Thursday, September 10, 2009

ရန်ပုံငွေအတွက် ဆမုဆာခွန် (မဟာချိုင်းမြို့) လူဝင်မှုကြီးကြပ်ရေးဌာန မြန်မာဂီတ ရုံသွင်း

Wed 09 Sep 2009, IMNA, မွန်ဂျစ်
ထိုင်းနိုင်ငံမဟာချိုင်းမြို့ရှိ ထိုင်းလူဝင်မှုကြီးကြပ်ရေး (တော်မော်)နှင့် မဟာ ချိုင်းမြို့ရှိ မြန်မာနိုင်ငံသား လူပွဲစားတို့ ပူးပေါင်းပြီး ရန်ပုံငွေအတွက် မြန်မာ ဂီတ ရုံသွင်း ပြသမည်ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဖွဲ့ နှင့် နီးစပ် သူတစ်ဦးက ဆိုပါသည်။

လူဝင်မှုကြီးကြပ်ရေးရုံး ပြုပြင်ရန် ရံပုံငွေဆိုပြီး မဟာချိုင်းမြို့ ထိုင်းလူဝင် မှုကြီးကြပ်ရေးက ဂီတစတိတ်ရှိုး ရုံသွင်းခြင်းဖြစ်သည်ဟု ၄င်းကဆက် ပြော ပါသည်၊၊

လူဝင်မှုကြီးကြပ်ရေးရုံးမှ ထိုင်းအရာရှိတို့သည် မြန်မာနိုင်ငံအလုပ်သမား အများရှိသည့် အလုပ်ရုံနှင့် တိုက်ခန်းနေရာသို့ လူလွှတ်ပြီး ဂီတပွဲအတွက် အထူးရိုက်ထုတ်ထားသည့် အင်္ကျီများကို လိုက်လံရောင်းချခိုင်းနေသည်ဟု သိရပါသည်၊၊

၎င်းတို့သည် မြန်မာအဆိုတော် နာမည်ဖြင့် ရှပ်အင်္ကျီရိုက်ထုတ်ပြီး တစ် ထည်လျှင် ဘတ် ၁၅၀ နှုန်းဖြင့် မဟာချိုင်းမြို့ရှိ မြန်မာနိုင်ငံမှ အလုပ်သမား များကို လိုက်လံရောင်းချပေးနေကြောင်း နိုင်မွန်အမည်ရှိ အလုပ်သမား တစ်ဦးက ပြောပါသည်၊၊

“လူကြားကောင်းအောင်လို့ အရင်တုန်းကလည်း ရုံးပြင်ဖို့ ရံပုံငွေဆိုပြီး မွန် ဇာတ်သဘင်ပွဲ မွန်ချစ်စိုး ဇာတ်ပွဲကို ရုံသွင်းဖူးတယ်၊ ကျနော့်အမြင်တော့ မဖြစ်နိုင်ဘူး၊ အဓိကလူက ပွဲစားတွေပဲ၊ သူတို့ လူဝင်မှုကြီးကြပ် ရေးနဲ့ ပေါင်းပြီး သူတို့ကိုယ်ကျိုးအတွက် ငွေပေါက်ရှာတာပဲ” ဟု မဟာချိုင်းမှ Labour Rights Promotion Network ရုံးမှ ဝန်ထမ်းတစ်ဦးက ပြော ပါသည်၊၊

ထိုင်းနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြင့်သည့်အတွက် ရုံးပြင်ဖို့အတွက် ပိုက်ဆံရှိ မှာပါ၊ ရန်ပုံငွေတွေကို ရှာစရာမလိုပါဘူး၊ သူတို့လုပ်နေပုံက ငွေဝင်ပေါက် ရှာစားနေသည် ဟု ၄င်းဝန်ထမ်းက ဆက်ပြောပါသည်၊၊

လူဝင်မှုကြီးကြပ်ရေးနှင့် နီးစပ်သူတစ်ဦးကလည်း ထိုင်းအရာရှိနှင့် ပွဲစားတို့ ပူးပေါင်းထားခြင်းဖြစ်ပြီး အထူးသဖြင့် မြန်မာပြည်မှ ဂီတအဖွဲ့ကို ငှားရမ်းဖို့ ပွဲစားတို့က တာဝန်ယူပြီး လုံခြုံရေးအပိုင်းမှာတော့ လူဝင်မှုကြီးကြပ်ရေးက တာဝန်ယူသည်ဟု ထိုသူကပြောပါသည်၊၊

လက်မှတ် တစ်စောင်ကို ဘတ်ငွေ (၃၅၀) နှုန်းဖြင့် ရောင်းချနေပြီး လာ မည့် စက်တင်ဘာ (၂၆) ရက်ညတွင် ပွဲစတင်မည်ဖြစ်သည်၊၊ (၂) ည ဆက် တိုက်ဖြင့် နာမည်ကျော် မြန်မာအဆိုတော် အာဇာနည်၊ ရေပက္ကာဝင်း၊ ဂျေ နီ၊ နော်နော်နှင့် အခြားအဆိုတော်တို့ ပါဝင်မည်ဟု ကြော်ငြာထားပါသည်၊၊

ဆမုဆာခွန်(မဟာချိုင်း)မှ အလုပ်သမားတစ်ဦးက “အခုက ပွဲတော်ချိန် လဲ မဟုတ်၊ ပြီးတော့ လက်မှတ်က အရမ်းဈေးကြီးတော့ သွားဖို့ စိတ်မထန် သက်ဘူး” ဟု ပြောပါသည်၊၊

ဖါးသည်သံ

လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ကိုးကားဖေါ်ပြသည်။

No comments: