Friday, November 4, 2011

စားဖိုမှူးကျော်သူ – ၅၂ – Chef Kyaw Thu

ဓာတ်ပုံသတင်း
နိုဝင်ဘာာ ၂၊ ၂၀၁၁
ကျော်သူ Facebook တွင် ယနေ့ တွေ့ရသော ဓာတ်ပုံနှင့် စာများကို ကူးယူဖော်ပြသည်

လူမျိုးမရွေး ဘာသာမရွေး သုံးဆောင်နိုင်သောဂျုံ၊ ကြက်ဥ၊ နွားနို့တို့ဖြင့် ပြုလုပ်ထားသော Pan Cake (ဥရောပအစားအစာ)ကိုသကြား၊ သံပုရာသီး၊ Jam တို့နှင့် တွဲဖက်၍ သုံးဆောင်စားသောက်ရသည့် အာဟာရအစားအသောက်ကိုဦးကျော်သူ၏ မိခင်ဖြစ်သူဒေါ်မြသန်းသည် ဦးကျော်သူတို့ မောင်နှမ (၃) ယောက် ငယ်စဉ်ဘ၀က မကြာခဏနေအိမ်၌ ကိုယ်တိုင်လုပ်ကျွေးခဲ့သည့် အစားအသောက်ဖြစ်သည်။


မိခင် လုပ်ကျွေးခဲ့သောယင်း Pan Cake ကို ငယ်စဉ်ဘ၀ကတည်းက နှစ်ခြိုက်ခဲ့သည်နှင့်အညီ မုန့်လုပ်ပုံနည်းစနစ်ကိုလည်း ဦးကျော်သူတတ်ကျွမ်းခဲ့သည်။



တက္ကသိုလ်ရောက်သည့် အချိန်တွင် ဇနီးဖြစ်သူဒေါ်ရွှေဇီးကွက်နှင့် သမီးရည်းစားဘ၀တွင် မကြာခဏဦးကျော်သူကိုယ်တိုင် နေအိမ်တွင် မုန့် ပြုလုပ်ပြီးတက္ကသိုလ်ကျောင်းသို့ ယူဆောင်ကာဒေါ်ရွှေဇီးကွက်အားကျွေးမွေးခဲ့သေးသည်။



ယနေ့ ၂.၁၁.၂၀၁၁ ရက်နေ့ ဦးကျော်သူ၏ (၅၂)နှစ်ပြည့် မွေးနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်း များ၊ အသင်းသူ/သားများ၏ မွေးနေ့အမှတ်တရအစားအသောက်တစ်ခုခုကျွေးမွေးရန် တောင်းဆိုချက် ကြောင့် ဦးကျော်သူသည် ကိုယ်တိုင်ကိုယ်ကျ ယင်း Pan Cake အားကျွေးမွေးဒါနပြုခဲ့သည်။

မွေးနေ့အမှတ်တရဒါနပြုပွဲတွင် အသင်းသူ/သားများ၊ ၀န်ထမ်းများနှင့် အလှူရှင်အချို့လည်း ကြုံကြိုက်၍ ကျွေးမွေးဧည့်ခံခဲ့သည်။



ညနေပိုင်းတွင် ဦးကျော်သူနှင့် ရွှေဇီးကွက်တို့၏ နှစ်ဖက်သောမိဘများထံကိုယ်တိုင်ပြုလုပ်ထားသော Pan Cake အားသွားရောက်ကျွေးမွေးခဲ့သည်။

မွေးနေ့အမှတ်တရဒါနပြုပွဲလေးသည် အကျဉ်းချုံးကျင်းပခဲ့သော်လည်းယခင်တက္ကသိုလ်မှ ဇာတ်လမ်းလေးကို ပြန်လည်သတိရစွာ ဖြင့် ကြည်နူးပီတိဖြစ်မိတော့သည်။

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ ဒါရိုက်တာ ဦးမန်းမန်းနဲ့ တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၁)နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ ဒါရိုက်တာ ဦးမန်းမန်းနှင့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၂)



နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ ဒါရိုက်တာ ဦးမန်းမန်းနှင့် တွေ့ဆုံမေးမြန်းခန်း (အပိုင်း-၂)

uGmvmvrfyl?
atmufwkdbm - 26
rl;,pfaq;0g; w&m;r0ifo,faqmifjcif;twGuf *syefolem
jyKq&mrwpfOD;udk rav;&Sm;w&m;½kH;u BudK;rdefYao'Pfcs
rSwfvkdufaMumif; od&onf/rm&uD wkd mau;cs D(37 EpS )f
onf 2009 ckESpfatmufwdkbm30 &ufwGif 'lbdkif;rSaeí uGm
vmvrfylEkdifiHwumavqdyfoaYkd &mu&f vdS mcchJ sed wf iG fruof m
zufwrif; rl;,pfaq;0g; 3 'or 5 uDvkd*&rftm; vufqJG
aowmå i,xf wJ iG fo,af qmifvmjcif;twGuf jypfrIxif&Sm;
aMumif; rav;&Sm;EdkifiH qDvefa*g jynef , fw&m;½;Hk csKyuf awUG
&SdcJhonf/ ¤if;rSmrl;,pfaq;0g;w&m;r0i fo,af qmirf tI wuG f
rav;&Sm;EkdifiHwGif yxrOD;q;kH jyp'f Pcf srwS cf &H on fhyxr
OD;qHk; *syefEdkifiHom; jzpfonf/w&m;½kH;qHk;jzwfcsufudk
t,lcH0ifoGm;rnf jzpfaMumif;rpöwmwmau;csD\ a&SUaerdk
[mruf&mzpf&m[ifu ajymMum;onf/ olronf rl;,pf
aq;0g; yg&Sdonfudk vHk;0rod&SdbJ¤if;vufqJGaowåmtm; tD
&efEdkifiHom; cifrifcJholwpfOD;twGuf ulnDo,faqmifvm
jcif;jzpfaMumif; rpöwmau;csD\ ajymMum;rIudk rav;&Sm; w
&m;½kH;u y,fcscJhonf/ rav;&mS ;Eikd if wH iG fr;l,paf q;0g;rrI sm;
twGuf jypfrIxif&Sm;ygu rjzpfraeao'PfcsrSwf&ef Oya'
jy|mef;xm;onf/

Thursday, November 3, 2011

စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင်နေရ

နိုဝင်ဘာလ ၁ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ သံတောင်မြို့နယ် သောက်ရေခပ်ချောင်း အရှေ့ဘက်ခြမ်းရှိ ခေါသခေါရွာကို မြန်မာအစိုးရတပ်က လက်နက် ကြီးငယ်ဖြင့် ပစ်ခတ်ခဲ့၍ ရွာသူရွာသားများက အိမ်ကိုစွန့်ပြီး လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဌာနေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP) က ပြောသည်။
Photo-CIDKP (ဖျက်ဆီးခံရသည့် ဘုရားကျောင်းမှ မယ်တော်မာရီရုပ်ပုံ)

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ရက်နေ့က ထိုဒေသရှိ လှုပ်ရှားနေသည့် မြန်မာစစ်တပ် ခြေလျင်တပ်ရင်း ခလရ(၉၂)နှင့် ခြေ မြန်တပ်ရင်း ခမရ(၆၀၃)တို့သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ခေါသခေါရွာ၏ အရှေ့ဘက် ၆ဖာ လုံအကွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာကို ပစ်ခတ်ခြင်းဖြစ်သည်ဟု ထိုဒေသခံ CIDKP အဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းက “အဲဒီနေ့မှာ မိုးလည်းရွာတော့ ထွက်ပြေးတဲ့ရွာသားတွေဟာ စားစရာမပါသလို အ၀တ်အထည်၊ စောင်၊ အမိုးအကာ အသုံးအဆောင်လည်း မပါတော့ တောထဲမှာ ဖြစ်သလိုပဲ နေရတယ်။ တချို့ဖျားနာသူလည်း ရှိတယ်။”ဟု ကေအိုင်စီသို့ ပြော သည်။

မြန်မာစစ်တပ်သည် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် ထိုရွာတွင်းရှိ နေအိမ်များသို့ ၀င်ရောက်မွှေနှောက်မှု ပြုလုပ်ကာ ရွာသားများ ပိုင်ဆိုင်သော ကျပ်သိန်းပေါင်းများစွာ ယူဆောင်သွားသည့်အပြင် နေအိမ်အမိုး၊ အကာ၊ အခင်းများနှင့် ကျေးရွာ ဘုရားရှိခိုး ကျောင်းကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

မြန်မာစစ်တပ်သည် ရွာအတွင်း အိမ်များရှိ ဆန်၊ ဆား၊ ငါးပိ စသည့် စားစရာများကို ၎င်းတို့ရိက္ခာအဖြစ် ယူဆောင်သွားခဲ့ပြီး မသယ်ပိုးနိုင်သည်များကို ဖျက်ဆီးခဲ့သည်ဟုလည်း အဆိုပါရွာသားတစ်ဦးကလည်း ပြောသည်။

သူက “အခုအချိန်မှာ ရွာသားတွေ အလုပ်များတဲ့အချိန် ဖာလာခူး၊ ကွမ်းသီးခူးနဲ့ စပါးရိတ်သိမ်းချိန် ဖြစ်တယ်။ ဒီနှစ်လည်း မိုး ဆက်တိုက်ရွာလို့ အလုပ်လုပ်ရတာ အဆင်မပြေတဲ့အချိန်မှာ ဗမာစစ်တပ်ကလည်း အခုလိုလုပ်တော့ လာမယ့်ရာသီမှာ ဘာနဲ့ စားရမလဲ။”ဟု ပြောသည်။

ရွာပေါင်း ၃၀ကျော်ရှိသည့် သောက်ရေခပ်ချောင်းအရှေ့ဘက်တွင် မြန်မာစစ်တပ်များ၏ သွားလာလှုပ်ရှားမှုကြောင့် ရွာ ၉ရွာမှ လူဦးရေ ၁,၆၀၀ကျော်မှာ သွားလာရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု CIDKP က ပြောသည်။
သို့သော် ထွက်ပြေးနေရသည့် ရွာသူရွာသားများမှာ ယခုအချိန်တွင် မိမိနေရပ်ရွာသို့ ပြန်လည် နေထိုင်ခြင်း ရှိမရှိကိုမူ မသိရ သေးပေ။

NCUB ထုတ်ပြန်ကြေငြာချက်

2011_November_2_NCUB_Condemns_Gen_Min_Aung_Hlaing_on_ordering_use_of_Chemical_weapons_in_Kachin_state__urges_immediate_action__Burmese_

တိုင်းရင်းသားအရေး မမေ့သင့်ပြီ


ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး အင်အားကြီးငယ် လူမျိုးစုပေါင်း ရာကျော်နှင့် စုပေါင်းဖွဲ့စည်း တည်ထောင်ထား သော နိုင်ငံတနိုင်ငံ ဆိုသည်ကို အထူးပြောစရာ လိုမည်မထင်ပါ။
လိုင်ဇာဌာနချုပ်မှ ရှေ့တန်း စစ်မြေပြင်သို့ ထွက်ခွာသွားနေသော KIA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - Jinghpaw Kasa Blog)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့တွင် ပင်လုံစာချုပ်ချုပ်ဆိုပြီး နောက်မှ ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာသည်ကို အားလုံး သတိရနေကြပါလိမ့်မည်။
ယနေ့အချိန်တွင် တိုင်းရင်းသားများအနေဖြင့်“ဗမာတွေအချင်းချင်း ဗမာ့နိုင်ငံရေးကိုပဲ လုပ်နေကြသည် တိုင်းရင်းသားအရေးကို မေ့ နေပြီ”ဟု အသံများ ထွက်လာနေပါသည်။ မကြာသောကာလက ဒုတိယပင်လုံညီလာခံဟု ကြွေးကြော်ခဲ့သော်လည်း ယနေ့မှေးမှိန် စပြုနေသည်ကို အားမလိုအားမရဖြစ်၍ နေကြသည်ဟုလည်း သိရပါသည်။
တိုင်းရင်းသားနယ်မြေအသီးသီးတွင် အထူးသဖြင့် ကချင်၊ ကရင်၊ ရှမ်းပြည်နယ်များ၌ တပ်မတော်၏ ထိုးစစ်ကြောင့်၊ တပ်မတော် သား အချို့ကြောင့် အပြစ်မဲ့အရပ်သူအရပ်သားများ အသတ်ခံရခြင်း၊ မုဒိန်းအကျင့်ခံရခြင်း၊ အရိုက်အနှက်ခံရခြင်း၊ အစား အသောက် ပစ္စည်းများ လုယက်ခံရခြင်း၊ ပေါ်တာအဆွဲခံရခြင်းတို့ ကြုံတွေ့နေကြရ ပါသည်။
အလားတူ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဝင် တချို့ကလည်း စစ်တပ်နှင့်မသက်ဆိုင်သော အရပ်သူအရပ်သားများ စစ်မှုထမ်း ဟောင်းများကို ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေသည်ဟု သိရသည်။
ယခုအတိုင်းဆက်၍ အစိုးရနှင့် အတိုက်အခံခေါင်းဆောင်များ လျစ်လျူရှုထားမည် ဆိုပါက နောင်တချိန်တွင် လူမျိုးရေးမုန်းတီးမှုမှ သည် နာကျည်းမှုသို့ကူးပြောင်းပြီး သမိုင်းအဆက်ဆက် ဗမာသည် တိုင်းရင်းသားများ၏ ထာဝရရန်သူများ ဖြစ်လာနိုင်ဖွယ်ရှိပါသည်။
ဗမာ့တပ်မတော်အနေဖြင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် တပ်မတော်ဘဝမှ စုတေပြီးနောက် ၁၉၆၂ ခုနှစ်မှသည် ယနေ့အထိ အာ ဏာရှင် အဆက်ဆက်၏ လက်အောက်တွင် လိုအပ်သလို စစ်ကျွန်အဖြစ် အသုံးချခံခဲ့ရပါသည်။ အာဏာရှင် ခေတ်အဆက်ဆက် တပ်မတော်အပေါ် ပြည်သူလူထု၏ လေးစားမှု ကြည်ညိုမှုများ လျော့နည်းခဲ့ပြီး အဆိုးဆုံးမှာ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် တပ်မတော်ကို အလုံးစုံပျက်စီးစေရန် ဆောင်ရွက်သွားခဲ့ပါသည်။ အဆိုးဆုံးမှာ စာရိတ္တပိုင်းဆိုင်ရာကို တပ်မတော် အရာရှိ အရာခံ အကြပ်တပ်သား အားလုံး အဖျက်ဆီးခံလိုက်ရခြင်းပင် ဖြစ်ပါသည်။
တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှသည် အဆင့် အနိမ့်ဆုံးတပ်သားအဆင့်အထိ အာဏာကိုအသုံးပြုပြီး ကိုယ်ကျိုးစီးပွားရှာမှုကို အရေးမယူဘဲ မသိချင်ယောင်ဆောင်ခဲ့ခြင်းကြောင့် စာရေးသူတို့ တပ်မတော်အတွင်းရှိစဉ်မှာပင် တပ်မတော်တွင် အားလုံး “သူခိုးကြီးနှင့် သူခိုးလေး”တွေပဲဟု ဟာသ ဆောင်ပုဒ်တခုထွက်ခဲ့သည်မှာ ယနေ့တိုင်ရှိနေဆဲဖြစ်ကြောင်း သိရပါသည်။
ထိုစဉ်ကတည်းက စာရေးသူတို့ အသိုင်းအဝန်းအတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်ဖြစ်ရင်တော့ တပ်မတော်လည်းပျက်ပြီ တိုင်းပြည်လဲပျက်ပြီ ဟုမှတ်ချက်စကား ပြောခဲ့ကြပါသည်။
နဝတ ၊ နအဖ လက်ထက် ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ အပါအဝင် တပ်မတော်နှင့် အရပ်ဘက် အဆင့်မြင့်အရာရှိ ကြီးများ၏ လာဘ်စားမှုများ၊ မယားအငယ်များ ထားနေမှုများ၊ သမီးအရွယ် အမျိုးသမီးငယ်များနှင့် ပျော်ပါးနေမှုများ၊ နိုင်ငံ၏စီးပွားရေးလုပ်ငန်း များတွင် ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၏ မိသားစုဝင်များက ဝင်ရောက်စွက်ဖက်နေမှုများ အစရှိသည့် မသမာမှု ပေါင်းစုံကို တာဝန် အရှိဆုံးအထိ တင်ပြခဲ့သော်လည်း တင်ပြသောဌာနအား နှုတ်မိန့်ပေးခဲ့သည်မှာ အဆိုပါကိစ္စများနှင့်ပတ်သက်၍ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်(ကြည်း)ရုံး၏ ညွှန်ကြားချက်မရဘဲ စုံးစမ်းခြင်း၊ မေးမြန်းခြင်း၊ စစ်ဆေးခြင်း မပြုလုပ်ရဟု အမိန့်ပေးခဲ့ပါသည်။
ထို့နောက်ပိုင်းတွင် မသမာမှုများကို ကာကွယ် တားဆီးရမည့်သူများနှင့် မသမာမှု ပြုလုပ်ကြသည့် ရာထူးကြီးငယ်များ ပေါင်းသင်း သွားကြပြီး မတရားမှုပေါင်းစုံကို စစ်တပ်နှင့် အရပ်ဘက်အတွင်း လွတ်လပ်သလောက် နီးပါးလုပ်ကြပါတော့သည်။
ပို၍ဆိုးဝါးသည်မှာ လက်နက်ကိုင်ဆောင်ထားသော ရှေ့တန်းနယ်မြေများရှိ အရာရှိအရာခံ အကြပ်တပ်သားများကို လွဲမှားသည့် အမိန့် များပေးခြင်းပင် ဖြစ်ပါသည်။
အရပ်သူ အရပ်သားကို “ရေလို လလို”ဆက်ဆံရမည့်အစား ရန်သူနှင့်တသဘောတည်း “မီးလိုနေလို” ဆက်ဆံခိုင်းစေခဲ့ပါသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် မမွေးဖွားရ သေးသောကလေးပါ မကျန်အောင် အပြစ်မဲ့ အရပ်သူအရပ်သားများအား ရှင်းပစ် သတ် ပစ်ရန် ရှေ့တန်းနယ်မြေများတွင် ကကကြည်း ဟုခေါ်သော ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်ဆင်ရေးဌာနမှ လက်အောက်ခံ တပ်မှူးကြီး များအား အမိန့်ပေးခဲ့သည်။
တပ်မတော်၏ အရေအတွက်မှ အရည်ချင်းသို့ ဆောင်ပုဒ်ကိုပြောင်းပြန်လှန်ပြီး အရည်အချင်းမလို အရေအတွက်ကိုသာ ဦးစားပေး ၍ အရာရှိစစ်သည် စုဆောင်းခဲ့မှုကြောင့် စစ်တပ်သည် ပြည်သူ့တပ်မဟုတ်ဘဲ ကြေးစားတပ်ဟု ခေါ်ဆိုရမည့် အခြေအနေမျိုး ရောက်ရှိခဲ့ရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ နှုတ်မိန့်ဖြင့် ကလေးပါမကျန် စစ်သားစုဆောင်းခိုင်းခဲ့သည့်အတွက် ယနေ့အချိန်အထိ အဆိုပါကိစ္စကို တပ်မတော်အတွင်း တာဝန်ရှိသူများအနေဖြင့် တိတိပပ အရေးယူဆောင်ရွက်မှု မပြုလုပ်ရဲကြပါ။
အစဉ်အလာ တပ်မတော်နည်းဥပဒေများကို လျစ်လျူရှုပြီး တပ်မတော်အတွင်းသို့ အရွယ်မရောက်သေးသော ကလေးငယ်များ၊ ရာဇဝတ်မှုကျပြီး လွတ်မြောက်လာသော ထောင်ထွက်များ၊ တပ်ပြေးများ၊ အကျင့်စာရိတ္တ မကောင်းသူများကိုပါ စစ်သားအဖြစ် လူ သစ် စုဆောင်းခဲ့ခြင်းကြောင့် ယနေ့ တပ်မတော်၏ အခြေအနေသည် မည်သည့်အခြေအနေ ရောက်နေပြီ ဆိုသည်ကို ခန့်မှန်း၍ ရနိုင်ပါသည်။
တပ်မတော် အတွင်း စိတ်ဓာတ်ကောင်းမွန်သော အရာရှိအရာခံ အကြပ်တပ်သား အများစု ရှိနေပါသော်လည်း အထက်လူကြီးများ၏ ပေါ်လစီကြောင့် ခေါင်းငုံ့၍ခံနေကြရပါသည်။
ယနေ့ တပ်မတော်သည် စစ်စရိတ်များများသုံးနိုင်ခြင်းနှင့် စစ်သည် အင်အားပေါများလာသော်လည်း စစ်သည် စွမ်းရည်၊ စည်းရုံးရေး စွမ်းရည်၊ အုပ်ချုပ်ရေး စွမ်းရည်များ လုံးဝကျဆင်းနေပြီဆိုသည်ကို မည်သို့မျှ ငြင်း၍မရနိုင်ပါ။
လက်ရှိ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ဖြစ်ပွားနေသော တိုက်ပွဲများက စစ်တပ်၏ စွမ်းရည်(၃)ရပ် ကျဆင်းနေခြင်းကို ဖော်ပြနေပါသည်။
တပ်မတော် ဘက်မှ ခြေလျင် တပ်ရင်း(ခလရ) (၄၇) တပ်ရင်းမှူး အဖမ်းခံရခြင်း၊ အရာရှိစစ်သည် ရာနှင့်ချီပြီး ကျဆုံးဒဏ်ရာ ရခြင်း ခလရ(၂၁)၊ (၃၇)၊ (၂၆၀) တပ်ရင်းမှူးများ အထုတ်ခံရခြင်း၊ ခလရ (၅၈)၊ (၄၃၇)တပ်ရင်းမှူးများ ပြင်းထန်စွာ သတိပေးခံရခြင်း အပါအ၀င် ခလရ (၃၈၁)တပ်ရင်း လွယ်ဂျယ်တွင် KIA တပ်များက ဝိုင်းထားခြင်းခံသည်ဟု အတည်ပြုဆဲ သတင်းများအရ သိရပါသည်။
စစ်တပ်အနေဖြင့် ကြွက်မနိုင် ကျီမီးနှင့်ရှို့ဆိုသည့် စကားပုံအတိုင်း အပြစ်မဲ့အရပ်သူအရပ်သားများကို ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်နေသည့် သတင်းများထွက်ပေါ်နေပါသည်။ KIA ဘက်မှလည်း လက်တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိနေကြသဖြင့် လက်ရှိအတိုင်း လွှတ်ထားမည်ဆိုပါက ကချင်-ဗမာ မုန်းတီးနာကျည်းမှု အရေးခင်းသဘောမျိုး ဖြစ်လာနိုင်ဖွယ်ရှိပါသည်။
ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန်အရေး (၃)ပါးကို တစာစာအော်နေသည့် နဝတ၊ နအဖ၊ ဦးသိန်းစိန်အစိုးရ သည် လက်ရှိဖြစ်ပျက် နေသော တိုင်းရင်းသားပြဿနာများကို လျစ်လျူမရှုထားသင့်ဟု မြင်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုရာတွင် ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကိုသာ မက တိုင်းရင်းသားလူမျိုးများ အရေးကိုပါ ထည့်သွင်းစဉ်းစားပါမှ ပီပြင်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်လိမ့်မည်ဟု ယုံကြည် ပါသည်။
အစိုးရအနေဖြင့် “ဝ” ၊ မိုင်းလားအဖွဲ့ကို ပေးသည့်ငြိမ်းချမ်းရေး အခွင့်အရေးမျိုး ကရင်၊ ကချင်၊ ရှမ်း လက်နက်ကိုင်များကို ပေးသင့်ပါသည်။ တိုင်းရင်းသားများသည် ဗိုလ်ချုပ်အောင်ဆန်း ကို အားကိုးယုံကြည်ခဲ့သောကြောင့် ပြည်ထောင်စု ဖွဲ့စည်းရေးကို သဘောတူ ခဲ့ပြီး ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဆိုသည် မူလလက်ရင်း ညီအစ်ကိုရင်းများဖြစ်ခဲ့သည် ဆိုခြင်းကို အစိုးရ အနေဖြင့် မမေ့ရန် သတိပေးလိုသည်။ တိုင်းရင်းသားများ၏ ရိုးသားမှုကို အစိုးရ အဆက်ဆက်မှနိုင်ငံရေးအမြတ် ထုတ်ခဲ့ကြပါသည်။ ထိုသို့မဖြစ်ရန် အစိုးရဘက်မှ ရိုးသားမှုကိုပြသသည့်အနေဖြင့် ထိုးစစ်များရပ်ဆိုင်းပြီး တိုင်းရင်းသားများကို ငြိမ်းချမ်းရေးစကား ကမ်းလှမ်းသင့်ပါသည်။
လွှတ်တော်အတွင်း၊ အပြင် နိုင်ငံရေးပါတီများအနေဖြင့်လည်း မြစ်ဆုံဆည် ရပ်တံ့ရေးကိစ္စတွင် ပြည်သူလူထုကို စည်းရုံးစွမ်းဆောင်နိုင်သကဲ့သို့ ယနေ့တိုင်းရင်းသားများအရေးကိစ္စ ငြိမ်းချမ်းရေးအတွက် အစိုးရအားနည်းလမ်း ပေါင်းစုံနှင့် တိုက်တွန်းခြင်း ဖိအားပေး
ခြင်း များပြုလုပ်သင့်ပါသည်။
KIA သည် မြစ်ဆုံဆည်ရပ်တံရေး ကိစ္စကို စတင်ပြီးဆောင်ရွက်ခဲ့သဖြင့် တရုတ်အစိုးရ နှင့် မြန်မာအစိုးရတို့၏ ငြိုငြင်မှုကိုခံရပြီး ပြင်း ထန်သော ထိုးစစ်ကို ကချင်တိုင်းရင်းသားများ ခံနေရပါသည်။ သို့ပါ၍ ကျန်တိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် ကချင် တိုင်းရင်းသားများအရေး ဝိုင်းဝန်းဖြေရှင်း ပေးသင့်ပါသည်။
ကချင်-ဗမာ လူမျိုးရေး နာကျည်းစိတ်များ သမိုင်းတွင်မကျန်စေရေး မြစ်ဆုံရပ်တံ့ရေး ဆောင်ရွက်သကဲ့သို့ မြန်မာနိုင်ငံသား အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
(စာရေးသူ အောင်လင်းထွဋ်သည် ဗိုလ်မှူးဟောင်း တဦးဖြစ်သည်။ တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်)

ဒီကေဘီအေနှင့် နအဖ ဒုတိယအကြိမ်ဆွေးနွေး

Written by လေးငယ်

ယမန်နေ့ (အောက်တိုဘာ ၃၁) ရက်နေ့ တွင် အစိုးရကဖွဲ့ စည်းပေးထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ နှင့် ဒု တိယအကြိမ်ဆွေးနွေးရန်၊ ဗိုလ်မှူးချုပ် မိုးရှေးဦးဆောင်သည့် ဒီအေဘီအေ ကိုယ်စားလှယ် အဖွဲ့ ဝင် (၇)ဦးသည် ၄င်းတို့ ၏ ဌာနချုပ်မှ ကရင်ပြည်နယ် ဖါးအံမြို့ သို့  ထွက်ခွာ သွားကြပါသည်။ အဆိုပါ ကိုယ်စားလှယ် (၇)ဦးမှာ ၊ ဒီကေဘီအေ ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး၊ ဗိုလ်မှူးစိန်ဝင်း၊ ဗိုလ်မှူးစောဟိဒို၊ ဗိုလ်မှူးမောင်လေး၊ ဗိုလ်မှူးပိဒါး၊ ဗိုလ်လုပ်လုံနှင့် အခြား တဦးဖြစ်ပါသည်။
နအဖဖက်မှ နိုင်ငံရေးကိစ္စကို မဆွေးနွေးပေ။ အပစ်အခတ် ရပ်စဲရေး၊ တပ်နေရာ ချထားရေးနှင့် ဆက်ဆံရေးရုံး ထားရှိမှု များကိုသာဆွေးနွေးမည်ဖြစ်ပါသည်။ ဤဒုတိယ အပါတ်ဆွေးနွေး မှုသည်၊ နိုဝင်ဘာ တရက်နေ့ တွင် ကရင်ပြည်နယ် ဖါးအံ မြို့ ပေါ်၌ ကျင်းပမှာဖြစ်ပြီး ၊အရှေ့ တောင်တိုင်း တိုင်းမှူး အပါဝင် ၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်လည်း ပါဝင် တက်ရောက် မည်ဟု သိရပါသည်။ “ ဒီကေဘီအေ ဖက်ကတော့ ကြာအင်းဆိပ်ကြီးမြို့ နယ်မှ မြ၀တီမြောက်ဖက်ခြမ်းရှိ ဒီကေဘီအေ တပ်ဖွဲ့ များရှိတဲ့ နေရာတွေကို တပ်တည်အဖြစ် နေရာချမှာဖြစ်ပါတယ်။ ဆက်ဆံရေး ရုံးတွေကိုတော့ မြ၀တီ၊ ဖါးအံ၊ ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီးမြို့ နှင့် နေပြည်တော်မှာ ထားဖို့ ရှိပါတယ်။ အစိုးရ ဖက်ကတော့ ပထမ အကြိမ်ဆွေးနွေးပွဲမှာ (၃)ဦးဘဲ ပါသွားတယ်ဆိုတော့ နဲတဲ့အတွက်ပေါ့လေ ဒီအပါတ်မှာ (၅)ဦးကနေ (၇)ဦးအထိ လာပါဆိုလို့  ဒီအပါတ်မှာ (၇)ဦးပါ သွားခဲ့တာပါ။” ဟု ဒီကေဘီအေ တပ်မှူး တဦးကပြောပါသည်။

နအဖတို့ သည်၊ ပထမအကြိမ်ဆွေးနွေးပွဲပြီးချိန်၌ ဒုတိယဆွေးနွေးပွဲအတွက် သဘောတူရမည့် အချက်များကို အရှေ့  တောင်တိုင်း တိုင်းမှူးသည်၊ အောက်ပါအတိုင်း ကြိုတင်စာရေးထားပြီး ဒီကေဘီအေခေါင်းဆောင် ဗိုလ်မှူးချုပ်စောလာ ဖွယ်ထံသို့ ပေးပို့ ခဲ့ပါသည်။ အရှေ့ တောင်တိုင်းတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဝင်းလှိုင်၏ကြိုတင်စာမှာ-

၁- နှစ်ဦးနှစ်ဖက်တပ်များသည်( ) ရက်မှစ၍ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားရန် သဘောတူ သည်။

၂- ကလိုထူးဘောတပ်ဖွဲ့ဝင်များကို (ဆုံဆည်းမြိုင်) နေရာဝန်းကျင်တွင် ယာယီအခြေပြုနေထိုင်ရန် သဘောတူသည်။

၃- နှစ်ဦး နှစ်ဖက် အပြန်အလှန် ဆက်ဆံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အတွက်နှင့် သဘောတူညီသော နေ ရာများတွင် နှစ်ဖက်သဘော တူညီကြသော ပုဂ္ဂိုလ်များဖြင့် ဆက်ဆံရေး၊ ဌာန၊ စခန်းများ ထူထောင်မည်။

၎- နှစ်ဦး နှစ်ဖက်သဘောတူညီထားသော နယ်မြေများမှသာ နယ်မြေကျော်လွန် လက်နက်ကိုင်ဆောင်ခွင့် များကို နှစ်ဦး နှစ်ဖက် ကြိုတင် ညှိနှိုင်းစေပြီးဆောင်ရွက်မည်။

၅- ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမည့် အဖွဲ့နှင့် (ဦးစောလာဖွယ်) ခေါင်းဆောင်သော ကလို့ထူးဘော တပ်ဖွဲ့မှ အဆင့်မြင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ပုဂ္ဂိုလ်များသည် နှစ်ဦး နှစ်ဖက် တူညီသောနေရာ အချိန် ကာလတွင် တွေ့ဆုံ၍ နယ်မြေ တည်ငြိမ်းအေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေး ကိစ္စများနှင့် ထာဝရငြိမ်းချမ်းရေးရ သည့်အထိ ဆက်လက်ဆွေးနွေးသွားရန် သဘောတူသည်။ ဟူ၍ဖြစ်ပါသည်။

ဒီကေဘီအေတို့ သည် ၄င်းတို့ အင်အား (၁၆၀၀) အတွက် ဘုရားသုံးဆူ နယ်စပ်မြို့ မှ ကရင်ပြည်နယ်လှိုင်ဘွဲမြို့ နယ် အထိစခန်း (၉)ခု၌ နေရာ ချထားရန် ပထမအကြိမ်ဆွေးနွေးပွဲတွင် တောင်းဆိုခဲ့သည်ဟု သိရပါသည်။ သို့ သော် တိုင်းမှူး၏ ကြိုတင်စာကြောင့်လည်းကောင်း၊ ဒီကေဘီအေ၏ လက်ရှိ တပ်အနေအထားကြောင့် လည်းကောင်း စခန်းချရမည့် နေရာများကို အနည်းငယ်လျှော့ချထားသည်ဟုသိရပါသည်။

မည်သို့ ပြေလည် လာမည်ကို မသိရသေးသော်လည်း အရှေ့ တောင်တိုင်း တိုင်မှူးသည်၊ ပထမအကြိမ်တွေ့ ဆုံမှုကို အကဲဖြတ်ပြီး ဒုတိယအကြိမ်ဆွေးနွေးပွဲအတွက် ဖြစ်နိုင် ချေနှင့် အပေါ်စီး ရရေးကို စီစဉ်သည့် အနေနှင့် ကြိုတင်စာရေး ခြင်းဖြစ်သည်ဟု ဝေဖန်သူများက သုံးသပ်ပါသည်။

HumanRight Self interest -Rohingyas, Harn Yawnghwe, and Fraudulent Claims?-english October 31, 2011

HumanRight Self interest -Rohingyas, Harn Yawnghwe, and Fraudulent Claims?-engl
HumanRights and Self Interest -bur

စစ်ရာထူးခန့် ချုပ် ဗိုလ်ချုပ်ဝင်းမြင့် ရာထူးပြုတ်



စစ်ရာထူးခန့် ချုပ် ဗိုလ်ချုပ်ဝင်းမြင့်ကို လာဘ်စားမှုဖြင့် ရာထူးမှ ဖြုတ်ချတော့မည်
ဖြစ်ကြောင်း သိရှိရပါသည်။ အကြောင်း၇င်းမှာ ဗိုလ်မှူးများအတွက် တပ်ရင်းမှူးသင်တန်း တက်ေ၇ာက်ရေးနဲ့ ပတ်သက်နေကြောင်းသိရပါသည်။
ထိုသင်တန်း တက်ချင်သော ဗိုလ်မှူးများက ဗိုလ်ချုပ်ဝင်းမြင့် မိန်းမကို ရွှေ ၅ ကျပ်သား ပေးရကြောင်း သူ့  ရဲ့ staff ကိုလဲ ၅ သိန်းလောက်ပေးရကြောင်းသိရပါသည်။ ထိုသို့ ပေးရသော်လည်း တပ်ရင်းမှူးသင်တန်းတက်ဖို့ နာမည်ပါမလာသောသူများ တဖြည်းဖြည်းများလာနေသဖြင့် ဗိုလ်မှူးတော်တော်များများက မကျေမနပ်ဖြစ်ကာ တိုင်ကြားမှုများပြုလုပ်ခဲ့ခြင်းလဲ ဖြစ်နိုင်ကြောင်း သတင်းထွက်နေပါသည်။ ထိုဗိုလ်မှူးများထဲမှ ဗိုလ်မှူးရဲစိုး ကိုယ်ပိုင်အမှတ် ၂၉၃၃၈ ခလ၇ ၅၁၉ စကခ ၁၄

မှာ ရန်ကုန် အင်းစိန်  သာယာကုန်းလမ်း တွင်နေထိုင်သော ဗိုလ်ချုပ်ဝင်းမြင့်၇ဲ့ staff နဲ့ ဦးလေးတော်သူ ဆိုသူ ဦးသန်းရှိန် နဲ့ ဆက်သွယ်ပြီး တပ်ရင်းမှူး သင်တန်းတက်ဖို့ ဗိုလ်ချုပ်ဝင်းမြင့်မိန်းမကို ရွှေ ၅ ကျပ်သားနဲ့  သူ့ staff နဲ့ ဦးသန်းရှိန်တို့ အတွက် ငွေ ၁၃ သိန်း ပေးခဲ့ရပြီး ယခုထက်ထိ တပ်ရင်းမှူး သင်တန်း မတက်၇သေးကြောင်းသိရပါသည်။ဒီကိစ္စများအပြင် ဗိုလ်ချုပ်ဝင်းမြင့်ဟာ ထားဝယ်ဘက်ကမြေကွက်များ မင်းဓမ္မကွန်ဒို တိုက်ခန်းများနဲ့ တ၇ားမ၀င် ကားရောင်းဝယ်မှုများနဲ့ လဲ ပတ်သက်နေပြီး ဗိုလ်မင်းအောင်လှိုင်ကို မကြိုက်နှစ်သက်သောဗိုလ်သန်းရွှေတပည့်လဲ ဖြစ်တာကြောင့် ဗိုလ်သန်းရွှေကို ဖြုတ်ချချင်နေသော အဖွဲ့ က ဗိုလ်ချုပ်ဝင်းမြင့်ကို လာဘ်စားမှုနဲ့ ဖြုတ်ချဖို့ လုပ်နေခြင်းများလား ဆိုပြီး သို့ လောသို့ လော သတင်းများထွက်ပေါ်နေကြောင်း တင်ပြလိုက်ရပါသည်ခင်မျာ။

ငိုပြဆိုငိုပြပါ့မယ်ဆိုတဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ကျော်ဆန်း ပြုတ်ပီတဲ့

2 November 2011


 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတွေ့ရတဲ့ 
ပြန်ကြားရေး ဝန်ကြီးအသစ် ယခင်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်ချုပ်သိန်းဌေး(ယခု ဒုတိယဗိုလ်ချုပ်ကြီး)
ယနေ့ နိုင်ငံတော်ပိုင်သတင်းစာ တွင် ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ

တရုတ်ပြည်သူ့သမ္မတ နိုင်ငံမသန်စွမ်းအနုပညာရှင်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို

ကြည့်ရှုအားပေးပြီး နှုတ်ခွန်းဆက် စကားပြောကြား သည့်အစီအစဉ်တွင် ဒုတိယဗိုလ်ချုပ်ကြီး

သိန်းဌေးမှ နှုတ်ခွန်းဆက် စကား ပြောကြားပါသည်။ ထိုသတင်းတွင် (ပြန်ကြားရေး

ဝန်ကြီးဌာနနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနခေတ္တပြည်ထောင်စုဝန်ကြီး

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး

ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ကြိုဆိုဂုဏ်ပြု နှုတ်ခွန်းဆက်စကား ပြောကြားသည်။)

ဟုဖော်ပြပါရှိပါသည်။
 
အထက်ပါ သတင်း အရ ယခင် ၀န်ကြီး ဦးကျော်ဆန်း မှာအရေးပေါ် နာမကျန်းဖြစ်ခြင်း

သို့မဟုတ် ပြည်သူ့ မေတ္တာ ခံယူရန် နယ်လှည့်ဇာတ်ကရန် တာဝန်ပေးခံရခြင်း သို့မဟုတ်

အားလုံးက ၀ိုင်းပြီး အားပေးလိုက်သဖြင့် ရာထူးမှအပြီးတိုင် ပြုတ်ပီဟု ယူဆရကြောင်း

သတင်းကောင်းပါးအပ်ပါတယ်။
      
(လူသားဖြစ်တည်မှု့  နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော 
 ဥစ္စာများထက် များစွာ သာလွန်ပါသည်။

အစိုးရများ၊ နိုင်ငံရေးစနစ် နှင့် အိုက်ဒီယာများဟူသော် ဖြစ်ပျက်သဘောမျှသာ ဖြစ်ပြီး

လူသားဖြစ်တည်မှု့ သည်သာလျှင်သမိုင်း နောက်ဆုံးကျန်ရှိပါမည်)

ရေကြီးသောကြောင့် ကလေး ငါးယောက်ဆုံးရှုံးခဲ့ရသော မိဘနှစ်ပါးနှင့် တွေ့ဆုံခြင်း

7Day News Journal
news

ပခုက္ကူမြို့ ရွှေ ချောင်း ရေ လျှပ်တစ်ပြက် ရေကြီး စဉ်သားသမီး ငါးဦး ရေထဲ သို့မျှော်ပါဆုံးရှုံးခဲ့သော အမှတ်(၃)ရပ်ကွက် ကလေးများ၏ မိဘ များဖြစ် သော
ဦးဇော်ထွန်း (၃၈နှစ်)နှင့် ဒေါ်ပပစိုး(၃၃နှစ်)တို့အား အောက်တို ဘာ ၂၄ရက်တွင် တွေ့ဆုံ မေးမြန်း ထားသည်များမှ ကောက်နုတ်ဖော်ပြ လိုက်ပါသည်။ သားသမီး ခြောက်ဦး ရှိသော ဒေါ်ပပစိုးနှင့် ဦးဇော်ထွန်းတို့ မှာ အငယ်ဆုံးကလေး ငယ် တစ်ဦး သာ ကျန်ခဲ့ပြီး ငါးဦးကိုဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။


ချောင်းရေကျတဲ့ညက အဖြစ်အ ပျက်ကို ပြန်ပြောပြပေးပါလား။

ဒေါ်ပပစိုး- တစ်ညလုံး ကလေး တွေရော ကျွန်မတို့ရော မအိပ်နိုင် ဘူး ။ မနက်မိုးလင်းခါနီးမှ အိပ်ပျော် သွားတာ။ အိမ်နီးနားချင်းတွေက နှိုးမှ ကြည့်လိုက်တော့ ချောင်းရေ တွေက စီးနေပြီ။ ချောင်းအလယ် မှာရှိတဲ့ အိမ်အမြင့်ကြီးတစ်လုံး ပေါ်ကို ကျွန်မရော ကလေးတွေ ရော မနက် ၅ နာရီလောက်မှာ ပြေး တက်ခဲ့တယ်။ မနက် ၆ နာရီ လောက်ကျတော့ အိမ်ကြီးကို အနောက်က ရေစီးထဲမျောလာ တဲ့ အဆောက်အအုံကြီးတစ်ခုက ဝင်တိုက်တော့ အိမ်ကြီးလဲသွား ပြီး ကလေးတွေ ချောင်းရေထဲပါ သွားတော့တာပဲ။

ချောင်းထဲမှာ ဘယ်အချိန်လောက် အထိ အစ်မကလေးတွေနဲ့ အတူတူရှိနေခဲ့သလဲ။

ဒေါ်ပပစိုး- ၆ နာရီလောက်အထိ ပါပဲ။ ကလေးတစ်ယောက်ကိုချီ ထားပြီး ကလေးတစ်ယောက်ကို လက်က ဆွဲထားတာ။ လှိုင်းပုတ် လိုက်တော့ အကုန်လုံး လွင့်ကုန် တယ်။ အင်္ကျီစတွေ လှမ်းဆွဲလိုက် ပေမယ့် မမီတော့ဘူး။

ကလေးတွေနဲ့ ကွဲပြီးနောက်ပိုင်း လွတ်မြောက်လာပုံလေးပြောပေး ပါဦး။

ဒေါ်ပပစိုး -ကျွန်မရေထဲ မျာသွား ပြီး ၊ သစ်ပင်တွေကြားရောက်လုက်၊သဲတွေပါးစပ်ထဲဝင်လိုက်၊ရေတွေ ဝင်လိုက်နဲ့ ပေါ်လိုက်မြုပ်လိုက် ဖြစ်နေတာ။ ကြိုးတစ်ချောင်းကို တွေ့လို့ လှမ်းဆွဲပြီးတော့ ကမ်း ပေါ်တက်လာရတယ်။ ကမ်းစပ် မှာ သီလရှင်ဆရာလေးတွေက အ၀တ်တွေ ပေးတယ။် အဝတ် အစားတွေလည်း မပါတော့ဘူး။

ကလေးတွေက ဘယ်အရွယ်တွေ ရှိပြီလဲ။

ဒေါ်ပပစိုး -သားအကြီးက ၁၈ နှစ် ၊ ဒုတိယသမီးက ၁၂နှစ်၊ သားအ ငယ်လေး သုံးယောက်က ငါးနှစ်၊ သုံးနှစ်နဲ့ နှစ်နှစ်ရှိပြီ။

ကလေးတွေ ပြန်လာမယ်လို့မျှော် လင့်သေးလား။

ဒေါ်ပပစိုး - အကြီးဆုံးသားနဲ့သမီး ကိုတော့မျှော်တယ်။ ပြန်လာ မလားလို့။ အငယ်လေးတွေကို တော့ မမျှော်လင့်တော့ဘူး။ အခု ထိတော့ အလောင်းတွေ မတွေ့ သေးဘူး။ ငိုရလွန်းလို့လည်း မျက် ရည်တွေ မထွက်တော့ဘူး။

ကလေးတွေအတွက် ကောင်းမှု ကုသိုလ်ပြုဖို့ အစီအစဉ်ရှိလား။

ဒေါ်ပပစိုး- ကျွန်မတို့ကို လာလှူ တာတွေထဲက ဖယ်ပြီး ပြန်လှူပြီး သူတို့ ဘဝကူးကောင်းအောင် အမျှပေးဝေပါတယ်။ ကလေးတွေရဲ့ ဖခင်တစ်ယောက် အနေနဲ့ ဘယ်လိုခံစားရပါလဲ။ ဦးဇော်ထွန်း- ယောကျာ်းတစ် ယောက်ဖြစ်နေတော့ မျက်ရည် တော့မကျဘူး။ ခံစားရတာက တော့ ရင်ကွဲမတတ်ပါပဲ။ အခုလို ဖြေကြားပေးတာ ကျေးဇူး တင်ပါ တယ်။

ကိုသက်(မုံရွာ)၊ မျိုးမင်းဦး

တံကျင်လျှိုပြီးမှ အသတ်ခံရသည့် ကဒါဖီ ကိုသူ့ သားအလောင်းနဲ့  တွဲ မြုပ်


သြဂုတ်လ ၂၀ရက် နေ့ က ဇာတိမြေမှာ ဇာတ်သိမ်း ခဲ့သည့် လစ်ဗျား ခေါင်းဆောင် ကဒါဖီရဲ့  ရုပ် အလောင်းကို သူ့ ရဲ့  မျိုး နွယ်စု တွေ ကို အင်္ဂါ နေ့ မနက် အစော ပိုင်း မှာ လွှဲ ပေး ပြီးနောက် ကန္တာရ ထဲက သီးခြား နေရာ တစ်ခု မှာ လျှို့ 0ှက် မြုပ် နှံ လိုက် ပြီ လို့  CNN သတင်းမှာ ထုတ်လွှင့်သွားခဲ့ ပါတယ်။

အသက် ၆၉ နှစ် ရှိပြီ ဖြစ်ပြီး နိုင်ငံအာဏာကို ၄၂ နှစ်ကြာအုပ် စိုးထားစဉ်အတွင်းမှာ လူပေါင်း သောင်းနဲ့ ချီပြီး သတ်ဖြတ် ပြစ်ခဲ့တဲ့ ကဒါဖီ ကိုသူ့ ရဲ့ သား မူတာဆင် ၊ သူ့ ရဲ့ ကာကွယ် ရေးဦးစီးချုပ် တို့ နဲ့ အတူ ယှဉ်တွဲ
ပြီး မြုပ် နှံခဲ့တာ ဖြစ်ပါတယ်။

သူ့ ရဲ့  အလောင်း ကို ဆာတ် မြို့ က သူ့  ရဲ့ မိတ်ရင်း ဆွေချာ တွေ နဲ့  မျိုးနွယ်စု တွေ က လာ
ရောက် ဂါရ၀ ပြု ကြပါတယ်။

လွန် ခဲ့တဲ့ ၅ ရက် က သေဆုံးသွား တဲ့ လစ်ဗျား ခေါင်းဆောင် ရဲ့  အလောင်း ကို မစ်ဆရာတာ
မြို့ က သားသတ် ရုံ အအေးခန်း မှာ ထား စဉ် အကန့် အသတ် နဲ့  အများ ပြည်သူ ကို ကြည့်
ရှု ခွင့် ပေး ခဲ့ ပါတယ်။

ကဒါဖီ ကို လစ်ဗျား စံတော် ချိန် မနက် ၅ နားရီ မှာ မြုပ် နှံ ခဲ့ တာ ဖြစ်ပါတယ်။

လစ်ဗျားတောင် ပိုင်း က ဘယ်သူ့ ကို မှ အသိမပေးတဲ့ ကန္တာ နေရာ တစ်ခု မှာ အောက်တိုဘာလ
၂၀ ရက်နေ့ က ကွယ် လွန် ခဲ့ တဲ့ ကဒါဖီ တို့  သား အဖ ကို မြုပ်နှံ ဖို့  စီစဉ် နေ ချိန်မှာ ပဲ အမေရိကန်
အခြေစိုက် Global Post အင်တာနက် သတင်း စာ မျက် နှာ မှာ ဖော်ပြ ခဲ့ တဲ့ နောက် ဆုံး ရ ဗီဒီ
ယို တွေ မှာ နိုင်ငံ ကို ၄၂ ကြာ အုပ်ချုပ် ခဲ့ တဲ့ ကဒါ ဖီ ဟာ သူ့ ရဲ့  စအိုဝ ကို ခွေးတံဆိပ် ခဲတံ ငါးချောင်း
စာလောက် ရှိ တဲ့ တုတ်ကြီး တစ်ခု နဲ့ အထိုး ခံ ရ ပြီး နောက် လက်နက်ကိုင် သုံးလေးယောက် လောက်
က လည်း သားမယား အဖြစ် ပြု ကျင့် ဖို့  ကြံစည် တဲ့ ပုံ တွေ ထွက် လာခဲ့ ပါတယ်။

မဖွယ် မရာ ပြု ကျင့် ခံရတဲ့ ကဒါဖီ ဟာ အဲဒီ ဗီဒီယို ထဲ မှာ တော့ နာလွန်း တဲ့ အတွက် အသက် ထွက်
မတတ် အော်ဟစ် နေ ပါတယ်။ နောက်ဆုံး တော့ သေနတ် သံ တွေ ကြား ရ ပြီး ကဒါဖီ လည်း အသက်
ပျောက်သွား ခဲ့ ပါတယ်။




ဥက္ကဌကို ဖြုတ်ရန် ဖလုံ-စဝေါ်ပါတီ အရေးပေါ် အစည်းအဝေးပြုလုပ်

စောခါးစူးညား (ကေအိုင်စီ)

ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ လက်ရှိ ဥက္ကဌ စောသန်းကျော်ဦးကို ပါတီစည်းကမ်း ဖောက်ဖျက်မှုဟူ၍ ပါတီအဖွဲ့ ၀င်များက ဖြုတ်ချရန် ကြိုးပမ်းသည့်အနေဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖလုံ-စဝေါ်ပါတီရုံးတွင် ယနေ့မနက်က အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ဖလုံ-စဝေါ်ပါတီအဖွဲ့ဝင်တဦးသည် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားလုပ်ခွင့် မရှိကြောင်း ချမှတ်ထားသည်ကို စောသန်းကျော်ဦးက ချိုး ဖောက်ခဲ့သည့်အပေါ် ပါတီအဖွဲ့ဝင်များမှ ဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းပါတီနှင့် နီးစပ်သည့်သူတဦးက ကေအိုင်စီ ကို ပြောသည်။

“သူ(စောသန်းကျော်ဦး)ဟာ ခနောက်စိမ်းထုတ်လုပ်တဲ့ သံလွင်သီဟ ကုမ္ပဏီရဲ့ ပိုင်ရှင်နဲ့ စီးပွားရေး အစုရှယ်ယာလုပ်ကြတာ ၂လလောက်ရှိပြီ။ နောက် ပါတီရဲ့ ခွင့်ပြုချက်မယူဘဲ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားတွေ လိုက်လုပ်ထားတာလည်း ရှိတော့ ပါတီက မကြိုက်လို့ အစည်းအဝေးမှာပဲ ဆုံးဖြတ်သွားဖို့ အခုလို အစည်းအဝေးလုပ်လိုက်တာ။”ဟု ပြောဆိုသည်။
အစည်းအဝေးကို ဖလုံ-စဝေါ်ပါတီ၏ ဥက္ကဌနှင့် လွှတ်တော်အမတ်များဖြစ်သည့်

နန်းစေအွာ၊ စောမင်းအောင်လင်း၊ စောကျော် နိုင်၊ စောရှားထွန့်ဖောင်၊ ပါတီ၏ အမျိုးသမီးအဖွဲ့ ဥက္ကဌ နော်ယုဇန၀ါနှင့် လူငယ်အဖွဲ့ ဥက္ကဌ စောခင်ကျော်ဦးတို့ အပါအ၀င် စုစုပေါင်း လူ ၆၀ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
မနက် ၁၀နာရီမှ မွန်းလွဲ ၁နာရီ ကြာမြင့်သည် ထိုအစည်းအဝေးတွင် ဥက္ကဌကို ဖယ်ရှားခြင်း မဖယ်ရှားခြင်း နှစ်ဖွဲ့ကြား အခြေအ တင် ငြင်းခုံမှုများရှိသော်လည်း ကိုယ်ထိလက်ရောက် ဖြစ်ကြသည်အထိမူ မရှိခဲ့ပေ။
၎င်းအစည်းအဝေးတွင် စောသန်းကျော်ဦး စည်းရုံးထားသည့် နယ်ခံစည်းရုံးရေးမှူးအချို့မှတပါး ဖလုံ-စဝေါ်ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်အမတ်များ အားလုံးနှင့် အဖွဲ့ဝင်များအားလုံးက ဥက္ကဌအနေဖြင့် လတ်တလောရာထူး နှုတ်ထွက်ပေးရန် လက် မှတ်ထိုးကာ တောင်းဆိုခဲ့ကြသည်ဟု ဖလုံ-စဝေါ်ပါတီက ပြောသည်။
သို့သော် ၎င်းက ရာထူးမှ နှုတ်ထွက်ရန် ငြင်းဆိုခဲ့သည့်အတွက် ယင်းပြဿနာကို လာမည့် ဒီဇင်ဘာလ PSDP ပါတီနှစ်ပတ် လည်နေ့၌ ထပ်မံ ဖြေရှင်းသွားမည်ဟုလည်း သိရသည်။

ယခုလ ၂၄ရက်နေ့ကလည်း ဖလုံ-စဝေါ်ပါတီ ဥက္ကဌ စောသန်းကျော်ဦးသည် ပါတီ၏ အမျိုးသမီးအဖွဲ့ ဥက္ကဌ နော်ယုဇန၀ါကို ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟုလည်း ပါတီနှင့် နီးစပ်သူ အဆိုပါပုဂ္ဂိုလ်က ပြောသည်။
၎င်းက “ငါက ဒီကေဘီအေ လုပ်ခဲ့ဖူးတယ်။ နင့်ကို ငါ သတ်ပစ်လိုက်မယ်။ အဲလို ပြောလိုက်တာ။ နော်ယုဇန၀ါဆိုရင် မျက်ရည် တောင် ကျတယ်။”ဟု ကေအိုင်စီသို့ ပြောဆို့သည်။
ယနေ့ အရေးပေါ်အစည်းအဝေးနှင့် ပတ်သက်၍ ကိုယ်တိုင်အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ဖားအံမဲဆန္ဒနယ် အမှတ်-၁ ဖလုံ-စဝေါ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းစေအွာကို ကေအိုင်စီက မေးမြန်းခဲ့ရာ ပြန်လည် ဖြေကြားခြင်းမပြုဘဲ ဖုန်းချသွားခဲ့သည်။ဖလုံ-စဝေါ်ပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၈ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အမတ် ၂နေရာ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမတ် ၃နေရာနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမတ် ၄နေရာ ရရှိခဲ့သည်။

စောသန်းကျော်ဦးသည် ယခု ကရင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဖြစ်သူ ယခင် ဖလုံ-စဝေါ်ပါတီ၏ ဥက္ကဌ စောခင် မောင်မြင့်၏ နေရာတွင် အစားထိုး အရွေးခံရသူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကျိုက်မရောမြို့နယ် အမှတ်(၁)တွင် ပြည် နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံခဲ့ရာ မဲရှုံးနိမ့်ခဲ့သည်။

1 November 2011 လွတ်လပ်တဲ့ အာရှအသံရဲ့ အောက်တိုဘာလ စတုတ္ထပတ် ရုပ်သံ သတင်းအစီအစဉ်

ဦးဂမ္ဘီရအတွက် မိသားစုမှ သမတကြီးထံသို့ မေတ္တာရပ်ခံချက်

သို့

နိုင်ငံတော်သမ္မတ
ပြည်ထောင်စုမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး(နေပြည်တော်)

ရက်စွဲ။ ။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာ( )ရက် ရည်ညွှန်းချက်။ ။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ကလေးမြို့အကျဉ်းထောင်အတွင်းရှိအရှင်ဂမ္ဘီရ အပေါ်ထောင်ပိုင်ကြီးနှင့်တကွထောင်ဝန်ထမ်းများ၏ တရားဥပဒေနှင့်မညီမညွတ်သော လူ့အခွင့်အရေးချိုး ဖောက်မှုများ၊အမှန်တကယ်ခံစားနေရသောရောဂါနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသောထိုးဆေးများထိုးသွင်းနေ သည့်အတွက် ပိုမိုဆိုးဝါးပြင်းထန်လာသောအခြေအနေများကြောင့် ၄င်းကဲ့သို့လွဲမှားစွာပြုမူဆောင်ရွက်နေမှုများ ကို ချက်ချင်းရပ်တန့်ပေးပါရန်နှင့်အရှင်ဂမ္ဘီရအားချက်ချင်းပြန်လွှတ်ပေးပြီးမိသားစုများမှအရှင်ဂမ္ဘီရခံစားနေရ သာရောဂါများကို အနီးကပ်ကြပ်ကြပ်မတ်မတ် ဆေးကုသခွင့်ရနိုင်ပါရန် တောင်းဆိုခြင်းကိစ္စ

လေးစားအပ်ပါသော သမ္မတကြီးရှင်

ကျွန်မသည်အထက်ရည်ညွှန်းချက်ပါ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော ကလေးမြို့ အကျဉ်းထောင်အတွင်းရှိ အရှင်ဂမ္ဘီရ၏အမ မခင်သူဌေး(၈/ပမနနိုင် ၀၀၁၄၈၆)ဖြစ်ပါသည်။ အရှင်ဂမ္ဘီရအကျဉ်းကျ နေစဉ်ကာလတစ်လျှောက် အရှင်ဂမ္ဘီရ၏ထောင်ဝင်စာကိစ္စအ၀၀ကို တာဝန်ယူခဲ့သလို ယခုလည်း အရှင်ဂမ္ဘီရခံစား နေရသော အဖြစ်ဆိုးမှလွတ်မြောက်နိုင်ရန်အတွက် အရှင်ဂမ္ဘီရနှင့် မိသားစုဝင်အားလုံး၏ ကိုယ်စားတောင်းဆိုရခြင်း ဖြစ်ပါသည်။

အရှင်ဂမ္ဘီရအား ၂၀၀၈ခုနှစ် နိုဝင်ဘာ(၂၂)ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်လိုက်ပြီးနောက် ထောင်ဒဏ်(၆၈)နှစ်နှင့် ခန္တီးအကျဉ်းထောင်သို့ပြောင်းရွှေ့ ခဲ့ပါသည်။ ခန္တီးအကျဉ်းထောင်သို့ရောက်ပြီး ၂၀၀၉ခုနှစ်ဧပြီလ (၁)လလုံးလုံး ခန္တီးထောင်ပိုင်ကြီးနှင့်ထောင်ဝန်ထမ်းများမှ နေ့ ညမပြတ်(၁၅)မိနစ်လျှင်(၁)ကြိမ်နှုန်းဖြင့် အရှင်ဂမ္ဘီရ ၏ဦးခေါင်းအား (၂”x၁”)သစ်သားတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပါသည်။ အရှင်ဂမ္ဘီရမှထောင်အတွင်းကျန်းမာရေးအတွက် လမ်းလျှောက်ခွင့်မရခြင်းအပေါ်တောင်းဆိုရာမှ ထိုသို့ ရိုက်နှက်ပြုမူနှိပ်စက်ခြင်းများခံခဲ့ရကြောင်း အရှင်ဂမ္ဘီရနှင့် ထောင်ဝင်စာတွေ့ ဆုံစဉ်ပြောပြချက်အရ သိရှိခဲ့ရပါသည်။

ထိုသို့ရိုက်နှက်စဉ်တွင်လည်း အရှင်ဂမ္ဘီရအား လက်ထိပ်နောက်ပြန်ခပ်ထားခြင်း ၊ခြေထောက်ကိုဒေါက်ခပ်ထားခြင်း ဦးခေါင်းအားအိတ်အမည်းစွပ်ထားခြင်း၊ ပါးစပ်အတွင်းအ၀တ်များအားကုန်ထိုးသွတ်ထားခြင်း၊ဟူသော လူမဆန် သော၊လူ့ အခွင်းအရေးကိုအစွမ်းကုန်ချိုးဖောက်သော ၊ဥပဒေနှင့်မညီညွှတ်သော အပြုအမှုများကိုပြုမှုခဲ့ကြပါသည်


ထိုနှိပ်စက်ခံခဲ့ရသည့်(၁)လတာကာလအတွင်း ထမင်းကိုဇွန်းဖြင့်ခွံ့ ကျွေးခဲ့ကြပြီး ကုလားထိုင်ပေါ်တွင်သာထိုင်နေ စေကာအပေါ့၊အလေးကိစ္စများကိုလည်း ဒီအတိုင်းသာသွားခဲ့ရပါသည်။ ထိုသို့ မသေရုံတမည်နှိပ်စက်ခဲ့ကြပြီး နောက်၂၀၀၉ခုနှစ်၊မေလ(၁၂)ရက်နေ့ တွင် ခန္တီးထောင်ပိုင်ကြီးမှ ကလေးထောင်ပိုင်ထံသို့ ”အရူးတစ်ယောက်ပို့ လိုက်သည်” ဟူသောေ ကြးနန်းဖြင့် အရှင်ဂမ္ဘီရ၏ ဦးခေါင်းအားအိတ်အမည်းစွပ် ၊ခြေဒေါက်ခပ်၊ လက်ထိပ်နောက်ပြန်ခပ်ကာ ကလေးထောင်သို့ပြောင်ရွှေ့ စေခဲ့ပါသည်။

ကလေးအကျဉ်းထောင်မှ ထောင်ပိုင်ဦးဝင်းသော်(ယခုအခါအ ငြိမ်းစား)မှလည်း အရှင်ဂမ္ဘီရရောက်ရှိလာခြင်းအား အရူးတစ်ယောက်ရောက်လာသည်ဟုပြောဆိုခဲ့ကြောင်း၊ မကြာ သေးမှီက သမ္မတကြီး၏လွတ်ငြိမ်းချမ်းသာအမိန့် ဖြင့် ကလေးအကျဉ်းထောင်မှ့ပြန်လည်လွတ်မြောက်လာသော အကျဉ်းသားများဖြစ်သည့် ဦးအေးချို၊ လှိုင်မျိုး၊ ကိုမင်းအောင်၊ ကိုမြင့်နိုင်၊ ဦးသိန်းလွင်ဦးတို့ မှပြန်လည်ပြောပြခဲ့ကြပါသည်။

ကလေးအကျဉ်းထောင်သို့ရောက်ပြီးနောက် အရှင်ဂမ္ဘီရအား တိုက်သစ်ထဲတွင် တစ်ပါးတည်းထားခဲ့ပြီး အပြင်မှသံဆူးကြိုးများအထပ်ထပ်ကာရံကာ အတွင်းတံခါး(၂)ချပ်ကိုလည်း လုံးဝဖွင့်ပေးခဲ့ခြင်းမရှိကြောင်း အကျဉ်းသား ဟောင်းများထံမှ စုံစမ်းသိရှိရပါသည်။

ထိုအချိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသောအကျဉ်းသားများ အရှင်ဂမ္ဘီရအပေါ် ထိုသို့ပိတ်လှောင်ထားမှုအားမပြုလုပ်ရန် ၀ိုင်းဝန်းတောင်းဆိုရာတွင် ထောင်အာဏာပိုင်များမှ ကျန်းမာရေးမကောင်းဟုဆိုကာ ဆက်လက်ပိတ်မြဲပိတ်လှောင်ထားခဲ့ပါသည် ။ နောက်ပိုင်းအတန်ကြာမှ ဖွင့်ပေးခဲ့ ကြောင်းသိရပါသည်။

အထက်ပါနှိပ်စက်ခံရသည်ဆိုသောသတင်းများကြောင့် မိသားစုမှကလေးအကျဉ်းထောင်သို့ သွားရောက်တွေ့ ဆုံခဲ့ရာ အရှင်ဂမ္ဘီရ၏ မမြင်ရက်စရာမြင်ကွင်းကဆီးကြိုနေခဲ့ပါသည်။ ပါးစပ်အတွင်းသို့ တအားကုန်ထိုးသွင်းခံခဲ့ရမှုကြောင့် အသံပျောက်နေခဲ့ပြီး လက်နှစ်ဖက်မှာသေးသိမ်ချိုင့်ဝင်လျှက် လက်ထိပ်နောက်ပြန်ခပ်ပြီး ရှေ့နောက်တွန်းထိုးခံခဲ့ရသောဒဏ်ရာများမှာ ပွန်းပဲ့ကာ သေရာပါဒဏ်ရာများဖြင့် စိတ်မကောင်းဖွယ်ရာတွေ့မြင် ခဲ့ရပါသည်။

ဤကဲ့သို့ တစ်လလုံးလုံး ဦးခေါင်းကို(၁၅)မိနစ်လျှင်တစ်ကြိမ် တုတ်ဖြင့်ရိုက်နှက်ခံခဲ့ရသောဒဏ်ရာများက ဦးခေါင်းအတွင်းအကျိတ်တည်ခြင်း (သို့မဟုတ် ) ပြည်တည်နာဟုခန့်မှန်းယူဆရလျှက် နားလည်တတ်ကျွမ်း သာသမားတော်ကြီးများနှင့် သေသေချာချာအမြန်ဆုံးစမ်းသပ်စစ်ဆေးခံယူခွင့်ရနိုင်ပါရန် အရေးတကြီးအမြန်ဆုံး လိုအပ်လျှက်ရှိနေပါသည်။

ထိုဒဏ်များက တစ်ရက်လျှင်တစ်ကြိမ်(သို့မဟုတ်)တစ်ပတ်တစ်ခါမခံမရပ်နိုင်ကိုက်ခဲ နာကျင်လာသည့်အခါ ဦးခေါင်းကိုအုပ်ကိုင်လျှက် တအားအားအော်ညည်းနေရတတ်ကြောင်း သိရှိခဲ့ရပါသည်။ ထိုကဲ့သို့အော်ညည်းလာသည့်အခါတိုင်း ထောင်ပိုင်ကြီးဥိးဝင်းသော်လက်ထက်မှစတင်၍ ယခုလက်ရှိထောင်ပိုင်ဦးဂိုကျင်ပေါင်လက်ထက်အထိ ထောင်ပိုင်ကြီးအပါအ၀င် ထောင်မှူးထောင်ဝန်ထမ်းများက အရှင်ဂမ္ဘီရအားမူးယစ် ဆေးဝါးတစ်မျိုးမျိုးဟုယူဆရသည့် ဆေးများကိုအကြောထဲထိုးသွင်းကျင့်စဉ်အား အစဉ်အမြဲပြုလုပ်လျှက်ရှိကြောင်း၊ ထိုဆေးထိုး၍ မပြီးခင်ပင်အိပ်ပျော်သွားတတ်လျှက် (၅)နာရီလောက်ကြာကြာအိပ်ပျော်သွားတတ်ပြီး အိပ်ယာမှ နိုးလာလျှင် အာများလျှာများလေးလံကာ ကြည်လင်လန်းဆန်းမှုမရှိဘဲ ကြောင်တောင်တောင်ဖြစ်နေတတ်သည်ဟု အဆိုပါအကျဉ်းသားဟောင်းများမှ ပြောပြကြပါသည်၊

ထိုသို့သောအခြေအနေများမှာ အနာနှင့်ဆေးတည့်အောင် မှန်ကန်စွာကုသခြင်းမဟုတ်ဘဲ လတ်တလောပြေလည်သွားစေရန် လွဲမှားစွာပြုကျင့်ခံရခြင်းကြောင့် ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသော အကျဉ်းသားများမှ အရှင်ဂမ္ဘီရအား နားလည်တတ်ကျွမ်းသူများနှင့်ကုသနိုင်ပါရန် ရန်ကုန်သို့ပြောင်းရွှေ့ပေးပါရန် ၀ိုင်းဝန်းတောင်းဆိုခဲ့ဘူးသည်ဟုသိရှိရပါသည်၊ ယခုကလေးရဲဘက်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုထောင်မှူးဦးခင်မောင်သိန်းသည် ကလေးအကျဉ်းထောင်တွင် တာဝန်ကျခဲ့စဉ်က အရှင်ဂမ္ဘီရခံစားနေရသောရောဂါဝေဒနာမှာ ကလေးမြို့တွင် ကုသနိုင်သောဆရာဝန် ၊ဆေးခန်း ၊ဆေးရုံမရှိပါ၍ ရန်ကုန်မြို့သို့ပြောင်းရွှေ့ကုသသင့်ကြောင်းကို သက်ဆိုင်ရာအထက်လူကြီးများသို့တင်ပြပေးဘူးကြောင်း၊ ယခုကဲ့သို့လွဲမှားစွာဆေးထိုး၍ ဖြေရှင်းခြင်းမှာ လွန်စွာအန္တရာယ်ကြီး၍မှားယွင်းကြောင်း၊ မိမိမလုပ်ရဲကြောင်း ၊နောင်တစ်ချိန်မိမိတာဝန်အဖြစ်မခံနိုင်ကြောင်း အထက်လူကြီးများသို့စာတင်ပေးဘူးကြောင်း ကိုပြန်လည်လွတ်မြောက်လာသောအကျဉ်းသားဟောင်းတစ်ဦးမှ ပြောပြပါသည်၊

အရှင်ဂမ္ဘီရသည် တစ်ခါတစ်ရံဂဏှာမငြိမ်ဖြစ်လာတတ်ပြီးထိုင်ရ မလိုထရမလိုနှင့် နံရံကိုလက်သီးနှင့်ထိုးခြင်းများ၊ လှုပ်ရှားထကြွလာသောစိတ်ကို တရားထိုင်ပုတီးစိပ်၍ထိန်းချုပ်ပါသော်လည်း ထိန်းချုပ်နေသည့်ကြားမှလွတ်ထွက်ကာ မိန်းဂျေးကိုပတ်ပြေးတတ်သည်ဟုပြန်လည်လွတ်မြောက်လာသော အကျဉ်းသားများ၏ စကားကိုကောက်ချက်ဆွဲရလျှင် ခံစားနေရသည့် ရောဂါအပြင် ထောင်မှအမြဲလိုလိုထိုးသွင်းလျှက်ရှိသည့် ဆေးကိုစွဲနေပြီဖြစ်ကြောင်း ယူဆမိပါသည်၊

ထိုကဲ့သို့ဆိုးဝါးပြင်းထန်နေသောအခြေအနေများကိုရင်ဆိုင်နေရသည့်အရှင်ဂမ္ဘီရအားလိုအပ်သည့်ဆေးဝါးကုသမှုများပြုလုပ်ပေးနိုင်ရန

်အတွက်

်နားလည်တတ် ကျွမ်းသောသမားတော်များနှင့်ပြသနိုင်ရန်အတွက် အရှင်ဂမ္ဘီရအားချက်ချင်းလွှက်ပေးပါရန် သမ္မတကြီးအားလေးစားစွာဖြင့် အနူးအညွတ်တောင်းဆိုအပ်ပါသည်၊

ယခင်အစိုးရလက်ထက်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တရားလက်လွတ်လုပ်ရပ်များကို သမ္မတကြီး၏ အစိုးရအဖွဲ့သစ်အနေဖြင့်ပြုပြင်ပြောင်းလဲနေသည်ဟု ကျွန်မအနေဖြင့်ကြားသိတွေ့မြင်လျှက်ရှိနေပါသည်၊ အရှင်ဂမ္ဘီရအပေါ်ပြုကျင့်ခဲ့ကြသောကိစ္စရပ်များမှာ လုံးဝမဖြစ်သင့်သော၊ လူမဆန်သော၊ ဥပဒေမဲ့ပြုကျင့်ကြသောကိစ္စရပ် များဖြစ်ပါသည်၊

ဤအဖြစ်များကိုကျူးလွန်ခဲ့ကြသော ခန္တီးထောင်ပိုင်ကြီး၊ကလေးထောင်ပိုင်ကြီးနှင့် ဤအမှုတွင်ပါဝင်ကျူးလွန်ခဲ့ကြသူအားလုံးအား ကျမအနေဖြင့်အာဃာတဖြင့်မဟုတ်ဘဲ စစ်မှန်သောဒီမိုကရေစီပေါ်ပေါက်ရေး၊ တရားနည်းလမ်းကျသောဥပဒေပေါ်ပေါက်ရေး ၊နှင့်မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်ရရှိစေနီုင်သော ဥပဒေပေါ်ပေါက်ရေးတို့အတွက် တရားစွဲဆိုခွင့်ရရှိနိုင်ပါရန်ြ မန်မာနိုင်ငံသားအားလုံး၏ကိုယ်စား လေးစားစွာဖြင့် သမ္မတကြီးအား အနူးအညွတ်တောင်းဆိုလိုက်ရပါသည်။

လေးစားစွာဖြင့်
မခင်သူဌေး ၈/ပမန(နိုင်)၀၀၁၄၈၆ (အရှင်ဂမ္ဘီရ၏အမတော်)
စက်မှုဇုံ(၅)လမ်း
မိတ္ထီလာစက်မှုဇုံ မိတ္ထီလာမြို့။


အညာနွေတမာမြေ ဆိုဒ်မှ တဆင့် ဖော်ပြသည်။

ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့

ငရဲးကိုမကြောက်တပ်ကြဘူးဆိုရင် ဒါတွေကြည့် ကြည့်ပါ

ကမ္ဘာ့ အဆိုးသွမ်းဆုံး လူ ၆ ဦး

အီဂျစ်သမ္မတ မူဘာရခ်ကို လူထုအုံကြွ ဖြုတ်ချခဲ့ပြီးနောက် ကမ္ဘာတလွှားရှိ ဆိုးသွမ်း အာဏာရှင်များမှာ သူ့တို့ အလှည့် ရောက်မှာကို ပူပန်ကြောင့်ကြ ရင်း အိပ်ရေးပျက်လျက် ရှိသည်။ အောက်တွင် အဆိုးသွမ်းဆုံး အာဏာရှင် ၆ ဦးကို ဖော်ပြလိုက်ပါသည်။

ကင် ဂျူံးအီလ်၊ မြောက်ကိုရီးယား

အထီးကျန် ရသေ့နိုင်ငံ မြောက်ကိုရီးယားကို ၁၉၉၄ ခုနှစ်ကတည်းက ဖိနှိပ် အုပ်ချူပ်နေသူဖြစ်သည်။ သူ့ဖခင် ကင်အီလ်ဆွန်း က ၄၆ နှစ် အုပ်ချုပ်ခဲ့ပြီး၊ အဖေနဲ့ သားပေါင်းလျှင် မြောက်ကိုရီးယား အာဏာကို သံမဏိလက်သီးဖြင့် ချုပ်ကိုင်ထားသည်မှာ ၆၃ နှစ် ရှိပြီ။ ကင် ဂျူံးအီလ်က ၁၉၉၈ ခုနှစ်တွင် အခြေခံဥပဒေကို ပြောင်းရေးဆွဲပြီး သမ္မတမှ အမြင့်ဆုံး စစ်ကော်မရှင် ဥက္ကဌ ရာထူး အမြဲကိုင်ထားနိုင်ဖို့ လုပ်ခဲ့သည်။
လူထုကို ပြည်ပ သတင်းများ နားထောင်ခွင့်မပြု။ နိုင်ငံခြား ဖုန်းအ၀င်များကို သတိထား စောင့်ကြပ်သည်။ အင်တာနက် ပိတ်ပင်ထားသည်။ စစ်အေးခေတ် ကွန်မြူနစ်ပုံစံအချိုးကို လုံးဝ မပြောင်း။ ကိုရီးယား ဗဟိုသတင်းအေဂျင်စီမှ ၀ါဒဖြန့် မှုများ ပုံမှန်လွှင့်နေတုန်းပင်။ လုပ်အားပေး စခန်းများနဲ့ အတိုက်အခံပြုသူများအတွက် အကျဉ်းစခန်းများမှာ ကြောက်မက်ဖွယ် ဖြစ်သည်။ အကျဉ်းစခန်းများတွင် နိုင်ငံရေး အကျဉ်းသား ၁၅၀,၀၀၀ ရှိမည်ဟု တောင်ကိုရီးယား အစိုးရက ခန့်မှန်းထား သည်။
ယခု ကျန်းမာရေး မကောင်းတဲ့အတွက် အသက် ၂၇ ရှိ သူ့သား ကင်ဂျုံအန်း ကို သူ့အရိုက်အရာ ဆက်ခံဖို့ စီစဉ်နေသည်။
မွမ်မာ ကဒါဖီ၊ လစ်ဗျား

လွန်ခဲ့တဲ့ ၄၁ နှစ်တွင် ကပ္ပတိန်လေး မွမ်မာ အယ်လ် ကဒါဖီ က လစ်ဗျား စစ်တပ်ကို ဦးဆောင်ပြီး ဘုရင် အိုင်ဒရစ် ထံမှ အာဏာသိမ်းယူခဲ့သည်။ ယခု အသက် ၆၈ ရှစ်နှစ်ရှိ ကဒါဖီမှာ အမေရိကန် သမ္မတ ရစ်ချဒ် နစ်ဆင် ပထမ သက်တမ်း ကတည်းက လစ်ဗျားအာဏာရယူထားသူ ဖြစ်ပြီး၊ နစ်ဆင်က သူ့ကို အရှေ့အလယ်ပိုင်းရဲ့ ‘ခွေးရူး’ လို့ နာမည်ပေးခဲ့သည်။
၁၉၆၉ ခုနှစ် ကဒါဖီ အာဏာရယူကတည်းက လစ်ဗျားကို အာရပ် အမျိုးသားရေးဝါဒ၊ ဆိုရှစ်လစ်ဝါဒနဲ့ အစ္စလာမ် တို့ကို ရောသမမွှေပြီး မရေမရာ ကျင့်သုံးခဲ့သည်။ အတိုက်အခံပြုသူများကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး၊ လက်ရှိ အကျဉ်း ထောင်ထဲတွင် နှိပ်စက်ညှင်းပမ်းထားသူ ၅၀၀ ကျော် ရှိသည်။ ရေနံကြောင့် ကြွယ်ဝသော်လည်း အဂတိ လိုက်စားမှုများ ထူပြောလျက်ရှိသည်။

ရောဘတ် မူဂါဘီ၊ ဇင်ဘာဘွေ

အာဖရိက ခေါင်းဆောင်များအနက် ရောဘတ် မူဂါဘီ ကိုလည်း အနောက်နိုင်ငံများက သူတို့ ဟီးရိုးအဖြစ် အရင်က သတ်မှတ်ခဲ့ကြသေးသည်။ လူဖြူ ရိုဒီးရှား အုပ်စိုးမှုကို တော်လှန်ပြီး လူမည်း နိုင်ငံ ဖန်တီးဖို့ ကြိုးစားတဲ့အတွက် ဒုတိယ မင်ဒဲလား အဖြစ် မြှောက်ကြည့်ခဲ့သေးသည်။ သို့သော် အစကတည်းက မူဂါဘီ ရဲ့ စရိုက်က အကြမ်းဖက် အုပ်ချုပ်မှုကို လိုလားကြောင်း ပြသခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွေမှာ သူ့ကို ဆန့်ကျင်တဲ့ မျိုးနွယ်စု လူ ၃၀,၀၀၀ ကို သတ်ဖြတ်ပြီး သားသတ်သမားဘွဲ့ ရသွားသည်။
ပြီးခဲ့တဲ့နှစ်တွေမှာ မူဂါဘီ က အတိုက်အခံတွေကို နှိပ်ကွပ်ရင်း သူရက်စက်ကြောင်း ပိုပြသခဲ့သည်။ အတိုက်အခံ ခေါင်းဆောင်တွေကို လုပ်ကြံဖို့ အမျိုးမျိုး ကြံစည်သည်။ ကျူးကျော် ရပ်ကွက် အိမ်ယာ ၇၀၀,၀၀၀ ကို ဘူဒိုဇာတွေနဲ့ ထိုးကော်ပစ်သည်။ အာဖရိကရဲ့ အဆင်းရဲဆုံး နိုင်ငံ ဘ၀ ရောက်ရှိသွားပြီး၊ ငွေကြေးဖောင်းပွမှု အမြင့်ဆုံးနှင့် ၁၀ နှစ် ဆက်တိုက် ဂျီဒီပီ အနှုတ်လက္ခဏာ ပြနေခဲ့သည်။

သို့သော် ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲတွင် အတိုက်အခံ MDC ပါတီက အားကောင်းခဲ့ပြီး မူဂါဘီရဲ့ လူသတ် အုပ်ချုပ်မှုကို စိန်ခေါ်လာခဲ့သည်။ အခု အီဂျစ်တော်လှန်ရေး အောင်ပွဲကို ဇင်ဘာဘွေ အတိုက်အခံများနဲ့ လူထုက အားကျလေ့လာနေပြီး၊ မူဂါဘီ နေရမယ့် ရက်ကို လက်ချိုးရေတွက်နေကြသည်။

ကက်စထရို ညီအစ်ကို၊ ကျူးဘား

၁၉၅၉ ခုနှစ်တွင် အာဏာရှင် ဘာတစ်စတာ အစိုးရကို တော်လှန်ဖြုတ်ချခဲ့တဲ့ ဖီဒယ်လ် ကက်စထရို က နှစ် ၅၀ ကြာ ကျူးဘားကို ကွန်မြူနစ်နိုင်ငံ အဖြစ် ပြောင်းအုပ်ချုပ်ခဲ့သည်။
၂၀၀၈ တွင် ကျန်းမာရေး မကောင်းတာကြောင့် သူ့ညီ ရာဟူး ကက်စထရို ကို တရားဝင် အာဏာ လွှဲပေးခဲ့ပေမဲ့၊ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး တစ်ပါတီ ကွန်မြူနစ်စနစ်အောက်တွင် နိုင်ငံရေး အခွင့်အရေး၊ အရပ်သား လွတ်လပ်ခွင့် တွေကို ထိန်းချုပ် ထားတုန်းပင် ဖြစ်သည်။
နိုင်ငံရေးသမားထားတဲ့ ကျူးဘား အကျဉ်းထောင်များမှာ ကြွက်ပေါလွန်းတာကြောင့် အချို့ သတ်သေကြသည်။ ကျူးဘား ကျွန်းမှ ထွက်ပြေးဖို့ ကြိုးစားသူများကို ရက်ရက်စက်စက် နှိပ်ကွပ်သည်။ မီဒီယာ၊ စာပေနဲ့ ပညာရပ်စာတမ်းများကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားသည်။
ရာဟူး ကက်စထရို လက်ထက် စီးပွားရေး တံခါး အသင့်အတင့် ဖွင့်လာပေမဲ့ အစိုးရ၀င်ရောက်စွက်ဖက်မှုက ကြီနေဆဲ ဖြစ်သည်။ ယခု အီဂျစ် ပြဿနာကြောင့် ကျူးဘား နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးလိုက်သည်။


အလက်ဆန်ဒါး လူကာရှန်ကို၊ ဘီလာရပ်စ်

လူကာရှန်ကို ကို ဥရောပ နောက်ဆုံး အာဏာရှင် အဖြစ် သတ်မှတ်ထားသည်။ ၁၆ နှစ်ကြာ သူ့အုပ်ချုပ်မှုအောက်တွင် ဘီလာရပ်စ် စီးပွားရေး နိုင်ငံရေးမှာ အဖတ်ဆယ်မရအောင် ရှိနေသည်။
လူကာရှန်ကိုမှာ ဆိုဗီယက်ခေါင်းဆောင် ဘရက်ဇညက် ခေတ်မှ လက်ကျန်လူ ဖြစ်ပြီး၊ သူ့ ရဲအဖွဲ့ကို ‘ကေဂျီဘီ’ လို့ အမည် ပေးထားကြသည်။ အာဏာရှင်စနစ် သင်ရိုးပေါင်းစုံကို နောကြေထားသူပီပီ အတိုက်အခံကို အမျိုးမျိုး လှည့်စား
နှိပ်ကွပ် သည်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိတယ်ဆိုပြီး လူထုကို လိမ်ညာခဲ့သည်။ မဲပေးသူ ထောင်ပေါင်း များစွာက ပေါက်ကွဲပြီး လမ်းပေါ်ထွက်လာတော့ သူ့ လက်မရွံ့ ရဲများက ရာချီပြီး ဖမ်းဆီးခဲ့သည်။ အတိုက်အခံ ခေါင်းဆောင် များကိုလည်း ဖမ်းဆီးထားသည်။
ဘီလာရပ်စ်မှာ ပိုလန်၊ လစ်သူနီးယား၊ လတ်ဗီးယား တို့နဲ့ အိမ်နီးချင်း ဖြစ်သည်။ ထိုနိုင်ငံ အားလုံးမှာ ယခင် ကွန်မြူနစ် နိုင်ငံများဖြစ်ခဲ့ကြပြီး၊ ယခု ဥရောပသမဂ္ဂ အဖွဲ့ဝင် ဒီမိုကရေစီ နိုင်ငံများ ဖြစ်နေကြပြီ။ ယခု အရှေ့အလယ်ပိုင်း တော်လှန်ရေးများ ဆက်တိုက်ပေါ်ထွက်လာမှုကြောင့် လူကာရှန်ကိုမှာ အအိပ်ပျက်ညတွေ များနေသည်။

သန်းရွှေ၊ မြန်မာ

မြန်မာနိုင်ငံမှ ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆိုသူမှာ နှလုံးသားမရှိသူ၊ မွေးရာပါ အဏာရှင် ဗီဇသဘာဝ ရှိသူဟု အမရိကန် အစိုးရက သတ်မှတ်ထားသည်။ အတိုက်အခံ ၂၀၀၀ ကျော်ကို ပြန်ပေးဆွဲ ဆန်ဆန် ဖမ်းဆီးထားပြီး၊ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးဖို့ အမြဲတောင်းဆိုနေသူ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် သံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ပစ်ခတ်နှိပ်နင်းခဲ့သည်။ ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ် အရေးပေါ် ဖြစ်နေချိန်တွင် ပြင်ပမှ လူသားချင်းစာနာ ကူညီထောက်ပံ့မှုများကို ငြင်းပယ်ပြီး၊ လူထုဆန္ဒခံယူပွဲကို အတင်း လိမ်ညာ လုပ်ယူသွားခဲ့သူ ဖြစ်သည်။

နှစ် ၂၀ အတွင်း စီးပွာရေး တိုးတက်အောင် တစုံတရာ လုပ်ဆောင်နိုင်စွမ်း မရှိဘဲ သဘာဝဓါတ်ငွေ့များ၊ ကျောက်မျက် ရတနာများနှင့် အခြား သဘာဝ သံယံဇာတများကို ရောင်းချဖြုန်းတီးပစ်နေသူ ဖြစ်သည်။ သူ့စစ်ဝတ်စုံတွင် ဆုတံဆိပ် ၂၀ နီးပါး ချိတ်ဆွဲထားတတ်သော်လည်း၊ မီဒီယာများရှေ့ စကားပြောဖို့ ကြောက်ရွံ့ပြီး၊ မဲပုံး လူထုရှေ့ ရိုးသားဖြောင့်မှန်စွာ ချပေးဖို့ သူရဲဘောကြောင်သူ ဖြစ်သည်။

Tuesday, November 1, 2011

ကချင်နှင့်အခြားတိုင်းရင်းသားလူမျိုးများအား ထိုးစစ်ဆင်မှုများကိုရပ်စဲရန် KNU ကရင်အမျိုးသားအစည်းအရုံးမှ ထုတ်ပြန်ကြေငြာချက်

KNU_st_stop_offensives_Kachin_and_other_Ethnic_Nationalities__Burmese_

KNU Statement Appealing UN and Democratic Countries to Act for Stopping Offensives against Kachin and Other Ethnic Nationalities

KNU_st_stop_offensives_Kachin_and_other_Ethnic_Nationalities__English_

လေးစားအပ်ပါသော မိခင် ကေအဲန်ယူ ကရင်အမျိုးသားအစည်းရုံးကြီး သို့ 

ကရင်တမျိုးသားလုံး၏ ကံကြမ္မာသည် အသင်၏လက်ထက်မှာရှိသည်ဆိုတာ မမေ့စေချင်။ ဗမာပြည်တော်လှန်ရေးတစ်ခုလုံး အထူးသဖြင့် ဘ၀တူ တိုင်းရင်းသားတို့ ၏ အဖိနိုပ်ခံဘ၀မှ လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတို့ ၏ တော်လှန်ရေး ကျောရိုးသည်လည်း အသင်ဖြစ်နေသည်ဆိုတာကိုလည်း မမေ့ပါနဲ့ ။ ခြေလှမ်းတလှမ်းချင်း၏ရွေ့ လျားမှု ကောင်းကျိုး ဆိုးကျိုး ရလဒ်များသည် ကျနော်တို့ ၏ သားစဉ်မြေးဆက်များခံစားကြရမည်ဖြစ်သလို ဘ၀တူ တိုင်းရင်းသားများလည်း ဝေမျှခံစားကြရပေမည်။ သို့ ဖြစ်ပါ၍ အရာရာအားလုံး သတိရှိပါ။


KNU၊ DKBA တို့ အစိုးရနှင့် ဆွေးနွေး

ကိုဝိုင်း | တနင်္လာနေ့၊ အောက်တိုဘာလ ၃၁ ရက် ၂၀၁၁ ခုနှစ်


ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA တို့သည် ယခုလအတွင်း အစိုးရကိုယ်စားလှယ်များအား ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မွန်ပြည်နယ်
မော်လမြိုင်မြို့တို့တွင် တွေ့ဆုံခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။

KNU နှင့် တွေ့ဆုံမှုတွင် သဘောတူညီမှု တစုံတရာ မရှိသော်လည်း DKBA နှင့် ဆွေးနွေးရာတွင်မူ လတ်တလော
နှစ်ဘက်တပ်များကို တပ်ထိုင်နယ်မြေမှ အဝေးသို့ လှုပ်ရှားမှုများ မပြုရန် သဘော တူခဲ့ကြသည်။ KNU က
အောက်တိုဘာ လဆန်းတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ ဗိုလ်ချုပ် (ငြိမ်း) ချစ်သန်းတို့နှင့် ဘန်ကောက်မြို့တွင် တွေ့ခဲ့ကြောင်း KNU အရာရှိတဦးက မဇ္ဈိမသို့ ပြောသော် လည်း အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိပါ။

သမ္မတ ဦးသိန်းစိန် ထုတ်ပြန်ထားသကဲ့သို့ တဖွဲ့ချင်းသာ ပြည်နယ်အဆင့် အစိုးရများကို ဆက်သွယ်ရန် ဦးအောင်မင်း
နှင့် အဖွဲ့ကပြောဆိုပြီး KNU ကမူ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့်သာ
ဆွေးနွေးမည်ဟု ပြန်ကြားလိုက်သည်ဟု ဆိုသည်။

“တွေ့တော့ တွေ့တယ်။ တိတိကျကျတော့ ဘာမှမပြောရသေးဘူးပေါ့။ (KNU) က ဖြစ်စေချင် တာကတော့ UNFC နဲ့ တွေ့ဖို့ပေါ့။ သူတို့ကတော့ တဖွဲ့ချင်းနဲ့ တွေ့ဆုံချင်တာပေါ့။” ဟု KNU အရာရှိက ပြောသည်။

ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်းမှာ အစိုးရအဖွဲ့တွင်း သဘောထား ပျော့ပြောင်းသူအဖြစ် ညွှန်းဆိုခံရလေ့ ရှိပြီး အငြိမ်းစား ဗိုလ်ချုပ်ချစ်သန်းမှာ ကရင်ရေးရာတွင် ကျွမ်းကျင်သူ တဦး ဖြစ်သည်။ ဦးအောင်မင်းသည် စနေနေ့ ကပြုလုပ်သော ပြည်တော်ပြန် သီးလေးသီး အဖွဲ့သားအချို့ပါဝင်သော မျှော်စင်ကျွန်း ဖျော်ဖြေပွဲသို့ သွားရောက် ခဲ့သေးသည်။

ဦးအောင်မင်း၏ ဘန်ကောက် ခရီးစဉ်တွင် စီးပွားရေး လုပ်ငန်းရှင်များလည်း လိုက်ပါလာရာ တနင်္သာရီတိုင်း ထားဝယ်မြို့တွင် အီတာလျံ-ထိုင်းကုမ္ပဏီက အကောင်အထည် ဖော်မည့် ထားဝယ်ဖွံ့ဖြိုးမှုစီမံကိန်းနှင့်လည်း ပတ်သက်နိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။ ထားဝယ်ဖွံ့ဖြိုးမှု စီမံကိန်းအောက်ရှိ ထားဝယ်-ကန်ချနဘူရီ အဝေးပြေး ကားလမ်း ဖောက်လုပ်မှုမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သည်ဆိုသော ဒေသခံ
အချို့၏ စိုးရိမ်ချက်ဖြင့် ကရင်အမျိုးသား အစည်းအရုံးက စက်တင်ဘာလလယ်က တားမြစ်ခဲ့သေးသည်။

စက်တင်ဘာလ နှောင်းပိုင်းကလည်း KNU ကို ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး
အောင်လွင် ဦးဆောင်သည့်အဖွဲ့က ထိုင်း-မြန်မာနယ်စပ် တနေရာတွင် လာရောက် တွေ့ဆုံခဲ့သေးသော်လည်း ဗဟို အစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း KNU က အကြောင်း ပြန်လိုက်သည်ဟု သိရသည်။

KNU ကို ပြည်ထောင်စုအဆင့်က တွေ့ဆုံရန် ငြင်းနေဆဲတွင် DKBA ကိုမူ အောက်တိုဘာလ ၂၆ ရက်နေ့က
မော်လမြိုင်မြို့၌ ပြည်ထောင်စုအဆင့်ကိုယ်စားလှယ်များဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး-၁ ဦးအောင်သောင်း၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်
တို့က လက်ခံ တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုက နယ်မြေကျော် မလှုပ်ရှားရေး သဘောတူညီခဲ့ပြီး ကရင်ပြည်နယ် မြို့တော် ဘားအံ အပါအဝင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်တုံ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်များတွင် DKBA ရုံးများ ဖွင့်လှစ်ခွင့်ပြုရန် သမ္မတထံသို့ တဆင့်တင်ပြခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်သူ DKBA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးက ပြောသည်။

“ဥပမာ သေဘောဘိုးခွင်ဆိုရင် လက်ရှိ အစိုးရတပ်က ထိုင်တယ်။ သူကလည်း လှုပ်ရှားမှုကို အဝေးကို မရှိဘူးဆိုရင် ဘာမှပြဿနာမရှိဘူး။ ကျနော်တို့ဘက်ကလည်း တခြမ်းယူထားတယ် အဝေးကို မသွားဘူးဆိုရင် ပြဿနာ မရှိဘူး
ပေါ့။” ဟုသူက ပြောသည်။

မော်လမြိုင်မြို့တွင် တွေ့ဆုံရာ၌ ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်၊ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် ဝင်းအောင်လှိုင်၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း တို့လည်းပါဝင်သည်။

DKBA ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေး၊ စစ်ရေးချုပ်ရုံးမှ ဗိုလ်မှူးစိန်ဝင်း၊ ထောက်လှမ်းရေး အရာရှိ ဗိုလ်ကြီးပိဒါးတို့ သုံးဦး ဖြစ်သည်။

DKBA သည် ၁၉၉၄ ခုတွင် ကရင်အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့ပြီးနောက် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် DKBA များမှာ၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ် တပ်ရင်း ၁ဝ၁၂၊ ၁ဝ၁၃ နှင့် ၁ဝ၁၄ တို့အဖြစ် အစိုးရပြည်ထဲရေး ဝန်ကြီးဌာနအောက်တွင် ပြောင်းလဲ ရပ်တည်နေကြသည်။

ဗိုလ်မှူးချုပ်စောလားဘွယ်ဦးဆောင်သည့် DKBA က ၂ဝ၁ဝ နိုဝင်ဘာ ၈ ရက်၊ ရွေးကောက်ပွဲအပြီး နောက်တနေ့မှစ၍ အစိုးရကို တနှစ်ကြာ ပြန်လည်တိုက်ခိုက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အပစ် ရပ်ရန် ပဏာမဆွေးနွေးကြခြင်း ဖြစ် သည်။

ဗိုလ်မှူးကြီးစောချစ်သူအဖွဲ့နှင့်ပတ်သက်၍ ထည့်သွင်းဆွေးနွေးကြ ခြင်းမရှိသကဲ့သို့ ဗိုလ်မှူးချုပ် စောလားဘွယ် ဦးဆောင်သည့် DKBA ကို နယ်ခြားစောင့်တပ်အသွင် ပြောင်းရန်ပြောဆိုကြခြင်း မရှိကြောင်း သိရသည်။

“BGF ကို အတင်းအကျပ် လုပ်ခိုင်းမယ်ဆိုလည်း နောက် ဒါထက်ဆိုးတဲ့ အနေအထားပဲ ရောက်သွားမှာပါ။” ဟု ဗိုလ်မှူးချုပ်မိုရှေးက ဆိုသည်။

၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားရာတွင် မပါဝင်ပဲ ကျန်ခဲ့သည့် DKBA တပ်ဖွဲ့ဝင်များကို စုစည်းပြီး ၂ဝ၁ဝ ခု ၉ လပိုင်းတွင် ပြန်လည်ဖွဲ့စည်းရာ ဗိုလ်မှူးချုပ်မိုရှေးသည် တပ်ရင်းမှူးအဆင့်မှ ဒုစစ်ဦးစီးချုပ် တာဝန်ပေးအပ်ခံရသည်ဟု သိရသည်။

DKAB နှင့် အစိုးရ ကိုယ်စားလှယ်များအကြား တွေ့ဆုံပွဲများ ဆက်လက် ပြုလုပ်သွားရန် အစီအစဉ် ရှိသော်လည်း အစိုးရဘက်က အကြောင်းပြန်ကြားမှုကို စောင့်နေသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၃ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ-၆ နယ်မြေ သေ့ဘောဘိုးရွာ နှင့် တောင်နီရွာ အကြားတွင် အစိုးရတပ်များကို မိုင်းထောင် တိုက်ခဲ့သေးသည်ဟု သူက ပြောသည်။

ပြည်ထောင်စု၏ ထ၀ရအလှများ

ကလိုက်ကြစို့  တို့ ညီကိုတွေ တို့ ကရင်ရိုးရာအကတွေ
ကလိုက်ကြစို့  တို့ညီကိုတွေ ကချင်ရိုးရာအကတွေ
ကလိုက်ကြစို့  တို့ညီကိုတွေ ရှမ်းရိုးရာအကတွေ
ကလိုက်ကြစို တို့ညီကိုတွေ ကယားရိုးရာအကတွေ
ကလိုက်ကြစို တို့ညီကိုတွေ မွန်ရိုးရာအကတွေ
ကလိုက်ကြစို တို့ညီကိုတွေ ချင်းရိုးရာအကတွေ
ကလိုက်ကြစို တို့ညီကိုတွေ့ ရခိုင်ရိုးရာအကတွေ

ပြည်ထောင်စုရဲ့ ထ၀ရအလှတွေ ဗမာပြည်တ၀ိုက် ဖုံးလွမ်းသာယာနေ ဗမာပြည်တ၀ိုက် ဖုံးလွမ်းဝေဖျာနေ... အေးချမ်းတဲ့ တို့ ရဲ့ဗမာပြည်.....