Saturday, January 17, 2009

မွ န်ပြည်သစ်ပါတီခေါင်းဆောင်သစ်များ ရွေးချယ်ပြီးစီး



Kaowao Newsgroup
ဇန်နဝါရီ ၁၆ ၊ ၂၀၀၉
ဇန်နဝါရီလ(၁)ရက်နေ့၊ နှစ်ဆန်းရက်နေ့က စတင်ကျင်းပခဲ့သော သတ္တမအကြိမ်မြောက်မွန်ပြည်သစ်ပါတီ ညီလာခံကြီးတွင် ယမန်နေ့က ထိပ်ပိုင်း ဗဟိုအလုပ်ဆောင်ကော်မတီ(၉)ဦးနှင့် ဗဟိုကော်မတီဝင်(၂၇)ဦး၊ အရန် ဗဟိုကော်မတီဝင်(၅)ဦးတို့ကို ရွေးချယ်အတည်ပြုနိုင်ခဲ့ပြီး ကျန်ရှိသော ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင်များကို ယနေ့ဆက်လက်ရွေးချယ်နေကြဆဲဖြစ်သည်ဟု ဗဟိုဌာနချုပ်မှလာသော သတင်းအရသိရပါသည်။ ဗဟိုကော်မတီ ဝင်များနှင့် ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင်များတွင် အပြောင်းအလဲတစုံတရာမရှိခဲ့သော်လည်း လစ်လပ်သော ဦးရေများတွင် လူငယ်ခေါင်းဆောင်များ ဝင်ရောက်နေရာယူလာကြပါသည်။ဗဟိုအလုပ်အမှုဆောင်(၉)ဦးတွင် ယခင်အတိုင်း ဥက္ကဋ္ဌကြီး နိုင်ထောမွန်၊ ဒုဥက္ကဋ္ဌ နိုင်ရဿ(နိုင်ရော့စ)၊ အထွေထွေ အတွင်းရေးမှူ နိုင်ဟံသာ၊ တွဲဘက်အတွင်းရေးမှူးနိုင်ချမ်းတွဲ့ ၊ဗိုလ်ချူပ် ဇဲယျ၊ နိုင်ရွှေသိန်း၊ နိုင်အောင်မင်း၊ နိုင်ထာဝရ နှင့် လစ်လပ်ခဲ့သော တစ်နေရာတွင် သထုံခရိုင်ချုပ်ရေးဒေသမှ ဥက္ကဋ္ဌ နိုင်တလညီ ရွေးချယ်ခံခဲ့ရသည်။
ဗဟိုကော်မတီဝင်သစ်များတွင်လည်း ယခင်ခေါင်းဆောင်ဟောင်းများပင်ဖြစ်ကြပြီး လစ်လပ်သော ဗဟိုကော်မတီ ဝင်နေရာများတွင် ဗိုလ်မှူး ဗညာချမ်းနွန်(နိုင်ဗခိုင်)၊ အရန်များအဖြစ် နိုင်ထွန်းရ၊ နိုင်ဟံသာဗွန်းခိုင်း၊ ဗိုလ်မှူးဟံသာ၊ ဗိုလ်မှူးစံအေး၊ ဗိုလ်မှူး M-စိုက်ချမ်း စသည့်လူငယ်သစ်များ ရွေးချယ်ခံရပါသည်။ ယခင် ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးကောင်းရွတ်နှင့် ဗိုလ်မှူးကြီးလဝီအောင်(နိုင်မြင့်ဆွေ)တို့သည် ဗဟိုကော်မတီဝင်အဖြစ်မှ ၎င်းတို့၏ ဆန္ဒအရဆက်လက်အရွေးချယ် မခံကြပေ။
ဤညီလာခံမပြီးဆုံးသေး၍ စစ်အစိုးရအပေါ် ဆက်လက်ထားရှိရမည့် မွန်ပြည်သစ်ပါတီ၏ သဘောထားနှင့် ထုတ်ပြန်ကြေငြာချက်ကို တရားဝင်မထုတ်ပြန်သေးပေ။ ညီလာခံတွင် စစ်အစိုးရ ကမ်းလှမ်းထားသော မွန်ပြည်သစ်ပါတီ တရားဝင်မှတ်ပုံတင်၍(၂၀၁၀)ခု ရွေးကောက်ပွဲ ဝင်မည့်ကိစ္စ၊ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ကို အစိုးရတပ်မတော် လက်အောက်ခံအဖြစ်ထားရှိရေးကို ဆုံးဖြတ်ခဲ့ကြပြီးဖြစ်သည်။ ပါတီဝင်အသိုင်း အဝိုင်းမှ အတည်မပြုနိုင်သောအဆိုအရ ခေါင်းဆောင်ပိုင်းများ အပြောင်းအလဲမရှိသဖြင့် မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်သည်လည်း အပြောင်းအလဲ တစုံတရာ ရှိနိုင်မည် မဟုတ်ကြောင်း၊ သဘောထား ကွဲပြားခြားနားမှု များလည်း ရှိနိုင်မည်မဟုတ်ဟု အကဲခတ်ကြသည်။
မွန်ပြည်သစ်ပါတီသည် ယ္ခုကဲ့သို့ညီလာခံကို ပါတီ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေစည်းမျဉ်းအတိုင်း သုံးနှစ်တကြိမ် ကျင်းပကာ ပါတီတရပ်လုံးရှိ နိုင်ငံရေးဦးဆောင်မှု အဆင့်ဆင့် ဗဟို၊ ခရိုင်၊ မြို့နယ်ကော်မတီဝင်များကို ပါတီဝင် ကိုယ်စားလှယ်များက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြှောက်ကြပါသည်။

No comments: