Saturday, January 24, 2009

မုန့်သူခိုး (The Cookie Thief)

Friday, January 16, 2009


ဘာသာပြန် - ခေါဟ်လံင်ဖါ့သိုင့်(ဒေါန)
တစ်ညမှာ မိန်းမပျိုတစ်ယောက်ဟာ လေဆိပ်တစ်ခုမှာ သူရဲ့လေယာဉ်မထွက်ခွါခင် အချိန်ကြာမြင့်စွာ စောင့်နေခဲ့တယ်။ လေဆိပ်မှာရှိတဲ့ စာအုပ်ဆိုင်တွေမှာ သူမဖတ်ဖို့ စာအုပ်တွေရှာခဲ့တယ်။ ပြီးတော့ မုန့်တစ်ထုပ်ဝယ်ပြီး တစ်နေရာမှာ ထိုင်လိုက်တယ်။သူမဟာ သူမစာအုပ်ထဲမှာသာ စိတ်ဝင်စားနေသော်လည်း သူရဲ့အနားမှာ ယောင်္ကျားတစ်ယောက် ထိုင်နေတာကို သတိထားမိလိုက်တယ်။ အဲ့ဒီလူက အတင့်ရဲလှချီရဲ့။ အဲ့ဒီလူက နှစ်ယောက်ကြားမှာရှိတဲ့ မုန့်အိပ်ထဲကနေ မုန့် တစ်ခု၊ နှစ်ခု ယူစားလိုက်တယ်။ အဲ့ဒီလူ မုန့်ယူစားနေတာကို သူမကမရင်ဆိုင်လိုကာ မသိသလိုနေလိုက်တယ်။ဇွဲကောင်းတဲ့ မုန့်သူခိုးက သူမကိုဘာမှဂရုမစိုက်၊ ဒါနဲ့ သူမဟာ မုန့်တွေကို ၀ါးစားပြီး ခပ်လှမ်းလှမ်းမှာ ကပ်ထားတဲ့နာရီကို လှမ်းကြည့်လိုက်တယ်။ အချိန်နာရီမိနစ်တွေ တဖြည်းဖြည်းရွေ့သွားတာနဲ့အမျှ သူမဟာ ပိုပြီး ဒေါသထွက် စိတ်တွေတိုလာတယ်။ သူမက တစ်ခုတွေးမိလိုက်တယ်။ အတွေးလေးက - ငါသာစိတ်မကောင်းဘူးဆိုရင် ဒီလူရဲ့မျက်လုံးမှာ အညိုကွက်ပေါ်သွားအောင် ထိုးမိလိမ့်မယ်။သူမမုန့်တစ်ခုယူစားတိုင်း အဲ့ဒီလူကလည်း တစ်ခုယူစားတယ်။ မုန့်တစ်ခုတည်းသာ ကျန်တဲ့အချိန်မှာတော့ သူမက အဲ့ဒီလူ ဘာဆက်လုပ်မလဲဆိုတာကို စောင့်စားသိချင်နေခဲ့တယ်။ အဲ့ဒီလူက ပြုံးပြီး ဇဝေဇ၀ါရယ်ကာ နောက်ဆုံးကျန်တဲ့မုန့်တစ်ခုကို နှစ်ခြမ်းခွဲလိုက်တယ်။တစ်ပိုင်းကို သူမကို စားဖို့ကမ်းလှမ်းလိုက်ပြီး ကျန်တစ်ပိုင်းကို သူစားလိုက်တယ်။ သူမက ကမ်းလှမ်းလာတဲ့မုန့် တစ်ခြမ်းကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး တစ်ခုတွေးလိုက်တယ် - အို့ ဒီလူ၊ ဒီလူဟာ တော်တော်ကြောင်ပြီး ရိုင်းလည်းရိုင်းတယ်။ ကျေးဇူးတရားနည်းနည်းမှတောင် မသိတတ်ဘူး။သူမ ဒီလိုမျိုးအောင့်သက်သက်ခံရတာမျိုး တစ်ခါမှ မကြုံဖူးပါ။ သူမက လေယာဉ်ကိုခေါ်သံကြားတော့ စိတ်သက်သာရာ သက်ပြင်းချလိုက်တယ်။ ဒါနဲ့ သူမရဲ့ပစ္စည်းတွေကို သိမ်းပြီး ဂိတ်ဆီသို့ ဦးတည်ခဲ့တယ်။ အရိုင်းအစိုင်းမုန့်သူခိုးကို တစ်ချက်မှ ပြန်လှည့်မကြည့်ပါ။လေယာဉ်ပေါ်တက်ပြီး သူမရဲ့ခုန်မှာ ၀င်ထိုင်လိုက်တယ်။ ပြီးတော့ သူမရဲ့စာအုပ်တွေကို ရှာဖွေခဲ့တယ်။ စာအုပ်တွေ အပြည့်အစုံပါပဲ။ သူမရဲ့အထုပ်အပိုးနားရောက်တော့ တအံ့တအော သက်ပြင်းချလိုက်တယ်။ သူမရဲ့မျက်စိတည့်တည့်မှာ သူမရဲ့မုန့်အိပ်ကို တွေ့လိုက်ရတယ်။သူမက - စိတ်ပျက်လက်ပျက်ညည်းကာ ငါ့မုန့်က ဒီမှာဆိုရင် ဟိုမုန့်က သူဟာပေါ့၊ အို့ သူငါ့ကို စေတနာရှိရှိ ဝေငှခဲ့တယ်။ ဒီအချိန်မှာတော့သူမဟာ တောင်းပန်ဖို့ နောက်ကျသွားပြီ။ သူမကသာ အရိုင်းအစိုင်း၊ သူခိုးဆိုတာ ပူဆွေးသောကများစွာနဲ့ သိရှိလိုက်ရတယ်။ ကျနော်၊ ကျမတို့ရဲ့ဘ၀မှာ မျက်လုံးအစုံမိတ်ပြီး မှန်တယ်လို့ယုံကြည်ထားတဲ့အရာတွေဟာ တကယ်တမ်းတော့ အမှားဖြစ်နေတာကို နောက်မှ ရှာဖွေသိရှိလာခဲ့ရတဲ့အကြိမ်ပေါင်း ဘယ်လောက်တောင်ရှိနေခဲ့ပြီလဲ။ :-)Valerie Cox သီကုံးထားသောThe Cookie Thief ဆိုသည့်ကဗျာမှာ ပြန်လည် ပြန်ဆိုထားခြင်း ဖြစ်ပါသည်။
Posted by ဒေါနမြေ at 5:13 PM

No comments: