Friday, June 29, 2012
Photo Set: Villagers register concerns about proposed Hatgyi Dam
khrg12b60
ကရင်ဘာသာ ရုပ်သံသတင်း (ဇွန်လ စတုတ္ထပတ်)
RFA TV June 28, 2012
တီဗွီသတင်းလွှာ (၀၆-၂၈ -၂၀၁၂)
အင်ဒိုနီးရှားက ဖားပြုတ်လူသား
ဇွန်လ 27, 2012
By ရဲရင့်နိုင်
လောကကြီးဟာ တစ်ခါတစ်လေတော့ တော်တော်လေးကို ဆန်းကြယ်ပါတယ်။
ဟောဒီ အင်ဒိုနီရှားက ချန်ဒရာ ၀စ်(စ)နု ကိုတော့ သတင်းတွေထဲမှာ Bubble man ခေါ်ဆိုနေကြပါတယ်။ ကျွန်တော်ကတော့ ဖားပြုတ်လူသားလို့ ကင်ပွန်းတပ်လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၃၃ နှစ်အချိန်တုန်းကတော့ ချန်ဒရာအတွက် အပျော်ဆုံးအချိန်ပေါ့။ အင်ဒိုနီးရှားနိုင်ငံက တောရွာကလေးမှာ ချစ်စရာကောင်းလှတဲ့ ဇနီးသည်နဲ့အတူ ဘ၀သစ်အတူစခဲ့ကြတယ်။ ချန်ဒရာရဲ့ ဘ၀မှာ ဒီလိုအိပ်မက်ဆိုးတွေ စပေးတာကတော့ အသက် ၁၉ နှစ်အရွယ်မှာပါ။ ရှားပါးလှတဲ့ ဖြစ်တောင့်ဖြစ်ခဲရောဂါတစ်ခု အဖြစ် သူ့အရည်ပြားပေါ်မှာ ပန်းရောင် အဖုလေးတွေ စထွက်လာ ခဲ့ပါတယ်။
အသက် ၂၄ နှစ်အရွယ်မှာတော့ သူ့ ကျောပြင်ပေါ်ကို ပြန့်နှံလာခဲ့ပြီး အသက် ၃၂ နှစ်အရွယ်မှာတော့ သူ့တစ်
ကိုယ်လုံးကို အဖုအပိန့်တွေ လွှမ်းခြုံသွားခဲ့ပါတယ်။
အခု အသက် ၅၇နှစ်ရှိပြီဖြစ်တဲ့ ချန်ဒရာဟာ အိမ်အပြင်ကို ထွက်ခွာခဲပါတယ်။ သူ့ကိုလူတွေ တွေ့မြင်သွားရင် ကြောက်လန့်နေမှာစိုးလို့ အိမ်အပြင်ကို တောင်မထွက်နိုင်ပါဘူး။ သူ့သမီးကို ကျောင်းပို့၊ကျောင်းကြိုအတွက်တော့ အိမ်ကနေထွက်ဖြစ်ပါသတဲ့။
ဒီလို ထွက်တဲ့အခါမှာလည်း အကျီင်္တွေ အထပ်ထပ်ဝတ်ဆင်၊ မျက်မှန်တပ်ပြီးမှ အိမ်ကနေ ထွက်ရပါတယ်။ သူ့သမီးရဲ့ သူငယ်ချင်းတွေက သူ့လိုအဖေမျိုးရှိရလားဆိုပြီး သူ့သမီးကို မလှောင်ပြောင်စေချင်လို့ ဖြစ်ပါတယ်။
သစ္စာရှိလှတဲ့ သူ့ဇနီးကို ချန်ဒရာက
“နင် ငါ့ အဝေးကို ထွက်သွားပါ၊ ဘယ်တော့မှ ပြန်မလာပါနဲ့” လို့ ပြောခဲ့ပေမယ့် ဇနီးဖြစ်သူကတော့ “ကျွန်မ ငြင်းခဲ့ပါတယ်။ 
သူ့ရဲ့ အရည်ပြားအပေါ်ယံ သဏ္ဍာန်ပြောင်လဲသွားယုံနဲ့ ကျွန်မ သူ့ကို ပစ်မသွားပါဘူး။ 
ကျွန်မဟာ သူ့နဲ့ တစ်ဘ၀လုံး လက်တွဲသွားမှာ ဖြစ်သလို သူခုလို ဖြစ်သွားတဲ့အတွက် ကျွန်မမှာ စိတ်ပျက်အား
လျှော့မယ့်အစား ပိုပြီးတော့တောင် အိမ်ထောင်စုအတွက် ခွန်အားတွေ ဖြစ်လာစေပါတယ်” 
လို့ ထုတ်ဖော်ပြောသွားပါတယ်။
ချန်ဒရာနှင့် သမီးငယ် လစ်(စ်) 
ခုလို သူ့ရဲ့ အဖြစ်ကို ချန်ဒရာက ကမ္ဘာကိုထုတ်ပြခဲ့တာကတော့ သူ့သားသမီးတွေအတွက် စိုးရိမ်လို့ဖြစ်ပါတယ်။ သားအကြီး မာတင် ၃၂ နှစ်နဲ့ သမီငယ် လစ်(စ်)တို့မှာလည်း ဒီရောဂါ လက္ခဏာတွေ စပြနေပါပြီ။
“ကျွန်တော့် ကလေးတွေမှာလည်း ဒီလိုရောဂါမျိုး စဖြစ်နေပြီ။ 
သူတို့ဟာ ရောဂါဒီထက်ပိုမို ဆိုးရွားလာမှာကို စိုးရိမ်နေကြပါတယ်”။ 
ချန်ဒရာဟာ သူ့ သား၊သမီးတွေကို ဆေးကုသဖို့၊ ဆရာဝန်နဲ့ ပြသဖို့ ငွေကြေးလည်း မတတ်နိုင်ရှာပါဘူး။ သူစိုးရိမ်တာက တစ်နေ့ သူ့ ကလေးတွေဟာ သူ့လိုမျိုး ဖြစ်သွားမှာကိုပါပဲ။
တစ်နေ့နေ့မှာတော့ ကျွန်တော်တို့ မိသားစုမှာဖြစ်နေတဲ့ ရောဂါကို အခမဲ့ ကုသပေးမယ့်သူရှိရင်တော့ ဒီလိုအခွင့်အရေးကို ရချင်ပါတယ် 
လို့ ချန်ဒရာက ပြောသွားပါတယ်။
သံတောင်မြို့နယ်တွင် အစိုးရတပ်၏ ပစ်ခတ်ခံရသူများ ရှိနေဟုဒေသခံများပြော
ဇွန်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
အပစ်အခတ်ရပ်စဲရေးကာလဖြစ်သော်လည်းကရင်ပြည်နယ် သံတောင်မြို့နယ်တွင် မြန်မာအစိုးရစစ်တပ်၏ ပစ်ခတ်ခံရသူများ ရှိနေသည်ဟုဒေသခံ လူထုများက ပြောသည်။
ထိုဒေသရှိမြန်မာအစိုးရတပ်မ(၆၆)လက်အောက်ခံခြေလျင်တပ်ရင်း(ခလရ-၁)သည် ဇွန်လ ၂၃ရက်နေ့က ဆန်သွားဝယ်၍ ပြန်လာသောဟီဒေါ်ခေါ် နှင့် သေခိုဒဲရွာသား၎ဦးကို ပစ်ခတ်သကဲ့သို့ တောင်ယာခင်းတွင် စုပေါင်းမြက်ခုတ်ထွင်ရှင်းလင်းနေသောဟီဒေါ်ခေါ်ရွာနှင့် ၀ါးစိုးရွာသား ၁၀ဦးကျော်အားပစ်ခတ်ခဲ့ကြောင်းဟီဒေါ်ခေါ်ရွာမှ စောထူးဝေါ်က ကေအိုင်စီသို့ ပြောသည်။
“၂၃ရက်နေ့ မနက် ၁၀နာရီမှာ ကော်သေးဒဲရွာမှာဆန်သွားဝယ်ပြီးအပြန်လမ်း ၀ါ့ဘောဒေးမှာအဲဒီလူတွေကိုအစိုးရတပ်ကပစ်တာပါ။ ညနေ၃နာရီမှာ တောင်ယာမှာရှိတဲ့ သူတွေကိုထပ်ပစ်တယ်။ ထိတာတော့ မရှိဘူး။ ဆန်ထမ်းလာတဲ့သူတွေ အပစ်ခံရရာမှာအထုတ်အပိုးတွေ တောထဲမှာပဲကျန်ခဲ့လို့နောက်နေ့သွားပြန်ရှာကြည့်တော့ မိုးရေစိုလို့စားမရတော့ဘူး။”ဟုသူကပြောသည်။
ဒေသခံလူထုများသည် စစ်မှန်သည့်နယ်မြေအေးချမ်းမှုကိုလိုချင်ကြသော်လည်းအပစ်အခတ်မရပ်စဲမီကာလကဲ့သို့ပင် အလုပ်အကိုင်၊ အသွားအလာလွတ်လွတ်လပ်လပ် မရှိဘဲအစိုးရတပ်များကိုကြောက်လှန့်နေရဆဲဖြစ်ကြောင်းစောထူးဝေါ်က ဖြည့်စွက်ပြောဆိုသည်။
သံတောင်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-KNUတောင်ငူခရိုင်၏ ထိန်းချုပ်နယ်မြေအတွင်းတွင် ရှိသောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ တောင်ငူခရိုင်မှ အမည်မဖော်လိုသူ KNU တာဝန်ရှိပုဂ္ဂိုလ်တဦးကယခုလိုပြောဆိုသည်။
“ဒါကတော့ လုံးဝ မဖြစ်သင့်ဘူး။ အပစ်ရပ်တဲ့အချိန်မှာရွာသားတွေရှိတဲ့နေရာကို ၀င်လာပစ်တယ်ဆိုတော့ စိတ်ကုန်တယ်လို့ပဲမှတ်ချက်ပေးချင်တယ်။”ဟု၎င်းက ပြောသည်။
ထို့အပြင် ဒေသခံလူထုများပစ်ခတ်ခံရပြီးနောက် ဇွန်လ ၂၄ရက်နေ့တွင် ကယား(ကရင်နီ)ပြည်နယ်နှင့် KNU တောင်ငူခရိုင်နယ်စပ်ရှိ မြန်မာအစိုးရ၏ အောင်မြင်တပ်စခန်းဟောင်းတွင်ဟယ်လီကော်ပတာ လေယာဉ် တစ်စီးသည် ခေါက်တုန့်ခေါက်ပြန်ဝဲပျံနေသည်ဟုလည်း သူကဆက်ပြောသည်။
နောက်ဆုံးသတင်းအရယနေ့ ဇွန်လ ၂၈ရက်နေ့တွင် သံတောင်မြို့နယ်အတွင်းရှိဝါးစိုးရွာ၏ အနီးတ၀ိုက်တွင် တပ်မ(၆၆) လက်အောက်ခံတပ်များဆက်လက်တပ်စွဲထားသကဲ့သို့ ရေသိုးကြီးရွာဘက်မှာလည်းအင်အား ၁၀၀ ခန့် ထပ်တိုးလာသည်ဟု KNU တောင်ငူခရိုင်ကပြောသည်။
ဗိုလ်မှူးချုပ် ၀င်းဘိုရှိန် ဦးဆောင်သည့် တပ်မ(၆၆)သည် လက်အောက်ခံတပ်ရင်း ၁၀ ရင်းရှိပြီးလက်ရှိKNU တောင်ငူခရိုင်တွင် ၇ရင်း လှုပ်ရှားနေသည်ဟုသိရသည်။
မောင်တောတွင် လက်နက်လုယက်မှုဖြစ်ပွား
ရခိုင်ပြည်နယ် နယ်စပ်မြို့ မောင်တောတွင် ဆူပူအကြမ်းဖက်မှုများကြောင့် အရေးပေါ်အခြေအနေနှင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကြားမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် လုံထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှမွတ်ဆလင် (၅)ဦးက ၀ိုင်းပြီး လက်နက်လုရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွါးခဲ့ကြောင်း သတင်းရရှိသည်။
“မနေ့က ညနေ (၈)နာရီဝန်းကျင်လောက်မှာ ဖြစ်တာပါ။ ပစ်သံပြေးလွှားအော်ဟစ်သံတွေ ကြားလို့ စုံစမ်းကြည့်တော့ ကျွန်တော်တို့ ရပ်ကွက်အနီး တံတားမှာ လုံခြုံရေးချထားတဲ့ လုံထိန်းရဲတစ်ယောက်ဆီကနေ ကုလား (၅)ယောက်က ၀ိုင်းပြီးသေနတ်လုတာဖြစ်တယ်လို့ သိရပါတယ်″ ဟု မောင်တော မြို့သူကြီးရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မွတ်ဆလင်ဘာသာဝင်များသည် လမ်းသွားလမ်းလာများကဲ့သို့ တံတားကိုဖြတ်ကျော်လာပြီး တံတားတွင် တစ်ယောက်တည်း ကင်းစောင့်နေသည့် လုံထိန်းရဲ အနီးသို့ အရောက်တွင် ရုတ်တရက် ၀ိုင်းအုံပြီး သေနတ်ကို လုကြခြင်းဖြစ်သည်ဟုဆိုသည်။ လုံထိန်း တပ်သားက ပြန်လည်ခုခံပြီး သေနတ်ပစ်ဖောက်လိုက်ရာ အဆိုပါ မွတ်ဆလင်များ ထွက်ပြေးသွားကြကြောင်းသိရှိရသည်။
ထိုအခင်းဖြစ်ပွါးမှုနှင့် ပတ်သတ်၍ မောင်တော ၄ မိုင် အခြေစိုက် လုံထိန်းရဲတပ်ရင်းအမှတ် (၂) ကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ပုဂ္ဂိုလ်တစ်ဦးက ယခုကဲ့သို့ အတည်ပြုပြောကြားသည်။
“ဟုတ်ပါတယ်။ ကျွန်တော်တို့တပ်ရင်းက တပ်သားပါ။ ၀ိုင်းတိုက်ခံလိုက်ရတာကြောင့် သူလဲ ဒဏ်ရာတွေ ရသွားပါတယ်။ ၅ ယောက်ထဲက ၄ ယောက်ကိုတော့ ကျွန်တော်တို့ ဖမ်းမိထားပါပြီ။ ကျန်တစ်ယောက်ကိုတော့ မမိသေးပါဘူး။ သူတို့ကို ဥပဒေကြောင်းအရ အရေးယူသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သတ်၍ အသေးစိတ်သိရှိနိုင်ရန် ဆက်လက်မေးမြန်းရာ ယခုအချိန်တွင် လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်နေရသည့်အတွက်ကြောင့် အသေးစိတ်ကို မပြောပြနိုင်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။
မောင်တောတွင် ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးများနှင့် တခြားတိုင်းရင်းသားများကို ဆက်လက်တိုက်ခိုက်မည်ဟု ယခုလ (၂၅) ရက်တွင် စာကပ်ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ယခုတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။
မောင်တောအနီးရှိ အောင်ဗလကျေးရွာကို မီးရှို့တိုက်ခိုက်ရန် ဓါတ်ဆီများ ၀ယ်ယူစုဆောင်းနေသည်ဟု သတင်းများလည်း ထွက်ပေါ်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာနှင့် မနီးမဝေးရှိ မွတ်ဆလင်ကျေးရွာတစ်ခုကို ယမန်နေ့ နေလည်ပိုင်းတွင် ၀င်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရှိရသည်။
မောင်တောမြို့နယ်တွင် ယခုလ ၈ ရက်နေ့က မွတ်ဆလင်ဘာသာဝင် အကြမ်းဖက်တိုက်ခိုက်သူများက မီးရှို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ရခိုင်နှင့် တခြားလူမျိုးများ နေထိုင်နေသည့် ကျေးရွာ (၉) ရွာ မီးလောင်ကျွမ်းခဲ့ရပြီး၊ လူထောင်နှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။ မောင်တောမြို့နယ်တွင် အကြမ်းဖက်သူများ၏ သတ်ဖြတ်မှုကြောင့် လူ (၇) ဦးသေဆုံးခဲ့ရပြီး၊ (၅၀) ခန့် ဒဏ်ရာရှိခဲ့သည်။
မောင်တောမြို့ပေါ်ဒေသခံများ၏ အဆိုအရ ဘေးလွတ်ရာသို့ထွက်ပြေးလာကြသည့် ထောင်နှင့်ချီသော ဒုက္ခသည်များကို စာသင်ကျောင်းများတွင် စခန်းဖွင့် ခိုလှုံခွင့် ပေးထားဆဲဖြစ်သည်။ လက်ရှိအခြေအနေမှာ တည်ငြိမ်နေသော်လည်း နောက်ထပ် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများရှိနေခြင်းကြောင်း လုံခြုံရေးစိုးရိမ်နေရကြောင်း သိရှိရသည်။
၂၀၁၀ ရွေးကောက်ပွဲမှာ နိုင်ငံသားမဟုတ်သူတွေ ဘာကြောင့်လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် အရွေးခံကြရသလဲ....... ဘယ်သူ.မှတာဝန်ရှိသလဲ.............
ရခိုင်ပြည်နယ်မောင်တော မဲဆန္ဒနယ်မှ-
(၁) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်း (ခ) ဇော်ကီးအာမတ်သည် ယခုအခါ နိုင်ငံသား စီစစ်ရေးကဒ်ပြား
အမှတ် ၁၂/ပဘတ(နိုင်)၀၂၉၉၅၁ ကိုင်ဆောင်ထားသော်လည်း ၎င်း၏ မိဘများဖြစ်သောဘင်္ဂလီလူမျိုး(ဘ)ဦးနူရ်အာလမ်(၁၁/မတန(ယ)
၀၉၂၂၂၆)နှင့် (အမိ) ဒေါ်ခေါ်တီဇာ (၁၁/မတန(ယ)၀၉၂၂၂၈)
တို့မှမောင်တောမြို့နယ်၊ငါးခူရကျေးရွာတွင်(၂၉-၅-၁၉၆၄)နေ့
မွေးဖွါးခဲ့သူ ဖြစ်ပါသည်။၎င်းသည်တရားဥပဒေနှင့်အညီ မဟုတ်ဘဲ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အိမ်အမှတ် (၆)၊ အခန်း (၉)သို့ရောက်ရှိနေထိုင်လျှက်ရှိပြီးနိုင်ငံသားစီစစ်ရေးကဒ်ပြားကို တနည်းနည်း ဖြင့်ရယူထားသူသာဖြစ်ပါသည်။မည်သို့ပင်ဆိုစေ၎င်း၏
မိဘများသည်ယခုတိုင်၁၁/မတန(ယ)ကိုသာ ရရှိထားသူများ
ဖြစ်သဖြင့်နိုင်ငံသားမဟုတ်သူများ ဖြစ်ကြပါသည်။
(၂) မောင်တောမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်း(ခ)
ဇာယာဒ်ရော်မန် သည် ယခင်က အမျိုးသားမှတ်ပုံတင်လက်မှတ်များ
ကိုင်ဆောင်ကြသည့်ဘင်္ဂလီလူမျိုး (ဘ) ဦးအိုဆီဒူရော်မံ (AK၀၄၇၂၇၇)နှင့်(အမိ)ဒေါ်ဇီနူဘာဟာရ်(AK၁၀၈၃၆၈)တို့မှ
မောင်တောမြို့နယ်၊ ဟာဘီကျေးရွာတွင် (၃-၄-၁၉၆၂)ခုတွင် မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ယခင်အမျိုးသားမှတ်ပုံတင်အမှတ်မှာ (MDW ၂၄၇၄၇၇)ဖြစ်ပါသည်။ ယခုအခါ ၁၁/မတန(ယ)များကိုကိုင်ဆောင်ခွင့်ရသော်လည်း နိုင်ငံသားများ မဟုတ်ပါ။ သို့ရာတွင် တနည်းနည်းဖြင့် အမှတ်(၂၆)၊ ၆ ရပ်ကွက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၌ နေထိုင်ခွင့် ရရှိနေပါသည်။
(၃) မောင်တောမြို့နယ်၊ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်း(ခ)ဇာဟိန်းဂိရ် သည် ဘင်္ဂလီလူမျိုး (အဖ)ဦးရော်ရှီးအာမတ် (AK၀၁၅၆၁၈)နှင့် (အမိ)ဒေါ်ဒူဘာဟာရ် (AK ၀၁၅၆၁၉)တို့မှ မောင်တောမြို့နယ်၊စံပါယ်ကုန်းကျေးရွာတွင်
(၂-၆-၁၉၅၀)နေ့၌ မွေးဖွါးသူဖြစ်ပါသည်။ ၎င်း၏ ယခင်အမျိုးသားမှတ်ပုံတင်ကဒ်ပြားအမှတ်မှာ (AK 195265)ဖြစ်ပါသည်။ ယခုအခါ ၁၁/မတန(ယ)ကိုကိုင်ဆောင်ခွင့်ရသော်လည်း
နိုင်ငံသားများမဟုတ်ပါ။
(Kyaw Swar Myint ၏ status မှ ကူးပါသည် )
လာဘ်စားပြီး မှတ်ပုံတင်ထုတ်ပေးတဲ့သူရော လာဘ်ပေးသူရော ၄/၁၉၈၂ နိုင်ငံသားဥပဒေအရ အပြစ်ဒဏ်ကို ထိထိရောက်ရောက် ပေးပါ
ငဆော် ပွကြီး
၎/၁၉၈၂ နိုင်ငံသားဥပဒေ
နိုင်ငံသားဖြစ်မှု. အခြေပြ ပုံစံ
နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ
Thursday, June 28, 2012
ရခိုင်ပြည်နယ် မောင်တောနယ်စပ် ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီး၏ စက်ဆုပ် ဖွယ်ရာ လုပ်ငန်းများ
၈-၆-၂၀၁၂ နေ့ ဘင်္ဂါလီကုလားများ မောင်တောမြို့ ၌ စုဝေး ၀တ်ပြုဆုတောင်းပွဲလုပ်ရန် လက်ဆောင် ဘဏ္ဍာငွေ ရယူ၍ ဒုတိယ ဗိုလ်မှူးကြီးအောင်ကြီးမှ ခွင့်ပြုပေးခဲ့ပါသည်။
၎င်းနေ့  နေ့ လည်၂ နာရီခန့် တွင်ဘဂါင်္လီ ကုလားများ ဆုတောင်း အပြီးတွင် မြို့ မ ဘုန်းကြီးကျောင်းနှင့် ယူနှိုက်တက် ဧည့်ရိပ်သာကို ခဲဖြင့် ပေါက်ပြီး မီးရှို့ရန် ကြံရွယ်နေစဉ် ရဲတပ်ရင်း အမှတ် ၂ တပ်ဖွဲ့ ဝင်များ သေနတ်ဖြင့် မိုးပေါ်သို့ ထောင်ပစ်ခတ်သဖြင့် ၄င်းဘင်္ဂါလီလူစုမှ ရပ်ကွက် ၄ ဗိုလ်မှူးရွာ သဇင် ဧည့်ရိပ်သာ ဘက်သို့ ရွေ့ လျား စုရုံးလာပြီး ဧည့်ရိပ်သာကို မီးရှို့ ရန် အော်ဟစ်နေစဉ် နစက ကွပ်ကဲရေးမှူး ဒုဗိုလ်မှူးကြီး အောင်ကြီးမှာလည်း ကိုယ်ရံတော် တပ်ဖွဲ့ ဝင်များနှင့် အတူကားနှစ်စီးနှင့် ၄င်းဆူပူနေသော ဘင်္ဂါလီလူစုနှင့် ကိုက်တစ်ရာခန့် အကွာသို့ ရောက်ရှိနေပြီး အချိန်မှီ တားဆီး နိုင်ပါလျှက် မျက်ကွယ်ပြုပြီး ဆူပူမူုဖြစ်နေသော ဘင်္ဂါလီ လူစုနှင့်၂ ဖာလုံခန့် ကွာဝေးသော ဆေးရုံဝင်း အတွင်းသို့ ကားကို နောက်ဆုတ် ရပ်တန့် စဉ် အတွင်း တွင် သဇင် ဧည့်ရိပ်သာနှင့် ဗိုလ်မူးရွာ အိမ်တန်းကို မိးရှို့ ပြီး ဒေါက်တာခင်မောင်လတ်တို့  တစ်အိမ်သားလုံး ကိုလည်း ဓါးဖြင့်ထိုး လုယက် အကြမ်းဖက်နေခြင်းများကို ၄င်း နစကဒုဗိုလ်မှူးကြီး အောင်ကြီး မှ မတားဆီးပဲ မျက်ကွယ် ပြုနေခဲ့ပါသည်။ ၄င်းနာရီပိုင်းအတွင်းမှာပဲ မောင်တောမြို့နယ်ရှိဝေသာလီရွာ၊ ရွှေရင်အေးရွာ၊ ခရေမြိုင်ရွာ၊ ကန်သာယာရွာ၊ ဗောဓိကုန်းရွာ၊ သရီကုန်ဘောင်ရွာ၊ ကိုင်းကြီးရွာ၊ မောရ၀တီရွာ များကိုလည်းမီးရှို့ လုယက် သတ်ဖြတ်ခံရခြင်းမှာလည်း ၄င်းနစကတပ်ဖွဲ့ မှ နယ်စပ် တလျောက် ကုလားကျေးရွာများ၌ တဖက် နိုင်ငံမှ တရားမ၀င် GSM တယ်လီဖုန်း တစ်လုံးလျှင် ၄၀၀၀၀ ကျပ်နှုန်းဖြင့် လာဘ်ငွေယူ၍ ရိုဟင်ဂျာ ဘင်္ဂါလီ ကုလား များအား ကိုင်ဆောင်ခွင့်ပြုထားခြင်းကြောင့် ဆက်သွယ်မူ အားကောင်းကာ နာရီပိုင်းအတွင်း အကြမ်းဖက်လုပ်ရပ်များကို ကျယ်ပြန့် စွာလုပ်ဆောင်သွားနိုင်ခြင်းဖြစ်သည်။
အဆိုပါအကြမ်းဖက်မူတွင် ဦးဆောင် ပါဝင်သူ ဘင်္ဂါလီ လူမျိုးများဖြစ်သော ကမ်းနား ဟိုတယ်ပိုင်ရှင် ဒီလ်လာ၊  မောင်လှမြိုင်၊ ဆော်လာမောက် နှင့် တခြားစီးပွားရေးသမား ဘင်္ဂလီ ကုလားများကို မောင်တောနယ်စပ် ဒေသလုံခြုံမှူး ကွပ်ကဲရေး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး အောင်ကြီးနှင့် အမှတ်(၁) ၀င်ထွက်ဂိတ် မောင်တော နယ်မြေခံ နစက အရာရှိများမှ ၄င်းကုလားများထံမှ လာဘ်ငွေယူပြီး သတင်းပေး အမာခံဆိုပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ဝင်များ မဖမ်းဆီးနိုင်အောင်အကာကွယ်ပေးနေသောလုပ်ရပ်များကိုလည်းမျက်ဝါး ထင်ထင် တွေ့ မြင် နေရပါကြောင်း နိုင်ငံတော်သမ္မတကြီးနှင့် ကာကွယ်ရေး ဦးစီးချူပ်ကြီး သိသာနိုင်ပါရန် တင်ပြအပ်ပါသည်။
မောင်တောဒေသခံ နစကတပ်ဖွဲ့ ဝင်တစ်ဦး
( လုံးဝ တည်းဖြတ်ခြင်း မရှိဘဲ  ပေးပို့သော စာအတိုင်း ဖေါ်ပြလိုက်ပါသည်။)
သူခိုး
Thursday, June 28, 2012
သူခိုးဖမ်းမှာ လမ်းကြားမှာလား - ပန် ကာအောက် မှာလား ...
ရင်ထဲကို အင်မတန် ထိသွားတဲ့ ပြိုင်ပွဲဝင်ကားလေး... ဇတ်ကား နံမယ်က Thief သူခိုးတဲ့ ... အကျင့်ပျက်ချစားမှုတွေ - နည်းအမျိုးမျိုးနဲ့  လာဘ်ပေး လာဘ်ယူမှုတွေ - ဆင်းရဲမွဲတွေမှုတွေ ကြီးစိုးနေတဲ့ ဒီခတ်ကြီးမှာ ထမင်းကြမ်းခဲ နဲ့  ငါးကြော်လေး တကောင် ရဘို့  အတွက် အသက်နဲ့  ပေးဆပ်သွားရတာ ရင်နာစရာ.. သူ့ ကို ၀ိုင်းရိုက်တော့ ကျနော် လူကောင်းပါ သူခိုး မဟုတ်ပါဘူးတဲ့ ... အသက်မထွက်ခင် ပြန်မြင်နေတာက ထမင်းဆာလောင်နေတဲ့ အပြစ်ကင်းစင်တဲ့ လူမမယ် သမီးငယ်နဲ့  သား ... . ဒါရိုက်တာ ငြိမ်းသစ် နဲ့  ပါဝင်ခဲ့ကြတဲ့ ကဗျာဆရာတွေ ကျေးဇူးအထူးပါ ...
လွတ်လပ်ခြင်းရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်ကား
အင်္ဂလိပ်သန်းကောင်စာရင်းမှာရိုဟင်ဂျာနာမည်မတွေ့ရ
Thursday, June 28, 2012
ငြိမ်းချမ်းရေးသဘောတူထားမှုများကို KNU နှင့်ဦးအောင်မင်းအဖွဲ့ ပြန်ဆွေးနွေး
Tuesday, 26 June 2012
ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
နှစ်ဖက် ငြိမ်းချမ်းရေးသဘော တူညီချက်များကို ပြန်လည်ဆွေးနွေးသည့် အနေဖြင့် ကရင်အမျိုးသားအစည်း အရုံး-KNU နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့တို့သည်ထိုင်းနိုင်ငံ မဲဆောက်မြို့ Wattana Village Resort ဟိုတယ်၌ ယနေ့ညနေ ၃နာရီခန့်မှ ၅နာရီအထိ တွေ့ဆုံခဲ့သည်။
ယနေ့တွေ့ဆုံ ဆွေးနွေးပွဲတွင် KNU ဘက်မှ အဖွဲ့ဝင် ၆ဦးပါဝင်သည့် အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့နှင့် အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် ၉ဦး အဖွဲ့တို့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။
KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့ ဆွေးနွေးတာကတော့ ပြီးခဲ့တဲ့ အစိုးရနဲ့ ဆွေးနွေးထားတာ တွေ၊ သဘောတူညီဖြတ်ထားတဲ့အပေါ် ပြန်ပြောဆိုကြပြီး ရှေ့ဆက်ဘာတွေ လုပ်မလဲပေါ့။ နောက် ကျမတို့ KNU ရဲ့ လုပ်ငန်းစဉ် အပြောင်းအလဲတွေ သူတို့ကို အသိပေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ အစိုးရနှင့် သဘောတူ လက်မှတ်ထိုးပြီးနောက် ဖွင့်လှစ်ထားသည့် KNU ရုံးများကိစ္စနှင့် ပတ်သက် ၍ သုံးသပ်ခြင်း၊ လက်ရှိ ပြည်သူလူထုများက တောင်းဆိုထားသည့် မြေယာသိမ်းဆည်းမှု ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု နော်စီဖိုးရာစိန်က ဆိုသည်။
မီးရထားဝန်ကြီး ဦးအောင်မင်းကလည်း “KNU ဒေသအတွင်း လူထုတွေ အခက်အခဲ တစုံတရာ ဖြစ်လာရင် ဆက်ဆံရေးကနေတဆင့် သွားတိုင်နိုင်တယ်။ ဆက်ဆံရုံးမှာ ဆွေးနွေးနိုင်တယ်။”ဟု ဆွေးနွေးပြောဆိုခဲ့သည်။
ဧပြီလ ၆ရက်နေ့က နော်စီဖိုးရာစိန်ဦးဆောင်သည့်ကေအဲန်ယူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့်မြန်မာအစိုးရဘက်မှမီးရထားဝန်ကြီး ဦးဆောင်သည့် အဖွဲ့တို့သည်ရန်ကုန်မြို့တွင် ပြည်ထောင်စု အဆင့် ဆွေးနွေးကြကာ ဆုံးဖြတ်ချက် ၁၃ချက်ဖြင့်နှစ်ဖက် သဘောတူလက်မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။
ယနေ့ ဆွေးနွေးပွဲတွင် စစ်ရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် ပြောဆိုဆွေးနွေးမှုများ မရှိခဲ့ကြောင်း၊ တိကျသည့် ဆုံးဖြတ်ချက်များ မရှိခဲ့ကြောင်းနှင့် နောက် တွေ့ဆုံကြမည့် သတ်မှတ်ရက်များ မရှိသေးကြောင်း KNU က ပြောသည်။
သို့သော် ဆွေးနွေးပွဲကြောင့် KNU နှင့် မြန်မာအစိုးရအကြား ဆက်ဆံရေးများ ဆက်လက်ခိုင်မြဲသလို မရှင်းလင်း သည့် အကြောင်းအရာများကို ပြန်လည်မေးမြန်း ဖလှယ်ခဲ့သည့်အပေါ် ဆက်ရှေ့လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် အကျိုးရှိသည်ဟု နော်စီဖိုးရာစိန်က ပြောသည်။
ကေအဲန်ယူခေါင်းဆောင် တချို့နှင့် ဘန်ကောက်ရောက် ကရင်လူငယ်များတွေ့ဆုံ
at 10:01 PM
အဲခေါင်သောင့်၊ ဇွန်လ၂၆ရက်၊ ၂၀၁၂ခုနှစ်
ဘန်ကောက်ကို ခေတ္တရောက်ရှိလာသည့် ကေအဲန်ယူ ဗဟို သစ်တော ဌာန တာဝန်ခံ ပဒို စောအားတိုးနှင့် ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန တာဝန်ခံ ပဒိုစောလှထွန်းတို့သည် ဘန်ကောက်ရောက် ကရင်လူငယ်များနှင့် ဇွန်လ ၂၄ရက်နေ့ ညနေပိုင်းက တွေ့ဆုံ ဆွေးနွေးမှုတရပ် ပြုလုပ်ခဲ့သည်။
ကေအဲန်ယူ ခေါင်းဆောင်နှင့် OKRSO လူငယ်ခေါင်းဆောင်အချို့၊ ဓါတ်ပုံ-(နန်းမီးလင်းဖြူ)Facebook
အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ခေါင်းဆောင်နှစ်ဦးမှ လက်ရှိ မြန်မာအစိုးရနှင့် ကေအဲန်ယူတို့၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အခြေအနေများကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားပြီး တက်ရောက်လာ သူများကလည်း ၄င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြသည်ဟု တွေ့ဆုံပွဲကို စီစဉ်သူ OKRSO ကော်မတီဝင်တဦးက ပြောဆိုသည်။
အဆိုပါ တွေ့ဆုံပွဲကို ဘန်ကောက်အခြေစိုက် OKRSOခေါ်သည့် အဝေးရောက် ကရင်ဒုက္ခသည်များ ဆိုင်ရာ လူမှု စောင့်ရှောက်ရေးအဖွဲ့မှ စီစဉ် ပြုလုပ်ခြင်းဖြစ်ပြီး OKRSOအဖွဲ့ဝင်လူငယ်များ၊ ဘန်ကောက်ရှိ ကရင်ယဉ်ကျေးမှု အဖွဲ့ လူငယ်များနှင့် အခြားတသီး ပုဂလိက ကရင်လူငယ်များက စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။
ထိုနေ့ နေ့ နေ့လည်ပိုင်းကလည်း OKRSOမှ ကျင်းပပြုလုပ်သည့် အနှစ် ၂၀ပြည့် မြောက်သည့် အခမ်းအနားကို ကေအဲန်ယူ ခေါင်းဆောင်များက တက်ရောက် အားပေးခဲ့ပြီး ကေအဲန်ယူမှ ပေးပို့သည့် သ၀ဏ်လွှာကို ပဒို စောလှထွန်းက ဖတ်ကြားခဲ့သည်။
 "အဓိကတော့ ကျနော်တို့ အဖွဲ့ရဲ့ အနှစ် ၂၀ပြည့်မြောက်တဲ့ အခမ်းအနားကို ကေအဲန်ယူ ခေါင်းဆောင်တွေက လာရောက်အားပေးတာပဲ။ အဲဒါနဲ့ တဆက်ထဲ ညနေပိုင်းမှာ အဲလို တွေ့ဆုံ ပွဲလေး လုပ်သွားတာ ဖြစ်တယ်။ သူတို့ အခုလို လာရောက်အားပေးတဲ့ အတွက် ကျနော်တို့ အလွန်ပဲ ၀မ်းသာပြီး အားအင်တွေ ရရှိလာပါတယ် နောက် မရှင်းမလင်းတာတွေ ရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကိုလည်း ပိုမို သိရှိလာရပါတယ်"ဟု အဆိုပါ ကော်မတီဝင်ကပဲ ပြောဆိုသွားသည်။
ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်မှ ဘန်ကောက်ရောက် ကရင်လူငယ်နှင့် တွေ့ဆုံမှုသည် အပစ်ရပ် သွားရောက်ဆွေးနွေးပြီးသည့် နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပြီး OKRSO၏ နှစ် ၂၀ပြည့် အခမ်းအနားကို ယခုလို ကေအဲန်ယူ ခေါင်းဆောင်တွေ တရားဝင် လာရောက်အားပေးသည်မှာ နှစ်၂၀အတွင်း ပထဆုံး အကြိမ်ဖြစ်သည်ဟုလည်း စုံစမ်းသိရှိရသည်။
ဦးအောင်မင်းအဖွဲ့ မယ်တော်ဆေးခန်းကို သွားရောက်လေ့လာ
ဇွန်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
Photo-KIC
မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ လူနာများအား အခမဲ့ကုသပေးနေသည့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းကို ယနေ့မနက် ၆နာရီ ကျော်တွင် သွားရောက်ကာ မိနစ် ၂၀ ခန့် လေ့လေကြည့်ရှုခဲ့သည်။
ဦးအောင်မင်းနှင့်အဖွဲ့သည် ယမန်နေ့ ဇွန်လ ၂၆ရက်နေ့က ဒေါက်တာစင်သီယာမောင်နှင့် မဲဆောက်မြို့ Wattana Village Resort ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုလို မယ်တော်ဆေးခန်းအခြေအနေကို သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။
မယ်တော်ဆေးခန်းတွင် နိုင်ငံတကာအဖွဲ့အစည်းများအပါအ၀င် ထိုင်းအစိုးရကပါ လာရောက်လေ့လာ နေကျဖြစ် သော်လည်း မြန်မာအစိုးရဘက်မှ ပထမဆုံး လာရောက်ခြင်းဖြစ်သည့်အပေါ် နယ်စပ်ဒေသ၏ ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုအားကောင်းလာမည်ဟု ထင်မြင်ကြောင်း ဒေါက်တာစင်သီယာမောင်က ကေအိုင်စီသို့ ပြောသည်။
“ရေရှည်မှာ ပူးပေါင်းပြီး လုပ်ရမယ့် ကိစ္စလည်း အများကြီးရှိတာပေါ့။ ကျန်မာရေး၊ ပညာရေးနဲ့ ကလေးအခွင့် အရေးတွေ အကုန်လုံး အကျယ်ကြီးရှိတယ်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည် ဆောက်တဲ့ ဖြစ်စဉ်ကိုလည်း ကြည့်ရဦးမယ်။ ကျန်းမာရေးဖြစ်စဉ် တခုတည်းလည်း ကြည့်လို့ မရဘူးပေါ့။”ဟု သူမက ပြောသည်။
မယ်တော်ဆေးခန်းသို့ သွားရောက်စဉ် ဦးအောင်မင်းအဖွဲ့သည် ဆေးခန်းရှိ အတွင်းလူနာ သားဖွားမီးယပ်ဌာန၊ အတွင်းလူနာကလေးဌာနနှင့် မျက်စိဌာနတို့ကို လေ့လာခဲ့ပြီး ဒေါက်တာစင်သီယာမောင်က ဆေးခန်း၏ အခြေ အနေများနှင့် နယ်စပ်ဒေသရှိ ကျန်းမာရေးနှင့် ပညာရေးအခြေအနေများကို ပြန်လည်ရှင်းလင်းခဲ့သည်။
ထို့အပြင် ဦးအောင်မင်းအဖွဲ့သည် ဒေါက်တာစင်သီယာမောင်အား လက်ဆောင်ပစ္စည်းများ ပေးအပ်ကာ မယ်တော်ဆေးခန်းအတွက် အလှူငွေ ထိုင်းဘတ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း)ပေးအပ်ခဲ့သလို ယင်းအဖွဲ့တွင် ပါလာသည့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီမှလည်း အတွင်းလူနာကလေးဌာနရှိ ကလေး လူနာများကို စာအိတ်ဖြင့် ငွေလှူဒါန်းခဲ့သည်။
ဒေါက်တာစင်သီယာမောင်မှလည်း ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ၎င်းတို့၏ လုပ်ငန်းလှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်၍ ထုတ်ဝင်သည့် စာအုပ်တစ်အုပ်ကို ဦးအောင်မင်းအား ပြန်လည်ပေးအပ်ခဲ့သည်။
မီးရထားဝန်ကြီး ဦးအောင်မင်းက “ဒီမှာလာတာ ပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ဒါတွေအားလုံးကို ဒီမှာလာ ပြီးတော့ သမ္မတကြီး (ဦးသိန်းစိန်)ရဲ့ ညွှန်ကြားချက်ကို လိုက်ပြောတာပေါ့ဗျာ။ အဖွဲ့ ၁၄ဖွဲ့ လောက်တွေ့တယ်။ အခု ကိုယ့်နိုင်ငံအတွင်းမှာ စနစ်လည်း ပြောင်းပြီးဆိုတော့ ဒီနယ်စပ်မှာ ရှိတဲ့သူတွေ ပြန်လာကြဖို့၊ ပြန်အလုပ် လုပ်ကြဖို့ တိုက်တွန်းပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ဆက်လက်၍ ယခု ခရီးစဉ်သည် သမ္မတ ဦးသိန်းစိန်၏ စီမံချက်အတိုင်း ၎င်းတို့၏ ၅ကြိမ်မြောက်ခရီးစဉ် ဖြစ်သကဲ့သို့ တွေ့ဆုံခဲ့သူများကို နားလည်အောင် တင်ပြရှင်းလင်းခဲ့ပြီဖြစ်သောကြောင့် လက်ခံ မခံသည်မှာ သက်ဆိုင်ရာအဖွဲ့ပေါ်မှာ မူတည်ကြောင်း သူက ပြောသည်။
မယ်တော်ဆေးခန်း၏ အတွင်းလူနာ သားဖွားမီးယပ်ဌာန၏ အစီအစဉ် စီမံခန့် ခွဲသူ(Program Manager) နော်ဆိုဖီယာက “အခုလို သူတို့(ဦးအောင်မင်းအဖွဲ့) လာရောက်တော့ ကျမတို့ လက်တွေ့မြင်နေရတဲ့ အခြေ အနေတွေ သိသွားတာပေါ့။ နောက်ထပ် ဒီထက်သိချင်လို့ အခွင့်အရေးကြုံရင် လာပြီးလေ့လာမယ်ဆိုရင်လည်း ကျမတို့ ကြိုဆိုပါတယ်။”ဟု ပြောသည်။
ယခု မဲဆောက်ခရီးစဉ်အတွင်း ဦးအောင်မင်းအဖွဲ့တွင် အဖွဲ့ဝင် ၉ဦးပါဝင်ပြီး ယမန်နေ့က ဒေါက်စင်သီယာမောင် အပါအ၀င် ကရင်အမျိုးသားအစည်းအရုံး-KNUနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF စသည့် အဖွဲ့အစည်းများကို တွေ့ဆုံခဲ့သည်။
Monday, June 25, 2012
UNHCR မှ MR . DANIEL အားနှုတ်ဆက်မည်ပွဲကို၂၄-၆-၂၀၁၂ ညနေ ၅နာရီမှ ည ၇ နာရီအထိကျင်းပပြုလုပ်ခြင်း
အကြောင်းအရာ ၊၊   ၊၊ UNHCR မှ MR . DANIEL အားနှုတ်ဆက်မည်ပွဲဖိတ်ကြားခြင်း
UNHCR မှMR. DENIELသည်ဒီလကုန်တွင်ဂျပန်နိုင်ငံတွင်တာဝန်ထမ်းဆောင်သည်မှာ
ပြီးဆုံးသွားပြီဖြစ်သဖြင့်ဂျပန်နိုင်ငံသို့နိုင်ငံတကာမှလာရောက်ခိုလှုံနေထိုင်သူများမှ
နှုတ်ဆက်ကြမည်ဖြစ်သောသဖြင့်ခိုလှုံခွင့်ရပြီသူမည်သူမဆိုတက်ရောက်နိုင်ပါသည်။
MR. DANIEL သည် UNHCR. ဒုက္ခသည်များအားကာကွယ်ဆိုင်ရာအဆင့်မြင့်အရာရှိဖြစ်ပြီး
ဂျပန်နိုင်ငံတွင်နှစ်ရှည်တာဝန်ကျစဉ်အတွင်းဂျပန်နိုင်ငံအတွင်းရှိဒုက္ခသည်များနှင့်သက်ဆိုင်
သည့်အခက်အခဲများကိုတတ်နိုင်သလောက်ဖြေရှင်းမီမောင်းထိုးပြခဲ့သလိုဂျပန်နိုင်ငံ၏
ဒုက္ခသည်ဆိုင်ရာမူဝါဒများကိုလည်းဂျပန်ရောက်ဒုက္ခသည်များနှင့်ပူးပေါင်းပြီးပြုပြင်ပေးခဲ့ သူဖြစ်ပါသည်။
နေ့ ရက် ။   ။၂၄-၆-၂၀၁၂
အချိန်    ။    ။ ညနေ ၅နာရီမှ ည ၇ နာရီအထိ
နေရာ    ။   ။ WASEDA. AVACO HALL
WASEDA. ဘုတာထွက်ပေါက်. 3b
TOZAI. LINE
ရဲစခန်းနှင့်WASEDA. တက္ကသိုလ်ကြားမှလမ်း
( ဝင်ကြေး တယောက်ယန်း ၁၀၀၀ )
မှတ်ချက် ။     ။ ကျေးဇူးပြု၍အစားအသောက်ပြင်ဆင်မှုအခက်အခဲမရှိစေရန်လူကြီးမင်းများမှတက်ရောက်မည့်
လူအရေအတွက်ကို 20-6- 2012 ( သို့ ) 21-6-2012 နေ့ နောက်ဆုံးထား၍အကြောင်းကြား
ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ဆက်သွယ်ရန်
မရစ်ဆိုင်းဘူ ၀၉၀၄၀၇၆၆၅၇၉
စောဘလှသိန်း ၀၉၀၄၂၄၆၃၃၇၉
ပီတာဘရန်ဆိုင်း ၀၉၀၄၁၃၀၆၄၀၁
ဂျွန်မျိုးအောင် ၀၉၀၅၄၁၆၅၃၁၃
 UNHCR မှ MR . DANIEL အားနှုတ်ဆက်မည်ပွဲကို၂၄-၆-၂၀၁၂ ညနေ ၅နာရီမှ ည ၇ နာရီအထိကျင်းပပြုလုပ်ခြင်း
Sunday, June 24, 2012
မြို့နယ်အုပ်ချုပ်ရေးမှူးက သတ်မှတ်ပေးလိုက်သော ကရင်တော်လှန်ရေးခေါင်ဆောင် စောဘဦး ၏ ကျောက်တိုင်
ဟစ်တိုင်သတင်းမှပြန်လည်ကူးယူသည်။
- ဒီမိုကရင် --၁၈-၆ -၂၀၁၂
ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ယခင် ဦးနု အစိုးရလက်ထက်က ၀န်ကြီးချုပ်ဦးနု ကိုယ်တိုင်စိုက်ထူပေးခဲ့သော အာဇာနည်ကျောက်တိုင်အား (၁၄-၆-၂၀၁၂)ရက်နေ့တွင် ခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ မှ မြို့မိမြို့ဖများ၊ ပြည်သူလူထုအား တွေ့ဆုံပွဲတွင် ကရင်တော်လှန်ရေး ခေါင်းဆောင် ဦးစောဘဦး ၏ အထိမ်းအမှတ် ကျောက်တိုင် ဖြစ်ကြောင်း သတ်မှတ် ပြောကြားလိုက်သည်။
ဝန်ကြီးချုပ် ဦးနု နှင့်အတူ တွေ့ ရသော ကရင်တော်လှန်ရေး ခေါင်းဆောင် ဦးစောဘဦး
၎င်းအာဇာနည်ကျောက်တိုင်သည် နအဖလက်ထက်က ပယကဥက္ကဌ ဗိုလ်မှူးကြီး စောခင်စိုးမှ အာဇာနည် ကျောက်တိုင်ကို ကုန်သည်ကြီးများ ဥက္ကဌ ဖြစ်သူ ဒေါ်သင်းသင်းမြတ် (တရုတ်မ)ထံ ရောင်းစားခဲ့သည်။
ဒေါ်သင်းသင်းမြတ်ဆိုသူသည် အာဇာနည်ကျောက်တိုင်ကို ၀ယ်ယူသည့်အပြင် စည်ပင်သာယာပိုင် ဒုံမေပတီဈေးမြေနေရာနှင့် ဘုရင့်နောင်လမ်းပေါ်ရှိ အများပိုင် ကုန်သွယ်ရေးရုံးတို့ကိုပါ အာဏာပိုင်နှင့်ပေါင်းကာ တရားမ၀င် ၀ယ်ယူထားခဲ့ပါသည်။
ဒေါ်သင်းသင်းမြတ် ဆိုသူသည် ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီမှ နိယုံး (ကုန်သည်များဥက္ကဌ) နှင့် ပူးပေါင်းကာ မြန်မာအာဏာပိုင်များကို လဘ်ပေးလဘ်ယူ လုပ်ကာ ကြိုးကိုင်ခိုင်းထားသည်။
မကြာသေမီ လပိုင်းခန့်က (၂၄)နာရီလျှပ်စစ်မီးရရှိရေးအတွက် နိယုံး၏ ညီဖြစ်သူ ထိုင်းနိုင်ငံသား တဦးကို ပတ်စ်ပို့ မပါပဲ မြ၀တီမှတဆင့် ဘားအံမြို့ကို ခေါ်ဆောင်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပေးခဲ့သည်။ ပြီးခဲ့သည့် လပိုင်းခန့်က ပဲခူးမြို့အ၀င်တွင် ဂျူတီမဲ့ပစ္စည်း မှန်လုံကား(၄)စီး ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့သည်။
၎င်းမှန်လုံကားများပေါ်တွင် ထိုင်းနိုင်ငံကို ဖြတ်ကာ စင်္ကာပူနိုင်ငံမှ သယ်ဆောင်ခဲ့သော နိုင်ငံခြားအရက်မျိုးစုံကို ဖမ်းဆီးသိမ်းဆည်းခံရသည်။ နိုင်ငံခြားအရက်များ ခိုးသွင်းနေသည်ကို မြ၀တီမြို့ အကောက်ခွန်ဝန်ထမ်းများ သိသော်လည်း မဖမ်းရဲ ဖြစ်ခဲ့ရသည်။ ပြည်နယ်ဝန်ကြီးချုပ်ကို ခါးပိုက်ဆောင်ထဲ ထည့်ထား၍ နိုင်ငံခြား အရက်မျိုးစုံ ပါသော မှန်လုံကား(၄)စီး သံလွင်တံတားကို လွယ်ကူစွာ ကျော်ဖြတ်ကာ ပဲခူးဂိတ် ဈေးညှိမတည့်၍ အဖမ်းခံ လိုက်ရခြင်း ဖြစ်သည်။
ဒေါ်သင်းသင်းမြတ်၏ အဓိက ကုန်သွယ်မှုလုပ်ငန်းသည် နိုင်ငံခြားအရက်မျိုးစုံ ခိုးသွင်းခြင်းဖြစ်၍ နှစ်(၂၀)ကျော် ရင်းနှီးစွား ကုန်သွယ်လုပ်ခဲ့ခြင်း ဖြစ်သည်။
ခိုးသားငါးရာ ၀ိုင်းရံထားသော ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်း သည် နိုင်ငံတော်သမ္မတရုံးမှ အာဇာနည်ကျောက်တိုင်အား အများပိုင်မြေအဖြစ်သတ်မှတ် ညွှန်ကြားပေးရန် လမ်းညွှန်ချက်ကို မကျေနပ်၍ တရုတ်မ ဒေါ်သင်းသင်းမြတ်နှင့် ပူးပေါင်းကာ ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင်အဖြစ် သတ်မှတ်ပေးရန်ဟု ခရိုင်အုပ်ချုပ်ရေးမှူးကို ထပ်ဆင့် ညွှန်ကြားသည်ဟု သိရှိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘဲဥကို မုန်လာဥ လုပ်သည့်နေရာတွင် အရမ်းကျွမ်းကျင်ခဲ့လို့ ဒုတိုင်းမှူးဘ၀ကနေ ရွေးကောက်ပွဲမ၀င်ပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်ဟု တပ်မတော်အသိုင်းမှ ဝေဖန်မှုများ ပြန့်လွင့်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်က ၀န်ထမ်းများကို ပါးရိုက်၊ စောင့်ကန်၊ ဆဲဆိုခြင်းများနှင့် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ၄င်း၏ အသံမထွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် မိုက်ရိုင်းဆက်ဆံမှုများနှင့် ဖိနှိပ် အုပ်ချုပ် စေခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် ၄င်းတို့၏ မွေးထားသော မိဘမျက်နှာ မထောက်ပဲ ပြည်နယ်ဝန်ကြီးချုပ်၏ မိုက်ရိုင်းစေသည့် အပြုအမူကို ကျင့်သုံးကာ ပြည်သူများကို ဆက်ဆံကြသည်။ ပြည်သူက ရွေးချယ်ထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပင် ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုအစည်းအဝေး တစ်ခုတွင် ခင်ဗျားပါးစပ်ပိတ်ထားဟု မိုက်ရိုင်းစွာ ပြောဆိုခဲ့သည်။
မြ၀တီမြို့ ပြည်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို အမြန်ဆုံးပြောင်းစေချင်ကြသည်ဟု သိရှိနေကြသော်လည်း ကရင်ငြိမ်းချမ်းရေးအဖွဲ့များ အနေဖြင့် ကရင်တော်လှန်းရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင် သတ်မှတ်ပေးသည့်အတွက် ၀မ်းသာမဆုံး လွန်စွာ ကျေးဇူးတင်နေကြောင်း သိရှိရပါသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ဘဲဥကို မုန်လာဥ လုပ်သည့်နေရာတွင် အရမ်းကျွမ်းကျင်ခဲ့လို့ ဒုတိုင်းမှူးဘ၀ကနေ ရွေးကောက်ပွဲမ၀င်ပဲ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ခဲ့သည်ဟု တပ်မတော်အသိုင်းမှ ဝေဖန်မှုများ ပြန့်လွင့်ခဲ့သည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ယခင်က ၀န်ထမ်းများကို ပါးရိုက်၊ စောင့်ကန်၊ ဆဲဆိုခြင်းများနှင့် ဖိနှိပ်ချုပ်ကိုင်ခဲ့သော်လည်း၊ ယခုအခါ ၄င်း၏ အသံမထွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများမှ တဆင့် မိုက်ရိုင်းဆက်ဆံမှုများနှင့် ဖိနှိပ် အုပ်ချုပ် စေခဲ့သည်။
ခရိုင်အုပ်ချုပ်ရေးမှူးတို့သည် ၄င်းတို့၏ မွေးထားသော မိဘမျက်နှာ မထောက်ပဲ ပြည်နယ် ၀န်ကြီးချုပ်၏ မိုက်ရိုင်းစေသည့် အပြုအမူကို ကျင့်သုံးကာ ပြည်သူများကို ဆက်ဆံကြသည်။
ပြည်သူက ရွေးချယ်ထားသော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကိုပင် ခရိုင်အုပ်ချုပ်ရေးမှူးက လူမှုအစည်းအဝေးတစ်ခုတွင် ခင်ဗျားပါးစပ်ပိတ်ထားဟု မိုက်ရိုင်းစွာ ပြောဆိုခဲ့သည်။
မြ၀တီမြို့ ပြည်သူများအနေဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးကို အမြန်ဆုံးပြောင်းစေချင်ကြသည်ဟု သိရှိနေကြသော်လည်း ကရင်ငြိမ်းချမ်းရေး အဖွဲ့များ အနေဖြင့် ကရင်တော်လှန်းရေးခေါင်းဆောင် စောဘဦး ၏ ကျောက်တိုင် သတ်မှတ်ပေးသည့်အတွက် ၀မ်းသာမဆုံး လွန်စွာ ကျေးဇူးတင်နေကြောင်း သိရှိရပါသည်။
KWO Statement on World Refugee Day_ June 20th_2012 Karen Version
နော်အုန်းလှကိုအာဏာပိုင်များ ပြန် လည်စောင့်ကြည့်နေ
ဇွန်လ ၂၂ရက်၊ ၂၀၁၂။ (ကေအိုင်စီ) ပြီးခဲ့သည့်မေလက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေးအတွက် ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူ နော်အုန်းလှအား လက်ရှိအချိန်တွင် အစိုးရအာဏာပိုင်များက စောင့်ကြည့်လေ့လာမှုများ ပြု လုပ်လျှက်ရှိသည်။
နော်အုန်းလှက “အခု ကျမသွားလေရာကို အနည်းဆုံး ရဲနှစ်ယောက် သုံးယောက်လောက်က လိုက်ကြည့်နေတယ်။ ကျမကတော့ ကိုယ် သွားစရာ ရှိတာကိုသွားနေတာပါပဲ။ မဟုတ်တာလုပ်နေတာမှ မဟုတ်တာ။ သူတို့မလိုက်နိုင်တော့လည်းမျက်ခြေပြတ်သွားတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုလို စောင့်ကြည့်မှုမှာ လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်ပွဲအပြီး နောက်ပိုင်းတွင် စတင်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သူမက ထပ် ပြောသည်။
“ကျမတို့က နိုင်ငံရေးပါတီကလူလည်း မဟုတ်ဘူး။ လွှတ်တော်တက်သူလည်း မဟုတ်ဘူး။ ဒါပေမဲ့ လူထုအတွက် တတ်နိုင်သလောက် လုပ်ပေးနေတာပါ။ အစိုးရက ပြည်သူအတွက် ဘာမဆိုလုပ်ပေးရမဲ့တာဝန်ရှိတယ်လေ။ ကျမကို အခုလို လိုက်နေတာကိုကြည့်ရင် ဒီမိုကရေစီဖော်ဆောင်နေတာ မဟုတ်ဘူး”ဟု နော်အုန်းလှက ပြောဆိုသည်။
ထို့အပြင် နော်အုန်းလှအနေဖြင့် မီဒီယာများ၊ လူမှုအသိုင်းအ၀ိုင်းများနှင့် ဆက်သွယ်လျှက်ရှိသည့် စမ်းချောင်းမြို့နယ်မှ ဖုန်းဆိုင်တဆိုင်ကို လည်း ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ ဆက်သွယ်ရေးဌာနမှ ဖုန်းလိုင်းအသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။
သူမက “ကျမဆက်တဲ့ ဖုန်းဆိုင်က ကလေးတွေကိုလည်း ဘယ်သူဆက်လာတာလဲ။ ဘာတွေပြောတာလဲမေးတော့ သူတို့ကလည်း ဘာမှ မသိပါဘူး။ ပိုက်ဆံရလို့ ဖုန်းပေးပြောတာပါလို့ ပြန်ဖြေတာပေါ့။ ဒါကို စိတ်ဆိုးပြီး လိုင်းပိတ်လိုက်တယ် ထင်ပါရဲ့”ဟု ခန့်မှန်းပြောဆိုသည်။
နော်အုန်းလှသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ထုတ်ပယ်ခံထားရသူ အဖွဲ့ဝင်အမျိုး သမီးတစ်ဦးဖြစ်ပြီး ယခုအချိန်တွင် ယုံကြည်ချက်၊ ခံယူချက် တူညီသူများဖြင့် လူထုအတွက် လုပ်ဆောင်ပေးနေသူ ကရင်အမျိုးသမီးဖြစ်သည်။