Friday, November 6, 2009

ညီညွတ်မှုကို ဖွေရှာခြင်း

ညီညွတ်မှုကို ဖွေရှာခြင်း

ကွယ်ကလူ (တံပိုးသံ)
April 09 2009
ဒူးပလာယာခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ DKBA အထူးတပ်ရင်းမှ မော်တော်ထု ဟုအမည်ရသော ကျေးရွာသစ်ကို တည်ထောင်ရာတွင် ခရစ္စယာန် ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအပြင် သတ္တမတန်းအထိ သင်ကြားနိုင်သော စာသင်ကျောင်းဆောင်နှင့်တကွ ရုံးအဆောက်အဦးတခုတို့ကို ဆောက်လုပ်ပြီးနောက် အဆိုပါအဆောက်အဦးများဖွင့်လှစ်ပွဲကို February 28 2009 နေ့က အခန်းအနားများဖြင့် ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းမီဒီယာများ၌ DKBA နှင့် KNU တို့၏ ပြင်းထန်သောစစ်ပွဲများကို မကြာခဏ ကြားနေရပြီး DKBA ခေါင်းဆောင်အချို့၏ ကရင်လူထူအပေါ်နိုင်ထက်စီးနင်း ပြုမူပုံများကို နားမဆန့်အောင် ကြားသိနေရပါသည်။
သို့သာ် အမြင်ကျယ်သော DKBA ခေါင်းဆောင်အချို့သည် လူထုအကျိုးမျှော်ကိုး၍ စည်းလုံးညီညွတ်ရေး နည်းလမ်းများရှာဖွေလုပ်ဆောင်လျှက်ရှိကြောင်း သိရှိရပါသည်။
ထို မော်တော်ထုကျေးရွာ ဒေသတဝိုက် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းအတွက် DKBA ၏ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်အေ့ဝါး (ဗိုလ်အေဝမ်းဟု ထင်ပါသည်)
သည် လူငယ်တဦးပီပီ ကြိုးစားဆောင်ရွက်လျှက်ရှိကြောင်းနှင့် ၎င်းက
ကျုပ်က ညီညွတ်မှုကိုလိုလားတဲ့သူတယောက်ဖြစ်တယ် ကျုပ်တို့ DKBA ဟာ လူထုအကျိုးကို လိုလားတဲ့ အဖွဲ့အစည်းဖြစ်တော့ကာ ညီညွတ်မှုအတွက် အတတ်နိုင်ဆုံး အကောင်အထည်ဖေါ် လုပ်ဆောင်ရပါမယ်၊ကျုပ် အလိုလားဆုံး အရာကတော့ ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေးပဲဖြစ်ပါတယ် ဟုပြောဆိုပါသည်။

အဆိုပါမော်တော်ထုကျေးရွာတွင် ခရစ္စယာန်အိမ်ထောင်စု ၃ စု၊ ဗုဒ္ဓဘာသာအိမ် ထောင်စု ၁၁စုရှိပြီး၊ အနီးပါတ်ဝန်းကျင်ရွာများမှာ လေးဝါ့ဖလိုး၊ကျိုးကြော၊ဖေါနဲမူး ပဒဲကလော် နှင့် ဂူပူးတို့ဖြစ်သည်။
ဖေါ်ပြပါအဆောက်အဦးဖွင့်ပွဲတွင် ပထမရက်၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီး ကျောင်း၊ စာသင်ကျောင်းနှင့် ထမင်းစားဆောင်များကို ဖွင့်လှစ်ပြီး၊ ဒုတိယ ရက်တွင်မူ ခရစ္စယာန်ဘုရားရှစ်ခိုးကျောင်းနှင့် ရုံးအဆောက်အဦးတို့ကို ဖွင့်လှစ်ကြောင်းသိရှိရပါသည်၊
ထို့အပြင် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများနှင့်အတူ ဂီတအနုပညာရှင် ၁၂ဦးတို့မှ စကောကရင်(ရှောင်)သီချင်း၊ပိုးကရင်(ဖလုံ)သီချင်း တို့ဖြင့်သီဆိုဖျော်ဖြေသွားကြရာ အခန်းအနားသို့ လူထု ၈၀၀ ကျော်တက်ရောက်လာကြကြောင်း သတင်းရရှိပါသည်။
(ကွယ်ကလူစာစောင်တွင်ရေးသားထားသည့် သတင်းကို စကောကရင်ဘာသာမှ ဆီလျှော်အောင်ရေး သားတင်ပြလိုက်ပါသည်။

မင်းစိုးစံ(အဝေးရာက် ကရင်ဒုက္ခသည်တဦး)

သတင်းဓါတ်ပုံ ကွယ်ကလူမှကူးယူဖေါ်ပြပါသည်။

ကရင်နှစ်သစ်ကူးခါနီးအားလုံးညီညွှတ်ရေးသို့ ရည်သန်လျှက်

No comments: