Saturday, June 6, 2009

Asylum in Japan: Protection, Assistance and Integration


15 May 2009, U Thant Hall, UNU
The Ministry of Foreign Affairs and the Office of UNHCR in Japan have organised this symposium to discuss issues relating to asylum in Japan. The keynote speeches will be delivered by Mrs Sadako Ogata, Mr Ichiro Aisawa, Member of the House of Representatives and the Assistant High Commissioner for Refugees for Protection, Ms. Erika Feller.

ကေအန်ယူတပ်မဟာ (၇) ကို နအဖနှင့် ဒီကေဘီအေ ထိုးစစ်ဆင်


Friday, June 5, 2009

NEJ / ၅ ဇွန် ၂၀၀၉ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို မြန်မာစစ်တပ်နှင့် ဒီကေဘီအေတပ်ဖွဲ့များက ထိုးစစ်ဆင်သိမ်းပိုက်နိုင်ရန်အတွက် စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသတွင်းကျေးရွာများမှ ရွာသား (၂,၀၀၀) ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာကြသည်။
တပ်မဟာ (၇) ဒေသ ဘားအံခရိုင်အတွင်းရှိ လယ်ပေါ်ဟဲ ပြည်တွင်းဒုက္ခသည်စခန်းဥက္ကဋ္ဌ စောတာဆူးညားက “ဒီကေဘီအေနဲ့ နအဖစစ်တပ်နှိပ်စက်လို့ လှိုင်းဘွဲ့နဲ့ ပိုင်ကျုံမြို့နယ်အတွင်းမှာရှိတဲ့ ရွာ (၂၀) ကလူတွေ ကျနော်တို့စခန်းကို ရောက်လာတာ အခုဆိုရင် (၁,၂၆၄) ဦးရှိသွားပြီ။ အူးသူးထ၊ နောင်ဘိုးနဲ့ မဲ့စလေမှာ ရောက်နေတဲ့လူတွေပါ ဆိုရင် (၂,၀၀၀) လောက်ရှိသွားပြီ။ တချို့ထိုင်းဘက်ရောက်သွားတာ (၁,၀၀၀) လောက်ရှိတယ်” ဟု ပြောသည်။တပ်မဟာ (၇) ဒေသတည်ရှိရာ နယ်စပ်ထိုင်းဘက်ခြမ်းသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ်တွင်ရှိပြီး ထိုင်းဘက်ခြမ်းသို့ ခိုလှုံလာကြသည့် ရွာသားများကို ၎င်းမြို့နယ် အာဏာပိုင်များက တစုံတရာကန့်ကွက်ခြင်းမရှိဘဲ ထိုင်းဘက်ခြမ်းတွင် ယာယီခိုလှုံခွင့်ပြုထားကာ ထိုင်းကျန်းမာရေးအဖွဲ့များကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ်ဂျော်နီက “နအဖတပ်မ (၂၂) လက်အောက်ခံတပ်နဲ့ ဒီကေဘီအေ (၉၉၉၊ ၅၅၅၊ ၃၃၃) တပ်တွေပေါင်းပြီး ကျနော်တို့ကို ထိုးစစ်ဆင်ဖို့ အင်အားတွေ စုတော့ ရွာသားတွေဟာ သူ့တို့ဒဏ်မခံနိုင်တော့ ထွက်ပြေးလာရတာဖြစ်တယ်။ ကျနော်တို့ဒေသမှာ ရန်သူဟာ တပ်အင်အားအလုံးအရင်းချထားပြီးဖြစ်တယ်။ ဒါကြောင့် ဒီညမဟုတ်ရင် မနက်ဖြန် တိုက်ပွဲတွေ နယ်စပ်တလျှောက်မှာ အကြီးအကျယ်ဖြစ်နိုင်တယ်” ဟု ပြောသည်။ယခုအခါ ၎င်းနယ်စပ်တလျှောက်တွင် ထိုင်းဘက်မှ လုံခြုံရေးတပ်ဖွဲ့များ တိုးမြှင့်ချထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက “အခုလက်ရှိရွာသားတွေ လာနေတာ ကျနော်တို့နေရာ တခုတည်းပဲ လေးငါးရာ လောက် ရှိပြီ။ အခြားနေရာတွေ မပါသေးဘူး။ ဒီလူတွေက သူတို့နယ်မှာ အခြေအနေကောင်းသွားရင် ပြန်ကြမယ့်လူတွေပါ။ ဒီလိုအခြေအနေဖြစ်တော့ အများစု ကလေးတွေ ဒုက္ခဖြစ်ကြရတယ်” ဟု ပြောသည်။
နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာသဖြင့် တပ်မဟာ (၇) ဌာနချုပ်သည် တန်ပြန်ထိုးစစ်ဆင်ရန်အတွက် လက်အောက်ခံတပ်ရင်းတပ်ဖွဲ့များအား တပ်လှန့်ထားသည်ဟု သိရှိရသည်။ယခုနောက်ဆုံးရရှိသည့် သတင်းအရ လယ်ပေါ်ဟဲပြည်တွင်း ဒုက္ခသည်စခန်းကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ဟု သိရှိရသဖြင့် ၎င်းစခန်းတွင် နေထိုင်သည့် စစ်ပြေးဒုက္ခ (၁,၂၆၄) ဦးတို့သည် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း သိရသည်။

Friday, June 5, 2009

နအဖတွေကေအန်ယူတပ်မဟာ(၇)ကိုဒီကေဘီနှင့်ပေါင်းထိုးစစ်ဆင်


NEJ / ၄ ဇွန် ၂၀၀၉

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) တပ်မဟာ (၇) ဘားအံခရိုင်ဒေသကို နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ရန် အင်အားဖြည့်တင်းလာသောကြောင့် မိမိတို့တပ်ရင်းတပ်ဖွဲ့ အသီးသီးကို တပ်လှန့်ထား ကြောင်း တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီက ပြောသည်။ယမန်နေ့က နအဖတပ်မ (၂၂) လက်အောက်ခံ တပ်အချို့နှင့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များသည် တပ်မဟာ (၇) ဌာနချုပ်အနီးသို့ ထိုးစစ်ဆင်ရန် ချဉ်းကပ် လာသောကြောင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ပြီး နအဖနှင့် ဒီကေဘီအေဘက်မှ တဦးကျဆုံးပြီး (၃) ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။တပ်မဟာ (၇) မှူးက “မနေ့မနက် (၁၁) နာရီမှာတကြိမ်၊ မွန်းလွဲ (၃) နာရီမှာတကြိမ်၊ တိုက်ပွဲ (၂) ခါဖြစ်တယ်။ သူတို့ဘက်က တယောက်ကျပြီး (၃) ယောက် ဒဏ်ရာရတယ်။ ကျနော်တို့ဘက်ကတော့ ထိခိုက်ကျဆုံးတာ မရှိဘူး။ အခုလည်း သူတို့အင်အားတွေ ထပ်ဖြည့်နေတယ်။ အဓိက တပ်မဟာ (၇) ဒေသကို တိုက်ခိုက်ဖို့ပဲ။ ကျနော်တို့ ကတော့ ခုခံစစ်ကို ဆင်နွှဲသွားမှာပဲ။ သူတို့လာတိုက်တာကို မခုခံလို့ ဘယ်ဖြစ်မှာလဲ" ဟု ခေတ်ပြိုင်သို့ပြောသည်။နအဖအနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းသရွေ့ကာလပတ်လုံး နိုင်ငံရေးပြဿနာများ ဆက်လက်ကြီးထွားနေမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရကြောင်း ၎င်းက ပြောသည်။ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ရှေ့ပြေးအဖြစ်တက်လာသည့် ဒီကေဘီအေ (၉၉၉) တပ်ဖွဲ့ဝင်များ၏ တပ်ရင်းရုံးသို့ ဆက်သွယ်မေးမြန်းရာ အရာရှိငယ်တဦးက ယခုကိစ္စနှင့်ပတ်သက်၍ မသိရှိကြောင်း ပြောသည်။၁၉၉၄ ခုနှစ်ကုန်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှခွဲထွက်ပြီး နအဖကျောထောက်နောက်ခံဖြင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့ (ဒီကေဘီအေ) ကို ဘုန်းတော်ကြီး ဦးသုဇန ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။ယင်းအဖွဲ့တွင် လက်နက်ကိုင်အင်အား (၃,၀၀၀) ခန့်ရှိသည်ဟု သိရပြီး နအဖနှင့်ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လာမည့်နှစ်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည့် နအဖ၏ အစီအမံကို ပထမဆုံး ကြိုဆိုထောက်ခံသည့်အဖွဲ့ဖြစ်သည်။

ဝီရ / ၄ ဇွန် ၂၀၀၉

ကရင်နီပြည်တွင် အပစ်ရပ်အဖွဲ့များအနက် အင်အားအတောင့်တင်းဆုံး ဖြစ်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ရွေးကောက်ပွဲ ဝင်ရေး ကမ်းလှမ်းချက်အား လက်ခံလိုက်ပြီးသည့်နောက် အင်အားချည့်နဲ့သော ကျန်အဖွဲ့ငယ်များကလည်း အလားတူ လိုက်လံဆောင်ရွက်ကြရန်သာ ရှိကြောင်း ကလလတအဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူတဦးက ပြောသည်။




“ဦးထွန်းကျော်က ကရင်နီအပစ်ရပ်အဖွဲ့တွေထဲမှာ သြဇာအရှိဆုံးပေါ့။ စီးပွားရေးအပိုင်းမှာလည်း အတောင့်တင်းဆုံးပဲ။ ဦးတေဇနဲ့ ဆက်စပ်ပြီး ဒီကရင်နီပြည်ထဲက အဖိုးတန် သယံဇာတတွေနဲ့ အခြေခိုင်နေတော့ သူ့ရှေ့ရေးကလည်း အဲဒီအပေါ်မှာ မူတည်နေတယ်။ နယ်ခြားစောင့်တပ်ပြောင်းဖို့ အလွယ်တကူပဲ လက်ခံခဲ့တယ်။ လွန်ခဲ့တဲ့မေလက သဘောတူညီမှု ရခဲ့တာပေါ့” ဟု ၎င်းက ပြောသည်။ကရင်နီပြည်နယ်အတွင်း လှုပ်ရှားနေသော အပစ်ရပ်လက်နက်ချသည့် အဖွဲ့အားလုံး (၅) ဖွဲ့ ရှိသည်။ ထိုအဖွဲ့များမှာ ခန့်မှန်းအင်အား (၁,၆၀၀) ခန့် ရှိသော ဦးထွန်းကျော် ဦးဆောင်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး၊ လက်ရှိအင်အား (၆၀၀) ခန့်ရှိသော ဦးသန်းစိုးနိုင်နှင့် သန်းပလန်တို့ ဦးဆောင်သည့် ကယန်းပြည်သစ်ပါတီနှင့် အင်အား (၁၀၀) အောက်ရှိ အခြားအပစ်ရပ် အဖွဲ့ငယ် (၃) ဖွဲ့တို့ ဖြစ်သည်။အင်အားကြီးအဖွဲ့ဖြစ်သည့် ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်များကို လက်ခံလိုက်သဖြင့် အင်အားချည့်နဲ့ သော အဖွဲ့ငယ်လေးများကလည်း အလိုအလျောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် လက်ခံရမယ့် အနေအထား ရှိနေသည်ဟုလည်း ကရင်နီသတင်းအေဂျင်စီ ကန္တာရ၀တီတိုင်း(မ်)မှ အယ်ဒီတာတဦး ဖြစ်သူ ကိုစေးရယ်စိုးက ပြောသည်။အဆိုပါ အဖွဲ့များမှာ ဒီမောဆိုမြို့နယ်၊ ဒေါတမကြီး၊ အမှတ် (၂) ခရိုင်၊ မောချီးဒေသ၊ ဘောလခဲအရှေ့ဘက်ခြမ်း အခြေစိုက် ဗိုလ်လီးရယ် ဦးဆောင်သည့် နဂါးအဖွဲ့ (ကေအန်ဒီပီ) အဖွဲ့၊ အမှတ် (၃) ခရိုင် ဟိုဟာအဖွဲ့ (ဦးဂိုရီ ဦးဆောင်) နှင့် အမှတ် (၂) ခရိုင် မောချီးဒေသ အခြေစိုက် ကရင်နီသွေးစည်းညီညွတ်ရေးအဖွဲ့(ကေအန်အက်စ်အို) တို့ဖြစ်သည်။




ကိုစေးရယ်စိုးက “ဒီအဖွဲ့ (၃) ဖွဲ့က အင်အားနည်းတာကြောင့်ရယ်၊ ပြီးတော့ နယ်မြေတွေကိုလည်း နအဖတို့က စီစဉ်ထားပေးပြီးသားဆိုတော့ နအဖ ကမ်းလှမ်းသလို လိုက်လုပ်ရမယ့် အနေအထားမှာပါ။ ဟိုဟာအဖွဲ့တို့ဆိုလို့ရှိရင် ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့အတွက် အဆင့်မရှိသလောက် ဖြစ်နေတယ်။ သူတို့အဖွဲ့တွေကို နအဖကလည်း ဖိအားပေးထားပြီးသားဆိုတော့လေ” ဟု ခေတ်ပြိုင်သို့ ပြောသည်။နဂါးအဖွဲ့ ခေါ် ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ (ကေအန်ဒီပီ) သည် ပြီးခဲ့သည့် ၂ဝဝ၈ ခု စက်တင်ဘာတွင် နအဖ စစ်အစိုးရ၏ လက်နက်သိမ်းဆည်းခြင်း ခံရသည့်အဖွဲ့ ဖြစ်သည်။ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးက နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်ခြင်းသည် အောက်ခြေအဆင့် အင်အားစုများကို ထိန်းသိမ်းသွားနိုင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ဝင်တဦးက ပြောသည်။သို့သော် ကယန်းပြည်သစ်ပါတီ (ကေအန်အယ်လ်ပီ) ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးကို လက်မခံကြောင်း ကြေညာထားပြီး ပါတီအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်သော်လည်း အရပ်သားပါတီအဖြစ် ဝင်ပြိုင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။ကလလတ အဖွဲ့က နအဖ၏ ကမ်းလှမ်းချက်ကို လက်ခံလိုက်ခြင်းသည် ယင်းအဖွဲ့မှ ခေါင်းဆောင်အချို့က ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် လက်ခံလိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများရှိနေပြီး ခေါင်းဆောင်ဖြစ်သူ ဦးထွန်းကျော်သည် မြန်မာပြည်တွင်သာမက စင်ကာပူနှင့် ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် အိုးအိမ်များရှိကြောင်း မယ်ဟောင် ဆောင်နယ်စပ်မှ ကလလတ အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

တပ်မဟာ ၇နယ်မြေတွင် ကေအဲန်အယ်လ်အေနှင့် နအဖ တိုက်ပွဲဖြစ်ပွား


ယနေ့ မွန်းတည့်ပိုင်းအချိန်က ကေအဲန်ယူ တပ်မဟာ ၇ တပ်ရင်း ၂၂နှင့် နအဖခြေ မြန်တပ်ရင်း ၂၀၂တို့ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေး တနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။အသေအပျောက် အကျအဆုံး မသိရ သေးသော်လည်း လွန်ခဲ့သည့် နှစ်ရက်ခန့် ကတည်းက နအဖအင်အား ၂၀၀ကျော်က ကေအဲန်ယူ တပ်မဟာ ၇ တပ်ရင်း ၂၂နှင့် တပ်ရင်း ၂၁ကို လာရောက်တိုက်ခိုက်နိုင် ရန် ကြိုတင်ရောက်ရှိထားသည်ဟု စုံစမ်း သိရှိရသည်။ နောက်ဆုံးသတင်းအရ တိုက်ပွဲကြောင့် ဒုက္ခသည်အများအပြား ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာရသည်။ ယခုအခါ နအဖတပ်ရင်း ၂၀၂တပ်အပြင် အခြားတပ်များနှင့် အားဖြည့်လျက်ရှိပြီး ထိုအထဲတွင် ဒီကေ ဘီအေတပ်များလည်း ပါဝင်သည်ဟု သိရှိရသည်။ သတင်း-အဲခေါင်သောင့်

update/batallian21 by Kwekalu Karen News


CDCကျောင်းဆောင်သစ်ဖွင့်ပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား







Wednesday, June 3, 2009


ဗိုလ်ချုပ်များ ဒေါသထွက်နေကြလေပြီ

Monday, 01 June 2009 13:55 ကျော်စွာမိုး
တရားစွဲဆို ခုံရုံးတင်ခံနေရဆဲ ကာလ၌ပင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ချုပ်နှောင်ထားသည့် အာဏာလက်စောင်း ထက်လှပါသည် ဆိုသော စစ်ဗိုလ်ချုပ်များကို ပို၍ ဒေါသ ထွက်လာစေရေန် ၊ ပို၍ ခါးသီးမုန်းတီးစရာ ဖြစ်လာစေရန် လုပ်နိုင်သည့် အစွမ်းရှိနေသေးသည်။ ယခုအခါ စစ်ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကြောင့်သာမဟုတ်၊ အိမ်နီးချင်းထိုင်းနိုင်ငံအပေါ် လည်း အမျက်ထွက်နေကြပေပြီ။ ယခုအခါ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူထားရသူ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုနေသည့်ကိစ္စ၊ ချုပ်နှောင်ထားသည့်ကိစ္စများအပေါ် မျှတစွာဝေဖန်သော ကြေညာချက်ထုတ်ခဲ့သည့်အပေါ် ဗိုလ်ချုပ်များက မခံမရပ်နိုင် ဖြစ်နေကြခြင်း ဖြစ်သည်။စင်္ကာပူ၊ ထိုင်းနိုင်ငံနှင့် ရုရှားနိုင်ငံများမှ သံအမတ်ကြီးများနှင့် လွန်ခဲ့သည့်အပတ်က အင်းစိန်ထောင်ဝင်းအတွင်း ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပြုခဲ့ရာ၌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ သံအမတ်ကြီးကို နောင် လာမည့်တနေ့တွင် အာဆီယံ အဖွဲ့နှင့် လက်တွဲလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောခဲ့သည်။ဤသို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ခြင်းအပေါ် မြန်မာဗိုလ်ချုပ်များက မည်သို့ အဓိပ္ပာယ်ဖွင့်ကြမည်နည်း။ဒေသဆိုင်ရာအဖွဲ့နှင့် အလုပ်ပူးတွဲ လုပ်ကိုင်မည်ဆိုခြင်းသည် ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်တယောက်ဖြစ် လာမည်၊ သို့မဟုတ် မြန်မာအစိုးရတွင်းမှ အရာရှိကြီးတဦး ဖြစ်လာမည်ဟု ဆိုခြင်းပေလော။ အာဏာကိစ္စနှင့် ပတ်သက်လာ လျှင် အကဲဆတ်ကြသူ ဗိုလ်ချုပ်ကြီးများအတွက် ယခုပြောဆိုချက်မျှကိုပင် အာခံသည့်စကားဟု မှတ်ယူကြပေလိမ့်မည်။ သူတို့၏အာဏာကို စိန်ခေါ်မှုအဖြစ် မြင်ကြပေလိမ့်မည်။သူတို့က ဤကဲ့သို့ပင် စဉ်းစား၍နေနိုင်သည်။ "ကြည့်ပါဦး၊ အခုလို ဥပဒေကိုချိုးဖောက်ထားတဲ့ တရားခံ တဦးက ဒီစကားမျိုး ပြောရဲလေတယ်၊ အခု တရားခွင်မှာ ရင်ဆိုင်ပေတော့" ဟု ဆိုနိုင်သည်။ ရန်ကုန်အခြေစိုက် သံအရာရှိများကို နှစ်ကြိမ်မျှ တရားခွင်တွင် လေ့လာခွင့်ပြုခဲ့သည်ပင် နောက်ဆုံး သူတို့အတွက် အကျိုး ယုတ်စရာ ဖြစ်စေခဲ့သည်။ စစ်အစိုးရက တဘက်တွင် ပွင့်လင်းစွာလုပ်ဆောင်နေပါသည်ဟု မြင် စေလိုပြီး၊ ဥပဒေကြောင်း အရ မှန်မှန်ကန်ကန် ဆောင်ရွက်နေသည်ဟုလည်း အသွင်ပေါက်စေလိုသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပေးလာသည့် အခြေအနေကိုပင် နိုင်ငံရေးစင်မြင့်အဖြစ် အသုံးချခဲ့သည်။ အသက် ၆၃ နှစ် အရွယ်ရှိ ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင်က သံအရာရှိများကို ပြောဆိုခဲ့ရာတွင် "အကယ်၍ သက်ဆိုင်ရာ အဖွဲ့ အစည်းအသီးသီးကသာ ဆန္ဒရှိကြမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်" ဟု ပြောခဲ့ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ စင်္ကာပူသံအမတ်ကြီးက ဒေါ်စုနှင့် အင်းစိန်ထောင်အတွင်း တွေ့ဆုံခွင့်ရခဲ့သူများတွင် တဦး အပါအ၀င်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်က "ယခုလို ကံမကောင်းအကြောင်းမလှ၍ ဖြစ်ရသည့် ဖြစ်ရပ်မှနေ၍ ရလဒ်ကောင်းတခုခု ထွက်ပေါ်လာစေရန် အချိန်မနှောင်းသေးကြောင်း" သူ၏အမြင်ကို ပြောခဲ့သေးသည်။ အမေရိကန် နိုင်ငံသား ဂျွန် ၀ီလျံ ယက်ထောက အင်းလျား ကန်ကို ဖြတ်၍ သူ့နေအိမ်အတွင်း ခိုးဝင်ခဲ့သည့်ကိစ္စအပြီး ယခုကဲ့သို့ တရားစွဲဆိုခံရသည့်အပေါ် ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ စစ်အစိုးရဘက်ကတော့ ဤကိစ္စအပေါ် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားသည့် ကန့်သတ်ချက်များအား ချိုးဖောက် ကျူးလွန်သည်ဟု စွဲဆိုနေပါသည်။ ဒေါသအမျက်သိုနေကြသည့် မြန်မာဗိုလ်ချုပ်ကြီးများက မေလ ၁၈ ရက်နေ့က ထုတ်ပြန်လိုက်သော ထိုင်းနိုင်ငံ၏ ထုတ်ပြန် ကြေညာချက်ကိုလည်း ငြင်းဆို ပယ်ချခဲ့ကြ သည်။ သူတို့က"အလှည့်ကျ ဥက္ကဌ အဖြစ် ထိုင်းနိုင်ငံက ထုတ်ပြန်ကြေညာချက်သည် အာဆီယံပဋိညာဉ်စာတမ်းပါ မူဝါဒများမှ သွေဖည်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရာကျ ကြောင်း"ဟု ပြောဆို ပယ်ချခဲ့ကြသည်။ အကယ်၍ ကြေညာချက်ထုတ်မည်ဆိုပါက အာဆီယံအဖွဲ့အနေနှင့် ထိပ်သီး အရာရှိကြီးများ အစည်းအဝေးတွင် မူကြမ်း ရေးသားရမည်၊ နိုင်ငံခြားရေးဝန်ကြီးများအဆင့်မှ အတည်ပြုစေရန် တင်ပြရမည်ဟု မြန်မာစစ်အစိုးရက ဆိုခဲ့သည်။ အဖွဲ့ဝင်နိုင်ငံအားလုံး၏ သဘောတူညီမှု ရရှိပါမှ ထုတ်ပြန်ကြေညာချက် ထုတ်ရမည်ဟုဆိုသည်။ "ထိုင်းနိုင်ငံအနေနှင့် ယခု လို ဆွေးနွေးခွင့်မပေးခဲ့၊ ထုတ်ပြန်ကြေညာချက် ထုတ်ပြီးသည့်အခါမှသာ နိုင်ငံခြားရေးဝန်ကြီးများကို အသိပေးခဲ့သည်" ဟု စွပ်စွဲထားသည်။သေချာသည်မှာ ဗိုလ်ချုပ်ကြီးများက မည်သူ့အပေါ်မဆို၊ မည်သည့်နိုင်ငံအပေါ်မဆို ဒေါသထွက်နေသည်မှာ သေချာပါ သည်။ ယခုဖြစ်ရပ်မှာ အာဏာကို မလွှတ်တမ်း ချုပ်ကိုင်ထားလိုသည့် သူတို့၏ စိတ္တဇကို စိန်ခေါ်ထိခိုက်နေပါသည်။ ဖြစ်နိုင်သည်မှာ ဗိုလ်ချုပ်များက မေလ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၊ တရားစွဲဆိုခဲ့စဉ်က အကျိုးဆက် အနေနှင့် ဖြစ်ပေါ်လာမည့် နိုင်ငံတကာ မိသားစု၏ အမျက်ဒေါသနှင့် ဖိအားများကို လျှော့ပေါ့တွက်ဆ ထားပုံလည်း ရပါ သည်။ ယခု တရားခွင်ကြောင့် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုသက်တမ်း ထပ်မံတိုးခဲ့ပြန်သည်။ ပို၍ အားဖြည့် ဆောင်ရွက်လာဖွယ်လည်း ရှိနေသေးသည်။ ယခု မူဝါဒပြန်လည်သုံးသပ်နေပါသည်ဆိုသော ကာလအပြီးတွင် ပို၍ တင်းမာ လာဖွယ်လည်း ရှိနေပါသည်။ အလားတူပင် မေလ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့သည့် အပေါ်နှင့် လက်ရှိ ပိတ်ဆို့နေသည့် နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာလာခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်ကို ၃ နှစ်တန်သည်၊ ၅ နှစ်တန်သည် ထောင်ချလိမ့်မည်ဟု ယူဆသည်။ ယခင်က ကဲ့သို့ အိမ် အကျယ်ချုပ်ဖြစ်စေ၊ ထောင်တွင်း၌ဖြစ်စေ ဆက်လက်ချုပ်နှောင်ထားလိမ့်ဦးမည် ဖြစ်သည်။ ဤအဆိုးလမ်း နှစ် သွယ်ထဲ တွင် အကောင်းဆုံး အခြေအနေမှာ ဆင်းရဲဒုက္ခပြွမ်းလှသော နာမည်ဆိုးဖြင့်ကျော်ကြားသည့် အင်းစိန်ထောင်အထဲ အချုပ် နှောင်ခံရသည်ထက်စာလျှင် အိမ်အချုပ်ကမှ တော်သေးသည်ဟု ဆိုရပါလိမ့်မည်။မည်သို့ပင်ဖြစ်စေ၊ စစ်ဗိုလ်ချုပ်များက ဒေါ်အောင်ဆန်းစုကြည်ကို လူထုမြင်ကွင်းမှ ပျောက်ကွယ်နေစေရန် လုပ် ဆောင် လိုပြီး၊ အထူးသဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် နိုင်ငံရေးထဲမပါနိုင်ရန် လုပ်ထားလိုကြသည်။ဗိုလ်ချုပ်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒေါသထွက်နေကြသည်။ ထိုင်းနိုင်ငံကို ဒေါသထွက်နေသည်။ ၀င်ရောက်စွက်ဖက်လာသည့် နိုင်ငံတကာ မိသားစုကို ဒေါသထွက်နေသည်။ ဒေါသဖြစ်ပြီးရင်း ဖြစ်နေသည်။ ယခုအခါ ဖြစ်လာသောမေးခွန်းမှာ ဒေါသထွက်နေကြသော ဗိုလ်ချုပ်ကြီးများကို မည်သူက ကြောက်လန့်နေပါသနည်း။ သူတို့ကို နိုင်ငံတကာက မည်သို့ ဆက်ဆံကြမည်နည်းဟူသော မေးခွန်းပင် ဖြစ်ပါတော့သည်။
ကျော်စွာမိုးရေးသားသည့် The Generals are Angry ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

update/spdc fear KNU By Kwekalu News


update/slaveship. by Kwekalu News

သတင်းဖတ်ရင်တချက်နှိပ်ပါနော်

http://www.kwekalu.net/update/offensiveinlph.html



http://www.kwekalu.net/update/offensiveinlph.html


Tuesday, June 2, 2009

အပိုင်ကြံတဲ့ န အ ဖ

အ ခု ဒေါ် အောင် ဆန်း စု ကြည် ရင် ဆိုင် နေ ရ တဲ့ အ မှု ဟာ န အ ဖ စ နစ် တ ကျ ပြင် ဆင် ပြီး ဆင် ထား တဲ့ အ မှု ဆို တာ အ မေ ရိ ကန် နိုင် ငံ သား ၀င် မဲ့ အ ချိန် ဟာ ဒေါက် တာ တင် မျိုး ၀င်း ဒေါ် အောင် ဆန်း စု ကြည် အိမ် ကို သွား မဲ့ အ ချိန် နဲ့ တိုက် ဆိုင် နေ လို့ ဒေါက် တာ တင် မျိုး ၀င်း ကို အ ကြောင်း မဲ့ ဖမ်း ဆီး ထိန်း သိမ်း ထား တာ ကြည့် ခြင်း အား လုံး ၀ ထင် ရှား နေ ပါ တယ်။ ပ ထ မ အ ကြိမ် ၀င် တုန်း က ဒေါ် အောင် ဆန်း စု ကြည် ဟာ ဒေါက် တာ တင် မျိုး ၀င်း က နေ တ ဆင့် သက် ဆိုင် ရာ ကို အ ကြောင်း ကြား ခဲ့ ပါ တယ်။ ဒီ တ ကြိမ်း မှာ အ ကြောင်း မ ကြား နိုင် အောင် ဒေါတ် တာ တင် မျိုး ၀င်း ကို လက် ဦး ယူ ပြီး ကြို တင် ထိန်း သိမ်း ထား ခံ တာ အ သိ သာ ကြီး ပေါ် နေ ပါ တယ်။ အ ကြံ ပက် စက် ယုတ် မာ တဲ့ န အ ဖ စစ် အ ဏာ ရှင် အုပ် စု ရဲ့ ပြ ယုတ် တစ် ခု ပါ။ ဒီ လုပ် ရပ် ဟာ သူ တို့ အ တွက် နေ ၀င် ချိန် အ စ ပျိုး နေ တာ မ သိ လိုက် တာ တော့ စိတ် မ ကောင်း စ ရာ ပဲ။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) ခေါင်းဆောင်တဦး၏ သြစတြေးလျားနိုင်ငံခရီးစဉ်

နော်ဘလူးမင်းနိုက်နှင့်တွေ့ ဆုံဆွေးနွေးပွဲ
Monday, June 1, 2009
ူ့ဇွန်လ ၂ ၂၀၀၉စောကျော်ခွိ
ကရင်အမျိုးသမီးအစည်းအရုံး(KWO) ခေါင်းဆောင်တဦးဖြစ်သူ နော်ဘလူးမင်းနိုက်ဇန်သည် သြစတြေး လျားနိုင်ငံကို အလည်အပတ်ရောက်ရှိနေစဉ်အတွင်း သြစတြေးလျားရောက် ကရင်အမျိုးသားများ ဘ၀တစေ့တစောင်းကို လာရောက်လေ့လာသွားသည်ဟု သိရှိရသည်။ တလနီးပါးကြာ အဆိုပါခရီးစဉ်အတွင်း ဆစ်ဒနီ၊ မဲဘုန်း၊ ဒါဝင်စသည့် မြို့များကို ရောက်ရှိကာ သက်ဆိုင်ရာ ကရင်ခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့တာဝန်ရှိသူများ၊ လူငယ်များကို တွေ့ဆုံခဲ့သည့်အပြင် သြစတြေး လျားရောက် ကရင်မိသားစုများ၏ အခြေအနေများကိုလည်း လာရောက်လေ့လာသွားခဲ့သည်။
နော်ဘလူးမင်းနိုက်နှင့်တွေ့ ဆုံဆွေးနွေးပွဲတခုကို ၄င်းသြစတြေးလျှနိုင်ငံမှ
ပြန်ခါနီးတွင်ကရင်လူငယ်များအားတွေ့ ဆုံမှာကြားဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။ တွေ့ ဆုံဆွေးနွေးပွဲကို မေလ (၃၀)ရက်နေ့ က သြစတြေးလျှနိုင်ငံ ဆစ်ဒနီမြို့ ကာရာမာ STARTT ရုံးတွင် ညနေ ၄း၀၀မှ ၇း၀၀နာရီအထိကျင်းပခဲ့ပါသည်။
KNUမှ ကရင့်အမျိုးသမီးရေးရာ တွဲဖက်အထွေထွေအတွင်းရေမှူး နော်ဘလူးမင်းနိုက်ကပြည်တွင်းပြည်ပ ဒုက္ခသည်များကိစ္စ၊ ထိုးစစ်ကြောင့်တောတောင်များတွင်ထွက်ပြေးပုန်းရှောင်ရနေသောရာပုန်းရွာရှောင် ဒုက္ခသည်များ(IDP)ကိစ္စ၊ ကရင်အမျိုးသမီးများအပေါ် နအဖစစ်တပ်က အုပ်စုလိုက်အဓမ္မပြုကျင့်သည့်ကိစ္စများ အစရှိသဖြင့်ဆွေးနွေးခဲ့ကြပါသည်။
လူဦးရေ (၄၀)နီးပါးလာရောက်ာကပြီး မရှင်းလင်းသည်များကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ယနေ့ ကရင့်အခြေအနေများကိုလဲပြောကြားပြီး လူငယ်နှင့်လူကြီး အပြန်အလှန်အဆက်အသွယ်ထားပြီးသတင်းများဝေငှဖလှယ်ကြရန်မှာကြားခဲ့ပါသည်။ KWO ရဲ့ ကရင့်အမျိုးသမီးအလံနှင့်တံဆိပ်အကြောင်းလဲရှင်းလင်းပြခဲ့ပါသည်။အစည်းအဝေးအပြီးတွင် KWO အလံနောက်ခံထားပြီးအမှတ်အရဓါတ်ပုံများရိုက်ခဲ့ကြပါသည်။

ဒေါင်းယောင်ဆောင်သူများ

အမေ ... အမေ့ကို မင်ဒဲလားကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို နံရံတွေကြားထဲကပဲ
တည်ဆောက်လာရတာတဲ့

အမေ့ကို ကင်ဒေးဂျုံကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို သေနတ်ပြောင်းတွေရှေ့မှာပဲ
ရင်းယူလာခဲ့ရတာတဲ့

အမေ့ကို လားမားကြီးကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို ဖိနှိပ်မှုတွေအောက်မှာ
ကျင်ယူနေရတုန်းပါတဲ့

အမေ ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်
ရန်ကုန်မှာ ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု ...
ဘာကိုမှ ဂရုမပြုတဲ့

ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်
ရန်ကုန်မှာ လူသန်းခြောက်ဆယ်အတွက်
ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့

ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်
ရန်ကုန်မှာ ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
အလေးဂရုပြုရတဲ့ ငါတို့ “အမေ” ရှိတယ်လို့
ဒါပေမယ့် အမေ

ကျွန်တော်တို့က အမေ မကြောက်တဲ့ သေနတ်ပြောင်းကို
ကြောက်တဲ့ အမေ့သားတွေ
ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ
ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ
ဒီလူတွေက

အမေ့ရင်ကို လေးစေတဲ့အခါ

အမေ့သွေးကို အေးစေတဲ့အခါ

အမေ့နားကို ခါးစေတဲ့အခါ အမေ

ခွင့်မလွှတ်လိုက်ပါနဲ့ အမေ ...

(မောင်ပွတ်)

ကျွန်တော်တို့ လမ်းဆုံလား လမ်းဆုံးလား မသိတဲ့အချိန်ကာလတစ်ခုကိုရောက်နေပါတယ်…
ရင်လေးဖွယ်ရာ မနက်ဖြန်တွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ရမလည်း…
မိန်းမတစ်ယောက်က လူသန်းခြောက်ဆယ်အတွက် တရားမျှတမှုကို သူအပေါ်ကျရောက်လာတဲ့
မတရားမှုတွေနဲ့ ခါးစည်းခံပေးနေပါတယ်…
တရားမျှတမှုကို မကျင့်သုံးပဲ ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုတဲ့ ဟာသကို
ကျွန်တော်တို့ ဘယ်လိုနားနဲ့ ယုံရမလည်း… ကဗျာရေးခဲတဲ့ ကိုပွတ်ရဲ့ကဗျာဟာ
ကျွန်တော်တို့ ပျက်ကွက်မှုကို ဖော်ပြနေပါတယ်… ကျွန်တော်တို့ကိုယ်တိုင်
ဒီမိုကရေဆီကို မကျင့်သုံးပဲနဲ့တော့ တရားမျှတာမှုကို ကျွန်တော်တို့ရရှိနိုင်မှာမဟုတ်ပါဘူး…။
ကဗျာအတွက်ကျေးဇူးပါ ကိုပွတ်ရေ….။
ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

Monday, June 1, 2009

ရုရှားရောက် အရာရှိငယ်တစ်ဦးဧ။် အမြင်နှင့် ကရင် တိုင်းရင်းသား ဖူးဒို ဧ။် အမြင် ဆွေးနွေးချက်


Monday, June 1, 2009

ရုရှားမှ အရာရှိငယ် ဒါမြ (c box နာမည်) ရဲ့ ပြောကြားချက် နအဖကိုတိုက်တဲ့အတွက်ဘာတွေအကျိုးကျေးဇူးရှိလဲ မင်းတို့တိုင်းရင်းသားပြည်သူတွေအေးချမ်းစွာနေရလား စီးပွားရေးကောင်းကောင်းလုပ်လို့ရလားဘာတိုးတက်မှုရှိလဲ အေးချမ်းစွာနဲ့စီးပွားရေးတာနဲ့စစ်တိုက်တာဘယ်ဟာကပိုကောင်းလဲဘယ်လူမျိုးမဆိုအေးချမ်း စွာနဲ့စီးပွားရေးလုပ်ပြီးနေချင်ကြတာ မင်းတို့နအဖကိုတစ်သက်လုံးတိုက်နေရင် တစ်သက်လုံးဆင်းရဲနေမှာ မင်းတို့ခေါင်းရှောင်ကြီးတွေကတော့ထိုင်းမှာအဲကွန်နဲ့နှပ်နေကြတယ် စီးပွားရေးတွေလုပ်ပြီးအထုတ်တွေကြီးနေကြတယ်ကျန်တဲ့ကရင်ပြည်သူတွေက အေးချမ်းစွာနေလို့မရဘူး..စစ်တပ်ကိုလည်းကြောက်ရ မင်းတို့ကရင်သူပုန်ကိုလည်းကြောက်ရနဲ့မင်းတို့ကရင်သူပုန်ကိုလည်းကြောက်ရနဲ့ကြားထဲကပြည်သူတွေနစ်နာနေတယ်...တိုက်ပြွဲ့ကားမှာမြေစာပင်လေးတွေနဲ့ဘယ် တော့မှရှင်သန်လာမှာမဟုတ်ဘူး. .ကျီးလန့်တစာစာနဲ့ဘယ်လကျီးလန့်တစာစာနဲ့ဘယ်လိုလုပ်စီးပွားရေးတိုးတက်ဖွံ့ဖြိုးတော့မှာလဲ.အခုလိုတိုက်ပွဲမျိုးသာမရှိရင်ကရင်ပြည်သူတွေဘယ်လောက်စိတ်ချမ်းသာလဲ..သွားချင်တဲ့နေ ရာသွားလုပ်ချင်တာလုပ်..ကိုယ့်စီးပွားရေးလေးကိုလုပ်ပြီးပျော်ရွှင်စွာနဲ့ဘ၀ကိုနိဂုံးချုပ်ချင်ကြတာပဲ..မင်းတို့လိုလူမျိုးကောင်းစားရေးဆိုပြီးအသံကောင်းဟစ်ပြီးအဝေးကနေမြှောက်ပေးနေတာ ရွံ့စရာကောင်းပါတယ်မင်းတို့ ထိုင်းမှာအေးဆေးစွာနေထိုင်စားသောက်နေနိုင်ပေမယ့် ကရင်လူထုကမင်းတို့လိုမနေနိုင်ဘူးဆိုတာနားလည်ရမယ်မင်းတိုလိုလူမိုက်အတွေးခေါ်လုပ်ရပ်တွေမရပ်တန့်သေးသရွေ့နအဖကိုတွန်းလှန်းနေသမျှကရင်ပြည်သူတွေဟာဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးဆိုတာနားလည်ရမယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုစဉ်းစားလုပ်ကိုင်ရမယ်. နအဖကိုတော်လှန်လို့ဘာတွေအကျိုးရလဲဆိုတာ အဖြေထုတ်.မင်းတို့တွက်ကရင်ပြည်သူတွက်အကျိုးရှိလှတယ်ဆိုရင်ဆက်လုပ်ပေါ့... နအဖကိုတော်လှန်နေသရွေ့ ကရင်လူထုဟာသူများတွေထက်အမြဲတမ်းနောက်ကြနေအုံးမှာပဲမိမိဖြစ်စေချင်တာထက်ကရင်ပြည်သူတွေအေးချမ်းစွာနဲ့ဖွံ့ဖြိုးတိုးတက်စွာနေစေချင်တဲ့အရာကိုပိုပြီးအလေးနက်ထားရတိုးတက်စွာနေစေချင်တဲ့အရာကိုပိုပြီးအလေးနက်ထားရမယ်လူမိုက်အတွေးခေါ်နဲ့တိုက်မယ်ခိုက်မယ်သတ်မယ်ဖြတ်မယ်ဆိုတဲ့စိတ်ရှိနေသရွေ့ကရင်လူထုလည်းမြေစာပင်လိုဆင်းရဲနွမ်းလျနေအုံးမှာပဲ မင်းတို့လိုလူမိုက်တွေရှိနေသရွေ့ခါးသီးတဲ့နအဖစစ်တပ်ရဲ့မတရားတဲ့ကျူးလွန်မှုတွေလည်းမြင်နေရ အုံး မှာပဲ စစ်တပ်လည်းဖင်ယားလို့လာတိုက်နေတာမဟုတ်ဘူးမင်းတို့လိုလူမိုက်တွေရှိလို့လာနေတာ..လူမိုက်တွေမရှိရင်လာစရာအကြောင်းမရှိဘူး.. .ငြိမ်းချမ်းစွာနေနေရင်ဘယ်စစ်တပ်မှာမလာဘူးစစ်တိုက်ရာမှာတော့တရားတယ်မတရားဘူးဆိုတာမရှိဘူး..အဲဒီတော့မင်းတို့လိုလူမိုက်သောင်းကျန်းသူတွေရှိနေသရွေ့စစ်တပ်ရဲ့မတရားတာတွေလည်းရှိနိင်မြင်နေရအုံး စစ်တပ်မှမဟုတ်ပါဘူး မင်းတို့သောင်းကျန်းသူတွေရဲ့ယုတ်မာသတ်ဖြတ်တဲ့အရာတွေလည်းရှိနေတယ်ဆိုမမေ့နဲ့ စစ်တပ်ကိုပဲမတရားဘူးလို့မပြောနဲ့မင်းတို့ရဲ့သတ်ဖြတ်မှုကြောင့်ပြည်သူပေါင်းများစွာသေနေရတယ်ဆိုတာလည်းသတိရ ကရင်သောင်းကျန်းသူရှိနေသရွေ့ကရင်လူမျိုးဟာအညွန့်တုံးဘ၀ကနေတတ်လာမှာမဟုတ်တော့ဘူး-------------------------------------------------------------------------------------
ဖူးဒိုမှ ပြန်လည် ဖြေကြားချက်ဒါမြရေ လာရောက်အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။ကရင်တော်လှန်ရေးရဲ့သမိုင်းကိုအနည်းငယ်ဝေမျှပါရစေ။ နောက်ဆုံးလွတ်လပ်ရေးတိုက်ပွဲအနေနဲ့ဖက်စစ်ဂျပန်တွေကိုတော်လှန်တဲ့အခါ၊ကျဆုံးဖက်စစ်တပ်အင်အားရဲ့ ၇၀% ကို ကရင်တပ်တွေကသုတ်သင်ပေးခဲ့တာကိုသတိရစေချင် ပါတယ်၊ သို့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် ဒီအကြောင်းကိုစစ်တက္ကသိုလ်မှာမသင်ခဲ့ရဘူးဆို ရင်လိုအပ်တဲ့သမိုင်းထောက်ထေားတွေကို ပို့ပေးလို့ရပါတယ်။လွတ်လပ်ရေးတိုက်ပွဲမှာ အဓိကအခန်းကန္တာမှာပါဝင်ခဲ့ပေမဲ့ လွတ်လပ်ရေး ရတဲ့အချိန်မှာ အာဏာယူတာတွေ၊ ခွဲထွက်ချင်တ်ာမရှိခဲ့ပါဘူး။ အဲဒီတုန်း တန်းတူ ညီ တူ ရှိရေးဆိုပြီး ၁၁-၂-၁၉၄၈ တွင် ကရင်လူထုက ဖဆပလ ထံမှငြိမ်းချမ်းစွာတောင်းတာက-၁၊ ကရင်ပြည်သတ်မှတ်ရန်၂၊ ကရင်တစ်ကျပ်ဗမာတစ်ကျပ်ပြဌာန်းရန်၃၊ လူမျိုးရေးအဓိကရုန်းအလိုမရှိ၎၊ ပြည်တွင်းစစ်အလိုမရှိသို့သော်လည်း တန်းတူညီတူရှိရေးဆိုတဲ့ ဒီမိုကရေစီအခွင့်အရေးတောင်းဆိုမူ့ကနေလက်နှက်ကိုင်တော်လှန်ရေးကို တွန်းပို့ ခြင်းခံရတာ ဘယ်သူ့မှာတာဝန်ရှိလဲ၊အဲဒီတုန်းက စစ်ဖက်ဆိုင်ရာခေါင်းဆောင်များနှင့် Burma Rifle တပ်တွေမှာ ဘယ်သူတွေရှိ တယ်ဆိုတာ စစ်သမိုင်းမှာသင်ရမယ်လို့ယုံကြပါတယ်။ကရင်တွေဟာမောင်ရင် ပြောသလိုယုတ်မာတယ်၊ ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုရင် အဲဒီကတည်းက စစ်ရေးဖြင့် တဖက်သတ် အနိုင်ယူလို့မရဘူးလား။ ငြိမ်းချမ်းစွာအဖြေရှာ ရေးကို ဦးစားပေး တဲ့ကရင်လူမျိုး များအနေဖြင့် ရရှိခဲ့တာကတော့ ၂၅.၁၂.၁၉၄၈ မြိတ် နှင့်ထားဝယ် ကြားတွင် ရှိ သော ပလောရွာတွင် ခရစ်စမတ်ည၀တ်ပြုဆုတောင်းနေသော ကရင်တိုင်းရင်းသား (လက်နက်မဲ့ အရပ်သား) များကို ပစ်ခတ်ပြီး အစုလိုက်အပြုံလိုက် (Genocide)သတ်ဖြတ်မူ့မှာ အမျိုးသမီးနှင့်ခလေးများအပါအ၀င် ၁၀၀ ကျော်သေဆုံးခဲ့ပြီး အဲဒီကနေတဆင့်၂၀.၁.၁၉၄၉ သနပ်ချောင်းမှာကရင်အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ကာပစ္စည်းလုရွာမီးရှို့ခြင်း၊ ၂၈.၁.၁၉၄၉ ရန်ကုန်မြို့ကရင်ရပ်ကွက် ဖြစ်သော အလုံစမ်းချောင်း၊ သူဋ္ဌေးကုန်း ကိုလက်နက်ကြီး ဖြင့်ပစ်ခတ်ခြင်း၊ ဒါတွေကိုလိုက်ပြောရင်အများကြီးဘဲ၊ သို့သော် အဓိကအချက်က-“ အဲဒီအချိန်ထိ ကရင်လက်နှက်ကိုင်တော်လှန်ရေးမစသေးဘူး။ ၃၁.၁.၁၉၄၉ ကျမှ လက်နှက်ကိုင်ပြီး ကို့ကိုယ် ကိုကာကွယ်ရင်း လက်နှက်ကိုင်တော်လှန်ရေး စခဲ့ တာ ဖြစ်တယ်။”ဒီသမိုင်းအထောက်အထားတွေ ကြည့်ရင် ဘယ်သူက ငြိမ်းချမ်းရေးကိုတန်ဖိုးထားဖေါ်ဆောင်နေသလဲဆိုတာကိုတာကို မြင်တတ်မယ်လို့ထင်ပါတယ်။မောင်ရင်ပြောတဲ့အထဲမှာ မှန်တာတစ်ခုပါတယ်။ အဲဒါက ယုတ်မာမူ့ကြောင့်ငြိမ်းချမ်းရေး ဆုံရှုံးနေတာဆိုတာဘဲ။ မောင်ရင် မမွေးခင်ကသမိုင်းကြောင်းတွေပြောရင် မောင်ရင် စိတ်ညစ်သွားလိမ့်မယ်။ နောက်ဆုံးဖြစ်ခဲ့တဲ့ ၂၀၀၇စက်တင်ဘာအရေးအခင်း ကို ပြန် ကြည့်ရင် ပြည်သူလူထု ရဲ့လိုအပ်ချက်ကိုရဟန်းသံဃာတွေက ဦးဆောင်ပြီးတောင်းဆိုတာက-၁၊ စော်ကားခံရသောရဟန်းသံဃာများကို ပြန်လည်တောင်းပန်ရန်၂၊ ဓါတ်ဆီဈေး နှုံး ပြန်လျော့ချရန်၃၊ ကုန်ဈေးနှုံး ကျဆင်းရေးအတွက်ဆောင်ရွက်ရန်။အဲဒါတွေဟာ မဖြစ်နိုင်တာတွေ တောင်းနေတာလား၊ ငြိမ်းချမ်းရေးကိုတန်ဖိုးထားတတ်တယ်ဆိုရင် အမှတ်စဉ် ၁ တောင်းဆိုချက်ကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကိုယ်စားတစ်ယောက် ကို တောင်းပန်ခိုင်းရင်မပြေလည်ဘူးလား၊ တပ်ချုပ်ကိုတိုင်တောင်းပန်ဖို့ မတောင်းဆိုပါဘူး။ အမှတ်စဉ် ၂ နှင့် ၃ နဲ့ ပတ်သက်ပြီးကြေငြာချက်ထုတ်ပြီး တိုင်းပြည်အတွက် အပြုသဘော ဆောင်တဲ့ကြိုးပန်းအားထုတ်မူ့ပြရင် သံဃာတော်တွေကျေနပ်ပြီး မပြေလည်နိုင်ဘူးလား၊ တကယ်လို့မောင်ရင် သာ တပ်ချုပ်ကြီးနေရာမှာရှိနေခဲ့ ရင် ဘယ်လိုဖြေရှင်းမလဲ။ ဒါဆိုရင်ယုတ်မာမူ့တွေဟာ ဘယ်သူ့ဖက်မှာရှိနေသလဲ၊၂၀၀၆ မှာ ပြည်ပမှလောင်စာဆီတင်သွင်းပါမစ်ကို ဦးတေဇ ရရှိပြီးကတည်းကဆီဈေးနှုံး နဲ့ ကုန်ဈေးနှုံး ကမောက်ကမဖြစ်နိုင်တာ လုပ်ငန်းရှင်အများစုကကြိုတွက်ပြီးသားပါ။ဦးတေဇ နှင့်တပ်ချုပ်ကြီး ရဲ့ပတ်သက်မူ့ကိုမောင်ရင်ပိုသိမှာပေါ့။မောင်ရင်ပြောတော့ စစ်မှာ တရားတာတွေမတရားတာတွေ မရှိဘူးဆိုတာဟုတ်လား၊ စစ်တက္ကသိုလ် မှာ အဲဒီလိုဘဲသင်ပေးလား၊ မောင်ရင် တို့တိုက်နေတာ နိုင်ငံခြားသားမဟုတ်ဘဲ ကို့လူမျိုး ကိုတိုတ်နေတာ သိရဲ့ လား၊ပြီးတော့ စစ်တက္ကသိုလ်မှာမုဒိန်းကျင့်နည်းသင်ပေးနေလို့လား၊ ဒီပဲရင်းလုပ်ကြံမူ့ဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခ်ာထိခိုက်တယ်လို့ မစဉ်းစားမိဘူးလား၊ တပ်မတော်ရဲ့ဆောင်ပုဒ်တွေ၊ သဘောထားတွေ မောင်ရင်တို့မေ့မှာ စိုးလို့ အမြော်အမြှင်ကြီးစွာနဲ့ လမ်းဘေးမှာ စိုင်းဘုတ်ကြီးတွေစိုက်ထား တာသတိရအုံးလေ၊မောင်ရင်ပြောတော့ ကရင်ပြည်သူလူထုတွေဟာ စစ်ပွဲတွေကြောင့် စိတ်မချမ်းသာဘူး ဒေသတွင်းမဖွံဖြိုး ဘူး၊ ဒါဆိုရင် မောင်ရင်တို့အညာဒေသမှာ စစ်ပွဲတွေမရှိဘဲနဲ့ ဆင်းရဲမွဲတေခြင်း၊ စစ်တပ်၏အနိုင်ကျင့်မူ့ခံရဲခြင်း၊ အဓမလုပ်အားပေးမူ့တွေ၊ ဆတ်ကြေးပေးရတာတွေ၊ လယ်ယာမြေအသိမ်းခံရတာတွေ၊ ဖိနှိပ်အုပ်ချုပ်တာတွေ၊ ခွဲခြားဆက်ဆံတာတွေ ဘာလို့ရှိနေတာလဲ၊ ဒါတွေကိုတကယ်ဘဲမမြင်တတ်တာလား၊ တမင်သက်သက်မမြင်ချင်ဟန်ဆောင်နေတာလား။ ကရင်ဒေသကိုဖွံဖြိုးအောင်မလုပ် ချင်တာ ထား အခြာဒေသမှာနေတဲ့ ပြည်သူတွေဆင်းရဲပြီး တပ်မတော်ရဲ့အနိုင်ကျင့်တာဘာလို့ခံနေရတာလဲ၊မောင်ရင်တို့တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ ဘယ်သူ့တွက်လဲ၊ပြည်သူ့တွက်ရပ်တည်နေတာလား၊ ဒါမှမဟုတ်အာဏာရှင်တစုအတွက်ရပ်တည်နေတာလား၊နိုင်ငံတကာရောက်ပညာတတ်တစ်တယောက် အနေဖြင့် အမှန်တရားကိုမြင်တတ်ပြီး ပြုပြင်နိုင်ပါစေ။
ဖူးဒို၃၀.၅.၂၀၀၉Rest of your post

Bomb blast while Lieutenant –General Ye Myint visits Mawlamyime

2009 May 29
tags: , , , , ,
by peacerunning
Mawlamyime (May 28)- While visiting Mawlamyime to transform the ethnic cease-fire group and splinter group into a Border guard force the military government from Nay Pyi Taw witnessed multiple bomb blasts. While Lieutenant General Ye Myint was in the city, at 10-AM local time a bomb blast occurred close to the river street in Shwetowm –section and another a bomb blasted near Mawlamyime Mountain. Local military security has said that there was a bomb blast close to the Mon state bureau of special intelligence that evening.
Because of those blasts, south east comment (G-1) lieutenant-Colonel Myo Myint may be blamed by the regime, MawlaMyine forces said. He is one of the grandsons of (prime minister of mining) General Own Myint.
Military security force commander in-chief Lieutenant –General Ye Myint was asked to reform the institution of the Karen splinter and Mon splinter arm group into Border guard force, one of Karen Patriotic Front officers said.
Lieutenant –General Ye Myint wasn’t appointed to the New Mon State Party (NMSP) thus, NMSP -Malamyime liaison officer said, “I deduce Lieutenant –General Ye Myint will not see the NMSP ladder.”
In the first week of March, the executives (ex) of NMSP president Nia Htaw Mon, vice President Nai Rot Sa, joint secretary Nai Chan Toi, ex- Nai Htar Wa Ra, ex-Nai Ta La Nyi, saw Military security force commander in-chief Lieutenant –General Ye Myint . NMSP leaders stated, “our 6th congress have made it a policy that NMSP will not accept the policies of Border guard force.”
Military security force (MSF) were doing more thorough investigations at the entrance of the town grate and checking all guests in the houses. Which group organized the blast? MSF will follow the case more than usual.
kaowao news

ပိုးကရင် စာပေသင်တန်းဆင်းပွဲ အခမ်းအနား




မေလ ၁၄ရက်၊ မန်းမျိုးမြင့်(OKRSO)အုပ်စိုးသူ မြန်မာအစိုးရအဆက်ဆက်တွင် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ဘာသာစကားသင်ကြားမှုကို အစဉ်ဖိနှိပ်ချုပ်ချယ်မှုများရှိသည့်အတွက် တိုင်းရင်းသား လူမျိုးများသည် မိမိတို့၏စာပေယဉ်ကျေးမှုများကို လေ့လာသင်ယူ ထိန်းသိမ်းမှုမရှိလျင် မကြာမီလူမျိုးနှင့် ဘာသာစကားပျောက်ကွယ်မည်ဟု ကေအဲန်ယူ အဆင့်မြင့် ခေါင်းဆောင်တဦးက ပြောသည်။
ယနေ့နံနက်က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ကျင်းပသည့် နွေရာသီ ပိုးကရင်စာပေ သင်တန်းဆင်းပွဲတွင် ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ၏ အဆင့်မြင့် ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုစောအားတိုးက သင်တန်းဆင်းမိတ်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ ၎င်းက “မြန်မာအုပ်စိုးသူများ၏လက်အောက်မှာ တိုင်းရင်းသားလူမျိုးတွေဟာ စာပေနှင့် ယဉ်ကျေးမှုတွေကို လွတ်လပ်စွာဖော်ထုတ်ခွင့်မရှိဘူး။ ဒါကြောင့် လူမျိုးတိုင်းဟာ မိမိ စာပေယဉ်မှုကို ထိန်းသိမ်းမြင့်တင်ရမယ်။ အဲ့လိုမလုပ်နိုင်ခဲ့ရင်တော့ ယူနက်စကို က ထုတ်ပြန်တဲ့မှတ်တမ်းမှာ ကမ္ဘာပေါ်မှာ သုံးစွဲနေကြတဲ့ ဘာသာစကားပေါင်း (၆၉၀၀) ထဲက (၂၅၀၀) ခန့်ဟာ ပျောက်ကွယ်လု အန္တာရာယ်ထဲမှာ ကျရောက် နေတယ်။ ဒါကြောင့် တိုင်းရင်းလူမျိုးတွေအနေနဲ့ မိမိလူမျိုးနှင့်စာပေ မပျောက်ဖို့အတွက် အားလုံးမှာ တာဝန်ရှိသည်ဟု ထည့်သွင်းပြောကြားသည်။ ယခုနှစ် ဖေဖေါ်ဝါရီလ (၁၉) ရက်နေ့က ယူနက်စကိုက ထုတ်ပြန်သည့် မှတ်တမ်းများအရ အိန္ဒိယနိုင်ငံတွင် ပျောက်ကွယ်လုနီးပါး ဘာသာစကားပေါင်း (၁၉၆) မျိုး၊ အမေရိကတွင် (၁၉၂) မျိုး၊ အင်ဒိုနီးရှားတွင် (၁၄၇) မျိုးရှိသည်။ လက်ရှိအချိန်တွင် လူတဒါဇင်အောက်နည်းသော လူများသာလျင် တတ်စွမ်းတော့သော ဘာသာစကား ပေါင်း (၁၉၉) မျိုးရှိပြီး Karaim ဘာသာစကားကို တတ်စွမ်းသူမှာ ယူကရိန်းနိုင်ငံတွင် (၆)ဦးခန့်သာရှိသည်ပြီး ယူနက်စကို ထုတ်ပြန်ချက်အရ တိမ်ကောပျောက်ကွယ်ရန်ရှိသော ဘာသာစကားပေါင် (၅၃၈) မျိုး တိမ်ကောရန်ဖြစ်နိုင်ချေ အများဆုံးဖြစ်သော (၅၀၂) မျိုး လုံးဝတိမ်ကောမည့် အရေအတွက်မှာ(၆၃၂) မျိုးနှင့် (၆၀၇) မျိုးသော ဘာသာစကားတို့သည် လုံခြုံစိတ်ချရဖွယ်မရှိဟု ထုတ်ပြန်ခဲ့သည်။ သင်တန်းဆရာတဦးဖြစ်သူ မန်းရွှေလှိုင်းက “ပြည်တွင်းမှာ ကရင်မှ မဟုတ်ဘူး တိုင်းရင်း သားမျိုးနွယ်စု မှန်သမျှရဲ့အခွင့်အရေးတွေကို ပိတ်ပင်ခဲ့တာ မြန်မာအစိုးရအဆက်ဆက် တောက်လျှောက်လုပ်လာတာ ဒီကနေ့အထိဘဲ။ အခုဆိုရင် ကရင်တော်တော်များများဟာ စာမတတ်တော့ဘူး၊ စကားမတတ်တော့ဘူး၊ ရေရှည်မှာ ဘာသာစကားကြီးများရဲ့ လွမ်းမိုး ၀ါးမျိုမှုကို ခံရပြီး လူမျိုးဘာသာစကားနဲ့စာပေ ပျောက်ကွယ်သွားမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ဒီလိုမဖြစ်အောင် ကြိုးစားလုပ် ဆောင်နေတာဖြစ်တယ်” ဟု ပြောသည်။ မယ်လဒုက္ခသည်စခန်းတွင် ဖွင့်လှစ်ခဲ့သည့် ပိုးကရင်စာပေသင်တန်းကို (၅)နေရာခွဲ၍ သင်ကြားပေးပြီး ရဟန်းရှင်းလူအပါအ၀င် သင်တန်းသား (၂၀၀၀)ခန့် တက်ရောက် ခဲ့ကြသည်။ သတင်းပေးပို့သူ မန်းမျိုးမြင့်(OKRSO)ကို ကျေးဇူးတင်ရှိပါသည်။အဲခေါင်သောင့်

ကရင်အမျိုးသမီးတဦးကို နအဖစစ်တပ်ကအုပ်စုလိုက် အဓမ္မပြုကျင့်

Friday, May 29, 2009

မေ လ၂၉ရက်၊စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ် ထီးဆဲလယ်ကျေးရွာမှ ရွာသူကရင်အမျိုးသမီးသမီးတဦးအားမေလ၂၅ရက်နေတွင်နအဖခလရ၂၈၃တပ်းရင်းလိုက်အဓမ္မပြုကျင့်ခဲ့သည်ဟုဒေသခံများ၏ပြောဆိုချက်အရသိရပါသည်။ထိုနေ့ နံနက်နက်(၉)နာရီခန့် တွင် အသက် ၃၀ခန့် ရှိ ထီးဆဲလယ်ရွာသူ နော်ပယ်ကြာသည် ခင်ပွန်းဖြစ်သူဒီးဒိနှင့်အတူ ရွာပြင်ရှိ ၄င်းတို့ ၏ပြောင်းခြံသို့ လိုက်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူပြောင်းခင်းအတွင်းရှိစဉ် လယ်တဲ၌ကျန်ခဲ့သူ သူမအား တိုက်ကင်းလှည့်လည်နေသည့်အမှတ်(၂) စစ်ကွက်ကဲရေးဌာနလက်အောက်ခံ ဗိုလ်ကြီးဌေးဝင်းဦးဆောင်သည့်စစ်ကြောင်း(၂)၊ခလရ ၂၈၃ တပ်ရင်းမှတပ်ဖွဲ့ ဝင်များက တောထဲသို အတင်းအဓမ္မဆွဲခေါ်သွားပြီးအစိုက်အပြုံလိုက်အဓမ္မပြုကျင့်ခဲ့ကြောင်းနယ်မြေခံတဦးက ကရင်သတင်းစဉ်ကိုယခုလိုပြောပါသည်။သူက"အဲဒီနေ့ မှာသူတို့ လင်မယား ပြောင်းဇူးခြံကိုသွားတယ်။ မိန်းမဖြစ်သူကပြောင်းဖူးခြံထဲမှာနေတယ်။ယောကျာင်္းဖြစ်သူကပြောင်းခင်းထဲကိုဆင်းပြီးတော့အလုပ်သွားလုပ်တယ်ပေါ့။သိပ်မကြာပါဘူး။အဲဒီစစ်ကြောင်း ခလရ ၂၈၃က ပြောင်းခြံထဲကိုဝင်လာပြီး တဲမှာရှိတဲ့ မိန်းမကိုတွေ့ တော့ တောထဲကိုအတင်းအဓမ္မဆွဲခေါ်သွားပြီး မူဒိန်းကျင့်တော့တာဘဲ။ တပ်ရင်းတရင်းလုံးဝိုင်းကျင့်တော့ သူ့ မိန်းမရဲ့အော်သံဆူညံနေတာ သူ့ ယောကျာင်္းကားပေမဲ့ တအားကြောက်လို့ မသွားရဲဘူးဖြစ်နေတယ်"ဟုပြောသည်။ယင်းသို့ အဓမ္မပြုကျင့်ရာတွင် ခလရ ၂၈၃ မှဗိုလ်ကြီးဃေးင်းအပါအဝင် တပ်သားအယောက် ၃၀ကျော်ပါဝင်ပြီး နာရီဝက်အကြာတွင် အဆိုပါတပ်ဖွဲ့ ဝင်များပြောင်းခင်းထဲမှ ပြန်လည်ထွက်မှသာခင်ပွန်းဖြစ်သူက ဇနီးသည်ကိုသွားရောက်သယ်ယူ၍ ရွာအထိပြန်လည်ခေါ်ဆောင်လာသည်ဟုသိရပါသည်။၎င်းကိစ္စနှင့်ပါတ်သက်၍ထိုနယ်မေတွင်လုံခြုံရေးတာဝန်ယူထားသည့်ဒီကေဘီအေ(၉၀၇)တပ်ရင်းမှူးဗိုလ်နှုတ်ခမ်းမွှေးကို ကရင်သတင်းစဉ်ကဆက်သွယ်မေးမြန်း၍မရသော်လည်း မေလ ၂၈ရက်နေ့ ၌၄င်းအားဒေသခံတဦးမှအကြောင်းကြားပြောဆိုရာတွင် သူ့ အနေနှင့်စုံစမ်းစစ်ဆေးပြီးဖြေရှင်းသွားမည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်းသိရပါသည်။အဆိုပါအဖြစ်အပျက်ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် ပြောင်းစိုက်ပျိုးသည့်ထီးဆဲလည်ရွာသူများသည် မိမိတို့ ပြောင်းခင်းများသို့  ယခုအချိန်ထိမသွားရဲတော့ကြဘဲကြောက်ရွံ့ နေကြသည်။သို့ သာ် မေလ ၂၉ရက်နေ့ နောက်ဆုံးရရှိသည့်သတင်းများအရ အဆိုပါ နအဖတပ်ဖွဲ့ သည် ဒေသဆိုင်ရာ ဒီကေဘီအေအဖွဲ့ များအားထိုသတင်းမပေါ်ပေါက်ရေးအတွက်တားမြစ်သည်ဟုသိရသည်။ထိုဒေသ၇ှိ ထီးဆဲလယ်၊အူးဖိုးထာ၊လယ်ဟော်၊ကနဲလေး၊မော်ခီး၊မော်ဖိုးကလိုး၊ကွီးဆဲဖော၊ဘလားတို၊ကော်ဆဲ၊ကလော်ဝေါ်၊ဖေါ်ဘူးလာထ၊ဂေါ်ဖိုးခီးနှင့်ဝေါ်လေကျေးရွာတို့ ရှိပြီး နအဖစစ်တပ်ကွက်ကဲရေးဌာနချုပ်(၂)မှလက်အောက်ခံတပ်ရင်းများနှင့်ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သည့်ဒီကေဘီအေတပ်ရင်း(၉၀၆) နှင့်(၉၀၇)တို့ အခြေစိုက်လှုပ်ရှားလျှက်ရှိသည်။ ၂၀၀၂-၂၀၀၄ခုနှစ်များကလည်း နအဖစစ်တပ်မှ ဒေသခံအမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့ကြသော်လည့်း သက်ဆိုင်ရာ အာဏာပိုင်များမှ တစုံအရာအပြစ်ပေးအရေးယူခြင်းမရှိပေ။
တီးစောလွင်ဦးနှင့်နော်ဖောဂေတို့ အားကျေးဇူးတင်ရှိပါသည်။
Posted by linkardepa at
1:49 AM
Labels:

1 comments:
yayset said...
အေးလေ ငါတိုတွေကိုက ထင်းတစည်းလို မကျစ်လစ်ဒါကိုး ရန်သူအလွယ်ကူ လှည်.စားလို.ရဒါပေါ့အသဲနာတယ်လို.မပြောတတ်အောင် နာတယ်ဒီနေရာမှာစဉ်းစားကြည့် ဘယ်သူမဆို မိမိ မိသားစုဝင်တယောက်အနေနဲ. ငါတို.အမကိုစော်ကားဒါရာဇ၀င်အကြွေးမှာ ၇ှင်းစရာအကြောာင်းမရှိဘူး ဒီခွေးမျိုးတွေနဲ. အလှည့်ကြ မနွဲ.စတမ်းပေါ့
May 29, 2009 9:34 AM