Saturday, June 19, 2010

ကရင်ကိုချစ်တယ်ဆိုတာ





ကရင်ကိုချစ်တယ်ဆိုတာ
လယ်ဘာ ကယ်ခို ကရင်ဖြူ
ပိုး စကော ပရက် ပကူ
ယင်းတလဲ ဘွဲကရင်
ယင်းဘော် ကရင်နက်
အစရှိတဲ့ မျိုးနွယ်စုဝင်
အားလုံးချစ်ပါမှ
ကရင်ကိုချစ်တယ်လို့ဆိုနိုင်မယ်

ကရင်ကိုချစ်တယ်ဆိုတာ
ခရစ်ယာန် ဗုဒ္ဒ လဲကယ်
တာါဘခုန်း မလာကူ
အစရှိတဲ့ကရင်တွေ ကိုးကွယ်တဲ့ဘာသာ
အလုံးစုံကိုချစ်ပါမှ
ကရင်ကိုချစ်တယ်လို့ဆိုနိုင်မယ်


က၇င်ကိုချစ်တယ်ဆိုတာ
မျိုးနွယ်စုလေးတစုနဲ့
ဘာသာခြားလေးတစ်ခုကို
မင်းချစ်ယုံနဲ့
ကရင်ကိုချစ်တယ်လို့မဆိုနိုင်
မင်းကိုအစွန်းရောက်ကရင်လို့ခေါ်မယ်...။

အမုန်း ပင်လယ်ပျော်


ချစ်သောသံလွင် ဘလော့မှ ကူးယူသည်။

No comments: