Tuesday, August 11, 2009

ဆစ်ဒနီမှ(၅၉)ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားဓါတ်ပုံသတင်း

ဆစ်ဒနီမြို့၌ ကရင့်အာဇာနည်နေ့ကျင်းပပြီးစီး
သြဂုတ် ၈၊ ၂၀၀၉
စောကျော်ခွိ(ကေအိုင်စီ)

(၅၉)ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ကို သြစတြေးလျားနိုင်ငံရောက် မျိုးချစ်ကရင် များက ယနေ့ သြဂုတ်လ (၈)ရက်နေ့တွင် ဆစ်ဒနီမြို့၊ ရနိုးရာရပ်ကွက်၌ ကျင်းပပြီးစီးခဲ့ကြ သည်။


ကရင်အာဇာနည်နေ့ကို ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည့် သြဂုတ်လ (၁၂)ရက်နေ့တွင် သတ်မှတ်ထားခဲ့ကြသော်လည်း သြစတြေးလျားနိုင်ငံရောက် ကရင်တိုင်းရင်း သားများက ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက်ကို ရွေးချယ်ပြီး သြဂုတ်လ(၈) ရက်နေ့၌ ကြိုတင်ကျင်းပ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အခမ်းအနားဖြစ်မြောက်ရေးတာဝန်ခံ (မန်းအော်လန်းဒို ) က ပြောသည်။


မန်းအော်လန်းဒို။ ။“ကျနော်တို့ အခု ရုံးပိတ်ရက်လဲဖြစ်၊ ကျောင်းပိတ်ရက် နဲ အလုပ်ရုံတွေပိတ်ရက်ဆိုတော့ ပြီးတော့လဲ (၂၁)နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည် နေ့ နဲ့ လဲ တိုက်ဆိုင်မှူရှိတော့ ထူးခြားမှူလဲရှိ ရင်းနှီးတဲ့တော်လှန်ရေးအသိအမှတ်ပြုကြတဲ့နေ့ လဲဖြစ်သွားတာပေါ့်”ဟု ရှင်းလင်းပြောဆိုသည်။

ထိုအခမ်းအနားတွင် ကရင့်အမျိုးသားတော်လှန်ရေးအ တွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ အသက်ပေးလှူသွားခဲ့သည့် ကရင်အာဇာနည်များကို လွမ်း ဆွတ်တမ်းတခြင်းအားဖြင့် လွမ်းသူ့ပန်းခွေချသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြရာ တက်ရောက် လာသည့် မဟာမိတ်အဖွဲ့များ၊ ကရင်မျိုးချစ်များ အပါအဝင် စုစုပေါင်း လူထုပရိသတ် (၁၂၀) ကျော်က ကျဆုံးသွားခဲ့သော ကရင့်အာဇာနည်ကြီးများအား ဂါရဝထား အလေးပြုခဲ့ကြသည်။



ဓါတ်ပုံ-စောကျော်ခွိ(ကေအိုင်စီ)

No comments: