Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်ကိုမတရားထိန်းသိမ်းထားပြီးတော့တရားစွဲဆိုထားတဲ့အပေါ်ဂျပန်အစိုးရနဲ့အတူနိုင်ငံတကာကနေမျက်ကွယ်မပြုဘဲနဲ့တရားနည်းလမ်းကျဆောင်ရွက်ရန်ဆန္ဒပြခြင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မတရားထိန်းသိမ်းထားမှုမှ မလွတ်မြောက်မချင်း နည်းမျိုးစုံနှင့် ဆက်လက် တိုက်ပွဲဝင်သွားမည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ အင်အား ၅၀၀ ခန့်က ယနေ့ညနေပိုင်းတွင် ROPPONGI ဘူတာအနီးရMIGAWADAပန်းခြံမှစ၍အဆောက်အဦးများရှေ့၊
လူစီကားသောအစိုးရရုံးများရှေ့၊ နိုင်ငံခြားရေးရုံးသို့ လမ်းလျှောက်ချီတက်ကာ Hibiya ပန်းခြံတွင်
ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ကြသည်။ ဆန္ဒပြတာက ၁၉၉၀ ရွေးကောက်ပွဲ ၁၉ နှစ်မြောက် အထိမ်းအမှတ် ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ထိန်းသိမ်းထားပြီးတော့ တရားစွဲဆိုထားတဲ့အပေါ် ဂျပန်အစိုးရနဲ့အတူ နိုင်ငံတကာကနေ မျက်ကွယ်မပြုဘဲနဲ့ တရားနည်းလမ်းကျ ဆောင်ရွက်ပေးဖို့ ဂျပန်အစိုးရကို တောင်းဆို ဆန္ဒပြခြင်း ဖြစ်ပါသည်၊၊ ဆန္ဒပြသူများက ၁၉၉၀ ရွေးကောက်ပွဲအား အကောင်အထည်ဖော်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ဂျပန်အစိုးရက မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကို တိုက်တွန်းပြီး အကောင်အထည်ဖော်ပေးရန် ကြွေးကြော်သံတိုင်ကာ ဆန္ဒပြကြခြင်း ဖြစ်သည်။ဂျပန်ရောက် မြန်မာများ၏ ဆန္ဒပြပွဲကို အန်အယ်ဒီ (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ၊ဂျပန်နိုင်ငံရှိဒီမိုကရေစီအရေးနှင့်တိုင်းရင်းသားအရေးလုပ်ရှားနေသော
တိုင်းရင်းသားများ၊ မြန်မာ့ရေးရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာအဖွဲ့၊ ဂျပန်ဘုန်းတော်ကြီးများအဖွဲ့၊ မြန်မာလွှတ်တော် အမတ်များ သမဂ္ဂနှင့် အလုပ်သမားသမဂ္ဂများက စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

No comments: