Friday, April 9, 2010

သိသင့်တယ်ထင်တယ်

သိသင့်တယ်ထင်တယ်


စောခင်စိုးက ဟိုကောင်တင်ဦးတို့အသေဆိုးနဲ့သေတဲ့နစ် ၂၀၀၀လို့ထင်တာဘဲ။ ဒီတုန်းက,သူကဗိုလ်မူးကြီး။ ဟိုငနာတွေရဲ့အလောင်းကိုရအောင် ရေငုတ်သားတွေနဲ့တန်းတူတက်တက်ကြွကြွရှာတဲ့သူပေါ့။ ရိုးသားတယ်လို့တော့နာမည်ကြီးတယ်။
ဒါကလည်း ဘားအံမှာတာဝန်ကျခဲ့ဘူးတဲ့ ကရင်တရားရေးဝန်ထမ်းတယောက်ဆီကကြားတာပါ။ တကယ်တော့ နိုင်ငံရေးမှာ ဒီလိုရိုးဂုဏ်နဲ့လူတွေနလုံးကိုဆွဲယူနိုင်တဲ့လူတွေ လမ်းလွဲပြီဆိုရင်တော့ သိပ်ကြောက်စရာကောင်းတာ။

ဖားအံသားလေး ဗိုလ်မှူးကြီးခင်စိုးအကြောင်း သိလောက်ပြောရရင်တော့ ကရင်ပြည်နယ်ဥက္ကဌအနေနဲ့ တာဝန် ကြာကြာ တာဝန်ထမ်းဆောင်ခဲ့ရတာမဟုတ်ပါဘူး။ ဗမာစစ်တပ်ရဲ့ နည်းဗျူဟာဖြစ်တဲ့ တိုင်းရင်းသားတွေကို ရာ ထူးမြင့်မြင့်မတက်နိုင်အောင် ဖြုတ်ချခံရတာဖြစ်ပါတယ်။

ဗိုလ်မှူးကြီးအဆင့်ကနေ ဘယ်လောက်တော်တော် တက်ခွင့်မရအာင် ပိတ်ပင်လိုက်တာပါပဲ။ နောက်ပြီး ရှိတဲ့ ရာထူးကိုတောင် အပြစ်အမျိုးမျိုးရှာပြီး တခြားရာထူးမြင့်ကရင်တွေနည်းတူ ဖြုတ်ချခံရတာဖြစ်ပါတယ်။ သူတို့အကြောင်းပြချက်ကတော့ ဒီကေဘီအေနဲ့ စီးပွားရေး လုပ်တဲ့ကိစ္စတခုပါပဲ။ ဘာမှမဟုတ်တဲ့ ဖားအံ ဖားမဲ တောင်နားက ဓါတ်ဆီဆိုင်ကိစ္စလေးပါ။

တကယ်တော့ ဗမာစစ်တပ်ဟာ ကရင်ပြည်နယ်ဥက္ကဌတာဝန်ယူထားသူတဦးက သူနဲ့ အမျိုးတူတဲ့ ဒီကေဘီအေ နဲ့ နီးနီးကပ်ကပ်ပူးပူးတွဲတွဲ ပေါင်းတာကို နှစ်ခြိုက်နေတာမဟုတ်သလို တစုံတရာစိုးရိမ်မှုတွေ ဖြစ်နေတာပါ။ ဗိုလ်မှူးကြီးခင်ကြူးကတော့ အညာသား ဗမာလူရိုင်းပါ။ စကားပြောရင် ဖင်နဲ့ ခေါင်းနဲ့ မပါပဲ မဆဲရရင် စကားမ ပြောတတ်တဲ့လူပါ။ ဗမာစစ်ဗိုလ်ပီသပါတယ်။

သူပြုတ်သွားရတဲ့ အကြောင်းကလည်း ဖားအံ အစိုးရရုံးနားမှာ ရေကူးကန်ကူးတဲ့ ကိစ္စလို့တော့ ပြောကြတာပါပဲ။ အများသုံးသပ်တာကြတော့ ကရင်ပြည်နယ်မှာ တာဝန်ကျပြီး လူထုအကျိုးထက်ကိုယ်ကျိုး တစုံတရာပြည့်စုံလာ ပြီဆိုရင် တခြားဗမာဗိုလ်တယောက်ကို အစားထိုးပြီး ဆက်ပြီး ကိုယ်ကျိုးအတွက် အစားထိုးလိုက်တာပါပဲ။ ခင်ကြူးတာဝန်ကျတဲ့ အတောအတွင်း တော်တော်လေး ချမ်းသာသွားပါတယ်။

နောက်တခုက ဒီကေဘီအေနဲ့ ပြဿနာနည်းနည်းရှိပါတယ်။ ဖားအံ ကရင်ပြည်နယ်ပွဲ လက်ဝှေ့ရုံ မှာသွားအား ပေးကြည့်နေတုန်းလက်ဝှေ့သမားကို ကူညီအားပေးနေတဲ့ စင်ဘေးနားမှာရပ်နေသူကို ဘာမပြောညာမပြောပဲ ထပြီးနံရိုးကို ထိုးကာ မင်းကွယ်နေလို့ ငါဘာမှမမြင်ရဘူးလို့ ဗမာစစ်ဗိုလ်ပီပီသောင်းကျန်းပါတယ်။

ဖြစ်ချင်တော့ ထိုးခံထိတဲ့လူက အရပ်ဝတ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်လေးပါ။ အဲဒီချိန်မှာ ဒီကေဘီအေလေးက သူ့အိတ်ထဲက လက်ပစ်ဗုံးထုတ်ပြီး ပစ်ခွဲမယ့်အထိ အခြေအနေဖြစ်လာခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်ကို တခြားဒီကေဘီအေ ခေါင်းဆောင်များနဲ့ အများကိုးကွယ်တဲ့ဘုန်းကြီးတွေအချို့ ၀ိုင်းဝန်းဖြန် ဖြေလိုက်လို့သာ အဆိုးဆုံးအခြေအနေထိကို မရောက်ရခြင်းဖြစ်ပါတယ်။

c-box ခုတည်းက အမှတ်တမဲ့ ကူးယူထားခဲ့တာလေးကို ပြန်တင်ပေးထားတာဖြစ်ပါတယ်၊ ဘယ်သူ့ blog ထဲ ကလည်းဆိုတာ မမှတ်မိတော့တာအမှန်ပါ။ အကယ်၍ မိမိတို့ blog ကဖြစ်ပါတယ်ဆိုရင် ချက်ခြင်းအကြောင်း ကြားစေလိုပါတယ်။ blog ပိုင်ရှင်ကိုဖေါ်ပြပေးချင်လို့ပါ။
စာလုံးပေါင်းနည်းနည်းပြင်လိုက်တာကလွဲလို့ စာရေးသူရဲ့ အာဘော်အတိုင်းပြန်လည်တင်ပြလိုက်ပါတယ်။


လေးစားစွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

No comments: