Tuesday, August 24, 2010

ဒီကေဘီအေမှ ပြန်လည်ပေါင်းစည်းမှုသတင်း နှင့် လူမဆန်မှုသတင်း

/ 8/23/2010 04:19:00 PM /
သထုံခရိုင်၊ တပ်မဟာ(၁)။

- ဒီကေဘီအေ ၉၉၉ တပ်ရင်း(၂)မှ တပ်သား ရွှေထီး သည် ၆၀ မမ တစ်လက်၊ ဗုံးသီး လေးလုံးနှင့်အတူ KNLA တပ်မဟာ(၁) လက်အောက်ခံတပ်များသို့ ၁၉၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင်လည်းကောင်း၊ DKBA ၉၉၉ မှ တပ်စုမှူး စောသန်းစိုး၊ တပ်သား စောအောင်ကိုလတ်၊ စောကိုကို၊ စောဖြူကျော် တို့ သည် AK47 (၄ လက်)၊ ကျည်ကပ် ၆ ချပ်၊ ကျည်တောင့် ၅၄ တောင့်၊ ကာဘိုင်တစ်လက်၊ ကျည်ကပ်တချပ်၊ ကျည်တောင့် ၁၆ တောင့်၊ M 16 တစ်လက်၊ ကျည်ကပ် နှစ်ချပ်၊ ကျည်တောင့် ၅၀၊ စကားပြောစက် YAESU တစ်လုံး၊ ကျောပိုးအိတ် လေးလုံး၊ အီကွင့်မက် နှစ်စုံ နှင့်အတူ ၂၁၊ ၀၈၊ ၂၀၁၀ ရက်နေ့ တွင် လည်းကောင်း၊ အသီးသီး လက်နက်ချ ၀င်ရောက်လာကြောင်း သတင်းရရှိပါသည်။
- ဘီးလင်းမြို့နယ်၊ DKBA (333)မှ ဒါးဝင်းသည် ၁၅၀၈၂၀၁၀ နေ့တွင်မယ်ပရိခီး၊ကစယ်ဖိုး၊ညာဆူထာ၊ဇီးကုန်း၊ ပဒတ်ဒေါ၊ဘောဝေါထာ၊ဝေါလေ ရွာများကို အိမ်ထောင်စုစာရင်းတောင်းယူပြီး ထိုရွာများရှိတစ်အိမ်လျှင် ဝါးရိုင်း ၂၀ချောင်းစီ အတင်းအဓမ္မတောင်းယူခဲ့သည်။

ဖာပွန်ခရိုင်၊ တပ်မဟာ(၅)။

- DKBA ကဆောဝါးတပ်ရင်းနှင့်နအဖမှ (၄)ဦးတို့သည်ဖောထီးခူတွင်တွေ့ဆုံကြပြီးထိုတပ်ရင်းလူဦးရေ အရေ အတွက်ကိုကောက်ယူပြီး နယ်ခြားစောင့်တပ်ဖွဲ့ပြီးလျှင် လစာများပေးရန်အတွက် ဓာတ်ပုံများရိုက်ယူကြောင်း သိရှိရသည်။
- ၁၅.၀၈.၂၀၁၀ နေ့တွင် ကတဲထိစကခမှူးသည်ကျေးရွာလူကြီးများအားစစ်စာရင်းနှင့် လယ်မြေပိုင်ဆိုင်မှုဧက အပြင်ပိုင်ဆိုင်သူ၏အမည်နာမ များကိုကောက်ယူခဲ့သည်။
- ၁၂.၀၈.၂၀၁၀နေ့၊ နအဖတပ်သည် ခေါတော်ပူတွင်ဝင်ရောက်တပ်စွဲပြီး ထိုဒေသတွင်လှုပ်ရှားသောDKBA၏အ လံကိုဖြုတ်ချပြီး သူတို့၏အလံကိုတင်ထားကြောင်းသတင်းရရှိသည်။
- ၁၁.၀၈.၂၀၁၀နေ့၊ ကုန်းဆက်တွင်ရှိသော DKBAကဆောဝါးတပ်သည် ခေါတော်ပူ သို့အကုန်ပြန်ဆင်းသွား ကြောင်းသိရပြီး ဘာကြောင့်ပြန်ဆင်းကြောင်းမသိရသေးပေ။

ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)။

- ၁၅.၀၈.၂၀၁၀နေ့၊ခလရ(၂၈၃)စစ်ကြောင်းမှူး(၂)သက်မြင့်နိုင်သည်DKBAနယ်ခြားစောင့်တပ်ဖွဲ့ပွဲအခမ်းအနားကိုကျင်းပရန် အတွက် ကျူးကွဲအုပ်စုမှ ရွာများကိုတာဝန်ယူခိုင်းတဲ့အပြင် သစ်များကိုလည်းအလုံအလောက် တောင်းဆိုခဲ့သည်။ ထို့အပြင်ဖာသေအုပ်စုပ်မှရွာများကိုလည်းဝါးအလုံအလောက်တောင်းဆိုပြီး တစ်အိမ်၁ ယောက်နှုန်းဖြင့် သွားရောက်လုပ်ကိုင်ခိုင်းခဲ့ကြောင်းသိရှိရသည်။
nts: (0)

No comments: