Wednesday, March 6, 2013

သထုံခရိုင် ကေအဲန်ယူ ဆက်ဆံရေး ရုံးဖွင့်ပွဲ မွန်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ တက်ရောက်




Submitted by  on Wednesday, 6 March 2013--
မတ်လ ၅ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ သထုံခရိုင်/တပ်မဟာ(၁) ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာ၌ ယနေ့မနက်တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ အစိုးရအဖွဲ့ဝင် ၀န် ကြီးများ တက်ရောက်ခဲ့ကြသည်။
လူပရိဿတ် တစ်ထောင်ခန့် တက်ရောက်ခဲ့ကြသည့် အဆိုပါ ဆက်ဆံရေးရုံး ဖွင့်ပွဲကို အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့နှင့်အတူ ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ တပ်မဟာ (၁)မှူး ဗိုလ်မှူးချုပ်စောကျော်လင်းတို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးခဲ့ကြခြင်း ဖြစ်သည်။
အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးတစ်ဦးအပြင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်များမှ နယ်စပ်ရေးရာလုံခြုံရေး အပါအ၀င် အစိုး ရအဖွဲ့ဝင် ၀န်ကြီးများ၊ အနောက် တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် များထဲတွင် ဥက္ကဌအပြင် အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ တွဲဖက် အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ စစ်ဦး စီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီတို့အပြင် ခရိုင်၊ တပ်မဟာ ခေါင်းဆောင်အချို့လည်း တက်ရောက်ခဲ့ကြသည်။
ယနေ့မနက် ၈နာရီမှ နေ့လည် ၁၁နာရီကျော်အထိ ကျင်းပပြီးစီးခဲ့သည့် ယခုရုံးဖွင့်ပွဲကို ဒေသခံ ကရင်တိုင်းရင်းသားများအပြင် ပအိုဝ်းတိုင်းရင်းသားများလည်း ၎င်းတို့၏ ယဉ်ကျေးမှုအကများနှင့် လာရောက်ဖြေဖျော်ခဲ့ကြသည်။
(ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ကေအဲန်ယူ သထုံခရိုင်၊ တပ်မဟာ ၁ ဆက်ဆံရေး ရုံးဖွင့်ပွဲ
ထိုကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က ကေအဲန်ယူမှ ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် အစိုးရနှင့် အလွတ်သဘော ဆွေးနွေးမည် ဟူသော အချက်တစ်ချက် ဖော်ပြပါရှိသည့်အပေါ် ပဒိုစောကွယ်ထူးဝင်းက ယခုလို ပြောသည်။
“ဒီနေ့ အလွတ်သဘော တွေ့ ဆုံတဲ့အခါ ကရင်ပြည်နယ်အတွင်းမှာ ဟိုတစ်လောက ဖြစ်ပွားခဲ့တဲ့နှစ်ဖက် ပစ်ခတ်မှုတွေနဲ့ ပတ် သက်ပြီး တစ်ဖက်နဲ့တစ်ဖက် ရှင်းပြခဲ့ပါတယ်။ ဒီနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ၀န်ကြီးဦးအောင်မင်းနဲ့ ဦးခင်ရီတို့ မအားလပ်တဲ့အတွက်ကြောင့် မလာနိုင်ဘူး။ သူတို့ပါလာလို့ရှိရင်လည်း ရှေ့ဆက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေလုပ်ဖို့ ငြိမ်းချမ်းရေး ခိုင်မာအောင်လုပ်ဖို့ ညှိနှိုင်းလို့ ရတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူသည် အစိုးရနှင့် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလကတည်းက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီးသည့်နောက် ပိုင်း ဧပြီလမှစ၍ ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ဖွင့်လှစ်ခဲ့ရာ ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြ၀တီ၊ ဘားအံနှင့် ယခု သထုံမြို့နယ်၊ နောင်ဘိုကျေးရွာတွင် ဆဌမမြောက်ရုံးကို ဖွင့်လှစ်ပြီးစီးခဲ့ခြင်း ဖြစ်သည်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG သတင်းစာရှင်းလင်းပွဲ (ရုပ်သံ)





Saturday, March 2, 2013

မီးလောင်ဗုံးပစ်ပြီး တာဝန်မယူတဲ့ အစိုးရဟာ အကြမ်းဖက်အစိုးရပဲ ဖြစ်တယ်” (၂၈-၂-၂၀၁၃)


“

 

မှတ်မှတ်သားသားစကားများ - RFA ရုပ်သံ








မြန်မာပြည်သားတစ်ယောက်ကို တရုတ်အစိုးရက သေဒဏ်ပေးလိုက်တာဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာတည်မှုကို ဂရုမစိုက်ကြောင်း နမူနာပြလိုက်တာပါ။ ပိုဆိုးတာက မူးယစ်ဆေးဝါးမှုကြောင့် သေဒဏ်ပေးတာမဟုတ်ပဲ တရုတ်လူမျိုးတွေကို သတ်တယ်လို့ သံသယရှိမှုနဲ့ သေဒဏ်ပေးလိုက်တာပါပဲ။ ဒါက တရုတ်လူမျိုးကို ထိပါးရင် ဘယ်လိုဖြစ်မယ်ဆိုတာ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ သတိပေးလိုက်တာပါ။ မြန်မာပြည်အစိုးရကတော့ စကားနည်းရန်ဆဲဆိုတဲ့မူကိုပဲ လက်ကိုင်ထားတာလား၊ ကြောက်လို့ပဲ နှုတ်ခွန်းမတုန့်ပြန်ရဲတာလားတော့ မပြောတတ်ဘူး။ စိုင်းနော်ခမ်းနဲ့ ပတ်သတ်လို့ ဒီနေ့အထိ လေသံတစ်ချက်မဟခဲ့ပါဘူး။ မြန်မာပြည်ထဲမှာ နယ်ချဲ့နေတဲ့ တရုတ်မူးယစ်ရာဇာလေးတွေကို အစိုးရက မဖမ်းရဲလို့ ဒီအတိုင်းလွှတ်ထားရတာတွေရှိပါတယ်။ တရုတ်အစိုးရက အလိုရှိရင်တော့ အူးယားဖားယားဖမ်းပြီး လွှဲပေးရတယ်။ ကိုယ့်နိုင်ငံထဲမှာ မူးယစ်ဆေးဝါးလာဖြန့်လို့ ဖမ်းမိရင်တောင် တရုတ်လူမျိုးကို မြန်မာပြည်မှာ တရားမစီရင်ရဲလို့ တရုတ်ပြည်ကိုပဲ လွှဲပေးရတယ်။

မြန်မာမူးယစ်ရာဇာတစ်ယောက်ကို မြန်မာပြည်တရားဥပဒေက အပြစ်ပေးတာဆိုရင် ဘာမှကို ပြောစရာမရှိပါဘူး။ စိုင်းနော်ခမ်းက ဆိုးတယ်ပဲထားဦး။ ကိုယ့်သားသမီးဆိုးတာကို အကြောင်းပြုပြီး တခြားသူက သတ်ဖြတ်နေတာကို မျက်နှာလွဲရက်တယ်ဆိုရင် ဒီအစိုးရက မိဘမပီသဘူးပဲ။

(ဓာတ်ပုံက စိတ်ကြွဆေးပြား အလုံးရေ ငါးသိန်းနဲ့အတူ ဖမ်းမိတဲ့ တရားခံ Tin Min Chuan ကို မြန်မာပြည်မှာ တရားမစီရင်ရဲလို့ တရုတ်ကို ပြန်လွှဲပေးနေတဲ့ပုံပါ)
 


မမြန်မာ နိုင်ငံသား တစ်ဦး ဖြစ်သည့် နော်ခမ်း ကို အကာအကွယ် ပေး ရန် မြန်မာ အစိုးရ ပျက်ကွက်


ြ

r Freedom News Group(Burma)'s photo.
မြန်မာ နိုင်ငံသား တစ်ဦး ဖြစ်သည့် နော်ခမ်း ကို အကာအကွယ် ပေး ရန် မြန်မာ အစိုးရ ပျက်ကွက် 

မြန်မာနိုင်ငံ သား ရှမ်းပြည်နယ် ဇာတိ နော်ခမ်း အား ယနေ့  နေ လည်  ၃နာရီ  က တရုတ် အစိုးရ က ကွပ် မျက် လိုက် ပြီ ဖြစ်သည်။ ပုံ တွင် နော်ခမ်း အား ဆေးထိုး ကွပ်မျက် ခြင်း မပြု ခင် အလို မိနစ် အနည်း ငယ် တွင် နောက်ဆုံး တွေ့ ရခြင်း ဖြစ်သည်။ 

အသက် ၄၄ နှစ် အရွယ် ရှိ နော်ခမ်း နှင့် အတူ ထိုင်း နိုင်ငံ သား ဆာခမ်း၊ 
လာအို နိုင်ငံသား များ ဖြစ်သူ ယိလိုင် နှင့် ဇာဆိက တို့  ကို လည်း ကွပ် မျက်
ခဲ့သည်။ နော် ခမ်း အား သေဒဏ် ပေး ကွပ် မျက် သည် ကို တရုတ် အစိုးရ
ပိုင် CCTV မှ တစ်ဆင့် ထုတ် လွှင့် ပြသခဲ့သည်။

နောက်ခမ်း အား ယမန်နေ့  က တရုတ် အစိုးရ ရုပ်သံ မှ ထုတ် လွှင့်ပြ
သရာ တွင် သူ့  မိခင် နှင့် ကလေး များ ကို သတိရသည် ဟု ပြောကြား ခဲ့သည်။


မြန်မာနိုင်ငံ သား ရှမ်းပြည်နယ် ဇာတိ နော်ခမ်း အား ယနေ့  နေ လည် ၃နာရီ က တရုတ် အစိုးရ က ကွပ် မျက် လိုက် ပြီ ဖြစ်သည်။ ပုံ တွင် နော်ခမ်း အား ဆေးထိုး ကွပ်မျက် ခြင်း မပြု ခင် အလို မိနစ် အနည်း ငယ် တွင် နောက်ဆုံး တွေ့ ရခြင်း ဖြစ်သည်။

အသက် ၄၄ နှစ် အရွယ် ရှိ နော်ခမ်း နှင့် အတူ ထိုင်း နိုင်ငံ သား ဆာခမ်း၊
လာအို နိုင်ငံသား များ ဖြစ်သူ ယိလိုင် နှင့် ဇာဆိက တို့  ကို လည်း ကွပ် မျက်
ခဲ့သည်။ နော် ခမ်း အား သေဒဏ် ပေး ကွပ် မျက် သည် ကို တရုတ် အစိုးရ
ပိုင် CCTV မှ တစ်ဆင့် ထုတ် လွှင့် ပြသခဲ့သည်။

နောက်ခမ်း အား ယမန်နေ့  က တရုတ် အစိုးရ ရုပ်သံ မှ ထုတ် လွှင့်ပြ
သရာ တွင် သူ့  မိခင် နှင့် ကလေး များ ကို သတိရသည် ဟု ပြောကြား ခဲ့သည်။

Friday, March 1, 2013

နော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မယ်

ရွှေတြိဂံဒေသတွင် ဖမ်းမိခဲ့သော မူးယစ်ရာဇာနော်ခမ်း နှင့် ၎င်း၏ လက်ထောက် ၃ ဦးတို့ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် မနက်ဖြန် ဆေးထိုးပြီး ကွပ်မျက်မည်ဖြစ်ကြောင်း တရုတ်တရားရုံးတခုကို ကိုးကားပြီး ဆင်ဟွာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။

၎င်းတို့ကို တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုဖြင့် သေဒဏ် ပေးရန် စီရင်ချက်ချထားပြီးဖြစ်ကြောင်း၊ လက်ထောက် ၃ ဦးမှာ ထိုင်းနိုင်ငံမှ Hsang Kham, နိုင်ငံမဲ့ဖြစ်သူ Yi Lai, လာအိုလူမျိုး Zha Xika တို့ ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ရေးသား ဖော်ပြထားသည်။

ပီကင်းမြို့ တရားရုံးချုပ်က ၎င်းတို့အပေါ် စီရင်ချက်ကို ပြန်လည် စစ်ဆေးပြီးနောက် ကွပ်မျက်ရန် လက်မှတ်ထိုးခဲ့ကြောင်း သတင်းတွင် ဆက်လက် ရေးသား ဖော်ပြထားသည်။

ယင်းသို့ ကွပ်မျက်မိန့်ကို ဖေဖော်ဝါရီ ၂၂ (သောကြာနေ့) တွင် ကူမင်းမြို့တရားရုံးက လက်ခံရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၄ (တနင်္ဂနွေနေ့) တွင် တရားခံတို့အား အသိပေးခဲ့ကြောင်းလည်း ရေးထားသည်။

တရားခံတို့၏ ဆွေမျိုးများ၊ ထိုင်း နှင့် မြန်မာ သံအရာရှိများကို တရားခံတို့နှင့် တွေ့ဆုံရန် တရားရုံးက စီစဉ်ပြီးဖြစ်ကြောင်း၊ ကွပ်မျက်ပြီးပါက ရုပ်အလောင်း၊ သေတမ်းစာ၊ ကိုယ်ပိုင်ပစ္စည်း စသည်တို့ကို တရားရုံးက ဆွေမျိုးများ သို့တည်းမဟုတ် သံအရာရှိများထံ လွဲအပ်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားထားသည်။နော်ခမ်း၏ အဖွဲ့ဝင် ၂ ဦးဖြစ်သော Zha Bo နှင့် Zha Tuobo ဆိုသူတို့ ၂ ဦးသည် ဆိုင်းငံ့ သေဒဏ်၊ ထောင်ဒဏ် ၈ နှစ် တို့ကို သီးခြားစီ ကျခံရမည် ဖြစ်သည်ဟု ဆိုသည်။
မဲခေါင်မြစ်အတိုင်း ခုတ်မောင်းခဲ့သော တရုတ်သင်္ဘော ၂ စီး သည် မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံဆုံရာ ရွှေတြိဂံဒေသတွင် တိုက်ခိုက်ခံရပြီး တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။

လွန်ခဲ့သည့် ၂ နှစ်က ပေါ်ပေါက်ခဲ့သော ထိုတိုက်ခိုက်မှုကို မူးယစ်ရာဇာနော်ခမ်း၏ အဖွဲ့က ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Wednesday, February 27, 2013

သေနတ် တစ်ချက်မှ မဖောက်ရတဲ့ လျှက်တစ်ပြက် အာဏာသိမ်းပွဲ

MONDAY, FEBRUARY 25, 2013



Share on linkedin Share on facebook Share on twitter Share on email More Sharing Services
4
BY ရဲရင့်(ကနေဒါ)

15th KNU. congress


22 January 2013

15th KNU congress 1


15th KNU congress 215th KNU congress 3

မျိုးချစ်ကရင်ဘော် ရွှေလာ ကောင်းရာ သုဂတီသို့ ရောက်ပါစေ.......


ငြိမ်းချမ်းရေးဘလော့ဂ်: 


ကရင်မျိုးချစ်ရဲဘော် ရွှေလာကို ကရင်ပြည် ကော့ကရိတ်မြို့ နယ် မိဖလိတ်ကျေးရွာ ဘခင်ဖာလေမေ.မိခင်ဒေါ်အုန်မေ မှ၁၉၇၃ ခုနှစ်မှာ မွှေးဖွါးခဲ့သည်။ ၁၉၉၀ ခုနှစ်မှာ ကရင်အမျိုးအစည်းရုံးကို ဝင်ရောက်ပြီး ကရင်အမျိုးသားတာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။
ကရင်ရဲဘော်ရွှေလာသည် ကရင်လူမျိုးလွတ်မြောက်ရေးအတွတ် ကိုယ်အသက်ကိုပေးအပ်ပြီး အမျိုးကိုချစ်တဲစိတ်တစ်ခုတည်းကိုရှေးကထား၍ ကြိုးစားခဲ့သူဖြစ်ပါသည်။

 ကရင်ပြည်သည်ကရင်ပြည်သူလူထုလက်ထဲတွင်ရှိရမည်ဆိုတဲ့ ကရင်တော်လှန်ရေးခေါင်းဆောင်ကြီးစောဘဦးမှုကိုလက်ခံယုံကြည့်ထားသူ ကရင်ရဲဘော်တဦးဖြစ်ပါသည်။ ကရင်မျိုးချစ်ရဲဘော် ရွှေလာ တောလှန်ရေး တာဝန်ကိုထမ်းဆောင်ရင် ၁၁.၀၂. ၁၉၉၈ ခုနှစ် ရခိုင်ပြည်တပ်မတော် စစ်ဦးစီချူပ် ခိုင်ရာဇာနှင့် အတူ ၃၆ ယောက်အိန္ဒိယနိုင်ငံ လမ်းဖေါ့ ကျွန်း၌ အဖမ်းခံခဲ့ရသည်။
 ရခိုင်တပ်မတော်မှစစ်ဦးစီချူပ်ခိုင်ရာဇာ.ဗိုလ်မှုစောထွန်း.ဗိုလ်ရန်နိုင်.ဗိုလ်လင်းဇာခိုင်.
.ကရင်အမျိုးသားအစည်းရုံးမှ ဖဒိုမှုးလွယ် ..ဗိုလ်မြင့်ဆွေ.တို့ သွေးအေးအေးဖြင့်အသက်ခံခဲ့ရပြီး ..ကျန် ၃၆ ဦးကို ဖမ်းဆီးခဲ့ပါသည်။ ကျန်၃၆ ဦးကိုလည်း ဘာအမှု့ ကိုမှ မစစ်ဆေးပဲ နှစ်အတော်ကြာချူပ်နှောင့်ထားခဲ့ပါသည်။

အဖမ်းခံထားရတဲကြားမှာပဲ ရခိုင်ရဲဘော် ရန်နိုင်နှင့် ကရင်ရဲဘော် ဧဝ နှစ်ဦးဟာ ပျောက်ဆုံးခဲ့ရပြန်တယ်ကျန်တဲ ၃၄ ယောက်မှာလည်း စိတ်ဆင်းရဲစွာဖြင့်ထောင်ထဲတွင်၁၃ နှစ်ကျော် နေခဲ့ရပါပြီး ၁၉.၀၅ .၂၀၁၁ ခှနှစ် နိုင်ငံတကါရောက် ဒီမိုကရေစီအင်အားစုများနှင့် လူ့ အခွင့်ရေးအဖွဲ့တွေက ကြိုပန်းအားထားမှုကြောင့်လွတ်လာခဲ့ပါသည်။

 လွတ်လာပြီးနောက်ပိုင်း ကရင်ရဲဘော် ရွှေလာသည်စိတ်ဓါတ်မကျပဲ ကရင်အမျိုးသားရေးအတွတ် ကျရာနေရာက တာဝန်းထမ်းရန်ပြောကြားခဲ့သည်။ လွတ်လာပြီးနောက် UN အကူညီဖြင့် တတိယနိုင်ငံတစ်နိုင်ငံဖြစ်သော နယ်သာလန်နိုင်ငံတွင့်နေထိုင်ခွင့်ရပြီး ၂၀.၀၆.၂၀၁၂ ခုနှစ် နယ်သာလန်နိုင်ငံကိုရောက်ရှိခဲ့ပါသည်။

 နယ်သာလန်နိုင်ငံမှာ နေထိုင်ရင်းနဲ့ ၁၈.၀၂.၂၀၁၃နှစ် ရုတ်တရက် ကွယ်လွန်သွားခဲ့ပါသည်။ ၂၃.၀၂.၂၀၁၃ ရဲဘော်ရွှေလာအာသုဘ ကို ရခိုင်မျိုးချစ်ရဲဘော်.ကရင်မျိုးချစ်ရဲဘော်နှင့်အတူ လူအင်အား၁၀၀ကျော်ဖြင့် သူရဲ့ နောက်ဆုံးခရီကိုလိုက်ပါပို့ ဆောင်ခဲ့ပါသည်။ ကျန်ရစ်သူ သူရဲ့မီသားစုနှင့်အတူ ထပ်ထူဝမ်းနည်းပါကြောင်း




 သတင်းပေးပို့လာရဲဘော်ခိုင်လှအားအထူးကျေးဇူးတင်ပါသည်။

ကရင်အနုပညာရှင် ဇွဲကပင်ကျော်လေး၏ အောက်မေ့ဖွယ် ရုပ်တုတည်ဆောက်ပြီးစီး


ဖေဖော်ဝါရီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း (ကေအိုင်စီ)

Photo-KIC
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းကျေးနယ် တော်ပုံကျေးရွာတွင် ကွယ်လွန်သွားပြီဖြစ်သည့် နာမည်ကျော် ကရင်အနုပညာရှင် ဇွဲကပင်ကျော်လေးအား အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ၎င်း၏ ရုပ်တုကို ဇွဲကပင်တောင် ခြေ လုမ္မဏီဥယျာဉ်ရှေ့တွင် ဆောက်လုပ်ပြီးစီးသည့် ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၈ရက်နေ့က ကျင်းပခဲ့သည်။ 


ရုပ်ထုဖွင့်ပွဲ အခမ်းအနားတွင် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် စောအောင်ကျော်နိုင်၊ စောလွန်းရှင်၊ ဇွဲကပင်ကျော်လေး၏ လုပ်ဖော်ကိုင်ဖက်များနှင့် တပည့်ရင်းများ၊ အနယ်နယ်အရပ်ရပ်ရှိ ကရင်အနုပညာရှင်များ၊ သံဃာတော်များ တက်ရောက်ခဲ့ကြသည်။ 

ရုပ်ထုဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ စောရာဟောင်က ၎င်း၏ သူငယ်ချင်းလည်းဖြစ်၊ ဆရာလည်းဖြစ်သူ ဇွဲကပင် ကျော်လေး၏ ရုပ်တုကို ယခုလို တည်ဆောက်ပေးရမှုအပေါ် အထူးကျေနပ်အားရမိကြောင်းနှင့် ရုပ်တုပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ယခုလို ပြောကြားသည်။ “ကျနော်တို့ ကရင်အနုပညာရှင်အသီးသီးက စုစည်းကော်မတီဖွဲ့ပြီး နောင်လာနောင်သားတွေ သိရှိအောင် ရည်ရွယ် ပြီး ဇွဲကပင်ကျော်လေးကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ရုပ်တုကို တည်ဆောက်ပေးတာဖြစ်ပါတယ်”ဟု စောရာဟောင်က ကေအိုင်စီသို့ ပြောသည်။ 
Photo-KIC
ဇွဲကပင်ကျော်လေးသည် နိုင်ငံအကျိုး၊ အမျိုးသားအကျိုးတွေကို အနုပညာအားဖြင့် နယ်အသီးသီးက ကရင်လူထုထံ လှည့်လည်ကာ အသိပညာပေးတာများကို အခက်အခဲကြားမှ ဆောင်ရွက်ခဲ့သကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံတတ် သူ၊ အမျှော်အမြင်ရှိသူတစ်ဦးဖြစ်ရာ ၎င်းအား ကရင်အနုပညာရှင် အာဇာနည်တစ်ဦးအဖြစ် အသိအမှတ်ပြုကြောင်း သူက ဆက်လက်၍ ပြောဆိုသည်။ 

 ထိုနေ့မနက် ၆နာရီမှ ၉နာရီအထိ ပြုလုပ်ခဲ့သည့် ထိုအခမ်းအနားတွင် လူပရိဿတ် ၃၀၀ကျော် တက်ရောက်ခဲ့ကြပြီး ဇွဲကပင်ကျော်လေး၏ ဘ၀အကြောင်းများကို ပြန်လည်ပြောကြားခြင်း၊ ကရင်အနုပညာရှင်များမှ ဂုဏ်ပြုသီချင်းများ သီဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။ 

၁၉၆၄ခုနှစ်တွင် ရန်ကုန် ပန်တျာကျောင်းဆင်းခဲ့သူ ဇွဲကပင်ကျော်လေးသည် ၁၉၇၁-၇၃ခုနှစ်တွင် ဘားအံမြို့နယ်၊ ဒုံရင်းရေတံခွန်မှာ “ကလိုးစေကလိုးထွန့်(ရွှေဖားစည်ငွေဖားစည်)”အမည်ရှိ ကရင်ဇာတ်ကို တည်ထောင်ခဲ့သည်။ ၁၉၇၄ခုနှစ်တွင် ကော့ကရိတ်မြို့နယ်၌ ကရင်ဇာတ်ပညာကို လှည့်လည်သင်ကြားပေးခဲ့ပြီး ၁၉၇၆-၈၆ခုနှစ်၌ ၎င်းဒုံရင်းဒေသတွင် ကရင်အနုသုခုမ ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းဦးဆောင်ခဲ့သည့်နောက်ပိုင်း ၁၉၈၈ခုနှစ် ဖေဖော် ၀ါရီလ ၂၂ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ 

ကရင်အနုပညာရှင် ဇွဲကပင်ကျော်လေး ကွယ်လွန်ပြီးနောက် သူ ရေးသားခဲ့သည့် ကရင်သီချင်းနှင့် ဇာတ်ညွှန်းများ အုပ်ရေ (၅၀)နှင့် ကိုယ်တိုင်ရေး သေတမ်းစာတစ်စောင်လည်း ကျန်ရစ်ခဲ့ကြောင်း သိရသည်။

နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲ ၁ / ၂၀၁၃ အစည်းအဝေးတွင်တင်သွင်းသော UNFC ၏ အခြေခံမူဝါဒဆိုင်ရာစာတမ်း





UNFC သတင်းထုတ်ပြန်ချက် ၁/၂၀၁၃





Thursday, February 21, 2013

Russia နိုင်ငံနဲ့ ဥက္ကာပျံ



 

Russia နိုင်ငံနဲ့ ဥက္ကာပျံ
 
BBC မြန်မာပိုင်းအစီအစဉ်က သတင်းကိုရယူထားပြီး ရုပ်ရှင်ကို You tube ကနေ ရ,ယူထားတာဖြစ်တဲ့အ
ပြင် ရုပ်သေပုံတွေကိုတော့ Google က ရ,ယူထားတာဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Saturday, February 16, 2013

ဖဒိုမန်းရှာတနှစ်ပြည့်ရုပ်သံ(၂၀၀၉) အပိုင်း တစ် + နှစ်

Friday, February 15, 2013

"အတိုဆုံးပြောရရင် မတရားမှုမှန်သမျှကို ပုန်ကန်တာ တရားတယ်" (ပဒိုမန်းရှာလန်းဖန်း)