Thursday, March 12, 2009

ဗိုလ်ချုပ်မြသားငယ် ဗိုလ်ထိန်မောင်နှင့် ပူးပေါင်း

Wednesday, March 11, 2009
ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ကေအဲန်ယူခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားငယ် မောင်တေးလေး(ခေါ်) ဗိုလ်ကြီး စောနေစိုးမြသည် ထော့ကိုကိုးအခြေချ ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်ထိန်မောင်အဖွဲ့နှင့် သွားရောက် ပူးပေါင်းသွားသည်ဟု သိရှိရသည်။ထိုသို့ သွားရောက်ပူးပေါင်းသွားသည့်အပေါ် ကေအဲန်ယူအသိုင်းအ၀ိုင်းက ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသည်။ ၄င်းသည် ဗိုလ်ချုပ်ထိန်မောင်၏ တူအရင်းတော်စပ်သူတဦးဖြစ်သည်။ဗိုလ်ကြီးစောနေစိုးမြသည် ဒီဇင်ဘာလ ၁၂ရက်နေ့က ကေအဲန်ယူဗဟို ခွင့်ပြုချက် တစုံတရာမရပဲ နေပြည်တော်သို့သွားရောက်ကာ နအဖနှင့် တွေ့ဆုံခဲ့ပြီး ထိုသို့ တရားမ၀င်တွေ့ဆုံခဲ့သည့်အတွက် ကေအဲန်ယူက ၄င်းအား ထုတ်ပယ်ခဲ့ရ သည့်သူတဦးလည်း ဖြစ်သည်။တော်လှန်ရေးကို သက်ဆုံးတိုင်ဦးစီးဆောင်ရွက်ခဲ့သည့် ဗိုလ်ချုပ်ကြီးစောဘိုမြ မျိုးရိုးတွင် ပထမဦးဆုံး ရန်သူ့ထံ ဒူးထောက်အညံ့ခံ သွားခဲ့သူတဦးဖြစ်ပြီး ဖခင် လက်နှင့်ရေးသည့် တော်လှန်ရေးသမိုင်းကို ခြေနှင့်ဖျက်သည့် သားဆိုး တဦးအဖြစ် ကရင့်သမိုင်း မျက်နှာစာတွင် မှတ်တမ်းတင်ရမည် ဖြစ်သည်။
ကျော်အဲခေါင်သောင့်

No comments: