Saturday, February 21, 2009

မွန်ပြည်သစ်ပါတီ ဥက္ကဌ၏ ဂျပန်နိုင်ငံ အလည်အပတ်ခရီးတွင် ပါလီမန်နှင့်တွေဆုံ

Thu 19 Feb 2009,

မွန်စွန်းမွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်၏ ဂျပန်နိုင်ငံသို့ ၁၁ ရက် ခရီးစဉ်တွင် ဂျပန်အစိုးရ ဘက်မှ အထက်လွှတ်တော်အမတ်၊ အောက်လွှတ်တော်အမတ်တို့နှင့် တွေဆုံခွင့် ရခဲ့ ကြောင်း သိရသည်။“လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံရေး အခြေအနေ၊ ဂျပန်အစိုးရကိုလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အချက် ၅ ချက် တောင်းဆိုခဲ့တယ်၊ ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံဒုက္ခသည်တွေကိုလည်း အကူအညီပေးဖို့အတွက် ဆွေးနွေးခဲ့တယ်” ဟု ဥက္ကဌ နိုင်ထောမွန်က ပြောသည်။ ဂျပန်လွှတ်တော်တို့နှင် တွေ့ဆုံသည့်အခါ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်မှ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (AUN) အဖွဲ့အနေနှင့် တောင်းဆိုခဲ့ သည့်အချက် ၅ ချက်မှာ-

(၁) သုံးပွင့်ဆိုင်ဆွေးနွေးရေး အမြန်ဆုံး ဖြစ်မြောက်ရန်အတွက် UN က မြန်မာအစိုးရကို ဖိအားပေးသည်အခါ ဂျပန်အစိုးရအနေနှင့် ပူးပေါင်းပါဝင် ဆောက်ရွက်ရန်၊

(၂) နိုင်ငံရေး ပြဿနာကို ဆွေးနွေးအဖြေရှာမှု မပြုလုပ်ခင် နိုင်ငံရေးအကျဉ်းသမား အာလုံးကို လွှတ်ပေးရန်၊ (၃) လက်ရှိ မြန်မာစစ်အစိုးအရ ရေးဆွဲထားသော ဖွဲ့စည်းအုပ် ချုပ်ပုံမှုကြမ်းကို ပြင်ဆင်ရေးဆွဲရန်၊ မပြင်နိုင်ပါက စစ်အစိုးရရေးဆွဲထားသော ဥပဒေကို လက်ခံမည်မဟုတ်ကြောင်း၊

(၄) လက်ရှိ ဥပဒေကို မပြင်ဆင်နိုင်ရန် နိုင်ငံရေးအခြေအနေ ပိုပြီးဆိုးဝါးနိုင်မည်ဖြစ်ကြောင်း၊

(၅) မြန်မာအစိုးရအနေနှင့် လက်ရှိအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် ပြည်သူတွေဟာ ဒုက္ခသည်ဘဝကို ပိုမိုရောက်ရှိသွားနိုင်မည်ဖြစ်ကြောင်း တို့ကို ဂျပန်အစိုးအရအနေနှင့် ကူညီဆောင်ရွက်ပေးရန် တို့ဖြစ်သည်။အထက်ပါ တောင်းဆိုချက်များကို မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က တိုင်းရင်းသားများကိုယ်စား ဂျပန်အစိုးရ လွှတ်တော်ကို တောင်းဆိုသွားခြင်း ဖြစ်သည်။ဥက္ကဌ နိုင်ထောမွန်အနေနဲ့ မွန်သမိုင်းအကြောင်းအတိုချုပ်၊ မွန်ပြည်သူတို့ရဲ့ လက်ရှိအခြေ အနေ၊ မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲနှင့် ပတ်သက်ပြီး မပြီးမြောက်သေးသော နိုင်ငံရေးပြဿနာများကို စာနှင့်ရေးသားပြီး လွှတ်တော်အမတ်တွေကို ပေးခဲ့ကြောင်း ပြောသည်။ဂျပန်အခြေစိုက် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN ( Association United Nationalities in Japan) တို့ကလည်း ဥက္ကဌ နိုင်ထောမွန်နှင့်အတူ ဂျပန်ပါလီမန် လက် အောက်ရှိ မြန်မာဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော အထွေထွေ အတွင်းရင်းမှူး၊ LDP ( liberty Democracy of Party ) မှ လွှတ်တော်အမတ် Mister Naka Gawa၊ Deputy general of Japan’s Asia and Pceania Bureau နှင့် NGOs အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု နိုင်ထောမွန်က ပြောသည်။ဂျပန်ရောက် မြန်မာတိုင်းရင်သားများဖြစ်သည့် ကချင်၊ ချင်း၊ ကရင်၊ ရှမ်း၊ မွန်၊ ပအို့၊ ပလောင်း၊ ရခိုင် နှင့် နာဂ တိုင်းရင်းသားပေါင်းစုံ စုစည်းပြီး AUN အဖွဲ့ကို ဖွဲ့စည်းထားသည်။နိုင်ထောမွန်၏အဆိုအရ “ ဂျပန်မှာရောက်နေတဲ့ မွန်အပါအဝင် တိုင်းရင်သား အဖွဲ့အစည်း နဲ့ ဂျပန်လွှတ်တော်ရဲ့ ဖိတ်ကြားချက်အရ ဂျပန်ကိုသွားတာ” ဟု ပြောသည်။ လွှတ်တော် အမတ် Mister Naka Gawa က ဥက္ကဌ ရဲ့ခရီးစဉ် ဖြစ်မြောက်ရေးအတွက် လိုက်လံ ဆောင်ရွက်ပေးသူဖြစ်သည်။နိုင်ထောမွန်သည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့သည် ၆၂ ကြိမ်မြောက် ပြည်ထောင်စုနေ့နှင့် မွန်အမျိုးသားနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ၌ တက်ရောက်ခဲ့သည်။်

No comments: