Thursday, August 19, 2010

DKBA တပ်သားများ ကေအဲန်ယူထံသို့ တဖွဲ့ ဖွဲ့ ကူးပြောင်းလာ

August 18, 2010


ကေအဲန်ယူ တပ်မဟာ(၇) လက်အောက်ခံတပ်များ သို့ ခုရက်ပိုင်း ဒီကေဘီအေ တပ်များ တဖွဲ့ ဖွဲ့ ပြန်လည် ကူးပြောင်းလာကြောင်း စုံစမ်းသိရှိရပါသည်။

KNLA တပ်မဟာ(၇)လက်အောက်ခံသို့ ပြန်ဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များမှာ

(၁) ၉၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၅၅၅ မှ တပ်သား ကျော်သီဟ
(၂) ၁၀၊ ၈၊ ၂၀၁၀ ဒီကေဘိအေ ၉၉၉ အထူးတပ်ရင်းမှ တပ်သား အောင်အောင်
(၃) ၁၁၊ ၈၊ ၂၀၁၀ တပ်သား အယ်ထီး
(၄) ၁၂၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ လက်အောက်ခံ တပ်ရင်း(၅)မှ တပ်သား မာယော်
(၅) ၁၃၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ လက်အောက်ခံ တပ်ရင်း(၅)မှ တပ်သား အယ်စေး
(၆) ၁၄၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ အထူးတပ်ရင်းမှ တပ်စုမှူး အေးလှိုင် (ကာဘိုင်တလက်၊ ကျည်ကပ်(၂)ချပ်၊ ကျည့်တောင့်(၄၀)
(၇) ၁၅၊ ၈၊ ၂၀၁၀ ဒီကေဘီအေ ၉၉၉ တပ်မဟာ တပ်ရင်း(၅)မှ တပ်စုမှူး တာပဲ (၉ မမ တလက်၊ ကျည် ၆ ထောင့်) စသည်တို့ ဖြစ်ပါသည်။

ဒီကေဘီအေ တပ်ဖွဲ့ ဝင်များသည် လစ်ရင်လစ်သလို ကေအဲန်ယူဆီသို့  ထွက်ပြေးလာကြကြောင်း၊ ဆက်လက်ပြီး ဒီကေဘီအေ တပ်မှ ထွက်ပြေးချင်သော အောက်လက်ငယ်သား တပ်သားအများအပြား ရှိသေးကြောင်း သိရှိရပါသည်။
၁၄၊ ၈၊ ၂၀၁၀ ရက်နေ့ တွင်လည်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇) တပ်ဖွဲ့ ဝင်များနှင့် နအဖ တပ် ခမရ(၃၄၃) မယ်တပူခီးဒေသ၌ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။ ထိုတိုက်ပွဲတွင် နအဖ ဖက်မှ ထိခိုက်ဒဏ်ရာရမှု မသိရ။ ကေအဲန်အယ်လ်အေဖက်မှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သတင်းရရှိပါသည်။

No comments: