Wednesday, February 17, 2010

ဦးသုဇန ရောဂါ ရိုးသားမှု့ရှိရဲ့လား?

Written by Admin
Tuesday, 16 February 2010 08:19
ဆရာတော်ဦးသုဇန ဆေးရုံ တက်ရတယ်လို့ သတင်းကြားတော့ ကျွန်တော် စိတ်ထဲမှာ မတင်မကျ တစ်ခုဖြစ်သွားခဲ့တယ်။

ဒီကေဘီအေမှာ အသက် ၆ဝ ကျော်တဲ့ လူတွေအကုန်လုံးကို ပင်စင်ပေးပြီး နအဖ က အနားပေးဖို့ တောင်းဆိုလာတဲ့အခါ

မှာ ဆရာတော် ဦးသုဇနကလည်း ပြန်လည်ပြီး နအဖ စစ်တပ်ထဲမှာ အသက် ၆၀ ကျော်တဲ့သူတွေ အကုန် ပင်စင်ပေးခဲ့ရင်

သူဦးဆောင်တဲ့ ဒီကေဘီအေ ထဲက အသက် ၆ဝ ကျော်တဲ့သူတွေ အကုန်လုံး လက်နက်ဖြုတ်ပြီး အနားယူ ခိုင်းမယ်လို့

ပြန်လည် ပြောကြားခဲ့ပါတယ်။ ဒါကို နအဖ က လုံးဝ ဘဝင်မကျ ခဲ့ပါဘူး။ သူတို့လုပ်ခြင်တိုင်းလုပ်မရသေးဘူးဆိုတာ ကို

သိသွားခဲ့တယ် ဒါကြောင့် အခုလို ဆရာတော်ရဲ့ ကျန်းမာရေး အခြေအနေက ရိုးသားမှု့ရှိရဲ့လားဆိုတာ ကို ကျွန်တော်

သံသယ ဝင်ခဲ့ပါတယ်။ နောင်တစ်ချိန် ဦးသုဇန မရှိတဲ့ အချိန်မှာ စည်းစိမ်တွေနဲ့ မိန်းမောနေတဲ့ ကရင်လူမျိုးများရဲ့ အကျိုးစီးပွား

ကို မကြည့်တတ်တဲ့ ဒီကေဘီအေ အရာရှိအချို့ကို နအဖ ကောင်းကောင်းကြိုးကိုင်လို့ရတယ်ဆိုတာကို သိနေပုံရှိတယ်။ ဥပမာ - ချစ်သူလိုငတုန်းမျိုးပေါ့

တချိန်က နိုင်ငံခြားမှာ သွားပြီး နိုင်ငံရေး ခိုလုံနေတဲ့ ကရင် အမျိုးသား တစ်ယောက်ကို အဆိတ်ခတ်ခဲ့တာ သာဓကရှိခဲ့ဖူးပါတယ်။ နအဖ

ခတ်တဲ့ အဆိတ်ဟာ ချက်ခြင်းမသေဘဲ ၄ လ၊ ၅ လ လောက်နေမှ ဆုံးပါးသွားခဲ့ပါတယ်။ ဒါကြောင့် ဆရာတော်ရဲ့ ကျန်းမာရေး

အခြေအနေဟာ ရိုးသားမှု့ရှိရဲ့လားဆိုတာ နီးစပ်သူများ ဆရာဝန်များနှင့် ညှိနှိုင်း စစ်ဆေး သင့်ပါစေလိုပါတယ်။ နောက်တစ်ခုက

ဆရာတော်ဦးသုဇနကို ဘာကြောင့် နအဖ အနေနှင့် မြန်မာနိုင်ငံ မှ ခေတ်မှီ ဆေးရုံတွေမှာ မကုစေဘဲ ဘာကြောင့် ထိုင်းနိုင်ငံမှာ

ကုခိုင်းပါသလဲ။ စဉ်းစားစရာတွေရှိတယ်လို့ ကျွန်တော်အမြင်ကို ဖော်ပြအပ်ပါတယ်။

1 comment:

Win said...

စောက်ရူး မင်းတို့ဦးနောက်လေး သေးသေးလေးနဲ့ နအဖ နှင့် ဒီကေဘီအေ ဆက်ဆံရေးပျက်အောင် အကြီးအကြယ်ကြိုးစား လိုက်တာလါး ပညာတတ်အောင်အရင်သင်ပါအုန်း ကရင်ငတုံးတွေရယ် တောင်ပြောမြောက်ပြော အရူးကွက်တွေနှင့် အနှစ်၅၀ လောက်မင်းတို့ KNU ရဲ့အ၇ည်အချင်းကလဲ ဘာမှဖြစ်မလာပါလား