Saturday, May 23, 2009

ဂျပန်နိုင်ငံတိုကျိုမြို့  UN ရုံးဦးသန့် ခန်းမ၌UNHCR ၊MOFA(ဂျပန်နိင်ငံခြားရေးဝန်ကြီးဌာန)တို့ ဒုက္ခသည်ဆိုင်ရာ၊ဆွေးနွေးပွဲတရပ်ကို၁၅-၅-၂၀၀၉၊ကျင်းပပြုလုပ်



ဂျပန်နိုင်ငံတိုကျိုမြို့  UN ရုံးဦးသန့် ခန်းမ၌ UNHCR MOFA(ဂျပန်နိင်ငံခြားရေးဝန်ကြီးဌာန)တို့ ဒုက္ခသည်ဆိုင်
ရာ၊အထူးဆွေးနွေးပွဲတရပ်ကို ၁၅-၅-၂၀၀၉နေ့ တွင်နေ့ လည်၁း၀၀နာရီညနေ၁၈း၀၀အထိပြုလုပ်။
ထိုအစည်းအဝေး၌့ဒုက္ခသည်များကို ဂျပန်အစိုးရ၏ကာကွယ်မှုပေးသည့် တိုးတက်မှုအခြေအနေ၊
ဆုတ်ယုတ်မှုအခြေအနေ၊၊့ ဒုက္ခသည်များအားကူညီမှုအခြေအနေ၊ ဆိုင်ရာအခြားအခြေအနေများနှင့်ဂျပန်နိုင်ငံမှ ၂၀၁၀ခုနှစ်တွင်စတင်ခေါ်ယူမည့်နယ်စပ်ဒေသမှဒုက္ခသည်များအခြေအနေများကိုအဓိကထား
ဆွေးနွေးခဲ့ပြီး။တက်ရောက်လာသည့် ဧည့် သည်များမှအမေးအဖြေအချိန်တွင်နယ်စပ်မှခေါ်ယူမည့် 
ဒုက္ခသည်များအခြေနေများကိုပိုမိုဆုံလင်စွာ အမေးအဖြေများကိုမေးမြန်းဖြေကြားသည်၊၊
အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းများ၊ရှေ့နေအဖွဲ့ များ၊NGO အဖွဲ့ 
အစည်းများတက်ရောက်ခဲ့ကြသည်၊၊UNHCR နှင့် MOFA တို့ ၏ဖိတ်ကြားချက်အရ ( KNL-JAPAN ) ၏ဥက္ကဌဖြစ်သူ စောဘလှသိန်းမှလည်း MOFA၊ UNHCR တို့ နှင့်အတူဦးဆောင်ဆွေးနွေးခဲ့သည်၊၊
ထိုဆွေးနွေးပွဲသို့  (KNL_JAPAN )နော်လေးဖေါ်မင်းနှင့်နော်ပေါ်လင်း
တို့ မှကိုယ်စားလှယ်အနေဖြင့်တက်ရောက်ကြသည်။



ဗြိတိသျှ ပါလီမန်သို့ ဗြိတိန်ရောက်ကရင်များ သွားရောက် လေ့လာသည့် ဓါတ်ပုံသတင်း


အဆိုပါခရီးစဉ်တွင် ဗြိတိန်ရောက် ကရင်တိုင်းရင်းသား ၂၀သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဗြိတိန်နိုင်ငံ အခြေစိုက် Burma Campaign UKက စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ခရီးစဉ်အတွင်း ဗြိတိသျှပါလီမန်အမတ် Alan Beithနှင့် ဆွေးနွေးခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ကရင်ဒေသအတွင်း နအဖစစ်တပ်၏ ထိုးစစ်များ ရပ်တန့်စေရေး ဖိအားပေးရန် တိုက်တွန်းခဲ့သည်ဟု သိရှိရသည်။ကျနော်၏ တောင်းပန်ပူဆာမှုကြောင့် တဆင့်ခံဓါတ်ပုံပေးပို့လာသူ ကွယ်ကလူဝက်ဆိုက်ဘ် အယ် ဒီတာ စောအယ်နာကို ကျေးဇူးတင်ရှိပါသည်။ ဗြိတိန်ကရင်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ၄င်းတို့ ထုတ်ပြန်ချက်များကိုလည်း အောက် တွင် ဆက်လက်ဖတ်ရှူနိုင်ပါသည်။
ပုံကြီးချဲ့ လိုလျှင် တချက်နှိမ့်လိုက်ပါ။

သေနတ်အကြောင်း

သေနတ်အကြောင်း

သေနတ်အကြောင်း

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကင်မ်ဒေးဂျုံ ဒေါ်စုအတွက် ဒေါ်လာ ၁၀,၀၀၀ လှူ

22 May 2009
တောင်ကိုရီးယား သမ္မတဟောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ကင်မ် ဒေး-ဂျုံ (Kim Dae-jung) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ပေးအပ်လိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ချထားတဲ့သက်တမ်း ကုန်ဆုံးခါနီးမှာမှ အခုလို တရားစွဲဆိုခံနေရတဲ့အပေါ်မှာလည်း စိုးရိမ်မိတဲ့ အကြောင်း မစ္စတာကင်မ်ဒေးဂျုံ က ပြောခဲ့ပါသေးတယ်။ သမ္မတဟောင်းနဲ့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူတွေနဲ့ ဆက်သွယ်မေး မြန်းထားတဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက်တွေ ပြည့်မီအောင် လှုပ်ရှားဆောင်ရွက်ကြတဲ့နေရာမှာ အထောက်အပံ့ ဖြစ်စေဖို့ အသုံးပြုပါဆိုပြီး အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ကို မစ္စတာ ကင်မ်ဒေးဂျုံက ပေးအပ်ခဲ့ပါတယ်။ ဒီကနေ့ တောင်ကိုရီးယား နိုင်ငံ၊ ဆိုးလ်မြို့တော်က သူ့ရဲ့နေအိမ်မှာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့တွေ့ဆုံပြီး အခုလို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေထဲက တဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD-LA ကိုရီးယားဌာနခွဲ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုဇော်မိုးအောင်က လှူဒါန်းငွေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်။
“အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တရားရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် ယခင်က သူ ရရှိထားတဲ့ ပိုက်ဆံက နေပြီးတော့ အခုချိန် ဒေါ်အောင်ဆန်းစုကြည် လိုအပ်ရင် သုံးနိုင်ဖို့အတွက် သူ့အနေနဲ့ မြန်မာပြည်သူပြည်သားတွေ အထောက်အကူ ဖြစ်စေရန်အတွက် ဒီနေ့ အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ကို လှူခြင်းဖြစ်ပါတယ်။ အဲဒီ အလှူငွေ ဒေါ်လာ ၁၀,၀၀၀ ဟာလည်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးတဲ့နေ့ ဆိုတာလေ။ ကျနော်တို့ ဆိုးလ်မှာ တခါ လုပ်သွားတယ်လေ။ အဲဒီက ကျန်တဲ့ပိုက်ဆံတွေ ဘဏ်ထဲမှာ အပ်ထားတယ်ပေါ့၊ အဲဒီ ဘဏ်ထဲက အတိုးတွေနဲ့ ပေါင်းပြီးတော့ အခု ပေးအပ်တာပေါ့။”
လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးတင် စစ်ဆေးနေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း မစ္စတာ ကင်မ်ဒေးဂျုံ က သူရဲ့သဘောထားကို ပြောပြခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို တင်တဲ့အမှုနဲ့ပတ်သက်ပြီးတော့ သူ အရမ်းစိုးရိမ်တယ်။ ပြီးတော့ ဒါက လုပ်ကြံတာဖြစ်လို့မယ်လို့ သူ ယူဆတယ်။ သူ့အနေနဲ့ နိုဘဲလ် ဆုရှင်တယောက်လည်း ဖြစ်တယ်။ မြန်မာပြည်အရေးအတွက်ကိုလည်း အမြဲတမ်း ကူညီပေးနေတဲ့သူ တယောက်ဖြစ်တော့ သူက ဒီအတွက်ကို စိတ်မကောင်းဖြစ်တယ်။”
တွေ့ဆုံပွဲမှာ ပါဝင်ခဲ့သူ နောက်တဦးဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေးရာကော်မတီ) တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုကျော်ဝင်းပါ။
မစ္စတာကင်မ်ဒေးဂျုံဟာ တောင်ကိုရီးယားဆိုပြီး လူတွေပိုသိကြတဲ့ ကိုရီးယားသမ္မတနိုင်ငံ၊ အာဏာရှင်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီနိုင်ငံတခုအဖြစ် ကူးပြောင်းဖို့ ကြိုးစားခဲ့ကြတာမှာ အဓိကကျတဲ့ခေါင်းဆောင်တဦးဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့်ပဲ သူ့ကိုလုပ်ကြံဖို့ ကြိုးစားခံခဲ့ရဖူးသလို နေအိမ်အကျယ်ချုပ်ဘ၀လည်း ကျခံခဲ့ရဖူးပါတယ်။ ဒါပေမယ့်လည်း ၁၉၉၈ ခုနှစ်မှာတော့ သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး ၂၀၀၃ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံရဲ့ (၁၅) ဆက်မြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မစ္စတာကင်မ်ဒေးဂျုံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်မှုတွေ၊ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံနဲ့ ငြိမ်းချမ်းရေး နဲ့ ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ၂၀၀၀ ပြည့်နှစ်မှာ နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။ တောင်ကိုရီုးယားနိုင်ငံရဲ့ ပထမဆုံးနဲ့ ခုချိန်ထိ တဦးတည်းသော နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ပါ။ သူ့ရဲ့ အာဏာရှင်ဆန့်ရေး ရုန်းကန် တိုက်ပွဲဝင်မှုတွေကြောင့် အာရှတိုက်ရဲ့ နယ်လ်ဆန် မင်ဒဲလားဆိုပြီး တင်စားခေါ်ဝေါ်တာလည်း ခံခဲ့ရပါတယ်။
ဒီမိုကရေစီရေးအတွက် ရုန်းကန်လှုပ်ရှားကြရာမှာ အတက်အကျ အနိမ့်အမြင့်တွေနဲ့ ကြုံတွေ့ရတတ်တာမို့ စိတ်မပျက် အားမလျှော့ဘဲ ဆက်လက်ကြိုးစားသွားကြဖို့ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး မစ္စတာ ကင်မ်ဒေးဂျုံက အားပေးခဲ့တယ်လို့ ကိုကျော်ဝင်း က ပြန်ပြောပါတယ်။
“တခါတလေကျရင် ကျနော်တို့ စိတ်ဓါတ်ကျတာတွေ ဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် သူ ပြောတာက စိတ်ဓါတ်မကျပါနဲ့တဲ့။ ဆက်လုပ်ကြပါတဲ့။ သူတို့တုန်းကလည်း အဲဒီလို ကြုံခဲ့တယ်။ ကျနော်တို့လည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်တဲ့။ ဒါပေမယ့် ဆက်လုပ်ဖို့ လိုပါတယ်တဲ့။ နောက်ဆုံး အာဏာရှင် ဆိုတာ ပြုတ်ချရမှာပါတဲ့။ နောက်ဆုံး ကျနော်တို့ကို မှာတဲ့စကားပါ။”
တောင်ကိုရီးယားသမ္မတဟောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ကင်မ် ဒေးဂျုံနဲ့ ဒီကနေ့တွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ ဗကသများအဖွဲ့ ချုပ်က ကိုကျော်ဝင်းပါ။
ဒီကနေ့တွေ့ဆုံကြရာမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးတက်ဒီဘူးရီ နဲ့ ဦးသိန်းဦး တို့လည်းပါဝင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာစစ်အစိုးရနဲ့ စီးပွားရေးအဆက်အဆံရှိတဲ့ ကုမ္ပဏီတွေရှိသလို မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံ အားပေးတဲ့ မစ္စတာ ကင်မ်ဒေးဂျုံတို့လို ထင်ရှားတဲ့ပုဂ္ဂိုလ်တွေလည်း ရှိတဲ့နိုင်ငံပါ။
ဒီကနေ့လို အလှူငွေပေးအပ်ပြီး ထောက်ခံမှုပြသတာကတော့ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုအတွက် တတပ်တအား ဖြစ်စေကြောင်း တက်ရောက်သူတွေက ပြောပါတယ်။

Thursday, May 21, 2009

Myanmar TV shows Suu Kyi images

(00:35) Rough Cut
May 20 - Myanmar's opposition leader Aung San Suu Kyi appeared healthy in footage aired on state television on the third day of her trial at Yangon's notorious Insein Prison.

Wednesday, May 20, 2009


နယ်ခြားစောင့်တပ်အဖြစ် စစ်သည်အင်အား ၄၀ဝ၀ဝ ပြည့်အောင် စုဆောင်းသွားရမည်ဟု ဒီကေဘီအေ ပြောဆို

မေလ ၁၉ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)ကို နယ်ခြားစောင့်တပ်အဖြစ် သတ်မှတ်ထားသည့် စစ်သည်အင် အား ၄၀၀ဝ၀ပြည့်အောင် စုဆောင်းသွားရမည်ဟု မေလ ၁၇ရက်နေ့က ပြီးစီးသွားခဲ့သည့် တပ်မဟာ(၉၉၉)၏ တပ်ရင်းများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်ဟု ကရင်သတင်းစဉ်က စုံစမ်းသိရှိရသည်။ကရင်အမျိုးသားအလံတော်နှင့် ဒီကေဘီအေအဖွဲ့အလံကို ကိုင်ဆောင်ထားသည့် ဒီကေဘီအေ အလံကိုင်တပ်ဖွဲ့ပုံ။
မြဝတီမြို့နယ်၊ ရွေကုက္ကိုကျေးရွာ၏ ခမ်းမဆောင်တွင် မေလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ ငါးရက်ကြာ ကျင်းပသည့် ဒီကေဘီအေ တပ်မ ဟာ(၉၉၉)၏ တပ်ရင်းပေါင်းစုံအစည်းအဝေးတွင် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူက သဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး တပ်ရင်းတရင်းလျှင် စစ်သည် အင်အား ၃၂၆ဦးဖြင့် ဒီကေဘီအေအဖြစ်မှ နယ်ခြားစောင့်တပ်အနေဖြင့် စုစုပေါင်းအင်အား ၄၀ဝ၀ဝအထိ သတ်မှတ်ထားရှိ သွားရမည်ဟု အစည်းအဝေး တွင် ပြောဆိုသွားကြောင်း ဒီကေဘီအေ အရာရှိတဉီးက ပြောသည်။ သူက “ဒီကေဘီအေရဲ့တပ်အင်အားကို ၄၀ဝ၀ဝအထိ ပြည့်အောင်ဖြည့်တင်းရမယ်လို့ သဘာပတိက အစည်းအဝေးမှာ ပြောတယ်။ တပ် ရင်းတရင်းကို ၃၂၆ဦး သတ်မှတ်ထားတယ်။ အဲလိုကောက်ယူစုဆောင်းတဲ့နေရာမှာ ကျေးရွာသူကြီးတွေကလည်း ကိုယ့်ရွာရဲ့လူဉီးရေ အနည်းအများအ လိုက် တာဝန်ယူပေးရမယ်။ အင်အားပြည့်တာနဲ့ နအဖတပ်တွေက နယ်စပ်မှာမနေတော့ဘဲ နောက်တန်းကိုပြန်ဆုတ်သွားမယ်လို့ ပြောတယ်”ဟု အဆို ပါအရာရှိက ကရင်သတင်းစဉ်ကို ပြောသည်။ ထိုအစည်းအဝေးတွင် (၉၉၉)လက်အောက်ခံ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး၊ ရုံးထိုင်မှူး၊ တပ်ရေးဗိုလ်၊ ဘဏ္ဍဏ္ဍာရေးမှူးများအ ပြင် ၄င်းတပ်ရင်းများ အခြေစိုက်ရာျျေးရွာပေါင်း ၅၀ကျော်မှ ရွာသူကြီးများလည်း တက်ရောက်ခဲ့ကြရာ ကျေးရွာသူကြီးတဉီးက “ကောင်းမယ်ထင်လို့လုပ်တာဆိုရင် ကျနော်တို့အနေနဲ့ ဘာမှပြောစရာမရှိပါဘူး”ဟု အစည်းအဝေးတွင် ပြောကြားသွားကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ဒီကေဘီအေမှ စစ်ဦးစီးချုပ်ဗိုလ်ချုပ်စောကျော်သန်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူတို့ နေပြည်တော်သို့သွား ရောက်၍ နအဖစစ်ခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံခဲ့ရာမှ ယခုလိုညွန်ကြားပြောဆိုလိုက်ခြင်းဖြစ်ကြောင်း ထိုနေ့အစည်းအဝေးတွင် ဗျူဟာမှူး က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ နအဖ၏ ညွန်ကြားချက်များ၌ အသက် ၅၀ကျော်သူများအား တလလျှင် ကျပ် ၃၀ဝ၀နှင့် အငြိမ်းစားပင်စင်ပေးသွားရန်၊ သာမန်စစ်သည်တဦးလျှင် လစာငွေကျပ် ၂၅၀ဝ၀မှ တပ်ရင်းမှူးတဉီးလျှင် ကျပ်ငွေတသိန်းခွဲအထိ ရာထူးအဆင့်လိုက် ပုံမှန်ထောက်ပံ့သွားမည်ဟု သတ်မှတ်ထားသည်။ ထိုအတူပင် နယ်ခြားစောင့်တပ်တွင် တပ်ရင်းတရင်းလျှင် ဗိုလ်မှူး ၆ဦးသတ်မှတ်ကာ အမြင့်ဆုံးရာထူးအဖြစ် ဗိုလ်မှူးအဆင့်ထိသာ ထားရှိသွားမည်ဖြစ်သော် လည်း ထိုအခြေအနေကို ဒီကေဘီအေ ဗဟိုအတိုင်းအတာတခုလုံးက လက်မခံနိုင်ကြောင်း နေပြည်တော်သို့ တင်ပြထားသည်ဟု သိရသည်။ ယခု တပ်မဟာအတိုင်းအတာနှင့် အစည်းအဝေးပြီးနောက် တပ်ရင်းတခုစီမှ ၄င်းတို့တာဝန်ကျရာ နယ်မြေများတွင် ရွာသူကြီးများနှင့် ရွာသူ ရွာသားများကို ဒေသဆိုင်ရာတပ်ရင်းများက တပ်အင်အားစုဆောင်းရေးကိစ္တနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြကာ စစ်သည်အင်အားဖြည့်တင်းရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဗိုလ်မှူးကြီးစောချစ်သူပုံ။ ဖူ့တာမိက် ဘလော့မှ ကူးယူသည်။
(၉၉၉)တပ်ရင်းအခြေစိုက်ရာ လှိုင်းဘွဲမြို့နယ်မှ ဝင်းဖလရွာသူတဉီးက “ကျမတို့ရွာမှာက အိမ်ခြေတရာကျော်လောက်ပဲရှိတယ်။ ရွာသားတွေ က စားဝတ်နေရေးကြပ်တည်းနေရတဲ့အထဲ ဘယ်သူမှ စစ်သားမလုပ်ချင်ကြဘူး။ စစ်သားမပေးနိုင်ရင် သူကြီးတွေကလည်း ရွာသားတွေဆီက ပိုက်ဆံ ကောက်ပြီး လူစားထိုးငှားနေကျဆိုတော့ အခုလည်း အဲလိုပဲလုပ်မယ်ထင်တယ်။ သူတိုပေးမဲ့လခ နှစ်သောင်းခွဲက အခု ကုန်ဈေးနှုန်းနဲ့ဆိုရင် စားလို့မှမ လောက်ပဲ။ ဒီအတိုင်းသာဆိုရင် သိပ်တော့လွယ်မှာမဟုတ်ဘူး”ဟု ကရင်သတင်းစဉ်ကို ပြောသည်။ ဒီကေဘီအေတပ်များသည် အင်အားဖြည့်တင်းပြီးပါက မိမိတိုကိုင်ဆောင်ထားသည့် လက်နက်များကို နအဖထံ ပြန်လည်အပ်နှံကာ ၂၀၁၀ မတိုင်ခင် နအဖတပ်မှ ကိုင်ဆောင်သည့် လက်နက်အမျိုးအစားအတိုင်း ၄င်းတို့အား ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပြီး အစိုးရမသိအောင် လက်နက် ပုန်းများ ကိုင်ဆောင်ခွင့်မရှိဘဲ လျှို့ဝှက်သိမ်းဆည်းထားသည်ကို သိရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးသဘာပတိက တဆင့်ထုတ်ဖော်ပြောဆိုခဲ့သည်။ ယင်းသို့ စစ်သည်အင်အားစာရင်းနှင့် လက်နက်စာရင်းများ တင်ပြကာ လက်နက်ပြောင်းလဲတပ်ဆင်ပြီးမှသာ နယ်ခြားစောင့်တပ်သင်တန်းကို ပို့သွားမည့်အပြင် နယ်ခြားစောင့်တပ်ရင်းများအတွက် နအဖမှ စစ်သုံးကားများနှင့် တပ်ရိက္ခာများလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရသည်။ နအဖ စစ်အစိုးရသည် ကရင်အပစ်ရပ်အဖွဲ့များအနက် အင်အားအများဆုံးဖြစ်သည့် ဒီကေဘီအေတဖွဲ့တည်းကိုသာ လက်နက်ဝယ်ယူခွင့်ပေးခြင်း၊ လက် နက်ဖြည့်တင်းခွင့်ပေးခြင်း စသည့် (Gun Power) ပေးထားပြီး ကျန်အပစ်ရပ်အဖွဲ့များကို လက်နက်ဝယ်ယူဖြည့်တင်းခွင့်ပေးထားခြင်းမရှိဟု သိရသည်။ ထိုကိစ္တနှင့်ပတ်သက်၍ “ဒီကေဘီအေက ကျနော်တို့ အပစ်ရပ်ကရင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးအဖွဲ့လည်းဖြစ်တယ်။ နောက်တခုက ကေအဲန်ယူကို ပြန်တိုက်နေတဲ့အဖွဲ့လည်းဖြစ်တော့ နအဖက အဲဒီအတွက် သူတို့ကို လက်နက်ဖြည့်ပေးတာရှိတယ်။ နောက်ပြီး သူတို့ငွေတွေနဲ့ သူတို့ဖာ သာ လက်နက်ဝယ်ယူမယ်ဆိုလည်း နအဖက မသိချင်ယောင်ဆောင်နေလိုက်တယ်။ စီးပွားရေးမှာလည်း တခြားအဖွဲ့တွေထက် အခွင့်အလမ်းသာတယ်” ဟု မကြာခင်ကမှ ကေအဲန်ယူသို့ပြန်လည်ရောက်ရှိလာသူ ငြိမ်းချမ်းရေးကောင်စီ (၇၀၄)တပ်ရင်းမှ ဒုရင်းမှူးဗိုလ်မှူးစောလေးမူးက ပြောသည်။၂၀၁၀နောက်ပိုင်းတွင် နယ်ခြားစောင့်တပ်ဖြစ်သွားမည့် ဒီကေဘီအေ၏ နယ်မြေကို ကရင်ပြည်နယ်တလျှောက် နယ်စွန် တနသာရီတိုင်းမှ ကယားပြည်နယ်အထိ သတ်မှတ်ပေးထားသည်ဟု ယေဘုယျအားဖြင့် သိရသည်။ လက်ရှိအချိန်တွင် လက်အောက်ခံတပ်ရင်း (၇)ရင်းရှိသည့် တပ်မဟာ (၉၉၉)တွင် စစ်သည်ဦးရေ ၂ဝ၀ဝ ၀န်းကျင်ရှိပြီး ကျန်တပ်မဟာ (၃၃၃)၊ (၅၅၅)၊ (၆၉၉) ဗဟိုလယ်ယာတပ်ဖွဲ့ အပါအဝင် စုစုပေါင်း စစ်သည်အင်အား ၄ဝ၀ဝနီးပါးရှိသည်ဟု သိရသည်။ ဒီကေဘီအေသည် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ပြန်လည်ပူးပေါင်းသွားပြီး ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည့် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့ကြီးတခု ဖြစ်သည်။
Posted by အဲခေါင်သောင့်

သွားသတိ၊ လာသတိ ဖြင့် နေထိုင်ရန်လိုအပ်ပြီ

SPDC ဖေါက်ခွဲဖျက်ဆီးရေး သမားများ သည်
၎င်းတို့အကျိုးအတွက်သာကြည့်ပြီး
SPDC မှ ပြည်သူလူထု ဘယ်သူသေသေ လုပ်ဆောင်သွားနိုင်၍ အထူးဂရုစိုက်သွားရန် လိုအပ်ကြောင်း ရေးသားလိုက်ရပါသည်။

လောင်ရယ်နိုင်ပါသည်။ ။


စစ်အစိုးရကိုဖခင်မှတ်သော
စစ်အစိုးရ၏
လိမ်ဆင်သတင်းများ ဖြန့် ချီနေသော
ပြည်သူများကိုအကျိုးယုတ်စေမည့် 
နအဖ ( လက်က်ားကိုးအျက်သမား ) ၏လက်ပါးစေ၀က်ဆိုဒ် http://www.myanmarnargis.org/
မျိုးချစ်မြန်မာပြည်သူများသတင်းမှားများတက်ရောက်ကြည့် ရှု လောင်ရယ်နိုင်ပါသည်။ ။

Burmese dissidents in Mae Sot say Burma’s ruling military junta, the State Peace and Development Council, have opened a “gateway” for Karen National U

2009 May 17
tags: , , , , , ,
by peacerunning
SPDC offers KNU an open ‘gate’
by Daniel Pedersen on May.17, 2009,
Mae Sot, ThailandMay 17, 2009Burmese dissidents in Mae Sot say Burma’s ruling military junta, the State Peace and Development Council, have opened a “gateway” for Karen National Union soldiers looking to throw their lot in with the Burma Army.The source, from the Whole Burma United Revolutionary Front, which has claimed responsibility for recent bombings in Rangoon, said the “gateway” was close to the confluence of the Salween and Moei Rivers, to the north of a town known as Dakwin.There is a huge SPDC base camp at Kaukhnyat, to the north of Dakwin.The source said senior Burmese Army sources were feeding him information and the way would remain clear for KNU mutineers until the 2010 election.The area is in the KNLA’s Fifth Brigade region.On Sunday (May 17) the Xinhua News Agency reported that another 37 soldiers from the Karen National Liberation Army’s Sixth Brigade 201 battalion had defected to the SPDC.This battalion recently lost its headquarters, at Wah Lay Kee.The camp was besieged for 16 days before it was abandoned, when the KNLA found itself hopelessly outnumbered.Xinhua said the SPDC mouthpiece, The New Light of Myanmar, reported the defecting soldiers had taken 10 weapons with them and had been settled in Htot Kaw Ko village.Htot Kaw Ko is deep inside Burma, on the other side of the Dawna Mountain Range, and controlled by the militia warlord Htin Maung, who defected from the KNLA in 2006.The former KNLA Brigadier General, Htin Maung, allegedly stole all of KNLA Seventh Brigade’s money when he left, the unit of which he was commander.The soldiers alleged to have defected this weekend were under the command of Colonel Nerdah, who is currently thought to be in the north of Karen State, in Fifth Brigade.He could not be reached by telephone on Sunday for comment.Senior KNU sources said they thought Nerdah’s younger brother, Tay Lay, had probably played some role in the latest defections, if they had in fact occurred.ENDS

KNU Statement on Charges against Daw Aung San Suu Kyi


2009 May 17
tags: , , , , ,
by peacerunning
OFFICE OF THE SUPREME HEADQUARTERSKAREN NATIONAL UNIONKAWTHOOLEIMay 17, 2009
KNU Statement on Charges against Daw Aung San Suu Kyi
1. The US citizen, John W. Yettaw, who swam across Inya Lake and entered Daw Aung San Suu Kyi’s (Daw Suu) residence, is clearly a mentally unbalanced person. He should have been sent to a mental hospital for treatment and the security for Daw Suu should have been enhanced. Instead, the SPDC military dictatorship is accusing Daw Suu of protecting a criminal and preparing to subject her to a criminal trial, in the notorious Insein Jail.
2. For her activism to free the people of Burma from tyrannical and arbitrary rule, for winning the Nobel Peace laureate for her peace effort and for leading her party to win a landslide victory in the 1990 elections, Daw Suu has been unlawfully detained by the dictatorship, time and again, for 13 of the past 19 years. It is clear that the vengeful and hate-laden SPDC dictators are plotting to further extend the detention of her beyond the 2010 elections, they are preparing to hold.
3. Obviously, the SPDC is using the incident as an opportunity to cause even more harm to Daw Suu, similar to the attack on her and her entourage, at Depeyin. It is clear that under influence of the perverted ideology of total control, the SPDC dictators have no sense yet for national reconciliation, peace and justice.
4. We, the KNU, strongly condemn this vengeful and confrontational act by the SPDC dictatorship against the people’s leader, Daw Suu, and call upon it to release her and all the political prisoners immediately.
5. It is our perception that the dictatorship has been emboldened to the extent of committing crimes tantamount to crimes against humanity, time and again, by the policy of appeasement and pseudo-national reconciliation process promoted by some wooly-headed Burma experts, INGOs and opportunist groups.
6. In conclusion, we call upon justice and peace loving leaders of the world to concertedly push the SPDC military dictatorship onto the right tract of meaningful dialogue, with leaders of democratic and ethnic forces, for genuine national reconciliation, lasting peace and progress.
The Executive Committee Karen National Union

Monday, May 18, 2009

Generation Wave





























နအဖကိုတိုက်မယ်ဆိုရင်သိထားသင့်တယ်


Monday, May 18, 2009
မြို့ပြပြောက်ကျား စစ်ဆင်နည်းhttp://www.nguyinpyin.net/articel/Gar-myopha.pdf
UG အတွေ့အကြုံနှင့် သင်ခန်းစာhttp://www.nguyinpyin.net/2006/UG.swf
လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင် ရွက်နည်းhttp://www.nguyinpyin.net/2006/Spy.swf
M 16 ဖြုတ်တတ် ပြစ်ခတ်နည်းhttp://www.youtube.com/watch?v=zuJdtIDLsgo
AK 47 Ahttp://www.youtube.com/watch?v=LsH0XE_YKrU&feature=related M1http://www.youtube.com/watch?v=5RFm6h5qBZk&feature=related Bombhttp://www.youtube.com/watch?v=sXJ0kbZU_-U&feature=related Pistolhttp://www.youtube.com/watch?v=q-BUjO-KZD8&feature=related
40 mm or 70 mmhttp://www.youtube.com/watch?v=ikMfXFbMk9I&feature=related
RPJ 5http://www.youtube.com/watch?v=_aedIFyCQ_o&feature=related
Assault Rifles - G3, M16, AK47http://www.youtube.com/watch?v=2v3zCcvOb_E&feature=related
Ultimate colored smoke bombhttp://www.youtube.com/watch?v=qIUp4FCLX9I&feature=relatedhttp://www.youtube.com/watch?v=yuKN7dXIeR0&feature=relatedhttp://www.youtube.com/watch?v=rKYuBZq-wKA&feature=related
ဒါဏ်ရာရ ရဟန်းရှင်လူပြည်သူများအတွက် ရှေးဦးသူနာပြုစုနည်း
အပြင်းအထန် သွေးထွက်ဒါဏ်ယိုဖြစ်လာသောအခါ
ပထမဦးစွာ ဒါဏ်ရာကိုမကိုင်တွယ်မီ
လက်ကိုစင်ကြယ်စွာဆေးကြောပါ ။
ဖြစ်နိုင်ရင် လက်အိတ်ဝတ်ပါ။
ရောဂါပိုးတတ်နိုင်သလောက်မ၀င်အောင် ဖြစ်ပါတယ် ။
အကယ်လို့ ဒါဏ်ရာဟာ ၀မ်းဗိုက် ၊ ရင်ခေါင်း ပိုင်းတွင်ဖြစ်ပါက သတိရှိရန် ။ ကလီစာများထွက်သည်ထိဒါဏ်ရာပြင်းထန်လျှင် ကလီစာများကို ပြန်ထည့်သွင်းရန်မကြိုးစားပါနှင့် ။
အ၀တ်သန့်သန့်ဖြင့် အုပ်ထားကာထားပေးပါ။
လူနာကို ပက်လက်အနေအထားထားပါ ။
လူနာဧ။် ခေါင်းကို ကိုယ်ပိုင်း ခြေထောက်ပိုင်းထက် အနည်းငယ်နိမ့်ထားပါ ။
ဦးဏှောက်သို့သွေးရောက်မှသာ မေ့မြောသတိလစ်ခြင်းမဖြစ်မှာဖြစ်ပါသည် ။
ဒါဏ်ရာကို ဆေးကြောပါ ။
အသားစများ ၊ ဖုန်များ ၊ ရွှံ့များကို ဖယ်ရှားပစ်ပါ ။
သို့သော် အသားတွင်းနက်ရှိင်းစွာ စိုက်ဝင်နေသော အရာများကို ရုတ်တရက် ဖယ်မပစ်ရပါ ။ သွေးထွက်နည်းနိုင်သမျှနည်းစေရန် ဒါဏ်ရာကို ဖိအားဖြင့် ဖိပေးပါ ။
ပတ်တီး ၊ အ၀တ်သန့်သန့်ဖြင့် စည်းပေးပါ ။
မရှိလျှင် လက်ဖြင့်ဖိထားပေးပါ ။
သွေးတိတ်သွားတဲ့ထိ ဖိထားပေးပါ ။
အနည်းဆုံးမိနစ် ၂၀ လောက် အနာသွေးတိတ် မတိတ် မကြည့်ပဲ ဖိထားပေးပါ ။
ပတ်တီးကျပ်ကျပ်စည်းခြင်း ဖြင့် ဖိအားကိုထိန်းထားပေးနိုင်ပါသည် ။
ပတ်တီး ၊ အ၀တ်များ သွေးရွှဲနေလျှင် ဖယ်မပစ်ရ ။
ထိုအပေါ်တွင် သွေးစုပ်နိုင်သည့်အ၀တ် သို့မဟုတ် ပတ်တီးထပ်တင်ပေးနိုင်သည် ။
အထက်ပါအတိုင်းပြုစုပြီး သွေးမတိတ်သေးပါက ။
ဒါဏ်ရာရှိရာနေရာကိုသွေးထောက်ပံ့ပေးသော သွေးကြောမကြီးများကို ဖိပေးရန်လိုအပ်ပါသည် ။ သွေးတိတ်သွားလျှင် ဒါဏ်ရာရ အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းနိုင်သမျှနည်းအောင် ထိန်းထားပြီး အရေးပေါ်ဌာနကို အမြန်ဆုံးပို့သပါ ။
အတွင်းသွေးထွက်ဒါဏ်ရာဟုသံသယရှိလာပါက အရေးပေါ်သို့အမြန်ဆုံးပို့ရန်လိုပါသည် ။
X နား၊နှာခေါင်း ၊ စအို စသည်တို့မှ သွေးယိုခြင်း ။
X သွေးအန် ၊ ချောင်းဆိုး သွေးထွက်ခြင်း ။
X လည်ပင်း ၊ ရင်ဘတ် ၊ ၀မ်းဗိုက် တို့တွင် သွေးခြေဥခြင်း ။
X ဦးခေါင်း ၊ ရင်ဘတ် ၊ ၀မ်းဗိုက် တွင် ထိုးသွင်းဒါဏ်ရာရခြင်း။
X အရိုးကျိုးခြင်း ၊ကြေခြင်း
X ရှော့ခ်ဝင်ခြင်း ( လက်ဖျားခြေဖျား အေးခြင်း ၊ ရေငတ်ခြင်း ၊ အားပျော့သွားခြင်း ၊ စိတ်ပူပန်လာခြင်း တို့သည် ရှော့ခ် ဧ။် လက်ခဏာများဖြစ်သည် ) အထက်ပါလက်ခဏာများ ဖြစ်ပေါ်ခဲ့လျှင် အတွင်းသွေးထွက်ဒါဏ်ရာ ရနိုင်သည်ဟု သံသယရှိပါ။http://mr-jade.blogspot.com
Posted by ရဲရင့်(ကနေဒါ)

နအဖရဲ့  လုပ်ကြံဇတ်လမ်းကို တာဝန်သိ ပြည်သူတစ်ဦးက စတင် ထုတ်ဖေါ် ပြောဆိုပါပြီ။

မေလ (၂) ရက်နေ့က မြန်မာနိုင်ငံသို့ ရန်ကုန်လေဆိပ်မှ တဆင့်ရောက် ရှိလာပြီး ဟိုတယ်မှာတည်းတယ်။ နောက်နေ့ ညနေပိုင်းမှာ အင်းယားကန်အတွင်းမှ ရေးကူးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဘက်ကို ကူးခတ်သွားတာ ဖြစ်တယ်လို့  နအဖအင်တာနက် စာမျက်နှာကနေတစ်ဆင့် သတင်းလွှင်ခဲ့တဲ့ နအဖရဲ့  ဂျွန်ဝီလီယံယက်တောရဲ့  ဇတ်လမ်းဟာ လုပ်ကြံဇတ်လမ်းသာ ဖြစ်ပါတယ်။

ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ် (Asthma) ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်တယ်ဆိုတာ သူရဲ့  ဇနီးဖြစ်သူက ပြောပြထားပါတယ်။ ထို့ အပြင် ဂျွန်ဝီလီယံယက်တောဟာ ကြောက်တတ်သူဖြစ်ကြောင်းကိုလည်း ပြောပြထားပါတယ်။ နအဖဘက်က ပြောသလို ၅ လီတာဆန့် ရေဗူး အကူအညီယူပြီး ရေကူးသွားတယ်ဆိုတာဟာ အကြောင်းပြဖန်တီးမှုသာ ဖြစ်ပါတယ်။

ဒီလို ၅ လီတာဆန့် ရေဗူးနဲ့  ရေကူးသွားတယ်ဆိုတဲ့ နအဖဘက်က သတင်းကြားရတဲ့ သူ့ ရဲ့  ဇနီးကတောင် ပြောတာက - ဂျွန်ဝီလီယံယက်တောဟာ ပန်းနာရင်ကြပ်ရောဂါတင်မကဖူး ဆီးချိုရောဂါပါ ဖြစ်နေတာ၊ ဒါကြောင့် သူဘယ်လိုလုပ်ပြီး ရေကူးသွားနိုင်တယ်ဆိုတာ အံ့သြတယ်လို့  မယုံကြည်တဲ့ စကားပြောပါတယ်။ သူရဲ့ အနီးကပ်ဆုံး ဇနီးဖြစ်သူရဲ့ ပြောပြချက်ပေါ်မှာ မူတည်ရင် ဂျွန်ဝီလီယံယက်တောဟာ ကျန်းမာရေးအရရော စိတ်ပိုင်းဆိုင်ရာအရေရော ဘယ်လိုနည်းနဲ့ မှ ညအမှောင်ထဲမှာ အင်းယားကန်ထဲမှာ ရေကူးပြီးသွားတယ်ဆိုတာ မဖြစ်နိုင်ပါဖူး။ဒါဆိုရင် ဂျွန်ဝီလီယံယက်တော ရေကူးဝင်တာ မဟုတ်ရင် နအဖတွေ ဖန်တီးလုပ်ကြံတဲ့ဇတ်လမ်းဟာ အစကတည်းက မမှန်ဖူးဆိုတာပါဘဲ။ နအဖဘက်က အစီအစဉ်ကျကျ အကွက်ကျကျ ဖန်တီးပြီး ဒီဇတ်လမ်းကို ထွင်တာဆိုတာ အမှန်အတိုင်း ထွက်ပေါ်လာဖို့  လိုနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို မတရား အမှုလိမ်ပြီး ထောင်သွင်းအကျဉ်းချဖို့  လုပ်တဲ့ နအဖတို့ ရဲ့  လုပ်ရပ်ကို ပြည်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပါပြီ။ ဒီလို မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေထဲက အဖြစ်အပျက်အမှန်ကို ဖေါ်ထုတ်ပေးကြဖို့  လုပ်လာကြမယ်ဆိုတာ မလွှဲမသွေပါဘဲ။နအဖက ဂျွန်ဝီလီယံယက်တောကို အကြောင်းပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေလ (၁၄) ရက်နေ့ က အင်းစိန်ထောင်အတွင်း ခေါ်ဆောင်သွားကာ မတရား အမှုဆင်ပြီး အမှုစွဲဆိုကာ ပြန်မလွှတ်သေးဘဲ ထိန်းသိမ်းထားမှုသတင်းကို ကြားကြရတဲ့ ရန်ကုန်မြို့ က ပြည်သူလူထုတွေထဲက ထူးထူးခြားခြား ပြည်သူတစ်ဦးက သူကိုယ်တိုင် ကြုံတွေ့ သိခဲ့ရတဲ့ အဖြစ်အပျက်ကို အဆက်သွယ် စတင်လုပ်လာပါတယ်။ ဒီလို ဆက်သွယ်လာခဲ့တဲ့သူကတော့ ရန်ကုန်မြို့ က တက္ကစီကားမောင်းသူတစ်ဦး ဖြစ်ပါတယ်။ စစချင်း ဆက်သွယ်လာတဲ့အချိန်မှာ သူ့ အနေနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ပတ်သက်တာ သူပြောပြချင်ပါတယ်။ ဒီအတွက် သူဘယ်နေရာက စောင့်ဆိုင်းနေမှာ ဖြစ်ကြောင်းနဲ့  စိတ်ချယုံကြည်စွာ လာရောက်ဆက်သွယ်ပါလို့ ပြောပြီး၊ လာတဲ့အခါမှာ သွားရောက်တွေ့ ဆုံဆက်သွယ်ခဲ့ပါတယ်။

မေလ (၂) ရက်နေ့ မှာ သူနဲ့  ဂျွန်ဝီလီယံယက်တောနဲ့  ဘယ်လိုတွေ့ ဆုံပြီး ဘယ်နေရာဒေသကို ပို့ ဆောင်ပေးခဲ့ရတယ်ဆိုတာကို ပြောပြတဲ့အခါမှာ - သူ့ ရဲ့  တက္ကစီကားကို ဂျွန်ဝီလီယမ်ယက်တောက လေဆိပ်ကနေ ငှားရမ်းစီးလာခဲ့ကြောင်း၊ သူ့ အနေနဲ့  အမည်ကို ထိုအချိန်က မသိသော်လည်း ယခုအခါမှ သိသွားရတာ သတင်းတွေထဲမှာ ပုံပါလာတာကြောင့် သူ့ ပို့ ပေးခဲ့ရသူဟာ ဂျွန်ဝီလီယံယက်တောဖြစ်နေတာ သိရကြောင်းနဲ့  အခုလို ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်တာ သိရတဲ့အတွက် မခံမရပ်နိုင်ဖြစ်ကာ အသိပေးလိုတဲ့အတွက် အခုလို အရဲစွန့် ပြီး ပြောရတာဖြစ်ကြောင်း ပြောပြပါတယ်။

အဆိုပါ တက္ကစီကားမောင်းသူဟာ သူရဲ့ ပြောပြချက်တွေကို လုံးဝ အသံသွင်းတာ မလုပ်ဖို့  အစကတည်းက မှာထားခဲ့ပေမယ့် အခုကိစ္စဟာ အရေးကြီးတဲ့ ပြောဆိုချက်ဖြစ်နေတာကြောင့် သူရဲ့ ပြောကြားချက်နောက်ပိုင်းတွေကို အမှီရအောင် သေချာအောင် မေးမြန်းပြီး ဖုန်းကင်မရာကနေ တစ်ဆင့် မှတ်ခဲ့ရပါတယ်။ ခိုင်လုံသောသက်သေတစ်ခုအနေနဲ့  ရရှိနိုင်အောင် လုပ်ခဲ့ရပေမယ့် လုံခြုံရေးအန္တရာယ် စိုးရိမ်ရတဲ့ကြောင့် အဆိုပါ တက္ကစီသမားရဲ့  ရုပ်ပုံအပြည့်နဲ့  ကားနံပါတ်တွေကိုတော့ ဖေါ်ပြပေးမှာ မဟုတ်ပါဖူး။ ထို့ အတူ တွေ့ ဆုံခဲ့ရတဲ့သူတွေ ဘယ်သူတွေလည်းဆိုတာကို ယခုအချိန်မှာ လျှို့ ဝှက်ထားပေးပါတယ်။

သူ့ ရဲ့ ကားကို လေဆိပ်ကနေ စီနင်းလိုက်ပါလာပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ ကို ပို့ ပေးခဲ့ရကြောင်း၊ ဂျွန်ဝီလီယံယက်တောဟာ အန်တီစုအိမ်ရှေ့ ရောက်တဲ့အခါမှာ ခြံဂိတ်ဝမှာ စောင့်နေတဲ့ လုံခြုံရေးအစောင့်တွေကို ကဒ်ပြားအနီရောင်တစ်ခုထုတ်ပြတာ သူမြင်ရကြောင်း၊ အဲ့ဒီအခါမှာ လုံခြုံရေးတွေ ကိုယ်တိုင် အထဲကို ခေါ်သွင်းသွားတာကို သူမြင်ခဲ့ရတာကို ပြောပြပါတယ်။ သူ့ အနေနဲ့  အဲ့ဒီအချိန်က ရိုးရိုးသာမန်ဘဲ အောင်းမေ့ပြီး ဒီအဖြစ်အပျက်ကို အလေးအနက် မထားခဲ့မိကြောင်း ပြောပြပါတယ်။

အဆိုပါ တာဝန်သိပြည်သူတစ်ဦးဖြစ်တဲ့ တက္ကစီကားမောင်းသူရဲ့  ဒေါ်အောင်ဆန်းစုကြည်အပေါ် မတရားအမှုဆင် ထိန်းသိမ်းထားမှုအပေါ် မခံမရပ်နိုင်ဖြစ်ပြီး ပြောကြားလာခဲ့တာတွေကို ရသလောက် မှတ်တမ်းတင်ထားခဲ့ရတဲ့ မှတ်တမ်းတိုလေးကတော့ ဒီမှာပါ။

(ဒီမှာ ဖိုင်အတိုနှစ်ခုကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ ပြီးလျှင် VLC Media Player နဲ့  ပြန်ဖွင့်ပါ။ http://www.blogger.com/video-play.mp4?contentId=1be52114eb568674&type=video%2Fmp4http://www.blogger.com/video-play.mp4?contentId=e8815c87c983604c&type=video%2Fmp4) ။

ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ဖို့ အတွက် လုပ်ကြံဖန်တီးတဲ့ ဂျွန်ဝီလီယံယက်တောရဲ့  ရေကူးဇာတ်လမ်းဟာ လုံးဝမမှန်ဘဲ၊ ဂျွန်ဝီလီယံယက်တောဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်ခြံဝန်းအတွင်းကို နအဖလုံခြုံရေးအစောင့်တွေရဲ့  ခေါ်ဆောင်မှုနဲ့  ၀င်ရောက်သွားပြီး၊ လုံခြုံရေးအစောင့်တွေရဲ့  အကူအညီနဲ့  ပုန်အောင်းနေထိုင်ကာ၊ အင်းယားကန်ထဲကနေ ရေကူးဝင်လာတဲ့ ပုံစံကို ကြိုတင်ပြင်ဆင်ထားပြီးမှ နောက်နေ့ မနက် မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အိမ်မှာအတူ နေထိုင်သူတွေ တွေ့ မြင်တဲ့အခါမှာ သူရေကူးဝင်လာတာပါ၊ ရောဂါဝေဒနာနဲ့  အလွန်ပင်ပန်းနေပါတယ်၊ ဆာလောင်မွတ်သိပ်နေပါတယ်လို့  ပြောဆိုတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ဂျွန်ဝီလီယံယက်တောကနေ ခြံဂိတ်ဝမှာ ကဒ်ပြားအနီပြတာ၊ လုံခြုံရေးအစောင့်တွေက ခြံဝန်းအတွင်းကို ခေါ်သွင်းသွားတာ၊ ခြံဝန်းအတွင်းမှာ လုံခြုံရေးတွေရဲ့  အကူအညီနဲ့ ပုန်းအောင်းနေတာ၊ နောက်နေ့ မနက်ကျမှ ရေကူးဝင်လာတဲ့ပုံစံပြုလုပ်တာ ပြောဆိုတာတွေဟာ ကြိုတင်စီမံမှုပြုလုပ်ပြီး အကွက်ကျကျ စီစဉ်တယ်ဆိုတာ တွေ့ ရပါတယ်။ ဒီလို ကြံစီမှုကို အချိတ်အဆက်ရှိရှိ ဖန်တီးတာ လုံခြုံရေးအစောင့်တွေကို စီမံချက်နဲ့  အထက်ပိုင်းက ခိုင်းစေအမိန့် ပေးတဲ့ နအဖထိပ်ပိုင်းကဘဲ ဖြစ်တာ သေချာပါတယ်။

နောက်တစ်ခုအနေနဲ့  နအဖတွေရဲ့  မသင်္ကာဖွယ် လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းမှာ စောင့်နေကြတဲ့ လုံခြုံရေးအင်အားစုတွေကို အလျင်အမြန် ချက်ခြင်းဘဲ ပြန်ရုတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ဂျွန်ဝီလီယံယက်တော ရေကူးဝင်လာတာ မဟုတ်ဘဲ အဲ့ဒီနေ့ က တက္ကစီကားနဲ့  ရောက်လာပြီး ခြံဝင်းထဲကို ခေါ်သွင်းခဲ့တဲ့ကိစ္စ ပေါ်မှာစိုးလို့ အစဖြောက်တာပါဘဲ။ နအဖရဲ့  လုပ်ကြံဖန်တီးတဲ့ ဇတ်လမ်းရဲ့ အစဖြစ်တဲ့ ဂျွန်ဝီလီယံယက်တော ရေကူးဝင်တယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ပေါ်ထွက်လာပါပြီ။ နအဖတို့  အကွက်ကျကျ စီစဉ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမှုပါ။

ပြည်သူအပေါင်း သိရှိရအောင် ထုတ်ဖေါ်လိုက်ပါတယ်။ အဖြစ်အပျက်ကို ရဲဝန့်စွာ ပြောကြားလာပေးခဲ့တဲ့ တာဝန်သိ ပြည်သူတစ်ဦး ပီသသူ တက္ကစီကားမောင်းသမား မိတ်ဆွေအားလည်း ဒီနေရာက အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားအသိပေးလိုက်ပါတယ်။

စောစိန်မောင်ဌေးသည် KNU ဟောင်းမဟုတ်



ဖနိဒါ
စနေနေ့၊ မေလ 16 2009 19:21 - မြန်မာစံတော်ချိန်
ကရင်အမျိုးသား အစည်းအရုံး (KNU)တွင် ပြီးခဲ့သည့် မေလ ၁၃ရက်က စောထိန်မောင်နှင့် စောနေစိုးမြတို့ အဖွဲ့များ တည်ရှိရာ ထိုးကော်ထိုး ကျေးရွာသိှု့ ပူးပေါင်းသွားသည် ဆိုသည့် ဗိုလ်ကြီး စောစိန်မောင်ဌေး ဆိုသူမရှိကြောင်း KNU က ပြောဆိုလိုက်သည်။

ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဆိုသူသည် ကေအန်ယူ တပ်ရင်း ၂ဝ၁တွင် မရှိကြောင်း ကေအန်ယူမှ အတွင်းရေးမှူး(၁) ပဒိုစောလှငွေက ပြောသည်။ “ကျနော် ခုဘဲ စစ်ရုံးချုပ်က ဒုတာဝန်မှူးကို ဒီလူတွေနဲ့ ပတ်သက်လို့ ဘာမှ မရှိဘူးလို့ ပြောတာလဲ။ အဲဒီတပ်ရင်း ၂ဝ၁မှာ ဒီစောစိန်မောင်ဌေးဆိုတာ မရှိဘူး။ အဲဒီ တပ်ရင်းထဲက ထွက်တာ ဘယ်သူမှ မရှိဘူး။ ဒီအဖွဲ့တွေကို အတည်ပြုချက် မရှိဘူး”ဟု ပြောသည်။ “တချို့က ကေအန်ယူက ပတ်သက်ရာ ပတ်သက်ကြောင်း နယ်စပ်တလျောက်မှာ အရင် ထွက်သွားတဲ့ လူတွေလို စီးပွားရေးဆန်တဲ့ လူတွေပေါ့နော်။ လက်နက်ကတော့ ဖန်တီးယူလို့ ရတာဘဲ။ ရှင်းရှင်းပြောရရင် ဟိုဘက်ကို ပြမယ်ဆိုလို့ ရှိရင် နီးရာ ရှိရာ ငှားပြီးလုပ်ရင်လည်း ရတာဘဲလေ”ဟု ဆက်ပြောသည်။

လက်ရှိ ကေအန်ယူ၏ တပ်ရင်း ၂ဝ၁တွင် ဒု ဗိုလ်မှူးကြီး ဘူးဖော ထိုင်နေကာ တပ်ရင်း ၆ တွင် ဒု ဗိုလ်မှူးကြီး တင်လှိုင် ခေါ် မန်းတင်လှိုင်တို့ ဦးစီးလျက် ရှိသည်ဟု သိရသည်။ ကေအန်ယူ ဗဟိုတပ်ရင်း ၂ဝ၁မှ ဗိုလ်ကြီးအဆင့်ရှိ စောစိန်မောင်ဌေး ဦးစီးသည့် တပ်ရင်း ၂ဝ၁နှင့် တပ်ရင်း ၁၆မှ အဖွဲ့အင်အား ၁၄ဦး မိသားစုဝင် ၂၃ဦး စုစုပေါင်း ၃၇ဦး၊ လက်နက်ငယ် ၁ဝလက်နှင့် ခဲယမ်းမျိုးစုံနှင့်အတူ ပြီးခဲ့သည့် မေလ ၁၃ရက်နေ့က လက်နက်နှင့်အတူ ထို့ကော်ထိုးကျေးရွာသို့ ပူးပေါင်းသွားသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းတွင် ဖော်ပြထားသည်။

၂ဝဝ၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် အင်အားစုအချို့သည် KNU မှ ခွဲထွက်ပြီး KNU/KNLA ငြိမ်းချမ်းရေးကော်စီကို ထူထောင်ကာ ကော့ကရိတ်မြို့နယ် ထော့ကိုကိုး ကျေးရွာတွင် အခြေစိုက်သည်။ ပြီးခဲ့သည့် မတ်လ ၃ဝရက်နေ့မှ ဧပြီ ၄ရက်နေ့အထိ KNU/KNLA ဥက္ကဋ္ဌဟောင်း စောဘိုမြ၏သား ဗိုလ်ကြီး အဆင့်ရှိ စောနေစိုးမြ ဦးစီးသောအဖွဲ့ ထို့ကော်ကိုး ကျေးရွာသို့ လာရောက် ပူးပေါင်းခဲ့သည်။

ဗိုလ်ကြီး စောနေစိုးမြသည် ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် မပူးပေါင်းမီ နေပြည်တော်ရှိ စစ်အစိုးရ ခေါင်းဆောင်များနှင့် ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့သည်။ ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဇော်မင်းက တရားဥပဒေ ဘောင်အတွင်း ဝင်ရောက်လာသော စောနေစိုးမြ ဦးစီးအင်အား ၇၁ ဦး၊ မှီခိုသူ မိသားစုဝင် ၈၈ ဦး စုစုပေါင်းအင်အား ၁၅၉ ဦးတို့အား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့် နေအိမ်များ ဆောက်လုပ် နေရာချထားကြောင်း အစိုးရ၏ ဧပြီလ ၉ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။

“ရှင်းရှင်းပြောရရင် တပ်ကလဲ မဟုတ်ဘဲနဲ့ တပ်က မျက်နှာနဲ့ အဲဒီမှာ နီးစပ်ရာ နီးစပ်ကြောင်း ကေအန်ယူ အကြောင်းပြပြီး နေကြတဲ့ ပုဂ္ဂိုလ်တွေ ရှိကြတယ်။ ဒီလို အချိန်မှာ အရင်ထွက်သွားတဲ့ လူတွေကလည်း ကေအန်ယူအမည်ခံပြီး လာရင် တပ်စာရင်းထဲမှာ သွင်းမယ်။ ကျနော်က ဘယ်တပ်က မိသားစု ဘယ်လောက်နဲ့ လာပါသည်ဆိုပြီးတော့ အခွင့်ထူးတွေ ယူနေမယ်။ နအဖလဲ ဝါဒဖြန့်ချီရေးလုပ်နေတဲ့အချိန် သူတို့ကလည်း ငွေရတော့ အဲဒီ အကြံကြောင့်ဘဲလို့ ထင်တယ်”ဟု ပဒိုစောလှငွေက ပြောသည်။ “ကျနော်ကတော့ တော်လှန်ရေးမှာလဲ သမားမဟုတ်ဘဲ အယောင်ဆောင်နေတဲ့ တော်လှန်ရေးသမား ပေါင်းလုပ်စားနေသူတွေလည်း ရှိတယ်ဆိုတာကိုဘဲ ခွဲခြား သိမြင်ဖို့ လိုတယ်”ဟု ပြောသည်။

Foreign diplomats shows support to Aung San Suu Kyi

Monday, 18 May 2009 12:35An European diplomat, who along with Ambassadors from the United Kingdom, Italy, Germany, France and Australia tried to enter Insein prison, told Mizzima that they wanted to show support and solidarity for Aung San Suu Kyi but were barred from entering. “I wanted to show my support to Aung San Suu Kyi and her lawyers and the ambassadors wanted to do so as well. I don’t think they would have allowed us inside the prison but we wanted to be outside the prison,” the diplomat, who wished not to be named, told Mizzima.The diplomat said, “The general feeling is that we are disturbed about what is happening and what the consequences of the trial might be,” the diplomat said....................................................................................................
Activists protest in JakartaMonday, 18 May 2009 12:34Jakarta – At least 15 Indonesian activists on Monday staged a demonstration in front of the Burmese embassy in Jakarta, calling on the Burmese junta to immediately release Aung San Suu Kyi, currently facing trial in Rangoon’s Insein prison court.“We urge the Burmese regime to release Aung San Suu Kyi and all political prisoners in Burma,” a protestor called Swan Paru, who is a member of the Indonesian Civil Society for solidarity for Burma, told Mizzima.Demonstrators began protesting at 11 a.m (local time) and held aloft posters reading ‘Free Aung San Suu Kyi and Free Burma’. Paru said they called on the international community to take immediate action against the junta to release the Nobel Peace Laureate Aung San Suu Kyi.Activists around the world have dubbed Monday the “Global Day of Action’ for Burma and are set to hold protests in front of Burmese embassies across the world condemning the junta for the trial of Aung San Suu Kyi.Reporting by John Moe in Jakarta...................................................................................................
Youth distributing ribbons arrestedMonday, 18 May 2009 12:04A youth member of the National League for Democracy (NLD) from Shwe Pyithar Township, who was distributing black ribbons near Insein bazaar was arrested by police on Monday morning....................................................................................................
Foreign envoys barred from entering Insein prisonMonday, 18 May 2009 12:02Ambassadors and diplomats from the Rangoon-based British, French, German, Italian and Australian embassies have been barred from entering Insein prison, where a special court will conduct a trial against Burmese democracy icon Aung San Suu Kyi, reports said....................................................................................................
Telephone lines cut-offMonday, 18 May 2009 12:00Rangoon-based journalists said several telephone lines have been cut-off since Sunday night, and outgoing calls can be made only from a few mobiles phones.As roads to Insein prison remain closed, vehicles coming to Insein township are forced to make a detour from the Minglardon-Pyi Road....................................................................................................
Belgium condemns Burmese juntaMonday, 18 May 2009 11:58The Foreign Minister of Belgium Karel De Gucht has condemned Burma’s ruling military junta for putting pro-democracy leader Aung San Suu Kyi on trial, joining the chorus from the international community in castigating the junta.“Everything makes me think that the regime is looking for a reason to keep her in detention, and far from any elections process,” Mr De Gucht said in a statement on Friday.“It is a compulsory condition to establish a process of National Reconciliation, which is necessary before the elections planned for 2010” the Minister said....................................................................................................
Youths versus pro-junta group membersMonday, 18 May 2009 11:11Despite road blockades several people gathered near the notorious Insein prison and about 30 youths were able to reach near the jail.But about 50 members of the pro-junta civilian group, the Union Solidarity and Development Association (USDA), lay in wait for the youths. Reportedly internet connection in Rangoon was cut earlier this morning...................................................................................................
Aung San Suu Kyi’s lawyers enter Insein prisonMonday, 18 May 2009 10:51Aung San Suu Kyi’s defence counsels Kyi Win, Khin Htay Kywe and Hla Myo Myint were seen entering Insein prison at 8:30 a.m (local time). ..................................................................................................
Yettaw should be sent to “mental hospital” : KNUMonday, 18 May 2009 10:44 Instead of sending John William Yettaw, who intruded into Aung San Suu Kyi’s residence, to a mental hospital, the ruling junta is using him in its machinations to continue detaining the pro-democracy, an armed rebel group said.In a statement on Sunday, the Karen National Union, an ethnic armed group, said the junta must understand that the action of Yettaw, who allegedly swam across Innya lake and broke into Suu Kyi’s home, clearly proves that he is insane and needs medical care. The regime shoul step up security around Aung San Suu Kyi’s house.But the junta’s act of charging the pro-democracy leader and putting her on trial proves that the regime with vengeful and hate-ridden motives is plotting to further extend her detention beyond the 2010 elections that they are preparing to hold, the KNU said.This also proves that the ruling junta “has no desire yet for national reconciliation, peace and justice,” the KNU said...................................................................................................
Roads blocked in Insein ahead of pro-democracy leader's trial Monday, 18 May 2009 10:34 Burmese military junta authorities have put in place tight security along the roads in Rangoon with armed soldiers blocking roads with barricades in a move not to allow crowds to gather ahead of the pro-democracy leader Aung San Suu Kyi's trial on Monday.Burmese military junta authorities have put in place tight security along the roads in Rangoon with armed soldiers blocking roads with barricades in a move not to allow crowds to gather ahead of the pro-democracy leader Aung San Suu Kyi's trial on Monday.Eyewitnesses said, red-ribboned special security forces are swarming everywhere on the main road in front of the notorious Insein jail and lanes nearby.Besides, members of the pro-junta civilian groups – Swan Arrshin – are also seen standing by in light-trucks, ready to act at the slightest indication that may indicate that people are gathering.

Tight security for trial of Myanmar's Aung San Suu Kyi

Posted: 18 May 2009 1129 hrs

Myanmar soldiers man roadblocks in Yangon near the home of Aung San Suu Kyi.

YANGON: Myanmar police set up barbed wire barricades on Monday around a notorious prison where democracy icon Aung San Suu Kyi was set to stand trial on charges that she sheltered a US man who swam to her home.

Police in riot gear and plainclothes security men blocked off all roads leading to the jail near Yangon, while several dozen sympathisers stood at the cordon to show support for the Nobel Peace Prize winner.

The 63-year-old faces up to five years in jail and could be barred from standing in elections next year if convicted of violating her house arrest at the trial, which has been condemned by the international community.

Her lawyer said she would protest her innocence at the hearing to be held behind closed doors inside the sprawling jail compound where Aung San Suu Kyi has been kept since Thursday.

"Daw Aung San Suu Kyi has studied the section of the law under which she was charged and says that she didn't commit any crime," lawyer Kyi Win told AFP. Daw is a term of respect in the Burmese language.

He said that the blame lay with John Yettaw, an eccentric American who crossed a lake to reach her home earlier this month and then spent two nights there, leading to the charges against Aung San Suu Kyi.

"She just felt sorry for this man as he had leg cramps after he swam across the lake. That's why she allowed him to stay," Kyi Win said.

He said Yettaw had also come to the house in 2008, but that the two political assistants who live with Aung San Suu Kyi had asked him to go back, adding that her doctor had informed authorities about the earlier visit at the time.

Aung San Suu Kyi, Yettaw and the two assistants – who have formerly been described as maids – would all appear in court on Monday for the opening of the trial, Kyi Win said.

It was not immediately known how long the trial would take.

Aung San Suu Kyi has spent most of the last 19 years in detention since the junta, headed by reclusive Senior General Than Shwe, refused to let her take power after her party won Myanmar's last democratic elections in 1990.

Her latest six-year period of detention was due to expire on May 27, but
Yettaw's visit has apparently provided the junta with the ammunition it needs to extend her detention past the elections scheduled for 2010.

Critics say the polls are a sham that the junta hopes to use to gain legitimacy, erase the results of the 1990 polls won by her National League for Democracy party and consolidate the military's grip on power.

Under a constitution forced through last year, Aung San Suu Kyi is already barred from becoming president after the elections as she had children with her British husband Michael Aris, an academic who died in 1999.

The constitution also bars those convicted of criminal offences from standing in elections.

But analysts say the junta's determination to keep her locked up shows that they still perceive the soft-spoken activist as a major threat to their iron rule over Myanmar, which has been controlled by the military since 1962.

Several protests were planned in major Asian cities including Bangkok and Hong Kong in support of Aung San Suu Kyi.

US President Barack Obama formally extended sanctions against Myanmar on Friday, despite an official US review of policy on the country, which is also known as Burma.

There has however been no official statement from the Association of Southeast Asian Nations, of which Myanmar is a member, although Indonesia, Thailand, Singapore and the Philippines have issued separate condemnations.

China, one of Myanmar's closest backers, and India have also remained silent while, among other Asian powers, Japan has called for Aung San Suu Kyi's release.