Tuesday, August 25, 2009

စီအိုင်အေ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းက ညှင်းပမ်းနှိပ်စက်ပုံများ ထုတ်ပြန်မည်

လတ်တလောနှစ်တွေအတွင်း အမေရိကန်ထောက်လှမ်းရေးရဲ့  လျှိ့ဝှက် အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ ညှင်းပမ်း နှိပ်စက်ခံရတာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်သစ်တွေကို CIA ထောက်လှမ်းရေးဌာနက ထုတ်ပြန်ဖို့ ရှိနေပါတယ်။

တနင်္လာနေ့မှာ CIA အကြီးအကဲ လူသိရှင်ကြားထုတ်ပြန်မယ့် အစီရင်ခံစာထဲမှာ အကျဉ်းသားတွေကို ရေနစ်နေတဲ့ ခံစားမှုမျိုး ဖြစ်အောင်လုပ်တာ၊ ကွပ်မျက်မယ်ဆိုတာမျိုး ဟန်ပြလုပ်တာ စတဲ့ အကြီးအကျယ် ဝေဖန်ခံနေရတဲ့ နည်းတွေကို သုံးထားတယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို ၂၀၀၄ခုနှစ်ထဲက အပြီးသတ်ခဲ့ပေမဲ့ အခုချိန်ထိ လျှို့ဝှက်ထားတာဖြစ်ပါတယ်။ CIA အရာရှိတွေဟာ အကျဉ်းသား တယောက်ကို သေနတ်နဲ့ ဟန်ပြ ပြစ်ခတ်လိုက်ပြီး နောက်တခေါက်ဆိုရင် သူ့အလှည့်ပဲလို့ နောက်အကျဉ်းသား အထင်ရောက်အောင် လုပ်ခဲ့တာမျိုးတွေကို အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

သက္ကရာဇ် ၂၀၀၀တုန်းက Yemen မှာအမေရိကန် စစ်သင်္ဘော USS Cole ကိုဗုံးခွဲသူလို့ မသင်္ကာတဲ့ Al Qaeda တပ်မှူးကြီး Abdal Rahim Al Nashiri အပေါ် CIA ထောက်လှမ်းရေးတွေက သေနတ်၊ လျှပ်စစ် လွန်ပူတွေသုံးပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးလဲ အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။

No comments: