Friday, November 25, 2011

KNLA တိုက်ခိုက်မှုကြောင့် အစိုးရစစ်သည် ၆ဦး ထိခိုက်သေဆုံး

နိုဝင်ဘာလ ၂၄ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယမန်နေ့က တပ်အကြိုအပို့ လုပ်နေသည့် အစိုးရစစ် တပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)မှ အလစ်ဝင်ရောက်ပစ်ခတ်မှုကြောင့် စုစုပေါင်း ၆ဦးထိခိုက်ကျ ဆုံးခဲ့သည်။

နောက်တန်းသို့ စစ်သင်တန်းပြန်တက်မည့် စစ်သည်များကို ပြန်ပို့သည့် ဘုရားသုံးဆူမြို့အခြေစိုက် အစိုးရတပ် ခမရ (၅၄၃) တပ်ရင်းအား KNLA တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တချို့က ယမန်နေ့ နံနက် ၁၀နာရီကျော်၌ တာဒေ့နှင့် မြိုင်သာယာကျေးရွာကြား တွင် ၇မိနစ်ခန့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားရာ အနီးတွင် လှုပ်ရှားသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက “နေပြည်တော်မှာ သင်တန်းပြန်တက်ရမယ့် တပ် သားတွေကို ပြန်ပို့တဲ့ ဗမာတပ်ဖွဲ့ကို KNLA တပ်ရင်း(၁၆)က အလစ်ဝင်တိုက်တော့ ၂ယောက် သေတယ်။ ၄ယောက်ဒဏ်ရာရ သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

KNLA တပ်ရင်း(၁၆) တပ်ခွဲ(၃) ဒုခွဲမှူး ဗိုလ်ကြီးဘူ့ဂေက ၎င်းတိုက်ပွဲနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်း ယခုလို ပြောဆိုသည်။

“ကျနော်တို့လူတွေ သွားတိုက်တာ မှန်ပါတယ်။ ဒါပေမယ့် သွားတဲ့လူနဲ့ အဆက်အသွယ်ပြတ်သွားတော့ ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အခြေအနေကောင်းတယ်”ဟု သူက ပြောသည်။

အဆိုပါ တိုက်ပွဲနေရာမှာ ဘုရားသုံးဆူမြို့၏ အနောက်တောင်ဘက် ၁၀မိုင်ခန့် ကွာဝေးပြီး တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော်(DKBA)နှင့် မြန်မာအစိုးရတို့ ယာယီ အပစ်အခတ်ရပ်စဲရေး မယူခင်က KNLA နှင့် DKBA တို့ပူးပေါင်း၍ အစိုးရစစ်တပ်အား မကြာခဏ ချုံခိုတိုက်ခိုက်ရာ နေရာဖြစ်သည်။

Can’t believe.wmv

Thailand_Burmese Border Displaced Persons-October 2011-TBBC_UNHCR

Thailand_Burmese Border Displaced Persons-October 2011-TBBC_UNHCR

သတင်းစာ ဘုတ်အဖွဲ့ မှ James Murdoch နုတ်ထွက်


Rupert Murdoch and James Murdoch 
Source Photo from http://www.google.com/images
သတင်းစာ ဘုတ်အဖွဲ့ မှ James Murdoch နုတ်ထွက် 

24 Nov, 2011

မီဒီယာ လုပ်ငန်းရှင် သူဋ္ဌေးကြီး Rupert Murdoch ၏ သားဖြစ်သူ James Murdoch မှာ ဗြိတိ န်နိုင်ငံရှိ သတင်းစာကြီးများ ဖြစ်သော Sun, Times နှင့် Sunday Times တို့ကို ထုတ်လုပ်သည့် ကုမ္ပဏီ၏ ဘုတ်အဖွဲ့မှ နုတ်ထွက် လိုက်ပြီ ဖြစ်သည်။ ယခုလို နုတ်ထွက်မှုကို ဗုဒ္ဓဟူးနေ့က ပြုလုပ်လိုက်ခြင်း ဖြစ်ပြီး ၎င်းအနေဖြင့် News International နှင့် ဗြိတိန်ရှိ ရုပ်သံလွှင့်လုပ်ငန်း ဖြစ်သည့် BSkyB တို့တွင်မှု ဥက္ကဋ္ဌ အဖြစ် ဆက်လက်ရှိနေဦးမည် ဖြစ်ကြောင်း သိရသည်။


James Murdoch
Source Photo from http://www.google.com/images 
ယခုလို နုတ်ထွက်မှုမှာ ဖုန်းခိုးနားထောင်မှုများ၏ နောက်ဆက်တွဲ ဂယက်များကြောင့် Muroch ၏ လုပ်ငန်းများ
 အကြား နုတ် ထွက်သူများ စာရင်းတွင် နောက်ထပ် အသစ်တိုးလားခြင်း တစ်ရပ်လည်း ဖြစ်ကြောင်း သိရသည်။

ယခုလို ဖြစ်ရပ်များနှင့် ပတ်သက်ပြီး အပြီးတွင် ဖုန်းခိုးနားထောင်မှုများနှင့် ပတ်သက်၍ Murdoch ၏ လုပ်ငန်းများကြောင့် ပါလီမန် အတွင်း ဆွေးနွေးမှုများ ကိုလည်း ပြုလုပ်နေရကြောင်း သိရသည်။ ယခုလို James Murdoch ၏ နုတ်ထွက်မှုနှင့် အတူ ဗြိတိန်ရှိ အဓိက သတင်းစာကြီးများတွင် ဘုတ်အဖွဲ့ များအတွင်း Murdoch မျိုးရိုးမှ ပါဝင်မှု ရှိတော့မည် မဟုတ်ကြောင်းလည်း သိရသည

လာမည့် အပတ်အတွင်းတွင် James မှာ BSkyB ၏ ဘုတ်အဖွဲ့ ရွေးကောက်ပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ထားကာ Murdoch ၏ ရှယ်ယာမှာ ၃၉.၁ ရာနှုန်း ရှိသော်လည်း ဝင်ရောက် ယှဉ်ပြိုင်ဦးမည် ဖြစ်သည်။

တရုတ်နိုင်ငံတွင် အမျိုး​​သမီး​​သား​​ဥ ​​ရောင်း​​ချသည့်​​​မှောင်ခို​​ဈေး​​ကွက် ​​ပေါ်​​ပေါက်

တရုတ်နိုင်ငံတွင် ​​ကျောင်း​​သူအရွယ် မိန်း​​က​​လေး​​များ​​က သား​​ဥ​​ရောင်း​​ချသည့်​​ ​​မှောင်ခို​​ဈေး​​ကွက်တစ်ခု ​​ပေါ်​​ပေါက်​​နေ​​ကြောင်း​​ သိရသည်။ အဆိုပါ လှုပ်ရှား​​မှုကို ​​မှောင်ခို ​​အေဂျင်စီများ​​က အဓိက လုပ်​​ဆောင်​​နေပြီး​​ အထူး​​သဖြင့်​​ နာမည်​​ကျော် တက္ကသိုလ်များ​​မှ ဘွဲ့​​ကြို ​​ကျောင်း​​သူ​​လေး​​များ​​ကို ပစ်မှတ်ထား​​​လေ့​​ရှိ​​ကြောင်း​​ သိရသည်။
မှောင်ခို ပွဲစား​​များ​​သည် သား​​ဥ တစ်ခုအတွက် ယွမ်​​ငွေ ​​သောင်း​​ဂဏန်း​​မျှထိ ​​ဈေး​​​ပေး​​ ဝယ်ယူ​​လေ့​​ရှိသည်။ ပွဲစား​​များ​​သည် ဝယ်လက်နှင့်​​ မိန်း​​က​​လေး​​များ​​ကို ​​ဘေဂျင်း​​ရှိ ​​ကော်ဖီဆိုင်များ​​တွင် ​​တွေ့​​ဆုံ​​ပေး​​​လေ့​​ရှိပြီး​​ ယင်း​​အ​​ရောင်း​​အဝယ် ကိစ္စတွင် အပြန်အလှန် စကား​​​ပြောခွင့်​​ မ​​ပေး​​​ချေ။ ဝယ်လက်များ​​သည် အများ​​အား​​ဖြင့်​​ စုံတွဲများ​​ ဖြစ်ကြပြီး​​ ​​အေး​​ဂျင့်​​ထံမှတစ်ဆင့်​​ မိန်း​​က​​လေး​​၏ အရပ်အမြင့်​​၊​ ​​သွေး​​အုပ်စုနှင့်
 ဝါသနာစ​​သော အချက်အလက်များ​​ကို သိရှိရသည်။ အဆိုပါ သား​​ဥများ​​ကို ဖန်ပြွန်သ​​န္ဓေနည်း​​ဖြင့်​​ သုက်ပိုး​​ဖြင့်​​ ​​ရောစပ်​​စေကာ မျိုး​​​အောင်​​စေရန် လုပ်​​ဆောင်နိုင်မည်ဖြစ်သည်။ ထိုလုပ်ငန်း​​အတွက် သာမန် ​​ဆေး​​ရုံများ​​ထက် သီး​​သန့်​​​ဆေး​​ရုံများ​​နှင့်​​ နိုင်ငံခြား​​မှ လာ​​ရောက်အ​​ခြေစိုက်​​သော ​​ဆေး​​ရုံများ​​တွင်သာ ပိုမိုလုပ်​​ဆောင်​​ပေး​​​လေ့​​ ရှိ​​ကြောင်း​​လည်း​​ သိရသည်။
ဘေဂျင်း​​တွင် မိန်း​​က​​လေး​​များ​​ မျိုး​​ဥအတွက် ယွမ်​​ငွေ ၄၀၀၀၀ မှ ၈၀၀၀၀ ထိ ​​ဈေး​​​ပေး​​ ဝယ်ယူ​​နေ​​ကြောင်း​​လည်း​​ သတင်း​​များ​​က ​​ဖော်ပြသွား​​သည်။

ဗိုလ်ချုပ်မှူးကြီး အငြိမ်းစားဟု အစိုးရသတင်းစာ၌ ဖော်ပြ

 
ယခင် နအဖစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အငြိမ်းစားဟူသည့် သုံးနှုန်းဖော်ပြချက်ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မထင်မရှား တွေ့ရသည်။
ယမန်နှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုက အမေရိကန်ဒေါ်လာ ၁၃၀၀၊ ပတ္တမြားတာ ၁၁ ပွင့်၊ မြိတ်ပုလဲ တစ်ပွင့်၊ ကာလ တန်ဖိုးကျပ် ၄၈၈၀၀၀ရှိ ရွှေလက်စွပ်တကွင်း လာရောက်လှူဒါန်းခဲ့”ဟု ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းခဲ့ခြင်း အား သတင်းစာများ၏ အတွင်းစာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။
ဗုဒ္ဓစွယ်တော်သည် တရုတ်နိုင်ငံမှ ယခုလဆန်းပိုင်းတွင်ပင့်ဆောင်ခဲ့ပြီး အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့၌ တလှည့်စီ အပူဇော်ခံယူလျက်ရှိသည်။
မြန်မာနိုင်ငံအား စစ်အာဏာရှင် တဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့သော အသက် ၇၈ နှစ်အရွယ် ဦးသန်းရွှေ သည် စစ်တပ်မှ အငြိမ်းစားယူသွားကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ကြေညာခြင်းဖြစ်သည်။
စစ်တပ်အစိုးရမှ အရပ်သားအစိုးရ တရပ်ပေါ်ပေါက်လာရေး၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်” ထူ ထောင်မည်ဟု ကြွေးကြော်ကာ လမ်းပြမြေပုံ ၇ ဆင့်ရေးဆွဲခြင်း၊ အမျိုးသားညီလာခံ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းတို့ကို ကန့်ကွက်မှုများကြားမှ အောင်မြင်စွာ ဖော်ဆောင်ထားခဲ့သည်။
၎င်းဦးဆောင်သော နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် ၀န်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့သူ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်း စသည့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များသည် အစိုးရသစ်လက်ထက်တွင် လည်း ထိပ်တန်းခေါင်းဆောင်များအဖြစ် ပြန်လည်တာဝန်ယူထားသည့်အတွက် အစိုးရသစ်အား ဦးသန်းရွှေက နောက်ကွယ်မှ ကြိုး ကိုင်ထားဆဲဖြစ်သည်ဟု အများက ယူဆနေကြသည်။
ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံ၏ အာဏာအရှိဆုံး အဖွဲ့ဖြစ်သော အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ အား ဦးသန်းရွှေ က ကြိုးကိုင် လမ်းညွန်မှု ပေးနေသည်ဟုလည်း လူအများက  ပြောဆိုနေကြသည်။
အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီသည် သမ္မတ၊ ဒု-သမ္မတများ၊ ကာကွယ်ရေး ဦးစီချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး စသည့် အဖွဲ့ဝင် ၁၁ ဦး ဖြင့် ဖွဲ့စည်းထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည်။
ဦးသန်းရွှေနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား Wall Street Journal က အင်တာဗျူးရာ ၎င်း၏ နေအိမ်၌ စာဖတ်၍ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ဖြေဆိုခဲ့သော်လည်း အစိုးရသစ်အပေါ် သြဇာလွှမ်းမိုးမှု ရှိမရှိဆိုသည်ကို တိကျစွာ ဖြေဆိုခြင်း မရှိပေ။
“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြော ဆိုကြောင်း Wall Street Journal ၌ နိုဝင်ဘာလ ၁၅ ရက်က ဖော်ပြခဲ့သည်။

ဦးသန်းရွှေ အိမ်မှာ စာဖတ်နေသည်


 
ယခင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် ၎င်း၏နေအိမ်၌ စာဖတ်ခြင်းဖြင့် အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းက အင်္ဂါနေ့တွင် ပြောလိုက်သည်။
“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု  ဦးကျော်ဆန်းက ပြောဆိုကြောင်း Wall Street Journal တွင် ယနေ့ ဖော်ပြထားသည်။
ရာထူးမှ အနားမယူမီ ယခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ-AP)
ဦးသန်းရွှေသည် သူ၏ လူရင်းများ ဦးဆောင်သည့် လက်ရှိအရပ်သား အစိုးရအား နောက်ကွယ်မှ လမ်းညွန်နေသည်ဟူသော သုံးသပ်ချက်များ ထွက်ပေါ် နေခြင်းနှင့်ပတ်သက်၍ Wall Street Journal က  မေးမြန်းခြင်းကို ထိုသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် ၈ လခန့်က စစ်အစိုးရမှ အရပ်သားအစိုးရသို့ အပြောင်းအလဲ ပြုလုပ်သည့်ကာလတွင် ဦးသန်းရွှေ အနားယူသွားသည်ဟု ဆိုသော်လည်း စစ်ဝတ်စုံဖြင့် ရိုက်ကူးထားသည့် သူ၏ဓာတ်ပုံများကို မကြာသေးမီ ကာလကအထိ အစိုးရရုံးများတွင် ချိတ်ဆွဲထားဆဲဖြစ်သည်ကို တွေ့ရသည်။
အစိုးရနှင့် ဦးသန်းရွှေ၏ လက်ရှိ ဆက်စပ်မှုအခြေအနေအကြောင်း မေးမြန်းသည့် မေးခွန်းကို ဦးကျော်ဆန်းက ရှင်းရှင်းလင်းလင်း ဖြေဆိုထားခြင်း မရှိပေ။
Wall Street Journal  အရှေ့တောင်အာရှ ဌာနခွဲ အကြီးအကဲ Mr. Jon Patrick Barta သည် အင်္ဂါနေ့က  နေပြည်တော်တွင် ၀န်ကြီး ဦးကျော်ဆန်းနှင့် ၃ နာရီကြာ တွေ့ဆုံ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့တွင် ပြုပြင်ပြောင်းလဲရေး လိုလားသူနှင့် သဘောထား တင်းမာသူ ဟူ၍ အုပ်စု နှစ်စု ကွဲပြားမှု ရှိမရှိဟူသော မေးမြန်းချက်ကို ဦးကျော်ဆန်းက  အမြင်မတူသည့်အခြေအနေများကြားမှ တိုင်းပြည်နှင့် လူမျိုး အကျိုး အတွက် အကောင်းဆုံးဖြစ်မည့် မူဝါဒများကို ညှိနှိုင်းချမှတ်နိုင်ခြင်းသည်ပင်လျှင် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု ပြောလိုက်သည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍လည်း မြန်မာအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် တာဝန် ယူထားသူ ၀န်ကြီး ဦးကျော်ဆန်းက ရှင်းချက် ထုတ်ထားသည်။
ကချင် လွတ်လပ်ရေး တပ်မတော် (KIA)သည် တံတားများဖျက်ဆီးခြင်း၊ ဖောက်ခွဲခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို လုပ် ဆောင်နေကြောင်း၊ အစိုးရ စစ်တပ် အနေဖြင့် စတင် တိုက်ခိုက်ခြင်းမရှိကြောင်း၊ လက်ရှိဖြစ်ပွားနေသော စစ်ပွဲများမှာလည်း လမ်းကြောင်းရှင်းရာ တွင် ဖြစ်ပေါ် နေသော တိုက်ပွဲများသာဖြစ်ကြောင်း  ဦးကျော်ဆန်းက ပြောသည်။
“KIA ကို တိုက်မယ် ဆိုရင် တရက်တည်းနဲ့ အပြတ်အသတ် ချေမှုန်းပစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျနော်တို့က မတိုက်ခိုက်ပါဘူး” ဟု ဆိုသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်း မကြာသေးခင်က ဆိုင်းငံ့လိုက်ခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်မှု မရှိကြောင်း၊ တရုတ်ကုမ္ပဏီ အများ အပြား မြန်မာနိုင်ငံ၌ လုပ်ကိုင်နေသကဲ့သို့ တခြားနိုင်ငံ၊ တခြားလူမျိုးများ လာရောက် လုပ်ကိုင်လျှင်လည်း ယခုကဲ့သို့  ၀ိရောဓိမျိုး ဖြစ်ပေါ်နိုင်သည်ဟု ၀န်ကြီးက ဆိုသည်။
“တရုတ်ဆိုပြီး အခွင့်အရေးပေးတာ မရှိပါဘူး၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးပဲ လာလုပ်လုပ် တူညီတဲ့ အခွင့်အရေး ပေးမှာပါ” ဟု ၀န်ကြီးက ပြန်လည် ဖြေကြားခဲ့သည်။

ကချင်ပြည်နယ်မှာ သနပ်ခါးရောင် မိုးတွေရွာ


2011-11-24
ကချင်ပြည်နယ် အရှေ့တောင်ပိုင်း တရုတ် မြန်မာနယ်စပ်အနီးက လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသမှာ အခုရက်ပိုင်းအတွင်း သနပ်ခါးရောင် အနီရောင်စတဲ့ မိုးမျိုး ရွာသွန်းခဲ့တဲ့အတွက် သက်သေခံ အထောက်အထားတွေကို ရယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးနိုင်ဖို့ ကေအိုင်အေက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
www.kachinnews.com
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဆန်ဂန် KIA တပ်ရင်း ၁၅ နယ်မြေအတွင်း ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က KIO ကချင် လွတ်မြောက်ရေးအဖွဲ့နှင့် မြန်မာအစိုးရတပ်များ အကြား တိုက်ပွဲဖြစ်ပွားသည့်နေရာကို ပြသထားသည့် မြေပုံ။ (www.kachinnews.com)
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက မိုင်ဂျာယန် ဒေသမှာ မိုးရွာတာလည်း မဟုတ်ဘဲ ဝါကျင်ကျင် အရောင် အရည်တွေ ကျခဲ့တယ်လို့ ကေအိုင်အေ အရာရှိတစ်ဦးက ပြောပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ကြားက ကန်ဝံရွာနားမှာ အနီရောင် အမှုန့်လိုမျိုး ကျခဲ့တာကြောင့် သီးနှံပင်တွေ သေဆုံးတာ ရှိတယ်လို့ ဒေသခံတွေက ပြောကြောင်း သိရပါတယ်။ ကန်ဝံရွာနားမှာ ကျခဲ့တဲ့ အနီရောင်လို အမှုန့်တွေ အကြောင်းကိုတော့ နောက်ထပ် ကေအိုင်အို အရာရှိတစ်ဦးက အခုလို ပြောပါတယ်။ “မဖြစ်ခင် လေယာဉ်တစ်စီးပေါ်က ကြဲသွားတာလို့ ပြောတယ်။ လေယာဉ် သုံးနိုင်တာ ဆိုလို့ အစိုးရတပ်ပဲ ရှိတာပေါ့။ သွားကြည့်တဲ့ လူတွေလည်း မူးတာတွေ အော့အန်တာတွေ ဖြစ်တယ်” အခုလို အရောင်ပါတဲ့ မိုးလိုရွာသွန်းတဲ့ လွယ်ဂျယ်နဲ့ မိုင်ဂျာယန် ဒေသတွေဟာ ကေအိုင်အို တပ်မဟာ ၃ အခြေစိုက်ရာ ဒေသဖြစ်ပြီး မြန်မာအစိုးရ တပ်တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်တဲ့ နေရာတွေလို့လည်း ကေအိုင်အေ အရာရှိတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ရွာချခဲ့တဲ့ သနပ်ခါးရောင်လို မိုးကြောင့် သီးနှံပင်တွေပါ အဆိပ်သင့်သလို ဖြစ်တဲ့အတွက် ဒေသခံတွေ ဟင်းသီးဟင်းရွက် မစားကြဖို့ ကေအိုင်အိုက ပိတ်ပင် ထားတယ်လို့လည်း ကချင်သတင်းဌာနက ဖော်ပြထားပါတယ်။

Thursday, November 24, 2011

နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်ကြောင်းကို ငလျင် ပညာရှင်များမှ ထုတ်ပြန်ကြေငြာ


Thursday, November 24, 2011

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်။
ရက် ၃၀ အတွင်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်ကြောင်းကို ဂျပန်အစိုးရ၏ မိုးလေ၀သဌာန ငလျင် ပညာရှင်များမှ ၁၈ ရက်မှာ တရားဝင် ထုတ်ပြန် ကြေငြာသွားပါတယ်။

ပညာရှင်များ၏ ငလျင်တိုင်းထွာချက်အရ နိုဝင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရကအထိ ရက်ပေါင်း ၃၀  အတွင်းမှာ အင်အား M 7.0 ထက် ကြီးမားတဲ ငလျင်လှုပ်နိုင်တယ် လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့က ငလျင်ကြီး လှုပ်ခတ်သွားသော Miyagi ခရိုင် ပင်လယ်ပြင်ကနေ ဗဟိုပြုပြီး လှုပ်ခတ်နိုင်ကြောင်း ငလျင်ဖြစ်ပေါ်ရန် 15.1% ဟု ထုတ်ဖေါ် ပြောကြား သွားပါတယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ တည်ရှိသည့်အတွက် နေ့စဉ်လိုလို ငလျင်ငယ် ကြိမ်ဖန်များစွာ လှုပ်ခတ်နေပြီး ထုတ်ပြန်ကြေငြာထားတဲ ရက်အတွင်းမှာ သတိဝိရိယ နှင့်သာ သွားလာသင့်ကြောင်း အကြံပြုလိုပါတယ်။

Villager executed in Papun District KHRG-Villager Executed

KHRG-Villager Executed

They Are Grabbing Our Land!


They Are Grabbing Our Land! from Karen News on Vimeo.

After the Deluge


After the Deluge from Karen News on Vimeo.

Leaving Home for Survival


Leaving Home for Survival from Karen News on Vimeo.

'Save the Tenasserim'


'Save the Tenasserim' from Karen News on Vimeo.

My life and My Rights (ရုပ်သံ)


ကွယ်ကလူသတင်းမှရယူသည်။

What election? For the Burma Army it’s business as usual

November 23 |
Map-Nyaunglebin_2009
A report from the Karen Human Rights Group accuses the Burma Army of extortion and using villagers for forced labor on army bases. The report issued as a KHRG bulletin was written by a villager in the Nyaunglebin District of Karen State.
The villager says last years national election did nothing to change the Burma Army’s abuse of villagers.
“The soldiers still force villagers to work for them and demand things from the villagers.”
The villager records in the KHRG bulletin that in May this year Light Infantry Battalion 345 ordered villagers in the Ler Doh Township to dismantle their farm huts or pay 3,500kyat. On June 13, Captain Thet Zaw Win from LIB 345 ordered 400 households from five villages to bring bamboo and wood to repair the Burma Army camp. July 19th Captain Way Pyo Thu, from LIB 345 ordered villagers to clear vegetation from a 50m deep area around the army camp – it took the 20 villagers used daily, five days to complete the work. In July the Ler Doh Township Security Director demanded free food from villagers for a month. The villagers report said.
“The villagers cannot raise enough animals [to meet soldiers’ demands for food]. Each household had to pay about 3,000kyat (US $3.90) each month into a village fund. If they demand a lot of food, the village head has to collect more money, about 8,000kyat (US $10.39) from the villagers.
Captain Thet Zaw Win, LIB 345 Company Commander ordered villagers pay for four prepaid phone cards costing a total of 150,000kyat. The Captain ordered the villagers say nothing about the extortion. Captain Thet Zaw Win in July this year ordered villagers to buy empty fertilizer bags to be used to fortify the army camp.

Karen women accuse Thai workers of wooing them into false marriages

November 17 |
ITD_compnay_camp_in_the_east_of_Tavoy_in_Karen_village
Karen villagers alleged Thai company workers of exploiting and marrying local women while they are employed in construction work in southern Burma.
A village elder said villagers are outraged at recent false marriages involving three Karen women in Kaw Htee Lor (Tha Byu Chaung) village, east of Tavoy. Villagers say the three women were dumped by the Italian-Thai Development Company workers stationed in their village and employed on the construction of the Tavoy-Kanchanaburi Road.
The Karen village elder who declined to be named said.
“They have degraded our people’s dignity and they [Thai workers] see our people as cheap. Villagers elders are really ashamed and angry about what has happened.”
The elder fears Karen culture and moral tradition is at risk.
“It never happened until the Thai company came to our village. This is just the beginning and if the company and other businesses come in here, it will only get worse. We are really worried that our moral tradition and culture will be fully exploited in the future.”
The elder said traditional living married Karen men who have a family are forbidden to have affairs with another woman, and then dumping them is not appropriate – it is seen as bad morale and irresponsible.
The village elder said the Thai men are believed to be married with families back in Thailand. After the men returned to Thailand the women could not make contact as the men ‘just disappeared’.
The village elder said.
“Now our village has a problem because of these Thai workers. We have brought the issue to the village council and to the women’s affairs group. It is very difficult to solve this problem, as the Thai workers are not Burmese citizens. It is also created a bad image for our village and Karen culture.”
The elder said the women had little knowledge of the outside world and were taken advantage of because of their poverty.
“The women married the Thais, I think because of the poverty in the village, they only wanted to have better life, but they got nothing.”
The village elder said the three women were working as cooks in the company camp kitchens.
“They was one young girl, the other two women were aged between 30 to 40 – one a window and the other had husband and children, but left him to go with the Thai worker. The women who have children got pregnant with the Thai worker.
Villagers say the Italian-Thai Development Company set up their workers camp in Kaw Htee Lor village for road construction in September 2010.
The Italian-Thai Development Company is building a 160-kilometer superhighway linking southern Burma’s Tavoy to the Thai border in Kanchanaburi province.
The Tavoy-Kanchanaburi highway is par of the Tavoy Special Economic Zone, estimated to be worth more than US$60 billion which The Italian-Thai Development Company was awarded a 60-year contract by Burma’s previous military regime.
Kaw Tee Lor village is one of the five Karen villages in the east of Tavoy that the Tavoy-Kanchanaburi construction affects.

နောက်ဆုံး ဘူတာ


ခုတလော ဒေါ်စု ရွေးကောက်ပွဲဝင်မယ့်သတင်း၊ အစိုးရကိုယ်စားလှယ်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆိုပြီး သတင်းစာမျက်နှာတွေ မှာ ထိပ်ဆုံးကနေရာယူထားပါတယ်။

ဦးသိန်းစိန်အစိုးရက ရထားပို့ ဆောင်ရေးဝန်ကြီး ဦးအောင်မင်းကို စေလွတ်ပြီး တိုင်းရင်းသားတွေနဲ့ တစ်ဖွဲ့ ပြီး တစ်ဖွဲ့ စကားပြောနေတာလည်းတွေ့ နေရပါတယ်။

ဘာလီသတင်းစာရှင်းလင်းပွဲမှာ ဦးသိန်းစိန် ပြောသွားတယ် “ထာဝရ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲကို ကျနော်တို့အားလုံး ၀င်ရောက်ပြီးတော့မှ ဥပဒေတခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးက နေထိုင်လုပ်ကိုင် စားသောက်၊ သွားစရာရှိတဲ့နေရာတွေ သွားပြုပြီးတော့ ဒီလိုဖြစ်ရေးဟာ ခုနကလို ကျနော်တို့အတွက် ထာဝရ ငြိမ်းချမ်းရေးဖြစ်တယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာတော့ ဥပဒေဘောင်ထဲကို အားလုံးဝင်ရောက်လာပြီးတော့မှ ဒီဥပဒေတခုတည်းရဲ့ အောက်မှာ ပါတီဖွဲ့ချင်တဲ့သူတွေက ဖွဲ့။ စီးပွားရေးလုပ်ချင်တဲ့သူက လုပ်” VOA

RFA သတင်းမှာ ဦးသိန်းစိန်ပြောတာက “တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရှိတဲ့ အနက် ၇ ဖွဲ့နဲ့ အဆက်အသွယ်ရပြီး ဆွေးနွေးနေကြောင်း၊ သူတို့တွေ အနေနဲ့လည်း သူတို့ အကျိုးစီးပွါး အတွက် အစိုးရက လုပ်ကိုင်ပေးရင် နောက်ဆုံး တနေ့ လက်နက် စွန့်ကြဖို့ လိုအပ်ကြောင်း”

ကဲ ဒီလောက်ရှင်းနေတာ ဘာရှိသေးလည်း.. တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌန်းခွင့်တောင်းဆိုတာသူတို့ အလေးမထားဘူး.. တိုင်းရင်းသား လက်နက်ကိုင်တွေကို စီးပွားရေးလုပ်စားခိုင်းပြီး တနေ့ ကျရင် သူတို့ သေနတ်ပြန်သိမ်းမယ်။ သူတို့ စီမံရေးဆွဲတဲ့ ဥပဒေဘောင်အောက်မှာပဲနေရမယ်.. ရှင်းရှင်းလေးပဲ သမ္မတကြီးပြောသွားတာ…

ဗမာအစိုးရအဆက်ဆက်ဟာ ဗေဒင် ယာတြတွေ ဓါတ်ရိုက်ဓါတ်ဆင်တွေ ဘိုးတော်တွေကို ယုံကြည်သက်ဝင်နေတယ်လို့  လူပြောများပါတယ်။ စာရေးသူအနေနဲ့  ဗေဒင်ဆရာမျက်လုံးနဲ့ ကြည့်မိပါတယ်။

ရှင်းရှင်းလေးတစ်ခု သွားတွေ့ မိပါတယ်။ အဲတာက ရထားပို့ ဆောင်ရေးဝန်ကြီးရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုပဲ.. ၀န်ကြီးအများကြီးရှိတဲ့အထဲက ရထားဝန်ကြီးက ခရီးရှည်ကြီးကို နင်ပြီး အပြတ်ခုတ်မောင်းလုပ်ရှားနေတယ်။ ရှမ်းပြည်နယ်မှာ တခါမှ မသုံးဘူးသေးတဲ့ ရထားစက်ခေါင်းကြီးလည်း ပွဲထွက်ဖို့ ပြင်ဆင်နေပြီ။ တခြားစက်ခေါင်းတွေလည်း လှုပ်လှုပ်ရွရွနဲ့ ။ အဲတာက ရထားဝန်ကြီးရဲ့အောင်မြင်မှုပဲ။ တဖက်မှာလည်း ဒေါ်အောင်းဆန်းစုကြည်ရဲ့ NLD စက်ခေါင်းကြီးလည်း ခရီးထွက်ဖို့ ပြင်ဆင်နေပါပြီ။

ဗမာစကားမှာ ပြောလေ့ရှိတဲ့စကားတစ်ခွန်းရှိပါတယ်။ ဘာမှ ရှေးလည်းမတိုး အောင်မြင်မှုမရှိတဲ့ဖြစ်စဉ်နဲ့ လူတွေကို “နောက်ဆုံးတော့ မင်းလည်းဒီဘူတာပဲ ပြန်ဆိုက်တယ်မှုတ်လား” ဆိုပြီး အဲဒီစကားကို တစ်ယောက်ကိုတစ်ယောက်ပြောလေ့ရှိပါတယ်။

ဒီလိုနဲ့ စာရေးသူထင်မြင်မိပါတယ်။ ရထားပို့ ဆောင်ရေးဝန်းကြီး ဦးအောင်မင်းနဲ့ တိုင်းရင်းသားအဖွဲ့ တွေရဲ့ ခရီးရှည်ကြီးဟာ တစ်နေ့ ကျရင် ဒီဘူတာပဲပြန်ဆိုက်မယ် လို့ ယုံကြည်ပါသည်။ အဲတာက ကြိုတင် အတိတ်နိမိတ် လက္ခဏာပဲ။ ထိုဘူတာက ဘာဘူတာလည်း လို့ သိချင်ရင် ၂၀၀၈ ခုနှစ်တုန်းက တည်ဆောက်ခဲ့တဲ့ ညောင်နှစ်ပင် သချို င်္းကုန်း ဘူတာသာဖြစ်ပါကြောင်း……

ဘက်ထရီပြဿနာတက်နေတဲ့ Iphone 4s

Apple ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်သည့် iPhone 4s ၏ ဘက်ထရီမှာ ထင်မှတ် ထားသည့် ကာလ အတိုင်းအတာ မတိုင်မီ အချိန်အတွင်း အလွန်ပင် လျင်မြန်စွာ ကုန်သွားကြောင်း အွန်လိုင်း လူမှု့ရေး ဆိုက်များတွင် လူရာပေါင်း များစွာမှ သတင်း ပေးပို့ ခဲ့ကြကြောင်း Mercury သတင်းတွင် အင်္ဂါနေ့က ရေးသား ဖော်ပြခဲ့သည်။ အချို့သော သုံးစွဲသူများ၏ အပြောအရ ၎င်းတို့ ဝယ်ယူထားသည့် iPhone 4s မှာ အနည်းငယ်သော သုံးစွဲချိန်အတွင်း ဘက်ထရီ ကုန်သွားခဲ့ကြောင်းနှင့် တစ်ရက်အတွင်း
ဘက်ထရီအား ပြန်မသွင်းဘဲ သုံးစွဲ၍ မရကြောင်း ကိုလည်း ထုတ်ဖော် ပြောကြားခဲ့သည်။
Apple မှပြောရာ၌ iPhone 4s သုံးစွဲသူများ အနေဖြင့် စကားပြောချိန် ၈ နာရီ သုံးစွဲနိုင်ပြီး 3G ကွန်ရက်ဖြင့် အင်တာနက် ရှာဖွေမှုများကို ၆ နာရီကြာ သုံးစွဲနိုင်ကာ အသင့်အနေအထားဖြင့် ထားပါက နာရီ ၂၀၀ အထိ အထားခံကြောင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်အထိ အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး Apple ကုမ္ပဏီမှ တုံ့ပြန် ပြောကြားခြင်း မရှိသေးဘဲ ဝေဖန် ချက် ပေးရန်လည်း ငြင်းဆိုခဲ့သည်။ သို့ရာတွင် The Guardian သတင်းတွင် ဖော်ပြရာ၌မူ အချို့သော သုံးစွဲသူများကိုမူ Apple ကုမ္ပဏီမှ အင်ဂျင်နီယာများမှ ဆက်သွယ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သို့ရာတွင် ယင်းသို့သော ပြဿနာများမှာ တစ်ကမ္ဘာလုံးရှိ iphone 4s  သုံးစွဲသူများကို ထိခိုက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ယခုလို ပြဿနာများ ပေါ်ထွက် နေသော်လည်း တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် iPhone 4s ရောင်းအားမှာ ကျဆင်းသွားခြင်း မရှိကြောင်းလည်း သိရသည်။ လက်ရှိ အချိန်အထိ Apple ကုမ္ပဏီ အနေဖြင့် iPhone 4s အလုံးရေ ၄သန်း အထိ ရောင်းချခဲ့ရပြီး ဖြစ်သည်။

တပ်မတော်စည်းကမ်းရှိမှ ရုရှားမှာ နေခွင့်ရမည်.. (ရုရှားမှစစ်ဗိုလ်များ စည်းမဲ့ကမ်းမဲ့ နေထိုင်မှုကြောင့် အဆောင်မှနှင်ထုတ်မည့် အခြေအနေအား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်)

Wednesday, 23 November 2011


၂၀၁၀စက်တင်ဘာလ ၈ရက်နေ့က မြန်မာစစ်ဗိုလ် ကျောင်းသား ၅၁ဦးအဖွဲ့ မော်စကိုမြို့ရှိ MSTU ကျောင်းသို့ ရောက်ရှိလာစဉ်..
ရုရှားမှ မြန်မာစစ်ဗိုလ်များရဲ့ ၂၀၁၀ ပြည်ထောင်စုနေ့က မြန်မာ့ရိုးရာ အတာသင်္ကြန် သရုပ်ပြပွဲ..
ရုရှားမှ နောင်တခေတ်ရဲ့ အောင်စစ်သည်များ စည်းမဲ့၊ ကမ်းမဲ့ စည်းပျက်၊ ကမ်းပျက် နေထိုင်မှုကြောင့် အဆောင်မှ ထွက်ပေးရန် တောင်းဆိုခံရမှုနှင့် ၂၀၁၀သြဂုတ်လက ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ လျှို့ဝှက် သတိပေးချက်တဲ့ဗျို့...

 
၂၀၁၀ခုနှစ် ဖေဖော်ဝါရီလက ရုရှားမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ တွေ့ရတဲ့ သံအမတ်ကြီး ဦးမင်းသိန်း (ဝဲ-ဒု)
၁၆ သြဂုတ် ၂၀၁၀ ခုနှစ်က ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းသိန်း၏ လျှို့ဝှက် သတိပေးစာ
 KIO-Statement-in-Burmese-18-11-2011

မယ်တော်ဆေးခန်းတွင် မျက်စိလူနာ ၁၀၀ကျော် ခွဲစိတ်ပြီးစီး

Wednesday, November 23, 2011



မယ်တော်ဆေးခန်းတွင် မျက်စိလူနာ ၁၀၀ကျော် 
ခွဲစိတ်ပြီးစီး 

နိုဝင်ဘာလ ၂၃ရက်။
နန်းသူးလေ (ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် နိုဝင်ဘာ ၉ရက်မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ မျက်စိရောဂါ ဝေဒနာရှင်များ အား ခွဲစိတ်ကုသပေးလျှက်ရှိရာ ယနေ့အထိ လူနာ ၁၀၀ကျော် ခွဲစိတ်ပြီးစီးသွားပြီ ဖြစ်သည်ဟု မျက်စိဌာနမှ ဆေးမှူးများက ပြောသည်။

မယ်တော်ဆေးခန်းတွင် မျက်စိကုသရန် လူနာဦးရေ ၂၀၀ကျော် ရောက်ရှိလာသည့်အနက် ယနေ့အထိ လူနာပေါင်း ၁၆၄ဦးကို ခွဲစိတ်ပြီးစီးသွားခြင်းဖြစ်သည်။ ယင်းသို့ မျက်စိခွဲစိတ် ကုသပေးရာတွင် အဓိကအားဖြင့် မျက်စိရေတိမ်စွဲခြင်း၊ မျက်သားပြတ်ခြင်း၊ ထိခိုက်မှု၊ ဒဏ်ရာဖြစ်မှုတို့ ကြောင့် မျက်လုံးပျက်စီးသွားသူ ဝေဒနာရှင်များကို ခွဲစိတ်ပေးခြင်းဖြစ်သည်ဟု မယ်တော်ဆေးခန်း၏ မျက်စိဌာနတာဝန်ခံ နော် တာမလာဝါးက ယခုလို ပြောသည်။

 “မျက်စိခွဲစိတ်ဖို့ လိုတဲ့သူတွေကို ခွဲစိတ်ပေးလိုက်တယ်။ တချို့ကျတော့ ရောဂါပိုး မျက်လုံးထဲဝင်လို့ မျက်စိကို ထုတ်လိုက်ပြီး နောက်တစ်လကျော် နှစ်လလောက်ကြာတော့ ကျမတို့ဆေးခန်းက မျက်လုံးအတု ပြန်ထည့်ပေးလိုက်တယ်။”
ဟု ဆရာမနော် တာမလာဝါးက ပြောသည်။

မျက်လုံးခွဲစိတ် ပြီးစီးသွားသည့် လူနာများအတွက် လိုအပ်သည့် ဆေးဝါးများကို ထည့်ပေးပြီး မျက်မှန်များကိုလည်း နှစ်စဉ် ပုံမှန် ပြုလုပ်တပ်ဆင်ပေးသွားသည်ဟု သိရသည်။

၎င်းခွဲစိတ်မှု ကုန်ကျစရိတ်ကို ကန့်သတ်ထားခြင်း မရှိဘဲ ငွေကြေးတတ်နိုင်သည့် လူနာရှင်များက စေတနာအလျောက် အလှူ ငွေထည့်ဝင်နိုင်ပြီး မတတ်နိုင်ပါက ငွေပေးဆောင်ရန် မလိုကြောင်း နော်တာမလာဝါးက ဆိုသည်။

ယခုတကြိမ်တွင် မယ်တော်ဆေးခန်းသို့ မျက်စိလာရောက်ခွဲစိတ်သည့် လူနာများမှာ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ မော်လ မြိုင်၊ မုံရွာနှင့် ရခိုင်ပြည်နယ်များမှ လာရောက်ကြပြီး အကုန်အကျ သက်သာသည့်အပြင် ခွဲစိတ်ကုသမှု ကောင်းမွန်သည့်အပေါ် လာရောက်ကြခြင်းဖြစ်သည်ဟု မျက်စိဝေဒနာရှင်များက ပြောဆိုနေကြသည်။

မျက်စိခွဲစိတ်ပြီးသည့် လှိုင်းဘွဲမြို့မှ ဦးလှတင်က
“ဒီမှာက ခွဲစိတ်တာလည်း ကောင်းတယ်။ အင်္ဂလိပ်ဆရာဝန်တွေကလည်း စိတ်ရှည်ရှည်နဲ့ ခွဲစိတ်ပေးတယ်။ အခု ခွဲစိတ်ပြီးသွားတော့ မျက်လုံးက တော်တော်ကောင်းလာတယ်။ မြန်မာပြည်မှာက အကုန် အကျ အရမ်းများတဲ့အပြင် ဆရာဝန်တွေကလည်း စိတ်မရှည်ကြဘူး။ ဆေးရုံက ဆရာ၊ ဆရာမတွေကလည်း ဟိုငေါက်ဒီငေါက် နဲ့ မချေမငံ ဆက်ဆံတယ်။ ခွဲစိတ်တာလည်း သိပ်စိတ်မချရဘူး။ အဲဒါကြောင့် ပြည်တွင်းမှာ မခွဲစိတ်ရဲတာ”
ဟု ပြောဆိုသည်။

ခွဲစိတ်ပြီးစီးသွားသည့် လူနာများအနက် ဝေဒနာကြာမြင့်နေသည့် လူနာအနည်းငယ်မှလွဲ၍ ကျန်အများစုမှာ မျက်စိပြန်လည် ကောင်းမွန်သွားကြပြီးဖြစ်ကြောင်း မယ်တော်ဆေးခန်း မျက်စိဌာနမှ ဆေးမှူးတစ်ဦးက ကေအိုင်စီကို ပြောသည်။

မယ်တော်ဆေးခန်းတွင် မျက်လုံးခွဲစိတ်မှုကို ၁၉၉၀ခုနှစ်တွင် စတင်ခဲ့ပြီး စကော့တလန် နိုင်ငံအခြေစိုက် (Karen Aid)အဖွဲ့မှ ဒေါက်တာ Frank က မျက်စိရောဂါလူနာများအား လာရောက်ခွဲစိတ် ကုသပေးနေခဲ့ခြင်းဖြစ်သည်။

၎င်းအဖွဲ့သည် ယခင်နှစ်များက ၁နှစ်လျှင် နှစ်ကြိမ်သာ လာရောက် ခွဲစိတ်ပေးခဲ့သော်လည်း ယခုနှစ်တွင် မျက်စိဝေဒနာရှင်များ အား လာရောက် ခွဲစိတ်ပေးနေသည်မှာ လေးငါးကြိမ်ရှိပြီဖြစ်သည်ဟု မယ်တော်ဆေးခန်းမှ ဆေးဝန်ထမ်းများ၏ ပြောပြချက်အ ရ သိရသည်

ဒုက္ခသည်သတင်း

မွန်နှင့် ကရင်ပြည်နယ်တွင် ရာဘာဈေးနှုန်း ကျဆင်း

နိုဝင်ဘာလ ၂၃ရက်။ (ကေအိုင်စီ)
ရာဘာကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်နေကြသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဒေသများတွင် ယခုရက်ပိုင်းအတွင်း ရာဘာဈေးများ ကျဆင်းနေသည်ဟု ရောင်းဝယ်များက ပြောဆိုနေကြသည်။ “အခုရက်ပိုင်း ရာဘာဈေး ပြန်ကျသွားတယ်။ ကျနော်တို့ကတော့ ဝယ်တုန်းပဲ။ ရောင်းတဲ့လူတွေကပဲ ဈေးမကောင်းလို့ သူတို့ မရောင်းချင်ကြတာ။ လှောင်ထားကြတာပေါ့။ ဈေးက မငြိမ်ဘူးဖြစ်နေတယ်။ ဒီထက်ကျရင်လည်း ကျအုံးမယ်။”ဟု မုဒုံမြို့ပေါ်ရှိ ရာဘာရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

ရာဘာကို အပါးနှင့် အထူဟူ၍ နှစ်မျိုးနှစ်စား ထုတ်လုပ်ရာ ယခင်က ရာဘာအရည်အသွေး အကောင်းဆုံးဟု သတ်မှတ်သည့် အပါး တစ်ပေါင်လျှင် ၁,၃၀၀ကျပ် ဈေးအနည်းဆုံး ရှိနေရာမှ ယခုဆိုလျှင် တစ်ပေါင် ၁,၀၀၀ကျပ်အထိ ကျဆင်းသွားသည်။
ထို့အပြင် ရာဘာအထူဈေးနှုန်းမှာလည်း ယခင် တစ်ပေါင် ၁,၀၀၀ကျပ်ဈေးမှ ၇၀၀ကျပ်ကို ကျဆင်းသွားခြင်း ဖြစ်သည်။

ရာဘာဈေးကျရခြင်း၏ အဓိကအကြောင်းရင်းကို မသိရှိရသော်လည်း တနေရာနှင့် တနေရာ ရာဘာအရောင်းအဝယ် ပြုလုပ်သူများ အပေါ် မူတည်ပြီး ဈေးနှုန်းကွာဟမှုရှိနေသည့်အတွက် အတိအကျ ပြောဆိုရန် ခက်ခဲကြောင်း အဆိုပါ ရာဘာကုန်သည်က ပြော သည်။

အလားတူ ရာဘာစိုက်ပျိုးမှုများသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်တွင်လည်း ရာဘာဈေး ကျဆင်းသွားကြောင်း ၎င်းမြို့နယ်အတွင်း ရာဘာအရောင်းအဝယ် လုပ်နေသူ အမျိုးသမီးတဦးက ပြောသည်။

သူမက “ဒီဘက်မှာ အထူပဲ လုပ်ကြတာများတယ်။ ကျမတို့က ဒီကထွက်တဲ့ရာဘာကို လိုက်ဝယ်ပြီးတော့ မုဒုံအဝယ်ဒိုင်တွေမှာ သွားသွင်းတယ်၊ အခုတလောက ဈေးကမငြိမ်ဘူးဖြစ်နေတယ်၊ ဈေးကျတော့ ခြံရှင်တွေက မရောင်းချင်ကြဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို ရာဘာဈေးမကောင်းသည့်အချိန်တွင် ရာဘာခြံပိုင်ရှင်အများစုက မိမိတို့၏ ရာဘာကို ရောင်းထုတ်ခြင်းမပြုကြဘဲ ဈေး ကောင်းပြန်ရသည့်အချိန်ထိ သိုလှောင်ထားကြလေ့ရှိသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ရာဘာခြံပိုင်ရှင် ဦးကျော်က “ရာဘာဈေးမကောင်းတော့ ကျနော်တို့ မရောင်းဘူး။ ထားထားအုံးမယ်။ ဈေး ပြန်ကောင်းလာတော့မှ ရောင်းမယ်၊ ဝယ်တဲ့လူတွေကတော့ လိုက်ဝယ်နေကြတာပဲလေ။”ဟု ဆိုသည်။
Photo-KIC (ကရင်ပြည်နယ်အတွင်းရှိ ရာဘာကို အစေးထုတ်ယူထားစဉ်)

မွန်ပြည်နယ်၊ ကရင်ပြည်နယ်များမှ ထွက်ရှိသည့် ရာဘာများကို သက်ဆိုင်ရာ ဒေသရှိ ရာဘာအဝယ်ဒိုင်များမှတဆင့် ရန်ကုန်နှင့် မန္တလေးမြို့ရှိ အဝယ်ဒိုင်ကြီးများထံသို့ တင်ပို့ရောင်းချကြသည်။

မွန်ပြည်နယ်သည် တနိုင်ငံလုံးရှိ ရာဘာစိုက်ပျိုးမြေ ဧက၏ ၃၇ ဒဿမ ၆ရာခိုင်နှုန်းဖြင့် ရာဘာအများဆုံးစိုက်ပျိုးသည့် ပြည်နယ်ဖြစ် သည်။ ၁၉၈၈ခုနှစ်မှစ၍ ၂၂နှစ်တာကာလအတွင်း ထိုဒေသတွင် ရာဘာစိုက်ပျိုးမြေဧက ၅ဆကျော် တိုးလာကြောင်း မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

မြန်မာပြည်မှ ထွက်ရှိသည့် ရာဘာကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး စင်ကာပူနှင့် ဂျပန်နိုင်ငံသို့လည်း တင်ပို့နေသည်။ သို့ သော် ယခုနှစ်တွင် ပြည်ပသို့ ရာဘာတင်ပို့မှုနှုန်းမှာလည်း ကျဆင်းလျှက်ရှိကြောင်း ကုန်သည်များ၏ ပြောပြချက်များအရ သိရ သည်။

Wednesday, November 23, 2011

မြန်မာအစိုးရသစ်နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတွေီဆုံဆွေးနွေးရေးနှင့် ပတ်သတ်၍ ကရင်အဖွဲ.အစည်းများနှင့် ကရင်ပြည်သူများထံသို.အသိပေးခြင်း

Briefing to Karen Community ( Burmese version)

NLD ဆုံးဖြတ်ချက် သံဃာ့တပ်ပေါင်းစုမှ မထောက်ခံ – Monks oppose NLD’s decision

YPI
နိုဝင်ဘာ ၂၁၊ ၂၀၁၁
၂၀၀၇ ခုနှစ် သံဃာ့ဆန္ဒပြပွဲမြင်ကွင်းတခု

နိုင်ငံရေး ပါတီတရပ်အဖြစ် မှတ်ပုံပြန်တင်ရန်နှင့် လာမည့်ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် သောကြာနေ့တွင် NLD က ဆုံးဖြတ်လိုက်ခြင်းကို သံဃာ့တပ်ပေါင်းစုက မထောက်ခံနိုင်ကြောင်း ယနေ့နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။

ယခုအချိန်သည် ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်စဉ်က အခြေအနေနှင့် ခြားနားခြင်း မရှိသေးဘဲ ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်မည့် အပြောင်းအလဲများ ထူးထူးခြားခြား မတွေ့ရသေးသဖြင့် NLD က ပါတီ မှတ်ပုံပြန်တင်ရန်နှင့် ရွေးကောက်ပွဲ ၀င်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ရွှေဂုံတိုင်ကြေညာစာတမ်းမှ လမ်းကြောင်းလွဲသွားပြီ ဖြစ်သည်ဟု ယင်းကြေညာချက်တွင် ဖေါ်ပြထားသည်။
ယနေ့ မြန်မာနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ တိုင်းရင်းသား ဒေသများတွင် စစ်ပွဲများ ဖြစ်ပွားနေခြင်း၊ ရဟန်းသံဃာတော်များအပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂ ထောင်ခန့် အကျဉ်းကျနေဆဲဖြစ်ခြင်း လူမှုရေး နိုင်ငံရေး စီးပွားရေး ကဏ္ဍအသီးသီးတွင် ဒီမိုကရေစီကင်းမဲ့နေဆဲ ဖြစ်သည်ဟုလည်း သံဃာ့တပ်ပေါင်းစုက ထောက်ပြထားသည်။
မြန်မာနိုင်ငံပြဿနာများကို စစ်ကြံ့ဖွံ့လွှတ်တော်ထဲတွင် လုံးဝ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဘဲ တန်းတူရည်တူ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ဖေါ်ပြထားသည်။
NLD ၏ ဆုံးဖြတ်ချက်သည် တိုင်းပြည်၏ ပကတိ အခြေအနေများနှင့် မကိုက်ညီ မသင့်လျော်ဟု သံဃာ့တပ်ပေါင်းစုက ယူဆကြောင်း ရေးထားသည်။
ပြည်တွင်းစစ်ရပ်စဲရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး၊ နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေးအဖြေရှာရေး၊ ဒီမိုကရေစီ အခွင့်အရေးများ အတွက် ပြည်သူအပေါင်းနှင့် လက်တွဲ၍ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။
သံဃာ့တပ်ပေါင်းစုအဖွဲ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သမဂ္ဂီအဖွဲ့ချုပ်တို့ ပါဝင်သည်။
၂၀၀၇ ရွှေဝါရောင် သံဃာ့ အရေးအခင်း ပြီးသည့်နောက် နအဖ အစိုးရက သံဃာ့ရာနှင့်ချီ ဖမ်းဆီး အကျဉ်းချခဲ့သည်။ ယခုအချိန်ထိ အကျဉ်းထောင်ထဲတွင် သံဃာ အပါး ၂၀၀ ၀န်းကျင် ကျန်ရှိနေသေးသည်ဟု နိုင်ငံရေး အကျဉ်းသား ကူညီပေးသူများက ပြောသည်။

စံပြုလောက်တဲ့အိမ်ထောင်ရေးဖြစ်ဖို့အတွက် အဓိကအချက် (၅) ချက်

ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . ..
Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့။
သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့
သူပြောတာက . ..
1- loving each other
2- mature brain
3- proper income
4- good health and
5- acceptable both sides

1.loving each other
ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန်
လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့
အိမ်ထောင်ရေးမျိုးကို ရမှာပါ။
2.mature brain
ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ တစ်ယောက်နဲ့
တစ်ယောက်နားလည်မှု ကူညီမှုတွေ ပေးနိုင်မှာပါ။ စိတ်ဓာတ်မရင့်ကျက်တဲ့သူ
တစ်ယောက်ဟာ ဘာကိုမဆို အလေးအနက်မတွေးတတ် ၊ ပြသနာတွေကိုလည်း မှန်ကန်တဲ့
နည်းလမ်းနဲ့ မဖြေရှင်းတတ်တဲ့ အပြင် အရာရာမှာလိုက်ပြီး သ၀န်တို
စွပ်စွဲချက်တွေနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေမှာမို့ ကိုယ့်ဘ၀အတွက်
လက်တွဲဖော်မရဘဲ trouble maker သာ ဖြစ်နေမှာ သေချာပါတယ်။ ဒါကြောင့်
လက်တွဲဖော်ရှာတော့မယ်ဆိုရင် သူဟာ စိတ်ဓာတ်ရင့်ကျက်တဲ့သူ ဟုတ်ရဲ့လား ဆိုတာ
အလေးအနက်ထား
အချိန်ယူ စဉ်းစားသင့်ပါတယ်။ ချစ်သူဘ၀မှာတော့ သ၀န်တိုတာလေးကပဲ ချစ်စရာ၊
အိမ်ထောင်လည်းကျရော သဘောထားသေးသိမ်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်
အလိုလိုရောက်သွားတတ်တာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မညာမိစေဖို့
သတိထားရင်း အမှန်အတိုင်း ချစ်သူကို လေ့လာကြည့်ဖို့ လိုပါလိမ့်မယ်။

3. proper income
သင့်တင့်လျောက်တတ်တဲ့ဝင်ငွေ မရှိဘဲနဲ့ အိမ်ထောင်ပြုဖို့
မစဉ်းစားသင့်ပါဘူး။ တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ၊ ထမင်းရည်ပဲ
လျက်ရလျက်ရ ဆိုတာတွေက တကယ်တော့ လက်တွေ့ကျကျ ဘ၀ကို
စဉ်းစားဆုံးဖြတ်မယ့်သူတွေ အတွက်တော့ ရယ်စရာ ဟာသ တစ်ခုပါဘဲ။
သိုးဆောင်းစကားပုံ တစ်ခုအရ ဆိုရင်တော့ မီးဖိုချောင်မှာ ပေါင်မုန့်
မရှိတဲ့အခါ အချစ်ဟာ ပြတင်းပေါက်က ထွက်ပြေးမှာပါ။
ဒါကြောင့် ကိုယ့်အဆင့်အတန်း ၊ ကိုယ့်အခြေအနေ နဲ့ လိုက်ဖက်တဲ့ ၀င်ငွေမျိုး
ချစ်သူက ရှာပေးနိုင်ရဲ့လားဆိုတာလည်း စဉ်းစားစရာပါပဲ။

4. good health
ပိုက်ဆံလည်းချမ်းသာပါရဲ့ ပညာတွေလည်းတတ်ပါရဲ့ သိပ်လည်းချစ်ကြပါရဲ့ ။
ဒါပေမယ့် ချစ်သူက ရှူနာရှိုက်ကုန်းလေးဆို ဘယ်ဖြစ်မလဲ။ ဒါကြောင့်
ရောဂါသည်လေးမရွေးမိအောင်လည်း သတိထားရမှာပေါ့၊

5. acceptable both sides
လူကြီးမိဘတွေက အမြဲတမ်းမှန်နေတာ မဟုတ်ပေမယ့် ကိုယ့်ထက် ပိုပြီး
အတွေ့အကြုံ ရ့င့်ကျက်တာတော့ ငြင်းလို့မရပါဘူး။ တကယ်လို့ လူကြီးတွေက
လက်မခံနိုင်ဘူး ဆိုရင် ဇွတ်ရှေ့မတိုးဘဲ ဘာကြောင့် သဘောမတူနိုင်သလဲဆိုတာ
ခေါင်းအေးအေးနဲ့ စဉ်းစားဖို့လိုပါလိမ့်မယ်။ နှစ်ဖက်မိဘ
သဘောကျတယ်ဆိုရင်တော့ OK ပေါ့။

No one is perfect တဲ့ ။ ideal marriage ရဖို့အတွက် အထက်က
အချက်အားလုံးနဲ့ ကိုက်ညီရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့်
အားလုံးပြည့်စုံဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ နည်းနည်း အလျော့အတင်းလေး
ရှိရမှာပေါ့နော်။
ဒါဖြင့် တို့တွေ ငယ်ငယ်က စာမေးပွဲဖြေသလိုမျိုး အမှတ်ပေး ကြည့်ရအောင်
အမှတ်ပြည့်က တစ်ရာ ဆိုရင် အချက်ငါးချက်ဆိုတော့ တစ်ခုကို နှစ်ဆယ်မှတ်စီပေါ့
တစ်ခုဆို 20 (အမှတ် တစ်ရာမှာ 20 ဆိုရင် စာမေးပွဲကျပြီပေါ့)
နှစ်ခုဆို 40 (အင်း . . . အောင်မှတ်ရယုံလေးဆိုတော့ သိပ်မကောင်းသေးဘူးနော်)
သုံးခုဆို 60 ( သိပ်တော့မဆိုးဘူးနော် .. ငယ်ငယ်က ဆရာတွေ ပြောသလို
ဆိုရင်တော့ ဆက်လက်ကြိုးစားပါပေါ့)
လေးခုဆို 80 (ဂုဏ်ထူးထွက်နေပြီ ဆိုတော့ သင့်တော်တဲ့သူလို့ပြောလို့ရတာပေါ့)
ငါးခုလုံး ဆိုရင်တော့ အမေ့ကိုသာ တစ်ခါတည်းပြောလိုက်ပေတော့

ကဲ . .. အားလုံးပဲ ကိုယ့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကို
ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး လုပ်ငန်းများ အတန်သင့် ခရီးရောက်လျှက်ရှိ



Monday, 21 November 2011


ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီးဌာနတို့ ပူးပေါင်းဦးဆောင်ကာ မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရန် ဆောင်ရွက်မှုများ စတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိ၌ အဖွဲ့ဝင် ၅ ဦးပါသော ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် အဖွဲ့ဝင် ၇ ဦးပါရှိသော လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့၏ ပထမဆုံး
ခြေလှမ်းအဖြစ် ထိုင်းနိုင်ငံမှ Thaicom ကုမ္ပဏီနှင့် ဂြိုဟ်တုလွှတ်တင်ရေး နည်းပညာဆိုင်ရာ နားလည်မှု စာချွန်လွှာကို နေပြည်တော်၌ လက်မှတ်ရေးထိုး အောင်မြင်ခဲ့ပြီးကြောင်း သိရသည်။

မြန်မာပြည်တွင်း၌ လက်ရှိ MRTV, MRTV-3, MRTV-4, MWD, MITV စသည့် အစိုးရပိုင် ရုပ်သံလိုင်း ၅ ခုနှင့် အခပေး ရုပ်သံလိုင်း Sky Net တို့ ရှိကြပြီး အဆိုပါ ရုပ်သံလိုင်းများ အတွက် ဆက်သွယ်ရေးဂြိုဟ်တု ငှားရမ်း အသုံးပြု နေရသဖြင့် နှစ်စဉ် နိုင်ငံခြားဝင်ငွေ ယိုဖိတ်မှု ရှိနေသောကြောင့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကြားသိရသည်။
@ MDSNG

ကမ္ဘာ့စံချိန်တင် ဆေးပြင်းလိပ် In Cuba

ပြီးခဲ့တဲ့အင်္ဂါနေ့ကကျူးဘား နိုင်ငံသားအသက်(၆၇)နှစ် အရွယ်ဆေးပြင်းလိပ်သမား “ဂျိုးဆေး ကက်(စ်)တလာ”ဟာ အရှည်(၈၁.၈)မီတာ၊ အချင်း(၄)စင်တီမီတာရှိတဲ့ ဆေးပြင်း လိပ်ကြီးကို အပြီးသတ်ပြုလုပ်ပြီး ဂင်းနစ် စံချိန်သစ်တင်လိုက် နိုင်ပါတယ်။ အဆိုပါ ဆေးပြင်း လိပ်ကြီးကို မေလ(၃)ရက်နေ့ကနေ (၇)ရက်နေ့အထိကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာ ခရီးသွား လုပ်ငန်းပြပွဲ “အက်ဖ် အိုင်တီ ကျူးဘားတူးသောင်ဆင်အယ်လဲဗင်း”မှာ
ပြသထားပါတယ်။  “ကက်(စ်)တလာ”က သူဟာ မီတာ(၁၀၀)ရှည်လျားတဲ့ နောက်ထပ်
ဆေးပြင်းလိပ်တစ်လိပ်ကိုလည်း ပြုလုပ်နေကြောင်း၊ ကျူးဘားနိုင်ငံဟာ အကောင်းဆုံး ဆေးရွက်ကြီးများ ထွက်ရှိရာနေရာဖြစ်တဲ့ အတွက် အရှည်လျားဆုံး ဆေးပြင်းလိပ်ကိုလည်း ဒီဒေသမှာ ပြုလုပ်နိုင်ရမှာ
ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။ ယခုတစ်ကြိမ် စံချိန်သစ်တင်တဲ့ ဆေးပြင်းလိပ်ကို ပြုလုပ်ခဲ့တဲ့ “ကက်(စ်)တလာ” ဟာ (၂၀၀၉) ခုနှစ် ကလည်း မီတာ(၆၀)ရှည်လျားတဲ့ ဆေးပြင်းလိပ်ပိုင်ရှင်အဖြစ် စံချိန်တင်ခဲ့ သူဖြစ်ပါတယ်။ ဆေးပြင်းလိပ်နဲ့ သက်ဆိုင်တဲ့ သမိုင်းကြောင်း တလျှောက် မှာ “ကက်(စ်)တလာ”ဟာ (၂၀၀၁)ခုနှစ်မှာ (၁၁.၀၄) မီတာရှည်တဲ့ ဆေးပြင်းလိပ်ပြုလုပ်ပြီး ပထမဆုံး စံချိန်တင်လာခဲ့သလို (၂၀၀၃)၊(၂၀၀၅)နဲ့ (၂၀၀၈)ခုနှစ်တို့မှာလည်း ဂင်းနစ်စံချိန်ချိုးခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက်(၁၄)နှစ် အရွယ်ကတည်းက စတင်ပြီး ဆေးပြင်းလိပ်လိပ်လာခဲ့သူဖြစ်ပြီး ဒါကို အနုပညာတစ်ရပ် အဖြစ် လေ့လာလိုက်စားလိုသူဖြစ်ကြောင်း သိရပါတယ်။

ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး ice-cream ကိတ်မုန့်

ကနေဒါနိုင်ငံမှ Dairy Queen ကုမ္ပဏီဟာTEorontoမြို့ရဲ့ Yonge and Dundas ရင်ပြင်မှာ ကမ္ဘာ့အကြီးဆုံး ice-creamကိတ်မုန့် ပြုလုပ်ပြီး ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ပါတယ်။ Dairy Queenကုမ္ပဏီဟာ နှစ်ပေါင်း(၃၀)အတွင်းမှာ ice-cream ကိတ်စုစုပေါင်း (၅၂)သန်းရောင်းချပြီးတဲ့နောက် အခုလို
ကမ္ဘာ့အကြီးဆုံး ice-cream ကိတ်ပြုလုပ်ဖို့အတွက် လူပေါင်း(၁၀၀)နဲ့
 အချိန်တစ်နှစ်ကျော်ကြာအောင် စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကိတ်မုန့်ကြီး ကို ရေခဲမုန့် (၉၀၀၀)(ကိုးထောင်)ကီလိုဂရမ် ကိတ်မုန့်(၉၁)ကီလိုဂရမ်၊ ကြက်ဥအကာ (၁၃၆)ကီလိုဂရမ်တို့နဲ့ စားဖိုမှူးတွေဟာနေ့ရောညပါ ပြုလုပ်ခဲ့တာဖြစ်ပြီး(၂၀၀၆)ခုနှစ်က တရုတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ ကီလိုဂရမ်
(ရှစ်ထောင်)နီးပါးရှိတဲ့ ကမ္ဘာ့စံချိန်တင် ice-creamကိတ်မုန့်ရဲ့ စံချိန်ကို ချိုးနိုင်ခဲ့ပါတယ်။ အခုလို ကိတ်မုန့်ကြီးကို Yonge and Dundas ရင်ပြင်မှာ စုဝေးနေတဲ့ လူအများကို ခွဲဝေရောင်းချကာ ရရှိတဲ့ငွေအားလုံးကို ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး အစီအစဉ်တွေ အတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းတွင် ဓာတ်ငွေ့ ဂက်စ် ဈေးနှုန်း ၂ဆနီးပါး ထပ်တက်လာ


Submitted by on Tuesday, 22 November 2011--
ရန်ကုန်တိုင်းတွင် ဓာတ်ငွေ့ ဂက်စ် ဈေးနှုန်း ၂ဆနီးပါး ထပ်တက်လာ
နိုဝင်ဘာလ ၂၂ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်တိုင်းအတွင်းအငှားကားများနှင့်မီးဖိုချောင်တွင် အသုံးပြုနေသည့်ဓာတ်ငွေ့(Gas) ဈေးမှာနိုဝင်ဘာလ လယ်မှစ၍နှစ်ဆနီးပါးခန့် မြင့်တက်သွားသဖြင့် ဓာတ်ငွေ့ရောင်းဝယ်သူများနှင့် အငှားကားမောင်းသူများ အခက်တွေ့လျက်ရှိသည်ဟု သိရသည်။
ဒဂုံမြို့သစ် ဓာတ်ငွေ့အရောင်းဆိုင်မှ ဆိုင်ရှင်တစ်ဦးက “ဈေးတက်တာက ၁၆ရက်နေ့ကပါ။ ဂက်စ်ဈေးက အရင်ကဆို ၅,၇၆၄ ကျပ်လေ။ အခုတော့ ၁၅,၀၀၀ကို တက်သွားတာ။ ”ဟု ကေအိုင်စီသို့ ပြောသည်။
ယင်းသို့ ဓာတ်ငွေ့ဂက်စ်ဈေးနှုန်း မြင့်တက်သည်ကို သတင်းစာ၊ ရုပ်မြင်သံကြားများတွင် အများသိစေရန် ကြိုတင် အသိပေး ထားခြင်း မရှိဘဲ ဈေးမတက်ခင် သုံးရက်အလိုတွင်သာ ဓာတ်ငွေ့အရောင်းဆိုင်ကြီးများရှေ့၌ ဆိုင်းပုဒ်ကပ်ထားခြင်းဖြစ်၍ ဈေး တက်သည့်နေ့မှသာ လာရောက်ဝယ်ယူကြသူများအဖို့ အခက်အခဲဖြစ်ကြရသည်ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ဈေးမတက်ခင် သုံးရက်အလိုကတော့ ဆိုင်ရှေ့မှာ ဆိုင်းပုဒ်ကပ်ထားတာတယ်။ တချို့က ဈေးတက်တာမသိလို့ ထုတ်တဲ့နေ့ မှာ လာဝယ်တော့မှ ငွေကို ဟိုချေးဒီချေးနဲ့ ဒုက္ခရောက်ကြတယ်။ ဘာစာမှလည်း မထုတ်ဘူး။ ဈေးတက်တာမေးလည်း မသိဘူး ဘဲ ပြောတယ်။”ဟု ဆိုသည်။
အစိုးရပိုင် ဓာတ်ငွေ့အရောင်းဆိုင်များတွင် ဈေးနှုန်းနှစ်ဆ မြင့်တက်သွားသော်လည်း ပုဂ္ဂလိက ဓာတ်ငွေ့ဆိုင်များတွင်မူ ယနေ့ အထိ ယခင် ဈေးနှုန်းများအတိုင်းသာ ရောင်းချပေးနေဆဲဖြစ်သည်ဟု သိရသည်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ငွေ့တစ်အိုးလျှင် ၂,၂၅၀ကျပ်နှုန်းဖြင့် ပေးဝယ်နေရပြီး အပြင်ဈေးနှုန်းမှာ ၂,၄၀၀ကျပ် ဖြစ်သည်။
ရန်ကုန်မြို့ခံ အများစုက ၀ယ်ယူအသုံးပြုနေကြသည့် ဓာတ်ငွေ့များမှ စင်္ကာပူနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံမှ တင် သွင်းလာသော ဓာတ်ငွေ့ဗူးများမှာမူ ဈေးနှုန်းမြင့်တက်ခြင်း မရှိပေ။
ယခုလို ဓာတ်ငွေ့ဈေးနှုန်း နှစ်ဆတက်လာသည့်အပေါ် အလုံမြို့နယ်ရှိ အစိုးရပိုင်ဓာတ်ငွေ့အရောင်းဆိုင်သို့ ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ ဆိုင်မန်နေဂျာက နေပြည်တော်မှ ဈေးတက်ခိုင်းသဖြင့် တက်ရခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ သည်။
ဓာတ်ငွေ့ဂက်စ် အသုံးပြုသည့် ရန်ကုန်မြို့ခံတစ်ဦးက “အခုထိတော့ အပြင်ဆိုင်တွေမှာ ဈေးက အရင်အတိုင်းပဲ ၀ယ်သုံးနေရ သေးတယ်။ နောက်ပိုင်းတော့ မသိဘူး။ ဓာတ်ငွေ့ထုတ်ဈေး တက်တယ်ကြားကတည်းက ဘယ်တော့ ရောင်းဈေးတက်မလဲ စိုးရိမ်နေရတာလေ။ ကားခတွေကလည်း လောလောဆယ် ပုံမှန်ပါပဲ”ဟု ပြောသည်။
ရန်ကုန်မြို့ပေါ်တွင် ၂၀၀၀ခုနှစ်မတိုင်ခင်ကတည်းက ဓာတ်ငွေ့များကို အနည်းငယ် အသုံးပြုခဲ့ကြသော်လည်း ကားများတွင် ဓာတ်ငွေ့များ ထည့်သွင်းမောင်းနှင်မှု များလာသည့် ၂၀၀၄ခုနှစ်မှစ၍ အိမ်တိုင်းလိုလိုပင် ဓာတ်ငွေ့သုံးစွဲမှု များလာခြင်းဖြစ် သည်။
စွမ်းအင်ဝန်ကြီးဌာနက တိုက်ရိုက် ထုတ်ယူရောင်းချခွင့်ပေးထားသည့် အစိုးရပိုင် ဓာတ်ငွေ့(ဂက်စ်)အရောင်းဆိုင်များမှာ ရန်ကုန်တိုင်းအတွင်း အလုံ၊ ဒဂုံ၊ အင်းစိန်နှင့် သံလျင်မြို့နယ်များ၌ ရှိသည်။
သို့သော် ပြည်နယ်ဒေသရှိ မြို့နယ်များ၌မူ နီးစပ်ရာ အိမ်နီးချင်း ထိုင်းနိုင်ငံများမှ ဓာတ်ငွေ့ဂက်စ်အိုးများကိုသာ ၀ယ်ယူအသုံးပြု နေကြခြင်း ဖြစ်သည်။

“တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်တာမျိုး ဖြစ်သင့်တယ်”

ပေါ်တူဂီတွင်မွေးဖွားခဲ့သူ ဗိုလ်မှူးချုပ် စောဆာဂေးသည် ကရင် အမျိုးသား အစည်းအရုံး (KNU) တွင် ၁၉၈၉ ခုနှစ်မှစပြီး တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် KNU ဗဟိုကော်မတီဝင်၊ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ အထူးစစ်ဗျူဟာဌာနမှူး စသည့် တာဝန်များ ထမ်းဆောင်လျက်ရှိသည်။



စောဆာဂေးသည် ၁၉၉၅ နှစ်တွင် စပိန်နှင့် ပေါ်တူဂီနိုင်ငံဆိုင်ရာ KNU ကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့ပြီး ၁၉၉၇ မှ စ၍ ဥရောပနိုင်ငံများဆိုင်ရာ ကိုယ်စားလှယ် ဖြစ်လာသည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူရေး၊ မြန်မာနိုင်ငံ တိုင်းရင်းသားများအရေးတို့ကို KNU၏ မူဝါဒများအတိုင်း နိုင်ငံတကာတွင် လှုံ့ဆော်ခဲ့သူဖြစ်သည်။

အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDF)၊ တိုင်းရင်းသား လူမျိုးစုများကောင်စီ (ENC) တို့တွင်လည်း တာဝန်ယူထားသည်။

အစိုးရနှင့် KNU တို့၏ လတ်တလော ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် စောရန်နိုင်က ဗိုလ်မှူးချုပ် စောဆာဂေးကို မကြာသေးမီက ဆက်သွယ် မေးမြန်းထားသည်။

မေး။ ။ အခုလ အစောပိုင်းက KNU က ဗဟိုကော်မတီ အစည်းအဝေးအပြီးမှာ ငြိမ်းချမ်းရေး ကော်မတီကို အရေးပေါ် ဖွဲ့စည်းခဲ့တာ ဘာကြောင့်လဲ။

ဖြေ။ ။ မကြာသေးခင်က ကျနော်တို့ နဲ့ အစိုးရဘက်က ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ တွေ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျတဲ့ နိုင်ငံရေး လုပ်ငန်းတွေကို ဖော်ဆောင်ရာမှာ အသေအချာ ကွပ်ကဲဖို့ အပြင် ဆွေးနွေးပွဲရဲ့ တိုးတက်မှု ရလဒ်ကို မူတည်ပြီး အဲဒီ ကော်မတီကပဲ ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ အရင် ဆွေးနွေးပွဲတွေတုန်းက နားလည်မှုလွဲတာတွေ၊ ဦးဆောင်ကွပ်ကဲမှု အားနည်းတာတွေ ရှိပါတယ်။ ကျနော်တို့ရဲ့ မူဝါဒတွေ၊ ဆွေးနွေးပွဲနဲ့ ပတ်သက်တာတွေကို နားမလည်ဘဲနဲ့ အမျိုးမျိုး ပြောခဲ့တာမျိုးလည်း ရှိပါတယ်။ အဲဒါတွေကို ပြန်ပြီး ထိန်းကျောင်းဖို့ အတွက်လည်း ရည်ရွယ်ပါတယ်။

မေး။ ။ အဲဒီ ကော်မတီမှာ ဘယ်သူတွေ ပါသလဲ။

ဖြေ။ ။ ကော်မတီအဖွဲ့ဝင် ၇ ဦး ပါဝင်ပြီးတော့ KNU ရဲ့ ဒု ဥက္ကဋ္ဌ စောဒေးဗစ် သာကပေါက ဦးဆောင်မှာဖြစ်ပါတယ်၊ အဲဒါက ဦးဆောင်ကွပ်ကဲမယ့် အဖွဲ့ ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖွဲ့ မဟုတ်ပါဘူး။ အဲဒီအဖွဲ့ကပဲ လိုအပ်တဲ့ မူဝါဒတွေကို ချမှတ်ပေးသွားမှာဖြစ်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးဆွေးနွေးမှုအတွက် အစိုးရဘက်က အရင်ကလည်း အခုလို ကမ်းလှမ်းတာမျိုး ရှိပါတယ်။ ဒီတကြိမ် ကမ်းလှမ်းတာကရော ဘယ်လောက်ထိ လေးနက်မှု ရှိလဲ။

ဖြေ။ ။ အရင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက်က သုံးခဲ့တဲ့ နည်းတွေလိုပဲ တိုင်းရင်းသားအဖွဲ့တွေကို သွေးခွဲ သပ်လျှိုနေတုန်းလို့ ကျနော်တို့ မြင်ထားပါတယ်။ ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတယ်၊ ပြည်ထောင်စုနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အကျိုးမပြုဘူး၊ သူတို့ရဲ့ အာဏာ ဆက်လက် တည်တံ့ဖို့အတွက်ပဲလို့ မြင်ထားပါတယ်။

မေး။ ။ KNU ဘက်က ဘယ်ကိစ္စတွေကို အဓိကထား ဆွေးနွေးမှာလဲ၊ ဆွေးနွေးမှုကနေ ဘာတွေကို မျှော်လင့်ထားလဲ။

ဖြေ။ ။ နိုင်ငံတနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဆိုတာ အဓိပ္ပာယ်ရှိပြီး အရေးပါတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ အထူးသဖြင့် တိုင်းရင်းသားတွေပါဝင်တဲ့ ဆွေးနွေးမှုတွေကပဲ ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ ကျနော်တို့ရဲ့ လက်ရှိအနေအထားကတော့ ရှင်းပါတယ်၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ရပ်တာမျိုး ဖြစ်သင့်တယ်၊ တိုင်းရင်းသားအဖွဲ့ အားလုံးက ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေပဲ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ပြုလုပ်သွားသင့်တယ်လို့ပဲ ကျနော်တို့ ယုံကြည်ထားပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး ခံယူချက်ကတော့ အရင်တုန်းကလိုပါပဲ၊ ဖက်ဒရယ်စနစ်၊ တရားမျှတမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အဲဒါတွေကိုပဲ ဆက်လက် တောင်းဆိုသွားမှာပါ။ စောဘဦးကြီးရဲ့ လမ်းညွှန်မှုအတိုင်းပဲ ကျနော်တို့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်မဟာ ၅ က မကြာသေးခင်ကပဲ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို သဘောတူလိုက်တယ် ဆိုတော့ KNU နဲ့ DKBA ရဲ့ လက်ရှိ ဆက်ဆံရေးကရော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျနော်တို့ အမြဲတမ်း ပြောနေတာ ရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ဟာ သူတို့ရဲ့ ရန်သူမဟုတ်ပါဘူး၊ ကျနော်တို့လည်း သူတို့နဲ့ မတိုက်ချင်ပါဘူး။ ကျနော်တို့ အချိန်မရွေး သူတို့နဲ့ စကားပြောနိုင်ပါတယ်။

ဒုတိယတချက်ကတော့ DKBA ဟာ သူတို့အဖွဲ့ တည်တံ့ဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေကလွဲလို့ နိုင်ငံရေးမောင်းနှင်မှုအား ကြီးမားတဲ့ အဖွဲ့အစည်းတခု မဟုတ်ပါဘူး။ အဲဒါကြောင့် သူတို့တွေ ထိန်းချုပ်တဲ့ နယ်မြေအပေါ် မူတည်ပြီးတော့ သူတို့ရဲ့ နိုင်ငံရေး ခံယူချက်တွေက ကွဲပြားကြပါတယ်။ မကြာသေးခင်က အပစ်ရပ် လက်မှတ်ထိုးလိုက်တဲ့ ဗိုလ်မှူးချုပ် စောလားပွယ်ရဲ့ တပ်မဟာ ၅ ကတော့ နိုင်ငံရေးအရ လက်မှတ်ထိုးတာ မဟုတ်ဘဲနဲ့ ဗျူဟာပိုင်းအရ လိုအပ်ချက်တွေကြောင့်မို့လို့ လက်မှတ် ထိုးလိုက်တာဖြစ်ပါတယ်။ သူ့အနေနဲ့ အစိုးရရဲ့ နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်မခံဘဲနဲ့ ပြန်ပြီး တိုက်ခိုက်ခဲ့တာတွေကို မမေ့သင့်ပါဘူး။ ကျနော်တို့ရဲ့ ဆက်ဆံရေးဟာလည်း တခါတလေမှာ တည်နေရာတွေကို မူတည်ပြီး ဆုံးဖြတ်ရတာမျိုး ရှိသလို တခါတလေမှာ ပုဂ္ဂိုလ်ချင်း ရင်းနှီးမှုမျိုးတွေကို မူတည်ပြီး ဆုံးဖြတ်ရတာမျိုးတောင်မှ ရှိပါတယ်။ ဒါပေမယ့် အဲဒါကလည်း အမြဲတမ်း တသမတ်တည်း သွားမယ် လို့တော့ မဆိုလိုပါဘူး။

မေး။ ။ KNU ဟာ မြန်မာအစိုးရကို နှစ်ပေါင်း ၆၀ လောက် ပြန်ပြီး တိုက်ခိုက်ခဲ့တယ်။ KNU က အစိုးရဆီက ဘာကို လိုချင်တာလဲ။ ခွဲထွက်ရေးလား၊ ဖက်ဒရယ် ပြည်ထောင်စုလား။

ဖြေ။ ။ ကျနော်တို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် လိုအပ်တယ် ဆိုတာကို သေချာ ရှင်းလင်းခဲ့ပြီးပါပြီ။ နောက်တခုက တန်းတူ အခွင့်အရေးတွေ ရှိတဲ့ တိုင်းရင်းသားတွေက ဖက်ဒရယ် ပြည်ထောင်စုကို ဝိုင်းပြီး တည်ဆောက်ကြဖို့ပါ။ အဲဒါကတော့ တိုင်းရင်းသားတွေ အားလုံး ပါဝင်ပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေက တဆင့်ပဲ အကောင်အထည်ဖော်လို့ ရမှာပါ။ ကျနော်တို့ ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာကတော့ ၁၉၄၇ အခြေခံဥပဒေအရ ပြည်နယ် ပြည်မ ခွဲခြားသလိုပုံစံ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

22 November 2011

By မစုမြတ်မွန်

မြန်မာအစိုးရကို နှစ်ပေါင်းများစွာထဲက လက်နက်ကိုင်တော်လှန်နေကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တွေထဲက အဖွဲ့ ၅ ဖွဲ့နဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မှာ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။ ထာဝရငြိမ်းချမ်းရေးအတွက် အစိုးရကကမ်းလှမ်းတဲ့ အဆင့် ၃ ဆင့်မှာ ပထမအဆင့်က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ဖြစ်ပြီး ဒီသဘောတူညီချက်ရနိုင်ဖို့ ပြည်နယ်အဆင့် ဆွေးနွေးမှုတွေကို ပထမဆုံးလုပ်ရမှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးကျော်ရင်လှိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ ဒီတော့ ပြည်နယ်အဆင့် ဆွေးနွေးမှုက ဘယ်လိုလဲ၊ ဘယ်အဖွဲ့တွေက ဘာတွေသဘောတူခဲ့သလဲ ဆိုတာကို ဘန်ကောက်ရုံး ရောက်နေတဲ့ မစုမြတ်မွန်က အပြည့်အစုံ အစီရင်ခံထားပါတယ်။


မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာက ပိုပြီးဖိအားပေး ပြောလာချိန်မှာ သမ္မတဦးသိန်းစိန်က မီးရထားဝန်ကြီး ဦးအောင်မင်းကို လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကိုယ်စားလှယ်လွှတ်လိုက်တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-South) နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ ဝန်ကြီးဦးအောင်မင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲမှာ သီးခြားစီတွေ့ဆုံစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံကြစဉ်မှာ အချက် ၂ ချက်ကို အဓိကထား ပြောခဲ့တယ်ဆိုတာကို ဆွေးနွေးပွဲတွေမှာပါဝင်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးကျော်ရင်လှိုင်က ခုလို ဗွီအိုအေကို ရှင်းပြပါတယ်။

“ဦးအောင်မင်းအနေနဲ့ လာတာက အဓိက အကြောင်းအချက် နှစ်ခုပေါ့လေ။ ပထမကတော့ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုလုပ်ဖို့အတွက် ဖိတ်ခေါ်ထားတယ်။ ဒါကြောင့်မိုလို့ ဦးအောင်မင်းကိုယ်တိုင် သမ္မတကြီးရဲ့ ကိုယ်စားလှယ်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးစားပွဲကို လာဖို့အတွက် ဖိတ်စာကို ပါးစပ်နဲ့ ကိုယ်တိုင် သမ္မတကြီးကိုယ်စား လာပေး ပေးတယ်ပေါ့၊ ဒါကတစ်ချက်။ နောက်တစ်ချက်က ဘယ်နေရာမှာ ဘယ်လိုတွေ့ကြမလဲ ဆိုတာ။ အဲဒီနှစ်ချက်ကိုပဲ အဓိကထားပြီးပြောပါတယ်။”

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ထာဝရငြိမ်းချမ်းရေးအတွက် သမ္မတဘက်က အဆင့် ၃ ဆင့်ကို ကမ်းလှမ်းခဲ့ပါတယ်။ ပထမအဆင့်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရယူဖို့၊ ဒုတိယ အဆင့်က သက်ဆိုင်ရာ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးသွားမယ်၊ တတိယအဆင့်ကတော့ ပြည်လုံးကျွတ်ပါဝင်တဲ့ ပင်လုံဆန်ဆန် ညီလာခံတစ်ခု နေပြည်တော်မှာ ကျင်းပသွားဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အဲဒီထဲကမှ ပထမဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူနိုင်ဖို့မှာလည်း အချက် ၄ ချက်ကို သတ်မှတ်ထားပါတယ်။ နံပါတ်တစ်က ပြည်နယ်အဆင့် ဆွေးနွေးမှုတွေလုပ်ဖို့၊ နံပါတ်နှစ်အချက်ကတော့ နှစ်ဘက် ဆက်သွယ်ရေးရုံးတွေ ဖွင့်လှစ်ဖို့၊ နံပါတ်သုံးက ဗဟိုအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ကြဖို့နဲ့ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ထိုးပြီးသွားတာနဲ့ တိုင်းရင်းသား အဖွဲ့တွေကို လက်နက်မကိုင်ဘဲ လွတ်လပ်စွာသွားလာခွင့် ပြုရေးတွေအတွက်ကို သမ္မတကိုယ်စားလှယ်က ရှင်းပြပြီး ဆွေးနွေးခဲ့ကြတာပါ။ SSA တောင်ပိုင်း၊ RCSS ရှမ်းအဖွဲ့နဲ့ CNF ချင်းအမျိုးသားတပ်ဦးတို့ကတော့ ပြည်နယ်အဆင့်ဆွေးနွေးမှုတွေကို လုပ်သွားဖို့ သဘောတူခဲ့ကြပါတယ်တဲ့။

“အဓိက က ဘာလဲဆိုတော့ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီးတော့ ၀န်ကြီး ဦးအောင်မင်း ရှင်းပြတာက ပထမ ပြည်နယ်အဆင့် စည်းဝေးပွဲကိုလာခဲ့ပါ။ အစည်းအဝေးပွဲစတာနဲ့ အပစ်အခတ်ရပ်စဲပြီ။ ဒါအတွက် သက်သက်ကို သဘောတူညီချက်တွေ ဘာတွေ လက်မှတ်ထိုးဖို့ကို မဟုတ်ဘူး။ အစည်းအဝေး စလိုက်တာနဲ့ အပစ်အခတ် ရပ်စဲပြီလို့ နှစ်ဦးနှစ်ဘက် ယူဆလိုက်ကြမယ်။ ပြီးတော့ တကယ်လည်း အပစ်အခတ် ရပ်စဲလုပ်ဆောင်ကြမယ်ပေါ့။ အဲဒီလိုပါ။ အခုဟာကတော့ သဘောတူညီချက် ရတယ်ဆိုတာက ဘာလဲဆိုတော့ အဲဒီပထမအဆင့် အစည်းအဝေးကို လာဖို့အတွက်က ကျနော်တို့ ရှမ်းအဖွဲ့နဲ့ ချင်းအဖွဲ့ကတော့ နေ့ကော ရက်ကော သတ်မှတ်ဖို့အတွက် တော်တော်သဘောတူထားပြီ။

"ကျနော်တို့ KNU အဖွဲ့အနေနဲ့ကတော့ သူတို့ဗဟိုကော်မတီကို ဆက်လက်ပြီးတော့ တင်ပြမယ်။ ရှေ့ဆက်ပြီးတော့ ဒီဆွေးနွေးပွဲကို လာဖြစ်နိုင်အောင် ငြိမ်းချမ်းရေးတွေ ဆက်ပြီးဆွေးနွေးနိုင်အောင်လို့ သူတို့ဦးတည်ပြီးတော့ ဆက်လုပ်မယ်ဆိုတဲ့ ကတိစကားနဲ့ပဲ သူတို့ လောလောဆယ် ပြန်ထားပါတယ်။ ကယန်းအဖွဲ့ကကျတော့လည်း ဒီအစည်းအဝေးနဲ့ပတ်သက်လို့တော့ သူတို့ နောက်ကျမှသိတဲ့အတွက် အသေအချာ မလုပ်ခဲ့ရသေးတဲ့အတွက် သူတို့ သိချင်တာတွေကိုလုပ်ဖို့နဲ့ ပထမဆုံးအစည်းအဝေးကို လာတယ် စကားပြောတယ်ဆိုတာလည်း ဖြစ်အောင်တော့ လာပါတယ်။ ပြီးတော့ သူတို့က သူတို့ရဲ့ ဗဟိုကော်မတီကို ပြန်တင်ပြမယ်၊ နောက်တခါ အစည်းအဝေးလည်း ထပ်လုပ်ချင်ပါတယ်လို့ ပြောသွားတယ်။ KIO နဲ့ပတ်သက်လို့ကတော့ ကျနော်တို့က တခြား အဖွဲ့တွေ၊ အစိုးရရဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကလည်း လုပ်ကိုင်နေတာရှိတဲ့အတွက် ကျနော်တို့က ဒီနေရာမှာတော့ သိပ်ပြီးတော့ ထဲထဲဝင်ဝင် လုပ်ထားတာ မရှိသေးပါဘူး။”

သမ္မတကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) အတွင်းရေးမှူး ဒေါက်တာ လဂျာရဲ့ တုံ့ပြန်ချက်ကတော့ -

“လက်ဆုပ်လက်ကိုင်ရယ်လို့ မရှိသေးဘူးလေ။ စ တွေ့တယ်ဆိုတာကတော့ စပြီး မိတ်ဆက်တဲ့ သဘောလောက် သူတို့ဆန္ဒပိုင်းနဲ့ အဲဒါကို နည်းနည်း ပြောပြလိုက်တဲ့သဘောလောက် ရှိတယ်။ အဲဒီလိုဆိုတော့ ထပ်တော့ တွေ့ရမှာပေါ့ တွေ့တာကတော့။ အစိုးရဘက်က တွေ့မယ်ဆိုရင်တော့ ထပ်လုပ်ဖို့ရှိတယ်။”

ပြည်နယ်အဆင့် ဆွေးနွေးမှုတွေကို SSA တောင်ပိုင်းနဲ့ RCSS ရှမ်းအဖွဲ့က ဒီနှစ်မကုန်ခင်မှာနဲ့ CNF ချင်းအဖွဲ့ကတော့ ရှေ့နှစ်ဆန်းပိုင်းမှာလုပ်ကြဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။
http://www.voanews.com/burmese/news/Burma-peace-

ကချင်ဓမ္မဆရာနှင့် လူ ၇ ဦးအား မြန်မာစစ် သားများ ဖမ်းဆီး

Written by KNG

မြန်မာပြည်မြောက်ပိုင်း ပြည်တွင်းစစ်ပြင်းထန်နေချိန် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် အပြစ်မဲ့ ကချင် နှစ်ခြင်းသင်းအုပ်ဆရာတပါးနှင့် ကချင်အမျိုးသား ၇ ဦးအား နိုဝင်ဘာလ ၁၇ ရက်ည၌ မြန်မာအစိုးရတပ်က ဖမ်းဆီးသွားသည်။

ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA)ကို ကူညီပေးနေသည်ဟူသော သံသယဖြင့် အသက် ၆၀ နှစ် သိက္ခာတော်ရ ဆရာဦးမောင်သန်း၊ ခန်းမားကွမ်ဖန်၊ လမော်ဒုတ်၊ လမိုင်အောင်၊ ဇခုန်ယော်တိန့်၊ ဇခုန်ယော်ဆော၊ ဇခုန်လတ်နှင့် အင်ခွမ်လနူး တို့အား နမ့်ခမ်းမြို့ ဟူနားကျေးရွာတွင် ည ၉ နာရီခန့်၌ မြန်မာအစိုးရတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ၎င်းတို့၏ ဆွေမျိုးများ ဆိုသည်။

“လူမျိုးရေးဆန်တယ်။ ဘာလို့လဲဆိုတော့ ရှမ်းအိမ်တွေလည်းဒီလောက်ရှိတဲ့ကြားထဲက ကချင်အိမ်တွေထဲပဲ ၀င်ဖမ်းသွားတဲ့အတွက်မို့လို့အဲဒီညက ဘယ်ရှမ်းအိမ်ထဲမှ ၀င်ဖမ်းမသွားဘူး။ ရှမ်းနဲ့ ကချင်ကို အစိုးရသွေးခွဲချင်ပုံရတယ်။” ဟု ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

ယခုလို ဖမ်းဆီးမှုအား ကျောက်မဲအခြေစိုက် စကခ (၁) အောက် စစ်သားများပြုလုပ်သည်ဟု ဒေသခံများဆိုသည်။

ဖမ်းဆီးထားသော သင်းအုပ်ဆရာအား နောက်တစ်နေ့တွင် ပြန်လွတ်ပေးသော်လည်း ကျန် ၇ ဦးကို ယနေ့အထိ မလွတ်သေးကြောင်း မိသားစုများဆိုသည်။ ထို့အပြင် ၎င်းတို့အား မြန်မာစစ်သားများ ညှဉ်းပန်းနှိပ်စက်ကာ KIA အဖွဲ့ဝင်များအဖြစ် အဓ္ဓမ၀န်ခံစေပြီး ဆက်လက်ရိုက်နက်စစ်ဆေးနေနေသည်ဟု မိသားစုဝင်များ ဆက်ပြောသည်။

အဖမ်းခံရသူများကို တွေ့ဆုံရန် မြန်မာစစ်သားများ တားမြစ်ထားသည့်အတွက်လည်း ၎င်းတို့၏အသက်တွက် မိသားစုနှင့် ဆွေမျိုးသား အထူးစိုးရိမ်နေကြောင်း ကချင်သတင်းဌာနမှ စုံစမ်းသိရသည်။

Mahn Poem "Revolution or Counter-Revolution

Mahn's poem

မြန်မာသမ္မတ ဦးသိန်းစိန် (စက်ရပ်သတင်း)

onday, November 21, 2011


မြင်တော်မူကြတဲ့အတိုင်းပါပဲ၊ အမည်မဖေါ်လိုတဲ့ ဗာရာဏသီ သတင်းဌာနက နေပြည်တော်ကနေ
သတင်းပေးပို့ချက်အရ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန် ဘာလီက အပြန် အထူးကုဆရာဝန်နဲ့အရေး 
ပေါ် တွေ့လိုက်ရတယ်လို့ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ သတင်းစာရှင်းလင်းပွဲမှာ ရယ်(ရီ)ချင်တဲ့စိတ်ကို အတင်းအဓမ္မထိန်းလိုက်ရတဲ့အတွက်
အကြောတွေ အားလုံးကပြောင်းကပြန်ဖြစ်ကုန်လို့ ပါတဲ့ဗျာ။
ပထမအထိန်းရ အခက်ဆုံးဖြစ်သွားရတာက တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးတာနဲ့ဆိုင်တာတွေ
ကို ဖြေရတာ ရယ်ချင်စိတ်ကို ထိန်းလိုက်ရတာမို့ နောက်ပိုင်းမှာ အိနြေ္ဒမဆည်နိုင်ပဲ ရယ်မိသွားပါတယ်တဲ့။


နောက်တခုကတော့ အကျဉ်းသားကိစ္စကို ဖြေရတဲ့အခါမှာ အူကြောင်ကြောင်နိုင်လှတဲ့ မေးခွန်းတွေမို့ ထိန်းထား
တဲ့ကြားက ရယ်လိုက်မိပါတယ်တဲ့။
ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရတဲ့သူတွေဆိုတော့ အဲဒါကို သူလက်မခံနိုင်တာကို ရှင်းပြရတာ အူယားလွန်း
လို့ပါတဲ့။

စဉ်းစားကြည့်ဗျာ ယုံကြည်ချက်ဆိုတော့ အမျိုးမျိုးရှိနေတယ်မဟုတ်လား၊ ဘာကိုယုံတာလဲပေါ့၊ ကမ္ဘာပျက်မယ် ဆို တာကိုယုံတာလား၊ နောက်ဘ၀ကိုယုံတာလား၊ သူဌေးကြီးဖြစ်ရမယ်ဆိုတာကို ယုံတာလား၊ နိုင်ငံရေးယုံကြည်
ချက်လား ရှင်းရှင်းလင်းလင်းမရှိတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေမရှိပါဘူး ဆိုပြီး ရှင်းပြလိုက်ရတယ်

ဆိုတာကို ရောဂါဖြစ်စဉ်မေးတဲ့ ဆရာဝန်ကိုပြောပြကြောင်း ဗာရာဏသီသတင်းထောက်က ပြောပြပါတယ်။


နောက်တခုကတော့ ကြားဖြတ်ရွေးကောက်ပွဲကိစ္စနဲ့ပတ်သက်လို့ အခုလိုပြောပါသေးတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို လုပ်မယ်မလုပ်ဘူးဆိုတာ မသေခြာပါဘူး၊ ဘာကြောင့်လဲဆို ကျုပ်
တို့ရဲ့လက်ရှိ အစိုးရသက်တမ်းဆိုတာ ဘယ်လောက်ကြာမယ် ဘယ်အချိန်အထိခံမလဲဆိုတာ
အသေအခြာမသိနိုင်တဲ့နောက် လွတ်နေတဲ့အမတ်နေရာကို ရွေးဘို့နေနေသာသာ လက်ရှိ အမတ်တွေ
တောင် အလုပ်မရှိလို့ ပြဿနာဖြစ်နေတာ အားလုံးသိပါတယ်၊ ရယ်ရတယ်ဗျာ

ဆိုပြီး ဗာရာဏသီသတင်းထောက်ကိုပြောပြပါတယ်။



မတူတာလေးတွေ ဘေးဖယ်ပြီး တူတာလေးတွေရွေးလုပ်ဘို့သဘောတူတာကတော့ မှန်ပါတယ်
တတိုင်းပြည်လုံးငြိမ်းချမ်းရေး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာတွေက ရည်ရွယ်ချက်ခြင်းတူတယ်
အဲဒါကို ပေါင်းလုပ်မှာ။
အဲဒါကို ကျုပ်တို့ နိုင်ငံတော်အစိုးရကလည်း လုပ်နေတာပဲဆိုတော့ တခုပဲရှိတယ်၊ ဟိုဒင်း HIV တို့ဘာတို့
အကူအညီရလျင်တော့ ကျုပ်တို့လည်းလုပ်နေတာပဲမဟုတ်လား။
ဘာကိုဆိုလိုတယ်ဆိုတာ ခင်ဗျားသဘောပေါက်မှာပါလေ။

ဆိုပြီး ဗာရာဏသီသတင်းထောက်ကို မေးသလိုလိုနဲ့ပြောကြောင်း သတင်းပေးပို့ပါတယ်။




နောက်ဆုံး ပြောပြသွားတာကတော့

အခုဆိုလျင် အရင်တုန်းက ၁၉၈၈ ခုနှစ်နောက်ပိုင်းကတည်းက ကျုပ်တို့စစ်အစိုးရကို မဆက်ဆံတဲ့
နိုင်ငံတောင်မှ အခုဆို ဘာညာဘာညာ လာပြောနေပြီလေ။
အဲဒီတော့ ၀မ်းသာလွန်းလို့ မအောင့်နိုင်ပဲ ရယ်(ရီ)လိုက်တာ အဲဒါကြောင့် အကြောလွဲသွားတာလား
မသိဘူး။



နောက်ဆုံးမရယ်(ရီ)လျင် မနေနိုင်တာကတော့ လာမယ့် ၂၀၁၄ မှာ ကျုပ်တို့စစ်အစိုးရ အာဆီယံဥက္ကဌ ဖြစ်ပြီ
အဲဒီတော့ တခြားဘာမျှမလိုတော့ဘူး၊ အရင်တုန်းကတော့ NLD ကလည်း အပြင်ကနေ ကျုပ်တို့ကို အပြတ်
ဆော်ပလော်တီးနေတာ အခု ကျုပ်တို့အထဲဝင်လာပြီဆိုတော့...... ခင်ဗျား သဘောပေါက်ပါတယ်လေ။
ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကြည့်လိုက် အားလုံးနီးပါးက ကျုပ်တို့နဲ့စကားမပြောလို့ မရ
တော့ဘူး။
ကျုပ်ပြောသားပဲ စိတ်ရှည်ရမယ်ဆိုတာ မမှန်ဘူးလား။
ရယ်ချင်တယ်ဗျာ။ ကျုပ်ကိုမတားကြပါနဲ့ ။

လို့အော်ပြောလိုက်ရင်း အပေါ်က ပုံတွေအတိုင်း အူတက်အောင် ရယ်နေပါရောတဲ့ ဆိုပြီး ဗာရာဏသီ သတင်း
ထောက်က ဓါတ်ပုံနဲ့တကွ သတင်းပေးပို့လိုက်ပါတယ်။

ဓါတ်ပုံတွေကတော့ ဗွီအိုအေ တီဗီကနေ ယူထားတာဖြစ်ပါတယ်။

မှတ်ချက်
ဖေါ်ပြပါ စာသားများသည် အမှန်အကန်များမဟုတ်ကြောင်း 
အထူးသတိပြုစေလိုပါသည်။

Tuesday, November 22, 2011

K N U (KAW THOO LEI)

KNU ငြိမ်းချမ်းရေးကော်မတီဝင်များ အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့

နိုဝင်ဘာလ ၂၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)နှင့်မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့သည် ယခုလ နိုဝင်ဘာလ ၁၉ရက်မှ ၂၀ ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုစောအားတိုးက “အခုသွားတာ သဘောတူညီချက် လက်မှတ် သွားထိုးဖို့ သွားတာမဟုတ်ဘူးနော်။ Informal အနေနဲ့သွားတာပဲနော်။ ဒါကြောင့် ဒီတွေ့ဆုံမှုမှာ သဘောတူချက် လက်မှတ် ထိုးတာတို့ လုံးဝ မပါဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းတွေ့ဆုံမှုတွင် (၁)အပစ်အခတ်ရပ်စဲရေး (၂)ဆက်ဆံရေးရုံးများ အပြန်အလှန်ထားရှိရေး (၃)လက်နက်မပါဘဲ နယ်မြေ ကျော်ဖြတ်ခွင့်ပြုရေး (၄)တိုင်းရင်းသားအားလုံးနှင့် အဖွဲ့ပေါင်းစုံပါဝင်သည့် ဗဟိုအဆင့် ဆွေးနွေးပွဲအတွက် နေရာ၊ သတ်မှတ် ရေး စသည့် အချက်လေးချက်ကို ပဏာမအဆင့် သဘောတူညီခဲ့ကြသည်ဟု ကေအဲန်ယူဘက်က ပြောဆိုသည်။
နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကိစ္စတွင် ကရင်ဒေသအခြေအနေနှင့် တခြားတိုင်းရင်းသား ဒေသအခြေအနေနှင့် မတူညီသော ကြောင့် အချေအတင် ဆွေးနွေးသွားရမည့်သဘောရှိသလို အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိမှာသာလျှင် ကျန်သည့် လုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအားတိုးက ပြောသည်။
ယခုတကြိမ် တွေ့ဆုံမှုတွင် အစိုးရဘက်မှ သမ္မတဦးသိန်းစိန် တိုက်ရိုက် ခန့်အပ်စေလွှတ်သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းတစ်ဦးသာ ဦးဆောင်ဆွေးနွေးခဲ့ပြီး ကေအဲန်ယူဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီမှ ပဒိုစောဒေးဗစ်ထော၊ စစ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနှင့် ပဒိုစောအားတိုးတို့ ပါဝင်သည်။
ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် နောက်ပိုင်းတွင် ထပ်မံ တွေ့ဆုံဆွေးနွေးရန်ရှိသော်လည်း ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပဒိုစောအားတိုးက ယခုလို ပြောသည်။
“ကျနော်တို့ ကေအဲန်ယူက သက်ဆိုင်ရာ ကော်မတီတွေ
အားလုံးပြန်ပြီးတော့ ညှိနှိုင်းတိုင်ပင်ရအုံးမယ်။ ဆွေးနွေးရအုံးမယ်။ အဲဒီကိစ္စမှာ ကျနော်တို့ သတ်မှတ်ရက်အပေါ်မှာ ဦးအောင်မင်းကိုယ်တိုင် လက်ခံပြီးတော့ လာပြီးကြိုဆိုမယ်လို့ ပြောထားတာ ရှိတယ်”ဟု ၎င်းက ပြောသည်။

ယခုတွေ့ဆုံမှုမှာ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)၏ မူအရ တွေ့ဆုံဆွေးနွေးခြင်း မဟုတ် ဘဲ ကေအဲန်ယူ ကိုယ်စားလှယ်အရ တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ နိုဝင်ဘာလ ၁၉ရက်နေ့တွင် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ကိုယ်စားလှယ်အဖွဲ့ သည် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များဖြစ်သည့် သျှမ်း၊ ချင်း၊ ကချင်၊ ကရင်နီ ကိုယ်စားလှယ်အဖွဲ့များနှင့်လည်း တွေ့ ဆုံခဲ့သည်ဟု သိရသည်။

ကေအဲန်ယူသည် ၁၉၄၉ခုနှစ်မှ ယနေ့အချိန်ထိ မြန်မာအစိုးရအဆက်ဆက်နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့သော် လည်း အောင်မြင်မှု မရရှိခဲ့ပေ။ သမ္မတဦးသိန်းစိန် တက်လာပြီးနောက် ကေအဲန်ယူနှင့် တရားဝင် တွေ့ဆုံမှုသည် ယခုအကြိမ် နှင့်ဆိုလျှင် (၂)ကြိမ်မြောက်ဖြစ်သည်ဟု ကေအဲန်ယူဘက်က အတည်ပြု ပြောကြားခဲ့သည်။
Collapse...

21 November 2011 နိုဝင်ဘာ ကေအိုင်စီ ဗွီဒီယိုသတင်း

တပ်သိမ်းမည့် ဒေသခံယာခင်းများ အလျင်အမြန် ရိတ်သိမ်းရန် အမိန့်ကျလာ


ရေးသားသူ - ဖဲဘို 


ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်တပ်မှသိမ်းယူထားသော ရွာသားပိုင်ခြံမြေများမှ ကောက်ပဲသီးနှံနှင့်စပါးများ အလျင်အမြန်ရိတ်သိမ်းရန် အမိန့်ချမှတ်ခြင်းခံရကြောင်း သိရသည်။ ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းမှ လောဂျာ၊ မားပရိုရှေ့နှင့် ဒေါလောခူ ရွာသုံးရွာတို့မှ ရွာသားပိုင် ခြံမြေ ၂၇၀၀ ဧကအား အဆင့်မြင့်စစ်ရေးလေ့ကျင့်ရေးကွင်း တည်ဆောက်ရန် ယခုနှစ်ဖေဖော်ဝါရီလက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်ရေးကွင်း မဆောက်ခင်ကာလအတွင်း စိုက်ပင်များရာယီတခဏတာ စိုက်စားရန် ရွာသားများမှ အာဏာပိုင်တို့ထံ တောင်းခံခဲ့ရာမှ စိုက်ပျိုးခဲ့သောသီးနှံနှင့်စပါးများ ယခုလိုအလျင်အမြန် ရိတ်သိမ်းခိုင်းသည့် အမိန့်ကျလာခြင်းဖြစ်သည်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စစ်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ဖြစ်သူမှ တပ်တွင်းသို့ သွယ်တန်းသည့် လမ်းဖောက်လုပ်နိုင်ရန်အတွက် စိုက်ခင်းများအတွင်းရှိ သီးနှံများကို အမြန်ဆုံး ရိတ်သိမ်းရန် အမိန့်ထုတ်လိုက်ဟု ဒေသခံတို့၏ ပြောပြချက်အရသိရသည်။
စစ်လေ့ကျင့်ရေးကွင်းအတွက် သိမ်းဆည်းထားသော နေရာများ (ဓါတ်ပုံ-ကေတီ) စစ်လေ့ကျင့်ရေးကွင်းအတွက်

စစ်လေ့ကျင့်ရေးကွင်းအတွက် သိမ်းဆည်းထားသော နေရာများ (ဓါတ်ပုံ-ကေတီ)
လယ်သမားများက စပါးကို အလျင်မီအောင် ရိတ်သိမ်းနိုင်မည်ဖြစ်သော်လည်း ကျန်ရှိသည့် ပဲသီး၊ ပြောင်းကောက် စသည့်သီးနှံတို့မှာ ဆွတ်ခူးသိမ်းဆည်းရန် မရင့်သေးသည့်အတွက် ရိတ်သိမ်းနိုင်ဦးမည် မဟုတ်ဟု ဒေသခံများက ပြောသည်။
“သီးနှံရိတ်သိမ်းလို့ရမှာက စပါးလောက်ပဲ။ ကျန်နေတဲ့သီးနှံကတော့ ရှုံးသွားမှာပဲ”

ဟု ဒေါလောခူမှ ဒေသခံတဦးက ပြောသည်။
ဘိုးဘွားပိုင်လယ်ယာမြေများကို အမှီပြုပြီး စပါး၊ နှမ်း၊ မြေပဲနှင့် ပြောင်း စသည့် သီးနှံများကို ဒေသခံပြည်သူများ အနေဖြင့် နှစ်စဉ် လုပ်ကိုင်စားသောက်နေကြရသည့် မြေယာများကို အစိုးရမှ သိမ်းဆည်းလိုက်ခြင်းကြောင့် မြေယာသိမ်းဆည်းခံရသော ပြည်သူများအတွက် စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗားမားနိုင်းက ပြောပါသည်။

“ဘိုးဘွားပိုင် မြေတွေကို လုပ်ကိုင်စားသောက်လာကြတဲ့နေရာမှာ မြေတွေသိမ်းလိုက်တော့ စားဝတ်နေရေး အခက်အခဲ ဖြစ်တာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကတည်းက အဆောက်အဦးများ စတင်ဆောက်လုပ်နိုင်ရန်အတွက် ဆေက်လုပ်ရေးပစ္စည်းများ ပို့ဆောင်ထားပြီးဖြစ်ကာ မြေညှိခြင်း၊ လမ်းဖောက်ခြင်းတို့ကို စတင်လုပ်ဆောင်နေသည်ဖြစ်ရာ စက်ယန္တယားများနှင့် ဆောက်လုပ်ရေးအလုပ်သမားများ၏ လုံခြုံရေးအတွက် ယခင်က ဒေသအတွင်း လှုပ်ရှားနေသည့် အစိုးရတပ် ခြေမြန်တပ်ရင်း ခမရ ၅၇၅ နှင့် ခမရ ၅၇၆ တို့အပြင် ယခုအခါ ခမရ ၄၂၈ တပ်ရင်းတရင်း ထပ်မံတိုးချထားကြောင်းလည်း ဗားမားနိုင်းက ပြောသည်။

“အဲဒီမြေနေရာတွေမှာ လမ်းဖောက်တာမြေထိုးတာတွေ လုပ်နေပြီ။ ဒေသခံတွေကတော့ တခြားမှာ စိုက်ပျိုးစရာနေရာသစ် ပြန်လိုက်ရှာနေရတယ်” ဟု မားပရိုရှေ့ဒေသခံတဦးက ပြောသည်။
မတရားသိမ်းဆည်းထားခြင်းခံရသော မြေယာစိုက်ခင်းများ ပြန်လည်ရရှိရေးအတွက် သိမ်းဆည်းခံ ဒေသခံပြည်သူများမှ ကရင်နီပြည်နယ်အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ရုံးသို့ ဧပြီလ ၁၆ ရက်နေ့က လက်မှတ်ရေးထိုးကာ အသနားခံစာ တင်သွင်းခဲ့သော်လည်း ပြည်နယ်အစိုးရမှ ယနေ့တိုင် တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်းမရှိကြောင်း ဗားမားနိုင်က ပြောသည်။

အဆိုပါ ဒေသတွင် နေထိုင်သည့် လူထုများအနေဖြင့် နောက်နှစ်များတွင် စိုက်ပျိုးသီးနှံများအတွက် ထွန်ယက်စိုက်ပျိုးရန် မြေယာအခက်အခဲရှိလာနိုင်ပြီး ရွာနှင့် အလှမ်းဝေးကွာသည့် မြေနေရာသစ်များကို ရှာဖွေပြောင်းရွှေ့လုပ်ကိုင်ကြရလိမ့်မည်ဟု ဆိုသည်။

ဂျပန်ရောက်မြန်မာများအတွက် စာပေဟောပြောပွဲသို့ မောင်စိန်ဝင်း(ပုတီးကုန်း)၊ ချစ်ဦးညိုနှင့် နုနုရည်(အင်းဝ)သို့ တက်ရောက်ဟောပြော

ထွန်းဝေ၊ တိုကျို၊ နိုဝင်ဘာ ၂၁၊ ၂၀၁၁
ယမန်နေ့
နိုဝင်ဘာ ၂၀ ရက်နေ့မှာ ကျရောက်သည့် ၉၁ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့၊  စာပေဟောပြောပွဲ (ဂျပန်) အတွက်  ပည်တွင်းမှ စာရေးဆရာများဖြစ်သည့်းမောင်စိန်ဝင်း ပုတီးကုန်း။ ဆရာချစ်ဦးညို ။ ဆရာမ
နုနုရည်အင်းဝ တို့  ယနေ့တိုကျိုမှ ဟောပြောပွဲခဲ့တဲ့ ရုပ်သံမှတ်တမ်းခွေဖြစ်ပါတယ်၊၊ (ဖေ့စ်ဘွတ်ကတဆင့် ကူးယူပါတယ်)

ဟောပြောပွဲမြင်ကွင်းနဲ့
မောင်စိန်ဝင်း (ပုတီးကုန်း) 




မောင်စိန်ဝင်း
(ပုတီးကုန်း) နိဂုံးချုပ်



နုနုရည်(အင်းဝ)
ဟောပြောချက်





ချစ်ဦးညို
ဟောပြောချက်




share