်းရုံးမှု အား KNU လက်မခံနိုင်

ဖေဖော်ဝါရီလ ၂၈ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသော တိုင်းရင်းသားအဖွဲ့အစည်းများ မပါဝင်ဘဲ အစိုးရဘက်က နိုင်ငံရေးတွေ့ဆုံမှု ပြုလုပ်မည့်အစီအစဉ်မှာ တိုင်းရင်းသား အချင်းချင်းဖဲ့ထုတ် စည်းရုံးခြင်းသာဖြစ်ကြောင်း ကရင့်အမျိုးသားအစည်း အရုံး( KNU)က ပြောသည်။

KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သာကဘောက “ကေအဲန်ယူရဲ့ သဘောထားကတော့ ပစ်ခတ်ရပ်စဲရေးကို ခိုင်မာ အောင်လုပ်ပါ။ တစ်ပြည်လုံးအတိုင်းအတာနဲ့ လုပ်ပါလို့ အမြဲတမ်းပြောတယ်။ ရတဲ့အဖွဲ့လေးနဲ့ပဲ တွေ့ဆုံဆွေးနွေး သွားမယ်ဆိုတာ ဖဲ့ထုတ်စည်းရုံးတဲ့ လုပ်ငန်းပဲ။ အဲ့ဒါကတော့ လက်မခံနိုင်ဘူး” ဟု ပြောသည်။

ယခုလ ၂၄ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် အပစ်အခတ်ရပ်စဲနိုင်ခြင်းမရှိသေးပါက နောက်တစ်ဆင့်တက်ပြီး စုစည်းနိုင်သော အပစ်ရပ်အဖွဲ့ ကိုယ်စားလှယ်များနှင့်သာ အစိုးရက နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်သွားရန် သဘောတူညီခဲ့သည်။

အစိုးရအနေဖြင့် တစ်ပြည်လုံးအတိုင်းအတာအထိ အပစ်အခတ်ရပ်စဲရေးပြုလုပ်သွားပြီးမှသာ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်သင့်ကြောင်း ပဒိုဒေးဗစ်သာကဘောက အကြုံပြုပြောဆိုသည်။

အပစ်အခတ်ရပ်စဲရေးနှင့် ပက်သက်ပြီး KNU ဘက်မှ အစိုးရအား တောင်းဆိုထားမှုများရှိနေသည့်အပြင် ကချင် နှင့်ရှမ်းပြည်နယ်ဘက်တွင်လည်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိနေသေးကြောင်း ပဒိုဒေးဗစ်သာက ဘောက ထောက်ပြပြောဆိုသည်။

“ကချင်ပြည်နယ်ဘက်မှာ အပစ်ခတ်ရပ်စဲရေးလုပ်ပါဆို မလုပ်ဘူး။ သူတို့က ဆက်ပြီးတိုက်ချင်နေတဲ့ အနေ အထားမှာ လုပ်နေတယ်။ ကရင်ပြည်နယ်မှာလည်း အစိုးရက ရိက္ခာပို့ပြီးရင် ပြန်တိုက်မှာပဲ။” ဟု ၎င်းက ပြော သည်။

အခြားတိုင်းရင်းသားအဖွဲ့များ မပါဝင်သည့် ဆွေးနွေးမှုသည် အထမြောက်မည်မဟုတ်ဟုလည်း ရှမ်းပြည်တပ်မ တော် (တောင်ပိုင်း)က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ်ဆိုင်က ပြောသည်။

သူက “သူတို့မပါပဲ ကျနော်တို့က ဘယ်လိုပုံသဏ္ဍာန်နဲ့ သွားဆွေးနွေးမလဲ၊ ပြဿနာတစ်ခုလို့ထင်တယ်။ ဒီအ ရေးဟာ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဖြစ်တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိနိုင်ရန် အဆင့် ၄ဆင့်ပါ လမ်းပြမြေပုံကိုလည်း KNU ဘက်က ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့ အစည်းအဝေးတခု အမြန်လို

Wednesday, 29 February 2012

Burma VJ Media
 လက်တလော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန်အတွက် အားလုံးပါဝင်တဲ့ အစည်းအဝေးတခု အမြန်လိုအပ်နေကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရီးစဉ်မှ ပြန်လည် ရောက်ရှိလာတဲ့
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုမြအေးက ရန်ကုန်လေဆိပ်မှာ ဖေဖော်ဝါရီလ၂၈ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက် ပါတယ်။ ရန်ကုန်၊
မန္တလေးစသည့် မြို့ကြီးများတွင်သာ ယခုကဲ့သို့ သတင်းစာ လွတ်လပ်ခွင့် အချို့ကို ခံစားနေရသော်လည်း တိုင်းရင်းသားများမှာ ၎င်းတို့ ဒေသတွင် စစ်မက်အမြဲ ဖြစ်ပွားနေခဲ့သည့် အတွက်
တစုံတရာ အပြောင်းအလဲ ဖြစ်နေသည်ဟု မမြင်ကြောင်း ကိုမြအေးက ပြောပါတယ်။ ကိုမြအေးနဲ့ အတူ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုပြုံးချိုကလည်း ခရီးစဉ်အတွင်း ကြုံတွေ့ခဲ့
ရသည်များကို မီဒီယာများကို ပြောကြား ခဲ့ပါတယ်။ မြစ်ကြီးနား ခရီးစဉ်အတွင်း ဘာသာရေး၊ လှုမှုရေး၊ နိုင်ငံရေး အလွှာအသီးသီးမှ ပုဂ္ဂုလ်များနှင့် တွေ့ဆုံခဲ့ပြီး လက်ရှိ နိုင်ငံရေး အကြပ်
အတည်းများကို ဖြေရှင်းရန် အတွက် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ထုတ်ပြန်တဲ့ အချက် ၄ ချက်ပါ ကြေငြာချက်ကိုလည်း ဝေငှ ခဲ့ပါတယ်။ ကိုမြအေး၊ ကိုပြုံးချို တို့နဲ့ အတူ
ကိုထွန်းမြင့်အောင်၊ ကိုမြတ်သူနဲ့ အခြား ကျောင်းသားခေါင်းဆောင်များဟာ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး ကိုမင်းကိုနိုင်နဲ့ အခြား ကျောင်းသား ခေါင်းဆောင်များကတော့ အထက် မြန်မာ
ပြည် မန္တလေး ခရီးစဉ် အတွက် ကျန်ရှိ ခဲ့ပါတယ်။

Burma - Breaking the wall of censorship ဒီဗွီဒီယိုထွက်တာ တနှစ်လောက်ရှိပေမဲ့ မဟောင်းသေးတဲ့အကြောင်းအရာတွေပါ

   

Tuesday, February 28, 2012

ဖူးစကောလယ်တော ၏ ကရင့်အမျိုးသား နေ့ထူးနေ့မြတ်အကြောင်း


Karen

သေမင်း​တမန်ရထား​လမ်း​ ပြန်ပြင်မည်

Published on February 27, 2012 by ဒီဗွီဘီ   ·   No Comments
ဒုတိယကမ္ဘာစစ်အတွင်း ​က ဖက်ဆစ်ဂျပန်​တွေ ​ဖောက်လုပ်ခဲ့​တဲ့​ ထိုင်း​-မြန်မာ ဆက်လမ်း​ကြောင်း​ဖြစ်တဲ့​ ​သေမင်း​တမန်ရထား​လမ်း​ကို ပြန်လည် ​ဖောက်လုပ်ပါ​တော့​မယ်။
မွန်ပြည်သစ်ပါတီနဲ့ ​ အပစ်အခတ် ရပ်စဲပြီး​တဲ့​အခါ ​သေမင်း​တမန် ရထား​လမ်း​ကို ပြန်လည် ပြုပြင်မယ့်​အ​ကြောင်း​ အစိုး​ရ တာဝန်ရှိသူ​တွေက ​ပြောဆိုခဲ့​တယ်လို့​ ​မော်လမြိုင်မြို့​ လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။
“ဝန်ကြီး​ ဦး​အောင်မင်း​က​တော့​ ငြိမ်း​ချမ်း​ရေး​တွေ ရပြီး​ရင် ဘုရား​သုံး​ဆူနဲ့​ ​မော်လမြိုင်၊​ သံဖြူဇရပ်။ အရင်တုန်း​က ​သေမင်း​တမန်လမ်း​ မိုင် ၆ဝပဲရှိတယ်။ အဲ့​ဒါကို ပြီး​အောင်​ဖောက်မယ်။ ဒါ တခု​ပေါ့​။ တိုင်း​ရင်း​သား​တွေလည်း​ ​ဆောင်ရွက်နိုင်မယ်။ ​နောက် စက်မှုလက်မှုလုပ်ငန်း​တွေ အ​ခြေအ​နေအခွင့်​အလမ်း​တွေ ရမယ်​ပေါ့​။ ငြိမ်း​ချမ်း​ရေး​အဖွဲ့​တွေလည်း​ ရှိ​နေ​တော့​ လုပ်ငန်း​နဲ့​ပတ်သတ်ပြီး​တော့​ ​သေချာ​ပြောသွား​တယ်။”
မွန်ပြည်သစ်ပါတီနဲ့ ​ အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်မထိုး​ခင် ​မော်လမြိုင် ကမ်း​နား​လမ်း​က ထူး​ဟိုတယ်မှာ ​ဖေ​ဖော်ဝါရီ ၂၄ ရက်​နေ့​ညက ကျင်း​ပတဲ့​ ညစာစား​ပွဲမှာ ကုန်သည်​တွေ၊​ လုပ်ငန်း​ရှင်​တွေနဲ့​ ရပ်မိရပ်ဖ​တွေကို ဖိတ်ကြား​ရာမှာ ​ပြောဆိုခဲ့​တာပါ။
ရထား​လမ်း​ ပြန်လည်ပြုပြင်​ရေး​မှာ တိုင်း​ရင်း​သား​လုပ်ငန်း​ရှင်​တွေ ပါဝင် ​ဆောင်ရွက်ဖို့​ ဖိတ်​ခေါ်ခဲ့​တယ်လို့​ ဆိုပါတယ်။
သေမင်း​တမန် ရထား​လမ်း​ကို ထိုင်း​နိုင်ငံ ဘန်​ပေါင် (Ban Pong) ဘူတာမှ သံဖြူဇရပ် ဘူတာအထိ မိုင် ၁၇၀ ​ကျော်ကို အရင်တုန်း​က ​ချွေး​တပ်သား​နဲ့​ စစ်သုံ့​ပန်း​တွေကို အဓမ္မ​ခေါ်ယူခိုင်း​စေပြီး​ ​ဖောက်လုပ်ခဲ့​တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား​ ၇၈၀,၀၀၀ အပါအဝင် မဟာမိတ်စစ်သုံ့​ပန်း​တွေ ​ထောင်နဲ့​ချီ ​သေဆုံး​ခဲ့​တဲ့​ မီး​ရထား​လမ်း​ပိုင်း​ ဖြစ်ပါတယ်။
ညစာစား​ပွဲကို ပြည်​ထောင်စုဝန်ကြီး​တွေဖြစ်တဲ့​ မီး​ရထား​ဝန်ကြီး​ ဦ​အောင်မင်း​၊​ ဦး​စိုး​သိန်း​နဲ့​ လျှပ်စစ်ဝန်ကြီး​၊​ သစ်​တောဝန်ကြီး​တို့​လည်း​ တက်​ရောက်ပြီး​ တိုင်း​ရင်း​သား​တွေ လုပ်ငန်း​တွေ လုပ်ခွင့်​ရဖို့​ ဖွင့်​ပေး​ထား​ပုံနဲ့​ မွန်နဲ့​ ကရင်နယ်​တွေမှာ ​ဒေသခံ​တွေ အလုပ်အကိုင် အခွင့်​အလမ်း​ ​ပေါ်​ပေါက်​စေမယ့်​ စက်မှုဇုန်​တွေ အ​ကောင်အထည်​ဖော်​ရေး​ ကိစ္စ​တွေ ​ပြောဖြစ်ကြတယ်လို့​ ဆိုပါတယ်။
“ငြိမ်း​ချမ်း ​ရေး​အပိုင်း​လည်း​ တဖက်က ​ဆွေး​နွေး​ကြတယ်​ပေါ့​။ ကျ​နော်တို့​ မြို့​မိမြို့​ဖ​တွေအ​နေနဲ့​ ကုန်သည်​တွေအ​နေနဲ့​က​တော့​ လုပ်ငန်း​ကိစ္စ​တွေကို ဖွင့်​ပေး​တဲ့​ သ​ဘောမျိုး​ပဲ။ ဦး​စိုး​သိန်း​က​တော့​ ဘယ်ကိစ္စမျိုး​မဆို သူ့​ဆီလာခဲ့​ပါ တနာရီမကြာ​စေရဘူး​။ သူလုပ်​ပေး​မယ်ဆိုပြီး​ မြို့​မိမြို့​ဖ​တွေကို ကတိ​ပေး​တယ်​ပေါ။့​ ကျ​နော်​တော့​ သိပ်​တော့​ သ​ဘောမ​တွေ့​လှပါဘူး​။ သူ​ပေး​တာ​တွေက ကြီး​မား​တဲ့​ လုပ်ငန်း​စဉ်​တွေ​လေ။ စီမံကိန်း​ အကြီး​တွေဆို​တော့​ တိုင်း​ရင်း​သား​တွေက အဆင်သင့်​ မဖြစ်​သေး​ဘူး​လို့​ ထင်တယ်​လေ။”
ဒါ​ပေမယ့်​ ဒီလို ရင်း​နှီး​မြှုပ်နှံမှု ကြီး​မား​တဲ့​ လုပ်ငန်း​တွေအတွက် ​ဒေသတွင်း​ တည်ငြိမ်ရမှာ ဖြစ်သလို ပြည်ပ ရင်း​နှီး​မြှုပ်နှံမှု​တွေ လာမှလည်း​ လုပ်ဖြစ်လိမ့်​မယ်လို့​ ဆိုပါတယ်။
ဒါ့​အပြင် ရပ်မိရပ်ဖ လုပ်ငန်း​ရှင်​တွေ ဘက်ကလည်း​ လာမယ့်​နှစ် ခရီး​သွား​ရာသီမှာ အပစ်အခတ်ရပ်စဲ​ရေး​တွေ ဖြစ်​မြောက်လို့​ ခရီး​သည်​တွေလာရင် တပိုင်တနိုင် ခရီး​သွား​လုပ်ငန်း​တွေကို အား​ပေး​ကူညီဖို့​ တိုက်တွန်း​ခဲ့​ကြတယ်လို့​ ဆိုပါတယ်။
ဒီညစာစား​ ပွဲဟာ ဒီလ ၂၄ ရက်​နေ့​မှာ ကျင်း​ပခဲ့​တာဖြစ်ပြီး​ ၂၅ ရက်​နေ့​မှာ​တော့​ အစိုး​ရနဲ့​ မွန်ပြည်သစ်ပါတီအကြား​ အပစ်အခတ်ရပ်စဲပြီး​ နိုင်ငံ​ရေး​ဆွေး​နွေး​ဖို့​ သ​ဘောတူခဲ့​ပါတယ်။

YPI – ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ


ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ
by Yangon Press International on Saturday, 25 February 2012 at 08:25 ·
မြစ်ကြီးနား၊ ဖေဖေါ်ဝါရီ ၂၅၊ ၂၀၁၂ (YPI) (ဆိုင်းဆွတ်)
 ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊  ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့  နာယက
ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။
ဒေါ်အင်ဖန်ဂျာရာ။               ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။
အဲဒါတွေက
၁- KIA က ဘာလို့ဖြစ်လာတာလဲ
၂ – ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။
 ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊  ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ် နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး  ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊ ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။
ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊ ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊
ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊ ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။
ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ
မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။
            ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊  ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊
ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊ ၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့ အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊
အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ  တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။
၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင်  (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။
ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊  ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊
ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇  နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊
အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။
အခု ကချင်ပြည်နယ်မှ  မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို  အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။
ဘာဖြစ်လို့လဲဆိုတော့  အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ  ထင်ကြပါတယ်။
 ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊
ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။
အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။
ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။
အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ
“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ”  လို့ဖြေဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့
“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။

ကိုသန်းထိုက်ဦး(သို့ )လူလိမ်လားလူကောင်းလား


ဗိုလ်ချူပ်ထိန်မောင်၊ ဆရာဒေါက်တာတိမသေတို့ လုပ်ငန်းနဲ့ ဆက်စပ်ပါတ်သက်နေလို့ ကရင်တွေသိသင့်တယ်လို့ ယူဆပါသဖြင့် သူတို့ အပြန်အလှန်ပေးကြတဲ့စာကို ယူပြီးတင်ပေးလိုက်ပါတယ်။ မူရင်းက ဟစ်တိုင်သတင်းစာမျက်နှာမှဖြစ်သည်။
xxxxxxxxxxxxx

စိုးဝင်းရှိန်-27-2-2012


ကရင်အင်္ကျီအပြာရောင်ဝတ်ထားတဲ့ သန်းထိုက်ဦး(နာမည်ရင်း သန်းထိုက်)

မိတ်ဆွေများခင်ဗျား

ကိုသန်းထိုက်ဦးနှင့်ပတ်သက်ပြီး အခက်အလက်အနည်းငယ်တင်ပြချင်ပါသည်။

၁။ကိုသန်းထိုက်ဦးနှင့်ကျနော် ပုဂ္ဂိုလ်ရေးရန် လုံးဝမရှိပါ။
၂။ကိုသန်းထိုက်ဦး၏ နိုင်ငံရေးခံယူချက်နှင့်ပတ်သက်၍ အကျင့်စာရိတ္တနှင့်ပတ်သက်၍ ဂျပန်နိုင်ငံတွင် အဖွဲ့ အစည်း ၃၀ကျော် ရှိပါသည်။
ဆက်သွယ်မေးမြန်းစုံစမ်းကြည့်ကြပါကုန်။
၃။ကိုသန်းထိုက်ဦး ကရင်လူမျိုး ဟုတ် မဟုတ် ကျနော်နဲ့ မဆိုင်။သို့ သော် မြန်မာနိုင်ငံသား တယောက်အနေနှင့် ခံစားရပါသည်။
ကရင်တိုင်းရင်းသားများ၏ ကရင်အဖွဲ့ အစည်းတခုကို ကိုယ်ကျိုးစီးပွား အတွက် ခုတုံးလုပ်ခြင်းအပေါ် လိမ်လည်ခြင်းအပေါ် ခံစားရခြင်းဖြစ်ပါတယ်။
ဗိုလ်ထိန်မောင်တို့ ပဲ ညံ့တာလား အတာလား ကိုယ်ကျိုးစီးပွားတွေ ပတ်သက် ဆက်နွယ်နေလား။
ကိုသန်းထိုက်ဦးကပဲ လည်လွန်းတာလား-
ဒါကိုတော့ကာယကံရှင်နဲ့ ဘုရားသခင်ပဲသိမယ်။

၎။ဂျပန်မှာ ကေအန်ယူ ဌာနေကိုယ်စားလှယ် ကိုစောမျိုးခိုင်ရှင်းတို့ ၊ကရင်အဖွဲ့ အစည်းခေါင်းဆောင် ကိုစောဘလှသိန်းတို့ ထံ ဆက်သွယ်မေးမြန်းကြည့်ပါ။
ပြည်တွင်းပြည်ပ ကရင်လူမျိုးတွေအတွက်ဘာများလုပ်ပေးဘူး လုပ်ခဲ့ဘူးပါသလဲလို့ ။

၅။ဒေါ်စုခြံထဲသို့ ဝင်ရောက်နိုင်ရုံမကဒေါ်စုနှင့် တ၀ိုင်းထဲထိုင် ဓါတ်ပုံရိုက်နိုင်ခြင်း အပေါ် နိုင်ငံရေး အစွမ်း အစဟု ယုံကြည်သူများအား တခုတော့ ပြောချင် ပါသည်။
ဒေါ်စုခြံထဲဝင်ရောက်ပီးလိမ်လည်နိုင်ခြင်းအစွမ်းကို ချီးကျူးပါသည်။
နိုင်ငံရေးလောကတွင် သီလ သိက္ခာ သမာဓိ၇ှိပီးရိုးသားဖြောင့်မတ်သူများ မိမိတိုင်းပြည်
မိမိလူမျိုး၏ဂုဏ်ကို မြှင့်တင်နှိုင်သူများသာလျှင်နိုင်ငံရေးအစွမ်း အစရှိသူများဖြစ်ပါသည်။

ထို့ ကြောင့် ဖြစ်စဉ်တခုလုံးအား မေးမြန်းစုံစမ်းအတည်ပြုချက်ရယူပီးသကာလ တရားတော်နဲ့ အညီ ဆုံးဖြတ်ကြပါလော့

ရိုးသားမှုအားလုံးကိုလေးစားလျက်-
စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာတစ်ဦး)


---------------------------------------
သန်းထိုက်ဦးမှစိုးဝင်းရှိန်ထံပေးစာ
- သန်းထိုက်(ခ)သန်းထိုက်ဦး--၂၇-၂ -၂၀၁၂

ကျုပ်တို.တတွေဟာ တမြေထဲနေ တရေထဲ သောက်၊ဒိုးတူဘောင်ဖက် ချစ်ခင်ရင်းနှီး လက်တွဲတူမကွာ နေထိုင်လာခဲ့ ကြ တဲ့ ဆွေမျိုးစစ်စစ် ညီနောင်ငယ်ဖွား ဗမာပြည့် သားတွေပါ။

ကျုပ်တို့ ရွှေရင်း ညီအကိုချင်း စိတ်ဝမ်းတွေ ကွဲ မတူညီ ပဲ ဖြစ်နေကြတော. နွားကွဲ ကျားဆွဲ ခံ နေရတာပေါ့၊

သူများတိုင်းပြည်မှာများ သူ့ အမျိုးထိရင်မချိအောင် နာနေကြတာ မကြားချင်အဆုံးဖြစ်နေတာ သိကြပါလျှက် ကိုယ်.အချင်းချင်း စိတ်ဝမ်းတွေကွဲ နေကြတာဟာဖြင်. အင်မတန်မှ ကြေကွဲစရာကောင်းလှပါတော.တယ်။

ဒါ.ကြောင်.လဲ ကိုယ်.တိုင်းပြည်ထဲကိုယ်နေပါလျှက် ကိုယ်.အစိုးရ ဆိုသူတွေက ကိုယ့် ပြည်သားပြည်သူတွေကို လုံခြုံမှု မပြု နိုင်လေတော. ကျုပ်တို.နှမများကို တပါးပြည်က ငပု ဂျပန်က ၂၁ ရာစု ခေတ်သစ်တကြော.ပြန် မော်ဒန် ပါးရိုက်သမှု ပြုသွား တာပေါ့ဗျာ။

တကယ်လို. ကျုပ်တို့ရွှေ ညီ အကိုမောင်နှမများ ဂျပန်ပြည်ထဲ ဂျပန်ငနဲ တယောက် ယောက်ကို ပါးလေး တချက်လောက်များ ဝင်ဆွဲကြည်. လိုက်ပါလား?
ဟင်း ဟင်း ဟင်း ဟင်း.... ဂျပန်အစိုးရက အပြစ်တခုပေးရင် ကျုပ်တို့ရဲ့ အသက်အိုးအိမ် လုံခြုံမှုကို ကာကွယ်စောင့်ရှောက်ပေးရမဲ့ တာဝန်ယူထားသူ အစိုးရကြီး ဘာလုပ်မယ်ထင်ပါသလဲ......

ဂျပန်ပေးတဲ့ အပြစ်ထက် အဆပေါင်းမြောက်များစွာသော အပြစ်အကြီး ကြီးတခုထပ်ပေးပြမှာ မြေကြီးလက်ခတ်မလွဲပါ။

ဘာ.ကြောင့်လဲဆိုရင် ကိုယ့်ပြည်သူပြည်သား အရေးထက် ငပုဂျပန်တို့ စိတ်မကွက်ဖို့အရေးကို အလေးပိုပေးရတဲ့အတွက်ပေါ့။

အခုလဲ တိုင်ရီ စက်ရုံမှာ ဆန္ဒပြနေကြတဲ့ ကိုယ်.တိုင်းပြည်သား ကိုယ်.ပြည်သူများ အရေး ဝင်ရှင်းပေးရမဲ့အရေးမှာ တိုင်းတပါး သား တ(ယုတ်) ကြီး စိတ်ကွက်ဘေးက လွတ်ရအောင် ကိုယ့်လူမျိုးတွေ နစ်နာ နေတာကို သိပါလျက်မသိကြိုး ကျင်လုပ်နေတာဟာဖြင့် တိုင်းပြည်ကြီးကို ကာကွယ်နေပုံ ရဟန် မပေါက်တန်ပါဘူး။

ကိုင်း ဒါဖြင်. ကိုယ့်ကိုကာကွယ်ပေးရမဲ့ ကိုယ်.အစိုးရ ဆိုသူတွေ ကိုမှ အားကိုးလို့ မရယင် ဘာလုပ်ကြမလဲ ?
ကိုယ့် ဟာ ကိုယ်ပဲ ကာကွယ်ရတော.မပေါ့။

ဒါပေမဲ့ , ဒါပေမဲ. ပေါ.ဗျာ ၊ ကိုယ်.ကို မတရားတာ လုပ်နေမှန်းသိနေပါလျှက်ကနဲ့ သိသိ ကြီး၊ ခံနေခဲ့ ရတဲ့ ကျုပ်တို.ဘဝ ဘယ်သူ. သွားအားကိုးရမလဲ လို့ အားမငယ်ကြပါနဲ့။

ကျုပ်တို့ ခင်ဗျားတို့ အချင်းချင်း ဘဝတူသူတွေ ပဲ အပြန်အလှန် အားကိုးကြရတော့မပေါ့။
အဲ့ဒီ အသိ ရှိပြီဆိုရင် ၊ ကျုပ်တို. ဘာလုပ်ရမလဲ?
ဘဝတူသူချင်း နားလည်မှု ယူပြီး ကျုပ်တို့အားလုံး မညီညွတ်လို.မရတော.ဘူး ဆိုတာလေး တချက်လောက် ပန်တွေး ကြည်.ကြရအောင် လားလို.ပါ။

ကျုပ် တို.တွေ တယောက်နဲ့ တယောက် ဝေး ဝေးနေခဲ့ ကြာတာ အနှစ် နှစ်ဆယ် ကျော် ကြာခဲ့ ကြပြီမဟုတ်လား

ကိုစိုးဝင်းရှိန်

ခင်ဗျားဒါမျိုးတွေအားသန်ရင် ဦးဌေးဇော်ဆီမှာတပည့်ခံဖို့လိုတယ်။
သူ့မှာပြည်တွင်းက သမိုင်းရှိတော့ အနည်းဆုံး လူရှိန်တယ်။

ခင်ဗျားမှာပြည်တွင်းကသမိုင်းပြစရာမရှိရင်မီဒီယာ အရေခြုံထားလည်း နိုင်ငံရေးကို ပုဂိုလ်ရေးနဲ့ တွဲပြီး တိုက်တဲ့အခါ ခင်ဗျားကို လူမလေးခွေးမခန့် လုပ်ကြမှာဘဲ။

အဲဒီခင်ဗျားပြောတဲ့သူတွေကလည်းခင်ဗျားမှာလည်း သမိုင်းမရှိတာကို သိထားတော့ ဒီလိုဘဲတုန့်ပြန်ကြ လိမ့်မ ယ်။

ဦးတင်မိုးနဲ့ဂျပန်မှာတွဲရိုက်ထားတဲ့ဓါတ်ပုံလောက်နဲ့မရဘူး။
ဟိုကလည်းဒေါ်စုနဲ့ဓါတ်ပုံ တွဲရိုက်ပြီးပြန်ရှိုးမှာပေါ့။

အဲဒီတော့ခင်ဗျားမျိုးရိုးမှာနိုင်ငံရေးသမိုင်းမရှိရင်ယောက်ခမတို့ ယောက်ဖတို့မှာ ပြန်ရှာ သူတို့အဖိုး အဖွားတွေမှာ ပြန်ရှာ။
တောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံရဲ့မြန်မာပြည် အောက်ပိုင်း တဦးတည်းသော ကိုယ်စားလှယ်တို့ ဘာတို့လုပ်မှရမယ်။

ဦးဌေးဇော်လည်း မတွေ့တာကြာပြီ။
ပြောဖို့ကျန်သွားလို့ဒေါ်စုခြံထဲကိုလည်းခင်ဗျားပြောတဲ့ လူတဲ့အဆ တသန်းလောက် လည်တဲ့ တေဇတို့ ဇော်ဇော်တို့ မိုက်ကယ် မိုးမြင့်တို့နဲ့ ပတ်သက်တဲ့ လူတွေလည်း ၀င်ထွက်နေ ကြတာဘဲ။

လူထုခေါင်းဆောင် ဆိုတာကလည်း အနည်းဆုံးလူမှူရေး သဘောတော့ပြန်ဆက်ဆံရတာဘဲ။
ခင်ဗျားခြံထဲကလူတွေနဲ့အဆက်အသွယ်ရှိပုံပြောတော့ အဟုတ်လား သိအောင် တခုမေးကြည့်မယ်။

ဒေါ်စုပထမအကြိမ်အကျယ်ချုပ်ကျတုန်းက စားဝတ်နေရေး အခက်အခဲကြောင့် ရောင်းလိုက်ရတဲ့ သူတီးတဲ့ စန္ဒယားကြီးကို ရန်ကုန်မှာရအောင် လိုက်ရှာပြီးဒ်ါစုကို ပြန်လာလှုတာ ဘယ်ခတ်ပျက် သူဌေးလဲ။-

သန်းထိုက်(ခ)သန်းထိုက်ဦး
မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (L.S)
မြန်မာဖုန်း၀၉-၄၉၂၃-၂၁၂၃
ထိုင်းဖုန်း-၀၈၇-၃၂၀၃-၆၉၀
မူရင်း - http://www.hittai.net/?show=rm&fileid=121&t=home12&id=23

Sunday, February 26, 2012

မြိုင်ကြီးငူတွင် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၇၀ကျော် ၀ိုင်းထားခံရ

တစ်နေ့ ကြရင် ဒီလိုအဖြစ်မျိုး KNU မုချ ကြုံတွေ့ ရမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ နယ်ခြားစောင့်တပ်ဆိုဒါ ဗမာစစ်တပ် သစ္စာခံ မျိုးဖျက်တွေပါ။ အခြေအနေပေးရင် ကေအဲန်ယူကို တနည်းနည်း အကျပ်ကိုင်လက်နက်ဖျက်သိမ်းဖို့ ကြိုးစားလာမယ်။ ကျွန်စိတ်ရှိပြီး ကျွန်ပါးဝတဲ့ ကရင်တွေ ပါဝင်တဲ့နယ်ခြားစောင့်တပ် ရှေးဆက်ဘာလုပ်မလည်းဆိုဒါ ရှင်းနေပါပြီ။ ဖေဖော်ဝါရီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် အခြေစိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့ဝင် ၇၀ဦးကျော်သည် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) တပ်ဖွဲ့ဝင်များ၏ ၀ိုင်းရံပိတ်ဆို့ထားခြင်းခံနေရသည်ဟု သိရသည်။ ယခုလ ၁၉ရက်နေ့က ဒီကေဘီအေနှင့် ဘီဂျီအက်ဖ်တပ်ဖွဲ့များအကြား ပစ်ခတ်မှု ဖြစ်ပွားခဲ့အပြီး ယခုအချိန်ထိ ဘုန်းကြီးကျောင်းရှိ ဗိုလ် မှူးမောင်လေး(ဖူးကစယ်)နှင့် ဗိုလ်မှူးရဲချစ်ဦးတို့ဦးစီးသည့် ဒီကေဘီအေ ၉၀၅နှင့် ၉၀၆တပ်ရင်းမှ တပ်ဖွဲ့ဝင် ၇၀ကျော်အား နယ်ခြားစောင့် တပ် ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၉ တပ်ရင်း သုံးရင်းမှ အင်အား (၇၀၀)ခန့်က ၀ိုင်းထားခြင်းဖြစ်သည်ဟု ဆိုသည်။ ဒီကေဘီအေ တပ်မှူးတစ်ဦးက “လောလောဆယ် အင်ကြင်းမြိုင်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ ကျနော်တို့တပ်ဖွဲ့ဝင် ၇၀ကျော်ကို BGF တပ်ဖွဲ့တွေ ၀ိုင်းထားတယ်။ အခြေအနေက အခုထိ တိုးတက်မှု ဘာမှ မရှိသေးဘူး။ သူ့အခြေအနေ ကိုယ့်အခြေအနေ ကြည့်နေကြတာ ပေါ့။”ဟု ပြောသည်။ မြိုင်ကြီးငူ အခြေစိုက် နယ်ခြားစောင့်တပ် ၁၀၁၁တပ်ရင်းမှ ရင်းပိုင်းချောင်းနှင့် မဲ့သဝေါဘက်ရှိ ဒီကေဘီအေစခန်း ၅ခုကို ၀င်ရောက်ပြီး လက်နက်ပေါင်း ၂၀ကျော်ကို သိမ်းယူသွားခဲ့ခြင်းကြောင့် ပစ်ခတ်မှု စတင် ဖြစ်ပွားခဲ့ရာမှ ၎င်းတို့နှစ်ဖွဲ့အကြား အခြေအနေ ပိုမို တင်းမာ လာခြင်းဖြစ်သည်။ အဆိုပါ တင်းမာမှု အခြေအနေများကို ဖြေရှင်းရန် ယမန်နေ့က (ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မောင် မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ခင်မောင်ဝင်း၊ နယ်ခြားစောင့်တပ် အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ဖားနွီးနှင့် ဒီကေဘီအေဘက်မှ ဗိုလ်မှူးဆန်းအောင်၊ ဗိုလ်မှူးမောင်လေးတို့ မြိုင်ကြီးငူဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရရှိ ကြောင်း ဒီကေဘီအေဘက်က ပြောသည်။ “သိမ်းထားတဲ့ လက်နက်တွေကို ဖားနွီးကတော့ ပြန်ပေးချင်တယ်။ ဗိုလ်ချုပ်မောင်မောင်အုန်းက ပြန်မပေးချင်ဘူးပြောတယ်။ ဒါပေမယ့် ၂ရက်အတွင်းမှာ ပြန်ပေးမယ်လို့ ပြောပြန်တယ်။ အခြေအနေက သိပ်မဟန်ဘူး။”ဟု ဆိုသည်။ ၎င်းတင်းမာမှုအခြေအနေကို တာဝန်ရှိသူများ ကြားဝင်ဖြေရှင်း၍ ပြေလည်မှု မရရှိသောကြောင့် ဒီကေဘီအေဘက်က ယမန်နှစ် ဒီဇင်ဘာ လ ၁၁ရက်နေ့တွင် သဘောတူညီခဲ့သည့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးကို ဖျက်သိမ်းလိုက်သည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဒီကေဘီအေ G1 ဗိုလ်မှူးကြီးဟီဒိုက “လောလောဆယ် ကျနော်တို့လူတွေ ခရီးသွားတဲ့အခါကျတော့ လက်ရှိ အခြေအနေတွေအားလုံးကို ကျနော်တို့ ပြောလို့မရသေးပါဘူး။ သူတို့တွေ ပြန်ရောက်လာတဲ့အခါကျမှ အကုန်လုံးကို ပြောပြလို့ရမယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ဗိုလ်မှူးစောဘိ ဦးစီးသည့်တပ်ဖွဲ့သည် ယမန်နှစ် အစိုးရ၏ နယ်ခြားတပ်စောင့်ဖွဲ့စည်းရေး လက်ခံခဲ့ပြီးမှ တပ်အင်အား ၁,၀၀၀နီးပါးခန့် ဒီကေဘီအေအဖြစ်သို့ ပြန်လည်ရပ်တည်ခဲ့ပြီး မြိုင်ကြီးငူ အထူးဒေသနှင့် မဲ့သဝေါဒေသတို့တွင် လှုပ်ရှားလျှက်ရှိသည်။ ထို့နောက် ဗိုလ် ချုပ်စောလားပွယ် ဦးစီးသည့် ဒီကေဘီအေ ကလို့ထူးဘောတပ်ဖွဲ့နှင့် ပူးပေါင်းကာ ကလို့ထူးလားအဖွဲ့ဟူ၍ ပြန်လည် ဖွဲ့စည်းခဲ့သည်။ ဒီကေဘီအေတပ်ဖွဲ့သည် ၁၉၉၄ခုနှစ်တွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ ၁၅နှစ်ကျော်ကြာ အစိုးရနှင့် ပူးပေါင်း ခဲ့ပြီး ၂၀၁၀ခုနှစ်၊ သြဂုတ်လတွင် တပ်ရင်းအများစုက အစိုးရတပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းသွားခဲ့သည်။ သို့သော် ဗိုလ်ချုပ်စောလားပွယ်ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့က နယ်ခြားစောင့်တပ် ကူးပြောင်းရေး အစီအစဉ်ကို လက်မခံဘဲ ၂၀၁၀ခု နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့မှစ၍ တနှစ်နီးပါးကြာ အစိုးရကို ပြန်လည်ခုခံတော်လှန်ခဲ့ရာ ယမန်နှစ် ဒီဇင်ဘာလ ၁၁ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဖို့ အယူခံ ထပ်တင်

2012-02-25 လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်းတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကော့မှူးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အောင်ဆန်းစုကြည်ကို ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီက ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ကန့်ကွက် အယူခံလွှာ တင်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး NLD ပါတီက ဖြေရှင်းချက်ပေးမယ့်စာကို တနင်္လာနေ့မှာ တင်သွင်းမှာ ဖြစ်ပါတယ်။ AFP ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကော့မှူးမြို့နယ် ဝါသိင်္ခကျေးရွာသို့ ပါတီစည်းရုံးရေး ခရီးစဉ် သွားရောက်သည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ကြိုဆိုနှုတ်ဆက်စဉ်။ ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ကို ခရိုင်ကော်မရှင်ရုံးမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ကန့်ကွက်ခဲ့တာပါ။ အဲဒီ ကန့်ကွက်လွှာကို ခရိုင်ကော်မရှင်က ပယ်ချပြီးနောက် ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အယူခံလွှာကို ရန်ကုန်တိုင်း ကော်မရှင်ရုံးမှာ ထပ်တင်ခဲ့ပါတယ်။ ရန်ကုန် တောင်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကတော့ သူတို့အနေနဲ့ ရွေးကောက်ပွဲပုဒ်မ (၂၈-က) အရ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံခဲ့ကြောင်း အကြောင်းပြပြီး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီ ကိုယ်စားလှယ်လောင်း ဦးတင်ရီရဲ့ ကန့်ကွက်လွှာကို ပယ်ချခဲ့တာဖြစ်ပါတယ်။