Friday, March 26, 2010

စောဘဦးကြီးရဲ့မူလေးချက်ကဗျာ

ကရင်တို့ရဲ့ဖခင်ဟာ

စောဘဦးကြီးပါ

နောင်လာနောင်သား မြေးမြစ်များ

မူလေးချက်ကို အမွေထား

တရားမျှတ ကရင်ပြည်

မုချ ပြည့်ရမည်

အညံ့ခံသည့် ဆိုစကား

ဒို့များအလျဉ်း မပြောကြား


ကရင်ကိုင်တဲ့ လက်နက်ဟာ

ကရင့်လက်ထဲမှာ

ကိုယ့်ကံကြမ္မာ တိုးတက်ရေး

ကိုယ့်ခွန်အားဖြင့် ဖန်တီးပေး

ဘဦးကြီးရဲ့ ထိုအမွေ

စွဲမြဲပါစို့လေ

ဒို့ကျောင်းသားတွေ လက်ကိုင်စွဲ

ထိန်းသိမ်းစောင့်ရှောက်စဉ်အမြဲ။

No comments: